← Chapters

အခန်း (၃၁၅-၃၁၆)

Vol. 32 Ch. 315-316

အခန်း (၃၁၅-၃၁၆)

Vol. 32 Ch. 315-316

အခန်း (၃၁၅) - အသားစိုင်မိစ္ဆာ ၊ လောကကခွင့်မပြုသောတည်ရှိမှု ၊ လူသေပြန်လည်ရှင်သန်ခြင်း

ဝုန်း

မြေကြီးထဲမှနေ၍ ပုံရိပ်တစ်ခု အတင်းတိုးထွက်လာတော့သည် ဆံပင်ဖားလျားနှင့်၊ ခြေလက်လေးဖက်လုံး မြေကြီးပေါ်ထောက်ထားကာ မျက်ဝန်းအစုံမှာ မီးခိုးရောင် သန်းနေ၏ သူသည် မြေကြီးကို အင်အားသုံး၍ ဖောက်ထွက်လာခြင်း ဖြစ်သည်။

လီယန်ချူသည်လည်း တံတိုင်းဖွင့်အတတ် ကို အသုံးပြုကာ အပြင်သို့ အပြေးထွက်လာခဲ့သည်။

သူသည် ထိုမိစ္ဆာကောင်ကို ကြည့်ရင်း မျက်နှာမှာ တည်ကြည်လေးနက်သွားတော့သည် ခုနက သူခုတ်လိုက်သော ဓားချက်မှာ ထိုအကောင်၏ ခုခံမှုကို မဖောက်နိုင်ခဲ့ပေ။

ထိုမကောင်းဆိုးဝါးဆီမှ ကမ္ဘာပျက်မတတ် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာတော့သည်

သဲများ လွင့်စင်ကာ ကျောက်ခဲများ လွင့်ထွက်ကုန်ကာ လေထုမှာလည်း ပြောင်းလဲသွားတော့သည်။

ပတ်ဝန်းကျင်ရှိ မြေပြင်မှာလည်း တုန်ခါနေကာ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ၏။

ထိုမျှပြင်းထန်လှသော အလောင်းပုပ်နံ့ က လူတို့ကို အလိုလို ကြောက်ရွံ့တုန်လှုပ်စေသည်။

ဖုတ်ကောင်

သံသရာထဲသို့လည်း မဝင်နိုင်၊ လောကကြီးကလည်း လက်မခံနိုင်သော တည်ရှိမှု

"ပိချန်းတာအိုဆရာက နောက်ကွယ်မှာ ဒီလိုအကောင်မျိုးကို လျှို့ဝှက်မွေးမြူထားတာလား"

လီယန်ချူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ သို့သော် သူ၏ မျက်ဝန်းထဲတွင်မူ တိုက်ပွဲဝင်လိုစိတ်များ ဆူပွက်နေသည်

"ခွန်အားပဲရှိပြီး သတ်ဖြတ်ဖို့ပဲသိတဲ့ တိရစ္ဆာန်ကောင်... မင်းက ငါ့ရဲ့ သိုင်းပညာအဆင့်ကို မြှင့်တင်ဖို့အတွက် အကောင်းဆုံး ကျောက်စာတိုင်ပဲ "

သူ၏ နောက်ကျောတွင် ကြီးမားလှသော ပုံရိပ်ယောင်ကြီးတစ်ခု ပေါ်လာတော့သည်။

သူနှင့် တစ်ထပ်တည်း လှုပ်ရှားလိုက်ကာ... ဓားတစ်ချက် ခုတ်ချလိုက်သည်။

သိုင်းပညာ ပြင်ပရုပ်သွင်

ဝုန်း

ထိုမိစ္ဆာအလောင်းမှာ အသက်ပျောက်မသွားသော်လည်း ဓားချက်ကြောင့် လွင့်ထွက်သွားရသည်။

လီယန်ချူ၏ ဓားဆန္ဒ မှာ ပြင်းထန်လွန်းလှပြီး အရာရာကို အမှုန့်ခြေပစ်နိုင်စွမ်း ရှိသည်။

သူသည် အရှိန်အဟုန်ဖြင့် အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားတော့သည်။

ဝုန်း ဝုန်း

သူတို့နှစ်ဦး ထိတွေ့တိုက်ခိုက်လိုက်တိုင်း ဖြစ်ပေါ်လာသော ပေါက်ကွဲအားများကြောင့် သုသာန်မြေပုံဟောင်းများမှာ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်ကုန်သည်။

သူ၏ တိုက်ပွဲဝင်လိုစိတ်မှာ ပိုမိုပြင်းထန်လာကာ သူ၏ သိုင်းသမားခန္ဓာကိုယ်မှာလည်း အထွတ်အထိပ်သို့ ရောက်ရှိရန် ပြင်ဆင်နေပြီ ဖြစ်သည်။

ထိုမိစ္ဆာအလောင်း၏ ရိုက်ချက်ကြောင့် လွင့်ထွက်သွားရသည့်တိုင် သူ၏ အကြည့်မှာ သိမ်းငှက်တစ်ကောင်ကဲ့သို့ ထက်မြက်နေဆဲပင်

"လာဦးလေ"

လီယန်ချူက ဟိန်းဟောက်လိုက်ကာ တားဆီး၍မရသော ဓားချက်များဖြင့် ဆက်တိုက် ခုတ်ပိုင်းလိုက်တော့သည် မူလက ထိုနေရာမှာ လူသူမရှိသော သုသာန်ဟောင်းတစ်ခု ဖြစ်သော်လည်း ယခုအခါတွင်မူ ပြင်းထန်လှသော ဓားအရှိန်အဝါများကြောင့် ကြီးမားလှသော စစ်တလင်းပြင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ကျောက်ယိုဝေသည် စာဆိုတော် ချောင်ရှင်းကို ပိုးကာ ဝေးရာသို့ ရှောင်တိမ်းနေခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း ယခုမြင်ကွင်းကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေရသည်။

"ဒဏ္ဍာရီထဲက သိုင်းပညာဖြင့် တာအိုကိုဝင်စားသူ ထိပ်သီးပညာရှင်နဲ့ တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး "

သူ၏ စိတ်ထဲတွင် ရင်ခုန်တုန်လှုပ်နေမိသည်။

သူသည် တစ်ဖန် ထပ်မံထွက်ပြေးပြန်သည်၊ အကွာအဝေးမှာ နီးကပ်လွန်းနေသေး၍ ဖြစ်သည်။

ထိုမိစ္ဆာကောင်သည် ခြေလက်လေးဖက်လုံး မြေကြီးပေါ်ထောက်ထားရင်း သူ၏ မီးခိုးရောင် မျက်ဝန်းများကို ရုတ်တရက် လှည့်ကြည့်ကာ လီယန်ချူကို စိုက်ကြည့်လိုက်သည်။

ထို့နောက် ခြေလက်လေးဖက်လုံး၏ အင်အားမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ တုန်ခါသွားကာ ဗုန်း ဗုန်း ဗုန်း နှင့် အတင်း ပြေးဝင်လာတော့သည်။

ဝုန်း

မြေပြင်ပေါ်တွင် ကြီးမားလှသော တုန်ခါမှုကြီး ဖြစ်ပေါ်သွားသည် ထိုမိစ္ဆာ၏ လက်မောင်းနှစ်ဖက်မှာ အမြောက်ဆန်များကဲ့သို့ လီယန်ချူထံသို့ ကြမ်းတမ်းစွာ ထိုးနှက်လာတော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဤမြေကွက်လပ်တွင် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေကာ နားအက်မတတ် ကျယ်လောင်လှသည်။

ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ကျိုးကြေကုန်ကာ ကန္တာရပြင်ကြီးကဲ့သို့ ဖြစ်သွားတော့သည်။

ထိုအလောင်းပုပ်နံ့များ ပြည့်နှက်နေသော မိစ္ဆာကောင်သည် ရူးသွပ်စွာ ထိုးနှက်နေပြီး သူ၏ လက်သီးချက်တိုင်းမှာ လေထုကို ပေါက်ကွဲစေကာ အပူလှိုင်းများကို ဖြစ်ပေါ်စေသည်။

အပူလှိုင်းများမှာ တစ်ခုပေါ်တစ်ခု ထပ်ဆင့်လာကာ မှိုပွင့်ပုံစံ တိမ်တိုက်များကဲ့သို့ ဖြစ်ပေါ်လာ၏။

ကရက် ကရက်

မြေပြင်ပေါ်တွင် ကြီးမားလှသော အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာတော့သည် ထိုအလောင်းပုပ်နံ့ဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်ခွန်အားမှာ တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည် ထို့ပြင် တိုက်ပွဲကြာလာသည်နှင့်အမျှ ပိုမိုသန်မာလာသကဲ့သို့ ခံစားရသည်။

၎င်းမှာ သူ၏ ခန္ဓာကိုယ်အတွင်းမှ တစ်စုံတစ်ရာသော စွမ်းအား နိုးထလာခြင်းပင် ဖြစ်ပေလိမ့်မည်။

ဤအသိဉာဏ်မဲ့သော အသားစိုင်မိစ္ဆာသည် လီယန်ချူကို အစွမ်းကုန် ထိုးနှက်နေသည်။

လီယန်ချူ၏ တောင့်တင်းလှသော ကြွက်သားများပေါ်တွင် ရွှေရောင်အလင်းတန်းများ ပေါ်ထွက်လာကာ သွေးချင်းချင်းနီသော အရှိန်အဝါများမှာ သက်တံကဲ့သို့ တောက်လောင်နေသည် သူသည် မည်သည့်ကြောက်ရွံ့ခြင်းမှ မရှိဘဲ ထိုမိစ္ဆာကောင်နှင့် လက်သီးချင်း ယှဉ်ထိုးနေတော့သည်။

တာအိုဂိုဏ်း၏ အစီရင်ဝတ်စုံ မှာ သန့်စင်သော ယန်မိုးကြိုးမီးလျှံများ ဖြင့် တောက်ပနေကာ သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည်။

ထို့ကြောင့် သူသည် စိုးရိမ်ပူပန်မှုမရှိဘဲ မိမိ၏ ခွန်အားကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။

ထိုအသားစိုင်မိစ္ဆာက တိုက်လေ သန်မာလေ ဖြစ်နေသကဲ့သို့ လီယန်ချူသည်လည်း ထိုနည်းတူပင် ဖြစ်သည် သူ၏ ခန္ဓာကိုယ်ထဲတွင် ထူထပ်လှသော သက်စောင့်အသက်ဓာတ်များ ရှိနေကာ သူ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ပြုပြင်ဖြည့်တင်းပေးနေသည်။

ခန္ဓာကိုယ် သန်မာလာခြင်းက ဝိညာဉ်ကိုလည်း ပြန်လည်အကျိုးပြုစေသည် ဤသည်မှာ ပြည့်စုံသော လည်ပတ်မှု တစ်ခုပင် ဖြစ်သည်။

ထိုအသက်ဓာတ်များမှာ သူသောက်သုံးခဲ့သော အစွမ်းထက် ဆေးလုံးများနှင့် ကောင်းကင်ဘုံမှ ရတနာများဆီမှ ရရှိခြင်းဖြစ်သည်။

ခန္ဓာကိုယ်က တစ်စိတ်တစ်ပိုင်း စုပ်ယူထားသော်လည်း အများစုမှာ သူ၏ သွေးကြောများအတွင်း၌ ကိန်းအောင်းနေခဲ့သည်။

ယခုအခါ ထိုကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကောင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းဖြင့် သူ၏ ခန္ဓာကိုယ်ကို အချောကိုင် ဖြည့်တင်းရန် အခွင့်အရေး ရသွားခြင်းပင်

ထိုမိစ္ဆာကောင်မှာ ဝိညာဉ်မရှိသော ဖုတ်ကောင်တစ်ကောင်ဖြစ်ရာ ကောင်းကင်ဘုံ၏ အလိုတော်နှင့် ဆန့်ကျင်နေသည် ထို့ပြင် ယခုအချိန်တွင် ၎င်းကို ပြုပြင်မွေးမြူခြင်း မအောင်မြင်သေးသည်မှာ သိသာလှသည်။

ထို့ကြောင့်သာ အသိဉာဏ်မရှိဘဲ ဖြစ်နေခြင်းပင်။

ထိုအသားစိုင်မိစ္ဆာကို ပြုပြင်မွေးမြူသူမှာ တကယ်ပင် အရူးတစ်ယောက် ဖြစ်ပေလိမ့်မည်

လီယန်ချူ၏ မျက်ဝန်းထဲတွင် တိုက်ပွဲဝင်လိုစိတ်များ ဆူပွက်နေကာ သူ၏ သွေးဓာတ်များမှာ ကောင်းကင်သို့ တိုင်အောင် ထွက်ပေါ်နေသည် သူ၏ နောက်ကွယ်မှ ပုံရိပ်ယောင်ကြီးမှာလည်း သူနှင့်အတူ လှုပ်ရှားလိုက်ကာ... ပြင်းထန်လှသော ဓားချက်တစ်ချက်ကို ခုတ်ချလိုက်တော့သည်။

ဓားအလင်းတန်း ဖြတ်သန်းသွားသည်နှင့် တစ်ပြိုင်နက်... ထိုအသားစိုင်မိစ္ဆာမှာ ဆယ်လံခန့်အထိ လွင့်ထွက်သွားရတော့သည် သူ၏ ပုခုံးပေါ်တွင် အရိုးအထိ မြင်ရသော နက်ရှိုင်းသည့် ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာ၏။

သွေးများ ထွက်မလာသော်လည်း... ဤသည်မှာ တိုက်ပွဲစတင်ကတည်းက လီယန်ချူ၏ ဓားဦးဖြင့် မိစ္ဆာကောင်၏ ခုခံမှုကို ပထမဆုံးအကြိမ် ဖောက်ထွက်နိုင်ခြင်း ဖြစ်သည်။

"လာစမ်း "

သူက အေးစက်စွာ အော်ဟစ်လိုက်ကာ... အရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

ဝုန်း ဝုန်း ဝုန်း

ကြီးမားလှသော ပေါက်ကွဲသံများ တစ်ဖန် ထွက်ပေါ်လာကာ ကျောက်တုံးများ လွင့်စင်ကုန်သည်။

ဤကဲ့သို့ ဝိညာဉ်မရှိသော မိစ္ဆာကောင်မျိုးသည် လောကနိယာမနှင့် ဆန့်ကျင်နေသဖြင့် ကောင်းကင်ဘုံ၏ ပြစ်ဒဏ် ကို အလွယ်တကူ ခေါ်ဆောင်လာနိုင်သည်။

ဝုန်း ဝုန်း ဝုန်း

ကောင်းကင်ယံတွင် တိမ်တိုက်များ ထူထပ်လာကာ မိုးကြိုးမီးလျှံများ တုန်ခါလာတော့သည် ဤသည်မှာ ကြီးမြတ်လှသော ကောင်းကင်ဘုံ၏ အရှိန်အဝါပင် ဖြစ်သည် ကောင်းကင်ဘုံက သတ်ဖြတ်လိုသော ဆန္ဒကို ပြသလိုက်ပြီ ဖြစ်သည်။

မိစ္ဆာများ ကျင့်စဉ်ရင့်လာလျှင် မိုးကြိုးပစ်ခံရ သကဲ့သို့ပင်... ဝိညာဉ်မဲ့သော ဖုတ်ကောင်များမှာ ကောင်းကင်ဘုံ၏ အဆုံးအဖြတ်ကို ပို၍ပင် ခံရလွယ်သည်။

ဤသည်ကို မြင်ကွယ်ရာတွင် ကောင်းကင်ဘုံ၏ အလိုတော် ရှိသည် ဟု ခေါ်ဆိုကြသည်။

တစ်ခါတစ်ရံတွင် မိုးကြိုးမဟုတ်ဘဲ အရေးကြီးသော အချိန်တွင် တစ်စုံတစ်ဦး၏ အနှောင့်အယှက် ခံရခြင်း သို့မဟုတ် အစွမ်းထက်သော ဘုန်းကြီး၊ တာအိုဆရာတို့၏ နှိမ်နင်းခြင်းကို ခံရတတ်သည်။

လူသားတို့က သတ်ဖြတ်လိုသော ဆန္ဒကို ပြသခြင်းပင်

"ဟိန်း"

မိစ္ဆာကောင်က အသိဉာဏ်မဲ့သော တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။

အငွေ့အသက်များမှာ ရက်စက်ကြမ်းကြုတ်လှကာ အသံမှာလည်း ဟိန်းထွက်နေသည် သူ၏ မီးခိုးရောင် မျက်ဝန်းများက လီယန်ချူကို စိုက်ကြည့်လိုက်သည်။

ကြောက်မက်ဖွယ် ကောင်းလှ၏

လီယန်ချူ၏ အကြည့်မှာ အေးစက်နေကာ သူ၏ သွေးဓာတ်များမှာ ထွန်းလင်းတောက်ပနေသော နေမင်းကြီးကဲ့သို့ပင် သူသည် မည်သည့်အရာကိုမျှ ကြောက်ရွံ့ခြင်း မရှိပေ။

ဝုန်း

ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်ပြီ ကြီးမားထွားကြိုင်းသော မိုးကြိုးတန်းတစ်ခုမှာ တိမ်တိုက်များကြားမှ ကျဆင်းလာကာ... ထိုအသားစိုင်မိစ္ဆာကို တည့်တည့်ကြီး ထိမှန်သွားတော့သည်။

လောကကြီးတစ်ခုလုံး နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားသည် ပတ်ဝန်းကျင် မိုင်အနည်းငယ်အတွင်းရှိ လွင့်မျောနေသော ဝိညာဉ်များမှာ ထိုတစ်ချက်တည်းဖြင့်ပင် ပြာအဖြစ် ပြောင်းလဲသွားကြရသည်။

သို့သော် ထိုအသားစိုင်မိစ္ဆာမှာမူ ကြံ့ကြံ့ခံကာ ပြန်လည် ထရပ်နိုင်ခဲ့သည် အသားများ လန်ထွက်သွားသော်လည်း သူ၏ သန်မာလှသော အလောင်းပုပ်နံ့များမှာ ကောင်းကင်သို့ တိုင်အောင် ထွက်ပေါ်နေဆဲပင် ပြင်းထန်လှသော အငွေ့အသက်များ တစ်ဖန် ပြန်လည် ပေါ်ပေါက်လာပြန်သည်။

ဝုန်း

မိုးကြိုး ထပ်မံ ပစ်ချလိုက်ပြန်သည် ဖြူဖွေးသော အလင်းတန်းမှာ စူးရှလွန်းလှသဖြင့် မျက်စိပင် မဖွင့်နိုင်တော့ပေ ဝိညာဉ်မှာပင် နာကျင်မှုကို ခံစားလိုက်ရသည်။

ကျောက်ယိုဝေမှာ တစ်ကိုယ်လုံး ထုံထိုင်းသွားရသည် ဤသည်မှာ ဝိညာဉ် လန့်သွားခြင်းပင်ကောင်းကင်ဘုံ၏ အရှိန်အဝါမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

သို့သော်လည်း... ထိုအသားစိုင်မိစ္ဆာသည် မည်မျှပင် ရတနာများဖြင့် ပြုပြင်မွေးမြူထားသည်မသိ၊ တစ်ဖန် ပြန်လည် ထရပ်နိုင်ခဲ့ပြန်သည် တိမ်တိုက်များ ဆူပွက်လာကာ မိုးကြိုးဘေးဒုက္ခ က တစ်ဖန် ပြန်လည် စုစည်းလာပြန်သည်။

ထိုစဉ်

မမြင်ရသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ထိုစွမ်းအားက ဤနေရာတစ်ခုလုံးကို လောကကြီးနှင့် သီးခြားခွဲထုတ်လိုက်သကဲ့သို့ ဖြစ်သွားစေသည် ကောင်းကင်ဘုံကို လှည့်စားခြင်း ကောင်းကင်မှ မိုးကြိုးဘေးဒုက္ခသည် ပစ်မှတ် ပျောက်ဆုံးသွားကာ... တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့သည်။

လီယန်ချူက ခြေတစ်လှမ်း လှမ်းလိုက်ရာ မြေကြီးမှာ တုန်ခါသွားသည် သူ၏ ယန်ဓာတ်ပြည့်ဝသော သွေးဓာတ်များမှာ မိုးကြိုးဒဏ်ကြောင့် ထိခိုက်မှု မရှိခဲ့ရုံသာမက၊ ထိုမိုးကြိုးမီးလျှံများ၏ အငွေ့အသက်ကြောင့် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ပိုမိုသန့်စင်ပေးလိုက်သကဲ့သို့ ဖြစ်သွားစေသည်။

နောက်တစ်ဆင့် တိုးလိုက်ပြီ

မူလဝိညာဉ်အတွင်းရှိ ယန်ဓာတ် မှာ ပိုမိုပြည့်ဝလာကာ ခန္ဓာကိုယ်မှာလည်း တစ်ဖန် ပြန်လည် အသွင်ပြောင်းလဲ လာတော့သည် သူသည် ဓားတစ်ချက်ဖြင့် ထိုမိစ္ဆာကောင်၏ ခန္ဓာကိုယ်ကို ခုတ်ချလိုက်ရာ ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ကျန့်ကျောင်းဓား ကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာမှာ ပြန်လည် ကုသ၍မရပေ ၎င်းသည် ထူးထူးဆန်းဆန်း ပြန်လည်ရှင်သန်နိုင်သော စွမ်းအားများကို နှိမ်နင်းရာတွင် အဓိက ဖြစ်သည်။

တာအိုက အားကောင်းလာကာ မိစ္ဆာက အားနည်းသွားပြီ ထိုမိစ္ဆာကောင်သည် ဆက်တိုက် မိုးကြိုးပစ်ခံထားရသဖြင့် ယခုအချိန်တွင် လီယန်ချူ၏ ဓားဦးကို ခုခံနိုင်စွမ်းမှာ ခုနကလောက် မရှိတော့ပေ။

ရှုံးနိမ့်ဖို့ဆိုသည်မှာ အချိန်တစ်ခုသာ လိုတော့သည်။

ဝုန်း

နှစ်ဦးသား တစ်ဖန် ပြန်လည် တိုက်ခိုက်မိကြပြန်သည်။

ဝေးကွာလှသော ကြီးမားသည့် သစ်ပင်ကြီးတစ်ပင်၏ နောက်ကွယ်တွင်

မသိသာသော သုသာန်မြေပုံဟောင်းတစ်ခုထဲမှနေ၍... ဖြူဖွေးသော လက်မောင်းတစ်ခုမှာ ရုတ်တရက် ထွက်ပေါ်လာတော့သည် ထို့နောက် ပုံရိပ်တစ်ခုမှာ အတင်းရုန်းကန်ကာ ထွက်လာသည်။

သူသည် ဤခန္ဓာကိုယ်နှင့် မရင်းနှီးသေးသကဲ့သို့ လှုပ်ရှားမှုမှာ အနည်းငယ် တောင့်တင်းနေသည်။

သို့သော် မကြာမီမှာပင် သူ၏ လှုပ်ရှားမှုများမှာ ပုံမှန်အတိုင်း ပြန်လည် လျင်မြန်လာတော့သည်။

မှိန်ပျပျ အလင်းရောင်အောက်တွင်... ထိုသူမှာ အသားအရောင် ဖြူဖျော့နေသော လူငယ်တစ်ဦး ဖြစ်ကြောင်း မြင်တွေ့ရသည်။

သူ၏ မျက်နှာမှာ ကာမဂုဏ်၌ အလွန်အကျွံ လိုက်စားထားသည့် ပုံစံမျိုး ရှိနေ၏။

သူ၏ ကိုယ်ပေါ်တွင်မူ လူသေဝတ်စုံ တစ်ခုကို ဝတ်ဆင်ထားသည်။

သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း... အသားစိုင်မိစ္ဆာကို အတင်းအဓမ္မ ခုတ်ပိုင်းနေသော လီယန်ချူကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။

သူ၏ အကြည့်မှာ အလွန်ပင် နာကျည်းမှုများ ပြည့်နှက်နေသည်။

"သေစမ်း "

"တကယ်ပဲ လောကကြီးက ငါ့ကို လက်မခံနိုင်တဲ့အထိ ဖြစ်နေတာလား... နောက်ဆုံးတစ်ဆင့်ပဲ လိုတော့တာကို၊ အဲဒါဆိုရင် ငါ အောင်မြင်ပြီ "

အခန်း (၃၁၆) - ငါးမျက်လုံးထဲ ပုလဲရောခြင်း ၊ သေဟန်ဆောင်၍ လူ့ပြည်ပြန်ခြင်း ၊ နည်းလမ်းသစ်ကို အသုံးပြုခြင်း ၊ ကောင်းကင်တိုင်အောင် ထိုးတက်နေသော သတ်ဖြတ်လိုသည့်အရှိန်အဝါ

"အခုတော့ မိုးကြိုးဘေးဒုက္ခကနေ ရှောင်တိမ်းဖို့အတွက် ဒီအလောင်းနဲ့ ပေါင်းစပ်ပြီး သေဟန်ဆောင် ထွက်ပြေးခဲ့ရတယ်... ဒါဟာ ငါ့ရဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးလိုက်တာပဲ "

လူသေဝတ်စုံဝတ်ထားသော လူငယ်က တိုးတိုးလေး ရေရွတ်လိုက်သည်။

သူ၏ အသံမှာ အလွန်ပင် အိုမင်းရင့်ရော်နေ၏။

သူ၏ အကြည့်များမှာလည်း နောက်ကျိနေကာ လောကဓံကို ကြုံဖူးပြီးသား ပုံစံမျိုး ဖြစ်သည်။

သူသည် လူငယ်တစ်ဦးနှင့် လုံးဝမတူဘဲ ကောက်ကျစ်ရက်စက်သော အဖိုးကြီးမိစ္ဆာ တစ်ကောင်နှင့်သာ တူနေတော့သည်။

သူသည် အသက်ကို ပြင်းပြင်းရှူသွင်းကာ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်သော်လည်း နာကျည်းမှုများက ပြည့်လျှံနေဆဲပင်။

"ငါ့ရဲ့ စိတ်ဆန္ဒလမ်းစဉ် တပည့်တွေကို သတ်တယ်၊ ငါ့ရဲ့ ကျင့်စဉ်ကို ဖျက်ဆီးတယ်၊ ငါတို့ စိတ်ဆန္ဒလမ်းစဉ်ရဲ့ မျိုးဆက်နှစ်ဆက်စာ ကြိုးပမ်းအားထုတ်မှုတွေကို အချည်းနှီးဖြစ်အောင် လုပ်ခဲ့တယ် "

"မင်း ချစ်မြတ်နိုးရတဲ့သူတွေအားလုံးကို ငါ အကုန်သတ်ပစ်မယ် မင်း တန်ဖိုးထားတဲ့အရာအားလုံးကို ငါ အမှုန့်ခြေပစ်မယ် မင်းကို သေရမှာထက် ပိုဆိုးတဲ့ ငရဲဒုက္ခမျိုး ခံစားရအောင် ငါ လုပ်ပြမယ် "

ထိုလူသေဝတ်စုံဝတ် လူငယ်မှာ အမှန်တကယ်တော့ ပန်းချီလိပ်ထဲတွင် ပုန်းအောင်းကျင့်ကြံနေသော စိတ်ဆန္ဒလမ်းစဉ်၏ ဂိုဏ်းချုပ် ပိချန်းတာအိုဆရာ ပင် ဖြစ်သည်။

ယခုအခါတွင်မူ သူသည် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သဏ္ဌာန်အဖြစ် ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။

ထိုမျှမက သူ အလျင်အမြန် ပူးကပ်လိုက်သော ခန္ဓာကိုယ်မှာလည်း ကာမဂုဏ် လွန်ကျူးမှုကြောင့် သေဆုံးသွားသော ရောဂါသည် လူငယ်တစ်ဦး၏ ခန္ဓာကိုယ် ဖြစ်နေသည်။

သူသည် အသားစိုင်မိစ္ဆာမှာ ရှုံးနိမ့်တော့မည်ကို မြင်လိုက်ရသဖြင့် လီယန်ချူကို ရက်စက်စွာ တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားရန် ပြင်လိုက်တော့သည်။

စိတ်ဆန္ဒလမ်းစဉ်မှာ အကွက်ချစီစဉ်ခြင်းတွင် ကျွမ်းကျင်လှသဖြင့် အသွင်ပြောင်းအတတ်တွင် ကျွမ်းကျင်သော ချင်းဟွမ်ဂိုဏ်း ထက်ပင် ပိုမို ကိုင်တွယ်ရ ခက်ခဲသည်။

သူ၏ စိတ်ထဲတွင် ကလဲ့စားချေလိုစိတ်များ ပြည့်နှက်နေ၏။

ဒုတိယအဆင့်နှောင်းပိုင်းရှိ ယင်ဝိညာဉ် ပညာရှင်တစ်ဦး၏ အငြိုးအတေးကို ခံရခြင်းမှာ မည်သို့ရှိသည်ကို လီယန်ချူ သိစေရမည်ဟု သူ ကြုံးဝါးနေမိသည်။

"ဟင် "

"ငလူးတဲ့ "

ပိချန်းတာအိုဆရာမှာ မအောင့်နိုင်ဘဲ အာမေဍိတ်သံ ထွက်သွားရသည်။

အကွက်ချစီစဉ်ရာတွင် ကျွမ်းကျင်သော မြေခွေးအိုကြီးပင်လျှင် ယခုမြင်ကွင်းကြောင့် တုန်လှုပ်သွားရ၏။

သစ်ပင်နောက်တွင် ချောမောလှပသော အမျိုးသမီးတစ်ဦးက မတ်တတ်ရပ်နေခြင်းပင် သူမသည် အပြာရောင် အဝတ်အစားကို ဝတ်ဆင်ထားကာ ဆံပင်ကို ထုံးထားပြီး လက်ထဲတွင် ပုတီးစိပ်တစ်ကုံးကို ကိုင်ထားသည်။

သံသယဖြစ်စရာမလိုဘဲ သူမမှာ အလွန်ပင် ဆွဲဆောင်မှုရှိသော မိန်းမလှလေးတစ်ဦး ဖြစ်သည်။

သူမသည် ဝိုင်းစက်နေသော မျက်ဝန်းအစုံဖြင့် ပိချန်းတာအိုဆရာကို ကြောက်လန့်တကြား စိုက်ကြည့်နေ၏။

ပိချန်းတာအိုဆရာမှာ တကယ်ပင် ဒေါသထွက်သွားရသလို ထိတ်လန့်လည်း သွားရသည်။

"မင်းက ဘယ်သူလဲ "

သူက အေးစက်သော အသံဖြင့် မေးလိုက်သော်လည်း စိတ်ထဲတွင်မူ အနည်းငယ် ထိတ်လန့်နေမိသည်။

ခုနက သူ၏ ခွန်အားများမှာ ပြန်လည် မပြည့်ဝသေးပေ။

ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် တစ်ထပ်တည်းဖြစ်ကာ အဆင့်အတန်းအလျောက် ခွန်အားများကို ထုတ်ဖော်နိုင်ရန် အနည်းဆုံး သုံးစက္ကန့်ခန့် လိုအပ်နေသေးသည်။

ထိုအပြာရောင် အဝတ်အစားနှင့် အမျိုးသမီးလေးမှာ အလွန်အမင်း ထိတ်လန့်နေပုံရကာ စကားတစ်လုံးမှ မပြောပေ။

သူမသည် နီရဲသော နှုတ်ခမ်းလေးကို တင်းတင်းစေ့ထားကာ ပိချန်းတာအိုဆရာကို သတိကြီးစွာ စောင့်ကြည့်နေ၏။

အချိန်မှာ ကုန်ဆုံးသွားပြီ ဖြစ်သည်။

ပိချန်းတာအိုဆရာမှာ ထိုခန္ဓာကိုယ်ကို လုံးဝ ထိန်းချုပ်နိုင်သွားပြီဖြစ်ရာ သူ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော ဆန္ဒများ ပေါ်ထွက်လာတော့သည်။

အချိန်ဆွဲနေလျှင် အခြေအနေ ပြောင်းလဲသွားနိုင်သဖြင့် သူသည် ထိုမိန်းမကို သတ်ဖြတ်ကာ ဤနေရာမှ အမြန်ဆုံး ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။

သူ၏ ကျင့်စဉ်အဆင့်ဖြင့် ခုနက ထိုမိန်းမ ဤနေရာတွင် ရှိနေသည်ကို မသိလိုက်ရခြင်းမှာ ထူးဆန်းလှသည်ဟု သူ ခံစားရသည်။

သို့မဟုတ် သူမက အလွန်ပင် အားနည်းလွန်းနေ၍လား သူ၏ လက်ဝါးထဲတွင် ထူထပ်လှသော အမည်းရောင်အငွေ့များ ထွက်ပေါ်လာကာ သူမထံသို့ တိုက်ရိုက်ပင် ရိုက်ချလိုက်တော့သည်။

အမျိုးသမီးလေး၏ မျက်နှာပေါ်တွင် ကြောက်လန့်မှုများ ပိုမိုသိသာလာကာ သူမမှာ မအောင့်နိုင်ဘဲ နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိသည်။

ထိုစဉ် သူမ၏ ကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။

ဝိညာဉ်ကိုပင် ချုပ်ကိုင်နိုင်သော ထိုလက်ဝါးချက်မှာ အလွယ်တကူပင် ခုခံခြင်း ခံလိုက်ရသည်။

ပိချန်းတာအိုဆရာ မှင်သက်သွားရသည်။

ဒါက ဘယ်လို အတတ်မျိုးလဲ ဗုဒ္ဓအလင်းတန်း လား သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားကာ ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် အမျိုးသမီးလေး၏ အရှေ့သို့ ရောက်သွားတော့သည်။

သူသည် နောက်ထပ် လက်ဝါးတစ်ချက် ထပ်မံရိုက်ချလိုက်ပြန်၏။

ယခုတစ်ကြိမ်တွင်မူ သူ၏ လက်ဝါးထဲတွင် အမည်းရောင် အစီရင်စာလုံး တစ်ခု ပါရှိလာသည်။

ဝိညာဉ်ဖျက်ဆီးခြင်း

ဗုန်း

နောက်တစ်ခဏတွင်မူ ပိချန်းတာအိုဆရာမှာ ဒယိမ်းဒယိုင်ဖြစ်သွားကာ မြေပြင်ပေါ်သို့ အရှေ့ဘက်သို့ မှောက်ခုံ လဲကျသွားတော့သည်။

ဦးခေါင်းနောက်ဘက်မှ ပြင်းထန်သော နာကျင်မှုတစ်ခု ခံစားလိုက်ရကာ ခေါင်းတစ်ခုလုံး မူးနောက်သွားရသည်

ယွန်နျန်း မှာ ရင်ဘတ်ကို လက်ဖြင့်ဖိကာ တုန်တုန်ရင်ရင် ဖြစ်နေဆဲပင်။

သူမ၏ လက်ထဲတွင်မူ နတ်ဘုရားအလင်းတန်းများ တောက်ပနေသော ရွှေအမြုတေတစ်ခု ရှိနေသည်။

ကျားနဂါး ရွှေအမြုတေ

ပိချန်းတာအိုဆရာမှာ တံတောင်ဆီဖြင့် မြေကြီးကို အားပြုကာ... လူးလဲထလိုက်သည်။

သူ၏ မျက်နှာတွင် အံ့ဩမှုနှင့် ဒေါသတို့မှာ ရောယှက်နေသည် သူ၏ လက်နှစ်ဖက်မှာ လျင်မြန်စွာ အစီရင်လုပ်လိုက်ရာ သူ၏ ခြေထောက်အောက်တွင် သွေးရောင် ရှစ်ကွက်ဗေဒင် ပုံစံတစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာတော့သည်။

ဗုန်း

သွေးမြစ် ရှစ်ကွက်ဗေဒင် အစီရင် ကို မစုစည်းနိုင်ခင်မှာပင် ဦးခေါင်းနောက်ဘက်သို့ ပြင်းထန်သော ရိုက်ချက်တစ်ခု ထပ်မံ ကျရောက်လာပြန်သည်။

သူ၏ ခန္ဓာကိုယ်မှာ အရှေ့သို့ တစ်ဖန် ဒယိမ်းဒယိုင် ဖြစ်သွားရပြန်၏။

အလွန်ပြင်းထန်လှသော ရိုက်ချက်ဖြစ်သော်လည်း သေလောက်သည်အထိတော့ မဟုတ်ပေ။

သို့သော် ပိချန်းတာအိုဆရာအတွက်မူ ဤသည်မှာ အလွန်ပင် စော်ကားခံရခြင်း ဖြစ်သည်။

"မင်းလို မိစ္ဆာမက... တကယ်ပဲ..."

ဗုန်း

ဦးခေါင်းနောက်သို့ နောက်ထပ်တစ်ချက် ထပ်မံ အရိုက်ခံလိုက်ရပြန်သည်။

မျက်လုံးများ လန်သွားကာ မူးမေ့လဲကျတော့မတတ် ဖြစ်သွားရသည် သူ အားယူ၍ ကိုယ်ကို ထိန်းလိုက်သော်လည်း ယွန်နျန်း ၏ ပုံရိပ်မှာ သူ၏ ရှေ့မှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

သူ၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာ၏။

ဗုန်း

ထင်ထားသည့်အတိုင်းပင် နောက်ထပ် ထုသံတစ်ချက် ထွက်ပေါ်လာပြန်သည်။

ပိချန်းတာအိုဆရာ၏ မူလဝိညာဉ်မှာ ဝေဝေဝါးဝါး ဖြစ်သွားရတော့သည်။

ဤသည်မှာ ကျားနဂါးရွှေအမြုတေ ၏ ထူးခြားသော စွမ်းရည်ပင် ဖြစ်သည်။

သို့သော်လည်း ဤအရာကို ယွန်နျန်းက နည်းလမ်းသစ်တစ်ခု အနေဖြင့် အသုံးပြုနေပုံရသည်။

အသုံးပြုရသည်မှာ ခက်ခဲလှသော်လည်း တကယ်ပင် ထိရောက်လှပေသည်။

ယွန်နျန်း၏ ကိုယ်ဖျောက်အတတ်မှာ အလွန်လျင်မြန်လှသဖြင့်... သူမသည် အမြဲတမ်း ပိချန်းတာအိုဆရာ၏ အနောက်ဘက်သို့ ရောက်အောင် သွားနိုင်ကာ ဦးခေါင်းကို အားရပါးရ ထုနှက်နေတော့သည်။

ပိချန်းတာအိုဆရာ အလွန်ပင် ဒေါသထွက်သွားရပြီ သူသည် စိတ်အာရုံကို စုစည်းလိုက်ကာ... အမည်းရောင် အလင်းကာရံတစ်ခုဖြင့် မိမိကိုယ်ကို ပတ်ပတ်လည် ဝန်းရံလိုက်တော့သည်။

ခုနစ်ပါးနတ်ဆိုး ကာကွယ်ရေးအတတ်

သို့သော်လည်း ဖြူဝင်းလှသော လက်ကလေးတစ်ဖက်က ရွှေရောင်တောက်နေသော ကျားနဂါး အးရွှေအမြုတေ ကို ကိုင်စွဲကာ ထိုအမည်းရောင် အလင်းကာရံကို တိုက်ရိုက်ပင် ဖောက်ထွက်သွားပြီး... သူ၏ ဦးခေါင်းနောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ထပ်မံ ထုချလိုက်ပြန်တော့သည်။

ပိချန်းတာအိုဆရာမှာ ဤမိန်းမ၏ လှုပ်ရှားမှုမှာ ထိုမျှအထိ လျင်မြန်လိမ့်မည်ဟု မထင်ထားခဲ့ပေ

ဗုန်း

မျက်လုံးများ လန်သွားကာ... လုံးဝ မူးမေ့လဲကျသွားတော့သည်။

သူသည် ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာ ချလိုက်သည် ထိုလူသေဝတ်စုံဝတ် လူငယ် မြေပြင်ပေါ်သို့ လဲကျသွားသည့် တစ်ခဏမှာပင်... သူ၏ မူလဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ ရုန်းထွက်လာခဲ့တော့သည်။

ဒီအတွက် သူသည် ကြီးမားလှသော ပေးဆပ်မှုများကို ပြုလုပ်လိုက်ရ၏။

ငါးမျက်လုံးထဲ ပုလဲရောခြင်း (သေဟန်ဆောင်ခြင်း)၊ ကောင်းကင်ဘုံကို လှည့်စားခြင်း စသည့် အတတ်များဖြင့် သူသည် လူ့ပြည်သို့ ခဏတာ ပြန်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

သူ၏ လျှို့ဝှက်အတတ်မှာ သာမန် ဝိညာဉ်များ လူကို ပူးကပ်သကဲ့သို့ မဟုတ်ပေ။

ထိုသို့သာဆိုလျှင် ပထမအကြိမ် မိုးကြိုးပစ်ကတည်းက သူပါ တစ်ပါတည်း သေဆုံးသွားပေလိမ့်မည်။

ထိုလျှို့ဝှက်အတတ်မှာ သေခြင်းနှင့် ရှင်ခြင်း တရားများကို စုစည်းထားခြင်း ဖြစ်သော်လည်း ပေးဆပ်ရမှုက အလွန်ပင် ကြီးမားလှသည်။

ယခုကဲ့သို့ လောကနိယာမကို ဆန့်ကျင်ကာ ခန္ဓာကိုယ်ထဲမှ အတင်းအဓမ္မ ထပ်မံ ရုန်းထွက်လိုက်သဖြင့်... သူ၏ မူလဝိညာဉ်မှာ ပထမဆုံးအကြိမ် တန်ပြန်ဒဏ်ခတ်မှု ကို ခံလိုက်ရသည်။

နောက်တစ်ချက်မှာ... သူသည် မည်သည့် လူသားခန္ဓာကိုယ်ထဲသို့မျှ ထပ်မံ ပူးကပ်နိုင်တော့မည် မဟုတ်ပေ ဤသည်မှာ ပြန်ပြင်၍မရသော ပေးဆပ်မှုပင် ဖြစ်သည်။

"မင်းလို အရူးမ မင်းကို ငါ အရှင်လတ်လတ် အသားကို ဖဲ့စားမယ်၊ အရိုးကို ပြာဖြစ်အောင် လုပ်မယ်၊ မင်းရဲ့ ဝိညာဉ်ကိုလည်း သံသရာတစ်လျှောက် အမြဲတမ်း ဒုက္ခရောက်အောင် ငါ လုပ်ပစ်မယ် "

ပိချန်းတာအိုဆရာ၏ အသံမှာ အလွန်ပင် နာကျည်းမှုများ ပြည့်နှက်နေသည် ၎င်းမှာ ငရဲပြည် (၁၈) ထပ်၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသော အဆိုးဝါးဆုံးသော ကျိန်စာတစ်ခုနှင့်ပင် တူနေတော့သည်။

ယွန်နျန်း မှာမူ ခုနကကဲ့သို့ပင် ကြောက်ကြောက်လန့်လန့် ပုံစံမျိုး ဖြစ်နေဆဲပင်။

ခုနက လူကို အနောက်ကနေ ခိုးထုနေသော ပုံစံနှင့် လုံးဝကို ခြားနားလှသည်။

"ရှင်က မကောင်းမှုတွေ အများကြီး လုပ်ထားတာပဲ၊ ကျွန်မကြည့်ရသလောက်တော့ ရှင်ပဲ ငရဲ (၁၈) ထပ်ကို ဆင်းရမှာပါ"

"မဟုတ်သေးပါဘူး... ရှင်က ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နေတာဆိုတော့ အဝီစိငရဲ မှာပဲ ဒုက္ခခံရမှာနဲ့ တူတယ် "

ယွန်နျန်း က သူ့ကို စိုက်ကြည့်ရင်း သေချာစဉ်းစားကာ လေးလေးနက်နက် ပြောလိုက်သည်။

သူမ၏ လေသံမှာ ပြင်းထန်ခြင်း မရှိပေ။

တစ်ဖက်လူ ပြောနေသော စကားထဲမှ မှားယွင်းမှုများကို ဝိုင်းဝန်း ပြင်ဆင်ပေးနေသည့်အလား

"..." ပိချန်းတာအိုဆရာ

သူသည် ချက်ချင်းပင် လက်ခြောက်ဖက်ပါသော မဟာမိစ္ဆာနတ်ဘုရား အဖြစ်သို့ အသွင်ပြောင်းလိုက်တော့သည် ခန္ဓာကိုယ်မှာ ထွားကြိုင်းလှကာ တစ်ကိုယ်လုံးတွင် မိစ္ဆာမီးလျှံများ ဖုံးလွှမ်းနေ၏။

အကြည့်များမှာ အေးစက်နေကာ မာန်မာနများလည်း အလွန်ပင် ထောင်လွှားနေသည်။

"ငါ့ကိုတောင် စော်ကားရဲတယ်ပေါ့... မင်း ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ "

လက်ခြောက်ဖက်ပါ မဟာမိစ္ဆာနတ်ဘုရားက အေးစက်စွာ ပြောလိုက်သည်။

ပတ်ဝန်းကျင်တွင် မိစ္ဆာအငွေ့အသက်များ လှိုင်းထနေကာ သူ၏ အသံမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ ကျယ်လောင်လှသည်။

ယွန်နျန်း က ကျားနဂါးရွှေအမြုတေ ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကာ သူမ၏ ဖြူဝင်းလှသော မျက်နှာလေးမှာ အနည်းငယ် စိုးရိမ်နေပုံရသည်။

မဟာမိစ္ဆာနတ်ဘုရား၏ အကြည့်မှာ လျှပ်စီးတန်းကဲ့သို့ပင် သူသည် ယွန်နျန်း ကို သေချာစွာ စိုက်ကြည့်လိုက်သည်။

ထိုစဉ် သူ၏ အကြည့်များမှာ ရုတ်တရက် တုန်လှုပ်သွားရသည်

တည်ကြည်လေးနက်သော တာအိုဆရာ လူငယ်တစ်ဦးက ယွန်နျန်း၏ အရှေ့တွင် ကာကွယ်၍ ရပ်နေခြင်းပင်။

သူ၏ ညာလက်တွင် ဓားတစ်လက်ကို ကိုင်ထားကာ၊ ဘယ်လက်တွင်မူ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာခေါင်းပြတ်တစ်ခုကို ဆွဲကိုင်ထားသည်။

ဗုန်း

ထိုမိစ္ဆာခေါင်းပြတ်ကို သူက မြေပြင်ပေါ်သို့ အားရပါးရ ပစ်ချလိုက်သည်။

၎င်းမှာ အလောင်းပုပ်နံ့များ ပြင်းထန်လှသော ထိုအသားစိုင်မိစ္ဆာ၏ ခေါင်းပင် ဖြစ်သည်။

မဟာမိစ္ဆာနတ်ဘုရားမှာ အလွန်အမင်း ထိတ်လန့်သွားရသည်

"ခုနက ဘာပြောလိုက်တာလဲ... ငါ သေချာ မကြားလိုက်ရလို့ "

လီယန်ချူက မျက်မှောင်ကြုတ်ကာ လှောင်ပြုံး ပြုံးလိုက်သည်။

သူသည် အရှေ့မှ ဤမူလဝိညာဉ်၏ ပုံစံကို တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားနေရသည်။

မဟာမိစ္ဆာနတ်ဘုရားမှာ နှုတ်ဆိတ်သွားရတော့သည် တစ်နေရာလုံးမှာလည်း သေလူကဲ့သို့ ငြိမ်သက်သွားသည် ခုနကတင် ပညာရှင်ကြီးတစ်ဦးကဲ့သို့ မာန်တက်နေသော မဟာမိစ္ဆာကြီးမှာ ယခုအခါတွင်မူ အကြည့်များမှာ ဟိုဟိုဒီဒီ ရောက်နေတော့သည်။

"မိုးကြိုးငါးပါး သန့်စင်သော ယန်ဓာတ်၊ လောကကြီး၏ တရားဥပဒေအောက်မှာ... မင်းလို မိစ္ဆာတွေကများ ဒီလောက်တောင် စကားကြီးစကားကျယ် ပြောရဲတယ်ပေါ့ "

လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ပင် အရှိန်အဝါမှာ ကြီးမြတ်လှသဖြင့် မဟာမိစ္ဆာနတ်ဘုရားမှာ လီယန်ချူဆီမှ ထွက်ပေါ်လာသော အရာရာကို အမှုန့်ခြေပစ်နိုင်စသည့် အရှိန်အဝါကြောင့် ထိတ်လန့်သွားရတော့သည်။

သူသည် တိုက်ခိုက်ရန်ပင် မစဉ်းစားတော့ဘဲ တိုက်ရိုက်ပင် ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်

လီယန်ချူမှာ အသားစိုင်မိစ္ဆာကို သတ်ဖြတ်ပြီးခါစဖြစ်ရာ သူ၏ စိတ်ဓာတ်ခွန်အားမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

သူ၏ ယန်ဓာတ်ပြည့်ဝသော သွေးဓာတ်များမှာ အတိုင်းအထက်အလွန် ကြီးမားလှသည် သူ၏ နောက်ကွယ်တွင် နေမင်းကြီးကဲ့သို့ ထွန်းလင်းတောက်ပနေသော ကြီးမားသည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

သူသည် ထိုပုံရိပ်ယောင်ကြီးနှင့်အတူ တစ်ထပ်တည်း လှုပ်ရှားလိုက်ကာ... ဓားတစ်ချက်ကို အားကုန် ခုတ်ချလိုက်တော့သည်။

သူ၏ သတ်ဖြတ်လိုသော ဆန္ဒများအားလုံးကို ထိုဓားချက်ထဲတွင် ထည့်သွင်းထားခြင်းပင်။

သတ်ဖြတ်လိုသော အရှိန်အဝါမှာ ကောင်းကင်တိုင်အောင် ထိုးတက်နေသည်

လက်ခြောက်ဖက်ပါ မဟာမိစ္ဆာနတ်ဘုရား၏ မူလဝိညာဉ်ပုံရိပ်မှာ ထိုပြင်းထန်လှသော ဓားအရှိန်အဝါအောက်တွင် တိုက်ရိုက်ပင် အပိုင်းပိုင်းအစစ ကြေမွသွားရတော့သည်။

All Chapters