← Chapters

အခန်း (၄-၆)

Vol. 1 Ch. 4-6

အခန်း (၄-၆)

Vol. 1 Ch. 4-6

B.D.W.G - လုံချန်

ဘာသာပြန်သူ - ညီညီစိုး

အပိုင်း ၄ - ငါ့ကိုအခွင့်အရေးမပေးမိစေနဲ့

ချန်းလု ဟာ နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်ရင်း လုံချန် ကို ကြည့်ကာ ပြုံးလိုက်သည်။ သူက “ဒါက ခဏတဖြုတ် လေ့ကျင့်တာသက်သက်ပဲ။ သခင်လေးချန်၊ မင်းရှုံးသွားရင် အရမ်းကြီး အရှက်ရနေမယ်လို့ စိတ်ပူစရာမလိုပါဘူး”

ဒီအချိန်မှာ လုံချန် က ဘာစကားမှမပြောဘဲ ချန်းလု ကိုသာ အေးစက်စက်စိုက်ကြည့်နေလေသည်။ တစ်ဖက်သား၏ အပြုံးအောက်က အထင်အမြင်သေးမှုကို သူ ကောင်းကောင်းခံစားမိနိုင်ပါသည်။ အမှန်တော့ လုံချန် သာ အရင်တစ်နေ့ကလို ထူးခြားမှုမျိုး မကြုံတွေ့လျှင် ချန်းလု အား ယှဉ်ဖို့မဖြစ်နိုင်လောက်ပေ။

သို့သော်လည်း လက်ရှိသူဟာ တိုင်ပွဲအတွေ့အကြုံ သို့မဟုတ် အခြေအနေသုံးသပ်မှုကအစ အားလုံး ပြောင်းလဲသွားပြီ ဖြစ်သည်။ သူ၏တိုက်ပွဲဝင်စွမ်းအားတွေ တိုးတက်လာသလို နှလုံးသားထဲမှာလည်း တိုက်ခိုက်ချင်စိတ်အပြည့်ပါ။

“ချန်းလု၊ မင်းဘယ်လိုလူစားမျိုးလဲဆိုတာ ငါသိတယ်။ သူတော်ကောင်းယောင်ဆောင်ဖို့ မကြိုးစားနဲ့။ မင်းတိုက်ခိုက်ချင်ရင် ငါ့ဆီလာခဲ့လိုက်။ ဒါပေမဲ့ ငါတို့တိုက်ခိုက်နေရင်း မင်းကို မတော်တဆသတ်မိရင်တော့ ငါ့ကို အပြစ်မတင်လေနဲ့”

ဤနေ့တွင် လုံချန်၏ လေသံ နှင့် အပြုအမူကအစ အလွန်ပင် ကြမ်းတမ်းနေပေသည်။ ချန်းလု လည်း အတော်လေးကို အံ့အားသင့်နေပုံရ၏။

သူက လုံချန် ကို နောက်ထပ် လှောင်ပြန်ရန် ပြင်နေစဉ်မှာပဲ စစ်မှန်သောချီအရှိန်အဝါဖြာထွက်နေသည့် လက်သီးတစ်ချက် ပြေးဝင်လာတာကို မြင်လိုက်ရတော့သည်။

“မင်းက နဂါးသွေးကြောနယ်ပယ် ကိုတကယ်ပဲရောက်သွားပြီပေါ့။ ဒါပေမဲ့ ငါ့ပြိုင်ဖက် ဖြစ်ဖို့ဆိုရင်တော့ ဝေးပါသေးတယ်ကွာ။ ကောင်းပြီ၊ မင်းအတွက် ဘာကောင်းလဲဆိုတာ မင်းမသိဘူးဆိုတော့ ငါ့ခွန်အားကို ဘယ်လိုထိန်းရမှန်းမသိလို့ ငါ့ကို အပြစ်မတင်ပါနဲ့”

ချန်းလု ဟာ လွန်ခဲ့သည့် နှစ်နှစ်ကတည်းက အဆင့် ၂ နဂါးသွေးကြောနယ်ပယ် ကိုရောက်နေတာပါ။ သူက နောက်ပြန်မဆုတ်ဘဲ လုံချန်၏ လက်သီးချက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်ပါသည်။

ဘုန်း....

နှစ်ဖက် လက်သီးများ ဆုံတွေ့သွားသည်နှင့် စစ်မှန်သော ချီစွမ်းအားများ ပေါက်ကွဲထွက်လာတော့သည်။ တစ်ချိန်တည်းမှာပဲ နှစ်ယောက်လုံး နောက်ဆုတ်သွားကြသည်။

ချန်းလု က တစ်ဖက်လူ၏ လက်သီးမှ ခွန်အားကို ခံစားလိုက်ရသဖြင့် အံ့အားသင့်သွားသည်။ သူက လုံချန်ကို ကြည့်ကာ “ကောင်းလိုက်တာ။ မင်းရဲ့ခွန်အားကို ကောင်းကောင်းဖုံးကွယ်ထားတာပဲ။ အဆင့် ၂ နဂါးသွေးကြောနယ်ပယ်”

လုံချန် လည်း ခြေလှမ်း အနည်းငယ်ခန့် နောက်ပြန်ဆုတ်သွား၏။

“ဒီချန်းလု ရဲ့ စစ်မှန်တဲ့ချီ က ငါနဲ့ ယှဉ်နိုင်သားပဲ။ မှန်တယ်၊ သူက ငါ့ထက် အတွေ့အကြုံ ပိုရှိတာကိုး။ ငါတို့ အချိန်အကြာကြီး တိုက်ခိုက်ရင် ငါ သူ့ကို ကျိန်းသေပေါက် ရှုံးလိမ့်မယ်။ ဒီနေ့က ငါ့ရဲ့ ပထမဆုံး တိုက်ပွဲဖြစ်လို့ ငါသာရှုံးသွားရင် ဘာတစ်ခုမှကို ရလိုက်မှာမဟုတ်ဘူး။ ပြီးတော့ ဒီအဖြစ်အပျက်ကနေ ငါ့ရဲ့ အနာဂတ် ကျင့်ကြံခြင်းလမ်းကြောင်းကို သက်ရောက်မှု ရှိနိုင်တယ်။ ဒါကြောင့် ငါသေရင်တောင် ငါ သူ့ကို ရှုံးလို့မရဘူး”

ထိုအကြောင်းကို တွေးမိလိုက်တော့ လုံချန်၏ မျက်လုံးအစုံက နီရဲလာပါတော့သည်။

ထို့နောက် ခပ်လှမ်းလှမ်းရှိ ချန်းလု ကိုစိုကြည့်ကာ “ချန်းလု၊ မင်းမှာ လုံလောက်တဲ့ခွန်အားတော့ ရှိသားပဲ။ ဒါပေမဲ့ ငါလုံချန် က ပိုသန်မာတယ်။ ငါ့ဆီက နောက်ထပ် လက်သီးတစ်ချက်လောက် ခံယူလိုက်စမ်း”

စကားပြောရင်း နောက်ထပ် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

ဒီအချိန်မှာ ချန်းလု ဆီကနေ စစ်မှန်သော ချီစွမ်းအားများ ပေါက်ကွဲလာပြီး လုံချန် ကို ဖိနှိပ်လိုက်သည်။

ဘမ်း...

ဤတစ်ကြိမ်မှာတော့ လုံချန် ဟာ လွင့်ပျထွက်ကာ ‌ခပ်ဝေးဝေးသို့ ပြုတ်ကျသွားခဲ့သည်။

“မင်းရဲ့အဖေက အမှိုက်ပဲ။ သူ့သားဖြစ်တဲ့ မင်းလည်း အမှိုက်ပဲ။ မင်းရဲ့ မဖြစ်စလောက်ခွန်အားလေးနဲ့ ငါ့ရှေ့မှာ ဘယ်လိုမောက်မာရဲတာလဲ။ မင်း ခွေးတ်ကောင်လို အရိုက်ခံရဖို့ ထိုက်တန်တယ်”

လုံချန် က လက်မလျှော့သေးဘဲ သူ့ဆီပြေးဝင်လာနေတာကို မြင်သောအခါ ချန်းလု က တဟားဟားလှောင်ရယ်ပါတော့သည်။

သို့သော် သူမသိလိုက်တာကတော့ လုံချန်၏ဘယ်ဖက်လက်က နောက်ကျောမှာဝှက်ထားတာကိုပါ။

“မင်း လက်မလျှော့သေးဘူးလား”

ချန်းလု က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လုံချန် ဆီသို့ တည့်တည့်ပြေးသွားလိုက်သည်။

ဤအခိုက်အတန့်တွင် လုံချန် က သူ့ဘယ်ဖက်လက်ကို ဆတ်ခနဲရှေ့ထုတ်လိုက်သည်။ သူ့လက်ထဲမှာ အမည်မသိ အနက်ရောင်အရာတစ်ခုပေါ်လာသည်။ ထို့နောက် ချန်းလု၏မျက်နှာကို ပစ်ပေါက်လိုက်လေသည်။

“ဒါကဘာလဲဟ”

ချန်းလု လည်း ထိတ်လန့်သွားသည်။ သူ့လက်တစ်ဖက်ကို ကမန်းကတန်းမြှောက်၍ သူ့မျက်နှာကို ကာကွယ်ထားလိုက်သည်။ သို့သော် အမည်မသိလက်နက်က သူ့လက်မောင်းကို ထိမှန်သွား၏။ ချန်းလု ဟာ သူ့လက်မောင်းဆီကနေ ဆစ်ခနဲနာကျင်မှုကို ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် လုံချန် က ချန်းလုထံ ရိပ်ခနဲပြေးဝင်လာသည်။ ထို့နောက် ခြေထောက်တစ်ဖက် မြှောက်ကာ ချန်းလု၏ခန္ဓာကိုယ်အောက်ပိုင်းသို့ ဖြတ်ကန်ထည့်လိုက်တော့သည်။

“ဘန်း”ခနဲ ပေါက်ကွဲသံနှင့်အတူ ချန်းလု ဟာ အသံအကျယ်ကြီး အော်ဟစ်လိုက်ရလေသည်။ ပါးစပ်ကနေ သွေးများအန်ထွက်လာပြီး မြေပြင်ပေါ်သို့ ခွေးကျဝက်ကျ လဲကျသွားခဲ့သည်။ ဒီအချိန်မှာ သူ့မျက်နှာက မယုံကြည်နိုင်မှုအပြည့်ဖြင့် လုံချန် ကို မော့ကြည့်နေသည်။

“မင်း... ယန်ချန် ၊ မင်း ငါ့ကို ဘယ်လိုတောင် နာကျင်အောင် လုပ်ရဲတာလဲ။ ငါ့ဝမ်းကွဲအစ်ကိုက မင်းရဲ့ ခွေးအသက်ကို သေချာပေါက် သတ်ပစ်လိမ့်မယ်”

လုံချန် က ချန်းလု ရှေ့မှာရောက်လာပြီး မျက်နှာတည့်တည့်ကို တံတွေးနဲ့ ထွေးလိုက်သည်။

“အဆင့် ၂ နဂါးသွေးကြောနယ်ပယ် တဲ့လား။ ငါ့ရဲ့ အပြင်းထန်ဆုံးတိုက်ခိုက်မှုကို ထပ်သုံးလိုက်ရင် စက္ကန့်ပိုင်းအတွင်း မင်းအသတ်ခံရနိုင်တယ်”

လုံချန် ဟာ ယခင်က သိုင်းပညာရှင်မဟုတ်သည့်အတွက် တိုက်ပွဲ အတွေ့အကြုံမရှိခဲ့ပေ။ ဤလှုပ်ရှားမှုက သူ၏လျှို့ဝှက်စွမ်းရည်ပါ။

လုံချန် က ရှေ့ကို ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး ချန်းလု၏လည်ပင်းဝတ်ရုံစကို ဆွဲမြှောက်ကာ အေးစက်စက်ပြောလိုက်သည် “မင်း တစ်ချိန်က ငါ့ကို ခွေးလို့ခေါ်တယ်။ ငါ့ကိုတောင် တံတွေးနဲ့ထွေးခဲ့သေးတယ်။

ဒါ မင်းရဲ့အမှားပဲ။ ဒီနေ့ ငါ့ကို တံတွေးနဲ့ထွေးခဲ့တဲ့ သောက်ပါးစပ်ကို ပိတ်ပေးလိုက်မယ်”

ဤတစ်ခါတော့ ချန်းလု က အကြီးအကျယ် ထိတ်လန့်သွားလေပြီ။ သူဟာ အသနားခံသည့် မျက်လုံးများဖြင့် လုံချန် ကို ကြည့်နေလေသည်။ သို့သော် စကားပြောဖို့ပင်အချိန်မရလိုက်ပေ၊ လုံချန် က ချန်းလု၏ပါးစပ်ကို ဆွဲဟပြီး သွားတစ်ချောင်းချင်းစီကို ရိုက်ချိုးလိုက်ပါတော့သည်။ ချန်းလု ဟာ နာကျင်စွာအော်ဟစ်ရင်း မြေပြင်ပေါ်မှာ လူးလှိမ့်နေခဲ့သည်။

ချန်းလု ကို ထပ်မံတိုက်ခိုက်ခါနီးမှာတော့ လုံချန် ဟာ သူ့နောက်ကျောကနေ လေတိုးသံအချို့ကို ကြားလိုက်သည်။ နောက်လှည့်ကြည့်လိုက်ရာ ယန်ကျန်း ကိုမြင်လိုက်ရသည်။ သူ့အပြင် ယန် မိသားစု၏ ဒုတိယမြောက်သား ယန်ယွန်ထျန်း လည်းရပ်နေခဲ့သည်။ ၎င်းက လုံချန်၏ ဒုတိယဦးလေး ဖြစ်ခဲ့သည်။

“ယန်ချန်၊ မင်းသေချင်နေတာလား”

ယန်ကျန်း က အေးစက်စက်ပြောကာ လုံချန် ဆီသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

ကြောက်မက်ဖွယ် ချီစွမ်းအားများ ဖြာထွက်နေသည့် လက်ဝါးက လုံချန် ဆီသို့ တည့်တည့်ပြေးဝင်လာသည်။ သူ့အနေဖြင့် ဘယ်လိုမှ မရှောင်နိုင်တော့ပေ။ သူ့ခွန်အားက ယန်ကျန်း ထက်များစွာ နိမ့်ကျနေလေရာ လက်ဝါးချက် ကျရောက်လာတာကိုသာ ကြည့်နေလေတော့သည်။

သို့သော် အနာဂတ်မှာ သေချာပေါက်

လက်စားချေမယ်လို့ ကျိန်ဆိုခဲ့သည်။ သူ့စိတ်ထဲမှာလည်း “မင်းက မှန်လားမှားလား မမေးဘဲ ချက်ချင်းတိုက်ခိုက်တယ်ပေါ့။ မင်းကို ကာကွယ်ဖို့ သန်မာတဲ့ ဖခင်တစ်ယောက်ရှိရင်တောင် ငါ့ကို ဒီလိုမျိုး တိုက်ခိုက်ရဲတယ်လား။ ကောင်းပြီ။ နောင်မှာ ငါ မင်းထက် သန်မာလာရင် သေချာပေါက်လက်စားချေမယ်”

ဒီအချိန်မှာပဲ ယန်ကျန်း၏လက်ဝါးက တုံ့ခနဲရပ်တန့်သွားခဲ့သည်။ လက်တစ်ဖက်က သူ့ကို ဖမ်းဆွဲထားလို့ပါ။ ဝင်တားလိုက်သူက ယန်ကျန်း၏အဖေ ယန်ယွန်ထျန်း ပင်ဖြစ်သည်။

ယန်ယွန်ထျန်း က သားဖြစ်သူကိုကြည့်ကာ ပြောလိုက်သည် “ကျန်းအာ၊ မင်းက ငါသင်ပေးတာကို မေ့သွားတာလား။မင်းတို့အားလုံးက ညီအစ်ကိုတွေမို့လို့ မင်း တခြားသူတွေကို ဘယ်လိုအနိုင်ကျင့်နိုင်မှာလဲ။ ငါတို့ ပြန်ရောက်တဲ့အခါ မင်းကို နည်းနည်းတော့အပြစ်ပေးရလိမ့်မယ်”

ထို့နောက် သူက လုံချန် ကိုစိုက်ကြည့်ကာ “အိုး၊ နောက်ဆုံးတော့ မင်းက နဂါးသွေးကြောနယ်ပယ် ရဲ့ ဒုတိယအဆင့်အထိ ရောက်သွားပြီပေါ့။ တိုက်ခိုက်ရေးနည်းစနစ်တွေ လေ့လာဖို့ ဒီကိုရောက်လာတာထင်တယ်။ သွားချင်ရင် သွားလိုက်ပါ။ ဒါပေမဲ့ အဖေက အဲဒီမှာ တံခါးပိတ်ကျင့်ကြံနေတယ်။ သူ့ကို အ နှောင့်အယှက်မပေးမိစေနဲ့။ မဟုတ်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်…”

ထိုစကားကို ပြောပြီးနောက် ယန်ကျန်း၏လက်ကို ဆွဲကာ ထွက်ခွာသွားခဲ့သည်။

အတန်ငယ် ဝေးသွားသည့်နေရာ ရောက်လာချိန်မှာတော့ ယန်ကျန်း က မနေနိုင်တော့ပေ။ သူ့အဖေကို ပြန်ကြည့်ကာ မေးလိုက်၏ “အဖေ၊ ချန်းလု က သူ့ကြောင့် ဒဏ်ရာရသွားတယ်လေ။

ဘာလို့ သူ့ကို သင်ခန်းစာတစ်ခုလောက် သင်ပေးခွင့်မပေးတာလဲ။ သူ့အင်အားနဲ့ဆို ယန်ချန် အယောက်တစ်သောင်းတောင်မှ ငါ့အတွက် ယှဉ်နိုင်မှာမဟုတ်ဘူး”

ယန်ယွန်ထျန်း က အေးစက်စက်ပြန်ပြောသည် “အမြဲတမ်း အမှိုက်လိုဖြစ်နေတဲ့လူကို အနိုင်ကျင့်တာက ဘာရလဲ။ မင်းမှာ အရည်အချင်းရှိရင် မင်းရဲ့ဝမ်းကွဲညီမ ယန်ဝူ နဲ့ သွားပြိုင်လိုက်။

ဘာပဲဖြစ်ဖြစ် သူက မင်းဒေါ်လေးရဲ့သားပဲလေ။ သူ့ကို ကျွန်တစ်ယောက်လို ဘယ်လို ဆက်ဆံနိုင်မလဲ”

ယန်ကျန်း က နားလည်သွားပုံဖြင့် “ “အဲဒါက ငါ့ဒေါ်လေးကြောင့်ပဲ။ သူက အဆင့် ၈ နဂါးသွေးကြောနယ်ပယ် မဟုတ်လား။ အဖေ၊ အဖေ့ကိုအချိန်နည်းနည်းပေးလိုက်ရင် အဆင့် ၈ နဂါးသွေးကြောနယ်ပယ်ကို ရောက်နိုင်မှာပါ”

……

ဤအခိုက်အတန့်တွင် လုံချန် က ထွက်ခွာသွားသော သားအဖနှစ်ယောက်၏ ပုံရိပ်များကို ကြည့်ရင်း လက်သီးများ တင်းတင်းဆုပ်ထားလိုက်သည်။ သူ့ဒေါသကို မျိုသိပ်ထားရသည်။ သူ့စိတ်ထဲမှာတော့ နောင်တစ်ချိန်မှာ သေချာပေါက် လက်စားချေမည်ဟု ကျိန်ဆိုထားသည်။

“ငါထပ်ပြောမယ်။ ငါ့ကို အခွင့်အရေးမပေးမိစေနဲ့။ မဟုတ်ရင် မင်းတို့သားအဖနှစ်ယောက်ကို သေတာထက်ပိုဆိုးအောင် ငါလုပ်ပေးမယ်”

နှစ်ပေါင်းများစွာတိုင် အနိုင်ကျင့်ခံလာရသူဖြစ်ရာ သူ့ခံစားချက်များကို ကောင်းကောင်းထိန်းချုပ်ထားနိုင်လေသည်။

ခဏကြာတော့ သူ့စိတ်ထဲက အမုန်းတရားများကို ဖယ်ရှားလိုက်ပြီး ကျောက်တံခါးချပ်ကြီးကို လှည့်ကြည့်လိုက်သည်။ ထို့နောက် တံခါးကို တွန်းဖွင့်၍ အထဲသို့ ဝင်လာခဲ့သည်။

ခန်းမထဲသို့ ရောက်လာချိန်တွင် လုံချန် က ခေါင်းမော့ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။

“ငါ့ရဲ့ ပထမဆုံး တိုက်ခိုက်ရေးနည်းစနစ်က ဒီအထပ်မှာပဲ”

ဘေးကို လှည့်ကြည့်လိုက်တော့ သစ်သားအိမ်လေးတစ်လုံးကို တွေ့လိုက်ရသည်။ အထဲမှာ ယန် ကလန်၏ဘိုးဘေးကြီး တံခါးပိတ်ကျင့်ကြံနေတာဖြစ်သည်။ မည်သူမျှ သူ့ကို မနှောင့်ယှက်ဝံ့ပေ။

လုံချန်၏ စိတ်ထဲမှာ ရုတ်တရက်ဆိုသလို မေးခွန်းထုတ်လိုက်သည် “ဒီအဘိုးကြီး၊ မင်းဘာလို့ ဒီလိုမျိုး လုပ်ရတာလဲ။ ငါ့အဖေက အသက်ငယ်ငယ်လေးနဲ့တင် အဆင့် ၈ နဂါးသွေးကြောနယ်ပယ် ကိုရောက်ခဲ့တယ်။ မင်းထက် နည်းနည်းလေးပဲ အားနည်းတယ်။ သူ့မှာ နဂါးကျောက်စိမ်းဆွဲသီးသာ မရှိခဲ့ရင် မင်းတောင် မျှော်ကြည့်နေရမယ့် အဆင့်ကို သေချာပေါက်ရောက်နေလိမ့်မယ်”

သူ့စိတ်ထဲမှာ ဒေါသတကြီး ကျိန်ဆဲရင်း ခန်းမထဲသို့ ဆက်လျှောက်လာခဲ့သည်။ တည်ရှိနေတာ ကြာပါပြီ။ အတော်လေး ရှည်လျားသော လမ်းမကိုဖြတ်ကျော်ပြီးနောက် လုံချန် ဟာ အတွင်းပိုင်းခန်းမထဲသို့ ရောက်ရှိလာသည်။ အတွင်းပိုင်း၌ ယန် ကလန်၏ တိုက်ခိုက်ရေးနည်းစနစ်များ ပါရှိသည့်ကျမ်းစာအုပ်များကို သပ်ရပ်စွာစီထားလေသည်။

“ငါက အဆင့် ၂ နဂါးသွေးကြောနယ်ပယ်ပဲရှိသေးတယ်။ ဒါ့ကြောင့် အဝါရောင်အဆင့် အခြေခံတိုက်ခိုက်ရေးနည်းစနစ်တွေကိုပဲ လေ့ကျင့်နိုင်မယ်ထင်တယ်”

ယန် ကလန်၌ အဝါရောင်အဆင့် အခြေခံတိုက်ခိုက်ရေးနည်းစနစ် ကျမ်းစာအုပ်ပေါင်း ၃၂ အုပ်ရှိခဲ့သည်။

လုံချန် ကကျမ်းစာအုပ်စင်ဆီသို့ လျှောက်လာရင်း စာအုပ်စင် ပထမအထပ်ရှိ “ကျားရိုင်းလက်သီး” အမည်ရသော လက်သီးနည်းစနစ်ကို ရွေးချယ်လိုက်သည်။

သို့သော် ၁၅ မိနစ်မပြည့်ခင်မှာပဲ “ကျားရိုင်းလက်သီး” ကျမ်းစာအုပ်ကို ပြန်ချထားလိုက်သည်။

“ဘာဖြစ်နေတာလဲ။ ဒီတိုက်ခိုက်ရေးနည်းစနစ်က ဘာကြောင့် ဒီလောက်ရိုးရှင်းရတာလဲ”

လျှို့ဝှက်ကျမ်းစာအုပ်များကို ဖတ်နေစဉ်မှာ လုံချန် ဟာ သူ့အသိစိတ်တစ်ခုလုံး ကြည်လင်နေတာကိုခံစားမိသည်။ သူ၏ မှတ်ဉာဏ်နှင့် နားလည်နိုင်စွမ်းက ရုတ်တရက်ကြီး ထူးခြားလာပုံရသည်။ အကြောင်းမှာ တစ်ချက်ကြည့်လိုက်ရုံနဲ့ ကျမ်းစာအုပ်အသီးသီး၌ ရေးသားထားသည့်အရာများကို အားလုံးနီးပါး နားလည်နိုင်ခဲ့သည်။

“ငါက သိုင်းပညာရှင်တစ်ယောက်ဖြစ်နိုင်မလား ဒါမှမဟုတ်...”

ယခင်က ကျင့်ကြံရေးနည်းစနစ်အချို့ကို တွေ့မြင်ခဲ့ရသည်။ သို့သော်လည်း နားလည်ရခက်ခဲလှသည်။ ယခုတော့ အခြေအနေဟာ မတူတော့ပေ။ သူ့စိတ်ထဲမှာတော့ လျှို့ဝှက်ဆန်းကြယ်သော နဂါးရုပ်ကျောက်စိမ်းဆွဲသီး အကြောင်းတွေးမိလိုက်သည်။

“ အခုဆို ငါ့ရဲ့နားလည်နိုင်စွမ်းက အရင်နဲ့ လုံးလုံး မတူတော့ဘူး။ ဒါဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ နဂါးကျောက်စိမ်းဆွဲသီးကြောင့် ဖြစ်ရမယ်”

လုံချန် တစ်ယောက် အတွေးများနေခဲ့သည် “အဖေ၊ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ နဂါးကျောက်စိမ်းဆွဲသီးက ဘာလဲ။ အဲဒါက ကောင်းကင်ဘုံကိုတောင် အံတုနိုင်တယ်။ တကယ်ပဲ အကျိုးသက်ရောက်မှုက အနာဂတ်မှာ ဘယ်လိုတွေရှိလာမှာလဲ။ အဖေ့ရဲ့ မူလချီတွေကို ငါ့အတွက် လွှဲပြောင်းပေးခဲ့တဲ့အပြင် နတ်နဂါးစစ်သည်တော် ပါဖြစ်လာစေချင်တာလား”

အဝါရောင်အဆင့်နိမ့် ကျမ်းစာအုပ်များကို ဖတ်ရှုပြီးနောက် လုံချန် ဟာ သူ့အတွက် တစ်ခုမှအသုံးမဝင်ကြောင်း သတိပြုမိခဲ့သည်။ ထို့ကြောင့် အဝါရောင်အလယ်အလတ်အဆင့် ကျမ်းစာအုပ်များ ထားရာ အထပ်သို့ ဆက်တက်လိုက်သည်။

အထဲမှာတော့ ကျမ်းစာအုပ် ၅ အုပ်ခန့်သာ ရှိနေ၏။ လုံချန် က ရုတ်တရက် “ဥက္ကာပျံလက်သီး” အဝါရောင်အလယ်အလတ်အဆင့် ဟူသည့် ကျမ်းစာအုပ်ကို ချက်ချင်းတန်းမြင်လိုက်သည်။

“... အဆုံးမဲ့ကြယ်တာရာကောင်းကင်လို ခန္ဓာကိုယ်ရှိရမယ်။ ဥက္ကာပျံလိုမျိုး လက်သီးတွေရှိရမယ်။ ထိုင် တောင်တန်းလို လေးလံပြီးတော့ နတ်လျှပ်စီးတွေလို မြန်ဆန်ရမယ်...”

“ဒီ ကြယ်ကြွေလက်သီး ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အဝါရောင်အလယ်အလတ်အဆင့် ကျမ်းစာအုပ်တွေထဲမှာ အကောင်းဆုံးပဲ။ ယန် မိသားစုရဲ့ ကြယ်ကြွေလက်သီး က လေ့ကျင့်ရခက်တယ်လို့ အတော်လေးနာမည်ကြီးတယ်။ ငါထင်သလောက်တော့ သိပ်မခက်ပါဘူး။ ငါတောင် အချက်အလက်တချို့ကို နားလည်နေပြီလေ။ အဝါရောင်အလယ်အလတ်အဆင့် နည်းစနစ်။ ငါ ဒီကြယ်ကြွေလက်သီး ကိုပဲ ရွေးလိုက်မယ်…”

ခြွင်းချက်တစ်ခုတော့ ရှိပေသည်။ ယန် မိသားစု၏ နည်းစနစ်ကျမ်းစာများကို မူရင်းယူသွားလို့မရပေ။ ပုံတူပွားပြီးသာ ယူဆောင်ခွင့် ပြုခဲ့သည်။

တစ်နာရီခန့်ကြာပြီးနောက် လုံချန် က ကျမ်းစာအုပ်ကို စာအုပ်စင်ပေါ် ပြန်တင်လိုက်သည်။

“ကူးယူနေတဲ့အချိန်မှာ ငါက ‌နည်းစနစ်ကို အကုန်လုံးနားလည်သွားပြီ။ အခုတော့ ငါ့အိမ်ကို ပြန်ပြီး လက်တွေ့ လေ့ကျင့်ဖို့ပဲ ကျန်တယ်။ ဒါပေမဲ့ ဒါက အဝါရောင်အလယ်အလတ်အဆင့် တိုက်ခိုက်ရေးနည်းစနစ်ပဲ။ ငါ ဒါကို အောင်မြင်မလားဆိုတာ မသေချာဘူး”

“ထားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် အဲဒီနဂါးကျောက်စိမ်းဆွဲသီးရဲ့ အကူအညီနဲ့ဆို ငါ သေချာပေါက်အောင်မြင်နိုင်မှာပါ”

သူ့ကိုယ်သူ အားပေးပြီးနောက် သိုင်းပညာခန်းမကနေ ပြန် ထွက်လာခဲ့သည်။ ကျောက်တံခါးချပ် အနားသို့ ရောက်လာချိန်မှာတော့ သူ့နားထဲမှာ အိုမင်းနေသောအသံတစ်သံ ထွက်ပေါ်လာသည်။

“မင်း လေ့ကျင့်အောင်မြင်သွားတာနဲ့ ယန်မျိုးနွယ်ရဲ့ ကျမ်းစာအုပ်ပုံတူပွားထားတာကို ချက်ချင်းဖျက်ဆီးလိုက်။

အပြင်မှာ သတင်းပေါက်ကြားသွားတာ တွေ့ရင် မင်းကို ချက်ချင်း သတ်ပစ်ရလိမ့်မယ်”

ယန်ချန် (လုံချန်) လှည့်ကြည့်လိုက်သော်လည်း သူ့နောက်တွင် ဘယ်သူမှ မတွေ့ရ။ သူက အမြန် ခေါင်းညိတ်ပြီး “နားလည်ပါတယ် အဖိုး။ ယန်ချန် အခုထွက်သွားတော့မယ်”

ဟု ပြောရင်း ကမန်းကတန်း ပြေးထွက်သွားခဲ့သည်။ သူက စည်းမျဉ်းကို ဆန့်ကျင်ပြီး အဝါရောင် အလယ်အလတ်အဆင့် ကျမ်းစာအုပ်ကို ရွေးချယ်လိုက်လို့ပါ။ ယန် ကလန်၏ဘိုးဘေးကြီး သိသွားပါက အပြစ်ပေးခံရနိုင်၏။

သစ်သားအိမ်လေးထဲရှိ အဘိုးအိုက မျက်လုံးဖွင့်လာပြီး “ဒီကလေးက ဉာဏ်ကြီးရှင်ဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ သူက ဝါးနိုင်တာထက် ပိုကိုက်လိုက်တယ်။ အဝါရောင် အလယ်အလတ်အဆင့် တိုက်ခိုက်ရေးနည်းစနစ်ကို ရွေးလိုက်တာကိုး။ … သနားစရာကောင်းလိုက်တာ။ လုံချင်းလန် တုန်းကလည်း နတ်ဘုရားအမြုတေအဆင့် ကို ရောက်ဖို့ အခွင့်အရေး အများဆုံး ဖြစ်ခဲ့တယ် ... “

Translated By NyiNyiSoe

B.D.W.G - လုံချန်

ဘာသာပြန်သူ - ညီညီစိုး

အပိုင်း ၅ - တောက်ပသောနေမင်းစားသောက်ဆိုင် သို့

၃ ရက်ခန့်အကြာတွင် ။

လုံချန် ဟာ ၂ မီတာခန့်မြင့်သော ကျောက်တုံးကြီးတစ်ခုရှေ့တွင် ရပ်လိုက်သည်။

သူရပ်နေသည့်နေရာ ဘယ်ဖက်ခြမ်း၌ သစ်တောကြီးတစ်ခုရှိနေ၏။ ညာဖက်မှာတော့ ရေစီးသံတဝေါဝေါ နှင့်အတူ ဧရာမြစ်ကြီးတစ်စင်းရှိနေသည်။ မြစ်ကမ်းတစ်လျှောက်တွင် ထူးဆန်းသော ကျောက်တုံး၊ကျောက်ခဲ

များကို နေရာအနှံ့ မြင်တွေ့နိုင်သည်။

လုံချန် က ခဏတိတ်ဆိတ်နေပြီးနောက် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲကနေ စစ်မှန်သောချီစွမ်းအင်များ ရုတ်တရက် ပေါက်ကွဲထွက်လာပါသည်။ ထို့နောက်မှာတော့ သူ့ခန္ဓာကိုယ်ဟာ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ နတ်မြှားတစ်စင်းအလား ကျောက်တုံးကြီးဆီသို့ ကျရောက်သွားသည်။ တစ်ချိန်တည်းမှာပင် လက်သီးဖြင့် တရကြမ်းထိုးချလိုက်သည်။ လုံချန်၏လက်သီးချက်ဟာ စူးရှသောလေချွန်သံများ အဆက်မပြတ်ထွက်ပေါ်လျက် ဧရာမကြယ်ကြီးတစ်စင်းအလား ကျောက်တုံးကြီးဆီသို့ ကျရောက်လေသည်။

ဝုန်း....

ကျောက်တုံးကြီးဟာ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားခဲ့သည်။

“အဆုံးမဲ့ကြယ်တာယာကောင်းကင်လို ခန္ဓာကိုယ်၊ ကြယ်ကြွေနတ်လက်သီး၊ ထိုင် တောင်တန်းလို လေးလံရမယ်။ နတ်လျှပ်စီးကြောင်းလိုမျိူ လျင်မြန်နေရမယ်။ ဒီကြယ်ကြွေနတ်လက်သီး မှာ အဓိကအချက် ၂ ချက်ပဲရှိတယ်။ လျင်မြန်တာ နဲ့ လေးလံတာ ။ ဒါပေမယ့် ငါက အဆင့် ၂ နဂါးသွေးကြောနယ်ပယ် ပဲရှိနေသေးတယ်။ ဒီတော့ ကြယ်ကြွေနတ်လက်သီးရဲ့ စွမ်းအားကို အပြည့်ထုတ်မသုံးနိုင်သေးဘူး။ ဒါပေမယ်လို့ …” လုံချန်၏မျက်လုံးတွေဟာ အေးစက်လာခဲ့သည် “ ချန်းလု ဆိုတဲ့အမှိုက်ကောင်ကို နောက်တစ်ကြိမ် ထပ်တွေ့ခဲ့ရင် သူ့ကို ဒီလှုပ်ရှားမှုနဲ့ သတ်ပစ်နိုင်တယ်”

“ဟားဟား.... ၃ ရက်ပဲကြာတယ်။ ၃ ရက်လောက်နဲ့ ငါလုံချန် က ကြယ်ကြွေနတ်လက်သီးကို အောင်မြင်သွားခဲ့ပြီ။ ဒီသတင်းသာ ပြန့်သွားခဲ့ရင် ယန်‌တွေ အကုန်လုံး တုန်လှုပ်သွားမှာ သေချာတယ်”

လုံချန် က မြစ်ပြင် ဆီသို့ လျှောက်သွားရင်း သူ့မျက်နှာကို မြစ်ရေနဲ့ ဆေးကြောလိုက်ပါသည်။ ချက်ချင်းထွက်မသွားသေးဘဲ မြစ်ပြင်မှာ ထင်ဟပ်နေသည့် သူ့အရိပါကို ပြန်ကြည့်နေသည်။

“ဒီရက်တွေထဲမှာ အရူးတစ်ယောက်လိုမျိုး လေ့ကျင့်တော့ ငါ့ခန္ဓာကိုယ်က အရင်ထက် ပိုပြီးသန်မာလာတယ်။ အသားအရေက နည်းနည်း မည်းနေတယ်။ ဒါပေမဲ့ ငါက ချောနေတုန်းပဲ။ အနာဂတ်ကျ ငါ့မှာ မိန်းမလှလေးတွေ အများကြီး ရှိမယ်လို့ ယုံကြည်တယ်”

တွေးနေရင်းဖြင့် လုံချန်က သူ့ကိုယ်သူ ဂုဏ်ယူစွာပြုံးလိုက်သည်။

ဒီအချိန်မှာပဲ သူ့နောက်ကနေ လေတိုးသံ ရုတ်တရက်ထွက်လာသည်။ လုံချန် လည်း ထိတ်လန့်တုန်လှုပ်သွားပြီး ချက်ချင်းဆိုသလိုပဲ ခြေတစ်ဖက်မြှောက်၍ သူ့နောက်ကို ဖြတ်ကန်ထည့်လိုက်သည်။ သူ့ခြေထောက်က ပျော့ဖက်ဖက်အရာတစ်ခုကို နင်းမိလိုက်သည်။ တစ်ချိန်တည်းမှာပဲ ပုံရိပ်တစ်ခုဟာ သူ့ခေါင်းပေါ်ကနေ ကျော်ပြီး မြစ်ထဲကို ထိုးကျသွားလေသည်။ ခဏကြာတော့ လုံချန် က မတ်တပ်ထရပ်ပြီး မြစ်ပြင်ဖက်ကို လှည့်ကြည့်လိုက်သည်။ သူ့ကို အလစ်ဝင်တိုက်ခိုက်သူက မိန်းကလေးတစ်ယောက်ပါ။ သို့သော် ပျော့ညံ့ပုံမပေါ်ပေ။ တစ်မျိုးတစ်ဖုံ ထူးဆန်းနေပေသည်။

မိန်းမငယ်လေးဟာ

ဒေါသတွေ ပြည့်နှက်နေသည့် မျက်နှာလှလှလေးနှင့် မြစ်ထဲကနေ အမြန်ခုန်တက်လာပါသည်။ ထို့နောက် ချစ်စဖွယ်

နှုတ်ခမ်းစူပြီး လုံချန် ကို ဒေါသတကြီးနဲ့ ကြည့်နေလေသည်။ သူ့အကြည့်က အစိမ်းလိုက်ဝါးစားချင်နေသလိုပင်။

မိန်းကလေးဟာ သေးသွယ်သောရုပ်သွင်၊ တောက်ပသောမျက်လုံးများ၊ သွားဖြူများနှင့် ကျောက်စိမ်းကဲ့သို့ဖြူဖွေးသောမျက်နှာလှလှလေးကို ပိုင်ဆိုင်ထားပေသည်။ ထို့အပြင် လုံချန် နှင့် အသက်အရွယ် အတူတူလောက်ပါ။

သူမက အပြာရောင်ဖျော့ဖျော့ဝတ်စုံကို ၀တ်ဆင်ထား၏။ ရှားရှားပါးပါး အလှတရားတစ်ခုပင်ဖြစ်သည်။ လုံချန် လည်း ထိုမျှ လှပသော မိန်းကလေးကို တစ်ခါမျှ မမြင်ဖူးသေးသဖြင့် ခဏတာ ထိတ်လန့်သွားခဲ့သည်။

“ကောင်းလိုက်တာ ။ ... ယန်ချန်၊ နင် ငါ့ကို ကြောက်ချင်ယောင်ဆောင်ပြီး ကိုယ့်အစ်မကို မြစ်ထဲ တွန်းချလိုက်တာပေါ့။ ဟုတ်လား... ခွေးကောင်လေး...”

အစ်မ လား ။

လုံချန် အနေဖြင့် သူ့ရှေ့က မိန်းကလေး မသိပေ။ သူက သူမကို စိုက်ကြည့်ကာ “ “မင်းက ဘယ်သူလဲ” ဟု မေးလိုက်သည်။

သူမေးခွန်းကြောင့် မိန်းကလေးဟာ ဒေါသထွက်သွားလေသည် “ကောင်းပါ့။ နင့်ရဲ့အစ်မကိုတောင် မသိတော့ပါလား။ ငါက နင့်ရဲ့ဒုတိယဦးလေး ယန်ယွန်ထျန်း ရဲ့ ဒုတိယသမီး ယန်လင်းချင်”

“ဒါ.... ဒါက ငါမှတ်မိပြီ။ ဒါဆို မင်းပဲပေါ့……”

လုံချန် က ထိုမိန်းကလေး နှင့်အတူ တစ်နှစ်၊ တစ်လ၊ တစ်နေ့တည်း၊ မှာ မွေးဖွားခဲ့သည်။ လုံချန် မွေးဖွားသည့်အချိန်က ချန် နာရီ ဖြစ်နေသည့်အတွက် “ယန်”မျိုးရိုးအမည်နောက်မှာ “ချန်” ဟူ၍ ထည့်ပေါင်းထားခဲ့သည်။

ယန်လင်းချင် က အိမ်ထဲ၌သာ အမြဲလိုလို နေလေ့ရှိသည်။ လုံချန် အနေဖြင့် သူမကို တစ်ခါတစ်လေမှသာ တွေ့ဖူးသောကြောင့် မေ့တေ့တေ့ပင်ဖြစ်နေသည်။ သို့သော် သူ့စိတ်ထဲမှာ တစ်ခုခုကိုတွေးမိလိုက်သလိုပဲ ဂုဏ်ယူစွာပြုံးပြီး “ကလေးမလေး၊ မင်း ငါ့ကို မောင်လေးလို့ ခေါ်ချင်နေတာလား။ ငါတို့က တစ်နှစ်တည်းမှာ၊ တစ်လတည်းမှာ အတူတူမွေးဖွားခဲ့ရင်တောင် ငါက ချန် နာရီမှာ မွေးခဲ့တာလေ။ မင်းက ဝူ နာရီမှာမွေးခဲ့တယ်။ ဒါဆို ငါကပဲ မင်းရဲ့အစ်ကို ဖြစ်သင့်တာပေါ့…”

ထိုသို့ပြောပြီးနောက် ယန်လင်းချင်၏ ဒေါသမျက်နှာလေးကို ဂရုမစိုက်ဘဲ ခပ်လှမ်းလှမ်းရှိ ကျောက်တုံးတစ်တုံး ဆီသို့သွားကာ ထိုင်ဖို့ပြင်လိုက်သည်။

“ကောင်စုတ်၊ နင် အဲဒီမှာ ရပ်လိုက်စမ်း”

ယန်လင်းချင် က လုံချန် ရှေ့မှာ ပိတ်ရပ်ရင်း အေးစက်စက်ပြောလိုက်သည်

“ကောင်းပြီ။ ညီမနဲ့ အစ်ကိုအကြောင်း မပြောနဲ့။ ငါတို့မွေးတဲ့နေ့ တူတယ်ဆိုကတည်းက အသက်အရွယ်တူလို့ ဆက်ဆံကြရအောင်။ ငါဒီကို အခုလေးတင် မတော်တဆဖြတ်သွားတာ။ ဒီအချိန်မှာ နင် ကြယ်ကြွေနတ်လက်သီး ကို ကောင်းကောင်းလေ့ကျင့်ပြီး အောင်မြင်သွားတာပဲ။ ဘာတွေဖြစ်နေတာလဲ”

အမှန်တော့ ယန်လင်းချင် က ဖြတ်သွားရင်း လုံချန်၏ ကြယ်ကြွေနတ်လက်သီး ပြီးပြည့်စုံသောအဆင့်ကို အမှတ်မထင်မြင်တွေ့လိုက်လို့ပါ။

လုံချန် က သူမကို ပြုံးပြုံးလေးကြည့်ကာ “ဘာဖြစ်တာလဲ။ ကြယ်ကြွေနတ်လက်သီးကို လေ့ကျင့်လို့မရဘူးလား။ ငါလေ့ကျင့်နိုင်တာက မင်းကို မနာလိုဖြစ်စေတာလား။ ဒါမှမဟုတ် မင်းနဲ့ငါက သွေးချင်းဆက်နွယ်နေလို့ ငါ့ကို သနားစရာလို့များ ထင်နေလား။ ကောင်းပြီ။ မင်းက တခြားလူမဟုတ်ျတာ့ ငါ မင်းကို သင်ပြပေးနိုင်တယ်”

လုံချန် ပြောလိုက်သည့် စကားကြောင့် ယန်လင်းချင်၏ မျက်နှာဟာ ဒေါသတကြီးဖြင့် နီရဲလာပါတော့သည်။ တစ်ချိန်တည်းမှာပဲ ဘေးနားရှိ ကျောက်တုံးကြီးကို လက်သီးတစ်ချက် ထိုးချလိုက်သည်။ ကျောက်တုံးကြီးဟာ တစ်စစီကြေမွသွား၏။

“ဒါကို နင်မြင်လား။ ငါလည်း ကြယ်ကြွေနတ်လက်သီးကို သင်ယူထားတယ်။ ပြီးတော့ ငါက အဆင့် ၅ နဂါးသွေးကြောနယ်ပယ် ကိုရောက်နေပြီ။ ငါနင့်ထက်အများကြီးသန်မာတယ်”

လုံချန် လည်း ဘာစကားမှ မပြောနိုင်တော့သလို ခံစားရသည်။ သူ နှင့် အသက်အရွယ်တူ ညီမဟာ အစ်ကိုဖြစ်သူထက် ပိုပြီးသန်မာနေမယ်လို့ မမျှော်လင့်ထားခဲ့။

သို့သော် လုံချန် က ယန်လင်းချင်ကို ကြည့်လျက် စိတ်ထဲမှာ ရယ်မောနေလေသည်။ သူမ တမင်သက်သက် ရက်စက်ကြမ်းကြုတ်ချင်ဟန်ဆောင်နေလို့ပါ။

ထို့အပြင် ယန်လင်းချင် တစ်ယောက် ရှက်ရွံ့နေမှန်း သိသာပါသည်။ လုံချန် က ခဏမျှစဉ်းစားပြီးနောက် “မှန်တယ်၊ မင်း ကြယ်ကြွေနတ်လက်သီး ကို သင်ယူထားတာပေါ့။ ဒါပေမဲ့ မင်းကြည့်ရတာ မကျွမ်းကျင်သေးဘူး။ မင်းရဲ့ခန္ဓာကိုယ်က အဆုံးမဲ့ကြယ်တာယာကောင်းကင်နဲ့ နတ်လျှပ်စီးကြောင်းလို လျင်မြန်မှုကို မရောက်နိုင်ဘူး။ ဒါ့အပြင် မင်းရဲ့ လက်သီးချက်က

ကြယ်တစ်စင်း ကြွေကျလာသလိုပဲ ဖြစ်နေရမယ်။ ကောင်းပြီ၊ ငါ ဒီနေ့ စိတ်ကောင်းဝင်နေတယ်။ ဒါကြောင့် မင်းကို သနားလို့ နည်းနည်းလောက်တော့ ရှင်းပြလိုက်မယ်”

ယန်လင်းချင် က ထိတ်လန့်သွားပြီး “ဒီကောင်လေးက တကယ်ကို အစွမ်းထက်တယ်။ ငါ တစ်ချက်ပဲ သုံးလိုက်ရသေးတယ်။ ငါ့ရဲ့ ကြယ်ကြွေနတ်လက်သီး မှာ အားနည်းချက်ရှိနေတာကို သူမြင်နိုင်တယ်”

“ကောင်းပြီ။ နင့်ရဲ့စိတ်ရင်းမှန်လို့ထင်လို့ ငါလက်ခံလိုက်မယ်။ ဒါပေမဲ့ နင်ငါ့ကို စိတ်လိုလက်ရ သင်ပေးနေတာဆိုတော့ ငွေတောင်းဖို့မစဉ်းစားနဲ့။ ငါအရင်ဆုံးပြောမယ်၊ ငါအရမ်းဆင်းရဲတယ်…”

“သာမန်မိန်းကလေးတစ်ယောက်ပါပဲ။ မင်းရဲ့အစ်ကိုအနေနဲ့ မင်းကိုသင်ပေးတာဟာ ငါ့အတွက်သာမှန်ပဲလေ။ ဘာလို့ အကျိုးအမြတ်တွေ ယူမှာလဲ”

“ဘာလဲ....”

ယန်လင်းချင် ဟာ ဒေါသကြောင့် တရှူးရှူးတရှားရှား ဖြစ်လာသည်။ သူမကို သာမန်လူ ဟုအပြောခံရတာ ပထမဆုံးအကြိမ်ဖြစ်နေလို့ပါ။

“နင် အခု ဂုဏ်ယူထားဦးပေါ့။ ငါ့ကို သင်ပေးတဲ့အခါကျမှ ပုံစံမကျဖြစ်နေရင် ငါနင့်ကိုအသေရိုက်ပစ်မယ်”

ထိုစကားကို စိတ်ထဲမှာသာ ပြောလိုက်တာဖြစ်သည်။ အပြင်ပန်းကို ထုတ်မပြောခဲ့ပေ။ သူ့ဒေါသကို ပြင်းပြင်းထန်ထန် မျိုသိပ်ထားလိုက်သည်။

သို့သော် လုံချန် ကတော့ ဘာတစ်ခုမှ မသိခဲ့ပေ။ သူက ကြယ်ကြွေနတ်လက်သီး လေ့ကျင့်ပုံကို စိတ်လိုလက်ရရှင်းပြပါသည် “ကြယ်ကြွေနတ်လက်သီး ရဲ့ အရေးကြီးဆုံးအရာက အရှိန်ပဲ။ ကောင်းကင်မှာ လွင့်မျောနေတဲ့ ကြယ်တာယာတွေကို ကြည့်လိုက်။ သူတို့လိုတဲ့အချိန် ကြွေကျတယ်၊ သူတို့ရဲ့အရှိန်ကို ဘယ်အရာကမှ တားဆီးလို့ မရဘူး”

“ပြီးတော့ မင်း ထိုးနှက်တဲ့အခါ ဘာကိုမှ တုံ့ဆိုင်းနေလို့မရဘူး။ မင်းရဲ့ အသက်နဲ့ သေခြင်းရှင်ခြင်းကို လစ်လျူရှုထားပါ။ မင်းဟာ ရန်သူကို သတ်ဖို့ပဲ လုံးဝအာရုံစိုက်ထားရမယ်။ ဒီလိုနည်းနဲ့ပဲ မင်းဟာ ကြယ်ကြွေနတ်လက်သီး ရဲ့ အဓိကစွမ်းအားကို မင်းနားလည်နိုင်မှာပါ…”

ဤသို့ဖြင့်......

လုံချန် ဟာ အချိန်တော်တော်ကြာသည်အထိ ရှင်းပြခဲ့သည်။ လက်ရှိမှာတော့

လုံချန် အပေါ်ထားရှိသော ယန်လင်းချင်၏ သဘောထားဟာ လေးစားမှုအဖြစ် ပြောင်းလဲသွားလေပြီ။

သို့သော် အဆင့် ၂ နဂါးသွေးကြောနယ်ပယ် သာရှိသေးသည့် လုံချန် က သိုင်းနည်းစနစ်တစ်ခုအား နက်နက်ရှိုင်းရှိုင်း နားလည်နေမယ်လို့တော့ မထင်ထားနိုင်ခဲ့ပေ။

ထွက်သွားခါနီးတွင် ယန်လင်းချင် က လုံချန် ကိုစိုက်ကြည့်ကာ “ဟေ့..... ဒီနေ့အတွက် ငါနင့်ကို ကျေးဇူးတင်နေမယ်။ အခု ငါ ကြယ်ကြွေနတ်လက်သီး ကို ကျွမ်းကျင်သွားပြီဆိုတော့ မျိုးနွယ်စုပြိုင်ပွဲမှာ အစ်မကြီး လင်းယွဲ့ ကိုယှဉ်ဖို့ အခွင့်အရေးရလာပြီ။ ပြီးတော့ မျိုးနွယ်စုရဲ့ ထိပ်တန်းအဆင့် လျှို့ဝှက်နည်းစနစ်ဖြစ်တဲ့ “နတ်နဂါးတံဆိပ်တော်” ကို ရဖို့အခွင့်အရေးရှိနိုင်တယ်”

“နတ်နဂါးတံဆိပ်တော်” ဟူသည့်

စကားလုံးနှစ်လုံးကိုကြားသောအခါ လုံချန်ဟာ အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ “ညီမလေး၊ မျိုးနွယ်စုပြိုင်ပွဲက ဘယ်တော့စမှာလဲ” ဟု မေးလိုက်သည်။

“စဖို့က လဝက်လောက်ပဲကြာတော့တယ်။ နတ်နဂါးတံဆိပ်တော်

အကြောင်း အခုတွေးနေစရာ မလိုဘူး။ အစ်မလင်းယွဲ့က အဆင့် ၆ နဂါးသွေးကြောနယ်ပယ် ကိုတောင် ရောက်နေပြီ။ ယန် မိသားစုရဲ့ မျိုးဆက်သစ်တွေထဲမှာ အကြီးဆုံးအစ်ကို ကလွဲလို့ ဘယ်သူမှ သူ့ပြိုင်ဖက် မဟုတ်နိုင်ဘူး။ အကြီးဆုံးအစ်ကို ယန်ဝူ က နတ်နဂါးတံဆိပ်တော် ကိုသင်ယူထားပြီ။ ဒီတစ်ခါတော့ နတ်နဂါးတံဆိပ်တော် ကို အစ်မလင်းယွဲ့ အတွက် သီးသန့်ထားနေသလိုပဲ။ ကောင်းပြီ၊ ငါ နင်နဲ့ စကားမပြောတော့ဘူး။ ကျင့်ကြံဖို့ အမြန်ပြန်ရမယ်”

ထို့နောက် ကောင်မလေးက အမြန်ဆုံး နှုန်းဖြင့် ထွက်ပြေးသွားခဲ့သည်။ သူမ၏ အနက်ရောင်ဆံပင်ရှည်များလေထဲမှာ ဝဲနေ‌သည့်မြင်ကွင်းဟာအလွန်ချစ်စရာကောင်းပေသည်။

သူမ ထွက်ပြေးသွားတာကို လှမ်းကြည့်နေရင်း လုံချန် လည်း တံတွေးတစ်လုတ်ကို မျိုချလိုက်သည်။

“ဒီကလေးမလေးရဲ့ ရုပ်ရည်အသွင်အပြင်နဲ့ နှလုံးသားက ထိပ်တန်းအဆင့်ပဲ။ ဒါပေမဲ့ ကောင်းကင်ဘုံက မျက်စိကန်းပြီးတော့ သူ နဲ့ ငါ့ကို မောင်နှမဝမ်းကွဲ ဖြစ်ခွင့်ပေးလိုက်တယ်။ ငါ အဲဒါနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်နိုင်ဘူး။ ဘယ်လောက် စိတ်ညစ်စရာကောင်းလိုက်သလဲ”

လုံချန် ဟာ မြစ်ကမ်းစပ်နားရှိ ကျောက်တုံးပေါ်တွင်ထိုင်နေရာမှ ယန် ကလန်၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သည်။

“အဆင့် ၆ နဂါးသွေးကြောနယ်ပယ်... တစ်လခွဲပဲ ကျန်တော့တယ်ပေါ့။ ငါ့အတွက် အများကြီးလုပ်စရာမရှိပေမယ့် ငါ့အဖေက နတ်နဂါးတံဆိပ်တော်ကို အရယူဖို့ ပြင်းပြင်းထန်ထန်တိုက်တွန်းထားခဲ့တယ်။ ဒီကလေးမလေးကတောင် အဆင့် ၅ နဂါးသွေးကြောနယ်ပယ် ရောက်နေပြီ။ ငါ လုံးလုံးပေါ့ဆလို့မရဘူး။ ဒီတော့ ငါ့ကိုယ်ငါ အတတ်နိုင်ဆုံး မြန်မြန်သန်မာလာအောင် လုပ်ရမယ်”

ကောင်းကင်က မှောင်လာမှ လုံချန် လည်း ယန် ကလန်ဆီသို့ ပြန်လာခဲ့တော့သည်။ ဤအချိန်တွင် ယန် ကလန်ဟာ နေရာအနှံ့ မီးပုံးများကို ထွန်းထားသည်။ အဓိက ခန်းမကြီးတစ်ခုလုံး

နေ့အခါကဲ့သို့ လင်းထိန်နေသည်။

သူဝင်ခါနီးမှာပဲ အထဲကနေ လူတစ်စု ထွက်လာကြသည်။ လုံချန် က သူ့ခေါင်းကို မော့လိုက်ပြီး လူအုပ်ကြီးရှေ့မှာပဲ ဝမ်းသာအားရ စကားစမြည်ပြောနေသူတွေကို ချက်ချင်းတွေ့လိုက်ရသည်။

ပထမဆုံး တစ်ယောက်က သူ့အမေ ယန်ယွဲ့ချင် ဖြစ်သည်။ သူ့ဘေးနားမှာတော့ ယန်လင်းချင် ပြောခဲ့သည့် အဆင့် ၆ နဂါးသွေးကြောနယ်ပယ် ယန်လင်းယွဲ့ ရှိနေသည်။

အခြားတစ်ဖက်မှာတော့ အမျိုးသားနှစ်ဦး ရပ်နေကြသည်။

ခပ်ချောချော သက်လတ်အမျိုးသား ကတော့ ယန်ယွဲ့ချင် နှင့် ပျော်ပျော်ပါးပါး စကားစမြည်ပြောနေလေသည်။ သူ့နောက်တွင် လူငယ်တစ်ယောက်ရှိနေသည်။ သူ့မျက်လုံးအစုံက လျှပ်စီးကြောင်းများနှင့်တူ၏။ သူ့ခန္ဓာကိုယ်ကလည်း ထွားကြိုင်းသန်မာလှသည်။ ဟန်ပန်အမူအရာ၊ လှုပ်ရှားမှုတိုင်းက အားမာန်အပြည့်ရှိနေပေသည်။ သူ၏အသွင်အပြင်ကတော့ သက်လတ်ပိုင်းအမျိုးသားနှင့် အနည်းငယ်ဆင်တူသည်။

ဒီလူနှစ်ယောက်က သားအဖ ဖြစ်ကောင်းဖြစ်နိုင်တယ်...

စကားပြောနေကြရင်းဖြင့် လုံချန် ကို သတိပြုမိသောအခါ ယန်ယွဲ့ချင် လည်း အနည်းငယ်ထိတ်လန့်သွား၏။ သို့သော် ထပ်ပြီးဂရုမစိုက်တော့ပေ။ သက်လတ်ပိုင်း အမျိုးသားကို ပြုံးပြ

လိုက်ပြီး “အစ်ကို ပိုင်၊ ငါ နင့်ကို ယန် ကလန်ရဲ့ မိုးသစ်ခွရေကန် ကို ပြချင်ပေမယ့် နောက်ကျနေပြီ...”

“အဆင်ပြေပါတယ် ညီမ ချင်။ နောင်မှာ မင်းနဲ့ငါ နှစ်ယောက်စလုံး နေရာချင်းတူတာပဲလေ။ အချိန်ရရင် ငါ သဘာဝအတိုင်း အလည်အပါတ်လာမှာပါ။ ယန် ကလန်ရဲ့ မိုးသစ်ခွရေကန် က မိုးချိန်းသံတွေနဲ့ နားထောင်ရတာ သာယာတယ်လေ”

ထို့နောက် အစောင့်အကြပ်တစ်စု၏ လိုက်ပါ စောင့်ကြပ်မှုအောက်တွင် လုံချန် ကိုဖြတ်လျှောက်သွားကြသည်။ သူတို့က အနည်းငယ်ပင် ဂရုမစိုက်ဘစကားစမြည်ပြောရင်း ရယ်မောလိုက်ကြသေးသည်။

ယန်လင်းယွဲ့ ကတော့ လုံချန် ကိုအေးတိအေးစက် ကြည့်နေပြီးနောက် သူ့ဘေးနားရှိက လူငယ်နှင့် စကားစမြည်ပြောနေလေသည်။ ရံဖန်ရံခါ တခစ်ခစ်ပင် ရယ်မောနေတတ်သည်။

“ကောင်းလိုက်တာ၊ မင်းတို့ ငါတစ်ယောက်လုံးကိုတောင် လစ်လျူရှုထားကြတယ်ပေါ့။ သိပ်ကောင်းတယ်၊ ငါ ဒါကိုမှတ်ထားတယ်”

လုံချန် က လက်သီးများကို ဖြည်းညှင်းစွာ ဆုပ်ထားလိုက်သည်။

“အဖေ သေတာတောင်မကြာသေးဘူး။ မင်းဟာ နောက်ထပ် ယောက်ျားတစ်ယောက် ရှာတွေ့ထားပြီပေါ့။ ငါ့အဖေရဲ့ နာမည်ဂုဏ်သတင်းကိုတော့ ပြန်မထောက်နဲ့။ မင်းကို ဒီ ပိုင်ကျန်းရှောင် ဆိုတဲ့ သောက်ရူးနဲ့ လက်ထပ်ခွင့်မပေးနိုင်ဘူး။ မင်း ငါ့အတွက် နှလုံးသားမဲ့နေရင်တောင် ငါလုံချန် က နှလုံးသားမဲ့မနေပါဘူး။ နောက်ဆုံးတော့ မင်းကိုယ်တိုင် ငါ့ကို‌မွေးထုတ်ပေးခဲ့တာပဲ…”

“ပိုင်ကျန်းရှောင် က အပေါ်ယံကြည့်ရတာ လူကြီးလူကောင်းတစ်ယောက်လိုပဲ။ တကယ်တော့ သူက လူကောင်းမဟုတ်ဘူး။ မကြာသေးခင်တုန်းက ကျောက်စိမ်းခန်းမက မိန်းကလေးတစ်ယောက်ကို သူ သတ်ပစ်လိုက်တယ်”

“အမေ က ပိုင်ကျန်းရှောင် ရှေ့မှာ တကယ်ပဲ ငါ့ကိုမုန်းတီးပြီး လုံးလုံးပစ်ပယ်ထားတယ်။ ဒါပေမဲ့ ငါလုံ.....” လုံချန် က သူ့အတွေးထဲမှ စကားများကို ချက်ချင်းရပ်တန့်လိုက်သည်။

ထို့နောက် သူ့ကိုယ်ပိုင် အိမ်လေးဆီသို့ ပြန်လာခဲ့သည်။ ခဏ နားပြီးနောက်မှ ရေချိုးရန် ပြင်ဆင်လိုက်သည်။

ဒီအချိန်မှာ စားပွဲပေါ်ရှိ လက်ဖက်ရည် ခွက်အောက်မှာ ဖိထားသည့် စာတစ်စောင်ကို တွေ့လိုက်ရသည်။ စာကို ချက်ချင်း ကောက်ကိုင်ကြည့်လိုက်သည်။ သူ့မျက်နှာက ချက်ချင်းပင် ဒေါသများဖြင့် ပြည့်နှက်သွားသည်။

စာထဲမှာ ပါသည့် အကြောင်းအရာကတော့ “မင်း အမှိုက်ကောင်ဟွမ် ရဲ့ တန်ဖိုးမရှိတဲ့ အသက်ကို လိုချင်ရင် တောက်ပသောနေမင်းစားသောက်ဆိုင် ရဲ့ အခန်းနံပါတ်တစ် ကို လာခဲ့။ မင်းနောက်ကျရင် မင်းကိုငါစောင့်မှာမဟုတ်ဘူး”

Translated By NyiNyiSoe

B.D.W.G - လုံချန်

ဘာသာပြန်သူ - ညီညီစိုး

အပိုင်း ၆ - ယန်ကျန်း

ဟွမ်ယန် က အဆင့်နိမ့်အစေခံတစ်ဦးသာဖြစ်သော်လည်း လုံချန် နောက်သို့

၆ နှစ်ကြာသည်အထိတိုင် သစ္စာရှိရှိလိုက်ပါခဲ့သူပါ။ လုံချန် က အကျိုးအမြတ်တစ်ခုခု ရလျှင်ပင် ဟွမ်ယန် အတွက် မေ့မထားခဲ့ပေ။

လောလောဆယ်မှာတော့ ဘယ်သူက သူ့အား ပြ၍နာရှာနေမှန်းမသိသော်လည်း ဟွမ်ယန် ကတော့ အဖမ်းခံလိုက်ရလေပြီ။ သူ့အနေဖြင့် ဘယ်လိုပင်ထိန်းနေပါစေ ‌သူ့ဒေါသကို မထိန်းနိုင်တော့ပါ။

အဓိကကတော့ ဟွမ်ယန် ဟာ နာမကျန်းဖြစ်နေသည့် မိဘနှစ်ပါးကို စောင့်ရှောက်နေသူဖြစ်သည်။ ထို့ကြောင့် သူသာ တစ်ခုခုဖြစ်သွားလျှင် လုံချန် လည်း ရင်နာလို့ဆုံးမှာမဟုတ်ပေ။

လုံချန် က ဘာမှ ထွေထွေထူးထူး စဉ်းစားမနေဘဲ ယန်အိမ်တော် ကနေ အမြန်ပြေးထွက်လာခဲ့သည်။ သူ့အရှိန်က အလွန်မြန်ဆန်ပေသည်။ လေပွေတစ်ခုကဲ့သို့ပင် တောက်ပသောနေမင်း စားသောက်ဆိုင်ဆီသို့ ပြေးသွားခဲ့သည် ။

တောက်ပသောနေမင်းစားသောက်ဆိုင်က ကျောက်စိမ်းခန်းမအနီးတွင်ရှိလေသည်။ လုံချန် က သူ့အရှိန်ကို ထပ်ပြီး မြှင့်တင်လိုက်၏။ လမ်းမပေါ်မှာ လမ်းလျှောက်သွားလာနေသည့် လူအားလုံးဟာ သူတို့အား လေပွေလှိုင်းတစ်ခုဖြတ်ကျော်သွားတာကိုသာ ခံစားလိုက်ရသည်။

လုံချန် ဟာ ညအမှောင်ထုထဲ၌ ‌ပြေးလွှားလာရင်း ခေါင်းမော့ကြည့်လိုက်ရာ တလက်လက်တောက်‌ပနေသည့် စားသောက်ဆိုင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူက အရမ်းကြီး အလျင်စလိုမဖြစ်ဘဲ ခြေလှမ်းချင်း လျှောက်လာခဲ့လိုက်သည်။ စားသောက်ဆိုင်ရှေ့၌ လူများစွာရှိနေသည့်အတွက် သူ့အရှိန်ကိုလျှော့ရန်မှတပါး ရွေးချယ်စရာမရှိပေ။ စားသောက်ဆိုင်နဲ့ တဖြည်းဖြည်းနီးကပ်လာပါသည်။

ဤအချိန်တွင် လမ်းမ၏ ဘယ်ဖက်ခြမ်းကနေ မြင်းလေးကောင်ဆွဲထားသော ရထားလုံးတစ်စင်းပြေးထွက်လာသည်။ လမ်းသွားလမ်းလာများဟာ ကျိန်ဆဲပြီး ကမန်းကတန်းရှောင်တိမ်းကြသည်။ သို့သော် ရထားအရှိန်ကတော့ မလျော့ခဲ့ပေ။ လုံချန် က လွယ်လွယ်ကူကူ ရှောင်နိုင်သော်လည်း သူ့နောက် မနီးမဝေးမှ ကလေးငယ်ကတော့ မရှောင်နိုင်ခဲ့ပေ။ ကလေး၏ မိဘဖြစ်ဟန်တူသည့် အမျိုးသားနှင့်အမျိုးသမီးဟာ အသံကုန်အော်ဟစ်ရင်း မျက်ရည်များစီးကျနေလေသည်။

ရထားလုံးကို မောင်းနှင်လာသည့်အရှိန်က အလွန် လျင်မြန်နေသဖြင့် တိုက်မိပါက ထိုကလေးဟာ အရိုးတွေတောင်ကျန်မှာမဟုတ်ပေ။ လုံချန် ဟာ ခဏလောက် ထိတ်လန့်သွားပြီးမှ တခြားဘာကိုမှ ဂရုမစိုက်တော့ဘဲ ကလေးငယ်ကို ပြေးပွေ့လိုက်ပါသည်။ ထိုခဏလေးမှာပဲ မြင်းတစ်ကောင်ဟာ လုံချန်၏ နောက်ကျောကို ဝင်တိုက်သွားသည်။ လုံချန်၏ခန္ဓာကိုယ်က အစစ်အမှန်ချီဖြင့် ကာကွယ်ထားသည့်တိုင် အတော်ဝေးဝေးထိပင် လွင့်ပျံထွက်သွားတော့သည်။

သို့သော် လုံချန် က ဂရုမစိုက်အား။ ကလေးကို မြေပေါ် အသာချထားလိုက်ပြီးနောက် နေရာမှာပင် ဖျတ်ခနဲပျောက်သွားခဲ့သည်။ သူက ဟွမ်ယန်ကို ကယ်တင်ရန် အရေးကြီးနေလေသည်။

လုံချန် ဟာ သူ့နောက်ကျောမှ နာကျင်မှုကို လစ်လျူရှုပြီး တောက်ပသောနေမင်းစားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာခဲ့သည်။

ဝင်လာလာချင်း သူ့ရှေ့မှ တစ်စုံတစ်ယောက်ကို ဝင်တိုက်လုနီးပါးဖြစ်သွားသေးသည်။ လုံချန် လည်း မော့ကြည့်လိုက်ရာ သူ့ရှေ့က လူငယ်ကို ကြည့်နေရင်း အမြင်အာရုံများ ဝေဝါးသွားသလို ခံစားလိုက်ရသည်။

သူ့ရှေ့မှ လူငယ်က ချောမောလွန်းသဖြင့် အနည်းငယ် မိန်းကလေးဆန်နေသလိုပင်။ ၎င်းဟာ ကျောက်စိမ်းနတ်သမီးဟုပင် ထင်မှတ်မိသွားနိုင်လေသည်။

“မင်းက ယောက်ျားလား မိန်းမလား”

နောက်ဆုံးတော့ လုံချန် ဟာ မထိန်းနိုင်တော့ဘဲ တည့်တိုးမေးချလိုက်တော့သည်။

ပြောပြီးသွားမှ သူ့စကားဟာ တစ်ဖက်လူအတွက် အရှက်ရစရာဖြစ်သွားနိုင်မှန်း တွေးမိသွား၏။ သို့သော် လူငယ်လေးက ဒေါသမထွက်ပေ။ ထိုအစား လုံချန် ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီ “ငါက ယောက်ျားလေးတစ်ယောက်ပါ” ဟုပြန်ဖြေပါသည်။

“အခုလေးတင်ပဲ မင်းဟာ ကလေးတစ်ယောက် အသက်ကို ကယ်ခဲ့တာ ငါမြင်လိုက်တယ်...” လူငယ်က ဆက်ပြောလိုက်သည်။

သို့သော် လုံချန် က ဂရုမစိုက်ဘဲ လူငယ်လေးကို ကွေ့ပတ်ကာ စားသောက်ဆိုင်အတွင်းပိုင်းသို့ ဆက်လျှောက်သွားသည်။

လူငယ်လေး၏စိတ်ထဲမှာတော့ “ဒီလူက ငါ့အစ်ကိုနဲ့ ဆင်တူတယ်။ သူ့ခန္ဓာကိုယ်မှာ ကြယ်စွမ်းအင်ဖျော့ဖျော့ကို အာရုံခံစားမိတယ်။ သူက ကြယ်စွမ်းအင်သုံးရတဲ့တိုက်ခိုက်ရေးနည်းစနစ်တစ်ခုခုကို လေ့ကျင့်ထားတာဖြစ်ရမယ်။ ငါလည်း ကြယ်တာယာပေါင်းစည်းခြင်းခန္ဓာကိုယ် (Astral Combat Body) ကို မသုံးပဲထားတာကြာပြီဆိုတော့…” ဟု စကားတစ်ပိုင်းတစ်စ ရပ်ထားရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

လုံချန် တစ်ယောက် စားသောက်ဆိုင်ထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် သူ့အား စူးစူးစိုက်စိုက်ကြည့်နေသည့် အကြည့်တစ်ခုအား ခံစားလိုက်ရသည်။ သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ ပြတင်းပေါက်နား၌ ထိုင်နေသည့် ယန်ကျန်း ကို တွေ့လိုက်သည်။ ယန်ကျန်း ရှေ့မှာတော့ မိန်းမလှတစ်ယောက် ရှိနေလေသည်။

“ယန်ကျန်း က တကယ်ပဲ ဒီမှာရှိနေတာလား။ သူက ဟွမ် ကို ပြန်ပေးဆွဲဖို့ စေခိုင်းခဲ့တဲ့သူ ဖြဈ်နမလား”

သို့သော် ယန်ကျန်း ရှေ့က မိန်းကလေးကို ကြည့်လိုက်ရင်းမှ ခေါင်းခါလိုက်ပြီး “ဒီကောင် ငါ့ကို ပြဿနာရှာချင်ရင် ဒီနည်းလမ်းကို သုံးစရာမလိုဘူးလေ။ ဒါ့ပြင် သူက မိန်းကလေးတွေကို ခေါ်ပြီး ပျော်ပါးဖို့လုပ်နေတာပဲ...”

ထိုအကြောင်းကို တွေးမိလိုက်မှ လုံချန် ဟာ ရပ်တန့်မနေဘဲ တောက်ပသောနေမင်းစားသောက်ဆိုင်၏ ဒုတိယထပ်သို့ တိုက်ရိုက်တက်သွားလိုက်သည်။ သူ ရောက်လာချိန်မှာတော့ လုံချန် တစ်ယောက် သူ့ဒေါသကို မထိန်းနိုင်တော့ပေ။ တံခါးကို အမြန်တွန်းဖွင့်လိုက်သည်။ အခန်းထဲဝင်လာပြီးပြီးချင်းမှာပဲ နက်မှောင်နေသော ဓားတစ်ချောင်း သူ့ဆီ တည့်တည့်ပျံသန်းလာတာကို ခံစားမိလိုက်သည်။ အစကတည်းကနေ သတိအပြည့်ရှိနေသောကြောင့် လုံချန် ဟာ အလျင်အမြန် ရှောင်ထွက်သွားသည်။ ယခုအချိန်မှာတော့ တိုက်ခိုက်ခဲ့သူဟာ တံခါးဝမှာပဲ ရပ်နေလေသည်။ သူက တံခါးကို ညင်သာစွာပိတ်ပြီးနောက် လုံချန်ကို အေးစက်စွာ ကြည့်နေသည် ။ တစ်ဖက်တွင်တော့ လုံချန်ဟာ ဟွမ်၏တစ်ကိုယ်လုံးကို လျှော်ကြိုးဖြင့် ချည်နှောင်ထားပြီး ပါးစပ်ကို အဝတ်တစ်စဖြင့် စို့ထားတာကို တွေ့လိုက်ရသည်။ ဤအခိုက်အတန့်တွင် ဟွမ် က လုံချန်ကို တစ်ခုခုပြောချင်နေဟန်ဖြင့် တဝူးဝူးဖြစ်နေလေသည်။

သူ့ဘေးမှာ အခြားလူတစ်ယောက် ရပ်နေခဲ့သည်။ နှစ်ယောက်စလုံး မျက်နှာဖုံးများ စွပ်ထားသော်လည်း သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ လူသတ်ငွေ့ကိုတော့ လျှော့တွက်၍မရပေ။

ထိုညက လုံချန် ကို လုပ်ကြံဖို့ ကြိုးစားခဲ့သည့် လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်ပင် ဖြစ်၏။

လုံချန် က ထိုလူနှစ်ယောက်ကို စူးစိုက်ကြည့်ကာ “မင်းတို့ နှစ်ယောက်က ဘယ်သူတွေလဲ။ မင်းတို့က ဘာလို့ ငါ့ကို သတ်ချင်တာလဲ”

“တစ်စုံတစ်ယောက်က နောင်မှာဖြစ်လာမယ့်ဘေးဒုက္ခကို ဖယ်ရှားဖို့ မင်းကိုသတ်ချင်နေတာပဲ။ ငါတို့ သူ့ဆီကနေ အကျိုးအမြတ်ယူထားပြီးပြီ။ မေးခွန်းတွေ ထပ်မေးစရာ မလိုတော့ဘူး။ ယန်ချန်၊ မင်းသေလို့ရပြီ”

လုံချန်၏ နံကြားနှစ်ဖက်ကနေ နက်မှောင်နေသည့် ဓားနှစ်ချောင်း ထိုးသွင်းလာပါသည်။ ဓားနှစ်လက် လေထုကိုထိုးခွဲသွားသောအသံဟာ လူတိုင်း၏ ဦးရေပြားကို ထုံကျင်စေခဲ့သည်။

သို့သော် လုံချန်၏မျက်နှာပေါ်မှာ ကြောက်ရွံ့မှုတစ်စက်ကလေးတောင် ရှိမနေပေ။ သူ့မျက်လုံးအစုံကနေ အေးစက်စက်အလင်းရောင်တစ်ချက် ထွက်ပေါ်လာသည်။ ဒီအချိန်မှာပဲ ဓားနှစ်ချောင်းက သူ့နံကြားနှစ်ဖက်ကို အမြန်ထိုးသွင်းလာတော့သည်။ လုံချန် က သူ့ခန္ဓာကိုယ်ကို မြွေတစ်ကောင်လို တွန့်လိမ်ကာ ရှောင်ထွက်လိုက်သည်။ ထိုခဏလေးမှာပဲ အနက်ဝတ်လူနှစ်ယောက်စလုံး သူ့ဆီ ပြေးတက်လာကြသည်။

“မုန်တိုင်းဓားချက်...”

အော်သံနှင့်အတူ လေချွန်သံတစ်ဝီဝီ ထွက်ပေါ်လျက် လုံချန် ဆီသို့ ဓားသွားမြောက်များစွာ ကျရောက်လာတော့သည်။

လုံချန် က အံကိုတင်းတင်းကြိတ်ကာ သူ၏ အစစ်အမှန်ချီအားလုံးကို အသုံးပြုခဲ့သည်။ နောက်ပြန်ဆုတ်မည့်အစား အနက်ဝတ်လူဆီသို့ အရူးတစ်ယောက်သဖွယ်ပြေးဝင်သွားသည် ။

“ကြယ်ကြွေနတ်လက်သီး...”

မှောင်နေသော အခန်းထဲ၌ ကြယ်အလင်းတန်းများ ပေါက်ကွဲလာသည်။ အနက်ဝတ်လူ၏ မျက်လုံးများ ကျဉ်းမြောင်းလာသည်။ သူ၏ဓားချက်ကို တွန်းထုတ်လိုက်သည့် ပြင်းထန်သော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ ထိုမျှမက ထိုစွမ်းအားဟာ သူ့ခန္ဓာကိုယ်ထဲသို့ ဆောင့်တိုးဝင်လာလေသည်။

ဘုန်း....

အနက်ဝတ်လူ၏ ပါးစပ်မှ သွေးများ အန်ထွက်လျက် လွင့်ပျံထွက်သွားသည်။ ၎င်းက သူ့နောက် မလှမ်းမကမ်းမှာ ရပ်နေသော ကျန်အနက်ဝတ်လူကို

ပြေးဆောင့်လိုက်သည်။

ဤအတောအတွင်း လုံချန်က ရှေ့သို့ လျှပ်တစ်ပြက်ပြေးတက်သွားကာ ပြိုင်ဖက်၏ ဓားကို ချက်ချင်း လုယူလိုက်သည်။ ထို့နောက် ဓားကို ဆတ်ခနဲဝှေ့ယမ်းကာ အနက်ဝတ်လူ၏ နှလုံးသားတည့်တည့် ထိုးသွင်းလိုက်ပါသည်။ ချက်ချင်းဆိုသလိုပင် အနက်ဝတ်လူ၏ ရင်ဘတ်မှ သွေးများပန်းထွက်ကာ လုံချန်၏မျက်နှာကိုပင် ဖုံးလွှမ်းသွားတော့သည်။

အခြားအနက်ဝတ်လူ လည်း သူ့အဖော် သေသွားသည်ကို မြင်သောအခါ လုံချန် အား ထိတ်လန့်စွာ ကြည့်လိုက်သည်။ ထို့နောက် တခြားဘာကိုမှ ဂရုမစိုက်ဘဲ ပြတင်းပေါက်ကနေ အလျင်အမြန်ခုန်ချကာ ထွက်ပြေးလေတော့သည်။ လုံချန် က အလျှော့မပေးလိုဘဲ နောက်ကနေ ပြေးလိုက်သွားရန် ပြင်သည်။ ဒီအချိန်မှာပဲ အခန်းတံခါး ရုတ်တရက် ပွင့်သွားသည်။

တစ်ချိန်တည်းမှာပဲ တံခါးဝ၌ ယန်ကျန်း ပေါ်လာသည်။ မျက်နှာမှာ သွေးများဖုံးလွှမ်းနေသော လုံချန် နှင့် အနက်ဝတ်လူ၏ အလောင်းကို တစ်လှည့်စီကြည့်ရင်း ချက်ချင်း မျက်မှောင်ကြုတ်ပစ်လိုက်သည်။

“ခွေးကောင်၊ မင်းအတွက် ဘာကပိုကောင်းလဲဆိုတာ မင်းတကယ်မသိဘူးပဲ။ မင်းမှာ မဖြစ်စလောက် အရည်အချင်းလေး ရှိတာနဲ့ တောက်ပသောနေမင်းစားသောက်ဆိုင်မှာ လူသတ်ဝံ့တာလား။ ငါက ဒီနေရာရဲ့ ပိုင်ရှင်နဲ့ မိတ်ဆွေကောင်းတွေဆိုတာ မင်းမသိဘူးလား”

လုံချန် က သူ့ကို လျစ်လျူရှုထားလိုက်သည်။ ဟွမ်၏ ခန္ဓာကိုယ်အား ချုပ်နှောင်ထားသည့် ကြိုးများကို ဖြည်ပေးနေရင်း “ကောင်လေး ဟွမ်၊ ဒီနေရာကနေ အရင်ထွက်သွားလိုက်။ တခြားအကြောင်းတွေ နောက်မှပြောလို့ရတယ်”

လုပ်ကြံသတ်ဖြတ်သူ နှစ်ဦးအနက် တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးမှာ ကမန်းကတန်း ထွက်ပြေးသွားခဲ့သည်။

ဒီအချိန်မှာ လုံချန်၏လျစ်လျူရှုမှုကြောင့် ယန်ကျန်း၏ မျက်နှာဟာ

တဖြည်းဖြည်း မည်းမှောင်လာသည်။

ယန်ကျန်း၏နောက်ကွယ်မှ ပိန်ပိန်ပါးပါးလူဟာ ကြမ်းပြင်ပေါ်မှ လူသေအလောင်းကို ငုံ့ကြည့်ကာ မျက်နှာဖြူဖျော့သွားသည် ။ သူက “ဒီတစ်ခါ သခင်လေးကျန်း က တော်တော်လွန်သွားပြီ။ မင်းရဲ့ ဒီလိုမျိုးလုပ်ရပ်တွေက ငါ့ဖောက်သည်တွေကို မကြောက်ကြောက်အောင် လုပ်နေသလိုပဲ။ ငါ့လုပ်ငန်းက လူအဝင်အထွက်နည်းပါးသွားမှာသေချာတယ်” ဟု ပြောလိုက်သည်။

ဤအတောအတွင်း လုံချန်က သူဌေးချင် ဟုအမည်ရသော စားသောက်ဆိုင်ပိုင်ရှင်ကို စူးစိုက်ကြည့်နေသည်။ သူ့မျက်လုံး‌တွေက လူသတ်ချင်စိတ်အပြည့်ပါ။ သူ့အကြည့်ကို သတိပြုမိသည်နှင့် သူဌေးချင် ဟာ အလွန်ထိတ်လန့်ကာ ကမန်းကတန်း နောက်ဆုတ်သွားပါတော့သည်။

ဒီအချိန်မှာပဲ ယန်ကျန်း က ရှေ့တိုးလာပြီး လုံချန် ကို အေးစက်စက်ကြည့်ကာ

“နောက်ဆုံးတစ်ခေါက်တုန်းက မင်းဟာ ချန်းလု ကိုဒဏ်ရာရအောင်လုပ်လိုက်တယ်။ ငါ ဒါကို ဘာမှမပြောဘဲ ခွင့်လွှတ်ပေးခဲ့တယ်။ ဒီနေ့ မင်းဟာ ငါတို့ ယန် မိသားစုရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးပစ်လိုက်သလိုပဲ။ မင်း မောက်မောက်မာမာလုပ်သမျှတွေ ဆက်ပြီးမလုပ်ရဲတော့အောင် သင်ခန်းစာတစ်ခုလောက်တော့ သင်ပေးရမယ်”

စကားပြောနေစဉ်တွင် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ရာ လုံချန် ပေါ်သို့ ပြင်းထန်သော အော်ရာတစ်ခု ကျရောက်လာလေသည်။

“ဒီကောင်...တကယ်သန်မာတယ်”

အဆင့် ၄ နဂါးသွေးကြောနယ်ပယ် က ရယ်စရာဟာသတစ်ခု မဟုတ်ချေ။ ယန်ကျန်း၏ အော်ရာက သူ့အပေါ် တောင်ပေါင်းတစ်သန်း ဖိချနေသလိုပင်ဖြစ်သည်။ လုံချန် ဟာ ချက်ချင်းပင် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်လိုက်ရသည်။

သို့သော်လည်း သူ့လက်ထဲမှာတော့ ဓားကိုင်ထားလျက်ပါ။ သူ့မျက်လုံးအစုံကလည်း သွေးဆာရက်စက်ဟန်အပြည့်ရှိနေလေသည်။

လုံချန်၏အသွင်အပြင်ကို မြင်လိုက်ရတော့ ယန်ကျန်း ဟာ ပို၍ပင် ဒေါသ ထွက်သွားသည်။ အံတင်းတင်းကြိတ်ရင်း “အမှိုက်ကောင်၊ မင်းငါ့ကို ဆန့်ကျင်ဖို့ သတ္တိရှိသလား။ မင်း ဒီနေ့ ဒူးထောက်ပြီး မတောင်းပန်ဘူးဆိုရင် ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားဖို့ မစဉ်းစားနဲ့”

လုံချန် က စကားမပြောဘဲ ယန်ကျန်း ကိုသာ အေးစက်စက်ကြည့်နေသည် ။

ယန်ကျန်း က သူ့ကို ချောက်ကမ်းပါးစွန်းအထိ တွန်းပို့လာခဲ့လျှင် လုံချန် ဟာ တန်ကြေးတစ်ခု ပြန်ပေးမှာပါ။

သူတို့နှစ်ယောက် တိုက်ခိုက်ခါနီးမှာပဲ ယန်ကျန်း တို့နောက်မှာ မိန်းမလှတစ်ယောက် ပေါ်လာသည်။ သီးသန့်ခန်းထဲရှိ မြင်ကွင်းအား မြင်လိုက်ချိန်မှာတော့ မျက်နှာပျက်သွားပြီး ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်သွားလေသည်။

“အစ်ကိုကြီး ကျန်း၊ ဒီလိုနေရာမျိုးမှာ မနေနဲ့။ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားရအောင်...”

ယန်ကျန်း က သူ့အော်ရာကို ရုတ်သိမ်းလိုက်ပြီး မိန်းမလှကို လှည့်ကြည့်လိုက်သည်။ ခဏကြာမှ လုံချန် ဆီသို့ အကြည့်ပြန်ပြောင်းကာ “ကောင်းပြီ။ ငါမင်းကိုနောက်ထပ် တစ်ရက်လောက်တော့ အသက်ရှင်ခွင့်ပေးထားလိုက်မယ်။ မနက်ဖြန်မနက် နေထွက်တာနဲ့ မင်း မျက်နှာသစ်စရာ ခေါင်းမရှိစေရဘူး”

စကားပြောပြီးနောက် မိန်းမလှကို ပွေ့ဖက်ပြီး ထွက်သွားသည် ။

လုံချန် က သက်ပြင်းချကာ အနက်ရောင်ဓားကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။

သူ့စိတ်ထဲမှာတော့

“ယန်ကျး၊ ငါတို့ရန်ကြွေးထဲမှာ နောက်ထပ်အကြွေးတွေ ထပ်ထည့်ရဦးမယ်။ ငါ မကြာခင်မှာ အဆင့် ၃ နဂါးသွေးကြောနယ်ပယ် ကို ဝင်ရောက်တော့မယ်။ မင်းထက် ငါပိုသန်မာလာရင် စောင့်နေလိုက်ပါ၊ မင်းအတွက် အသက်ရှင်ရတာက သေတာထက်ပိုဆိုးတယ်ဆိုတာ ကောင်းကောင်းကြီးလုပ်ပြပေးမယ်”

ခဏတိတ်ဆိတ်သွားပြီးနောက် လုံချန်ဟာ အောက်ထပ်သို့ ပြန်ဆင်းလာလိုက်သည်။ အောက်သို့ ရောက်ရုံပင်ရှိသေး ဟွမ် က သူ့အား စိတ်လှုပ်ရှားစွာ စောင့်ဆိိုင်းနေတာကို တွေ့လိုက်ရသည်။ လုံချန် အဆင်ပြေနေတာကို မြင်သောအခါ ဟွမ် က သက်ပြင်းချပြီး ကမန်းကတန်းပြောလိုက်သည် “ သခင်လေးချန်၊ ငါ အောက်ထပ်ကို ပြေးဆင်းလာတဲ့အခါ တစ်စုံတစ်ယောက်က

မင်းကို ဒီအရာပေးခိုင်းလိုက်တယ်

ပြီးတော့ သူက အရမ်းချောမောလှပတဲ့လူငယ်လေးတစ်ယောက်ပဲ။ သူက မင်းကို လေးစားတယ် လို့ပြောတယ်၊ ဒါပေမဲ့ သူအရင်ဆုံးထွက်သွားတာပဲ”

လုံချန် လည်း ခဏကြာအောင် လန့်သွားသည်။ ချောမောလှပသော လူငယ်လေး၊ နူးညံ့သိမ်မွေ့သော အသံနှင့် မိန်းမဆန်လွန်းသော အမူအရာတို့ကို ပြန်တွေးမိနေသည်။ သူက အနည်းငယ် သံသယဖြင့် ဟွမ်၏ လက်ထဲမှ လျှို့ဝှက်စာအုပ်ကို ဖွင့်ကြည့်လိုက်သည်။ သူ့မျက်လုံးတွေမှာ အံ့အားသင့်နေသောအမူအရာအပြည့်ဖြင့် “တကယ်ပဲ ကြယ်တာယာခန္ဓာကိုယ်နည်းစနစ် လား” ဟူ၍ ရေရွတ်လိုက်ပါတော့သည်။

ဟွမ် က ရုတ်တရက်ပြောသည်

“အဲဒီလူငယ်ပြောခဲ့တာက ဒီနည်းစနစ်ဟာ မင်းရဲ့ ကြယ်ကြွေနတ်လက်သီးနဲ့ လိုက်ဖက်တယ်လို့ ပြောခဲ့တယ်။ မင်း ဒီနေ့ ကလေးတစ်ယောက်ကို ကယ်တင်ခဲ့တာကို သူမြင်လိုက်လို့ မင်းဟာ လူကောင်းတစ်ယောက်ပဲဆိုပြီး ပြောခဲ့သေးတယ်”

လုံချန် က ခေါင်းညိတ်ပြီး “ကြယ်တာယာစစ်နတ်ဘုရားခန္ဓာကိုယ်ကျင့်စဉ်” ဟူသော ကျမ်းစာအုပ်ကို ဂရုတစိုက်ဖွင့်ဖတ်‌ပါတော့သည်။

“တကယ်တော့ ဒါဟာ အလယ်အလတ်အဆင့် တိုက်ခိုက်ရေးနည်းစနစ်ပဲ...”

“ငါက ကလေးငယ်တစ်ယောက်ကိုပဲ ကယ်ခဲ့တာလေ။ ဒီလူက ငါ့ကို ကြယ်တာယာစစ်နတ်ဘုရားခန္ဓာကိုယ်ကျင့်စဉ် တကယ်ကြီး ပေးလိုက်တာပဲ။

ကြည့်ရတာ သူ့နောက်ခံက အရမ်းအားကောင်းမယ်ထင်တယ်။ ပြီးတော့ ဒီလူက ကျော်ကြားခြင်းမြို့တော်က မဟုတ်ဘူး။ တခြားအင်အားကြီး အဖွဲ့အစည်းတစ်ခုခုကနေ ကျင့်ကြံဖို့ထွက်လာတာဖြစ်နိုင်တယ်...”

“ကောင်းပြီ။ ဒီနေ့ငါတို့တွေ့တာ ကံကြမ္မာပဲ။ ငါလည်း ဒီလိုအရာတွေကို အရေးတကြီး လိုအပ်နေတယ်။ သူက ငါ့ကို လက်ဆောင်ပေးလိုက်တာပဲ။ နောင်တစ်ချိန်မှာ ပြန်ဆုံခဲ့ရင် သူ့ကျေးဇူးကို သေချာပေါက် ပြန်ဆပ်ရမယ်”

လုံချန် က ပြုံးပြီး ဟွမ် နှင့်အတူ ယန် အိမ်တော်သို့ ပြန်သွားခဲ့သည်။

“… ကြယ်တာယာတွေရဲ့ အဆုံးအစမဲ့တဲ့စွမ်းအင်တွေကို စုပ်ယူပါ။ အရေခွံ၊ အရိုး၊ သွေးသားတွေနဲ့ ပေါင်းစပ်ပါ။

... နေ့ရောညပါ စိတ်ကို အဆုံးအစွန်ထိလျှော့ချပြီး ကြယ်တာယာစွမ်းအင်တွေကို စုပ်ယူပါ။ လုံလောက်သွားတဲ့အခါ ကြယ်တာယာစစ်နတ်ဘုရားခန္ဓာကိုယ်ကို အလိုလိုပိုင်ဆိုင်လိမ့်မယ်”

“ဒီနည်းစနစ်က တကယ်ကို ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်ဖြစ်နေတာပဲ” လုံချန် က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ရေရွတ်လိုက်ပါသည်။

“ပြီးတော့ ကြယ်တာယာစစ်နတ်ဘုရားခန္ဓာကိုယ်မှာ အဆင့် ၂ ဆင့်ရှိတယ်။ သေးငယ်တဲ့အောင်မြင်မှုနဲ့ ပြီးပြည့်စုံတဲ့အဆင့် ပဲ။

Translated By NyiNyiSoe

All Chapters