← Chapters

သူက ကလေးပဲ ရှိပါသေးတယ်

Vol. 10 Ch. 937

သူက ကလေးပဲ ရှိပါသေးတယ်

Vol. 10 Ch. 937

နတ်မီးလျှံစမ်းသပ်ပွဲကို သဲကန္တာရ၊ နွံအိုင်၊ လွင်ပြင်နှင့် တောအုပ်ဟူ၍ နယ်မြေလေးခု ပိုင်းခြားထားပြီး နယ်မြေတစ်ခုချင်းစီတွင် မမြင်နိုင်သော အန္တရာယ်မျိုးစုံဖြင့် ပြည့်နှက်နေသည်။ မြစ်ဝဂိုဏ်းကြီးလေးဂိုဏ်းမှ လူအရေအတွက် မည်မျှအသက်ရှင်ကျန်သေးသည်ကိုမူ မည်သူမှ မသိကြပေ။

ဤနတ်မီးလျှံစမ်းသပ်ပွဲကို ဝင်ရောက်ရန် မည်သည့်အတွက်ကြောင့် ယင်ယန်ဝိညာဥ်အဆင့်သို့ ရောက်ရှိရန် လိုအပ်ကြောင်း ပိုင်ရှောင်ချန်း သိလာသည်။ ထိုအဆင့်အောက်ရှိ မည်သူမဆို လှည့်ပတ်သွားလာနိုင်လိမ့်မည် မဟုတ်ချေ။

ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများပင် အချိန်မရွေး သေစေနိုင်သည့် ဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။

ဥပမာဆိုရလျှင် စွန်းဝူသည် ယင်ယန်ဝိညာဥ်အဆင့်၏ မဟာစက်ဝန်းမှာရှိသည့်အပြင် ထိပ်တန်းလက်ရွေးစင်တစ်ယောက်အဖြစ်လည်း သတ်မှတ်နိုင်ပေသည်။ သူ၏ ဂိုဏ်းတွင် သူ့ကို နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်ခြေများသော ဂိုဏ်းသားအဖြစ်မြင်ကြသည့်တိုင် သူသည် ထိုမြေခွေးများ လက်ဝယ် သေမင်းခံတွင်းဝထဲ ကျရောက်လုနီးပါးဖြစ်ခဲ့သည်။

နတ်မီးလျှံစမ်းသပ်ပွဲမည်မျှ အန္တရာယ်များကြောင်း စဥ်းစားကြည့်ကာ ပိုင်ရှောင်ချန်းသည် စွန်းဝူက စုန့်ချွဲနာမည်ပြောသည်ကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ရင်မောသွားတော့သည်။ စုန့်ချွဲသည် ပိုင်ရှောင်ချန်းနှင့်ပတ်သက်လျှင် အမြဲသည်းမခံတတ်ဘဲ သူ့ကို သဘောမကျဖြစ်တတ်ပါသော်လည်း အမှန်ဆိုရလျှင် သူ၏တူလေးသာ ဖြစ်သည် မဟုတ်ပါလော။ ယခုတွင် ပိုင်ရှောင်ချန်းက စုန့်ကျင်းဝမ်နှင့်နောက်တစ်ဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ရာ ပို၍ပင် အရေးကြီးနေသည်။

အခြေအနေများက ကြောက်စရာမကောင်းလျှင် ပိုင်ရှောင်ချန်းအနေဖြင့် သူ့ကို စနောက်ကောင်း စနောက်နိုင်ဦးမည်။ သို့သော် ဤနေရာမှာ အလွန်အန္တရာယ်များလွန်း၏။ ထို့ကြောင့် သူက စွန်းဝူကို စုန့်ချွဲအားမြင်ခဲ့သည့်နေရာဆီ ပို့ပေးရန် ချက်ချင်းတောင်းဆိုလိုက်သည်။

စွန်းဝူမှာ ပိုင်ရှောင်ချန်းအား မည်သည့်နည်းနှင့်မှ မလိမ်ဝံ့ပေ။ သူက ပိုင်ရှောင်ချန်းကို အသေးစိတ်အကြောင်းအရာအားလုံး ချက်ချင်းပြောပြလိုက်ပြီးနောက် ပိုင်ရှောင်ချန်းသည် ထိုနေရာထံ တဟုန်ထိုးထွက်သွားတော့သည်။ စွန်းဝူနှင့် ဖက်တီးကျန်းကြီးတို့က စိုးရိမ်တကြီးလိုက်သွားကြ၏။

သူတို့သုံးယောက်သည် စူးရှတောက်ပသောအလင်းတန်းများအသွင်ဖြင့် လေဟုန်ခွင်း၍ နွံအိုင်ထံ တဟုန်ထိုးဦးတည်နေကြသည်။

ပိုင်ရှောင်ချန်းမှာ အလွန်စိုးရိမ်နေ၍ လျင်မြန်စွာသွားနေရာ စွန်းဝူနှင့် ဖက်တီးကျန်းကြီးကား နောက်တွင်ကျန်ရစ်ခဲ့သည်။ နေ့ဝက်နီးပါးကုန်သွားပြီးနောက် သူသည် စုန့်ချွဲပိတ်မိနေသည့်နေရာနှင့် နီးကပ်နေပြီဖြစ်သည်။

သူ၏ အရှိန်အဝါအခိုးအငွေ့များ ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားစဥ် သူက အခြေအနေအား လေ့လာဆန်းစစ်ရန် နတ်ဘုရားအာရုံအနည်းငယ် ပို့လွှတ်လိုက်သည်။ ထို့နောက် သူက စိတ်သက်သာရာရကာ သက်ပြင်းချလိုက်လေသည်။

" ချွဲအာက တကယ့်ကံကောင်းတဲ့ ကလေးပဲ "

သူက မေးကို မော့၍ စုန့်ချွဲမည်မျှကံကောင်းကြောင်းတွေးလိုက်သည်။ သူ ဒုက္ခရောက်သည့်အခါတိုင်း ပိုင်ရှောင်ချန်းက သူ့ကို ကယ်ရန် အမြဲရောက်လာသည် မဟုတ်ပါလော။

ယခုအချိန်တွင် စုန့်ချွဲသည် ခရမ်းရောင်ရေအိုင်ထဲတွင် ရှိနေပြီး မရေမတွက်နိုင်သော မျက်လုံးများက သူ့ကို ဝန်းရံထားသည်။ ထိုမျက်လုံးတစ်လုံးချင်းစီက မီတာရာပေါင်းများစွာ ကြီးမားသည်။

အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ ထိုမျက်လုံးများစွာထဲတွင် ပိတ်လှောင်ခံထားရသည့် တခြားကျင့်ကြံသူများလည်း ရှိနေသည်။

မြစ်လက်တက်လေးသွယ်လုံးမှ အမျိုးသားနှင့် အမျိုးသမီးများရှိကြပြီး အနည်းစုသည် တပိုင်းတစ ပုပ်သိုးနေကြကာ အများစုကား အရိုးစုများဖြစ်နေလေပြီ။

သူတို့ထဲက နှစ်ယောက်သည် အသက်ကိုမနည်းရှူရှိုက်နေရပြီး ထိုနှစ်ယောက်အနက် တစ်ယောက်သည်ကား စုန့်ချွဲပင် ဖြစ်ပေသည်။

အနက်ရောင်မီးခိုးနွယ်များက မြွေများအလား ရစ်ပတ်ထားကာ သူတို့ကို စုပ်ယူနေသည်။ ကံကောင်းထောက်မစွာ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက သူ့ကို အသက်ဆက်ရှင်နေစေသည့် မျိုးနွယ်စုမှ အမွေအနှစ်ရတနာတစ်ပါးအား ပေးခဲ့သည်။ ၄င်းသာမရှိလျှင် သူသည် အချိန်အတော်ကြာကတည်းက သေဆုံးပြီးဖြစ်ပေမည်။

အမွေအနှစ်ရတနာသည် ခြုံထည်တစ်ခုဖြစ်ပြီး ၄င်း၏ အလင်းရောင်က အနက်ရောင်မီးခိုးများ သူ့ကိုယ်တွင်း မဝင်ရောက်စေရန် ဟန့်တားပေးသည်။

၄င်းက သိသာထင်ရှားစွာပင် ထူးခြားဆန်းကြယ်ကာ အစွမ်းထက်သော ပစ္စည်းဖြစ်သည့်တိုင် အချိန်ကြာလာသည်နှင့်အမျှ စုတ်ပြတ်လာပြီး ၄င်းထုတ်လွှတ်နေသော အလင်းက မှေးမှိန်လာတော့သည်။

အမှန်တွင် စုန့်ချွဲ၏ ကျင့်ကြံခြင်းအခြေခံအဆင့်အရ ထိုခြုံထည်ပင်လျှင် သူ့ကို ဤမျှကြာကြာ တောင့်ခံစေနိုင်မည် မဟုတ်ပေ။ သို့သော် အကြောင်းအရင်း မယ်မယ်ရရ မရှိပါဘဲ လွန်ခဲ့သောရက်အနည်းငယ်လေးမှ မျက်လုံးများသည် အသက်ကြီးရင့်လာသည့်အလား ရုတ်တရက် ပို၍အားနည်းလာသည်။

ထို့ကြောင့် စုန့်ချွဲမှာ မျှော်လင့်ချက်များ ရှင်သန်လာပြီး ခြုံထည်၏စွမ်းအားကို သုံး၍ အတန်ငယ်ကြာကြာ တောင့်ခံလာခဲ့သည်။

သို့သော် သူ့ကို ကယ်ရန် တစ်စုံတစ်ယောက် မလာသေးသရွေ့ ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ပေ။ သို့ဖြစ်၍ နောက်ဆုံးတွင် သူ သေခြင်းတရားဖြင့်သာ ကြုံတွေ့သွားရလိမ့်မည်။

" ငါ စုန့်ချွဲ၊ ဒီနတ်မီးလျှံစမ်းသပ်ပွဲမှာ တကယ်သေတော့မှာလို့ မပြောစမ်းနဲ့"

သူက ခါးခါးသီးသီးတွေးလိုက်သည်။ သူ၏အရိုးအဆစ်များသည် တောင့်တင်းလာပြီဖြစ်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံ ပျောက်ကွယ်စပြုလာလေပြီ။

" ငါအလျှော့မပေးနိုင်ဘူး။ အခုထက်ထိ ဟိုခွေးကောင် ပိုင်ရှောင်ချန်းကို အနိုင်မယူရသေးဘူး။ ငါ့ခြေထောက်အောက်မှာ သူ့ကို မနင်းခြေရသေးဘူး။ ကလဲ့စားလဲ မချေရသေးဘူး။ ငါ မြေရိုင်းဒေသမှာ ခက်ခဲ ကြမ်းတမ်းတဲ့ နှစ်တစ်နှစ်ပြီးတစ်နှစ် ရှင်သန်ခဲ့ရတာ။ ဒီမလောက်လေးမလောက်စားနတ်မီးလျှံစမ်းသပ်ပွဲက ငါ့ကို သေစေနိုင်မယ်ဆိုတာ မယုံနိုင်ဘူး “

" ငါ စုန့်ချွဲက ကံကောင်းတတ်တဲ့ လူတစ်ယောက်ပဲ။ ငါ့ဘဝမှာ အန္တရာယ်ဘယ်လောက်ကြုံကြုံ အမြဲတမ်းထိပ်ဆုံးတက်နိုင်တယ်။ ချီစုစည်းမှုအဆင့်ကနေ ယင်ယန်ဝိညာဥ်အဆင့်အထိ အမြဲဒီလိုပဲ။ ငါ ဒီမှာ သေမှာမဟုတ်ဘူး "

သူက ဟိန်းဟောက်၍ မျက်နှာပြာနှမ်းလာသည်အထိ လွတ်မြောက်ရန် ရုန်းကန်လိုက်သည်။ ထိုအချိန်တွင် ရုတ်တရက် ပတ်ပတ်လည်ရှိ မျက်လုံးများ တုန်ရီလာသည်ကို သူသတိထားမိလိုက်သည်။

ကျင့်ကြံသူများကို ငုံထားခြင်းမရှိသည့် မျက်လုံးကြီးများမှာ ထိတ်လန့်တုန်ရီသွားကြပြီးနောက် နွံအိုင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။

ခရမ်းရောင်ရေအိုင်သည် တစ်ခါက မရေမတွက်နိုင်လောက်သည်အထိ မျက်လုံးပေါင်းများစွာ ရှိခဲ့သည်။ သို့သော် ယခုတွင် ၉၉ရာခိုင်နှုန်းကား ပျောက်သွားလေပြီ။ ကျန်ခဲ့သည့် ဒါဇင်အနည်းငယ်မှာ ၎င်းတို့အတွင်းရှိ အလောင်းများနှင့်ကျင့်ကြံသူများအား ကပျာကယာ ထွေးထုတ်လိုက်ပြီးနောက် ထွက်ပြေးသွားတော့သည်။

စုန့်ချွဲကို ချုပ်ထားသည့် မျက်လုံးကြီးမှာ တုံ့ဆိုင်းနေဟန်တူသည်။ သို့သော် တခဏကြာသော် စုန့်ချွဲသည် သူ့အား စွမ်းအားကြီးသော အားတစ်ခု ဖိညစ်လာသည်ကို ခံစားလိုက်ရပြီး အပြင်ဘက်သို့ပစ်ပေါက်ခံလိုက်ရတော့သည်။ တခဏလေးအတွင်း သူ့ကို ရက်ပေါင်းများစွာချုပ်ထားခဲ့သည့် မျက်လုံးကြီးသည် ရေအိုင်အတွင်း ပျောက်ကွယ်သွားလေပြီ။

စုန့််ချွဲမှာ ကြောင်တောင်တောင်မျက်နှာထားဖြင့် ဘေးဘီဝဲယာကို ဇဝေဇဝါကြည့်၍ ရပ်နေလေသည်။ အရာအားလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားသည့်အတွက် သူ မည်သို့တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။

လွန်ခဲ့သော အခိုက်အတန့်က ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်လောက်အောင် ရက်စက်သောမျက်လုံးများဖြင့် ပြည့်နှက်နေခဲ့သော်လည်း ယခုတွင် တစ်လုံးတလေပင် မမြင်ရတော့ပေ။ မကြာသေးသော နေ့ရက်များက အဖြစ်အပျက်များမှာ အိပ်မက်တစ်ခုအလားပင်။

" ဒီ ....ဒီ မျက်လုံးတွေက အချိန်တစ်ခုအထိပဲ တည်ရှိပြီးတော့ ပျောက်သွားတာများလား "

သူ၏ ထင်မြင်ချက်မှန်ကန်ကြောင်း မသေချာသော်လည်း သူသည် သေမင်းလက်မှ လွတ်မြောက်လာရသည့်အတွက် ပျော်ရွှင်မှုများဖြင့် ရင်ခုန်နေတော့သည်။ သူက စိတ်လှုပ်ရှားနေလျက် ဘေးပတ်ဝန်းကျင်ကို လေ့လာလိုက်သောအခါ ရုတ်တရက် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး မျက်လုံးများပြူးကျယ်သွားလေသည်။

သူ့ကိုယ်ထဲက စိတ်စွမ်းအားအများစု ကုန်ခမ်းသွားခဲ့ပါသော်လည်း သူသည် သဲသဲကွဲကွဲမြင်ရန် လုံလောက်သည်အထိ သူ၏မျက်လုံးများအပေါ် အားစိုက်နိုင်လိုက်သေးသည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ အသံက သူ့နားထဲရောက်လာတော့သည်။

" ဟေး ချွဲအာ "

စုန့်ချွဲ၏ အမူအရာ မည်းမှောင်သွား၏။ ထို့နောက် သူက ပိုင်ရှောင်ချန်းနောက်မှ လူနှစ်ယောက်လိုက်ပါလာသည်ကို မြင်လိုက်ရသည်။ တစ်ယောက်က ဖက်တီးကျန်းကြီးဖြစ်ပြီး တစ်ယောက်က သူ အကူအညီတောင်းခဲ့သော စွန်းဝူဖြစ်သည်။

ဤအချိန်တွင် မျက်လုံးများ မည်သည့်အတွက်ကြောင့်ပျောက်ကွယ်သွားရသည်ကို သူ သဘောမပေါက်လျှင် အရူးလုံးလုံးဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူက ပျံထွက်ရန် လှည့်လိုက်သည်။

ပိုင်ရှောင်ချန်းက စုန့်ချွဲပျံထွက်သွားသည်ကို မြင်သောအခါ လုံးဝမပျော်တော့ပေ။

" မင်း ဘာလို့ ဒီလောက်တောင် ရိုင်းတာလဲ ချွဲအာ။ မင်း ငါ့ကို နှုတ်တောင်မဆက်တာ ငါဖြင့် မယုံနိုင်ဘူး"

ထို့နောက် သူက ဖမ်းဆုပ်သည့်လက်ဟန်တစ်ခုပြုလုပ်လိုက်ရာ မမြင်ရသောအားတစ်ခုဖြင့် သူ့ဆီ ဆွဲခေါ်ခံလိုက်သဖြင့် စု့န်ချွဲ၏အမူအရာ ပို၍ပင် တင်းမာခက်ထန်သွားတော့သည်။

ပိုင်ရှောင်ချန်းကို မြင်လိုက်သည်နှင့် စုန့်ချွဲမှာ စိတ်မနှံ့သော တိရစ္ဆာန်တစ်ကောင်ကို မြင်လိုက်ရသည့်အလား ပြုမူလိုက်သည်။ ထိုသည်က ပိုင်ရှောင်ချန်း၏ ကျေနပ်မှုကိုတိုးသွားစေပြီး အခြားသူများ ရှိသည်ကို ထည့်တွက်လျှင် မျက်နှာပျက်စရာကြီးလည်း ဖြစ်နေသည်။

" ချွဲအာ၊ ငါက ဝါရင့်ဂိုဏ်းဝင်အကြီးအကဲတစ်ယောက်။ ပြီးတော့ မင်းရဲ့ဦးလေးဆိုလည်း ဟုတ်တယ်။ မင်းသိလား၊ ငါလုပ်ချင်ရင် မင်းရဲ့အပြုအမူတွေကို ဝေဖန်ပိုင်ခွင့် ငါ့မှာရှိတယ်ကွ "

စုန့်ချွဲမှာ အလွန်ဒေါသလည်းထွက်၊ စိတ်ဓာတ်လည်းကျသွားတော့သည်။ တကယ်တမ်းဆိုရလျှင် သူ့အတွက် ထိုရက်စက်သောမျက်လုံးကြီးများ၏ အဖမ်းခံရခြင်းက ပိုင်ရှောင်ချန်း၏ပိတ်ပင်ခံရသည်ထက်ပို၍ ကောင်းသေးသည်။ ထိုမျက်လုံးများက ရုပ်ပိုင်းဆိုင်ရာ နာကျင်စေနိုင်သော်လည်း ပိုင်ရှောင်ချန်းက စိတ်ဆင်းရဲအောင်လုပ်နိုင်သည် မဟုတ်ပါလော။

သို့သော်လည်း စုန့်ချွဲသည် ဘာမှမပြောပေ။ အမှန်တွင် သူ မည်သို့ပြောရမည်ကို မသိပေ။ သူ၏ထွက်ခွာရန်လှည့်လိုက်သည့် အပြုအမူက အမှန်တကယ်တွင် အလိုအလျောက်ဖြစ်သွားခြင်းပင်။ သူက ၄င်းအား အတွေးများစွာ ထည့်မထားခဲ့ပေ။

ပိုင်ရှောင်ချန်း မကျေမနပ်ဖြစ်သွားကြောင်း သူ သိလိုက်သောကြောင့် သူ့ကိုယ်သူအားတင်းပြီး ရှင်းပြရန် ပြင်လိုက်သည်။ ထိုအချိန်တွင် ဖက်တီးကျန်းကြီးနှင့် စွန်းဝူရောက်လာ၏။ စွန်းဝူက အနေရခက်နေသော အခြေအနေကို သတိမထားမိသော်လည်း ဖက်တီးကျန်းကြီးသည် စုန့်ချွဲအကြောင်း အတော်အသင့်ကောင်းကောင်းသိသဖြင့် မည်သည်သို့ဖြစ်ပျက်နေသည်ကို ခန့်မှန်းနိုင်သည်။ သူက ပိုင်ရှောင်ချန်း၏စကား တပိုင်းတစကိုလည်း ကြားလိုက်ရသည်။ ထို့ကြောင့် သူ၏မျက်လုံးများ လက်သွားပြီး သူက ရှေ့သို့ခုန်ပျံသွားလိုက်သည်။

" ရှောင်ချန်း၊ ချွဲအာက ကလေးပဲရှိပါသေးတယ်။ သူက အမြဲသားတစ်ယောက်လိုပဲလေကွာ။ အခုဖြစ်တာကလဲ နားလည်မှုလွဲတာပဲ ဖြစ်လောက်မှာပါ။ ချွဲအာ၊ မင်း ဦးလေးဖက်တီးပြောတာ နားထောင်ဖို့လိုတယ်။ မင်း အခုလိုလုပ်လိုက်တာက မှားတယ်။ မင်းဦးလေးက ဒီကို မင်းကိုကယ်ဖို့ လာတာကိုတောင် မင်းက နှုတ်တောင်မဆက်ဘူးလား။ ကြည့်။ မင်းက လိမ္မာတဲ့ကလေးဆိုတာ ဦးလေးသိပါတယ်။ လာ လာ၊ မင်းဦးလေးကို အရိုအသေပေးဦး။ ကဲလေ မင်းဦးလေးရဲ့ မိတ်ဆွေရင်းချာတွေကလဲ ဝါရင့်ဂိုဏ်းဝင်တွေပဲ မဟုတ်လား "

ဖက်တီးကျန်းကြီး၏ မျက်လုံးထဲမှ အကြည့်အရ နောက်ဖြစ်မည့်အရာကို သူ မည်မျှမျှော်လင့်နေကြောင်း ထင်ရှားပေသည်။

စုန့်ချွဲသည် ဖက်တီးကျန်းကြီးကို စိန်းစိန်းဝါးဝါးကြည့်ကာ တင်းမာသထက် တင်းမာလာ၏။ သူက သွေးပြောင်းပြန်စီးဆင်းနေသည့်အလား ခံစားလိုက်ရသည်။ ပိုင်ရှောင်ချန်းက သူ့ကို အခွင့်အရေးယူသည်က အကြောင်းတစ်ခုဖြစ်သော်လည်း ဖက်တီးကျန်းကြီးသည်လည်း ထိုနည်းတူ သူ့ကို တွန်းအားပေးနေရာ သူ ခေါင်းပေါက်ထွက်တော့မတတ် ခံစားလိုက်ရတော့သည်။

ထို့နောက် သူက ပိုင်ရှောင်ချန်း၏ မိတ်ဆွေများအားလုံးကို ဦးလေးနှင့် အဒေါ် ဟူ၍ ခေါ်ရနိုင်ခြေအား တွေးမိလိုက်ပြီး ခေါင်းတစ်ခုလုံး ချာချာလည်လာတော့သည်။

" ဖက်တီးကျန်းကြီး "

All Chapters