← Chapters

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

Chapter 97

~

အခန်း ၉၇

~

" ရွှမ်ထျန်းဂိုဏ်းရဲ့ အင်မော်တယ်က တကယ်ကြီး သိုင်းပညာရှင်လက်ချက်နဲ့ သေသွားတာလား.. "

ညာဘက်လက် မီးတောက်နေသော ထိုပုံရိပ်က အင်မော်တယ်မင်ယွဲ့၏ ခေါင်းကို ဖြတ်လိုက်သော မြင်ကွင်းမှာ ကြည့်နေကြသူတိုင်း၏ ရင်ထဲသို့ ထိမိသွားစေသည် ။ သူတို့၏ အသိတရားများအား မြေလှန်လိုက်သကဲ့သို့ပင် ဖြစ်ချေသည် ။

အင်မော်တယ်များသည် အမှန်တကယ်ပင် သတ်၍ ရသည်လော ။ မည်သည့်အတွက်ကြောင့် အင်မော်တယ်တစ်ဦးကို သတ်ရဲပါသနည်း ။

ဤနှစ်များတလျှောက် သာမန်လူများက အင်မော်ဂိတ်များမှ ကျင့်ကြံသူများအား လျှို့ဝှက်ဆန်းကြယ်သူသော တန်ခိုးရှင်များအဖြစ် သတ်မှတ်ထားခဲ့ကြသည် ။

တာအိုဘုရားကျောင်းတွင် နေထိုင်ကြသော အင်မော်တယ်များသည် သာမန်လူသားများအတွက် ကိုးကွယ်ယုံကြည်အပ်သော ပုဂ္ဂိုလ်ထူးများ ဖြစ်ကြ၏ ။

လွန်ခဲ့သော နှစ်လေးဆယ်ခန့်က မျိုးနွယ်ခြားစစ်ပွဲမတိုင်မီ အင်မော်တယ်များအား စိန်ခေါ်ချင်သည့် သိုင်းပညာရှင်များ ရှိခဲ့ဖူးလေသည် ။

သို့သော်လည်း မျိုးနွယ်ခြားစစ်ပွဲ ပြီးသည့်နောက် အင်မော်တယ်များ၏ တာအိုဘုရားကျောင်းများသည် မဟာယန်အင်ပါယာ၏ မြို့ကြီးများတွင် ပေါ်လာခဲ့ပြီး သာမန်ပြည်သူများ ကိုးကွယ်သည့် ရုပ်ထုများ ဖြစ်လာခဲ့သည် ။

အင်မော်တယ်ဟူသည်က ဆန်းကြယ်မှုနှင့် မြင့်မြတ်မှုကို ကိုယ်စားပြု၏ ။ အင်မော်တယ် ဟူသည်က သာမန်လူသားများ စိတ်ကူးယဥ်နိုင်သော အဆုံးစွန်သော အရာကို ကိုယ်စားပြု၏ ။ သူတို့သည် သာမန်လူများအတွက် ပင်လယ်ထဲမှ မီးပြတိုက်သဖွယ် လမ်းပြနေသူများဖြစ်သည် ။

ယခုတော့ ထိုအင်မော်တယ်က တစ်ချက်တည်းဖြင့် ပြာဖြစ်သွားသည်လော ။

ထိတ်လန့်မှုအလယ်တွင်၊ သူတို့သည် ဖော်ပြ၍မရသော ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုကိုလည်း ခံစားလိုက်ရသည် ။

ကြောက်ရွံ့ထိတ်လန့်ပြီး စိုးရိမ်ပူပန်မှုကို ခံစားရပြီးနောက်၊ လောင်ကျွမ်းနေသော ညာလက်မောင်းဖြင့် ရွှမ်ထျန်းဘုရားကျောင်းသို့ ဖြည်းဖြည်းချင်း လျှောက်လာသော ပုံရိပ်ကို သူတို့မြင်လိုက်ရပြီး ဖော်ပြ၍ မရနိုင်သောခံစားချက်များကို ခံစားလိုက်ရသည် ။

ထိုသည်က ဝမ်းနည်းမှု ။ ဤလူ သေပေတော့မည် ။

" တကယ့်ကို ရဲရင့်ပြီး သူရဲကောင်းဆန်တဲ့ ပုဂ္ဂိုလ်ပဲ..."

တစ်စုံတစ်ယောက်က တိုးတိုးလေး သက်ပြင်းချလိုက်သော်လည်း ကျယ်ကျယ်လောင်လောင် ထုတ်မပြောရဲချေ ။

ယုံဟဲဧကရာဇ်လည်း ထိုပုံရိပ်ကို ကြည့်နေသည် ။ သူ၏ နောက်ကျောတွင် ပစ်ထားသော လက်နှစ်ဖက်မှာ ရှေ့သို့ရောက်နေပြီး တုန်ရီစွာ ပွတ်သပ်နေမိ၏ ။

' ဒီကမ္ဘာကြီးအန္တရာယ် ကျရောက်နေချိန်မှာ သာမန်လူတွေမှာလည်း တာဝန်ရှိတယ်တဲ့လား.. '

' ဒီလို သူရဲကောင်း ချောင်မိသားစုကို ငါဘာလို့ မကြားဖူးတာပါလိမ့်.. '

ချောင်ပိုင်ဖူ တရားဝင်ဝတ်စုံကို ချွတ်လိုက်သည့် အကြောင်းရင်းကို သူနားလည်သွား၏ ။ အထက်အရာရှိ၏ စကားကြောင့် ဒေါသတကြီး ချွတ်လိုက်သည် ထင်ရသော်လည်း တမင်ကြိုတင်ပြင်ဆင်လာခဲ့ခြင်းဖြစ်သည် ။

' ဒါက သူ့ရဲ့ကိုယ်ပိုင်လက္ခဏာကို ပိုင်းခြားလိုက်တာ..သူ့ဘာသာသူ လုပ်တာပဲ..အရာရှိတွေက အဂတိလိုက်စားနေရင်..ရာထူးကို စွန့်လွှတ်ပြီး တခြားသူတွေကို မပါဝင်စေနဲ့..သာမန်လူတစ်ယောက်ရဲ့ နာမည်နဲ့ ပြည်သူတွေအတွက် အင်မော်တယ်တွေကို သတ်ပစ်မယ်.."

ဤ အတွေးများက ဟုံဟဲဧကရာဇ်၏ စိတ်ထဲတွင် ဖြတ်သန်း စီးဆင်းသွား၏ ။

အရာရှိမဟုတ် ၊ ပညာရှင်မဟုတ် ၊ ချမ်းသာသူလည်းမဟုတ် ၊ မင်းမျိုးမင်းနွယ်လည်း မဟုတ်သော သာမန်လူဟု သုံးနှုန်းလိုက်ခြင်းသည် သာမန်လူများအား ကိုယ်စားပြုလို၍ပင် ။

ယုံဟဲဧကရာဇ်က မတော်တဆ အားသုံးလိုက်မိသဖြင့် လက်ချောင်းများ နာကျင်သွားသည် ။

ထိုသို့သောစကားများ ၊ ထိုသို့သော အပြုအမူများက သူအား ပေါက်ကွဲထွက်၍ မရသော ဒေါသများ စုပုံလာစေပြီး မျက်နှာက ပူနွေးနီရဲလာသည် ။

သာမန်လူတစ်ယောက်က ကမ္ဘာကြီးအား ပခုံးထမ်း ထားရမည်ကို သိနေလျှင် ၊ သာမန်လူတစ်ယောက်က အင်မော်တယ် များကို စိန်ခေါ်ပြီး သတ်ရဲလျှင် ၊ သူကိုယ်တိုင်ကော ၊ ယုံဟဲ ဧကရာဇ်ကိုယ်တိုင်ကရော မည်သို့ လုပ်သင့်ပါသနည်း ။

ပို၍ ကြီးလေးသော တာဝန်ကို ထမ်းဆောင်သင့်သည်လော ။ ပို၍ ကောင်းအောင် ကြိုးစားသင့်သည်လော ။

လက်ဖက်ရည်ဆိုင်ထဲတွင် ထိုလူ ပြောခဲ့သည့် စကားများက ထက်မြက်ပေသည် ။ သူ့ကို လှောင်ပြောင်နေသည်ပင် ဖြစ်နိုင်ပေ၏ ။

ယခုမှသာ သူ သဘောပေါက်ခဲ့သည် ။ အနှီချောင်ပိုင်ဖူ ဆိုသည့်လူကား စကားအတိုင်းလုပ်ရဲသည့် ၊ ဤကမ္ဘာပေါ်တွင် ရှားပါးသည့် သူရဲကောင်းတစ်ယောက်ပင် ဖြစ်ချေသည် ။

သို့သော်လည်း သူ့နောက်တွင် ရပ်နေသော အစောင့်ချူးက သူ၏ အတွေးကမ္ဘာကြီးကို ဖျက်ဆီးလိုက်သည် ။

" အရှင်မင်းကြီး..."

အစောင့်ချူးက...

" အရိုးစားလီမီးတောက်က တော်တော်လေး ဒုက္ခပေးတယ်.. ကျွန်တော်မျိုးလို အဆင့်၃ သိုင်းပညာရှင်တောင် ထိမိရင် ထိမိတဲ့ နေရာ ဖြတ်ပစ်ရမှာပဲ.. ခုချောင်ပိုင်ဖူက အတွင်းအား ကုန်တော့မယ်ဆိုတော့ အဆုံးသတ်ရောက်သွားပြီ.. သူ့ကိုကယ်ဖို့ သူ့လက်ကို ဖြတ်လိုက်ရမလား.. "

ချူးရှင်းသည် ဧကရာဇ်၏ ငါးပျံအစောင့်တပ်မှူးဖြစ်၍ ဧကရာဇ်၏ အမိန့်ကိုသာ နာခံတက်ပြီး အကြံပြုတက်ခြင်း မရှိ ။ ယခုမှသာ ရှားရှားပါးပါး အကြံပေးလိုက်ခြင်းဖြစ်သည် ။ ဤမီးလောင်နေသော ပုံရိပ်ကို သူ မကြည့်ရက်တော့ပေ ။

" မင်းလုပ်မှာလား.. "

ယုံဟဲ ဧကရာဇ်က သေချာစဥ်းစားနေသည် ။ ရင်ထဲမှ ခံစားချက်သည် ခံစားချက်သက်သက်သာ ဖြစ်သော်လည်း အစောင့်ချူးကိုယ်တိုင် ပါဝင်ပက်သက်လိုက်ပါက ပြဿနာတစ်ခု၏ အစပျိုးခြင်း ဖြစ်လေသည် ။ သူသည် ဧကရာဇ်တစ်ပါးဖြစ်သဖြင့် ခံစားချက်အတိုင်း ဆုံးဖြတ်ချက် မချနိုင် ။

တချိန်တည်းမှာပင် ချောင်မူသည် ဘုရားကျောင်း ဝင်ပေါက်သို့ ရောက်ရှိနေလေပြီ ။

သူ သွားရာလမ်းတစ်လျှောက် မည်သူမှ မတားဆီးရဲတော့ပေ ။ သူက ရွှမ်ထျန်းဘုရားကျောင်း၏ အတွင်းဘက်သို့ လှမ်းမျှော် ကြည့်လိုက်၏ ။

ယခုဖြစ်ပျက်နေသည်များကြောင့် ဘုရားကျောင်းအတွင်း လူသူကင်းရှင်းနေသည် ။ လှေကားထစ် အထပ်အထပ်ပေါ်ရှိ မြင့်မားစွာ တည်ဆောက်ထားသော ဘုရားကျောင်းခန်းမများအား အတိုင်းသား မြင်နေရ၏ ။

ခန်းမ၏ ဝင်ပေါက်တွင် ဧရာမ အမွှေးတိုင်အိုးကြီး ရှိနေပြီး အမွှေးတိုင် အများအပြား ထွန်းညှိထားသဖြင့် သင်းပျံသောမွှေးရနံ့နှင့် မြူခိုးများ ခပ်ပါးပါးဖုံးလွှမ်းနေ၏ ။

အမွှေးတိုင်မြူခိုး များကြောင့် ဘုရားကျောင်းထဲမှ အင်မော်တယ်ရုပ်ထုများအား ခပ်ဝါးဝါးသာ မြင်နေရသည် ။ ရုပ်ထုများအားလုံးကို ကျွမ်းကျင်သူများက ထုလုပ်ထားသဖြင့် အသက်ဝင်လှသည် ။

ကျတ်သရေအပေါင်းနှင့် ပြည့်စုံပြီး လောကအညစ်အကြေးများမှ ကင်းစင်နေဟန်ရ၏ ။ သူတို့က အောက်သို့ ငုံ့ကြည့်နေသော အနေအထားနှင့် သူတို့၏ မျက်နှာထက်တွင် ဂရုဏာတရားနှင့် မေတ္တာတရားတို့ကို သိသာစွာ မြင်နေရသည် ။ ရုပ်ထုများ၏ အကြည့်က သူ့ထံသို့ စိုက်ကြည့်နေသည်ဟုပင် ချောင်မူ ခံစားနေမိ၏ ။

ချောင်မူသည် အဆင့် ၆ သိုင်းပညာရှင်ဖြစ်သဖြင့် ရုပ်ထုမှ နာမည်များကို မြင်နေရသည် ။

အဓိက နေရာတွင် ရပ်နေသည့် အကြီးဆုံးရုပ်ထုမှာကား... ကြီးမြတ်သော သီလဂုဏ်နှင့် တန်ခိုးအာဏာ ပိုင်စိုးတော်မူသော အင်မော်တယ် ရွှမ်ထျန်း ။

ဝင်ပေါက်နှင့် အနီးဆုံးရှိ ရုပ်ထုမှာ အသေးငယ်ဆုံးဖြစ်ပြီး အင်မော်တယ်ချီယန် ဟု ရေးထွင်းထားသည် ။

အဝေးသို့ ငေးကြည့်နေသော ချောင်မူသည် ရုတ်တရက် နှလုံးတုန်သွား၏ ။ ရှင်းပြ၍ မရနိုင်သည့် အလိုလို သိစိတ်ကြောင့် ရွှမ်ထျန်းဂိုဏ်းအ​နောက်ဘက်ရှိ တောင်ပေါ်သို့ ကြည့်လိုက်မိသည် ။

Chapter 98

~

အခန်း ၉၈

~

ရွှမ်ထျန်း ဘုရားကျောင်း၏ အနောက်ဘက်ရှိ တောင်ပေါ်တွင်...

ရေတံခွန်ဘေးတွင်ထိုင်နေသော တာအိုကျင့်ကြံသူနှစ်ဦးသည် စစ်တုရင်ကို အေးအေးဆေးဆေးကစားနေကြဆဲဖြစ်ပြီး အစိမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော တာအိုကျင့်ကြံသူလူငယ်ကမူ ကစားပွဲကို ကြည့်နေသည် ။

ရုတ်တရက်...

ဘယ်ဘက်မှ တာအိုကျင့်ကြံသူက စစ်တုရင်တုံးကို ချပြီး တည်ကြည်စွာဖြင့်..

" မင်ယွဲ့ သေပြီ..သူ အရိုးစားလီမီးတောက် သုံးတာတောင် အဲ့သိုင်းပညာရှင် သတ်တာ ခံလိုက်ရတယ်.. "

ညာဘက်မှ တာအိုကျင့်ကြံသူက ခဏတာ မှင်သက်သွားပြီး ခေါင်းညိတ်ပြလိုက်၏ ။

" ဟုတ်လား.. သူက ငါထင်ထားတာထက် ပိုဆိုးနေတာပဲ.. သူ့ကြောင့် ငါတို့ ရွှမ်ထျန်းဂိုဏ်းရဲ့ ဂုဏ်သတင်း ထိခိုက်နိုင်တယ်.. "

" သူကျင့်ကြံတာ မကြာသေးလို့များလား .."

လွန်ခဲ့သော နှစ်လေးဆယ်က စစ်ပွဲအတွင်း ကျင့်ကြံသူများ၏ သာလွန်မှုကို သိုင်းပညာရှင်များအား ခံစားစေခဲ့သည် ။ ထို့ကြောင့် သူတို့၏ အမြင်အရ သိုင်းပညာရှင်များသည် သာမန်လူမျာယထက် အနည်းငယ်သာ ပိုအားကောင်းသူများဖြစ်ကြ၏ ။

သူတို့ အထင်သေးကြသော်လည်း ဝန်ခံရမည့်အရာတစ်ခုရှိသည် ။

အင်မော်တယ်လမ်းစဥ်သည် နှစ်ပေါင်းများစွာ ကျင့်ကြံရန် လိုအပ်ပြီး တစ်ခဏအတွင်း အောင်မြင်နိုင်သည့် အရာမဟုတ်ပေ ။

သိုင်းပညာလမ်းစဥ်သည် အသက်မရှည်သော်လည်း ကျင့်ကြံသူများထက် တိုးတက်မှု ပိုမိုမြန်ဆန်၏ ။

မင်ယွဲ့သည် ဆယ်နှစ်ကျော်ကြာအောင် ကျင့်ကြံခဲ့သော်လည်း သူတို့၏ အမြင်တွင်မူ စကျင့်ကြံကာစ လူတစ်ဦးသာဖြစ်သည် ။

သို့ရာတွင် ဆယ်နှစ်ကျော်ကြာအောင် လေ့ကျင့်ခဲ့သော သိုင်းပညာရှင်သည် မတူတော့ပေ ။ ချန်ချန်ကဲ့သို့ အပြင်သိုင်းပညာရှင်များသည် ဆယ်စုနှစ်တစ်ခုအတွင်း အထွတ်အထိပ်ထိ ရောက်ခဲ့သော်လည်း အသက် ၃၀ နောက်ပိုင်းတွင်မူ ခွန်အားကျဆင်းသွားလေသည် ။

ကျင့်ကြံသည့် လမ်းစဥ်သည် သိုင်းပညာလမ်းစဥ်ထက် အစပိုင်းတွင် အားနည်းပေသည် ။

" မင်ယွဲ့သေသွားပြီ..အဲ့သိုင်းပညာရှင်က ဘုရားကျောင်း ဝင်ပေါက်ကို ရောက်နေပြီ.. "

" ဘာဖြစ်လဲ.. ဒီနှစ် အစောင့်ကျတာက စီနီယာ ချီယန် မှတ်လား.. သူရှိတာပဲ .."

" အာ.. စီနီယာ ချီယန်က စိတ်ဝိညာဥ် ကျင့်ကြံဖို့ ဆိုပြီး ခရီးထွက်သွားတယ်ဟ.. ဒီသေမျိုးမြို့ ရဲ့ နယ်နမိတ်ထဲမှာ မရှိဘူးထင်တယ်.. "

" ဟာ..ဒီလူ လုပ်ချလိုက်ပြန်ပြီ.. ဒါဆို ဘုရားကျောင်းကို ကာကွယ်ဖို့က မင်းနဲ့ ငါ့ တာဝန် ဖြစ်သွားတာပေါ့.. ဘုရားကျောင်းက ဝတ်ပြုရာ နေရာဆို​တော့ တစ်ခုခုမှားရင် ငါတို့ခေါင်းပေါ် ပုံကျလာလိမ့်မယ်.. ငါတို့ တစ်ခုခုတော့ လုပ်မှ.. "

" မင်းပြောတာ မှန်တယ်.. ဒီစစ်တုရင်ပွဲကို အရင်ပြီးအောင် ကစားကြတာပေါ့.. "

တာအိုရောင်းရင်း နှစ်ဦးက အလျင်လိုဟန် မရှိဘဲ ကစားပွဲကို ဆက်လက်ကစားနေကြ၏ ။

ရုတ်တရက်...

သူတို့နှစ်ယောက်လုံး တောင်၏ အမြင့်ဆုံးသော တဲအိမ်ရှိရာနေရာသို့ လှည့်ကြည့်လိုက်ကြသည် ။

" သူတော်စင်မ သီးခြားကျင့်ကြံနေတာက ထွက်လာပြီလား ..သူ တစ်ခုခု ခံစားမိလို့များလား.. "

" သူက လမ်းတဝက်မှ ကျင့်ကြံတာဆိုတော့ အစစ်အမှန်ဂိုဏ်းတပည့်လောက် သန်မာချင်မှ သန်မာလိမ့်မယ် ..ဒါပေမဲ့ သူတော်စင်မဆို​တော့ အားတော့ အရမ်းနည်းမှာ မဟုတ်ဘူး ..ကြည့်ရတာ ငါတို့ ဝင်ပါစရာ မလိုတော့ဘူးထင်တယ်.. "

တာအိုရောင်းရင်းနှစ်ယောက်က မည်သည့်အရာကိုမှ ဂရုမစိုက်​တော့ဘဲ စစ်တုရင်ကိုသာ ဆက်ကစားကြတော့သည် ။

…….

တောင်ခြေရှိ ရွှမ်ထျန်း ဘုရားကျောင်းတွင်...

ချူးရှင်းက မီးလောင်နေသော ပုံရိပ်ကို အဝေးမှကြည့်ရင်း စိတ်မသက်မသာ ဖြစ်နေ၍ ထပ်ပြောလိုက်သည် ။

" အရှင်မင်းကြီး.. ဆုံးဖြတ်ချက်မြန်မြန် မချဘူးဆိုရင် အခွင့်အရေးက လက်လွှတ်ရတော့မယ်.. "

" ငါက ဧကရာဇ်လေ သာမန်လူမှ မဟုတ်တာ.. မလုပ်ခင်သေချာစဥ်းစားရမယ် အလျင်လိုလို့ မဖြစ်ဘူး.. "

ခဏအကြာတွင်...

" အရှင်မင်းကြီး..."

" ချောင်ပိုင်ဖူမှာ အသက်ရှင်ဖို့ နောက်ဆုံးဝှက်ဖဲ ရှိသေးတယ်လို့ မင်းထင်လား.. "

" ရှိသေးရင်တောင် အချိန်မမီတော့ဘူးဗျ.."

နောက်ထပ် ခဏအကြာတွင်...

" အရှင်မင်းကြီး..."

" ငါတို့ ယန်အင်ပါယာက အားနည်းပြီး အင်မော်တယ်ဂိတ်တွေက အင်အားကြီးလွန်းတယ် ..ခုကယ်လိုက်နိုင်ရင်တောင် နောက်တော့ရော.. "

ခဏကြာပြီးနောက်...

ယုံဟဲဧကရာဇ်၏ အကြည့်က အတွေးများ ရှုပ်ထွေးနေပြီး သက်ပြင်းဖျော့ဖျော့ သာ ချလိုက်တော့သည် ။

ချောင်ပိုင်ဖူသည် မငယ်တော့ပေ ။ မည်သည့်အတွက်ကြောင့် ဤမျှအထိ မစဥ်းစားဘဲ လုပ်ဆောင်နေပါသနည်း ။

သူသည်လည်း သက်လတ်ပိုင်းအရွယ်သို့ ရောက်နေလေပြီ ။ သို့သော်....

ယုံဟဲဧကရာဇ်သည် ငယ်ရွယ်စဥ်ကခါက နိုင်ငံအတွက် အသက်ကို စတေးမည့် ဝန်ကြီးများစွာ၏ အံ့မခန်းပုံရိပ်များကို မြင်ခဲ့ရဘူး၏ ။ ထိုစဥ်ကတည်းက တရားမျှတသော ပညာရှိ အုပ်ချုပ်သူတစ်ယောက်ဖြစ်လာရန် ရည်မှန်းချက်ကြီးကြီးမားမား ထားခဲ့သည် ။ သို့သော်လည်း သက်လတ်ပိုင်းသို့ ရောက်လာသည်အထိ ကျင့်ကြံသူများ၏ ဖိနှိပ်မှုကို ခံနေရ၍ ငယ်စဥ်က အိမ်မက်သည် ပျောက်ကွယ်လာခဲ့ပြီး အစီအစဥ်များအား ဂရုတစိုက်ချတက်သော ၊ အားသာချက်နှင့် အားနည်းချက်များကိုသာ ထည့်သွင်းစဥ်းစားတက်သူ တစ်ယောက်သာ ဖြစ်လာခဲ့တော့သည် ။

" ဒါဆိုလည်း လုပ်လိုက်တော့.. "

ယုံဟဲဧကရာဇ်က သက်ပြင်းချပြီး အမိန့်ပေးလိုက်သည် ။ ယခုအခါတွင်မတော့ သူ၏ တွက်ချက်သည့် စိတ်ကို ဘေးဖယ်ထားလိုက်လေပြီ ။

ချူးရှင်းက ဓားပျံတစ်ချောင်း ထုတ်ယူလိုက်ပြီး ပစ်လွှတ်လိုက်၏ ။

" ဝှစ်..ဝှစ်.."

မျက်စိတစ်မှိတ် အတွင်းမှာပင် ချောင်မူ၏ မီးလောင်နေသော ညာဘက်လက်သည် အရင်းမှ ပြတ်ကျသွားလေသည် ။

ချူးရှင်းက အသက်ပြင်းပြင်း ရှူလိုက်ကာ အတွင်းအားထုတ်လိုက်ပြီး ကိုယ်ဖော့သိုင်းဖြင့် ချောင်ပိုင်ဖူအား ကယ်ထုတ်ရန် ပြင်လိုက်သော်လည်း မလှုပ်ရှားဖြစ်တော့ ။

ဘုရားကျောင်း၏ အပေါ် တွင် ဓားတစ်ချောင်းကို စီးပြီး ပျံနေသည့် မိန်းမပျိုတစ်ဦး ၏ ပုံရိပ်သည် ရုတ်တရက် ပေါ်ထွက်လာသည် ။

ထို မိန်းမပျိုသည် မြင့်မားသော အရပ် ၊ ကျော့ရှင်းသော ခန္ဓာကိုယ် ၊ နူးညံ့ချောမွတ်သော အသားအရေနှင့် ထူးကဲသော စိတ်နေစိတ်ထား ပိုင်ဆိုင်ထား၏ ။ တချိန်တည်းမှာပင် သိုင်းပညာရှင်တစ်ဦး၏ အရှိန်အဝါအား ထုတ်လွှတ်နေသည် ။

ချူးရှင်း မလှုပ်ရှားတော့ ။ သူ့တွင် အခွင့်အရေး မရှိတော့မှန်း သိလိုက်သည် ။

ဝူချင်းရှင်းသည် အင်မော်တယ်ဂိတ်သို့ မဝင်ရောက်မီကပင် အဆင့် ၄ သိုင်းပညာရှင် ဖြစ်နေပြီး ဖြစ်၏ ။ ယခု သူမ၏ ကျင့်ကြံမှု အဆင့်ကို မသိသော်လည်း သူ ရင်ဆိုင်နိုင်သည့်သူ မဟုတ်တော့ချေ ။ အခွင့်အရေးဆိုသည်က တစ်ခါသာ လာတက်ချေသည် ။ တွန့်ဆုတ်မိပါက မည်သို့မှ တက်နိုင်တော့မည်မဟုတ် ။

ချူးရှင်းက ယုံဟဲဧကရာဇ်ကို မော့ကြည့်လိုက်လျှင် အတွေးထဲနစ်မြောနေသည်ကို တွေ့လိုက်ရသည် ။

……………………

ချောင်မူသည် မူးဝေနေသဖြင့် သူ့လက်မောင်းအား မည်သည့်အရာက ဖြတ်သွားမှန်းပင် မသိလိုက်ပေ ။

သူ့ခန္ဓာကိုယ်မှ ပြုတ်ကျသွားသော ညာလက်သည် ချက်ချင်းမီးလောင်ကျွမ်းသွား​ပြီး ပြာဖြစ်သွား၏ ။

သူ၏ နှလုံးသားထဲတွင် ဆန်းကြယ်သော ခံစားချက် ပေါ်လာပြန်သဖြင့် အသစ်ပေါ်လာသူအား မော့ကြည့်လိုက်သည် ။

' သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းက ဝူကျိအသင်းဝင်တွေကိုပဲ ခံစားမိသင့်တာလေ.. ဘာလို့ အင်မော်တယ်တစ်ယောက်အပေါ်မှာ ဒီခံစားချက် ရနေတာလဲ ..'

ချောင်မူ တွေးနေသည် ။

သူတော်စင်မ ဝူချင်းရှင်းသည် အကြည့်ဖြင့် ပတ်ပတ်လည်ကို သေချာစစ်ဆေးပြီး သူမ၏ ဝိညာဥ်သားရဲ အလောင်းပေါ်တွင် ခဏတန့်သွား၏ ။ ထို့နောက် သူမ၏ အကြည့်က ချောင်မူထံသို့ ရောက်ရှိသွားပြီး အေးစက်၍ ဝေးကွာနေသော လေသံဖြင့်..

" နင်ဘယ်သူလဲ.. "

သူမသည် ဝူကျိအသင်းဝင်တစ်ယောက် ရောက်လာသည်ကို ခံစားမိ၍ အပြေးလာခဲ့သော်လည်း လက်တစ်ဖက်ပြတ်၍ သေအံဆဲဆဲ ဖြစ်နေသည့် အဆင့် ၆ သိုင်းပညာရှင်ကိုသာ မြင်ရမည်ဟု မမျှော်လင့်ခဲ့ချေ ။

ချောင်မူက...

" ငါလား.. ဖြောင့်မတ်ခြင်းနဲ့ တရားမျှတမှုကို ရှာဖွေနေတဲ့လူတစ်ယောက်လေ .."

သူ မသေဆုံးခင် ဤကျင့်ကြံသူ၏ နောက်ခံကို အစ်အောက်ကြည့်လိုသော်လည်း ဝူချင်းရှင်းက သူထင်ထားသလို မလုပ်ခဲ့ပေ ။

" ဖြောင့်မတ်ခြင်းနဲ့ တရားမျှတမှုကို ရှာနေတဲ့လူလား.. ဟာသပဲ .."

ဝူချင်းရှင်းက ဂရုမစိုက်ဟန်ဖြင့်...

" အင်မော်တယ်ဂိတ်ရဲ့ လုပ်ရပ်က မှားနေရင်တောင် မှားပုံမှားနည်းမှန်တယ် .."

သူမက ထိုသို့ ပြောပြီးသည်နှင့် ချောင်မူအား တစ်ချက်သာ စိုက်ကြည့်လိုက်၏ ။ သူမ လက်လှုပ်ရမည်ကိုပင် ပျင်းရိနေလေသည် ။

ချောင်မူ၏ ညာလက် ပြတ်နေသော နေရာမှ လီမီး​တေက် ပြန်လည် ပေါ်ထွက်လာ​ပြီး တစ်ကိုယ်လုံးကို လျင်မြန်စွာ ပြန့်နှံ့သွားသည် ။

ချောင်မူသည် မီးလောင်ကျွမ်းနေသော်လည်း ချက်ချင်းမသေ ။ သူ အတွင်းအားဖြင့် ခုခံနေခြင်းမဟုတ်ဘဲ ဝူချင်းရှင်းက နာကျင်မှုကို ခံစားစေလို၍ ချက်ချင်းမသတ်ခြင်းပင် ။

' ငါ့ကို နှိပ်စက်ချင်တာလား.. '

တောက်လောင်နေသော မီးလျံအတွင်း ချောင်မူ၏ နှုတ်ခမ်းတစ်ဖက်က တွန့်ကွေးကာ ပြုံးလိုက်သည် ။ သူ့ဘဝ၏ နောက်ဆုံးအကြိမ်အဖြစ် ရွှမ်ထျန်းဘုရားကျောင်းနှင့် အင်မော်တယ်ကို ကျောပေးကာ လူအုပ်ကြီးဘက်သို့ လှည့်လိုက်သည် ။

လူအုပ်ကြီးထဲမှ အချို့သည် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို မြင်သဖြင့် အကျိုးအကြောင်းမသိဘဲ စပ်စုရန် လာခဲ့ကြ၏ ။

အချို့မှာ အစအဆုံး သိကြသော်လည်း အင်မော်တယ်များဘက်မှ ထောက်ခံကြသည် ။

အချို့လူတွေက သနားကြင်နာစွာ ဝမ်းနည်းမှုဖြင့် စုတ်သပ်နေ၏ ။ တချို့ လူတွေက မျက်မှောင်ကြုတ်နေကြသည် ။ တချို့လူတွေက ဒေါသတကြီး သူ့ကို ကြည့်နေကြ၏ ။

" ဒီနေ့က ၁၅ ရက်နေ့ဆိုတော့ အမွှေးနံ့သာတွေကို မီးရှို့ပြီး နတ်ဘုရားတွေကို ပူဇော်သင့်တယ် .."

မီလောင်နေသဖြင့် ချောင်မူ၏ အသံက အက်ကွဲကွဲဖြစ်နေသည် ။

" မင်းတို့အားလုံး ကိုးကွယ်နေတယ့် နတ်ဘုရားက ဘယ်လိုမျိုးလဲ ဆိုတာကို​ သေချာကြည့်ထားကြ .."

" မင်းတို့အားလုံး သေချာ အနံ့ခံကြည့်ကြ.. ငါရဲ့ သာမန်လူသား အနံ့လေးက ဘယ်လောက်တောင် မွှေးလဲဆိုတာ.. "

လူအုပ်ကြီး၏ ရှေ့ ၊ ရွှမ်ထျန်းဘုရားကျောင်း၏ အဝင်ဝတွင် မီးပြင်းထန်စွာ လောင်ကျွမ်းနေသော သူ၏ ခန္ဓာကိုယ်သည် လဲကျသွား​ပြီး လောင်ကျွမ်းနေသော မီးများမှာ ပို၍ ပြင်းထန်လာ၏ ။

ချောင်ပိုင်ဖူ.... အသက် ၄၄ နှစ်တွင် ကွယ်လွန်သွားခဲ့သည် ။

All Chapters