အခန်း (၂၃၈-၂၄၀)
Vol. 16 Ch. 238-240
အပိုင်း (၂၃၈)
လေယာဉ်ပျံနှင့် ရည်းစားစာများကို ပြင်ဆင်ပြီးနောက်တွင် ရှမြန်သည် အချိန်ကိုကြည့်ကာ ပြောလိုက်၏။ "ဟိုတယ်ကို သွားကြမယ်"
မင်္ဂလာပွဲနေ့သည် သန်ဘက်ခါဖြစ်သည်။ ဒီနေ့ ဟိုတယ်သို့ သွားရပေမည်။
ဆွန်းယွဲ့ရှင်းက အနည်းငယ်စိတ်မရှည်လက်မရှည်ဖြစ်နေပြီး "ဒဏ္ဍာရီလာ ယွဲ့ကျွင်းဟိုတယ်။ အဲဒီနေရာမှာ အစားရော အသောက်ရော ဖျော်ဖြေမှုကဏ္ဍပေါင်းစုံ ရှိတယ်လို့ ကြားထားတယ်။ ဟုတ်လား"
လီလီကျန်းကလည်း သက်ပြင်းချလိုက်ကာ"ရှမြန်ကြောင့်သာ မဟုတ်ဘူးဆိုရင် ငါ့ဘဝမှာ အဲဒီလိုနေရာကို တစ်သက်လုံး သွားနိုင်မှာမဟုတ်ဘူးလို့ ထင်တယ်"
ရှမြန်ကလည်း ရယ်မောလိုက်၏။ "လျှောက်မပြောပါနဲ့။ ဘဝဆိုတာ ရှည်လျားပါတယ်။ နောက်ဆိုရင် နင်တို့လည်းအဲဒီကို မကြာခဏလာတဲ့ ဧည့်သည်တွေ ဖြစ်ချင်ဖြစ်နေမှာပေါ့"
မာယင်းယင်းကတော့ ပြုံးကာပြောလိုက်သည်။ "ငါကတော့ ပုံမှန်ဧည့်သည်တစ်ယောက် ဖြစ်စရာမလိုပါဘူး။ တစ်ခါတစ်လေလေး သွားနိုင်တယ်ဆိုရင်ပဲ ကျေနပ်နေပါပြီ"
၃နှစ်တာ တည်ဆောက်ပြုပြင်ပြီးသွားသည့်နောက်တွင် ယွဲ့ကျွင်းဟိုတယ်သည် အဆင့်မြင့် ဇိမ်ခံဟိုတယ်တစ်ခု ဖြစ်လာခဲ့ပြီး သီးသန့်ကလပ်တစ်ခုနှင့် တူလာတော့သည်။ ထိုဟိုတယ်က အဖွဲ့ဝင်စနစ်တစ်ခုကို ကျင့်သုံးပြီး လူချမ်းသာများနှင့် အထက်တန်းစား မိသားစုများကသာ ဝင်ထွက်သွားလာနိုင်သည်။
အတွင်းဘက်က ဝန်ဆောင်မှုနှင့်ပစ္စည်းများသည် ဤခေတ်တွင် အလွန်အဆင့်မြင့်သည့် အရည်အသွေးများဖြစ်ပြီး အတွေ့အကြုံကလည်း အလွန်ကောင်းမွန်လှသည်။
နဥ်ရှောက်ပိုင်က သူတို့၏မင်္ဂလာပွဲ ကျင်းပဖို့ရန်အတွက် ဟိုတယ်တစ်ခုလုံးကို ချက်ချင်း ငှားရမ်းထားလိုက်ကာ ဒါသည် အလွန်မှ ကြီးကျယ်ခမ်းနားလှသည့် လှုပ်ရှားမှုတစ်ခုဟုပင် ဆိုနိုင်လေသည်။
ဖိတ်စာများကိုလည်း လွန်ခဲ့သည့်တစ်လကတည်းက ပို့ထားပြီးသားဖြစ်သည်။ သတင်းကလည်း အသိုင်းအဝိုင်းထဲတွင် တောမီးပြန့်သလို ပြန့်နှံ့နေခဲ့၏။ ပုံမှန်ဆိုလျှင် အလွန်သိုသိုသိပ်သိပ်နေတတ်သည့် သခင်လေးနဥ်သည် အင်မတန် ခမ်းနားထည်ဝါလှသည့် မင်္ဂလာပွဲတစ်ခုကို ကျင်းပမည်ဖြစ်ကာ မကောင်းသည့် စိတ်သဘောထား ရှိကြသည့်လူများကို အံ့အားသင့်စေခဲ့သည်။ သူတို့သည် နဥ်ရှောက်ပိုင်နှင့် ရှမြန်တို့ကတော့ ဒီအတိုင်း ကစားနေကြသည်ဟုပင် ထင်ကြလေသည်။ ယခုတော့ နဥ်ရှောက်ပိုင်က ရှမြန်ကို မည်မျှတန်ဖိုးထားသည့်အကြောင်း အားလုံးကိုသိလာစေခဲ့သည်။
ရှမြန်သည် သူမ၏ သတို့သမီးအရံများနှင့် ယွဲ့ကျွင်းဟိုတယ်သို့ မောင်းလာသည့်အချိန်တွင် နဥ်ရှောက်ပိုင်နှင့် ရုံရှင်းတို့ကလည်း ယခုလေးတင်မှ ရောက်လာစဖြစ်ကာ သူတို့၂ဖွဲ့သည် လှေကားနားတွင် ဆုံတွေ့ခဲ့ကြ၏။
နဥ်ရှောက်ပိုင်က သူမကိုတွေ့လိုက်သည့်အခါ ပြုံးပြလိုက်ပြီး လက်နှစ်ဖက်ကိုလည်း အလိုလို ဆန့်တန်းထားလိုက်သည်။
ရှမြန်ကလည်း သစ်တောထဲက ငှက်မလေးတစ်ကောင်လို အမှန်ပင် အပြေးအလွှား ရောက်လာပြီး
"ဒေါက်တာနဉ်"
နဥ်ရှောက်ပိုင်က သူမ၏ပခုံးကို သိုင်းဖက်ထားလိုက်ပြီး သူမ၏ဆံပင်လေးကို ပွတ်သပ်ပေးလိုက်ကာ မေးလိုက်သည်။ "ပြီးသွားပြီလား"
သူ့အတွက် စပရိုက် တစ်ခုကို ပြင်ဆင်ပေးဖို့ရန်အတွက် ရှမြန်က သူမသည် ကျောင်းတွင်လုပ်စရာရှိသည်ဟု လိမ်ညာပြောခဲ့ပြီး သူမနှင့်ဆွန်းယွဲ့ရှင်းတို့အဖွဲ့က မနေ့ညက ကျောင်းကအဆောင်တွင် အိပ်ခဲ့ကြသည်။
ရှမြန်က ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ "အစမ်းလေ့ကျင့်တာကို အနှောင့်အယှက် မဖြစ်လောက်ဘူးလို့ ထင်ပါတယ်"
"မဖြစ်ပါဘူး" နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "အရင်ဆုံး စားကြမယ်လေ။ ညစာစားပြီးမှပဲ စမ်းလုပ်ကြတာပေါ့"
သူ့ဘေးက ရုံရှင်းကလည်း ညစ်ကျယ်ကျယ် ပြုံးကာ ပြောလိုက်လေသည်။ "ဒီမယ် ရှမြန် နင် သတို့သားအရံတွေအတွက် အစီအစဉ်တွေ ဘယ်နှခုတောင်မှ ပြင်ဆင်ထားတာလဲ။ ငါ့ကို ကြိုပြောထားနော်။ ဒါမှ ငါလည်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားလို့ရမှာ"
ဒီအချိန်တွင်တော့ သူသည် မျက်နှာပေါ်တွင် ကျေးဇူးတင်သွားသည့် ရုပ်တစ်ခုဖြင့် ပြောလိုက်၏။
"တော်သေးတာပေါ့။ ငါ စောစောလက်ထပ်သွားလို့ပဲ။ မဟုတ်ရင် အစ်ကိုပိုင်ရဲ့သတို့သားအရံဖြစ်ရတာ ဘယ်လောက်တောင် ဆိုးဝါးနေလိမ့်မလဲ"
ရှမြန်ကလည်း သူ့ကို ပြန်ပြီး စနောက်လိုက်ကာ"စိတ်ချပါ။ ရှင် သတို့သား ဖြစ်တဲ့အချိန်တုန်းကထက်တော့ ပိုဆိုးမှာ မဟုတ်ပါဘူး"
ရုံရှင်းနှင့် ထန်မြောင်မြောင်တို့ လက်ထပ်ကြစဉ်က ရှမြန်သည် ထန်မြောင်မြောင်ကို ရယ်စရာကောင်းသည့် အကြံညဏ်များစွာ ပေးခဲ့ပြီး ရုံရှင်းနှင့် သူ၏သတို့သားအရံများမှာ တော်တော်လေး ဒုက္ခရောက်ခဲ့ကြသည်။
ပါးနပ်လှသည့် နဥ်ရှောက်ပိုင်ကလည်း ဒါကိုမျှော်လင့်ထားခဲ့ပြီးသားဖြစ်ကာ အစောကြီးကတည်းက အခမ်းအနားမှူးတာဝန်ကို လက်လွှဲယူခဲ့ပြီး သူ့ကိုယ်သူ အရူးတစ်ယောက် လုပ်ရမည့်အရေးမှ ရှောင်ကြဉ်ခဲ့လေသည်။
ရုံရှင်းက ထိုအချိန်တုန်းကတော့ အပြင်းအထန် ကန့်ကွက်ခဲ့သော်ငြားလည်း နဥ်ရှောက်ပိုင်က သူ့ကို စကားတစ်ခွန်းတည်းနှင့် ပိတ်ပြောခဲ့၏။ "သတို့သားအရံက ဘယ်လိုလုပ်ပြီးတော့ သတို့သားရဲ့ ခမ်းနားထည်ဝါမှုကြီးကို ဖြတ်လုထားလို့ရမှာလဲ"
ရုံရှင်းသည် နတ်ဘုရား၏သားတော်တမျှ ချောမောခန့်ညားသည့် နဥ်ရှောက်ပိုင်ကို ကြည့်လိုက်မိသည်။ သူသည် နဥ်ရှောက်ပိုင်၏ အတွေးသေးသေးလေးကို သိနေသော်ငြားလည်း သူသည် သူတို့၏စကားကို မလွန်ဆန်နိုင်ခဲ့ဘဲ နေ့တိုင်းဆိုသလို စိတ်ဆင်းရဲခဲ့ရတော့သည်။
ယခုအချိန်တွင်တော့ ရုံရှင်းသည် ထိုအချိန်က ဝမ်းနည်းစရာအဖြစ်အပျက်ကို သတိရသွားပြီး ချက်ချင်း သူ့စကားလုံးများကို ပြောင်းလဲလိုက်တော့၏။ "တကယ်တော့ အစ်ကိုပိုင်လည်း ပေါ့ပေါ့ပါးပါးနဲ့ ပျော်လိုက်သင့်တာပါ"
"ဒါက အစ်ကိုပိုင်နဲ့ အစ်ကိုတုန်းတို့လို တကယ့်ကို ထူးချွန်တဲ့သူတွေ ရှက်စရာကောင်းတာကိုမြင်ရမဲ့ တစ်သက်တစ်ခါ အခွင့်အရေးပဲလေ။ အရမ်းကို ရှားပါးလွန်းတယ်။ လုံးဝကို လက်မလွှတ်ဘဲ ကြည့်သင့်တယ်"
ရှမြန်ကလည်း နဥ်ရှောက်ပိုင်၏ သူမအပေါ် "အကြပ်ကိုင်ခြင်းနှင့် မြှူဆွယ်ခြင်းအကြောင်း”ကို ရုတ်တရက် စဉ်းစားမိလိုက်ပြီး မနေနိုင်တော့ဘဲ သူ့ကို မော့ကြည့်လိုက်လေသည်။ နဥ်ရှောက်ပိုင်ကလည်း ခေါင်းကိုငုံ့ထားပြီး သူ့နှုတ်ခမ်းထောင့်က အနည်းငယ်လေးမြင့်တက်နေကာ မည်သို့ပင်ကြည့်နေစေကာမူ အလေးမထားသည့်ရုပ်လေး ပေါက်နေ၏။ သူမ၏ပခုံးပေါ်က လက်ကလည်း လှုပ်ရှားသွားခဲ့ပြီး မူလက ရင်းနှီးနေသည့်လှုပ်ရှားမှုက ရုတ်တရက်ဆိုသလို ပြင်းထန်လာတော့သည်။
နယ်မြေကို ချဲ့ထွင်ခဲ့ပြီးကတည်းက ဒေါက်တာနဥ်သည် သူ၏မဖွယ်မရာအပြုအမူများကို သိပ်ပြီး ဖုံးကွယ်ထားခြင်းမရှိတော့ချေ။
ရှမြန်က မျက်နှာနီသွားပြီး သူ့ခါးကို တိတ်တိတ်လေး ခိုးဆိတ်လိုက်တော့၏။
"ဘာကို မလွတ်တမ်းကြည့်ရမှာလဲ" ကြည်လင်ပြတ်သားသည့် အသံတစ်ခုကို ကြားလိုက်ရသည်။ အားလုံးက လှည့်ကြည့်လိုက်ကြသည့်အခါ ဆွဲဆောင်မှုရှိလွန်းလှသည့် လူငယ်လေး၃ယောက်က တံခါးမှနေ၍ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရ၏။ သူတို့အားလုံးသည် ပခုံးကျယ်ကျယ်၊ ခါးကျဥ်းကျဥ်း၊ ခြေတံရှည်ရှည်၊ ဆံပင်အရောင်အမျိုးမျိုး နှင့်မျက်လုံးအရောင်အမျိုးမျိုး ပိုင်ဆိုင်ထားကြသည်။
ယခုလေးတင် စကားပြောလိုက်သည့်သူမှာ ရုံရှင်းပြောခဲ့သည့် အစ်ကိုတုန်း ဖြစ်လေသည်။ သူသည် သူ၏နှာတံမြင့်မြင့်ပေါ်တွင် ရွှေကိုင်းမျက်မှန်တစ်လက်ကို ဝတ်ဆင်ထားပြီး သူ၏လေးနက်လှသည့် ကိုယ်နေဟန်ထားက အနည်းငယ် ဉာဏ်ရည်ထက်မြက်သည့် ပုံစံတစ်ခုကို ဖြည့်ဆည်းပေးနေသည်။
ဒီခေတ်တွင် နဥ်ရှောက်ပိုင်၏ သက်တူရွယ်တူအများစုသည် အိမ်ထောင်ကျပြီးသွားကာ ကလေးများ ရှိနေကြပြီဖြစ်သည်။ သူသည် သူ၏မရှိသလောက် ရှားပါလှသည့် သူငယ်ချင်းလေးများထဲက လက်မထပ်ရသေးသည့် သတို့သားအရံ ၆ယောက်ကို ခက်ခက်ခဲခဲ ရွေးချယ်ခဲ့ရလေသည်။
မော့ဟယ်ကုမ္ပဏီမှ မော့ဖေးကွမ်းနှင့် ဟယ်ကျန်းမင်၊ ယွဲ့ကျွင်းဟိုတယ်ပိုင်ရှင် ကျူးကျားတုန်း၊ ထို့နောက်တွင်တော့ နိုင်ငံခြားမှ ပြန်လာခဲ့ကြသည့် ကျန်းတုန်းနှင့် နောက်ထပ် သူငယ်ချင်း၃ယောက်တို့ ဖြစ်ကြသည်။
ကျန်းတုန်းသည် နဥ်ရှောက်ပိုင် နိုင်ငံခြားတွင် စာလေ့လာစဉ်က သူ၏အခန်းဖော်ဖြစ်ခဲ့သည်။ သူသည်လည်း နာမည်ကြီးတက္ကသိုလ်တစ်ခုက ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ကာ ဘဏ္ဍာရေးလုပ်ငန်းဘက်တွင် အလုပ်လုပ်နေသည်။ သူသည် နဥ်ရှောက်ပိုင်၏ ပိုင်ဆိုင်မှုများစွာကို စီမံပေးခဲ့၏။
သူသည် တော်တော်လေးကို အလုပ်ကြမ်းပိုးတစ်ယောက်ဖြစ်သည်ဟုလည်း ကြားခဲ့ဖူးသည်။
ခုနက ရှမြန်အား လူအများကို ဒုက္ခပေးခိုင်းနေသည့် ရုံရှင်းက ယခုအချိန်တွင် ဒီလူများကို မြင်လိုက်သည့်အခါ မြေခွေးတကောင်လို ရယ်မောရင်းပြောလိုက်၏။ "အစ်ကိုတုန်း ဒီတစ်ခေါက်ယူလာတဲ့ project ကိုတော့ မလွတ်တမ်းကြည့်ရမယ်နော်"
ကျန်းတုန်း၏ နောက်က ရွှေရောင်ဆံပင်၊ ပြာလဲ့လဲ့မျက်လုံးပိုင်ရှင် လူငယ်လေးက ပခုံးတွန့်လိုက်ကာ အင်္ဂလိပ်လို ပြောလိုက်သည်။ "တခြားလူရဲ့ မင်္ဂလာပွဲကိုတက်ပြီး ပရောဂျက်အကြောင်းပါ ဆွေးနွေးရမှာကတော့ ပထမဦးဆုံးအကြိမ်ပဲ။ သူက လေယာဉ်ပေါ်မှာကတည်းက တစ်နေကုန် စွန့်စားမှု အကဲဖြတ်လုပ်ငန်းတွေကို လုပ်လာခဲ့တာ။ အစ်ကိုတုန်းက တကယ် ကြောက်စရာကောင်းတယ်"
နဥ်ရှောက်ပိုင်သည် ရယ်မောလိုက်ပြီး သူတို့ဆီသို့ လျှောက်သွားလိုက်ကာ သူတို့ကိုပွေ့ဖက်ကာ နှုတ်ဆက်လိုက်၏။ "ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ကျန်းတုန်းက သူ့ပခုံးကို လှမ်းပုတ်လိုက်ကာ အပြုံးဖြင့် ပြောလိုက်သည်။ "ဂုဏ်ပြုပါတယ်။ မင်းရဲ့သံမဏိသစ်ပင်ကြီးက မင်းရဲ့ဘဝမှာ ဘယ်တော့မှ ပန်းမပွင့်တော့ဘူးလို့တောင် ငါက ထင်ထားတာ"
ထို့နောက်တွင်တော့ သူသည် ကိုယ်ကိုလှည့်ကာ ရှမြန်ကို လက်မထောင်ပြလိုက်ပြီး "ခယ်မလေး မင်းရဲ့အကြောင်း အများကြီးကြားထားဖူးတယ်"
ရှမြန်ကလည်း သဘောကျသွား၏။ "အတူတူပါပဲ"
ခဏအကြာတွင်တော့ ကျူးကျားတုန်းနှင့် ကျန်သတို့သားအရံ၃ယောက်ကလည်း အချိန်မီ ရောက်လာကြသည်။ နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "အရင်ဆုံး သွားစားကြမယ်။ ညနေစာစားပြီး ခဏလောက် အနားယူပြီးမှ အစမ်းလေ့ကျင့်ကြတာပေါ့"
ကျန်းတုန်းက ပြောလိုက်သည်။ "ရိုးရိုးရှင်းရှင်းပဲ စားကြရအောင်ပါ။ အစမ်းလေ့ကျင့်တာက ၄နာရီလောက် အချိန်ပေးရမယ်လို့ ပြောတယ် မဟုတ်လား။ ငါ ဒီကိုလာတုန်းက ပရောဂျက်မန်နေဂျာကိုလည်း မေးထားသေးတယ်။ ငါတို့တွေ အစမ်းလေ့ကျင့်ပြီးသွားရင် ပရောဂျက်ကိစ္စလည်း ဆွေးနွေးလို့ရတယ်"
"အခြေခံသဘောတရားကို မှတ်ထားပြီးရင် မင်း မင်္ဂလာပွဲပြီးတာနဲ့ အကဲဖြတ်လုပ်ငန်းကို စလို့ရပြီ"
သူ့အကြောင်းကို သိနေကြသည့်လူအားလုံးကတော့ တစ်ပြိုင်တည်းမျက်နှာကို လက်ဖြင့် အုပ်ထားလိုက်ကြသည်။ နဉ်ရှောင်ပိုင်ကလည်း သက်ပြင်းချကာ ပြောလိုက်၏။ "ကောင်းပါပြီ"
ထို့နောက်တွင်တော့ သူသည် လှည့်ကာ ရှမြန်ကို မေးလိုက်သည်။ "မင်းနဲ့ မင်းရဲ့သူငယ်ချင်းတွေ စားသောက်ခန်းကို အရင်ဆုံးသွားလိုက်ကြပါလား။ အရင်ဆုံး အစမ်းလေ့ကျင့်လည်း အတူတူတော့ အတူတူပါပဲ။ နောက်မှ ဖြည်းဖြည်းချင်း စားလို့ရတာပေါ့"
လီလီကျန်းက ရှမြန်၏လက်ကို ချက်ချင်းဆွဲထားလိုက်ပြီး ဝမ်းသာအားရ ပြောလိုက်လေသည်။
"မလိုပါဘူး။ အတူတူသွားကြတာပေါ့"
ရှမြန်သည် သူမ၏တောက်ပနေသည့် မျက်လုံးများကိုကြည့်လိုက်ကာ ချက်ချင်းဆိုသလို တစ်ခုခုကို နားလည်သွားတော့သည်။ သူမက သူမ၏သတို့သမီးအရံများကို လှမ်းကြည့်လိုက်ပြီး အားလုံးကလည်း သဘောတူသည်ကို တွေ့လိုက်ရသဖြင့် သူမကပြုံးကာ ပြောလိုက်သည်။ "ဒါဆိုရင်လည်း အတူတူသွားကြမယ်လေ"
"အရင်ဆုံး အချင်းချင်း ကိုယ့်ဟာကိုယ် ရင်းနှီးအောင် လုပ်ထားတာက ကောင်းတာပေါ့"
အားလုံးသည် ဘူဖေးစားရန်အတွက် တတိယထပ်သို့ တက်လာခဲ့ကြ၏။
ရှမြန်နှင့်တခြားသူများက နောက်တွင်ကျန်ရစ်ခဲ့ပြီး မာယင်းယင်းက တိုးတိုးလေး ပြောလိုက်သည်။
"လူချောလေးတွေက လူချောလေးတွေနဲ့ပဲ သူငယ်ချင်း လုပ်ကြတာလား။ နင့်ရဲ့ဒေါက်တာနဥ်ရဲ့ သတို့သားအရံတွေကလည်း အရမ်းချောကြတယ်နော်"
စွန်းရှောင်ရွှယ်က နောင်တရသွားသလို ဟန်ဆောင်လိုက်ကာ ပြောလိုက်လေသည်။ "ငါသာ စောစောသိခဲ့မယ်ဆိုရင် နောက်ကျမှပဲ ရည်းစားထားပါတယ်။ ဒီလိုဆိုရင် ငါလည်း နိုင်ငံခြားသား ရည်းစားလေးတစ်ယောက်လောက် ရှာနိုင်လောက်မှာပဲ"
ရှမြန်က လီလီကျန်း၏မျက်လုံးရှေ့တွင် လက်ဝှေ့ရမ်းလိုက်ကာ"ဒီမယ် သတိဝင်ပါတော့။ နင့်ရဲ့မျက်လုံးအိမ်တွေ ထွက်ကျတော့မယ်"
လီလီကျန်းသည် သူမ၏လက်ကို ဖမ်းဆုပ်ထားလိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "ရှမြန် ငါကတော့ ငါ့ရဲ့စိတ်တူကိုယ်တူ အဖော်လေးကို ရှာတွေ့သွားပြီ ထင်တယ်။ ငါကတော့ ငါ့ရဲ့တစ်သက်စာ သင်ယူမှုကို သူ့လက်ထဲ အပ်နှံနိုင်တော့မယ်လို့ ခံစားရတယ်"
ဟုတ်ပါသည်။ ဒီကောင်မလေး၏ ရည်ရွယ်ချက်ပန်းတိုင်မှာ နံပါတ်တစ်ကျောင်းသူလေးတစ်ယောက် ဖြစ်လာဖို့ရန်ပင်။
ဆွန်းယွဲ့ရှင်းက ပြောလိုက်၏။ "ဒါဆိုရင်တော့ နင် အများကြီး သင်ယူလေ့လာနိုင်ဦးမှာပဲလို့ ငါတော့ ခန့်မှန်းမိတယ်။ နင် အဲဒီစကားကို မကြားလိုက်ဘူးလား။ သူက ဉာဏ်ကြီးရှင် ရင်းနှီးမြှုပ်နှံသူတစ်ယောက်တဲ့။ ဒါပေမဲ့ သူက အရမ်းကိုလည်း အလုပ်ကြမ်းပိုးတဲ့လေ။ သူက သူ့ရဲ့ချစ်သူကောင်မလေးကို အချိန်မပေးနိုင်မှာဘဲ စိုးရတယ်"
လီလီကျန်းက ပြောလိုက်သည်။ "ဒါဆိုရင်တော့ ကွက်တိပဲ။ ငါတို့တွေက လိမ်လည်လှည့်စားခံရမဲ့ ဖြစ်နိုင်ခြေကို ထည့်ပြီး စဉ်းစားစရာ မလိုတော့ဘူးလေ"
ရှမြန်က အော်ရယ်လိုက်၏။ "ဟုတ်ပါပြီ။ ငါ ဒေါက်တာနဥ်ကို သွားပြောလိုက်မယ်။ နင်နဲ့ သူ့ကို အတူတူ တွဲပေးဖို့လေ။ နောက်ဆုံးမှာ နင် အောင်မြင်နိုင်မလားဆိုတာကတော့ နင့်အပေါ်ပဲ မူတည်တော့တယ်"
မာယင်းယင်းနှင့် ဟွမ်ယန်ဟုန်တို့ကလည်း ချက်ချင်းဆိုသလို စိတ်ဝင်စားလာကြကာ စိတ်အားထက်သန်စွာဖြင့် သူမကိုအကြံပေးကြလေသည်။
နေ့လယ်ခင်း အစမ်းလေ့ကျင့်ခြင်းသည် စိတ်ဝင်စားစရာ ကောင်းလာတော့၏။ နဥ်ရှောက်ပိုင်သည် ကျန်းတုန်းနှင့်အတူ တွဲကဖို့ရန် အရင်ဆုံးကမ်းလှမ်းခဲ့သည့် လီလီကျန်းကို ကြည့်လိုက်ကာ မျက်ခုံးများကို ပင့်ထားလိုက်ပြီး ရှမြန်ကို ပြောလိုက်သည်။ "မင်းရဲ့သူငယ်ချင်းတွေက အရမ်းသတ္တိရှိတာပဲ"
ရှမြန်ကလည်း ပြုံးကာ ပြောလိုက်သည်။ "ရလဒ်က ဘာပဲဖြစ်ဖြစ်လေ။ အနည်းဆုံးတော့ သူ နောင်တရမှာ မဟုတ်တော့ဘူးပေါ့"
နဥ်ရှောက်ပိုင်က သူမ၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ကာ အပြုံးဖြင့် ပြောလိုက်၏။ "အမှန်ပဲ"
အစမ်းလေ့ကျင့်ခြင်း ပြီးသွားသည့်အချိန်တွင် ညနေခင်း၅နာရီ ရှိနေပြီဖြစ်သည်။ အားလုံးသည် အလွန်နွမ်းနယ်ပင်ပန်းသွားကြပြီး အနားယူချင်ကြတော့၏။
ကျန်းတုန်းသည် သူ့လက်ကိုမြှောက်ကာ နာရီကိုကြည့်ပြီး ပြောလိုက်၏။ "အချိန်ကိုက်ပဲ။ တာဝန်ခံလည်း သိပ်မကြာခင် ရောက်လာတော့မယ်။ ရှောက်ပိုင်။ သူနဲ့ တွေ့ဖို့ ငါနဲ့လိုက်ခဲ့နော်"
ရုံရှင်းက နဥ်ရှောက်ပိုင်၏ပခုံးကို လှမ်းပုတ်လိုက်ပြီး ကိုယ်ချင်းစာစွာဖြင့် ပြောလိုက်လေသည်။
"အစ်ကိုပိုင် အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးပဲနော်"
ရှမြန်ကလည်း စိတ်ပျက်ပျက်နှင့် သူ့လက်ကို ဖမ်းဆွဲထားလိုက်သည်။ သို့သော်ငြားလည်း သူမက တစ်ခုခုကို ပြောတော့မည်အချိန်မှာပင် ကျန်းတုန်းက အရင်ဆုံး မိတ်ဆက်စကားပြောလိုက်၏။ "ဒါက အင်တာနက်ကုန်သွယ်ရေး ပလက်ဖောင်းတစ်ခုအတွက် ပရောဂျက်လေ"
"လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ထားပြီးပြီ။ မနှစ်ကတည်းက အင်တာနက်က အလားအလာအများကြီးနဲ့ တိုးတက်လာခဲ့တယ်။ နှစ်အနည်းငယ်အတွင်းမှာ ငါတို့တွေ အလွယ်တကူ အသုံးပြုနိုင်တဲ့ အင်တာနက်ခေတ်ကို ရောက်လာကြလိမ့်မယ်။ ဒီပရောဂျက်ရဲ့ ရင်းနှီးမြှုပ်နှံမှုသံသရာက နည်းနည်းလေး ရှည်မယ်ဆိုပေမဲ့လည်း ပြန်ရလာမဲ့ဟာကတော့ အရမ်းကို အကျိုးအမြတ်များတယ်"
အင်တာနက်ကုန်သွယ်ရေး ပလက်ဖောင်းဆိုတာက ထောင်ပေါင်းရဲ့ အစောပိုင်းဗားရှင်း မဟုတ်လား။
ရှမြန်သည် နဥ်ရှောက်ပိုင်ကို အရေးကြီးတာဝန် ပေးအပ်လိုက်သည့်နှယ် သူ၏လက်ကို ဆွဲကိုင်ထားလိုက်ကာ "ဒေါက်တာနဥ် အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးပဲနော်"
နဥ်ရှောက်ပိုင်သည် သူမ၏ပြောင်းလဲသွားသည့် သဘောထားကို အလိုလို သတိထားမိလိုက်ပြီး သူ့ခေါင်းကိုငုံ့လိုက်ကာ ဒေါသထွက်ထွက်ဖြင့် သူမ၏နဖူးကို ထိထားလိုက်တော့၏။ "မင်းကတော့ ငွေကြောင့် ဘာမှမမြင်တော့ဘူးပဲ"
ရှမြန်ကလည်း ရယ်မောကာ စဉ်းစားလိုက်သည်။ ဒါက ပုံမှန်ပိုက်ဆံမှ မဟုတ်တာ။
ကျန်းတုန်းသည် ခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ပြီး သိပ်မကြာခင်တွင် သူတို့၏မြင်ကွင်းထဲ၌ လူ၄ယောက် ထွက်ပေါ်လာခဲ့သည်။
ဆွန်းယွဲ့ရှင်းသည် တအံ့တဩဖြင့် လွှတ်ခနဲအော်ပြောလိုက်လေသည်။ "ဟမ်"
ရှမြန်ကလည်း ဇဝေဇဝါဖြင့် ခေါင်းကိုစောင်းကြည့်လိုက်၏။
လီလီကျန်းက မေးလိုက်သည်။ "ဟန်ဟောက်ရန်နဲ့ ကျောက်ချန်း။ သူတို့တွေက ကိုယ်ရံတော် လာလုပ်ကြတာလား"
ကျန်းတုန်းသည် ထိုစကားကို ကြားလိုက်သည့်အခါ မေးလိုက်၏။ "မင်းတို့တွေ အချင်းချင်း သိကြလို့လား"
လီလီကျန်းက ချက်ချင်း ပြောလိုက်သည်။ "နောက်က၂ယောက်ကို သိတယ်လေ။ တစ်ယောက်က ကျွန်မတို့ရဲ့ကျောင်းနေဖက် သူငယ်ချင်း။ ကျန်တဲ့တစ်ယောက်က အထက်တန်းကျောင်းတုန်းက သူငယ်ချင်းကောင်းလေးပေါ့"
ကျောက်ချန်းနှင့် ဟန်ဟောက်ရန်တို့ကလည်း သူတို့ကို မြင်လိုက်သည်။ မူလက ရှမြန်၏ပခုံးကို သိုင်းဖက်ထားသည့် နဥ်ရှောက်ပိုင်၏လက်သည် ရုတ်တရက်ဆိုသလို သူမ၏ခါးဆီသို့ ပြောင်းရွှေ့သွားကာ သူမ၏ခါးကို အသာအယာ ဖျစ်ညှစ်လိုက်၏။ ရှမြန်ကလည်း မော့ကြည့်လိုက်ကာ သူ့ကို မျက်စောင်းထိုးလိုက်တော့သည်။
ကံအားလျော်စွာ သူတို့၏ လှုပ်ရှားမှုသေးသေးလေးကို မည်သူကမှ သတိမထားမိခဲ့ကြပေ။ ဆွန်းယွဲ့ရှင်းက ဇဝေဇဝါဖြင့် ပြောလိုက်၏။ "သူတို့ထဲက တစ်ယောက်က ရဲသင်တန်းကျောင်းက သင်တန်းသားတစ်ယောက်လေ။ ကျန်တဲ့တယောက်က စိတ်ကြိုက်ဘာသာရပ် ကျောင်းသားတစ်ယောက်။ သူတို့တွေ တာဝန်ယူထားတဲ့ ပရောဂျက်ရှိတယ်လို့ မကြားမိပါဘူး"
လူ၄ယောက်က အနားသို့ ချဉ်းကပ်လာပြီ ဖြစ်၏။ ခေါင်းဆောင်သည့်လူသည် အသက်၃၀ခန့်ရှိပြီဖြစ်ကာ အရပ်သိပ်မမြင့်သော်ငြားလည်း သိမ်မွေ့ခန့်ညားသည့် ရုပ်ဖြစ်သည်။ သူသည် သူတို့ ပြောလိုက်သည့်စကားကို တိုက်တိုက်ဆိုင်ဆိုင်ကြားသွားပြီး ကျန်းတုန်းနှင့် လက်ဆွဲနှုတ်ဆက်ရင်းက ရှင်းပြလိုက်၏။ "ဒါက ကျွန်တော့်ရဲ့ဝမ်းကွဲညီ။ ဒါက သူ့ရဲ့သူငယ်ချင်းပါ"
သူက ပွင့်ပွင့်လင်းလင်းပြုံးပြလိုက်ကာ "ဒီကလေး၂ယောက်က ယွဲ့ကျွင်းဟော်တယ်မှာ ချိန်းထားတာ ရှိတယ်လို့ ကြားလို့ သူတို့တွေကလည်း အမြင်ကျယ်ချင်လို့ လိုက်လာကြတာပါ"
အမှန်တွင်တော့ ပရောဂျက်ကိစ္စ လာရောက်ဆွေးနွေးကြသူများမှာ ဟန်ဟောက်မင်နှင့် သူ၏ လက်ထောက် ဖြစ်လေသည်။
ဟန်ဟောက်ရန်၏ အကြည့်များသည် ရှမြန်၏မျက်နှာပေါ်သို့ ကျရောက်သွားပြီး သူက ပြုံးကာ နှုတ်ဆက်လိုက်သည်။
ကျောက်ချန်းကလည်း တအံ့တသြဖြင့် မေးလိုက်၏။ "နင်တို့ကလည်း ဘာလို့ဒီကို ရောက်နေတာလဲ"
ဆွန်းယွဲ့ရှင်းက ပြောလိုက်သည်။ "ရှမြန် နင့်ကို ပို့လိုက်တဲ့ဖိတ်စာကို မတွေ့ရသေးဘူးလား။ ဒါက သူ့မင်္ဂလာဆောင်နေရာလေ။ သတို့သမီးအရံလုပ်ရမှာ"
ကျောက်ချန်းက အထိတ်တလန့်ဖြစ်သွားကာ "ရှမြန်ရဲ့မင်္ဂလာဆောင်က ဒီနေ့လား"
သူသည် ဟန်ဟောက်ရန်ကို အလောတကြီး မေးလိုက်၏။ "ဒီနေ့က ၁၈ရက်နေ့လား။ ငါတို့တွေ အမှတ်မှားနေတာလား"
"သေလိုက်ပါတော့။ ငါက ငါ့ပိုက်ဆံရဲ့ ရှယ်ယာကို ပြင်ဆင်နေတုန်းပဲ ရှိသေးတယ်-"
ဆွန်းယွဲ့ရှင်းမှာ ဆွံ့အသွားကာ ပြန်ပြောလိုက်တော့သည်။ "ငါတို့တွေ ဒီနေ့အစမ်းလေ့ကျင့်ဖို့အတွက် ရောက်နေတာ"
"နင်တို့တွေ ရူးနေကြတာလား။ မင်္ဂလာပွဲမှာ မင်္ဂလာဝတ်စုံ မဝတ်တဲ့သူ ရှိလို့လား"
ကျောက်ချန်းသည် သူ့ရင်ဘတ်ကို အုပ်ထားလိုက်ကာ စိတ်အေးသွားပြီး သက်ပြင်းချလိုက်လေသည်။
"ဘုရားရယ် ငါ့မှာ လန့်သွားတာပဲ။ ငါပဲ ရက်အမှတ် မှားသွားတာလားလို့ ထင်လိုက်တာ"
"ဟုတ်ပါပြီ။ တကယ်လို့ ငါ မမှတ်မိဘူးဆိုရင်တောင်မှ နင်တို့တွေ ငါ့ကို ခေါ်လို့ရတာပဲလေ။ နင်တို့တွေကလည်း ငါ့ကို အလန့်တကြားဖြစ်အောင် လုပ်နေတာပဲ"
ထိုရူးကြောင်ကြောင်ရုပ်က လူတိုင်းကို ရယ်မောရစေတော့သည်။ ကျန်းတုန်းကတော့ ပြောလိုက်၏။
"သိပ်ကောင်းတယ်"
...
အပိုင်း (၂၃၉)
ထိုရူးကြောင်ကြောင်ရုပ်လေးက အားလုံးကို ရယ်မောသွားစေ၏။ ကျန်းတုန်းက ပြောလိုက်သည်။
"သိပ်ကောင်းတာပဲ"
"မင်းရဲ့ဝမ်းကွဲနဲ့ ငါ့ရဲ့ခယ်မလေးက အတန်းဖော်တွေဆိုတော့ ငါတို့တွေလည်း အသိမိတ်ဆွေတွေပဲပေါ့။ ငါတို့တွေ ဆက်ဆံရေး တည်ဆောက်တဲ့ အဆင့်ကိုကျော်ပြီး ပရောဂျက်ကိစ္စကို တိုက်ရိုက်ပြောလို့ရပြီ"
"အချိန်ကုန်သက်သာအောင်လုပ်ပြီး ငါတို့ရဲ့သတို့သားလောင်းလေးကို အနားယူခိုင်းလိုက်ပါဦး"
နဥ်ရှောက်ပိုင်က ပြုံးကာ ပြောလိုက်သည်။ "၄လွှာကို သွားကြတာပေါ့"
ထို့နောက်တွင် သူသည် ခေါင်းကိုငုံ့လိုက်ပြီး ရှမြန်ကို မေးလိုက်သည်။ "ပင်ပန်းနေပြီလား။ ကိုတို့နဲ့ လိုက်ချင်လား။ အရင်ဆုံး နားချင်လား"
ရှမြန်သည် တော်တော်လေး စိတ်ဝင်စားနေသော်ငြားလည်း သူမ၏ သတို့သမီးအရံလေးများကို လျစ်လျူမရှုထားချင်ပေ။ သူမသည် နဥ်ရှောက်ပိုင်၏ ရင်းနှီးမြှုပ်နှံမှုလယ်ဗယ်ကို ယုံကြည်သဖြင့် ပြောလိုက်တော့သည်။ "မလိုက်တော့ပါဘူး"
"ကျွန်မ ဗိုက်ဆာနေပြီ။ ယွဲ့ရှင်းနဲ့ ကျွန်မ အရင်ဆုံး သွားစားလိုက်မယ်"
"ရှင်တို့တွေ သွားပြီးတော့ အလုပ်လုပ်လိုက်ကြပါ" သူမသည် သူတို့ကို နှုတ်ဆက်စကားပြောလိုက်၏။
ရလဒ်အနေဖြင့် နဥ်ရှောက်ပိုင်က သူမ၏ခါးလေးကို မလွှတ်ဘဲ ဆက်ကိုင်ထားကာ ဟန်ဟောက်ရန်ကို မသိမသာကြည့်လိုက်ပြီး မျက်လုံးဖြင့် အချက်ပြလိုက်သည်။
ရှမြန်သည် သဘောကျသွားတော့၏။ ဖြစ်သွားခဲ့တာဖြင့် အရမ်းကြာနေပြီ။ သူက ဘာဖြစ်လို့ သဝန်တိုနေသေးတာလဲ။
ဒီအချိန်တွင် ဟန်ဟောက်ရန်ကလည်း ရှမြန်၏အဆင့်ရမှတ်ကို အမြဲတမ်း စဉ်းစားနေခဲ့မိပြီး သူမသည် ယန်တက္ကသိုလ် သို့မဟုတ် ဟွားကျုံးတက္ကသိုလ်သို့ သေချာပေါက် သွားလိမ့်မည်ဟု ထင်ထားခဲ့သည်။ သူတို့သည် တစ်ကျောင်းတည်းမဟုတ်လျှင်ပင် အချင်းချင်း ကျောင်းချင်းကပ်လျက်ရှိနိုင်သည်။
ရလဒ်အနေဖြင့် သူသည် သူမက ယန်ကျင်းဆရာအတတ်သင်တက္ကသိုလ်သို့ သွားခဲ့ပြီး သူသည်လည်း မျှော်လင့်မထားဘဲ သူ၏စိတ်ခံစားချက်များကို ထိန်းချုပ်မှု လွတ်ကင်းသွားကာ ယန်ကျင်းဆရာအတတ်သင်ကျောင်းသို့ သွားပြီး သူမကို သွားရောက်ရှာဖွေခဲ့သည်။
အခန်းဖော်များကသာ နဥ်ရှောက်ပိုင်ကို မမြင်ဖူးခဲ့ကြလျှင် နားလည်မှုလွဲသွားပေတော့မည်။
ကံအားလျော်စွာ ဟန်ဟောက်ရန်ကလည်း ပင်လယ်ဘုရင်ဟူသည့် သူ၏ဂုဏ်သိက္ခာကို အမြဲတမ်း ထိန်းသိမ်းထားခဲ့သည်။ သူသည် ခံစားချက်များကိုသာ လက်ခံပြီး ဘယ်တုန်းကမှ အရင်ဆုံး မလှုပ်ရှားခဲ့ချေ။ သူက "သူက သိသိသာသာမဖော်ပြခဲ့လို့ မဟုတ်လား။ တကယ်လို့ သူသာ ခံစားချက်ကို စောစောစီးစီး ဖော်ပြခဲ့မယ်ဆိုရင် အခွင့်အရေးတစ်ခု ရှိလာလိမ့်မယ်" ဤသို့သော အဓိပ္ပာယ်၂ခွဖြစ်သည့် စကားလုံးများကိုသာ ပြောခဲ့သည်။ သူကလည်း တလေးတနက် ဖွင့်ဟဝန်ခံခြင်း မလုပ်ခဲ့သဖြင့် ရှမြန်ကလည်း မသိချင်ယောင်ဆောင်သွားလိုက်ကာ ဒီအတိုင်း ကျော်သွားလိုက်တော့၏။
သူမသည် သူ့ရှေ့တွင် နဥ်ရှောက်ပိုင်၏ ချိုမြိန်သည့်ဖုန်းခေါ်ဆိုမှု လက်ခံရရှိခဲ့ပြီးနောက် ဟန်ဟောက်ရန်သည် ဘာမှထပ်မပြောတော့ဘဲ သူ၏ပထမဦးဆုံး စာသင်နှစ်အတွင်းမှာပင် တစ်နှစ်ခွဲလောက် ကျောင်းအချင်းချင်း ပညာရေးဖလှယ်အစီအစဉ်အဖြစ် သွားရောက်ခဲ့လေသည်။
ပြန်လာပြီးသည့်နောက်တွင် သူတို့သည် လုံးဝအဆင်ပြေသွားသယောင်ရှိကာ လူတိုင်းကလည်း အထက်တန်းကျောင်းတုန်းကကဲ့သို့ ပြန်ဖြစ်သွားကြတော့သည်။ ရှမြန်သည်လည်း စိတ်အေးသွားကာ သက်ပြင်းချမိ၏။ နောက်ဆုံး သူငယ်ချင်းတစ်ယောက်အနေဖြင့် ဟန်ဟောက်ရန်သည် ပြောစရာဘာမှ မရှိချေ။
သို့သော်ငြား သူမသည် ထိုအကြောင်းကို နဥ်ရှောက်ပိုင်အား ပြောပြသည့်အချိန်တွင်တော့ နဥ်ရှောက်ပိုင်သည် အလွန်ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့ပြီး ရှမြန်မှာ ဘာပြောရမည်မသိအောင်ပင် ဖြစ်သွားတော့သည်။
"ရှင်က ဘယ်လောက်တောင် ကောင်းနိုင်တယ်ဆိုတာ မသိလို့လား။ ဘယ်လိုလုပ်ပြီးတော့ သူနဲ့ ယှဉ်နိုင်မှာလဲ။ ရှင်က ဘာဖြစ်လို့ သဝန်တိုနေတာလဲ"
နဥ်ရှောက်ပိုင်သည် နောက်ဆုံးတော့ ဝမ်းသာသွားသော်ငြားလည်း သက်ပြင်းချကာ ပြောလိုက်သေးသည်။ "ကိုက သူ့ထက်အသက်ကြီးတယ်လေ။ သူတို့တွေက ၃နှစ်တစ်ခါတိုင်း မျိုးဆက်ကွာခြားချက်ကို ထုတ်ပြောနေကြတာ။ အဲဒီအထဲမှာ ကိုတို့နှစ်ယောက် ပါနေတယ်။ တကယ်လို့ မင်းတို့ကလေးတွေ မတူညီတဲ့အမြင်မျိုး ရှိနေကြမယ်ဆိုရင်..."
ရှမြန်သည် မျက်စောင်းထိုးလိုက်ကာ ဒေါသထွက်ထွက်ဖြင့် ပြောလိုက်၏။ "ရှင်က ကျွန်မကို မျက်ကန်းနေတယ်လို့ ပြောနေတာလား"
အကြောင်းအရာက ရှမြန်၏အမြင်နှင့် ပတ်သက်ပြီး နဥ်ရှောက်ပိုင်၏သံသယဘက်သို့ ပြောင်းလဲသွားသည့်အချိန်တွင်တော့ နဥ်ရှောက်ပိုင်က သူမကို ချော့မော့ရခြင်းဖြင့်သာ အဆုံးသတ်သွားရတော့သည်။
ယခုတော့ ဤနေရာတွင် လူအများကြီးရှိနေပြီး သူတို့သည် အရေးကြီး ပရောဂျက်တခုကို တိုင်ပင်ဆွေးနွေးကြတော့မည်။ ရှမြန်က နဥ်ရှောက်ပိုင်ကို မျက်နှာသာပေးရမည်ဖြစ်သဖြင့် သူမက ခြေဖျားထောက်ကာ သူ့မျက်နှာကို အနမ်းပေးလိုက်ကာ ပြောလိုက်တော့သည်။ "ဒေါက်တာနဥ် ရှင် ကြိုးစားရမယ်နော်"
ထိုအခါကျမှ နဥ်ရှောက်ပိုင်က ကျေကျေနပ်နပ်ဖြင့် သူမကို လွှတ်ပေးလိုက်တော့သည်။
ကျန်းတုန်းက တအံ့တဩဖြင့် နဥ်ရှောက်ပိုင်ကို ကြည့်လိုက်တော့သည်။ "ချစ်ကြိုက်သွားရတဲ့အဖြစ်က လူတစ်ယောက်ကို ဒီလောက်တောင် တကယ် ပြောင်းလဲသွားစေတာလား"
ရုံရှင်းက ပြုံးကာပြောလိုက်သည်။ "အစ်ကိုတုန်း အစ်ကို ဒါကို အသားကျနေအောင် လုပ်မှဖြစ်မယ်။ အစ်ကိုပိုင်က အရင်တုန်းက အစ်ကိုပိုင် မဟုတ်တော့ဘူး" သူက သက်ပြင်းချကာ ပြောလိုက်သည်။
"အေးစက်စက်ရက်စက်တဲ့ အစ်ကိုပိုင်က ရှမြန်ရဲ့လုံးဝကို အရည်ပျော်သွားအောင် လုပ်ခံလိုက်ရပြီလေ"
"ဘာတွေပြောနေတာလဲ" ရှမြန်သည် ငိုရခက်ရယ်ရခက် ဖြစ်သွားတော့၏။ "သွားကြစို့"
ဟန်ဟောက်ရန်သည် ဟန်ဟောက်မင်ကို ရုတ်တရက် ပြောလိုက်သည်။ "အစ်ကို ဒါဆိုရင်လည်း အစ်ကိုတို့သွားပြီးတော့ ဆွေးနွေးကြလေ။ ကျွန်တော် ကျောက်ချန်းနဲ့ ရှမြန်တို့နဲ့ လိုက်သွားလိုက်မယ်"
နင်ရှောင်ပိုင်...
ဆုံးဖြတ်ချက်ချတာ မှားသွားပြီ!
သူသည် ရှမြန်ကို ကြည့်လိုက်ပြီး သူမကိုအပေါ်ထပ်သို့ ဆွဲခေါ်သွားချင်နေသည်မှာ သိသာသည်။ ထိုအခြင်းအရာကို မြင်လိုက်သည်တွင် ရှမြန်ကလည်း ဆွန်းယွဲ့ရှင်းကို မြန်မြန်လှမ်းဆွဲလိုက်ကာ ပြောလိုက်၏။ "သွားကြမယ်။ သွားစားကြစို့"
လာနောက်နေတာလား။ သတို့သမီးအရံတွေကို ချန်ရစ်ခဲ့ရင် အရမ်းရိုင်းပျသွားမှာပေါ့။
ထိုနေရာက ထွက်ခွာလာပြီးသည့်နောက်တွင် ရှမြန်သည် ဟန်ဟောက်ရန်ကို ဒေါသထွက်ထွက်ဖြင့် လှမ်းကြည့်ကာ ပြောလိုက်သည်။ "နင်ဘာလုပ်နေတာလဲ။ ငါ့ရဲ့ဒေါက်တာနဥ်ကို အနိုင်ကျင့်နေတာပဲ"
ဟန်ဟောက်ရန်ကတော့ ဆွံ့အသွားကာ ပြန်ပြောလိုက်၏။ "မျက်နှာလိုက်တယ်ဆိုတာလည်း အကန့်အသတ်တော့ ရှိသင့်ပါသေးတယ်။ ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်နေတာလဲ"
အတွင်းလူတစ်ယောက်အနေဖြင့် ဆွန်းယွဲ့ရှင်းက ရယ်မောကာပြောလိုက်သည်။ "နင်က မျက်နှာများတဲ့ ပုံရိပ်တစ်ခု ရှိနေတော့ ငါတို့ရဲ့ဒေါက်တာနဥ်ကို စိုးရိမ်အောင် လုပ်မိနေတော့တာပေါ့"
ကျောက်ချန်သည် တအံ့တသြဖြစ်သွားကာ မေးလိုက်၏။ "မဟုတ်တာ။ ရှမြန်က လောင်ဟန်ရဲ့ ဆွဲဆောင်ခံလိုက်ရမှာကို ဒေါက်တာနဥ်က စိုးရိမ်နေတာတဲ့လား"
"ဘယ်မိန်းမကမှ လောင်ဟန်ကို မရွေးချယ်ခဲ့ဘူးပါဘူးဟာ!"
ဟန်ဟောက်ရန်...
တကယ့်ကို သူငယ်ချင်းအရင်းခေါက်ခေါက်ပါပဲ။
အားလုံးက ရယ်မောလိုက်ကြသည်။
သီးသန့်ခန်းတစ်ခန်း ယူလိုက်ပြီးသည့်နောက်တွင် ရှမြန်က ရက်ရောစွာ ပြောလိုက်သည်။
"ဒီတစ်နပ်ကိုတော့ ငါ နင်တို့ကို ကျွေးပါမယ်။ နင်တို့စားချင်တာ မှာစားကြ။ ကြိုက်တာမှာနော်"
"စိတ်မပူနဲ့။ ငါက အားနာမှာမဟုတ်ဘူး" ကျောက်ချန်က ပြောလိုက်သည်။ "နင့်ရဲ့ဒေါက်တာနဥ်က အရမ်းကို ချမ်းသာတာကို ငါ အခုမှ သိလိုက်ရတာလေ။ သူက ဒီအတိုင်း ဆရာဝန်တစ်ယောက်ပဲလို့တောင် အမြဲတမ်းထင်ထားခဲ့မိတာ"
ထိုစကားကို ကြားလိုက်ရသည့်အခါ အားလုံးက ခေါင်းညိတ်ပြလိုက်သည်။
ရှမြန်သည် နဥ်ရှောက်ပိုင်၏အချက်အလက်နှင့် သူ၏မိသားစုနောက်ခံကို သူမ၏သူငယ်ချင်းရှေ့တွင် တစ်ခါမှ တမင်တကာ ထုတ်မပြောခဲ့ချေ။ ထို့ကြောင့် သူတို့အားလုံးကလည်း သူသည်ဒီအတိုင်း ယန်တက္ကသိုလ်တွဲဖက်ဆေးရုံ၏ ပါမောက္ခတစ်ယောက်ဖြစ်သည်ဟုသာ ထင်ကြလေသည်။ မင်္ဂလာပွဲဖိတ်စာကို ပို့လိုက်ချိန်ကျမှသာ သူတို့သည် မင်္ဂလာခန်းမနေရာကို မြင်လိုက်ကြသည့်နောက်မှ နဥ်ရှောက်ပိုင်က အမှန်တွင်တော့ လူချမ်းသာတစ်ယောက်ဖြစ်နေသည်ကို သိလိုက်ကြတော့၏။
နေ့ခင်းဘက် အစမ်းလေ့ကျင့်မှုပြီးဆုံးသွားသည်တွင် ဒေါက်တာနဥ်သည် သာမန်လူချမ်းသာတစ်ယောက် မဟုတ်သည်ကိုပင် ထပ်သိလိုက်ရသည်။
ဟွမ်ယန်ဟုန်က ရုတ်တရက် ရယ်မောလိုက်ကာ "ကျူးယိချင်းကသာ ဒီအကြောင်းကို သိသွားမယ်ဆိုရင် ရူးသွားမလားမသိဘူး"
ဆွန်းယွဲ့ရှင်းက ပြောလိုက်သည်။ "သေချာပေါက် ရူးသွားမှာပဲ"
မာယင်းယင်းက ထပ်ပြောလိုက်၏။ "သူ့ကို အသိမပေးတာ ပိုကောင်းတယ်။ ရက်ပိုင်းလောက်လေး ရှားရှားပါးပါး အေးအေးချမ်းချမ်းနေရဖို့ဆိုတာ တော်တော်ရှားတယ်"
ရှမြန်သည် သူမ၏ကားကို မောင်းထွက်လာပြီး ကျူးယိချင်းကို အိတ်ဇောငွေ့များနှင့် ချန်ရစ်ခဲ့ပြီးကတည်းက ထိုမိန်းကလေးသည် ပိုပိုပြီး ရည်မှန်းချက် ကြီးမားလာတော့သည်။ skin care ပစ္စည်းများနှင့် လက်ဆွဲအိတ်များက သူမကို ကျေနပ်အောင် မလုပ်ပေးနိုင်တော့ချေ။
သူမသည် ကောလိပ်ကျောင်းဂျူနီယာတန်း ရောက်လာသည့်အချိန်တွင် ချမ်းသာသည့် ဒုတိယမျိုးဆက်လူတစ်ယောက်က သူမကို ပိုးပမ်းရလွယ်ကူရန်အတွက် ပိုပြီးအလွယ်တကူဖြစ်စေရန် ကျောင်းအနီးအနားက တိုက်ခန်းတစ်ခုကို ဝယ်ပေးခဲ့သည်။ ထိုကြောင့် သူမကလည်း ပြောင်းရွှေ့သွားခဲ့၏။
အဆောင်ကတော့ ပိုပြီး အေးချမ်းသွားလိမ့်မည်ဟု ထင်ခဲ့သော်ငြားလည်း မိန်းကလေးက သူမ၏ ကြွယ်ဝချမ်းသာမှုကို ကြွားလုံးထုတ်ဖို့ရန် အစွဲအလမ်း ကြီးနေသေးသည်။ သူမသည် ကျောင်းထဲတွင် အတန်းမတက်နိုင်တော့သဖြင့် အဆောင်ကို ပြန်လာတတ်၏။ အထူးသဖြင့် ရှမြန်ရှိနေသည့်အချိန်တွင် သူမသည် သေချာပေါက်အဆောင်သို့ လာလိမ့်မည်ဖြစ်ကာ အိမ်ပုံစံက မည်သို့မည်ဝါဖြစ်ကြောင်း၊ ကားကလည်း မည်သို့ပုံစံဖြစ်ကြောင်း သေချာပေါက် ထုတ်ဖော်ပြောကြားလိမ့်မည်။
သူမသည် စီနီယာတန်းနှစ် ရောက်လာခဲ့ပြီး လူချမ်းသာလူငယ်လေးတစ်ယောက်နှင့် တွေ့ဆုံခဲ့ကာ တချိန်တည်းတွင်လည်း လူအများကြီးနှင့် တွဲခုတ်ခဲ့သည့်အချိန်ကျမှသာ သူမ၏အချိန်စီမံမှုကလည်း အလွန်ကြပ်ညပ်လာတော့သည်။ ထို့နောက်ပိုင်းတွင်တော့ သူမသည် အသိပညာများ ပိုမိုရရှိလာပြီး ကားနှင့်အိမ်များက ကြွားဝါစရာမဟုတ်သည့် အကြောင်းအရာများကို သိလာလေသည်။ ရှမြန်ကလည်း သူမနှင့် တစ်ခန်းတည်း မဟုတ်တော့ချေ။ ထိုအခါမှသာ သူမသည် သာလွန်သွားသည့် ခံစားချက်တစ်ခုဖြင့် ရှမြန်အကြောင်းကို ဂရုစိုက်နေသည်ကို ရပ်တန့်လိုက်တော့သည်။
ကျောက်ချန်က ပြောလိုက်၏။ "အနှစ်မရှိတဲ့ နာမည်ကြီးမိန်းမလှလေးလား"
ရှမြန်က ပါတီပွဲတစ်ခုလုပ်သည့်အချိန်တွင် ကျူးယိချင်းအကြောင်းကို ညည်းညူခဲ့သဖြင့် သူတို့အားလုံးကလည်း ထိုအကြောင်းကို သိနေကြသည်။
လီလီကျန်းက ပြောလိုက်သည်။ "အင်း။ အဓိကကတော့ သူက ယောက်ျားတွေကို ဘယ်လိုလိမ်လည်ရမလဲဆိုတာကို သိတယ်လေ။ ဒါက ဟန်ဟောက်ရန်ထက် အများကြီး ပိုဆိုးတယ်"
ဟန်ဟောက်ရန်...
"နင်တို့တွေ သူ့အကြောင်းပြောနေကြတာ ဘာဖြစ်လို့ ငါ့ကို ဆွဲထည့်နေကြတာလဲ"
"ငါက တခြားလူတွေဆီကနေ စျေးကြီးတဲ့လက်ဆောင် ဘာတစ်ခုကိုမှ လက်မခံခဲ့ဖူးဘူးနော်"
"ဟုတ်ပါတယ်။ ဟုတ်ပါတယ်" လီလီကျန်းက ပြောလိုက်သည်။ "နင်က ဆွဲဆောင်ဖို့အတွက် နင့်ရဲ့မျက်နှာကိုပဲ သုံးတာ"
အားလုံးက တစ်ဖန်ရယ်မောလိုက်ကြသည်။
သူငယ်ချင်းဟောင်းများ စုဝေးနေသည့်အချိန်တွင် လေထုလေးက အလွန်ပေါ့ပါးပြီး ပျော်စရာကောင်းနေခဲ့သည်။
အခန်းတံခါးသည် ပွင့်သွားပြီး အစားအသောက်များကို တည်ခင်းပေးမည့်ဝိတ်တာက ၀င်လာခဲ့၏။ ရှမြန်က မော့ကြည့်လိုက်ပြီး တံခါးနားမှဖြတ်သွားသည့် မိန်းမလှလေးကို မျက်လုံးဖြင့် နှုတ်ဆက်လိုက်သည်။
ရှမြန်က တိုးတိုးလေးပြောလိုက်၏။ "Murphy’s Lawပဲ"
သူမ၏ဘေးတွင် ထိုင်နေကြသည့်ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့က သူမအကြည့်ရှိနေသည့်ဘက်ကို မော့ကြည့်လိုက်ကာ ချက်ချင်းဆိုသလို တအံ့တသြ ဖြစ်သွားတော့သည်။
အလှအပကို စိတ်ဝင်စားသည့် လီလီကျန်းက ပြောလိုက်၏။ "ဘုရားရေ။ သူ့ကို ထပ်တွေ့လိုက်ရပြီးတော့ လှတယ်လို့ထင်ထားခဲ့တာ ဒီလောက်လှတဲ့မျက်နှာလေးနဲ့ တကယ်နှမြောစရာပဲ"
ကျောက်ချန်;နှင့် ဟန်ဟောက်ရန်တို့ကလည်း သူတို့ပြောသည့်စကားကို သိချင်စိတ်ဖြစ်သွားကြပြီး သူတို့သည် အလွန်နှေးကွေးနေသဖြင့် တစ်ဖက်သူက ထွက်သွားမှာကို စိုးရိမ်နေသဖြင့် မြန်မြန် လှည့်ကြည့်လိုက်ကြသည်။
ရလဒ်အနေဖြင့် ကျူးယိချင်းသည် အသက်၂၀အရွယ် လူငယ်လေးတစ်ယောက်ရှိရာဘက်သို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်ပြီး အပြုံးဖြင့်သူ့ကို နှုတ်ဆက်လိုက်သည်။ "ဟော ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ"
သူမ၏မျက်လုံးများသည် ဟန်ဟောက်ရန်ကို ဝေ့ကြည့်လိုက်ပြီး မသိမသာ ဖြတ်ခနဲ လင်းလက်သွား၏။ ကျူးယိချင်းသည် ချမ်းသာသည့်လူတစ်ယောက်နှင့် တွဲချိတ်ဖို့ရန်အတွက် ရည်ရွယ်ချက်တစ်ခုဖြင့် ဤနေရာသို့ ရောက်လာသည်မှာ သိသာသည်။ သူသည် ချမ်းသာပြီး ချောမောလျှင်တော့ ပိုပြီး ကောင်းမွန်လိမ့်ဦးမည်။
သူမ၏ဘေးက မစ္စတာကျူးသည် ချမ်းသာသော်ငြားလည်း သာမန်ရုပ်ရည်ပိုင်ဆိုင်ထားသည့်အပြင် ဆိုးသွမ်းသည့်အကျင့်တစ်ခုလည်း ရှိနေသေးသည်။ သူသည် ရမ္မက်ကြီးသည့် မျက်နှာများသည့်လူတစ်ယောက် ဖြစ်သည်မှာ သိသာသည်။
သူမကတော့ ရှမြန်နှင့် တခြားသူများက ဟန်ဟောက်ရန်ကြောင့် ဤနေရာသို့လာနိုင်တာဖြစ်မည်ဟု ထင်လိုက်၏။
နောက်ဆုံး နဥ်ရှောက်ပိုင်သည် တစ်လကို ယွမ်သောင်းချီရှာနိုင်လျှင်ပင် သူ့အတွက် ဤနေရာသို့လာဖို့ရန် အနည်းငယ် ခက်ခဲနေသေးသည်။ ဤနေရာက အဖွဲ့ဝင်ကြေးက မသက်သာပေ။
"ရှမြန် နင့်မှာ ဒီလိုချောတဲ့ သူငယ်ချင်းလေးတစ်ယောက် ရှိနေတာလား"သူမက အပြုံးနှင့် ဟန်ဟောက်ရန်ကို မေးလိုက်၏။
မာယင်းယင်းနှင့် တခြားသူများကလည်း တအံ့တဩ ဖြစ်သွားကြတော့သည်။ သူတို့သည် အကြောင်းအရာတစ်ခုလုံးကို မသိထားခဲ့လျှင် သူတို့သည် အလွန်ကောင်းမွန်သည်ဟုပင် ထင်မိလိုက်ကြလိမ့်မည်။
တစ်ဖက်က လူငယ်လေးကလည်း အခန်းထဲက မိန်းကလေးများကို တွေ့လိုက်ရသည့်အချိန်တွင် ဝမ်းသာအားရ ပြုံးပြလိုက်၏။ သူက ရှမြန်ကို စိုက်ကြည့်လိုက်ပြီး အပြုံးဖြင့်ပြောလိုက်သည်။ "ယိချင်း သူတို့တွေက..."
ကျူးယိချင်းက အပြုံးဖြင့်နှုတ်ဆက်ပေးလိုက်သည်။ "သူတို့တွေက ကျွန်မကောလိပ်ကျောင်းက အခန်းဖော်တွေလေ။ တစ်ဖက်က လူတွေကတော့ သူတို့ရဲ့သူငယ်ချင်းတွေဖြစ်မှာပါ"
သူမသည် ကျူးကျားရွေ့က ရှမြန်ကို ကြည့်နေသည့်အကြည့်ကို လှမ်းတွေ့လိုက်ပြီး မရွှင်မပျ ခံစားလိုက်ရကာ တမင်သတ်သတ် မေးလိုက်၏။ "စဉ်းစားကြည့်လိုက်တော့ ရှမြန် ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ"
"သိပ်မကြာခင် လက်ထပ်တော့မှာဆိုတော့ ကိုယ့်ဟာကိုယ် အလိုလိုက်ပြီး ခမ်းခမ်းနားနားလေး လုပ်ချင်လို့လား"
"ဟုတ်ပါတယ်။ အိမ်ထောင်ကျပြီးသွားတဲ့အမျိုးသမီးတွေက ရည်းစားထားတုန်းကလို လွတ်လပ်မှုတွေ မရှိနိုင်တော့ဘူးလေ။ ငါ့အထင်တော့ ဒေါက်တာနဥ်ကလည်း နင့်ကို ထပ်ပြီးတော့ အလိုလိုက်နိုင်မှာ မဟုတ်လောက်တော့ပါဘူး"
ရောက်လာပြန်ပြီ။ ကျူးယိချင်း၏အထင်သေးမှုများ။
ကျူးကျားရွေ့သည် ရှမြန်က အိမ်ထောင်ပြုတော့မည်ဟု ကြားလိုက်ရသည်အချိန်တွင် ချက်ချင်းဆိုသလို နှမြောတသစွာ ပြောလိုက်၏။ "မိန်းမလှလေး။ အသက် ဘယ်လောက်ရှိသွားပြီလဲ။ အဲဒီလောက် အစောကြီး လက်ထပ်တော့မလိုလား။ ယန်ကျင်းဆရာအတတ်သင်တက္ကသိုလ်က မိန်းကလေးတွေက အိမ်ထောင်ပြုမဲ့အရေးကို စိုးရိမ်ဖို့မလိုပါဘူး"
ကျူးယိချင်းကတော့ ပြုံးကာပြောလိုက်သည်။ "သူ့ရဲ့ရည်းစားက သူ့ထက်အများကြီး အသက်ကြီးတယ်လေ။ သူက သေချာပေါက် စိတ်မရှည်နေတာပဲ ဖြစ်ရမယ်"
"ဒါပေမဲ့ အရမ်းကို ညင်သာသိမ်မွေ့လွန်းတဲ့ ဒေါက်တာနဥ်က ဒီလောက် စိတ်မရှည်လက်မရှည် ဖြစ်နေမယ်လို့ မျှော်လင့်မထားမိဘူး" ကျူးယိချင်းသည် သူမ၏မျက်လုံးတောင့်တွင် သရော်လှောင်ပြောင်နေသည့် အပြုံးတစ်ခုဖြင့် ရှမြန်ကိုကြည့်လိုက်သည်။ "ဘွဲ့ယူတဲ့အခမ်းအနားက မနက်ဖြန်။ နင်တို့တွေက သန်ဘက်ခါလက်ထပ်တော့မယ်။ ဒီလောက် အမြန်လိုနေတာ ကိုယ်ဝန်ရှိနေလို့များ လက်ထပ်တာတော့ မဟုတ်ပါဘူးနော်"
ရှမြန်သည် အလွန်ဒေါသထွက်သွားသဖြင့် အော်ရယ်မိတော့သည်။ သူမသည် ကျူးယိချင်းနှင့် ဘာမှကို ထပ်မပြောချင်တော့ချေ။ အကယ်၍ သူမက မပြောခဲ့လျှင်လည်း ၀က်တစ်ကောင်၏ ဖြတ်ရိုက်ခြင်းကို ခံရပေဦးမည်။
မျှော်လင့်မထားဘဲ ဒီကလေးမက သူမ၏အသိပညာကို ချဲ့ထွင်ခဲ့သည့်အပြင် ပေါက်ကရ အကြောင်းအရာများအားလုံးကိုလည်း သင်ယူတတ်မြောက်ခဲ့သေးသည်ပင်။
"စိတ်မဆိုးပါဘူး။ စိတ်မဆိုးပါဘူး" ရှမြန်က ဆွန်းယွဲ့ရှင်း၏ ဒေါသကို ဖိနှိပ်ထားလိုက်ကာ အပြုံးဖြင့်ပြောလိုက်၏။ "သူ အဲဒီလိုစဉ်းစားတာလည်း အဆန်းမှ မဟုတ်တာ"
"ဒီမင်းသမီးလေးက ချမ်းသာတဲ့လူတွေနဲ့ပဲ ကစားတာလေ။ လူချမ်းသာတွေကလည်း သူ့ကို ဇနီးမယားတစ်ယောက်လို လေးစားတာမှ မဟုတ်တာ။ ဒါကြောင့် သူကလည်း အတွေ့အကြုံတွေ အများကြီး ရခဲ့ပြီး ကိုယ်ဝန်ရှိတာနဲ့ လက်ထပ်တော့မယ်လို့ ထင်သွားတာပေါ့"
"ဒါပေမဲ့..." ရှမြန်ကလည်း ကျူးယိချင်း၏အပြုအမူကို အတုခိုးလိုက်ပြီး အထင်သေးစွာဖြင့် သူမ၏ဝမ်းဗိုက်ကို လှမ်းကြည့်လိုက်ကာ "မင်းသမီးလေး။ အဲ့ဒီချမ်းသာတဲ့လူတွေကလည်း အမည်မရှိတဲ့ မိန်းကလေးတစ်ယောက်ကို အလွယ်တကူ ကိုယ်ဝန်ဆောင်ခွင့်ပေးမှာ မဟုတ်ဘူးဆိုတာ နင် မသိလောက်ဘူးနော်။ ဘာပဲဖြစ်ဖြစ်လေ။ ဒါက သူတို့ရဲ့ကိုယ်ဝန်ပါလို့ ဘယ်သူက သိမှာလဲ"
"တကယ်လို့ နင်က ချမ်းသာတဲ့မိသားစုတစ်ခုနဲ့ လက်ထပ်ချင်တယ်ဆိုရင် သူနဲ့ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ပိုပြီးတော့ ကောင်းကောင်းမွန်မွန် လုပ်ရမယ်။ သူ့ကို သူငယ်ချင်းတစ်ယောက်လို၊ အစ်ကိုတစ်ယောက်လို၊ မွေးစားအဖေတယောက်လိုပဲ ဆက်ဆံနေလို့ မရဘူး။ နင့်မှာ ကိုယ်ဝန်လည်းမရနိုင်။ နောက်မီးလင်းတယ်ဆိုတဲ့ကိစ္စနဲ့ပဲ အဆုံးသတ်သွားပြီး လက်မထပ်နိုင်ဘဲ ဖြစ်နေဦးမယ်"
ပွင့်လင်းမြင်သာမှုကို သူမနဲ့ယှဉ်ချင်တယ်ပေါ့လေ။ အဟမ်း။
ကျူးယိချင်း၏ မျက်နှာသည် ဖြူဆုတ်သွားပြီး တုန်ရင်နေသည့် လေသံတစ်ခုဖြင့် မေးလိုက်၏။ "နင် ဘာသဘောလဲ"
ရှမြန်ကတော့ လှလှပပ ပြုံးပြလိုက်ကာ "ဘာမှမဟုတ်ပါဘူး။ လူတွေက ကိုယ်ဝန်ရှိလို့ လက်ထပ်ကြတယ်ဆိုတဲ့ နင့်ရဲ့စိတ်ကူးက နည်းနည်းလေး ပြဿနာရှိနေတယ်လို့ ငါ ထင်လို့ပါ။ ဒီတော့ ငါက နင့်ကို အမှန်ပြင်ပေးရမယ်လေ။ မိသားစုကောင်းတစ်ခုက မိန်းကလေးတစ်ယောက်က အဲဒီလို ဘယ်စဉ်းစားသင့်ပါ့မလဲ"
"ဒီမှာ မိန်းမလှလေး။ မင်းလွန်သွားပြီနော်" ကျူးကျားရွေ့သည် ကျူးယိချင်းခမျာ ပြန်လည်တိုက်ခိုက်ဖို့ အခွင့်အရေးမရှိဘဲ ဆူပူခံနေရသည်ကို တွေ့လိုက်ရ၏။ နောက်ဆုံး သူသည်ဒီလူကို သူနှင့်အတူ ခေါ်လာခြင်းဖြစ်သဖြင့် ဒီအတိုင်းလျစ်လျူရှုပြီးမထားနိုင်ချေ။ သူက ပြောလိုက်၏။
"ယိချင်းက ဒီအတိုင်း ရယ်စရာပြောလိုက်တာပါ။ ဘာဖြစ်လို့ဒီကိစ္စကို အဲဒီလောက်တောင် အလေးအနက် ဖြစ်နေတာလဲ"
ရှမြန်ကလည်း ရယ်မောကာ ပြောလိုက်၏။ "ကျွန်မလည်း ရယ်စရာပြောတာပဲ။ ရှင်ကရော။ မင်းသမီးလေး ဘာဖြစ်လို့ အဲဒီလောက် အတည်မှတ်နေတာလဲ"
ကျူးယိချင်းသည် ရှမြန်နှင့် အငြင်းပွားလျှင် မနိုင်နိုင်ပေ။ သို့သော်ငြားလည်း သူမတွင်လည်း သူမ၏ကိုယ်ပိုင်နည်းလမ်းများ ရှိသည်မှာ သိသာနေသည်။ သူမက ကျူးကျားရွေ့၏ မကျေနပ်သည့်အချက်ကို ဖမ်းဆုပ်ထားလိုက်ကာ ပြောလိုက်၏။ "ထားလိုက်ပါလေ။ သူက အမြဲတမ်း ဒီလိုပဲ။ ကြမ်းတမ်းတယ်။ ကျွန်မရဲ့သူငယ်ချင်းတွေကလည်း ကျွန်မကိုဒီလိုလှောင်ရယ်နေတာ ပထမဦးဆုံးအကြိမ် မဟုတ်တော့ပါဘူး"
"သူက အဆင်မပြေလို့ မပျော်မရွှင်ဖြစ်နေတာ ဖြစ်မှာပေါ့။ ကျွန်မလည်း နောက်ဆိုရင် သူ့ကို စနောက်နေတာ ရပ်လိုက်ပါတော့မယ်"
ကျူးယိချင်း အရင်ကပြောခဲ့သည့် စကားကိုထောက်ချင့်လျှင် ကျူးကျားရွေ့သည် ရှမြန်က အသက်ကြီးကြီး၊ နဖူးပြောင်ပြောင် ဆရာဝန်တစ်ယောက်နှင့် လက်ထပ်တော့မည်ဟု ချက်ချင်း စိတ်ကူးကြည့်လိုက်မိကာ သူမသည် လက်မထပ်ခင်တွင် သူငယ်ချင်းများနှင့် ပါတီပွဲတခု ထွက်လုပ်ခြင်း ဖြစ်သည်ဟု ထင်လိုက်သည်။ သို့သော်ငြားလည်း ကျူးယိချင်းက သူမ၏အနာကို မတော်တဆ သွားထိလိုက်မိသဖြင့် သူမက ဒေါသထွက်ထွက်နှင့် ဆိုးဝါးသည့်စကားလုံးများကို ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်သည်ဟု ထင်လိုက်လေသည်။
ကျူးယိချင်းက ပြောလိုက်သည်။ "ထားလိုက်ပါ။ သူ့ကို ဂရုစိုက်မနေနဲ့"
ကျူးကျားရွေ့သည် မိန်းမတစ်ယောက်နှင့် အငြင်းမပွားလိုတော့သဖြင့် ပြောလိုက်တော့၏။ "ဟုတ်ပါပြီ။ ကို မင်း စကားနားထောင်ပါ့မယ်"
ကျူးယိချင်းသည် အရင်ဆုံး ပြန်ဆုတ်လာခဲ့ပြီး သူ့မျက်နှာကို တော်တော်လေးပြန်ဆယ်ထားလိုက်ရကာ ဆုတ်ခွာဖို့ရန် ပြင်ဆင်လိုက်တော့၏။ မထွက်ခွာခင်တွင် သူမသည် နောက်ပြန်လှည့်ကြည့်ကာ သက်ပြင်းချပြီး ပြောလိုက်သေးသည်။ "ဪ ဒါနဲ့လေ။ ဒါနဲ့လေ အားတော့နာပါတယ်။ ငါနင့်ရဲ့မင်္ဂလာပွဲကို တက်နိုင်မှာ မဟုတ်လောက်ဘူး"
သူမသည် ကျူးကျားရွေ့ကို လှမ်းကြည့်လိုက်ကာ မြှောက်ပင့်နေသည့်အမူအရာတစ်ခုဖြင့် ပြောလိုက်၏။ "ငါက မစ္စတာကျူးနဲ့အတူတူ မော့ဟယ်ရဲ့ ရင်းနှီးမြှုပ်နှံသူတစ်ယောက်ရဲ့ မင်္ဂလာပွဲကို တက်ရမှာမလို့လေ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ နင့်ရဲ့မင်္ဂလာပွဲနဲ့ တစ်ရက်တည်း ဖြစ်နေတယ်နော်"
ဒီအချိန်တွင် သူမက သက်ပြင်းချလိုက်၏။ "ငါ ကြားထားတာကတော့ သခင်လေးနဥ်က သူ့ရဲ့ စေ့စပ်ထားတဲ့သတို့သမီးလောင်းကို အရမ်းချစ်မြတ်နိုးတယ်ဆိုတာ နာမည်ကြီးတယ်လေ။ မင်္ဂလာပွဲတခုတည်းနဲ့တင် ယွမ်သန်းချီသုံးပေးထားတာတဲ့။ ဘယ်သူက သတို့သမီးလောင်းလေး ဖြစ်မလဲတော့ မသိပါဘူး။ လူတူပေမဲ့လည်း ကံတရားကတော့ တကယ်ကွာခြားတာပဲနော်"
ကျူးယိချင်းသည် ရှမြန်အတွက် အခက်တွေ့အောင်လုပ်ဖို့ ကြိုးစားနေသည်ကို အားလုံးက သိနေသော်ငြားလည်း ဒီတစ်ကြိမ်တွင်တော့ မာယင်းယင်းနဲ့ ဆွန်းယွဲ့ရှင်းတို့က ရှမြန် အရှက်ခွဲခံလိုက်ရပုံကို ၀မ်းသာသွားသလိုခံစားမိကာ အသံထွက်မရယ်မိအောင် ခက်ခက်ခဲခဲ ကြိုးစားရတော့သည်။
ကျူးယိချင်းကတော့ သူတို့က ရှက်ရွံ့သွားသည်ဟု ထင်လိုက်ပြီး ချက်ချင်းဆိုသလို ဂုဏ်ယူလာတော့၏။
"ကျွန်မမစ္စတာကျူးကို တကယ်ပဲကျေးဇူးတင်ရပါမယ်"
အခြေအနေကို မြင်လိုက်သည်တွင် ကျူးယိချင်းကလည်း သူမ၏ဦးဆောင်မှုနောက်သို့ ချက်ချင်းလိုက်ပါသွားပြီး ထပ်ပြောလိုက်၏။ "ဟုတ်တာပေါ့။ သခင်လေးနဥ်က ငါတို့အတွက် ဟိုတယ်ကို မှာယူထားပေးတယ်လေ။ ဒါက တစ်ရက်ကို ၁သန်းလောက်ကျတာတဲ့။ ဒါက ဒီအတိုင်းတည်းခိုခပဲ ရှိသေးတယ်နော်"
"မင်္ဂလာပွဲဝတ်စုံနဲ့ သတို့သားဝတ်စုံကလည်း ပဲရစ်က နာမည်ကြီးဒီဇိုင်နာတွေကိုယ်တိုင် လုပ်ပေးထားတာတဲ့။ လက်ဝတ်ရတနာတွေနဲ့ တခြားပစ္စည်းတွေ အားလုံးကိုလည်း နာမည်ကြီးဒီဇိုင်နာတွေက ဒီဇိုင်းရေးဆွဲပေးထားတာလို့ ကြားတယ်"
"မင်္ဂလာပွဲရဲ့ စုစုပေါင်းကုန်ကျစရိတ်က ၁၀သန်းနီးပါးလောက် ရှိသွားမယ် ထင်တယ်"
ကျူးယိချင်းသည် အစကတော့ ရှမြန်ကို အခက်တွေ့အောင် လုပ်ချင်ခဲ့သော်ငြားလည်း ယခုအချိန်တွင်တော့ သူမ၏စိတ်ထဲတွင် သူမ၏နှလုံးသားက ပူလောင်သွားသလို ခံစားလိုက်ရပြီး ကျူးကျားရွေ့ကို အားကျစိတ်ဖြင့် ပြောလိုက်၏။ "မစ္စတာကျူးက အများကြီးသိတာပဲ။ သူက သခင်လေးနဥ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု ရှိနေတာလား"
"အဆင်ပြေတယ် ဆိုရုံလောက်ပါပဲ" ကျုးကျားရွေ့သည် နှိမ့်ချချင်ဟန်ဆောင်လိုက်ကာ ပြောလိုက်၏။
"ငါ့ရဲ့အစ်ကိုက လူကြီးမင်းနဥ်ရဲ့ သတို့သားအရံလေ"
ကျူးယိချင်း၏မျက်လုံးထဲတွင် ကြယ်များလင်းလက်သွားသယောင်ပင်။
"ဒါဆိုရင်တော့ ကျွန်မ ဒီသခင်လေးနဥ်ကို သေချာပေါက်တွေ့မှဖြစ်မယ်။ သူက ချမ်းသာတဲ့အပြင် အရမ်းကို ချောမောခန့်ညားတယ်လို့လည်း ကျွန်မ ကြားထားသေးတယ်" သူမသည် ထိုအကြောင်းကို ပြောလိုက်သည်တွင် သခင်လေးနဥ်က ဒေါက်တာနဥ်ကို ဖိနှိပ်ထားသည့်နှယ်ရှမြန်ကို လှမ်းကြည့်လိုက်လေ၏။
…
အပိုင်း (၂၄၀)
"လူကြီးမင်းကျူး ရှင် ဒီလိုလူမျိုး ကိုသိထားတာ တကယ်အံ့ဩစရာကောင်းတာပဲ"
ကျူးကျားရွေ့သည် ချီးကျူးစကားကြောင့် ဝမ်းသာသွားပြီး မြှောက်ပင့်သွားသည့် အမူအရာဖြင့် ပြောလိုက်၏။ "ဒါက ထူးထူးခြားခြား မဟုတ်ပါဘူး။ စိတ်မပူပါနဲ့။ အချိန်တန်ရင် ငါက မင်းတို့ကို သေချာပေါက် အချင်းချင်းမိတ်ဆက်ပေးမှာပါ"
ကျူးယိချင်းသည် သူမကိုယ်သူမ ဆက်ပြီးတိုးတက်ရန်အတွက် ဤကဲ့သို့သော နည်းလမ်းများကို အားကိုးခဲ့ဟန်တူသည်။
သို့သော်ငြားလည်း ရှမြန်သည် ထိုအကြောင်းကို စဉ်းစားလိုက်ပြီး ကျူးကျားတုန်းတွင် ဤကဲ့သို့သော ညီတစ်ယောက် ရှိနေလိမ့်မည်ဟု မှတ်မိမနေချေ။ ကျူးကျားတုန်းတွင် တစ်ဦးတည်းသော ညီမလေးသာ ရှိလေသည်။
ကျူးယိချင်းသည် သူမကတော့ အနိုင်ရသွားပြီဟု ခံစားလိုက်ရ၏။ သူမက ကိုယ်ကိုလှည့်ကာ သနားသည့်ရုပ်ဖြင့် ရှမြန်ကို လှည့်ကြည့်လိုက်ပြီး သူမသည် မစ္စတာနဥ်၏ သတို့သမီးတစ်ယောက်ပမာ ပြောလိုက်၏။
"အင်း။ တောင်းပန်တဲ့အနေနဲ့ ငါ နင်တို့ကို ဒီတစ်ဝိုင်း ကျွေးလိုက်ပါ့မယ်။ ငါလည်း နင့်မင်္ဂလာပွဲကို မလာနိုင်ဘူးလေ။ ဒီတော့ ဒါက ငါ့လက်ဆောင်လို့ သဘောထားလိုက်နော်"
သူမသည် စကားပြောပြီးသွားသည့်အခါ ဟန်ဟောက်ရန်ကို လှမ်းကြည့်လိုက်၏။ သူမသည် ထိုစကားကို ပြောလိုက်သည်မှာ ရှမြန်ကို အရှက်ခွဲဖို့ရန်နှင့် ဟန်ဟောက်ရန်၏ အာရုံကို ဆွဲဆောင်ဖို့ရန် ဖြစ်သည်။ ဆိုရလျှင် ဤကဲ့သို့သော ချောမောလှပသည့် ကောင်လေးက ရှားပါးလေသည်။ အကယ်၍ သူသည် ချမ်းသာသည့်လူတစ်ယောက် ဖြစ်နေလျှင်ရော။
အမြင်ကောင်းတစ်ခု ချန်ထားလိမ့်မည်။ သို့မှသာ အနာဂတ်အတွင်း ပိုပြီးကောင်းကောင်းမွန်မွန် ဆက်ဆံနိုင်လိမ့်မည်။
ရှမြန်၏အကျင့်စရိုက်အရ သူမသည် သေချာပေါက် ပြန်လည်တိုက်ခိုက်လိမ့်မည်။ သို့သော်ငြားလည်း ဒီတစ်ကြိမ်တွင်တော့ ရှမြန်ကပြုံးကာ ပြောလိုက်၏။ "ကောင်းပြီလေ"
ကျူးယိချင်း၏မျက်နှာမှာ ပြောင်းလဲသွားပြီး ရှမြန်သည် ကျူးယိချင်းကို လက်မထောင်ပြလိုက်၏။
"မင်းသမီးလေးက တကယ့်ကို အမြင်ကျယ်တဲ့သူပဲ။ ဒီနေ့ဖြစ်သွားတဲ့ကိစ္စကို ချေလိုက်ကြမယ်နော်။ ငါ နင့်ကို ခွင့်လွှတ်တယ်"
ထို့နောက်တွင်တော့ သူမက စားပွဲထိုးကို ချက်ချင်းလှမ်းပြောလိုက်သည်။ "ဟယ်လို။ ဒီစားပွဲက စားသမျှအားလုံးကို ဒီကအမျိုးသမီးလေးရဲ့ စာရင်းထဲထည့်လိုက်ပါနော်"
"ဪ ဒါနဲ့လေ '1982 Lafite' တစ်ပုလင်းနဲ့ Louis 13 ၂ပုလင်းထပ်ပေးပါနော်"သူမက ဆွန်းယွဲ့ရှင်းနှင့် ကျောက်ချန်တို့ကို ပြုံးပြလိုက်သည်။ "ငါတို့တွေ မမူးရင် မပြန်ကြဘူး"
ကျူးယိချင်း၏အမူအရာသည် လုံးဝကို ပြောင်းလဲသွားတော့၏။ သူမက ဘာမှမပြောရသေးခင်မှာပင် ဝိတ်တာက တောင်းပန်စကား ပြောလိုက်သည်။ "မိန်းကလေးရှ။ ဒီအမျိုးသမီးက ကျွန်တော်တို့အသင်းဝင် မဟုတ်သလို စာရင်းလည်း မရှိပါဘူး"
ရှမြန်၏မျက်လုံးများက ဝိုင်းစက်သွားကာ"ဟမ် မင်းသမီးလေး။ နင်က ဒီနေရာက အဖွဲ့ဝင် မဟုတ်ဘူးလား"
"နင် လူကြီးမင်းကျူးနဲ့ တော်တော်လေးရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုရှိတာ ငါတွေ့ပါတယ်။ ဒါက သူတို့ရဲ့ဟိုတယ် မဟုတ်ဘူးလား။ နင်က ဘယ်လိုလုပ်ပြီး အဖွဲ့ဝင်တစ်ယောက်တောင် မဟုတ်ရတာလဲ"
ဆွန်းယွဲ့ရှင်းနှင့် တခြားသူများသည် ကျူးယိချင်း၏ဒေါသကို သေချာပေါက် နားလည်နေ၏။ သူတို့ အားလုံးကလည်း မျက်နှာပေါ်တွင် လှောင်ပြောင်နေသည့် အကြည့်တစ်ခုဖြင့် သူမကို လှမ်းကြည့်လိုက်ကြသည်။ ဟန်ဟောက်ရန်ကလည်း သူမကို လှမ်းကြည့်လိုက်၏...
ကျူးယိချင်းသည် သူမ၏မျက်နှာက ဆွဲခွာခံလိုက်ရသလို ခံစားလိုက်ရပြီး သူမ၏မျက်လုံးများကလည်း ဒေါသကြောင့် နီရဲသွားတော့သည်။
ကျူးကျားရွေ့သည် မိန်းမလှလေးက မတရားခံနေရသည်ကို စိတ်မကောင်းဖြစ်မိသဖြင့် ရှေ့သို့ထွက်ရပ်ကာ ပြောလိုက်၏။ "ဘာတွေ ကြီးကြီးကျယ်ကျယ် လုပ်စရာလိုလို့လဲ။ သူက အခုမှ ဒီကိုရောက်လာပြီးတော့ စာရင်းသွင်းဖို့ အချိန်မရှိသေးတာပါ။ အရင်ဆုံး ဒါကို ငါ့စာရင်းထဲမှာပဲ သွင်းထားလိုက်ပါ"
"ကောင်းပြီလေ"ရှမြန်က အပြုံးဖြင့်ပြောလိုက်သည်။ "ကျေးဇူးပဲနော်"
သူတို့ကို မည်သူပင် ဒကာခံသည်ဖြစ်စေ။ ဟုတ်ပါသည်။ သူတို့သည် အစားအသောက်များကို အလကား စားသုံးရပေမည်။
ကျူးကျားရွေ့က သူတို့၏ ပျော်ရွှင်သွားသည့်မျက်နှာကို ကြည့်လိုက်ပြီးနောက် သူသည် အကြောင်းမဲ့ ယွမ်သောင်းကျော် သုံးပေးရတော့မည့်အကြောင်းကို စဉ်းစားမိ၏။ သူသည် တော်တော်လေး မရွှင်မလန်း ဖြစ်သွားတော့သည်။ သူက ဒီအတိုင်း ထိုင်ချလိုက်ကာ ပြောလိုက်တော့သည်။
"ဒီထမင်းတစ်နပ်ကို ငါ ကျွေးတာ။ ဒါပေမဲ့ မင်းတို့ကို ပွင့်ပွင့်လင်းလင်း ပြောရဦးမယ်။ ငါက အချဥ်တော့ မဟုတ်ဘူးနော်။ မင်းတို့တွေ မှာထားပြီးပြီဆိုတော့ မင်းတို့စားသင့်တဲ့ဟာ ကုန်အောင်စား။ သောက်သင့်တဲ့ဟာလည်း ကုန်အောင်သောက်။ ပိုက်ဆံကို အလကားကုန်ကျစေမဲ့ အဓိပ္ပာယ်မရှိတဲ့ အစားအသောက်တွေကိုတော့ မစားနဲ့"
ထို့နောက်တွင်တော့ သူက ဝိတ်တာကို ပြောလိုက်၏။ "ဝိုင်ခွက်တွေကို ယူလာပြီးတော့ အားလုံးအတွက် ဖြည့်ပေးလိုက်ပါ"
သူသည် ဒီကလေးများကို သင်ခန်းစာပေးမည်ဟု ဆုံးဖြတ်လိုက်၏။
သို့သော်ငြားလည်း သူသည် အတွက်မှားသွားလေသည်။
"ဘာတွေ ကြီးကြီးကျယ်ကျယ် လုပ်ရမှာလဲ"ရှမြန်ကလည်း ဆွန်းယွဲ့ရှင်းနှင့် မာယင်းယင်းတို့ကို ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ "Lafite 1982က ကမ္ဘာထိပ်တန်းဝိုင်နီတစ်ခုလေ။ တစ်ပုလင်းကို ယွမ်၁သောင်းကျော် ပေးရတယ်။ တစ်ငုံလေးသောက်ဖို့ အရေးကိုတောင်မှ ယွမ်ရာကျော်ပေးရတယ်။ ငါတို့တွေ ဒါကို သေသေချာချာလေး အရသာခံမှ ဖြစ်မယ်"
သူမကလည်း ကျူးယိချင်းကို မေးလိုက်၏။ "နင်ရော နည်းနည်းလောက် သောက်ဦးမလား"
"သောက်မှာပေါ့" ကျူးယိချင်းက အလွန်ဒေါသထွက်နေသည်။ ငွေကို ကျူးကျားရွေ့က ဖြေရှင်းပေးမည် ဖြစ်သော်ငြားလည်း အသုံးစရိတ်ကိုတော့ သူမက သေချာပေါက် ကျသင့်ခံရဦးမည်။ ကျူးကျားရွေ့က သူမအတွက် ငွေကို သုံးပေးခဲ့ခြင်းဖြစ်သည်။ ဝိုင်းတစ်ခုတည်းနှင့်တင် ယွမ်၃သောင်းကျော် ကျသင့်နေသည်တဲ့...
သူမသည် ထိုအကြောင်းကို စဉ်းစားလေလေ ဒေါသထွက်လာလေလေပင်။ ယွမ်၃သောင်းကျော်သည် သူမအတွက် ရေချိုးခန်းလေးတစ်ခု ပြုပြင်ဖို့ရန် လုံလောက်၏။
ရှမြန်ကလည်း တွန့်တိုမနေဘဲ သူမ၏ ဝိုင်အရက်ကို ပေါ့ပေါ့ပါးပါး လောင်းချလိုက်၏။
သူတို့သည် အလွန်ပျော်ပျော်ရွှင်ရွှင် သောက်နေကြချိန်တွင် ကျူးကျားရွေ့နှင့် ကျူယိချင်းတို့ကတော့ အစားအသောက်အတွက် ငွေချေပေးနေရကာ အောက်ဘက်တွင် ထိုင်နေရပြီး တိတ်တိတ်လေးစားသောက်ကာ အလကား ကုန်းဆင်းနေကြသူများနှယ်ပင်။
၃ဝိုင်းလောက် သောက်ပြီးသွားသည့်အခါ ကျူးကျားရွေ့သည် ပိုပိုပြီး ဒေါသထွက်လာတော့၏။ သေစမ်း။ ဒါက ဆုံးမနေတာ လုံးဝမဟုတ်တော့ဘူး။ ဒီကလေးတွေက တကယ့်ကို သောက်နိုင်ကြတဲ့သူတွေပဲ။ တကယ်ကို ပျော်ပျော်ရွှင်ရွှင် သောက်နေကြတာပဲ။
သို့သော်ငြားလည်း နောက်ဆုံးတွင် ရှမြန်သည် မူးသွားဆဲပင်။ သူမသည် သတို့သမီးအရံများအတွက် စိုးရိမ်နေသဖြင့် သူမကသူတို့ကို Lafiteကိုသာ သောက်ခိုင်းလိုက်သည်။ သူမ၊ ဟန်ဟောက်ရန်နှင့် ကျောက်ချန်တို့ကတော့ တော်တော်လေး ခံနိုင်ရည်ရှိကြသည်။ ထို့ကြောင့် သူတို့က နိုင်ငံခြားဖြစ် ဝိုင်များကို သောက်ခဲ့ကြ၏။
သို့သော်ငြားလည်း သူမသည် မူးလာသည်တွင် နာမည်ကြီး 1982 Lafiteကို မမြည်းကြည့်လျှင် နှမြောစရာကောင်းသည်ဟု ခံစားလိုက်ရ၏။ ထို့ကြောင့် သူမကလည်း တစ်ခွက်လောက် သောက်လိုက်သေးသည်။
ထို့နောက်တွင်တော့ မူးသွားတော့၏။
အစပိုင်းတွင်တော့ မည်သူကမှ သတိမထားမိကြပေ။ သူမက ဝိုင်ခွက်ကိုကိုင်မြှောက်ကာ ကျူးယိချင်းကို သွားရှာပြီး သွားသောက်လေသည်။ "လာ လာ မင်းသမီးလေး။ နင်က ငါတို့ကို ဒကာခံတာဆိုတော့ နင်က မသောက်ဘဲနဲ့ ဘယ်လိုလုပ်ပြီး နေလို့ရမှာလဲ။ သောက်ကြရအောင်"
ထိုသို့ပြောလိုက်ပြီးနောက် သူမသည် ကျူးယိချင်းကို လုံးဝဂရုမစိုက်တော့ဘဲ တစ်ယောက်တည်း ပြုလုပ်နေလေသည်။
ထို့နောက်တွင် ကျူးယိချင်းသည် သတိထားမိသွားပြီး ဝိုင်အရက်အားလုံးကို သူမ၏ခွက်ထဲသို့ လောင်းထည့်ပေးလိုက်ကာ ပြည့်လုနီးပါးပင် ဖြစ်သွားတော့သည်။
"လာ လာ"
"ချီးယားစ်"ရှမြန်ကလည်း ရယ်မောကာ အကုန်လုံးသောက်ပစ်လိုက်၏။
ဆွန်းယွဲ့ရှင်းနှင့် တခြားသူများသည် ဖြစ်ပျက်နေသည့် အခြေအနေကို သိလိုက်ကြပြီး သူမ၏လက်ထဲက ဝိုင်ခွက်ကို မြန်မြန်လုယူလိုက်ကာ ပြောလိုက်၏။ "ရှမြန် ရှမြန်"
"နင်မူးနေပြီ"
မာယင်းယင်းကလည်း ပြောလိုက်သည်။ "ဟုတ်ပြီ။ အချိန်လည်း တော်တော်လေးလင့်နေပြီ။ ငါတို့တွေ သွားသင့်ပြီ။ ငါတို့တွေ မနက်ဖြန်ဘွဲ့ယူဖို့ အခမ်းအနားအတွက် စောစောထရဦးမှာ"
ကျူးကျားရွေ့သည် နောက်ဆုံး ဒီအခိုက်အတန့်ကို စောင့်နေခြင်းဖြစ်ကာ ချက်ချင်းပြောလိုက်၏။
"ဘာဖြစ်လို့ ထွက်မှာလဲ။ မင်းတို့တွေ အခုပြန်သွားရင် ဒါတွေကို ကုန်အောင်သောက်နိုင်ဦးမှာလား"
Lafiteသည် ကုန်လုနီးပါးရှိနေပြီဖြစ်ကာ နိုင်ငံခြားအရက်ကလည်း ပုလင်းတစ်ဝက်ကျော်လောက် ကျန်နေသေးသည်။
ထိုစကားကို ကြားလိုက်ရသည်တွင် ရှမြန်သည် ချက်ချင်း ဝိုင်ကို ပတ်ရှာတော့၏။ "ဟုတ်တယ်။ ငါတို့တွေ ဝိုင်ကိုကုန်အောင် သောက်ရမယ်"ကျောက်ချန်က ဖန်ခွက်ထဲသို့ ဝိုင်ကို လောင်းထည့်နေသည်ကို မြင်လိုက်သောအခါသူမက ရှေ့သို့ချက်ချင်း ရောက်လာပြီး ပုလင်းကို လုယူလိုက်ပြီးနောက် သူမ၏ပါးစပ်ထဲသို့ လောင်းထည့်လိုက်တော့သည်။
"သေလိုက်ပါတော့" ကျောက်ချန်နှင့် ဆွန်းယွဲ့ရှင်းတို့က အလောတကြီး လှမ်းဆွဲကြသည်။ "ရှမြန် နင် ထက်သောက်လို့ မရတော့ဘူးနော်။ နင် မူးနေပြီ"
"ကျစ် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ" ရှမြန်သည် သူမ၏မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ပြီး သူမ၏ရင်ဘတ်ကို ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ဖွင့်ထားလိုက်ကာ "ငါ အများကြီး သောက်နိုင်တယ်။ လာပါ။ နောက်ထပ်တစ်ပုလင်း"
သူမက သူမ၏ပါးစပ်ထဲသို့ ဝိုင်အရက်များကိုလောင်းထည့်ဖို့ အတင်းလုပ်နေသည်ကို မြင်လိုက်သဖြင့် ဆွန်းယွဲ့ရှင်းမှာ သူမကို ခြိမ်းခြောက်ရတော့သည်။ "နင် ထပ်သောက်နေရင် နင့်ရဲ့ဒေါက်တာနဥ်က ဒေါသထွက်တော့မယ်နော်"
"မထွက်ဘူး မထွက်ဘူး..." သူမက လက်ညှိုးကိုလှုပ်ခါပြလိုက်ပြီး ရိုးအအလေ ပြုံးပြလိုက်လေသည်။
"ငါ့ရဲ့ဒေါက်တာနဉ်က ငါ့ကို ဘယ်တော့မှ ဒေါသထွက်မှာ မဟုတ်ဘူး။ သူက ငါ့အပေါ် အရမ်းကောင်းတယ်"
ထို့နောက်တွင်တော့ သူမကစပြီး အော်ပြောလိုက်၏။ "ဒေါက်တာနဥ်ရေ။ ဒေါက်တာနဥ် ဒေါက်တာနဥ် ဘယ်မှာလဲ။ ရှင့်ရဲ့ဘေဘီလေးက မူးနေပြီနော်"
အားလုံး...
သတိလက်လွတ် ဖြစ်သွားသည့်အချိန်မှာပင် အခန်းထဲကလူအားလုံးမှာ ခွေးစာတစ်ခွက်လုံး စားလိုက်ရ၏။ သို့သော်ငြားလည်း သူမ၏ချစ်စရာရုပ်သွင်လေးကြောင့် သဘောကျရပြန်သည်။
ဟွမ်ရန်ဟုန်က မေးလိုက်သည်။ "နင် နင့်ရဲ့ဒေါက်တာနဥ်ကို အဲဒီလောက်တောင် သဘောကျတာလား..."
"ဒါပေါ့" ရှမြန်သည် ထပ်ပြီးမသောက်တော့ပေ။ သူမက လက်ထဲတွင် ပုလင်းကို ကိုင်ထားပြီး သူမ၏မျက်လုံးများကို ကျုံ့ထားလိုက်ကာ သူမ၏မေးစေ့ကိုလည်း ဂုဏ်ယူ၀င့်ကြွားစွာ ချီထားလိုက်၏။
"ငါတို့ရဲ့ဒေါက်တာနဥ်က ဒီလောကထဲမှာ စံပြတစ်ယောက်ပဲလေ။ ငါ သူ့ကို လိုက်ပြီးပိုးပန်းခဲ့ပြီး သူ့ကိုရထားတာ။ ငါ အံ့သြစရာကောင်းတယ်လို့ နင်တို့ မထင်ဘူးလား"
"ကောင်းပါတယ်။ ကောင်းပါတယ်" ဆွန်းယွဲ့ရှင်းက သူမကို ချော့မော့ကာ သူမ သတိမထားမိလိုက်သည့်အချိန်တွင် ပုလင်းကို လုယူရန်ကြိုးစား၏။ သို့သော်ငြားလည်း ရှမြန်က အလွန်သတိရှိပြီး ပုလင်းနှင့် ထွက်ပြေးပြန်သည်။
ဟွမ်ရန်ဟုန်သည် ထို့နောက်တွင်တော့ သူမကို အာရုံလွှဲရတော့သည်။ "နင်နဲ့ နင့်ရဲ့ဒေါက်တာနဥ်တို့ ပထမဦးဆုံးအနမ်းက ဘယ်တုန်းက ဖြစ်သွားတာလဲ"
"ပထမဦးဆုံးအနမ်း..." မျှော်လင့်ထားသည့်အတိုင်းပင်။ ရှမြန်သည် ချက်ချင်းရပ်တန့်သွားပြီးနောက် တစ်စုံတစ်ခုကို စဉ်းစားနေ၏။ သူမ၏မျက်လုံးများက မြေခွေးမလေးတစ်ကောင်လို ကျဉ်းမြောင်းသွားကာ သူမသည် အရူးတစ်ယောက်လို တခစ်ခစ် ရယ်မောလေသည်။
အားလုံးကလည်း မနေနိုင်ဘဲ ရယ်မောကြတော့၏။ ထို့နောက်တွင်တော့ သူမက မျက်လုံးများကိုကျုံ့ကာ လျှို့ဝှက်စွာဖြင့် ပြောလိုက်သည်ကို ကြားလိုက်ရ၏။ "ငါ နင်တို့ကို ပြောပြမယ်နော်။ ဒေါက်တာနဥ်က အရမ်းကိုချိုမြိန်တာ။ ဟိဟိ..."
အားလုံးသည် သူတို့က ဘာမေးခွန်းမှထပ်မေးလို့ မဖြစ်နိုင်တော့သည်ကို သိလိုက်၏။ ထို့ကြောင့် စွန်းရှောင်ယွဲ့မှာ မသိမသာ စကားလမ်းကြောင်းပြောင်းရပြန်သည်။ "နင်တို့ ရန်ဖြစ်ဖူးလား"
"မဖြစ်ဖူးဘူး" ရှမြန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ထပ်ပြောသည်။ "ဒေါက်တာနဥ်က ငါ့ကိုစိတ်ဆိုးရအောင် ဘယ်တော့မှမလုပ်ဘူး။ ဟဟ"
"ဒီတော့ နင်က သူ့ကို စိတ်ဆိုးရအောင် လုပ်တယ်ပေါ့"
ရှမြန်က သူမ၏ခေါင်းလေးကို စောင်းထားလိုက်ကာ မျက်တောင်လေး ခတ်လိုက်ပြီး "ငါက အရမ်းချစ်ဖို့ ကောင်းတယ်လေ။ ဒီ တော့ သူကလည်း ငါ့ကို ခွင့်လွှတ်ပေးမှာပေါ့..."
အားလုံး...
ဘုရားရေ။ ဒေါက်တာနဥ် သူ့ကို အဲဒီလောက် အမြတ်တနိုးချစ်တာလည်း မဆန်းတော့ပါဘူး။ ဘယ်သူက ဒါကို လွန်ဆန်နိုင်မှာလဲ။
မည်သူမှ စကားမပြောကြတော့သည့်အခါ ရှမြန်သည် ပုလင်းကိုမြှောက်ပြီး ဆက်သောက်ပြန်သည်။ သို့သော်ငြားလည်း လီလီကျန်းက သူမကို မြန်မြန်လှမ်းတားလိုက်၏။ "သူ့ဖုန်း ဘယ်မှာလဲ။ ဒေါက်တာနဥ်ကို ချက်ချင်းခေါ်စမ်းပါ"
ဆွန်းယွဲ့ရှင်းက သူမ၏အိတ်ထဲက ဖုန်းကိုမြန်မြန်ဆွဲထုတ်လိုက်ပြီး ဒေါက်တာနဥ်၏နံပါတ်ကို ရှာကာ ဖုန်းခေါ်ရတော့သည်။
ဖုန်းက မြန်မြန်ဝင်သွားပြီး ဆွဲဆောင်မှုရှိသည့်အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ "ဟယ်လို မြန့်မြန် လား"
ဆူညံနေသည့် ရှမြန်သည် ရုတ်တရက် ငြိမ်သက်သွားတော့သည်။
"ဟယ်လို မြန့်မြန် ဘာဖြစ်လို့လဲ"
နဉ်ရှောက်ပိုင်၏အသံကို အတည်ပြုပြီးသွားသည့်နောက် ရှမြန်သည် ဖုန်းနားသို့ကပ်ကာ ပြုံးကာပြောလိုက်၏။ "ဒေါက်တာနဥ် ဒေါက်တာနဥ် ကျေးဇူးပြုပြီးတော့ မြန်မြန်လာပါ။ သူတို့တွေက ကျွန်မကို မူးနေပြီလို့ပြောကြတယ်..." နဉ်ရှောက်ပိုင်သည် သူမ၏အသံကို နားထောင်လိုက်ပြီး တစ်ခုခု မူမမှန်ဖြစ်နေသည်ကို သိလိုက်၏။ "ဘယ်အခန်းမှာလဲ"
ဆွန်းယွဲ့ရှင်းက သူမအတွက် ပြန်ဖြေလိုက်သည်။
"အခုချက်ချင်း ဆင်းလာခဲ့မယ်။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကိုယ်စား သူကို စောင့်ရှောက်ပေးထားပါဦး"
ဖုန်းချလိုက်ပြီးနောက်တွင် ရှမြန်သည် ပုလင်းကိုကိုင်ထားကာ ထပ်သောက်ချင်သော်ငြားလည်း တတွတ်တွတ် ရေရွတ်နေပြန်သည်။ "မြန်မြန်လာနော်။ မြန်မြန်လာ။ ဒေါက်တာနဥ်လာရင် ငါတို့တွေထပ်ပြီး သောက်လို့ရတော့မှာ မဟုတ်ဘူး"
ငြိမ်သက်နေခဲ့သည့် ကျူးယိချင်းသည် ရုတ်တရက်ပြောလိုက်၏။ "နင့်ရဲ့ဒေါက်တာနဥ်က နင့်ကို လှည့်စားနေတာပဲ"
"သောက်ကျိုးနည်း" ဆွန်းယွဲ့ရှင်းသည် ကျူးယိချင်းကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်လိုက်ကာ "နင် ရူးသွားပြီလား"
မာယင်းယင်းကလည်း မျက်မှောင်ကြုတ်ကပြောလိုက်၏။ "ကျူးယိချင်း နင် တကယ်လွန်နေပြီနော်"
ကျူးယိချင်းက ပြောလိုက်၏။ "ငါလိမ်နေတာမှ မဟုတ်တာ။ ငါ ယန်တက္ကသိုလ်တွဲဖက်ဆေးရုံကို တစ်ခါသွားခဲ့ဖူးတယ်။ သူ့ရဲ့ဒေါက်တာနဥ်က မိန်းမတစ်ယောက်နဲ့ နမ်းနေတာကို တွေ့ခဲ့ဖူးတယ်"
သူမသည် အလွန် တလေးတနက်ပြောနေသဖြင့် အားလုံးသည် ဇဝေဇဝါဖြင့် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် သူမပြောသည့်စကားက အမှန်အမှားကိုပင် မသိကြတော့ပေ။
ကျူးကျားရွေ့က ရုတ်တရက် ရှမြန်အနားသို့ ချဉ်းကပ်လာခဲ့သည်။ ဒီမိန်းကလေးက လှပပြီး ချစ်စရာကောင်းသည်။ သူသည် သူမကို အမှန်ပင် သဘောကျမိ၏။ သူသည် အနားသို့ တိုးကပ်လာတော့မည်အချိန်မှာပင် ကောင်လေး၂ယောက်၏ လှမ်းတားခြင်းကို ခံလိုက်ရသည်။ တစ်စုံတစ်ယောက်က သူမကို လာကြိုတော့မည်ကိုမြင်လိုက်သည့်အခါ သူသာ သူမကို အခွင့်ကောင်း မယူခဲ့လျှင် တခြားအခွင့်အရေး ရှိလာတော့မည် မဟုတ်ချေ။
ဟန်ဟောက်ရန်က သူ့လက်ကောက်ဝတ်ကို မြန်မြန်ဖမ်းဆွဲထားလိုက်ပြီး အေးစက်စက် မေးလိုက်၏။
"ခင်ဗျား ဘာလုပ်တာလဲ"
ကျူးကျားရွေ့ကလည်း သရော်ကာ ပြောလိုက်၏။ "မင်းတို့တွေ ကိုယ့်ဟာကိုယ် သောက်လို့တောင် မပြီးသေးဘူး။ မင်းတို့တွေ ပြန်ချင်နေတာလား။ လုံးဝမရဘူးနော်"
သူသည် ရှမြန်အပေါ် စကားလုံးဖြင့် အသားယူကာ ပြောဆိုတော့၏။ "မင်းရဲ့ဒေါက်တာနဥ်က မင်းကို လိမ်သွားပြီဆိုတော့ မင်းကိုထပ်ပြီး မလိုချင်တော့တာပဲလေ။ မင်းရဲ့အစ်ကိုနောက်ကို လိုက်ခဲ့ပါတော့လား"
"ခင်ဗျား ထပ်ပြီး ပေါက်ကရ ပြောနေဦးမယ်ဆိုရင်တော့" ဟန်ဟောက်ရန်သည် သူ့လက်သီးကို မြှောက်ကာ သူ့ကို ထိုးလိုက်တော့သည်။
သို့သော်ငြားလည်း သူ့လက်သီးကို မဝှေ့ရမ်းရသေးခင်မှာပင် အရိပ်တစ်ခုသည် ဖြတ်ခနဲရောက်လာပြီး ကျူးကျားရွေ့သည် ငယ်သံပါအောင်အော်ကာ ဒူးထောက်ပြီး လဲကျသွားတော့သည်။ ရှမြန်က သူမ၏ ခြေထောက်ကို ပြန်ရုပ်သိမ်းထားလိုက်သော်ငြားလည်း ငြိမ်ငြိမ်မရပ်နိုင်တော့ချေ။ သူမသည် နောက်သို့ အယိုင်ယိုင်အနဲ့နဲ့ ဖြစ်သွားပြီး မာယင်းယင်းနှင့် တခြားသူများက လှမ်းထိန်းလိုက်ရသည်။
သူမ၏စကေးကို မြင်ဖူးကြသည့် ဟန်ဟောက်ရန်နှင့် တခြားသူများမှာ သိပ်ပြီးမအံ့ဩကျချေ။ သို့သော်ငြားလည်း ကျူးယိချင်းကတော့ ကျူးကျားရွေ့၏ ပုံစံကို မြင်လိုက်ရသည့်အခါ အလန့်တကြား ဖြစ်သွားပြီး ရှေ့သို့မြန်မြန်တက်လာကာ ပြောလိုက်၏။ "လူကြီးမင်းကျူး လူကြီးမင်းကျူး အဆင်ပြေရဲ့လား"
"ရှမြန်" ကျူးယိချင်းသည် ရှမြန်ကိုမော့ကြည့်လိုက်၏။ သို့သော်ငြားလည်း သူမ၏မျက်လုံးတွင် ဘာစိုးရိမ်မှုမှမရှိဘဲ ပီတိဖြာနေလေသည်။ "နင်ကတော့ သွားပြီ။ နင် သူ့ကို ရိုက်ရဲတယ်နော်။ သူဘယ်သူလဲဆိုတာ သိရဲ့လား"
အခန်းတံခါးသည် ပွင့်သွားပြီး နဉ်ရှောက်ပိုင်သည် အေးစက်စက်မျက်နှာဖြင့် ဝင်လာ၏။ "ငါ သိချင်လို့ပါ။ သူက ဘယ်သူလဲ"
နဉ်ရှောက်ပိုင်ကို မြင်လိုက်သည်တွင် ကျူးယိချင်းသည် အထင်သေးစွာဖြင့် ပြောလိုက်၏။ "သူက ဒီနေရာက သခင်လေးပဲ။ ဒေါက်တာနဥ် ရှင်တော့ ဒီနေ့ပြဿနာအကြီးကြီး တက်တော့မယ်...အဟက်"
"အား"
သူမသည် ရုတ်တရက်နာကျင်စွာ အော်ဟစ်ရင်း ကြမ်းပြင်ပေါ်သို့ လဲကျသွား၏။
နဉ်ရှောက်ပိုင်နောက်သို့ လိုက်လာကြသည့်လူများသည် ရှမြန်က ကျူးယိချင်း၏ပခုံးပေါ်ကို တက်နင်းထားကာ စီးပိုးကာဖြင့် ပြောနေသည်ကို တွေ့လိုက်ရလေသည်။ "နင်ကများ အတင့်ရဲလို့ ငါ့ရဲ့ ဒေါက်တာနဉ်ကို အဲဒီလောက် အော်ပြောနေရသလား"
မကျေနပ်နိုင်သေးဘဲ သူမကကျူးယိချင်းပေါ်တွင် ခပ်နာနာလေး တက်နင်းလိုက်ကာ "ငါတောင်မှ သူ့ကို အနိုင်မကျင့်ရက်တာ။ နင်က ဘယ်သူမလို့လဲ"
ကျူးယိချင်းသည် ချက်ချင်းဆိုသလို မျက်ရည်များစီးကျလာပြီး "ရှမြန် ငါ့ကိုလွှတ်"
နဉ်ရှောက်ပိုင်၏ဒေါသကလည်း ရုတ်တရက် ပျောက်ကွယ်သွားပြီး သူကအပြုံးဖြင့် ပြောလိုက်၏။
"မြန့်မြန် ဒီကိုလာ"
ရှမြန်သည် သူ့အသံကိုကြားလိုက်ရချိန်တွင် ကိုယ်ကိုလှည့်ကာ သူ့ကို တွေ့လိုက်ရသောအခါ သူမ၏အမူအရာက ချက်ချင်းပြောင်းလဲသွား၏။ သူမက တရှုံ့ရှုံ့ငိုရှိုက်လိုက်ပြီး နဉ်ရှောက်ပိုင်၏ ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်ကာ ဝမ်းနည်းစွာဖြင့် ပြောလေသည်။ "ဒေါက်တာနဥ်..."
နဉ်ရှောက်ပိုင်က သူမ၏ခေါင်းလေးကို သပ်ပေးလိုက်ကာ မေးလိုက်၏။ "ဘာဖြစ်လို့ အဲဒီလောက် အများကြီးသောက်ထားတာလဲ"
ရှမြန်သည် သူ့ကိုမဖြေဘဲ ကြမ်းပြင်ပေါ်က လူ၂ယောက်ကို လက်ညှိုးထိုးကာ ညည်းညူလေသည်။
"ဒေါက်တာနဥ် သူတို့တွေ အရမ်းဆိုးတာပဲ။ သူတို့တွေ ကျွန်မကို အနိုင်ကျင့်ကြတာ..."
ထို့နောက်တွင်တော့ တအီးအီးငိုသံတုက ထွက်လာခဲ့၏။
အဲဒီလောက်ထိ သိသာအောင် မလုပ်ပါနဲ့။ မင်း သူတို့ကို ချောက်ချနေတာ သိသာနေရဲ့သားနဲ့။
နဉ်ရှောက်ပိုင်...
အားလုံး...
...