← Chapters

အခန်း (၁၃၁၁-၁၃၁၂)

Vol. 132 Ch. 1311-1312

အခန်း (၁၃၁၁-၁၃၁၂)

Vol. 132 Ch. 1311-1312

အခန်း (၁၃၁၁) - တစ်ခုတည်းသော နည်းလမ်း

ဝမ်ချွမ်းမြစ် ထက်တွင် ဖန့်ချန်သည် ရေပြင်ပေါ်၌ ပက်လက်လှန် လောနေသည်။

သူသည် ရေထဲသို့ နစ်မြုပ်သွားခြင်း မရှိသလို၊ မြစ်ထဲရှိ မြွေ ၊ ပိုးမွှား သတ္တဝါများကလည်း သူ့ကို လာရောက် နှောင့်ယှက်ခြင်း မပြုကြချေ။

မြစ်ရေပြင်မှာ သေနေသော ရေကန်တစ်ခုကဲ့သို့ ငြိမ်သက်နေပြီး သူသည်လည်း ထိုသေရေပြင်ပေါ်တွင် မျောပါနေသည့် ဆွေးမြည့်နေသော သစ်တုံးတစ်တုံးနှယ် မလှုပ်မယှက် ရှိနေသည်။

သူ၏ စိတ်အာရုံထဲ၌ ပိတ်ဆို့ထားသော မှတ်ဉာဏ်တစ်ခု ပွင့်သွားခဲ့သည်မှာ သုံးလရှိပြီ ဖြစ်သည်။

ဖန့်ချန်သည် ထိုကိစ္စကို တတ်နိုင်သမျှ မတွေးမိအောင် ထိန်းချုပ်ထားပြီး ရှေ့ဆက်ရမည့် တာအိုပေါင်းစပ်ခြင်း ကိုသာ အာရုံစိုက်ရန် ကြံရွယ်ထားသည်။

သို့သော်လည်း စိတ်အာရုံက ထိုကိစ္စဆီသို့ မရမက ဦးတည်သွားနေပြန်သည်။

သူ တွေးနေမိသည်မှာ... အကယ်၍ ရှေးယခင် ယင်လောက စစ်ရှုံးချိန်ကတည်းက ဤလောက၌ သံသရာ ဆိုသည့် စနစ် မရှိတော့လျှင်၊ အချိန်တိုင်း စူးစူးဝါးဝါး အော်ဟစ်ကာ မွေးဖွားလာကြသည့် ကလေးငယ်များမှာ အဘယ်နည်း

သူ၏ ညီမလေး၊ သူ၏ မိဘများ၊ ဦးလေးများ၊ ဒေါ်လေးများမှာကော အဘယ်နည်း

ရှကျီ ကကော အဘယ်နည်း

နတ်မိမယ်ယွီ ကကော အဘယ်နည်း

တစ်နေ့တွင် သူသည် ထိြအကြောင်းကို ပီထုနှင့် ဆွေးနွေးရန် ကြိုးစားခဲ့သော်လည်း စကားလုံးများ နှုတ်ဖျားသို့ ရောက်လာချိန်၌ ဖော်ပြမတတ်သော ရင်တုန်ပန်းတုန် ခံစားချက်ကို ခံစားလိုက်ရသည်။

၎င်းမှာ တစ်စုံတစ်ဦးက ဟိုးအဝေးတစ်နေရာမှ သူ့ကို စိုက်ကြည့်နေသကဲ့သို့ပင်။

အကယ်၍ ထိုစကားသာ နှုတ်မှ ထွက်သွားပါက သူ မခံစားနိုင်လောက်သည့် ကြောက်မက်ဖွယ်ရာ ဖိနှိပ်မှုများ ကျရောက်လာပြီး မှတ်ဉာဏ်များလည်း ပြန်လည် ပိတ်ဆို့ခံရနိုင်သည်ဟု ခံစားရသည်။

ထို့ကြောင့် ယနေ့အထိ သူသည် ထိုကိစ္စကို ရင်ထဲ၌သာ မြှုပ်နှံထားပြီး မည်သူ့ကိုမျှ ဖွင့်ဟမပြောနိုင်ဘဲ ရှိနေသည်။

သဲလွန်စများစွာမှာ ဤမှတ်ဉာဏ်တံဆိပ် ပွင့်သွားပြီးနောက် ပြန်လည် ဆက်စပ်သွားပုံရသည်။

ဖန့်အဘိုးနှင့် ဆရာယွင်ဟယ်တို့က လူ ဆိုသည်မှာ အရေးကြီးကြောင်း သိကြသည်။

ပီထု ဆရာတူအစ်ကိုကလည်း လူ ဆိုသည်မှာ အရေးကြီးကြောင်း သိသည်။

ထိုအချက်က ပြနေသည်မှာ သူတို့ခေတ်တွင် စစ်ရှုံးခဲ့သော်လည်း ရန်သူ၏ ရည်ရွယ်ချက်ကို သူတို့ ရိပ်မိခဲ့ကြခြင်း ဖြစ်သည်။

အသေးစိတ်အချက်အလက်များကို မေ့သွားကြသော်လည်း ဤအရေးကြီးသည့် အချက်ကိုမူ မှတ်မိနေကြဆဲ ဖြစ်သည်။

သူတို့၏ ရန်သူများသည် အလွန်အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။

ကြီးမားသော ပဟေဠိ နည်းပညာ ကဲ့သို့ပင် လူသားအားလုံး၏ ဤကိစ္စနှင့် ပတ်သက်သည့် အသိဉာဏ် ကို ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ မှတ်ဉာဏ်ကို ပိတ်ဆို့ရုံသာမကဘဲ အသိဉာဏ်ကိုပါ ပိတ်ဆို့ထားခြင်းဖြစ်ရာ မည်မျှ ကြောက်စရာကောင်းလိုက်သနည်း။

“သူတို့က ဒီအဆင့်ထိ လုပ်နိုင်ခဲ့ပြီး အချိန်တွေကလည်း ဒီလောက်ကြာသွားပြီဆိုရင် လူ့လောက ကိုးခုက အင်အားကြီး ပုဂ္ဂိုလ်တွေဟာ သူတို့လူတွေ ဖြစ်နေဖို့ များတယ်။ ဒါပေမဲ့...”

“သူတို့က ဘာလို့ အခုထိ လူလုံးမပြသေးတာလဲ ဒီကိစ္စမှာ တစ်စုံတစ်ရာ အမှားအယွင်း ရှိနေလို့လား ”

ဖန့်ချန်၏ စိတ်ကူးထဲ၌ တစ်စုံတစ်ခုကို ဖမ်းဆွဲမိသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ အတွေးလမ်းကြောင်းမှာ မှန်ကန်နေပြီဟု သူ ခံစားရသည်။

“ဟုတ်တယ်၊ မူလက ငါတွေးထားသလိုသာ အဲဒီနည်းလမ်းနဲ့ လူ့လောက ကိုးခုကို သိမ်းပိုက်ဖို့ဆိုရင် သူတို့ အောင်မြင်နေတာ ကြာပြီ။ ဖူထူလောက ဒါမှမဟုတ် ယင်လောကငယ် ဟာလည်း သူတို့ရဲ့ စနစ်သစ်နဲ့ ပြန်လည် တည်ဆောက်ပြီးသား ဖြစ်နေရမယ်။ လူ့လောက ကိုးခုဟာလည်း ဒီနေ့ခေတ်နဲ့ လုံးဝ ခြားနားနေရမယ် ”

“ဒါပေမဲ့ သူတို့ မအောင်မြင်ခဲ့ဘူး။ ဒါမှမဟုတ် တစ်ခုခု လိုအပ်နေသေးလို့ပဲ။ ဒါကြောင့် ငါတို့မှာ အနိုင်ရဖို့ အခွင့်အရေး ရှိနေသေးတာပဲ ”

ဖန့်ချန်၏ စိတ်အစဉ်မှာ ရုတ်တရက် ကြည်လင်သွားပြီး လပေါင်းများစွာ ပိတ်လှောင်နေသော စိတ်ညစ်ညူးမှုများလည်း လွင့်စင်သွားသည်။

သူ အဖြေရှာမိသွားပြီ။

အကယ်၍ ယခု လူ့လောက ကိုးခုရှိ လူအားလုံးမှာ သူတို့လူတွေ ဖြစ်နေပါလျက်၊ ထိုလူများမှာ ယခင်အတိုင်းပင် ပုံမှန် နေထိုင်နေကြပြီး မည်သည့် ထူးခြားမှုမျှ မပြသကြခြင်းမှာ ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိသည်။

၎င်းမှာ မှတ်ဉာဏ် ပင် ဖြစ်သည်။

“သူတို့က ယင်လောက သံသရာစီရင်ရေးဌာနရဲ့ သံသရာမှန်ချပ် ကို လုယူသွားပြီး သူတို့လူတွေကို လူ့လောက ကိုးခုနဲ့ နတ်ဘုရားလောကထဲကို အဆက်မပြတ် ပို့လွှတ်နေတာ ဖြစ်နိုင်တယ် ”

“ဒါပေမဲ့... လူဝင်စားတဲ့အခါ အတိတ်ဘဝ မှတ်ဉာဏ်တွေက အလိုအလျောက် ပျောက်ကွယ်သွားရတယ်။ ဆိုလိုတာက အဓိက အချက်က ဒီမှာပဲ။ သူတို့ ပို့လိုက်တဲ့သူတွေဟာ အတိတ်ဘဝ မှတ်ဉာဏ်ကို ပြန်မရကြဘူး ဒါကြောင့် သူတို့ဟာ ဘက်ပေါင်းစုံမှာ သာမန်လူတွေနဲ့ မခြားနားနေတာပဲ"

“တကယ်လို့ ဒီယူဆချက်သာ မှန်ခဲ့ရင် သူတို့ လိုအပ်နေတာက သော့ တစ်ချပ်ပဲ။ သန္ဓေသားဘဝရဲ့ ဝေဝါးမှုကို ဖြတ်ကျော်ပြီး မှတ်ဉာဏ်တွေကို ပြန်ပွင့်စေမယ့် သော့တစ်ချပ်ပဲ။ အဲဒီသော့သာ ပေါ်လာရင် တစ်ခဏအတွင်းမှာပဲ လူ့လောက ကိုးခုဟာ သူတို့ရဲ့ လက်ထဲကို တိုက်ပွဲဝင်စရာ မလိုဘဲ ကျရောက်သွားလိမ့်မယ်...”

ဖန့်ချန်သည် ရေပြင်ပေါ်တွင် မတ်မတ်ထိုင်ကာ တင်ပလ္လင်ခွေလိုက်ပြီး အတွေးများကို ဆက်လက် နယ်ချဲ့နေသည်။

“သူတို့က နတ်ဘုရားလောကကိုရော၊ ယင်လောကကိုရော တိုက်ခိုက်ပြီး ဒီလောက်အထိ ကြီးမားတဲ့ အကြံအစည်ကြီး ချထားတာပဲ။ ဒီလောက် သိသာတဲ့ အမှားအယွင်းမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”

“ပီထု ဆရာတူအစ်ကိုလို နတ်ဘုရား အရှင်သခင်မျိုးတောင် လူဝင်စားပြီးရင် အတိတ်မှတ်ဉာဏ်ကို ပြန်ရဖို့ နည်းလမ်းရှိတာပဲ။ အဲဒီ ရန်သူတွေဟာ နတ်ဘုရား အရှင်သခင်တွေထက် အဆပေါင်း ထောင်ချီ၊ သောင်းချီ ပိုအစွမ်းထက်မှာပဲ။ သူတို့မှာ ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်း မရှိဘဲ နေပါ့မလား ”

“တစ်စုံတစ်ယောက်က ဒါကို တားဆီးထားတာလားအဘိုးတို့လို ထူးခြားသူ တွေက တားဆီးထားတာလား ”

ရှုပ်ထွေးနေသော သဲလွန်စများမှာ ဖန့်ချန်၏ ဦးနှောက်ထဲတွင် တဖြည်းဖြည်း ရှင်းလင်းလာသည်။

သူသည် ထူးခြားသူ များ၏ ထူးခြားချက်တစ်ခုကို သတိရလိုက်သည် ၎င်းမှာ တခါတရံ မှတ်ဉာဏ်များ ပျောက်ဆုံးနေတတ်ခြင်း ဖြစ်သည်။

ထိုထူးခြားချက်မှာ ဘေးထွက်ဆိုးကျိုးတစ်ခုကဲ့သို့ပင်။

“ထူးခြားသူတွေက ယန်ဝိညာဉ်လမ်းစဉ် ကို လျှောက်လှမ်းတာပဲ။ ဒီလောက် သိသာတဲ့ ချို့ယွင်းချက် ရှိနေစရာ အကြောင်းမရှိဘူး။ တကယ်လို့ ဒီလို ချို့ယွင်းချက်မျိုးသာ ရှိနေရင် ဘယ်သူက ဒီလမ်းကို လျှောက်မလဲ ”

“ရန်သူတွေက လူအားလုံးရဲ့ အသိဉာဏ်ကို ပိတ်ဆို့နိုင်တဲ့ နည်းပညာ သုံးနိုင်ရင် ၊ လူ့လောက ကိုးခုရဲ့ အတိတ်က ထိပ်တန်း အင်အားကြီး ပုဂ္ဂိုလ်တွေကလည်း ရန်သူ့အကြံကို သိပြီးရင် တန်ပြန်ဖို့ နည်းလမ်း ရှိမှာပဲ ”

“သူတို့ကလည်း အလားတူ နည်းလမ်းမျိုးကို သုံးပြီး ရန်သူတွေရဲ့ မှတ်ဉာဏ်ထဲကို တံဆိပ်တစ်ခု ခတ်လိုက်တာမျိုး ဖြစ်နိုင်မလား ဒါကြောင့် သူတို့ဟာ သန္ဓေသားဘဝရဲ့ မှတ်ဉာဏ်ပိတ်ဆို့မှုကို မဖြေရှင်းနိုင်ဘဲ လူ့လောက ကိုးခုကို အပြီးတိုင် မသိမ်းပိုက်နိုင် ဖြစ်နေတာလား ”

“အကယ်၍ ဒီလိုနည်းလမ်းမျိုး သုံးခဲ့လို့ပဲ ထူးခြားသူတွေမှာ သူငယ်ပြန်သလိုမျိုး မှတ်ဉာဏ်ချို့ယွင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာရတာလား...”

“ဆရာယွင်ဟယ် က အရင်က တပည့်တွေ အများကြီး မွေးခဲ့ဖူးတယ်... ချင်းမု ဆရာတူအစ်ကို၊ လီဝူဝမ့်၊ အားလုံးက သူနဲ့ ထိတွေ့ခဲ့ကြတယ်။ ငါအပါအဝင် သူနဲ့ ထိတွေ့ခဲ့တဲ့ လူတွေဟာ...သန့်ရှင်း တဲ့ သူတွေ ဖြစ်ဖို့ များတယ် ”

“အဘိုးက ထူးခြားသူ ဖြစ်နေတော့ တချို့အရာတွေကို မေ့နေရင်တောင်၊ အဖေနဲ့အမေတို့ဟာ သန့်ရှင်းတဲ့သူတွေ ဖြစ်နိုင်တယ်။ ရှီလုံ ကလည်း ဟိုးအရင်ကတည်းက သေပြီး ဖူထူလောကမှာ နှစ်ပေါင်းများစွာ နေခဲ့တာဆိုတော့ သူလည်း သန့်ရှင်းနိုင်တယ် ”

“ဒါပေမဲ့ ယန်ဟောက်ရန်တို့၊ ချန်လင်တိန်တို့ကျတော့... သိပ်မသန့်ရှင်းတာမျိုး ဖြစ်နိုင်တယ်။ ဒါပေမဲ့ အခုတော့ သူတို့က ယင်လောက တရားဝင်နတ်ဘုရား လမ်းစဉ်ကို လျှောက်နေကြပြီ။ သူတို့ရဲ့ အသက်ရှင်ခြင်း၊ သေခြင်းက ငါ့ရဲ့ စိတ်အာရုံ တစ်ခုတည်းပေါ်မှာပဲ ရှိတာ။ မှတ်ဉာဏ်တွေ ပြန်ရလာရင်တောင် ငါ့ကို ဆန့်ကျင်ဖို့ မဖြစ်နိုင်တော့ဘူး ”

“မှတ်ဉာဏ်... သန္ဓေသားဘဝရဲ့ ဝေဝါးမှု...”

ဖန့်ချန်သည် ရုတ်တရက် ဝမ်ချွမ်းမြစ်ထဲမှ ထွက်ခွာကာ လူ့လောကသို့ တိုက်ရိုက် ပြန်သွားလိုက်သည်။

ထို့နောက် နယ်နိမိတ်ဘူးသီး ကို ထုတ်ကာ အထဲမှ နတ်မိမယ်ယွီကို လွှတ်ပေးလိုက်သည်။

နတ်မိမယ်ယွီသည် ပျင်းရိစွာဖြင့် အညောင်းဆန့်လိုက်ပြီး ဖန့်ချန်ကို ကြည့်ကာ

“သခင်လေး... ကျွန်မကို လွမ်းလို့လား ”

ဖန့်ချန်က စဉ်းစားဟန်ဖြင့်

“မင်းကို တစ်ခု မေးချင်လို့ ”

“ဒီလောက် တည်တည်တံ့တံ့နဲ့ဆိုတော့... ပြောပါဦး၊ ဘာကိစ္စလဲ”

နတ်မိမယ်ယွီက ပြုံးစစဖြင့် မေးသည်။

“မင်းက ဘယ်တုန်းကမှ မပြောင်းလဲခဲ့ဘူး မဟုတ်လား မင်းရဲ့ အတိတ်ဘဝ မှတ်ဉာဏ်က ဒီဘဝ မှတ်ဉာဏ်နဲ့ ပေါင်းစပ်သွားပြီး အတိတ်ဘဝက အသာစီး ရသွားတာပဲ ”

ဖန့်ချန်က ဆက်ပြောသည်

“ဒါကြောင့် အရေခွံဆုပ်ခွာခြင်းအတတ် က မင်းအပေါ်မှာ မသက်ရောက်တာပဲ။ ဘာလို့လဲဆိုတော့ မင်းက ဘယ်တုန်းကမှ မပြောင်းလဲခဲ့လို့ပဲ။ မင်းက ရှောင်ယွီ ဖြစ်နေတုန်းပဲ၊ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ မင်းက တစ်ခြား တည်ရှိမှုတစ်ခုလည်း ဖြစ်နေတယ် ”

နတ်မိမယ်ယွီ၏ မျက်နှာပေါ်မှ အပြုံးမှာ ရုတ်တရက် တောင့်တင်းသွားသည်။

သူမသည် စိုးရိမ်စိတ်ကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားသော်လည်း ဖန့်ချန်ကမူ ရိပ်မိလိုက်သည်။

“သခင်လေး... ဘာတွေ ပြောနေတာလဲ၊ ကျွန်မ နားမလည်ဘူး။ တကယ်လို့ ကျွန်မက ဘယ်တုန်းကမှ မပြောင်းလဲခဲ့ဘူးလို့ သခင်လေး ထင်နေရင် ကျွန်မကို လွှတ်ပေးသင့်တာပေါ့ ”

နတ်မိမယ်ယွီက ပြုံး၍ ပြောသည်။

“ဝမ်ချုံးစန်းနဲ့ မင်းက တစ်နေရာတည်းက လာတာလား ဒါပေမဲ့ တချို့အချက်တွေက စဉ်းစားလို့ မရသေးဘူး။ မင်းတို့လာတဲ့ နေရာက ဘယ်လိုမျိုးလဲဆိုတာ ပြောပြလို့ ရမလား လူ့လောက ကိုးခုနဲ့ တူသလား ဒါမှမဟုတ် လုံးဝ ကွဲပြားနေတာလား ”

ဖန့်ချန်က သူ့ဘာသာသူ ရေရွတ်နေသည်။

နတ်မိမယ်ယွီ၏ မျက်နှာမှာ ပျက်သွားသည်။

“ဘာမှ ဆက်မပြောပါနဲ့တော့။ တကယ်လို့ ကျွန်မကို မလွှတ်ပေးဘူးဆိုရင်လည်း အဲဒီ ဘူးသီးထဲကိုပဲ ပြန်ထည့်လိုက်ပါတော့ ”

နောက်တစ်ခဏတွင် သူမ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး ဖန့်ချန်၏ ရင်ခွင်ထဲသို့ ခုခံနိုင်စွမ်း မရှိဘဲ ရောက်ရှိသွားသည်။

“မူလက ပြောင်းပြန်မသေမျိုး မိစ္ဆာသန္ဓေသား ဆိုတာ နည်းလမ်းတစ်ခုပဲလို့ ငါ ထင်ခဲ့တာ။ နည်းလမ်းတစ်ခု ဖြစ်ရင်တော့ ဖြေရှင်းမယ့် နည်းလမ်းလည်း ရှိမှာပဲပေါ့ ”

“ဒါပေမဲ့ ငါ မှားသွားခဲ့တယ် ”

ဖန့်ချန်၏ နက်ရှိုင်းသော အသံကို ကြားလိုက်ရချိန်တွင် နတ်မိမယ်ယွီ၏ ရင်ထဲ၌ မကောင်းသော အငွေ့အသက်များ လွှမ်းမိုးသွားသည်။

“ရှင် ဘာလုပ်မလို့...”

စကားမဆုံးခင်မှာပင် သူမသည် ဖန့်ချန်ကို ကြောင်စီစီဖြင့် စိုက်ကြည့်နေမိသည်။

သူမ၏ ရုပ်ခန္ဓာမှာ ပြိုကွဲပျက်စီးသွားပြီး သူမသည် ကျင့်ကြံခြင်း စွမ်းအားအားလုံး ဆုံးရှုံးသွားကာ လွင့်မျောနေသော ဝိညာဉ်တစ်ခု ဖြစ်သွားခဲ့သည်။

“ဒါက ပြောင်းပြန်မသေမျိုး မိစ္ဆာသန္ဓေသား ကို ဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ ”

ဖန့်ချန်သည် နတ်မိမယ်ယွီကို ကြည့်ကာ ပြောလိုက်သည်။

အခန်း (၁၃၁၂) - ဝမ်ချွမ်းမြစ်နှင့် တာအိုပေါင်းစပ်ခြင်း

ဖူထူလောက၊ ကျန်းကွမ်မြို့။

နတ်မိမယ်ယွီသည် မာနထောင်လွှားသော အမူအရာဖြင့် မယ်တော်စီ ၏ ရှေ့တွင် ရပ်နေသည်။

“ရှောင်ယွီလေး... နောက်ဆိုရင် ငါ့နောက်ပဲ လိုက်ခဲ့တော့။ ဒီဖူထူလောကက လူ့လောကလောက် မသာယာဘူးလို့ ထင်ရပေမဲ့ တကယ်တမ်းတော့ ဒီက ပျော်စရာတွေက လူ့လောက ကိုးခုထက် မနည်းပါဘူးကွယ်”

မယ်တော်စီသည် သူမ၏ မင်္ဂလာဆောင် ခေါင်းမြှီးခြုံနီကို မစတင်ကာ နတ်မိမယ်ယွီကို ပြုံးရွှင်စွာ ကြည့်လိုက်သည်။

နတ်မိမယ်ယွီက နှာခေါင်းတစ်ချက် ရှုံ့လိုက်သော်လည်း ဘာမှ ပြန်မပြောပေ။

သူမသည် ဖန့်ချန်ဘက်သို့ လှည့်ကြည့်ကာ

“သခင်လေး... ဒါက ရှင်ပြောတဲ့ နည်းလမ်းလား ဒီလိုလုပ်လိုက်ရုံနဲ့ ကျွန်မ အရင်လို ပြန်ဖြစ်သွားမယ်လို့ ရှင်ထင်နေတာလား ”

“ဒါပေါ့... မဖြစ်နိုင်ဘူးလေ”

ဖန့်ချန်က ဆိုသည်။

နတ်မိမယ်ယွီ ခဏမျှ ကြောင်အသွားပြီးနောက် ဒေါသတကြီး အော်ဟစ်တော့သည်

“ဒါဆိုရင် ဘာလို့ ကျွန်မကို သတ်ပြီး ယင်လောက တရားဝင်နတ်ဘုရားဝိညာဉ် အဖြစ် ပြောင်းလဲပစ်ရတာလဲ ”

“မင်းမှာ အတိတ်ဘဝနဲ့ ဒီဘဝ ဆိုပြီး မှတ်ဉာဏ်နှစ်ခု ရှိတယ်။ မင်းရဲ့ အတိတ်ဘဝက ဘယ်သူပဲဖြစ်ဖြစ်၊ ဒီဘဝမှာတော့ မင်းဟာ မဟာရှ မှာ ကြီးပြင်းလာတဲ့ နတ်မိမယ်ယွီပဲ။ ဒါကို ကြည့်ရင် မင်းဟာ အခုတော့ ပြည့်စုံတဲ့ ဖြစ်တည်မှုတစ်ခု ဖြစ်နေပြီ။ မင်းဟာ မင်းပဲ။ အရင်လို ပြန်ပြောင်းလို့ ရမရဆိုတာ ငါ ဂရုမစိုက်တော့ဘူး။ ရှောင်ယွီ တကယ်တမ်း ပျောက်ကွယ်မသွားဘူးဆိုတာ သိရရင်ပဲ ငါ့အတွက် လုံလောက်ပြီ”

ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။

နတ်မိမယ်ယွီက လှောင်ပြောင်သော လေသံဖြင့်

“ရှောင်ယွီ မသေသေးဘူးလို့ ရှင့်ကို ဘယ်သူပြောလဲ သခင်လေး... ရှင်က သိပ်အတ္တကြီးတာပဲ။ ရှောင်ယွီက သေသွားပြီ၊ အပြီးတိုင် သေသွားတာ။ ကျွန်မနာမည်က ကုဆောင် လို့ ခေါ်တယ် ”

“ဒါဆို မင်းက ဘာလို့ ငါ့ကို သခင်လေး လို့ ခေါ်နေသေးတာလဲ ”

ဖန့်ချန်က ပြန်မေးလိုက်သည်။

နတ်မိမယ်ယွီမှာ ပြောစရာ စကားမဲ့သွားကာ ထစ်ငေါ့သွားတော့သည်။

ဖန့်ချန်သည် မယ်တော်စီကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်

“သူ့ကို သေချာ စောင့်ကြည့်ပေးထားဦး ”

“သခင်လေး စိတ်ချပါ”

မယ်တော်စီက အသာအယာ ခေါင်းညိတ် ဂါရဝပြုသည်။

သာမန် ဝိညာဉ်တစ်ခုမှ ပြောင်းလဲလာသော ယင်လောက နတ်ဘုရားလေး တစ်ပါး၏ ကျင့်ကြံခြင်းမှာ ပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့ အလွန်အားနည်းလှသည်။

မယ်တော်စီကဲ့သို့သော အဆင့် (၁) နတ်ဘုရားဝိညာဥ် တစ်ပါးက အနီးကပ် စောင့်ကြည့်နေပါက မည်သည့် အမှားအယွင်းမျှ ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။

ဖန့်ချန် ထွက်ခွာတော့မည်ကို မြင်သောအခါ နတ်မိမယ်ယွီမှာ စိတ်ပူသွားကာ ရုတ်တရက် လှမ်းပြောလိုက်သည်

“ရှင် ဝမ်ချုံးစန်းရဲ့ ကိစ္စတွေကို မသိချင်တော့ဘူးလား ပြောင်းပြန်မသေမျိုး မိစ္ဆာသန္ဓေသားအကြောင်းတွေကိုရော မသိချင်ဘူးလား ”

“မင်းက ငါ့ကို ပြောပြမှာ မဟုတ်ပါဘူး၊ ငါ့ကို တမင် လိမ်ညာဦးမှာပဲ။ ဒီကိစ္စရဲ့ အနှစ်သာရကို ငါ သိထားပြီးပြီ။ အသေးစိတ် အချက်အလက်တွေကိုတော့ နောက်မှ ဝမ်ချုံးစန်းကို တွေ့တဲ့အခါ သူ့ကိုပဲ မေးလိုက်တော့မယ်”

ဖန့်ချန်သည် နောက်လှည့်မကြည့်ဘဲ သူတို့နှစ်ဦး၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။

မယ်တော်စီက မနေနိုင်ဘဲ တိုးတိုးလေး ရယ်မောလိုက်သည်

“ရှောင်ယွီလေးရယ်... ယောကျ်ားနဲ့ မိန်းမကြားမှာ ရန်ဖြစ်တယ်ဆိုတာ ဒီလောက်ဆို တော်သင့်ပါပြီ။ သခင်လေးလို ယောကျ်ားကောင်းမျိုးကို ဘယ်မှာ သွားရှာလို့ ရဦးမှာလဲ”

“ရှင် ဘာသိလို့လဲ ”

နတ်မိမယ်ယွီက မယ်တော်စီကို တစ်ချက် စောင်းကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်

“ကဲ... ကျွန်မကို ဘယ်လို ဆက်ပြီး စီစဉ်ပေးမလို့လဲ ”

“ဒီနှစ်တွေမှာ ငါက ကျန်းကွမ်မြို့ရဲ့ စီးပွားရေးတွေကို ကိုင်တွယ်ပေးနေရတာ။ အခုတော့ သခင်လေးရဲ့ လက်အောက်မှာ နတ်ဘုရားဝိညာဥ်တွေ ပိုများလာပြီ ဆိုတော့ ငါတို့လို အဆင့် (၁) နတ်ဘုရားတွေ ကိုယ်တိုင် ထွက်လုပ်စရာ မလိုတော့ဘူး။ ဒါကြောင့် စီးပွားရေးဘက်မှာပဲ သခင်လေးအတွက် ပိုပြီး အာရုံစိုက်ပေးနေတာပေါ့။ ရှောင်ယွီလေးလည်း ငါ့နောက်လိုက်ရင်း လေ့လာပေါ့ကွယ်။ နောက်ဆိုရင် ဒီစီးပွားရေး အားလုံးက မင်းလက်ထဲ အပ်ရမှာလည်း ဖြစ်နိုင်တာပဲလေ”

မယ်တော်စီက ပြုံးရွှင်စွာ ပြောလိုက်ရာ နတ်မိမယ်ယွီ၏ ရင်ထဲ၌ ရှုံးနိမ့်မှု ဝေဒနာတစ်ရပ် ခံစားလိုက်ရပြီး ဘာမှ ထပ်မပြောတော့ပေ။

...

...

ဝမ်ချွမ်းမြစ်

တစ်ခုလုံးသော အခြေအနေကို သဘောပေါက်သွားပြီး နတ်မိမယ်ယွီ၏ ကိုယ်ပေါ်မှ ပြောင်းပြန်မသေမျိုး မိစ္ဆာသန္ဓေသား ၏ တကယ့်အဓိပ္ပာယ်ကို စမ်းသပ်သိရှိသွားသဖြင့် ဖန့်ချန်၏ စိတ်မှာ ကြည်လင်နေသည်။

ဝမ်ချုံးစန်း လုပ်ဆောင်နေသော ထိုစမ်းသပ်မှုမှာ တကယ်တမ်း၌ သန္ဓေသားဘဝ၏ ဝေဝါးမှုကို နိုးထစေသော နည်းလမ်းတစ်ခုသာ ဖြစ်သည်။

ပြောင်းပြန်မသေမျိုး မိစ္ဆာသန္ဓေသား ကြောင့် စရိုက်များ ပြောင်းလဲသွားခြင်းမှာ အတိတ်ဘဝ မှတ်ဉာဏ်များ နိုးထလာခြင်းကြောင့်သာ ဖြစ်သည်။

ဒီဘဝအပေါ် သက်ရောက်မှုမှာမူ အမှန်စင်စစ် ကြီးကြီးမားမား မရှိလှပေ။

နတ်မိမယ်ယွီ၏ စရိုက် ပြောင်းလဲသွားခြင်းမှာ မှတ်ဉာဏ်နှစ်ခု လုံးဝ ပေါင်းစပ်သွားခြင်း၏ ပြယုဂ်တစ်ခုသာ ဖြစ်သည်။

သူမသည် အရင်ကနှင့် မတူတော့သော်လည်း အနည်းဆုံးတော့ နတ်မိမယ်ယွီ ဆိုသည်မှာ အမှန်တကယ် ပျောက်ကွယ်မသွားခဲ့သလို သေဆုံးမသွားခဲ့ပေ။

ဒါသည်ပင် ဖန့်ချန်အတွက် လုံလောက်နေပြီ ဖြစ်သည်။

နတ်မိမယ်ယွီ၏ အသိစိတ်ကို တစ်ခြားတစ်ယောက်က အပြီးတိုင် အစားထိုး သိမ်းပိုက်သွားမှာကိုသာ သူ အစိုးရိမ်ဆုံး ဖြစ်ခဲ့ခြင်း ဖြစ်သည်။

ဖန့်ချန်သည် လွင့်မျောနေသော အတွေးများကို သိမ်းဆည်းကာ ဝမ်ချွမ်းမြစ်ထဲသို့ ငြိမ်သက်စွာ နစ်မြုပ်သွားတော့သည်။

နားထဲတွင် မည်သည့် အသံမျှ မကြားရတော့ဘဲ အဆုံးမဲ့သော တိတ်ဆိတ်မှုသာ ရှိတော့သည်။

မည်မျှ ကြာအောင် နစ်မြုပ်နေခဲ့သည် မသိ၊ ဝမ်ချွမ်းမြစ်အောက်ခြေရှိ အဆုံးမဲ့သော ဝိညာဉ်များကို ဝေဝါးစွာ မြင်လာရသည်။

ထိုဝိညာဉ်များထဲတွင် အချို့မှာ ယခုမှ ရောက်ရှိလာသူများ ဖြစ်ပြီး၊ အချို့မှာမူ ဝမ်ချွမ်းမြစ်ထဲ၌ နှစ်ပေါင်း မည်မျှ ကြာအောင် ရှိနေခဲ့သည် မသိတော့ပေ။

သူတို့သည် မြစ်အောက်ခြေ၌ နေ့နေ့ညည ဆင်းရဲဒုက္ခများကို ခံစားနေကြရသည်။

မြွေများ၊ ပိုးမွှားများ၏ ကိုက်ခဲမှုကို ခံရရင်း အဆုံးမဲ့သော သေလူတို့၏ တိတ်ဆိတ်မှုကို ရင်ဆိုင်နေရသည်။

တစ်ခုတည်းသော အားသာချက်မှာ ဝမ်ချွမ်းမြစ်သည် သူတို့အား ယင်သက်တမ်းကို ဖြည့်တင်းပေးနေခြင်း ဖြစ်သည်။

ထို့ကြောင့် မြစ်အောက်ခြေ၌ သူတို့၏ ယင်သက်တမ်း ကုန်ဆုံးကာ ပျောက်ကွယ်သွားမည်ကို စိုးရိမ်စရာ မလိုပေ။

တစ်နေ့နေ့တွင် တစ်စုံတစ်ယောက်က သူတို့ကို သတိရကာ ဝမ်ချွမ်းမြစ်ထဲမှ လာရောက် ခေါ်ဆောင်သွားလိမ့်မည် ဟူသော မျှော်လင့်ချက်လေး တစ်ခုတည်းဖြင့် စောင့်ဆိုင်းနေကြရသည်။

ယခင်က ဖန့်ချန်သည် ဤဝိညာဉ်များအပေါ် ထူးထူးခြားခြား သဘောထားမျိုး မရှိခဲ့သော်လည်း ယခုအခါတွင်မူ သူ၏ မျက်ဝန်း၌ ကြင်နာမှုရိပ်များ ပိုလာခဲ့သည်။

ထိုဝိညာဉ်များ၏ အများစုမှာ တကယ့် လူမျိုးစုစစ်စစ်များ ဖြစ်နေနိုင်သောကြောင့်ပင်။

လူ့လောက ကိုးခု၊ နတ်ဘုရားလောက၊ ယင်လောက... ထိုသုံးနေရာစလုံး ရှေးခေတ်က စစ်ရှုံးခဲ့ချိန်တွင် ရေတွက်၍ မကုန်နိုင်သော သက်ရှိများ ရှိနေခဲ့ဆဲ ဖြစ်သည်။

ထိုသက်ရှိများ သေဆုံးသွားသောအခါ အချို့မှာ ယင်လောကသို့ ရောက်လာကြပြီး၊ လွမ်းဆွတ်တမ်းတသူ ရှိပါက ဝမ်ချွမ်းမြစ်ကို ဖြတ်ကျော်သွားနိုင်သည်။

အချို့မှာ လူ့လောက၌ပင် ယင်သက်တမ်း ကုန်ဆုံးသွားကြသည်။

သို့သော်လည်း တစ်စိတ်တစ်ပိုင်းမှာမူ လာရောက် ခေါ်ဆောင်သူ မရှိသည့်အခါ လူ့လောကသို့လည်း ပြန်မသွားချင်ကြတော့ဘဲ ဝမ်ချွမ်းမြစ်ထဲသို့သာ ဆင်းသက်ရန် ရွေးချယ်ခဲ့ကြသည်။

ဤဝိညာဉ်စုမှာ ယခုအခါ ဖန့်ချန်၏ နှလုံးသားထဲတွင် မျိုးစေ့များ ဖြစ်လာခဲ့သည်။

မသိလိုက်ပါဘဲနှင့် မှောင်မိုက်နက်ရှိုင်းလှသော ဝမ်ချွမ်းမြစ်၏ ချောက်နက်ထဲ၌ ဝိညာဉ် တစ်ခုပြီးတစ်ခုမှာ အလင်းရောင်လေးများ ထွက်ပေါ်လာသကဲ့သို့ ဖြစ်လာသည်။

စကြဝဠာထဲ၌ ထာဝရ မမှိန်မသုန် လင်းလက်နေသော ကြယ်တာရာများနှယ်...။

ဖန့်ချန်သည် ထိုအလင်းတန်းများကို ကြည့်ရင်း စိတ်ညို့ခံလိုက်ရသည်။

သူ၏ အသိစိတ်မှာ ထို ကြယ်တာရာ လေးများထဲမှ တစ်ခုနှင့် ပေါင်းစပ်သွားတော့သည်။

သူသည် ထိုဝိညာဉ်၏ လူ့ဘဝ ဖြတ်သန်းမှုများကို စတင် ခံစားကြည့်သည်။

ထို့နောက် နောက်ထပ် တစ်ခု... ပြီးတော့ နောက်ထပ် တစ်ခု...။

ပြင်ပလောကအတွက်မူ ကြယ်တာရာ တစ်ခု၏ အတိတ်ဘဝကို ခံစားခြင်းမှာ ခဏတာမျှသာ ဖြစ်သော်လည်း ဖန့်ချန်အတွက်မူ ထိုဘဝထဲတွင် တစ်သက်တာလုံး နေထိုင်ခဲ့ရသကဲ့သို့ပင်။

တဖြည်းဖြည်းနှင့် သူသည် ဤ ကြယ်တာရာ လေးများ၏ ဘဝပေါင်း မည်မျှကို ဖြတ်သန်းခဲ့သည်ကို မမှတ်မိတော့ပေ။

တဖြည်းဖြည်းနှင့် သူ၏ ကိုယ်ပိုင် အမှတ်အသားကိုပင် စတင် မေ့လျော့လာခဲ့သည်။

ပြင်ပလောကတွင် တစ်နှစ် ကုန်ဆုံးသွားသော်လည်း ဖန့်ချန်အတွက်မူ ကွဲပြားခြားနားလှသော်လည်း အဆုံးသတ်မှာ တူညီနေကြသည့် ဘဝပေါင်း ကုဋေကုဋာကို ခံစားခဲ့ပြီး ဖြစ်နိုင်သည်။

ထိုဘဝများထဲတွင်

သူသည် သူတောင်းစား တစ်ဦး ဖြစ်ခဲ့ဖူးသည်။

စားဝတ်နေရေးအတွက် ပူပန်စရာမလိုသော သူဌေးသားလေး တစ်ဦး ဖြစ်ခဲ့ဖူးသည်။

ဓားတစ်လက်ဖြင့် လောကအနှံ့ လှည့်လည်သော သိုင်းသမားတစ်ဦး ဖြစ်ခဲ့ဖူးသည်။

အာဏာကို ကျွမ်းကျင်စွာ ကစားတတ်သော ကောက်ကျစ်သည့် လူယုတ်မာ တစ်ဦး ဖြစ်ခဲ့ဖူးသည်။

စစ်မြေပြင်မှ စစ်သားလေး တစ်ဦး ဖြစ်ခဲ့ဖူးသည်။

နန်းတော်ထဲတွင် အာဏာစက် ပြင်းထန်သော အမတ်ကြီး တစ်ဦး ဖြစ်ခဲ့ဖူးသည်။

ကုန်သည် တစ်ဦး ဖြစ်ခဲ့ဖူးသည်။

ကျွဲနွားလို ရုန်းကန်ရသော အလုပ်သမား တစ်ဦး ဖြစ်ခဲ့ဖူးသည်။

မိသားစုကို သေသေချာချာ စောင့်ရှောက်သော လင်ယောကျ်ား တစ်ဦး ဖြစ်ခဲ့ဖူးသည်။

လမ်းဘေးတွင် ရန်ဖြစ်ဆဲဆိုနေသော မိန်းမကြီး တစ်ဦး ဖြစ်ခဲ့ဖူးသည်။

တစ်ခါတရံ ထိုသူများထဲမှ အချို့မှာ နောက်ပိုင်းတွင် ကျင့်ကြံခြင်း လမ်းစဉ်ပေါ်သို့ ရောက်ရှိသွားကြသော်လည်း ထိုအချိန်တွင် ဖန့်ချန်သည် ထိုဘဝကို အဆုံးသတ်ကာ နောက်ထပ် ဘဝတစ်ခုသို့ ကူးပြောင်း ခံစားနေပြီ ဖြစ်သည်။

တစ်နှစ်ပြီး တစ်နှစ်...

တစ်ဘဝပြီး တစ်ဘဝ...

သူသည် ပျော်ရွှင်ရယ်မောခဲ့ဖူးသလို၊ ကောင်းကင်ဘုံကိုလည်း မတရားဟု အော်ဟစ် ဆဲဆိုခဲ့ဖူးသည်။

...

ဝမ်ချွမ်းမြစ်ကမ်းနားသို့ လူအချို့ ရောက်ရှိလာကြသည်။

နဂါးအိုကြီး၊ ယွီထင်ကျဲ၊ လီဝူဝမ့်၊ ဟွမ်ဝူကျိ၊ တန့်ယင်တောင်သခင်၊ ထိုက်ယင် နဂါးမင်း၊ ပန်ဆန်း...။

“သခင်လေးက... ဝမ်ချွမ်းမြစ်နဲ့ တာအိုပေါင်းစပ်နေပုံပဲ...”

ယွီထင်ကျဲက တိုးတိုးလေး ရေရွတ်လိုက်သည်။

ယင်စိန့်ဂိုဏ်း ၏ ဘိုးဘေးတစ်ဦးဖြစ်ပြီး ငယ်စဉ်ကတည်းက ယင်လောကသို့ ကူးလွှားတတ်သူ ဖြစ်သဖြင့် ဝမ်ချွမ်းမြစ်မှာ မည်မျှ ကြောက်စရာကောင်းကြောင်း သူ အသေအချာ သိသည်။

ယခုအခါ သူသည် အဆင့် (၄) မသေမျိုး ဖြစ်နေသော်လည်း လူ့လောက ကိုးခုတွင် ဝမ်ချွမ်းမြစ်နှင့် ယှဉ်နိုင်မည့် မည်သည့်နေရာကိုမျှ မတွေ့ဖူးသေးပေ။

ဝမ်ချွမ်းမြစ်သည် လျှို့ဝှက်ဆန်းပြားသော အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး၊ ထူထပ်သော မြူနှင်းများ၏ နောက်ကွယ်တွင် အရာအားလုံးကို နှိမ်နင်းနိုင်သည့် ကြောက်မက်ဖွယ် သတ္တဝါကြီး တစ်ကောင် ပုန်းအောင်းနေသကဲ့သို့ပင်။

“ဝမ်ချွမ်းမြစ်နဲ့ တာအိုပေါင်းစပ်တော့ ဘာဖြစ်လဲ”

နဂါးအိုကြီးက ယွီထင်ကျဲကို ကြည့်ကာ မေးသည်

“တာအိုပေါင်းစပ်ခြင်း ဆိုတာ ဖန့်သခင်လေးအတွက် မခက်ခဲတဲ့ ကိစ္စပဲဟာ ”

“မင်း မသိပါဘူး”

ယွီထင်ကျဲက သူ့ကို တစ်ချက်ကြည့်ကာ ခေါင်းခါပြလိုက်သည်။

နဂါးအိုကြီးသည် ယင်လောကသို့ ကူးခြင်းကို မကျွမ်းကျင်သဖြင့် ဝမ်ချွမ်းမြစ်နှင့် ပတ်သက်သော အသိမှာ အပေါ်ယံသာ ရှိပြီး သူ့လောက် နက်နက်ရှိုင်းရှိုင်း နားမလည်ပေ။

“အဘိုးကြီး... ရှင့်အနေနဲ့ တကယ် နားမလည်တာပါ။တကယ်လို့ သခင်လေးက ဝမ်ချွမ်းမြစ်နဲ့ တာအိုပေါင်းစပ်နိုင်ခဲ့မယ်ဆိုရင် ဒါဟာ အလွန်ကို ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်လာပါလိမ့်မယ်”

မယ်တော်စီသည် မည်သည့်အချိန်က ရောက်လာသည် မသိ၊ သူမ၏ မင်္ဂလာဆောင်အဖွဲ့မှာ ပါမလာဘဲ ဘေးတွင် နတ်မိမယ်ယွီ တစ်ဦးတည်းသာ ရှိသည်။

နတ်မိမယ်ယွီသည် ဖန့်ချန်မှာ ဝမ်ချွမ်းမြစ်နှင့် တာအိုပေါင်းစပ်နေကြောင်း ကြားလိုက်ရချိန်တွင် သူမ၏ မျက်နှာပေါ်၌ မယုံကြည်နိုင်လောက်သော အမူအရာများ ပြည့်နှက်သွားတော့သည်။

All Chapters