အခန်း (၆၄-၆၆)
Vol. 5 Ch. 64-66
လီမွန်ဆိုဒါသကြားလုံး
အခန်း ၆၄ ။ သကြားလုံး : အိပ်မက် မက်နေတယ်လို့ ခံစားရတုန်းပဲ
နှစ်ယောက်သား လမ်းလျှောက်ပြီး တိုက်ခန်းပြန်ရောက်တော့ ကျိုးအန်းရန်က သကြားလုံးတစ်ထုပ်ယူပြီး ဆိုဖာပေါ်မှာ ထိုင်ဖောက်လိုက်သည်။
သူမက အထဲက လီမွန်အရသာနှစ်လုံး ရွေးထုတ်ပြီး၊ တစ်လုံးကို ဘေးနားက ကောင်လေးဆီ ကမ်းပေးလိုက်သည်။
"စားမလား"
ချန်လော့ပိုင်က သူမလက်ထဲက သကြားလုံးကို တိုက်ရိုက် ကိုက်စားလိုက်သည်။
ကျိုးအန်းရန် ကိုယ်တိုင်တစ်လုံးစားပြီး ကျန်တာတွေကို အကုန်ဖောက်ကာ အိတ်ထဲ ထည့်လိုက်သည်။
"ဘာလုပ်မလို့လဲ" ချန်လော့ပိုင် မေးလိုက်သည်။
ကျိုးအန်းရန် - "နင့်အတွက် သကြားလုံးစက္ကူပန်းလေးတစ်ပွင့် လုပ်ပေးမလို့"
ချန်လော့ပိုင် မျက်ခုံးပင့်လိုက်သည်။
"တကယ် ပန်းပေးတော့မလို့လား"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
"ပေးမှာပေါ့၊ ခုနက ပြောထားတယ်မလား"
"ကောင်းပြီလေ" ချန်လော့ပိုင် ဆိုဖာပေါ် ပျင်းရိရိ မှီလိုက်သည်။ "ဒါဆို စောင့်နေမယ်"
ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားပြီး ပါးချိုင့်လေးတွေ ပေါ်လာသည်။
ချန်လော့ပိုင် သူမကို ငေးကြည့်နေသည်။
သူမ ဝင်လာတုန်းက ဆံပင်ကောက်ကောက်လေးတွေကို အလုံးလိုက်နိမ့်နိမ့်လေး စည်းထားလိုက်တာ။ အခု ပါးဘေးမှာ ဆံပင်စလေး တစ်စနှစ်စ ဝဲကျနေတယ်။ မျက်နှာကြက်က မီးရောင်ဝါဝါလေးအောက်မှာ သူမရဲ့ ဖြူဝင်းတဲ့ မျက်နှာလေးက နူးညံ့သိမ်မွေ့လွန်းနေတယ်။
စောစောက လမ်းမှာ သူ သဝန်တိုသလို ပြောလိုက်တာလေးကို အိမ်ရောက်တာနဲ့ အတည်ယူပြီး သကြားလုံးစက္ကူပန်း ခေါက်ပေးနေတယ်။
တွဲတာ ကြာနေပြီ၊ သူ ဘာပြောပြော အကုန် လက်ခံပေးနေတုန်းပဲ။
လိမ္မာလိုက်တာ၊ ပြီးတော့ ရိုးအလိုက်တာ။
ချန်လော့ပိုင် ပါးစပ်ထဲက သကြားလုံးကို ဝါးစားလိုက်ပြီး သူမရဲ့ လှပတဲ့ ဘေးတိုက်မျက်နှာလေးကို ငေးကြည့်ရင်း ရင်ထဲမှာ နူးညံ့သွားသလို၊ လှိုင်းဂယက်တွေ ထသွားသလို ခံစားလိုက်ရတယ်။
တိုက်ခန်းထဲမှာ သကြားလုံး သိပ်မရှိတော့ဘူး။ စက္ကူက ပန်းနှစ်ပွင့်စာလောက်ပဲ ရမယ်။
အစတုန်းက သကြားလုံးစက္ကူပန်း ခေါက်နည်းသင်တာက သူပေးတဲ့ မုန့်တွေကို အမှတ်တရ သိမ်းထားချင်လို့။ တစ်နေ့ကျရင် ကိုယ်တိုင်ခေါက်ပြီး သူ့ကို ပြန်ပေးရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
ပန်းနှစ်ပွင့် သေသေချာချာ ခေါက်ပြီးတော့ ကျိုးအန်းရန် ကမ်းပေးမလို့ လုပ်လိုက်သည်။
လှည့်ကြည့်လိုက်တာနဲ့ နှုတ်ခမ်း ပိတ်ဆို့ခံလိုက်ရသည်။
ကျိုးအန်းရန် ကြောင်သွားသည်။ နောက်တစ်စက္ကန့်မှာ သူ့ပေါင်ပေါ် ဆွဲတင်ခံလိုက်ရပြီး အနမ်းက မရပ်တန့်သေးဘူး။ ချန်လော့ပိုင်က သူမမေးစေ့ကို ကိုင်လိုက်တော့ သူမ အကျင့်ပါနေသလို ပါးစပ်ဟပေးလိုက်သည်။ ကောင်လေး လျှာဖျားလေး ချက်ချင်း တိုးဝင်လာသည်။
သူမ ဝင်လာတုန်းက ဖုန်းထဲက သီချင်းဖွင့်ထားခဲ့တာ။
အခု ဘာသီချင်းရောက်နေလဲ သူမ သတိမထားမိတော့ဘူး။
ဧည့်ခန်းထဲမှာ ဘယ်သူမှ စကားမပြောကြဘူး။ သီချင်းသံတွေက အခန်းထဲက တိုးညှင်းတဲ့ အနမ်းသံတွေကို ဖုံးလွှမ်းထားတယ်။ သီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ်ကြား တိတ်ဆိတ်သွားတဲ့ အချိန်လေးတွေမှာ အဲဒီအသံလေးတွေက ရုတ်တရက် ကျယ်လောင်လာသလိုပဲ။
သီချင်းဘယ်နှပုဒ် ပြီးသွားလဲ မသိဘူး။ ချန်လော့ပိုင် နည်းနည်း ခွာလိုက်သည်။ နှာခေါင်းချင်း ထိကပ်ထားပြီး သူမကို ကြည့်နေတဲ့ အကြည့်တွေက မီးပွားလေးတွေ တောက်လောင်နေသလိုပဲ။ အသံက နိမ့်နေသည်။
"ငါ အပြန်အလှန် သဘောထားပြသင့်တယ် မဟုတ်လား"
ကျိုးအန်းရန် ဦးနှောက်ထဲ အောက်ဆီဂျင် ပြတ်လပ်နေပြီး လျှာလေး ထုံကျင်နေသည်။ စက္ကန့်အနည်းငယ်ကြာမှ ပြန်ဖြေနိုင်လိုက်သည်။
"ဘာအပြန်အလှန်လဲ၊ သကြားလုံးစက္ကူပန်းလား၊ မလိုပါဘူး"
"ဒါဆို..." ချန်လော့ပိုင် သူမလက်ဖဝါးကို ဖွဖွလေး ညှစ်လိုက်သည်။ အရိပ်အမြွက်ပြသလိုမျိုး။ "...ဟိုတယ်မှာတုန်းက ကိစ္စရော"
ကျိုးအန်းရန် ကြောင်သွားပြန်သည်။ သူ ဘာကို ဆိုလိုမှန်း သဘောပေါက်သွားတော့ မျက်နှာ ရဲတက်သွားသည်။
ချန်လော့ပိုင် သူမလက်ကို လွှတ်လိုက်ပြီး အောက်နည်းနည်း ရွှေ့လိုက်သည်။
"ကောင်မလေး... ဒီနေရာကို ထိလို့ ရမလား"
ကျိုးအန်းရန် လက်ချောင်းလေးတွေ သူ့တီရှပ်အင်္ကျီအစကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
ချန်လော့ပိုင် သူမကို ကြည့်နေတဲ့ အကြည့်တွေက ဆွဲဆောင်နေသလိုပဲ။
"စကားမပြောရင် သဘောတူတယ်လို့ မှတ်ယူလိုက်မယ်နော်"
ကျိုးအန်းရန် သူ့အကြည့်ကြောင့် မျက်နှာရော ရင်ဘတ်ပါ ပူထူသွားသည်။ အကြည့်လွှဲလိုက်ပြီး သူ့ပခုံးပေါ် မျက်နှာအပ်လိုက်သည်။ ငြင်းဆန်တဲ့စကား တစ်ခွန်းမှ မပြောဘဲ ခွင့်ပြုလိုက်တဲ့ ပုံစံမျိုး။ ဒါပေမဲ့ တကယ့် ထူးဆန်းတဲ့ အထိအတွေ့ ရောက်လာတော့ အင်္ကျီအစကို ဆုပ်ကိုင်ထားတဲ့ လက်ချောင်းလေးတွေ တင်းခနဲ ဖြစ်သွားပြီး မနေနိုင်ဘဲ သူ့နာမည် ခေါ်လိုက်မိသည်။
"ချန်လော့ပိုင်"
ရင်ခွင်ထဲက မိန်းကလေး၏ခန္ဓာကိုယ်လေးတောင့်တင်းသွားပြီး အသံတွေ တုန်နေတာကို သတိထားမိတော့ ချန်လော့ပိုင် လှုပ်ရှားမှု ရပ်တန့်သွားသည်။ သူမနဖူးကို နမ်းလိုက်ပြီး အသံနှိမ့်ကာ ချော့လိုက်သည်။
"မကြောက်နဲ့"
"အဆင်သင့် မဖြစ်သေးလည်း ကိစ္စမရှိပါဘူး"
ကျိုးအန်းရန် ခေါင်းကို သူ့ပခုံးပေါ် အပ်ထားလိုက်သည်။ ကြောက်တာ မဟုတ်ပါဘူး၊ နည်းနည်း စိတ်လှုပ်ရှားနေတာပါလို့ ပြောချင်ပေမယ့် ရှက်လို့ မပြောရဲဘူး။ သူကလည်း ပြောခွင့်မပေးဘူး။
ထူးဆန်းတဲ့ ခံစားမှု ပျောက်ကွယ်သွားတော့ ကျိုးအန်းရန် ခေါင်းမော့ကြည့်လိုက်ရာ သူ တစ်သျှူးတစ်ရွက်ယူပြီး လက်သုတ်နေတာ တွေ့လိုက်ရသည်။ သူမ မျက်နှာကို သူ့လည်ပင်းကြားထဲ အမြန်ပြန်ဝှက်ထားလိုက်သည်။
ဖုန်းထဲက သီချင်းသံတွေ ရပ်တန့်သွားပြီ။
အခန်းထဲမှာ နှစ်ယောက်လုံးရဲ့ မမှန်တော့တဲ့ အသက်ရှူသံတွေပဲ ကျန်တော့သည်။
အချိန်အတော်ကြာမှ ချန်လော့ပိုင် ပြောလိုက်တာ ကြားလိုက်ရသည်။
"သန်းခေါင်ယံ ရောက်တော့မယ်၊ ငါနဲ့အတူ နှစ်သစ်ကူး ရေတွက်မလား"
ကျိုးအန်းရန် "အင်း" ဟု တိုးတိုးလေး ဖြေလိုက်သည်။ ခဏနေတော့ ဆက်ပြောသည်။
"နင်နဲ့အတူ နှစ်သစ်ကူးတာ ဒါ ပထမဆုံးအကြိမ်ပဲ"
ချန်လော့ပိုင် သူမကို ဖွဖွလေး နမ်းလိုက်သည်။ အသံက တိုးညှင်းနေသည်။
"နောက်ဆို မရေမတွက်နိုင်အောင် ရှိလာဦးမှာပါ"
.....
နှစ်သစ်ကူးပြီး ရက်အနည်းငယ်အကြာမှာ ကျောင်းပိတ်သွားသည်။
စာမေးပွဲနီးလာလို့ စာကြည့်တိုက်မှာ နေရာလုရခက်လာသည်။ ကျိုးအန်းရန် သူများနဲ့ နေရာမလုတော့ဘဲ ချန်လော့ပိုင်နဲ့အတူ သူ့တိုက်ခန်းမှာပဲ စာကျက်ဖြစ်ကြသည်။
သီးသန့်နေရာမှာ နှစ်ယောက်တည်း ရှိနေကြပေမယ့် နှစ်ယောက်လုံးက မဟာဘွဲ့ ဆက်တက်ဖို့ ရည်ရွယ်ချက်ရှိကြတာမို့ (ပြည်ပသွားတာဖြစ်ဖြစ်၊ ပြည်တွင်းမှာပဲ ဆက်တက်တာဖြစ်ဖြစ်) စာမေးပွဲရလဒ်က အရေးကြီးတယ်။ ဒါကြောင့် ဒီအချိန်မှာ သိပ်အပျော်မကြူးကြဘူး။ စာလုပ်ပြီးချိန်၊ ဒါမှမဟုတ် နှစ်ယောက်လုံး နေ့စဉ်တာဝန်ကျေပွန်ပြီးချိန်ကျမှ ချန်လော့ပိုင်က သူမကို ရင်ခွင်ထဲဆွဲသွင်းပြီး နမ်းလေ့ရှိတယ်။
အဲဒီအချိန်ဆို ည ၁၀ နာရီ ကျော်နေပြီ။
ကျိုးအန်းရန် မိဘနှစ်ပါးက စာလုပ်တာ အနှောင့်အယှက်ဖြစ်မှာစိုးလို့ အဲဒီအချိန်ကျမှ ဖုန်းဆက်လေ့ရှိတယ်။
တစ်ရက်ကျတော့ ဟယ်ကျားယီ (ကျိုးအန်းရန်အမေ) ဖုန်းဆက်လာတဲ့အချိန် ချန်လော့ပိုင်က သူမကို နမ်းနေတုန်းပဲ။
ကျိုးအန်းရန်က ဇက်ပိုးအကိုင်ခံထားရလို့ လှည့်မကြည့်နိုင်ဘူး။ အနောက်ကို စမ်းကြည့်ပေမယ့် ဖုန်းမတွေ့ဘူး။
ချန်လော့ပိုင်က ခေါင်းနည်းနည်း စောင်းကြည့်ပေးလိုက်ပြီး အကြည့်ပြန်ရုတ်ကာ သူမနှုတ်ခမ်းနားကပ်ပြီး တိုးတိုးလေး မေးလိုက်သည်။
"အရေးမကြီးတဲ့ ဖုန်းဆိုရင် မကိုင်ဘဲ နေလိုက်မလား"
ကျိုးအန်းရန် အသက်ရှူမဝဘဲ မေးလိုက်သည်။
"ဘယ်သူ ဆက်တာလဲ"
ချန်လော့ပိုင်က ဆက်နမ်းရင်း ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။
"ဟယ်... ဘာလဲ မသိဘူး၊ နင် မှတ်ထားတာ အရောင်းစာရေးလား"
ကျိုးအန်းရန် မျက်နှာ ပူသွားပြီး သူ့ကို တွန်းလိုက်သည်။
"မဟုတ်ပါဘူး၊ အဲဒါ ငါ့အမေပါ"
ချန်လော့ပိုင် - "......"
သူ ရပ်တန့်သွားပြီး လွှတ်ပေးလိုက်သည်။ ချောင်းဟန့်လိုက်သည်။
"ဒါဆို ဖုန်းအရင်ကိုင်လိုက်လေ"
ကျိုးအန်းရန် လက်လှမ်းပြီး ဖုန်းယူလိုက်သည်။
ကိုင်မလို့လုပ်တုန်း လက်ကောက်ဝတ်ကို သူ လှမ်းဆွဲထားလိုက်သည်။
"နေဦး"
ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။
"ဘာဖြစ်လို့လဲ"
"အရင် အနားယူလိုက်ဦး" ချန်လော့ပိုင် ပြောလိုက်သည်။
ကျိုးအန်းရန် ကြောင်သွားသည်။
"ဘာကို အနားယူရမှာလဲ"
ချန်လော့ပိုင်က သူမရဲ့ နိမ့်ချည်မြင့်ချည် ဖြစ်နေတဲ့ ရင်ဘတ်ကို ကြည့်ပြီး နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။
"နင် အခု ဘယ်လောက်မောနေလဲ ကိုယ့်ဘာသာ မကြားဘူးလား"
ကျိုးအန်းရန် - "......"
....
ခဏကြာတော့...
ကျိုးအန်းရန် အင်္ကျီပြန်ပြင်လိုက်ပြီး မျက်နှာရဲရဲနဲ့ ဆိုဖာပေါ်လှဲကာ အမေ့ဖုန်းကို ကိုင်လိုက်သည်။
ဟယ်ကျားယီအသံ ထွက်ပေါ်လာသည်။
"ရန်ရန်... အိမ်ပြန်မယ့်ရက် သတ်မှတ်ပြီးပြီလား၊ လေယာဉ်လက်မှတ် ဝယ်ပြီးပြီလား"
ကျိုးအန်းရန် "အင်း" ဟု တိုးတိုးလေး ဖြေသည်။
"သတ်မှတ်ပြီးပါပြီ၊ ၂၅ ရက်နေ့ ညနေပိုင်း လက်မှတ် ဝယ်ထားတယ်"
ဟယ်ကျားယီ အံ့ဩသွားသည်။
"၂၃ ရက်နေ့ စာမေးပွဲပြီးမှာ မဟုတ်လား၊ ဘာလို့ ၂၅ ရက်နေ့မှ လက်မှတ်ဝယ်တာလဲ"
ကျိုးအန်းရန် မျက်နှာ ပိုပူလာသည်။
"ရှင်းရှင်းက ၂၄ ရက်နေ့မှ ဖြေပြီးမှာလေ၊ သမီးနဲ့ ရှောင်ဝမ်က သူနဲ့အတူ နန်ချန်ပြန်မလို့ စောင့်နေတာ"
"ကောင်းပြီလေ" ဟယ်ကျားယီက ပြောသည်။ "သမီးတို့ သုံးယောက်အတူပြန်တော့ စိတ်ချရတာပေါ့။ အတော်ပဲ... ၂၅ ရက်နေ့ ညနေကျရင် အမေနဲ့ အဖေ နန်ချန်လေဆိပ်ကို လာကြိုမယ်"
ကျိုးအန်းရန် - "မလိုပါဘူး၊ တကူးတက လာမကြိုပါနဲ့၊ သမီးဘာသာ ပြန်လို့ရပါတယ်။ ဝူချန်က နီးနီးလေးပဲဟာ"
"အမေနဲ့ အဖေက အဲဒီနေ့ နန်ချန်မှာ ကိစ္စရှိလို့ သွားစရာရှိတယ်" ဟယ်ကျားယီက ပြောသည်။ "လမ်းကြုံဝင်ကြိုရင်း ရှင်းရှင်းကိုပါ တစ်ခါတည်း လိုက်ပို့ပေးမလို့"
ကျိုးအန်းရန် ငြင်းစရာ အကြောင်းပြချက် မရှိတော့ဘူး။
"ဟုတ်ကဲ့ပါ"
.....
ဟယ်ကျားယီက သူမ စာလုပ်စရာများမှန်းသိလို့ အနှောင့်အယှက်မဖြစ်စေချင်တာနဲ့ စကားနည်းနည်းပဲ ဆက်ပြောပြီး ဖုန်းချလိုက်သည်။
ကျိုးအန်းရန် ဖုန်းမီးပိတ်သွားတာနဲ့ ဘေးမှာချထားလိုက်သည်။ မော့ကြည့်လိုက်တော့ ဆိုဖာပေါ် ပျင်းရိရိ မှီထိုင်နေတဲ့ ကောင်လေးက ပြုံးစိစိနဲ့ ကြည့်နေတာ တွေ့လိုက်ရသည်။
"၂၅ ရက်နေ့မှ ပြန်တာက ငါ့ကို စောင့်ချင်လို့ဆို၊ ဘာလို့ ယန်ရှင်းချန်ကို စောင့်တာ ဖြစ်သွားရတာလဲ"
ကျိုးအန်းရန် - "......"
သူမ ဖုန်းချလိုက်ပြီး သူ့လက်ကို ဆွဲလိုက်သည်။
"နှစ်ယောက်လုံး စောင့်တာပါ"
ချန်လော့ပိုင်က သူမရဲ့ ချွဲတဲ့အပြုအမူလေးတွေကို မခံနိုင်ဘူး။ လက်ပြန်ဆွဲပြီး ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ စောစောက မပြီးသေးတဲ့ကိစ္စကို ဆက်လုပ်လိုက်သည်။
လမ်းကြုံ မေးလိုက်သည်။
"နင့်မိဘတွေကို ငါတို့ကိစ္စ မပြောပြရသေးဘူးလား"
ကျိုးအန်းရန် ခေါင်းခါလိုက်သည်။
"မပြောရသေးဘူး၊ နင်ကော ပြောပြီးပြီလား"
"ငါ့အဖေက အရေးမကြီးပါဘူး၊ ငါ့အချစ်ရေးကို သိပ်ဝင်မစွက်ဖက်ဘူး။ ငါ့အမေကတော့..." ချန်လော့ပိုင် စကားရပ်လိုက်ပြီး ပြုံးကြည့်လိုက်သည်။ "...အထက်တန်းကတည်းက သိနေတာ"
ကျိုးအန်းရန် ကြောင်သွားသည်။ သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားတဲ့လက် တင်းခနဲ ဖြစ်သွားသည်။
"အထက်တန်းကတည်းက သိတယ်?"
ချန်လော့ပိုင် ဆက်ပြုံးနေသည်။
"ဟုတ်တယ်... ဘာလို့ ဒီလောက် အံ့ဩနေတာလဲ။ သူက နင့်ကို ဘယ်တော့ ခေါ်လာပြမလဲလို့တောင် မေးနေသေးတယ်"
ကျိုးအန်းရန် - "?!"
"ခေါ်... ခေါ်ပြမယ်?"
သူမ မျက်လုံးဝိုင်းဝိုင်းလေးတွေ ပြူးကျယ်သွားပြီး ကြောက်လန့်နေတာကို မြင်တော့ ချန်လော့ပိုင် ခေါင်းငုံ့နမ်းလိုက်ပြီး ရယ်မောကာ ချော့လိုက်သည်။
"စိတ်မလှုပ်ရှားပါနဲ့၊ နင် စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်မှ၊ ဒါမှမဟုတ် နင် တွေ့ချင်တဲ့အချိန်ကျမှ တွေ့ကြတာပေါ့"
....
စာမေးပွဲကာလက မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားသည်။
အရင်တုန်းက စာလုပ်ဖို့ပဲ အာရုံစိုက်နေပြီး တက္ကသိုလ် ပထမဆုံး စာမေးပွဲအတွက် စိတ်လှုပ်ရှားနေတာမို့ သိပ်မတွေးမိခဲ့ဘူး။ နောက်ဆုံးဘာသာ ဖြေပြီးမှ ကျောင်းပိတ်ရက် ရောက်လာပြီဆိုတာ၊ သူမနဲ့ ချန်လော့ပိုင် နှစ်လနီးပါးလောက် ခွဲရတော့မယ်ဆိုတာ သတိရလိုက်တယ်။
သတိရလိုက်တာနဲ့ ရင်ထဲ ဟာတာတာ ဖြစ်သွားတယ်။
အဲဒါကြောင့် စိုးရိမ်စိတ်နဲ့ မလုံခြုံစိတ်တွေ ဝင်လာတယ်။
သူတို့ဌာနက ၂၃ ရက်နေ့မှာ စာမေးပွဲ အကုန်ပြီးပြီ။ ယွီရှင်းယွဲ့က စောစောပြန်ချင်လို့ သူမကို မစောင့်တော့ဘူး။ ရှဲ့ကျင့်ယွီလည်း ၂၄ ရက်နေ့ မနက်မှာ ပြန်သွားပြီ။ ပိုင်လင်းယွင်ကတော့ ချက်ချင်း မပြန်သေးဘူး။ ရှဲ့ကျစ်ဟန်နဲ့ နှစ်ရက်လောက် ပိုနေချင်လို့ ၂၃ ရက်နေ့ညကတည်းက ဟိုတယ်သွားနေကြတယ်။
အဆောင်မှာ ကျိုးအန်းရန် တစ်ယောက်တည်း ကျန်ခဲ့တယ်။
သူမလည်း အဆောင်မှာ အကြာကြီး မနေပါဘူး။ ချန်လော့ပိုင်က သူမတစ်ယောက်တည်း နေရမှာ စိတ်မချလို့ ၂၄ ရက်နေ့ မနက်မှာ အထုပ်အပိုးတွေနဲ့ သူ့တိုက်ခန်းကို ခေါ်လာခဲ့တယ်။
အဲဒီနေ့ညနေ ချန်လော့ပိုင်က နောက်ဆုံးဘာသာ သွားဖြေရဦးမယ်။
ကျိုးအန်းရန် ကျယ်ဝန်းတဲ့ တိုက်ခန်းထဲမှာ တစ်ယောက်တည်း ကျန်ခဲ့တော့ မလုံခြုံစိတ်တွေ ပြန်ပေါ်လာတယ်။
ဖုန်းထုတ်ပြီး မက်ဆေ့ခ်ျ ပို့လိုက်သည်။
[ငါ နင့်အတွက် အထုပ်အပိုး ပြင်ပေးရမလား]
ချန်လော့ပိုင် ချက်ချင်း ပြန်ပို့သည်။
C - [မလိုပါဘူး၊ ငါပြန်လာမှ ကိုယ့်ဘာသာ ပြင်လိုက်မယ်]
ကျိုးအန်းရန် - [တစ်ယောက်တည်း ဘာလုပ်ရမှန်း မသိဘူး၊ ပျင်းစရာကြီး]
C - [အဝတ်အစားတွေ ထားလိုက်ပါ၊ အိမ်မှာ ရှိတယ်။ တခြားပစ္စည်းတွေထဲက ပြန်ယူသွားသင့်တယ် ထင်တာတွေကို ကူသိမ်းပေးထားလိုက်လေ။ အခန်းထဲက ပစ္စည်းတွေ ကြိုက်သလို ကိုင်လို့ရတယ်]
C - [ငါ စာမေးပွဲခန်းထဲ ဝင်တော့မယ်]
C - [စောစောပြီးရင် စောစောပြန်လာပြီး နင့်အနား နေပေးမယ်]
ကျိုးအန်းရန် စိတ်အေးသွားပြီး နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားသည်။
[မလိုပါဘူး၊ စာမေးပွဲ သေချာဖြေပါ]
C - [အင်း... မလှုပ်ချင်ရင် ကုတင်ပေါ်မှာ တစ်ရေးလောက် အိပ်နေလိုက်လေ]
C - [ငါ တကယ် ဝင်တော့မယ်]
ကျိုးအန်းရန် - [ကောင်းပြီ]
ဟိုဘက်က စာပြန်မလာတော့ဘူး။ စာမေးပွဲခန်းထဲ ဝင်သွားလောက်ပြီ။
ကျိုးအန်းရန် ဖုန်းကို ဘေးချလိုက်သည်။
သူမ တိုက်ခန်းကို ခဏခဏ လာပေမယ့် သူ့ပစ္စည်းတွေကို မွှေလေ့မရှိဘူး။
ကျိုးအန်းရန် ကုတင်ဘေး ဘယ်ဘက်အံဆွဲကို အရင်ဖွင့်ကြည့်လိုက်သည်။ အထဲမှာ Data Cable ကြိုးတချို့ တွေ့လိုက်ရသည်။ ဒီည သူ သုံးဦးမှာဆိုတော့ မသိမ်းသေးဘူး။
သူမ ဖြည်းဖြည်းချင်း အံဆွဲတွေ၊ ဗီရိုတွေ ဖွင့်ကြည့်နေတုန်း အထုပ်အပိုး တစ်ဝက်တောင် မပြင်ရသေးခင် ချန်လော့ပိုင် ပြန်ရောက်လာသည်။
ခြေသံကြားလို့ လှည့်ကြည့်လိုက်တော့ အရပ်ရှည်ရှည် ကောင်လေး အိပ်ခန်းဝမှာ ရပ်နေတာ တွေ့လိုက်ရသည်။ သန့်ရှင်းသပ်ရပ်ပြီး ချောမောနေသည်။ လေဖောင်းအင်္ကျီတောင် မချွတ်ရသေးဘဲ အထဲ ဝင်လာခဲ့တာ။
ကျိုးအန်းရန် လက်ထဲက ပစ္စည်းတွေကို ခရီးဆောင်အိတ်ထဲ ပစ်ထည့်လိုက်ပြီး ပြေးဖက်လိုက်သည်။
ချန်လော့ပိုင်က သူမ အနေအေးမှန်း သိတော့ နည်းနည်း အံ့ဩသွားသည်။ ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး" ကျိုးအန်းရန် ခေါင်းခါလိုက်ပြီး မော့ကြည့်လိုက်သည်။ "နင် ဘာလို့ ဒီလောက် စောစောပြန်ရောက်တာလဲ။ စာရွက် စောစော အပ်လိုက်ပြန်ပြီလား"
ချန်လော့ပိုင် "အင်း" ဟု ဖြေသည်။
ကျိုးအန်းရန် အင်္ကျီပေါ်ကနေ သူ့ခါးကို ဖက်ထားသည်။
"ဘာလို့ သေချာ ပြန်မစစ်တာလဲ"
"မတတ်နိုင်ဘူးလေ" ချန်လော့ပိုင်က သူမ ပုံမှန်အတိုင်းပဲဆိုတာ သေချာသွားတော့ စိတ်အေးသွားသည်။ "မေးခွန်းတွေက လွယ်လွန်းတယ်။ ဖြေပြီး ပြန်စစ်ပြီးတာတောင် အချိန်တွေ အများကြီး ပိုနေသေးတော့ ရည်းစားအနား စောစောပြန်လာလိုက်တာပေါ့"
လေသံက အသက် ၁၅၊ ၁၆ နှစ်တုန်းကလို မောက်မာနေတုန်းပဲ။
ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားသည်။
"ငါ ပစ္စည်းတွေ တစ်ဝက်ပဲ သိမ်းရသေးတယ်"
ချန်လော့ပိုင် - "ဒါဆို ငါ အင်္ကျီအရင်ချွတ်လိုက်မယ်၊ အတူတူ သိမ်းကြတာပေါ့။ ပြီးရင် ဒီည အပြင်ထွက်စားကြမလား"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ"
....
ပစ္စည်းသိမ်းပြီးတော့ နှစ်ယောက်သား အပြင်ထွက် ထမင်းစားကြသည်။ ပြန်လာတော့ တက္ကစီပေါ်က ဆင်းဆင်းချင်း မိုးရွာလာသည်။
တက္ကစီက အိမ်ရာဝင်းရှေ့မှာ ရပ်ပေးခဲ့တာ။ မလှမ်းမကမ်းမှာ စတိုးဆိုင် ရှိတယ်။
ချန်လော့ပိုင်က ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘဲ သူမကို အရင်ဆုံး အင်္ကျီခေါင်းဆောင်း ဆောင်းပေးလိုက်သည်။ ပြီးမှ သူ ဆောင်းပြီး သူမလက်ဆွဲကာ စတိုးဆိုင်ဘက် ပြေးသွားသည်။
ကျိုးအန်းရန် သူ့နောက်က လိုက်ရင်း ကောင်လေးရဲ့ ကျောပြင်ကျယ်ကြီးကို ကြည့်နေမိသည်။
ရာသီဥတု မတူဘူး၊ ဝတ်စားဆင်ယင်ပုံ မတူဘူး။
ဒါပေမဲ့ အထက်တန်းပထမနှစ် ကျောင်းအပ်တုန်းက ပထမဆုံးအကြိမ် တွေ့ဆုံမှုကို ရုတ်တရက် ပြန်သတိရသွားသည်။
အဖြူရောင် တီရှပ်ဝတ်ပြီး သူမနဲ့ ဝေးရာကို ပြေးထွက်သွားတဲ့ ကောင်လေးနဲ့၊ အခု အနက်ရောင် လေဖောင်းအင်္ကျီဝတ်ထားတဲ့ အရပ်ရှည်ရှည် ကောင်လေးတို့ ထပ်တူကျသွားသလို ခံစားလိုက်ရသည်။
လက်တွေ့ဆန်သလို၊ စိတ်ကူးယဉ်ဆန်သလိုပဲ။
စတိုးဆိုင်က နီးနီးလေးမို့ အင်္ကျီတွေ သိပ်မစိုလိုက်ဘဲ အမိုးအောက် ရောက်သွားကြသည်။ ဒါပေမဲ့ အိမ်ရာဝင်းထဲ ဝင်ဖို့ လမ်းကျန်သေးသည်။
ချန်လော့ပိုင် လှည့်ကြည့်ပြီး ထီးဝင်ဝယ်မလား မေးမလို့ လုပ်တုန်း မိန်းကလေးရဲ့ နူးညံ့တဲ့ လက်မောင်းလေးတွေက သူ့ကို လာဖက်လိုက်သည်။
ဒါ ဒီနေ့ ဒုတိယအကြိမ် သူမ ဦးဆောင်ပြီး လာဖက်တာပဲ။
ဒီတစ်ခါတော့ အပြင်မှာ။
"ဘာဖြစ်လို့လဲ" ချန်လော့ပိုင် သူမခါးကို ဖက်လိုက်သည်။ အသံနိမ့်လိုက်သည်။ "ဒီနေ့ ဘာလို့ ဒီလောက် ကပ်ချွဲနေတာလဲ"
ကျိုးအန်းရန် မဖြေဘဲ သူ့နာမည်ကို တိုးတိုးလေး ခေါ်လိုက်သည်။
"ချန်လော့ပိုင်"
ချန်လော့ပိုင်လည်း "အင်း" ဟု တိုးတိုးလေး ထူးလိုက်သည်။ ဒါပေမဲ့ သူမ စိတ်ခံစားချက် ထူးခြားနေရတဲ့ အကြောင်းရင်းကို စဉ်းစားမရဘူး။
"ခွဲရမှာ ဝမ်းနည်းနေလို့လား"
ကျိုးအန်းရန် ခေါင်းကို သူ့ရင်ဘတ်ထဲ အပ်ထားလိုက်သည်။ သူ့ကို မကြည့်သလို၊ သူမကိုလည်း အကြည့်မခံဘူး။ တိုးတိုးလေး ပြောလိုက်သည်။
"ငါ အဆင်သင့် ဖြစ်ပြီ"
"ဘာအဆင်သင့် ဖြစ်တာလဲ" ချန်လော့ပိုင် ကြောင်သွားသည်။ "ငါ့အမေနဲ့ တွေ့ဖို့လား"
သူ မျက်လွှာချလိုက်တော့ အင်္ကျီရင်ဘတ်နားမှာ ရေစိုကွက်လေး တစ်ကွက် တွေ့လိုက်ရသည်။ အအေးကြောက်တတ်တဲ့ မိန်းကလေးက သတိမထားမိသလို မျက်နှာကို အဲဒီနေရာမှာ ကပ်ထားသည်။
ချန်လော့ပိုင် လက်မြှောက်လိုက်သည်။ သူမကို မော့ခိုင်းဖို့ မဟုတ်ဘဲ၊ သူမမျက်နှာနဲ့ အင်္ကျီကြား လက်ခံပေးလိုက်တာ။ လက်ဖဝါးနဲ့ သူမပါးပြင်ကို အုပ်ထားပေးလိုက်သည်။
အပြင်က ပြန်လာတာဆိုတော့ သူ့လက်က ပုံမှန်ထက် အေးနေသည်။
ဒါပေမဲ့ ရေစိုနေတဲ့ အင်္ကျီထက်တော့ အများကြီး သာပါတယ်။
သူ့ရဲ့ နူးညံ့သိမ်မွေ့တဲ့ အပြုအမူလေးက ကျိုးအန်းရန်ကို သတ္တိတွေ ပေးလိုက်လို့ ထင်တယ်။ သူမ သူ့လက်ဖဝါးကို ပွတ်သပ်လိုက်ပြီး တိုးတိုးလေး ဆက်ပြောလိုက်သည်။
"မဟုတ်ပါဘူး၊ ငါ ပြောတာက... နင် ငါ့ကို ပထမဆုံးအကြိမ် ဒီကိုခေါ်လာတုန်းက အိမ်ရာဝင်းရှေ့မှာ ပြောခဲ့တဲ့ စကားလေ"
ချန်လော့ပိုင် အသက်ရှူသံ ပြင်းသွားသည်။
သူမပါးပေါ်က လက် လှုပ်ရှားသွားပြီးမှ ပြန်ထိန်းလိုက်သည်။ စိတ်လှုပ်ရှားမှုတွေကို ဖိနှိပ်လိုက်သလိုပဲ။
"နောင်တရဖို့ အခွင့်အရေး တစ်ကြိမ်ပေးမယ်"
ကျိုးအန်းရန် မျက်နှာကို သူ့လက်ဖဝါးထဲ အပ်ထားတုန်းပဲ။
"အိပ်မက် မက်နေသလို ခံစားရတုန်းပဲ"
"အိပ်မက်?" ချန်လော့ပိုင် ကြောင်သွားပြန်သည်။
ကျိုးအန်းရန် "အင်း" ဟု တိုးတိုးလေး ဖြေသည်။
"နင်နဲ့ တွဲနေရတာ အိပ်မက် မက်နေသလို ခံစားရတုန်းပဲ"
နင်နဲ့ ခွဲလိုက်ရင် အိပ်မက်ကနေ နိုးသွားမှာ ကြောက်လို့။
ချန်လော့ပိုင် သူမခါးကို ဖက်ထားတဲ့လက် တင်းခနဲ ဖြစ်သွားသည်။
"အိပ်မက်လို ဖြစ်နေတယ်ပေါ့"
"ဒါဆို ခဏနေ မငိုနဲ့နော်"
....
စတိုးဆိုင်ကနေ တိုက်ခန်းပြန်ရောက်တာနဲ့ တံခါးဝင်ဝင်ချင်း ကျိုးအန်းရန် တံခါးနဲ့ ကပ်ပြီး ဖိထားခံလိုက်ရသည်။ အဲဒီနေ့ ဟိုတယ်မှာတုန်းကလိုပဲ။
အဲဒီနေ့တုန်းကလိုပဲ မီးတောင် မဖွင့်နိုင်ဘူး။
စတိုးဆိုင်က ဝယ်လာတဲ့ ထီးက တစ်ဝက်လောက် စိုနေပြီ။ အခန်းထဲရောက်တော့ အပိုဖြစ်သွားတဲ့ လေဖောင်းအင်္ကျီလိုပဲ ကြမ်းပြင်ပေါ် ပစ်ချခံလိုက်ရသည်။
အိပ်ခန်းထဲ ရောက်တော့မှ မီးဖွင့်လိုက်သည်။
ကျိုးအန်းရန် တားချင်ပေမယ့် မအောင်မြင်လိုက်ဘူး။
ကောင်လေး နဖူးပေါ်မှာ ချွေးသီးလေးတွေ ထွက်နေပြီ။ မျက်ဝန်းနက်နက်တွေက ပုံမှန်ထက် ပိုနက်ရှိုင်းနေသည်။ စတိုးဆိုင်က ဝယ်လာတဲ့ နောက်ထပ် ပစ္စည်းတစ်ခုကို ပါးစပ်နဲ့ ကိုက်ဖွင့်ရင်း သူမဇက်ပိုးကို ထိန်းချုပ်ထားကာ မျက်နှာလွှဲခွင့် မပေးဘူး။
"အိပ်မက်မက်နေသလိုပဲဆို၊ ငါ့ကို မကြည့်ဘဲ ဘယ်ရမလဲ"
သူ့ရင်ထဲမှာ ဆိုးသွမ်းချင်စိတ်တွေ ရှိနေမှန်း ကျိုးအန်းရန် သိပါတယ်။
ပုံမှန်ဆို သူမ ရှက်လေလေ၊ သူက ပိုအနိုင်ကျင့်ချင်လေလေ ဖြစ်တတ်တယ်။ အစပိုင်းမှာတော့ သည်းခံပေးပေမယ့်၊ ကြာလာရင် ပိုသိသာလာတယ်။
ဒါပေမဲ့ ဒီည ဒီလောက်ထိ ဆိုးသွမ်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
အစပိုင်း နူးညံ့သိမ်မွေ့တဲ့ အချိန်တွေနဲ့ အခက်ခဲဆုံး အချိန်တွေ ကုန်ဆုံးသွားပြီးနောက်...
မျက်နှာကြက်က မီးလုံးတွေ လှုပ်ရမ်းလာသလို ခံစားရသည်။
ကျိုးအန်းရန်ခေါင်း ကုတင်ဘောင်နဲ့ တိုက်မိမလို ဖြစ်သွားတော့ သူက ခေါင်းအုံးနဲ့ခံပြီး ကာကွယ်ပေးလိုက်သည်။
ချန်လော့ပိုင် နဖူး၊ လည်ပင်း၊ ညှပ်ရိုးနဲ့ လက်မောင်း... အပြင်ထွက်နေတဲ့ အသားအရေအားလုံးပေါ်မှာ ချွေးစက်လေးတွေ ပြည့်နှက်နေသည်။ နားရွက်တွေရဲနေလို့ လူငယ်ဆန်တဲ့ အငွေ့အသက်တွေ ကျန်နေသေးပေမယ့်၊ ဟော်မုန်းဓာတ်တွေက ပိုလွှမ်းမိုးနေသည်။
သူ့လက်မောင်းတွေက သူမဘေးမှာ ထောက်ထားသည်။ သွေးကြောစိမ်းတွေ ထောင်တက်နေသည်။ လှုပ်ရှားမှုတွေက ဆိုးသွမ်းချင်နေသည်။
"အိပ်မက်မက်နေသလို ခံစားရတုန်းပဲလား"
ကျိုးအန်းရန် စကားမပြောဘူး။
ပြောလည်း မပြောနိုင်ဘူး။
ချန်လော့ပိုင် ရုတ်တရက် ရယ်မောလိုက်သည်။ အသံက ပုံမှန်ထက် ပိုနိမ့်ပြီး အက်ရှရှ ဖြစ်နေသည်။ ဆွဲဆောင်မှု ရှိနေသလို၊ ဆိုးသွမ်းချင်စိတ်တွေ ပြည့်နှက်နေသလိုပါပဲ။
"မပြောဘူးပေါ့"
"ဒါဆို ပေါ့လွန်းနေသေးတယ် ထင်တယ်"
ကျိုးအန်းရန် နှုတ်ခမ်းကိုကိုက်ပြီး ခေါင်းလွှဲလိုက်သည်။
လိုက်ကာတွေ လုံအောင် ပိတ်ထားပေမယ့် အပြင်က အသံတွေကို မတားဆီးနိုင်ဘူး။
ပေကျင်းရဲ့ ဒီည မိုးက သည်းထန်စွာ ရွာသွန်းနေသည်။ အပြင်က မိုးသံတွေက စောစောကထက် ပိုမြန်ဆန်လာသလိုပဲ။
မိုးရေစက်တွေက ပြတင်းပေါက်မှန်ကို ပြင်းထန်စွာ ရိုက်ခတ်နေသည်။ ရေစက်တွေ လွင့်စင်ပြီး မိုးသံတွေ ဆူညံနေသည်။
....
ညဉ့်နက်မှ မိုးတိတ်သွားသည်။
ကျိုးအန်းရန်လည်း နောက်ဆုံးတော့ အနားရသွားသည်။
အခန်းထဲမှာ အပူချိန် ကောင်းလွန်းလို့ သူမ တစ်ကိုယ်လုံး ချွေးထွက်နေသည်။ ရေသွားချိုးချင်ပေမယ့် မလှုပ်ချင်တော့ဘူး။
တစ်ယောက်သောသူကတော့ အနိုင်ကျင့်လို့ မဝသေးဘူးထင်တယ်။ အနားတိုးကပ်လာပြီး ဟန်ဆောင် နှစ်သိမ့်ပေးနေတယ်။ လက်ချောင်းထိပ်လေးတွေက မျက်လုံးထောင့်စွန်းမှာ ကျရောက်နေတယ်။ လှုပ်ရှားမှုက နူးညံ့ပြီး ပေါ့ပါးနေပေမယ့်၊ ပြောတဲ့စကားတွေက ဆိုးသွမ်းလွန်းတယ်။
"တကယ် ငိုတာလား"
"ငါ တကယ် အားမထည့်ရသေးပါဘူး"
ကျိုးအန်းရန် ဒီလူဆိုးကောင်ကို ဂရုမစိုက်ချင်တော့ဘူး။ စောင်ကို ဆွဲတင်ပြီး မျက်နှာကို လုံအောင် အုပ်လိုက်သည်။
ချန်လော့ပိုင်က သူမရဲ့ လှုပ်ရှားမှုလေးကို ချစ်ဖို့ကောင်းတယ်လို့ ထင်နေသည်။ ဆက်ပြီး အနိုင်ကျင့်ချင်ပေမယ့် မရက်စက်တော့ဘဲ အသံနှိမ့်ပြီး ချော့လိုက်သည်။
"တကယ် မခေါ်တော့ဘူးလား"
စောင်ထဲက မိန်းကလေးက စကားမပြောဘူး။
"ကျိုးအန်းရန်"
"ရန်ရန်"
"ကောင်မလေး"
ကျိုးအန်းရန် သူ့ခေါ်သံတွေကို မခံနိုင်တော့ဘဲ စောင်ကို နည်းနည်း ပြန်လျှောချလိုက်သည်။
ချန်လော့ပိုင်က ချွေးတွေစိုပြီး လည်ပင်းမှာ ကပ်နေတဲ့ သူမဆံပင်တွေကို ဖယ်ပေးလိုက်သည်။ အသံက နူးညံ့နေသည်။
"အိပ်မက်မက်နေသလို ခံစားရတုန်းပဲလား"
ကျိုးအန်းရန် - "......"
သူမ မျက်နှာ ပြန်ပူလာသည်။
ဒီညပြီးရင် သူမ "အိပ်မက်" ဆိုတဲ့ စကားလုံးကို ကြားရဲတော့မှာ မဟုတ်ဘူး။
ချန်လော့ပိုင်က သူမလက်ကိုဆွဲပြီး သူ့ရင်ဘတ်ပေါ် တင်ပေးလိုက်သည်။
"ခံစားမိလား... နင့်ကို တွေ့တိုင်း ဒီနေရာကလည်း အရမ်း မြန်မြန်ခုန်နေတယ်"
ကျိုးအန်းရန် လက်ကို သူ့ရင်ဘတ်ပေါ် တင်းတင်းကပ်ထားလိုက်သည်။
ခန္ဓာကိုယ်ထဲမှာ စောစောက ရူးသွပ်မှုတွေရဲ့ အရှိန်အဝါ ကျန်နေသေးလို့လား၊ ဒါမှမဟုတ် သူ့ရင်ဘတ်ထဲက နှလုံးသားက သူမလက်ဖဝါးအောက်မှာ မြန်မြန်ဆန်ဆန် ခုန်နေလို့လား မသိဘူး၊ သူမ တစ်ခါမှ မခံစားဖူးလောက်အောင် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရတယ်။
သူမ လူငယ်ဘဝရဲ့ လက်လှမ်းမမီနိုင်တဲ့ အလင်းရောင်လေးကို တကယ် ပိုင်ဆိုင်လိုက်ရပြီ ဆိုတာကိုပေါ့။
ချန်လော့ပိုင် ခေါင်းငုံ့ပြီး သူမကို ထပ်နမ်းလိုက်သည်။
ပြီးတော့ သူ အသံနိမ့်နိမ့် နူးနူးညံ့ညံ့နဲ့ ပြောလိုက်တာကို ကြားလိုက်ရသည်။
"အိပ်မက်မက်နေသလို ခံစားရတုန်းပဲဆိုရင်... ငါ နင်နဲ့အတူ တစ်သက်လုံး အိပ်မက်မက်ပေးမယ်လေ"
***
လီမွန်ဆိုဒါသကြားလုံး
အခန်း ၆၅ ။ သကြားလုံး : အရှုံးပေးလိုက်ပါပြီ
နောက်တစ်နေ့ ညနေပိုင်းတွင် ကျိုးအန်းရန်၊ ရည်းစားနှင့် အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်တို့အတူ နန်ချန်သို့ လေယာဉ်ဖြင့် ပြန်ကြသည်။
သူမက ချန်လော့ပိုင်ဘေးမှာထိုင်ပြီး ယန်ရှင်းချန်နှင့် ရှန့်ရှောင်ဝမ်တို့က လူသွားလမ်းကြားခြားပြီး တစ်ဖက်မှာ ထိုင်ကြသည်။
မနေ့ညက နောက်ကျတဲ့အထိ ဆော့ကစားခဲ့ကြလို့ ကျိုးအန်းရန်က ယန်ရှင်းချန်တို့နဲ့ စကားခဏပြောပြီးတာနဲ့ မျက်ခွံလေးနေပြီ။
သူမ အိပ်လိုက်ဦးမယ်လို့ ပြောပြီး ထိုင်ခုံကိုမှီကာ မျက်လုံးမှိတ်လိုက်သည်။
တစ်မှေးအိပ်ပျော်နေတုန်း ခေါင်းက ဘေးကို ငိုက်ကျနေတာ ခံစားမိပြီး နောက်တစ်စက္ကန့်မှာ နွေးထွေးတဲ့ လက်ကြီးတစ်ဖက်က လှမ်းထိန်းပေးလိုက်ကာ ရင်းနှီးတဲ့ ပခုံးတစ်ဖက်ပေါ် ဖွဖွလေး တင်ပေးလိုက်တာ ခံစားလိုက်ရသည်။
အိပ်မက်ထဲမှာတောင် စိတ်လုံခြုံသွားသလို ခံစားရပြီး နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ပျော်သွားသည်။
ချန်လော့ပိုင် လှုပ်နှိုးမှ ပြန်နိုးလာသည်။
ကျိုးအန်းရန် အိပ်ချင်မူးတူးနဲ့ မျက်လုံးမဖွင့်နိုင်သေးဘူး။ သူ့ပခုံးပေါ်မှာ ပွတ်သပ်လိုက်ပြီး နှာသံလေးနဲ့ မေးလိုက်သည်။
"ရောက်ပြီလား"
ကောင်လေးအသံက တိုးညှင်းပြီး နူးညံ့နေသည်။
"ရောက်ခါနီးပြီ"
ကျိုးအန်းရန် မျက်လုံးဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူ့ပခုံးပေါ် ဆက်မှီထားပြီး အိပ်ချင်ပြေသွားမှ လေယာဉ်မတက်ခင်က အမေဟယ် ပို့လိုက်တဲ့ မက်ဆေ့ခ်ျကို သတိရသွားသည်။
သူမ သူ့အင်္ကျီလက်မောင်းစကို ဆွဲလိုက်ပြီး မော့ကြည့်လိုက်သည်။
"ခဏနေ ငါတို့ သက်သက်စီ ခွဲသွားကြမယ်နော်"
ချန်လော့ပိုင် မျက်လုံးမှေးလိုက်သည်။
"ဘာလို့ ခွဲသွားရမှာလဲ၊ ငါက လူမြင်မခံရတဲ့သူမို့လို့လား"
ကျိုးအန်းရန် အမြန် ခေါင်းခါလိုက်သည်။
"ဘယ်ဟုတ်ပါ့မလဲ၊ ငါ ပြောထားတယ်လေ၊ အဖေနဲ့အမေ လာကြိုမယ်လို့။ သူတို့ကို နင့်အကြောင်း ဘယ်လိုပြောပြရမလဲ မသိသေးလို့ပါ"
ကောင်လေးက သူမကို တိတ်ဆိတ်စွာ ကြည့်နေသည်။
ကျိုးအန်းရန် အင်္ကျီစကို ဆွဲထားတဲ့ လက်လေးက အောက်နည်းနည်း လျှောကျသွားပြီး သူ့လက်ညှိုးရှည်ရှည်လေးကို ဆုပ်ကိုင်ကာ ဖွဖွလေး လှုပ်ရမ်းလိုက်သည်။
"နော်... နော်... လို့"
အသံတိုးတိုး နူးညူးညံ့ညံ့လေးက ချန်လော့ပိုင်နားထဲ ဝင်ရောက်သွားသည်။ သူ လည်စလုတ် လှုပ်ရှားသွားပြီး မသင့်တော်တဲ့ အတွေးတွေကို ဖိနှိပ်လိုက်သည်။
"ကျိုးအန်းရန်"
"နင် ငါ့ကို ချွဲပြရင် ငါ မနေနိုင်ဘူးဆိုတာ သိရက်နဲ့ တမင်သက်သက် လုပ်နေတာမလား"
ကျိုးအန်းရန် - "......"
"ဘယ်ဟုတ်ပါ့မလဲ"
သူမ ပြုံးပြလိုက်သည်။ နှုတ်ခမ်းဘေးက ပါးချိုင့်လေးတွေ ချိုမြိန်စွာ ပေါ်လာသည်။
"ညကျရင် ဖုန်းဆက်လိုက်မယ်နော်"
ချန်လော့ပိုင် သူမကို နှစ်စက္ကန့်လောက် စိုက်ကြည့်နေပြီးမှ သူမပါးကို ဆွဲလိုက်သည်။ ပါးချိုင့်လေး ပျောက်သွားအောင် ဆွဲလိုက်ပြီး လေသံလေးနက်စွာ ပြောလိုက်သည်။
"သေချာ မှတ်ထားနော်"
....
ကျိုးအန်းရန် သူငယ်ချင်းနှစ်ယောက်နဲ့အတူ ထွက်ပေါက်က ထွက်လာတော့ လာကြိုနေတဲ့ ဟယ်ကျားယီနဲ့ ကျိုးချင်းဆွေတို့က ရှန့်ရှောင်ဝမ် မိဘတွေနဲ့ ဆုံနေတာ တွေ့လိုက်ရသည်။
မိဘတွေအားလုံးက အထက်တန်းပထမနှစ်တုန်းက မိဘဆရာအသင်း အစည်းအဝေး တက်ဖူးကြတယ်။ သမီးတွေက သူငယ်ချင်းတွေ ဖြစ်နေတော့ အဲဒီတုန်းက နှုတ်ဆက်ဖူးကြတယ်။ အခု တစ်ယောက်နဲ့တစ်ယောက် မှတ်မိနေကြပြီး သူတို့ မထွက်လာခင်ကတည်းက စကားကောင်းနေကြပြီ။
ကျိုးအန်းရန်တို့ အနားရောက်သွားပြီး နှုတ်ဆက်ကြသည်။ ခဏလောက် စကားပြောပြီးမှ လမ်းခွဲလိုက်ကြသည်။
ဟယ်ကျားယီနဲ့ ကျိုးချင်းဆွေတို့က မနက်ဖြန် အလုပ်သွားရဦးမှာမို့ ယန်ရှင်းချန်ကို အိမ်လိုက်ပို့ပြီး ခဏလောက်ပဲနေကာ ဝူချန် ပြန်ကြဖို့ စီစဉ်ထားတာ။
ဒါပေမဲ့ ယန်ရှင်းချန် မိဘတွေနဲ့ ဟယ်ကျားယီ၊ ကျိုးချင်းဆွေတို့ မတွေ့ရတာ ကြာပြီဖြစ်သလို၊ ကျိုးအန်းရန်နဲ့ဆို ပိုကြာနေပြီမို့ အိမ်မှာ ထမင်းစားသွားဖို့ အတင်းဆွဲထားကြသည်။
ထမင်းစားပြီး မိဘတွေနဲ့အတူ ဝူချန်ပြန်လာတော့ ည ၈ နာရီ ကျော်နေပြီ။ ကောင်းကင်က မှောင်နေပြီ။
မိဘနှစ်ပါးက ရှေ့ခန်းမှာ ထိုင်နေကြသည်။ ကျိုးအန်းရန်က နောက်ခန်းမှာ တစ်ယောက်တည်း ထိုင်ရင်း ချန်လော့ပိုင်ကို ရုတ်တရက် သတိရလိုက်သည်။
အိတ်ထဲက ဖုန်းထုတ်လိုက်သည်။ ဖုန်းဆက်လို့ မရသေးပေမယ့် မက်ဆေ့ခ်ျတော့ ပို့လို့ရသေးတာပဲ။
ယန်ရှင်းချန်အိမ်မှာတုန်းက ပို့ချင်နေတာ။ ဒါပေမဲ့ ယန်ရှင်းချန်အမေက မတွေ့ရတာကြာလို့ ဘေးနားထိုင်ပြီး စကားပြောနေတာနဲ့ မပို့လိုက်ရဘူး။
ကျိုးအန်းရန် WeChat ဖွင့်ပြီး သူ့ Profile ပုံလေးကို နှိပ်လိုက်သည်။
ဘာရေးရမလဲ စဉ်းစားနေတုန်း ဖုန်းမြည်လာသည်။
ချန်လော့ပိုင်က အရင် စာပို့လာတာ။
C - [ဖုန်းဆက်မယ်ဆို]
ကျိုးအန်းရန် - "......"
ညက အခုမှ စတာပဲဟာ။
ဒါပေမဲ့ နှုတ်ခမ်းထောင့်စွန်းလေးက အပေါ်နည်းနည်း ကွေးတက်သွားသည်။
ကျိုးအန်းရန် - [ရှင်းရှင်းအိမ်မှာ ထမင်းစားနေလို့ပါ]
ကျိုးအန်းရန် - [အခုမှ အိမ်ပြန်မလို့ ထွက်လာတာ]
ကျိုးအန်းရန် ကားပြတင်းပေါက်ကနေ ညရှုခင်း ဓာတ်ပုံရိုက်ပြီး ပို့လိုက်သည်။
C - [ကောင်းပြီ]
C - [ခဏ ခွင့်လွှတ်ပေးလိုက်မယ်]
ကျိုးအန်းရန် ပြုံးလိုက်သည်။ စာပြန်မလို့ လုပ်တုန်း သူ့ဆီက နောက်ထပ် စာတစ်စောင် ဝင်လာသည်။
C - [နေမကောင်းတာ ရှိသေးလား]
ကျိုးအန်းရန် ကြောင်သွားသည်။
သူ့စကားရဲ့ အဓိပ္ပာယ်ကို သဘောပေါက်လိုက်တော့ စာလုံးတွေက ပူလောင်နေသလို ခံစားရပြီး ဖုန်းလွတ်ကျမလို ဖြစ်သွားသည်။
သူမ ချက်ချင်း စာမပြန်တာ တွေ့လို့လား၊ ဒါမှမဟုတ် သူမစရိုက်ကို သိလို့လား မသိဘူး၊ တစ်ယောက်သောသူက စာတွေ ဆက်တိုက် ပို့လာသည်။
C - [ဘယ်သူက ကျောင်းပိတ်ရက်မတိုင်ခင် တစ်ရက်အလိုမှ အဆင်သင့်ဖြစ်ပြီလို့ လာပြောခိုင်းလဲ]
C - [ဒီတစ်ခါတော့ ငါ ကိုယ်တိုင် ကြည့်လို့မရတော့ဘူး]
ကျိုးအန်းရန် - "??"
C - [ရှိလား မရှိဘူးလား]
C - [မပြောရင် မနက်ဖြန် ဝူချန်အထိ လာကြည့်ရမလား]
ကျိုးအန်းရန် မျက်နှာ ချက်ချင်း ပူထူသွားသည်။
မနေ့ညကလည်း အိပ်မက်မက်နေသလို ခံစားရတုန်းလားလို့ အတင်းမေးခဲ့တာ သတိရသွားသည်။ ဒါပေမဲ့ အဲဒီတုန်းက နည်းလမ်းတွေက အခုထက် ပိုများပြီး ပိုဆိုးသွမ်းခဲ့တယ်။
အခုလည်း ဆိုးသွမ်းနေတုန်းပဲ။
သူက ဘယ်လို ကြည့်ချင်သေးလို့လဲ။
မနေ့ညက ကိစ္စရော၊ အခု ကိစ္စရောပေါင်းပြီး ရှက်စိတ်တွေ ဒေါသအဖြစ် ပြောင်းလဲသွားသည်။
ကျိုးအန်းရန် - [ချန်လော့ပိုင်!]
C - [ဟင်?]
ကျိုးအန်းရန် - [နင် တော်တော် စိတ်ပျက်ဖို့ ကောင်းတာပဲ!]
C - [?]
C - [အခုမှ ငါ့ကို စိတ်ပျက်လာပြီပေါ့]
C - [ကျိုးအန်းရန်]
C - [နင်က စားပြီးနားမလည် လုပ်ချင်တာလား (တာဝန်မယူချင်တာလား)]
ကျိုးအန်းရန် - "......"
မနေ့ညကနေ အခုထိ သူမကို အနိုင်ကျင့်နေတာ သူလေ။ ဒီလူက ဘာလို့ ပြောင်းပြန် လာစွပ်စွဲနေတာလဲ။
ကျိုးအန်းရန် - [ဆက်ပြောနေရင် ညကျ ဖုန်းမဆက်တော့ဘူးနော်]
C - [ကောင်းပြီ]
C - [မဆက်နဲ့တော့]
မဆက်နဲ့တော့ ဟုတ်လား။
သူ အခု သူမကို မချော့တော့ဘူးလား။
တာဝန်မယူချင်တဲ့သူက သူပဲ နေမှာပါ။
ကျိုးအန်းရန် ပါးဖောင်းလိုက်သည်။
နောက်တစ်စက္ကန့်မှာ ဖုန်းမြည်လာသည်။
C - [ငါ ဆက်လိုက်မယ်]
C - [ဘယ်သူက စားပြီးနားမလည်လုပ်တတ်တဲ့ ရက်စက်တဲ့ ရည်းစားကို ရွေးမိထားလဲ]
ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း အလိုအလျောက် ကွေးတက်သွားသည်။
ဟယ်ကျားယီ နောက်လှည့်ကြည့်လိုက်တော့ ဒီမြင်ကွင်းကို တွေ့လိုက်ရသည်။
"ရန်ရန်... ဘယ်သူနဲ့ စကားပြောနေတာလဲ၊ ပျော်နေလိုက်တာ"
ကျိုးအန်းရန် ရင်ခုန်သွားသည်။ ဖုန်းမျက်နှာပြင်ပေါ်က "စားပြီးနားမလည်လုပ်တတ်တဲ့" ဆိုတဲ့ စာသားကို ကြည့်ပြီး ရင်ခုန်သံ ပိုမြန်လာသည်။ နားရွက်တွေ ပူလာသည်။
တော်သေးတာက ကားထဲမှာ မှောင်နေလို့။
"ရှင်းရှင်းနဲ့ ပြောနေတာပါ" သူမ လိမ်ပြောလိုက်သည်။
ဟယ်ကျားယီ အံ့ဩသွားသည်။
"သမီးတို့နှစ်ယောက် ဘာတွေများ ပြောစရာ ရှိနေလို့ ဒီလောက် ပျော်နေရတာလဲ။ သူ သမီးကို ထူးထူးဆန်းဆန်း ဟာသတွေ ပြောပြနေပြန်ပြီလား"
ထူးထူးဆန်းဆန်း ဟာသတွေ ဟုတ်လား။
ကျိုးအန်းရန် စဉ်းစားလိုက်သည်။
အထက်တန်းပထမနှစ် ကျောင်းပိတ်တဲ့နေ့တုန်းက ယန်ရှင်းချန် ပြောပြတဲ့ ဟာသတစ်ခုကို သူမ ဆင်ခြေပေးခဲ့ဖူးတာ သတိရသွားသည်။
အဲဒီနေ့က သူမ ဘောပင်အဖုံး ပျောက်သွားလို့ ရှာနေရတာနဲ့ စာမေးပွဲခန်းထဲမှာ နောက်ဆုံးအထိ ကျန်နေခဲ့တာ။ နွေရာသီအစ နေရောင်ခြည်က ပူပြင်းပြီး ပုစဉ်းရင်ကွဲသံတွေ ဆူညံနေတဲ့အချိန်၊ ပြတင်းပေါက်အပြင်ဘက်က အရပ်ရှည်ရှည် ကောင်လေးက နောက်စာသင်နှစ်ကျမှ တွေ့မယ်လို့ ပြုံးပြီး ပြောခဲ့တာလေ။
အဲဒီတုန်းက သူက သူမ ရင်ထဲမှာပဲ ဝှက်ထားရတဲ့ လျှို့ဝှက်ချက်။
အခုတော့ သူက သူမရည်းစား ဖြစ်နေပြီ။
....
ကျောင်းပိတ်ရက် ပထမပိုင်းရက်တွေမှာ ကျိုးအန်းရန် တော်တော် ပျင်းစရာကောင်းအောင် ဖြတ်သန်းခဲ့ရသည်။ နေ့ဘက်ဆို အိမ်မှာ စာဖတ်၊ ညဘက်ဆို အိပ်ခန်းထဲပုန်းပြီး ချန်လော့ပိုင်နဲ့ Video Call ပြောတာလောက်ပဲ ရှိသည်။
သူ ပြောတာတော့ နောက်တစ်နေ့ ဝူချန် လာလည်မယ်တဲ့။ ဒါပေမဲ့ မလာဖြစ်ဘူး။
တစ်ချက်က သူမ အားနာလို့ လက်မခံခဲ့တာ။ နှစ်ချက်က သူက အမေနဲ့ သဘောတူထားတာ ရှိတယ်။ ကျောင်းပိတ်ရင် ရှေ့နေရုံးမှာ အလုပ်သင် ဆင်းရမယ်တဲ့။ နောက်တစ်နေ့မှာပဲ သူ့အမေက ရုံးခေါ်သွားပြီး အလုပ်ခိုင်းတော့တာပဲ။
ခွင့်တိုင်လို့ ရပေမယ့်ပေါ့။
ဒါပေမဲ့ ကျိုးအန်းရန်က သူ့မိဘတွေအမြင်မှာ ကောင်းမွန်တဲ့ပုံရိပ်လေး ကျန်ချင်သေးတယ်။
ပြီးတော့ သူ လာမယ်ဆိုတာလည်း ရိုးရိုးသားသား လာမှာမှ မဟုတ်တာ။
ဝူချန်က နန်ချန်နဲ့ နီးတော့ ဆောင်းရာသီမှာ စိုစွတ်ပြီး အေးစက်နေတယ်။
သူတို့ ပြန်ရောက်တဲ့နေ့က စနေနေ့။ နောက်ပိုင်းရက်တွေမှာ ကျိုးအန်းရန် အိမ်ထဲက အိမ်ပြင်မထွက်ရဲဘူး။ သောကြာနေ့ရောက်မှ ဆွေမျိုးအိမ် လည်ပတ်ပြီး ပြန်ရောက်လာတဲ့ ချန်ယွီက ရုပ်ရှင်ကြည့်ဖို့ခေါ်လို့ အပြင်ထွက်ဖြစ်တော့တယ်။
သူတို့ အိမ်နားက ဈေးဝယ်စင်တာမှာပဲ ချိန်းလိုက်ကြတယ်။ လူနည်းတဲ့ နေ့လည်ခင်းပွဲ ရွေးလိုက်ကြတယ်။
ရုပ်ရှင်ကြည့်ပြီးတော့ ၅ နာရီ ကျော်နေပြီ။ ညစာစားချိန် နီးနေပြီမို့ စင်တာထဲက စားသောက်ဆိုင်တစ်ဆိုင်မှာ ဝင်စားလိုက်ကြတယ်။
ထမင်းစားနေတုန်း ချန်ယွီက သူမကို ခိုးခိုးကြည့်နေတာ သတိထားမိတယ်။ ဒါပေမဲ့ စကားမပြောဘူး။
စားခါနီးမှ ကျိုးအန်းရန် မနေနိုင်ဘဲ မေးလိုက်သည်။
"နင် ဒီနေ့ ငါ့ကို ဘာလို့ ကြည့်နေတာလဲ၊ ကိစ္စရှိလို့လား"
ချန်ယွီက ပြောချင်ပေမယ့် မပြောရဲ ဖြစ်နေပုံရသည်။
နှစ်စက္ကန့်လောက်ကြာမှ ဆုံးဖြတ်ချက်ချလိုက်သလို တူကို ပန်းကန်လုံးပေါ် တင်လိုက်သည်။
"နင် ရည်းစားရနေပြီ မလား"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်လေ၊ ပြောပြထားသားပဲ"
ချန်ယွီက ထပ်မေးသည်။
"နင့်ရည်းစားနာမည်က ချန်လော့ပိုင် မလား"
ကျိုးအန်းရန် ခေါင်းထပ်ညိတ်လိုက်သည်။ နည်းနည်း ထူးဆန်းနေသည်။
သူမနဲ့ ချန်ယွီက ယန်ရှင်းချန်တို့လောက် မရင်းနှီးပေမယ့် သူငယ်ချင်းကောင်းတွေပါ။ ချန်လော့ပိုင်နဲ့ တွဲနေတဲ့အကြောင်း သူမ ဖုံးကွယ်မထားပါဘူး။ ချန်ယွီက ချန်လော့ပိုင်ကို မသိလို့ အသေးစိတ် မပြောပြခဲ့ရုံပါပဲ။
ဒါပေမဲ့ ချန်လော့ပိုင် နာမည်ကိုတော့ ပြောပြဖူးပါတယ်။
"ဘာဖြစ်လို့လဲ"
ချန်ယွီက တွန့်ဆုတ်နေပြန်သည်။
"ငါ နင့်ကို ဝန်ခံစရာ ရှိတယ်၊ ငါ့ကို စိတ်မဆိုးနဲ့နော်"
"ဘာကိစ္စလဲ" ကျိုးအန်းရန် ပိုထူးဆန်းသွားသည်။
ချန်ယွီ ခဏတိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။
"နင် ဒီကို စရောက်တုန်းကလေ၊ ကြော်ငြာသင်ပုန်းရှေ့မှာ စီနီယာအစ်မယွီရဲ့ဓာတ်ပုံ ကြည့်နေတုန်း ငါ လာနှုတ်ဆက်တာ မှတ်မိလား"
ကျိုးအန်းရန် - "မှတ်မိတယ်"
"တကယ်တော့ အဲဒီနေ့က ငါ တမင် လာနှုတ်ဆက်တာ" ချန်ယွီ ပြောလိုက်သည်။
ကျိုးအန်းရန် - "?"
စကားစလိုက်တော့ ချန်ယွီ ဆက်ပြောဖို့ သိပ်မခက်တော့ဘူး။
"ငါ့ဝမ်းကွဲအစ်ကို ရှုဟုန်လျန်ကို နင် တွေ့ဖူးတယ်မလား။ သူနဲ့ စီနီယာအစ်မယွီက သူငယ်ချင်းတွေလေ။ အဲဒီတုန်းက စီနီယာအစ်မယွီက သူ့ကို အကူအညီတောင်းတာ။ အတန်းထဲရောက်လာမယ့် ကျောင်းပြောင်းကျောင်းသူသစ်လေးကို စောင့်ရှောက်ပေးပါဆိုပြီး ငါ့ကို အကူအညီတောင်းခိုင်းတာ။ အဲဒါ နင်လေ"
ကျိုးအန်းရန် တူကိုင်ထားတဲ့ လက်ချောင်းလေးတွေ တင်းခနဲ ဖြစ်သွားသည်။
အဲဒီနေ့က သူမ ကြော်ငြာသင်ပုန်းမှာ ယွီပင်းချင်ဆိုတဲ့ နာမည်ကို ပထမဆုံးအကြိမ် တွေ့ဖူးတာ။ အရင်က ဝူချန်ကို တစ်ခါမှ မရောက်ဖူးဘူး။
ယွီပင်းချင်က သူမကို သိစရာအကြောင်း မရှိဘူး။
တစ်ခုတည်းသော ဖြစ်နိုင်ချေက... ယွီပင်းချင်ကို တစ်ယောက်ယောက်က အကူအညီတောင်းထားလို့ပဲ။
ချန်ယွီက သူမလက်ကောက်ဝတ်ကို ဆွဲလိုက်ပြီး ကျိန်ဆိုလိုက်သည်။
"ငါ ကျိန်ပြောရဲပါတယ်၊ အစတုန်းက စီနီယာအစ်မယွီ အကူအညီတောင်းလို့ နင့်ကို ဂရုစိုက်ပေးတာ မှန်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ထိတွေ့ဆက်ဆံကြည့်တော့ နင့်စရိုက်ကကောင်းပြီး နူးညံ့လို့ သူငယ်ချင်းအစစ် ဖြစ်ချင်သွားတာပါ။ ငါ့ကို အပြစ်မတင်ပါနဲ့နော်"
ကျိုးအန်းရန် လည်ချောင်း ခြောက်ကပ်သွားသည်။
"အပြစ်မတင်ပါဘူး"
"ဒါဆို ဆက်ပြောမယ်နော်" ချန်ယွီက သူမကို ဂရုတစိုက် ကြည့်လိုက်သည်။
ကျိုးအန်းရန် ကြောင်သွားသည်။
"ကျန်သေးတယ်?"
ချန်ယွီ မျက်နှာငယ်လေးနဲ့ - "ဆောရီးပါ"
"ရပါတယ်၊ နင့်ကို အပြစ်တင်တာ မဟုတ်ပါဘူး" ကျိုးအန်းရန် ခံစားမိပါတယ်။ ချန်ယွီက သူမနဲ့ တကယ် သူငယ်ချင်းဖြစ်ချင်တာပါ။
သူမက အကဲခတ်ကောင်းသူမို့ ချန်ယွီ ဟန်ဆောင်နေတာဆိုရင် မသိဘဲ မနေပါဘူး။
"ဆက်ပြောပါ"
"အဲဒါက..." ချန်ယွီ ဒီနေရာရောက်တော့ ပြောရခက်သွားသလို ခဏ ရပ်တန့်လိုက်သည်။ "...ငါ နင့်ကို လက်ဆောင်ပေးတိုင်း နှစ်ခု ပေးတယ်မလား။ တကယ်တော့ ငါက လက်ဆောင်နှစ်ခု ပေးတတ်တဲ့ အကျင့်ရှိလို့ မဟုတ်ပါဘူး။ နောက်တစ်ခုက စီနီယာအစ်မယွီက ငါ့ကို ပေးခိုင်းတာပါ။ ငါက အစတုန်းက စီနီယာအစ်မယွီက နင့်ကို ကြိုက်နေလို့ လိုက်နေတာလားလို့တောင် ထင်မိသေးတယ်။ ငါ့အစ်ကိုက အစ်မက ယောကျ်ားစစ်စစ် ကြိုက်တာပါ၊ နင်နဲ့ ရေစက်ပါလို့ နေမှာပါလို့ ပြောတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက အစ်ကို့အိမ် သွားလည်တော့ သူ စကားမှားပြီး ပြောထွက်သွားတယ်"
ချန်ယွီ ရပ်လိုက်ပြီး ကျိုးအန်းရန်ကို ကြည့်လိုက်သည်။
ကျိုးအန်းရန် ခန့်မှန်းမိနေပါပြီ။ လက်ထဲက တူကို မချမိဘဲ ဆုပ်ကိုင်ထားလို့ လက်ချောင်းထိပ်လေးတွေ ဖြူဖျော့နေသည်။
ချန်ယွီက တိုးတိုးလေး ဆက်ပြောသည်။
"ရန်ရန်... အဲဒီလက်ဆောင်တွေက နင့်ရည်းစား ပေးခိုင်းတာတဲ့။ ငါ စဉ်းစားနေတာ အရင်တုန်းက ပါဆယ်တွေက ဘာလို့ နန်ချန်က လာနေရတာလဲလို့"
ကျိုးအန်းရန် ဘယ်လိုခံစားနေရလဲ မပြောပြတတ်ဘူး။ နှာခေါင်းထိပ်လေး ရုတ်တရက် စူးအောင့်သွားတာပဲ သိလိုက်တယ်။
"ချန်ယွီ" သူမ စကားပြောလိုက်တော့ ငိုသံပါနေသည်။ "ငါ အရင် ပြန်တော့မယ်"
သူမ အိမ်ပြန်ရောက်ရင် အဲဒီလက်ဆောင်တွေကို ပြန်ကြည့်ချင်တယ်။
သူ့ကို ဖုန်းဆက်ချင်တယ်။
ချန်ယွီက ပြင်ပလူဆိုပေမယ့် စိတ်လှုပ်ရှားသွားသည်။ သူမခံစားချက်ကို နားလည်ပေးပြီး ခေါင်းညိတ်လိုက်သည်။
"သွားလိုက်ပါ၊ ဒီထမင်းဖိုး ငါ ရှင်းလိုက်မယ်။ ငါ့အမှားအတွက် ပြန်ပေးဆပ်တယ် သဘောထားလိုက်ပါ"
ကျိုးအန်းရန် သူပြောတာ နားမဝင်တော့ဘူး။ အိတ်ဆွဲပြီး ထွက်မလို့ လုပ်လိုက်သည်။
ခြေလှမ်းပြင်လိုက်တာနဲ့ ချန်ယွီက ဆွဲထားလိုက်သည်။
"မေ့တော့မလို့" ချန်ယွီ အိတ်ထဲက ဖိုင်အိတ်သေးသေးလေး ထုတ်ပေးလိုက်သည်။ "အစတုန်းက ငါက လက်ဆောင်တစ်ခုပဲ ပေးတာ၊ နင့်ကျေးဇူးတင်စကားတွေကို အလကားရနေတာဆိုတော့ လိပ်ပြာမလုံဘူး။ ဒါကြောင့် ဟိုဘက်က ပို့လာတဲ့ ပစ္စည်းစာရင်းကို မှတ်ထားလိုက်တယ်။ တစ်နေ့ကျရင် နင့်ကို ဝန်ခံဖို့ အခွင့်အရေးရရင် မေ့မသွားအောင်လို့လေ။ ပြီးတော့ ပါဆယ်ပို့တဲ့ ဘောက်ချာတွေကိုလည်း အကုန် သိမ်းထားပေးတယ်"
.....
မိဘနှစ်ပါးက အလုပ်မဆင်းသေးပေ။
ကျိုးအန်းရန် အိမ်ရောက်တာနဲ့ အိပ်ခန်းထဲ တန်းဝင်လိုက်သည်။
ချန်ယွီပေးတဲ့ လက်ဆောင်တွေက မနည်းပါဘူး။ အသုံးပြုပုံမတူလို့ နေရာအနှံ့ ထားထားတာ။ အခု အကုန်ပြန်ရှာလိုက်တော့ စာကြည့်စားပွဲ တစ်ဝက်လောက် ပြည့်သွားသည်။
အများစုက အရုပ်တွေ၊ ချိတ်ဆွဲစရာ အလှပစ္စည်းလေးတွေ၊ မိန်းကလေးကြိုက်တဲ့ ပစ္စည်းသေးသေးလေးတွေ။ ဈေးမကြီးဘူးထင်လို့ အဲဒီတုန်းက လုံးဝ သံသယမဝင်ခဲ့ဘူး။
ကျိုးအန်းရန် စာကြည့်စားပွဲမှာ ထိုင်လိုက်ပြီး ဖိုင်အိတ်ထဲက ချန်ယွီရေးထားတဲ့ စာရင်းကို ထုတ်လိုက်သည်။
ပါးလွှာတဲ့ စာရွက်လေးဖြစ်ပေမယ့်၊ လက်ထဲမှာ ပေါင်ချိန်တစ်သောင်းလောက် လေးလံနေသလို ခံစားရတယ်။
ကျိုးအန်းရန် စက္ကန့်အနည်းငယ်ကြာမှ ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။
ပထမဆုံးစာကြောင်းမှာ ရေးထားတာ တွေ့လိုက်ရသည်။
ခရီးသွားလက်ဆောင် - ယုန်ရုပ် ချိတ်ဆွဲပစ္စည်း
အဲဒီယုန်ရုပ်လေးက သူမလက်နားမှာ ရှိနေတယ်။ အဲဒီတုန်းက ချစ်စရာကောင်းတယ်ထင်လို့ ရတာနဲ့ လွယ်အိတ်မှာ ချိတ်ထားလိုက်တာ။ အထက်တန်း ဒုတိယနှစ်၊ တတိယနှစ် လွယ်အိတ်တွေ ပြောင်းသွားပေမယ့် ဒီအရုပ်လေးကတော့ အမြဲပါနေတယ်။ လျှော်ဖန်များလို့ အရောင်လွင့်ပြီး ဟောင်းနွမ်းနေပြီ။
ဒါကြောင့် အဲဒီနေ့တုန်းက ချန်ယွီ တခြားလူတွေကို ပေးတဲ့ ဒုတိယလက်ဆောင်က ပုလဲလက်ပတ်တွေ ဖြစ်နေပြီး၊ သူမတစ်ယောက်တည်း ယုန်ရုပ်လေး ရတာကိုး။
ကျိုးအန်းရန် စာရင်းကို အောက်ဆက်ကြည့်လိုက်သည်။
သူ ပို့လာတဲ့ ပစ္စည်းတွေက စားပွဲပေါ်က ဟာတွေထက် အများကြီး ပိုများနေတာ တွေ့လိုက်ရသည်။
နဂါးလှေပွဲတော်တုန်းက ဖက်ထုပ်တွေ၊ လမုန့်ပွဲတော်တုန်းက လမုန့်တွေ၊ ခရစ္စမတ်တုန်းက ပန်းသီးတွေ... အဲဒီတုန်းက ချန်ယွီက နှစ်ဆမက ပိုပေးခဲ့တဲ့ စားစရာတွေထဲမှာ သူ ပို့လိုက်တာတွေ ပါနေတာပဲ။
ပြီးတော့ သူမ ၁၇ နှစ်ပြည့် မွေးနေ့တုန်းက ချန်ယွီပေးတဲ့ နှင်းဆီပန်းစည်းကလည်း သူ ပေးလိုက်တာပဲ။
ပြီးခဲ့တဲ့တစ်ခေါက် သူမ သူ့အတွက် သကြားလုံးစက္ကူပန်း ခေါက်ပေးတုန်းက သူမက အရင် ပန်းပေးတာလို့ ထင်ခဲ့တာ။
တကယ်တော့ သူမ မသိလိုက်ခင်ကတည်းက သူက ပန်းပေးခဲ့ပြီးသားပဲ။
၁၈ နှစ်ပြည့် မွေးနေ့တုန်းက ချန်ယွီက ဆွဲကြိုးတစ်ကုံးနဲ့ Rose Gold လက်ကောက်တစ်ကွင်း ပေးတယ်။ ဒါတွေက လက်ဆောင်အားလုံးထဲမှာ တန်ဖိုးကြီးမှန်း သိသာတဲ့ ပစ္စည်းနှစ်ခုပဲ။
အထူးသဖြင့် လက်ကောက်။
ဒါပေမဲ့ ချန်ယွီက ချမ်းသာတော့၊ အရွယ်ရောက်တဲ့ပွဲက တစ်သက်မှာတစ်ခါပဲရှိတာမို့ မငြင်းပါနဲ့လို့ ပြောခဲ့တာ။
စာရင်းထဲမှာ Rose Gold လက်ကောက်ကို တွေ့လိုက်ရတော့ ကျိုးအန်းရန် မအံ့ဩတော့ပါဘူး။
ဒါကြောင့် အဲဒီနေ့ ဗိုလ်လုပွဲသွားကြည့်တုန်းက လက်ကောက်ဝတ်ထားတာမြင်တော့ သူက သေချာ မေးခဲ့တာကိုး။
ကျိုးအန်းရန် နှာခေါင်းထိပ်လေး စူးအောင့်လာသည်။
မျက်ရည်တွေ စီးကျနေပေမယ့် အသံထွက် မငိုနိုင်ဘူး။ လည်ချောင်းထဲမှာ တစ်ခုခု ဆို့နေသလိုပဲ။
အဲဒီတုန်းက သူ သူမကို ကြိုက်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာ။
သူ့ကို ဒုက္ခမပေးမိဖို့ပဲ တွေးခဲ့တာ။
ဒါပေမဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူက ဘယ်လိုလုပ် တိတ်တိတ်လေး သူမအပေါ် ကောင်းပေးနေခဲ့တာလဲ။
ဘာလို့ အခုထိ မပြောပြတာလဲ။
ကျိုးအန်းရန် ဖုန်းထုတ်ပြီး သူ့ကို ခေါ်ပေမယ့် ၇ ခါ၊ ၈ ခါလောက် ခေါ်တာတောင် ဘယ်သူမှ မကိုင်ဘူး။
သူမ နန်ချန်ကိုပြန်ပြီး သူ့ကို သွားရှာချင်စိတ် ပေါက်လာသည်။ ဒါပေမဲ့ သူက ဒီမနက် ပြောထားတာ ရှေ့နေရုံးက လူတွေနဲ့အတူ ဘေးမြို့ကို အလုပ်ကိစ္စ ခရီးထွက်ရမယ်တဲ့။
သွားလည်း သူ နန်ချန်မှာရှိမှာ မဟုတ်ဘူး။
ကျိုးအန်းရန် အကြည့်က Rose Gold လက်ကောက်ပေါ် ဝေဝါးစွာ ကျရောက်သွားသည်။
ဟုတ်သားပဲ။
အဲဒီနေ့တုန်းက ကျုရန်ကလည်း ဒီလက်ကောက်အကြောင်း မေးခဲ့သေးတယ်။
သူ ဘာပြောခဲ့လဲ။
ငါ့သူငယ်ချင်းတစ်ယောက်လည်း သူများကို လက်ဆောင်ပေးဖို့ ဝယ်ဖူးတယ် တဲ့။
ကျိုးအန်းရန် အဲဒီတုန်းက သူ သာမန်ကာလျှံကာပြောတယ် ထင်ခဲ့တာ။ အခု ပြန်စဉ်းစားကြည့်တော့ ကျုရန်က သူမကို သတိပေးနေတာပဲ။
သူမ ဖုန်းပြန်ယူလိုက်ပြီး ကျုရန်ဆီ ခေါ်လိုက်သည်။
ဒီတစ်ခါ မြန်မြန် ကိုင်သည်။
ကျုရန်လေသံက အံ့ဩနေပုံရသည်။
"ကျိုးအန်းရန်... ဘာလို့ ရုတ်တရက် ဖုန်းခေါ်တာလဲ"
ကျိုးအန်းရန် နှုတ်ဆက်စကား မပြောနိုင်တော့ဘူး။ အလောတကြီး မေးလိုက်သည်။
"သူ အထက်တန်းတုန်းက ငါ့ကို လက်ဆောင်တွေ အများကြီး ပို့ဖူးတယ် မလား"
ဖုန်းတစ်ဖက်ခြမ်း တိတ်ဆိတ်သွားသည်။
ကျုရန် ဟန်ဆောင်မေးလိုက်သည်။
"ဘာလက်ဆောင်လဲ"
ကျိုးအန်းရန် အသံထဲမှာ ငိုသံတွေ ပါနေသည်။
"ငါ့သူငယ်ချင်း ပြောပြလိုက်ပြီ၊ အဲဒီ Rose Gold လက်ကောက်က သူ ပေးတာမလား"
ကျုရန် တိတ်ဆိတ်နေပြန်သည်။
"နင် သိသွားပြီပေါ့"
သူ သက်ပြင်းချလိုက်သည်။
"သူက တကယ်တော့ ငါ့ကို ဒီအကြောင်းတွေ ပေးမပြောဘူး။ ဒါပေမဲ့ ငါ့အမြင်တော့ နင် သိသင့်တယ် ထင်တယ်။ နင့်သူငယ်ချင်းတွေတောင် မသိတဲ့ ကိစ္စတချို့ ရှိသေးတယ်။ သူ အထက်တန်းတုန်းက နင့်ဆီ ခဏခဏ လာကြည့်ဖူးတယ်"
ကျိုးအန်းရန် ကြောင်သွားပြန်သည်။
လည်ချောင်းတွေ ပိုခြောက်ကပ်လာပြီး ခက်ခက်ခဲခဲ မေးလိုက်သည်။
"သူ လာကြည့်ဖူးတယ်?"
ကျိုးအန်းရန် ဖုန်းကို ဆုပ်ကိုင်ထားရင်း တစ်ခါတုန်းက ချန်ယွီတို့ကို ထမင်းလိုက်ကျွေးတုန်း လမ်းဆုံမီးပွိုင့်မှာ မီးစိမ်းစောင့်နေရင်း လှည့်ကြည့်လိုက်တော့ သူနဲ့တူတဲ့ အရိပ်တစ်ခု တွေ့လိုက်ရတာ သတိရသွားသည်။
အနက်ရောင် ဝတ်စုံနဲ့ ဘေ့စ်ဘောဦးထုပ် ဆောင်းထားတာ။
အဲဒီတုန်းက သူမ သူ့ကို လွမ်းလွန်းလို့ အမြင်မှားတာ၊ ဒါမှမဟုတ် ရုပ်ချင်းဆင်တာလို့ ထင်ခဲ့တာ။
ဒါပေမဲ့ ဖြစ်နိုင်မလား။
အဲဒီလူက သူ ဖြစ်နေမလား။
"ဟုတ်တယ်" ကျုရန်က ပြောသည်။ "နောက်ဆုံးတစ်ခေါက်က နင် ကျောင်းပြီးတဲ့ နွေရာသီကျောင်းပိတ်ရက်တုန်းကလေ။ နင် ယန်ရှင်းချန်တို့ကို ထမင်းလိုက်ကျွေးမယ်ဆိုတဲ့ သတင်းကြားလို့ အဲဒီနေ့ ငါ သူနဲ့အတူ လိုက်သွားခဲ့တာ။ သူက အဲဒီနေ့ နင့်ကို ဖွင့်ပြောမလို့ လုပ်နေတာ။ ဒါပေမဲ့ ရောက်သွားတော့ နင်က သူ့ကို မကြိုက်တော့ပါဘူးလို့ ပြောနေတာ ကြားလိုက်ရတယ်"
ကျိုးအန်းရန် ခေါင်းထဲ မူးဝေသွားသည်။
"အဲဒီနေ့က..." သူမ စကားရပ်လိုက်သည်။ "...တစ်ယောက်ယောက်က သူ့ကို လှမ်းခေါ်လိုက်သေးတယ်မလား"
ကျုရန် အံ့ဩသွားသည်။
"ဟုတ်တယ်... သူ့အဒေါ်ကလည်း အဲဒီဆိုင်မှာ စားနေတာ။ သူ့ကို မြင်တော့ လှမ်းခေါ်လိုက်တာ။ နင်တို့ ကြားလိုက်တာလား"
ကျိုးအန်းရန် မြင်ကွင်းတွေ လုံးဝ ဝေဝါးသွားသည်။
"သူ ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
ကျုရန် ဆက်ပြောသည်။
"အဲဒီနောက်ပိုင်း နွေရာသီကျောင်းပိတ်ရက်မှာ သူ တော်တော် စိတ်ဓာတ်ကျနေခဲ့တာ။ ငါတို့နဲ့ ခရီးသွားဖို့ ချိန်းထားတာတောင် မလိုက်တော့ဘဲ အိမ်မှာပဲ စာဖတ်နေတော့တယ်။ ကျောင်းဖွင့်ခါနီးတော့ ငါ ကြည့်မရတာနဲ့ ဘောလုံးခေါ်ကစားတာ၊ အဲဒီနေ့ သူ စိတ်နဲ့လူနဲ့ မကပ်ဘဲ ကစားရင်း ခြေထောက်ခေါက်သွားတာ"
ကျိုးအန်းရန် ရင်ထဲ နာကျင်သွားသည်။
ဒါကြောင့် အဲဒီနေ့တုန်းက သူက ကျုရန်ကို ပေးမပြောတာကိုး။ သူက မလိမ်ခဲ့ပါဘူး။ အမှန်တရားရဲ့ အစိတ်အပိုင်းတချို့ကို ဖုံးကွယ်ထားရုံပါပဲ။
"ဩော်... ဟုတ်သားပဲ" ကျုရန် တစ်ခုခု သတိရသွားပြန်သည်။ "သူ အရင်တုန်းက ဝူချန်ကို ကျောင်းပြောင်းဖို့ စဉ်းစားဖူးသေးတယ်။ ဘာပဲဖြစ်ဖြစ် သူ့ဦးလေးအိမ်၊ နင့်စီနီယာအစ်မယွီအိမ်က ဝူချန်မှာ ရှိတာပဲဟာ။ သူသွားရင် နေစရာမရှိမှာ မပူရဘူး။ သူ့အမေကလည်း မတားပါဘူး။ မေးခွန်းနည်းနည်းမေးပြီး သေချာစဉ်းစားခိုင်းလိုက်ရုံပဲ"
"ဘာမေးခွန်းလဲ"
"သူ ကျောင်းပြောင်းလာတာက နင့်အတွက် စိတ်ဒုက္ခမဟုတ်ဘဲ ကြည်နူးစရာဖြစ်လာမှာ သေချာလား၊ ကျောင်းပြောင်းလို့ စာမေးပွဲအမှတ်တွေကျသွားရင် နင့်ကို အပြစ်မတင်ဘဲ နေနိုင်မလား၊ တစ်သက်လုံး ချစ်သွားနိုင်မလား။ မဟုတ်ရင် အထက်တန်းဒုတိယနှစ်လို အရေးကြီးတဲ့အချိန်မှာ ဘာလို့ သွားနှောင့်ယှက်မှာလဲ။ နင့်စာမေးပွဲအမှတ်တွေ မထိခိုက်အောင် နေနိုင်ပါ့မလားဆိုပြီး မေးတာ"
ကျုရန် ခဏရပ်လိုက်သည်။
"သူ ပြောတာက... သူ တစ်သက်လုံး ချစ်သွားနိုင်ပါတယ်တဲ့။ သတ္တိနည်းပြီး သူ့ကို စကားမပြောရဲပေမယ့် အချိန်တိုင်း သူ့ကို ကာကွယ်ပေးတဲ့ ဒုတိယမြောက် မိန်းကလေးမျိုး ထပ်တွေ့တော့မှာ မဟုတ်ပါဘူးတဲ့။ ဒါပေမဲ့ နင့်စာမေးပွဲအမှတ်တွေ ထိခိုက်မှာကိုတော့ မသေချာဘူးတဲ့"
.....
၆ နာရီ ၁၀ မိနစ်မှာ ဟယ်ကျားယီ အလုပ်ဆင်းပြီး အိမ်ပြန်ရောက်လာသည်။
ဧည့်ခန်းထဲမှာ မှောင်မဲနေပြီး အိမ်မှာ လူမရှိသလို ဖြစ်နေသည်။
ဟယ်ကျားယီ စဉ်းစားပြီး သမီးအခန်းရှေ့ သွားလိုက်သည်။ အထဲက အလင်းရောင် မထွက်ဘူး။ လူမရှိဘူး ထင်တယ်။
သူမ တံခါးခေါက်လိုက်သည်။
"ရန်ရန်"
ဘာသံမှ မကြားရဘူး။
ဟယ်ကျားယီ တံခါးဖွင့်လိုက်တော့ မှောင်မဲနေတဲ့ အခန်းထဲမှာ လူရိပ်တစ်ခု စာကြည့်စားပွဲရှေ့ ငြိမ်သက်စွာ ထိုင်နေတာ တွေ့လိုက်ရသည်။ စားပွဲပေါ်မှာ ပစ္စည်းတွေ ရှုပ်ပွနေသည်။
ပြတင်းပေါက်က အလင်းရောင် နည်းနည်းဝင်နေလို့၊ ကိုယ့်သမီးအရင်းမို့လို့သာပေါ့၊ မဟုတ်ရင် လန့်သွားမိမှာ။
"ရန်ရန်... သမီး အိမ်မှာ ရှိနေတာပဲ၊ ဘာလို့ အမေတံခါးခေါက်တာ မထူးတာလဲ။ မီးလည်း မဖွင့်ဘူး"
ဟယ်ကျားယီ မီးဖွင့်လိုက်သည်။ အလင်းရောင် စူးသွားပြီးမှ သမီးမျက်လုံးတွေ ရဲနေတာ တွေ့လိုက်ရသည်။
"ဘာဖြစ်တာလဲ ရန်ရန်... ဘာလို့ ငိုနေပြန်တာလဲ။ ဟို ချန်လော့ပိုင်ဆိုတဲ့ ကောင်လေးနဲ့ ပတ်သက်နေပြန်ပြီလား။ ဒုက္ခပါပဲ... သူ ငါတို့အခန်းအောက် ဘာလာလုပ်နေပြန်တာလဲလို့"
ကျိုးအန်းရန်က ဖုန်းခေါ်မရလို့ ငိုနေတာမို့ ကြောင်နေတုန်း "ချန်လော့ပိုင်" ဆိုတဲ့ နာမည်ကြားမှ သတိဝင်လာသည်။
"အမေ ဘာပြောလိုက်တာလဲ။ သူ သမီးတို့အခန်းအောက် ရောက်နေတယ်?"
ဟယ်ကျားယီ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်"
"အမေ အမြင်မမှားဘူးနော်" ကျိုးအန်းရန် ထိုင်ရာက ဝုန်းခနဲ ထရပ်လိုက်သည်။
ဟယ်ကျားယီ - "သူ့ရုပ်ရည်က ဒီလောက် ထင်ရှားတာ၊ မှားစရာ အကြောင်းမရှိ..."
ကျိုးအန်းရန် ဆက်နားမထောင်နိုင်တော့ဘဲ ဖုန်းယူပြီး အပြင်ထွက်မလို့ လုပ်လိုက်သည်။
"အမေ... သမီး နောက်မှ ပြောပြမယ်၊ သမီး သူ့ကို သွားရှာလိုက်ဦးမယ်"
ဟယ်ကျားယီ ဆွဲထားလိုက်သည်။
"နေပါဦး"
သမီးရဲ့ တုံ့ပြန်ပုံကို ကြည့်ရတာ ဟိုကောင်လေးကြောင့် စိတ်ထိခိုက်တာ မဟုတ်ပုံရတယ်။ ဟယ်ကျားယီ ခန့်မှန်းချက် ပြောင်းသွားသည်။
"သမီးနဲ့ သူ တွဲနေကြပြီလား"
ကျိုးအန်းရန် "အင်း" ဟု ဖြေလိုက်သည်။ ဖုံးကွယ်မထားတော့ပါဘူး။ သူက တိတ်တဆိတ် ဒီလောက် ပေးဆပ်ခဲ့တာ၊ သူမ မိဘတွေကို ဖွင့်ပြောဖို့ သတ္တိမရှိဘဲ ဘယ်နေနိုင်ပါ့မလဲ။
"သမီး နောက်မှ ရှင်းပြမယ်နော်၊ သမီး သူ့ကို အရေးတကြီး ရှာစရာရှိလို့ပါ"
"ရန်ရန်" ဟယ်ကျားယီ ခေတ္တရပ်လိုက်သည်။ "သူ အရင်တုန်းက သမီးကို လာရှာဖူးတယ်"
ကျိုးအန်းရန် ကြောင်သွားသည်။
"အမေ ဘာပြောလိုက်တာလဲ"
စောစောက သတိမထားမိတဲ့ အသေးစိတ်အချက်အလက်တွေ ခေါင်းထဲ ဝင်လာသည်။
ဥပမာ - အမေက သူ့ကို ဘယ်လိုလုပ် သိတာလဲ။
ဥပမာ - အမေ စောစောက ပြောတာ "သူ ငါတို့အဆောင်အောက် ဘာလာလုပ်နေပြန်တာလဲ" တဲ့။
ဟယ်ကျားယီ - "သူ သမီးကို လာရှာဖူးတယ်၊ သမီး ကျောင်းပြောင်းတဲ့ နေ့တုန်းကလေ"
အဲဒီတုန်းက သူမက ကျိုးအန်းရန်ဖုန်းကို သိမ်းထားတော့ ကောင်လေးဖုန်းဆက်တာ သူမ ကိုင်လိုက်တာ။ သူမ ဆင်းတွေ့ခဲ့တာ။
ကောင်လေးရုပ်ရည်က တကယ် ထင်ရှားလွန်းတော့ နှစ်တွေအကြာကြီးနေမှ ပြန်တွေ့တာတောင် သူမ ချက်ချင်း မှတ်မိလိုက်တယ်။
အဲဒီတုန်းက သူက အမှတ် (၂) ကျောင်းဝတ်စုံ ဝတ်ထားတယ်။ ကိုယ်ပေါ်မှာ ဘာလက်ဝတ်ရတနာမှ မပါဘူး။ နာရီတစ်လုံးပဲ ပတ်ထားတယ်။
ဒါပေမဲ့ သူမက ကြွားတတ်တဲ့ ယောင်းမရှိတော့၊ သူ့နာရီနဲ့ ဖိနပ်က ဈေးကြီးမှန်း တန်းသိလိုက်တယ်။
အဲဒီဖိနပ်က သူမယောင်းမ သူ့သားအတွက် ဝယ်ပေးချင်ပေမယ့် ဝယ်မရတဲ့ Limited Edition လေ။
ဒါပေမဲ့ ကောင်လေးဆီမှာ သူဌေးသားတွေရဲ့ မာန်မာန မရှိဘဲ၊ အရမ်းယဉ်ကျေးတယ်။ သူမသမီးနဲ့ တွေ့ခွင့်ရမလားလို့ မေးတယ်။
သူမ အဲဒီတုန်းက ဘယ်လိုပြန်ပြောလိုက်လဲ။
"မင်း သူ့ကိုတွေ့ပြီး အခု ဘာလုပ်ပေးနိုင်မှာလဲ။ အန်တီပြောတာ ရိုင်းတယ်မထင်ပါနဲ့။ သမီးကို ဒီလောက်ထိ ကြီးပြင်းအောင် မွေးလာတာ၊ မနေ့ညကမှ သူ ဝမ်းနည်းပက်လက် ငိုနေတာ ပထမဆုံးအကြိမ် မြင်ဖူးတာ"
"မင်းတို့က အခု အထက်တန်း ဒုတိယနှစ် ရောက်နေပြီ။ အထက်တန်းရဲ့ အရေးကြီးဆုံး အချိန်ကာလပဲ။ မင်းရဲ့ မိသားစုအခြေအနေကောင်းမှန်း အန်တီ သိပါတယ်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အမှတ်ဘယ်လောက်ရရ အရေးမကြီးပါဘူး။ မင်းမှာ နောက်ဆုတ်စရာလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ရန်ရန်က အမှတ် (၂) ကျောင်း အထူးခန်းဝင်ခွင့်ရဖို့၊ အခုလို အမှတ်ကောင်းကောင်း ထိန်းထားနိုင်ဖို့ နေ့တိုင်း မနက် ၅ နာရီ၊ ၆ နာရီ ထပြီး ကြိုးစားခဲ့ရတာ။ အန်တီ သူ့ကြိုးစားမှုတွေကို အလဟသ မဖြစ်စေချင်ဘူး"
"သူက မိန်းကလေးလေ။ နောက်ကျရင် အလုပ်ရှာရတာ ပိုခက်ခဲလိမ့်မယ်။ ပြီးတော့ အန်တီတို့အိမ်မှာ သမီးတစ်ယောက်တည်း ရှိတာ။ အန်တီနဲ့ သူ့အဖေကလည်း သူ့ကို တစ်သက်လုံး ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ သူ့မှာ ကူညီမယ့် မောင်နှမသားချင်းလည်း မရှိဘူး။ အန်တီတို့က သူ တက္ကသိုလ်ကောင်းကောင်း တက်နိုင်ပြီး၊ နောက်ကျရင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မယ့် ပညာတတ်စေချင်တာပါ"
....
ချန်လော့ပိုင် နေ့လည်ခင်းမှာ ဖုန်းကို Silent လုပ်ထားတာ။ အလုပ်ပြီးလို့ ဖွင့်ကြည့်လိုက်တော့ Missed Call ၆၀ လောက် တွေ့လိုက်ရသည်။
အဲဒီအထဲမှာ ၃၀ ကျော်က ကျိုးအန်းရန်ဆီက။
ကျန်တဲ့ ၂၀ ကျော်က ကျုရန်ဆီက။
သူ ရင်ထိတ်သွားသည်။ ကျိုးအန်းရန်က တစ်ခါမှ ဒီလောက်အများကြီး ဆက်တိုက် မခေါ်ဖူးဘူး။
သူ ဒီနေ့ ခရီးထွက်မယ်ဆိုတာ သိရက်နဲ့ ခေါ်တာ။
တစ်ခုခုဖြစ်ပြီထင်ပြီး ချန်လော့ပိုင် သူမနံပါတ်ကို နှိပ်မလို့လုပ်တော့ လက်ချောင်းတွေ တုန်နေသည်။ ခေါ်မလို့လုပ်တုန်း ကျုရန်ဖုန်း ဝင်လာသည်။
ဒီနှစ်ယောက် တစ်ချိန်တည်းမှာ ဖုန်းတွေ အများကြီးခေါ်နေကြတာ ကိစ္စတစ်ခုတည်း ဖြစ်လောက်တယ်ထင်ပြီး ချန်လော့ပိုင် အမြန် ကိုင်လိုက်သည်။
ကျုရန်အသံက စိတ်လောနေပြီး လိပ်ပြာမလုံတဲ့ပုံ ပေါက်နေသည်။
"ဟိုလေ... ချန်လော့ပိုင် ငါ ပြောပြစရာရှိတယ်။ ကျိုးအန်းရန်က သူ့သူငယ်ချင်းဆီကနေ အဲဒီလက်ဆောင်တွေ မင်းပေးတာဆိုတာ သိသွားတယ်။ ငါလည်း တခြားကိစ္စတွေကိုပါ တစ်ခါတည်း ပြောပြလိုက်တယ်။ သူ ငါ့ကို ဖုန်းဆက်တုန်းက တောက်လျှောက် ငိုနေတာ။ အခု ဘယ်လိုနေလဲ မသိဘူး။ မင်း မြန်မြန်သွားချော့လိုက်ဦး"
ပြောပြီးတာနဲ့ အဆဲခံရမှာ ကြောက်လို့ ဖုန်းချလိုက်သည်။
ချန်လော့ပိုင် နန်ချန်ပြန်ပြီး သူ့ကို ဆွဲထုတ်ကာ ထိုးပစ်ချင်စိတ် ပေါက်သွားသည်။
ဒါပေမဲ့ သူ အရင်တုန်းက လုပ်ခဲ့တာတွေ ပေါ်သွားတာမို့လို့၊ သူမ တခြားကိစ္စဖြစ်တာ မဟုတ်လို့ နည်းနည်း စိတ်အေးသွားသည်။
ချန်လော့ပိုင် ကျုရန်ကို ဂရုမစိုက်အားတော့ဘူး။ အခု အရေးကြီးဆုံးက ရည်းစားကို ချော့ဖို့ပဲ။
ဖုန်းချက်ချင်း ပြန်ခေါ်မလို့ လုပ်ပေမယ့်၊ အောက်ထပ်မှာ မြို့ပတ်ရထားဘူတာရုံရှိနေတာ သတိထားမိလိုက်သည်။ ဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး ရုံးခန်းပြန်ဝင်ကာ သူ့ကိုခေါ်လာတဲ့ ရှေ့နေကို ပြောပြီး အောက်ဆင်းလာခဲ့သည်။
ဒီကနေ ကျိုးအန်းရန်အိမ်နားက ဘူတာရုံအထိ မိနစ် ၂၀ ပဲ ကြာတယ်။
ချန်လော့ပိုင်အတွက်တော့ တစ်မိနစ်၊ တစ်စက္ကန့်တိုင်းက ကြာလွန်းနေတယ်။ လမ်းမှာ ဖုန်းဆက်ပြီး ချော့မလို့ လုပ်ပေမယ့်၊ ပြီးခဲ့တဲ့ နှစ်ခေါက်တုန်းကလို သူ ချော့လေ ပိုငိုလေ ဖြစ်မှာ စိုးရိမ်မိတယ်။ ဖုန်းထဲကနေဆို သူ ဘာမှ လုပ်ပေးလို့ မရဘူး။ ပြီးတော့ ရုံးဆင်းချိန် ရထားက ကျပ်လွန်းလို့ ဖုန်းတောင် ထုတ်လို့ မရဘူး။
ရထားပေါ်က ဆင်းလိုက်တော့ ချန်လော့ပိုင် ဖုန်းထုတ်လိုက်ရာ ဖန်သားပြင် မလင်းတော့တာ တွေ့လိုက်ရသည်။
ဒီနေ့နေ့လည် အလောတကြီး ထွက်လာတော့ အားမသွင်းမိလိုက်ဘူး။ ဖုန်းအားကုန်သွားပြီ။
ချန်လော့ပိုင် သူမအဆောင်အောက်က စတိုးဆိုင်ဝင်ပြီး အချိုရည်နှစ်ဘူးဝယ်ကာ ဆိုင်ရှင်ဆီက အားသွင်းကြိုး ငှားလိုက်သည်။
ဖန်သားပြင် လင်းလာတာနဲ့ ဖုန်းဖွင့်ပြီး ခေါ်ဆိုမှုမှတ်တမ်းထဲက သူမနံပါတ်ကို ခေါ်လိုက်သည်။
စတိုးဆိုင်ပိုင်ရှင်က သက်လတ်ပိုင်း အမျိုးသမီးကြီး။ သတိပေးလိုက်သည်။
"ကောင်လေး... အွန်လိုင်းမှာ ပြောကြတာ အားသွင်းရင်းဖုန်းပြောရင် အန္တရာယ်ရှိတယ်တဲ့၊ ပေါက်ကွဲတတ်တယ်တဲ့"
ချန်လော့ပိုင် ခေါင်းမမော့အားဘဲ ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ အကြာကြီး မပြောပါဘူး၊ လူတစ်ယောက်ကို ဆင်းလာခိုင်းမလို့ပါ"
ဆိုင်ရှင်အဒေါ်ကြီးက လူအသွားအလာ များတာ မြင်ဖူးနေကျမို့ ချက်ချင်း ခန့်မှန်းမိလိုက်သည်။
"ရည်းစားကို ရှာတာလား"
ချန်လော့ပိုင် "ဟုတ်တယ်" လို့ ဖြေလိုက်သည်။
ဖုန်းကိုင်လိုက်တော့ အသံထိန်းပြီး နားထောင်လိုက်ရာ မိန်းကလေးရဲ့ ငိုသံပါနေတဲ့ အသံကို ကြားလိုက်ရသည်။
"နင် ဘယ်မှာလဲ"
ချန်လော့ပိုင် ဖုန်းထဲကနေ နှစ်ခွန်းလောက် ချော့လိုက်ပြီး တည်နေရာ ပြောပြလိုက်သည်။ အားသွင်းကြိုး ဖြုတ်ပြီး ဆိုင်ရှင်အဒေါ်ကြီးကို ကျေးဇူးတင်စကားပြောကာ အိမ်ရာဝင်းရှေ့က သစ်ပင်အောက်မှာ သွားစောင့်နေလိုက်သည်။
မကြာမီ မိန်းကလေးတစ်ယောက် အထဲကနေ အပြေးထွက်လာတာ တွေ့လိုက်ရသည်။
ဝူချန်က ဒီနေ့ အပူချိန် ၇ ဒီဂရီလောက်ပဲ ရှိတာ။ သူမ အပေါ်ထပ်အင်္ကျီတောင် မဝတ်ဘဲ ဆွယ်တာအင်္ကျီလေးနဲ့ ပြေးထွက်လာတာ။
ချန်လော့ပိုင် လေဖောင်းအင်္ကျီဇစ်ကို ဖွင့်ပြီး လက်နှစ်ဖက် ဖြန့်ကားလိုက်သည်။
ကျိုးအန်းရန် သူ့ရင်ခွင်ထဲ ဝင်တိုက်လိုက်သည်။ သူမ ပြေးလာတာ မြန်လွန်းလို့ ချန်လော့ပိုင် သူမ ငိုနေလား ကြည့်မလို့လုပ်တုန်း နောက်တစ်လှမ်း ဆုတ်လိုက်ရသည်။
သူ လေဖောင်းအင်္ကျီနဲ့ သူမကို လုံအောင် ပတ်ထားလိုက်သည်။ ခေါင်းငုံ့ပြီး သူမပါးကို ထိလိုက်တော့ မျက်ရည်တွေ စိုရွှဲနေတာ တွေ့လိုက်ရသည်။
ချန်လော့ပိုင် ခုနက တစ်သျှူးဝယ်ဖို့ မေ့သွားတာ နောင်တရမိသွားသည်။ သူမ တော်တော် ငိုထားတော့ လက်နဲ့ သုတ်လို့ မပြောင်နိုင်ဘူး။
သူ ခေါင်းငုံ့ပြီး သူမမျက်လုံးထောင့်စွန်းကို နမ်းလိုက်သည်။ မျက်ရည်ရဲ့ ငန်ကျိကျိအရသာကို ခံစားလိုက်ရသည်။
"ကောင်မလေး... မငိုနဲ့တော့" ချန်လော့ပိုင် အသံနှိမ့်ပြီး ချော့လိုက်သည်။
ကျိုးအန်းရန် တကယ်တော့ စိတ်ငြိမ်သွားပြီ။ ဒါပေမဲ့ သူ့ကို မြင်လိုက်ရတော့ ဘာကြောင့်မှန်းမသိ မထိန်းနိုင်တော့ဘူး။
"နင် ဘာလို့ ငါ့ကို မပြောပြတာလဲ"
ချန်လော့ပိုင်က လက်ဖမိုးနဲ့ မျက်ရည်သုတ်ပေးရင်း အသံတိုးတိုးဖြင့် ပြောသည်။
"ပြောပြစရာ မလိုဘူးလို့ ထင်လို့ပါ။ အဲဒီ ရည်းစားစာက ငါ ရေးပေးခဲ့တာပဲဟာ။ ကျုံးခိုင်က ယင်းယီကျန်း ငါ့ကို စိတ်ကုန်သွားအောင် နင့်အင်္ဂလိပ်စာအုပ်ထဲ လာထည့်လိုက်တာလေ။ နင် ရုတ်တရက် ကျောင်းပြောင်းသွားရတာ ငါ့မှာ တာဝန်ရှိတယ်။ လူလွှတ်ပြီး နင့်ကို စောင့်ရှောက်ခိုင်းတာက ငါ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပဲလေ။ ပြောပြလိုက်ရင် လုပ်သင့်တာလုပ်တာကို ကျေးဇူးတင်ခံချင်လို့ ပြောသလို ဖြစ်နေမှာစိုးလို့"
"လက်ဆောင် ပေးတာကျတော့... နင့် သူငယ်ချင်းအပေါ် ထားတဲ့ ယုံကြည်မှုကို အခွင့်ကောင်းယူလိုက်တာဆိုတော့ ဂုဏ်ယူစရာနည်းလမ်း မဟုတ်ဘူးလေ"
"ခြေထောက် ဒဏ်ရာကော" ကျိုးအန်းရန် မေးလိုက်သည်။
ချန်လော့ပိုင် ကျုရန် ဘာတွေ လျှောက်ပြောထားလဲဆိုတာ သိနေသည်။ သူ့ကို ဆွဲထုတ်ပြီး ထိုးချင်စိတ် ပေါက်လာပြန်သည်။
"ခြေထောက်ဒဏ်ရာက နင်နဲ့ တကယ် မဆိုင်ပါဘူး။ ဘောလုံးကစားရင် ဘယ်သူမဆို ဒဏ်ရာရတတ်တာပဲ။ အဲဒီတုန်းက ကျောင်းဖွင့်ခါနီးပြီ၊ ကျောင်းဖွင့်ရင် နင့်ကိုလိုက်ဖို့ ပြင်ဆင်ထားပြီးသား။ နွေရာသီကျောင်းပိတ်ရက် အစပိုင်းမှာ စိတ်မပျော်မရွှင်ဖြစ်ခဲ့ပေမယ့် အဲဒီလောက်လည်း စိတ်မဆတ်ပါဘူး"
ကျိုးအန်းရန် ရှိုက်သံပါပါ ပြောလိုက်သည်။
"ငါသာ ဘယ်တော့မှ မသိလိုက်ရင် ဘယ်လိုလုပ်မလဲ"
"နင် အခု သိသွားပြီပဲ" ချန်လော့ပိုင် လက်တွေ သူမမျက်ရည်တွေနဲ့ စိုရွှဲနေပြီ။ ရင်ထဲ နာကျင်နေသည်။ "မငိုပါနဲ့တော့၊ ဆက်ငိုရင် နင် နောင်တရနေပြီလို့ ငါ ထင်မိတော့မယ်"
ကျိုးအန်းရန် ငိုသံ ရပ်သွားသည်။
"ဘာကို နောင်တရတာလဲ"
ချန်လော့ပိုင် သူမကို ငုံ့ကြည့်လိုက်သည်။
"ငါ့ကို အထင်ကြီးလွန်းခဲ့တာ နောင်တရတာလေ။ တကယ်တော့ ချန်လော့ပိုင်ဆိုတဲ့လူက ရုပ်သန့်တယ်၊ စာတော်တယ် ဆိုတာကလွဲရင် အပြစ်အနာအဆာတွေများတဲ့ သာမန်လူတစ်ယောက်ပါပဲ။ ကိုယ့်အတ္တအတွက် သူငယ်ချင်းအပေါ်ထားတဲ့ ယုံကြည်မှုကို အခွင့်ကောင်းယူတတ်တယ်၊ သဘောထားသေးသိမ်တယ်၊ စိတ်ဆတ်တယ်၊ ပြီးတော့ နင့်ကို အမြဲ အနိုင်ကျင့်တတ်တယ်။ တကယ်တော့ ကြိုက်စရာမကောင်းပါဘူး"
ကျိုးအန်းရန် အမြန် ခေါင်းခါလိုက်သည်။
"မဟုတ်ပါဘူး"
"ဘာမဟုတ်တာလဲ" ချန်လော့ပိုင် မေးလိုက်သည်။
ကျိုးအန်းရန် စဉ်းစားမနေဘဲ ပြောလိုက်သည်။
"အထင်ကြီးလွန်းတာ မဟုတ်ပါဘူး။ နင် အခု ဘယ်နေရာ မကောင်းဘူးလို့လည်း မထင်ပါဘူး။ ငါ နင့်ကို အရမ်းကြိုက်တုန်းပါပဲ"
ချန်လော့ပိုင် မျက်ရည်သုတ်ပေးနေတဲ့ လက် ရပ်တန့်သွားသည်။
သူမ သူ့ကို ကြိုက်မှန်း သူ သိပါတယ်။
သူမ ကြည့်တဲ့အကြည့်တွေ၊ သူမ လုပ်ပေးတဲ့ အရာတွေက သက်သေပြနေတာပဲ။
ဒါပေမဲ့ သူမစရိုက်က အတွင်းသိစိတ်များလွန်းတယ်။ ရင်ထဲကစကားကိုတောင် သူများကို ပြောလေ့မရှိဘူး။ ချစ်စကားဆို ပိုဆိုးတာပေါ့။ သူမ ပါးစပ်ကနေ ထုတ်ပြောလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
"နင် ခုနက ဘာပြောလိုက်တာလဲ"
ကျိုးအန်းရန် သူ့လေဖောင်းအင်္ကျီထဲက ဆွယ်တာအင်္ကျီကို ဆွဲထားလိုက်သည်။
သူ ဖွင့်ပြောတုန်းက ပြောခဲ့တာ မှန်တယ်။
စကားတချို့ကို တရားဝင် ပြောပြသင့်တယ်။
"နင် အရင်တုန်းက မေးဖူးတယ်မလား... လိမ္မာတာ မဟုတ်ရင် ဘာလဲလို့"
ချန်လော့ပိုင် ရင်ထဲမှာ အဖြေရနေသလိုပါပဲ။ ဒါပေမဲ့ သူမစကားကို ဆက်မေးလိုက်သည်။
"ဘာလဲ"
ကျိုးအန်းရန် သူ့ခါးကို ဖက်ထားပြီး ရှက်စိတ်ကို ထိန်းကာ မော့ကြည့်လိုက်သည်။
"ဘာလို့လဲဆိုတော့ ငါ နင့်ကို တကယ် တကယ် အရမ်းကြိုက်လို့"
"အဲဒီနေ့က စားသောက်ဆိုင်မှာ ရှင်းရှင်းတို့ကို နင့်ကို မကြိုက်တော့ဘူးလို့ ပြောတာက အမှန် မဟုတ်ပါဘူး။ သူတို့ စိတ်ပူမှာစိုးလို့၊ နင့်ကို ဒုက္ခမပေးချင်တော့လို့ ပြောလိုက်တာပါ"
"ငါ အထက်တန်းပထမနှစ် ကျောင်းအပ်တဲ့နေ့ ပထမဆုံးတွေ့ကတည်းက အခုထိ နင့်ကို ကြိုက်နေတာ။ တစ်မိနစ် တစ်စက္ကန့်လေးတောင် မရပ်တန့်ဖူးဘူး။ တစ်မိနစ် တစ်စက္ကန့်လေးတောင် နောင်တမရဖူးဘူး"
ချန်လော့ပိုင် ရင်ထဲ အရည်ပျော်ကျသွားသည်။ အင်္ကျီဆွဲထားတဲ့ လက်က သူမခါးပေါ် ရောက်သွားပြီး တင်းတင်းကျပ်ကျပ် ဖက်လိုက်သည်။ ပြီးမှ တိုးတိုးလေး ပြောလိုက်သည်။
"ဒါဆို ပြီးရောလေ"
ကျိုးအန်းရန် နားမလည်လိုက်ဘူး။
"ဘာပြီးရောလဲ"
ချန်လော့ပိုင် - "နင် အရင်တုန်းက ငါ့ကို ကြိုက်တယ်၊ အခု ငါ့ကို ကြိုက်တယ်၊ နောက်ကျရင်လည်း ငါ့ကို ဆက်ကြိုက်နေမှာမလား"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
ချန်လော့ပိုင် သူမမျက်လုံးထောင့်စွန်းကို ဖွဖွလေး ထိလိုက်သည်။ ခြောက်သွေ့သွားပြီ။ သူ သက်ပြင်းချလိုက်ပြီး နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။
"ဒါဆို ငါ အနာဂတ်ဇနီးလေးကို လက်ဆောင်ခိုးပေးတာ ဘာငိုစရာရှိလို့လဲ"
ကျိုးအန်းရန် - "......"
နေပါဦး...
အနာဂတ် ဘာ...
"နင် တည်တည်ကြည်ကြည် နေလို့ မရဘူးလား"
ချန်လော့ပိုင် ရယ်လိုက်ပြန်သည်။
"ငါ ဘယ်နားက တည်ကြည်မှု မရှိလို့လဲ။ ခုနကပဲ နင် ကိုယ်တိုင် ဝန်ခံထားတယ်မလား၊ နောက်ကျရင်လည်း ငါ့ကို ဆက်ကြိုက်နေမယ်လို့။ အခု မငြင်းချင်တော့ဘူးလား"
ကျိုးအန်းရန် - "......"
သူမ ပါးဖောင်းလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ငါ နင့်ကို မပြောနိုင်ပါဘူး"
ချန်လော့ပိုင် - "ဘယ်လိုလုပ် မပြောနိုင်ရမှာလဲ"
ကျိုးအန်းရန် - "?"
ချန်လော့ပိုင် သူမပါးကို ဆွဲလိုက်သည်။
"နင် ငါ့ကို တစ်ချက်လောက် ချွဲပြလိုက်ရင်၊ ငါ အရှုံးပေးလိုက်ပါပြီ"
***
လီမွန်ဆိုဒါသကြားလုံး
အခန်း ၆၆ ။ သကြားလုံး : အထက်တန်း (၂/၂) က ချန်လော့ပိုင်က နင့်ကို ကြိုက်တယ်
ကျိုးအန်းရန် မျက်လုံးတွေ နီနေပေမယ့် နှုတ်ခမ်းထောင့်စွန်းလေးက အလိုအလျောက် ကွေးတက်သွားသည်။
"နောက်ဆုံးတော့ ပြုံးပြီ" ချန်လော့ပိုင် ရယ်မောပြီး သူမပါးကို ဆွဲလိုက်သည်။ "ဆက်ငိုရင် နင့်အိမ်နီးချင်းတွေ လာဝိုင်းကြည့်တော့မယ်"
ကျိုးအန်းရန် - "!"
သူမ သူ့လေဖောင်းအင်္ကျီထဲမှာ ရောက်နေသေးတာ။ ခေါင်းပြူပြီး ကြည့်လိုက်သည်။
ဆောင်းရာသီမို့ နေ့တာတိုတော့ ကောင်းကင်က မှောင်နေပြီ။ ဒါပေမဲ့ အိမ်ရာဝင်းအပြင်ဘက်မှာ လမ်းမီးတွေလင်းနေလို့ တော်တော်လင်းထိန်နေတယ်။ လူတော်တော်များများက စပ်စုတဲ့အကြည့်တွေနဲ့ လှမ်းကြည့်နေကြတယ်။
ကျိုးအန်းရန် ခေါင်းအမြန် ပြန်သွင်းလိုက်သည်။
"နင် ဘာလို့ စောစော မပြောတာလဲ"
ချန်လော့ပိုင် ရယ်မောလိုက်သည်။
"အခုမှ ရှက်တတ်သွားပြီလား။ နင်က အဲဒီလောက် ငိုနေတာ၊ ငါ တခြားသူတွေကို ဂရုစိုက်နိုင်ပါ့မလား"
ကျိုးအန်းရန် သူ့ရင်ဘတ်ထဲ မျက်နှာအပ်ထားပြီး စကားမပြောတော့ဘူး။
"ကဲပါ" ချန်လော့ပိုင် အသံနှိမ့်ပြီး ချော့လိုက်သည်။ "နင် ငါ့အင်္ကျီထဲ ရောက်နေတာပဲဟာ၊ အနားကပ်မကြည့်ရင် ဘယ်သူမှ နင့်မျက်နှာကို မြင်ရမှာ မဟုတ်ပါဘူး"
ကျိုးအန်းရန် တိုးတိုးလေး ပြန်ပြောသည်။
"ဒါပေမဲ့ ငါ ခဏနေ အိမ်ပြန်ရဦးမှာလေ"
ချန်လော့ပိုင် ဆက်ချော့သည်။
"ငါ့အင်္ကျီ ချွတ်ပေးလိုက်မယ်၊ နင် ဝတ်သွားလိုက်၊ ခေါင်းဆောင်း ဆောင်းပြီး ခေါင်းငုံ့သွားလိုက်။ မှောင်နေတော့ ဘယ်သူမှ မမြင်ရပါဘူး"
"နင့်အင်္ကျီ ငါ့ပေးလိုက်ရင် နင် အေးနေမှာပေါ့" ကျိုးအန်းရန် မော့ကြည့်လိုက်သည်။
ချန်လော့ပိုင် လက်ချောင်းထိပ်လေးနဲ့ သူမပါးပြင်ကို ပွတ်သပ်လိုက်သည်။
"ငါ အအေးကြောက်တတ်လား မကြောက်တတ်လား နင် မသိဘူးလား။ ဘယ်သူက အရင်တုန်းက ကျောင်းမှာ အေးရင် ငါ့ရင်ခွင်ထဲ နေ့တိုင်း တိုးဝင်ခဲ့တာလဲ"
ကျိုးအန်းရန် - "......"
နေ့တိုင်းတော့ မဟုတ်ပါဘူး၊ အလွန်ဆုံး တစ်ခါနှစ်ခါလောက်ပါပဲ။
အဲဒီတုန်းက သူမ အိပ်မက်မက်နေသလို ခံစားရလို့ သူ့ကို သိပ်မချွဲရဲခဲ့ဘူး။
ပြီးတော့ အပြင်မှာဆိုရင် ပိုလို့တောင် မချွဲရဲသေးဘူး။
ကျိုးအန်းရန် ဝန်မခံချင်ဘူး။
"ငါ မလုပ်ပါဘူး"
မိန်းကလေးက မော့ကြည့်နေသည်။ မျက်လုံးတွေက ငိုထားလို့ နီရဲနေပေမယ့် သူ့ကို ကြည့်တဲ့အကြည့်တွေက ကြည်လင်တဲ့ အချစ်တွေနဲ့ ပြည့်နှက်နေတယ်။
ချန်လော့ပိုင် ရင်ထဲ လှုပ်ရှားသွားပြီး ခေါင်းငုံ့နမ်းချင်စိတ် ပေါက်သွားသည်။
ဒါပေမဲ့ သူ့ရင်ခွင်ထဲမှာ ငိုရတာတောင် ရှက်နေတဲ့သူက၊ ဒီနေရာမှာ နမ်းလိုက်ရင် တစ်ပတ်လောက် အိမ်ထဲက အိမ်ပြင်ထွက်တော့မှာ မဟုတ်ဘူး။
ချန်လော့ပိုင် အဲဒီဆန္ဒကို ဖိနှိပ်လိုက်ပြီး နာမည်ခေါ်လိုက်သည်။
"ရန်ရန်"
ကျိုးအန်းရန် - "ဘာဖြစ်လို့လဲ"
"မနက်ဖြန် နန်ချန် ပြန်လိုက်ခဲ့မလား" ချန်လော့ပိုင် မေးလိုက်သည်။
ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။
"ဘာလို့ နန်ချန် ပြန်ခိုင်းရတာလဲ"
"ထန်ကျန့်ရွေ့တို့က တွေ့ဆုံပွဲလုပ်ဖို့ ခေါ်ထားတယ်မလား။ နင်က..." ချန်လော့ပိုင် စကားရပ်လိုက်သည်။ ပြုံးစိစိ ကြည့်လိုက်သည်။ "...မရီး ဖြစ်နေပြီး ကတိမတည်လို့ မဖြစ်ဘူးလေ"
ကျိုးအန်းရန် သူ့ပါးစပ်က "မရီး" ဆိုတဲ့ အခေါ်အဝေါ် ကြားရတာ ပထမဆုံးအကြိမ်မို့ နားရွက် ပူသွားသည်။
"ငါ ပြောတာက အားရင် လာခဲ့မယ်လို့ ပြောတာပါ"
ချန်လော့ပိုင် အသံတိုးသွားသည်။
"ဒါဆို မနက်ဖြန် အားလား"
ကျိုးအန်းရန် သူ့ခါးကို ဖက်ထားပြီး ခေါင်းညိတ်ပြလိုက်သည်။
"အားပါတယ်"
....
ကျိုးအန်းရန် အိမ်ပြန်ရောက်ပြီး ဖိနပ်လဲကာ ဧည့်ခန်းထဲ ဝင်လာတော့ ဟယ်ကျားယီ ဆိုဖာပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်နေတာ တွေ့လိုက်ရသည်။
အသံကြားလို့ ထင်တယ်၊ ဟယ်ကျားယီ သူမဘက် လှည့်ကြည့်လာသည်။ မျက်နှာထားက တည်ငြိမ်နေပြီး ဝမ်းသာလား ဝမ်းနည်းလား မသိသာဘူး။ လေသံကလည်း အေးစက်စက် ဖြစ်နေသည်။
"သူနဲ့ စကားပြောလို့ ပြီးပြီလား"
ကျိုးအန်းရန် "အင်း" ဟု ဖြေပြီး ဘေးနားမှာ ဝင်ထိုင်လိုက်သည်။
"အမေ့ကို ပြောစရာ ရှိတယ်ဆို" ဟယ်ကျားယီ မေးလိုက်သည်။
ကျိုးအန်းရန် နည်းနည်း စိတ်လှုပ်ရှားနေသည်။ အဓိကက အမေက သဘောမတူမှာ စိုးရိမ်လို့ပါ။ သဘောမတူလည်း လမ်းခွဲမှာတော့ မဟုတ်ပါဘူး။
"အမေ့ကို သမီး သူနဲ့ တွဲနေပြီဆိုတဲ့အကြောင်း ပြောမလို့ပါ"
ပြောပြီးတော့ ဟယ်ကျားယီဆီက တုံ့ပြန်မှု မရတော့ ကျိုးအန်းရန် ပိုစိတ်လှုပ်ရှားလာသည်။
"အမေ... သဘောမတူဘူးတော့ မဟုတ်ပါဘူးနော်"
ဟယ်ကျားယီ သူမကို တစ်ချက်ကြည့်လိုက်သည်။
"အမေ သဘောမတူရင်ကော"
ကျိုးအန်းရန် သူမလက်မောင်းကို ချိတ်ပြီး လှုပ်ရမ်းလိုက်သည်။
"အမေ... သူ သမီးအပေါ် အရမ်းကောင်းတာ"
"သမီးက ငယ်ငယ်လေးနဲ့ ဘာက အကောင်းမှန်လဲ သိလို့လား" ဟယ်ကျားယီက မယုံသလို ပြောလိုက်သည်။
ကျိုးအန်းရန် စဉ်းစားလိုက်သည်။
"ဒါဆို ဒီနေ့ သမီး ဘာလို့ ငိုလဲ အမေ သိလား"
ဟယ်ကျားယီ - "သူ့ကြောင့်ပဲ မဟုတ်ဘူးလား"
"သူ့ကြောင့်ပါ" ကျိုးအန်းရန် လက်မောင်းကို ဖက်ထားသည်။ "ဒါပေမဲ့ သူ သမီးကို ဝမ်းနည်းအောင် လုပ်လို့ မဟုတ်ပါဘူး။ ချန်ယွီက ဒီနေ့ သမီးကို ပြောပြတယ်... သူ အရင်တုန်းက သမီးကို စကားလာပြောတာက တစ်ယောက်ယောက်က အကူအညီတောင်းလို့တဲ့။ သမီး အတန်းထဲမှာ အဆင်ပြေအောင် ကူညီပေးဖို့တဲ့။ ပြီးတော့ ဒီနှစ်တွေအတွင်း သူ သမီးကို ပေးခဲ့တဲ့ လက်ဆောင်တွေထဲက တစ်ဝက်လောက်ကလည်း တစ်ယောက်ယောက် ပေးခိုင်းတာတဲ့"
ဟယ်ကျားယီ မျက်နှာပေါ်မှာ အံ့ဩရိပ်တွေ ပေါ်လာသည်။
"ဒါတွေ အကုန်လုံး သူ လုပ်တာလား။ သူက ချန်ယွီကို ဘယ်လိုလုပ် သိတာလဲ"
ကျိုးအန်းရန် ခေါင်းခါလိုက်သည်။
"သူ ချန်ယွီကို မသိပါဘူး။ သူ့ဝမ်းကွဲအစ်မနဲ့ ချန်ယွီရဲ့ ဝမ်းကွဲအစ်ကိုက တီးဝိုင်းတစ်ခုတည်းမှာ အတူရှိနေတာလေ။ သူ့ဝမ်းကွဲအစ်မက ချန်ယွီ့ဝမ်းကွဲအစ်ကိုကို အကူအညီတောင်းခိုင်းလိုက်တာ။ သူ့ဝမ်းကွဲအစ်မကို အမေ တွေ့ဖူးပါတယ်။ သမီး ကျောင်းစအပ်တုန်းက လာကြိုပြီး စာရွက်စာတမ်းကိစ္စတွေ ကူလုပ်ပေးတဲ့ စီနီယာအစ်မယွီလေ။ အမေ ပြောဖူးတယ်လေ... မျက်နှာထားတင်းပေမယ့် စိတ်ရင်းကောင်းတယ်ဆိုတဲ့တစ်ယောက်"
"ဒါဆို အဲဒီ စီနီယာအစ်မယွီ လာကြိုတာကလည်း သူ အကူအညီတောင်းထားလို့ပေါ့" ဟယ်ကျားယီ မေးလိုက်သည်။
"သမီး သူ့ကို မမေးဖူးဘူး၊ ဒါပေမဲ့ ဟုတ်လောက်ပါတယ်" ကျိုးအန်းရန် လက်မောင်းကို ထပ်လှုပ်ရမ်းလိုက်သည်။ "သူ သမီးအပေါ် ကောင်းတယ်မလား"
ဟယ်ကျားယီ မျက်လွှာချလိုက်သည်။
သူမ စောစောက ကျိုးအန်းရန် အင်္ကျီမဝတ်ဘဲ ပြေးထွက်သွားတာတွေ့လို့ အင်္ကျီယူပြီး လိုက်သွားခဲ့တာ။
အိမ်ရာဝင်းရှေ့ ရောက်တော့ အရပ်ရှည်ရှည် ကောင်လေးက ချက်ချင်း သူ့လေဖောင်းအင်္ကျီကို ဖွင့်ပြီး ပုံမှန်ဆို စေ့စပ်သေချာတတ်ပေမယ့် ရှားရှားပါးပါး စိတ်လောနေတဲ့ သူမသမီးကို ရင်ခွင်ထဲ ဆွဲသွင်းပြီး ပတ်ထားလိုက်တာ တွေ့လိုက်ရတယ်။
နောက်ပိုင်း သူမ အိမ်ပြန်ရောက်ပြီး ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်နေတုန်း အဝေးကနေ ကျိုးအန်းရန်က သူ့အင်္ကျီဝတ်ပြီး သူ့လက်တွဲကာ ပြန်လာတာ တွေ့လိုက်ရတယ်။
ကောင်းကင်က နည်းနည်း မှောင်နေပေမယ့် ကိုယ့်သမီးအရင်းကိုတော့ မမှားနိုင်ပါဘူး။
ဟယ်ကျားယီ သူမရဲ့ နားရွက်နားက ဆံပင်စလေးတွေကို သပ်တင်ပေးလိုက်သည်။
"အကဲခတ်တော့ မဆိုးပါဘူး"
ကျိုးအန်းရန် စိတ်အေးသွားပြီး ပါးချိုင့်လေးတွေ ပေါ်လာသည်။
"ဒါဆို အမေ သဘောမတူတာ မဟုတ်တော့ဘူးပေါ့"
ဟယ်ကျားယီက သူမ ပျော်ရွှင်နေတာကို ကြည့်ပြီး ပြုံးလိုက်မိသည်။
"အမေ ဘယ်တုန်းက သဘောမတူဘူး ပြောလို့လဲ"
ကျိုးအန်းရန် - "......ဒါဆို အမေက ဘာလို့ ခုနက မျက်နှာထား တည်နေတာလဲ"
ဟယ်ကျားယီ ပြုံးလိုက်သည်။
"တကယ်တော့ အမေနဲ့ အဖေ နည်းနည်းနောင်တရနေတာ။ အရင်တုန်းက သမီးသဘောထားကို သေချာမမေးဘဲနဲ့ ကျောင်းပြောင်းဖို့ ဆုံးဖြတ်လိုက်မိတာလေ"
ကျိုးအန်းရန် ခေါင်းခါလိုက်သည်။
"သမီး တကယ် အပြစ်မတင်ပါဘူး။ အမေတို့ ဒီကိုရောက်လာပြီးတော့ အဖေက အရင်တုန်းက ဦးလေးအိမ်မှာ နေတုန်းကထက် ပျော်ရွှင်နေတာ တွေ့ရတယ်လေ။ ပြီးတော့ သမီးလည်း သူနဲ့ တွဲနေရပြီပဲဟာ"
"တွဲနေရရင် ပြီးတာပါပဲ" ဟယ်ကျားယီ စကားရပ်လိုက်ပြီး တစ်ခုခု သတိရသွားသည်။ "ဒါနဲ့... သမီး အရင်တုန်းက ရိုက်ထားတဲ့ သူ ဘောလုံးကစားတဲ့ ဗီဒီယိုကို အမေ တကယ် မဖျက်လိုက်ပါဘူး။ အဖေ့ကွန်ပျူတာထဲမှာ သိမ်းထားတယ်"
ကျိုးအန်းရန် မျက်လုံး တောက်သွားသည်။
"တကယ်လား"
ဟယ်ကျားယီ - "ဒီလောက်တောင် ပျော်သွားတာလား"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။ နည်းနည်း ရှက်သွားသည်။
"အဲဒီဗီဒီယိုက အမှတ်တရဖြစ်စရာ ကောင်းတယ်လေ"
"ကောင်းပြီ... နောက်ကျရင် အဖေ့ကို ပို့ခိုင်းလိုက်မယ်" ဟယ်ကျားယီ ပြောလိုက်သည်။
ကျိုးအန်းရန်လည်း ကိစ္စတစ်ခု သတိရသွားသည်။
"အမေ... သမီး မနက်ဖြန် နန်ချန် ပြန်သွားရမယ်"
ဟယ်ကျားယီ - "သူ့ကို ပြန်တွေ့မလို့လား"
ကျိုးအန်းရန် - "......"
ပြန်တွေ့ချင်တာက အဓိကအကြောင်းရင်းတစ်ခုဆိုပေမယ့် ပြောရတာ နည်းနည်းရှက်စရာ ကောင်းနေတယ်။
"အတန်းဖော်ဟောင်းတွေ တွေ့ဆုံပွဲ ရှိလို့ပါ"
"ကောင်းပြီ" ဟယ်ကျားယီ ခေါင်းညိတ်လိုက်သည်။
ကျိုးအန်းရန် စိတ်အေးသွားသည်။ အမေက ဖြည်းဖြည်းချင်း ဆက်ပြောလာတာ ကြားလိုက်ရသည်။
"ဒါပေမဲ့ သမီး ကိုယ့်ဘာသာကိုယ်လည်း ဂရုစိုက်နော်။ ဇီဝဗေဒ ကျောင်းသူပဲဟာ၊ အမေ အများကြီး သင်ပေးစရာ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် အမေ အခုလောလောဆယ် အဖွားအစောကြီး မဖြစ်ချင်သေးဘူး"
"......"
ကျိုးအန်းရန် မျက်နှာ ပူထူသွားသည်။ စကားလမ်းကြောင်း အမြန် လွှဲလိုက်သည်။
"အမေ ထမင်းမစားရသေးဘူးမလား။ သမီး ခေါက်ဆွဲပြုတ်ပေးမယ်"
ဟယ်ကျားယီ ဆွဲထားလိုက်သည်။
"ထားလိုက်ပါတော့၊ အမေ့ဘာသာပဲ ပြုတ်စားလိုက်ပါ့မယ်။ အမေ့ရဲ့ မီးဖိုချောင်ကိုသာ ရှုပ်ပွအောင် မလုပ်နဲ့တော့"
ထပြီးတော့ ဟယ်ကျားယီ ပြန်လှည့်ကြည့်သည်။
"ဒါနဲ့... သူ ဒီနေ့ အမေ့ကို မတွေ့လိုက်ဘူး။ နောက်တစ်ခါ အခွင့်အရေးရရင် အိမ်ပေါ်ခေါ်လာပြီး ဧည့်ခံလိုက်လေ"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့"
....
ထမင်းစားခန်းမှာ ဟယ်ကျားယီ ထမင်းစားတာ အဖော်လုပ်ပေးပြီးတော့ ကျိုးအန်းရန် အိပ်ခန်းထဲ ပြန်ဝင်လာသည်။ လျှပ်စစ်မီးဖို ဖွင့်လိုက်ပြီး စာကြည့်စားပွဲမှာ ထိုင်လိုက်သည်။ စားပွဲပေါ်က လက်ဆောင်တွေကို စက္ကန့်အနည်းငယ် ကြည့်ပြီး နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားသည်။ ဖုန်းထုတ်ပြီး သူ့ကို မက်ဆေ့ခ်ျ ပို့လိုက်သည်။
ကျိုးအန်းရန် - [နင် အိမ်ရောက်ပြီလား]
တစ်စက္ကန့်အကြာတွင်...
ဟိုဘက်က Video Call ခေါ်လာသည်။
ကျိုးအန်းရန် ကိုင်လိုက်သည်။ ကောင်လေးရဲ့ မျက်နှာအသွင်အပြင်နဲ့ အနောက်က အခန်းအပြင်အဆင်တွေ ဖုန်းမျက်နှာပြင်ပေါ် ပေါ်လာသည်။
သူ အခန်းထဲ ရောက်နေပြီ။ ဒီကာလတစ်လျှောက်လုံး သူနဲ့ Video Call ပြောဖူးလို့ သူ့အခန်းကို ကျိုးအန်းရန် ရင်းနှီးနေပြီ။
ပေကျင်းက တိုက်ခန်းလိုပဲ မီးခိုးရောင် ရင့်ရင့် အဓိကထား ပြင်ဆင်ထားသည်။ နံပါတ်မှာ ဘောလုံးသမား ပိုစတာတွေ ကပ်ထားသည်။ ယောကျ်ားလေးအခန်းမှန်း သိသာပေမယ့် ယောကျ်ားလေးအများစုအခန်းထက် အများကြီး သန့်ရှင်းသပ်ရပ်နေသည်။
"ရောက်ပြီ" ချန်လော့ပိုင် ပြောလိုက်သည်။
ကျိုးအန်းရန် စားပွဲပေါ် မှောက်လိုက်သည်။
"ကိစ္စတစ်ခု ပြောပြစရာရှိတယ်"
ချန်လော့ပိုင် - "ဘာကိစ္စလဲ"
ကျိုးအန်းရန် လက်ချောင်းလေးနဲ့ သူပေးထားတဲ့ ယုန်ရုပ်လေးကို ကစားနေသည်။
"အမေက ဒီနေ့ညနေ နင့်ကို တွေ့လိုက်တယ်တဲ့"
ချန်လော့ပိုင် ကြောင်သွားပုံရသည်။
"နင် ဘာလို့ စောစော မပြောတာလဲ"
"မေ့သွားလို့လေ" ကျိုးအန်းရန် အဲဒီအချိန်တုန်းက သူ တိတ်တိတ်လေး လူလွှတ်ပြီး ဂရုစိုက်ပေးတာ၊ ၂ နှစ်ဆက်တိုက် လက်ဆောင်တွေ ပို့ပေးခဲ့တာတွေပဲ ခေါင်းထဲ ရောက်နေတာ။ တခြားဟာတွေ ဘယ်သတိရတော့မလဲ။
ပုံမှန်ဆို မောက်မာတတ်တဲ့သူက ရှားရှားပါးပါး စိတ်လှုပ်ရှားနေပုံရသည်။
"စောစောသိရင် ငါ နင်နဲ့အတူ အပေါ်တက်ပြီး နှုတ်ဆက်လိုက်ပါတယ်... ဒါပေမဲ့လည်း မဖြစ်သေးပါဘူး၊ ဒီနေ့ ဘာလက်ဆောင်မှမပါဘူး"
ကျိုးအန်းရန် ပြုံးလိုက်သည်။
"ကိစ္စမရှိပါဘူး၊ အမေက နင် မတွေ့လိုက်မှန်း သိပါတယ်။ ခုနက ပြောတယ်... နောက်တစ်ခါ အခွင့်အရေးရရင် အိမ်ပေါ်ခေါ်လာပြီး ဧည့်ခံပါတဲ့"
ချန်လော့ပိုင် ဒီစကားကြားတော့ မျက်ခုံးပင့်လိုက်သည်။ လေသံက ရင်းနှီးသွားသည်။
"ဒီလောက် စောစောစီးစီး မိဘနဲ့ ပေးတွေ့တော့မလို့လား"
"ဘယ်သူက မိဘနဲ့ ပေးတွေ့မှာလဲ" ကျိုးအန်းရန် နားရွက်ပူသွားသည်။
"မနက်ဖြန် တွေ့ဆုံပွဲ ဘယ်အချိန်စမှာလဲ"
"အချစ်ကလေး" ချန်လော့ပိုင် ရယ်လိုက်သည်။ "မင်း စကားလမ်းကြောင်းလွှဲတာ အရမ်း သိသာလွန်းနေပြီ"
ကျိုးအန်းရန် - "......"
သူမ စကားလမ်းကြောင်းလွှဲတာ သိရက်နဲ့ တမင်ဖွင့်ချနေသေးတယ်။
သူ သူမကို အနိုင်ကျင့်ရတာ ကြိုက်တယ်ဆိုတာ တကယ် မှန်နေတာပဲ။
ကျိုးအန်းရန် ယုန်ရုပ်လေးကို ညှစ်လိုက်သည်။
"ဒါဆို ငါ အခု ဒီအကြောင်းပဲ ပြောချင်တယ်၊ မရဘူးလား"
"ရတာပေါ့" ချန်လော့ပိုင် ရယ်နေတုန်းပဲ။ "ငါတို့အိမ်က ရည်းစားလေး ပြောသမျှ အကုန်အတည်ပဲ"
ကျိုးအန်းရန် သူ့ကြောင့် ရယ်ချင်သွားပြန်သည်။
"ဒါဆို တွေ့ဆုံပွဲက တကယ်တော့ ဘယ်အချိန်စမှာလဲ"
"ငါ မနက်ဖြန် နေ့လည် ၁ နာရီ လာကြိုမယ်လေ" ချန်လော့ပိုင် မေးလိုက်သည်။
သူ လာကြိုမယ်ဆိုတာ ကြားတော့ ကျိုးအန်းရန် ပျော်သွားသည်။ ဒါပေမဲ့ လက်မခံလိုက်ဘူး။
"ငါ့ဘာသာ မြို့ပတ်ရထားစီးပြီး လာလိုက်ပါ့မယ်။ နင် လာလိုက်၊ ပြန်လိုက် လုပ်ရတာ အလုပ်ရှုပ်တယ်"
"အလုပ်မရှုပ်ပါဘူး" ချန်လော့ပိုင် ပြောလိုက်သည်။ "ငါ ကားမောင်းလာကြိုမှာ"
ကျိုးအန်းရန် အံ့ဩသွားသည်။
"နင် ကားမောင်းတတ်တယ်လား"
အရင်က မပြောဖူးပါဘူး။
ဖန်သားပြင်ဟိုဘက်က ကောင်လေးက မျက်ခုံးပင့်လိုက်ပြန်သည်။ လူငယ်ဆန်တဲ့ ဟန်ပန်အမူအရာတွေ ပေါ်လာသည်။
"ကားမောင်းတာ ဘာခက်လို့လဲ"
ကျိုးအန်းရန် - "ငါ မမောင်းတတ်သေးဘူး"
"နောက်ကျရင် သင်ပေးမယ်" ချန်လော့ပိုင် ခေါင်းစဉ်ပြန်လွှဲလိုက်သည်။ "နေ့လည် ၁ နာရီ အဆင်ပြေလား"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
"ပြေပါတယ်... ဒါပေမဲ့ ငါတို့ ဒီတွေ့ဆုံပွဲမှာ ဘာလုပ်ကြမှာလဲ။ နေ့လည် ၂ နာရီ၊ ၃ နာရီလောက်မှ စမှာလား"
ဒီကနေ နန်ချန်သွားရင် ကားမောင်းရင် တစ်နာရီကျော်ကျော်ပဲ ကြာတာ။
ချန်လော့ပိုင် "အင်း" ဟု ဖြေသည်။
"သူတို့ ပြောတာ ကျောင်းပြန်သွားချင်တယ်တဲ့။ အရင်ဆုံး ဘောလုံးတစ်ပွဲ ကစားမယ်။ ပြီးတော့ ဆရာကောင်း(ကောင်းကောဟွာ)ကို သွားတွေ့မယ်။ ပြီးမှ ဒီနားတစ်ဝိုက်မှာ ထမင်းအတူစားကြမယ်"
ကျိုးအန်းရန် ဒီအစီအစဉ်ကို မထင်ထားခဲ့ဘူး။
ချန်လော့ပိုင် ရုတ်တရက် သူမကို ခေါ်လိုက်သည်။
"ရန်ရန်" သူ ဖန်သားပြင်ထဲကနေ သူမကို စိုက်ကြည့်နေသည်။ "အမှတ် (၂) ကျောင်းမှာ ငါ ဘောလုံးကစားတာ ထပ်ကြည့်ချင်လား"
အမှတ် (၂) ကျောင်းမှာ။
အဲဒီတုန်းက ပထမတန်း၊ တတိယမြောက် ကွင်းထဲမှာ၊ သူ့ရည်းစားအနေနဲ့ သူ ဘောလုံးကစားတာ ထပ်ကြည့်ဦးမလားတဲ့။
ကျိုးအန်းရန် ရင်ထဲ ရုတ်တရက် ပျော်ရွှင်လာသည်။ နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားပြီး သူ့ကို ခေါင်း အားပါပါ ညိတ်ပြလိုက်သည်။
"ကြည့်ချင်တယ်"
.....
ကျိုးအန်းရန် နောက်တစ်နေ့ နေ့လည် ၁၂ နာရီ ၅၀ မိနစ်မှာ အောက်ဆင်းလာခဲ့သည်။
အိမ်ရာဝင်းပေါက်ဝ ရောက်တော့ ချန်လော့ပိုင် ကြိုရောက်နေတာ တွေ့လိုက်ရသည်။
ကောင်လေးက ဒီနေ့ အနက်ရောင် ဝတ်စုံပြည့် ဝတ်ထားပြန်သည်။ အနက်ရောင် G-Wagon (Benz G-Class) ကားကြီးကို ပျင်းရိရိ မှီရပ်နေပြီး ဖုန်းပွတ်နေသည်။ ဖြတ်သွားဖြတ်လာတွေကို ဂရုမစိုက်ဘဲ အလွန်ခန့်ညားချောမောနေသည်။
သူမ လျှောက်လာတော့ သူ အာရုံခံမိသလို မော့ကြည့်လိုက်သည်။ သူမကို မြင်တော့ နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားပြီး လူငယ်ဆန်တဲ့ အပြုံးလေး ပေါ်လာသည်။
ကျိုးအန်းရန် ကားနားရောက်သွားတော့ ချန်လော့ပိုင်က သူမအတွက် ကားတံခါး ဖွင့်ပေးသည်။
သူမ တက်လိုက်သည်။
ချန်လော့ပိုင် တစ်ဖက်ကနေပတ်ပြီး မောင်းသူနေရာ တက်လိုက်သည်။ ခေါင်းငဲ့ကြည့်လိုက်သည်။
"ခါးပတ်"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။ ခါးပတ်ပတ်ဖို့ ပြင်လိုက်သည်။
"ငါ လုပ်ပေးမယ်" သူ ရုတ်တရက် ပြောလိုက်သည်။
ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားပြီး လက်လွှတ်လိုက်သည်။
ချန်လော့ပိုင် ကိုယ်ကိုကိုင်းပြီး ခါးပတ်ပတ်ပေးလိုက်သည်။ ဒါပေမဲ့ ချက်ချင်း ပြန်မထွက်သွားဘူး။ မျက်ဝန်းနက်နက်တွေက သူမမျက်နှာပေါ် ကျရောက်နေပြီး အသံက နိမ့်နေသည်။
"အပြင်က မမြင်ရအောင် ဖလင်ကပ်ထားတယ်"
ကျိုးအန်းရန် ကြောင်သွားသည်။ နားမလည်လိုက်ဘူး။
နောက်တစ်စက္ကန့်မှာ ချန်လော့ပိုင် ခေါင်းငုံ့ပြီး နမ်းလိုက်သည်။
နည်းနည်း နူးညံ့တဲ့ အနမ်းလေး။
သူမနှုတ်ခမ်းကို အရင်ထိကပ်လိုက်သည်။ ပြီးတော့ နှုတ်ခမ်းသားလေးတွေကို ငုံပြီး စုပ်ယူလိုက်သည်။ ပြီးမှ မေးစေ့ကို ဖွဖွလေး ကိုင်လိုက်သည်။
တွဲနေတာ ၃ လလောက် ရှိပြီဆိုတော့ ကျိုးအန်းရန် သူ့အပြုအမူရဲ့ အဓိပ္ပာယ်ကို နားလည်ပါတယ်။ လိမ်လိမ်မာမာ ပါးစပ်ဟပေးလိုက်သည်။
ကောင်လေး လျှာဖျားလေး ဝင်ရောက်လာသည်။ သူမ အာခေါင်ကို ပွတ်သပ်လိုက်ပြီး လျှာချင်း ရစ်ပတ်လိုက်သည်။ နှေးကွေးပြီး နက်ရှိုင်းစွာ နမ်းရှိုက်နေသည်။
ပုံမှန်လို အသက်ရှူမဝတာမျိုး မဟုတ်ဘဲ၊ သူ့အနမ်းကြောင့် ရင်ထဲ အရည်ပျော်ကျသွားသလို ခံစားလိုက်ရသည်။
အချိန်အတော်ကြာမှ ချန်လော့ပိုင် နည်းနည်း ခွာလိုက်သည်။ နဖူးချင်းအပ်ထားပြီး အသံက နိမ့်နေဆဲ။
"မနေ့ညကတည်းက နမ်းချင်နေတာ"
ကျိုးအန်းရန် - "......"
မနေ့ညက သူတို့ လူသွားလူလာများတဲ့ အိမ်ရာဝင်းပေါက်ဝမှာ ရှိနေတာလေ။
"လွမ်းနေလား" ချန်လော့ပိုင် တိုးတိုးလေး မေးလိုက်သည်။
ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်သည်။ ပြောဖို့ နည်းနည်း ရှက်နေသည်။
ချန်လော့ပိုင် အသက်ရှူငွေ့တွေက သူမနှုတ်ခမ်းပေါ် ကျရောက်နေသည်။
"မလွမ်းဘူးလား"
ကျိုးအန်းရန် ခေါင်းခါလိုက်သည်။
"ခေါင်းခါတာ ဘာသဘောလဲ၊ တကယ် မလွမ်းဘူးပေါ့"
ကျိုးအန်းရန်က သူ့မျက်ဝန်းတွေ မှေးစင်းသွားတာ၊ မကျေနပ်သလို ဖြစ်သွားတာကို မြင်တော့ လက်ချောင်းလေးတွေ တွန့်ကွေးသွားသည်။ သတ္တိမွေးပြီး သူ့နှုတ်ခမ်းကို လှမ်းထိလိုက်သည်။ အသံက တိုးနေသည်။
"လွမ်းတာပေါ့"
ချန်လော့ပိုင် သူမကို ကြည့်နေတဲ့ မျက်ဝန်းတွေ နက်မှောင်သွားသည်။ ခေါင်းငုံ့ပြီး ထပ်နမ်းလိုက်သည်။
ဒီတစ်ခါ အနမ်းက စောစောကထက် အများကြီး ပိုပြင်းထန်သည်။
....
နှစ်ယောက်သား တကယ် ထွက်ခွာကြတော့ ၁ နာရီ ၁၀ မိနစ် ကျော်နေပြီ။
ကျိုးအန်းရန် မျက်နှာပူနေတုန်းပဲ။ လျှာလေးလည်း ထုံကျင်နေသည်။ အသက်ရှူမှန်အောင် ညှိလိုက်ပြီး မေးလိုက်သည်။
"ငါတို့ နောက်မကျဘူးလား"
"မကျပါဘူး" ချန်လော့ပိုင် စတီယာရင်ပေါ် လက်တင်လိုက်သည်။ အရိုးအဆစ် ထင်ရှားတဲ့ လက်တွေက အနက်ရောင် စတီယာရင်နဲ့ လိုက်ဖက်ပြီး ဖြူဝင်းနေသည်။ "ငါ အချိန်ပို တွက်ထားပြီးသား"
ကျိုးအန်းရန် - "?"
အချိန်ပို တွက်ထားတယ်?
ဘာအချိန်လဲ?
သူမကို နမ်းဖို့ အချိန်လား?
ကျိုးအန်းရန် မမေးချင်တော့ဘူး။
"ဒါဆို သွားစို့"
ဝူချန်နဲ့ နန်ချန်က မဝေးပါဘူး။ ကားမောင်းရင် တစ်နာရီကျော်ကျော်ပဲ ကြာတယ်။ ကျိုးအန်းရန်က ဒီနေ့ တွေ့ဆုံပွဲလာကြမယ့် ယန်ရှင်းချန်တို့နဲ့ စကားပြောရင်း လိုက်လာတာ မကြာခင် အမှတ် (၂) ကျောင်းရှေ့ ရောက်လာကြသည်။
...
ယန်ရှင်းချန်တို့ ၃ ယောက် အတူတူ စောင့်နေကြတာ တွေ့လိုက်ရလို့ ကျိုးအန်းရန် အံ့ဩသွားသည်။
ချန်လော့ပိုင် ကားရပ်လိုက်ပြီး သူမကို ကြည့်ကာ တိုးတိုးလေးမေးလိုက်သည်။
"နင် ဆင်းပြီး သူတို့နဲ့ အတူဝင်နှင့်မလား။ ငါ ရှေ့နားသွားပြီး ကျုရန်ကို ဝင်ကြိုလိုက်ဦးမယ်။ သူ့အိမ်က ဒီနားလေးမှာ"
ကျိုးအန်းရန်လည်း သူငယ်ချင်းတွေကို မတွေ့ရတာ ကြာပြီဆိုတော့ ခေါင်းညိတ်လိုက်သည်။ ခါးပတ်ဖြုတ်လိုက်သည်။
တံခါးဖွင့်မလို့ လုပ်တုန်း ဘာကြောင့်မှန်းမသိ သူ့လက်ကို လှမ်းကိုင်လိုက်မိသည်။
ချန်လော့ပိုင် ရှားရှားပါးပါး ကြောင်သွားသည်။
ကျိုးအန်းရန် မျက်နှာပူသွားသည်။ သူ သတိမဝင်ခင် ကားတံခါးဖွင့်ပြီး အမြန် ဆင်းပြေးလိုက်သည်။
ကျန်းရူရှန်းက သူမကို တွေ့တာနဲ့ ပြေးဖက်လိုက်သည်။
ကျိုးအန်းရန် စပ်စုလိုက်သည်။
"နင်တို့ ၃ ယောက် ဘယ်လိုလုပ် အတူဆုံနေကြတာလဲ။ ရောက်နေတာ ဘာလို့ မဝင်ကြသေးတာလဲ"
စောစောက ဂရုထဲမှာ ပြောတုန်းကလည်း မပြောကြဘူး။
ရှန့်ရှောင်ဝမ်က မောင်းထွက်သွားတဲ့ G-Wagon ကားကြီးကို မေးငေါ့ပြလိုက်သည်။
"တစ်ယောက်ယောက်က ငါတို့ကို ကျောင်းဝမှာ စောင့်ခိုင်းထားလို့လေ"
ကျိုးအန်းရန် အနောက်လှည့်ပြီး G-Wagon ကားကြီးကို ကြည့်လိုက်သည်။ ခုနက ဆင်းခါနီး လက်ကိုင်ရုံလေးပဲ ကိုင်လိုက်မိတာ နောင်တရသွားသည်။
"ဒါဆို ငါတို့ အခု ဝင်ကြမလား" ကျိုးအန်းရန် မေးလိုက်သည်။ "ဒါပေမဲ့ ငါတို့က ကျောင်းပြီးသွားကြပြီလေ၊ ဝင်လို့ ရပါ့မလား"
ယန်ရှင်းချန်က သူမလက်ကို ဆွဲလိုက်သည်။
"စိတ်မပူပါနဲ့၊ နင့်ရည်းစားက ကျောင်းအာဏာပိုင်တွေနဲ့ ကြိုပြောထားပြီးသားတဲ့။ ဒီနေ့ ငါတို့ ကြိုက်သလို ဝင်လို့ရတယ်။ အပေါက်ဝမှာ နာမည်စာရင်းသွင်းလိုက်ရင်ရပြီ။ ထန်ကျန့်ရွေ့တို့ဆို အထဲတောင် ရောက်နေကြပြီ"
ကျိုးအန်းရန် - "ဒါဆို ဝင်ကြစို့"
လမ်းကြောင်းက အနီးဆုံးဖြစ်နေလို့ ထင်တယ်၊ ချန်လော့ပိုင် ကားရပ်ထားတာက ကျောင်းအရှေ့ပေါက် အပြင်ဘက်မှာ။ အပေါက်ဝကနေ ဝင်လိုက်တာနဲ့ မလှမ်းမကမ်းမှာ သူမ သူ ဘောလုံးကစားတာကို ခိုးခိုးကြည့်ခဲ့ဖူးတဲ့ ဘောလုံးကွင်း ရှိနေတယ်။
၂ နှစ်ကျော်ကြာသွားပေမယ့် ကျောင်းက သိပ်မပြောင်းလဲသေးဘူး။
သစ်ပင်ပန်းမန်တွေကအစ သူမ ရင်းနှီးတဲ့ ပုံစံအတိုင်းပါပဲ။
ကျောင်းပိတ်ရက်မို့ ကျောင်းထဲမှာ သွားလာနေတဲ့ ကျောင်းသားတွေ မရှိဘူး။ အပြာနဲ့အဖြူ ကျောင်းဝတ်စုံတွေ မမြင်ရတော့ ကျယ်ဝန်းပြီး ခြောက်ကပ်နေသလိုပဲ။
ကျိုးအန်းရန် လူမရှိတဲ့ ဘောလုံးကွင်းကို ကြည့်လိုက်သည်။
"ထန်ကျန့်ရွေ့တို့ ဘယ်မှာလဲ"
သူက မနေ့က တွေ့ဆုံပွဲအစီအစဉ် ပြောတုန်းက ဘောလုံးအရင်ကစားမယ်လို့ ပြောထားတာ။ ဘောလုံးကွင်းမှာ အရင် ရောက်နေကြမယ် ထင်ထားတာ။
"အတန်းထဲ ရောက်နေကြတယ်တဲ့" ကျန်းရူရှန်း ပြောသည်။ "ငါတို့လည်း အတန်းထဲ သွားကြည့်ရအောင်"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
မိန်းကလေး ၄ ယောက် လက်တွဲပြီး ရင်းနှီးတဲ့ လမ်းအတိုင်း စာသင်ဆောင်ဘက် လျှောက်လာကြသည်။ အချိန်တွေ မကုန်ဆုံးသေးသလို၊ သူတို့ နေ့တိုင်း အတူတူ ထမင်းစား၊ အတူတူ ကျောင်းတက်ပြီး မော့ကြည့်လိုက်တာနဲ့ တစ်ယောက်ကိုတစ်ယောက် မြင်နေရသလို ခံစားနေရသည်။
ဒုတိယ စာသင်ဆောင် ရောက်တော့ အောက်ထပ်က အခန်း ၂ ဆီ တန်းသွားလိုက်ကြသည်။
ထန်ကျန့်ရွေ့တို့ တကယ် ရှိနေကြသည်။
ထန်ကျန့်ရွေ့၊ ဟွမ်ရှူးကျဲ့ အပြင် ပေါင်ခွန်းနဲ့ ရှောင်ဇီလင်တို့ပါ ရောက်နေကြသည်။ ဒီနှစ်ယောက်က နယ်မှာ ကျောင်းတက်နေကြတာမို့ ပြီးခဲ့တဲ့တစ်ခေါက် ပေကျင်းမလိုက်ဖြစ်ကြဘူး။
အခု သူမကို တွေ့တော့ ပြုံးပြီး နှုတ်ဆက်ကြသည်။
"ဟေး... ငါတို့ မရီး ရောက်လာပြီ"
ကျိုးအန်းရန် ဒီအခေါ်အဝေါ်ကို အသားမကျသေးလို့ နားရွက်ပူသွားသည်။ ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ ပြီးတော့ မေးလိုက်သည်။
"နင်တို့ ဘာလို့ ဒီလောက် ခွဲထိုင်နေကြတာလဲ"
ထန်ကျန့်ရွေ့ - "ငါတို့ အရင်တုန်းက ကိုယ့်နေရာတွေမှာ ပြန်ထိုင်နေကြတာလေ။ ကျောင်းပြန်ရောက်တုန်း ဝေးကွာသွားတဲ့ လူငယ်ဘဝကို ပြန်အမှတ်ရချင်လို့ပါ"
"အီလိုက်တာကွာ" ဟွမ်ရှူးကျဲ့ မျက်လုံးလှန်ကြည့်လိုက်သည်။
ကျိုးအန်းရန် သူတို့နေရာတွေကို ရေးရေးလေး မှတ်မိနေသည်။ အခု သေချာကြည့်လိုက်တော့ သူတို့ တကယ် ကိုယ့်နေရာကိုယ် ပြန်ထိုင်နေကြတာ တွေ့လိုက်ရသည်။
ထန်ကျန့်ရွေ့လည်း မျက်လုံးလှန်ကြည့်လိုက်သည်။
"ဒါဆို မင်း မထိုင်နဲ့လေ"
ပြောပြီးတာနဲ့ ကျိုးအန်းရန်ကို ကြည့်လိုက်သည်။
"မရီးတို့ရော... ကိုယ့်နေရာကိုယ် ပြန်ထိုင်ကြည့်ချင်လား"
ကျန်းရူရှန်း ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။
"ကောင်းသားပဲ... ငါလည်း သွားထိုင်ချင်နေတာ"
ရှန့်ရှောင်ဝမ် - "ငါနဲ့ ရှင်းရှင်းက အထက်တန်းဒုတိယနှစ်ကျတော့ အခန်းပြောင်းသွားပြီလေ"
ဟွမ်ရှူးကျဲ့ - "ကိစ္စမရှိပါဘူး၊ တစ်ရက် အခန်း (၂)သူ ဖြစ်ဖူးရင် တစ်သက်လုံး အခန်း (၂)သူပါပဲ။ နင်တို့ မရီးအရှေ့မှာ ဝင်ထိုင်လိုက်လေ။ အဲဒီနေရာက လူတွေ ဒီနေ့မှ မလာတာ"
"ကောင်းပြီလေ" ယန်ရှင်းချန်လည်း ခေါင်းညိတ်လိုက်သည်။
ကျန်းရူရှန်းက ကျိုးအန်းရန်ကို ဆွဲပြီး သူတို့နေရာဆီ ခေါ်သွားသည်။ ပြုံးပြီး ပြောလိုက်သည်။
"စားပွဲနဲ့ ကုလားထိုင်တွေ သုတ်ရဦးမယ်၊ ငါ ဒီနေ့ အတန်းထဲလာရမယ်မှန်းသိလို့ တစ်သျှူးအစို ယူလာတယ်"
သူမ တစ်သျှူးအစိုထုပ် ထုတ်လိုက်ပြီး နှစ်ရွက်ဆွဲကာ ယန်ရှင်းချန်နဲ့ ရှန့်ရှောင်ဝမ်ကို ပေးလိုက်သည်။ နောက်တစ်ရွက် ထပ်ဆွဲပြီး ကျိုးအန်းရန်နေရာကို သုတ်ပေးကာ ကိုယ့်နေရာကို ဆက်သုတ်လိုက်သည်။
"ထိုင်ခုံတွေပါ သုတ်ရဦးမှာလား" ပေါင်ခွန်းက အနောက်ကနေ မေးလိုက်သည်။
ကျန်းရူရှန်း လှည့်မကြည့်ဘဲ ဖြေလိုက်သည်။
"ဒါပေါ့... ကျောင်းပိတ်ရင် အတန်းထဲက ပစ္စည်းတွေ ရှင်းထားတတ်တာလေ။ အပေါ်မှာ အကာအကွယ်မရှိရင် ရက်ပိုင်းအတွင်း ဖုန်တွေ တက်နေမှာပေါ့"
"သွားပြီ" ပေါင်ခွန်း ညည်းလိုက်သည်။ "ငါ့ဘောင်းဘီမှာ ပေကုန်ပြီ"
ဟွမ်ရှူးကျဲ့ လှောင်လိုက်သည်။
"မိန်းကလေးတွေ သန့်ရှင်းတာက သူတို့က သန့်ရှင်းတာ ကြိုက်လို့လေ။ မင်းကတော့ ထားလိုက်ပါတော့၊ မင်းဘောင်းဘီက ဒီကုလားထိုင်ထက်တောင် ညစ်ပတ်နေဦးမယ်"
"ဟေး... ဟေး... ဟေး... ကောလာဟလ မလွှင့်နဲ့နော် ဟွမ်ရှူးကျဲ့" ပေါင်ခွန်း ပြန်ပြောသည်။
ထန်ကျန့်ရွေ့ စားပွဲပေါ်မှောက်ပြီး ရယ်လိုက်သည်။
"ထားလိုက်ပါတော့... ဂျူနီယာ မောင်လေး ညီမလေးတွေအတွက် သန့်ရှင်းရေး လုပ်ပေးတယ်လို့ သဘောထားလိုက်ပါ"
ပေါင်ခွန်း ဟွမ်ရှူးကျဲ့ကို ကြည့်လိုက်သည်။
"ကြည့်စမ်း... သူများ ဘယ်လောက် စကားပြောတတ်လဲ"
အနောက်က ကောင်လေးတွေ ဆူညံနေကြသည်။
ကျိုးအန်းရန် သူတို့ ရယ်မောသံတွေကြားထဲမှာ ရင်းနှီးတဲ့ နေရာလေးမှာ ပြန်ထိုင်လိုက်သည်။
အကျင့်ပါနေလို့ ထင်တယ်၊ ထိုင်လိုက်တာနဲ့ ဒုတိယတန်း၊ ခြောက်ခုံမြောက် နေရာကို အလိုအလျောက် လှည့်ကြည့်ချင်သွားသည်။
လှည့်ကြည့်မလို့ လုပ်တုန်း အရှေ့မှာထိုင်နေတဲ့ ယန်ရှင်းချန်က အရင်လှည့်လာသည်။ အိတ်ထဲက စာအုပ်တစ်အုပ်ထုတ်ပြီး သူမရှေ့ ချပေးလိုက်သည်။
"ရန်ရန်... နင့်အင်္ဂလိပ်စာအုပ်၊ အရင်တုန်းက ပစ္စည်းသိမ်းပေးတုန်းက ငါ့အိမ်မှာ မတော်တဆ ကျန်နေခဲ့တာ"
ကျိုးအန်းရန် ရှေ့က အသစ်အတိုင်း ရှိနေသေးတဲ့ အင်္ဂလိပ်စာအုပ်ကိုကြည့်ပြီး ကြောင်သွားသည်။
ယန်ရှင်းချန် မတော်တဆ ကျန်ခဲ့တာ မဟုတ်လောက်ဘူးလို့ သူမ ထင်တယ်။ ယန်ရှင်းချန်က ရှားရှားပါးပါး စိတ်ရှည်လက်ရှည်နဲ့၊ ဒါမှမဟုတ် ရှန့်ရှောင်ဝမ်နဲ့ ကျန်းရူရှန်းတို့ သတိပေးလိုက်လို့ သူမ အတိတ်ကို သတိရပြီး ဝမ်းနည်းမှာစိုးလို့ တမင်မပေးဘဲ ထားခဲ့တာနေမှာပါ။
အဲဒီတုန်းက သူမလည်း အတိတ်ကို သတိရပြီး ဝမ်းနည်းမှာစိုးလို့ ဟယ်ကျားယီကို သိမ်းခိုင်းလိုက်တာမို့ အင်္ဂလိပ်စာအုပ် ကျန်နေခဲ့မှန်း သတိမထားမိလိုက်ဘူး။
ဒါပေမဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက ယန်ရှင်းချန်အိမ် သွားတုန်းကလည်း ဘာလို့ မပေးလိုက်တာလဲ။
ယန်ရှင်းချန်ရဲ့ ပေါ့ပေါ့နေတတ်တဲ့ စရိုက်ကို သတိရသွားပြီး၊ ဒီနေ့ ကျောင်းပြန်လာပြီး တွေ့ဆုံပွဲလုပ်မှ သတိရသွားလို့ နေမှာပါလို့ တွေးလိုက်မိသည်။
အနောက်က ကောင်လေးတွေ ဆူညံနေတုန်းပဲ။ ရယ်သံတွေ ကြားနေရတယ်။
ကျိုးအန်းရန် လက်ချောင်းလေးတွေ အင်္ဂလိပ်စာအုပ်ပေါ် ကျရောက်သွားသည်။ လှန်မလို့ လုပ်တုန်း စာအုပ်ပေါ်ကို လက်ကြီးတစ်ဖက် လာတင်လိုက်သည်။ လက်ချောင်းအရိုးအဆစ်တွေ ထင်ရှားပြီး လက်ကောက်ဝတ်ရိုးပေါ်မှာ အညိုရောင် မှဲ့နက်ကလေး ရှိနေသည်။
သူ ဘယ်တုန်းက ရောက်လာတာလဲ။
ကျိုးအန်းရန် မျက်လုံးလေးတွေ တောက်ပသွားပြီး မော့ကြည့်လိုက်သည်။
ဘေးနားက ကောင်လေးရဲ့ မျက်နှာအသွင်အပြင်က သူမကို ရင်ခုန်စေတုန်းပါပဲ။ ဒါပေမဲ့ ဝတ်ထားတာက မနက်က တွေ့တုန်းက အနက်ရောင် ဝတ်စုံ မဟုတ်တော့ဘူး။
ချန်လော့ပိုင်က ဘယ်အချိန်က လဲလိုက်မှန်းမသိ၊ အမှတ် (၂) ကျောင်းရဲ့ ဆောင်းဦးရာသီ ကျောင်းဝတ်စုံကို ဝတ်ထားသည်။
သူမ မော့ကြည့်လာတာ မြင်တော့ ကောင်လေးက မျက်ခုံးပင့်လိုက်သည်။ တက်ကြွလန်းဆန်းတဲ့ လူငယ်ဆန်မှုတွေ ထွက်ပေါ်လာပြီး အရင်တုန်းက စိတ်ဓာတ်တက်ကြွနေတဲ့ လူငယ်လေးအတိုင်းပါပဲ။
"အထက်တန်း (၂/၂) က ကျောင်းသူ ကျိုးအန်းရန်"
ချန်လော့ပိုင် လက်က သူမထက်အရင် အင်္ဂလိပ်စာအုပ်ကို လှန်လိုက်သည်။ ကျန်လက်တစ်ဖက်က စာအိတ်တစ်အိတ်ကို ကိုင်ထားပြီး စာအုပ်ကြားထဲ ဖြည်းဖြည်းချင်း ညှပ်ထည့်လိုက်သည်။
ကျိုးအန်းရန် ကြောင်ငေးကြည့်နေမိသည်။
ကျောင်းဝတ်စုံ ဝတ်ထားတဲ့ ကောင်လေးက သူမကို ကြည့်နေတဲ့ အကြည့်တွေမှာ ဒီစာသင်ခန်းထဲမှာ အရင်တုန်းက မရှိခဲ့ဖူးတဲ့ နူးညံ့တဲ့အချစ်တွေ ပါဝင်နေသည်။
သူမ တစ်စုံတစ်ရာကို နားလည်သွားသလို ခံစားလိုက်ရသည်။ ရင်ခုန်သံတွေ ဆူညံလာပြီး နှာခေါင်းထိပ်လေး စူးအောင့်လာသည်။
ကျိုးအန်းရန် ဖြည်းဖြည်းချင်း နောက်လှည့်ကြည့်လိုက်သည်။
ထန်ကျန့်ရွေ့၊ ဟွမ်ရှူးကျဲ့၊ ပေါင်ခွန်း၊ ရှောင်ဇီလင် နဲ့ ဘယ်အချိန်က ရောက်လာမှန်းမသိတဲ့ ကျုရန်တို့အားလုံး အထက်တန်း ဒုတိယနှစ် ပထမစာသင်နှစ်တုန်းက နေရာတွေမှာ ထိုင်နေကြသည်။ အားလုံးက အပြာနဲ့အဖြူ ဆောင်းဦးရာသီ ကျောင်းဝတ်စုံတွေ ဝတ်ထားကြသည်။
ကျိုးအန်းရန် ပြန်လှည့်လာသည်။
သူမဘေးနားက ကျန်းရူရှန်း၊ အရှေ့က ရှန့်ရှောင်ဝမ်နဲ့ ယန်ရှင်းချန်တို့က ဆောင်းရာသီ အပေါ်ထပ်အင်္ကျီရှည်တွေကို ချွတ်လိုက်ကြသည်။ အထဲမှာ အမှတ် (၂) ကျောင်းရဲ့ ဆောင်းဦးရာသီ ကျောင်းဝတ်စုံတွေ ဝတ်ထားကြသည်။
တစ်ခဏလောက်တော့ သူတို့ ကျောင်းပြန်လာပြီး တွေ့ဆုံပွဲလုပ်နေတာ မဟုတ်ဘဲ...
အထက်တန်း ဒုတိယနှစ်ကို တကယ်ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။
ဘေးနားက ဆောင်းဦးရာသီ ကျောင်းဝတ်စုံ ဝတ်ထားတဲ့ ကောင်လေးက အင်္ဂလိပ်စာအုပ်ကို သူမစားပွဲအစွန်းဆီ ရွှေ့လိုက်သည်။ အရင်တုန်းကလို ပြုတ်ကျလုနီးပါး နေရာမျိုး။
ပြီးတော့ ချန်လော့ပိုင် တိုးတိုးလေး မေးလိုက်သည်။
"ဖွင့်မကြည့်ဘူးလား"
ကျိုးအန်းရန် နှာခေါင်းထိပ်က စူးအောင့်မှုတွေကို အတင်းဖိနှိပ်လိုက်ပြီး အင်္ဂလိပ်စာအုပ်ကို လှန်လိုက်သည်။ အရင်တုန်းကလိုပဲ ကြားထဲမှာ ပစ္စည်းညှပ်ထားတော့ လှန်လိုက်တာနဲ့ အဲဒီစာမျက်နှာကို တန်းရောက်သွားသည်။
စာအုပ်ကြားထဲမှာ စာအိတ်တစ်အိတ် ညှပ်ထားသည်။
စာအိတ်ပေါ်မှာ ကျိုးအန်းရန် ရင်းနှီးလွန်းတဲ့ လက်ရေးကို ပြန်တွေ့လိုက်ရသည်။
သူ့လက်ရေး။
အပေါ်မှာ "အထက်တန်း (၂/၂) က ကျိုးအန်းရန် လက်ခံပါ" လို့ ရေးထားသည်။
အချိန်တွေက နွေရာသီ မကုန်သေးသလို ပူအိုက်နေတဲ့ ဆောင်းဦးရာသီအစကို ပြန်ရောက်သွားသလိုပါပဲ။
နေရောင်ခြည်က ဒီနေ့လိုပဲ တိမ်တွေကြားထဲ ပုန်းနေပေမယ့် ရာသီဥတုက အိုက်စပ်နေသည်။ ကျောင်းဝင်းထဲက ပရုတ်ပင်တွေက စိမ်းလန်းနေပြီး ပုစဉ်းရင်ကွဲသံတွေ မရပ်မနား ဆူညံနေသည်။
အဲဒီနေ့က သူမ သူငယ်ချင်းတွေနဲ့အတူ ကျောင်းပြင်ထွက် ထမင်းစားခဲ့တာ။ စာသင်ဆောင်ပြန်ရောက်တော့ ယန်ရှင်းချန်နဲ့ ရှန့်ရှောင်ဝမ်က ဝိဇ္ဇာတွဲ အတန်းတွေဆီ လှေကားတက်သွားကြတယ်။ ကျန်းရူရှန်းက အတန်းရှေ့မှာ သူငယ်ချင်းတစ်ယောက်က တားထားလို့ နေခဲ့တယ်။
သူမ တစ်ယောက်တည်း အတန်းထဲ ဝင်လာတော့ အင်္ဂလိပ်စာအုပ် နေရာရွေ့နေတာ တွေ့လိုက်ရတယ်။
အဲဒီနေ့က သူမ အင်္ဂလိပ်စာအုပ် လှန်လိုက်တော့ ကြားထဲမှာ စာတစ်စောင် ညှပ်ထားတာ တွေ့လိုက်ရတယ်။ သန်မာထက်မြက်တဲ့ လက်ရေးနဲ့ ရေးထားတာက...
"အဲဒီနေ့က ဆေးအတွက် ကျေးဇူးပါ၊ ငါ သဘောကျတယ်၊ နင့်ကိုလည်း သဘောကျတယ်"
အဲဒီတုန်းက သူမ မယုံနိုင်ခဲ့ဘူး။ အဲဒီရည်းစားစာက သူ သူမကို ရေးပေးတာဆိုတာ ဘယ်လိုမှ မယုံရဲခဲ့ဘူး။
ဒါပေမဲ့ ဒီနေ့တော့...
ချန်လော့ပိုင် သူမကို ရည်းစားစာ တကယ် ရေးပေးလိုက်ပြီ။
မြင်ကွင်းတွေ ဝေဝါးလာသည်။ ချန်လော့ပိုင် သူမကို ထပ်ခေါ်လိုက်တာ ကြားလိုက်ရသည်။
"ကျိုးအန်းရန်"
သူမ မော့ကြည့်လိုက်သည်။ မျက်ရည်တွေကြားထဲကနေ ချန်လော့ပိုင် သူမစားပွဲကို မှီပြီး သူမကို ငုံ့ကြည့်နေတာ တွေ့လိုက်ရသည်။
ပြီးတော့ သူ တိုးတိုးလေး ပြောလိုက်တာ ကြားလိုက်ရသည်။
"အထက်တန်း (၂/၂) က ချန်လော့ပိုင်က နင့်ကို ကြိုက်တယ်"
***