အခန်း (၁၀-၁၂)
Vol. 1 Ch. 10-12
B.D.W.G - လုံချန်
ဘာသာပြန်သူ - ညီညီစိုး
အပိုင်း ၁၀ - လင်းရှီ
“အဲဒီ အေးစက်တဲ့ အလင်းရောင်က နတ်လက်နက်တစ်မျိုး ဖြစ်နိုင်တယ်။ ဒီကောင် ပိုင်ရှီးယွမ် ရဲ့အမူအရာက ရတနာတစ်ခုကို မြင်လိုက်ရလို့ဆိုတာ ရှင်းရှင်းလင်းလင်း ပြနေတယ်”
ဤအချိန်တွင် ပိုင်ရှီးယွမ် ကတော့ အေးစက်စက်
အလင်းန်းနောက်သို့ ပြေးလိုက်သွားခဲ့သည်။ လုံချန်လည်း သူ့နောက်ကနေ တိတ်တဆိတ်လိုက်ပါကာ မြို့ပြင်သို့ ထွက်လာခဲ့သည်။
ကောင်းကင်ယံရှိ အေးစက်စက်အလင်းတန်းဟာ ရုတ်တရက် မှိန်ဖျော့သွား၏။ လုံချန် လည်း ဓားတစ်လက်ဖြစ်ကြောင်း မြင်လိုက်ရသည်။ ၎င်းက လုံးဝကို နတ်လက်နက်ဖြစ်နိုင်သည်။ အကြောင်းမှာ သူက သူ့အလိုလို ပျံသန်းနိုင်သည့် ဓားတစ်လက်ကို တစ်ခါမှမကြားဖူးလို့ပါ။ ထိုဓားက သေချာပေါက်ကို နတ်ရတနာတစ်ပါးဖြစ်ရမည်။
တစ်နာရီခန့်အကြာ.... ။
လုံချန် လည်း မသိလိုက်မသိဘာသာဖြင့် လိုက်လာရင်း ဤနေရာသည် ကျော်ကြားခြင်းမြို့ နှင့် အတော်လေးဝေးလာကြောင်း သတိထားမိလိုက်သည်။
ပိုင်ရှီးယွမ် ကတော့ သတိထားမိဟန်မတူ။ နတ်ဓား နောက်ကနေသာ ကမန်းကတန်းပြေးလိုက်နေခဲ့သည်။
“ဒီကလေးက တော်တော်လေး သတ္တိရှိတယ်။ သူက ကျော်ကြားခြင်းမြို့ကနေ တကယ်ထွက်သွားရဲတာပဲ”
လုံချန် က သူ့တစ်ကိုယ်လုံးကို အနက်ရောင်ဝတ်ရုံဖြင့် ပြောင်းလဲဝတ်ဆင်ကာ နောက်ကနေ လိုက်လာခဲ့သည်။
“ဒါက ငါ့ကို မြန်မြန်ဆန်ဆန်သွားနိုင်စေတာပဲ။ ပြီးတော့ ဒီပိုင်ရှီးယွမ်က ငါ့လိုပဲ။ အဆင့် ၃ နဂါးသွေးကြောနယ်ပယ် ရဲ့အထွတ်အထိပ်မှာရှိနေတယ်။ ဒါပေမဲ့ ငါ့မှာ ကြယ်ကြွေနတ်လက်သီး နဲ့ ကြယ်တာယာစစ်နတ်ဘုရား ခန္ဓာကိုယ်ရှိတယ်”
ဤအချိန်မှာပဲ ဓားက တောအုပ်ထဲသို့ တန်းတန်းမတ်မတ် ပြေးဝင်လျက် ဘယ်ညာယိမ်းထိုးကာ မြေပြင်သို့ လျင်မြန်စွာ ထိုးကျသွားသည်။
ထိုအခါ ပိုင်ရှီးယွမ် လည်း တောအုပ်ထဲသို့ လိုက်ပါပြေးဝင်သွားခဲ့သည်။ သူ့ရှေ့က ဓားကို မြင်လိုက်တော့ သက်ပြင်းတစ်ချက်ချလိုက်သည်။ ဓားကို ကြည့်နေသည့် သူ့မျက်လုံးတွေဟာ လောဘကြောင့် မီးဝင်းဝင်းတောက်နေလေသည်။
“ဒီဓားက သူ့အလိုလိုပျံသန်းနိုင်တယ်ဆိုတော့ ငါသေချာလေးဂရုစိုက်ရမယ်။ တကယ်လို့ ငါသာ မျိုးနွယ်စုကို လွှဲပြောင်းပေးရမယ်ဆိုရင်တောင် မရေမတွက်နိုင်တဲ့ အကျိုးအမြတ်တွေ ရနိုင်တယ်”
လှပသောအနာဂတ်ကိုတွေးတောရင်း ပိုင်ရှီးယွမ် တစ်ယောက် ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။သို့သော် ရုတ်တရက်ဆိုသလိုပဲ မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားတစ်ဦး သူ့ရှေ့တွင် ပိတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ ပိုင်ရှီးယွမ် လည်း ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားပြီး “ဘယ်သူလဲ… မင်းက ဘယ်သူလဲ။ မင်းဘာလိုချင်တာလဲ“
လုံချန်၏အရှိန်က သာမန်အဆင့် ၃ နဂါးသွေးကြောနယ်ပယ်တွေထက်ကို ပိုမြန်ပါသည်။ ပိုင်ရှီးယွမ် ကြည့်နေစဉ်မှာပဲ လုံချန် က ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာပဲ ပြင်းထန်သော ဖိအားကြောင့် ပိုင်ရှီးယွမ် တစ်ယောက် မျက်လုံးပြူးမျက်ဆန်ပြူး ဖြစ်လာသည်။ မျက်လုံးထဲမှာ မျက်ရည်များပင် ဝဲလာသည်။
“အကြီးအကဲ ငါ... ဒီဓားကို မတော်တဆတွေ့ခဲ့တာ။ မင်းလိုချင်ရင် ငါပေးလိုက်မယ်... မသတ်နဲ့ မသတ်နဲ့... ငါမင်းအတွက် အလုပ်လုပ်ပေးမယ်...”
လုံချန် က အေးစက်စက်ပြုံးပြီးပြောလိုက်သည် “ မင်းပြောတာ အမှန်လား။ ဒါပေမဲ့ အခု ဒီနတ်ဓားကို ငါယူသွားတာနဲ့ အပြင်ကို သတင်းတွေ ပေါက်ကြားသွားမယ်ထင်တယ်။ ဒီတော့ မင်းကို နှုတ်ပိတ်အောင် သတ်လိုက်တာ ပိုကောင်းပါတယ်လေ“
ပိုင်ရှီးယွမ် က ချက်ချင်းပဲ ကမန်းကတန်း ပြောပါသည် “ငါ့ကို မသတ်ပါနဲ့ အကြီးအကဲ။ ငါ မင်းမျက်နှာကို မမြင်ရဘူး၊ မင်းကို ငါ လုံးဝမသိဘူး၊ မင်းရဲ့သတင်း ဘယ်လိုပေါက်ကြားစေမှာလဲ”
“မင်းမှန်တယ်”
လုံချန် က ပြုံးလိုက်သည်။ သူက ပိုင်ရှီးယွမ်၏လည်ပင်းကို ဆွဲမြှောက်လိုက်ပြီး သူ့ကိုကြည့်ရင်း လျှာသပ်လိုက်သည် “ မင်းက အရမ်းနူးညံ့တယ်၊ မင်းအဖေရဲ့ ရုပ်ရည်ကို အမွေဆက်ခံထားတာပဲ။ ဒါပေမဲ့ ငါ့ဘဝမှာ ငါအမုန်းဆုံးအရာက ယောက်ျားတွေပဲ။ ငါ့ထက် ဘယ်သူကမှ ပိုချောလို့မရဘူး…”
လုံချန်၏ စကားကို ကြားသောအခါ ပိုင်ရှီးယွမ် က ချက်ချင်း ထိတ်လန့်သွားပြီး “အကြီးအကဲ၊ ငါ့မျက်နှာကို မဖျက်ဆီးပါနဲ့။ ငါ့အဖေက မင်းလိုချင်တာမှန်သမျှ ပေးနိုင်တယ်။ ပြီးတော့ ငါ့အဘိုးက ကျော်ကြားခြင်းမြို့ရဲ့ ပိုင် ကလန်ဘိုးဘေးပါ။ မင်း... သူ့ကို သိတယ်မဟုတ်လား၊ ဒါဆို ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ”
“တော်စမ်း၊ ငါ မင်းရဲ့အပိုစကားတွေကိုနားမထောင်ချင်ဘူး။ မင်းမျက်နှာကို ငါဖျက်ဆီးပစ်ရင်ကော ဘာဖြစ်မလဲ”
လုံချန်၏အသံက ပို၍ အေးစက်လာသည်။ ဓားမြှောင်တစ်ချောင်းကို တိတ်တဆိတ်ထုတ်ယူပြီး ပိုင်ရှီးယွမ်၏ ပေါင်ခွကြားသို့ ထိုးသွင်းလိုက်သည်။
အား....
ပိုင်ရှီးယွမ် ထံမှ ဝမ်းနည်းပူဆွေးသော အော်ဟစ်သံ ထွက်ပေါ်လာသည်။ သူ့ပေါင်ကြားကို လက်ဝါးဖြင့်အုပ်ကိုင်လျက် လုံချန်ကို ကြည့်လိုက်သည်။ ထို့နောက် နာကျင်မှုကြောင့် မေ့မျောသွားလေတော့သည်။
လုံချန် လည်း ပိုင်ရှီးယွမ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
“မင်းမျက်နှာကို ငါဖျက်ဆီးတာမဟုတ်ဘူးနော်။ မင်းကို လူမဖြစ်တော့အောင်ပဲ လုပ်ပေးလိုက်တယ်။ ငါသာ အရင်တုန်းက ဉာဏ်မကောင်းခဲ့ဘူးဆိုရင် ဒီနေ့လောက်ဆို ငါ့ဘဝက ကုန်းကုန်းဖြစ်နေလောက်ပြီ။ ကောင်းပြီ၊ ဒါဟာ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပဲ။ ဒါက မင်းအတွက် သံသရာတစ်ပါတ်လည်တာ…”
သူက တစ်ဖက်ပြန်လှည့်ပြီး ဓားသွားကို ကြည့်လိုက်သည်။
နက်မှောင်နေသော ဓားတစ်လက်ပါ။ သာမန် ဓားများနှင့်မတူတာကတော့ ဓားကိုယ်ထည် လက်နှစ်ချောင်းလောက်သာ ကျယ်ပြန့်လေသည်။ အရှည် က ၇၀ စင်တီမီတာလောက်ပါ။ ဓားကိုယ်ထည် မှာလည်း သံချေးများတက်ကာ ပျက်စီးလုနီးနီးဖြစ်နေပုံရသည်။
လုံချန် က မချိပြုံးပြုံးကာ “ပိုင်ရှီးယွမ်
ဒီလောက်ကြာအောင် လိုက်ဖမ်းနေတဲ့အရာက အသုံးမဝင်တဲ့ ဓားတစ်လက် ဖြစ်နေမယ်လို့ ငါ မမျှော်လင့်ထားဘူး” ဟု ပြောလိုက်သည်။
ထို့နောက် ရှေ့တိုးသွားပြီး အနက်ရောင်ဓားကို ဆုပ်ကိုင်လိုက်သည်။ ဒီအချိန်မှာ ဓားကိုယ်ထည်ကနေ မိန်းမငယ်လေးတစ်ယောက်အသံ ထွက်လာသည်။ တစ်ချိန်တည်းမှာပဲ ဓားက လေပေါ်သို့ ရုတ်တရက် ပျံတက်လာသည်။ လုံချန် လည်း လန့်ဖြပ်ကာ အမှတ်တမဲ့မျက်လုံးမှိတ်ထားမိလိုက်လေသည်။ မျက်လုံးပြန်ဖွင့်လိုက်တာနဲ့ လုံချန်၏ အမူအရာကအကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။ ဓားက ကောင်းကင်ထက် ပျံတက်နေလို့ပါ။
ထို့အပြင် ဓား ပျံဝဲနေသည့်အရှိန်ဟာ ယခင်ထက်တောင်ပိုပြီး မြန်ဆန်ခဲ့သည်။ သူ့အောက်ကို ပြန်ငုံ့ကြည့်လိုက်ရာ အောက်ဖက်တောအုပ်ကြီး ငေးငယ်လာတာကို မြင်ရလေသည်။ လုံချန် က သူ့လျှာကိုကိုက်မိမတတ်ဖြင့် “သောက်ကျိုးတော့နည်းပြီ။ ငါသာ ပြုတ်ကျသွားရင် အရိုးတခြားအသားတခြားဖြစ်သွားလိမ့်မယ်”
တွေးမိလိုက်သည်နှင့် ဓားသွားကို လက်နှစ်ဖက်နဲ့ အမြန်ဆွဲယူပြီး ပွေ့ဖက်ထားပါတော့သည်။ လွတ်ထွက်သွားမှာ ကြောက်သည့်အလား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ သို့သော် ဓားက ရုတ်တရက်ကြီး လှည့်ပတ်လာသည်။ သေချာသည်မှာ ဓားက သူ့ကို လက်ခံချင်ပုံမရပေ။
“ဒီဓားက တကယ်တော့ စိတ်ဝိညာဉ်ရှိနေတာပဲ။ ဒါပေမဲ့ နတ်လက်နက်တစ်ခုပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် ငါပစ်ချခံရရင် ငါသေချာပေါက် သေလိမ့်မယ်။ အသက်ရှင်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး”
ဤသို့ဖြင့် လူတစ်ယောက်နှင့် ဓားတစ်လက်ဟာ ကောင်းကင်ယံ၌ ပျံဝဲနေလေတော့သည်။
လုံချန် က ဓားကို အပြင်းအထန် ပွေ့ဖက်ထားသော်လည်း မအောင်မြင်သေးပေ။ သူ့ခွန်အားအပြည့်ထုတ်ဖော်၍ ဓား ကိုပိုပြီးတင်းကျပ်စွာဖက်ထားလိုက်လေသည်။
ရုတ်တရက်ဆိုသလိုပဲ ဓား ဆီကနေ မိန်းမငယ်လေးတစ်ယောက် ဒေါသထွက်နေသံ ထွက်ပေါ်လာသည်။
“ နင်က ငါ့ကို ဘာလို့ဖက်ထားတာလဲ။ ငါနင့်ကို ခွင့်မလွှတ်ဘူး။ မြန်မြန် လွှတ်လိုက်၊ မဟုတ်ရင် နင့်ကို ငါလုံးဝခွင့်မလွှတ်ဘူး”
လုံချန် လည်း အံ့သြတုန်လှုပ်သွားသည်။ ဓား က လူစကားပြောနေလို့ပါ။ ထို့အပြင် သူ့ကို သဘောမကျသလိုပဲဖြစ်ရာ သွေးအန်ချင်စိတ်ပေါ်လာလေသည်။
ဒီဓားက မိန်းမတစ်ယောက်ဖြစ်နေတာလား ။
“နင်ငါပြောတာကိုကြားလား။ မြန်မြန်လွှတ်လိုက်၊မဟုတ်ရင် ငါနင့်ကို အသေရိုက်ပစ်မယ်“
အသံ ထပ်ထွက်လာပြီး ဓားက ပိုလို့တောင် တုန်လှုပ်သွားလေသည်။
လုံချန် က ကမန်းကတန်းပြောလိုက်၏ “အ … အစ်မကြီး၊ ငါလည်း လက်လွှတ်ချင်ပါတယ်။ ဒါပေမဲ့ မင်းပျံသန်းနေတာက အရမ်းမြင့်နေတယ်၊ လွှတ်လိုက်ရင် ငါသေမှာမဟုတ်ဘူးလား”
သူထိုသို့ပြောပြီးနောက် ဓားက မလှုပ်တော့ပေ။ အတန်ကြာမှ ပြန်ပြောသည် “ဒါလား။ ငါစိတ်မကောင်းပါဘူး၊ ငါမေ့သွားတယ်။ ငါဆင်းတော့မယ်၊ ဒါပေမဲ့ ငါဆင်းပြီးရင် နင့်ကိုလွှတ်လိုက်မယ်။ ယောက်ျားနဲ့ မိန်းမ မထိရဘူးလို့ ငါ့ကို ကတိပေးရမယ်“
လုံချန် က ပြန်ပြောသည် “ယောက်ျားနဲ့ မိန်းမ မထိသင့်ဘူးဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ မင်းဟာ ဓားတစ်လက်ပဲလေ။ မင်းကို ဘယ်လို အသုံးချရမလဲ”
သို့သော် စကားခဏရပ်ပြီး “ဒါက သဘာဝပဲ။ ငါလုပ်တာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ငါမင်းကိုစိတ်ဆိုးအောင်လုပ်မိလို့ ငါ တကယ်တောင်းပန်ပါတယ်”
“မဟုတ်ဘူး၊ ငါ့အမှားပါ။ ကောင်းပြီ၊ အခု ဆင်းကြရအောင်”
လုံချန် ဟာ ပါးစပ်ကနေ သွေးအန်ထွက်လုမတတ်ပင်။
ဆင်းတော့မှာ လား။
လုံချန် လည်း သူ့ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေသည်။ လက်ရှိမှာ သူရောက်နေတဲ့နေရာက လူဆိတ်ညံသော တောင်တန်းတစ်ခုဖြစ်ကြောင်း သတိပြုမိခဲ့သည်။ နေရာတိုင်းမှာ ကျောက်တုံးကျောက်ခဲများ၊ခြောက်သွေ့ပြီး သေနေသောသစ်ပင်များ အများကြီးရှိနေ၏။ အတော်လေးကို တုန်လှုပ်ချောက်ချားစရာမြင်ကွင်းပါ။ အချိန်တိုင်းလည်း သားရဲဟိန်းသံများ အဝေးကနေ ကြားနေရသည်။ ဒီအချိန်မှာ လုံချန်၏ တစ်ကိုယ်လုံး အမွှေးအမျှင်များ ထောင်ထနေလေသည်။
ခွပ်....
ပေါက်ကွဲသံနှင့်အတူ လုံချန် ဟာ ဦးခေါင်းခွံအပိုင်းအစတစ်ခုကို တက်နင်းမိသွားသည်။ ထိုမှသာ သူ့အနီးပတ်ဝန်းကျင်၌ လူ့အရိုးများစွာရှိကြောင်း သိလိုက်ရသည်။ ရုတ်တရက်ဆိုသလိုပဲ သူ့ရင်ထဲမှာ အေးစက်စက်ခံစားချက်များ ပေါ်လာသည်။
“အစ်…အစ်မကြီး၊ မင်းစိတ်ထဲမှာ ဒါ… ပျက်သုဉ်းခြင်းသားရဲနယ်မြေ မဖြစ်နိုင်ဘူးလို့ ထင်သလား…”
ပျက်သုဉ်းခြင်းသားရဲဒေသ ။
ကျင့်ကြံသူ ၁၀ ယောက်ဆိုလျှင် ၁ ယောက်လောက်သာ အသက်ရှင်နိုင်ဆိုသော ဒဏ္ဍာရီများစွာရှိနေခဲ့သည်။ လုံချန် တစ်ယောက် ဤနေရာ၏ ဒဏ္ဍာရီများစွာကို သိရှိထားသည်။ ဤနေရာတွင် သေဆုံးခဲ့သူအရေအတွက်မှာ ရေတွက်ဖို့ပင် မဖြစ်နိုင်လောက်အောင်ကို များပြားလွန်းလှသည်။ လောလောဆယ်မှာ သူကိုယ်တိုင်လည်း ထိုလူများထဲမှ တစ်ဦးဖြစ်လာမည်ဟု ခံစားမိနေသလိုပင်။
သူ့ဘေးနားက ထူးဆန်းသော ဓားကို ကြည့်လိုက်သည်။ ဒီအချိန်မှာ ဓားက အမျိုးသမီးအသံဖြင့် ထပ်မံပြောပြန်သည်။
“ဟူး.... ဒါက ငါ့အပြစ်တွေပါ။ ငါတောင်းပန်ပါတယ်၊ ဒီမှာ နတ်ဆိုးတွေ အများကြီးရှိတယ်၊ သူတို့ရဲ့ အော်ရာတွေက နင့်ထက် အများကြီး ပိုသန်မာတယ်လို့ ခံစားရတယ်။ ငါ နင့်ကို ဒီမှာချန်ထားခဲ့လိုက်ရင် နင် သေချာပေါက် အသက်မရှင်နိုင်တော့ဘူး။ ငါ ဘာလုပ်ရမလဲ။ ငါဘာလုပ်သင့်လဲ “
လုံချန် လည်း ဘာပြောရမှန်းမသိတော့သလိုဖြစ်သွား၏။။
ခဏကြာတော့ သူက မေးလိုက်သည် “ဟေး၊ မင်းလာခဲ့တဲ့လမ်းအတိုင်းပဲ ငါ့ကို ပြန်ပို့လို့မရဘူးလား”
ဓား က အကြောင်းပြန်သံထွက်မလာပေ။
လုံချန် က စိုးရိမ်တကြီးနဲ့ ထပ်မေးလိုက်ပြန်သည် “ဟေ့ သခင်မလေး၊ မင်း ဘာဖြစ်နေတာလဲ။ မင်းဘာလို့ စကားမပြောတာလဲ “
စကားပြောပြီးနောက် ဓားကို လှမ်းကိုင်လိုက်သည်။
ဓား က ကမန်းကတန်းပြောလေသည် “အဲဒါ… စိတ်မကောင်းပါဘူး၊ ငါလည်း ဒီလိုမျိုးတွေ ဖြစ်လာဖို့ မမျှော်လင့်ထားဘူး။ တကယ်တော့ နင့်ကို လွှတ်ချဖို့ဆင်းလာတာပဲ။ ဒီနေရာမှာ အစီအရင်တစ်ခုရှိနေတာကို ငါသတိမထားမိလိုက်ဘူး။ ငါ ကောင်းကင်ပေါ်ကနေ ဖြတ်ဝင်နိုင်ပေမယ့် ထွက်မသွားနိုင်ဘူး…”
“ဝါး…”
ထိုသို့ပြောပြီးနောက် မိန်းမငယ်လေးပုံရိပ် ဖြစ်ပေါ်လာသည်။ သူမ၏မျက်လုံးအိမ်ထဲမှာ မျက်ရည်များဝဲလာသည်။
လုံချန် က ဘာပြောရမှန်းမသိသဖြင့် တိတ်ဆိတ်နေခဲ့သည်။
“ငါ လင်းရှီ ဒီလိုပျက်စီးနေတဲ့နေရာမှာ တကယ်သေလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး.။ စောစောကသိခဲ့ရင် ဒီဓားကျိုးကို မကိုင်ခဲ့ဘူး။ ဖေဖေနဲ့မေမေ၊ အီး...ဟီး..ဟီး . အရမ်းကြောက်တယ်... မသေချင်ဘူး...”
“တိတ်တိတ်နေပါ”
လုံချန် က ဓားကို အမြန်ဆွဲကိုင်လိုက်ပြီး အရွယ်အစားကြီးသော ကျောက်တုံးတစ်တုံးကိုအမြန်ရှာကာပုန်းနေလိုက်သည်။ အကြောင်းကတော့ သူဟာ အန္တရာယ်အငွေ့အသက် ကို ခံစားမိလိုက်လို့ဖြစ်သည်။
လုံချန်၏ သတိပေးစကားကြောင့် မိန်းမငယ်လေးဟာ ထိတ်လန့်သွားပြီး ချက်ချင်း အငိုရပ်သွားသည်။သူလည်း အန္တရာယ်ရှိသော အရိပ်အယောင်ကို ခံစားလိုက်သဖြင့် ဆက်မငိုဝံ့တော့ပေ။
ဤအချိန်တွင် လေးလံသော ခြေသံများက တစ်လှမ်းချင်း နီးကပ်လာသည်။
လုံချန်၏ နှလုံးသားက လည်ချောင်းထဲကနေ ထွက်တော့မတတ် တဒိန်းဒိန်းခုန်နေလေသည်။ ယခုအချိန်တွင် သူ့အဝတ်အစားများက ချွေးများဖြင့် အေးစက်နေပေပြီ။
လေးလံသော ခြေသံများ၊ အသက်ရှုကြမ်းသံများနှင့် လေထုအား ဖိနှိပ်ထားသည့် သွေးညှီနံ့တွေဟာ လုံချန်၏ဦးရေပြားကို ထုံကျင်စေသည်။
“ဝူးးး……”
ကျောက်တုံးကြီး၏ တစ်ဖက်ခြမ်းမှ တိုးညှင်းသော အူသံ ထွက်ပေါ်လာသည်။ လုံချန်၏ ဆံပင်တွေဟာ အဆုံးမဲ့ထောင်မတ်နေခဲ့သည်။ ဒီအချိန်မှာ အနည်းငယ်မှားသွားသည်နှင့် တစ်ခါတည်း ငရဲတန်းရောက်သွားပေမည်။
ကံကောင်းထောက်မစွာ ခြေသံတွေက တဖြည်းဖြည်းဝေးကွာသွားခဲ့သည်။ လုံးလုံး မကြားနိုင်တော့မှသာ လုံချန် လည်း အသက်ကိုဝဝရှူနိုင်တော့သည်။
“အခု ငါတို့ကံကောင်းသွားတယ်။…….. ဒါက လနတ်ဆိုးဝံပုလွေပဲ။ နင့်ရဲ့လက်ရှိ ခွန်အားနဲ့ဆို ဟိုက တစ်ကိုက်တည်း မျိုချသွားလိမ့်မယ်……”
လုံချန် က မတ်တပ်ထရပ်ပြီး “ဘာပဲဖြစ်ဖြစ်၊ တစ်လခွဲမတိုင်ခင် ဒီနေရာကနေ အမြန်ဆုံး ငါထွက်သွားရမယ်။ ငါနဲ့လိုက်ခဲ့ပါ။ မင်းမှာ အကြံဉာဏ်ကောင်းတွေရှိရင် ငါ့ကို ပြောပြပါ။ ဟုတ်တယ်၊ မင်းရဲ့နာမည်က လင်းရှီ လား။ ငါက လုံချန်ပါ”
Translated By NyiNyiSoe
...နဂါးနတ်ဘုရား လုံချန် (သွေးနဂါးလုံချန်)
ဘာသာပြန်သူ - ညီညီစိုး
အပိုင်း ၁၁ - နတ်ဆိုးဂျင်ဆင်း ထွက်ပေါ်လာခြင်း
ပျက်သုဉ်းခြင်းသားရဲဒေသ သည် ကန်းယန်ဘုရင့်နိုင်ငံတော် နှင့် လီဟူဘုရင့်နိုင်ငံတော် ကြားမှ နယ်နိမိတ်မျဉ်းဖြစ်ခဲ့သည်။
အဆိုပါနိုင်ငံတော်နှစ်ခုဟာ နယ်စပ်ဒေသ၌ မည်သည့်အကာအကွယ်ကိုမျှ ချထားဖို့မလိုပေ။ နှစ်နိုင်ငံနယ်စပ်ဒေသသည် ပျက်သုဉ်းခြင်းနတ်ဆိုးသားရဲများ ကျက်စားရာ နယ်မြေဖြစ်နေလို့ပါ။
တစ်ချိန်တည်းမှာပင် ပျက်သုဉ်းခြင်းနတ်ဆိုးသားရဲဒေသအနှံ့ အဖိုးတန်ရတနာများ၊ နတ်လက်နက်များတွေ့နိုင်လေသည်။ ပျက်သုဉ်းခြင်းသားရဲဒေသ ကျတ်တီးခေါင်လို ဖြစ်နေသည့် အကြောင်းရင်းမှာ ဝိညာဥ်လက်နက်များနှင့် နတ်ဝိညာဉ်အပင်တွေက ဤနေရာရှိ ဝိညာဉ်စွမ်းအင်အားလုံးကို စုပ်ယူထားခဲ့လို့ဖြစ်သည်။
“အိုက်ယား... ကံကောင်းလိုက်တာ။ ငါတို့က အနက်ပိုင်းထဲထိ မရောက်ခဲ့ဘူး။ ဒီတော့ ရက်ပိုင်းအတွင်း ငါတို့ ဒီနေရာကနေ ထွက်သွားနိုင်မယ်လို့ ငါထင်တယ်” လင်းရှီ ဟာ လုံချန်၏ကျောပေါ်ကနေ အားရဝမ်းသာပြောနေလေသည်။
ဤနှစ်ရက်တာအတွင်း သူတို့နှစ်ယောက် အတော်လေးခင်မင်ရင်းနှီးခဲ့ကြသည်။ လင်းရှီ၏စိတ်ထဲမှာ စတွေ့တုန်းကလိုမျိုး ယောက်ျားနှင့် မိန်းမ အချင်းချင်း မထိသင့်ဟူသောအတွေးပင် မရှိတော့ပေ။ ယခုအခါ လုံချန်၏ ကျောပေါ်၌ သက်တောင့်သက်သာ လှဲလျောင်းနေရတာကို နှစ်သက်နေလေသည်။
“ရှောင်ရှီ၊ မင်းရဲ့ ပရမ်းပတာပြောတတ်တဲ့ပါးစပ်ကို ပိတ်ထားလိုက်ပါလား။ မင်းပါးစပ်ကနေသာ အခုလိုမျိုး ပွစိပွစိပြောမနေရင် ငါတို့ ထွက်ပြေးရမှာမဟုတ်ဘူး။ တကယ်လို့ ငါ ဒီမှာသေဖို့အကြောင်းဖန်လာရင်တော့ မသေခင် မင်းကို အဓမ္မကျင့်ပြီး အရင်သတ်ခဲ့လိုက်မယ်”
လုံချန် လည်း စိတ်တိုတိုနှင့် ဒေါသထွက်ကာ ခြိမ်းခြောက်လိုက်သည်။ သူတို့က ပျက်သုဉ်းခြင်းသားရဲဒေသ ကနေ ခပ်မြန်မြန်ထွက်သွားနေတာပါ။ သို့သော် သူ့ကျောပေါ်မှာ ထမ်းပိုးထားသည့် မိန်းမငယ်လေးက ပါးစပ်အငြိမ်မနေသောကြောင့် အကြိမ်ကြိမ်ထွက်ပြေးနေရလေသည်။
“ဟမ့်....၊ နံစော်နေတဲ့ကောင်စုတ်။ နင်ငါ့ကို လူမိုက်လို့ထင်နေတာလား။ ငါစဉ်းစားပြီးသွားပြီ။ ငါက ဓားတစ်လက်ပဲ၊ လင်းရှီနတ်ဓား လို့ခေါ်တယ်။ နင်ငါ့ကို ဘာလုပ်နိုင်မလဲ”
ဤနေရာတစ်ခုလုံး မီးခိုးရောင်မြူများ ဖုံးလွှမ်းနေသည့် တောင်တန်းတွေနဲ့ မီးခိုးရောင်ကောင်းကင်ကြီးသာ ရှိနေခဲ့သည်။ လေထုထဲမှာလည်း အလောင်းကောင်မှထွက်လာသည့် အပုပ်နံ့များ၊ ပုပ်ပွနေသော အလောင်းများ နှင့် ပြည့်နေသည်။ လုံချန် က မျက်မှောင်ကြုတ်နေသော်လည်း သူ့လမ်းကို ဆက်လျှောက်လာသည်။
“အချိန်သိပ်မကျန်တော့ဘူး။ ငါ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားရမယ်။ ပြီးတော့ အဆင့် ၅ နဂါးသွေးကြောနယ်ပယ် ကို ရောက်ချင်တယ်။ မျိုးနွယ်စုတွေ့ဆုံပွဲက ရက်တော်တော်နီးနေပြီ၊ ဘယ်လောက်မှမလိုတော့ဘူး။ နတ်နဂါးတံဆိပ်တော် ကို မရရင် ငါ့အမေမဟုတ်တဲ့ အမေ လက်ထပ်မှာကို တားဖို့မဖြစ်နိုင်တော့ဘူး”
လင်းရှီ က ပြန်ပြောသည် “လက်ရှိနင်က အဆင့် ၃ နဂါးသွေးကြောနယ်ပယ် မှာပဲရှိသေးတယ်လေ။ ဒီနေရာရဲ့ အရင်းအမြစ်တွေနဲ့တောင်မှ တစ်လခွဲအတွင်းမှာ အဆင့် ၅ နဂါးသွေးကြောနယ်ပယ် ကိုရောက်ဖို့ဆိုတာ အရမ်းခက်ခဲတယ်”
လင်းရှီ ပြောလိုက်သည့်စကားတွေက လုံချန် ကို အတော်လေး စိတ်ပျက်သွားစေသည်။
လမ်းလျှောက်နေရင်းကနေ သူ့ရှေ့ကို လှမ်းကြည့်လိုက်သည်။ ရှေ့မှာ အဆုံးမရှိသော တောင်တန်းကြီးတွေ ကာစီးထားကာ ထာဝရအကျဉ်းကျနေသလိုပင်ခံစားလိုက်ရလေသည်။
“တစ်ခုခုတော့မှားနေပြီ…”
လုံချန် က ရုတ်တရက် ဉာဏ်အလင်းရသွားသည်။ ဒီတောင်တွေကို ဖြတ်ကျော်နေတာ တစ်လခွဲတောင် မပြည့်သေးဘူး။ ငါ ဘာလို့ စိတ်ဓာတ်ကျနေရတာလဲ။ အဖေက ငါ့ကို စိတ်ဓာတ်မကျဖို့ မှာခဲ့တယ်”
ထိုအကြောင်းကို ပြန်တွေးမိသည်နှင့် သူ့နှလုံးသားဟာ မြင့်မြတ်သောအရှိန်အဝါများ ထွက်ပေါ်လာသလိုပင်။
ဒီအချိန်မှာ လင်းရှီ က လုံချန်၏ အခြေအနေကို သတိထားမိသွားပုံရသည်။ သူမ က “ဘယ်လိုတောင်
ထူးဆန်းတဲ့အရူးကောင်လဲ...” ဟူ၍ တိုးညှင်းစွာ ရေရွတ်လိုက်ပါသည်။
“ကောင်းပြီ၊ ရှီအာ.... ဒီနေရာက သေးသေးလေးလို့ မင်းပြောခဲ့တာမဟုတ်လား။ ငါတို့ရဲ့ ကန်းယန် ဘုရင့်နိုင်ငံတော်မှာ ခရိုင် (၁၇) ခုရှိတယ်။ ပြီးတော့ ခရိုင်တစ်ခုချင်းစီရဲ့ နယ်မြေက အရမ်းကိုကြီးမားလွန်းတယ်။ ဥပမာအနေနဲ့ ကျော်ကြားခြင်းမြို့ ပါဝင်တဲ့ ယွမ်လင်းခရိုင် ကိုပဲကြည့်။ ကျော်ကြားခြင်းမြို့ လို မြို့ငယ်လေးတွေ ရာနဲ့ချီပြီးတော့ရှိတယ်”
လင်းရှီ က မျက်လုံးပြူးကြည့်ပြီး “နင့်ကြည့်ရတာ ရေတွင်းအောက်ခြေက ဖားငယ်တစ်ကောင်ပဲ။ နင်တို့နေတဲ့ကမ္ဘာကို အရှင်သခင်ကမ္ဘာ လို့ခေါ်တယ်။ အဲဒီအထဲမှာ ကန်းယန် ဘုရင့်နိုင်ငံတော် လိုမျိုး နိုင်ငံငယ်လေးတွေ (၁၀,၀၀၀) နီးပါးလောက်ရှိတယ်။ ဒါတောင် နယ်မြေ (ကမ္ဘာ) တစ်ခုပဲရှိသေးတာ။ တကယ်တော့ အရှင်သခင်ကမ္ဘာ ဆိုတာကလည်း Dragon Sacrificial Continent (စတေးခံနဂါးတိုက်ကြီး) ရဲ့ သေးငယ်တဲ့အစိတ်အပိုင်းလေးတစ်ခုပဲရှိသေးတယ်”
လုံချန် လည်း အံ့သြသွားသည်။ သူက ခေါင်းယမ်းပြီး ပြန်ပြောလိုက်သည် “ကလေးမလေး၊ ငါ့ကို လိမ်ညာဖို့ မကြိုးစားနဲ့။ ဒီလို ကမ္ဘာကြီး ဘယ်လိုရှိနိုင်မှာလဲ။ ဒါပေမဲ့ ကန်းယန် ဘုရင့်နိုင်ငံတော် အနီးအနားမှာ တခြားနိုင်ငံတွေ ရှိတယ်ဆိုတာတော့ ငါကြားဖူးတယ်”
“ငါပြောတာကို နင်မယုံဘူးလား။ မယုံလည်းနပေါ့....ဟမ့်....”
လုံချန် က လင်းရှီ ကို ဂရုမစိုက်တော့ပါ။ ရှေ့ဆက်သွားမယ့်ခရီးကိုသာ အာရုံစိုက်ထားခဲ့သည်။ ပျက်သုဉ်းခြင်းသားရဲဒေသ သည် ဧရာမကျောက်တောင်များဖြင့် ပြည့်နေသည်။ ထိုအခြေအနေကြောင့်သာ လုံချန် လည်း ပုန်းလျှိုးကွယ်လျှိုးဖြင့် ခရီးဆက်နိုင်ခဲ့တာ ဖြစ်သည်။
ပတ်ဝန်းကျင်ဆီကနေ ပျက်သုဉ်းခြင်းနတ်ဆိုးသားရဲများ ဟိန်းဟောက်သံတွေ ကြားနေရသည်။
“ရှီအာ၊ ရှေ့မှာ အန္တရာယ်ရှိနိုင်တယ်။ အရေးမကြီးဘူးဆိုရင် စကားကို ကျယ်ကျယ်လောင်လောင် မပြောပါနဲ့”
လင်းရှီ ကလည်း အခြေအနေကို ရှင်းရှင်းလင်းလင်း သဘောပေါက်ပုံပါ။ ခပ်ဆိတ်ဆိတ်ပင်နေပြီးသဘောတူကြောင်းပြလိုက်သည်။
ဤသို့ဖြင့်...
လုံချန် ဟာ တောင်တန်းတွေကို ဖြတ်လျှောက်လာရင်း မသိလိုက်ပါဘဲ နေ့တစ်ဝက်ပင် ကုန်သွားလေပြီ။ လုံချန် က အဝေးကို လှမ်းမျှော်ကြည့်လိုက်ရာ ကောင်းကင်ကြီး အရင်ကလို အုံ့မှိုင်းမနေတော့ပေ။ ကြည်လင်သော အလင်းရောင်များပင် တောက်ပနေလေသည်။
“ကံကောင်းတာက အနက်ပိုင်းထဲထိ နယ်ကျွံမသွားမိတာပဲ။ ငါ့ရဲ့ လက်ရှိအရှိန်နဲ့ အန္တရာယ်မရှိရင်ဆို နှစ်ရက်သုံးရက်အတွင်း သေချာပေါက် ထွက်သွားနိုင်မှာပါ။ ဒါပေမဲ့ အချိန် ၅ ရက်လောက် ကုန်သွားနိုင်တယ်။ ဒီကာလထဲမှာ သးမ ဘယ်အဆင့်ထိများ ရောက်နေမလဲ”
လုံချန် က ဆက်တွေးမနေတော့ဘဲ ရှေ့ဆက်လျှောက်သွားခဲ့သည်။
အချိန်က တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၏။ လုံချန်၏ နှလုံးသားထဲမှာ စိုးရိမ်ပူပန်မှုတွေပြည့်လာသည်။ ဒီအချိန်မှာပဲ လင်းရှီ က ရုတ်တရက် ပြောလိုက်သည် “ဟေး.... ငါ နတ်ဆိုးဂျင်ဆင်းအနံ့ရနေတယ်။ ဟီးဟီး...”
လုံချန် လည်း အနည်းငယ်လန့်သွားပြီး ပြန်ပြောသည် “အနံ့ရသလား။ မင်းက ခွေးကလေးလား။ ခွေးနှာခေါင်းက တကယ့်ကို ထက်မြက်တာပဲ”
လင်းရှီ က ချက်ချင်း ဒေါသတကြီး ပြန်ပြောသည် “ခွေးကောင်၊ နင့်ကို စေတနာထားပြီး ငါကူညီနေတာနော်။ ဒါပေမဲ့ နင် ငါ့ကို ခွေးကလေးလို့ ခေါ်နေတာလား။ ငါ... နင့်ကို ငါ မကူညီတော့ဘူး။ မိသားစုတွေ့ဆုံပွဲမှာ နင်သေချာပေါက် မျက်နှာပျက်လိမ့်မယ်”
လုံချန် လည်း ကမန်းကတန်းပြောလိုက်ရ၏။ အချိန်တော်တော်ကြာအောင် ချော့မော့ပြီးနောက်မှသာ အဆင်ပြေသွားပါတော့သည်။ နောက်ဆုံးတော့ ကလေးမလေးက ရယ်မောပြီး “ဒါက အတော်လေးကောင်းတယ်။ ဒီနတ်ဆိုးဂျင်ဆင်းက အလယ်အလတ်အဆင့် အဝါရောင် ဝိညာဉ်ဆေးပင်ပဲ။ သိပ်အသုံးမဝင်ပေမယ့် နည်းနည်းတော့ ကူညီပေးနိုင်ပါတယ်”
လုံချန် က တိတ်တဆိတ်ရယ်မောရင်း “သူ့ရဲ့နှာခေါင်းက အရမ်းထက်မြက်တယ်။ အနာဂတ်မှာ သူ့ကို ငါ့ဘေးမှာထားရမယ်” ဟု တွေးတောလိုက်သည်။
လင်းရှီ က နတ်ဆိုးဂျင်ဆင်း ကို အသည်းအသန်အာရုံခံနေလေသည်။ အချိန်အနည်းငယ် ကြာပြီးနောက် “ဒီလမ်းသွား၊ ဟုတ်တယ်... ဒီလမ်းကိုသွား။ သိပ်မဝေးတော့ဘူး။ အိုက်ယား.... မြန်မြန်လိုက်။ မဟုတ်ရင် လွတ်သွားလိမ့်မယ်”
လုံချန် က တုံ့ဆိုင်းမနေဘဲ ကမန်းကတန်းပြေးထွက်သွား၏။ သိပ်မကြာလိုက်ပေ၊ ဧရာမကျောက်တုံးကြီးတစ်တုံးကို ဖြတ်ကျော်ပြီးနောက် နတ်ဆိုးဂျင်ဆင်း ကိုမြင်လိုက်ရသည်။ မမျှော်လင့်ထားတာက ၁ ပေခန့်မြင့်သော လူတစ်ဦးဖြစ်နေသည်။ ၎င်း၏ခန္ဓာကိုယ်မှ မွှေးကြိုင်နေသော ဆေးမွှေးရနံ့ ထွက်ပေါ်လာသည်။ လုံချန် လည်း ရနံ့ကြောင့် အနည်းငယ် သွေးဆောင်ခံရသည်။
“ဒါက မိသားစုတွေ့ဆုံပွဲမှာ ပစ်မှတ်ထားခံနေရတဲ့ ငါ့အတွက် အဓိကအရင်းအမြစ်ပဲ။ ဘာပဲဖြစ်ဖြစ် ငါယူရမယ်”
ကြယ်တာယာစစ်နတ်ဘုရားခန္ဓာကိုယ်၏ ပြင်းထန်သော ခွန်အားနှင့် ပေါင်းစပ်လျက် လုံချန်၏ အရှိန်က ရှေ့သို့ ရိပ်ခနဲ ပြေးထွက်သွားပြီး နတ်ဆိုးဂျင်ဆင်း ဆီသို့ခုန်ဝင်လိုက်သည်။
သို့သော် လင်းရှီ က ရုတ်တရက်ဆိုသလို အလျင်အမြန်သတိပေးခဲ့သည် “ကောင်စုတ်၊ ရပ်.... ရပ်လိုက်။ မြန်မြန်ပုန်းနေ...”
ဤအချိန်တွင် တောင်ပေါ်မှထွက်ပြေးလာသော နတ်ဆိုးဂျင်ဆင်း လည်း ချက်ချင်းရပ်တန့်သွားသည်။ အကြောင်းမှာ ချိုင့်ဝှမ်းအနက်ပိုင်းကနေ သားရဲဟိန်းသံ များ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။ သိပ်မကြာလိုက်ဘဲ အနက်ရောင်အရိပ်များ လျင်မြန်စွာ ပြေးထွက်လာပြီး နတ်ဆိုးဂျင်ဆင်း ကို ဝိုင်းရံထားကြတော့သည်။ ၎င်းတို့၏ ပြင်းထန်သောအငွေ့အသက်များ ထွက်ပေါ်လာသည်။
စုစုပေါင်း နတ်ဆိုး (၅)ကောင်ပါ။ ပုံပန်းသဏ္ဍာန်က ကျားတွေလိုခန္ဓာကိုယ်များဖြစ်ကာ တစ်ကိုယ်လုံး မည်းနက်နေသည်။ သို့သော် နှာခေါင်း (နှာမောင်း)တွေကတော့ ရှည်လျားပြီး ချွန်ထွက်နေ၏။ ခြေ၊လက်လေးချောင်းက ဓားသွားတွေလိုပင်ဖြစ်သည်။ သူတို့၏ခန္ဓာကိုယ်ပေါ်မှာ အနီတစ်ဝက်အနက်တစ်ဝက်ချည်မျှင်များပေါ်လာပြီးနောက် ချိုင့်ဝှမ်းတစ်ခုလုံး သွေးညှီနံ့များလှိုင်လျက် လေထုပင်ဖိသိပ်ခံလိုက်ရသည်။
“ငါတို့တော့ သောက်ကျိုးနည်းပြီထင်တယ်။ ဒါ... ဒါတွေက မြေကမ္ဘာအဆင့် ငရဲနတ်ဆိုးဝံပုလွေတွေပဲ...”
Translated By NyiNyiSoe
...နဂါးနတ်ဘုရား (သွေးနဂါးလုံချန်)
ဘာသာပြန်သူ - ညီညီစိုး
အပိုင်း ၁၂ - အလစ်ဝင်ခိုး
နဂါးသွေးကြောနယ်ပယ် နတ်ဆိုးများကို အဆင့် (၉) ဆင့် ခွဲခြားထား၏။ ဤ မြေကမ္ဘာအဆင့် နတ်ဆိုးဝံပုလွေ ၅ ကောင်စလုံး အဝါရောင်အဆင့် (အဆင့် ၄) မှာရှိနေကြသည်။ တစ်နည်းဆိုရသော် တစ်ကောင်ချင်းစီဟာ လုံချန် ထက် ပိုပြီးတော့ကို သန်မာလေသည်။
လင်းရှီ ပြောသည့်စကားအရဆိုလျှင် လနတ်ဆိုးဝံပုလွေ ဟုခေါ်သည့့် နတ်ဆိုးများလည်းရှိနေပေသည်။ ၎င်းတို့ကျ အဆင့် (၉) ဆင့် စလုံးကို ကျော်လွန်သွားကာ အဆင့်မြင့်နတ်ဆိုးများဟု သတ်မှတ်ထားလေသည်။
“ဒီ နတ်ဆိုးဝံပုလွေ ငါးကောင်စလုံးက ငါ့ထက် ကိုသန်မာပေမယ့် ငါ့မှာ ကြယ်တာယာစစ်နတ်ဘုရားခန္ဓာကိုယ်ရှိတယ်။ သူတို့ထဲက တစ်ကောင်ကိုတိုက်ခိုက်ရရင်တော့ ငါ့မှာ သေချာပေါက် အခွင့်အရေးကျန်သေးတယ်။ ဒါပေမဲ့ သူတို့က ဝိုင်းဖွဲ့လိုက်လာမှာပဲ။ ဒါဆို ငါ ဒီနေရာမှာပဲ ထာဝရအိပ်စက်သွားရနိုင်တယ်”..
..
“ဒါပေမဲ့ ငါက အဲဒါတွေအားလုံးကို မစွန့်စားဘူးဆိုရင် မျိုးနွယ်စုတွေ့ဆုံပွဲမှာ သူတို့ကို ဘယ်လိုရင်ဆိုင်မလဲ”
“ကောင်းပြီ၊ သေတာက သူရဲဘောကြောင်တဲ့သူ ထက်ပိုကောင်းသေးတယ်”
လုံချန်၏မျက်လုံးတွေ အေးစက်သွားကာ ရှေ့ထွက်ရန်ပြင်သည်။ သို့သော် လင်းရှီက သူ့ကို အမြန်တားလိုက်ရင်း “အရူးကောင်၊ နင်သေချင်နေတာလား။ ဒီမှာ တခြားနတ်ဝိညာဉ်ဆေးပင်တွေ အများကြီးရှိတယ်။ နင့်အသက်ကို အလဟာသဖြုန်းပစ်လိုက်ရင် ဘာမှမရဘဲ ငရဲရောက်သွားလိမ့်မယ်”
လင်းရှီ က အလောတကြီးပြောလိုက်သည်။ လုံချန် လည်း သူမ၏စိုးရိမ်ပူပန်မှုအပြည့်စကားသံကြောင့် နွေးထွေးသွားမိသည်။ သူ့ဘဝတစ်လျှောက်လုံးမှာ ယခုလိုမျိုး ဂရုတစိုက်ဆက်ဆံမယ့်သူ မရှိသလောက်ကို ရှားပါသည်။ ထို့အပြင် သူတို့နှစ်ယောက် သိကျွမ်းလာတာ မကြာသေးပေ။ သို့သော် လင်းရှီ က သူ့အပေါ်မှာ စိတ်ရင်းမှန်ဖြင့် ဆက်ဆံနေသည်။
“ရှီအာ၊ မင်းက လူကောင်းပဲ။ စိတ်မပူပါနဲ့၊ ငါဘာမှ မဆင်မခြင်လုပ်မှာမဟုတ်ဘူး။ ငါ မင်းကို ကာကွယ်ဖို့ ကျန်သေးတယ်လေ” လုံချန် က ကြင်နာမှုအပြည့်ဖြင့် ပြန်ပြောလိုက်ပါသည်။
“ဟင့်အင်း၊ ငါက အမြဲတမ်း လူကောင်းတစ်ယောက်ပါ”
လင်းရှီ က ခေါင်းခါရင်း ချက်ချင်းပြန်ပြောသည်။
ဤအချိန်တွင် နတ်ဆိုးဝံပုလွေ ၅ ကောင်ဟာ နတ်ဆိုးဂျင်ဆင်းကို ဖမ်းယူရန်ပြင်နေကြသည်။ လင်းရှီ က အနည်းငယ်မျက်မှောင်ကြုတ်လျက် “ခဏနေ..... တခြားနတ်ဆိုးတွေပါ ရောက်လာကုန်ပြီ”
လုံချန် လည်း အံ့သြသွားမိသည်။ သို့သော် ရှေ့ကိုလှမ်းကြည့်လိုက်တော့ နတ်ဆိုးဝံပုလွေ ၅ ကောင်စလုံး အမွှေးအမျှင်များ ထောင်ထနေတာကို မြင်လိုက်ရသည်။ ထို့အပြင် ငါးကောင်စလုံး ချိုင့်ဝှမ်းဝင်ပေါက်ဆီသို့ လှည့်ကြည့်ကာ ဆွဲဆွဲငင်ငင်အူလိုက်ကြသည်။ သိပ်မကြာလိုက်၊ ချိုင့်ဝှမ်းအနက်ပိုင်း အမှောင်ထုထဲကနေ အလွန်ရှည်လျားသော ပုံရိပ်ကြီး တဖြည်းဖြည်း ထွက်လာသည်။
ပထမဦးဆုံး စူးရှတောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ လုံချန်၏ မျက်လုံးတွေ သိသိသာသာကို ကျဉ်းမြောင်းသွားသည်။ လရောင်ဖျော့ဖျော့ အောက်၌ အမည်မသိနတ်ဆိုး၏ပုံသဏ္ဍာန်က အပြည့်အဝ ပေါ်လာလေသည်။ ၎င်း၏ခန္ဓာကိုယ်ဟာ လစွမ်းအင်ဝါးမျိုခြင်း နတ်ဆိုးဝံပုလွေ လောက် မကြီးမားပေ။ တခြားနတ်ဆိုးတွေ ထက်တော့ အရွယ်အစားပိုကြီးလေသည်။ ၎င်း၏သားမွေးတွေဆီကနေ ကြယ်အလင်းရောင်များ တလက်လက်တောက်ပနေသည်။ သေချာကြည့်လိုက်ရင်တော့ ထိုအမည်မသိနတ်ဆိုးဟာ ကောင်းကင်ယံရှိ ကြယ်အလင်းစွမ်းအင်များအား စုပ်ယူနေတာကို သတိထားမိနိုင်မှာပါ။
“ဒါက အဝါရောင်အဆင့် (၅) အထွတ်အထိပ် မှာရှိတဲ့ ကြယ်တာယာနတ်ဆိုးဝံပုလွေပဲ။ ကျင့်ကြံဖို့အတွက် ကြယ်တာယာစွမ်းအင်တွေကို စုပ်ယူလေ့ရှိတယ်။ ပြီးတော့ သူတို့ရဲ့ခန္ဓာကိုယ်တွေက မွေးရာပါသန်မာတယ်”
လုံချန် တုန်လှုပ်နေစဉ် လင်းရှီ၏ရှင်းပြချက်က သူ့နားထဲ ပျံ့လွင့်လာသည်။
အမှန်တိုင်းပြောရရင်တော့ အဝါရောင်အဆင့် ၅ ကြယ်တာယာနတ်ဆိုးဝံပုလွေ က လုံချန် အတွက် ကိုင်တွယ်ရ ပိုခက်မှာ အသေအချာပင်။ လုံချန် တစ်ယောက် ပုန်းအောင်းနေရင်းဖြင့် အသက်ကိုဝဝမရှူရဲပေ။
ဤအတောအတွင်း ကြယ်တာယာနတ်ဆိုးဝံပုလွေ သည် နတ်ဆိုးဝံပုလွေ ၅ ကောင် ရှေ့ကို လျှောက်လာပြီး တိုးညှင်းစွာ အူလိုက်သည်။ညထို့နောက် ဒေါသထွက်နေသည့်အလား နတ်ဆိုးဝံပုလွေတွေကို ခုန်အုပ်လေသည်။
လုံချန် တို့နှစ်ယောက်လည်း အသက်ပြင်းပြင်းမရှူဝံ့ဘဲ တိတ်တဆိတ်စောင့်ကြည့်နေကြသည်။
သူတို့ မျှော်လင့်ထားသည့်အတိုင်း ကြယ်တာယာနတ်ဆိုးဝံပုလွေ၏ခန္ဓာကိုယ် အမှန်တကယ်သန်မာကြောင်း မြင်တွေ့ရသည်။ ခြေတစ်ချက် ခုန်လိုက်ရုံဖြင့် တောင်ပေါ်ရှိ ကျောက်တုံးများအားလုံး ကွဲကြေသွားသည်။ နတ်ဆိုးဝံပုလွေတွေ ကလည်း အစပိုင်းတုန်းကလို ကြောက်ရွံ့မှုမရှိကြတော့။ ဆွဲဆွဲငင်ငင်အူလျက် ကြယ်တာယာနတ်ဆိုးဝံပုလွေ ကို ခုန်အုပ်ကြသည်။
လင်းရှီ က ရုတ်တရက် ပြောခဲ့သည် “ငရဲနတ်ဆိုးလက်သည်း ။ ဒီသတ္တဝါမှာ တိုက်ခိုက်ရေးနည်းစနစ်တွေ ရှိတယ်။ တိုက်ခိုက်ပြီး ပြန်ဆုတ်တာ၊ ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတဲ့ အခြေခံ တိုက်ခိုက်ရေး နည်းစနစ်တွေက အစသိနေတယ်…”
သူတို့ ပြောနေချိန်မှာပဲ ကြယ်တာယာနတ်ဆိုးဝံပုလွေ၏ ခွန်အားက နတ်ဆိုးဝံပုလွေ ၅ ကောင်လုံးကို
လုံးလုံးလျားလျား ဖိနှိပ်ထားခဲ့သည်။ ငါးကောင် တစ်ကောင် ဖြစ်သည့်တိုင် ကြယ်တာယာနတ်ဆိုးဝံပုလွေ၏ ခွန်အားကို မယှဉ်နိုင်ခဲ့ပေ။ ၁၅ မိနစ်ခန့်အကြာမှာပဲ နတ်ဆိုးဝံပုလွေ ၅ ကောင်လုံး မြေပြင်ပေါ်ကို ပြုတ်ကျသွားတယ်။
ကြယ်တာယာနတ်ဆိုးဝံပုလွေဟာ နှာခေါင်းရှည်ကြီးကို တရှုံ့ရှုံ့လုပ်လျက် တုန်လှုပ်နေသော နတ်ဆိုးဂျင်ဆင်းပင် ရနံ့ကို ရှူရှိုက်လိုက်သည်။ စိတ်လှုပ်ရှားနေသလိုပဲ တစ်ချက် အူလိုက်သည်။ ထို့နောက် အပင်ကို ဖမ်းကိုင်လျက် ချိုင့်ဝှမ်းထဲသို့ ပြန်ပြီးခုန်ဝင်သွားပါတော့သည်။
“ဒီနတ်ဆိုးသားရဲက နတ်ဆိုးဂျင်ဆင်းပင်ကို သိမ်းယူသွားပြီ။ မြန်မြန်လိုက်၊ ငါတို့ မရရအောင် လုယူရမယ်”
နဂိုကြောက်တတ်သော လင်းရှီ က ကြယ်တာယာနတ်ဆိုးဝံပုလွေ နောက်လိုက်သွားဖို့ပြောလာခဲ့သည်။ လုံချန် လည်း မငြင်းခဲ့ပေ။ သို့သော် ချက်ချင်း ပြေးလိုက်မသွားဘဲ မြေပြင်ပေါ်မှာ လဲကျနေသော နတ်ဆိုးဝံပုလွေ ၅ ကောင်၏ အလောင်းများ ဆီသို့ အရင်ဆုံးလျှောက်သွားလိုက်သည်။ ထို့နောက် သားရဲအမြုတေတွေ ထုတ်ယူလိုက်ပါသည်။
“ဒီသားရဲအမြုတေတွေကို နတ်ရတနာတွေနဲ့ လဲလှယ်လို့ရတယ်” လုံချန် က သားရဲအမြုတေများကို သိမ်းရင်းပြောလိုက်သည်။
“နင်က တော်တော်လေး လောဘကြီးတာပဲ။ ကောင်းပြီ။ အခု မြန်မြန် ပြေးလိုက်။ ဒါပေမဲ့ နင့်ကို သတိမထားမိစေနဲ့။ မဟုတ်ရင် ချက်ချင်းအသတ်ခံရလိမ့်မယ်”
“ရှီအာ၊ မင်းငါ့ကို လိုက်သွားခိုင်းနေတာလား။ အဲဒီသတ္တဝါက နတ်ဆိုးဂျင်ဆင်း ကို အပိုင်သိမ်းသွားပြီလေ။ ငါတို့ ဘာမှ မရနိုင်ဘူး”
လင်းရှီ က အလောတကြီးနဲ့ ပြန်ပြောသည် “အဲဒါက နတ်ဆိုးဂျင်ဆင်း ကို တမင်ဖြုန်းတီးလိုက်တာပဲ။ နတ်ဆိုးသားရဲအများစုက သူတို့ရှာတဲ့ ဝိညာဉ်ဆေးပင်တွေကို အစားအစာအဖြစ်ပဲ သုံးကြတာ။ အဲဒါတွေကို ဘယ်လို သန့်စင်ရမလဲဆိုတာ မသိကြဘူး။ ဒီတော့ စားရုံလောက်နဲ့က အမှိုက်လိုပဲ။ ကြယ်တာယာနတ်ဆိုးဝံပုလွေက ဒီချိုင့်ဝှမ်းရဲ့ ဘုရင်ဖြစ်နိုင်တယ်။ ဒါဆို သူနေတဲ့ ဂူ ထဲမှာ အဖိုးတန်ရတနာတွေ သေချာပေါက်ရှိလိမ့်မယ်။ ငါတို့က သူနေတဲ့ ဂူကို လိုက်ရှာရလိမ့်မယ်”
လုံချန် လည်း မငြင်းတော့ပေ။ သူ့ကိုယ်သူ ဖုံးကွယ်လျက် ကြယ်တာယာနတ်ဆိုးဝံပုလွေ နောက်မှ တိတ်တဆိတ် လိုက်သွားခဲ့သည်။
၁ နာရီနီးပါးကြာပြီးနောက်တွင် ကြယ်တာယာနတ်ဆိုးဝံပုလွေ ဟာ အတော်အတန်ကြီးမားသော လှိုဏ်ဂူရှေ့မှာ ရပ်တန့်သွားခဲ့သည်။ ထို့နောက် ဂူ ထဲသို့ ရိပ်ခနဲ ပြေးဝင်သွားသည်။ တစ်ဖက်တွင် လုံချန် ကတော့ ဂူအပြင်ဖက်ရှိ ကျောက်တုံးကြီးတစ်ခု၏ နောက်ကွယ်ကနေ စောင့်ကြည့်နေသည်။
“ရှီအာ၊ ငါတို့ အခု ဘာလုပ်သင့်လဲ” လုံချန် က လင်းရှီ ကို မေးလိုက်သည်။
လင်းရှီ က ပုံမှန်လေသံဖြင့် “ခဏတော့ စောင့်ပါဦး။ ငါ့မှာ အစီအစဉ်ရှိတယ်”
ဒီကလေးမက ဘယ်လိုလှည့်ကွက်တွေ ကစားဦးမှာလဲ...
လုံချန် က လင်းရှီကို ဂရုစိုက်မနေတော့ဘဲ ဂူကို အာရုံစိုက်နေခဲ့သည်။ ခဏအကြာတွင်တော့ ကြယ်တာယာနတ်ဆိုးဝံပုလွေဟာ ဂူ ထဲမှ ပြန်ထွက်လာ၏။ လုံချန် လည်း ချက်ချင်း အသက်အောင့်ကာ မလှုပ်ရှားဝံ့တော့ပေ။ သို့သော် သူသည် ပို၍ စိတ်လှုပ်ရှားလာသည်။
ကြယ်တာယာနတ်ဆိုးဝံပုလွေ ဟာ ထွက်မသွားခင် လှိုဏ်ဂူကို ခဏကြာအောင်စောင့်ကြည့်ပြီးနောက် ထွက်သွားခဲ့သည်။
ဤအချိန်တွင် လင်းရှီ က အလျင်စလိုပြောလိုက်သည် “ငါမျှော်လင့်ထားသလိုပဲ။ ကောင်လေး လုံ၊ သူ့ဂူထဲကို မြန်မြန်ဝင်လိုက်။ အဲဒီထဲမှာ ကောင်းတာတစ်ခုတော့ ရှိရမယ်”
လုံချန် လည်း တုံ့ဆိုင်းမနေပါ။ ဂူထဲသို့ ပြေးဝင်သွားသည်။ ဂူအတွင်းပိုင်းသည် မည်းမှောင်နေကာ လေထဲမှာလည်း အနံ့ဆိုးများ အပြည့် လွင့်နေလေသည်။
“တကယ်ကို ကြယ်တာယာနတ်ဆိုးဝံပုလွေ နေတဲ့ ဂူ ဖြစ်နေတာပဲ “
နတ်ဆိုးမစင်များ၏ ဆိုးဆိုးဝါးဝါး အနံ့အသက်များ
ပျံ့နေသော်လည်း မွှေးကြိုင်နေသည့် ရနံ့တစ်မျိုးပါ ထွက်လာသည်။ လုံချန် က ဂူ ထောင့်နေရာတစ်ခုသို့အမြန်ပြေးသွားလိုက်သည်။ သိပ်မကြာလိုက်ပေ၊ သူ့မျက်လုံးတွေ ပြူးကျယ်သွားသည်။
“နတ်ဆိုးဂျင်ဆင်းရိုးတံ နှစ်ခုတောင်ရှိနေတယ်။ လုံချန်၊ နင်က လူမိုက်ကံကောင်းပဲ။ တွေဝေမနေနဲ့တော့။ ဒီအရာတွေကို မြန်မြန်စုဆောင်းလိုက်”
လင်းရှီ ပြောစကားပင်မဆုံးသေး၊ နတ်ဆိုးဂျင်ဆင်းအရိုးတံနှစ်ချောင်းစလုံး လုံချန်၏သိူလှောင်လက်စွပ်ထဲမှာ ရောက်နေလေပြီ။ သို့သော် ရုတ်တရက်ဆိုသလိုပဲ သူ့စိတ်ထဲမှာ ဆိုးရွားသောခံစားချက်တစ်ခု ပေါ်လာလေသည်။
“အင်း ငါမေ့သွားတယ်။ နတ်ဆိုးဂျင်ဆင်းက တကယ်တော့ ထွက်ပြေးချင်နေတာ။ အဲဒီသတ္တဝါက အစီအရင်နဲ့ စည်းချထားတယ်။ အခုလောက်ဆို နင်ယူသွားပြီဆိုတာ သိလောက်ပြီ”
“သောက်ကျိုးနည်း.... မင်း ဘာလို့ စောစောက မပြောတာလဲ။ မင်းကြောင့် ငါအသတ်ခံရတော့မယ်”
ထားပါ။ ဒါကို ပြောနေဖို့အချိန်မရှိဘူး။ ယူသင့်တာယူပြီး ပြေးရမှာပဲ....
ပြောပြီးသည်နှင့် လုံချန် ဟာ အနားတွေ့သမျှ ပစ္စည်းတွေကို သိမ်းကြုံးယူပြီး ဂူအပြင်ဖက် ပြေးထွက်သွားသည်။
အပြင်ဖက် ရောက်လာသည်နှင့် မလှမ်းမကမ်းကနေ ဒေါသတကြီး အူသံကို ယောင်ဝါးဝါးကြားလိုက်ရသည်။ လုံချန်၏နှလုံးသားတစ်ခုလုံး အေးခဲသွားသည်။
“ဟိုဖက်ကို ပြေး....” လင်းရှီ က အခြားတစ်ဖက်ကို ချက်ချင်းညွှန်ပြသည်။
လုံချန် က ထိုလမ်းကြောင်းအတိုင်း ကမန်းကတန်း ပြေးထွက်သွားခဲ့သည်။ ထွက်ပြေးနေရင်း သူ့နောက်ကနေ လေးလံသောအရှိန်အဝါများ တရွေ့ရွေ့နီးကပ်လာတာကို ခံစားမိသည်။
သူ့စိတ်ထဲမှာလည်း ဒေါပွသွားကာ “ဒီတစ်ခါ ငါသေရင် မင်းကို ဒီဓားထဲကနေ ဆွဲထုတ်ပြီး အဓမ္မကျင့်ပစ်မယ်”
“အီး...ဟီးး... ဟီးးး ...ငါ...တကယ်ကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ဘူး။ ဘာမှ မမှတ်မိတော့ဘူး.....”
Translated By NyiNyiSoe