← Chapters

အခန်း (၃၁၁-၃၁၂)

Vol. 32 Ch. 311-312

အခန်း (၃၁၁-၃၁၂)

Vol. 32 Ch. 311-312

အခန်း (၃၁၁) - ဟူကျင်းပေါင်၊ မြေစောင့်နတ်နှင့် လမ်းကြောင်းပြောင်းလဲခြင်း

ဝါးဆရာကြီး ဒေါသချောင်းချောင်း ထွက်သွားပြီ ဖြစ်သည်။

သူသည် ပတ်ဝန်းကျင်ကို အေးစက်စက် တစ်ချက် ဝေ့ကြည့်လိုက်၏။

ဒေါသအလွန်ထွက်ရာမှ ရယ်မောသံပင် ထွက်ပေါ်လာတော့သည်။

"ကောင်းပြီ "

"တကယ်ကို အစွမ်းထက်တဲ့ အတတ်ပဲ "

"ငါ့ရဲ့ မျက်စိအောက်မှာတင် လျိုရင်အသီးတွေကို ခိုးထုတ်သွားရဲတယ်ပေါ့ "

သူ၏ အကြည့်မှာ သိန်းငှက်တစ်ကောင်ကဲ့သို့ ထက်မြက်လှပြီး

ကြောက်မက်ဖွယ်ကောင်းသော အေးစိမ့်သည့် အလင်းတန်းများ လွင့်ပျံ့နေသည်။

လီယန်ချူသည်လည်း အံ့ဩသွားသည့်ဟန်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း

စိတ်ထဲတွင်မူ သာယာစွာ ပြုံးနေမိသည်။

တာအိုအတတ်

အဝေးမှ ပစ္စည်းယူခြင်း

သိုလှောင်အိတ်

၎င်းတို့သည် ရတနာလုယူရန်အတွက် အကောင်းဆုံးသော နည်းလမ်းများပင် မဟုတ်ပါလား

အခြေအနေမှာ တင်းမာလာသည်နှင့်အမျှ

အခင်းအကျင်းတွင် ရှိနေကြသူများမှာလည်း တစ်ဦးကိုတစ်ဦး သတိထားလာကြသည်။

စိတ်တိုတတ်သော အချို့သူများမှာမူ ထိုနေရာမှာပင် အော်ဟစ်ဆဲဆိုနေကြတော့၏။

"မင်းအမေကိုပဲ..."

"ဘယ်သူတောင်းစားက ဒီလောက်တောင် လက်ရဲဇက်ရဲ ရှိရတာလဲ "

"လျိုရင်အသီး တစ်လင်ဗန်းလုံးကို သိမ်းကျုံးခိုးသွားတယ်ဆိုတော့ "

"ဒါက ငါတို့အားလုံးကို အသက်ရှင်လမ်း မပေးတာပဲ"

ရုတ်တရက်ဆိုသလို

ဟူကျင်းပေါင်သည် စားပွဲပေါ်မှ တူတစ်စုံကို ဆွဲယူလိုက်ကာ

အရှိန်အဟုန်ဖြင့် လွှင့်ပစ်လိုက်တော့သည်

ရှုး

တူမှာ ငွေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ

မျက်ဝန်းထဲတွင် ညို့ဓာတ်ပါသည့် ချူလေး ဆီသို့ ဦးတည်သွားတော့သည်

ချူလေး၏ အစွမ်းမှာ ထူးထူးခြားခြား မရှိလှပေ

သူသည် ပေါ့ပါးသည့် ကိုယ်ခံပညာ အဆိပ်ခတ်ခြင်းနှင့် စိတ်လှည့်စားခြင်း အတတ်များ၌သာ ကျွမ်းကျင်သူ ဖြစ်သည်။

စောစောက ဝိုင်းတွင် ရှိနေကြသူများမှာ သူ့ကို အထင်မကြီးခဲ့ကြပေ။

သို့သော်လည်း ထိုဟူကျင်းပေါင်မှာမူ အမွှေးတိုင်ပူဇော်မှု အစစ်အမှန်ကို ခံယူထားသည့် တောစောင့်နတ် တစ်ပါး ဖြစ်သည်။

သူသည် မိမိကိုယ်မိမိ ဖုံးကွယ်ထားသော်လည်း

အခင်းအကျင်းတွင် ရှိနေသူများမှာ သူ၏ ကျင့်စဉ်အဆင့်ကို အလွန်ပင် ကြောက်ရွံ့ကြသည်။

အံ့ဩစရာ ကောင်းသည်မှာ

ထိုတူမှာ ချူလေး၏ နဖူးနားသို့ ရောက်ရှိသွားသည့်အခါ

ရုတ်တရက် တုန်ခါသွားကာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီး

အမှုန့်များအဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။

ထိုသေစေနိုင်သော တိုက်ခိုက်မှုကို

ဤမျှလောက် ပေါ့ပေါ့ပါးပါးပင် ချေဖျက်လိုက်နိုင်၏။

ချူလေးမှာမူ ဘာမှမဖြစ်သကဲ့သို့ပင်

ပြုံးစိစိဖြင့် ပြောလိုက်သည်မှာ

"ဟူဆရာကြီး... ကျုပ်က ခင်ဗျားကို ဘယ်နေရာမှာများ ပြစ်မှားမိလို့လဲဗျာ "

ယခုအခါတွင်မူ သူ၏ ချောမောသော မျက်နှာတွင် တည်ငြိမ်သည့် အရိပ်အယောင်များ ပေါ်လွင်လာသည်။

စောစောကကဲ့သို့ မိန်းမမက်သည့် ပေါ့ပျက်ပျက် ပုံစံမျိုး လုံးဝ မရှိတော့ပေ။

"မင်းရဲ့ အသွင်ပြောင်းအတတ်က တကယ်ကို မြင့်မားလှပါတယ်။ ဒါပေမဲ့ ခုနက မင်းဆီကနေ တာအိုအငွေ့အသက်တွေ ပေါက်ကြားသွားလို့သာပေါ့၊ မဟုတ်ရင် ငါလည်း ရိပ်မိမှာ မဟုတ်ဘူး "

ဟူကျင်းပေါင်က အေးစက်စက် ပြောလိုက်သည်။

ဤစကား ထွက်လာသည်နှင့်

လူတိုင်း အံ့ဩသွားကြကာ

ထိုချူလေးအပေါ်သို့ အံ့အားသင့်သည့် အကြည့်များဖြင့် ကြည့်လိုက်မိကြသည်။

"မြေစောင့်နတ် တစ်ပါး ဖြစ်နေပြီးတော့ လူ့အသက်ကို မြက်ပင်လေးတွေလို သတ်ဖြတ်နေတာလား၊ ဟူဆရာကြီးက တကယ်ကို ရက်စက်ကြမ်းကြုတ်ပြီး တောရိုင်းသားစိတ်ဓာတ် ရှိတာပဲ "

ချူလေးက လှောင်ပြောင်လိုက်သည်။

မြေစောင့်နတ်

လီယန်ချူ အနည်းငယ် အံ့ဩသွားသည်

ထိုဟူကျင်းပေါင်၏ ကိုယ်ပေါ်တွင် အမွှေးတိုင်ပူဇော်မှု အငွေ့အသက်များ ရှိနေသည်ကို သူ သိထားသော်လည်း

တစ်ဖက်နယ်မြေတစ်ခု၏ မြေစောင့်နတ် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ

သူ၏ မျက်နှာမှာ အမူအရာ တစ်မျိုး ဖြစ်သွားတော့သည်။

ဟူကျင်းပေါင်သည် မျက်လုံးများကို မှေးလိုက်ရာ၊ စကားမပြောဘဲနှင့်ပင် အရှိန်အဝါမှာ ကြောက်မက်ဖွယ် ကောင်းနေသည်။

"သတ္တိ ကောင်းလှချည်လား၊ ငါတို့ ဆန္ဒလမ်းစဉ်ရဲ့ တပည့်အဖြစ် အသွင်ယူရဲတယ်ပေါ့ "

ဝါးဆရာကြီးက နှာခေါင်းရှုံ့လိုက်သည်။

သတ်ဖြတ်လိုသော အရှိန်အဝါများမှာ သိသိသာသာ ထွက်ပေါ်လာသည်။

ခဏချင်းမှာပင် အခြေအနေမှာ တင်းမာသွားတော့သည်

မိစ္ဆာများ၊ သရဲတစ္ဆေများနှင့် ဘေးထွက်လမ်းစဉ် ကျင့်ကြံသူများအားလုံးမှာ ချူလေးကို မကောင်းသော အကြည့်များဖြင့် ဝိုင်းကြည့်လိုက်ကြသည်။

ချူလေးအဖြစ် အသွင်ယူထားသူမှာ တာအိုလမ်းစဉ် တပည့်တစ်ဦး ဖြစ်သည်။

သူ၏ အမည်မှာ ကျောက်ယိုဝေ ဖြစ်၏

သူသည် ကြည့်ရသည်မှာ တည်ငြိမ်ပုံရသော်လည်းစိတ်ထဲတွင်မူ အနည်းငယ် ထိတ်လန့်နေမိသည်။

ထိုနေရာတွင် မိစ္ဆာများနှင့် ဘေးထွက်လမ်းစဉ်သမားများ စုဝေးနေကြသည်ကို သိသဖြင့်၊ သတင်းနှိုက်ရန် အသွင်ပြောင်း၍ ခိုးဝင်လာခဲ့ခြင်း ဖြစ်သည်။

ပုံမှန်နှင့် ဆန့်ကျင်ဘက်ဖြစ်အောင် မျက်နှာများသည့်၊ ပေါ့ပျက်ပျက် ချူလေးအဖြစ် အသွင်ယူကာ

ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခဲ့သည်။

မည်သူမျှလည်း သတိမထားမိခဲ့ပေ။

သို့သော်လည်း

လုံးဝ မမျှော်လင့်ထားသည့်အချက်မှာ

မည်သူမှန်းမသိသော လူတစ်ယောက်က လူအများရှေ့မှာတင်

လျိုရင်အသီး တစ်လင်ဗန်းလုံးကို ခိုးယူသွားခြင်း ဖြစ်သည်

၎င်းကြောင့် အခြေအနေမှာ တင်းမာသွားရသည်။

သူသည် တာအိုအတတ်ဖြင့် အသီးများ ဘယ်ရောက်သွားသလဲဟု စုံစမ်းလိုက်သည့်အခါ

မိမိ၏ အငွေ့အသက်များ ပေါက်ကြားသွားခဲ့ခြင်း ဖြစ်သည်။

ထိုအချက်ကို မြေစောင့်နတ် ဟူကျင်းပေါင်က သိရှိသွားသဖြင့် သူ၏ အသွင်မှာ ပေါ်သွားရတော့သည်။

ကျောက်ယိုဝေ စိတ်ထဲတွင် အကြီးအကျယ် ထိတ်လန့်နေသော်လည်း

အပြင်ပန်းတွင်မူ အလွန်ပင် တည်ငြိမ်နေပုံရသည်။

"မရှိတောင့်မရှိခဲ တောစောင့်နတ်တွေနဲ့ မိစ္ဆာတွေ စုနေကြတာပဲ၊ ငါ့ရှေ့မှာ လာပြီး ဟိန်းဟောက်ရဲတယ်ပေါ့ "

လူတိုင်း၏ အကြည့်မှာ ပို၍ ဆိုးရွားလာသည်

ကျောက်ယိုဝေက မိစ္ဆာအုပ်စုကို ဒေါသတကြီး ကြည့်လိုက်ကာ

"ဒီနေ့ ငါ..."

စကားပင် မဆုံးသေးခင်

သူ၏ လက်သီးမှာ လျှပ်စစ်ကဲ့သို့ မြန်ဆန်စွာဖြင့် အနားတွင်ရှိသော အနက်ရောင်ဝတ်ရုံဝတ် လူ၏ မျက်လုံးဆီသို့ ဦးတည်သွားတော့သည်။

ဗုန်း

ထိုလူမှာ ခန္ဓာကိုယ် ယိုင်သွားကာ မျက်လုံးထဲတွင် သွေးများ စို့လာသည်။

ကျောက်ယိုဝေသည် ဝါရောင် အဆောင်တစ်ရွက်ကို သူ၏ နှုတ်ခမ်းထဲသို့ လျင်မြန်စွာ ထိုးထည့်လိုက်၏။

"ငါ့အတွက် ပေါက်ကွဲစမ်း"

စကားသံအဆုံးမှာပင်

ထိုလူ၏ ဦးခေါင်းတစ်ခုလုံးမှာ ချက်ချင်းပင် ပေါက်ကွဲသွားကာ

သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားတော့သည်

ကျောက်ယိုဝေသည် ထိုလူ၏ အလောင်းကို တွန်းထုတ်လိုက်ကာ အခွင့်ကောင်းယူ၍ အပြင်သို့ ပြေးထွက်လိုက်၏

ထိုအဖြစ်အပျက်မှာ မြန်ဆန်လွန်းလှသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပျက်သွားခြင်း ဖြစ်ရာ

လူတိုင်း ချက်ချင်း တုံ့ပြန်ရန် မမီလိုက်ကြပေ

သို့သော်လည်း

သူနှင့် အနီးဆုံးတွင် ရှိနေသည့် သားသတ်သမားမှ သရဲဖြစ်လာသော ချန်ပေါ်ဖီ က ဓားဖြင့် ခေါင်းတည့်တည့်သို့ ခုတ်ချလိုက်သည်

အင်အားမှာ အလွန်ပင် ပြင်းထန်လှ၏

ဓားချက်မှာ မြန်လည်းမြန်သလို တိလည်း တိကျလှသည်။

ရှုး

ကျောက်ယိုဝေသည် ကိုယ်ကို ရှောင်လိုက်သော်လည်း

ထက်မြက်သော ဓားသွားကြောင့် သူ၏ ခန္ဓာကိုယ်မှ အသားစ အကြီးကြီး တစ်ခုမှာ ပြတ်ထွက်သွားရသည်။

သွေးများမှာ တရွှဲရွှဲ ကျလာတော့၏။

သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ရကာ၊ နာကျင်လွန်းသဖြင့် သွားများကို တင်းတင်းစေ့ထားမိသည်။

ထို့နောက်တွင်မူ

သူ၏ လက်ချောင်းနှစ်ချောင်းကို ဓားကဲ့သို့ စုလိုက်ကာ

လက်မောင်းပေါ်မှ သွေးများမှာ သွေးမြှားတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး

သားသတ်သမား သရဲ၏ မျက်နှာပေါ်သို့ တည့်တည့် မှန်သွားတော့သည်။

ကျွိ... ကျွိ... ကျွိ

ဆီပူထဲသို့ ရေခဲများ ပစ်ထည့်လိုက်သကဲ့သို့ပင်

"အား"

သားသတ်သမား သရဲမှာ မျက်နှာကို အုပ်ကာ နာကျင်စွာ အော်ဟစ်နေတော့သည်။

အကယ်၍သာ ပုံမှန်အချိန်တွင်

တစ်ယောက်ချင်း တိုက်ခိုက်မည်ဆိုပါက

ထိုသရဲမှာ သူ၏ ပြိုင်ဘက် မဟုတ်ပေ

နှမြောစရာ ကောင်းသည်မှာ

ယခုအခါတွင်မူ ဖိတ်ခေါ်ခံထားရသော မိစ္ဆာ ၂၄ ယောက်စလုံးမှာ

အလွန်ပင် အစွမ်းထက်ကြသူများ ဖြစ်သည်။

ဝါးဆရာကြီး၏ မျက်လုံးများမှာ ကျောက်ယိုဝေအပေါ်သို့ စိုက်ကြည့်လိုက်ရာ၊ အနက်ရောင်အငွေ့အသက်များ ဖြတ်ပြေးသွားသကဲ့သို့ ဖြစ်သွားသည်။

ရုတ်တရက်ဆိုသလို

ကျောက်ယိုဝေသည် ခေါင်းထဲတွင် မူးဝေလာကာ၊

အိပ်ချင်စိတ်များ ပြင်းထန်လာတော့သည်

ဝိညာဉ်ပိုင်းဆိုင်ရာ အတတ်

ကျောက်ယိုဝေမှာလည်း ရက်စက်သူတစ်ဦး ဖြစ်ရာ၊

သူ၏ လက်မောင်းပေါ်မှ ဒဏ်ရာကို လက်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်

နာကျင်မှုမှာ ရင်ကွဲမတတ် ပြင်းထန်လှ၏

ထိုပြင်းထန်သော နာကျင်မှုကြောင့် သူ၏ စိတ်မှာ ချက်ချင်း ပြန်လည် ကြည်လင်လာသည်

သူ၏ နားထဲတွင် ပြင်းထန်သော လေတိုးသံများကို ကြားလိုက်ရသည်။

ဝူး

ထိုဝက်မျက်နှာနှင့် အမျိုးသားမှာ ယပ်တောင်ကြီးကဲ့သို့ ကြီးမားလှသော သူ၏ လက်ကြီးဖြင့် လှမ်းဖမ်းလိုက်ပြီ ဖြစ်သည်။

လျှပ်စစ်ကဲ့သို့ မြန်ဆန်လှ၏

ကျောက်ယိုဝေ စိတ်ထဲတွင် လေးလံသွားသည်။

ပြင်းထန်သော လေဖိအားကြောင့် သူ၏ အသက်ရှူပင် ရပ်တန့်မတတ် ဖြစ်သွားရကာ

နှာခေါင်းထဲတွင်လည်း သွေးနံ့များ ရလာသည်။

လေဖိအားကြောင့် သွေးကြောလေးများ ပေါက်ထွက်ကုန်ခြင်း ဖြစ်သည်။

အရေးကြီးသော အချိန်တွင်

သူသည် ခန္ဓာကိုယ်ကို နောက်သို့ လေးကိုင်းကဲ့သို့ ကွေးချလိုက်ကာ

မြေပြင်ပေါ်တွင် လှိမ့်၍ ခိုင်ခံ့သော စားပွဲကြီးတစ်ခုအောက်သို့ ဝင်လိုက်သည်။

ဒိုင်း

လေးလံလှသော စားပွဲကြီးမှာ ချက်ချင်းပင် ရိုက်ခွဲခံလိုက်ရသည်

ကျောက်ယိုဝေမှာမူ ဘာမှမဖြစ်ဘဲ

စကားတစ်လုံးမျှ မပြောတော့ဘဲ

ထရပ်လိုက်သည်နှင့် အပြင်ဘက်သို့ အမြန်ဆုံး ပြေးထွက်တော့သည်။

ရုပ်ဆိုးသော လူကြမ်းတစ်ဦးက အေးစက်စက် ရယ်မောလိုက်သည်

"မင်းက ဘယ်ကို ပြေးချင်တာလဲ "

သူသည် လမ်းတွင် ပိတ်ရပ်လိုက်၏။

ကျောက်ယိုဝေ၏ မျက်လုံးများ ပြောင်းလဲသွားကာ၊ လက်ကို မြှောက်လိုက်သည်နှင့် သရဲနှင်အဆောင်တစ်ရွက်ကို ထုတ်လိုက်သည်

ထိုရုပ်ဆိုးသော လူကြမ်းမှာ ဂရုမစိုက်ပေ။

လက်ဖြင့် ရိုက်ချလိုက်သည်

သူသည် သရဲ မဟုတ်ပေ

မိစ္ဆာ ဖြစ်သည်

ထိုသရဲနှင်အင်းမှာ သူနှင့် လုံးဝ မကိုက်ညီပေ

ထိုအချက်မှာ ရဟန်းများနှင့် တာအိုဆရာများအတွက် မိစ္ဆာပေါင်းစုံ စုနေသော နေရာတွင် တိုက်ခိုက်ရသည့် အခက်အခဲပင်

တစ်ဖက်လူက ဘယ်လို အကောင်မျိုးလဲဆိုတာကို ချက်ချင်း မသိနိုင်ခြင်း ဖြစ်သည်။

"ဒီမှာပဲ နေခဲ့စမ်း "

"အား... တောက် "

ရုပ်ဆိုးသော လူကြမ်းမှာ အရှိန်အဝါ အပြည့်ဖြင့် လူအများရှေ့တွင် စကားကြီး စကားကျယ် ပြောရန် ပြင်လိုက်သော်လည်း

စကားပင် မဆုံးသေးခင်မှာပင်

သူ၏ မျက်စိရှေ့တွင် အဖြူရောင် အမှုန့်များ လွင့်ပျံ့လာကာ

မျက်လုံးနှစ်ဖက်လုံးမှာ စူးရှစွာ နာကျင်လာတော့သည်

တိုက်ခိုက်မှုမှာ ကြိုတင်သတိပေးချက် မရှိသလို

မည်သည့် အရှိန်အဝါမှလည်း မရှိပေ

အကြောင်းမှာ ဒါက... ထုံးမှုန့် ဖြစ်နေသောကြောင့်ပင်

ကျောက်ယိုဝေမှာ ဆက်၍ မတိုက်ရဲတော့ပေ

ထိုလူကြမ်းကို ကျော်၍ အတင်းပြေးထွက်သည်။

ရှင်သန်နိုင်မည့် အခွင့်အရေးလေး တစ်ခုအတွက် ဖြစ်သည်

တုန်း တုန်း တုန်း

သူ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားကာ

နာကျင်နေသည့် ပုံစံဖြင့် ဒူးတစ်ဖက် ထောက်ကျသွားရသည်။

ဝိညာဉ်ပိုင်းဆိုင်ရာ အတတ်

ထိုအခန်းထဲရှိ မိစ္ဆာပေါင်းစုံတို့မှာ တစ်ယောက်ချင်းစီတွင် ပြင်းထန်သော အတတ်များ ရှိကြရာ၊

အလွန်ပင် ကိုင်တွယ်ရ ခက်ခဲလှသည်

ကျောက်ယိုဝေတွင် နည်းလမ်းများစွာ ရှိသော်လည်း

ရှင်သန်ရန် ရုန်းကန်နေရရုံသာ ရှိသည်

ရုပ်ဆိုးသော လူကြမ်း၏ မျက်နှာအရေပြားမှာ ကွဲအက်သွားကာ၊ ကြောက်မက်ဖွယ်ကောင်းသော သားရဲခေါင်းကြီး ပေါ်လာသည်။

တောတောင်ထဲမှ တောခွေး တစ်ကောင်နှင့် တူလှသည်။

မျက်ဝန်းထဲမှ စိမ်းဖန့်ဖန့် အလင်းတန်းများ ထွက်ပေါ်လာ၏။

"သေစမ်း "

သူက စူးစူးရှရှ အော်လိုက်ကာ

လက်သည်းများကို ချိတ်ကဲ့သို့ ကွေး၍

ကျောက်ယိုဝေ၏ ရင်ဘတ်ကို တည့်တည့် ဆွဲကုတ်လိုက်တော့သည်။

ကျွိ... ကျွိ... ကျွိ

သို့သော်လည်း

သူ့ကို အံ့ဩသွားစေသည်မှာ

ကျောက်ယိုဝေ သေမသွားဘဲ၊ ထိုမိစ္ဆာ၏ လက်မောင်းပေါ်မှ အဖြူရောင် အငွေ့များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

လူတိုင်း၏ မျက်စိရှေ့တွင် ဝေဝါးသွားကာ

ထိုလူ၏ လက်မောင်းတွင် ဝါရောင်အဆောင်စာရွက် တစ်ရွက် ပတ်ထားသည်ကို မြင်လိုက်ရသည်။

မူလက မျက်ဝန်းထဲတွင် ညို့ဓာတ်ပါသည့် ချူလေးမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

သာမန်ရုပ်ရည်ရှိကာ၊ ပိန်ပိန်ပါးပါးနှင့် လူငယ်တာအိုဆရာလေး တစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။

အခန်း (၃၁၂) - အခုခေတ် မြေခွေးမျိုးနွယ် နောက်ပေါက်တွေက ဒီလောက်တောင် ဒေါသကြီးနေကြတာလား

လူငယ်တာအိုဆရာလေး၏

မျက်ဝန်းတစ်စုံမှာ လည်ပတ်ဖျတ်လတ်မှု သို့မဟုတ် ကောက်ကျစ်မှု အငွေ့အသက်များ ယှက်သန်းနေ၏။

ထို့ပြင် ခိုင်မာသော သည်းခံနိုင်စွမ်း အချို့လည်း ရှိနေသည်။

ထိုလူငယ်တာအိုဆရာ၏ လျင်မြန်သော တုံ့ပြန်နိုင်စွမ်းအပေါ် လူတိုင်းမှာ အတော်ပင် အံ့အားသင့်သွားကြသည်။

"ဟေး"

"တာအိုဆရာပေါက်စလေး တစ်ယောက်ကိုး "

"သူ့အမေလိုးပဲ... ဒီတာအိုဆရာက ငါတို့ကို အကြီးအကျယ် လှည့်စားသွားတာပဲ၊ သူ့ကို အပိုင်းပိုင်းခုတ်ပြီး ပြုတ်စားပစ်ကြစို့ "

လူတိုင်းက ဆဲဆိုကြိမ်းမောင်းကုန်ကြသည်

နီစိမ်းရောင် အကြည့်များစွာမှာ ကျောက်ယိုဝေအပေါ်သို့ စိုက်ကျလာတော့သည်။

"နံစော်နေတဲ့ တာအိုဆရာ "

ထိုမိစ္ဆာက သူ၏ လက်မောင်းပေါ်မှ အဆောင်ကို ရုန်းထွက်လိုက်ကာ

အတင်းခုန်အုပ် တိုက်ခိုက်လိုက်တော့သည်

ခန္ဓာကိုယ် အရှိန်အဟုန်မှာ လျှပ်စစ်ကဲ့သို့ မြန်ဆန်လှ၏

ကျောက်ယိုဝေ တစ်ယောက် တုံ့ပြန်ရန် လုံးဝ မမီတော့ပေ

သို့သော်လည်း ထိုသူ၏ စိတ်ဓာတ်မှာ ရက်စက်ပြတ်သားမှု အချို့ ရှိနေသည်။

ရင်ခွင်ထဲမှ ထက်မြက်သော မြှောင်ဦးဓားတစ်စင်းကို ထုတ်ယူကာ

တည့်တည့်ပင် ထိုးစိုက်လိုက်တော့သည်

မည်သူမဆို ကြည့်လိုက်လျှင်

ဒါဟာ သေခါနီး ရုန်းကန်ခြင်း သို့မဟုတ် အချည်းနှီး ကြိုးစားခြင်းသာ ဖြစ်ကြောင်း သိနိုင်သည်။

မိစ္ဆာများမှာ အသားထူပြီး ခွန်အားကြီးမားကာ အရှိန်အဟုန်လည်း မြန်ဆန်လှသည်

အကယ်၍သာ အတည်တကျ တိုက်ခိုက်လျှင်

ထိုမျှလောက်သော တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းနိုင်၏

ရုတ်တရက်ဆိုသလို

လူတိုင်း၏ အကြည့်များမှာ စူးရှသွားကြသည်။

အံ့ဩတုန်လှုပ်သည့် အသံများ ထွက်ပေါ်လာ၏။

ကျောက်ယိုဝေသည် မြှောင်ဦးဓားဖြင့် မိစ္ဆာ၏ မျက်တွင်းထဲသို့ ထိုးစိုက်လိုက်နိုင်သည်

သွေးများမှာ အရပ်ရပ်သို့ ပန်းထွက်ကုန်၏

ကျောက်ယိုဝေ၏ မျက်နှာတွင်လည်း အံ့ဩသည့် အရိပ်အယောင်လေး တစ်ခု ရှိနေသည်

ဒီလောက်တောင် အားနည်းတာလား

ဘာဖြစ်လို့ ဒီမိစ္ဆာက ရုတ်တရက်ကြီး မလှုပ်မယှက် ဖြစ်သွားရတာလဲ

ချက်ချင်းပင် သူသည် အားကုန်သုံးကာ ဓားကို မွှေနှောက်လိုက်ပြီး

မိစ္ဆာ၏ ဦးနှောက်များကိုပါ အစိမ်းလိုက် ဖျက်ဆီးပစ်လိုက်တော့သည်

သို့သော်လည်း

ထူးဆန်းသည်မှာ ထိုလူအသွင်ပြောင်းထား သော မိစ္ဆာမှာ အစမှ အဆုံးထိ တစ်ချက်မျှ မလှုပ်ရှားခဲ့ခြင်းပင်

ထက်မြက်သော မြှောင်ဦးဓားဖြင့် မျက်တွင်းထဲ ထိုးစိုက်ခံရချိန်တွင်ပင်

သွေးများ တရွှဲရွှဲ ကျနေသော်လည်း

အသံတစ်ချက်မျှပင် မထွက်ခဲ့ပေ

ထိုမြင်ကွင်းမှာ

ထူးဆန်းလွန်းသဖြင့် ဦးရေပြားပင် ကျဉ်တက်သွားစေသည်

သရဲခြောက်နေတာလား

ဒါပေမဲ့ ဒါက ဘယ်လိုနေရာမျိုးလဲ

လူဆယ်ယောက်မှာ တစ်ဝက်နီးပါးက သရဲတစ္ဆေတွေ ဖြစ်နေတာလေ

"သူ့ကို သတ်ပစ် "

ဝါးဆရာကြီးက အေးစက်စက် အမိန့်ပေးလိုက်သည်။

ထိုဝက်မျက်နှာနှင့် အမျိုးသားမှာ စိတ်အကြမ်းဆုံး ဖြစ်၏

လက်သီးတစ်ချက်ဖြင့် အားကုန်ထိုးလိုက်တော့သည်

မြေပြင်မှာပင် သူ၏ ခြေရာကြောင့် တစ်ထွာခွဲခန့် နက်သော တွင်းကြီး ဖြစ်သွားရ၏။

ဗုန်း

ပေါက်ကွဲထွက်မတတ် ပြင်းထန်သော အင်အားကြောင့်

လေထုထဲတွင် အသံလွန်လှိုင်း ပေါက်ကွဲသံကိုပင် ဖြစ်ပေါ်စေကာ

လူတိုင်း၏ နားစည်များကိုပင် စူးရှနာကျင်စေသည်

ဒိုင်း

ကျောက်ယိုဝေ၏ ကိုယ်ပေါ်ရှိ ရှေးဟောင်းကျောက်စိမ်းဆွဲပြားလေးမှာ ကွဲကြေသွားသည်

သူ့တစ်ကိုယ်လုံးမှာလည်း လွင့်ထွက်သွားရ၏

သူ့ရင်ဘတ်မှာ ပြင်းပြင်းထန်ထန် နာကျင်နေကာ၊ မျက်နှာမှာလည်း ဖြူဖျော့သွားသည်။

သို့သော်လည်း ပထမဆုံး အချိန်မှာပင်၊ ကျိုးပဲ့သွားသော ကျောက်စိမ်းကို အလွန်ပင် နှမြောတသစွာ ကြည့်နေမိ၏

ကိုယ်စောင့်အဆောင် လက်နက်များမှာ အလွန်ပင် ရှားပါးလှသည်။

ဒါပေမဲ့

ခုတော့ ဒီအတိုင်းပဲ ပျက်စီးသွားခဲ့ပြီ

ဝက်မျက်နှာနှင့် အမျိုးသားမှာ ခန္ဓာကိုယ် ကြီးမားထွားကြိုင်းသော်လည်း

အရှိန်အဟုန်မှာ အလွန်မြန်ဆန်လှသည်

ကျောက်ယိုဝေ၏ လည်ပင်းကို ဆွဲညှစ်ဖမ်းယူလိုက်ကာ

လက်တစ်ဖက်တည်းဖြင့်ပင် သူ့ကို မြှောက်တင်လိုက်တော့သည်

မျက်နှာမှာ ရက်စက်ကြမ်းကြုတ်သည့် အမူအရာနှင့်

"မေဘေး... ငါတို့က မင်းတို့လို နံစော်နေတဲ့ တာအိုဆရာတွေကို အမုန်းဆုံးပဲ၊ တွေ့တဲ့ကောင် အကုန်သတ်မယ် "

ကျောက်ယိုဝေ၏ မျက်နှာမှာ ညိုပုပ်လာကာ

အသက်ရှူရ ခက်ခဲလာသည်

လည်ပင်းပေါ်ရှိ ထိုလက်ကြီးမှာ သံညှပ်ကြီးတစ်ခုကဲ့သို့ပင်

ဘယ်လိုမှ ရုန်းထွက်၍ မရနိုင်ပေ။

ရှုး

ဓားအလင်းတန်း တစ်ခု ဖြတ်ပြေးသွားသည်

ခုနက ရိုင်းစိုင်းကြမ်းတမ်းကာ မောက်မာနေသော ဝက်မျက်နှာနှင့် အမျိုးသားမှာ

ဦးခေါင်းမှာ အမြင့်သို့ လွင့်တက်သွားတော့သည်

သွေးများမှာ စမ်းရေတွင်းကဲ့သို့ ပန်းထွက်လာကာ

ခဏချင်းမှာပင် မြေပြင်ပေါ်သို့ စီးကျလာပြီး

ပျစ်ခဲနေသည့် အနီရင့်ရောင် သွေးအိုင်ကြီး ဖြစ်သွားတော့သည်။

တစ်ဝိုင်းလုံး တိတ်ဆိတ်သွား၏

မျက်ခုံးနက်နက်၊ မျက်လုံးတောက်ပသည့် လူငယ်တာအိုဆရာတစ်ဦး၊ လက်ထဲတွင် အေးစိမ့်သော ဓားသွားကို ကိုင်ဆောင်ထားသည်။

ခုနက ဓားတစ်ချက်တည်းဖြင့် ဝက်မျက်နှာနှင့် အမျိုးသား၏ ဦးခေါင်းကို ဖြတ်ချလိုက်ခြင်း ဖြစ်သည်။

"တာအိုဆရာ ဖြစ်တော့ ဘာဖြစ်လဲ "

"တာအိုဆရာက မင်းတို့အိမ်က ဆန်တွေကို စားလို့လား "

လီယန်ချူ၏ အကြည့်မှာ အေးစိမ့်နေသည်။

ဟူကျင်းပေါင်၏ အကြည့်မှာ အနည်းငယ် ပြောင်းလဲသွားသည်

အခုခေတ် မြေခွေးမျိုးနွယ် နောက်ပေါက်တွေက ဘာဖြစ်လို့ ဒီလောက်တောင် ဒေါသကြီးနေကြတာလဲ

"မင်းလို မြေခွေးမိစ္ဆာလေးက၊ တကယ်ပဲ မင်းကိုယ်မင်း တာအိုဆရာလို့ ထင်နေတာလား "

ဟူကျင်းပေါင်က မျက်မှောင်ကြုတ်ကာ ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

မြေခွေးမိစ္ဆာ မုတ်ဆိတ်ရှည် သရဲကြီးကလည်း မျက်မှောင်ကြုတ်လျက်

"ဒီကောင်က သိသိသာသာကြီး သရဲတစ္ဆေ ဖြစ်နေတာကို၊ ဟူဆရာကြီးက ဘာဖြစ်လို့ မြေခွေးမိစ္ဆာလို့ ပြောတာလဲ "

လူတိုင်းမှာ အံ့အားသင့်ကုန်ကြသည်။

"ငါကြည့်ရတာတော့ သူက ငါ့ရဲ့ အလောင်းမောင်းနှင်သူ မျိုးနွယ်ထဲက တစ်ယောက်ပဲ "

"မဟုတ်ပါဘူး၊ ဒါက သိသိသာသာကြီး ဝံပုလွေမိစ္ဆာပဲ "

"မင်းတို့ လျှောက်မပြောနဲ့၊ သူဝင်လာကတည်းက ငါသတိထားမိတယ်၊ သူက ငါနဲ့တူတူပဲ တောတွင်းဘီလူး ပဲ "

လူတိုင်းမှာ အမျိုးမျိုး ပြောဆိုနေကြသည်

ဝိုင်းဖွဲ့ ဆွေးနွေးနေကြ၏

ပွဲတော်ကို လာကြသော မိစ္ဆာ ၂၄ ပါးလုံးက

လီယန်ချူကို ကြည့်လိုက်လျှင် မိမိတို့နှင့် လူမျိုးတူသကဲ့သို့ မြင်နေကြရသည်

အထူးသဖြင့် သူ၌ အမှောင်ဖုံးကွယ်ခြင်း အတတ် ရှိနေသဖြင့် ကောင်းကင်လျှို့ဝှက်ချက်များကိုပင် ဖုံးကွယ်ထားနိုင်ခြင်းကြောင့် ဖြစ်သည်။

ကျင့်စဉ်အဆင့် နိမ့်သူများမှာမူ

ခဏတာမျှသာ ခံစားရမည် ဖြစ်သော်လည်း

ဝါးဆရာကြီးမှာမူ၊ ယခုအချိန်တွင် စိတ်ထဲ၌ ထိတ်လန့်သွားသည်

သူသည်လည်း တစ်ဖက်လူမှာ ဝိညာဉ်ပိုင်းဆိုင်ရာ ကျင့်ကြံသော ဘေးထွက်လမ်းစဉ်သမားတစ်ဦးဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။

လီယန်ချူ၏ အမူအရာမှာ တည်ကြည်အေးစက်နေသည်။

ခုနက သူသည် ချုပ်နှောင်ခြင်း အတတ် ကို အသုံးပြုကာ

ထိုလူငယ်တာအိုဆရာအား မိစ္ဆာကို သတ်နိုင်ရန် ကူညီပေးခဲ့ခြင်း ဖြစ်သည်

မူလက ဆက်လက်၍ ပုန်းကွယ်နေရန် ရည်ရွယ်ခဲ့သော်လည်း

ထိုအခန်းပြည့်ရှိနေသော မိစ္ဆာအုပ်စုကို ရင်ဆိုင်ရသည့်အခါ

စိတ်ထဲမှ သတ်ဖြတ်လိုသော စိတ်ဆန္ဒကို ဘယ်လိုမှ ထိန်းချုပ်ထား၍ မရတော့ပေ။

"မင်းတို့လို လူသတ်ပြီး အသက်အန္တရာယ် ပေးနေတဲ့ မိစ္ဆာအုပ်စု၊ မင်းတို့ရဲ့ မျက်လုံးတွေကို ပြူးကြည့်လိုက်စမ်း၊ ငါက ဘယ်သူလဲဆိုတာကို သေချာကြည့်ကြစို့ "

သူ၏ အသံမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ပင်

လီယန်ချူ၏ ကိုယ်ပေါ်မှ သွေးနှင့် အသက်ဓာတ် များမှာ ကောင်းကင်သို့ တိုင်အောင် တဟုန်ထိုး ထွက်ပေါ်လာတော့သည်

တောက်လောင်နေသော မီးဖိုကြီး တစ်ခုကဲ့သို့ပင်

မိစ္ဆာအုပ်စု အားလုံးမှာမူ

မိမိတို့၏ ဝိညာဉ်များမှာ အပူပေးခံနေရသကဲ့သို့ ခံစားရကာ

အလွန်အမင်း နာကျင်ခံစားရတော့သည်

ရှုး

ဓားအလင်းတန်း ဖြတ်သန်းသွားသည်

ထိုသားသတ်သမားမှ ဖြစ်လာသော သရဲကြီးမှာ ချက်ချင်းပင် အပိုင်းပိုင်း ပြတ်သွားကာ ပျောက်ကွယ်သွားသည်။

ဝိညာဉ်ပါ ကြေမွသွားရ၏

မှော်လမ်းစဉ် ကျင့်ကြံသူ တစ်ဦးက စူးစူးဝါးဝါး အော်ဟစ်လိုက်ရာ

သူ၏ လက်စွပ်ထဲမှ နက်မှောင်သော မီးခိုးငွေ့များ ထွက်ပေါ်လာသည်

ထိုအထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ကလေးသရဲ တစ်ကောင် ပါဝင်နေသည်

လီယန်ချူက ဓားဖြင့် တစ်ချက်တည်း ခုတ်ချလိုက်သည်

ထိုကလေးသရဲနှင့်အတူ မှော်လမ်းစဉ် ကျင့်ကြံသူကိုပါ တစ်ဆက်တည်း နှစ်ပိုင်း ပိုင်းပစ်လိုက်တော့သည်။

ဓားအရှိန်မှာ မရပ်တန့်သေးဘဲ

အခြား မိစ္ဆာတစ်ကောင်၏ ပေါင်ကိုပါ ဖြတ်တောက်ပစ်လိုက်သည်

မြေပြင်ပေါ်တွင် နက်ရှိုင်းသော မြောင်းကြီးတစ်ခု ပေါ်ပေါက်သွားသည်။

ချွတ်

ထို ဓား ကို ကိုင်ဆောင်ထားသော ကတုံးကြီး မှာ ရုတ်တရက် မှော်အရှိန်အဝါများ မြင့်တက်လာကာ

လီယန်ချူ၏ ခါးကို ဖြတ်ခုတ်လိုက်သည်

မှော်သံများ ပတ်လည် ဝိုင်းနေ၏

ဒေါင်

ကျန့်ကျောင်းဓား နှင့် ကတုံးကိုင်တဲ့ ဓားတို့ ထိတွေ့သွားသည်

ကြီးမားသော သတ္တုချင်း ထိခိုက်သံ ထွက်ပေါ်လာကာ

မီးပွင့်များ အရပ်ရပ်သို့ လွင့်စင်ကုန်၏

တောက် တောက် တောက် တောက်

ကတုံးကြီးမှာ ပြင်းထန်သော တုန်ခါမှုကြောင့် နောက်သို့ လေးလှမ်းခန့် ဆုတ်ခွာသွားရသည်

ခြေလှမ်းတိုင်းမှာ မြေပြင်ပေါ်တွင် နက်ရှိုင်းသော တွင်းကြီးများ ဖြစ်ကျန်ခဲ့သည်

သူ၏ လက်မောင်းပေါ်မှ အကြောများမှာ ဖောင်းတက်လာကာ

လက်ဖဝါးမှာလည်း အလွန်ပင် နာကျင်နေတော့သည်

သူသည် လီယန်ချူကို ထိတ်လန့်စွာ ကြည့်လိုက်မိသည်။

စကားတစ်လုံး ထွက်လာသည်မှာ

"သိုင်းပညာ ဆရာကြီး "

ထိုဓားချက်မှာ သပ်ရပ်သန့်ရှင်းကာ

ရိုးရှင်းသော်လည်း အင်အားကြီးမားလှသည်

သိုင်းပညာ၏ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

မဟာဆရာကြီး

သူသည် ခန္ဓာကိုယ် တစ်ဝက်ခန့် ထုံကျင်သွားသကဲ့သို့ ခံစားရကာ၊ ကိုယ်တွင်းရှိ မှော်အငွေ့အသက်များကို အတင်းအသုံးပြုမှသာ ထိုပြင်းထန်လှသော အင်အားကို တုံ့ပြန်နိုင်ခဲ့ခြင်း ဖြစ်သည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ "

"အဲ့ဒီ သိုင်းလောကက မဟာဆရာကြီးတွေက လောကကြီးကနေ ပုန်းကွယ်နေပြီး၊ အသက်ဆက်ဖို့အတွက် လှုပ်ရှားမှု နည်းကြတာ မဟုတ်ဘူးလား "

ကတုံးကြီး၏ စိတ်ထဲတွင် ထိတ်လန့်နေမိသည်။

လီယန်ချူ၏ အကြည့်မှာ အေးစိမ့်သော လျှပ်စစ်ကဲ့သို့ပင်။

နောက်ထပ် ဓားတစ်ချက်ကို ထပ်မံ ခုတ်ချလိုက်ပြန်သည်။

ဒေါင်

ကတုံးကြီးက ဓားကို မြှောက်၍ ခုခံလိုက်သည်

ကျန့်ကျောင်းဓားပေါ်မှ ကြီးမားလှသော အင်အားကြောင့် သူသည် နောက်သို့ ထပ်မံ လွင့်ထွက်သွားရပြန်သည်။

လက်မောင်းများ နာကျင်လှကာ

လက်ဖဝါးများလည်း စုတ်ပြဲကုန်သည်

"ဟင် "

"မင်းက ငါ့ရဲ့ ဓားနှစ်ချက်ကို တောင် ခံနိုင်သေးတယ်ပေါ့ "

လီယန်ချူက မျက်ခုံးပင့်လိုက်သည်။

ကတုံးကြီးမှာ အကြီးအကျယ် ဒေါသထွက်သွားသည်

မျက်နှာမှာ ချက်ချင်းပင် နီရဲတက်လာ၏။

"မင်းအဘိုးကို ယိုးလိုက် "

သူသည် ရင်ဘတ်မှ လူခေါင်းခွံများကို ဝေ့ယမ်းလိုက်ရာ

ချက်ချင်းပင် အနက်ရောင် အလင်းတန်းများအဖြစ် ပျံတက်သွားကြသည်။

ကြောက်မက်ဖွယ်ကောင်းသော လူမျက်နှာများအဖြစ် ပြောင်းလဲကာ တိုက်ခိုက်လိုက်တော့သည်။

ရှုး

လီယန်ချူက ကျန့်ကျောင်းဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ

ပြင်းထန်စွာ ခုတ်ချလိုက်သည်

တောက်ပသော ဓားအလင်းတန်း တစ်ခု ဖြစ်ပေါ်လာကာ

လေထုကိုပင် ဆွဲဖြတ်သွားတော့သည်

ကောင်းကင်ပြည့်နေသော လူခေါင်းခွံ သရဲမျက်နှာများမှာ မိစ္ဆာလက်နက်များ ဖြစ်သော်လည်း

ယခုအခါတွင်မူ ဓားအရှိန်အဝါအောက်တွင် ချက်ချင်းပင် ပြာကျသွားရတော့သည်

ထိုကတုံးကြီးမှာ မျက်နှာပျက်သွားသည်

ထိုဓားသိုင်းမှာ တကယ်ကို ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်လောက်ပေသည်။

မုတ်ဆိတ်ရှည် သရဲကြီး

ဟူကျင်းပေါင်

ရွှံ့နွံကဲ့သို့ အရိပ်များ

အားလုံး ဝိုင်းဝန်း တိုက်ခိုက်ကြတော့သည်

လီယန်ချူ၏ ကိုယ်ပေါ်တွင် အစီရင်ဝတ်စုံ ပေါ်လာကာ၊ ကြီးမားလှသော စင်ကြယ်သည့် ယန်ဓာတ် အငွေ့အသက်များ ဆူပွက်လာတော့သည်။

တာအိုလမ်းစဉ် အစီရင်ဝတ်စုံ

ဝုန်း...

ဝုန်း...

ကြီးမားသော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်

မီးခိုးငွေ့များ ဖုံးလွှမ်းသွားသည်

ဖုန်မှုန့်များကြားထဲမှ

သွေးရွှဲနေသော အလောင်း တစ်ဝက်မှာ လွင့်တက်လာသည်

လက်ထဲတွင် ကျိုးပဲ့နေသော ဓားကို ကိုင်ထားဆဲ

၎င်းမှာ ခုနက ကတုံးကြီးပင် ဖြစ်သည်

သူ၏ မျက်လုံးများမှာ ပြူးကျယ်နေကာ

အလွန်ပင် ဆိုးရွားစွာ သေဆုံးသွားခဲ့ရသည်

"ဒီတာအိုဆရာကို သတ်ကြစို့ "

"အားလုံး တက်ကြစမ်း "

"သတ်ပစ်ကြ "

မိစ္ဆာများမှာ ရက်စက်ကြမ်းကြုတ်လှသည်၊ မကြောက်ရွံ့သည့်အပြင် သွေးဆာသော မျက်လုံးများဖြင့် အတင်းတိုက်ခိုက်ကြတော့သည်။

စာဆိုတော် ချောင်ရှင်း နှင့် တာအိုဆရာ ကျောက်ယိုဝေ တို့မှာမူ ထိုပြင်းထန်လှသော သတ်ဖြတ်လိုစိတ်ကြောင့် ထိတ်လန့်သွားကြသည်

သူတို့နှစ်ဦးမှာ ဘေးတစ်နေရာတွင် ပုန်းနေရင်း

အံ့ဩတုန်လှုပ်စွာ ကြည့်နေမိကြသည်

အနက်ရောင် အရိပ်တစ်ခုမှာ လီယန်ချူ၏ ကိုယ်ပေါ်မှ မီးဖိုကဲ့သို့ ပြင်းထန်လှသော သွေးဓာတ်များကို မကြောက်ဘဲ

ကျောဘက်မှ တိုက်ရိုက်ပင် ကပ်ပါလာသည်

၎င်းမှာ လီယန်ချူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပူးကပ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်

အသံတစ်ချက်မျှ မထွက်ဘဲ

အရှိန်အဟုန်မှာ အလွန်မြန်ဆန်လှသည်

All Chapters