အခန်း (၃၁၇-၃၁၈)
Vol. 32 Ch. 317-318
အခန်း (၃၁၇) - ကုသိုလ်မှတ် တစ်သိန်း ၊ အစိမ်းရောင်အလင်းအပ်ငွေ ၊ နတ်ဘုရားသဲပွင့် ၊ ဝိညာဉ်ခေါ်ခေါင်းလောင်း ၊ နတ်ဘုရားအလား အရှိန်အဝါ
ဖေးယွန်းခရိုင်ကို ဘေးဒုက္ခပေးနေသော စိတ်ဆန္ဒလမ်းစဉ်သည် ထိုသင်္ချိုင်းဟောင်းရှိ ပန်းချီလိပ်အတွင်း၌ အစီအစဉ်ကြီးတစ်ခုကို လျှို့ဝှက်ကြံစည်နေခဲ့ကြခြင်း ဖြစ်သည်။
၎င်းတို့သည် ရှားပါးလှသော ကောင်းကင်ဘုံရတနာ လျိုရင်အသီး ကို အခကြေး အဖြစ်ပေးကာ ဖေးယွန်းခရိုင်ရှိ အပြင်လမ်းစဉ်မိစ္ဆာ ၂၄ ဂိုဏ်းကို ဖိတ်ခေါ်ခဲ့ကြသည်။
ခုနကတင် ထိုမိစ္ဆာများသည် လူလီကို အရှင်ဖမ်းဆီးရန်၊ ထူးခြားသောစွမ်းရည်ပိုင်ရှင် လူစစ်သေနာပတိချုပ်ကို တိုက်ရိုက်သတ်ဖြတ်ရန်နှင့် မကြာမီ ပေါ်ထွန်းလာတော့မည့် ချင်ယွဲ့ထန် နတ်ဘုရားနယ်မြေတွင် ကံထူးခွင့်ကို လုယူရန် ကြံစည်နေခဲ့ကြသော်လည်း ယခုအခါတွင်မူ အရာအားလုံးမှာ ရေပွက်ပမာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
စိတ်ဆန္ဒလမ်းစဉ်၏ အစောင့်အရှောက်များ၊ အပြင်လမ်းစဉ်မိစ္ဆာ ၂၄ ဂိုဏ်းသားများ အားလုံး အသက်ပျောက်ခဲ့ကြရပြီ သေဟန်ဆောင်၍ လူ့ပြည်ပြန်ရန် ကြိုးစားကာ ဝိညာဉ်မဲ့ အသားစိုင်မိစ္ဆာကို လျှို့ဝှက်မွေးမြူခဲ့သော စိတ်ဆန္ဒလမ်းစဉ်ဂိုဏ်းချုပ် ပိချန်းတာအိုဆရာသည်လည်း ပြာအဖြစ် ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။
ဤသည်မှာ မိစ္ဆာက တစ်ထွာ၊ တရားက တစ်လံ ဟု ဆိုရပေမည်။
"လောကနိယာမ သဘာဝအတိုင်း ညစ်ညမ်းသောအငွေ့အသက်များ ကင်းစင်ပါစေ... ရှစ်မျက်နှာအရပ်မှ နတ်မင်းများက ငါ၏ အမိန့်ကို နာခံကြလော့... မကောင်းဆိုးဝါးများ ပျောက်ကွယ်၍ တရားဓမ္မအရှိန်အဝါ ထာဝရတည်ပါစေ... အမြန်ဆုံး အကောင်အထည်ဖော်စေ "
လီယန်ချူသည် ပတ်ဝန်းကျင်သန့်စင်ဂါထာ ကို ရွတ်ဆိုပြီးနောက် သူ၏ ခန္ဓာကိုယ်ကို ဗဟိုပြု၍ သန့်စင်သော အငွေ့အသက်များ ပတ်ဝန်းကျင်သို့ ပြန့်လွင့်သွားတော့သည်။
အလောင်းပုပ်နံ့၊ မိစ္ဆာငွေ့၊ ဝိညာဉ်ငွေ့နှင့် မိစ္ဆာဓာတ်များအားလုံး ကင်းစင်သွားကြ၏။
သို့မဟုတ်ပါက ခုနက သတ်ဖြတ်လိုက်သော အသားစိုင်မိစ္ဆာနှင့် လက်ခြောက်ဖက်ပါ မဟာမိစ္ဆာနတ်ဘုရားတို့၏ ကျန်ရှိနေသော အငွေ့အသက်များကြောင့် မကောင်းသော အရာများ ထပ်မံပေါက်ဖွားလာနိုင်ပေသည်။
အကယ်၍ မိစ္ဆာတစ်ခုခုသာ နိုးထလာပါက လူဘယ်နှစ်ယောက်၏ အသက်ကို ရန်ရှာဦးမည်နည်း။
အရာအားလုံးကို စနစ်တကျ ရှင်းလင်းပြီးမှသာ သူသည် ခရီးဆက်ရန် ပြင်ဆင်တော့သည်။
တာအိုဆရာ ကျောက်ယိုဝေက လီယန်ချူနှင့်အတူ လိုက်ပါလိုကြောင်း ပြောကြားသဖြင့် လီယန်ချူသည် ခဏမျှ စဉ်းစားပြီးနောက် သူ့ကိုရော၊ ဝိညာဉ်ပူးကပ်ခံခဲ့ရသော စာဆိုတော် ချောင်ရှင်းကိုပါ ခေါ်ဆောင်လာခဲ့သည်။
ယွန်နျန်းမှာမူ ပြောစရာပင်မလို၊ ကျားနဂါးရွှေအမြုတေ ထဲသို့ တိုက်ရိုက်ပင် ပျံဝင်သွားတော့သည်။
မြည်းနက်ကြီးမှာမူ မည်သည့်ချောင်မှ ပြေးထွက်လာသည်မသိ၊ လေပြင်းတစ်ချက်ကဲ့သို့ အပြေးရောက်လာ၏။
"အမေ့ ဒီမြည်းက တကယ်ပဲ မိစ္ဆာဖြစ်နေတာလား"
ကျောက်ယိုဝေက အံ့ဩတကြီး ပြောလိုက်သည်။
လီယန်ချူကို ကြည့်သော သူ၏ အကြည့်များမှာ ပိုမို ကြည်ညိုလေးစားမှုများ ပြည့်နှက်လာ၏။
ကြည့်စမ်း... တကယ့် တာအိုပညာရှင်ကြီးတွေဆိုတာ ထူးဆန်းတဲ့ သတ္တဝါတွေ အမြဲခြံရံထားတတ်တာပဲ။
နောင်တစ်ချိန်တွင် မိမိကိုယ်တိုင်လည်း နွားအိုတစ်ကောင်လောက်ဖြစ်ဖြစ် စီးတော်ယာဉ်အဖြစ် ရှာဖွေရမည်ဟု သူ စိတ်ထဲတွင် တိတ်တဆိတ် စီစဉ်နေမိသည်။
လူတစ်စုမှာ အေးအေးလူလူ ခရီးဆက်လာခဲ့ကြရာ အရှေ့ဘက်ကောင်းကင်တွင် အလင်းရောင် သန်းလာချိန်၌ မြို့တစ်ခုသို့ ရောက်ရှိလာကြသည်။
ထိုနေရာမှာ တုန်းဟွာခရိုင် ဖြစ်ပြီး မြောက်ဘက်သို့ မိုင် ၂၀၀ ခန့် ဆက်သွားပါက ပေဖုန်းခရိုင် သို့ ရောက်ရှိမည် ဖြစ်သည်။
"ဘာ... လီတာအိုဆရာ က စစ်သေနာပတိချုပ်ရဲ့ သမီးကို သိတယ်ဟုတ်လား"
ကျောက်ယိုဝေသည် ထိုသတင်းကို ကြားလိုက်ရသောအခါ အလွန်ပင် ထိတ်လန့်အံ့ဩသွားရသည်။
သို့သော် ပြန်စဉ်းစားကြည့်လျှင်မူ ဤသည်မှာ သဘာဝကျလှသည်။
ဤမျှ ငယ်ရွယ်ပြီး နဂါးနှင့် ကျားကိုပင် နှိမ်နင်းနိုင်သော စွမ်းရည်ရှိသူကို ဖေးယွန်းခရိုင် စစ်သေနာပတိချုပ်ကပင် အထူးဧည့်သည်တော်အဖြစ် ဆက်ဆံပေလိမ့်မည်။
"မင်းက ရုံးချုပ်မှာ အလုပ်ဝင်ချင်တာလား"
လီယန်ချူက မေးလိုက်သည်။
ကျောက်ယိုဝေ မှင်သက်သွားရ၏။
" ဘယ်လိုသိတာလဲ"
"မင်းရဲ့ ကံကြမ္မာအငွေ့အသက်ထဲမှာ အစိုးရအရာရှိ ဖြစ်မယ့်လက္ခဏာ တွေ့ရတယ်... ပြီးတော့ မင်းက အန္တရာယ်ကြားထဲ အတင်းဝင်ပြီး စိတ်ဆန္ဒလမ်းစဉ်ရဲ့ သတင်းကို လိုက်တာဟာ မိစ္ဆာနှိမ်နင်းဖို့သက်သက် မဟုတ်ဘဲ အစိုးရကို အလုပ်အကျွေးပြုချင်လို့ ဆိုတာ သိသာပါတယ်"
လီယန်ချူက အေးအေးဆေးဆေး ပြောလိုက်သည်။
ထိုစဉ်က လူလီသည် စိတ်ဆန္ဒလမ်းစဉ်၏ သတင်းကို ကြားသည်နှင့် ကျင်းကွမ်းကျောင်းတော် မှ ဆရာတော်ကြီး၏ ဓာတ်တော် ကို သူ့အား အပ်နှံခဲ့ကာ ကိုယ်တိုင် သွားရောက်စုံစမ်းခဲ့သည်။
ထိုအကြောင်းအရာကို သူမ အလွန်တန်ဖိုးထားကြောင်း သိသာလှသည်။
ကျောက်ယိုဝေသည် ထိုသတင်းဖြင့် ရာထူးတစ်ခုကို ကြိုးစားယူလိုခြင်းမှာ ရဲရင့်သကဲ့သို့ စေ့စပ်သေချာလှသည်။
နောက်ဆုံးတွင် လီယန်ချူသည် ကျောက်ယိုဝေ၊ ချောင်ရှင်းတို့နှင့် တုန်းဟွာခရိုင်တွင် လမ်းခွဲကာ ဝေမြို သို့ ဦးတည်ခဲ့သည်။
တုန်းဟွာခရိုင်အတွင်း ကျောက်ယိုဝေ၏ စိတ်ထဲတွင် ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။
"ဒီကိစ္စနဲ့ဆိုရင်တော့ စစ်သေနာပတိချုပ်ရုံးမှာ ငါ့ကို အရေးတယူ လုပ်ကြတော့မှာ အသေအချာပဲ "
သူသည် သတင်းပို့ရန်အတွက် မစောင့်နိုင်တော့ဘဲ အပြေးထွက်သွားတော့သည်။
လီယန်ချူ၏ စိတ်ထဲတွင်လည်း ကြည်နူးနေမိသည်။
စိတ်ဆန္ဒလမ်းစဉ်မှ မိစ္ဆာများနှင့် အပြင်လမ်းစဉ် ၂၄ ဂိုဏ်းကို သတ်ဖြတ်ခြင်းဖြင့် စုစုပေါင်း ကုသိုလ်မှတ် ၁၀၃,၅၀၀ ရရှိခဲ့သည် ဤသည်မှာ သူ မိစ္ဆာနှိမ်နင်းလာသည့် တစ်လျှောက်လုံးတွင် အကြီးမားဆုံးသော ဆုလာဘ်ပင် ဖြစ်သည်။
သူ၏ စုစုပေါင်း ကုသိုလ်မှတ် မှာလည်း လေးသိန်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
"ငါနဲ့ မိစ္ဆာတွေဆိုတာ တစ်ကမ္ဘာတည်း အတူမနေနိုင်ဘူး "
လီယန်ချူက ဖြောင့်မတ်မှန်ကန်သော လေသံဖြင့် ရေရွတ်လိုက်သည်။
ကုသိုလ်မှတ် တွေကြောင့် မဟုတ်ပါဘူးနော်၊ တကယ်ပါ
နောက်ဆုံးတွင် လီယန်ချူသည် ဝေမြို့ သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ရင်းနှီးလှသော နေရာသို့ ရောက်သည်နှင့် သူ၏ စိတ်မှာ ချက်ချင်းပင် ပေါ့ပါးသွားရသည်။
သူသည် ပထမဆုံးအဖြစ် ထိုက်ဖင်တည်းခိုခန်း သို့ သွားခဲ့ရာ ဆိုင်အလုပ်သမားက လှိုက်လှိုက်လှဲလှဲ ကြိုဆိုသည်။
မေးမြန်းကြည့်မှ ဆိုင်ရှင်မမှာ တည်းခိုခန်းတွင် မရှိဘဲ ချင်းယီကျောင်းတော်သို့ အမွှေးတိုင် သွားထွန်းနေကြောင်း သိရသည်။
လီယန်ချူအတွက် ဆုတောင်းပေးရန် သွားခြင်းဖြစ်သည်ဟု ဆိုသည်။
လီယန်ချူ မှင်သက်သွားရပြီးနောက် ပြုံးလိုက်မိသည်။
ဘာမှထပ်မပြောဘဲ သူ၏ တာအိုကျောင်းတော်သို့သာ ပြန်ခဲ့တော့သည်။
ယခုတစ်ခေါက်တွင် သူသည် ကုသိုလ်မှတ် တစ်သိန်းသာမက မိစ္ဆာများထံမှ လက်နက် သုံးခုကိုလည်း ရရှိခဲ့သည်။
အခြားသော မိစ္ဆာလက်နက်များဖြစ်သည့် လူရေခွံမျက်နှာဖုံး၊ ရှေးဟောင်းပန်းကန်လုံး၊ ခုနစ်ပါးနတ်ဆိုး ခေါင်းတိုင်နှင့် ဝံပုလွေစွယ် စသည်တို့ကိုမူ လီယန်ချူက ဖျက်ဆီးပစ်လိုက်သည် မိစ္ဆာများ၏ အလောင်းများနှင့်အတူ သိုင်းသမား၏ ယန်မီးလျှံ ဖြင့် တိုက်ရိုက်ပင် အကုန်ရှို့ပစ်လိုက်ခြင်း ဖြစ်သည်။
ကျန်ရှိသော လက်နက်သုံးခုမှာ ဝိညာဉ်ခေါ်ခေါင်းလောင်း တစ်ခု၊ ၄ လက်မ ၅ လက်မခန့် ရှည်သော အစိမ်းရောင်အလင်းအပ်ငွေ တစ်ခုနှင့် နတ်ဘုရားသဲပွင့် တစ်အိတ်တို့ ဖြစ်ကြသည်။
ဝိညာဉ်ခေါ်ခေါင်းလောင်းမှာ တာအိုကျင့်စဉ်တွင် အသုံးများသော လက်နက်ဖြစ်ပြီး ဝိညာဉ်ကို ဆွဲဆောင်ခြင်း၊ သိမ်းဆည်းခြင်း စွမ်းရည်ရှိသည်။
ထိုခေါင်းလောင်းမှာ အရည်အသွေး အလွန်မြင့်မားကာ တာအိုတန်ခိုးများ ပြည့်နှက်နေ၏။
ဝိညာဉ်နှိမ်နင်းသော တာအိုဆရာတစ်ဦး၏ လက်နက်ဖြစ်ပုံရသော်လည်း လီယန်ချူမှာ ၎င်းကို ကျားမိစ္ဆာတစ်ကောင်ထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။
အစိမ်းရောင်အလင်းအပ်ငွေမှာ တစ်ဖက်လူ၏ တန်ခိုးများကို ဖောက်ထွက်နိုင်စွမ်းရှိပြီး လူကို မသိမသာ သတ်ဖြတ်နိုင်သည့် ဂုဏ်သတ္တိရှိသည်။
နောက်ဆုံးဖြစ်သော နတ်ဘုရားသဲပွင့်အိတ်မှာ လီယန်ချူ အကြိုက်ဆုံးပင်။
၎င်းမှာ သန့်စင်သော ယန်ရတနာ ဖြစ်ကာ စုစုပေါင်း ၃၆၀ ပွင့် ရှိသည်။
မြေစောင့်နတ် ဟူကျင်းပေါင် ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သော်လည်း ၎င်းအပေါ်တွင် ပြင်းထန်သော တားမြစ်ချက် များ ရှိနေသဖြင့် ဟူကျင်းပေါင်မှာ ကျင့်ကြံအသုံးပြုရန် အချိန်မရလိုက်ဘဲ လီယန်ချူ၏ လက်ထဲသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
အဓိကမှာ သူ၏ လက်မှာ အလွန်ပင် လျင်မြန်လှခြင်းကြောင့်ပင် ဓားအလင်းနှင့် မီးလျှံများ တပြိုင်တည်း ထွက်ပေါ်လာချိန်တွင် ထိုမိစ္ဆာများမှာ သူတို့၏ လက်နက်များကို အသုံးမပြုနိုင်ခင်မှာပင် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
သို့သော် ထိုဆုလာဘ်များမှတစ်ဆင့် လီယန်ချူသည် အမှန်တရားတစ်ခုကို သိမြင်လိုက်ရသည်။
"နောင်ဆိုရင် မိစ္ဆာလေးတွေကိုလည်း လျှော့မတွက်သင့်ဘူး... သူတို့ဆီမှာလည်း ကောင်းတာလေးတွေ ပါနိုင်တာပဲ"
မိစ္ဆာကြီးများမှာမူ များသောအားဖြင့် မိစ္ဆာငွေ့များ ဖုံးလွှမ်းနေသော လက်နက်များကိုသာ အသုံးပြုတတ်သဖြင့် ကျင့်ကြံသူ၏ စိတ်ဓာတ်ကို ညစ်နွမ်းစေနိုင်သည်။
ထို့ကြောင့် မတတ်သာမှသာ အသုံးပြုသင့်သည်။
နတ်ဆရာကြီးမှာ ကျောင်းတော်တွင် မရှိပေ။
တည်းခိုခန်း အလုပ်သမား ပြောကြားချက်အရ ရွာထဲသို့ နာရေးကိစ္စအတွက် သွားရောက်ပေးနေခြင်း ဖြစ်သည်ဟု သိရသည်။
ညနေစောင်းမှသာ သူ ပြန်ရောက်လာသည်။
သူသည် အစားအသောက်များကို ဝဝလင်လင် စားလာပုံရကာ မျက်နှာမှာလည်း နီမြန်းပြီး အလွန်ပင် ပျော်ရွှင်နေပုံရသည်။
ရွာသူရွာသားများ၏ အိမ်တွင် စားသောက်ကာ၊ လက်ဆောင်များလည်း ယူလာတတ်သော ထိုကျန်းတာအိုဆရာသည် ချန်နိုင်ငံ တာအိုနယ်မြေ၏ အထွတ်အထိပ် လုံဟူရှန်းတောင် မှ နတ်ဘုရားအလား ဆရာကြီး ဖြစ်သည်ဟု မည်သူမျှ ယုံကြည်နိုင်မည် မဟုတ်ပေ။
သူ၏ ဂုဏ်ဒြပ်မှာ နယ်စားပယ်စား မင်းစိုးရာဇာများပင် ယှဉ်နိုင်သည် မဟုတ်ပါလား။
ပြောရလျှင် ထူးဆန်းလှသည်။
နတ်ဆရာကြီးသည် ယခင်က လောကအနှံ့ လှည့်လည်ကာ နတ်ဆိုးများကို နှိမ်နင်းနေချိန် သို့မဟုတ် ချိကဲဘက်ဂိုဏ်း မှ ကောင်းကင်ဘုရင် သုံးပါးကို ဆဲဆိုနေချိန်တွင် သူ၌ မည်သည့် ပညာရှင် အရှိန်အဝါမျှ ရှိမနေခဲ့ပေ။
စက္ကူထီးအဝါရောင်ကို ဆောင်းကာ အလွန်ပင် ရိုးရှင်းလှသည်။
ယခုအခါတွင်မူ နေ့စဉ် ကျေးလက်အရပ်၌ သရဲနှိမ်နင်း၊ နာရေး၊ မင်္ဂလာဆောင်များ လိုက်လုပ်ပေးနေသော သာမန် တာအိုဆရာတစ်ဦး၏ လှုပ်ရှားမှုမျိုး ပြုလုပ်နေသော်လည်း... သူ၏ အရှိန်အဝါမှာမူ ပိုမို၍ နတ်ဘုရားအလား ဖြစ်လာကာ လောကီအညစ်အကြေး ကင်းစင်နေသည့်အလား ခံစားရသည်။
လီယန်ချူ မြင်လိုက်ရသောအခါ အံ့ဩသွားရသည်။
နတ်ဘုရားတစ်ပါး လူ့ပြည်ဆင်းလာသည်ဟုပင် ထင်မှတ်လိုက်မိ၏။
သေချာကြည့်လိုက်မှ သူ၏ ဆရာဦးလေး ဖြစ်နေသည်။
လက်ထဲတွင် ကြက်ကင်တစ်ကောင်နှင့် အရက်တစ်ပုလင်း ဆွဲလာကာ၊ ပုခုံးပေါ်တွင် တာအိုအိတ် ကို လွယ်ထားသည်။
ထိုကဲ့သို့ ဝတ်စားဆင်ယင်ထားသည့်တိုင် သူ၏ နတ်ဘုရားဆန်သော အရှိန်အဝါကို ဖုံးကွယ်ထား၍ မရပေ။
လီယန်ချူ ရယ်လိုက်မိသည် လုံဟူရှန်းတောင်က နတ်ဆရာကြီး လုပ်နေစဉ်က အစွန်းကုန် ရိုးရှင်းနေခဲ့ပြီး အခုလို ကျေးလက် တာအိုဆရာ လုပ်နေချိန်မှာတော့ နတ်ဘုရားအငွေ့အသက်တွေက လျှံထွက်နေသည်။
ထိုဆရာဦးလေး မှာ တကယ်ပင် ထူးခြားလှသော လူတစ်ဦးပါတကား
နှစ်ယောက်သား ပြန်လည်ဆုံတွေ့ရသဖြင့် နတ်ဆရာကြီးလည်း အလွန်ပင် ပျော်ရွှင်သွားသည်။
သူတို့နှစ်ဦးသည် ဆီဦးထုပ်နှင့် ကြက်ကင်၊ မြေပဲဆားလှော်၊ အရက်ဟောင်းတစ်ပုလင်းနှင့်အတူ ထိုင်သောက်ကြတော့သည်။
ဆရာကြီး၏ ဗိုက်ကိုမူ တကယ်ပင် ချီးကျူးရမည်။
သူသည် အလှူအိမ်မှ စားသောက်လာပြီးကာစ မဟုတ်ပါလား။
ဝိုင်းအတွင်းတွင် နတ်ဆရာကြီးသည် လီယန်ချူ၏ မကြာသေးမီက အတွေ့အကြုံများကို နားထောင်ပြီးနောက် မျက်လုံးများ ပြူးသွားရသည်။
ကျင်းကွမ်းကျောင်းတော်မှ နဂါးဆိုးကြီး ထွက်ပြေးသွားခြင်း၊ ချင်းဟွမ်ဂိုဏ်း အကြွင်းအကျန်များ ကျောင်းတော်ထဲ ခိုးဝင်ခြင်း၊ စိတ်ဆန္ဒလမ်းစဉ်က အပြင်လမ်းစဉ် ၂၄ ဂိုဏ်းကို စုစည်းကာ အစီအစဉ်ကြီး လုပ်ဆောင်ခြင်းနှင့် ပိချန်းမိစ္ဆာဆရာ၏ ဝိညာဉ်မဲ့ အသားစိုင်မိစ္ဆာအကြောင်း... ၎င်းတို့အားလုံးမှာ လီယန်ချူ၏ လက်ချက်ဖြင့် ဇာတ်သိမ်းသွားခဲ့ရခြင်းပင်။
"မြေပဲလေး စားပါဦး... အရက်ချည်းပဲ သောက်မနေနဲ့"
နတ်ဆရာကြီးက မူးမူးရူးရူးနှင့် ပြောလိုက်တော့သည်။
အခန်း (၃၁၈) - နတ်ဘုရားနယ်မြေ၏ လျှို့ဝှက်ချက် ၊ ဂန်းကျာမိုးကြိုးအပ် ၊ လေဇယ်နတ်ဘုရားသဲပွင့် နှင့် မီးနတ်မင်းကြီး
လီယန်ချူ၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် တုန်ခါသွားရသည်။
ဆရာဦးလေးက သူ့ကို ကြွားလုံးထုတ်နေသည်ဟု ထင်နေခြင်းလား နတ်ဆရာကြီးမှာမူ အရက်တစ်ခွက်ကို မော့ချလိုက်ပြီးနောက်
"ဇိ... ဇိ..."
"မင်းက မင်းရဲ့ဆရာလို ကြွားရတာ ဝါသနာမပါလို့သာပေါ့... မဟုတ်ရင်တော့ မင်း ငါ့ကို လာနောက်နေတယ်လို့ပဲ ငါထင်မိမှာ"
နတ်ဆရာကြီးက ရယ်မောရင်း ပြောလိုက်သည်။
"ဆရာဦးလေးက ကောင်းကင်လျှို့ဝှက်ချက်တွေကို တွက်ချက်ရာမှာ ကျွမ်းကျင်တာပဲ... ကြိုပြီးတော့ မသိထားဘူးလား"
လီယန်ချူက သိချင်စိတ်ဖြင့် မေးလိုက်၏။
"မင်းက ဒီအဘိုးကြီးကို နတ်ဘုရားများ မှတ်နေသလား... ပြီးတော့ လောကကြီးမှာ ဖြစ်ပျက်သမျှကို အကုန်ကြိုတွက်နေရင်လည်း နေရတာ ပျင်းစရာကြီး ဖြစ်မှာပေါ့"
နတ်ဆရာကြီးက ရယ်မောကာ ဆူပူလိုက်သည်။
လီယန်ချူ မှင်သက်သွားပြီးနောက် မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာ၏။
"ဆရာဦးလေးရဲ့ ကျင့်စဉ်အဆင့်က တကယ်ကို မြင့်မားတာပဲ... လူ့ပြည်က နတ်ဘုရားတစ်ပါး အတိုင်းပါပဲ "
နှစ်ဦးသားမှာ ရယ်ရယ်မောမောနှင့် စကားဆိုနေကြရာ ပတ်ဝန်းကျင်အခြေအနေမှာလည်း အလွန်ပင် ရင်းနှီးနွေးထွေးလှသည်။
နတ်ဆရာကြီးက လီယန်ချူ ရရှိလာသော ရတနာများကို ကြည့်ကာ အံ့ဩသွားရပြန်သည်။
"လျိုရင်အသီး၊ မြောက်ပိုင်းကြယ်ခုနစ်ပွင့် မက်မွန်သားဓား၊ ဂန်းကျာမိုးကြိုးအပ် ၊ လေဇယ်နတ်ဘုရားသဲပွင့် ..."
နတ်ဆရာကြီးက လီယန်ချူကို ထူးဆန်းသော အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး
"ငါ ငယ်ငယ်က လောကအနှံ့ လှည့်လည်တုန်းကတောင် မင်းလောက် ကံမကောင်းခဲ့ဘူး"
"ဒါပေမဲ့ ထူးဆန်းတယ်... မင်းက ကံကြမ္မာအလွန်ကောင်းတဲ့သူ မျိုး မဟုတ်ဘဲ ဇာတာအရမ်းမာတဲ့သူ မျိုးပဲ... ဘယ်လိုဖြစ်လို့ ဒီလောက် ကံထူးခွင့်တွေ များနေရတာလဲ ဒါ ဟို ချင်းချန်တောင် က တာအိုပုတီးစိပ် နဲ့ ဆုတောင်းထားလို့လား"
နတ်ဆရာကြီးက တစ်ဦးတည်း ရေရွတ်နေမိသည်။
"အိမ်မှာ လူကြီးတစ်ယောက်ရှိတာ ရတနာတစ်ခုရှိတာနဲ့ တူတယ်ဆိုတာ ဒါမျိုးကို ပြောတာပဲ"
လီယန်ချူက စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးနေမိသည်။
သူ ရရှိလာသော လက်နက်များမှာ တကယ်ပင် နာမည်ကျော် ရတနာများ ဖြစ်ပုံရသည်။
မဟုတ်လျှင် ဆရာဦးလေး ဤမျှ အံ့ဩမည် မဟုတ်ပေ။
"ဒါက ဂိမ်းထဲမှာ အကောင်သေးသေးလေး သတ်ပြီး အဆင့်မြင့်လက်နက် ရလိုက်သလိုမျိုးပဲလား "
သူသည် ချက်ချင်းပင် ပြုံးပျော်သွားတော့သည်။
နတ်ဆရာကြီးမှာ အနည်းငယ် စိတ်လှုပ်ရှားနေပုံရကာ
"ဒီတစ်ခါ ချင်ယွဲ့ထန် နတ်ဘုရားနယ်မြေ ပွင့်လာရင် မင်း သေချာပေါက် သွားရမယ်... မင်းရဲ့ ကံကြမ္မာက အခုလို တောက်ပနေတဲ့အချိန်မှာ အဲဒီကနေ ကံထူးခွင့်ကြီးကြီးမားမား ရနိုင်တယ် "
"ဆရာဦးလေး... အဲဒီနယ်မြေက ထောင်ချောက်ကြီးတစ်ခုနဲ့ တူတယ်... ပြီးခဲ့တဲ့ အခေါက် ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေတုန်းကလည်း မိစ္ဆာတွေကြောင့် ပျက်စီးသွားပြီး ကျင့်ကြံသူတွေ ဘယ်လောက်တောင် သေကုန်ကြသလဲ... ကျွန်တော်ကတော့ ကျောင်းတော်မှာပဲ အေးအေးဆေးဆေး ကျင့်ကြံတာ ပိုကောင်းမယ် ထင်တယ်"
လီယန်ချူက သတိကြီးစွာ ပြောလိုက်သည်။
"ငါ သိသလောက်တော့ ချင်ယွဲ့ထန် နတ်ဘုရားနယ်မြေက အတော်လေး ပြည့်ပြည့်စုံစုံ ကျန်နေသေးတဲ့ နေရာပဲ... သူ့ရဲ့ အဆင့်က နောက်နားမှာ ဆိုပေမဲ့ မိစ္ဆာတွေ ကျူးကျော်တာမျိုး မရှိခဲ့ဘူး"
"အဲဒီထဲမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအင် တွေက အရမ်းကြွယ်ဝတယ်... ကျင့်ကြံသူတွေအတွက်တော့ အလွန်ကောင်းတဲ့ နေရာပဲ"
နတ်ဆရာကြီးက ရှင်းပြသည်။
"ဟင် "
ယခုတစ်ကြိမ်တွင်မူ လီယန်ချူက မျက်လုံးပြူးသွားရသူ ဖြစ်သည်။
"ဆရာဦးလေးက ဒီချင်ယွဲ့ထန် အကြောင်းကို အတော်လေး သိနေသလိုပဲနော် "
"ဟုတ်တယ်... ငါ ငယ်ငယ်က အဲဒီကို ရောက်ဖူးတယ်... အဲဒီတုန်းကတည်းက နတ်ဘုရားတွေရဲ့ အရိပ်အယောင် မရှိတော့ပေမဲ့ ဝိညာဉ်စွမ်းအင်တွေကတော့ ပြည့်နှက်နေတုန်းပဲ... ကောင်းမွန်တဲ့ လျှို့ဝှက်နယ်မြေတစ်ခုလို့ ဆိုနိုင်တယ်"
နတ်ဆရာကြီးက အေးအေးဆေးဆေး ပြောလိုက်သော်လည်း လီယန်ချူကမူ ဆရာဦးလေး၏ အရှိန်အဝါမှာ တစ်ချက်တည်းနှင့် လောကကြီးကို လွှမ်းမိုးသွားသလို ခံစားလိုက်ရသည်။
ထို့ပြင် လီယန်ချူ၏ စိတ်ထဲတွင်လည်း အံ့ဩသွားရသည်။
ဒါဆို နတ်ဘုရားနယ်မြေတွေ ပွင့်တာက ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူးလား
ဒုတိယအကြိမ် ပြန်ပွင့်တာလား
သူက စိတ်ထဲရှိသော သံသယကို မေးလိုက်သည်။
"နတ်ဘုရားနယ်မြေ ဆိုတာ လောကကြီးရဲ့ လျှို့ဝှက်ချက်တွေပဲ... အနည်းဆုံးတော့ မြေပြင်နတ်ဘုရား တစ်ပါးရဲ့ စိတ်ဝိညာဉ်အရှိန်အဝါကနေ ဖြစ်တည်လာတာ... အဲဒီထဲမှာ နတ်ဘုရားတွေရဲ့ အမွေအနှစ်တွေတင်မကဘဲ ဝိညာဉ်စွမ်းအင်တွေလည်း အများကြီး ရှိတယ်"
"နယ်မြေတစ်ခုချင်းစီရဲ့ ပွင့်ပုံချင်းကတော့ မတူကြဘူး... ဂူကျောင်း ၃၆ ခု ( နဲ့ အဆင့်မြင့် နတ်ဘုရားနယ်မြေတွေဆိုရင် ကံပါတဲ့သူကို အတင်းအဓမ္မ ဆွဲခေါ်သွားတာမျိုးတောင် ရှိတတ်တယ်... ရှောင်လွှဲလို့ မရဘူး"
"လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ တုန်းကလည်း နတ်ဘုရားနယ်မြေတွေ တစ်ခါ ပွင့်ဖူးတယ်... အဲဒီတုန်းက ဂူကျောင်း ၃ ခုနဲ့ နတ်ဘုရားနယ်မြေ ၆ ခု ပွင့်ခဲ့တာ... ချန်နိုင်ငံတင်မကဘဲ နယ်စပ်က ဟူလူမျိုးတွေ၊ အနောက်ဘက်ဒေသ နိုင်ငံတွေနဲ့ ပင်လယ်ရပ်ခြား ကျွန်းစုတွေက လူတွေပါ ဝင်ခဲ့ကြတယ်..."
"အဲဒီတုန်းက ပြိုင်ဆိုင်မှုက အရမ်းပြင်းထန်ခဲ့တာ... နတ်ဘုရားနယ်မြေ ၂ ခုက မိစ္ဆာတွေကြောင့် ပျက်စီးသွားပေမဲ့ ကျန်တဲ့ ၇ ခုကတော့ ကျင့်ကြံသူတွေအတွက် အလွန်ကောင်းတဲ့ နေရာတွေ ဖြစ်ခဲ့တယ်"
"ချင်ယွဲ့ထန်ကို အဲဒီတုန်းက ငါ ဝင်ခဲ့တာ... ဒါကြောင့် အဲဒီထဲမှာ မိစ္ဆာတွေ မရှိဘူးလို့ ငါ အသေအချာ ပြောနိုင်တာပေါ့"
"ဒီနတ်ဘုရားနယ်မြေတွေရဲ့ အကြောင်းကို ဂိုဏ်းကြီးတွေ၊ အစိုးရနဲ့ နိုင်ငံအသီးသီးက လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားကြတယ်... ဒါကြောင့် လောကထဲမှာ ပျံ့နေတဲ့ သတင်းတွေက အမှန်တစ်ဝက်၊ အမှားတစ်ဝက် ဖြစ်နေတာပေါ့"
နတ်ဆရာကြီးသည် ယခုတစ်ခါတွင်မူ စကားကို လျှို့ဝှက်မနေတော့ဘဲ သူသိသမျှ နတ်ဘုရားနယ်မြေ၏ အကြောင်းများကို လီယန်ချူအား ရှင်းပြနေတော့သည်။
"အဲဒီ မိစ္ဆာတွေက ဘယ်ကနေ ရောက်လာတာလဲ ဘာလို့ နတ်ဘုရားနယ်မြေတွေကိုတောင် ဖျက်ဆီးနိုင်ရတာလဲ"
လီယန်ချူက သူ အစိုးရိမ်ဆုံး မေးခွန်းကို မေးလိုက်သည်။
"ဒါကိုတော့ ငါလည်း သေချာမသိဘူး... ဒါပေမဲ့ အဲဒီမိစ္ဆာတွေက နတ်ဘုရားတွေ ချန်ထားခဲ့တဲ့ နည်းလမ်းတွေနဲ့ ချုပ်နှောင်ခံထားရပုံရတယ်..."
"အဲဒီတုန်းက ပိုင်ရှန်းရှန်း နတ်ဘုရားနယ်မြေထဲမှာ ဧရာမ လက်ပြတ်ကြီး တစ်ဖက်ကို ပိတ်လှောင်ထားတာ ငါမြင်ခဲ့တယ်... အဲတာက တောင်တစ်လုံးနီးပါး ကြီးမားတာ... ဒါပေမဲ့ ဘယ်လောက်ပဲ ရုန်းကန်နေပါစေ လွတ်မလာနိုင်ခဲ့ဘူး"
နတ်ဆရာကြီး၏ မျက်ဝန်းများမှာ အတိတ်ကို ပြန်လည်အောက်မေ့နေပုံရကာ ထိုဧရာမလက်ပြတ်ကြီး၏ ကြောက်မက်ဖွယ် မိစ္ဆာအရှိန်အဝါကို ပြန်မြင်ယောင်နေသည့်အလား...
သူက ဆက်ပြောသည်
"ဒီနတ်ဘုရားနယ်မြေတွေအကြောင်းကို ကျင့်ကြံခြင်းလောကကလည်း အခုမှ စမ်းတဝါးဝါး လေ့လာနေကြတုန်းပဲ... အများကြီးကိုတော့ မင်းတို့ လူငယ်မျိုးဆက်တွေကပဲ ဆက်ပြီး ရှာဖွေရလိမ့်မယ်"
"နတ်ဘုရားနယ်မြေတွေထဲကို တတိယအဆင့် ယန်ဝိညာဉ် ပညာရှင်တွေ ဝင်လို့မရဘူး... အဆင့်မြင့်နယ်မြေတွေမှာတော့ ရချင်ရမှာပေါ့ .. လောကမှာ ယန်ဝိညာဉ် ပညာရှင်ဆိုတာ လက်ချိုးရေလို့ ရပါတယ်... မင်းရဲ့ စွမ်းအားနဲ့ဆိုရင် ဒုတိယအဆင့်မှာ ပြိုင်ဘက်ရှားတယ်... ဒါကြောင့် ချင်ယွဲ့ထန်ကို မင်း သေချာပေါက် သွားသင့်တယ် "
နတ်ဆရာကြီးက လေးလေးနက်နက် ပြောလိုက်သည်။
"ဒါပေမဲ့ ကံထူးခွင့်ဆိုတာ စွမ်းအားကြီးတိုင်း ရတာ မဟုတ်ဘူး... တချို့ အမွေအနှစ်တွေက လူအပေါ် မူတည်တယ်"
"ဥပမာ ချင်ယွဲ့ထန် နတ်ဘုရားနယ်မြေထဲမှာ အလွန်စွမ်းထက်တဲ့ နတ်ဘုရားအမွေအနှစ် တစ်ခုရှိတယ်... အဲဒါက တောင်ပိုင်း မီးနတ်မင်းကြီး နဲ့ သက်ဆိုင်တယ်လို့ ဆိုကြတယ်"
"အဲဒီတုန်းကတော့ ဘယ်သူမှ မရခဲ့ဘူး... ဒီတစ်ခါ မင်းသွားရင် အဲဒီအမွေအနှစ်သာ ပေါ်လာရင် မင်းမှာ ယှဉ်ပြိုင်ခွင့် ရှိတယ်... တကယ်လို့ မရရင်တောင်မှ အဲဒီက ဝိညာဉ်စွမ်းအင်ကို သုံးပြီး ကျင့်ကြံလို့ ရတာပေါ့"
တောင်ပိုင်း မီးနတ်မင်းကြီး ဟုတ်လား
လီယန်ချူ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။
နားထောင်ရုံနှင့်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှသည်။
အလွန်ပင် စွမ်းအားကြီးမည့် ပုံစံမျိုး...
"ဆရာဦးလေး... အခုလို ပြောပြတော့ ကျွန်တော်လည်း သွားကြည့်ချင်စိတ် ပေါက်လာပြီ"
လီယန်ချူက ဆိုသည်။
နတ်ဆရာကြီးက မကျေမနပ်နှင့်
"ဒါက နတ်ဘုရားနယ်မြေကွ တခြားလူတွေဆို ခေါင်းချင်းရိုက်ပြီး လုဝင်ချင်နေကြတဲ့ နေရာမျိုးကို... မင်းကတော့ အခုမှ ဇဝေဇဝါ ဖြစ်နေသေးတယ်"
လီယန်ချူက ရယ်ရယ်မောမောနှင့် ဘာမှ ပြန်မပြောတော့ပေ။
"ဒါပေမဲ့ မင်းသွားရင်တော့ လူအချို့ကို သတိထားရမယ်"
နတ်ဆရာကြီးက အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်။
"ဟင် ဘယ်သူတွေလဲ "
လီယန်ချူက အံ့ဩသွားသည်။
"ချင်းယွဲ့ထန် အမွေအနှစ်က မီးနတ်မင်းကြီးနဲ့ ဆိုင်တော့ မော်ရှန်း က ချီလုံတာအိုဆရာ က သူ့တပည့်တွေကို သေချာပေါက် လွှတ်လိမ့်မယ်..."
"သူ့တပည့်တွေထဲမှာ တန်းရန်ကျီ ဆိုတဲ့ တစ်ယောက်ရှိတယ်... သူက မွေးရာပါ မီးဓာတ်ပိုင်ရှင်ဖြစ်ပြီး မီးတောင်ဝမှာ အမြဲ ကျင့်ကြံနေတာ"
"ပြီးတော့ မီးနတ်ဂိုဏ်း က ပါရမီရှင် ရွှီဟုန်ယွမ် လည်း ရှိသေးတယ်... သူတို့က မီးနတ်မင်းကြီးကို ဂိုဏ်းရဲ့ ဘိုးဘေးအဖြစ် သတ်မှတ်ထားကြတာဆိုတော့ ဒီတစ်ခါ အမွေအနှစ် ပေါ်လာရင် သူတို့ သေချာပေါက် အမိအရ လုကြမှာပဲ "
လီယန်ချူသည် ထိုအမည်နှစ်ခုကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။
ဤကဲ့သို့ ပြိုင်ဆိုင်မှု ပြင်းထန်သော ခေတ်ကာလတွင် ပါရမီရှင်များစွာ ပေါ်ထွက်လာတတ်သည်။
မိမိတွင် ကံထူးခွင့်ရှိသလို အခြားလူများတွင်လည်း ရှိနိုင်သည် မဟုတ်ပါလား။
ဆရာကြီးသည် ချန်နိုင်ငံ ကျင့်ကြံခြင်းလောက၏ အကြောင်းများကို တစ်ခုမကျန် ပြောပြနေတော့သည်။
ဆရာကြီး ငယ်စဉ်က လုံဟူရှန်းတောင်၏ မျိုးဆက်သစ်များထဲတွင်သာမက တစ်လောကလုံးရှိ လူငယ်များထဲတွင်ပါ ထိပ်ဆုံးမှ ဦးဆောင်ခဲ့သူ ဖြစ်သည် မဟုတ်ပါလား။
အသက်ကြီးလာသည့်တိုင်အောင် သူသည် အစွမ်းထက်နေဆဲပင်။
ကျင့်စဉ်အဆင့် နိမ့်ကျသွားပြီးနောက်မှသာ လောကအလယ်မှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။
လီယန်ချူသည် အခြားသော ပါရမီရှင်များ၏ အမည်များကိုလည်း မှတ်သားလိုက်သည်။
ဥပမာ နယ်စပ်မှ ဟူလူမျိုး ပါရမီရှင် မုယုံလုံချန်း နှင့် အနောက်ဘက် ဒေသ နှင်းတောင်ကြီးမှ ကျင့်ကြံသူ ဘုန်းတော်ကြီး လော့ကျူ တို့ ဖြစ်ကြသည်။
လီယန်ချူသည် နောက်ထပ် ရက်အနည်းငယ်ကြာအောင် အာရုံစိုက် ကျင့်ကြံနေခဲ့ပြီးနောက်... နောက်ဆုံးတွင် ချင်ယွဲ့ထန် နတ်ဘုရားနယ်မြေ ပွင့်မည့်အချိန်သို့ ရောက်ရှိလာခဲ့သည်။
လောကကြီးတွင် ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။
ချင်ယွဲ့ကျောက်ပြားဖြင့် ပြုလုပ်ထားသော မုခ်ဦးကြီးတစ်ခုက မြေပြင်ကို ထိုးဖောက်ကာ တဖြည်းဖြည်း မြင့်တက်လာတော့သည်။
ရောင်ခြည်တော် တစ်သောင်း ဖြာထွက်နေ၏
ချင်ယွဲ့ထန် နတ်ဘုရားနယ်မြေ... ပွင့်လေပြီ