← Chapters

အခန်း (၂၄၄-၂၄၆)

Vol. 17 Ch. 244-246

အခန်း (၂၄၄-၂၄၆)

Vol. 17 Ch. 244-246

အပိုင်း (၂၄၄)

မနက်ခင်းနေရောင်ခြည်သည် ခန်းဆီးများကြားမှ ထိုးဖောက်ဝင်ရောက်လာပြီး အိပ်ရာပေါ်တွင် အတူတူ တိုးဝှေ့နေကြသည့် လူနှစ်ယောက်ကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။

ထိုအစား အိပ်ရာဘေးက ပုခက်ထဲတွင်တော့ လှုပ်ရှားမှုများ ရှိနေ၏။ တစ်နှစ်အရွယ် ကလေးသေးသေးလေးသည် သူ့ဖင်လေးကို ကော့ပြီး ထိုင်ကာ အိပ်ရာဘက်သို့ မျှော်ကြည့်နေပြီး ငိုနေရမည့်အစား လက်ရန်းလေးကို တိတ်တိတ်လေး ကျော်ပြီး သူ့မိဘများ၏ ကြီးမားလှသည့်မဟော်ဂနီ အိပ်ရာဘေးသို့ အသာအယာ ရောက်ရှိသွားလေသည်။

ကလေးက ရှေ့သို့၂ခါလောက် အသာအယာလေး ဘက်ထောက်သွားလိုက်ပြီး လူကြီး၂ယောက်စလုံး မျက်လုံးမှိတ်ထားသည်ကို သေချာသည့်အချိန်မှ စောင်၏ အနားလေးတစ်ခုကို ဂရုတစိုက်မ,လိုက်သည်။ သူမသည် သူမ၏ရိက္ခာကို မြင်လိုက်ရသောအခါ မျက်လုံးများက ရုတ်တရက် လင်းလက်သွားပြီး ပျော်ပျော်ရွှင်ရွှင်ဖြင့် လက်သေးသေးလေး၂ဖက်ကို တဖတ်ဖတ် လှုပ်ယမ်းလိုက်သည်။ သူမက အမေဖြစ်သူ၏ အင်္ကျီအနားစကို မြန်မြန်ဆွဲပင့်လိုက်ပြီး ဆာလောင်နေသည့် ကျားလေးတစ်ကောင်လို ရိက္ခာကို အောင်အောင်မြင်မြင် ဖမ်းဆုပ်ထားလိုက်သည်။

ဤသို့သော ကြီးမားလှသည့် လှုပ်ရှားမှုများကြောင့် ရှမြန်ကလည်း အလိုလို နိုးလာခဲ့သည်။ သူမက အိပ်ချင်မူးတူးဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်တွင် သူမ၏ ခေါင်းပေါ်မှ ခပ်တိုးတိုးရယ်သံကို ကြားလိုက်ရ၏။ "ဒီဉာဏ်ကြီးရှင်လေး နောက်တစ်ခေါက် သတိလက်လွတ်ဖြစ်သွားအောင် လုပ်ခဲ့တာပဲ"

ရှမြန်က ခေါင်းကိုငုံ့လိုက်သည့်အခါ သူမအကြောင်း ပြောနေသည်ကို သိနေသယောင် ကလေးလေးကို တွေ့လိုက်၏။ ကလေးက ပါးစပ်သေးသေးလေးဖြင့် နို့စို့နေပြီး သူ့မျက်လုံးများကလည်း ဂုဏ်ယူ၀င့်ကြွားမှုဖြင့် ကျဥ်းမြောင်းထားကာ သူ့ခြေထောက်သေးသေးလေးကတော့ သူမ၏ခါးကို သိုင်းဖက်ထားသည့် နဥ်ရှောက်ပိုင်၏လက်ကို ကန်ကျောက်နေလေသည်။

ဒါသည် သူတို့၏သမီး နော့နော့ဖြစ်၏။ သူမသည် ယခုအချိန်တွင် တစ်နှစ်နီးပါးရှိလာပြီဖြစ်ကာ ရှမြန်က သူ့ကို တဖြည်းဖြည်း နို့ဖြတ်နေချိန်ဖြစ်သည်။ သူမသည် နေ့ခင်းဘက်ဆိုလျှင် နို့မတိုက်ချေ။ ထို့ကြောင့် ကလေးလေးက အမြဲတမ်း သူမနှင့်ယှဉ်ပြိုင်ဖို့ရန်အတွက် အခွင့်အရေးများကို ရှာဖွေနေတတ်သည်။

နဥ်ရှောက်ပိုင်သည် သူ့လက်ပေါ်က အိစက်နေသည့် ခြေထောက်သေးသေးလေးကို ခံစားမိလိုက်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပျံ့နှံလာ၏။ သူက လက်ကိုမြှောက်လိုက်ကာ ကလေးလေးကို သူ့ရင်ခွင်ထဲတွ င်ပွေ့ဖက်ထားဖို့ ရည်ရွယ်လိုက်သည်။ မျှော်လင့်မထားဘဲ ကလေး၏မျက်လုံးများက သတိဖြင့် လင်းလက်သွားပြီး တစ်ဖက်ကတော့ တစ်ဖက်ဖက် ရိုက်လိုက်ပြီး ကျန်တစ်ဖက်ကတော့ ရိက္ခာကို အုပ်ထားကာ ပါးစပ်က မြန်မြန် စုပ်သောက်နေလေသည်။

"အ..." ရှမြန်သည် ကိုက်ခံလိုက်ရသဖြင့် နာကျင်သွားပြီး သူမ၏ဖင်သေးသေးလေးကို လှမ်းရိုက်လိုက်၏။ "ထပ်ကိုက်ရင်တော့ ချက်ချင်းဖြတ်လိုက်တော့မှာနော်"

ထိုစကားကို ကြားလိုက်ရသည်တွင် ကလေးလေးကလည်း သူ၏နှုတ်ခမ်းလေးကို မြန်မြန် ဖြေလျော့ထားလိုက်ပြီး ရှမြန်ကို မြှောက်ပင့်နေသည့် အပြုံးလေးတစ်ခု ချက်ချင်းပြုံးပြလိုက်ကာ သူ့လှုပ်ရှားမှုများက အများကြီးပိုပြီး ညင်သာသွားခဲ့သည်။

နဥ်ရှောက်ပိုင်က လက်ကိုဆန့်လိုက်ပြီး သူမ၏နုနယ်လှသည့် မျက်နှာသေးသေးလေးကို ထိကိုင်လိုက်၏။

"ဒီကလေးလေးကလည်း နတ်သမီးလေးတစ်ယောက် ဖြစ်လာတော့မှာပဲ"

သူက သူမအကြောင်း ပြောနေခြင်းအား သိနေသည့်နှယ် ကလေးလေးသည် နဥ်ရှောက်ပိုင်ကို ချိုမြိန်စွာ တစ်ဖန်ပြုံး ပြလိုက်သည်။ ထိုမျက်ဝန်းများသည် ရှမြန်၏မျက်ဝန်းများနှင့် တစ်ထပ်တည်းဖြစ်ပြီး နဥ်ရှောက်ပိုင်၏ နှလုံးသားကို အရည်ပျော်သွားလုမတတ်ပင်။ "ဘယ်လိုလုပ်ပြီး သိပ်ချစ်စရာကောင်းနေပါလိမ့်"

ရှမြန်က ရယ်မောလိုက်ကာ "ဘယ်လို ချစ်စရာကောင်းတာလဲဆိုတာကို သိရအောင် ရှင့်ကို သင်ပေးမယ်လေ"

ကလေး၏ စားလိုစိတ်ကို နည်းနည်းလောက် ဖြည့်ဆည်းပေးလိုက်သည့်နောက်တွင် သူမက ထရပ်လိုက်ပြီး ကလေးကို နဥ်ရှောက်ပိုင်လက်ထဲသို့ လှမ်းထည့်လိုက်သည်။

နော့နော့မှာ စိုးရိမ်တကြီးဖြစ်သွားပြီး သူမ၏ခြေထောက်လေးကို ကန်ကျောက်ရင်း လက်ကလေးကို ဆန့်ကာ အမေဖြစ်သူကို ရှာဖွေနေတော့၏။ "မေ မေ"

ကြည်လင်နေသည့် ကလေးအသံလေးသည် မြှောက်ပင့်ပြီး ဝမ်းနည်းနေသည့် အသံအပြည့်ဖြစ်နေ၏။ ရှမြန်မှာ ထပ်ပြီးမကြည့်ရက်နိုင်တော့ဘဲ မြန်မြန်ထရပ်ကာ ထွက်သွားတော့သည်။

နဥ်ရှောက်ပိုင်သည် အလွန်စိတ်ပျော့သွားပြီး သမီးဖြစ်သူကို လက်ထဲတွင် ချီပိုးထားရင်းက လေသံတိုးတိုးဖြင့် ချော့မော့ပြောဆိုသည်။ "မေမေက နော့နော့အတွက် နို့သွားဖျော်ပေးနေတာ။ ဖေဖေက နော့နော့နဲ့ ခဏလောက် နေပေးမယ်လေ။ ဟုတ်ပြီလား"

ရှမြန် ထွက်သွားသည်ကို မြင်လိုက်ရသည့်အခါ ကလေးလေးက ဆူပုတ်သွားပြီး နဥ်ရှောက်ပိုင်၏ လည်ပင်းကို သူ့လက်သေးသေးလေးနှစ်ဖက်ဖြင့် သိုင်းဖက်ထားလိုက်ပြီနောက် သူ့ခေါင်းလေးကိုလည်း ပျော့ပျောင်းစွာမှီထားကာ ခပ်တိုးတိုးညည်းလိုက်သည်။ "ဖေ ဖေ"

နဥ်ရှောက်ပိုင်သည် ကောင်းကင်ပေါ်က လမင်းကို အမှန်ပင် ဆွတ်ခူးပြီး သမီးဖြစ်သူကိုပင် ပေးလိုက်ချင်တော့သည်။

"နော့နော့နိုးပြီလား" ကြည်လင်သိမ်မွေ့သည့် လူငယ်လေးတစ်ယောက်၏အသံက ဟနေသည့် တံခါးကြားမှ ထွက်လာခဲ့သည်။ နဥ်ရှောက်ပိုင်၏ ပခုံးပေါ်တွင်လဲနေသည့် နော့နော့သည် ရုတ်တရက် ခေါင်းကိုထောင်ကာ ပြောလိုက်၏။ "ကို ကို"

နဥ်ရှောက်ပိုင်က ပြုံးပြီးပြောလိုက်သည်။ "ဟုတ်တယ် ကိုကိုလေ။ ကလေးက ကိုကို့ကို အဲဒီလောက်တောင် သဘောကျတာလား"

နော့နော့က အိပ်ရာပေါ်မှဆင်းဖို့ ရုန်းကန်တော့၏။

နဥ်ရှောက်ပိုင်ကလည်း သူမကို လွှတ်ပေးလိုက်သည်။ ကလေးက အိပ်ရာပေါ်မှ လျှောဆင်းသွားပြီး ဤနေရာနှင့် ရင်းနှီးနေသည့်နှယ် ကော်ဇောပေါ်မှနေ၍ တံခါးဆီသို့ ဒယိမ်းဒယိုင်လျှောက်သွားလိုက်ပြီး သူမ၏ကိုကိုကို ဆက်တိုက်ခေါ်နေလေသည်။

အိပ်ခန်းတံခါးပေါ်တွင် တံခါးခေါက်သံတစ်ချက်ထွက်လာပြီး ရှောင်ဖုန်းက အပြင်ဘက်မှနေ၍ လှမ်းနှုတ်ဆက်လိုက်သည်။ "ဦးဦး"

"အင်း ဝင်လာခဲ့လေ" နဥ်ရှောက်ပိုင်က သမီးဖြစ်သူကို သူ့နောက်သို့ပို့ထားလိုက်ပြီး "တံခါးကို သတိနဲ့ဖွင့်နော်။ နော့နော့ ခဏနေ အဲဒီကိုရောက်တော့မယ်"

သစ်သားတံခါးသည် အသာအယာပွင့်သွားပြီး တတောက်တောက်လျှောက်နေသည့် ကလေးလေးက မော့ကြည့်လာ၏။ သူမသည် သူမ၏အစ်ကိုကို မြင်လိုက်ရသောအခါ ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး သူမ၏သွားသေးသေးလေး ၈ချောင်းကို ထုတ်ပြလိုက်သည်။ သူမက တံခါးအပြင်ဘက်က ကောင်လေးကို ဖြူဖွေးနေသည့် လက်မောင်းလေးနှစ်ခုဖြင့် လက်လှမ်းလိုက်ပြီး သူမ၏ခန္ဓာကိုယ်ကလည်း စိုးရိမ်တကြီးဖြင့် လှုပ်ရမ်းလို့နေသည်။ "ကိုကို ကိုကို"

ရှောင်ဖုန်းက လျှောက်ကာဝင်လာပြီး ရှေ့သို့ညွှတ်လိုက်ကာ သူမကိုကောက်ချီလိုက်ပြီးနောက် သူမ၏ကျောပြင်လေးကို အသာအရာထိကိုင်ပေးပြီး ပြောလိုက်၏။ "နော့နော့ အစောကြီး နိုးနေတာပဲ"

အသက်၁၅နှစ်အရွယ် အရပ်မြင့်မြင့်၊ ပိန်ပိန်၊ ရှည်ရှည်ကောင်ကလေးသည် ရှမြန်နီးပါး အရပ်မြင့်လာပြီဖြစ်သည်။ သူသည် ကလေးဘဝတုန်းက ကလေးအဆီများ မရှိတော့ဘဲ သူ၏ ရုပ်သွင်လေးက ခံ့ညားချောမောနေကာ သိမ်မွေ့ပျော့ပြောင်းသည့် စိတ်နေသဘောထားတစ်ခုရှိပြီး သူသည် ကလေးများကြားတွင် အလွန်နာမည်ကြီးလေသည်။

မည်သို့ဆိုစေ အမေနှင့် အဖေပြီးလျှင် မိသားစုထဲက ဤအလိုလိုက်ခံထားရသည့် ကလေးလေးသည် ကိုကိုရှောင်ဖုန်းကို အချစ်ဆုံးဖြစ်၏။ မကြာခဏဆိုသလို သူမတွင် သောက်စရာနို့ မရှိခဲ့လျှင် ကိုကိုရှောင်ဖုန်း၏ အဆင့်အတန်းက သူမ၏မေမေထက်ကျော်လွန်ကာ ပထမအဆင့်သို့ ရောက်သွားတတ်သည်။

ရှမြန်က နို့မှုန့်နည်းနည်းလောက် ဖျော်လိုက်ပြီးနောက် ပြန်လာခဲ့၏။ "ဒီနေ့မနက် အစောကြီး ကျောင်းသွားစရာမှ မလိုဘဲ။ ဘာဖြစ်လို့ နည်းနည်းလောက် ဆက်မအိပ်လိုက်တာလဲ"

ယန်တက္ကသိုလ် တွဲဖက်အထက်တန်းကျောင်းသည် အားကစားပွဲတော်ကို စတင်ကျင်းပနေပြီဖြစ်သဖြင့် သူတို့သည် ၃ရက်တာ အနားယူနိုင်သည်။

"အကျင့်ပါနေလို့ပါ။ မအိပ်တတ်တော့ဘူး" ရှောင်ဖုန်းက သူမ၏လက်ထဲက နို့ပုလင်းကို လှမ်းယူလိုက်ကာ နော့နော့ကို နို့တိုက်လိုက်သည်။

ကလေးလေးက ရှောင်ဖုန်း၏ ပခုံးပေါ်တွင် သက်သောင့်သက်သာ ချက်ချင်း မှီချလိုက်ပြီး စတင်နို့သောက်နေ၏။‌ ရှောင်ဖုန်းက မနေနိုင်တော့ဘဲ သူမ၏ ပါးသေးသေးလေးကို နမ်းရှိုက်လိုက်သည်။

"ဘာဖြစ်လို့ သိပ်ချစ်ဖို့ကောင်းတာလဲ မသိဘူး"

"တစ်ရက် နှစ်ရက်လေး မတွေ့ရတာကို အများကြီး ကြီးလာတယ်လို့ ခံစားရတယ်"

ရှောင်ဖုန်း၊ ချန်းချန်း၊ မောက်ဟွေ့ကျူးတို့အားလုံးသည် မနှစ်က ယန်တက္ကသိုလ်တွဲဖက်အထက်တန်းကျောင်းသို့ ဝင်ခွင့်ရခဲ့သည်။ အထက်တန်း ဒုတိယနှစ်သို့ ရောက်လာပြီးနောက်တွင် သူတို့၏ ကျောင်းစာများကလည်း တော်တော်လေး များပြားလာခဲ့သည်။ မနက်ခင်းနှင့် ညနေခင်း ကိုယ်ပိုင်စာကြည့်ချိန်များအပြင် ရှောင်ဖုန်းသည် ပန်းချီဆွဲသည့်တာဝန်ကိုလည်း အများပြားရှိခဲ့ပြီး သူတို့၏အချိန်ဇယားက နော့နော့နှင့် လုံးဝကို မကိုက်ညီနေချေ။ တို့ကြောင့် သူတို့သည် အတူတူနေနေသည့်တိုင် အတူတူတွဲမြင်နေရသည့်အချိန်က သိပ်မရှိသလောက်ပင်။

ဒေါ်ဒေါ်လီက စားပွဲကို ပြင်ဆင်ပေးပြီး တစ်ယောက်ချင်းစီအတွက် မနက်စာကို စားပွဲပေါ်တွင် လာတင်ပေးသည်။ နော့နော့က နို့သောက်နေရင်က ထမင်းပန်းကန်ကို လှမ်းကြည့်လိုက်ပြီး သူမ၏ပါးစပ်ထဲကနို့ကို မြန်မြန်စုပ်သောက်နေသည်။

အားလုံးက ကြည့်နေရင်းက ရယ်မောမိတော့၏။ ဒေါ်ဒေါ်လီက မနေနိုင်ဘဲ သူမကို စနောက်ကျီစယ်တော့သည်။ "နော့နော့ အကြိုက်ဆုံး အသားစင်းကောနဲ့ ကြက်ဥပူတင်းလည်း ရှိသေးတယ်"

နော့နော့၏ ဝိုင်းစက်နေသည့်မျက်လုံးများသည် ချက်ချင်းဆိုသလို ကွေးတက်သွားပြီး သူမက နို့ပုလင်းအလွတ်ကို လွှတ်လိုက်ကာ ရှမြန်ကို လှမ်းပေးလိုက်ပြီးနောက် သူမ၏ခြေထောက်လေးကို ပျော်ပျော်ရွှင်ရွှင် ကန်ကျောက်နေလေသည်။ "အသား"

ရှမြန်က ပဝါအစိုတထည်နှင့် သူမ၏မျက်နှာနှင့်လက်ကို သုတ်ပေးလိုက်ပြီး ပြုံးကာပြောလိုက်သည်။

"သမီး အရမ်း၀လာပြီလေ။ အသားလည်း စားနေသေးတယ်။ ဒီနေ့ နို့လည်းသောက်သေးတယ်။ ဒီတော့ ဟင်းသီးဟင်းရွက် များများစားနော်"

"ဒီကိုလာ။ မေမေ သမီးကို ကျွေးမယ်"

အလိုလိုက်ခံထားရသည့် ကလေးမလေးသည် သူမ၏ခြေထောက်ကို ချက်ချင်း ဝှေ့ရမ်းကာ ရှောင်ဖုန်း၏ ရင်ဘတ်နားတွင် တွယ်ကပ်ထားလေ၏။ သူမ၏လက်သေးသေးလေးကလည်း ရှောင်ဖုန်း၏အင်္ကျီကို ဖမ်းဆုပ်ထားပြီး သူမ၏ချစ်စဖွယ်သွားလေးကို ထုတ်ကာ ချိုသာစွာ ပြောလေသည်။ "ဟင့်အင်း ကိုကိုနဲ့ပဲ"

လက်လွှတ်ပေးတော့မည်ပြင်နေသည့် ရှောင်ဖုန်းသည် ချက်ချင်းဆိုသလို တင်းနေအောင် ပြန်ချီထားလိုက်ကာ ပျော့ပျောင်းစွာဖြင့် ပြောလိုက်၏။ "ဟုတ်ပါပြီ။ ကိုကိုက နော့နော့ကို အသားနည်းနည်း ကျွေးမယ်နော်။ ဟုတ်ပြီလား"

နော့နော့က ပျော်ရွှင်စွာဖြင့် နှာခေါင်းလေးကို ရှုံ့ထားလိုက်ကာ သူမ၏သွားသေးသေးလေး၈ချောင်းကို ထုတ်ပြလိုက်၏။ အသားစင်းကောကို စားပြီးနောက် သူမက ဂုဏ်ယူစွာဖြင့် ရှမြန်ကို လှမ်းကြည့်လိုက်၏။

"ဟော" ရှမြန်သည် မျက်စောင်းဖြင့် နဥ်ရှောက်ပိုင်ကို လှမ်းမေးလိုက်သည်။ "သူ ကျွန်မကို ရန်စနေတာ မဟုတ်ဘူးလား"

နဥ်ရှောက်ပိုင်က သူမကို ဆွဲကာထိုင်ခိုင်းလိုက်ပြီး အပြုံးတစ်ခုဖြင့် သူမအား ပေါက်စီတစ်လုံးကို လှမ်းကျွေးလိုက်သည်။ ရှမြန်ကလည်း တစ်လုတ်တည်း ပေါက်စီကို မျိုချလိုက်ပြီးနောက် နော့နော့ကို ဂုဏ်ယူ၀င့်ကြွားစွာကြည့်လိုက်၏။ "ဟင့်။ မေမေကလည်း အသားကြီးကြီး စားရပါတယ်နော်"

ထိုအမူအရာသည် နော့နော့၏အမူအရာနှင့် တစ်ထပ်တည်းဖြစ်နေသည်။ နဥ်ရှောက်ပိုင်မှာ ငိုရခက်ရယ်ရခက်ပင် ဖြစ်သွားတော့၏။ "ကလေးကို ထပ်မစပါနဲ့တော့။ သူ ပြဿနာရှာရင် မင်းပဲသူ့ကို ချော့ရမှာနော်"

"ကျွန်တော်က သူ့ကို နှစ်သိမ့်ပေးမှာပေါ့။ ကျွန်တော်တို့ရဲ့နော့နော့က ပြဿနာမရှာတတ်ပါဘူး"

တော်တော်လေးကို စမတ်ကျသည့်ကောင်လေးတစ်ယောက်သည် အထဲသို့ လျှောက်ကာဝင်လာပြီး ရှောင်ဖုန်း၏လက်ထဲက ကလေးလေးဆီကို တန်းသွားလိုက်သည်။

ချန်းချန်းသည် ယခုအချိန်တွင် ရှောင်ဖုန်းထက် ခေါင်းတစ်လုံးတစ်ဝက်စာ အရပ်ပိုမြင့်နေပြီဖြစ်သည်။ သူ၏ နူးညံ့သည့်မျက်နှာသွင်ပြင်လေးက ရင့်ကျက်လာကာ ကလေးတုန်းကထက်လည်း အများကြီးပိုပြီး ပြတ်သားလာခဲ့သည်။ သူသည် နှုတ်ဆိတ်နေသည့်အချိန်တွင် အေးစက်စက် ခပ်တန်းတန်းနေသည့်ပုံ ပေါက်နေပြီး နဥ်ရှောက်ပိုင်နှင့် တော်တော်လေးကို ဆင်တူသည်။

သို့သော်ငြားလည်း ထိုအမူအရာအားလုံးသည် နဉ်မိသားစု၏ မင်းသမီးလေးရှေ့တွင်တော့ ဘာတစ်ခုမှ မကျန်ရစ်တော့ချေ။ သူ၏ အေးစက်စက်အမူအရာသည် ချက်ချင်းဆိုသလို နော့နော့ကို မြင်လိုက်ရပြီးသည့်နောက်တွင် နူးညံ့ပျော့ပျောင်းသွားတော့သည်။ သူက ကိုယ်ကိုကုန်းလိုက်ကာ လက်နှစ်ဖက်ကို လက်ခုပ်တီးလိုက်ပြီး ပြောလိုက်သည်။ "နော့နော့ ဒီကိုလာပါဦး။ ကိုကိုကြီးကို ပေးချီပါအုံး"

ကလေးမလေးကလည်း သူမ၏ကိုကိုချန်းကို တွေ့လိုက်ရသည့်အခါ ပျော်ပျော်ရွှင်ရွှင်လေးဖြင့် လက်ကို တစ်ဖက်ဖက် လှုပ်ရမ်းပြသည်။ ချန်းချန်းက သူမကို ကောက်ချီလိုက်ပြီး အပေါ်သို့၃ခါလောက် ခါတိုင်းလိုပင် မြှောက်ပင့်ပေးလိုက်သည်။ နော့နော့ကလည်း ပျော်ပျော်ရွှင်ရွှင်ဖြင့် တခစ်ခစ် ရယ်မောလေ၏။

ရှမြန်က ရှောင်ဖုန်းကို ဆန်ပြုတ်တစ်ပန်းကန် လှမ်းပေးလိုက်ပြီး သူ့ကို မြန်မြန်ဆန်ဆန် စားခိုင်းလိုက်ပြီးနောက် ချန်းချန်းကို လှမ်းမေးလိုက်သည်။ "စားပြီးသွားပြီလား"

ချန်းချန်းက နော့နော့ကိုချီထားကာ ရှောင်ဖုန်းဘေးတွင် ထိုင်ချလိုက်သည်။ "စားပြီးသွားပြီ။ ဒေါ်လေးမြန့်မြန် ဒေါ်လေးတို့အရင် စားလိုက်ပါ။ ကျွန်တော် နော့နော့ကို ကျွေးလိုက်မယ်..."

သူက ရှောင်ဖုန်းဆီက ဇွန်းကို လှမ်းယူလိုက်ပြီး ကြက်ဥနှင့်အသားစင်းကောကို ခပ်ယူလိုက်သည်။

"နော့နော့ အာ အသားလေးစားပါဦး" သူသည် သူမ၏အကြိုက်ကို အမှန်ပင် သိပေသည်။

သို့သော်ငြားလည်း နော့နော့ကတော့ လက်မခံချေ။ သူမသည် ချန်းချန်း၏လက်ပေါ်တွင် ထိုင်နေသော်ငြားလည်း ရှောင်ဖုန်းကို ဆက်တိုက် ဆွဲထားဆဲဖြစ်ကာ တအင်းအင်း ညည်းညူနေပြီး ရှောင်ဖုန်းအား ပြန်ပေးလိုက်ဖို့ ချန်းချန်းအား တောင်းဆိုနေလေသည်။

အစ်ကိုတစ်ယောက်က သူမကို လက်ထဲတွင်ချီထားပြီး ကျန်တစ်ယောက်ကတော့ အစာကျွေးနေရသည်။ သူတို့နှစ်ယောက်စလုံးထံ အာဏာကို တစ်ဦးတည်း ချယ်လှယ်ချင်ကြကာ အလွန်ဝင့်ကြွားနေကြ၏။

ရှမြန်က ပြောလိုက်သည်။ "သူ့ကို အလိုမလိုက်နဲ့တော့။ ရှောင်ဖုန်း မြန်မြန်စား။ အဝတ်အစားတွေရော ထည့်ပြီးပြီလား။ ပိုက်ဆံရော ထုတ်လာပြီးပြီလား"

ဒီနေ့မနက်ခင်းသည် အားကစားပွဲတော်ဖွင့်ပွဲ အခမ်းအနားဖြစ်သည်။ ရှောင်ဖုန်းနှင့် ချန်းချန်းတို့ နှစ်ယောက်စလုံးက အခန်းထဲတွင် ဆိုင်းဘုတ်ကိုင်သူများ ဖြစ်ကြသည်။ ဆိုင်းဘုတ်ကိုင်သူများသည် တီရှပ်အဖြူနှင့် အနက်ရောင်ဘောင်းဘီကို ဝတ်ဆင်ကြရမည်။ ထို့ကြောင့် သူတို့သည် အဝတ်အပိုတစ်စုံ ထည့်သွားရမည်ဖြစ်သည်။ အားကစားပွဲတော်အတွင်းတွင် ကျောင်းသားများသည် ရှားရှားပါးပါး အားလပ်ချိန် ရရှိကြ၏။ ထိုကြောင့် သူတို့အားလုံးက မုန့်ဝယ်စားဖို့ရန်အတွက် ငွေများကို ယူလာတတ်ကြသည်။

ရှောင်ဖုန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အားလုံး ထည့်ပြီးသွားပါပြီ"

နဥ်ရှောက်ပိုင်: "ရေပုလင်းရောယူသွား။ ရေထဲမှာ ဆားနည်းနည်း ရောထည့်ထားလိုက်။ ပင်ပင်ပန်းပန်း လေ့ကျင့်ခန်း လုပ်ပြီးသွားရင် ဓာတ်ဆားရေသောက်တာ ပိုကောင်းတယ်"

ရှောင်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး ထရပ်ကာ ရေသွားထည့်ဖို့ရန်အတွက် မီးဖိုခန်းထဲသို့ ဝင်သွားလိုက်သည်။

"ရှောင်ဖုန်း နင် ပိုထည့်လာခဲ့နော်။ ငါ ဘာတစ်ခုမှ မယူလာဘူး" ကြည်လင်နေသည့်အသံတစ်ခုသည် အလျင်စလို ဖြစ်နေသည် ပုံရိပ်တစ်ခုနှင့်အတူ အထဲသို့ဝင်လာခဲ့၏။ မောက်ဟွေ့ကျူးပင်။

ဤကလေးမလေးသည် လှပသည့် မိန်းကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ပြီး ယခုအချိန်တွင်တော့ ယန်တွဲဖက်အထက်တန်းကျောင်းထဲက မိန်းမလှလေးတယောက် ဖြစ်လာခဲ့သည်။ သို့သော်ငြားလည်း သူမ၏အသံကျယ်ကျယ် ဆူညံသည့်အကျင့်စရိုက်ကတော့ လုံးဝ မပြောင်းလဲသေးချေ။

ချန်းချန်းက သူမကို မျက်စောင်းဖြင့် ကြည့်ကာပြောလိုက်၏။ "ရှောင်ဖုန်းမှာ သယ်စရာတွေ တော်တော်လေး များနေပြီ။ နင်က ဘာဖြစ်လို့ ရှုပ်အောင်လုပ်နေတာလဲ။ ရေက ဘယ်လောက် လေးမှာမလို့လဲ။ ကိုယ့်ဟာကိုယ် ယူမသွားတတ်ဘူးလား"

မောက်ဟွေ့ကျူးက ပြန်မေးလိုက်၏။ "ငါ့အိတ်ထဲမှာလည်း ပစ္စည်းတွေ အများကြီး ဖြစ်နေလို့ပါ"

ချန်းချန်းက သူမ၏ဖောင်းပွနေသည့် ကျောင်းလွယ်အိတ်ကိုကြည့်လိုက်ပြီး နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။ "နင် အဲဒီထဲမှာ မုန့်တွေပဲ ထည့်ထားတာလေ။ ဟုတ်တယ်မလား။ အိတ်ထဲမှာ နည်းနည်းပါးပါး အသုံးဝင်တဲ့ဟာလေးလည်း ထည့်ပါဦးလား"

မောက်ဟွေ့ကျူးကတော့ သူ့ကို လျစ်လျူရှုထားလိုက်ကာ ရှောင်ဖုန်း၏ကျောင်းလွယ်အိတ်ကို လှမ်းကြည့်လိုက်ကာ ပြောလိုက်သည်။ "ရှောင်ဖုန်း နင် ဘာသယ်လာတာလဲ။ ပစ္စည်းတွေ အများကြီးလား"

"ဆေးသေတ္တာဘူး" ရှောင်ဖုန်းသည် မီးဖိုဆောင်ထဲက ထွက်လာပြီး "မနှစ်တုန်းက အားကစားပွဲတော်တုန်းက ကျောင်းကဆရာဝန်ဆီမှာ လူတွေအရမ်းများနေတာ တွေ့ရတယ်လေ။ ကိုယ့်ပစ္စည်းကိုယ် ယူသွားတော့ အချိန်မီ ကူညီပေးလို့ရတာပေါ့။ ပြီးတော့ ပိုအဆင်ပြေတယ်လေ"

သူက ရေဘူး၂လုံးကို ယူလာသည်ကို တွေ့လိုက်ရသောအခါ မောက်ဟွေ့ကျူးက ထိုရေပုလင်းများကို ဖမ်းဆွဲလိုက်ပြီး ချက်ချင်းဆိုသလို ချန်းချန်း၏ ကျောင်းလွယ်အိတ်ထဲသို့ ထိုးထည့်လိုက်သည်။

"သယ်လာပေးတဲ့အတွက် ကျေးဇူးပဲနော်"

ချန်းချန်းက ဒေါသတကြီး ပြောလိုက်၏။ "မောက်ဟွေ့ကျူး နင် နည်းနည်းလောက် လူယုတ်မာလေး လုပ်နေတာ လျှော့လို့မရဘူးလား"

"အရွယ်ရောက်လာတဲ့ လူအားလုံးကြားမှာ နင်တစ်ယောက်တည်း နင့်ရဲ့ကျောင်းလွယ်အိတ်ထဲမှာ အသုံးမဝင်တဲ့ပစ္စည်းတွေချည်းပဲ ထိုးထည့်ထားတာ..."

"အာ" နော့နော့က ရုတ်တရက် အော်ဟစ်လိုက်ပြီး ချန်းချန်း၏ လက်ကို ဖမ်းဆွဲထားလိုက်ကာ သူမ၏ပါးစပ်လေးကို ဖွင့်ပြီး ပူပင်စွာ အော်ဟစ်နေလေသည်။

ချန်းချန်းသည် မောက်ဟွေ့ကျူးနှင့် ရန်ဖြစ်နေပြီး သူမကို ထမင်းကျွေးဖို့ရန် မေ့လျော့နေခြင်းကြောင့် ကလေးက စိတ်ဆိုးနေခြင်းဖြစ်၏။

ချန်းချန်းကလည်း မြန်မြန်ပြောလိုက်ရ၏။ "ဪ တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်နော်။ အခုချက်ချင်း ကျွေးပါမယ်" ထို့နောက်တွင်တော့ သူက မောက်ဟွေ့ကျူးကို မျက်စောင်းဖြင့်ကြည့်ကာ ပြောလိုက်သည်။ "ဒါတွေအားလုံးက နင့်လို အရှုပ်ထုပ်အဒေါ်ကြောင့်ပဲ"

"နင်က အရမ်းကို နမော်နမဲ့နိုင်တာပဲ" မောက်ဟွေ့ကျူးက ဇွန်းကိုလုယူလိုက်ပြီး ကြက်ဥပေါင်မုန့်ကို ခတ်ကာ နော့နော့ကို လှမ်းကြွေးလိုက်သည်။ "အာ...နော့နော့ ဒေါ်လေးဟွေ့ကျူးက သမီးကို ကျွေးမှာပေါ့"

ချန်းချန်းက မောက်ဟွေ့ကျူးကို ဒေါသတကြီး ကန်လိုက်ပြီး မောက်ဟွေ့ကျူးမှာလည်း အကြောမခံဘဲ ပြန်ကန်လေသည်။

နော့နော့မှာ စောင့်ကြည့်ရင်းက တခစ်ခစ် ရယ်မောနေပြီး ထမင်းဝိုင်းလေးမှာ စည်ကားလို့ နေတော့သည်။

"ဪ ဟုတ်သားပဲ" ချန်းချန်းသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွား၏။ "ဒေါ်လေးမြန်မြန် ကျွန်တော် မနေ့တုန်းက သန့်စင်ခန်းထဲမှာကြားခဲ့တာ။ ဒေါ်လေးရဲ့အတန်းက ထန်မော့က ချင်းလုံဂိုဏ်းထဲ ဝင်ဖို့ စီစဉ်နေတဲ့ပုံပဲ"

ရှမြန်...

…

အပိုင်း (၂၄၅)

ယနေ့ခေတ်တွင် တက္ကသိုလ်ဘွဲ့ရများအတွက် အလုပ်ခန့်အပ်ပေးသည့် စနစ်တစ်ခုရှိသေးသည်။ ရှမြန်သည် ဘွဲ့ရခဲ့ပြီးနောက်တွင် ကျောင်း၌ အလုပ်လျှောက်ခဲ့ပြီး ယန်တက္ကသိုလ်တွဲဖက် အထက်တန်းကျောင်းတွင် အထက်တန်း ကျောင်းဆရာမတစ်ဦးအဖြစ် အောင်အောင်မြင်မြင် အလုပ်ဝင်နိုင်ခဲ့သည်။

မျှော်လင့်မထားဘဲ နော့နော့ ရောက်လာသဖြင့် သူမ၏အလုပ်သည် မနှစ်က ကျောင်းသို့ ပထမဦးဆုံး အလုပ်ဝင်ချိန်တွင် တော်တော်လေး ပေါ့ပါးခဲ့သည်။ သူမသည် အစားထိုးဝင်ပေးသည့် လက်ထောက်ဆရာမတစ်ဦးအဖြစ်သာ တာဝန်ယူခဲ့သည်။ ဒီနှစ်တွင်တော့ နော့နော့သည် အနည်းငယ် ကြီးလာပြီဖြစ်သဖြင့် ကျောင်းက သူမကို အထက်တန်း ဒုတိယနှစ် တန်းခွဲ၉ အတန်းပိုင်ဆရာမအနေဖြင့် တာဝန်ပေးခဲ့သည်။

သူမသည် အတွေ့အကြုံအနည်းဆုံးသူဖြစ်သဖြင့် ဆရာ ဆရာမတော်တော်များများက အတန်းခွဲရာတွင် အခွင့်ကောင်းယူကာ သူမကို ထိန်းရခက်သည့် ပြဿနာကောင်လေးများရှိသည့် အတန်းကို ပေးခဲ့သည်။ ထန်မော့သည် ပြဿနာကောင်းလေးများထဲတွင် အဆိုးဆုံးဖြစ်၏။

လက်တွေ့ကျကျ ပြောရမည်ဆိုလျှင်တော့ လူဆိုးလေးများသည် ယန်တက္ကသိုလ်တွဲဖက် အထက်တန်းကျောင်းကဲ့သို့ အဆင့်မြင့်အထက်တန်းကျောင်းများတွင် လုံးဝကို ရှိမနေသင့်ချေ။ သို့သော်ငြား လက်တလောတွင် စီးပွားရေးမြန်မြန်ဆန်ဆန် တိုးတက်မှုနှင့်အတူ စာရိတ္တ ညံ့ဖျင်းသော်လည်း အခြေအနေကောင်းမွန်ကြသည့် မိသားစုများက ရှုပ်ထွေးလှသည့်ဆက်သွယ်များကို မှီခိုကာ ငွေကုန်သုံးပြီး သူတို့၏ကလေးများကို ကျောင်းသို့ပို့ကြပြီး သူတို့ကလည်း အောင်မြင်လာလိမ့်မည်ဟု မျှော်လင့်ကြ၏။

သို့သော်ငြား ဤသူဌေးသားလက်သစ်လေးများ၏ အရည်အသွေးသည် တော်တော်လေးကို မမျှတပေ။ ထန်မော့ကဲ့သို့ပင်။ သူ့အဖေသည် ဆောက်လုပ်ရေး ကန်ထရိုက်တစ်ယောက်ဖြစ်ပြီး ရှမြန်သည် သူနှင့် တစ်ကြိမ်တစ်ခါ တွေ့ဆုံခဲ့ဖူးပြီးဖြစ်ကာ သူသည် လုံးဝကို လူဆိုး လူမိုက်စိတ်ဓာတ် အပြည့် ဖြစ်လေသည်။ ထို့ကြောင့် ထန်မော့၏ စံပြပုံစံကလည်း အားလုံးလေးစားအားကျရသည့် အစ်ကိုကြီးပုံစံ ဖြစ်၏။

ထို့အပြင် လက်တလောနှစ်များတွင် လူငယ်နှင့်အန္တရာယ် နှင့် F4 စသည့် ဇာတ်လမ်းတွဲများ ခေတ်စားလာသည်နှင့်အမျှ ယခုအချိန်တွင် အထက်တန်းကျောင်း အားလုံးနီးပါး၌ အုပ်စုငယ်လေးများနှင့် ဂိုဏ်းဂဏများပင် ရှိလာကြသည်။

သို့သော်ငြားလည်း သူတို့အများစုသည် ပြဿနာရှာဖို့ ကြိုးစားနေကြခြင်းသက်သက်သာ ဖြစ်ကာ ခပ်မိုက်မိုက်လေး ဖြစ်နေဖို့ရန် ဆေးလိပ်သောက်သင်ယူကြပြီး အလွန်ဆုံး သူတို့သည် အနိုင်လိုချင်စိတ် ပြင်းပြကြသဖြင့် ရန်ဖြစ်ခြင်းကလွဲလျှင် သူတို့သည် အမှန်တကယ် ဆိုးဆိုးရွားရွား ဘာတစ်ခုကိုမှ မလုပ်တတ်ပေ။

ရှမြန်က ရယ်မောကာ ပြောလိုက်သည်။ "အဲ့ဒီချင်းလုံဂိုဏ်းက နင်တို့ ဓားသမားလေးယောက်လောက် ကောင်းနိုင်မှာ မလို့လား"

ချန်းချန်း၊ ရှောင်ဖုန်း၊ မောက်ဟွေ့ကျူးနှင့် တင်းစီကျင်းတို့သည်လည်း ယန်တွဲဖက်တက္ကသိုလ်အထက်တန်းကျောင်းတွင် နာမည်ကြီးသူများ ဖြစ်လေသည်။

မောက်ဟွေ့ကျူးက နာမည်ကြီးရခြင်းအကြောင်းအရင်းမှာ သူမသည် လှပချောမောပြီး ကြွားဝါရသည်ကို သဘောကျသည့်အပြင် သူမသည် ရုပ်ရှင်များစွာလည်း ရိုက်ကူးခဲ့ဖူးပြီး တီဗီဇာတ်လမ်းတွဲများတွ်လည်း ပါဝင်ခဲ့ဖူးခြင်းကြောင့်ပင်။

တင်းစီကျင်းကတော့ သူမ၏ အေးစက်စက် ကြောက်စရာကောင်းသည့်ပုံစံကြောင့် နာမည်ကြီးသည်။ သူမသည် စစ်သည်တစ်ယောက် ဖြစ်လာရမည်ဟု ဆုံးဖြတ်ပြီးကတည်းက ရှောင်ဖုန်းနှင့် တခြားသူများကလည်း ကိုယ်ခံပညာကို လေ့လာသင်ယူခဲ့သည်။ သူမအဖေ၏ ရဲဘော်ရဲဘက်များကလည်း ပြီးခဲ့သည့်နှစ်နှစ် နွေရာသီအားလပ်ရက်အတွက်တွင်းတွင် သူမကို စစ်ရေးလေ့ကျင့်ပေးဖို့ရန်အတွက် စစ်စခန်းဆီသို့ ခေါ်သွားတတ်ကြသည်။ ရလဒ်အနေဖြင့် သူမသည် အမြဲလိုလို ကြောက်စရာကောင်းသည့် အရှိန်အဝါတစ်ခု ပိုင်ဆိုင်ထားပြီး သူမကို သွားရောက် ရန်စရဲကြသူများမှာ မရှိသလောက်ပင်။

ချန်းချန်းနှင့် ရှောင်ဖုန်းတို့ကတော့ သူတို့၏ ရုပ်ရည်နှင့် အစွမ်းများကို အားကိုးကြသည်။ သူတို့နှစ်ယောက်စလုံးသည် ကျောင်း၏ စံပြပုဂ္ဂိုလ်လေးများဖြစ်ကာ စာပေပိုင်းတွင်လည်း တော်ကြသူဖြစ်သည်။ ထို့ကြောင့် သူတို့အတွက် နာမည်မကြီးဖို့ရန်ကလည်း မဖြစ်နိုင်ချေ။

အစ်ကိုကြီးဖြစ်ဖို့ရန် စိတ်အားထက်သန်ခဲ့သည့် ထန်မော့သည် တစ်ခါက ချန်းချန်းနှင့် ရှောင်ဖုန်းတို့ကို သွားရောက်ရန်စခဲ့ပြီး ချန်းချန်းက သူ့ကို ကျောင်းအုပ်ကြီးထံတွင် တိုက်ရိုက် တိုင်တန်းခဲ့၏။

ထို့နောက်တွင်တော့ သူတို့နှစ်ယောက်သားတွင် ရန်ငြိုးဖွဲ့လာခဲ့သည်။ အတိအကျပြောရလျှင်တော့ ထန်မော့သည် ချန်းချန်းကို သူ၏ ပြိုင်ဖက်အဖြစ် သတ်မှတ်လို့ပင် မရနိုင်ပေ။ ထို့ကြောင့် သူကလည်း ဂိုဏ်းဂဏတစ်ခု တည်ထောင်ချင်သည်မှာလည်း အံ့ဩစရာမဟုတ်။

ရှမြန်၏ ဘာကိုမှ ဂရုမစိုက်တတ်သည့် ပုံစံကိုမြင်လာရသောအခါ ချန်းချန်းသည် သူမက နားလည်မှု လွဲသည်ကို သိလိုက်၏။

”ကျောင်းထဲက ချင်းလုံဂိုဏ်းက မဟုတ်ပါဘူး။ ရပ်ကွက်ထဲကလူတွေပါ။ ပြောထားတာကတော့ သူတို့တွေက ကျောင်းသားအားကစားပွဲတော်အတွင်းမှာ ကစားဖို့ ကျောင်းကို သူတို့ရဲ့ညီအစ်ကိုတွေကို ခေါ်လာချင်တယ်တဲ့”

ရှမြန်သည် မျက်မှောင်ကြုံ့သွားတော့သည်။ ရပ်ကွက်ထဲက လူမိုက်လေးများသည် အသက်အရွယ်တူ ကြသော်ငြားလည်း သူတို့၏အကျင့်စရိုက်ကတော့ ကွဲပြားကြသည်။ တချို့သူများသည် ခိုးဆိုး လုယက် ငွေညှစ် စသည့် မကောင်းသည့်အရာများကို အမှန်ပင် လုပ်ကြသည်။

အကယ်၍ ကျောင်းသူကျောင်းသားများကို လူငယ်နှင့်အန္တရာယ်၏ လွှမ်းမိုးခြင်းခံခဲ့ရလျှင် ကျောင်းစည်းမျဉ်း စည်းကမ်းများနှင့် ညှိပေတော့မည်။ ထိုအခါ ရပ်ကွက်ထဲက လူမိုက်လေးများကလည်း ရုပ်ရှင်ထဲတွင် မြင်ခဲ့ရသည့်အရာကို လေ့လာသင်ယူကြပြီး ထိုအရာကိုပင် ဂုဏ်ယူနေကြတော့မည်။

“အင်း “ချန်းချန်းက ပြော၏။ ”သူပြောတာတော့ သူက အမှတ်(၄) အလယ်တန်းကျောင်းက လူမိုက်တွေနဲ့ အဖွဲ့ကျနေတာတဲ့။ သူတို့နဲ့သွားပေါင်းချင်လို့တဲ့”

“အမှတ်(၄) အလယ်တန်းကျောင်းမှာ သူခိုးဂျပိုးတွေချည်းပဲ။ ငါတို့တွေ အားလုံးကို သတိထားဖို့ သတိပေးရမယ်” မောင်ဟွေ့ကျူက ပြောလိုက်သည်။ ”ငါ သိသားပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက မျိုးရိုးစဉ်ဆက်ရန်ငြိုးလေ”

”မျိုးရိုးစဉ်ဆက်ရန်ငြိုး ဟုတ်လား” ရှမြန်မှာ နားမလည်နိုင်အောင်ဖြစ်သွားတော့သည်။

”ကျောင်းသားတွေက ၃နှစ် တစ်ကြိမ်ပြောင်းနေတာလေ။ ဘယ်ကနေပြီးတော့ မျိုးရိုးစဉ်ဆက်ရန်ငြိုး ဖြစ်ရမှာလဲ”

ဒီအလယ်တန်းကျောင်းက ကလေးတွေက တကယ့်ကို တတ်နိုင်ကြတာပဲ။

မောက်ဟွေ့ကျူးက ပြော၏။ ”အမှတ်(၄) အလယ်တန်းကျောင်းက အင်အားအကြီးဆုံးဂိုဏ်းတွေဖြစ်ကြတဲ့ ပါးသကျင်း၊ သထျန်းဝမ်နဲ့ ရှစ်စမ်းထိုက်ပေါင် ဂိုဏ်းတွေက ငါတို့ကျောင်းက ကျောင်းသားတွေရဲ့ သုတ်သင်ခံရပြီး အစောကြီးကတည်းက ပျောက်ကွယ်သွားခဲ့တာလို့ ဇာတ်လမ်းတွေ ရှိကြတယ်တဲ့”

ချန်းချန်းသည် ထိုအခိုက်အတန့်တွင် တအံ့တဩဖြစ်သွားပြီး “အမှန်ပဲလား။ ငါတို့ကျောင်းက ဒီလိုအရည်အချင်းရှိတဲ့လူကို မွေးထုတ်ပေးနိုင်တာတဲ့လား”

နဉ်ရှောက်ပိုင်သည် ရှမြန်ကို ရုတ်တရက်လှမ်း ကြည့်လိုက်၏။ အကယ်၍ သူ အမှတ်မမှားခဲ့လျှင် ဤအစွမ်းထက်လှသည့် ပုဂ္ဂိုလ်မှာ ရှမြန်သာ ဖြစ်သင့်သည်။ သူမသည် ထိုနှစ်က အမှတ်(၄) အလယ်တန်းကျောင်းက လူမိုက်များအားလုံးကို ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး ရှစ်စမ်းထိုက်ပေါင် အဖွဲ့သား တော်တော်များများကလည်း အပြစ်ပေးခံခဲ့ရသည်။ -

သို့သော်ငြား ရှမြန်ကတော့ ဒီကိစ္စကို လုံးဝမတွေးမိခဲ့ပေ။ ဒီအလယ်တန်းကျောင်းသားတွေရဲ့ တွေးခေါ်ပုံတွေကတကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။

“လုံးဝကို အမှန်ကန်ပဲ” မောက်ဟွေ့ကျူးက ဆက်ပြော၏။ ”အဲ့ဒီကျောင်းက အမှတ်(၄) အလယ်တန်းကျောင်းက လူမိုက်တွေက ငါတို့ကျောင်းကိုတောင် မလာရဲဘူးလို့ ကြားတယ်။ သူတို့တွေက အပြင်ဖက်မှာ ငါတို့ကျောင်းသားတွေနဲ့ မမျှော်လင့်ဘဲ တွေ့တယ်ဆိုရင်တောင် ငုံးကောင်လေးတွေလို ငါတို့ကို ရှောင်သွားကြတာတဲ့”

“တစ်ချိန်မှာတော့ အမှတ်(၄) အလယ်တန်းကျောင်း တန်းခွဲတွေထဲက တစ်ခုမှ အရမ်းကိုအစွမ်းထက်တဲ့ လူတစ်ယောက် ရောက်လာခဲ့တယ်တဲ့။ သူက အဲ့ဒီအခန်းက အစ်ကိုကြီးရဲ့ညီလေးလို့ ပြောတယ်။ သူက အမှတ်(၄) အလယ်တန်းကျောင်းမှာ အဓိကဂိုဏ်းတွေကို ပြန်လည်ထူထောင်ပြီး လက်စားချေမယ်လို့ သစ္စာပြုခဲ့တယ်တဲ့။ သူတို့တွေက သွေးသစ္စာပြုတဲ့ အခမ်းအနားတစ်ခုတောင်မှ လုပ်ခဲ့သေးတယ်။ အဲ့ဒီသွေးသစ္စာထဲက တစ်ခုက ယန်တက္ကသိုလ်တွဲဖက် အထက်တန်းကျောင်းနဲ့ ဘယ်တော့မှ ပြန်ပြေလည်နိုင်မှာ မဟုတ်ဘူးတဲ့”

စားပွဲတွင် ရှိသည့်အားလုံးက ရယ်မောလိုက်ကြသည်။ ချန်းချန်းက ပြော၏။ ”တော်တော် ကလေးဆန်တာပဲ”

ရှမြန်ကတော့ တိတ်တိတ်ဆိတ်ဆိတ်လေး စဉ်းစားနေမိသည်။ တကယ်လို့ မောက်ဟွေ့ကျူးပြောတဲ့စကားက အမှန်သာဆိုရင် ဒီလုပ်ရပ်က ကလေးဆန်ပေမဲ့ ဉာဏ်ကောင်းတဲ့ နည်းလမ်းတစ်ခုပဲ။ ဘုံရန်သူတစ်ခုကို တည်ထောင်လိုက်တာက အတွင်းပိုင်း စည်းလုံးညီညွှတ်မှုကို အထောက်အကူ ပြုနိုင်တယ်။ ဒီနှစ်တွင်မှာ အမှတ်(၄) အလယ်တန်းကျောင်းကလူမိုက်တွေက ပိုပိုပြီး ထောင်လွှားလာကြတာလည်း မဆန်းတော့ပါဘူး။

“အမှန်ပဲ” မောက်ဟွေ့ကျူးက ဆက်ပြောသည်။ ”အဲဒီတုန်းက ကျောင်းသားတွေက ဂိုဏ်းအဖွဲ့တွေနဲ့ အတူတူပေါင်း ပူးပေါင်းပြီး ငါတို့ကျောင်းအုပ်ကြီးရဲ့ ခေါင်းကိုတောင်မှ အိတ်တစ်ခုနဲ့ စွပ်ခဲ့သေးတယ်တဲ့။ ကျောင်းအုပ်ကြီးရဲ့နှာခေါင်းပေါ်က အမာရွတ်က အဲ့ဒီတုန်းကရခဲ့တာတဲ့”

ရှမြန်သည် ထိုအခိုက်အတန့်တွင် အံ့ဩသွားတော့သည်။ ကျောင်းအုပ်ကြီးရဲ့ နှာခေါင်းပေါ်မှာ တကယ်ပဲ အမာရွတ်ပါးလေးတစ်ခု ရှိနေတယ်။ အဲ့ဒါက ကျောင်းသားတစ်ယောက်ရဲ့ ရိုက်နှက်ခံရလို့တဲ့လား။

သူမ ကလေးဘဝတုန်းက အစ်ကို ပြောခဲ့ဖူးတာ ကြားဖူးတယ်။ လူငယ်နဲ့အန္တရာယ် ဇာတ်လမ်းထုတ်လွှင့်တဲ့ကာလတုန်းက ကျောင်းထဲမှာ လူမိုက်တွေ အများကြီးရှိခဲ့တာတဲ့။ ကောင်လေးတွေ တော်တော်များများကလည်း ဆေးလိပ်သောက်တတ်တာကို ဂုဏ်ယူကြပြီး အဖွဲ့လိုက် ရန်ဖြစ်တာကို သဘောကျကြတယ်။ ဆရာတွေကိုတောင်မှ ပြန်ရိုက်တာတဲ့။ ဒါက တကယ့်ကို ချဲ့ကားတာဖြစ်ပြီး တီဗီထဲမှာလိုပဲ လုပ်တယ်လို့တောင် ထင်ခဲ့ဖူးတာ။ ဒါပေမဲ့ အမှန်တကယ် ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မိတာပဲ။

ကြည့်ရတာ ထန်မော့ရဲ့ကိစ္စကို သေသေချာချာလေး ကိုင်တွယ်ဖို့လိုနေပြီ ထင်တယ်။

“နင်တို့တွေလည်း သတိထားသင့်တယ်နော်။ ကျောင်းစီမံအုပ်ချုပ်ရေးအပိုင်းက အားကစားပွဲတော်ကာလအတွင်းမှာ အဲ့လောက်တင်းကျပ်မှာ မဟုတ်ဘူး” ရှမြန်က ချန်းချန်းကို ပြောလိုက်သည်။ “ကျောင်းသူကျောင်းသားတွေကို အဖွဲ့လိုက် သွားလာလှုပ်ရှားကြဖို့ သတိပေးလိုက်။ တကယ်လို့ တစ်ခုခုဖြစ်လာတယ်ဆိုရင် ဆရာမကို ထပ်ထပ်သွာပြောနော်။ နားလည်လား”

ချန်းချန်းက တစ်စုံတစ်ခုကို တွေးမိသွားဟန်တူ၏။ ”ဒေါ်ဒေါ်မြန့်မြန် စိတ်မပူပါနဲ့။ တကယ်လို့ သူတို့တွေလာရဲ လာကြည့်လေ။ သားတော့က သူတို့ကို သေချာပေါက် ဖြေရှင်းပစ်မှာ”

မောင်ဟွေ့ကျူကလည်း ဝမ်းသာအားရ ချက်ချင်းထဖော်ပြလိုက်သည်။ ”ဟုတ်တယ်။ ငါတို့ရဲ့ ရှေ့ဆောင်လမ်းပြလိုပဲ။ ယန်တက္ကသိုလ်တွဲဘက်အထက်တန်းကျောင်းက ဓားသမားလေးယောက်ရဲ့ အစွမ်းကိုပြဖို့အချိန်တန်ပြီ”

ရှမြန် ....

သူမရှေ့က သုံးယောက်ကလည်း ဆယ်ကျော်သက် အရွယ်လေးတွေရောက်နေကြပြီပဲ။ သူတို့တွေ တကယ် အားကိုးရပါ့မလားတော့ မသိဘူး။

အထက်တန်းကျောင်းသားလေး သုံးယောက်ထွက်သွားပြီးနောက်တွင် ရှမြန်ကလည်း ပြင်ဆင်ဖို့ရန် သွားလိုက်သည်။ ဆရာမတစ်ယောက်အနေဖြင့် သူမကတော့ သူတို့ထက် နာရီဝက်လောက်နောက်ကျမှ သွားနိုင်သည်

ပေါ့ပေါ့ပါးပါး မိတ်ကပ်လိမ်းပြီးနောက် အဝတ်အစားလဲပြီးနောက်တွင် ထွက်ဖို့ရန် အသင့်ဖြစ်လာသောအခါ နော့နော့က လက်ထဲတွင် ပန်းရောင်ပစ္စည်းလေးတစ်ခုကိုကိုင်ကာ ဒယိမ်းဒယိုင် လျှောက်လာခဲ့သည်။

ရှမြန်က တစ်ချက်လောက်ကြည့်လိုက်ကာ မေးလိုက်၏။ ”အဲဒါဘာလဲ”

အမေဖြစ်သူက သူမ၏လက်ထဲက ပစ္စည်းကို စိတ်ဝင်စားနေသည်ကို မြင်လိုက်ရသောအခါ နော့နော့က လှည့်ကာထွက်ပြေးပြီး သူ့အဖေကိုလည်း အကူအညီတောင်းဖို့ရန် မမေ့ချေ။ ”ဖေဖေ ဖေဖေ ...”

ရှမြန်က နောက်မှလိုက်ပြေးလာသည်တွင် နဉ်ရှောက်ပိုင်က ကလေးနောက် လိုက်ပေးပြီးသား ဖြစ်ကာ နော့နော့၏လက်ထဲက ပစ္စည်းကိုလည်း မြင်လိုက်ရသည်။ ရင်းနှီးနေပြီးသား အသည်းပုံစံလေးဖြစ်ပြီး မကြည့်ဘဲနှင့် သိနိုင်သည်။

သူမမှာ မစဉ်းစားဘဲ မနေနိုင်အောင် ဖြစ်သွား၏။ ”ဒါကို ဘယ်ကနေရခဲ့တာလဲ“

နဉ်ရှောက်ပိုင်သည် ထိုအရာက ရှမြန်၏ ရည်းစားစားသေတ္တာထဲက ရည်းစားစားဖြစ်ရမည်ဟု ထင်လိုက်သည်။ နှစ်ပေါင်းများစွာကြာပြီးနောက်တွင် သူသည် ဆက်ပြီး သဝန်မတိုတော့သော်ငြားလည်း သူ့သမီးက ဤအရာလေးကို မည်သည့်နေရာမှ တွေ့ခဲ့သည်ကို စဉ်းစားနေခြင်းဖြစ်၏။ ရှမြန်က ထိုသေတ္တာကို ဂိုဒေါင်ထဲတွင် ထည့်သိမ်းထားလိုက်သည်ကိုလည်း မမေ့ချေ။

မျှော်လင့်မထားဘဲ နော့နော့က ရှောင်ဖုံး၏အခန်းဘက်ကို လက်ညှိုးထိုးပြလိုက်ကာ ပြော၏။ ”ကိုကို “

ရှမြန်နှင့် နဉ်ရှောက်ပိုင်တို့သည် အချင်းချင်း ကြည့်လိုက်ကြ၏။ ရှမြန်က နော့နော့ သတိမထားမိလိုက်ချိန်တွင် စာကို ဖျတ်ခနဲ လှမ်းလို့ယူလိုက်သည်။ နော့နော့မှာ အလွန်စိုးရိမ်တကြီး ဖြစ်သွားပြီး သူမ၏လက်လေးကို ဖမ်းဆဲထားလိုက်၏။ ”မေမေ မေမေ “

နဉ်ရှောက်ပိုင်က သူမကို မြန်မြန်ပွေ့ဖက်လိုက်ကာ ချော့မော့နှစ်သိမ့်ပေးလိုက်သော်ငြားလည်း ရှမြန်ကတော့ စာအိတ်ကို မြန်မြန်ဖွင့်လှစ်ပြီးသားဖြစ်နေသည်။

နဉ်ရှောက်ပိုင်သည် ရှမြန်၏ အမူအရာကို ကြည့်လိုက်ပြီး ပြုံးကာ ပြော၏။ ”တကယ်ပဲ ရှောင်ဖုန်းရဲ့ဟာလား”

သူက မျှော်လင့်ချက်တချို့ဖြင့် “သူက အဲ့ဒီစာကို တခြားတစ်ယောက်ကို ပေးခဲ့တာလား။ ဒါမှမဟုတ် တခြားတစ်ယောက်က သူ့ကိုပေးလိုက်တာလား”

“တစ်ယောက်ယောက်က သူ့ကိုပေးထားတာ” ရှမြန်က ပြောလိုက်သည်။ “အချိန်ကလည်း ကုန်မြန်လိုက်တာနော်။ ဟိုတုန်းက ကလေးလေးက အခုတော့ ရည်းစားစာတောင် ရနေပြီတဲ့”

ရှမြန်က ရည်းစားစာကို ပြန်ခေါက်ထားပြီး ပြန်ထည့်ပေးဖို့ ပြင်ဆင်လိုက်သည်။ အုပ်ထိန်းသူတစ်ယောက်အနေဖြင့် သူမသည် စာထဲက အကြောင်းအရာများကို တစ်ချက်လောက် ကြည့်ဖို့ရန်လိုအပ်သည်။ အခြေအနေက တရားလွန်မဟုတ်နေလျှင် သူမကလည်း အလွန်အကျွံ ဝင်ရောက်စွက်ဖက်လိမ့်မည် မဟုတ်ပေ။ ဟုတ်ပါသည်။ သူမက ထိုအကြောင်းကိုမသိသလို ဟန်ဆောင်ထားလိုက်လျှင်တော့ ပိုကောင်းသည်။

သူမက နော့နော့ကိုမေးလိုက်၏။ ”ကလေး ဒါကိုဘယ်ကနေရှာတွေ့ခဲ့တာလဲ”

သို့သော်ငြားလည်း နော့နော့ကတော့ ဒေါသထွက်နေသည်။ သူမက ဘာစကားတစ်ခွန်းမှမပြောဘဲ အဖေဖြစ်သူ၏ လက်မောင်းကို မှီထားကာ ဆူပုတ်ပြီး ညည်းညူနေလေသည်။

ရှမြန်က ကူကယ်ရာမဲ့စွား ခေါင်းခါပြလိုက်ပြီး စာကို နဉ်ရှောက်ပိုင်၏လက်ထဲသို့ လှမ်းပေးလိုက်၏။

”မေးပြီးတော့ရင် စာကို ပြန်သွားထားပေးလိုက်နော်။ ကျွန်မ ကျောင်းသွားတော့မယ်”

နဉ်ရှောက်ပိုင်ကလည်း ထိုစာကို စိတ်ဝင်စားလေသည်။ ”တကယ်လို့ ရှောင်ဖုန်းက ရည်းစားစာ ရတယ်ဆိုရင် ချန်းချန်းနဲ့ မောက်ဟွေ့ကျူးတို့ကလည်း ရည်းစားစာ ရကြလောက်တယ်”

ရှမြန်က ထိုအကြောင်းကို စဉ်းစားလိုက်တာ အသံထွက်ရယ်မောလိုက်တော့၏။ “ကျွန်မအထင်တော့ ချန်းချန်းက လူကြိုက်ပိုများမယ် ထင်တယ်” အထက်တန်းကျောင်းက ကလေးများသည် ချန်းချန်းလို မိမိုက်လွန်လွှားသည့်ကောင်လေးများကို ပိုသဘောကျကြသည်။

“မောက်ဟွေ့ကျူးအတွက်တော့ တော်တော်လေး ခက်လိမ့်မယ်။ သူက လှတယ်ဆိုပေမဲ့ အဲဒီအရူးမလေးက ညီအစ်ကိုတွေပဲ ပိုများလိမ့်မယ်လေ”

နဉ်ရှောက်ပိုင်သည် မောက်ဟွေ့ကျူး၏ စိတ်နေသဘောထားကို စဉ်းစားမိလိုက်သောအခါ မရယ်မောဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။

ကောင်လေးနှင့် ကောင်မလေးများသည် ချစ်ကြိုက်မည့်အရွယ်သို့ ရောက်ရှိလာကြပြီးဖြစ်သည်ကို ရည်းစားစာလေးက ရှမြန်အား သတိပေးလိုက်သည်။ သူမသည် ပိုပြီး ဂရုစိုက်ဖို့ရန် လိုအပ်လာသည်။

အားကစားပွဲတော်ကဲ့သို့သော ကိုယ်လက်လှုပ်ရှားမှု အခမ်းအနားမျိုးသည် ကောင်းမွန်သည့်အခွင့်အရေးတစ်ခု ဖြစ်သည်။ ယခုအချိန်တွင် ကလေး၃ယောက်သည် အခန်း မတူကြတော့ချေ။ ထို့ကြောင့် သူတို့ကို အကဲဖြတ်ဖို့ရန် အချိန်ကောင်းတစ်ခု ရှိပေသည်။

ထိုအခြေအနေကို ဤသို့ကြည့်လိုက်တော့လည်း အမှန်ပင် တစ်ခုခုပေါ်ထွက်လာ၏။ အထူးသဖြင့် နေ့လယ်ခင်းပြိုင်ပွဲစတင်ချိန်တွင် အခန်းများ၏နေရာကို သတ်မှတ်ပေးထားသော်ငြားလည်း လူများကတော့ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်ကြသည်။

အတက်ကြွဆုံးသူမှာ မောင်ဟွေ့ကျူပင်။ ကလေးဘဝတုန်းက ခိုးနားထောင်တတ်သည့် သူမ၏ အကျင့်စရိုက်သည် ယခုအချိန်တွင်တော့ သူမ၏ အတင်းပြောတတ်သည့် အကျင့်စရိုက်တစ်ခုအဖြစ် အဆင့်မြင့်သွားတော့သည်။ ရှမြန်သည် သူမက တစ်ခန်းပြီးတစ်ခန်း ပတ်ပြေးနေသည်ကို စောင့်ကြည့်နေမိကာ ယောက်ျားလေးများနှင့်ရော မိန်းကလေးများနှင့်ပါ ပျော်ပျော်ရွှင်ရွှင် စကားပြောနေသည်ကို တွေ့ရှိရသည်။

သူမ မျှော်လင့်ထားသည့်အတိုင်းပင်။ သူတို့သည် ညီအစ်ကိုများလို ပခုံးချင်းဖက်ကာ စကားပြောဆိုနေကြ၏။ ရှမြန်သည် သူမကတော့ ဤကိစ္စတွင် လုံးဝကိုနားမလည်ခဲ့ကြောင်း ခံစားလိုက်ရသည်။

ချန်းချန်းက နားလည်နေသည်မှာ ရှင်းလင်းသော်ငြားလည်း သူသည် မည်သူတစ်ဦးတစ်ယောက်ကိုမှ စိတ်ဝင်စားဟန်မတူချေ။ သူသည် အခန်းထဲက ကောင်လေးများနှင့်သာ တစ်စုံတစ်ခုကို စူးစမ်းနေသည်။ မိန်းကလေးများကလည်း သူ့ထံသို့ ဆက်တိုက်လာပြီး စကားပြောကြ၏။ သို့သော်ငြား သူကတော့ မျက်နှာပေါ်တွင် အေးစက်စက်ရုပ်တစ်ခုသာ ဆောင်ထားသည်။ စကားနည်းနည်းပါးပါး ပြောပြီးနောက် ကလေးများက မိန်းကလေးများက မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့်အမူအရာဖြင့် ရှောင်ကာထွက်သွားကြ၏။

ရှောင်ဖုန်း ဖက်တွင်တော့ လုံးဝကိုဆန့်ကျင်ဘက်ပင်။ ရှမြန်သည် ရှောင်ဖုန်းက သူ့ဆီသို့ လာရောက် စကားပြောကြသည့်မိန်းကလေးတိုင်းကို သိမ်သိမ်မွေ့မွေ့ စကားပြန်ပြောနေသည်ကို ကြည့်နေမိသည်။ တချို့မိန်းကလေးများက သူ့ဘေးတွင် ထိုင်ကြပြီး ထွက်မသွားကြဘဲ ရှောင်ဖုန်းကလည်း မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေဆဲဖြစ်ကာ သူ့ပတ်ဝန်းကျင်က မိန်းကလေးများကို ရှက်ရွံ့အောင် ပြုလုပ်နေ၏။

ဤကိစ္စနှင့်ပတ်သက်ပြီး သူမကို စိတ်အပူရဆုံးဖြစ်စေသူမှာ ရှောင်ဖုန်းဖြစ်နေသည်ကို ရှမြန်သည် ရုတ်တရက် သဘောပေါက်လာ၏။ ဒီလို တန်းတူညီတူဆက်ဆံရေး အာ မဟုတ်ဘူး။ ဘက်လိုက်မှုမရှိဘဲ လူတိုင်းကို သာတူညီမျှ ဆက်ဆံနေတဲ့ အဲကွန်းကြီးတစ်ခုလို ဖြစ်လာလို့တော့ လုံးဝမဖြစ်ဘူး။

...

အပိုင်း (၂၄၆)

ရှမြန်က ထိုအကြောင်းကို စဉ်းစားနေစဉ်မှာပင် အခန်း၉၏ ကျောင်းသားကော်မတီ အဖွဲ့ဝင်တစ်ယောက်က လာရောက် တိုင်ကြားတော့သည်။ "ဆရာမရှ။ ထန်မော့က ပြောတယ်။ သူက ထောက်ပံ့ရေးအဖွဲ့ခေါင်းဆောင် မလုပ်ချင်ဘူးတဲ့"

ရှမြန်သည် ဂိုဏ်းထဲဝင်ချင်နေသည့် ကျောင်းသားတစ်ယောက်ကို အချိန်ဆွဲထားဖို့ရန် တာဝန်တစ်ခု ပေးထားခဲ့သည်ကို ယခုမှ သတိရသွားတော့သည်။ သူမက အနောက်ဘက်တွင် ထိုင်နေသည့် အရပ်မြင့်မြင့်ကောင်လေးကို ပြန်လှည့်ကြည့်လိုက်၏။ သူသည် ဝါကျင့်ကျင့်အသားအရေ၊ သန်မာသည့် ကိုယ်လုံးကိုယ်ထည်နှင့် ချောမောခန့်ညားသည့် မျက်နှာသွင်ပြင်တစ်ခု ပိုင်ဆိုင်ထားကာ မျက်ခုံးများက ထက်ရှပြီး မျက်လုံးများက တောက်ပလွန်းလှသည်။ သူ၏ ချောမောလှသည့်ရုပ်ရည်ကို ပျင်းရိပျင်းတွဲ လူမိုက်လို စိတ်နေသဘောထားက ဖျက်ဆီးနေ၏။

ရှမြန်က သူ့ကို ကြည့်နေသည်ကို မြင်လိုက်သောအခါ ထိုလူငယ်လေးက မထီမဲ့မြင်ဖြင့် နှုတ်ခမ်းကို ပင့်ထားလိုက်ကာ ရန်လိုစွာ ပြောလာသည်။ "ဆရာမရှ ကျွန်တော် အဲဒါကို မလုပ်နိုင်ဘူး။ ဆရာမ ကျေးဇူးပြုပြီးတော့ တခြားတစ်ယောက်ကိုပဲ ရှာလိုက်ပါ"

"ဪ ဟုတ်ပါပြီ" ရှမြန်ကလည်း ဂရုမစိုက်သလို ပြန်ပြောလိုက်သည်။ "ငါ မင်းကို တာဝန်ပေးဖို့ စဉ်းစားထားတယ် ဆိုတာကလည်း မင်းက ဦးဆောင်မှုစွမ်းရည် အရည်အချင်းရှိတယ်လို့ ငါ့အခန်းက ကလေးတွေဆီက ပြန်ကြားထားလို့ပါ။ မင်းက ဒါကိုမလုပ်နိုင်ဘူးဆိုမှတော့လည်း ထားလိုက်ပါ"

"ဒါဆိုရင်လည်း ဝူပင်းကိုပဲ လုပ်ခိုင်းလိုက်တော့မယ်" ရှမြန်က ထန်မော့အမုန်းဆုံး ကောင်လေးတစ်ယောက်ကို လက်ညှိုးထိုးပြလိုက်သည်။ "ငါတို့ရဲ့အဆင့်တွေက လက်တွေ့စမ်းသပ်မှုအခန်းက အဲဒီလူတွေနဲ့ မယှဥ်နိုင်ဘူးလေ။ ဒါပေမဲ့ ငါတို့တွေ အားကစားမှာတော့ သူတို့ထက်ပိုပြီး ကောင်းအောင်လုပ်နိုင်တယ်။ မဟုတ်ရင် စာလည်းမတော်။ အားကစားမှာလည်း မကောင်း။ ထောက်ပို့ရေးတောင်မှ မလုပ်ပေးနိုင်ဘူးဆိုရင် ငါတို့တွေက အသုံးမကျတဲ့သူဖြစ်သွားမှာပဲ"

"ဝူပင်း ငါတို့ရဲ့အားကစားသမားတွေက အားကစားပွဲတော်အတွင်းမှာ မင်းကို အားကိုးထားတယ်နော်။ မင်းက ငါတို့ရဲ့အတန်း၉ ဂုဏ်ဆောင်ပေးပြီး ဆရာမကိုလည်း မျှော်လင့်ချက်တစ်ခုတော့ ပေးရမယ်"

ဝူပင်းက မာနနှင့် အထင်သေးမှု ရောနှောနေသည့်အကြည့်တစ်ခုဖြင့် ထန်မော့ကို လှမ်းကြည့်လိုက်ကာ ပြတ်သားသည့်လေသံတစ်ခုဖြင့် ပြန်ပြောလေသည်။ "စိတ်ချပါ ဆရာမရှ။ ကျွန်တော် ဒီတာဝန်ကို ပြီးမြောက်အောင် လုပ်ပေးမယ်လို့ ကတိပေးပါတယ်"

ထန်မော့သည် ရုတ်တရက် ဒေါသထွက်သွားတော့သည်။ ရှမြန်၏ လုံးဝကို ဂရုမစိုက်သည့် သဘောထားက သူ့မျက်နှာကို ဖြတ်ရိုက်နေသကဲ့သို့ပင်။ သူ၏ငြင်းပယ်ချက်က အကြောင်းအရာတစ်ခု ဖြစ်သော်ငြားလည်း တခြားသူများက သူ့အပေါ် အထင်သေးနေသည်ကတော့ နောက်ထပ်အကြောင်းအရာတစ်ခုပင်။

ဝူပင်းက တာဝန်ကို ခွဲယူပေးရန် ဂုဏ်ယူဝံ့ကြွားစွာဖြင့် စတင်လုပ်ဆောင်လိုက်ပြီး အဓိကအားဖြင့် မည်သို့ အားပေးရမည့်အကြောင်း၊ ဘယ်အချိန် အားပေးအားမြှောက်ပြုရမည့်အကြောင်း ပြောပြလေသည်။ အလျားခုန်၊ အမြင့်ခုန် ပြေးလမ်းကြောင်းနှင့် ပက်သက်သည့် ပြိုင်ပွဲနေရာများသည် မကြာခင်တွင် အခန်း၉မှ ကျောင်းသားကျောင်းသူများ၏ အားပေးသံများနှင့် ပြည့်နှက်သွားတော့သည်။

အားကစားပြိုင်ပွဲသည် လူအများ၏စိတ်ခံစားချက်ကို အမှန်ပင်လှုံ့ဆော်ပေးနိုင်သည့် အရာဖြစ်၏။ အမှန်တွင်တော့ ဝူပင်း မရှိလျှင်လည်း လူတိုင်းက အဆင်ပြေပေမည်။ သို့သော်ငြား ရှမြန်၏ အသိအမှတ်ပြုမခံရခြင်းနှင့် ဝူပင်း၏ ကိုယ့်ဟာကိုယ် ကျေနပ်အားရနေသည့်ပုံစံက ထိုအရာအားလုံးမှာ ထန်မော့၏ အရည်အချင်းမရှိသည့် ငြင်းပယ်မှုကြောင့် ဤကဲ့သို့သော ရလဒ်ကောင်းတစ်ခုကို ရရှိသွားသယောင်ဖြစ်နေသည်။ ဒါသည် အလွန်ဒေါသထွက်စရာ ကောင်းနေတော့၏။

ထန်မော့သည် ရှမြန်ကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေမိကာ ပိုပိုပြီး ဒေါသထွက်လာတော့သည်။ သူသည် ထရပ်လိုက်ပြီး ထိုင်ခုံကို ကန်ကျောက်လိုက်ပြီးနောက် ထွက်သွားဖို့ရန် ပြင်ဆင်လိုက်သည်။

သို့သော်ငြား ရှမြန်က သူ့ကို အလွယ်တကူ အလွတ်မပေးချေ။ "ထန်မော့ ကျောက်စန်းက မင်းရဲ့သူငယ်ချင်းလို့ ငါ မှတ်မိပါသေးတယ်။ ဟုတ်လား။ မင်းက ငါတို့အတွက်တောင်မှ အားမပေးချင်တော့ဘူးလား။ မင်းက စာလည်းမတော်။ အားကစားလည်းမတော်။ အဖွဲ့အစည်းနဲ့ လုပ်ဆောင်တဲ့နေရာမှာလည်း မတော်ဘူး။ ငါတို့အတွက် အားပေးရတာလေးတောင်မှ မလုပ်ပေးနိုင်ဘူးလား"

"အနည်းဆုံးတော့ မင်း ဝင်လာပြီဆိုရင် သစ္စာတော့ ရှိရအုံးမှာပေါ့" ရှမြန်ကလည်း အမှန်ပင် နားရှုပ်ထွေးသွားသည့်ဟန်ဖြင့် "မင်းက ဘာတစ်ခုကိုမှ မတော်တာပဲ။ မင်းရဲ့အကျင့်စရိုက်ကလည်း မေးခွန်းထုတ်စရာ ဖြစ်နေပြီ။ ချင်းလုံဂိုဏ်းက မင်းကို ဘယ်လိုလုပ်ပြီးတော့ လိုချင်မှာလဲ"

"သောက်ကျိုးနည်း ဘာတွေပြောနေတာလဲ" ထန်မော့သည် ချက်ချင်းဆိုသလို ဒေါသထွက်သွားကာ ကိုယ်ကိုလှည့်ပြီး ရန်လိုစွာဖြင့် လျှောက်လာခဲ့တော့သည်။ လူအများနှင့် ထိပ်တိုက်ရင်ဆိုင်ရလျှင် သူသည် အရပ်မြင့်မြင့် ဖိနှိပ်တတ်သည့်ခံစားချက်တစ်ခု ရှိလေသည်။ ဆရာအများအပြားကလည်း သူ့ကို အနည်းငယ် ကြောက်ရွံ့ကြပြီး ပုံမှန်ဆိုလျှင်တော့ သူက ဤကဲ့သို့ ထောင်လွှားဝံ့ကြွားသည့် အပြုအမူ လုပ်သည့်အချိန်တိုင်း အလျှော့ပေးတတ်ကြသည်။

ရှမြန်ကတော့ ကျောင်းသားများရှေ့တွင် ရှားရှားပါးပါး မာထန်သည့် နည်းလမ်းများကို သိပ်မသုံးခဲ့ချေ။ ထို့ကြောင့် သူတို့၂ယောက်သည် အရင်က ဘယ်တုန်းကမှ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးခြင်းမရှိချေ။ ဒီနေ့တွင်တော့ ပထမဦးဆုံးအကြိမ်ပင်။

ထန်မော့သည် အလွန်ဒေါသထွက်သွားပြီး ပေါက်ကွဲတော့မည့်နှယ်ပင်။ သူက ရှမြန်ကို လက်ညှိုးထိုးလိုက်ကာ မေးလိုက်၏။ "ပြန်ပြောစမ်းပါဦး" သူသည် နောက်တစ်စက္ကန့်တွင် သူမကို တိုက်ခိုက်တော့မည့်နှယ်ပင်။

သို့သော်ငြား နောက်တစ်စက္ကန့်တွင် သူ့လက်ချောင်းများသည် ရုတ်တရက် သူ့လက်ထဲက ဆွဲပင့်ခံလိုက်ရပြီး ဘေးသို့ဆန့်ထွက်သွား၏။ သူ့ခြေထောက်ကလည်း ရုတ်တရက် လဲကျသွားသည့် သစ်သားခုံကြီးကြောင့် ဒူးတွင် ရိုက်မိသွားတော့သည်။ သူသည် အမှတ်တမဲ့ ငယ်သံပါအောင် အော်ဟစ်လိုက်ပြီး ဒူးထောက်ကျသွားတော့မလိုပင် ဖြစ်သွားတော့သည်။

အနီးအနားက ကျောင်းသူ ကျောင်းသားများသည် ကျောင်းတွင် အနိုင်ကျင့်နေသည့်ကျောင်းသားက ရိုက်နှက်ခံလိုက်ရသည့်အခါ သူတို့မှာ အလွန်ထိတ်လန့်သွားပြီး အသက်ပင် မရှူရဲကျတော့ချေ။

ရှမြန်က ထိုင်ခုံကို ကန်ကျောက်လိုက်သည့်ခြေထောက်ကို ပြန်ရုပ်သိမ်းထားလိုက်ပြီး ရှောင်ဖုန်းကို တအံ့တဩ ကြည့်လိုက်၏။ "ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ"

"သူ့ကို မြန်မြန်လွှတ်လိုက်ပါ" ရှမြန်က အလောတကြီး ပြောလိုက်ရသည်။

"ဘာပဲဖြစ်ဖြစ် သူက ငါတို့ကျောင်းရဲ့ နံပါတ်၁လူဆိုးလေ။ သူ့ကို မျက်နှာလေး နည်းနည်းပေးဦးမှပေါ့။ အစကတည်းကမှ အရည်အချင်း မရှိပါဘူးဆို။ ဒီနည်းနည်းပါးပါးလေး ကြောက်စရာကောင်းတဲ့ အပြုအမူက သူ့မှာ ကျန်တဲ့ တစ်ခုတည်းသော အရာပဲ။ သူက မင်းလိုစာတော်တဲ့ ကျောင်းသားလေးတစ်ယောက်ရဲ့ ကိုင်တွယ်တာတောင်မှ ခံလိုက်ရသေးတယ်။ နောက်ဆိုရင် သူက လူကြားထဲမှာ ဘယ်လိုလုပ်ပြီးတော့ မျက်နှာပြရတော့မှာလဲ"

ထန်မော့သည် ဒေါသထွက်သွားပြီး "သေလိုက်...အားးး" သူသည် ရှောင်ဖုန်းကိုရိုက်ဖို့ရန် လက်ကိုမြှော က်လိုက်၏။

ရှမြန်သည် ဒီတစ်ကြိမ်တွင်တော့ အားကို အများကြီးသုံးလိုက်ကာ ထိုင်ခုံဖြင့် ထန်မော၏ဒူးအား အားဖြင့်ရိုက်ချလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။ "ငါက မင်းကို မျက်နှာပေးချင်ပါတယ်။ ဒီတော့ ကိုယ့်ဟာကိုယ် လိမ်လိမ်မာမာလေးနေ။ မဟုတ်ရင် မင်းတစ်ကျောင်းလုံးရှေ့မှာ ကိုယ့်ဟာကိုယ် အရှက်ခွဲသလို ဖြစ်သွားချင်ရင်တော့ စမ်းကြည့်လိုက်ပေါ့"

သူမသည် ပြောရင်းဆိုရင်း အိတ်ကပ်ထဲကို လက်လှမ်းလိုက်ကာ တတီတီ မြည်နေသည့်ဖုန်းကို ဆွဲထုတ်လာခဲ့သည်။

ထန်မော့၏ မျက်နှာသည် ပြောင်းလဲသွားပြီး ဒေါသတကြီးပြောလိုက်၏။ "ဖုန်း ပြန်ပေး"

ရှမြန်က ခေါ်ဆိုသူနံပါတ်ကို လှမ်းကြည့်လိုက်ပြီးမှ မျက်နှာမဲ့ကာ ပြောလိုက်သည်။

"အစ်ကိုယွင်တဲ့" ထို့နောက်တွင်တော့ သူမက ဖုန်းကို ချက်ချင်း ပိတ်လိုက်ကာ "ရပါတယ်။ ငါ မင်းရဲ့ကိုယ်ရေးကိုယ်တာကိစ္စကို ၀င်မစွက်ဖက်ပါဘူး။ စကားပြောကြမယ်လေ။ ဒါမှမဟုတ် မင်းမှာ ပြောစရာတစ်ခုခု ရှိသေးလား"

"ငါ မင်းရဲ့အဖေနဲ့ လူကိုယ်တိုင် စကားပြောလို့ရတယ်။ ငါတို့တွေ စကားပြောပြီးသွားရင်တော့ မင်းရဲ့ဖုန်းကို ပြန်ပေးမှာပါ"

ထန်မော့၏အဖေသည် ယန်တက္ကသိုလ် တွဲဖက်အထက်တန်းကျောင်းသို့ သူ့အား ပို့ပေးဖို့ရန် ဤမျှလောက် ကြိုးစားအားထုတ်မှု ပြုခဲ့ရသဖြင့် သူသည် အောင်မြင်သည့် လူတစ်ယောက်ဖြစ်လာပြီး ဖြောင့်မတ်မှန်ကန်သည့်လမ်းကို လျှောက်လှမ်းဖို့ရန်တော့ မျှော်လင့်မှာသဘာဝပင်။ ထို့ကြောင့် တစ်ဖက်လူသည် လူမိုက်စိတ်ဓာတ် အပြည့်အဝ ဖြစ်နေသော်ငြား ဆရာ ဆရာမများကို အလွန်ရိုသေလေးစားပြီး သားဖြစ်သူ ထန်မောကိစ္စနှင့် ပတ်သက်ပြီးလည်း အလွန်စိုးရိမ်မှုရှိသည်။ ထို့ကြောင့်ပင် ရှမြန်က ကလေးကို ကယ်တင်နိုင်သေးသည်ဟု ခံစားရသည်။ အနည်းဆုံးတော့ မိဘများက ပူးပေါင်းပါဝင်ခဲ့လျှင်ပေါ့။

ထန်မော့သည် စကားနားမထောင်ခဲ့လျှင် သူက သားဖြစ်သူကို ရိုက်နှက်ပေးပါမည်ဟု ထန်မော့၏ အဖေကလည်း ပြောခဲ့သည်။ အကယ်၍ ဆရာမများက သူ့ကို မရိုက်နိုင်လျှင် သူ့ကိုပြောပြပြီး သူက ကိုယ်တိုင် သားဖြစ်သူကို ရိုက်နှက်ပေးလိမ့်မည်။ ထို့ကြောင့် ထန်မော့သည် သူ့အဖေဖြစ်သူကိုတော့ အတိုင်းအတာတစ်ခုအထိ ကြောက်ရွံ့လေသည်။

ရှောင်ဖုန်း၏ ခြိမ်းခြောက်မှုနှင့် မိဘခေါ်ဆိုမည်ဟူသည့် ခြိမ်းခြောက်မှုက ထန်မော့ကို နာခံသွားရစေတော့သည်။ သူက အံကြိတ်ကာမေးလိုက်၏။ "ဘာအကြောင်း ပြောချင်လို့လဲ"

ရှမြန်က သူ့ကို လျစ်လျူရှုထားလိုက်ကာ ရှောင်ဖုန်းကို အရင်ဆုံးကြည့်လိုက်သည်။ "သား အန်တီလေးကို လာရှာတာလား"

ရှောင်ဖုန်းက သူ့လက်ထဲက ရေကိုလှမ်းပေးလိုက်ကာ သူ့လည်ပင်းတွင် ဆွဲထားသည့်ကင်မရာကို မြှောက်လိုက်ပြီး ပြောလိုက်သည်။ "ဒီမှာ ဓာတ်ပုံလာရိုက်ပေးတာ။ သူ အန်တီလေးကို ကြိမ်းမောင်းနေတာ တွေ့လိုက်လို့လေ"

"ဪ ရပါတယ်" ရှမြန်က ပြောလိုက်သည်။ "ဒီလူမိုက်လေးနဲ့ ပတ်သက်ပြီး ဘာမှစိုးရိမ်စရာ မလိုပါဘူး။ ကိုယ့်အလုပ်ကို သွားလုပ်လိုက်တော့နော်" ထိုနောက်တွင်တော့ သူမက ကိုယ်ကိုလှည့်ကာ ထန်မော့ကို လှမ်းကန်လိုက်ပြီး ပြောလိုက်လေသည်။ "တခြားနေရာမှာ သွားပြောကြမယ်။ ဒီနေရာမှာ အရမ်းဆူညံနေတယ်"

"ပြီးတော့ မင်းတို့နှစ်ယောက်"ရှမြန်က ထန်မော့နောက်က လူငယ်လေးနှစ်ယောက်ကို လှမ်းကြည့်လိုက်ကာ"အတူတူလိုက်ခဲ့"

ထိုလူငယ်လေးနှစ်ယောက်သည် အချင်းချင်း ကြည့်လိုက်ကြပြီး စိုးရိမ်တကြီး ထန်မော့ကို ကြည့်လိုက်ကြ၏။ ထန်မော့က တိုးတိုးလေး ပြောလိုက်သည်။ "မင်းတို့တွေ သူ့ကို ဘာလို့ ကြောက်နေတာလဲ။ ငါ့ဖုန်း ပြန်ရတဲ့အထိသာ စောင့်နေလိုက်"

ဆရာ ဆရာမရုံးခန်းထဲတွင် သင်ခန်းစာများကို ပြင်ဆင်နေသည့် ဆရာတစ်ယောက်ရှိ၏။ ထို့ကြောင့် ရှမြန်က သူတို့ကို အခန်း၉၏ စာသင်ခန်းဆီသို့ ဒီအတိုင်းခေါ်လာခဲ့တော့သည်။

"ထိုင်" ရှမြန်က ထိုင်ခုံတလုံးကို ဒီအတိုင်းဆွဲထုတ်လိုက်ပြီး ထန်မောနှင့် ကျန်သည့် ကျောင်းသား၃ယောက်ကို သူမ၏ မျက်နှာချင်းဆိုင်တွင် ထိုင်ဖို့ လက်ဟန်ပြလိုက်သည်။ ထို့နောက်တွင်တော့ သူမက မေးလိုက်၏။ "မင်းတို့တွေ ချင်းလုံဂိုဏ်းထဲ ဝင်ကြတော့မလို့ဆို"

ထန်မော့သည် သူမက ထိုအကြောင်းကို သိနေလိမ့်မည်ဟု မျှော်လင့်မထားမိချေ။ သူသည် ခဏလောက် မှင်တက်အံ့ဩသွားပြီးမှ လူငယ်လေးနှစ်ယောက်ကလည်း ချက်ချင်းဆိုသလို မသက်မသာ ဖြစ်သွားတော့၏။

လူငယ်လေးBက ပြုံးကာပြောလိုက်သည်။ "ဆရာမ ဘယ်သူပြောပြတာလဲ။ မဟုတ်ပါဘူး"

"ဘယ်သူ ပြောပြခဲ့တယ်ဆိုတာကို စိတ်မပူပါနဲ့" ရှမြန်က ပြောလိုက်သည်။

"မင်းတို့တွေ အဲဒီဂိုဏ်းထဲဝင်ဖို့ အရမ်းကြိုးစားခဲ့ကြတာပဲ။ ဒါပေမဲ့ မေးခွန်းထုတ်ခံရတဲ့အချိန်မှာတော့ ဒါကို ဝန်မခံရဲကြဘူးတဲ့လေ။ ဒီတော့ ဒါက လူရှေ့မှာ မြင်လို့မကောင်းတဲ့အရာဆိုတာ မင်းတို့တွေလည်း သိနေကြတာပဲ"

သူမက မသင်္ကာသလိုဖြင့် မေးလိုက်သည်။ "ဒီတော့ မင်းတို့တွေက ဘာစဉ်းစားနေကြတာလဲ။ တကယ်လို့ မင်းတို့တွေ စာလေ့လာရတာ သဘောမကျဘူးဆိုရင်တောင် မင်းတို့လုပ်နိုင်တဲ့အရာတွေ အများကြီး ရှိသေးတာပဲလေ။ ဘာဖြစ်လို့ ဒီလိုအမြင်မတင့်တဲ့အရာကိုမှ လုပ်ချင်နေကြတာလဲ"

ထန်မော့က ပြောလိုက်၏။ "ဒါက ရှက်စရာကောင်းတယ်လို့ ဘယ်သူပြောလဲ။ ခင်ဗျားရဲ့အမြင်မှာ စာလေ့လာတာကလွဲရင် ကျန်တဲ့အရာအားလုံးက ရှက်စရာကောင်းနေတာပဲ နေမှာပေါ့"

သူသည် ပြောရင်းဆိုရင်း ရှမြန်ကို တည့်တည့်စိုက်ကြည့်ကာ ခနဲ့ကာပြောလိုက်သည်။ "ဟုတ်တယ်။ ငါတို့တွေ အဲ့ဒီအဖွဲ့ထဲကို ဝင်ချင်တယ်။ ခင်ဗျားက ဘာလုပ်ချင်လဲ။ တကယ်လို့ ခင်ဗျားမှာ သတ္တိရှိတယ်ဆိုရင် ငါ့ကို ကျောင်းထုတ်လိုက်လေ။ တကယ်လို့ ခင်ဗျား ငါ့ကို ကျောင်းထုတ်မယ်ဆိုရင် ငါက ခင်ဗျားကိုတောင်မှ သေချာပေါက် ကျေးဇူးတင်နေဦးမှာ"

ရှမြန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ "မင်းက ကျောင်းထုတ်ခံရဖို့ မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်နေပြီလေ။ မင်းအဲဒီအဖွဲ့ထဲ တရားဝင် ဝင်သွားတာနဲ့ တစ်ခုခုကို ခိုးတာဖြစ်ဖြစ် တစ်စုံတစ်ယောက်ကို သတ်တာဖြစ်ဖြစ် ဒါမှမဟုတ် အချုပ်ထဲရောက်သွားရင်ဖြစ်ဖြစ် ကျောင်းက မင်းကို အလိုလို ထုတ်ပယ်လိုက်မှာပဲ။ ဒါက မင်းအဖေလည်း အရှက်ခွဲခံရတာထက်စာရင် သက်သာတာပေါ့"

"ငါက ဒီအတိုင်း သိချင်လို့ပါ။ ချင်းလုံဂိုဏ်းထဲဝင်ဖို့ ဘာလိုအပ်ချက်တွေရှိလဲ။ မင်းတို့တွေ ခိုးတတ်လား။ လူတွေကို ငွေညှစ်ပြီး နာမည်ဖျက်တတ်လား။ မင်းက ပြစ်မှုတစ်ခုကိုရော ကျူးလွန်ဖူးရဲ့လား"

ထန်မော့က ဒေါသတကြီး ပြောလိုက်သည်။ "ဘာအဓိပ္ပာယ်လဲ။ ဘယ်သူက ပစ္စည်းခိုးပြီး ခြိမ်းခြောက်နေလို့လဲ"

လူငယ်လေးAက ပြောလိုက်သည်။ "ဆရာမရှ ကျွန်တော်တို့မကောင်းတာ ဘာမှမလုပ်ခဲ့ပါဘူး"

ရှမြန်မှာ တအံ့တသြ ဖြစ်သွားသည်။ "ဒါတွေပဲ လုပ်ရမှာ မဟုတ်ဘူးလား။ မဟုတ်မှလွဲရော မင်းတို့တွေက တိုင်းပြည်ကို ကာကွယ်ပေးကြမှာလား"

"ဒါမှမဟုတ် ငါကလည်း အသက်ကြီးပြီဆိုတော့ မသိတာလည်း ဖြစ်မှာပေါ့။ အဲဒီအဖွဲ့ကို ဝင်ဖို့ ဘယ်လိုအခြေအနေတွေ လိုအပ်ချက်ရှိလဲဆိုတာ ငါ့ကို ပြောပြလေ"

"မင်းတို့ကရော ဘာဖြစ်လို့ အဲ့ဒီအဖွဲ့ထဲ ဝင်ချင်ကြတာလဲ။ အဲဒီအဖွဲ့ထဲဝင်ပြီးရင် မင်းတို့ ဘာလုပ်ကြမှာလဲ။ မင်းတို့က အနာဂတ်မှာ ဘာရည်ရွယ်ချက်တွေ ရှိတာလဲ။ ကျောင်းတက်တာက ကောလိပ်ဝင်ခွင့်ရဖို့။ မင်းတို့အဲဒီအဖွဲ့ထဲ ဝင်တာက ဘာရည်ရွယ်ချက်အတွက်နဲ့လဲ။ ထောင်ထဲသွားဖို့လား"

ထန်မော့က အံကြိတ်ထားသည်ကို မြင်ရသည့်အခါ ရှမြန်က ပြောလိုက်သည်။

"အရင်ဆုံး ဒေါသမထွက်သေးပါနဲ့ဦး။ ငါက မင်းကို ရိုးရိုးသားသား မေးနေတာ။ ငါ့ကို ပြောပြစမ်းပါ။ တကယ်လို့ မင်းပြောတဲ့စကားက အဓိပ္ပာယ်ရှိတယ်ဆိုရင် ငါက မင်းအဲဒီချင်းလုံဂိုဏ်းထဲကို ဝင်ဖို့ကိုယ်တိုင်တောင် လိုက်ပို့ပေးဦးမှာ"

ထန်မော့...

ဒီလေသံက ကောင်းတဲ့ကိစ္စတစ်ခု မဟုတ်ဘူးလို့ ဘာဖြစ်လို့ထင်နေရတာလဲ။ ဒါပေမဲ့ သူကျတော့ ဒါကို ငြင်းပယ်ဖို့ ဘာနည်းလမ်းမှ မရှိဘူးရော။

သူတို့၏ ရှုပ်ထွေးသွားသည့်ရုပ်ကိုကြည့်ပြီး ရှမြန်က ပြောလိုက်သည်။ "ငါ အမှန်အတိုင်း ပြောနေတာလေ။ ဆရာမတစ်ယောက်အနေနဲ့ ငါက ကျောင်းသူကျောင်းသားတွေအားလုံးကို သူတို့ရဲ့အိပ်မက်ကို ရရှိနိုင်အောင် ကူညီပေးဖို့ ဆန္ဒရှိပါတယ်။ ထောင်ထဲဝင်တာ အပါအဝင်ပေါ့"

ကလေး၃ယောက်သည် စကားမပြောရဲကြတော့ချေ။ ရှမြန်၏အခြေအနေအပေါ် ကိုင်တွယ်သည့် နည်းလမ်းသည် နားလည်ရန်ခက်ခဲပေသည်။

"ဒီတော့ ချင်းလုံဂိုဏ်းထဲဝင်ဖို့ လိုအပ်ချက်ကဘာတွေလဲ" ရှမြန်က မေးလိုက်သည်။ "မင်းတို့တွေ အဲ့ဒီဂိုဏ်းထဲ ဝင်သွားတာနဲ့ ခိုးဆိုးလုနှိုက်တာနဲ့ ရန်ဖြစ်တာအပြင် တခြားဘာတွေ လိုအပ်သေးလဲ"

"ခင်ဗျားကမှ ခိုးမဲ့လူ" ထန်မော့သည် ဒေါသတကြီးပြောလိုက်၏။ "ဘယ်သူက ခိုးမှာမလို့လဲ"

"မင်းက ဘာတွေကို အော်ငေါက်နေတာလဲ "ရှမြန်ကလည်း ဒေါသထွက်သွားပြီး "ငါက မင်းကို မေးနေတာလေ။ မင်းက ငါ့ကိုမှ မပြောပြတာ။ ငါ ခန့်မှန်းကြည့်ရတာကတော့ မင်းမကျေနပ်သေးဘူးပဲ။ တကယ်လို့ မင်းက ရှင်းရှင်းလင်းလင်း မရှင်းပြဘူးဆိုရင် ငါက မင်းကို ဘယ်လိုကူညီပေးရမလဲဆိုတာ ဘယ်လိုလုပ်သိမှာလဲ။ မင်းက ငါ့ကိုပါ အဲ့ဒီဂိုဏ်းထဲ ဝင်ခိုင်းစေချင်နေတာလား"

ထန်မော့...

ရှမြန်က စားပွဲပေါ်ကစာအုပ်တစ်အုပ်ကို ကောက်ယူလိုက်ကာ ဝုန်းခနဲ အသံအကျယ်ကြီး ရိုက်ချလိုက်သည်။ "ပြောလေ"

လူငယ်လေး Aက သူ့ခေါင်းကိုကိုင်လိုက်ကာ သတိလေးဖြင့် ပြန်ပြောလိုက်သည်။ "ဆရာမ ကျွန်တော်တို့တွေက ဆရာမ ထင်ထားသလို မဆိုးပါဘူး။ ကျွန်တော်တို့တွေက ခိုးတာလည်းမလုပ်သလို မကောင်းတာတွေလည်း မလုပ်ထားပါဘူး။ ကျွန်တော်တို့တွေက ဒီအတိုင်း ညီအစ်ကိုတွေကို ပိုပြီးသိချင်တာပါ။ ကျွန်တော်တို့တွေ ဘယ်ကိုပဲသွားသွား ကျွန်တော်တို့တွေကို ဘယ်သူမှ လာမရှုပ်ရဲတော့ဘူးလေ"

"မင်းတို့တွေက ဘယ်လောက်တောင်မှ ရိုက်နှက်ခံချင်နေလို့ တခြားသူတွေကို အကြောင်းမဲ့ ရန်စနေတာလဲ" ရှမြန်သည် ရုတ်တရက် သဘောပေါက်သွားကာ "ဪ ငါသိပြီ။ မင်းတို့တွေက ရိုက်နှက်ခံချင်နေတာ မဟုတ်ဘူး။ မင်းတို့တွေက အရည်အချင်းမရှိကြလို့ အနိုင်ကျင့်ခံရမှာ ကြောက်နေတာပဲ။ ဒီတော့ မင်းတို့တွေက အဖွဲ့တစ်ခုထဲကို ဝင်ချင်ပြီး အဲဒီအခြေအနေကို အခွင့်ကောင်း ယူချင်နေတာ"

ရှမြန်က သူတို့ပြောချင်သည့်အဓိပ္ပာယ်ကို ဆက်တိုက် တစ်ဖက်သတ်အဓိပ္ပာယ် ပြန်ဆိုနေ၏။ ထန်မော့မှာ အလွန်ဒေါသ ထွက်သွားတော့သည်။ "ပေါက်ကရ"

ရှမြန်ကတော့ ဒေါသမထွက်ဘဲ သူ့ကိုအမှန်ပင် ပြင်ပေးလိုက်သေးသည်။ "ဒါက ဝံပုလွေက ကျားရဲ့အင်အားကို အသုံးချနေတာ မဟုတ်ဘူး။ ဒါက အနိုင်ကျင့်နေတာ။ ဒါက အရည်အချင်းမရှိတဲ့ လူတွေပဲလုပ်တာ။ သန်မာတဲ့သူတွေက အာဏာအင်အားကို အားကိုးစရာ မလိုဘူး။ သူတို့ကိုယ်တိုင်ကိုက ခေါင်းဆောင်တွေပဲလေ။ သူတို့တွေ ဘယ်သွားသွား ဘယ်သူကမှ ပြဿနာလာရှာရဲမှာ မဟုတ်ဘူး" သူမသည် ထန်မော့က ဒေါသထွက်လို့ လုံလောက်သွားပြီဟု မထင်သဖြင့် ထပ်ပြီး ဥပမာပေးလိုက်သေးသည်။

"ကျိုးယွီချန်းကို ကြည့်လိုက်။ သူက ချောတယ်။ စာလည်းတော်တယ်။ ရန်ဖြစ်တဲ့နေရာမှာလည်း တော်တော်လေးတော်တယ်။ သူကျတော့ ဘာဖြစ်လို့ အဖွဲ့ထဲ မဝင်ချင်ရတာလဲ။ ဘာဖြစ်လို့လဲဆိုတော့ သူက အဲဒီအဖွဲ့ထဲဝင်ရင် အရမ်းရှက်စရာကောင်းတယ်လို့ ထင်လို့လေ။ ဒါက လူ့အဖွဲ့အစည်းထဲမှာ မရပ်တည်နိုင်တဲ့ အရည်အချင်းမရှိတဲ့သူတွေအတွက် နေရာတစ်ခုပဲ"

"ဪ ငါသိပြီ" ရှမြန်က လက်ခုပ်တီးကာ ပြောလိုက်သည်။ "မင်းတို့က စာလည်းမတော် အားကစားလည်းမတတ်။ အဖွဲ့အစည်းနဲ့လည်း မလုပ်ဆောင်တတ်။ သိုင်းပညာမှာဆိုရင်လည်း ရှယွီဖုန်းနဲ့လည်း မယှဉ်နိုင်။ မင်းတို့တွေက အမှိုက်ကောက်တဲ့ အဲဒီလိုအဖွဲ့အစည်းတစ်ခုထဲပဲ ဝင်နိုင်တော့မှာပေါ့လေ"

ထန်မော့၏ သုန်မှုန်နေသည့် အမူအရာကို လျစ်လျူရှုကာ ရှမြန်က သူတို့ကို သနားစဖွယ်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဟုတ်ပါပြီ။ ငါ မင်းတို့ကို ဝင်လို့ရအောင်လုပ်ပေးပါ့မယ်။ ငါ့ကိုပြော။ ချင်းလုံဂိုဏ်းထဲ ဝင်ဖို့ ဘာတွေလိုအပ်ချက်ရှိလဲ"

ထန်မော့သည် လူငယ်လေးနှစ်ယောက်ကို စကားမပြောခိုင်းတော့ဘဲ နောက်ဆုံးတော့ မျက်နှာကိုမဲ့ကာ ပြောလိုက်သည်။ "တစ်ယောက်ယောက်က ထောက်ခံပေးသရွေ့ အဆင်ပြေသွားလိမ့်မယ်။ ဆရာမရှ ကျေးဇူးပြုပြီးတော့ ကိုယ့်စကားကိုယ် ပြန်မရုပ်သိမ်းနဲ့နော်"

"ဟုတ်ပါပြီ။ ငါက ငါ့စကားကို တည်မှာပါ" ရှမြန်က ပြောလိုက်၏။ "ချင်းလုံဂိုဏ်းရဲ့ခေါင်းဆောင်က ဘယ်သူလဲဆိုတာကို သိလား"

"သမီး သိတယ်" ကြည်လင်နေသည့်အသံလေးက ဖြတ်ပြောလိုက်သည်။

"ချင်းလုံဂိုဏ်းရဲ့ ခေါင်းဆောင်နာမည်ကို အစ်ကိုဖာ့လို့ခေါ်တယ်။ သမီးတို့နယ်မြေကို ထိန်းချုပ်တဲ့ ခေါင်းဆောင်ငယ်လေးရဲ့နာမည်က အစ်ကိုကျန်းတဲ့"

ရှမြန်သည် အနောက်ဘက်တံခါးမှာ ချောင်းကြည့်နေသည့် မောက်ဟွေ့ကျူးကို လှမ်းကြည့်လိုက်ကာ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်တော့သည်။ "နင်ဟာ ဘာဖြစ်လို့ နေရာတိုင်းကို ရောက်နေတာလဲ။ နင်က ဘယ်လိုလုပ်ပြီးတော့ သိတာလဲ"

မောက်ဟွေ့ကျူးက ပြောလိုက်သည်။ "ပြီးခဲ့တဲ့ တခေါက်တုန်းက ရဲစခန်းမှာ ဦးလေးမာ ပြောလိုက်တာကို ကြားလိုက်တာ။ ဒါပေမဲ့ ကြည့်ရတာ အစ်ကိုဖာ့က ပြစ်မှုတစ်ခု ကျူးလွန်ထားလို့ ဖမ်းခံထားရတဲ့ပုံပဲ။ ခေါင်းဆောင်အသစ်က ဘယ်သူလဲတော့ မသိဘူး"

"သမီးတို့နေရာကို တာဝန်ယူထားတဲ့အစ်ကိုကျန်းက လူတစ်ယောက် သတ်ဖူးခဲ့တယ်တဲ့။ ပြီးတော့ ထောင်ထဲမှာလည်း နှစ်အများကြီးနေခဲ့တယ်လို့ ကြားတယ်။ သူက သိပ်မကြာသေးခင်ကမှ ထောင်ထဲက ထွက်လာတာတဲ့"

ရှမြန်သည် ဘာပြောရမည်ပင် မသိတော့ချေ။ "နင်ဟာလေ သူရဲကောင်း၄ဖော်ထဲက တစ်ယောက် မဖြစ်သင့်တော့ဘူး။ နင်ဟာပါ လေရာငါးပိချက်ပဲ ဖြစ်သင့်တော့တာ။ နင်မသိတာ ဘာမှကိုမရှိဘူး"

မောက်ဟွေ့ကျူးကလည်း ပြုံးကာပြောလိုက်၏။ "သမီးက နာမည်ကြီးတာကိုး။ မကြာသေးခင်တုန်းကတောင် ချင်းလုံဂိုဏ်းက ကျားဖြူဂိုဏ်းနဲ့ နယ်မြေလုရင်း ရန်ဖြစ်ကြသေးတယ်ဆိုတာကိုတောင် သိထားသေးတယ်"

"ဟုတ်ပါပြီ။ နင်က ရန်ဖြစ်နေသေးတာပဲ။ ပြောလေလေ ပိုပြီးတော့ကဲလေလေပါပဲလား" ရှမြန်က ပြောလိုက်သည်။ "နင်က ဒါကို ရုပ်ရှင်တစ်ခုလို့ ထင်နေတာပဲ"

"ငါ့ကိုပြောပါ။ နင် ဒီမှာ ဘာလာလုပ်တာလဲ"

မောက်ဟွေ့ကျူးက ထန်မော့ကို လှမ်းကြည့်လိုက်ကာ ပြောလိုက်သည်။

"အမှတ် ၁၄ အလယ်တန်းကျောင်းက အဲဒီသူခိုးကြမ်းပိုးတွေက သမီးတို့ကျောင်းကို လာနေပြီဆိုတာ လာပြောပြတာ"

ရှမြန်က မျက်မှောင်ကြုတ်လိုက်သည်။ "ဘာဖြစ်ထားတာလဲ။ အတန်းဖော်တွေကို အနိုင်ကျင့်ထားတာလား"

"အနိုင်ကျင့်တယ်လို့တော့ ပြောလို့မရပါဘူး" မောက်ဟွေ့ကျူးက ပြောလိုက်သည်။ "သမီးတို့တွေ သူတို့နဲ့ စာရင်းရှင်းကြမလို့လေ။ ချန်းချန်းက အစ်မကို လာပြောခိုင်းလို့။ ဖြစ်သွားမဲ့ ဘယ်ကိစ္စကိုမှ စိတ်မပူပါနဲ့တဲ့။ အခန်းထဲက ဒီငတုံး၃ယောက်ကိုပဲ စောင့်ကြည့်ပေးပါတဲ့။ သူတို့တွေက အပြစ်ပေးခံရပြီး ကျောင်းကို အရှက်ရအောင် လုပ်မှာစိုးလို့တဲ့"

ထန်မော့က မြန်မြန်ထရပ်လိုက်ကာ မေးလိုက်သည်။ "နင်က ဘယ်သူ့ကို ငတုံးလို့ခေါ်နေတာလဲ"

"ပြန်ဖြေတဲ့သူကို ပြောလိုက်တာပဲ" မောက်ဟွေ့ကျူးက မျက်နှာပြောင်ပြလိုက်ကာ လျှောက်ကာထွက်သွားတော့သည်။

ထန်မော့သည် နောက်ကလိုက် ပြေးသွားချင်သော်ငြားလည်း ရှမြန်က သူ့ကို လှမ်းတားလိုက်၏။

"အခန်းထဲမှာပဲနေ။ ဘယ်မှမသွားနဲ့"

ထန်မော့သည် ယခုလေးတင် မောက်ဟွေ့ကျူးပြောသွားသည့်စကားကို စဉ်းစားလိုက်ကာ လှောင်ပြောင်သရော်ကာ ပြောလိုက်၏။ "ကျိုးယွီချန်း၊ ရှယွီဖုန်း၊ မောက်ဟွေ့ကျူး ဟုတ်လား"

"ဆရာဆရာမတွေနဲ့ မိဘကို တိုင်တန်းတာအပြင် သူတို့က ဘာလုပ်တတ်သေးလို့လဲ။ သူတို့တွေကိုများ အပြစ်ပေးဦးမတဲ့လား"

"တကယ်လို့ ဒီနေ့သာ မရှင်းနိုင်ဘူးဆိုရင် နောက်ဆိုရင်နေ့တိုင်း အရှင်းခံရဖို့သာ စောင့်နေလိုက်တော့"

ထန်မော့က ခနဲ့ကာပြောလိုက်သည်။

မောက်ဟွေ့ကျူး၏ ပါးလှပ်သည့်နားကလည်း သူ ပြောလိုက်သည့်စကားကို အမှန်ပင်ကြားလိုက်၏။ သူမက ကိုယ်ကို ချက်ချင်းလှည့်ကာ သူ့လေသံကို အတုယူလိုက်ပြီး လှောင်ပြောင်ကာ ပြောလိုက်သည်။

"ထန်မော့ ဟမ်။ နင်ကရော အော်ငေါက်တာနဲ့ ရန်ဖြစ်တာအပြင် ဘာလုပ်တတ်လို့လဲ"

…

All Chapters