← Chapters

အခန်း (၁-၃)

Vol. 1 Ch. 1-3

အခန်း (၁-၃)

Vol. 1 Ch. 1-3

.B.W.G - လုံချန်

ဘာာသာပြန်သူ - ညီညီစိုး

:

အပိုင်း ၁ – နဂါးပုံသဏ္ဍာန် ကျောက်စိမ်းဆွဲသီး

ကျော်ကြားခြင်းမြို့တော် ။ မြကျောက်စိမ်းအိမ်တော် ။

ဒုတိယအထပ်ရှိ အခန်းတစ်ခုထဲ၌ ကလူညုတုတုမိန်းကလေးနှစ်ယောက်ဟာ ယန်ချန်း၏ပေါင်ပေါ်မှာ ထိုင်နေလေသည်။ ဒီအချိန်မှာပဲ ယန်ချန်က သဘောကျစွာရယ်မောရင်း ငွေစက္ကူအနည်းငယ်ကို ထုတ်ယူ၍ စားပွဲပေါ်တင်ထားလိုက်သည်။

ငွေစက္ကူများကို မြင်လိုက်သည်နှင့် မိန်းကလေးနှစ်ယောက်စလုံး မျက်လုံးတွေ အရောင်လက်လာသည်။ ထို့နောက်မှာတော့ သူတို့ရဲ့ ပျော့တွဲတွဲတောင်ကုန်းငယ်များဖြင့် ယန်ချန်း၏လက်မောင်းကို ပွတ်သပ်ကြသည်။ နှစ်ယောက်စလုံးက အရောင်လက်နေသော အကြည့်များဖြင့် ယန်ချန်ကို ကြည့်ကာ “ဆရာကြီး ယန်၊ ရှင်က သိပ်ပြီးရက်ရောတာပဲ…”

ဤအချိန်မှာပဲ အခန်းတံခါးက ရုတ်တရက် ပွင့်သွား၏။ အစေခံတစ်ဦးက လူငယ်ရဲ့နံဘေးသို့ ရုတ်တရက်ပြေးလာလေသည်။ ပြေးလာရင်း သူ့နဖူးမှစီးကျနေသည့် ချွေးများကို ကပျာကယာသုတ်ရင်း လူငယ်၏နားကို ခေါင်းငုံ့လာကာ "သခင်လေး ချန်၊ တတိယအဒေါ်ရဲ့ ခင်ပွန်း ဆုံးသွားပြီ” ဟု မတိုးမကျယ်အသံနဲ့ ပြောလိုက်ပါသည်။

အစေခံ၏အမည်က ရှောင်ဟွမ်ဖြစ်ကာ ယန်ချန်၏ အယုံကြည်ရဆုံး လက်ထောက်တစ်ဦးပင်။ သူဟာ နှစ်ပေါင်းများစွာကတည်းက ယန်ချန်နောက်သို့လိုက်နေခဲ့သူပါ။

ထိုသတင်းအား ကြားလိုက်ချိန်မှာတော့ ယန်ချန်၏မျက်နှာက ရုတ်တရက် ပြောင်းလဲသွားလေသည်။ သို့သော် ခဏအကြာမှာပဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ထို့နောက် မတ်တပါထရပ်ကာ အင်္ကျီလက်များကို အကျအနခေါက်တင်လျက် အခန်းထဲမှ ထွက်သွားခဲ့သည်။ ရှောင်ဟွမ်၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသော်လည်း ယန်ချန်ကို ဘယ်လိုအားပေးရမှန်းမသိပေ။

လမ်းပေါ်မှာ ခပ်မြန်မြန်လမ်းလျှောက်နေရင်း ယန်ချန်ဟာ ပါးစပ်ကနေ အဆက်မပြတ်ရေရွတ်လာသည် “ဒီနတ်ဆိုးလိုအဖေက အမြဲတမ်း အရက်ပဲသောက်နေတာ။ ပြီးတော့ ငါ့ကိုလည်းနေ့တိုင်း ဆူပူကြိမ်းမောင်းသေးတယ်။

ဒါပေမဲ့ သူ နောက်ထပ် ဆယ်နှစ်တောင် အသက်ရှင်နေနိုင်သေးတာပဲကို။ ဒီနေ့ကျတော့ ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ဆုံးပါးသွားတာလဲ"

ယန်ချန်းက သူ့အရှိန်ကို မြှင့်တင်ရင်း ယန်အိမ်တော်သို့ လျင်လျင်မြန်မြန်ပဲ ပြန်ရောက်လာခဲ့သည်။

ကျော်ကြားခြင်းမြို့တော်၌ ထိပ်တန်းအာဏာရှင် မိသားစုကြီးနှစ်ခုရှိခဲ့သည်။ ပိုင်(ဘိုင်) မိသားစုနှင့် ယန် မိသားစုတို့ပင်။ ယန် မိသားစုဟာ ကျော်ကြားခြင်းမြို့ရဲ့ အရင်းအမြစ် ထက်ဝက်နီးပါးကို ထိန်းချုပ်ထားလေသည်။ တစ်နည်းအားဖြင့်တော့ ယန် တို့ဟာ မြို့တော်၏ ဒုတိယမြောက်အာဏာပိုင်များလိုပင်။

ထို့ကြောင့် များသောအားဖြင့် ထိုကဲ့သို့သော မိသားစုမှ မွေးဖွားလာသူတစ်ယောက်ဟာ ကံကောင်းခြင်းပင်ဖြစ်သည်။ သို့သော် ယန်ချန် ကတော့

ထိုသို့မဟုတ်ခဲ့ပေ။

အမှန်တော့ ယန်ချန်၏အမေက မြို့တော်တစ်ခုလုံးမှာ ထင်ရှားသည့် ယန်မိသားစု၏ တတိယမြောက်သမီးတော် ဖြစ်ခဲ့သည်။ သို့သော်လည်း သူ့အမေက သူ့အဖေကို မည်သို့မည်ပုံကြိုက်ပြီး ယူခဲ့မှန်းမသိပေ။ ယန်ချန် သိသမျှကတော့ သူအရွယ်ရောက်လာပြီးကတည်းက သူ့အဖေဟာ အခန်းကျဉ်းလေးထဲမှာသာ တစ်နေကုန်အရက်သောက်နေတာပဲဖြစ်သည်။

အဖေဖြစ်သူက ဘာမှအသုံးမကျလေရာ သားဖြစ်တဲ့ ယန်ချန်အတွက် လုံးဝ ကံဆိုးမိုးမှောင်ကျတာပင်။ ပြောရရင်တော့ ယန်မိသားစုမှာ ယန်ချန်က ဘာကောင်မှမဟုတ်ပေ။ မြင်သူတိုင်းကတင် အထင်အမြင်သေး ရှုံ့ချတာမဟုတ်ဘဲ သူ့အားမွေးထားသည့် အမေဖြစ်သူပင်လျှင် သားတစ်ယောက်လို သဘောမထားပေ။ ထိုအရာများကြောင့်ပင် သူဟာ အထိန်းအကွပ်မဲ့စွာနဲ့ ဘဝကို လေလွင့်နေခြင်းဖြစ်လေတော့သည်။

ယန် အိမ်တော်ထဲသို့ ဝင်လာစဉ် အစောင့်တွေ‌ဆီကနေ အေးစက်စက်အကြည့်များကို သူရလိုက်သည်။ သို့သော် ယန်ချန် က လျစ်လျူရှုလိုက်ရင်း အိမ်တော်ထဲကို ဝင်သွားပါတော့သည်။

ယန် မိသားစု၏ အိမ်တော်ဝင်းဟာ အလွန့်အလွန်ကို ကြီးမားကျယ်ပြန့်လေသည်။ များပြားလှတဲ့ အဆောက်အဦးများအပြင် လှပသော သစ်ပင်ပန်းမန်များဖြင့် ပြည့်နှက်နေကာ ယန် မိသားစု၏ ဂုဏ်ကျက်သရေနှင့် သမိုင်းကြောင်းကို ပြသထားပုံရလေသည်။

ယန်ချန် တစ်ယောက် ခြေလှမ်းအနည်းငယ်မျှပင် လျှောက်ရုံရှိသေး မလှမ်းမကမ်းကနေ လူနှစ်ယောက်ကိုသတိထားမိလိုက်သည်။ သေချာကြည့်လိုက်တော့မှ သူ့ဆီကို တည့်တည့်လျှောက်လာနေမှန်း မြင်ရတော့သည်။ ရှေ့ဆုံးလူငယ်က အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားကာ အရပ်ရှည်ပြီး တောင့်တင်းခိုင်မာသော လူငယ်တစ်ဦးဖြစ်သည်။ သူက အခြားသူတော့မဟုတ်ပေ။ ယန်ချန်၏ ဒုတိယဦးလေးရဲ့သား၊ သူ့ဝမ်းကွဲအစ်ကို ယန်ကျန်း ပါ။

ယန်ကျန်း၏ နောက်မှာ လိုက်ပါလာသူကတော့ ချန်းလု ဟုခေါ်သော အခြားဝမ်းကွဲတစ်ယောက်ပင်ဖြစ်သည်။ ချန်းလု က ယန်ကျန်းထက်စာရင် စိတ်သဘောထားပိုပြီးကျဉ်း‌မြောင်းလေသည်။ သူက ယန်ကျန်းကို အမြဲလိုလို ‌‌မြှောက်ပင့်နေကျဖြစ်သည်။

သိပ်မကြာလိုက်ပေ။ နှစ်ယောက်စလုံး ယန်ချန် ရှေ့သို့ရောက်လာကာ သူ့လမ်းကို ပိတ်ရပ်ထားကြသည်။

“မင်းရဲ့ အသုံးမကျတဲ့ အဖေက နောက်ဆုံးတော့ အရက်သောက်ရင်းနဲ့ပဲ အသက်ထွက်သွားပြီလို့ ငါကြားတယ်”

ယန်ကျန်း က သူ့ရှေ့ရှိ ယန်ချန် ကို

လှောင်ပြောင်နေသောအကြည့်များဖြင့် စိုက်ကြည့်နေလေသည်။

ယန်ကျန်း က ကျော်ကြားခြင်းမြို့တော်၌ နာမည်ကျော်ပါရမီရှင်များထဲမှတစ်ဦးဖြစ်ခဲ့သည်။ အသက် ၁၇ နှစ်အရွယ်မှာပင် အဆင့် ၄ နဂါးသွေးကြောနယ်ပယ် ( dragon Pulse) သို့ တက်လှမ်းနိုင်ခဲ့လေသည်။ ထို့ကြောင့် သူ၏အောင်မြင်မှုက ထိပ်တန်းပါရမီရှင်ဟု ဆိုနိုင်လေသည်။

ထို့အပြင် ယန်ချန်း ဟာ ယန် မိသားစုမှ ထူးချွန်သော လူငယ်မျိုးဆက်များနှင့် နှိုင်းယှဉ်လျှင် တူညီသောအဆင့်မှာ ရှိမနေခဲ့ပေ။

အသက်ငယ်စဉ်ကတည်းက များပြားလှသော အရင်းအမြစ်များနှင့် အလယ်အလတ်အဆင့် လျှို့ဝှက်နည်းစနစ်များကို သင်ယူခဲ့ရသည်။ ယန်ချန် ကတော့ ထိုကဲ့သို့အရာများကို ရယူနိုင်စွမ်း မရှိခဲ့ပေ။

သူ့အမေဖြစ်သူက သူ့ကို တန်ဖိုးထားခြင်းမရှိသလို ယန် မိသားစုကလည်း အမှိုက်တစ်စလိုပင် သဘောထားကြသည်။

ယန်ချန် က သူ့ဝမ်းကွဲ၏ လှောင်ပြောင်နေတာကို ကြားသော်လည်း ဘာမှပြန်မပြောပေ။ မကြားသလိုပင် ငြိမ်နေလေသည်။

"ဘာလို့ ငြိမ်နေတာလဲ။ မင်းရဲ့အဖေက အသုံးမကျတဲ့သူလို့ ငါပြောခဲ့တယ်။ မင်း ဒီအချက်ကို လက်မခံချင်ဘူးလား"

ယန်ကျန်း က ထပ်မံ၍လှောင်ပြောင်ရင်း အေးစက်စက်ရယ်မောလိုက်လေသည်။

ခဏကြာတော့ ယန်ချန် က အသက်ပြင်းပြင်းရှုရင်း ခေါင်းမော့ကာ ယန်ကျန်းကို စိုက်ကြည့်၍ "ငါ့ရှေ့ကနေ ထွက်သွားစမ်း" ဟု အေးစက်စက်သာပြန်ပြောခဲ့သည်။

"ဟား.... ငါ့ရဲ့ဝမ်းကွဲညီလေးက မင်းရဲ့အစ်ကိုကြီးကို ဒေါသထွက်နေတာလား။ မင်းက ရိုင်းစိုင်းနေတော့ ငါတို့ ယန် မိသားစုကို သိက္ခာကျစေတယ်။ ဒီတော့ နည်းနည်းလေးဆုံးမပေးသင့်တယ်လို့ ငါထင်တယ်။ ဒါနဲ့ အစ်ကိုက ညီဖြစ်သူကို ဆုံးမတာဟာ သဘာဝပဲမဟုတ်လား"

ယန်ကျန်း က စကားပြောနေရင်း တဟားဟားရယ်မောလျက် ယန်ချန်၏ ဝမ်းဗိုက် ဆီသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

ယန်ချန် က မရှောင်နိုင်ပေ။

"ဘုန်း...အား...." နာကျင်စွာ အော်ဟစ်ပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ယန်ကျန်း က နောက်တစ်ကြိမ် ထပ်ပြီး အနိုင်ကျင့်လိုစိတ်မရှိပုံဖြင့် နောက်လှည့်ကာ ထွက်ခွာသွားခဲ့သည်။ သူ့နောက်ကနေ လိုက်လာသည့် ချန်းလု ကတော့ ထွက်မသွားသေးဘဲ လဲကျနေတဲ့ ယန်ချန် ကို တစ်ချက်ငုံ့ကြည့်ကာ တံတွေးနဲ့ထွေးလိုက်သည်။ သို့သော် ယန်ချန် က သူ့ကိုယ်သူ တစ်ပါတ်လှည့်ကာ အမြန်ရှောင်လိုက်သည်။

"အိုက်ယား.... ဒါဆို မင်းတကယ်ပဲ ရှောင်နိုင်တာလား။ ဝမ်းကွဲအစ်ကို၊ မင်းတို့ ယန် မိသားစုရဲ့ခွေးက တော်တော်သွက်လက်တယ်…”

သူက ယန်ချန် ကို ခဏတာ လှောင်ပြောင်ပြီးနောက် အရှိန်မြှင့်ကာ ယန်ကျန်းနောက်သို့ ပြေးလိုက်သွားခဲ့သည်။

ဤအဖြစ်အပျက်ကို အစအဆုံးမြင်လိုက်ကြသူများရှိနေသော်လည်း ဘယ်သူမှ ဝင်စွက်ဖက်လိုစိတ်မရှိကြ။ ယန်ချန် လို အမှိုက်ကောင်အတွက်ကြောင့် ယန်ကျန်း အား ပစ်မှားဖို့မတန်လှပေ။

ဤအတောအတွင်း ယန်ချန် ဟာ မြေပြင်ကနေ တွားသွားထလာပြီး သူ့ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်သည်။ သူဟာ ယန်ကျန်း နှင့် ချန်းလု တို့ ထွက်ခွာသွားသည့် လမ်းကြောင်းအတိုင်း စူးစိုက်ကြည့်ကာ မျက်လုံးထဲကနေ ဒေါသအခိုးအငွေ့များ ပြည့်လျှံလာတော့သည်။

"ငါ လက်စားချေရမယ်။ တကယ်လို့ ငါသာ သိုင်းပညာကို လေ့ကျင့်နိုင်တဲ့သူဖြစ်ရင်..... နဂါးသွေးကြောနယ်ပယ်

ဝင်နိုင်ခဲ့ရင်.... ယန်ကျန်း နဲ့ အဲဒီကျွန်စုတ်ကို သတ်ပစ်နိုင်လိမ့်မယ်။ မင်းတို့နှစ်ယောက် စောင့်နေလိုက်။ ငါယန်ချန် ဒီနေ့ အရှက်တရားတွေကို သေချာပေါက် မှတ်မိနေမှာပါ”

ယန်ချန်ဟာ လက်သီးကို တင်းတင်းဆုပ်ထားရင်း သူ့အဖေနေထိုင်ရာ အခန်းကျဉ်းလေး ဆီသို့ လျှောက်ဝင်သွားသည်။

သူ့အဖေ၏နာမည်က လုံချင်းလန် ဟုခေါ်လေသည်။ လုံးဝကို ထိပ်တန်းနာမည်တစ်ခုပင်။ သို့သော် မည်သို့မည်ပုံ အရက်သမားဖြစ်သွားမှန်းမသိခဲ့ပေ။

အခန်းတံခါးဝကနေ လျှောက်ဝင်သွားသောအခါ လုံချင်းလန်၏ ခန္ဓာကိုယ်အား ပိတ်စအမည်းကြီးတစ်ထည်ဖြင့် အုပ်ထားတာကို မြင်လိုက်သည်။အရက်နှင့် ဆီး ရောနှောနေလေရာ အခန်းတစ်ခုလုံး အနံ့ဆိုးများ ဖုံးလွှမ်းနေသည်။

“သူ ဒီကို ရောက်လာပြီ…”

အစေခံများက ယန်ချန် ရောက်လာတာကို မြင်လိုက်ရာ အခန်းထဲကနေ အမြန်ထွက်သွားကြသည်။

ယန်ချန်၏ အကြည့်များက သူ့အဖေ လုံချင်းလန် ကို တစိုက်မတ်မတ် ကြည့်နေသည် ။ လွန်ခဲ့သည့်နှစ်တွေကတည်းက ထိုလူကြီးမှာ အနာဂတ်မရှိတော့မှန်း သိထားခဲ့သည်။ ပြောရရင်တော့ ယခုလိုမျိုး ဇာတ်သိမ်းမှာကို သူ့စိတ်ထဲမှာ ကြိုတွေးထားပြီးသားဖြစ်သည်။

ယန်ချန် က ငုတ်တုတ်ထိုင်ချလိုက်သည်။ ထို့နောက် ပိတ်စကိုဖယ်ကာ လူရုပ်ပင်မပေါ်တော့သော အဖေဖြစ်သူ၏မျက်နှာကို ငုံ့ကြည့်လိုက်သည်။

"အဖေ၊ အဖေက ဘယ်လိုလူလဲ။ ဒီဆယ့်ခြောက်တာ ကာလအတွင်းနှစ်မှာ အဖေ့ကို ဘယ်တုန်းကမှ နားမလည်သလို ခံစားရတယ်။ သားကို ဘာတစ်ခုမှ နားလည်ခွင့်မပေးခဲ့ဘူး။ ဝမ်းနည်းစရာကောင်းတာက ဒီနေ့ဒီမှာရပ်နေပေမယ့် ငါတို့ဟာ လုံးဝ သူစိမ်းတွေလို ခံစားရတယ်”

ယန်ချန် ဟာ အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေမိသည်။ အပြင်ဖက်မှ ခြေသံများ ကြားလိုက်မှသာ သတိပြန်ဝင်လာတော့သည်။ သူ့နောက်ကိုလှည့်ကြည့်လိုက်သည်။ သူမြင်လိုက်တာက ပန်းရောင်ဖျော့ဖျော့ ၀တ်စုံကို ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး။ ဘေးပတ်ပတ်လည်မှာလည်း အစောင့်အကြပ်များ လိုက်ပါလာသည်။ အမျိုးသမီးက လုံချင်းလန်၏

အလောင်းကို တစ်ချက်စောင်းငဲ့ကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။ ခဏကြာမှသာ “ငါ့ရဲ့ကံကြမ္မာဆိုးက အခု ပျောက်ကွယ်သွားပြီ။ ယန်ချန်၊ သူက နင့်အဖေပဲ။ ဒီတော့ နင် သူ့ကို သင်္ဂြိုဟ်ဖို့ နေရာကောင်းကောင်းတစ်ခု

ရှာသင့်တယ်"

စကားပြောပြီးနောက် ယန်ချန်ကို တစ်ချက်မျှပင်မကြည့်ဘဲ ချက်ချင်းလှည့်ထွက်သွားသည်။

ယန်ချန် က ကျင့်သားရနေပုံဖြင့် ပြုံးကာ လုံချင်းလန် ကိုလှည့်ကြည့်ရင်း လှောင်ပြောင်လိုက်သည် "အဖေ၊ အရင်ကဆို မင်းရဲ့ ရုပ်ရည်က ချောမောခန့်ညားတယ်လို့ ပြောကြတယ်။ အဖေ ငယ်ငယ်တုန်းက ဒီရုပ်ရည်ကြောင့်ပဲ နာမည်ကျော်ခဲ့တယ်တဲ့။ အဖေ့ရှေ့မှာ မရေမတွက်နိုင်တဲ့အလှတရားတွေ ခစားခဲ့ရတယ်။ ဒါပေမဲ့ ဘာလို့များ အရက်သမားအဖြစ်နဲ့ ဘဝကိုအဆုံးရှုံးခံလိုက်တာလဲ။ အခုတော့ မိန်းမဖြစ်သူကတောင် မင်းရဲ့အလောင်းကို တစ်ချက်ပဲကြည့်သွားတယ်"

သူ့စိတ်ထဲမှာ စိတ်ပျက်လက်ပျက်ဖြစ်နေသော်လည်း စကားကိုတော့ အပြင်ပန်းမှာ ထုတ်မပြောခဲ့ပေ။

ယန်ချန် က ဆက်ပြီး တွေးတောမနေတော့။ လုံချင်းလန်၏အလောင်းကို သူ့နောက်ကျောပေါ် တင်ကာ ထူးဆန်းသောအကြည့်များကို လျစ်လျူရှုလျက် ယန်အိမ်တော်ကနေ တစ်လှမ်းချင်း ထွက်ခွာလာခဲ့သည်။

အချိန်တော်တော်ကြာပြီးနောက်တော့ ယန်ချန် ဟာ လုံချင်းလန်၏ ရုပ်အလောင်းကို မြို့ပြင်သို့ သယ်လာခဲ့သည်။ အလောင်းကို အောက်မချသေးဘဲ ဘေးပတ်ဝန်းကျင်ကို ခဏတာကြည့်နေလိုက်သည်။

“ စိမ်းလန်းစိုပြည်တဲ့ တောင်စဉ်တောင်တန်းတွေရယ် ရေစီးသံ လွင်လွင်တွေ ၊ ချိုသာတဲ့ ငှက်‌အော်မြည်သံတွေနဲ့ဆို ဒီနေရာဟာ အဖေ့အတွက် ထာဝရ အနားယူဖို့ နေရာကောင်းဖြစ်မှာပါ"

.....

"ဘာပဲဖြစ်ဖြစ် ငါ ယန်ချန် က မင်းရဲ့သားဖြစ်နေတုန်းပဲ။ ငါ့ရဲ့သွေးသားနဲ့ ကိုယ်ခန္ဓာတစ်ဝက်ကို မင်းဆီကနေ ဆင်းသက်လာတယ်။ ဒါပေမဲ့ ငါအကောင်းဆုံးလုပ်နိုင်တာဆိုလို့ မင်းကို ဒီမှာမြှုပ်နှံတာပဲရှိတယ်။ တကယ်လို့ အဖေက သရဲတစ္ဆေဖြစ်သွားပြီး မှော်စွမ်းအားတစ်ခုခုကို ရရင် ငါ့အတွက် သာယာတဲ့ဘဝတစ်ခုရဖို့ ကောင်းချီးတွေ ပေးသနားပါ”

လုံချင်းလန် ၏ မှိန်ဖျော့ဖျော့ဖျော့အသက်မဲ့မျက်နှာကို ကြည့်ရင်း သူ့မျက်နှာပေါ်မှ မျက်ရည်စက်တစ်စက် စီးကျလာခဲ့သည်။

ခဏကြာမှ မျက်ရည်ကို အလျင်အမြန်သုတ်လိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ သူ့လက်ချောင်းများကို အသုံးပြုကာ လက်ဗလာဖြင့် ‌မြေတွင်း စတူးပါတော့သည်။

အနည်းငယ်ကြာပြီးနောက် လုံချင်းလန် ၏အလောင်းကို ကောက်မ၍ မြေတွင်းထဲထည့်လိုက်သည်။ ထိုစဉ် လုံချင်းလန်၏ မျက်လုံးအစုံက ရုတ်တရက် ဖျတ်ခနဲပွင့်လာသည်။

ယန်ချန်၏ စိတ်ထဲမှာ ထိတ်လန့်တုန်လှုပ်သွားပြီး “ဖေ … အဖေ၊ မင်းအကြောင်း မကောင်းမပြောခဲ့ဘူး။ ဒီနေ့ အဖေ့အတွက် အေးအေးဆေးဆေး အနားယူနိုင်ဖို့ ‌တွင်းတောင်တူးပေးလိုက်သေးတယ်… ”

လုံချင်းလန် က သူ့ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရင်း ကျိန်ဆဲပါတော့သည် “ငါ့ဘိုးဘေးတွေကို ငါကျိန်ဆိုတယ်။ ငါ လုံးဝ မသေဘူး၊ မင်းငါ့ကို သင်္ဂြိုဟ်ချင်နေပြီလား။ ခွေးကောင်၊ ငါ အသက်ပြန်ရှင်လာတဲ့ အကြောင်းရင်းက မင်းကို ပြောစရာတစ်ခုရှိလို့ပဲ။ ငါ့ဒန်တျန်ထဲမှာ နဂါးရုပ် ထွင်းထုထားတဲ့ ကျောက်စိမ်းဆွဲသီးတစ်ခုရှိတယ်။ ဒါကို ငါ့ဒန်တျန်ထဲကနေ ထုတ်ယူပြီးတော့ ကောင်းကောင်းရှင်သန်ပါ…”

Translated By NyiNyiSoe

B.D.W.G - လုံချန်

ဘာသာပြန်သူ - ညီညီစိုး

အပိုင်း ၂ - လုံဂျီ (ကောင်းကင်နဂါး)တိုက်ကြီး

“ဒီအဘိုးကြီးက ဒီအချိန်တစ်လျှောက်လုံး တမင်သေချင်ဟန်ဆောင်နေတာများလား”

အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက်မှာတော့ လုံချင်းလန် မှာ ဘာပြဿနာမှ မရှိကြောင်းကို အတည်ပြုလိုက်နိုင်သည်။ ယန်ချန် စိတ်ထဲမှာတော့ သူ့အဖေကို လက်သီးနဲ့ပြေးထိုးချင်စိတ်ပင်ပေါက်နေလေသည်။

လုံချင်းလန် က သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်၏ “ငါ အသက်ရှင်နေသေးတယ်လို့ မထင်နဲ့။ ငါ့မှာ အချိန်ခဏပဲရတယ်။ အဓိက အကြောင်းရင်းက မင်းကို အရာတချို့နဲ့ သင်ပြစရာတွေရှိနေလို့ပဲ။ မင်းငါ့စကားကို သေချာနားထောင်စမ်း။ ငါပြောတဲ့အတိုင်းမဟုတ်လို့ မင်းတစ်ခုခုလွဲသွားရင် ငါသရဲတစ္ဆေအဖြစ်ပြောင်းသွားရင်တောင် မင်းကို အသေရိုက်ပစ်မယ်”

ယန်ချန် ကတော့ သူ၏မျက်လုံးများကို မှိတ်ထားလေသည်။ ယခင်က ထိုလူကြီး စကားကောင်းကောင်းပြောတာကို တစ်ခါမှ မကြားခဲ့ဖူးချေ။ ယခုအချိန်မှာတော့ လုံချင်းလန် ဟာ သူ့အတွက် အနည်းငယ်ထူးဆန်းနေသလိုပင် ခံစားမိနေသည်။

ခဏကြာပြီးနောက် ယန်ချန် က သူ့အဖေကို ကြည့်ကာ “ကောင်းပြီ။ အဖေ့မှာ ဘာမှ အမှားအယွင်းမရှိဘူးဆိုတာ ငါသိပြီ။ ပုံမှန်လူတစ်ယောက်လိုပဲ။ အခု အဖေ ပြောစရာရှိတာကို ပြောနိုင်ပါတယ်” ဟုပြောခဲ့သည်။

လုံချင်းလန် က ဟက်ဟက်ပက်ပက် ရယ်မောပြီး “မင်းကို ငါအရင်က အကြိမ်အနည်းငယ်လောက်ပဲ တွေ့ဖူးတယ်။ ခွေးကောင်ကလေး၊ မင်းမှာ ငါငယ်ငယ်တုန်းကလို အကျင့်စရိုက်မျိုးရှိနေတာပဲ။ ဒါကြောင့် ငါသေပြီးရင် ငါပြောခဲ့သလို လုပ်ရမယ်။ အခုတော့

မင်းအရင်ဆုံးလုပ်ရမှာက နဂါးရုပ် ကျောက်စိမ်းဆွဲသီးကို ငါ့ဒန်တျန်ကနေ ထုတ်ယူလိုက်”

နဂါးရုပ်ပါ ကျောက်စိမ်းဆွဲသီးအကြောင်းကို ထပ်ကြားလိုက်တော့မှ ယန်ချန် လည်း သူ့အဖေကို စိုက်ကြည့်ကာ “အဖေ၊ မင်းက ငါ့ကို လူမိုက်လို့ ထင်နေတာလား။ အဖေ့ရဲ့ ဒန်တျန်ထဲက ကျောက်စိမ်းဆွဲသီးကို ထုတ်ယူရမှာလား။ အဖေတောင်မှ ဒီအရာအတွက်နဲ့ ဒုက္ခိတဖြစ်သွားသေးတယ်မဟုတ်လား”

“သောက်ကျိုးနည်း၊ ဒါကို ဘယ်လိုလုပ် ဆိုးရွားတယ်လို့ ပြောနိုင်မှာလဲ။ ငါ အသက် ၁၈ နှစ်လောက်နဲ့ ကျော်ကြားခြင်းမြို့ကို ရောက်လာတဲ့ မင်းရဲ့အမေဟာ ငါနဲ့လိုက်ဖက်တယ်လို့ သိလိုက်ရတယ်။ အဲဒီလိုမှမဟုတ်ရင် ငါ့အိပ်ရာပေါ်မှာ မင်းအမေလို အလှတရားကို ငါဘယ်လိုရနိုင်မှာတုန်း။ ဒါပေမဲ့ ဒီကျောက်စိမ်းဆွဲသီးကို ငါရလိုက်ကတည်းက ဒုက္ခရောက်တော့တာပဲ။ ငါ့ရဲ့ အဆင့် ၈ နဂါးသွေးချီတွေက တစ်နှစ်ခွဲလောက်အတွင်းမှာတင် အကုန်လုံးစုပ်ယူခံလိုက်ရတယ်။ အဲဒီအချိန်ကစလို့ ငါဟာ အခုလိုမျိုး အသုံးမဝင်တဲ့ လူတစ်ယောက် ဖြစ်သွားတော့တာပဲ”

လုံချင်းလန် က ခဏတိတ်ဆိတ်သွားပြီးနောက် ဆက်ပြောပါသည် “ငါပြောချင်တဲ့အထဲက ပထမအချက်ကို ငါရှင်းရှင်းလင်းလင်း ပြောပြီးပြီ။ ဒုတိယအချက်က မင်းနာမည်ကို ပြောင်းလိုက်။ ဒီနေ့ကစပြီး မင်းရဲ့နာမည်ကို လုံချန် လို့ပြောင်းရလိမ့်မယ်။ ငါတို့ရဲ့ လုံ မိသားစုဟာ ဒီကမ္ဘာရဲ့ အကြီးမြတ်ဆုံးအုပ်စိုးရှင်တွေဖြစ်တယ်။ သူတို့ရဲ့ သားစဉ်‌မြေးဆက်တွေအနေနဲ့ “လုံ” ဆိုတဲ့ မျိုးရိုးနာမည်ကို မသုံးလို့မရဘူး”

“အကြီးမြတ်ဆုံး အုပ်စိုးရှင်တွေလား ။ ကလေးတွေကို ဟာသပြောတာက ပိုအဆင်ပြေမယ်ထင်တယ်။ ဒါပေမဲ့ ငါ့ကို လှည့်စားဖို့တော့မဖြစ်နိုင်သေးဘူး။ ဘာပဲဖြစ်ဖြစ် ငါ့မျိုးရိုးနာမည်ကို “လုံ” လို့ပြောင်းတာလည်း အဆင်ပြေမှာပါ” ယန်ချန် က သူ့အဖေ ပြောသည့် လုံချန် ဟူသော နာမည်ကို လက်ခံလိုက်သည်။ အမှန်တော့ သူကိုယ်တိုင်လည်း “ယန်” ဟူသည့် မျိုးရိုးနာမည်ကို မလိုချင်တော့ပေ။

“... လုံချန် ၊ ဒါက ငါ့ရဲ့နာမည်အသစ်ပေါ့ ...”

သူ့နာမည်အသစ်ကို ပါးစပ်ကနေ အကြိမ်ကြိမ် ရေရွတ်ပြီး စိတ်ခံစားချက်က တော်တော်ကောင်းလာပါသည်။ လုံချန် က မျက်နှာပေါ်မှာ ပျော်ရွှင်နေသော အပြုံးဖြင့် လုံချင်းလန် ကို မော့ကြည့်လိုက်သည်။

ထို့နောက် လုံချင်းလန်၏ နံဘေးမှာ ထိုင်ချလျက် အဖေဖြစ်သူ၏ပခုံးကိုမှီလိုက်လေသည်။

“မင်းက ငါ့သားပဲ။ မင်းကို ချန်းအာ လို့ခေါ်တာ ဘာမှမဖြစ်ဘူးမဟုတ်လား။ ငါ့တစ်သက်လုံး ဆင်းရဲဒုက္ခမျိုးစုံကို ဖြတ်ကျော်ပြီးတော့ လုံဂျီ (နဂါးတိုက်ကြီး/နဂါးအင်ပါယာ) အနှံ့ ခရီးထွက်ခဲ့တယ်။ ဒါပေမယ်လို့ အခုလိုမျိုး သေးငယ်တဲ့ ကျော်ကြားခြင်းမြို့လေးမှာ သေရမယ်လို့ မမျှော်လင့်ထားဘူး။ ခွေးလိုနိမ့်ကျတဲ့နေရာပဲ။ ဟူး..... လူတစ်ယောက်ရဲ့ ကံကြမ္မာက တကယ်ကိုခန့်မှန်းရခက်တယ်။ ဒါက တကယ့်ကို ကံဆိုးမိုးမှောင်ကျတာပဲ”

“အဖေ၊ ဒီနေ့ မင်းရဲ့ဦးနှောက်က တစ်ခုခုများ မှားနေတာလား။ ငါမသိရသေးတဲ့ မင်းရဲ့ဘဝတစ်ခုလုံးက အမှားတွေကို ငါ့ရှေ့မှာ ကြွားလုံးထုတ်နေတာထင်တယ်။ ဟုတ်တယ်၊ ငါသာ ယန်မိသားစုလို နေရာမှာဆိုရင်တောင် မင်းလိုအရက်မူးသမားကို ထောက်ပံ့နေတာ မဖြစ်သင့်ဘူး၊ ဘယ်လိုလဲ”

လုံချန် က စကားပြောနေစဉ် အဝေးမှ မြင်ကွင်းများကို ငေးမောကြည့်နေသည်။ သူ့အဖေ ဘာပြန်ပြောမလဲစောင့်နေတာပါ။ သို့သော် ဘာတုံ့ပြန်မှုမှမရခဲ့။ သူ့စိတ်ထဲမှာ ရုတ်တရက်တုန်လှုပ်သွားပြီး ချက်ချင်းလှည့်ကြည့်လိုက်မိသည်။ သူမြင်လိုက်တာကတော့ မျက်လုံးအစုံမှာ မျက်ရည်များ ပြည့်လျှံနေသည့် သူ့အဖေ လုံချင်းလန် ကိုပါ။

“အမူးသမားအိုကြီး၊ ဘာဖြစ်သွားတာလဲ……”

ယောက်ျားသားတစ်ယောက်၏ ဤကဲ့သို့သော အမူအရာကို လုံချန် တစ်ယောက် တစ်ခါမှ မမျှော်လင့်ထားမိပေ။ မည်သို့ပင်ဖြစ်စေကာမူ သူ့ရှေ့မှလူဟာ သူ၏အဖေ ပင်မဟုတ်ပါလား။

“ချန်အာ......”

“ဟုတ်လား?”

လုံချင်းလန် က သူ့ခေါင်းကို ကောင်းကင်ထက်သို့ မော့လိုက်ပြီး “ငါက ဖခင်ကောင်းတစ်ယောက် မဟုတ်ပါဘူး။ ဖခင်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ တာဝန်တွေကို ငါတာဝန်မယူခဲ့တဲ့အတွက် ငါ့သားဟာ မှားယွင်းတဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းမိခဲ့တယ်။ နောင်မှာ မင်း ရင်ဆိုင်ရမယ့်အရာတွေ အများကြီးရှိတယ်။ လောလောဆယ်တော့ မပြောနိုင်ဘူး။ အဲဒီအဆင့်ရောက်တာနဲ့ မင်းကိုယ်တိုင် တွေ့ကြုံခံစားနိုင်မှာပါ”

“နောက်ပြီး ဒီဘဝမှာ မင်းကို နောက်ဆုံးပြောချင်တာက မင်းရဲ့နားကို သေချာလေးစွင့်ထားပြီး နားထောင်နေပါ။ အဲဒါကတော့ ရက်စက်ကြမ်းကြုတ်တဲ့ကမ္ဘာမှာ မင်းရဲ့ခွန်အားက အရာရာပဲ။ခွန်အားမရှိတဲ့လူတစ်ယောက်က ခွေးတစ်ကောင်ပဲ”

“ငါသေပြီးတာနဲ့ မင်းကို သင်ပြပေးမယ့်သူ မရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် မင်းဘဝရဲ့ ပန်းတိုင်ကို လျှောက်လှမ်းဖို့အတွက် မင်းကို သန်မာလာစေချင်တယ်။ နောက်ဆုံးမှာ ဒါဟာ ငါ့ရဲ့ ရည်မှန်းချက်လည်း ဖြစ်ခဲ့ပေမဲ့ ကံကြမ္မာက ငါ့ကို ဟာသလုပ်ပြခဲ့တယ်......”

လုံချန် လည်း ဘာပြောရမှန်းမသိပေ။ ငေးကြောင်နေခဲ့သည်။

လုံချင်းလန် က သူ့ခေါင်းကို ခပ်ဖွဖွလေး ပုတ်လိုက်သည်။ ထို့နောက် ပိန်လှီနေသော လက်တစ်ဖက်က လုံချန်၏ပခုံးပေါ် ညင်သာစွာ ကျရောက်လာကာ “ငါ ပြောချင်နေတဲ့အရာကို ပြောပြီးပြီ။ နောက်ဆုံးတစ်ခုတော့ ထပ်တောင်းဆိုချင်ပါတယ်။ မကြာခင်မှာ ယန် မိသားစုက သူတို့ရဲ့လူငယ်မျိုးဆက်တွေကို ပြိုင်ပွဲတစ်ခုကျင်းပပေးလိမ့်မယ်။ နောက်ဆုံးမှာ အနိုင်ရတဲ့သူက ယန် မိသားစုရဲ့ အဆင့်မြင့်ဆုံး သိုင်းကျမ်းဖြစ်တဲ့ “နတ်နဂါးတံဆိပ်တော်” ကို ဆုလာဘ်အနေနဲ့ လက်ခံရလိမ့်မယ်။ ဒါဟာ နဂါးစစ်သည်တော် ဖြစ်လာဖို့ အဓိက သော့ချက်ပဲ။ ဒါ့ကြောင့် မင်းဘာပဲလုပ်ရလုပ်ရ အဲဒီသိုင်းကျမ်းကို ရအောင်ယူရမယ်။ ငါပြောတာကို ဘယ်တော့မှ မမေ့ပါနဲ့၊ အဲဒါကို ဘယ်တော့မှ မမေ့ပါနဲ့……”

“ယန် မိသားစုရဲ့ လူငယ်မျိုးဆက်ပြိုင်ပွဲလား.....”

လုံချန် လည်း အနည်းငယ်အံ့အားသင့်သွား၏။ ၎င်းကို သူ တစ်ခါမှ မကြားဖူးလို့ပါ။

“ငါ့ရဲ့ စွမ်းရည်နဲ့ ယန် မိသားစုထဲက လူငယ်တွေကို ပြဿနာမရှိဘဲ အနိုင်ယူနိုင်ပေမယ့် ဒီပြိုင်ပွဲထဲကို ဝင်ပါဖို့ဆိုရင် မင်းအတွက်ပဲ မျက်နှာပျက်စရာ ဖြစ်

သွားလိမ့်မယ်။ နောက်ပြီးတော့ အဘိုးကြီး၊ မင်းပြောနေတဲ့ ဒီနဂါးတံဆိပ် ဘာလဲ”

“နတ်နဂါးစစ်သည်တော်……..အဲဒါက နတ်နဂါးအင်ပါယာ (လုံဂျီ) တိုက်ကြီးရဲ့ ဒဏ္ဍာရီတစ်ခုပဲ……”

ထိုစကားကို ပြောပြီးတဲ့နောက် လုံချင်းလန်၏မျက်နှာဟာ ပြုံးရွှင်နေလေသည်။ သူ့မျက်လုံးအစုံမှာပင် တောင့်တမှုအပြည့်ပါ။ သို့သော် လုံချန်၏ပခုံးပေါ်တင်ထားသည့် လက်ကတော့ ဖြည်းညှင်းစွာ ပြုတ်ကျသွားသည်။ ထို့နောက် လုံချင်းလန်လည်း အသက်ရှုရပ်သွားလေပြီ။

လုံချန် က နတ်နဂါးအင်ပါယာ အကြောင်းကို ထပ်မံမေးမြန်းရန် စဉ်းစားနေသော်လည်း လုံချင်းလန် ဆီကနေ တုံ့ပြန်မှု မရှိတော့မှန်း သတိပြုမိသွား၏။ သူ၏နှလုံးသားတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားကာ လုံချင်းလန်၏ တောင့်တင်းနေသောခန္ဓာကိုယ်အား ကမန်းကတန်းပွေ့ထားလိုက်လေသည်။ လုံချင်းလန် သေသွားသည့်တိုင် သူ့မျက်လုံးတွေကတော့ ပွင့်အာနေဆဲပါ။ သို့သော် အသက်ဓာတ် လက္ခဏာတွေတော့ မရှိတော့ပေ။

လုံချန် ဟာ ဝမ်းနည်းစွာဖြင့် ခေါင်းငုံ့ထားလိုက်သည်။

“မင်းငါ့စကားကို သေချာနားထောင်စမ်း။ မင်းလုပ်တာတစ်ခုခုလွဲသွားရင် ငါက သရဲတစ္ဆေအဖြစ် ပြန်မွေးဖွားလာမယ်၊ ပြီးတော့ မင်းကို အသေရိုက်သတ်ပစ်မယ်”

“ငါက ဖခင်ကောင်းတစ်ယောက်မဟုတ်သလို ဖခင်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့တာဝန်ကိုလည်း မယူခဲ့ဘူး”

“ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ကမ္ဘာမှာ မင်းရဲ့ခွန်အားက အရာရာပဲ။ ခွန်အားမရှိတဲ့လူက ခွေးတစ်ကောင်နဲ့တူတယ်”

“ငါသေပြီးတာနဲ့ မင်းဘဝရဲ့ ပန်းတိုင်ကို ရောက်အောင်သွားဖို့ မင်းကို သန်မာလာစေချင်တယ်”

သူ့နားထဲမှာ လုံချင်းလန်ပြောခဲ့သည့်စကားတွေကို ထပ်ခါထပ်ခါ ကြားယောင်နေမိသည်။

လုံချန် လည်း တစ်နေ့နေ့မှာ ယခုလိုမျိုး

နာကျင်စွာ ခွဲခွာခြင်းကို တွေ့ကြုံရလိမ့်မည်ဟု မထင်ထားမိပေ။ အရင်ကတော့ သူ့အသိစိတ် ပျောက်နေသလိုပါ။ ယခုတော့ သူ့နှလုံးသားထဲကနေ ဖြစ်ပေါ်လာသည့် နာကျင်ခံစားမှုဟာ ဘယ်ကနေ လာသလဲလို့တောင် မသိတော့ပေ။

လုံချန် က ချက်ချင်းထွက်မသွားသေးဘဲ ညနက်သည်အထိ စောင့်ကြည့်နေလေသည်။ ထာဝရ ပြန်မနိုးလာတော့ကြောင်း အတည်ပြုပြီးနောက် လုံချင်းလန်၏အလောင်းကို မြေတွင်းထဲသို့ ဖြည်းညှင်းစွာချလိုက်ပါသည်။

မြေတွင်းထဲမှ ပိန်ပိန်ပါးပါး မျက်နှာကို ငုံ့ကြည့်ရင်း လုံချန်ဟာ သူ၏ လက်သီးများကို တိတ်တဆိတ် ဆုပ်ထားခဲ့သည်။

“……”

“အဘိုးကြီး၊ မင်းငါ့ကိုပြောခဲ့သမျှ အားလုံးကို ငါရှင်းရှင်းလင်းလင်း မှတ်မိသလို သေချာပေါက် လိုက်နာပါ့မယ်။ ငါ ဒုက္ခိတဖြစ်သွားရင်တောင်မှ အဖေ မှာခဲ့တာတွေကို မဖြစ်ဖြစ်အောင် လုပ်မှာပါ။ ငါ ဒါတွေကို ဖြည်းဖြည်းချင်းလုပ်မယ်။ ပြီးတော့……”

တွေးတောနေရင်း ရပ်တန့်ကာ သူ့စိတ်ထဲ တစ်ခုခုကို သတိရသွားသလိုပင်။ လုံချင်းလန် က သူ့ဒန်တျန်ကနေ နဂါးရုပါကျောက်စိမ်းဆွဲသီးကို ထုတ်ယူဖို့ ပြောခဲ့တာကိုပါ။

“မဟုတ်သေးဘူး။ ငါ သူ့အလောင်းကို ခွဲလိုက်ရင် အဖေကို စော်ကားသလိုဖြစ်မနေဘူးလား ……” ထိုအခြေအနေကို တွေးမိပြီး လုံချန် တစ်ယောက် လက်လျှော့ဖို့ ပြင်လိုက်၏။ သို့သော် ချက်ချင်း စိတ်ပြောင်းသွားသည်။

“မဟုတ်ဘူး၊ ဒါက မမှန်ပါဘူး။ ဒီအမူးသမားအိုကြီး ပြောတာတော့ နဂါးကျောက်စိမ်းဆွဲသီးက သူ့ကို ညှဉ်းပန်းနှိပ်စက်နေတယ်လို့ ပြောခဲ့တယ်။ ပြီးတော့ ဒါကိုပဲ ထပ်ခါထပ်ခါ ပြောသေးတယ်။ ဒီကျောက်စိမ်းဆွဲသီးမှာ အရမ်းကြောက်စရာကောင်းတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနိုင်တယ်”

လုံချန် က စိတ်ကူးယဉ်ဆန်သောလူမဟုတ်ပါ။ ထိုအကြောင်း ‌တွေးမိလိုက်တာနဲ့ ဓားမြှောင်တစ်ချောင်းကို ထုတ်ယူလိုက်သည်။ သူက လုံချင်းလန်၏ အလောင်းကို နောက်တစ်ကြိမ် စိုက်ကြည့်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူကာ ဓား‌မြှောင်ကိုမြှောက်၍ သူ့ဒန်တျန်ကို ခွဲထုတ်လိုက်တော့သည်။

သိပ်မကြာလိုက်ပါချေ။ အနက်ရောင်အလင်းများ ဖြာထွက်နေသည့် နဂါးရုပ်ပုံပါ ကျောက်စိမ်းဆွဲသီး ပေါ်လာသည် ။

လုံချန် က ကျောက်စိမ်းဆွဲသီးကို ယူကာ မြေကြီးပေါ်သို့ ပစ်ချထားလိုက်သည်။ ထို့နောက် လုံချင်းလန်၏ ခန္ဓာကိုယ်ပေါ်ကနေ မြေဆိုင်ခဲများဖုံးကာ အလောင်းကို မြေမြှုပ်ပေးလိုက်ပါသည်။ လုံချင်းလန်၏ အုတ်ဂူကို အရိုအသေပြုပြီးနောက် နံဘေးမှာပသ် ထိုင်ချလိုက်၏။ သူ့လက်ပေါ်ရှိ ထူးဆန်းသောကျောက်စိမ်းဆွဲသီးကို စိုက်ကြည့်နေလေသည်။

၎င်းက သူ့အဖေ လုံချင်းလန် ကို မသေမချင်း ဘဝပျက်အောင် ဒုက္ခပေးခဲ့သည့် နဂါးကျောက်စိမ်းဆွဲသီးပင်။

“ဒါဆို မင်းက ငါ့အဖေရဲ့ ချီစွမ်းအင်တွေကို အကုန်အစင်စုပ်ယူပြီး ဘဝပျက်စေခဲ့တဲ့ အရာပေါ့”

ကျောက်စိမ်းဆွဲသီးကနေ ဒဏ္ဍာရီဆန်သော အငွေ့အသက်များ ဖြာထွက်နေသလိုပင်။ အမှန်တော့ နဂါးရုပ်သဏ္ဍန်ထွင်းထုထားသည့် ကျောက်စိမ်းတုံးတစ်ခုပါ။ မျက်နှာပြင်ပေါ်မှာလည်း ထူးဆန်းသောပုံစံများ၊ သင်္ကေတများရေးထိုးထားပုံရသည်။

ကျောက်စိမ်းဆွဲသီးကို သူ ဂရုတစိုက် လေ့လာနေစဉ်မှာပင် တစ်နေကုန်လို့ ညမှောင်နေလေပြီ။ သို့သော် လရောင်ခြည်ဖြာကျနေလေရာ မြင်ကွင်းတစ်ခုလုံးအား ရှင်းလင်းစွာ မြင်နိုင်လေသည်။ တောအုပ်တစ်ခုလုံးအနှံ့ မြူမှုန်များ တဖြည်းဖြည်း စိမ့်ဝင်လာနေခဲ့သည်။ ဒီအချိန်မှာပဲ ကျောက်စိမ်းဆွဲသီး ကနေ အလင်းတန်းတစ်ချက်လက်သွားသည်။ လုံချန် အံ့အားသင့်နေချိန်မှာပဲ သူ့လက်ထဲကနေ ဖျတ်ခနဲ ပျောက်သွားတော့သည်။

“ဘာဖြစ်တာလဲ”

လုံချန် က အံ့ဩတကြီး ရေရွတ်ရင်း သူ့ခေါင်းဆီမှ ဆစ်ခနဲနာကျင်မှုခံစားလိုက်ရသည်။ သူ့အသိစိတ်ကလည်း တဖြည်းဖြည်းမှုန်ဝါးလာ၏။ ဒီအချိန်မှာ ပတ်ဝန်းကျင်ရှိ မြူခိုးများ သူ့ဆီသို့ တိုးဝင်လာနေသလို ခံစားလိုက်ရသည်။

သူ့အာရုံစူးစိုက်မှုတွေ အကုန်လုံးဆုံးရှုံးသွားသလိုပင်။ သို့သော် သူ့မှာ ဘာအန္တရာယ်မှ မရှိသဖြင့် လုံချန်လည်း အံ့အားသင့်နေလေသည်။

“ဒါက စာအုပ်ထဲမှာ ဖော်ပြထားတဲ့အတိုင်း အတိအကျပဲဟ။ အသိစိတ်ပင်လယ်က မူလဝိညာဉ်ကို ဖုံးကွယ်ထားတယ်။ ဒါပေမဲ့ လူတစ်ယောက်က သိုင်းသမားဖြစ်လာတာနဲ့ သူ့အသိစိတ်ကို ဖွင့်နိုင်တယ်။ ပြီးတော့ အသိစိတ်ပင်လယ်ကို မြင်နိုင်တယ်။ အခုက ဘာဖြစ်နေတာလဲ”

လုံချန်၏ စိတ်ထဲမှာ အနည်းငယ်ပင် ထိတ်လန့်တုန်လှုပ်သွားသည်။ သူ့မူလဝိညာဉ်ကို အတင်းရုန်းထွက်လျှင်ပင် အဆုံးအစမဲ့သော မြူခိုးထုထဲကနေ လွတ်မြောက်နိုင်မှာမဟုတ်မှန်း သိနေပေသည်။ ဒီအချိန်မှာပဲ သူ့ရှေ့ကနေ

ရှေးဟောင်းအငွေ့အသက်များ ဖြာထွက်နေသည့် နဂါးပုံသဏ္ဍန် ကျောက်စိမ်းတုံးကြီး ပေါ်လာတာကို မြင်လိုက်ရတော့သည်။

“ဒီနဂါးကျောက်စိမ်းက ငါ့အသိစိတ်ပင်လယ်ထဲကို ဝင်လာဖို့အတွက် ငါ့ရဲ့မူလချီကို စုပ်ယူလိုက်တာလား”

လုံချန် လည်း အံ့သြသွားသည်။

“မဟုတ်ဘူး၊ အဲဒါမဖြစ်နိုင်ဘူး။ အခြေခံအားဖြင့်ပြောရရင် ငါ့မှာ မူလချီ မရှိဘူလေ။ ဒါဆို ဘာဖြစ်နိုင်မလဲ”

သူ စဉ်းစားနေချိန်မှာပဲ နဂါးရုပ်ကျောက်စိမ်းဆွဲသီးမှ အစွမ်းထက်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ထိုခဏလေးမှာပဲ သူ၏ သွေးသားနှင့် အသိစိတ်ပင်လယ်ကိုဖြတ်ကျော်ကာ ဒန်တျန်ထဲ၌ ပေါ်လာခဲ့သည်။

ထို့အတူ ပြင်းထန်သောအပူရှိန်ကိုပါ ခံစားလိုက်ရသည်။ သို့သော် သူ့တစ်ကိုယ်လုံး နွေးထွေးကာ လန်းဆန်းသွားသလိုပင်။

“ဒါ.....ဒါက မူလချီ ဆိုတာလား....”

Translated By NyiNyiSoe

B.D.W.G - လုံချန်

ဘာသာပြန်သူ - ညီညီစိုး

အပိုင်း ၃ - နဂါးသွေးကြောနယ်ပယ် (အဆင့်)

လုံချန် တစ်ယောက် အံ့အားသင့်ငေးကြောင်ပြီးရပ်နေခဲ့သည်။ ဒီအချိန်မှာပဲ နဂါးကျောက်စိမ်းထဲကနေ လျှို့ဝှက်ဆန်းကြယ်သော ချီစွမ်းအားတစ်ခု ထွက်လာပြီး သူ၏ဒန်တျန်ထဲကို စီးဝင်သွားပါတော့သည်။

“ဒီ ချီစွမ်းအားက ဘယ်ကလာတာလဲ။ နဂါးကျောက်စိမ်းက ငါ့အဖေဆီကနေ စုပ်ယူသွားတာတွေကို ပြန်ထုတ်ပေးနေတာများလား”

သူတွေးနေချိန်မှာပဲ သိပ်သည်းသော ချီစွမ်းအားများစွာ ဖြာထွက်လာပါတော့သည်။ ၎င်းက သူ့ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်ထက်ပင် ကျော်သွားလေပြီ။ ထူးဆန်းသော ချီစွမ်းအားဟာ သူ့ခြေ၊ လက် တွေကနေ စီးထွက်လျက် အပြင်ဖက်သို့ ပြန့်နှံ့သွားခဲ့သည်။

လုံချန် လည်း သူ့ရင်ဘတ်မှ ထိုးတက်လာသည့် နာကျင်မှုကြောင့် အသံအကျယ်ကြီးအော်ဟစ်လိုက်လေသည်။ သူ့တစ်ကိုယ်လုံး ချွေးများဖြင့်ဖုံးလွှမ်းနေလေပြီ။

လက်ရှိမှာ သူ့ဒန်တျန်ထဲမှာ ချီစွမ်းအင်များ သိပ်သည်းနေပေသည်။ အချိန်မရွေး ပေါက်ကွဲထွက်တော့မလိုမျိုးခံစားလိုက်ရသည်။ ထို့နောက် သူဟာ တစ်ခါတည်း ငရဲရောက်သွားမှာပါ။ အလောင်းပင်မကျန်ဘဲသေသွားနိုင်သည်။ ထိုအတွေးကြောင့် လုံချန်၏မျက်လုံးအစုံဟာ နီရဲလာပါသည်။

“ငါလုံချန် က ဒီလောက်လွယ်လွယ်နဲ့သေနိုင်တဲ့လူ မဟုတ်ဘူး။ နဂါးသွေးကြောနယ်ပယ်လား။ အခု ဖြတ်ကျော်လိုက်စမ်း”

လုံချန်၏ ဒန်တျန်ထဲရှိ ချီစွမ်းအင်တွေဟာ သူ့ကို အဆင့်ဖြတ်ကျော်ဖို့ လုံလောက်နေပါပြီ။

“ချိုးဖျက်လိုက်စမ်း...”

လုံချန် က အံတင်းတင်းကြိတ်ကာ အော်ဟစ်လိုက်သည်။ သူ့တစ်ကိုယ်လုံးကနေ ချွေးများ အဆက်မပြတ်စီးကျလျက်။ သိပ်မကြာလိုက်ပါချေ။ လုံချန်၏ ထိန်းချုပ်အောက်၌ သူ့ဒန်တန်ထဲရှိ ချီစွမ်းအင်တွေဟာ နဂါးပုံစံလိုမျိုး ပြောင်းလဲသွားသည်။ သူက အသက်ပြင်းပြင်းရှူရင်း နဂါးသွေးကြောတည့်တည့်ကို ပြတ်ပြတ်သားသား တွန်းပို့လိုက်သည်။ “ဘန်း” ခနဲ ပေါက်ကွဲသံနှင့်အတူ နဂါးသွေးကြောဟာ ပေါက်ကွဲသွားသည်။ တစ်ချိန်တည်းမှာပဲ သိပ်သည်းသောချီစွမ်းအင်တွေဟာ ရေကာတာကျိုးပေါက်သွားသကဲ့သို့ပင်။ နဂါးသွေးကြော ဆီသို့ အဆက်မပြတ်စီးဝင်ပါတော့သည်။ ထို့အတူ နဂါးသွေးကြောဟာ တဖြည်းဖြည်းနှင့် အရွယ်အစားပင် ကြီးလာလေသည်။ နဂါးသွေးကြော ကြီးထွားလာမှု နှင့်အတူ သိပ်သည်းသော နတ်နဂါးချီများ ဖြာထွက်လာ၏။

“နတ်နဂါးချီ လား....” အခြေအနေက အတော်လေးထူးဆန်းပုံရသည်။ သို့သော် သေချာစစ်ဆေးကြည့်လိုက်တော့မှ နတ်နဂါးချီ မဟုတ်တာကို သိလိုက်ရတော့သည်။

ဘုန်း....

နောက်ထပ် တစ်နာရီ မပြည့်သေးခင်အချိန်မှာပဲ နဂါးသွေးကြောကနေ ရုတ်တရက် ပြင်းထန်စွာ ပေါက်ကွဲသံထွက်ပေါ်လာသည်။ နတ်နဂါးချီစီးကြောင်းဟာ နဂါးသွေးကြောကို အကြိမ်ကြိမ်သန့်စင်ပေးပြီးနောက် လုံချန်၏ ဒန်တျန်ထဲသို့ ပြန်ရောက်သွားလေသည်။

“နဂါးသွေးကြော ကို ငါဖွင့်ပြီးတာနဲ့ နဂါးသွေးကြောနယ်ပယ်ရဲ့ ပထမအဆင့် (အဆင့် ၁ နဂါးသွေးကြောနယ်ပယ်) ကို ဖြတ်ကျော်နိုင်ခဲ့တယ်။ ဒါပေမဲ့ ငါ့ဒန်တျန်ထဲမှာရှိတဲ့ ချီစွမ်းအင်တွေက အရှိန်မြင့်တက်နေတုန်းပဲ။ ဒါဆို အဆင့် ၂ နဂါးသွေးကြောနယ်ပယ်ကို တက်လှမ်းနိုင်မလား။ ငါ စမ်းကြည့်ရင် အဆင်ပြေလောက်တယ်”

သူ့အဖေ၏ သင်္ချိုင်းရှေ့မှာပဲ ထိုင်ချကာ အံကိုတင်းတင်းကြိတ်လျက် အဆင့် ၂ နဂါးသွေးကြောနယ်ပယ်သို့ ချိုးဖျက်ရန် ပြင်လိုက်တော့သည်။

အဆင့် ၂ နဂါးသွေးကြောနယ်ပယ် ကို ဖြတ်ကျော်ရန် အခက်အခဲ နှင့် အဆင့် ၁ နဂါးသွေးကြောနယ်ပယ်ကို နှိုင်းယှဉ်လျှင် လိုအပ်သော ချီပမာဏဟာ အလွန်ကို များပြားလေသည်။ ထို့ကြောင့် လူတိုင်းအတွက် နဂါးသွေးကြောအဆင့်ကို ဝင်ရောက်တာက ဘယ်လောက်ခက်ခဲမှန်း သိသာပါသည်။ လူအများစုဟာ နဂါးသွေးကြောနယ်ပယ်သို့ ဝင်ရောက်ပြီးနောက် အဆင့်တစ်ခု တက်လှမ်းဖို့ပင်

ခက်ခဲလှသည်။

ဤသို့ဖြင့်......

တစ်နာရီခန့်ကြာပြီးနောက် လုံချန် ဟာ နဂါးသွေးကြောကို ၁၀ စင်တီမီတာအထိသာ ချဲ့နိုင်သေးသည်။ သို့သော် သူ့အဖေ ‌ပြောခဲ့သည့်စကားတွေကို စိတ်ထဲမှာ ပြန်မြင်ယောင်နေမိသည်။ မသေဆုံးခင် မျက်ရည်များဖုံးလွှမ်းနေသည့် အဖေ့မျက်နှာ ။ လုံချင်းလန်၏ မျက်နှာကို ပြန်မြင်ယောင်လိုက်တော့ လက်ရှိသူခံစားနေရသည့် နာကျင်မှုဟာ အရေးမပါတော့ပေ။

“အဲဒီအမူးသမားက ငါ့ကို သန်မာစေချင်တယ်။ သူ့တောင်းဆိုချက်ကို ငါ သဘောတူခဲ့တယ်။ ငါသေရင်တောင် မင်းပေးခဲ့တဲ့ တာဝန်တွေကို ငါ့ရဲ့ ပင်ကိုယ်စရိုက်အရ သေချာပေါက် ပြီးမြောက်အောင် လုပ်မယ်။ ဒီနေ့ အဆင့် ၂ နဂါးသွေးကြောကို ချိုးဖျက်ပြီးတော့ ယန် မိသားစုကို ပါးစပ်အဟောင်းသားဖြစ်အောင်ပါ လုပ်ရမယ်”

ပြောနေရင်းဖြင့် တစ်ချိန်တည်းမှာပင် သူ့နောက်ကွယ်မှ စော်ကားသောသူများ၊ လှောင်ပြောင်ရယ်မောကြသူများအကြောင်းကို တွေးတောမိလိုက်သည်။

“ဒါတွေကို မေ့ထားလိုက်မယ်။ ငါလုံချန် က သွေးအေးပြီး ရက်စက်တဲ့လူမဟုတ်ဘူး။ ငါ့ကို အရှက်ရစေတဲ့သူတွေ၊ ငါက သူတို့ထက် ပိုသန်မာလာတယ်ဆိုရင် သူတို့ ငါ့ကိုကျေးဇူးပြန်တင်တာက တရားမျှတမှာပါ”

“ခရက်....”

နောက်နှစ်နာရီခန့်အကြာမှာတော့ အဆင့် ၂ နဂါးသွေးကြောဟာ ပြတ်တောက်သွားသည်။ သိပ်သည်းပြင်းထန်သော ချီစွမ်းအင်စီးကြောင်းနှစ်ခုဟာ နဂါးသွေးကြောနှစ်ခုအား ဖြတ်ကျော်လာသည်။ ထို့အတူ သူ့ခန္ဓာကိုယ်ဟာ အရင်ထက် ပိုပြီးအားကောင်းလာသလို ခံစားနေရသည်။

ချီစွမ်းအားတွေက သူ၏ အလင်းဝင်ပေါက်ခုနစ်ခုအား ဖြတ်သန်းသွားစဉ် လုံချန် ဟာ အမြင်အာရုံတစ်ခုလုံး ရှင်းလင်းသွားသလိုပင်။ ညအချိန်ဖြစ်သော်ငြား ပိုပြီးရှင်းလင်းကျယ်ပြန့်သောနေရာကိုမြင်နေရ၏။ ဂရုတစိုက်နားထောင်ကြည့်လိုက်တော့

သူ့ပတ်ဝန်းကျင်ရှိ ငှက်များနှင့် အင်းဆက်ပိုးမွှားများ အသံကိုပင် ပို၍ရှင်းလင်းစွာကြားနိုင်လေသည်။

ခဏကြာပြီးနောက်မှာတော့ လုံချန် က

မတ်တပ်ထရပ်လိုက်ပါသည်။ သူ့တစ်ကိုယ်လုံးမှာ အတိုင်းအဆမဲ့ခွန်အားများ ပြည့်လျှံနေသလိုမျိုး ခံစားရသည်။

ယခုအချိန်ကစလို့ သူဟာ စစ်မှန်သော ကျင့်ကြံသူတစ်ယောက်အဖြစ် ခြေလှမ်းတစ်ခု စတင်နိုင်လိုက်ပြီဟု ဆိုနိုင်ပါသည်။

လုံချန် က ထွက်မသွားခင်မှာ လုံချင်းလန်၏ အုတ်ဂူကို နောက်ထပ်တစ်ကြိမ် ငုံ့ကြည့်လိုက်လေသည်။

သူ ခဏတိတ်ဆိတ်သွားပြီးမှ “ဒီနေ့ ငါရခဲ့တဲ့ အောင်မြင်မှုတွေက အဖေ့ဆီကနေ လာတာပါ။ အရင်တုန်းက အဖေ့ကို ဘာမှန်းမသိလို့ မုန်းတီးခဲ့တယ်။ အခု ငါ့အမှားကို ငါဝန်ခံတယ်။ အဖေက တကယ့်ကို ဖခင်ကောင်းတစ်ယောက်ပါ”

ထိုစကားပြောပြီးနောက် နောက်လှည့်ကာ ကျော်ကြားခြင်းမြို့တော် ဆီသို့ ဦးတည်လိုက်သည်။

သို့သော် လမ်းလျှောက်နေရင်း အနည်းငယ်မျက်မှောင်ကြုတ်ကာ

“တစ်ခုခုတော့လွဲနေပြီ......”

လုံချန် က ‌ရုတ်တရက် တွေးမိလိုက်သည် “အစက ဒီနဂါးကျောက်စိမ်းက ငါ့အဖေရဲ့ ဒန်တျန်ထဲမှာရှိတယ်။ ဒါက အရမ်းလျှို့ဝှက်ဆန်းကြယ်နေတယ်။

ပြီးတော့ နတ်နဂါးတိုက်ကြီး နဲ့ “လုံ” မိသားစု ဆိုတဲ့ အဲဒီအုပ်စိုးရှင်တွေအကြောင်းက...... အဖေပြောပုံအရဆို အရမ်းကြောက်စရာကောင်းတယ်။ ဒါဆို ငါ့အဖေမှာ ထူးခြားတဲ့ နောက်ခံတစ်ခုခုရှိနေတာများလား”

“ဟုတ်သားပဲ။ အဖေက ကျော်ခြားမြို့ကို ရုတ်တရက်ကြီး ရောက်လာတယ်လို့ပြောတယ်။ ဒီမတိုင်ခင်မှာ သူ့အတိတ်အကြောင်း ဘယ်သူမှ မသိခဲ့ဘူး”

လုံချန် က မျက်မှောင်ကြုတ်ပြီး ဆက်တွေးနေသည် “အရေးကြီးဆုံးကတော့ ငါ့အဖေက ဒီနဂါးကျောက်စိမ်းရဲ့ဇာစ်မြစ်ကို သေချာပေါက်သိထားလိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့မူလချီတွေကို မသေမချင်းစုပ်ယူခွင့်ပြုထားတာက ဘာ့ကြောင့်များပါလိမ့်။ အခုကျတော့ ငါ့ကို လွှဲပေးလိုက်တယ်။ ဒီနဂါးကျောက်စိမ်းရဲ့ ဇစ်မြစ်က တကယ်ပဲထူးခြားဆန်းကြယ်နေတာလား”

သူ့စိတ်အာရုံအသိကို အသိစိတ်ပင်လယ်ထဲသို့ ပို့လွှတ်လိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သော နဂါးကျောက်စိမ်းက အသိစိတ်ပင်လယ်ထဲမှာ ငြိမ်သက်စွာ လွင့်မျောနေဆဲ။ လုံချန် က ဦးနှောက်ဆယ်ခုစာပါသော ဉာဏ်ကြီးရှင် ဖြစ်နေလျှင်ပင် အဖြစ်အပျက်တစ်ခုလုံးအား သိနိုင်မှာမဟုတ်ပေ။

ထို့အပြင် နဂါးကျောက်စိမ်းက လွင့်မျောနေသော်လည်း သူ့ဒန်တျန်ထဲကို ချီစွမ်းအားများ စီးဝင်နေသေးတာကို အမှတ်မထင်သတိပြုမိလိုက်ပြန်သည်။

လုံချန် ဟာ တော်တော်လေး ဝမ်းသာသွားသည် ။

“ငါ့ရဲ့ ချီ က အဆက်မပြတ်တိုးတက်နေတယ်။ ဒါဟာ တခြားသူတွေရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းထက် အများကြီးသာနေတာပဲ”

တွေးတောနေရင်းဖြင့် သူ့အတွေးများကို ရုတ်တရက် ရပ်တန့်လိုက်သည်။ ရှေ့ခပ်လှမ်းလှမ်း၌ ကျော်ကြားခြင်းမြို့တော်ကို လှမ်းမြင်နေရလေပြီ။

“ယန် မိသားစုက သူတို့ရဲ့ လူငယ်မျိုးဆက်တွေကို ပြိုင်ပွဲလုပ်ပေးတာလား။ သူတို့အားလုံးက ကျင့်ကြံသူတွေနဲ့ ဉာဏ်ကြီးရှင်တွေချည်းပဲ။ ကျန်တဲ့လူကိုမပြောနဲ့ လက်ရှိငါက ယန်ကျန်း

ကိုတောင် မယှဉ်နိုင်ဘူး။ ငါ့အဖေက ငါ့ကို ယန် မိသားစုရဲ့ လူငယ်မျိုးဆက်မှာ နံပါတ်တစ် ဖြစ်စေချင်တယ်တဲ့လား။

ဒါက ကောင်းကင်ဘုံကို တက်လှမ်းတာထက်တောင် ပိုခက်သေးတယ်။ နတ်နဂါးတံဆိပ်တော်၊ နဂါးစစ်သည်တော်.... ဒီအရာတွေအားလုံးက တကယ်ပဲ အရေးကြီးသလား”

သိပ်မကြာလိုက်။ လုံချန် ဟာ ကျော်ကြားခြင်းမြို့ထဲသို့ ဝင်ရောက်လာခဲ့သည်။ သူပြန်ရောက်လာတဲ့အချိန်မှာ ညဉ့်နက်နေလေပြီ။

လုံချန် က ယန်မိသားစုနှင့် အတူမနေထိုင်ရန် ဆုံးဖြတ်ထား၏။ အရှေ့ခန်းမ၌ အခန်းတစ်ခန်းဝယ်ယူခဲ့သည်။ သူ ကြီးပြင်းလာကတည်းက လူတိုင်းကို သင့်မြတ်စွာ ပေါင်းသင်းလေသည်။ ထို့ကြောင့် သူ့အား ရန်ပြုတိုက်ခိုက်မယ့်သူ မရှိချေ။

အခန်းထဲသို့ ရောက်သည်နှင့် သူ၏ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်ပါသည်။ လုံချန် က ရေချိုးပြီးနောက် နောက်ဆုံးတွင် သူ့အိပ်ရာရှေ့ကို လျှောက်သွားလေသည်။ မတ်တပ်ရပ်နေစဉ် သူ့မျက်လုံးထဲကနေ အေးစက်စက်အလင်းရောင်များ တောက်ပလာသည်။

“အိပ်ယာက ရှုပ်ပွနေတာပဲ၊ သူခိုးဝင်သွားတာဖြစ်နိုင်မလား”

လုံချန် က သံသယစိတ်ကို ထိန်းကာ စစ်ဆေးကြည့်လိုက်သည်။ ဘာမှားတေမှန်းတော့ မ‌တွေ့လိုက်ပေ။

ထို့နောက် ခြောက်ကပ်စွာ ရယ်မောပြီး ကုတင်ပေါ်တွင် လှဲနေလိုက်သည်။ ဤနေ့မှာ သူ့ဘဝအတွက် အထူးခြားဆုံးနေ့တစ်နေ့ဟုပင် ဆိုနိုင်လောက်သည်။ အံ့ဩစရာကောင်းသော အဖြစ်အပျက်များ ဖြစ်ပွားခဲ့သည်။ သူကိုယ်တိုင်လည်း အဆင့် ၂ နဂါးသွေးကြောနယ်ပယ်သို့ တက်လှမ်းနိုင်ခံ့လေသည်။

လက်ရှိမှာ သူ့တစ်ကိုယ်လုံး အားအင်များပြည့်ကာ လန်းဆန်းနေသည်။ ဘယ်လိုမှကို အိပ်မပျော်တော့ပေ။

အခြားသူများ ကတော့ အိပ်ပျော်နေကြလေပြီ။ လုံချန် တစ်ယောက်သာ အိပ်လို့မရသဖြင့် ဒီအတိုင်းရှိနေလေသည်။သို့သော် ထူးခြားမှု တစ်စုံတစ်ရာကို ရုတ်တရက် သတိပြုမိလိုက်သည်။ သူ့စိတ်အာရုံအသိကို ဖြန့်ကျက်လိုက်ရာ အိပ်ခန်းဆီသို့ ချဉ်းကပ်လာနေသည့် လူတစ်ယောက်ကို သတိထားမိသွား၏။

လုံချန် က တုံ့ဆိုင်းမနေဘဲ အိပ်ယာအနီးရှိ အစီအရင်ဗဟိုချက်ကို အလျင်အမြန် နှိပ်လိုက်ပြီး မြေအောက်ခန်းထဲသို့ ဝင်သွားလေသည်။ သူ အိပ်စက်နေကျ ကုတင်ကတော့ နဂိုအတိုင်း ပုံမပျက်ဆက်ရှိနေခဲ့သည်။

ထို့နောက် ကြမ်းပြင်၏ အက်ကွဲကြောင်းကနေတစ်ဆင့် အပြင်ဖက်သို့ ချောင်းကြည့်ကာ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

သိပ်မကြာလိုက်ပေ။ အနက်ရောင်မျက်နှာဖုံးစွပ်လူနှစ်ယောက်က လုံချခန်၏ အခန်းထဲသို့ ဝင်လာကြသည်။ ထို့နောက် ကုတင်ပေါ်မှာ လုံချန် အိပ်စက်နေသည်အထင်ဖြင့် ဓားတစ်လက်ကိုမြှောက်၍ ခုတ်ချလိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီး ကုတင်က နှစ်ခြမ်းကွဲသွားသည်။

“ဟမ့်.... ဒီအသုံးမကျတဲ့ အမိုက်ကောင်က ဒီမှာမဟုတ်ဘူးလား။ စောစောက ဝင်လာတာကို ငါတို့ တွေ့လိုက်ပါတယ်”

“သူ ငါတို့ဝင်လာတာကို သတိထားမိသွားတာ သေချာတယ်။ ဒါ့ကြောင့် အမြန်ဆုံးထွက်ပြေးသွားတာ ဖြစ်နိုင်တယ်”

“ဟမ့် ။ သူ ဒီနေ့လွတ်ရင်တောင် မနက်ဖြန်မလွတ်နိုင်ဘူး။ ငါတို့မနက်ဖြန်မှ ပြန်လာမယ်။ ဒီ အသုံးမကျတဲ့ အမှိုက်ကောင်ကို ကိုင်တွယ်တာက ငါတို့အတွက် ထမင်းစားရေသောက်လိုပဲ”

ထိုစကားများ ပြောပြီးနောက်မှာတော့ မျက်နှာဖုံးစွပ်လူနှစ်ယောက်စလုံး

ကမန်းကတန်း ထွက်သွားကြသည်။

လုံချန် က ချက်ချင်း ထွက်မလာသေးပေ။ သူက အဆင့် ၂ နဂါးသွေးကြောနယ်ပယ် ဖြစ်နေသည့်တိုင် ထိုလူနှစ်ယောက်က သူ့ထက်အများကြီးသန်မာလေသည်။ အကယ်၍ ထိပ်တိုက်ရင်ဆိုင်ရပါက ဘယ်လိုမှကို အသက်ရှင်နိုင်မှာမဟုတ်ပေ။

“ကံကောင်းတာက ငါ့မှာ ထက်မြက်တဲ့ ဉာဏ်ရည်ရှိနေလို့။ ငါ့အိပ်ယာပေါ်မှာ လျှို့ဝှက်အစီအရင်တွေ တပ်ဆင်ထားခဲ့တယ်။ ဒီလိုမှမဟုတ်ရင် ငါ့အလောင်းက ဒီကုတင်ပေါ်မှာ လဲလျောင်းနေရလိမ့်မယ်”

ဒီအချိန်မှာ လုံချန်၏ အကြည့်များက အေးစက်နေခဲ့လေသည်။

ကျော်ကြားခြင်းမြို့မှာ လုပ်ကြံသတ်ဖြတ်သူတွေကို ငှားပြီး ငါ့ကိုသတ်ခိုင်းတဲ့လူ ရှိနေတာလား။ ငါ့လို ဒီလိုမျိုး သာမန်နဂါးသွေးကြောနယ်ပယ်လေးက သူတို့အတွက် သတိထားဖို့ ထိုက်တန်သလား”

ထိုအကြောင်းကိုတွေးရင်း လုံချန် ဟာ မျက်မှောင်ကြုတ်သွားပြန်သည်။ ဖြစ်နိုင်ခြေရှိသော သံသယရှိသူများစာရင်းကို တွေးလိုက်သည့်တိုင် သူ့အား အပြတ်ရှင်းချင်နေသူကို စဉ်းစားမရပေ။

ယန် မိသားစုက သူ့ကို စွန့်ပစ်ထားသည့်တိုင်အောင် လုပ်ကြံသတ်ဖြတ်သူတွေငှားပြီး သတ်ခိုင်းရအောင်အထိတော့ အောက်တန်းကျမှာမဟုတ်ပေ။

“ဒီကိစ္စမှာ ငါမသိသေးတဲ့ ပူးပေါင်းကြံစည်မှုတစ်ခု ရှိရမယ်။ အင်း၊ မနက်ဖြန်ကျရင် ယန် အိမ်တော်ကို ပြန်သွားမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့လုံခြုံရေးကိုတော့ အာမခံနိုင်သေးတယ်။ ပြီးတော့ အခုဆို ငါက အဆင့် ၂ နဂါးသွေးကြောနယ်ပယ်ကို ရောက်နေပြီ။ ယန် မိသားစုမှာ သိုင်းခန်းမ ရှိတယ်လို့ကြားမိတယ်။ ငါက ယန် မိသားစုရဲ့ အစိတ်အပိုင်းဖြစ်နေဆဲပဲ။ ဒီတော့ သိုင်းခန်းမ ကို ဝင်လို့ရတန်ကောင်းပါတယ်”

မသိလိုက်ခင်မှာပဲ နံနက်မိုး‌လင်းသွားလေပြီ။ နေအလင်းရောင် ဖြာကျလာသည်နှင့် လုံချန် ဟာ အခန်းထဲကနေ ထွက်လာလိုက်သည်။

ယန် အိမ်တော်က အလွန်တရာကျယ်ဝန်းလှသည်။ လုံချန် ပြန်သွားသည်ဖြစ်စေ သို့မဟုတါ မပြန်ရင်တောင် ဘယ်သူမှ ဂရုစိုက်နေမှာမဟုတ်။

သူ့အခန်းကို သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးနောက် လုံချန် က သူ၏ ကျင့်ကြံမှုကို စစ်ဆေးလိုက်သည်။ မကြာခင်မှာ သူက အဆင့် ၃ သို့ချိုးဖျက်နိုင်တော့မှာကို သိလိုက်၏။

မှန်သည်။ သူ့မှာ ဘာတိုက်ခိုက်ရေးနည်းစနစ်မှကို ရှိမနေပေ။ သို့သော် ယန် မိသားစု၏ စည်းမျဉ်းအရဆိုလျှင် အဖွဲ့ဝင်တစ်ဦးဟာ အဆသ့် ၁ နဂါးသွေးကြောနယ်ပယ်သို့ ဝင်ရောက်နိုင်သရွေ့တော့ သိုင်းခန်းမ ကိုဝင်ရောက်နိုင်လေသည်။ လက်ရှိ လုံချန် က အရည်အချင်း ပြည့်မှီပါသည်။

သိုင်းခန်းမ သို့သွားရာ လမ်းတစ်လျှောက်တွင် အိမ်အကူများနှင့် အစောင့်များက သူ့ကို အေးစက်စွာ စိုက်ကြည့်နေကြသည်။ လုံချန် အတွက်တော့ ကျင့်သားရနေပြီဖြစ်သည်။

သိပ်မကြာလိုက်ချေ၊ သိုင်းခန်းမသို့ပင် ရောက်လာလေပြီ။

သိုင်းခန်းမ က ယန် မိသားစု၏ တားမြစ်နယ်မြေလည်းဖြစ်ခဲ့သည်။ ယန် မိသားစုဝင်များ သာလျှင် ဝင်ရောက်နိုင်၏။ အိမ်အကူများနှင့် အစောင့်များကတော့ အနားပင်မကပ်နိုင်ပေ။ လုံချန် က ခပ်လှမ်းလှမ်းရှိ တောအုပ်ထဲမှ ကျောက်တံခါးချပ်ကြီးကို အဝေးမှပင်မြင်လိုက်သည်။ ၎င်းနောက်မှာတော့ ယန် မိသားစု၏ နာမည်ကျော်သိုင်းခန်းမ ရှိနေပေသည်။

ကျောက်တံခါးချပ် ရှေ့သို့ လျှောက်သွားရန် ပြင်လိုက်စဉ် သူ့လမ်းကို တစ်စုံတစ်ယောက်က ပိတ်ဆို့ထားခဲါသည်။

အခြားမဟုတ်၊ ယခင်က သူ့အား တံတွေးဖြင့် ထွေးခဲ့ဖူးသည့် ချန်းလုပင်ဖြစ်လေသည်။ ၎င်းက အဆင့် ၂ နဂါးသွေးကြောနယ်ပယ် မှာရှိနေ၏။

လုံချန် က သိုင်းခန်းမသို့ ဝင်ရောက်ဖို့ပြင်နေသဖြင့် ချန်းလု၏ စိတ်ထဲမှာ အံ့အားသင့်သွားခဲ့သည်။ ခဏအကြာတွင် သူက လုံချန် ကို လှောင်ပြောင်ပြီး ပြောခဲ့သည် “ဆရာကြီးချန်၊ မင်းလား.....

မင်းလိုမျိုး ယန် မိသားစုရဲ့ အမှိုက်ကောင်က သိုင်းခန်းမ ကို ဘာ့ကြောင့်ရောက်လာတာလဲ”

လုံချန် က ရိုင်းစိုင်းသည့် အပြုအမူကို သဘာဝကျကျ နားလည်ထားသည်။ သို့သော် ဤနေ့မှာတော့ ချန်းလု၏ စကားများက သူ့ကို အရှက်ရစေသလိုခံစားရသည်။

လုံချန် က မတိုက်ခိုက်ခဲ့ပေ။ သူက သိုင်းခန်းမသို့ ပထမဆုံးအကြိမ်ရောက်လာသည်ဖြစ်ရာ ဘာမှမရလိုက်ဘဲ လက်ဗလာနဲ့ မပြန်နိုင်ပေ။ ချန်းလု ကို အာရုံမထားတော့ဘဲ ကွေ့ပတ်ကာ ကျောက်တံခါးချပ် ဆီသို့ လျှောက်သွားလိုက်သည်။

သို့သော်လည်း ချန်းလု က သူ့လမ်းကြောင်းအား ဆက်ပြီး ပိတ်ရပ်ထားဆဲ။ သူက အေးစက်စွာ ရယ်မောပြီး “ဆရာကြီးချန်၊ မင်း ငါပြောလိုက်တဲ့စကားကို မကြားတာထင်တယ်”

“ငါ နဂါးသွေးကြောနယ်ပယ် ကို ဝင်ပြီးပြီ။ သိုင်းခန်းမကို ဝင်တာမဝင်တာက မင်းလို အပြင်လူနဲ့ ဘာဆိုင်လို့လဲ “ လုံချန် က ခေါင်းမော့ကာ ချန်းလု ကိုအေးစက်စက်စိုက်ကြည့်နေသည်။

“ဘာလဲ။ ငါနားကြားမှားသွားတာများလား။ မင်းက နဂါးသွေးကြောနယ်ပယ် ကို ရောက်သွားပြီလား။ ကောင်းပြီ။ ဆရာကြီးချန်၊ ဒီနေ့ မင်း အမြင်ကျယ်သွားအောင်လို့ ငါချန်းလုရဲ့ စစ်မှန်တဲ့ခွန်အားကို လက်တွေ့ပြပေးမယ်”

Translated By NyiNyiSoe

All Chapters