အခန်း (၇-၉)
Vol. 1 Ch. 7-9
B.D.W.G - လုံချန်
ဘာသာပြန်သူ - ညီညီစိုး
အပိုင်း ၇ - ယန်ကျန်း နဲ့တိုက်ခိုက်ခြင်း
“ဒီညကျမှ ကြယ်တာယာတွေ လင်းလက်တောက်ပနေတာ ထူးထူးခြားခြားပဲ။ ဒါလည်း ကောင်းပါတယ်။ ကြယ်စွမ်းအင်ကို စုပ်ယူနိုင်ရင် ငါ ကြယ်တာယာစစ်နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာ သေချာတယ်။ အောင်မြင်သွားတာနဲ့ ငါ့ခွန်အားက အဆင့် ၄ နဂါးသွေးကြောနယ်ပယ် ကျင့်ကြံသူနဲ့ ယှဉ်လို့ရပြီ။ ယန်ကျန်း ကို နောက်တစ်ကြိမ် ပြန်တွေ့ရင် ခွေးရိုက်နွားရိုက် ရိုက်ပေးလိုက်တာပေါ့”
ဒီအချိန်မှာပဲ ကောင်းကင်ယံရှိ အဆုံးအစမဲ့ ကြယ်တာယာစွမ်းအင်တွေဟာ လုံချန်၏ ကိုယ်ပေါ်သို့ ဖြာကျလာတော့သည်။ သူ့ခန္ဓာကိုယ်က ကြယ်ပွင့်တစ်ပွင့်လိုဖြစ်သွားကာ မှိန်ဖျော့ဖျော့ကြယ်အလင်းရောင်များ တောက်ပလာလေသည်။ လုံချန်က ရုတ်တရက်ဆိုသလို မျက်လုံးပြန်ဖွင့်လိုက်သည်။
“ငါ ကြယ်တာယာစစ်နတ်ဘုရားခန္ဓာကိုယ်ကို လေ့ကျင့်နေတာ မပြီးသေးဘူး။ ဒါပေမဲ့ နဂါးကျောက်စိမ်းထဲမှာရှိတဲ့ ချီစွမ်းအင်တွေက ပိုပြီးသိပ်သည်းလာနေသလိုပဲ။ ထားလိုက်ပါ၊ ဘာပဲဖြစ်ဖြစ် ဒီနေ့ ငါ အဆသ့် ၃ ကိုတက်လှမ်းနိုင်မလား ကြည့်ရတာပေါ့”
ခလွပ်...
နဂါးဟိန်းသံ သဲ့သဲ့နှင့်အတူ သိပ်သည်းသော ချီစွမ်းအားများ ပေါက်ကွဲကာ အဆင့် ၃ နဂါးသွေးကြောထဲသို့ ပေါင်းစည်းသွားသည်။
စစ်မှန်သောချီစွမ်းအင်တွေဟာ သူ၏
ခြေလက်နှင့်အရိုးများတစ်လျှောက် ဖြန့်ကျက်သွားသည်။ လုံချန် က သိပ်သည်းသော ချီစွမ်းအင်ကို အတင်းအကြပ်ဖိနှိပ်ကာ သူ့ကိုယ်ပိုင်ချီစွမ်းအင်အဖြစ် ပြောင်းလဲလိုက်သည်။
ဒီအချိန်မှာ သူ့မျက်လုံးတွေက အရောင်တလက်လက် တောက်ပနေလေသည်။ သူ၏ ကျင့်ကြံမှုအဆင့်ဟာ ယခင်နှင့် ယှဉ်ပါက များစွာ တိုးတက်လာခဲ့ပါပြီ။
“အဆင့် ၃ နဂါးသွေးကြောနယ်ပယ်က အဆင့် ၂ နဂါးသွေးကြောနယ်ပယ် ထက် ပိုပြီးသန်မာတာပဲ။ အခုနေတုန်း ယန်ကျန်း နဲ့ ပြန်တွေ့ရင် ငါ့ရဲ့ ပြီးပြည့်စုံတဲ့အဆင့် ကြယ်ကြွေနတ်လက်သီးနဲ့ဆို သေချာပေါက် ရိုက်နှက်လို့ရတယ်”
အဆင့် ၃ နဂါးသွေးကြောနယ်ပယ် သို့တက်လှမ်းပြီးနောက် လုံချန် ဟာ သူ၏ ကျင့်ကြံမှုအခြေခံကို တည်ငြိမ်အောင်လုပ်လိုက်သည်။ အချိန်က ယခုမှပင် ညသန်းခေါင်ကျော်သာရှိနေသေးသည်။ နံနက်မိုးလင်းဖို့ အဝေးကြီးလိုနေသေး၏။
ညကောင်းကင်ယံဟာ တိမ်ညိုတိမ်မည်းများ ကင်းစင်နေသည်။ အဆုံးအစမဲ့သော ကြယ်တာယာများနှင့် ကောင်းကင်မြစ် ၉ စင်းတို့ ရှိနေလေသည်။ အလွန်ပင် ကြီးကျယ်ခမ်းနားလှ
သော မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။
“ကောင်းကင်မြစ် ၁၈ စင်းက ပေါ်လာတဲ့အချိန်ချင်း မတူကြဘူး။ နေ့ဖက်မှာ ၉ စင်း နဲ့ ညဖက်မှာ ၉ စင်း ရှိတယ်။
ကောင်းကင်မြစ်တွေက မရေမတွက်နိုင်တဲ့ ကြယ်တာယာတွေနဲ့ ဖန်ဆင်းထားတယ်လို့ ငါကြားဖူးတယ်။ တကယ်လို့ ကောင်းကင်မြစ်တွေသာ ကြယ်တာယာတွေအကုန်လုံးဖြစ်ရင် ငါ့ရဲ့ ကြယ်တာယာစစ်နတ်ဘုရားခန္ဓာကိုယ်ကို မြန်မြန်လေး အပြီးသတ်နိုင်လောက်တယ်”
အစပိုင်းတွင် လုံချန် ဟာ ကြယ်တာယာစွမ်းအင်သက်သက်ချည်းသာ စုပ်ယူနေခဲ့သည်။ သို့သော် ကောင်းကင်မြစ် ၉ စင်းမှ ကြယ်တာယာစွမ်းအင်ကို စုပ်ယူ
လိုက်သောအခါ သူ့တစ်ကိုယ်လုံး တလက်လက်တောက်ပနေသော ကြယ်အလင်းရောင်များ ဖုံးလွှမ်းသွားခဲ့သည်။
“ကြယ်အလင်းစွမ်းအင်တွေက ငါ့သွေးကြောတွေနဲ့ အရိုးတွေထဲကို ပေါင်းစပ်သွားတာပဲ။ ဒီအမြန်နှုန်းက အရင်ကထက် အဆ ၁၀၀ လောက် ပိုမြန်လာတာပဲ။ ကောင်းကင်မြစ် ၉ စင်းက တကယ်ပဲ မရေမတွက်နိုင်တဲ့ ကြယ်တာယာတွေနဲ့ ဖန်ဆင်းထားတာဖြစ်မယ်”
ကြယ်အလင်းရောင်များက လေထုအပြည့် လွှမ်းခြုံထားလေရာ လုံချန်၏တစ်ကိုယ်လုံးလည်း နစ်မြုပ်နေလေတော့သည်။ သိပ်သည်းသော ကြယ်တာယာစွမ်းအင်တွေဟာ သူ့အရေပြားထဲသို့ တိုးဝင်သွားပြီး တစ်ကိုယ်လုံးအနှံ့ပင် ပြန့်သွားပါတော့သည်။ ဒီအချိန်မှာ လုံချန်က သူ့ကိုယ်သူ အရင်ထက် ပိုပြီးသန်မာလာသလို ခံစားမိလိုက်သည်။
အချိန်ကုန်လို့ကုန်မှန်းမသိနှင့် ကျင့်ကြံနေရင်းပင် နံနက်မိုးလင်းသွားတော့သည်။
ဒီအချိန်မှာ လုံချန်၏ ခန္ဓာကိုယ်ပေါ် လွှမ်းခြုံထားသည့် ကြယ်အလင်းရောင်ဟာ တဖြည်းဖြည်း မှိန်ဖျော့လာသည်။ လုံချန် လည်း အိမ်ခေါင်မိုးပေါ်မှ ခုန်ဆင်းလာလိုက်သည်။ သူ့မျက်လုံးထဲမှာတော့ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပေသည်။
“အဆုံးအစမဲ့ကြယ်ရောင်တွေ
လွှမ်းတဲ့ညအချိန်မှာ ဇွဲရှိရှိနဲ့ ကြိုးစားလိုက်တော့ ငါ့ကြယ်တာယာစစ်နတ်ဘုရားခန္ဓာကိုယ်က သေးငယ်တဲ့ပြီးပြည့်စုံမှုအဆင့်ကို ရောက်သွားပြီ။ ဒါ့အပြင် ငါ့ရဲ့ အဆင့် ၃ နဂါးသွေးကြောနယ်ပယ် နဲ့ပေါင်းစပ်လိုက်ရင် အရင်ကထက် ၁၏ ဆလောက်ပိုပြီးသန်မာတယ်”
လုံချန် က ကျေနပ်အားရစွာ ပြုံးလိုက်သည်။
“နောက်ဆုံးတော့ ငါလုံချန် ခေါင်းထောင်ကြည့်နိုင်ပြီပေါ့။ ကြယ်ကြွေနတ်လက်သီးကို အားအကုန်ထုတ်သုံးလိုက်ရင် အဆင့် ၄ နဂါးသွေးကြောနယ်ပယ် ဖြစ်တဲ့ ယန်ကျန်း ကိုတောင် ဂရုစိုက်နေစရာမလိုတော့ဘူး”
ခဏအကြာမှာတော့ လုံချန် ဟာ သူ့အိမ်ထဲကို ဝင်သွားပြီး ကုတင်ပေါ်၌ လဲလျောင်းလိုက်ပါတော့သည်။
“ညတုန်းက တစ်ရေးမှကို မအိပ်ရသေးဘူး။ အခုတော့ ပင်ပန်းတာတွေ ပျောက်အောင် အနားယူလိုက်ဦးမယ်။ ငါ အိပ်ယာကနိုးလာရင်တော့ ပိုပြီးအားပြည့်နေမှာသေချာတယ်။ ပြီးတော့ ငါ ဆက်ပြီးလေ့ကျင့်ရမယ်”
“ပြီးတော့ ကြယ်တာယာစစ်နတ်ဘုရားခန္ဓာကိုယ်ကို ထပ်ပြီး အဆင့်မြှင့်လိုက်ရင် ငါ့ခန္ဓာကိုယ်က ပိုပြီးသန်မာလိမ့်မယ်။ အဖေက ငါ့အတွက်ဆိုပြီး နဂါးကျောက်စိမ်းထဲမှာ အစစ်အမှန်ချီစွမ်းအားတွေ ချန်ထားခဲ့ပေးတယ်။ ဒီတော့ ငါ့ဒန်တျန်ထဲမှာ အစစ်အမှန်ချီတွေ နေ့တိုင်းနေ့တိုင်း သိပ်သည်းနေတယ်။ ဒါပေမဲ့ ငါက ဒီအရှိန်ကို ကန့်သတ်ပစ်လိုက်လို့မရဘူး။ ငါကိုယ်တိုင် အပြင်းအထန် ကျင့်ကြံရမယ်။ တကယ်တော့ ဒီအချိန်မှာ ငါ့အတွက် ဝိညာဉ်ကျောက်တုံးတွေ လိုအပ်နေတယ်…”
ဝိညာဉ်ကျောက်တုံး ဟူသည် နတ်နဂါးစစ်သည်တော်များ အတွက် ကျင့်ကြံရာ၌ လုံးဝ အထောက်အကူဖြစ်စေသည်။ ၎င်းမှာ ကမ္ဘာကြီး၏ မြင့်မြတ်သောချီစွမ်းအင်များ ပါဝင်လေသည်။ သို့သော် အရည်အချင်းရှိသူများသာ ဝိညာဉ်ကျောက်တုံးများ ရနိုင်ပါသည်။
“လဝက်ပဲကျန်တော့တယ်။ နတ်နဂါးတံဆိပ်တော် ကိုရယူချင်တယ်ဆိုရင်တော့ ငါ့အနေနဲ့ အနည်းဆုံး အဆင့် ၅ နဂါးသွေးကြောနယ်ပယ်မှာ ရှိနေရလိမ့်မယ်။ ဒီယန်ကျန်း က အဆင့် ၄ နဂသွေးကြောနယ်ပယ် ကို ရောက်နေတာ ၁ နှစ်တောင်ကြာပြီ။ အခုထိ အဆင့် ၅ ကို မတက်နိုင်သေးဘူး။ ဒါဆို ငါ့အတွက် အဆင့်တက်ဖို့က သိပ်ပြီးမလွယ်လောက်ဘူးထင်တယ်”
“ထားပါ။ ဘာပဲဖြစ်ဖြစ် ငါ ဒါကိုဂရုမစိုက်ဘူး။ အဖေ့အတွက်ကြောင့် ငါ့ကိုမခင်တွယ်တဲ့ အမေကို ကယ်တင်ပေးရဦးမယ်”
တွေးနေရင်းဖြင့် လုံချန် ဟာ လုံးလုံးလျားလျား အိပ်ပျော်သွားပါတော့သည်။
……
မနက်မိုးလင်းတော့မှ ဆူညံသံတွေကြောင့် နိုးလာခဲ့သည်။
အဆင့် ၃ နဂါးသွေးကြောနယ်ပယ် သို့တက်လှမ်းပြီးနောက်မှာ လုံချန်၏ အာရုံခံနိုင်စွမ်းလည်း မြင့်တက်လာပါသည်။ အဝေးမှ ချဉ်းကပ်လာသော လူများကိုပင် အာရုံခံစားနိုင်သည်။ လုံချန် ဟာ မတ်တပ်ထရပ်ပြီး သူ့ကိုယ်သူ စစ်ဆေးကြည့်ရင်း ပြုံးပြုံးရွှင်ရွှင်ဖြင့် တံခါးဖွင့်ကာ အပြင်ထွက်လာခဲ့သည်။
အပြင်ကိုရောက်သည်နှင့် သူမျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။ ယန်ကျန်း ဟာ လူတစ်စုကို ဦးဆောင်၍ လုံချန်ရှေ့မှာ ရပ်နေခဲ့သည်။ သူ့နောက်မှာ လိုက်ပါလာသူများက ယန်မိသားစု၏ လူငယ်သခင်များ ဖြစ်ကြသည်။
လုံချန် လည်း အနည်းငယ်တော့ အံ့ဩသွား၏။ ယန်ကျန်း က လူတွေအများကြီးကို စည်းရုံးနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။
ယန်ကျန်း နံဘေးရှိ ချန်းလု ကတော့ လုံချန် ကို မြင်သောအခါ သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့မှုအနည်းငယ်ပေါ်လာလေသည်။ ဒီအချိန်မှာပဲ ယန်ကျန်း က လှောင်ပြောင်လိုက်ပြီး “မနေ့ညက မင်းကို သင်ခန်းစာတစ်ခုသင်ပေးမယ်လို့ ငါကတိပေးခဲ့တယ်။ ဒါကြောင့် ဒီနေ့ ငါ့စကားအတိုင်း ရောက်လာရတာပဲ။ မင်းလို အမှိုက်က ဒီရက်ပိုင်းမှာ နည်းနည်းလေးပိုသန်မာလာတာပဲ။ ဒါကြောင့် မင်းမောက်မာနေတာ မဆန်းပါဘူး။ အခုအချိန်မှာ ငါတို့ရဲ့ ညီအစ်ကိုတွေက မင်းကို သဘောမကျဘူးဆိုတော့ ငါ သူတို့ကိုယ်စား မင်းကို သင်ခန်းစာပေးရလိမ့်မယ်”
လုံချန် က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး “မင်း ဒီလောက် လူတွေအများကြီးကို
ခေါ်လာလာခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူးပဲ။ နဂိုက မင်းကို မကြောက်တတ်ဘူးထင်နေတာ။ ဒါလဲ ကောင်းပါတယ်။ မင်းနောက်မှာ လူတွေအများကြီးနဲ့ဆိုတော့ သတ္တိတွေပိုတိုးလာတာသေချာတယ်”
ပြဿနာတက်နေသည့်တိုင်အောင် လုံချန်က ပြောင်တိပြောင်ချော် လုပ်နေသဖြင့် လူတိုင်း ဘာမှမပြောနိုင်ဘဲ
အံသြသွားကြသည်။
“ဒါက ငါတို့ရှေ့မှာ အမြဲ ဦးညွှတ်ပြီးခေါင်းငုံ့သွားနေရတဲ့ အမှိုက်ပဲလား”
ယန်ကျန်း၏ မျက်နှာက ဒေါသကြောင့် မည်းမှောင်နေတော့သည်။ သူ့မျက်လုံးတွေထဲမှာလည်း အမုန်းမီးတောက်များ တဖြည်းဖြည်း တောက်လောင်လာပုံရသည်။
“အရမ်းကောင်းတယ်၊ အမှိုက်ကောင်။
မင်းအရင်တုန်းကလိုမျိုး အမှိုက်တစ်စနဲ့ တကယ်ကို မတူဘူး။ မင်း ခွန်အားတွေ တိုးလာလို့ မောက်မာနေတယ်။ ချန်းလု ကို အနိုင်ယူပြီးတော့ ကိုယ့်ကိုယ်ကို ပြိုင်ဖက်ကင်းပြီလို့ ထင်နေတာလား။ ကောင်းပြီ။ ညီအစ်ကိုတို့၊ ဒီနေ့ ဒီအမှိုက်ကောင်ကို ငါတို့ ဘာလုပ်သင့်တယ် ထင်လဲ”
“သူ့ကို သင်ခန်းစာပေးလိုက်....”
တစ်ယောက်ပြီးတစ်ယောက် အော်ဟစ် ထောက်ခံနေကြသည်။
ယန်ကျန်း က သူ့လက်ကို ဝှေ့ယမ်းပြီး “မင်းအတွက်တော့ ငါစိတ်မကောင်းပါဘူး။ မင်းကြားတဲ့အတိုင်းပဲလေ၊ ဒါဟာ သူတို့ရဲ့ အကြံပြုချက်ပါ။ ဒီနေ့ ငါတို့ မင်းကိုအနိုင်မကျင့်ဘူး။ အရင်က အမှိုက်ကောင်ဖြစ်နေသလို အခုလည်းအတူတူပဲ။ ဒီနေ့တော့ မင်းကို အရင်လိုအမှိုက်ဘဝပြန်ရောက်အောင် လုပ်ပေးမယ်”
“သောက်စကားများလိုက်တာ။ ယန်ကျန်း၊ မင်း ငါနဲ့ တိုက်ခိုက်ချင်ရင် အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောမနေနဲ့။ မင်းရဲ့ သောက်စကားတွေက ငါ့အတွက် ဟာသထက်မပိုဘူး။ မင်းက သောက်ရူးတစ်ကောင်လိုပဲ၊ မနက်အစောကြီး ငါ့အိမ်တံခါးကို လာခေါက်နေတယ်”
လုံချန် ပြောလိုက်သည့် နောက်ဆုံးစကားက ယန်ကျန်း ကို အကြီးအကျယ် ဒေါသထွက်သွားစေခဲ့သည်။
“ခွေးကောင်၊ မင်းက သေလမ်းရှာနေတာလား။ ဒီနေ့ မင်းကို မသတ်နိုင်ရင် ငါ့မျိုးရိုးက ယန် မဟုတ်ဘူး”
သူပြောပြီးသည်နှင့် တပြိုင်နက် အဆင့် ၄ နဂါးသွေးကြောနယ်ပယ်၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာကာ လုံချန်ကို ဖိနှိပ်လိုက်သည်။
“သူတို့ တိုက်ခိုက်ကြတော့မယ်....”
လူတိုင်း နောက်ဆုတ်သွားကြသည်။ သိပ်မကြာခင်မှာပဲ တိုက်ပွဲမြေပြင်မှာ လုံချန် နှင့် ယန်ကျန်း တို့နှစ်ယောက်သာ ကျန်တော့၏။
“ဒီစွမ်းအားက မနေ့ညကနဲ့ ဆင်တူပေမဲ့ အခုတော့ ငါ့ကို ခြေလှမ်း တစ်ဝက်လောက်ပြန်ဆုတ်အောင် လုပ်ဖို့တောင် မလုံလောက်သေးဘူး”
အဆင့် ၄ နဂါးသွေးကြောနယ်ပယ်ဖိအားဟာ အလွန်ကြောက်စရာကောင်းလှသည်။ သို့သော်လည်း လုံချန်၏ လက်ရှိခွန်အားမှာ ပျော့ညံ့မနေပေ။ သူ၏ ကြယ်တာယာစစ်နတ်ဘုရားခန္ဓာကိုယ်ဟာ သေးငယ်သောပြီးပြည့်စုမှုအဆင့်သို့ ရောက်နေလေပြီ။ ပြောရရင်တော့ ယန်ကျန်း၏ အဆင့် ၄ ဖိအားက သူ့အတွက် ဘယ်လိုမှကိုမနေပေ။
“မင်းက အဆင့် ၂ နဂါးသွေးကြောနယ်ပယ်ပဲရှိသေးတယ်။ ဒါတောင်မှ ငါ့ကိုတိုက်ခိုက်ချင်သေးတာလား။ မင်းရဲ့ မသိနားမလည်မှုအတွက် ပြန်ပြီးပေးဆပ်လိုက်စမ်း”
ယန်ကျန်း က ဒေါသတကြီးအော်ဟစ်၍ လေပွေလှိုင်းတစ်ခုကဲ့သို့ လုံချန် ဆီ ခုန်ဝင်လာလေသည်။ တစ်ချိန်တည်းမှာပဲ လက်နှစ်ဖက်ကိုဆန့်၍ လုံချန်အား လက်သီးဖြင့် အဆက်မပြတ်ထိုးချလိုက်သည်။
သို့သော် လုံချန်က အကြိမ်ကြိမ် ရှောင်တိမ်းနိုင်ခဲ့တာချည်းပါ။
“ဟမ့်....၊ ဒီယန်ချန်က အခုထိ သန်မာတယ်လို့ဟန်ဆောင်နေတယ်။ သူ့မှာ ဝှက်ဖဲတစ်ချပ်ရှိနေတယ်လို့ ငါထင်ခဲ့တာ။ အစ်ကိုယန်ကျန်း လှုပ်ရှားပြီဆိုတာနဲ့ သူ့ကို ဒီလောက်ဆိုးဆိုးရွားရွား အရိုက်ခံရမယ်လို့ မမျှော်လင့်ထားဘူး”
“သူက ကိုယ့်ကိုယ်ကို အရှက်ခွဲနေတာလား”
ကြည့်နေတိုင်း ကျယ်လောင်စွာ ရယ်မောကြသည်။ တိုက်ပွဲကွင်းပြင်ကို လက်ညှိုးထိုးပြကာ တဟားဟလှောင်ရယ်နေကြသည်။
ယန်ကျန်း၏ နောက်ထပ်တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးနောက် လုံချန်က အခြားလူများကို လှည့်ကြည့်ကာ တိတ်တဆိတ်ကျိန်ဆဲလိုက်သည်။
ထို့နောက် သူက ယန်ကျန်း ကို ပြုံးပြုံးလေးကြည့်ပြီး လှောင်ပြောင်ရယ်မောကာ “ယန်ကျန်း၊ မင်းခွန်အားက ဒါအကုန်ပဲလား”
အပြင်ကနေ စောင့်ကြည့်နေတဲ့လူတိုင်းဟာ ယန်ကျန်း လောက် တိုက်ပွဲအခြေအနေကို မသိကြပေ။ လုံချန်က ထွက်ပြေးနေသယောင် ထင်ရသော်လည်း အမှန်တော့ စည်းစနစ်ကျကျရှောင်တိမ်းနေတာပါ။ ယန်ကျန်း က သူ့ခွန်အားကို အပြည့်အဝ အသုံးပြုထားသည့်တိုင် လုံချန်ကို တစ်ချက်ကလေးမှ ထိခိုက်အောင်မလုပ်နိုင်ပေ။
“မဟုတ်ဘူး၊ သူက အဆင့် ၂ နဂါးသွေးကြောနယ်ပယ် ပဲ ရှိသေးတာလေ။
သူ့ရဲ့ ရှောင်တိမ်းမှုက မဆိုးပေမယ့် တိုက်ခိုက်ရေးနည်းစနစ်မရှိတာတော့ သေချာတယ်”
ထိုအချက်ကို စဉ်းစားမိတာနဲ့ ယန်ကျန်း က ဟက်ခနဲရယ်ပြီး လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။ တစ်ဆက်တည်း သူက အေးစက်စက်လေသံဖြင့် ပြောလိုက်၏ “အမှိုက်ကောင်၊ မင်းက ဒီလိုမျိုး ရှောင်ဖို့ပဲ သိတာလား။ မင်းကယောက်ျားဆိုရင် ငါ့ကို တရားမျှတစွာတိုက်ခိုက်လေ”
အချိန်ခဏကြာအောင် တိုက်ခိုက်ပြီးနောက်မှာတော့ လုံချန် ဟာ ယန်ကျန်း၏ ခွန်အားကို အကြမ်းဖျင်း နားလည်လာခဲ့သည်။ ယန်ကျန်း၏ အစစ်အမှန်ချီက သဘာဝအတိုင်း သူ့ထက် ပိုပြီးသိပ်သည်းပေသည်။
သို့သော် လက်ရှိမှာ သူက ကြယ်တာယာစစ်နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလေပြီ။ ထို့အပြင် သူ၏ အဆင့် ၃ နဂါးသွေးကြောနယ်ပယ် ချီစွမ်းအင်ဟာ အဆင့် ၄ ထက်ပင် ပို၍သိပ်သည်းလေသည်။ ဒီအချိန်မှာ လုံချန်၏ မျက်လုံးတွေဟာ ချက်ချင်း အေးစက်သွားသည်။ ယန်ကျန်း၏ လက်သီးချက် ပြေးဝင်လာတာကို မရှောင်တိမ်းဘဲ သူ၏လက်သီးဖြင့် တည့်တည့်ထိုးလိုက်လေသည်။
“ကျားရိုင်းလက်သီး”
“ကျားရိုင်းလက်သီး”
နှစ်ဖက် တိုက်ခိုက်မှုကနေ တောင်ပေါ်မှ ခုန်ဆင်းလာသော ကျားရိုင်းနှစ်ကောင်လိုပုံရိပ်များထွက်ပေါ်လာသည်။ ထို့နောက် တစ်ဖက်နှင့်တစ်ဖက် ပြင်းထန်စွာဆုံတွေ့သွားလေတော့သည်။
ဘုန်း
သူတို့နှစ်ယောက်လုံး နောက်ပြန်ဆုတ်လိုက်ကြသည်။ မြေပြင်ပေါ်တွင် နက်ရှိုင်းသော ခြေရာများ ကျန်ရစ်ခဲ့သည်။ ဒီတိုက်ပွဲမှာ ယန်ကျန်း က အရေးနိမ့်သွားပုံပါ။ သူ့နောက်မှ ကျောက်တိုင်ပင် ကျိုးကြေသွားလေသည်။
“ဘာလဲ။ သူ့ ရဲ့ ခွန်အားက ဘယ်လိုလုပ် ဒီလောက်သန်မာနိုင်မှာလဲ”
ယန်ကျန်း၏ မျက်နှာပေါ်မှာ မယုံကြည်နိုင်ဟန်များ ပေါ်လာလေသည်။
“အဲဒါဘယ်လိုလဲ။ ဒီလက်သီးက မင်းသဘောအကျဆုံးပဲမဟုတ်လား။ ယန်ကျန်း၊ မင်းရဲ့ ကျားရိုင်းလက်သီးက ကြောက်စရာကောင်းတာမဟုတ်ဘူးလား”
ယန်ကျန်း၏ မျက်နှာက ပိုလို့တောင် ရှုံ့မဲ့သွားသည်။
Translated By NyiNyiSoe
B.D.W.G - လုံချန်
ဘာသာပြန်သူ - ညီညီစိုး
အပိုင်း ၈ - ယန်ကျန်းကိုအရှက်ခွဲ
“ကြယ်ကြွေနတ်လက်သီး တဲ့လား...”
လုံချန် က ဘာမှထူးခြားဟန်မပြ။ သူ့ဆီ တည့်တည့်ပြေးဝင်လာသည့် လက်သီးချက်ကို ကြည့်၍ အေးစက်စက် ပြုံးလိုက်သည်။
“ဒီလူမိုက်ကောင်ကို ငါအနိုင်ယူလိုက်ရင် သူတို့တွေ ဘယ်လောက်ထိ တုန်လှုပ်ချောက်ချားသွားမလဲလို့ တွေးမိတယ်။ ငါတကယ်ကိုသိချင်နေပြီ…”
လုံချန် အတွက် သူ့အပေါ် ယန်ယွဲ့ချင်၏အထင်မြင်က ပိုပြီးအရေးကြီးပါသည်။
“ဒီယန်ချန် က တကယ့်ကို အမှိုက်ပဲ။ အစ်ကိုယန်ကျန်း ရဲ့ ကြယ်ကြွေနတ်လက်သီး ကိုမြင်ပြီးတော့ သူ ကြောင်အမ်းအမ်းဖြစ်နေပြီ”
လုံချန် က ထိုစကားများကို ကြားသောအခါ ပြုံးလိုက်သည်။ ထို့နောက် သူက ယန်ကျန်း ကိုစိုက်ကြည့်လိုက်သည်။
“မင်းထက် အဆ ၁၀၀၀၀ ပိုကောင်းတဲ့ ကြယ်ကြွေနတ်လက်သီး ကို ငါပြပေးမယ်”
တစ်ချိန်တည်းမှာပဲ စူးရှတောက်ပသော
ကြယ်အလင်းရောင်များ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ကြယ်တာယာစစ်နတ်ဘုရားခန္ဓာကိုယ်နှင့်ပေါင်းစပ်လျက် လုံချန်၏ ကြယ်ကြွေနတ်လက်သီး ဟာ ကြောက်မက်ဖွယ်ရာ
စွမ်းအားဖြင့် ပေါက်ကွဲထွက်လာလေသည်။ သို့သော် လူတိုင်းက သိပ်ပြီးအာရုံမစိုက်ကြသေး။ ဒီအချိန်မှာပဲ ယန်ကျန်း၏ခန္ဓာကိုယ်ဟာ လေးကိုင်းသဏ္ဍာန် ကွေးညွှတ်လျက် လွင့်ပျံထွက်သွားခဲ့သည်။ သူ့ပါးစပ်ကနေ သွေးများ အန်ထွက်ကာ မြေပြင်ပေါ်သို့ လဲကျသွား၏။ လုံချန်က ရှေ့တိုးလာကာ ယန်ကျန်း၏ ဝတ်ရုံအစကို ဆုပ်ကိုင်လျက် ဆွဲမြှောက်လိုက်သည်။
ဤအချိန်မှာတော့ ယန်ကျန်းနောက်ကနေ လိုက်ပါလာသည့် လူငယ်များအားလုံး ထိတ်လန့်သွားကြတော့သည်။ချက်ချင်းဆိုသလိုပဲ ကမန်းကတန်း နောက်ဆုတ်လိုက်ကြသည်။ သူတို့၏ မျက်နှာထက်မှာလည်း မယုံကြည်နိုင်ဟန်များဖြင့် ပြည့်နှက်နေပေသည်။
“သူက အဆင့် ၄ နဂါးသွေးကြောနယ်ပယ် မှာရှိနေတဲ့ ညီအစ်ကို ယန်ကျန်း ကို အနိုင်ယူလိုက်တာလား။ ပြီးတော့ ကြယ်ကြွေနတ်လက်သီး ကိုပဲသုံးခဲ့တယ်။ ဒါ.... ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး...”
“အစ်ကို ယန်ကျန်း က အရမ်းသန်မာတယ်လေ။ ဒီအမှိုက်ကောင်က ဘယ်လိုလုပ်ပြီး အနိုင်ယူနိုင်မှာလဲ။ အခုနတုန်းက ဘာဖြစ်သွားလဲဆိုတာရှင်းရှင်းလင်းလင်းမမြင်လိုက်ရဘူး။ ဒီအမှိုက်ကောင်က အောက်တန်းကျတဲ့နည်းလမ်းတချို့ သုံးလိုက်တာထင်တယ်”
“မကောင်းတော့ဘူး။ သူက အစ်ကို ယန်ကျန်း ကိုသတ်ဖို့ကြိုးစားနေတာပဲ”
အားလုံးက ကြောက်လန့်တကြား ကြည့်နေကြသည်။ လုံချန် ဟာ ယန်ကျန်းကို လက်တစ်ဖက်တည်းဖြင့် ဆွဲမြှောက်ထားလေသည်။ ထို့အပြင် သူ့မျက်လုံးတွေက လုံးဝကို အေးစက်နေလေသည်။
ယန်ကျန်း၏ ပါးစပ်မှာ သွေးများပြည့်နေသည့်တိုင် သူ့ကိုယ်သူတော့ သတိရှိနေတုန်းပါ။
“ဒါကိုတွေ့လား။ ငါမင်းထက်သန်မာတယ်။ နောင်တစ်ချိန်မှာ မင်းကို “အမှိုက်”ဆိုတဲ့ခေါင်းစဉ်ပြန်ပေးမယ်။ ဒါပေမဲ့ ယန်ကျန်း၊ မင်းငါ့ကိုပေးခဲ့တဲ့ အရှက်တရားက အသေးအမွှားတစ်ခုလေးတင်မဟုတ်ဘူး။ နောက်နှစ်ဒီလိုအချိန်ဟာ မင်းအတွက် နှစ်ပါတ်လည်နေ့ပဲ။ ဒီတော့ မင်းဟာ စိတ်ပိုင်းဆိုင်ရာ ကြိုပြီး ပြင်ဆင်ထားရင် ပိုကောင်းမယ်…”
“ခွေးကောင် …ဖူး.... ဖရူး”
ယန်ကျန်း ဟာ ဒေါသတကြီးအော်ငေါက်ရင်း ပါးစပ်ကနေ သွေးများ အန်ထွက်လာပြန်သည်။ သို့သော် သူ့ရှေ့မှ လူငယ်ဟာ အရင်ကလိုမျိုး အမှိုက်ကောင် မဟုတ်တော့မှန်း သိသာနေပါသည်။ ယခုအချိန်မှာတော့ ယန်ကျန်း၏နှလုံးသားထဲမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေသာ ပြည့်နှက်နေတော့လေသည်။
“မင်းကြောက်နေတာလား”
၎င်းက လုံချန် လိုချင်သည့်ရလာဒ်ပါ။ သို့သော်လည်း သူ့နှလုံးသားထဲရှိ အမုန်းတရားများကို ကြယ်ကြွေနတ် လက်သီးတစ်ချက်နဲ့ မချေဖျက်နိုင်ပေ။
သူက တဟားဟားရယ်လိုက်သည်။ သူ့ဒေါသကို ဖြေဖျောက်ရန် နောက်ထပ် အနည်းငယ် ထိုးနှက်ရန် ပြင်လိုက်၏။ ဒီအချိန်မှာ ဒေါသတကြီး အော်ငေါက်သံ ရုတ်တရက်ထွက်လာသည်။
“ရပ်လိုက်စမ်း...”
လုံချန်လည်း အသံကြားတာနဲ့ ဘယ်သူမှန်း တန်းသိလိုက်သည်။ အခြားမဟုတ်၊ ယန် ကလန်၏ ဒုတိယမြောက်
အာဏာပိုင်တစ်ဖြစ်လည်း ဒုတိယဦးလေး၏ အဖိုးတန်သမီး ယန်လင်ရွဲ့ပါ။
ဤအချိန်တွင် ယန်လင်ရွဲ့ က လုံချန် တို့ရှေ့မှာ ပေါ်လာလေသည်။ သူ့နောက်မှာလည်း လူငယ်နှစ်ယောက် လိုက်ပါလာသည်။ ယန်မိသားစုဝင်တွေတော့မဟုတ်။ ပိုင် ကလန်၏ လူငယ်သခင်များပင်။
လုံချန် က လူငယ်နှစ်ယောက်အနက်မှ တစ်ယောက်ကို စူးစိုက်ကြည့်နေသည်။ ၎င်းက ပိုင် ကလန်၏အငယ်ဆုံးသား ပိုင်ရှီယွမ် ဖြစ်သည်။ အရင်က သူ့အား မကြာခဏ အနိုင်ကျင့်လေ့ရှိသူပါ။
လုံချန် က ယန်ကျန်းအား အနိုင်ယူလိုက်သည့် မြင်ကွင်းကို မြင်သောအခါ ပိုင်ရှီယွမ် ဟာ ထိတ်လန့်သွားပုံရသည်။ သူ့အစ်ကိုဖြစ်သူ၏ နောက်မှာ အမြန်ဝင်ပုန်းနေတော့သည်။
“ဘာလို့ ရပ်ရမှာလဲ”
လုံချန် က ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး ယန်လင်ရွဲ့ ကို လှည့်ကြည့်လိုက်သည်။
သူ့စိတ်ထဲမှာတော့
“သူမက ငါ့ကို မုန်းတီးနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာပဲ။ ငါ့ကို သတ်ချင်နေတာများလား”
လုံချန် က သူ့စိတ်ထဲမှာပင် ကြိတ်ပြီးရယ်မောလိုက်သည်။
ယန်လင်ရွဲ့ တိုက်ခိုက်ခါနီးမှာတော့ လုံချန်ဟာ သူ့ညာလက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။ ဒီအချိန်မှာ ယန်ကျန်း၏ဝတ်ရုံတစ်ခုလုံး ကြေမွလျက် မိမွေးတိုင်းဖမွေးတိုင်းဖြစ်သွားလေတော့သည်။ လုံချန် က ယန်ကျန်း၏ ကိုယ်လုံးတခန္ဓာကိုယ်က ဖမ်းဆုပ်ကာ ယန်လင်ရွဲ့ ဆီသို့ လွှင့်ပစ်လိုက်သည်။
လုံချန်၏ လုပ်ရပ်ကြောင့် အမျိုးသမီးငယ်အားလုံး စူးစူးဝါးဝါးအော်ဟစ်ပြီး ထွက်ပြေးသွားကြလေသည်။ ယန်လင်ရွဲ့ လည်း သူ့ထံ ပစ်လွင့်လာသည့် ကိုယ်လုံးတီးခန္ဓာကိုယ်အား မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွားသည်။ သူမ၏ ခြေထောက်များ ပျော့ခွေကာ လဲကျလုမတတ်ပင်။
ဒီအချိန်မှာပဲ သူ့နောက်ကွယ်ရှိ လူငယ်တစ်ယောက်က ရှေ့ထွက်လာပြီး ယန်ကျန်း၏ခန္ဓာကိုယ်အား စီးကြိုဖမ်းလိုက်သည်။ တစ်ချိန်တည်းမှာပဲ ယန်ကျန်းဟာ သူ့အဖြစ်ကို သတိထားမိသွားလေသည်။ ချက်ချင်းပင် တရောသောပါး ထွက်ပြေးသွားလေတော့သည်။
ယန်လင်ရွဲ့ ကတော့ ထွက်မသွားပေ။ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် လုံချန် ကို စူးစူးရဲရဲကြည့်နေခဲ့သည်။ ခဏကြာမှ အေးစက်စက်ဖြင့် ပြောလိုက်၏
“ယန်ချန်၊ နင်ဟာ မျိုးနွယ်စုရဲ့ စည်းမျဥ်းစည်းကမ်းတွေကို မလိုက်နာရုံတင်မကဘူး။ နင့်ရဲ့ဝမ်းကွဲအစ်ကိုကိုပါ ရိုက်နှက်ခဲ့သေးတယ်။ နောက်ပြီး နင် ဒီလို စက်ဆုပ်စရာကောင်းတဲ့ လုပ်ရပ်ကို လုပ်ခဲ့တယ်။ ဒီနေ့ နင့်ကို နင့်ရဲ့မိဘတွေကိုယ်စား သင်ခန်းစာတစ်ခုတော့ သင်ပေးရမယ်”
လုံချန် ဟာ ဘာမှပြန်မပြောခဲ့ပေ။ သို့သော်လည်း သူ့စိတ်ထဲမှာတော့
“ဒီနေ့ဟာ သာမာန်ယှဉ်ပြိုင်ရုံလောက်ပါပဲ။ ဒါပေမဲ့ မမျှော်လင့်ဘဲ လူတိုင်းကို အာရုံစိုက်သွားစေခဲ့တယ်။ ငါလုံချန် က ဒေါသထွက်စရာတစ်ခုခုများ လုပ်လိုက်မိလို့လား။ အခုထိ ငါ့အတွက် ရှေ့ထွက်ပြီး မတ်တပ်ရပ်တဲ့လူကို မတွေ့ဖူးဘူး”
တွေးမိလေလေ လုံချန်၏ မျက်လုံးတွေဟာ အေးစက်လာပါတော့သည်။
“အဖေပြောတာ အရမ်းမှန်တယ်။ ယောက်ျားတစ်ယောက်က ခွန်အားမရှိရင် ခွေးတစ်ကောင်လိုပဲ။ ငါမသန်မာလို့ ဒီနေ့ ငါ့ကို ဆူပူကြိမ်းမောင်းခံရတယ်။ ဒါပေမဲ့ ဒီနေ့ ယန်ကျန်း ကို ငါအနိုင်ယူနိုင်တဲ့အတွက် နောင်မှာ မင်းကိုလည်း သေချာပေါက် အနိုင်ယူမှာပါ”
သူက ခြေလှမ်းအနည်းငယ်နောက်ဆုတ်ပြီး “ယန်လင်ရွဲ့၊ မင်းက မျက်စိကန်းနေတာလား။ မနက်အစောကြီး ငါ့အိမ်ရှေ့မှာ ပြဿနာလာရှာနေတာက ယန်ကျန်း ပဲလေ။ ဒါကို လူတိုင်းသိတယ်။ ငါသူ့ကိုအနိုင်ယူခဲ့တယ်ဆိုပေမယ်လို့ မသတ်ခဲ့ဘူး။ မင်းဘာလို့ငါ့ကိုအပြစ်တင်နေတာလဲ။ မင်းဟာ အစ်မတစ်ယောက်အနေနဲ့ ကမူးရှူးထိုးလုပ်တတ်တာကိုပဲသိတာလား။ မင်းရဲ့ ကိုယ်ရေးကိုယ်တာ မကျေနပ်မှုတွေကို လက်စားချေဖို့ ဒါဟာ မင်းရဲ့ ရပ်တည်ချက်လား”
လုံချန်၏စကားကိုကြားပြီးနောက် ဒေါသပေါက်ကွဲတော့မည့် ယန်လင်ရွဲ့ လည်း ငြိမ်သက်သွားသည်။ အသက်ပြင်းပြင်းရှူကာ သူ့နောက်တွင် အပြင်လူများ ရှိနေသည်ကို သတိရသွားလေသည်။ ဘာမှမလှုပ်ရှားသေးဘဲ ခဏကြာ ငြိမ်သက်သွားခဲ့သည်။ သို့သော် လုံချန် ရှေ့သို့ လျှောက်သွားပြီး သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။
လုံချန် က အသက် ၁၆ နှစ်သာရှိသေးသော်လည်း ယန်လင်ရွဲ့ ထက် အရပ်ပိုမြင့်လေသည်။
“ယန်ချန်၊ ငါ နင့်အကြောင်းကို တစ်ခါမှ မတွေးဖူးဘူး။ နင့်ရဲ့ ခွန်အားကို ဒီလောက်လေးနက်နက် ဖုံးကွယ်ထားဖို့ ငါလုံးဝမမျှော်လင့်ခဲ့ဘူး။ အဆင့် ၄ နဂါးသွေးကြောနယ်ပယ် ကို ရောက်တော့မှပဲ နင့်ခွန်အားကို ထုတ်ပြခဲ့တယ်”
“ဒါတွေ ထားလိုက်ပါ။ နင်က ယန်ကျန်း ကိုဒဏ်ရာရစေရုံတင်မကဘူး၊ အရှက်ပါခွဲလိုက်သေးတယ်။ တတိယဦးလေးနဲ့ ဒေါ်လေး က နင့်ကို ခွင့်လွှတ်မယ်မထင်ဘူး။ ငါ နင့်ကို သင်ခန်းစာမပေးရင်တောင် နင် ဒီနေ့ ပြစ်ဒဏ်က လွတ်နိုင်မှာ မဟုတ်ဘူး”
လုံချန် က ပြုံးပြီး “ဒါဆို ငါတကယ်ကို စောင့်နေတယ်။ စောင့်ကြည့်ရအောင်။ ဘာဖြစ်လာမလဲဆိုတာပေါ့....”
ယန်လင်ရွဲ့ က ရုတ်ချည်းပင် ရှေ့တိုးလာပြီး လုံချန်၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။ တစ်ချိန်တည်းမှာ အဆင့် ၆ နဂါးသွေးကြောနယ်ပယ်အရှိန်အဝါများ ပေါက်ကွဲထွက်လာတော့သည်။ ၎င်းက လုံချန် အပေါ် ဧရာမတောင်တန်းကြီး ပြိုကျလာသလိုပင်။ အသက်ရှူရပင် ခက်ခဲလာလေသည်။
“သူမ ငါ့ကို မတိုက်ခိုက်သေးပေမယ့် ဘယ်လောက်သန်မာတယ်ဆိုတာ သိသာတယ်” လုံချန်က သူ့စိတ်ထဲမှာ အနည်းငယ်တုန်လှုပ်သွားသည်။ အမှန်ပင် သူ့ခွန်အားက ယန်လင်ရွဲ့ကို လုံးလုံးမယှဉ်နိုင်ပေ။
သို့သော် ဖြူဖွေးနေသော လက်သေးသေးလေးတစ်ဖက်က ယန်လင်ရွဲ့၏ လက်ကိုတားလိုက်သည်။ ယန်လင်ရွဲ့ က လုံချန် ကို အေးစက်စက်စိုက်ကြည့်ကာ ခဏကြာပြီးမှ လွှတ်ပေးလိုက်၏။
ဒီအချိန်မှာပဲ သူတို့နှစ်ယောက်ကြားမှာ မိန်းမပျိုလေးတစ်ယောက် ပေါ်လာသည်။ အခြားမဟုတ်၊ ယန်လင်ချင်း ပင်ဖြစ်သည်။
ယန်လင်ရွဲ့ က ထပ်ပြီးမတိုက်ခိုက်တော့ပေ။ ယန်လင်ချင်း ကိုကြည့်ကာ
“ညီမလေး ချင်း၊ နင်ဘာလုပ်နေတာလဲ။ ဒီအမှိုက်ကောင်က နင့်ရဲ့အစ်ကိုကို ဒဏ်ရာရစေခဲ့တယ်။ ငါ သူ့ကိုယ်စား သင်ခန်းစာသင်ပေးနေတာ”
ယန်လင်ချင်း က “အစ်မကြီးလင်ရွဲ့၊ ငါသိပါတယ်။ ဒါပေမဲ့ ငါ့အဖေနဲ့ ဦးလေးက သူတို့ကို လာတွေ့ဖို့ ခေါ်ခိုင်းလိုက်တာ။ ဒါကြောင့် ငါက အရင်ဆုံး လာခေါ်လိုက်ရတာပဲ”
ထိုစကားကြားပြီးနောက် ယန်လင်ရွဲ့ က လုံချန် ကို အေးစက်စွာ စိုက်ကြည့်ပြီး “မကြာခင်မှာ ငါ နင့်ကိုပြန်ပြလက်စားချေမယ်။ နင်အသက်ရှင်နေသေးဖို့ ငါမျှော်လင့်ပါတယ်။ နင်ငါ့ကို စော်ကားခဲ့တဲ့အရာအတွက် လွယ်လွယ်နဲ့ ခွင့်မလွှတ်နိုင်ဘူး”
လုံချန် က နှာခေါင်းကို ရှုံ့လိုက်ပြီး “မင်းမှာ အချိန်တွေ အများကြီးအားယားနေတာထင်တယ်။ မင်း ငါ့ကို လက်စားချေချင်နေတာလား။ ဒါပေမဲ့ မင်းနဲ့ ရင်ဆိုင်ဖို့ ငါ့မှာ အချိန်မရှိဘူး။ ဒါပေမဲ့ တစ်ခုတော့ အကြံပြုချင်တယ်။ ငါတို့ ဒါကိုပြေလည်အောင် လုပ်နိုင်မှာပါ။ ဒီရန်ငြိုးကို တစ်ခါတည်းနဲ့ ဖြေရှင်းလိုက်ရင် မကောင်းဘူးလား”
ယန်လင်ရွဲ့ က မျက်မှောင်ကြုတ်သွားသည် “နင်ကဘာလုပ်ချင်နေတာလဲ”
လုံချန် က အနည်းငယ်ပြုံးကာ “မိသားစုတွေ့ဆုံပွဲက ၁ လခွဲလောက်ပဲ ကျန်တော့တယ်။ အဲဒီအချိန်မှာ ငါ ပါဝင်လိုက်မယ်။ ဒါဆို ငါတို့နှစ်ယောက်ကြားက အငြိုးတွေကို ကောင်းကောင်း ဖြေရှင်းနိုင်တာပေါ့။
မင်း ငါ့ကို ၁ လခွဲလောက် အချိန်ပေးဝံ့သလား”
လုံချန်၏ စကားထွက်လာသည့်အချိန်မှာ လူတိုင်း ချက်ချင်းဆိုသလို တုန်လှုပ်သွားခဲ့သည်။
“ဒီကောင်က နောက်နေတာလား။ သူက အဆင့် ၃ နဂါးသွေးကြောနယ်ပယ် ပဲရှိသေးတယ်။ အစ်မ လင်ရွဲ့ က အဆင့် ၆ ကိုရောက်နေပြီ။ အစ်မလင်ရွဲ့ ကို အနိုင်ယူချင်နေတာလား။ ဒါက အိပ်မက်မက်နေသလိုပဲနော်”
ယန်လင်ရွဲ့ က လုံချန် ကို သံသယနဲ့ ကြည့်ပြီး ရုတ်တရက် ရယ်လိုက်ကာ “နင် သိပ်မကြာသေးခင်ကမှ တိုးတက်မှုတွေ ရခဲ့တာ ဖြစ်မယ်။ ဒါကြောင့် နင် နည်းနည်း မောက်မာလာတာပဲ။ ကျင့်ကြံခြင်းလမ်းစဉ်က ဘယ်လောက်ခက်ခဲလိုက်သလဲ။ ငါတောင်မှ ဒီနေ့အဆင့်ထိ ရောက်ဖို့ ဆယ်စုနှစ်တစ်ခုစာလောက် ကြိုးစားခဲ့ရတယ်။ ၁ လခွဲလောက်နဲ့ ငါ့လိုမျိုး အဆင့်ကို ရောက်ချင်တာလား။ ကောင်းပြီ၊ နင့်ကို နောက်ထပ် တစ်လခွဲလောက် လွတ်မြောက်ခွင့်ပေးလိုက်မယ်။ ပြီးတော့ မိသားစုတွေ့ဆုံပွဲကျရင် လူတိုင်းရှေ့မှာ နင့်ရဲ့မိုက်မဲတဲ့အိပ်မက်ကို တစ်စစီချေမွပေးရတာပေါ့”
ထိုစကားများ ပြောပြီးနောက် လှည့်ထွက်သွားခဲ့သည်။
သို့သော်လည်း လုံချန် နှင့် ယန်လင်ရွဲ့ တို့ကြားက သဘောတူညီချက်ဟာ ယန် အိမ်တော်တစ်ခုလုံးသို့ လျင်မြန်စွာ ပြန့်သွားခဲ့လေသည်။ သိပ်မကြာလိုက်ပေ၊ လူတိုင်းက လုံချန် ကို လှောင်ပြောင်ကြတော့သည်။
.....
လမ်းတွင်....
ယန်လင်ချင်း က လုံချန် ကို အံ့သြသော အမူအရာဖြင့် ကြည့်နေလေသည်။ နောက်ဆုံးတွင် မနေနိုင်တော့ပုံပါ။ “ဟေး.... နင် ဘာလို့အဲဒီလိုမျိုးပြောလိုက်ရတာလဲ” သူမက သိချင်စိတ်ပြင်းပြနေပါတော့သည်။
ထို့နောက် လုံချန် ကို သံသယအပြည့်နဲ့ ကြည့်နေပြီး “နင်က အဆင့် ၂ နဂါးသွေးကြောနယ်ပယ် မှာပဲမဟုတ်လား။ ဒါဆိုရင် ငါ့အစ်ကိုကို နင်ဘယ်လိုအနိုင်ယူလိုက်တာလဲ”
လုံချင်းလန် က လျှို့ဝှက်ဆန်းကြယ်သော နဂါးကျောက်စိမ်းဆွဲသီး အကြောင်းကို ထုတ်မပြောဖို့မှာခဲ့တာကြောင့် လုံချန် ဟာ တမင်လွှဲဖြေလိုက်သည်။ သူက “ငါက အဆင့် ၂ နဂါးသွေးကြောနယ်ပယ် မှာမဟုတ်တော့ဘူး။ မင်းသေချာမမြင်ရလို့ပြောတာပါ”
“ဟုတ်လား”
ယန်လင်ချင်း က ယုံတစ်ဝက်မယုံတစ်ဝက်ဖြစ်နေခဲ့သည်။
သို့သော် ဘာမှထပ်မပြော။ သိပ်မကြာလိုက်ပါ၊ ယန်မိသားစု၏ ဧည့်ခန်းမရှေ့သို့ရောက်လာကြသည်။ ယန်လင်ချင်းက စိုးရိမ်တကြီးနဲ့ ရုတ်တရက်ပြောလိုက်သည် “ငါ့အဖေနဲ့ ဦးလေး က အထဲမှာစောင့်နေတယ်။သူတို့ နင့်ကို အပြစ်ပေးလို့ရတယ်။ ငါနင့်ကို မကူညီနိုင်လို့ မဝင်တော့ဘူး။ ကိုယ့်ဘာသာဂရုစိုက်ပါတ”
လုံချန် က ခေါင်းညိတ်ပြရင်း “လင်ချင်း၊ ဒီနေ့ ငါ့ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်” ဟုပြောလိုက်ပါသည်။
Translated By NyiNyiSoe
B.D.W.G - လုံချန်
ဘာသာပြန်သူ - ညီညီစိုး
အပိုင်း ၉ - ဒီမြို့ကနေ ထွက်သွားပါ
“ရပါတယ်။ ဘာမှမဖြစ်ဘူး” ယန်လင်ချင်းက အနည်းငယ်ခေါင်းညိတ်ပြပြီး ထွက်သွားသည်။
လုံချန် တစ်ယောက်သာ ခန်းမထဲသို့ တိုက်ရိုက်ဝင်လာခဲ့သည်။
ခန်းမထဲမှာ လူ ၂ ယောက်ပဲရှိနေ၏။ နံဘေးမှာထိုင်နေသူက ယန်မျိုးနွယ်၏ ဒုတိယသားဖြစ်သူ ယန်ယွန်ထျန်း ပါ။ အလယ်မှာတော့ ဖြောင့်စင်းနေသော မျက်ခုံးမွှေးနှင့် သက်လတ်ပိုင်းတစ်ဦး ထိုင်နေလေသည်။
၎င်းက ယန်မျိုးနွယ်၏အကြီးဆုံးသားဖြစ်သည်။ တစ်နည်းအားဖြင့် လုံချန်၏ အကြီးဆုံးဦးလေး ယန်ချင်းရွှမ် ပင်တည်း။
လုံချန် ဝင်လာပြီးနောက် ယန်ချင်းရွှမ် က သူ့အားစိုက်ကြည့်နေတာကို မြင်လိုက်ရသည်။
အကြီးဆုံးဦးလေး၏ အကြည့်တွေဟာ ကြင်နာမှုအပြည့်ပင်။ သို့သော် သူ့မျက်လုံးအစုံကတော့ တလက်လက်တောက်ပနေလေသည်။ လုံချန်၏ အကြီးဆုံးဦးလေးက အဆင့်မြင့်နဂါးသွေးကြောနယ်ပယ်ပညာရှင်ပါ။ ဒုတိယဦးလေး ယန်ယွန်ထျန်း ထက်ပင် မြင့်မားလေသည်။
ယန်ချင်းရွှမ် က လုံချန် ကို ကြည့်ပြီး “ မင်းက ယန်ချန် ပဲဖြစ်ရမယ်။ မင်းငယ်ငယ်တုန်းက တစ်ခါတစ်လေပဲ တွေ့ဖူးပေမယ့် ဒီလောက် မြန်မြန်ကြီးပြင်းလာဖို့ ငါ မမျှော်လင့်ထားဘူး” ဟုပြောခဲ့သည်။
“အကြီးဆုံးဦးလေး ရဲ့လေသံက အပြစ်ပေးမယ့်ပုံမပေါ်ဘူး။ ငါ့မှာ။အခွင့်အရေးရှိသေးတယ်”
လုံချန် က သူ့စိတ်ထဲမှာ တိတ်တဆိတ် တွေးနေမိသည်။ သူ့အတွေးကတော့ လူတစ်ယောက်ဟာ ဘယ်အချိန်မှာ ရပ်သင့်သည်၊ ဘယ်အချိန်မှာ နှိမ့်ချနေရမည်ကို ကောင်းကောင်းသိနေဖို့ပါ။ လုံချန် က တုံ့ဆိုင်းမနေဘဲ ဦးညွှတ်ကာ “မိုက်မဲတဲ့တူလေး ယန်ချန် က အကြီးဆုံးဦးလေး နဲ့ ဒုတိယဦးလေးကို နှုတ်ဆက်ပါတယ်” ဟုပြောလိုက်ပါသည်။
“မင်းက တကယ်တော့ အဆင့် ၃ နဂါးသွေးကြောနယ်ပယ် ပဲရှိသေးတယ်။ ဒါပေမဲ့ မင်းရဲ့ ကျွမ်းကျင်မှုတွေကို ကြည့်ကြည့်လိုက်တော့ မင်းဟာ ခန္ဓာကိုယ်သန့်စင်တဲ့နည်းစနစ်တစ်ခုခုကို သင်ယူထားတာဖြစ်မယ်။ မင်း ဒါကို တိတ်တဆိတ်လေ့ကျင့်ပြီးတော့ အောင်မြင်သွားမှ ထုတ်ပြလိုက်တယ်ပေါ့လေ။ မင်းရဲ့အရှိန်နဲ့ဆို နောင်မှာ လင်ချင်း နဲ့ လင်ရွဲ့ ကို အမှီလိုက်နိုင်မှာသေချာတယ်”
လုံချန် က ဘာမှပြန်မပြောပေ။ ငြိမ်ပြီးနားထောင်နေရုံသာ။ အဓိကကတော့ ယန်ယွန်ထျန်း ကြောင့်ပါ။ သူ၏ ဒုတိယဦးလေးက လူသတ်ချင်စိတ်အပြည့်ဖြင့် စိုက်ကြည့်နေတာကို သတိထားမိလိုက်လို့ဖြစ်သည်။
ဤအချိန်တွင် ယန်ယွန်ထျန်း က “အစ်ကိုကြီး” ဟုသတိပေးလိုက်သည်။
ယန်ချင်းရွှမ် က ပြုံးပြီးပြောလိုက်သည် “မင်းဟာ ပျိုးပင်ကောင်းလေးပဲ။ ဒါပေမဲ့ ညီအစ်ကိုတွေ အချင်းချင်း ရန်ဖြစ်ကြတာ မသင့်တော်ဘူး။ မင်း သူ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်တာကို ငါကြားမိတယ်…”
လုံချန် က ခေါင်းငုံ့ထားလျက်ပင် ပြန်ပြောခဲ့သည် “အကြီးဆုံးဦးလေး၊ တိုက်ပွဲမှာ လက်သီးနဲ့ ခြေထောက်တွေက မျက်စိမရှိဘူး။ ငါ့ရဲ့ ခွန်အားနဲ့၊ ငါ့ရဲ့ တိုက်ခိုက်မှုတွေကို ငါ့ဆန္ဒအတိုင်း ထိန်းချုပ်ဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ။ ဘာပဲဖြစ်ဖြစ် ငါ သူ့ကို ဒဏ်ရာရဖို့ မရည်ရွယ်ပါဘူး”
ဒီအချိန်မှာ ယန်ယွန်ထျန်း က အေးစက်စွာပြောလေသည် “မင်းစိတ်ထဲကမဟုတ်ဘူးလား။ မင်း ကျန်းအာ
ကို သတ်ချင်တယ်လို့ ငါဘာလို့ကြားလိုက်ရတာလဲ။ အစ်ကိုကြီး၊ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းရက်စက်ပြီး ကရုဏာကင်းမဲ့နေပြီ။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ။ ငါ မင်းကို ဒီနေ့ သင်ခန်းစာ မသင်ပေးရင် အနာဂတ်မှာ ကမ္ဘာကြီးကို ဇောက်ထိုးလှန်ပစ်မှာ မဟုတ်ဘူးလား”
ယန်ယွန်ထျန်း က မတ်တပ်ထရပ်ပြီး လုံချန် ဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ သူ၏ ပြင်းထန်သော အော်ရာကြောင့် လုံချန် ဟာ ကြမ်းပြင်ပေါ်သို့ ပြိုလဲကျလုမတတ်ပင် ခံစားလိုက်ရလေသည်။
လုံချန် က စကားတစ်ခွန်းမှ မပြောဘဲ ဖိအားကိုသာ အံကြိတ်တောင့်ခံနေခဲ့သည်။
ယန်ယွန်ထျန်း သာ သူ့ကို သတ်ချင်နေလျှင် လက်တစ်ဖက် ဝှေ့ယမ်းရုံလောက်သာ။
ဤအချိန်တွင် တံခါးအပြင်ဖက်မှ အမျိုးသမီးတစ်ဦး၏ အသံထွက်လာသည်။
“ဒုတိယအစ်ကို၊ သူ့ကို ငါ့ဆီ လက်လွှဲပေးပါ။ ပြီးတော့မှ ငါ နင့်ကို ရှင်းပြချက်ပေးမယ်”
လုံချန် လည်း နောက်ဆုံးတော့ သက်ပြင်းချနိုင်ခဲ့သည်။ သို့သော်လည်း သူ့စိတ်ထဲမှာတော့ တုန်လှုပ်နေဆဲပင်။
သူ့အား ဝင်ကယ်လိုက်သူက တခြားလူမဟုတ်။ ယန်ယွဲ့ချင် ပါ။
သူ့အမေ။ သို့သော် ယန်ယွဲ့ချင်၏ လုံချန် အပေါ် သဘောထားဟာ အလွန်ဆိုးရွားလှသည်။ သူ့အား သားတစ်ယောက်လို့တောင် သတ်မှတ်မထားပေ။ အကယ်၍ လုံချန် သာ ယန်ယွဲ့ချင်၏ လက်ထဲရောက်သွားလျှင် သေချာပေါက် ဒုက္ခရောက်မှာပါ။
ယန်ယွန်ထျန်း ဟာ ထိုအချက်ကို တွေးမိသည်နှင့် ပြုံးပြီး “တတိယညီမ၊ သူ့ကို ခေါ်သွားလိုက်ပါ။ ဒါပေမဲ့ လူငယ်တွေကြားက ရန်ပွဲဆိုတာ အသေးအမွှားကိစ္စလေးပဲလေ။ သူ့ကို နည်းနည်းလေးသင်ပေးလိုက်ပါဦး။”
ထိုစကားပြောပြီးနောက် ခန်းမ ထဲကနေ ထွက်သွားသည်။
ယန်ချင်းရွှမ် လည်း အနည်းငယ် ပြုံးပြီး မတ်တပ်ထရပ်ကာ ထွက်သွားသည်။ မထွက်ခင်မှာ သူက ယန်ယွဲ့ချင်၏ နားနားကို အသာလေးကပ်လျက် “ငါးရက်တောင်မပြည့်သေးဘူး၊ သူက အဆင့်တွေတက်လာတဲ့အပြင် ကြယ်ကြွေနတ်လက်သီး ကိုပါ ပြီးပြည့်စုံတဲ့အဆင့်ထိ လေ့ကျင့်ထားနိုင်တယ်။ အဖေက သူ့ရဲ့ အရည်အချင်းကို သေချာပေါက် သဘောကျလိမ့်မယ်။ မင်းစိတ်ကို နည်းနည်းတော့ထိန်းချုပ်ပါ...”
ယန်ယွဲ့ချင် လည်း လန့်သွားသည်။ ယန်ချင်းရွှမ် ထွက်သွားပြီးနောက်မှ လုံချန် ရှေ့သို့ သူမသည် လျှောက်သွားသည်။
လုံချန် လည်း ယန်ချင်းရွှမ် ပြောသွားသည့်စကားကို ကြားလိုက်၏။ သူက ယန်ယွဲ့ချင်ကို ကြည့်လိုက်ရာ ထိတ်လန့်တုန်လှုပ်နေတာကို မြင်လိုက်သည်။ သို့သော် သူမ၏မျက်နှာက အေးဆက်နေဆဲပါ။
“မှန်ပါတယ်။ ဒီနေ့ ယန်ကျန်း ကို အနိုင်ယူခဲ့ရင်တောင်မှ သူမရဲ့အမြင်ကို မပြောင်းလဲနိုင်သေးဘူးပဲ” လုံချန် က သေချာပေါက်သိနေပေသည်။
လုံချန်၏ နှလုံးသားက တိုက်ခိုက်ချင်စိတ်အပြည့်ပါ။ သူက “မင်းငါ့ကိုသတ်ချင်ရင် မင်းကြိုက်သလိုလုပ်ပါ။ မင်းငါ့ကိုမသတ်ချင်ရင် မြန်မြန်ပြော။ ငါ့မှာ စများနေဖို့အချိန်မရှိဘူး”
ယန်ယွဲ့ချင် က မျက်မှောင်ကြုတ်ကာ အေးစက်စွာပြောခဲ့သည် “အခု နင့်မှာ အရည်အချင်းရှိလာတော့ လေသံက ပိုမာလာတယ်။ နင်က အဲဒီအမှိုက်ကောင်နဲ့ အတူတူပဲ။ ဉာဏ်ကြီးရှင်တွေ ခဏခဏတွေ့ဖူးတယ်။ နင်တို့နှစ်ယောက်က တော်တော်နိမ့်ကျတာပဲ။ ကိုယ့်ကိုယ်ကို အထင်ကြီးနေတာ”
လုံချန်၏ မျက်လုံးထဲမှာ လူသတ်လိုစိတ်တွေ ပေါ်လာလေသည်။
သို့သော် သူ့ကိုယ်သူ အတင်းထိန်းချုပ်ထားရသည်။
“ဘာမှမဟုတ်ရင် ငါအရင်ထွက်သွားလိုက်မယ်”
စကပြောပြီးနောက် ယန်ယွဲ့ချင် ကိုကွေ့ပတ်ပြီးဖြတ်လျှောက်သွားသည်။ တံခါးဝ ရောက်ခါနီးတော့ ယန်ယွဲ့ချင် က ရုတ်တရက် ပြောခဲ့သည် “နောက် ၁ လ ကြာရင် ပိုင် မိသားစုရဲ့ တတိယသား ပိုင်ကျန်းရှောင် နဲ့ လက်ထပ်တော့မယ်။ မနက်ဖြန်ကစပြီး နင့်ကို ဒီမြို့မှာ မနေစေချင်ဘူး။ မဟုတ်ရင်၊ ရက်စက်တဲ့အတွက် အပြစ်မတင်ပါနဲ့”
ထိုစကားကြောင့် လုံချန် က သိပ်ပြီး အံ့ဩမသွားပေ။ သို့သော် သူ့နှလုံးသားထဲမှာတော့ ပြင်းထန်သော အမုန်းတရားများ ထွက်ပေါ်လာလေသည်။
ဤလောက၌ သူတို့လိုမျိုး သူစိမ်းဆန်လှသော သားအမိဟူ၍ မရှိနိုင်ပါ။
လုံချန်က နောက်လှည့်ပြီး ယန်ယွဲ့ချင် ကို အေးစက်စွာ ကြည့်နေသည် ။ သူက “မင်းကို မပြောမိလို့ အပြစ်မတင်ပါနဲ့။ ပိုင်ကျန်းရှောင် က အပေါ်ယံမှာသာ လူကြီးလူကောင်းတစ်ယောက်လို ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ တကယ်တော့ သူက လူကောင်းတစ်ယောက်မဟုတ်ဘူး။ အသက်မပြည့်သေးတဲ့ မိန်းကလေးတချို့ကို အလိုမတူဘဲ အတင်းအဓမ္မကျင့်တာတွေ ငါခဏခဏမြင်ဖူးတယ်။ ပြီးတော့ သူတို့ကို ပြန်ပြီးရောင်းစားလိုက်တာပဲ…”
ဒီအချိန်မှာ ယန်ယွဲ့ချင်၏အကြည့်တွေဟာ ရုတ်တရက်ကြီး အေးခဲသွားပါသည်။ သူမက ရုတ်တရက် ရယ်မောလိုက်သည် “ယန်ချန်၊ နင် ယန်ကျန်းကို
အနိုင်ယူနိုင်စွမ်းရှိလို့ ငါ နင့်အပေါ်မှာ နည်းနည်းလေးလေးစားမိတယ်။ နင့်ရဲ့အကျင့်ဆိုးတွေကို ဖယ်ရှားပြီး ဘဝသစ်ကိုစနိုင်မယ်လို့ ငါထင်ခဲ့တာ။ နင့်အတွက် ငါပျော်ခဲ့တယ်၊ ဒါပေမဲ့ ငါမှားတယ်။ နင်က ဒီလောက်စိတ်ပျက်ဖို့ကောင်းမယ်လို့ မမျှော်လင့်ထားဘူး”
“နင် ငါ့ကို နောက်အိမ်ထောင်မပြုစေချင်ဘူးဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ အစ်ကို ပိုင် ရဲ့ စရိုက်ကို ဆဲဆိုနေစရာ မလိုဘူး။ နင်ဒီလို ရယ်စရာကောင်းတဲ့ စွပ်စွဲမှုတွေတောင် လုပ်ခဲ့တယ်။ အစ်ကို ပိုင် နဲ့ ငါက ငယ်သူငယ်ချင်းတွေလေ။ နင့်အဖေကြောင့်သာ မဟုတ်ရင် ငါ သူ့မိန်းမ ဖြစ်တာ ကြာပြီ။ နင့်အဖေထက် အဆပေါင်း တစ်သောင်း ပိုကောင်းတာ ငါသိတယ်။ ရယ်စရာကောင်းတဲ့ လိမ်ညာမှုတွေနဲ့ ငါ့ကို စိတ်အနှောင့်အယှက်ပေးဖို့ ကြိုးစားနေတာလား”
“ဟုတ်လား။ မင်းရဲ့သားအရင်း ပြောတာတွေက တကယ်ပဲ အသုံးမဝင်ဘူးလား”
လုံချန် က ယန်ယွဲ့ချင် ကို တည့်တည့်စိုက်ကြည့်နေသည်။
ယန်ယွဲ့ချင် က ခဏလောက် နှုတ်ဆိတ်နေပြီးမှ “ဒီနှစ်တွေအတွင်းမှာ နင်လုပ်ခဲ့တဲ့ အရာတွေက ပညာမဲ့တာချည်းပဲ။ ဘာအရည်အချင်းမှမရှိဘူး၊ တခြားသူတွေကို အနိုင်ကျင့်ဖို့လောက်ပဲသိတယ်။ ဒီတော့ ငါ နင့်ကို ဘာလို့ယုံကြည်ရမှာလဲ”
လုံချန် ဟာ သူ့ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲလုနီးပါး ခံစားလိုက်ရသည်။
ယန်ယွဲ့ချင် ကို စိုက်ကြည့်ရင်း သူ့မျက်လုံးအစုံကနေ သွေးမျက်ရည်များစီးကျလာသည်။ သူက ရူးသွပ်စွာ ရယ်မောလိုက်ပြီး “ယန်ယွဲ့ချင်၊ မင်းပြောတာ လွယ်လိုက်တာ။ မိခင်တစ်ယောက်အနေနဲ့ မင်းမှာ မိခင်တစ်ယောက်အနေနဲ့ ဘာတာဝန်ယူခဲ့ဖူးလဲ။ ငါ့မှာ မိဘမရှိဘူး၊ ငါ့ကိုဆုံးမမယ့်သူတစ်ယောက်မှမရှိခဲ့ဘူး။ အဲဒါကြောင့် ဒီနေ့ ခွေးတစ်ကောင်လို ဖြစ်နေတာပဲ။ မင်း ငါ့ကို အပြစ်တင်နေတာလား။ မင်းဟာ ငါ့ကို သဘာဝအတိုင်းမွေးထားတဲ့ လူတစ်ယောက်ပဲ။ မျှော်လင့်ချက်မဲ့နေတဲ့ သားဆိုးတစ်ယောက်လို့ အပြစ်တင်နေတာလား...”
အသက်ပြင်းပြင်းရှူရင်း လုံချန် က အေးဆေးတည်ငြိမ်စွာပြောလိုက်သည် “မင်းကို တကယ်စိတ်ပျက်မိတယ်။ ဒါပေမဲ့ မင်းလက်ထပ်ချင်ရင် ငါလုံချန် က လွယ်လွယ်နဲ့ခွင့်ပြုမယ်ထင်လား”
ယန်ယွဲ့ချင် က ဂရုမစိုက်သည့် လေသံဖြင့်သာ ပြန်ပြောသည် “ငါ့စိတ်ထဲမှာတော့ နင့်ကို “ယန်” မျိုးရိုးလို့ဘယ်တုန်းကမှ မသတ်မှတ်ထားဘူး။ ဒါ့ပြင် ဒီမှာ ဝိညာဉ်ကျောက်တုံး ၅၀ ရှိတယ်။ ဒါတွေကို ယူပြီးတော့ ကျော်ကြားခြင်းမြို့ကနေ အပြီးထွက်သွားပါ။ နင် ဒီမှာ ဆက်နေဖို့မသင့်တော်ဘူး”
လုံချန် က ဘာမှပြန်မပြောပေ။ သူက အကျိုးအမြတ် အတွက်ဆိုပါက အမြဲလိုလို လောဘကြီးတတ်သူပါ။ သို့သော် လက်ရှိမှာတော့ ဝိညာဉ်ကျောက်တုံးတွေကို လှည့်ပင်မကြည့်တော့ဘဲ ထွက်လာခဲ့လိုက်သည်။
သူဟာ ယန် အိမ်တော် ကနေ ထွက်လာခဲ့သည်။ သိပ်မကြာလိုက်ပေ၊ မြစ်ကမ်းစပ်နားသို့ ရောက်လာ၏။ ကမ်းနားရှိ ကျောက်တုံးတွေကို ဒေါသတကြီးထုခွဲရင်း အော်ဟစ်နေလေသည်။ ခဏကြာမှ စိတ်ပင်ပန်းလာသဖြင့် ထိုင်ချလိုက်တော့သည်။
လုံချန် ဟာ ထိုင်နေရင်းဖြင့် ယန်အိမ်တော် ရှိရာသို့ လှည့်ကြည့်နေသည်။
တောင်တန်းကြီး ကဲ့သို့ကြီးမားလှသော ယန် မိသားစုကြီးဟာ သူ့အား လုံးဝကိုဖိနှိပ်ထားခဲ့လို့ပါ။
လုံချန် က သူ၏ လက်သီးများကို ဖြည်းဖြည်းချင်း ဆုပ်လိုက်ရင်း သူ့ဆီကနေ လူသတ်ငွေ့များ ထွက်လာသည်။
“အဖေ၊ သူနဲ့ထိုက်တန်လားဆိုတာ ငါမသိပေမယ့် ဒီပိုင်ကျန်းရှောင် က လူကောင်းတစ်ယောက်မဟုတ်ဘူးဆိုတာကို ငါသိတယ်။ သူဘာပဲလုပ်လုပ် ငါသူ့ကို မရရအောင် တားမယ်။ အဖေ ပြောခဲ့တာတွေကို လုံးဝမမေ့ပါဘူး”
သူ၏လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလေရာ လက်သည်းဖောက်ဝင်သွားသဖြင့် သွေးတစ်စက်စက်စီးကျနေသည်။
“အဖေ၊ ငါသန်မာလာဖို့ ဘယ်သူမှ တားလို့မရဘူး။ ဒီနေ့တော့ အဖေ
ပြောခဲ့တဲ့စကားတွေကို ငါနားလည်သွားပြီ။ အဖေ က တခြားလူတွေအားလုံးထက် သန်မာစေချင်တယ်။ လူတိုင်းက မင်းကို လေးစားစေချင်ရင် မင်းကို အသိအမှတ်ပြုပြီး မြှောက်ပင့်ပေးနေတာမျိုးပဲဖြစ်ရမယ်။ ဒီလိုတွေဖြစ်လာဖို့က ဒီလောရဲ့ ထိပ်ဆုံးကို ရောက်နေမှရမယ်”
“ဒီ ယန်မိသားစု၊ ကောင်းလိုက်တာ။ မင်းတို့တွေ ငါ့ကို အထင်အမြင်သေးနေကြလို့ ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ကျင့်ကြံရေးလမ်းကြောင်းက ငါ့အတွက် အပင်ပန်းဆုံးအရာဖြစ်နေဦးမှာ။ ငါ ဒီအခြေအနေကို ဘယ်တော့မှ ရောက်နိုင်မှာမဟုတ်ဘူး”
“လဝက်ကြာရင် မိသားစုတွေ့ဆုံပွဲနဲ့ တစ်လအတွင်းမှာ သောက်အဓိပ္ပါယ်မရှိတဲ့ လက်ထပ်ပွဲ ကျင်းပဦးမယ်ဆိုပါလား။ အားလုံး စောင့်နေလိုက်။ ငါလုံချန် မင်းတို့အားလုံးကို အံ့အားသင့်စရာကောင်းတဲ့ လက်ဆောင်တစ်ခုခုပေးမှာပါ”
အချိန်တော်တော်ကြာပြီးနောက်
သူ့ဒေါသကို ပြန်ပြီးထိန်းထားလိုက်သည်။ ဒီအချိန်မှာ ကောင်းကင်ယံတစ်ခုလုံး မှောင်မည်းနေလေပြီ။
လုံချန် ဟာ အကန့်အသတ်မဲ့ညကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ သူ့စိတ်ထဲမှာ “ယန်ယွဲ့ချင် က ငါ့ကို မြို့ကနေ ထွက်သွားစေချင်တယ်။ ဒါပေမဲ့ အဖေက ငါ့ကို နတ်နဂါးတံဆိပ်တော် အရယူစေချင်တယ်။ ငါ ဘယ်လို ထွက်သွားလို့ရမလဲ။ ဒါပေမယ်လို့ ငါ့ရဲ့လက်ရှိခွန်အားနဲ့ သူငါ့ကိုတိုက်ခိုက်လာရင် ငါဘယ်လိုခုခံနိုင်မလဲ။ မြို့ကနေ ခဏလောက်ထွက်သွားပြီး ပုန်းနေရင်ကောင်းမလား။ မိသားစုတွေ့ဆုံပွဲ စကာမှ ပြန်လာလိုက်မယ်”
လုံချန် က နဖူးကြောများ တွန့်ကွေးလာသည်အထိ စဉ်းစားနေလေသည်။
ရုတ်တရက် “ဟုတ်ပြီ။ မြို့မှာဆက်နေမယ့်အစား အပြင်ထွက်ပြီး နတ်ဆိုးသားရဲတွေကို အမဲလိုက်လို့ရတာပဲ။ ဒီနည်းနဲ့ဆို ငါ့ခွန်အားက ပိုသန်မာလာမယ်။ ပြီးတော့ ကံကောင်းရင် နတ်ရတနာတချို့တောင် ရနိုင်သေးတယ်”
လုံချန် က ခဏကြာအောင် စဉ်းစားပြီးနောက် အပြင်ထွက်ပြီး လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ လောလောဆယ်တော့ သူဗိုက်ဆာနေပြီဖြစ်သောကြောင့် တောက်ပသောနေမင်းစားသောက်ဆိုင်ဆီသို့ အရင်ဆုံးသွားရန် ပြင်လိုက်၏။
သန်းခေါင်ကျော်ခါနီးအချိန်မှာပင်
စားသောက်ဆိုင်က အလွန်ဆူညံနေသေးသည်။
လုံချန် က အသံမပေးသေးဘဲ တိတ်တဆိတ် ချဉ်းကပ်လာသည်။ သူက လူတိုင်း ပြောနေသည့် သတင်းစကားကနေ တစ်ခုခုကြားလိုက်လို့ပါ။ ဒီအချိန်မှာပဲ တစ်စုံတစ်ယောက် က “သတင်းထူးရှိတယ်။ မင်းမသိသေးဘူး မဟုတ်လား။ ယန် မိသားစုမှာကြီးကြီးမားမား တစ်ခုခု ဖြစ်သွားတယ်” ဟူ၍ ပြောသံ ထွက်လာခဲ့သည်။
“ဘာဖြစ်သွားတာလဲ။ မြန်မြန်ပြောပါဟ....”
“မင်းမသိဘူးလား။ ဒီမနက်မှာ သခင်ငယ်ယန်ကျန်း က ယန်စန်းနန်(မူရင်းနာမည်က လုံချင်းလန် ပါ) ရဲ့သား ယန်ချန် နဲ့ ပြဿနာတက်ပြီး တိုက်ခိုက်ခဲ့တယ်ကြားတယ်။ ပြီးတော့ သခင်ငယ် ယန်ကျန်း ရှုံးနိမ့်သွားတော့ လူမြင်ကွင်းမှာ ကိုယ်တုံးလုံးနဲ့အရှက်ခွဲခံလိုက်ရတယ်။ ဒီတော့ အိမ်ပြန်ရောက်တဲ့အခါ သူ့ကိုယ်သူ သတ်သေခဲ့တယ်”
“ဒါအမှန်ပဲလား”
“ဘယ်လိုလုပ်လိမ်ညာနိုင်မလဲ။ ယန် မိသားစုကနေပဲ သတင်းထွက်လာတာပဲ။ အခုတော့ ယန် မိသားစုက ယန်ချန် ကိုလိုက်ရှာနေကြပြီ”
ထိုစကားကိုကြားပြီးနောက် လုံချန် ဟာ အထဲကို ဝင်မလာတော့ဘဲ အမြန်ထွက်ခွာသွားခဲ့သည်။
“အမှိုက်ကောင် ယန်ကျန်း သေပြီလား။
ငါ ကျော်ကြားခြင်းမြို့မှာ ဆက်နေလို့မဖြစ်တော့ဘူးပဲ။ အခုနေတုန်း မြန်မြန်ထွက်သွားမှရမယ်”
ထိုသို့ တွေးမိလိုက်သည်နှင့် တုံ့ဆိုင်းမနေတော့ဘဲ မြို့ထဲကနေ ထွက်လာခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ကျော်ကြားခြင်းမြို့ ဆီသို့ ပြန်လှည့်ကြည့်လိုက်သည်။
“ယန်ကျန်း သေသွားပြီဆိုတော့ မျိုးနွယ်စုတွေ့ဆုံပွဲကို တက်ဖို့က ငါ့အတွက် အန္တရာယ်ရှိနိုင်တယ်။ ဒါပေမဲ့ ယန်ဘိုးဘေး က အရည်အချင်းရှိတဲ့သူတွေကို သဘောကျတယ်လို့ ငါကြားတယ်။ ငါ့ရဲ့ အရည်အချင်းကို ပြနိုင်ရင် ငါ့မှာအခွင့်အရေးရှိသေးတယ်။ ပြီးတော့ ဒီနေ့ ငါထုတ်ပြလိုက်တဲ့ ကြယ်ကြွေနတ်လက်သီး ပြီးပြည့်စုံတဲ့အဆင့်က ဘိုးဘေးကို သတိထားမိစေမှာပါ”
“ဒါပေမဲ့ ဒီမြို့ကနေ ထွက်သွားပြီးရင် ငါ ဘယ်ကို သွားနိုင်မလဲ”
“မြို့အရှေ့မှာ ကာစီးထားတာက အကန့်အသတ်မဲ့ တောင်တန်းကြီးပဲရှိတယ်။ ပြီးတော့ အဆုံးမရှိတဲ့ တောအုပ်တွေအပြည့်ပဲ။ အဲဒီနေရာမှာ နတ်ဆိုးသားရဲတွေ၊ နတ်ဆိုးတွေ သေချာပေါက်ရှိနေနိုင်တယ်။ ဒါပေမဲ့လည်း ငါ့အတွက် အဖိုးတန်ရတနာတွေရှာဖို့ အခွင့်အလမ်ူကောင်းတစ်ခုပဲ”
လုံချန် က မြို့အရှေ့ဖက်ရှိ တောင်တန်း ဆီသို့ သွားရန် ဆုံးဖြတ်လိုက်သည်။ သို့သော် တစ်ခုခုမှားနေသည်ကို သတိထားမိခဲ့သည်။ သူ့အမူအရာက အနည်းငယ်ပြောင်းသွားကာ အလျင်အမြန်ပုန်းနေလိုက်၏။
ဘယ်သူမှန်း မြင်လိုက်မှသာ သက်ပြင်းချမိသည်။ ဒီအချိန်မှာ သူ့ကိုယ်သူ လှောင်ရယ်လိုက်ပါသည်။
အခြားမဟုတ်ပေ၊ ပိုင်မိသားစု၏ လူငယ်သခင်တစ်ယောက်ပါ။ ပိုင်ကျန်းရှောင်၏ အငယ်ဆုံးသား ပိုင်ရှီးယွမ် ဖြစ်နေသည်။
“နေပါဦီး...။ ပိုင်ရှီးယွမ် ကိုကြည့်ရတာ ငါ့နောက်လိုက်လာတာ မဟုတ်လောက်ဘူး။ ဒါဆို သူက ဘာကိုလိုက်ရှာနေတာလဲ”
အခြေအနေကို သတိပြုမိသည်နှင့် လုံချန် လည်း ပုန်းနေရာမှ မော့ကြည့်လိုက်သည်။ သေချာကြည့်လိုက်တော့မှ လေထဲမှာ လွင့်မျောနေသည့် အေးစက်စက်အဖြူရောင်အလင်းတန်းကို မြင်လိုက်ရသည်။ သို့သော် အဖြူရောင်အလင်းတန်းက လေထဲမှာပင် ရုတ်တရက်ရပ်တန့်သွားသည်။
“ဒါက နတ်ရတနာတစ်ခုလား” လုံချန်၏ မျက်လုံးတွေ အရောင်တောက်သွားသည်။
Translated By NyiNyiSoe