← Chapters

အခန်း (၁၃၁၃-၁၃၁၄)

Vol. 132 Ch. 1313-1314

အခန်း (၁၃၁၃-၁၃၁၄)

Vol. 132 Ch. 1313-1314

အခန်း (၁၃၁၃) - မသေမျိုးလမ်းစဥ်ထက် စောစီးစွာ တည်ရှိခြင်း

“ကြောက်စရာ ကောင်းတယ် ဘယ်လောက်တောင် ကြောက်စရာ ကောင်းလို့လဲ ရှေးဟောင်း ကာလတုန်းက ကြယ်တာရာတွေနဲ့ တာအိုပေါင်းစပ်ခဲ့တဲ့ သူတွေတောင် ရှိခဲ့ဖူးတယ်လို့ ငါကြားဖူးတယ်။ အဲဒါက သာမန်ကြယ်တွေ မဟုတ်ဘူး၊ တောင်ဘက် ချီမင်းကြယ်စု တောင်မှ အဲဒီကြယ်တွေကို မယှဉ်နိုင်ဘူး"

"အဲဒီအပေါ်မှာ မသေမျိုးတောင်တန်းတွေနဲ့ ဝိညာဉ်ကြောတွေက ရေတွက်လို့ မရအောင် ရှိတာ။ အဲဒါနဲ့သာ တာအိုပေါင်းစပ်တာ အောင်မြင်သွားရင် ဘယ်လို အခြေအနေမျိုး ဖြစ်လာမလဲဆိုတာ မှန်းဆလို့တောင် မရဘူး”

ဟု နဂါးအိုကြီးက အမှတ်မထင် ပြောလိုက်သည်။

မယ်တော်စီက ပြုံးရုံသာ ပြုံးနေသည်။

သူမ၏ ကျင့်ကြံခြင်းမှာ နဂါးအိုကြီးလောက် မမြင့်သဖြင့် ဤကိစ္စတွင် ငြင်းခုံရန် မရည်ရွယ်ပေ။

ဖန့်ချန် ဝမ်ချွမ်းမြစ်နှင့် တာအိုပေါင်းစပ်ခြင်းအပေါ် သူမ၏ စိုးရိမ်မှုကို နားလည်နိုင်မည့်သူမှာ ရှီလုံနှင့် အခြားသူများသာ ရှိသည်။

ထင်ထားသည့်အတိုင်းပင် သူမသည် ရှီလုံနှင့် ပန်ဆန်း တို့ဘက်သို့ လှည့်ကြည့်လိုက်ရာ နှစ်ပေါင်း ထောင်ချီတိုင် မပြောင်းလဲခဲ့သော သူတို့၏ အေးစက်တည်ငြိမ်သည့် မျက်နှာများပေါ်တွင် သိသာထင်ရှားသော တုန်လှုပ်ချောက်ချားမှုကို မြင်လိုက်ရသည်။

“လူ့လောကက ကြယ်တာရာတွေ ဟုတ်လား ”

ရှီလုံက နဂါးအိုကြီးကို တစ်ချက်ကြည့်ပြီးနောက် တိုးတိုးလေး ရယ်မောလိုက်သည်

“လူ့လောကရဲ့ ကြယ်တာရာတွေကို သဲပွင့်လေး တစ်ပွင့်လို့ တင်စားရင်၊ ကျယ်ပြောလှတဲ့ ဟင်းလင်းပြင်ကြီး ဟာ သမုဒ္ဒရာကြီး တစ်ခုပဲ။ ယင်လောကရဲ့ ဝမ်ချွမ်းမြစ်ကတော့ အဲဒီသမုဒ္ဒရာကြီးထဲမှာ မျောနေတဲ့ လှေငယ်လေး တစ်စင်းပေါ့”

နဂါးအိုကြီးသည် သဲပွင့်နှင့် လှေငယ်လေး၏ ခြားနားချက်ကို စဉ်းစားကြည့်ပြီးနောက် ခေါင်းခါလိုက်သည်

“မဖြစ်နိုင်တာ ”

“မဖြစ်နိုင်တာ ဘာမှမရှိဘူး။ ဝမ်ချွမ်းမြစ်ရဲ့ တည်ရှိမှုက ဘယ်လောက်တောင် ရှေးကျသလဲဆိုတာ ဘယ်သူမှ မသိကြတော့ဘူး။ ဒါပေမဲ့ ယင်လောကထဲမှာ လက်ဆင့်ကမ်းလာတဲ့ ပြောစကားတွေကတော့ မနည်းဘူး။ ငါတို့လို အဘိုးကြီးတွေ ယင်လောကမှာ ရှိနေခဲ့တဲ့ အချိန်ဟာ ဒီဝမ်ချွမ်းမြစ် တည်ရှိနေခဲ့တဲ့ သက်တမ်းရဲ့ ကုဋေကုဋာမကတဲ့ ပုံရိပ်လွှာလေး တစ်ခုလောက်တောင် ရှိမှာမဟုတ်ဘူး”

ရှီလုံသည် အများကြီး ငြင်းခုံခြင်း မပြုဘဲ သူ၏ အမြင်ကိုသာ ပြောပြကာ မျက်နှာတွင် စိုးရိမ်ရိပ်များ ယှက်သန်းလာသည်

“ဝမ်ချွမ်းမြစ်နဲ့ တာအိုပေါင်းစပ်တာမျိုးက... အရင်က တစ်ခါမှ မရှိခဲ့ဖူးဘူး။ တကယ်လို့ တစ်စုံတစ်ရာ အမှားအယွင်း ဖြစ်သွားရင် ကြီးမားတဲ့ ပြဿနာတွေ ကြုံရလိမ့်မယ်”

လီဝူဝမ့်နှင့် ဟွမ်ဝူကျိတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ နှစ်ဦးစလုံး၏ မျက်လုံးထဲတွင် လေးနက်မှုကို မြင်နေရသည်။

သူတို့သည် ယင်လောက နတ်ဘုရားဝိညာဉ် လမ်းစဉ်ကို လျှောက်လှမ်းနေသူများ ဖြစ်ရာ အကယ်၍ ဖန့်ချန်သာ တစ်စုံတစ်ခု ဖြစ်သွားပြီး ဝမ်ချွမ်းမြစ်ထဲတွင် ကျဆုံးသွားပါက ယနေ့ ဤနေရာတွင် ရှိနေသော နတ်ဘုရားဝိညာဉ်အားလုံးမှာလည်း လိုက်ပါ သေဆုံးကြရပေမည်။

“အမှားအယွင်း ဖြစ်သွားရင်လို့ ပြောတာထက် အမှားအယွင်းက မုချ ဖြစ်မှာပဲ။ သူက ဝမ်ချွမ်းမြစ်နဲ့ ဘယ်လိုလုပ်ပြီး တာအိုပေါင်းစပ်နိုင်မှာလဲ ”

လူတိုင်း၏ အကြည့်မှာ နတ်မိမယ်ယွီ ဆီသို့ ကျရောက်သွားသည်။

“ရှောင်ယွီလေး... မင်းလည်း ဝမ်ချွမ်းမြစ်အကြောင်း နားလည်တာလား ”

မယ်တော်စီက ပြုံးရွှင်စွာ မေးလိုက်သည်။

နတ်မိမယ်ယွီ၏ လေသံမှာ အနည်းငယ် ရိုင်းစိုင်းနေသော်လည်း သူမ၏ ထူးခြားသော အဆင့်အတန်းကြောင့် လူတိုင်းက ဘာမှ ပြန်မပြောကြပေ။

“နားလည်တယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူကြီးသူမတွေ ပြောဖူးတာ ရှိတယ်။ ဒီလောကမှာ ခန့်မှန်းရ အခက်ဆုံးအရာဟာ ဒီဝမ်ချွမ်းမြစ်ပဲတဲ့။ သူ့ရဲ့ တည်ရှိမှုက သိပ်ကို ထူးဆန်း အံ့သြဖို့ ကောင်းတယ်။ ပြောရရင် သူ့ရဲ့ တည်ရှိမှုဟာ ဒီလောကရဲ့ အကန့်အသတ်ကိုတောင် ကျော်လွန်နေတယ်"

" ရှင့်တို့ရဲ့ ဘိုးဘေးဘီဘင်တွေနဲ့ တစ်ခေတ်တည်း ပေါ်ခဲ့တာ မဟုတ်ဘူးဆိုတာ သေချာတယ်။ ဖြစ်နိုင်ခြေ အရှိဆုံးကတော့ ဒီလောကမှာ မသေမျိုးလမ်းစဉ် တောင် မရှိသေးခင်ကတည်းက ရှိနေခဲ့တဲ့ ကြောက်စရာကောင်းတဲ့ အရာပဲ”

တန့်ယင်တောင်သခင်သည် ယခင် နတ်ဘုရားလောက၏ နတ်တောင်ဝိညာဉ် ဖြစ်ခဲ့သူပီပီ ဤစကားကို ကြားသောအခါ မနေနိုင်ဘဲ တဟားဟား ရယ်မောတော့သည်

“ရှောင်ယွီလေး... မင်းက ငယ်ငယ်လေးနဲ့ ဒါတွေကို ဘယ်လို သိနေတာလဲ မသေမျိုးလမ်းစဉ် က ဒီလောကမှာ ဘယ်လောက်ကြာအောင် တည်ရှိခဲ့လဲဆိုတာ မင်းသိရဲ့လား ငါ ဒီလောက်ကြာအောင် အသက်ရှင်ခဲ့တာတောင် ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မသိဘူး။ ဝမ်ချွမ်းမြစ်က မသေမျိုးလမ်းစဉ်ထက် စောတယ်လို့ မင်းက ဘယ်လို အခိုင်အမာ ပြောနိုင်ရတာလဲ”

“ဒီအချက်ကိုတော့ ငါလည်း သဘောတူတယ်”

ဟု ရှီလုံက အေးဆေးစွာ ပြုံး၍ ပြောလိုက်သည်။

မယ်တော်စီကလည်း ခေါင်းညိတ်ပြသည်။

ထိုက်ယင်နဂါးမင်းနှင့် ပန်ဆန်း တို့မှာမူ စဉ်းစားဟန်ဖြင့် ငြိမ်သက်နေကြသည်။

ဝမ်ချွမ်းမြစ်က အရင်ပေါ်တာလား၊ မသေမျိုးလမ်းစဉ်က အရင်ပေါ်တာလား ဆိုသည့် ပြဿနာမှာ သူတို့အတွက်မူ သုံးနှစ်သား ကလေးတစ်ယောက်ကို အဆင့် (၉) မသေမျိုး တစ်ဦး ကြုံတွေ့နေရသည့် ကျင့်ကြံခြင်း အခက်အခဲကို ဖြေရှင်းခိုင်းသကဲ့သို့ ခက်ခဲလှသည်။

“သခင်လေးက တာအိုပေါင်းစပ်ချင်တယ်ဆိုရင် ဝမ်ချွမ်းမြစ်နဲ့ တစ်စုံတစ်ရာ အတိုင်းအတာအထိ တစ်သားတည်း ဖြစ်အောင် လုပ်ရလိမ့်မယ်။ ဝမ်ချွမ်းမြစ် သက်သက်ပဲဆိုရင်တော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ ဝမ်ချွမ်းမြစ် အောက်ခြေမှာ ရေတွက်လို့ မရတဲ့ ဝိညာဉ်တွေ ရှိနေတယ်။ အဲဒီထဲက တချို့ ဝိညာဉ်တွေရဲ့ သက်တမ်းက ရှင့်တို့ ကျမ တို့ထက်တောင် ပိုစောနိုင်တယ်...”

ယွီထင်ကျဲက လေးနက်သော အမူအရာဖြင့်

“ဝမ်ချွမ်းမြစ်နဲ့ တာအိုပေါင်းစပ်တယ်ဆိုတာ သူတို့နဲ့ပါ တာအိုပေါင်းစပ်တာနဲ့ အတူတူပဲ။ ဒါက ဖြစ်နိုင်ပါ့မလား ”

လူတိုင်း၏ မျက်နှာများ တဖြည်းဖြည်း လေးလံလာသည်။

နဂါးအိုကြီးမှာလည်း သေသေချာချာ စဉ်းစားကြည့်ပြီးနောက် စိုးရိမ်လာတော့သည်။

“အခု ဘာဖြေရှင်းနည်း ရှိသလဲ သခင်လေးရဲ့ တာအိုပေါင်းစပ်မှုကို အတင်းအကျပ် ရပ်တန့်လို့ ရမလား”

နဂါးအိုကြီးက မေးသည်။

လူတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ခေါင်းခါလိုက်ကြသည်။

သူတို့သည် ယင်လောက နတ်ဘုရားဝိညာဉ်များ ဖြစ်ကြရာ ဖန့်ချန် လုပ်ဆောင်သမျှကို တားဆီးရန် မဖြစ်နိုင်သလို၊ ဖန့်ချန်နှင့် ဆန့်ကျင်ဘက် လုပ်ရန်လည်း မဖြစ်နိုင်ပေ။

၎င်းမှာ ငရဲမင်းနှင့် မှူးမတ်များကြား ဆက်ဆံရေးကဲ့သို့ပင်။

ဆန့်ကျင်ဘက် လုပ်ခြင်းမှာ ပုန်ကန်ခြင်းနှင့် အတူတူပင် ဖြစ်ပြီး၊ ပုန်ကန်ခဲ့လျှင် ငရဲမင်းက လက်ဖျားနှင့်ပင် တို့စရာမလိုဘဲ ယင်လောကက သူတို့ကို ဝါးမြိုသွားပေလိမည်။

“ဒီမှာပဲ စောင့်နေကြရအောင်။ တကယ်လို့ ခန့်မှန်းလို့မရတဲ့ အန္တရာယ်တစ်ခုခု ဖြစ်လာရင် ငါတို့ တစ်ခုခု ကူညီနိုင်ရင် ကူညီရတာပေါ့”

ဟု ရှီလုံက တိုးတိုးလေး ပြောလိုက်သည်။

စကားအဆုံးတွင် သူက မယ်တော်စီကို တစ်ချက်ကြည့်ကာ နတ်မိမယ်ယွီ ထံ၌ အကြည့်ကို ခဏမျှ ရပ်တန့်ထားလိုက်သည်

“မယ်တော်စီ... စီးပွားရေး ကိစ္စတွေမှာ မင်း စီမံနေရတာဆိုတော့ ဒီမှာ အကြာကြီး နေဖို့ မလိုပါဘူး”

“ကောင်းပါပြီ၊ လိုအပ်ရင်တော့ ကျွန်မကို လှမ်းခေါ်လိုက်ပါဦး”

မယ်တော်စီက ခေါင်းညိတ်ပြကာ နတ်မိမယ်ယွီကို ခေါ်၍ လှည့်ထွက်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် တစ်နှစ် ကုန်ဆုံးသွားပြန်သည်။

ထိုကာလအတွင်း လူတိုင်းမှာ ဖန့်ချန်၏ ရုပ်ခန္ဓာကို ဝမ်ချွမ်းမြစ်ထဲ၌ နိမ့်ချည်မြင့်ချည် မျောပါနေသည်ကို ဝေဝါးစွာ မြင်နေရသည်။

တခါတရံ သူတို့ မြင်နိုင်သည့် အနက်အထိ ပေါ်လာတတ်ပြီး၊ တခါတရံတွင်မူ မှောင်မိုက်သော အနက်ဆုံးနေရာသို့ နစ်မြုပ်သွားတတ်သည်။

ထိုအတောအတွင်း ရှကျီ တစ်ခေါက် ရောက်လာသည်။

ဖန့်ချန် တာအိုပေါင်းစပ်နေကြောင်း သိရသောအခါ လူတိုင်းနှင့်အတူ ဤနေရာတွင် လခွဲခန့် စောင့်ဆိုင်းပေးခဲ့သည်။

“ဖန်တီးရှင်ဂြိုဟ် ဘက်မှာ ပြဿနာတချို့ ရှိနေတယ်။ သခင်လေးရဲ့ ဌာနမှူး ရာထူးကို ပြန်ရုပ်သိမ်းလိုက်ပြီ။ အသစ်ရောက်လာတဲ့ ဌာနမှူးက အရာအားလုံးကို လွှဲပြောင်းယူထားပေမဲ့ သူ့ပုံစံကတော့ အေးအေးလူလူနဲ့ သေရက်စောင့်နေတဲ့ ပုံစံပဲ။ သခင်လေး စကားနဲ့ ပြောရရင်တော့ ဖြစ်ချင်ရာ ဖြစ်ဆိုတဲ့ ပုံစံပဲ ”

ရှကျီက ယွီထင်ကျဲနှင့် ထိုအကြောင်းကို ဆွေးနွေးနေသည်

“ဝိညာဉ်နတ်ဘုရားဂိုဏ်း ဘက်က တစ်ခုခုကို ရိပ်မိပုံရပြီး ပြန်လည် နိုးထလာမယ့် အငွေ့အသက်တွေ ရှိနေတယ်။ ဒါပေမဲ့ ကံကောင်းတာက ရွှီချန်းရှီ က ငါတို့လူ ဖြစ်နေလို့ အခြေအနေကို ထိန်းချုပ်ထားနိုင်သေးတယ်”

“ဒီဘက်ကတော့ ပြဿနာ မရှိလောက်တော့ပါဘူး”

ယွီထင်ကျဲက အသာအယာ ခေါင်းညိတ်သည်

“ဖန်တီးရှင်ဂြိုဟ်နဲ့ မြေဝက်ဝံဂြိုဟ် ရဲ့ အခြေအနေကတော့ လုံးဝ တည်ငြိမ်သွားပါပြီ။ ဒါပေမဲ့ ဒီနောက်ပိုင်း ဖန်တီးရှင်ဂြိုဟ်ပေါ်က မသေမျိုးကျောက်တုံး သယံဇာတတွေက နည်းသထက် နည်းလာနေတာကတော့ ပြဿနာတစ်ခုပဲ”

“ပြင်ပကို ဆက်ပြီး နယ်မြေချဲ့ထွင်ဖို့ လိုလိမ့်မယ်”

ဟု ရှကျီက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

ရက်အနည်းငယ် ကြာသောအခါ လျှိုဝှက်စောင့်ရှောက်ရေး ဌာန ၌ ကိစ္စများ ရှိနေသဖြင့် ရှကျီမှာ ဤနေရာတွင် အကြာကြီး မနေနိုင်တော့ချေ။

ဖန့်ချန် တာအိုပေါင်းစပ်မှု အောင်မြင်လျှင် အကြောင်းကြားရန် မှာကြားခဲ့ပြီးနောက် နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။

ဤသို့ဖြင့် အချိန်ကာလမှာ တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးသွားခဲ့သည်။

ဖန့်ချန် ဝမ်ချွမ်းမြစ်ထဲတွင် တာအိုပေါင်းစပ်မှု စတင်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ယွီထင်ကျဲတို့ ကဲ့သို့သော သူများအတွက်မူ ထိုအချိန်မှာ မိုးဖွဲလေး တစ်စက်မျှသာ ဖြစ်ပြီး မည်သို့မျှ မပြောပလောက်ချေ။

...

...

လူသူကင်းမဲ့သော သင်္ချိုင်းဟောင်း ခုနစ်ခု။

ဘေးပတ်ပတ်လည်တွင် လူပေါင်း ဒါဇင်နှင့်ချီ၍ ရပ်နေကြသည်။

ထိုအထဲတွင် ကုန်းနေသော ခန္ဓာကိုယ်ဖြင့် အဘိုးအို တစ်ဦးမှာ အထူးပင် အထီးကျန်နေပုံရသည်။

သူသည် ရှေ့မှ သင်္ချိုင်းခုနစ်ခုကို ကြည့်နေရင်း ခြောက်သွေ့နေသော မျက်ဝန်းအိမ်များမှ မျက်ရည်များ မထွက်နိုင်တော့ဘဲ စူးရှသော နာကျင်မှုကိုသာ ခံစားနေရသည်။

လူတိုင်း သက်ပြင်း တရှိုက်ရှိုက်နှင့်ပင်။

တိုက်ပွဲတစ်ခုတည်းနှင့် တင်းအဘိုးအို၏ သားခုနစ်ယောက်စလုံး ဆုံးရှုံးသွားရလိမ့်မည်ဟု မည်သူက ထင်ထားပါ့မလဲ။

အရာရှိတစ်ဦး ဖြစ်ပုံရသည့် ခန့်ညားထည်ဝါသော လူလတ်ပိုင်း တစ်ဦးမှာ ရှေ့သို့ ဖြည်းညင်းစွာ တိုးလာပြီး အဘိုးအိုကို လက်အုပ်ချီ နှုတ်ဆက်လိုက်သည်

“တင်းအဘိုးကြီး... စိတ်မကောင်းမဖြစ်ပါနဲ့တော့ ”

“ဒီစစ်ပွဲက... အနိုင်ရခဲ့ရဲ့လား ”

အဘိုးအို၏ အသံမှာ အက်ရှနေသည်။

လူလတ်ပိုင်းမှာ ခဏမျှ ကြောင်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်

“အနိုင်ရခဲ့ပါတယ်”

သူ၏ လေသံမှာ အလွန် ခိုင်မာလှသည်။

အဘိုးအိုမှာ ပတ်ဝန်းကျင်ကို ဝေဝါးစွာ ကြည့်လိုက်ပြီးနောက် ရှေ့မှ သင်္ချိုင်းခုနစ်ခုကို ပြန်ကြည့်ကာ တိုးတိုးလေး ရေရွတ်နေသည်

“ဒါပေမဲ့ ငါ့ရဲ့ တင်းမိသားစုမှာတော့... ယောကျ်ားလေး တစ်ယောက်မှ မကျန်တော့ဘူးပဲ ”

လူတိုင်းမှာ ခဏတာ ဆွံ့အသွားကြသည်။

တင်းမိသားစုမှာ တကယ်ပင် မျိုးဆက် ပြတ်သွားခဲ့လေပြီ။

နောင်တစ်ချိန်တွင် ထိုအဘိုးအိုကို နောက်ဆုံးခရီး ပို့ဆောင်ပေးမည့်သူပင် ကျန်တော့မည် မဟုတ်ပေ။

ထိုတိုက်ပွဲမှာ အလွန်ပင် ရက်စက်လွန်းလှသဖြင့် တင်းမျိုးနွယ်စု တစ်ခုလုံး နီးပါး ပျက်စီးသွားခဲ့ရသည်။

မွန်းတည့်ချိန် ရောက်သောအခါ လူတိုင်းမှာ တစ်ဦးပြီး တစ်ဦး ပြန်သွားကြသည်။

အဘိုးအို တစ်ဦးတည်း ကျန်ရစ်ခဲ့ကာ စက္ကူပိုက်ဆံပုံကြီးကို မီးရှို့လိုက်သည်။

ထို့နောက် တောင်ပေါ်မှ ဆင်းကာ အိမ်သို့ပြန်၍ ကြိုတင်ပြင်ဆင်ထားသော အသုဘဝတ်စုံကို ဝတ်ဆင်လိုက်သည်။

ခုတင်ပေါ်တွင် လဲလျောင်းပြီး မကြာမီမှာပင် သူ၏ အသက်ရှူသံများ ရပ်တန့်သွားတော့သည်။

ရက်အနည်းငယ် ကြာသောအခါ သူ၏ အလောင်းမှာ သင်္ချိုင်းကုန်း တစ်နေရာသို့ ရောက်ရှိသွားသည်။

ဝေဝါးနေသော ဝိညာဉ်တစ်ခုမှာ ဟိုဟိုဒီဒီ လွင့်မျောနေသည်။

နှစ်ပေါင်း မည်မျှ ကြာသွားသည် မသိ၊ ကံကောင်းထောက်မစွာဖြင့် မရဏလမ်း ကို ရှာတွေ့ခဲ့သည်။

သို့သော်လည်း ဝမ်ချွမ်းမြစ်ကမ်းနားတွင် ဝိညာဉ်တစ်ခုပြီးတစ်ခု လာရောက် ခေါ်ဆောင်ခြင်း ခံနေရသည်ကို သူ ငေးကြည့်နေခဲ့ရသည်။

သူ့ကို လာခေါ်မည့်သူ တစ်ဦးမျှ မရှိခဲ့ပေ။

အဘိုးအိုမှာ တရှုံ့ရှုံ့ ငိုကြွေးနေသော်လည်း မည်သူကမျှ ဂရုမစိုက်ကြပေ။

“ဝမ်ချွမ်းမြစ်ထဲကို ဆင်းလိုက်ပါ၊ လူပြန်ဝင်စားဖို့ အခွင့်အရေး ရှိမှာပါ”

ဟု တစ်စုံတစ်ယောက်က ပြောလိုက်သည်။

အဘိုးအိုသည် ခဏမျှ စဉ်းစားပြီးနောက် ဝမ်ချွမ်းမြစ်ထဲသို့ လှမ်းဝင်လိုက်ကာ တဖြည်းဖြည်း နစ်မြုပ်သွားတော့သည်။

ထိုခဏ၌ တစ်စုံတစ်ခုမှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ ကွာကျ လွင့်ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

၎င်းမှာ ခဏမျှ ဝေဝါးနေပြီးနောက် လင်းလက်နေသော ကြယ်တာရာ လေး တစ်ခုကို ရုတ်တရက် မြင်လိုက်သဖြင့် ၎င်းဆီသို့ ပြန်လည် တိုးကပ်သွားတော့သည်။

ထိုကြယ်တာရာနှင့် နီးကပ်သွားတော့မည့် အချိန်မှာပင် ကြီးမားလှသော နဂါးကိုယ်ထည်ကြီး တစ်ခုမှာ သူ၏ ရှေ့၌ ပေါ်လာသည်။

၎င်းသည် လူခေါင်းနှင့် နဂါးကိုယ်ထည်ရှိသော အရာကို စူးစမ်းစွာ ကြည့်နေမိသည်။

နဂါးကိုယ်ထည်ကြီးမှာ သူ၏ အောက်သို့ ဖြည်းဖြည်းချင်း ရောက်ရှိလာပြီး သူ့ကို တင်ဆောင်ကာ ထို ကြယ်တာရာ ဆီသို့ ကိုယ်တိုင် တိုးကပ်သွားစေသည်။

ထို့နောက် ဘေးတွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေတော့သည်။

ထိုသို့ အကြိမ်ကြိမ် အဖန်ဖန်၊ မောပန်းခြင်း မရှိဘဲ ပြုလုပ်ပေးနေခဲ့ရာ... တစ်နေ့တွင်မူ ကြယ်တာရာ အားလုံးဆီသို့ သူ ရောက်ရှိသွားခဲ့ပုံရသည်။

သူသည် ဝေဝါးသွားကာ ဘယ်ကို သွားရမည်မှန်း မသိတော့ပေ။

ထိုအချိန်မှာပင် နဂါးကိုယ်ထည်ကြီးမှာ ထပ်မံ ပေါ်ပေါက်လာပြန်သည်။

အခန်း (၁၃၁၄) - ဖန့်လူသား

၎င်းသည် နဂါးကိုယ်ထည်ကြီးပေါ်တွင် ထိုင်လျက်၊ ယခင်က မြင်ခဲ့ဖူးသမျှ ကြယ်တာရာ များထက် အဆမတန် ပိုမိုလင်းလက်တောက်ပသော အရာတစ်ခုဆီသို့ ဦးတည်သွားနေသည်။

မကြာခင်မှာပင် ၎င်းသည် ထိုကြယ်တာရာနှင့် နီးကပ်သွားတော့သည်။

အူဝဲ ကနဲ အသံနှင့်အတူ ကလေးငယ်တစ်ဦး လောကထဲသို့ ရောက်ရှိလာပြီး အိုမင်းသော ရဟန်းတစ်ပါးက သူ့ကို ပွေ့ချီကာ ကြည့်ရှုနေသည်။

အသက် သုံးလေးငါးနှစ်အရွယ်... လမ်းမပေါ်တွင် ပြေးလွှားဆော့ကစားရင်း မှူးမတ်မျိုးနွယ်စု သားသမီးများနှင့် ရန်ဖြစ်ထိုးနှက်နေသည်။

ထို့နောက် နှစ်အနည်းငယ်အကြာ... သိုင်းပညာရပ်များကို ကျင့်ကြံကာ မိတ်ဆွေကောင်းများ စတင်ဖွဲ့စည်းခဲ့သည်။

အကောင်းဆုံး သူငယ်ချင်းအမည်မှာ ရှကျီ ဖြစ်သည်။

သူက ရှကျီကို ညီအစ်ကိုရင်းသဖွယ် သတ်မှတ်သလို၊ ရှကျီကလည်း သူ့ကို ညီအစ်ကိုရင်းသဖွယ် သဘောထားခဲ့သည်။

ငယ်ရွယ်နုပျိုစဉ်က စိတ်ဓာတ်တက်ကြွပြီး တိုက်ခိုက်လိုစိတ် ပြင်းထန်ကာ စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့သည်။

အရက်ကို အဝသောက်၊ အသားကို အားရပါးရစားကာ ရန်သူများကို နယ်ခြား မိုင်ပေါင်းသောင်းချီ အဝေးသို့ တွန်းလှန်ရင်း အလွန်ပင် ပျော်ရွှင်ချမ်းမြေ့ခဲ့ရသည်။

သွေးများ၊ ချွေးများဖြင့် ခံစစ်စည်းများကို တစ်ခုပြီးတစ်ခု တည်ဆောက်ခဲ့သည်။

ခံစစ်စည်း၏ အပြင်ဘက်တွင် ပျက်စီးယိုယွင်းမှုများ ရှိနေသော်လည်း၊ အတွင်းဘက်၌မူ စည်ပင်ဝပြောသော ခေတ်ကောင်းကြီး ရှိနေသည်။

ဝေဝါးမှု၊ စဉ်းစားဆင်ခြင်မှု... ထိုမှတစ်ဆင့် ရည်မှန်းချက်တစ်ခု ပေါ်ပေါက်လာသည်။

ထိုမငြိမ်မသက်ဖြစ်နေသော ခေတ်ဆိုးကြီးကို အဆုံးသတ်ရန်။

ဂုဏ်သတင်း၊ ကြေညာချက်၊ ဂုဏ်ရည်... အားလုံးက သူ့အပေါ်၌ စုပုံလာခဲ့သည်။

ရှုံးနိမ့်မှု၊ စိတ်ပျက်မှု၊ အားငယ်မှု... သို့သော် ဘယ်သောအခါမှ အရှုံးမပေးခဲ့ပေ။

မသေမျိုးလမ်းစဉ်သို့ ဝင်ရောက်ကာ၊ ဝိညာဉ်နတ်ဘုရားများကို သုတ်သင်ခဲ့သည်။

ဤလမ်းစဉ်တစ်လျှောက် ယနေ့တိုင်အောင်ပင်

သူ၏ မူလရည်မှန်းချက်ကို မေ့လျော့ခဲ့ဖူးသလား

မမေ့ခဲ့ပေ... အမြဲတစေ နှလုံးသွင်းထားခဲ့သည်။

မျက်လုံးများ ဖြည်းညည်းစွာ ပွင့်လာသည်။

ထိုခဏချင်းမှာပင် ရေတွက်၍မရသော ဘဝပေါင်းစုံ၏ အလင်းတန်းများသည် ရုပ်ရှင်ကားချပ်များအလား တရစပ် ဖြတ်သန်းသွားကြသည်။

သူဖြတ်သန်းခဲ့သမျှ သာမန်လူသားလောက၏ ဖြစ်ရပ်မှန် အားလုံးတို့မှတစ်ဆင့် ဖော်ပြမပြနိုင်သော စွမ်းအားတစ်ရပ် ပေါ်ထွက်လာကာ တစ်ခုနှင့်တစ်ခု ရောယှက်ယှက်တင် ဖြစ်လာသည်။

ခဏချင်းမှာပင် ထိုစွမ်းအားသည် လုလင်ပျိုတစ်ဦးအဖြစ် ပြောင်းလဲသွားကာ ဖန့်ချန်၏ ဘေးနားတွင် ပေါ်လာတော့သည်။

သူသည် ဝမ်ချွမ်းမြစ်ထဲတွင် ရှိနေသော်လည်း ဝမ်ချွမ်းမြစ်၏ စည်းမျဉ်းများ၏ ချုပ်ကိုင်မှုကို မခံရဘဲ မြစ်အောက်ခြေသို့ နစ်မြုပ်သွားမည့် အရိပ်အယောင်လည်း မရှိပေ။

တာအိုပေါင်းစပ်ခြင်း.....လူသားလောက ။

ဖန့်ချန်သည် ထိုလုလင်ကို ကြည့်ရင်း၊ ထိုကာလအတွင်း တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကို ပြန်လည် စဉ်းစားမိကာ သူ၏ မျက်ဝန်း၌ သက်ပြင်းချသံ တစ်ဝက်၊ အံ့သြမှု တစ်ဝက်ဖြင့် ငေးမောနေမိသည်။

အကယ်၍ ဝမ်ချွမ်းမြစ်ထဲ၌ သာမန်လူသားလောက၏ ဘဝပေါင်း ကုဋေကုဋာကို မဖြတ်သန်းခဲ့ရပါက၊ လူသားလောက (နတ်ဘုရားစွမ်းအား) နှင့် တာအိုပေါင်းစပ်ရန်မှာ ထိုတစ်သက်တွင် သူ ဖြစ်နိုင်ပါ့မလားပင် မသေချာချေ။

လူသားလောက ဟူသော ထိုမသေမျိုး အသိစိတ် သည် တစ်နည်းအားဖြင့် ပြောရလျှင် ဖန့်ထျန်းဇွန် တို့၏ အဆင့်အတန်းနှင့် တစ်မျိုးတစ်ဘာသာ ကွဲပြားနေသည်။

၎င်းကို ကျင့်ကြံခြင်းဖြင့် ကြီးထွားအောင် လုပ်၍မရဘဲ၊ နက်နက်ရှိုင်းရှိုင်း ခံစားသိရှိနားလည်မှု မှတစ်ဆင့်သာ ရရှိနိုင်သည်။

ယခုတစ်ခေါက် ဝမ်ချွမ်းမြစ်နှင့် တာအိုပေါင်းစပ်ခြင်းမှာ ထိုနားလည်မှုအတွက် အရှိန်အဟုန်ပြင်းစွာ တွန်းအားပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

လူသားလောကကို တာအိုမပေါင်းစပ်ဘဲ မနေနိုင်လောက်အောင် ကြီးထွားလာစေခဲ့သဖြင့် တာအိုပေါင်းစပ်သည့် ဖြစ်စဉ်မှာ အလွန်ပင် ရိုးရှင်းကာ အစီအစဉ်တကျ ဖြစ်ပေါ်သွားခဲ့သည်။

ရှေ့နောက် တစ်စက္ကန့်ပင် မကြာလိုက်ချေ။

ရှေ့မှ လုလင်သည် ဝမ်ချွမ်းမြစ်ထဲတွင် ငြိမ်သက်စွာ ရပ်နေရုံမျှဖြင့် စကြဝဠာကြီးကဲ့သို့ ကျယ်ပြောလှပြီး ချောက်နက်ကြီးကဲ့သို့ နက်ရှိုင်းလှသော ခံစားချက်ကို ပေးစွမ်းနေသည်။

ဘဝပေါင်း ကုဋေကုဋာ၏ ခံစားချက်များ ရောယှက်စုစည်းမှုမှာ အရည်အသွေးပိုင်းဆိုင်ရာ အကြီးအကျယ် ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့သည်။

ထိုလုလင်၏ ကျင့်ကြံခြင်း စွမ်းအားမှာ ဖန့်ထျန်းဇွန်တို့ထက် အဆမတန် ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး အထက်အဆင့်သုံးဆင့် ကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။

ယခုမှ စတင် တာအိုပေါင်းစပ်ခဲ့ခြင်း ဖြစ်သော်လည်း ဂိုဏ်းချုပ် အဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေချေပြီ။

တာအိုပေါင်းစပ်ထားသော ကိုယ်ပွား ၁၁ ယောက်ထဲတွင် သူ့ကို ခေါင်းဆောင်အဖြစ် ထားရပေမည်။

သူ့ကို ဖန့်လူသား ဟု ခေါ်ဆိုနိုင်သည်။

ထိုအချိန်မှာပင် ပတ်ဝန်းကျင် ရေလှိုင်းများ လှုပ်ခတ်သွားကာ ဖန့်ချန်သည် မှောင်မိုက်သော ဝမ်ချွမ်းမြစ်ထဲ၌ ကိုယ်ထည်အလျား မည်မျှရှည်လျားသည်ဟုပင် တိုင်းတာ၍မရသော ဖြစ်တည်မှုတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။

ကလေးမျက်နှာလေးမှာ ရင့်ကျက်လာပုံရပြီး သူ့ကို ရင်းနှီးဖော်ရွေသော အကြည့်ဖြင့် စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည်။

ဖန့်ချန် ဝမ်ချွမ်းမြစ်နှင့် တာအိုပေါင်းစပ်နေစဉ်အတွင်း ကျူလုံ သည်လည်း မှန်းဆ၍မရသော ကြီးထွားမှုကို ရရှိခဲ့ပြီး ကလေးဘဝမှ အရွယ်ရောက်သည့် အဆင့်သို့ တိုက်ရိုက် ခုန်တက်သွားခဲ့သည်။

၎င်း၏ အစွမ်းမှာ ယခုအခါ မည်သည့်အဆင့်သို့ ရောက်နေသည်ကို ဖန့်ချန်ပင်လျှင် အသေအချာ မခန့်မှန်းနိုင်တော့ပေ။

သေချာသည်မှာ သူကိုယ်တိုင် ငရဲမင်း စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားလျှင်ပင် ကျူလုံကို ယှဉ်နိုင်မည် မဟုတ်တော့ချေ။

တာအိုပေါင်းစပ်မှု အောင်မြင်ပြီးနောက်မှသာ ဖန့်ချန်သည် ကျူလုံနှင့် ဝမ်ချွမ်းမြစ်တို့၏ ဆက်နွှယ်မှုမှာ မည်မျှ ထူးခြားကြောင်း သိရှိခဲ့ရသည်။

သူတို့မှာ မိခင်နှင့် သားသမီးကဲ့သို့ပင် ဖြစ်သည်။

ကျူလုံသည် ဝမ်ချွမ်းမြစ်မှ မွေးဖွားလာသူ ဖြစ်ရာ ဝမ်ချွမ်းမြစ်ထဲ၌ စိတ်တိုင်းကျ သွားလာနိုင်စွမ်းရှိသည်။

ယခုတစ်ခေါက် တာအိုပေါင်းစပ်ရာတွင် ကျူလုံသည် တံတား အဖြစ် အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့သည်။

အကယ်၍ ၎င်းသာ မရှိခဲ့ပါက ဖန့်ချန်သည် မိမိကိုယ်မိမိ ပြန်လည် နိုးထလာနိုင်ပါ့မလား မသေချာပေ။

သာမန်လူသားလောက၏ ဘဝပေါင်းများစွာကို ဖြတ်သန်းပြီးနောက် ထိုစဉ်က သူ၏ ဖြစ်တည်မှုမှာ လူသားတစ်ယောက် မဟုတ်တော့ဘဲ ထူးခြားသည့် တစ်ခုခု ဖြစ်နေခဲ့သည်။

၎င်းမှာ အတွေးစိတ် သို့မဟုတ် တာအို တစ်ခုနှင့် ပိုတူနေခဲ့သည်။

အကယ်၍ ကျူလုံသာ သူ့ကို နှိုးမပေးခဲ့ပါက သူသည် ဝမ်ချွမ်းမြစ်ထဲတွင် ထာဝရ နစ်မြုပ်သွားကာ ဝိညာဉ်တိုင်း၏ အတိတ်ဘဝများကို တစ်ခုပြီးတစ်ခု ခံစားရင်း သံသရာလည်နေပေလိမည်။

“ဝမ်ချွမ်းမြစ်က မင်းကို စွမ်းအားတွေ ပေးနိုင်လိမ့်မယ်၊ မင်း ဒီမှာပဲ ဆက်ပြီး ကြီးထွားနေဦးမှာပဲ။ ဒီမှာပဲ သေသေချာချာ နေပါ။ အခွင့်အရေး ရရင် မင်းကို လူ့လောကဘက်ကို အလည်ခေါ်သွားမယ်”

ဖန့်ချန်က ကျူလုံကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

ကျူလုံသည် သူ၏စကားကို နားလည်ပုံရပြီး ဘာမှ ပြန်မပြောဘဲ အမြီးကို ပျော်ရွှင်စွာ ခါယမ်းကာ အဝေးတစ်နေရာ ဆီသို့ ကူးခတ်သွားတော့သည်။

မြစ်ကမ်းနားတွင် ယွီထင်ကျဲနှင့် အခြားသူများမှာ ငြိမ်သက်နေသော ဝမ်ချွမ်းမြစ်၌ ရုတ်တရက် လှိုင်းတံပိုးများ ထလာသည်ကို မြင်လိုက်ရသဖြင့် သူတို့၏ မျက်လုံးများထဲတွင် စိုးရိမ်မှုများ ဖြတ်ပြေးသွားသည်။

ဝမ်ချွမ်းမြစ်မှာ ဘယ်တုန်းက လှိုင်းထဖူးလို့လဲ

မသေမျိုးသူတော်စင် ကဲ့သို့သော ပုဂ္ဂိုလ်ကြီးများ သေဆုံးပြီး ဝမ်ချွမ်းမြစ်ထဲ ရောက်လာလျှင်ပင် အလွန်ဆုံး ရေပူဖောင်းလေး အနည်းငယ်သာ ထွက်ပေါ်တတ်ခြင်း မဟုတ်ပါလား။

လှိုင်းတံပိုးများမှာ လက်ဖက်ရည် တစ်ခွက်စာခန့် ကြာအောင် လှုပ်ခတ်နေပြီးမှ ဖြည်းဖြည်းချင်း ပြန်ငြိမ်သွားသည်။

လူတိုင်း ဘာလုပ်ရမည်မှန်း မသိခင်မှာပင် ဝမ်ချွမ်းမြစ်ထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာပြီး ကမ်းခြေဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။

“သခင်လေး ”

လူတိုင်း ရှေ့သို့တိုးကာ ဂါရဝပြုလိုက်ကြသည်။

သူတို့၏ ရင်ထဲ၌ သက်ပြင်းချနိုင်သွားပြီး ဝမ်းသာအားရ ဖြစ်နေကြသလို ဖန့်ချန်၏ ယခု ကျင့်ကြံခြင်း အဆင့်အတန်းကိုလည်း ခိုး၍ စူးစမ်းနေကြသည်။

ဖန့်ချန်သည် သူတို့၏ သံသယကို ရိပ်မိသဖြင့် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်

“အခုတော့ ဝမ်ချွမ်းမြစ်က ငါ့ရဲ့ တာအို ဖြစ်သွားပြီ။ ငါ့ရဲ့ တာအိုကလည်း ဝမ်ချွမ်းမြစ်ပဲ။ နောင်တစ်ချိန်မှာ ဒါကိုပဲ ငါ့ရဲ့ အခြေခံအဖြစ် ထားရှိတော့မယ် ”

လူတိုင်း ရင်ထဲ၌ အေးစိမ့်သွားကာ တုန်လှုပ်သွားကြသည်။

မယ်တော်စီသည် သူမ၏ တုန်လှုပ်မှုကို ထိန်းချုပ်ကာ မိန်းကလေးငယ်တစ်ဦးကဲ့သို့ ဝမ်းသာအားရ ပြောလိုက်သည်

“သခင်လေး... နှစ်ပေါင်း များစွာအတွင်းမှာ ဝမ်ချွမ်းမြစ်နဲ့ တာအိုပေါင်းစပ်နိုင်တဲ့သူ တစ်ယောက်မှ မရှိခဲ့ဖူးဘူး။ အရင်တုန်းက ဖူထူလောကဟာ ဖူထူလောက မဖြစ်ခင် ကတည်းကပေါ့... ရှေးဦး ငရဲမင်း ဟာ ဝမ်ချွမ်းမြစ်နဲ့ တာအိုပေါင်းစပ်ခဲ့တယ်လို့ ကျွန်မ မကြားဖူးပါဘူး"

"ဝမ်ချွမ်းမြစ်ဟာ ဖူထူလောကရဲ့ အခြေခံ အုတ်မြစ်ပဲ။ ဝမ်ချွမ်းမြစ်နဲ့ တာအိုပေါင်းစပ်တယ်ဆိုတာ ကမ္ဘာတစ်ခုလုံးနဲ့ တာအိုပေါင်းစပ်တာနဲ့ အတူတူပဲ။ ယင်လောကကြီး (အကြီးစား) နဲ့ ယင်လောကငယ် (အသေးစား) တို့ တစ်သားတည်း ဖြစ်လာဖို့ဆိုတာ မကြာတော့ဘူးပဲ ”

တန့်ယင်တောင်သခင်၊ ပန်ဆန်းနှင့် ထိုက်ယင်နဂါးမင်းတို့မှာလည်း ရှေ့သို့တိုးကာ ဂုဏ်ပြုစကား ဆိုကြသည်။

သူတို့ တကယ်ပင် ဝမ်းသာနေကြခြင်း ဖြစ်သည်။

ယခုခေတ် ငရဲမင်းသည် တဖြည်းဖြည်း ကြီးထွားလာနေပြီ ဖြစ်ရာ၊ ငရဲမင်း ပိုမို အစွမ်းထက်လေ၊ သူတို့ကဲ့သို့သော ယင်လောက နတ်ဘုရားဝိညာဉ်များ၏ အဆင့်အတန်းမှာလည်း ပိုမို ခိုင်မာတည်ငြိမ်လာလေ ဖြစ်ပေမည်။

“ဒီပြင်ပမှာ အချိန် ဘယ်လောက်တောင် ကုန်သွားပြီလဲ”

ဖန့်ချန်က မေးလိုက်သည်။

“၁၃ နှစ် ရှိသွားပါပြီ”

ဟု ရှီလုံက ဆိုသည်။

“၁၃ နှစ်... သိပ်မကြာလှပါဘူး”

ဖန့်ချန်က အသာအယာ ခေါင်းညိတ်သည်။

ကံကောင်းထောက်မစွာဖြင့် ၁၃၀ နှစ် မဟုတ်ခဲ့ပေ။

၁၃ နှစ် ဆိုသည်မှာ ကျင့်ကြံခြင်းလောကအတွက် သာမန်လူသားတို့၏ ၁၃ ရက်ခန့်နှင့် အလားတူလှပြီး ကြီးမားသော ပြောင်းလဲမှုများ ရှိမည် မဟုတ်ချေ။

ထိုအချိန်မှာပင် လင်ပေါင် သည် အလျင်အမြန် ရောက်လာသည်။

သူသည် ဖန့်ချန် ဝမ်ချွမ်းမြစ်ထဲမှ ထွက်လာသည်ကို မြင်သောအခါ အံ့သြသွားပြီးနောက် ဝမ်းသာအားရ ဂုဏ်ပြုစကား ဆိုသည်။

“ဝမ်ချုံးစန်း ဘက်မှာ ဘာလှုပ်ရှားမှု ရှိလဲ”

ဖန့်ချန်က မေးသည်။

“သခင်လေး... ကျွန်တော် ဒီကိစ္စကြောင့်ပဲ လာတာပါ။ ဝမ်ချုံးစန်းက အထက်အဆင့်သုံးနယ်မြေ ကို သွားလိုက်ပါပြီ”

ဟု လင်ပေါင်က တိုးတိုးလေး ပြောလိုက်သည်။

“မင်းနဲ့ သူ့ကြားက မသေမျိုး ကတိကဝတ် က ပြီးမြောက်သွားပြီလား”

“ပြီးသွားပါပြီ ”

လင်ပေါင်၏ မျက်လုံးများထဲတွင် ကျေးဇူးတင်ရိပ်များ ယှက်သန်းနေသည်။

စစ်မှန်သော မသေမျိုး အဆင့် (၁) မှ အဆင့် (၈) အထိ လိုအပ်သော မသေမျိုး ဆေးဝါးပညာရပ်များကို တစ်ဖက်လူက သူ့ကို မပေးဘဲ နေနိုင်သော်လည်း ပေးခဲ့သည့်အပြင် ဝမ်ချုံးစန်းနှင့် ချုပ်ဆိုထားသည့် ကတိကဝတ်ကိုပါ ပြီးမြောက်အောင် ကူညီပေးခဲ့သောကြောင့် ဖြစ်သည်။

“မင်းအမြင်အရဆိုရင် ဝမ်ချုံးစန်းက အထက်နယ်မြေကို ရောက်ရင် ထိုက်ယီ မသေမျိုးဂိုဏ်း ကို သွားမှာလား၊ ဒါမှမဟုတ် ချီရှင်းရှေးဟောင်းမသေမျိုး ဆီမှာ ခိုလှုံမှာလား ”

“ကျွန်တော့်ရဲ့ အထင်ကို ပြောရရင်တော့ သူ ထိုက်ယီ မသေမျိုးဂိုဏ်းကိုပဲ သွားလိမ့်မယ်။ သူ့ရဲ့ လူမှုဆက်ဆံရေးနဲ့ နည်းပရိယာယ်တွေအရ ဒီလို အခွင့်အရေးကောင်းကို လက်လွှတ်ခံမှာ မဟုတ်ဘူး။ ဖြစ်နိုင်တာက သူဟာ အစကတည်းက အထက်နယ်မြေကို သွားရုံတင် မဟုတ်ဘဲ ထိုက်ယီ မသေမျိုးဂိုဏ်းနဲ့ ရင်းနှီးအောင် လုပ်ဖို့ ကြံစည်ထားတာပဲ"

" ထိုက်ယီ မသေမျိုးဂိုဏ်း လို အင်အားစုမျိုးကသာ အထက်နယ်မြေမှာ ကျွယ်မင် နတ်ဘုရားနန်းတော် နဲ့ ယှဉ်နိုင်တာ။ သူက အရင်တုန်းက ကျွယ်မင် နတ်ဘုရားနန်းတော်က သူ့အပေါ် လုပ်ခဲ့တာတွေကို ကလဲ့စားချေဖို့ ကြံစည်နေတာ ဖြစ်နိုင်ပါတယ်”

ဟု လင်းပေါင်က တိုးတိုးလေး သုံးသပ်ပြသည်။

ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြပြီး လူတိုင်းနှင့် ခဏမျှ စကားစမြည် ပြောဆိုနေစဉ် သူ၏ အကြည့်မှာ မယ်တော်စီ ဘေးမှ နတ်မိမယ်ယွီ ဆီသို့ ရောက်သွားသည်။

နတ်မိမယ်ယွီမှာ ဂရုမစိုက်သလို ဟန်ဆောင်နေသော်လည်း မျက်လုံးထောင့်မှ တစ်ဆင့် ဖန့်ချန်ကို ခိုးကြည့်နေမိသည်။

သူမ၏ အကြည့်မှာ ဖန့်ချန်ကို ထူးဆန်းသော သတ္တဝါကြီးတစ်ကောင်ကို ကြည့်နေသကဲ့သို့ပင်။

“နောက်ပိုင်း ငါ ဒီနေရာကို မလာနိုင်တဲ့ အချိန်တွေ ရှိလိမ့်မယ်။ ဒီနေရာကိုတော့ မင်းတို့ အားလုံးကိုပဲ အပ်ထားပါရစေ ”

“သခင်လေး စိတ်ချပါ”

ဟု လူတိုင်းက ပြန်ထူးကြသည်။

“ငါ မထွက်သွားခင်မှာ ယင်လောက နတ်ဘုရားဝိညာဉ် အချို့ကို ထပ်ပြီး ရာထူးခန့်အပ်သွားဦးမယ်။ မင်းတို့မှာ သင့်တော်တဲ့သူတွေ ရှိရင်လည်း ငါ့ကို ပြောပြလို့ ရပါတယ်”

All Chapters