အခန်း (၁၉-၂၁)
Vol. 2 Ch. 19-21
..နဂါးနတ်ဘုရား (သွေးနဂါးလုံချန်)
ဘာသာပြန်သူ - ညီညီစိုး
အပိုင်း 19 - ဝိညာဉ်အားဖြည့်ဆေး
“အဇူရာနဂါးတံဆိပ်တော်...”
လုံချန် သည် ကုတင်ပေါ်၌ ထိုင်နေရင်း စိတ်ပင်ပန်းလာသည်အထိ နတ်နဂါးတံဆိပ်တော် ကို အကြိမ်ကြိမ်လှန်ကြည့်လိုက်သည်။ ထို့နောက်မှသာ နတ်နဂါးတံဆိပ်တော် ကို အိပ်ယာဘေးမှာ ချထားလိုက်သည်။
“ဒါက အဆင့်မြင့်နည်းစနစ်တစ်ခုပဲ။ ယန် မိသားစုမှာတောင် လူအနည်းစုလောက်ပဲ လေ့ကျင့်ခွင့်ရကြတယ်။ ဒါကြောင့် ဒီရှေးဟောင်းနည်းစနစ် ကိုသေချာကြည့်ရင် မူရင်းကို ပုံတူပွားထားတာဖြစ်သင့်တယ်။ ဒါပေမယ်လို့ အဖေပြောခဲ့တာက လျှို့ဝှက်ချက်ရှိတယ်ဆိုပဲ၊ ဒီအထဲမှာ နတ်နဂါးစစ်သည်တော် ဖြစ်လာဖို့အဓိကလျှို့ဝှက်ချက်ရှိနေတယ်။ ဒါဆို ငါဘာလို့ ရှာမတွေ့တာလဲ”
လုံချန် သည် ကုတင်ပေါ်တွင် လှဲလျောင်းရင်း ပြတင်းပေါက်မှတစ်ဆင့် အပြင်ဖက်ဆီသို့ ကြောင်တက်တက်ဖြင့် ငေးစိုက်ကြည့်နေသည်။
“ဒါက ဘယ်လိုအမှိုက်နည်းစနစ်လဲ။ အဆင့်မြင့်နည်းစနစ်လေးတစ်ခုပဲ မဟုတ်ဘူးလား။ ဘယ်လိုလုပ်လျှို့ဝှက်ချက်ရှိနိုင်မလဲ။ ယန် မိသားစုရဲ့ အဖွဲ့ဝင်တိုင်းလိုလိုက ဒီလျှို့ဝှက်တံဆိပ်ကို မြင်ဖူးထားကြတာပဲလေ။ တကယ်လို့သာ အဓိကလျှို့ဝှက်ချက်ကြီး တစ်ခုရှိခဲ့ရင် ယန် မိသားစုကလူတိုင်းသင်ယူပြီးသွားလောက်ပြီ…”
လုံချန် သည် တွေးနေရင်း အနည်းငယ် စိတ်ဓာတ်ကျသွားသည်။
“တစ်ခုခုတော့မှားနေပြီ” လုံချန် သည် ကုတင်ပေါ်ကနေ စိတ်လှုပ်ရှားစွာ ထထိုင်လိုက်သည်။
သူ့အတွေးက “ဘာဖြစ်လို့လဲဆိုတာ ငါသိပြီ။ ယန် မိသားစုထဲက လူတော်တော်များများ ဒီလျှို့ဝှက်ချက်ကို ရှာမတွေ့တာက ရှာဖို့မလွယ်လို့ပဲ။ အဖေက ဒီလျှို့ဝှက်တံဆိပ်ကို မရရအောင်ယူခိုင်းတာဆိုတော့ ငါအလုပ်ကြိုးစားရင် သေချာပေါက် သိနိုင်လိမ့်မယ်”
လုံချန် သည် နတ်နဂါးတံဆိပ် ကို ထပ်မံကောက်ယူပြီး လှပသော ရှေးဟောင်း လက်ရေးစာကြောင်းများကို တစ်ချက်ကြည့်လိုက်သည်။ အချိန်တော်တော်ကြာသည်အထိ စိုက်ကြည့်နေသည့်တိုင်အောင် ဘာထူးခြားမှုကိုမျှ ရှာမတွေ့ခဲ့ပေ။
“ငါက အဆင့် ၅ ကို ရောက်နေပြီ၊ ဒါပေမဲ့ ကြယ်တာယာစစ်နတ်ဘုကားခန္ဓာကိုယ် နဲ့ဆိုရင် သာမန် အဆင့် ၆ ပညာရှင်တွေကို ထည့်တွက်နေစရာမလိုတော့ဘူး။ ဒီနတ်နဂါးတံဆိပ် ကိုလေ့ကျင့်နိုင်ရင်တော့ ပိုကောင်းမယ်။ ကံဆိုးလိုက်တာ၊ ငါ့ကြယ်တာယာစစ်နတ်ဘုရားခန္ဓာကိုယ်က အဝါရောင်အလယ်အလတ်အဆင့်ပဲရှိတော့ အဆင့် ၇ ပညာရှင်တွေကို ဘယ်လိုမှ ယှဉ်လို့မရဘူး”
“သားရဲအမဲလိုက်ပြိုင်ပွဲကလည်း သိပ်မကြာတော့ဘူး၊ စတော့မယ်။ ဟိုခွေးကောင် ပိုင်ရှီဂျီး က ငါ့ကို သတ်ချင်နေတာအသိသာကြီးပဲ။ အဲဒီမတိုင်ခင် ငါ့ကိုယ်ငါ သန်မာလာအောင်လုပ်ရမယ်။ မဟုတ်ရင်တော့ အလောင်းတောင်မကျန်ဘဲ အသတ်ခံရမှာသေချာတယ်”
လုံချန် သည် ပိုင်ရှီဂျီး အပါအဝင် ပိုင် မိသားစု၏လူငယ်မျိုးဆက်များအကြောင်းကို စဉ်းစားရင်း လေးနက်စွာ မျက်မှောင်ကြုတ်လိုက်သည်။
သူ့ကိုယ်သူ ကောင်းကောင်းသိနေလို့ပါ။ လက်ရှိသူ့ခွန်အားက အဆင့် ၆ ပညာရှင်ကို ထည့်တွက်စရာမလိုပေ။ သို့ပါသော်လည်း အဆင့် ၇ ပညာရှင်ကို ရင်ဆိုင်ရလျှင်တော့ မျှော်လင့်ချက်မရှိပေ။
နဂါးသွေးကြောနယ်ပယ် ကို အဆင့် (၉) ဆင့် ခွဲခြားထား၏။ အဆင့် ၁ ကနေ အဆင့် ၆ အထိ ပထမခြောက်ဆင့်ကို ကနဦးအဆင့် နဂါးသွေးကြောနယ်ပယ် ဟု ခေါ်ဆိုကြသည်။ ကနဦးအဆင့် နဂါးသွေးကြေားများသည် ခိုင်မာသိပ်သည်းခြင်းမရှိပေ၊ တစ်နည်းအားဖြင့်တော့ ထိုအဆင့် ပညာရှင်များ ထုတ်လွှတ်နိုင်သည့် ချီစွမ်းအင်ပမာဏကို ကန့်သတ်ထားသည်။
အဆင့် ၆ မှ အဆင့် ၇ နဂါးသွေးကြောသည် ရေဝေရေလဲကဲ့သို့ဖြစ်သည်။ အဆင့် ၇ အထက်ရှိ နဂါးသွေးကြောနယ်ပယ် ကိုတော့ လူသားအဆင့်၊ မြေနဂါးအဆင့်နှင့် ကောင်းကင်နဂါးသွေးကြောများဟု လူသိများသည်။ ထိုအဆင့် နဂါးသွေးကြောများဟာ အဆင့် ၇ အောက် နဂါးသွေးကြောများထက် ၂ ဆပိုခိုင်မာပြီးရှည်လျားလေသည်။ ကောင်းကင်အဆင့် နဂါးသွေးကြောသည် လူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရွေ့လျားသည်။ ၎င်း၏အရွယ်အစားက အခြားသော နဂါးသွေးကြောများ ပေါင်းစပ်ထားသည့်အတိုင်း ရှည်လျားသည် ။
ထို့ကြောင့် လုံချန် လည်း အထွတ်အထိပ် နဂါးသွေးကြောနယ်ပယ်အထိ ကျင့်ကြံဖို့ မည်မျှခက်ခဲနိုင်မှန်း သိထားသည်။ ၎င်းသည် အဆင့် ၉ နဂါးသွေးကြောနယ်ပယ် ပညာရှင်များ ရှားပါးရသည့်အဓိကအကြောင်းအရင်းလည်း ဖြစ်နေသေး၏။
အဆင့် ၇ ပညာရှင် နှင့် လက်ရှိလုံချန်၏ အကြီးမားဆုံးကွာခြားချက်မှာ အဆင့် ၇ သည် အဆင့် ၆ ထက် ချီစွမ်းအင် ၁၀ ဆ ပိုပြီးသိပ်သည်းလို့ပင်။ တစ်နည်းပြောရရင်တော့ ကနဦးအဆင့်ချင်း တူသော်လည်း ပိုင်ရှီဂျီး၏ခွန်အားက လုံချန် ထက် အဆ ၃၀ လောက်ပိုပြီးသိပ်သည်းပေသည်။
“ဒါပေမဲ့…”
“ဒီပိုင်ရှီဂျီး က ပိုင်ကျန်းရှောင် ရဲ့သားပဲ့။ သူ့သားဆိုရင် ငါလုံချန်က သူ့ထက် ပိုသန်မာနေရမယ်။ အဲဒီ့မိန်းမကို တကယ့်အမှိုက်က ဘယ်သူလဲဆိုတာ သိသွားအောင် ငါလုပ်ပေးလိုက်မယ်”
ထိုကဲ့သို့ ထီမထင်သလို ပြောလိုက်သော်လည်း သူ့နှလုံးသားထဲတွင် ပြင်းထန်သော ဖိအားများ ရှိနေသေးသည်။ အနည်းဆုံးတော့ သူ့လက်ထဲက နတ်နဂါးတံဆိပ် ကို ယခုထိလေ့ကျင့်လို့မရသေးပေ။ အကယ်၍ နတ်နဂါးတံဆိပ်၏လျှို့ဝှက်ချက်ကို မဖော်ထုတ်နိုင်ပါက သူ့တစ်သက်လုံး ပရမ်းပတာဖြစ်သွားနိုင်သည်။
“နတ်နဂါးစစ်သည်တော် (နတ်နဂါးအရှင်)၊ ဒီအရာကဘာလဲ။ တကယ်ဆို အဖေက ဒီတည်ရှိမှုတွေ ပျောက်ကွယ်သွားခဲ့တာ ကြာခဲ့ပြီလို့ ပြောခဲ့တာမဟုတ်လား။အခုလက်ရှိမှာ တုနှိုင်းမရအောင် လျှို့ဝှက်ဆန်းကြယ်တဲ့ သားရဲကျင့်ကြံသူတွေ နဲ့ သိုင်းပညာလမ်းစဉ်ကျင့်ကြံသူတွေလောက်ပဲ ကြားဖူးတော့မယ်။ ဒီနတ်နဂါးစစ်သည်တော်တွေ အကြောင်းတော့ တစ်ခါမှ မကြားဖူးဘူး…”
“ဒါပေမဲ့....၊ အဖေနဲ့ လင်းရှီ တို့က ငါတို့အခုနေတဲ့ လောကကြီးကို နဂါးစတေးခံတိုက်ကြီး လို့ပြောနေကြတယ်။ ပြီးတော့ ဒဏ္ဍာရီတွေအရ ငါတို့လူသားမျိုးနွယ်ဟာ ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နိုင်၊ ကမ္ဘာလောကကြီးကို ချေမွဖျက်ဆီးနိုင်တဲ့ ရှေးဟောင်းနတ်နဂါးမျိုးနွယ်ရဲ့ မျိုးဆက်တွေလို့လည်းကြားဖူးထားတယ်။ ဒါ့ကြောင့် လူသားတွေဟာ ရှေးဟောင်းဒဏ္ဍာရီထဲက နတ်နဂါးတွေနဲ့ ခွဲလို့မရတဲ့ ဆက်ဆံရေးရှိနေတာပဲ”
တွေးနေရင်း သူ့လက်ထဲက နတ်နဂါးတံဆိပ်ကို ပြန်ကြည့်လိုက်သည်။
“အဖေက ဒီလျှို့ဝှက်တံဆိပ်ကို ရအောင်ယူခိုင်းပေမယ့် လျှို့ဝှက်ချက်ကို ဘယ်လိုရှာရမယ်ဆိုတာ မပြောခဲ့ဘူး။ ငါ့ရဲ့ကြိုးစားအားထုတ်မှုတွေကိုပဲ အားကိုးရလိမ့်မယ်။ ဒါပေမဲ့ လင်းရှီ သာ ဒီမှာရှိနေရင်.....၊ ဒီကလေးမလေးရဲ့ နောက်ခံက တော်တော်လေး လျှို့ဝှက်ဆန်းကြယ်တယ်။ ဒီတော့ သူမက ဗဟုသုတကြွယ်ဝမှာကျိန်းသေပဲ။ ကောင်းပြီ၊ ဒီလျှို့ဝှက်ချက်ကို သူမ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်”
လုံချန် သည် သက်ပြင်းချလိုက်ပြီး ကုတင်ပေါ် လှဲချလိုက်သည်။ နတ်နဂါးတံဆိပ် ကိုတော့ သူ့အိပ်ယာခေါင်းရင်းနား ချထားလိုက်၏။
“ဘာတွေဖြစ်နေတာလဲ”
လုံချန် သည် သူ့အသိစိတ်ပင်လယ်ထဲရှိ လျှို့ဝှက်ဆန်းကြယ်သော နဂါးကျောက်စိမ်းဆွဲသီးမှ ရုတ်တရက်တုန်ခါသွားသည်ကို ခံစားလိုက်ရပါသည်။
ဤအချိန်တွင် လုံချန်၏နားထဲ၌ တိုးညှင်းသောအသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသည်။ အသံပိုင်ရှင်သည် အတော်လေး အားနည်းနေပုံရ၏။
အသံက “ဒီနတ်နဂါးတံဆိပ်မှာ အစီအရင်တစ်ခုရှိနေတယ်” ဟူ၍ပင် ။
စကားပြောလိုက်သူက လင်းရှီ ပါ။ လက်ရှိမှာ လင်းရှီနတ်ဓား သည် နားတောင်းအရွယ်အစားဖြစ်နေခဲ့သည်။ အသံလေးက သိသိသာသာတိုးညှင်းနေကာ အလွန်အမင်းအားနည်းသွားပုံရ၏။ သို့သော် လုံချန် သည် ကောင်းကောင်းကြားနိုင်တုန်းပါ။
လင်းရှီ ၏အသံကိုကြားလိုက်ရသည်နှင့် နောက်ဆုံးတွင် လုံချန်၏စိတ်ထဲမှ စိုးရိမ်ပူပန်မှုများ အနည်းငယ်လျော့ပါးသွားသည်။ သို့သော်လည်း လင်းရှီအသံကိုနားထောင်ရင်းဖြင့် အားနည်းနေသေးကြောင်းသိသာလေသည်။ လင်းရှီ က ဝိညာဉ်ခန္ဓာကိုယ်ဖြစ်နေသည့်အတွက် ချက်ချင်းပြန်ကောင်းမလာနိုင်မှန်း သိနေသည်။ လုံချန် က ကမန်းကတန်းပြောလိုက်၏ “ရှီအာ၊ မင်း အခုအဆင်ပြေလား။ ဒီတစ်ခါ စိတ်ထင်တိုင်းလုပ်ခဲ့မိတဲ့ ငါ့အပြစ်ပါ။ နောင်မှာ ဒီလိုမျိုး ထပ်မဖြစ်စေရဘူး။ ဒါ့ပြင် မင်းလည်း နောက်အခါတွေ ထပ်ပြီးမကူညီနဲ့တော့။ မင်းပုံစံကြည့်ရတာ အရမ်းအားနည်းလာတယ်…”
“ကိစ္စမရှိပါဘူး…” လင်းရှီ က ခေါင်းခါပြသည်။
လုံချန် သည် အနည်းငယ် စိတ်တိုသွားသော်လည်း သူ့ကိုယ်သူထိန်းလိုက်ရင်း ပြန်ပြောလိုက်သည် “ဘာကိုကိစ္စမရှိပါဘူးလဲ။ နောင်မှာ ငါ့ကိစ္စတွေကို ဝင်မပါနဲ့။ ငါ အသတ်ခံရရင် ငါသေသင့်လို့ပဲ။ ဒါပေမဲ့ မင်းငါ့ကြောင့်သေရင် ငါလုံချန် ဘဝတစ်လျှောက်လုံး အပြစ်သားဖြစ်နေလိမ့်မယ်“
“ကဲပြော၊ အခြေအနေက ဘယ်လိုလဲ”
လုံချန်၏ ဒေါသထွက်နေသောပုံစံကြောင့် လင်းရှီ လည်း ကြောက်လန့်ကာ အနည်းငယ် ငြိမ်သွားခဲ့သည်။ “ငါ့ဝိညာဉ်ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီ၊ အခု ငါ့ပတ်ပတ်လည်မှာ အမှောင်ထုတွေပဲ ရှိတော့တယ်။ ငါ့ရဲ့ လက်ရှိအသိစိတ်က အရင်မူလစိတ်ဝိညာဉ်ရဲ့ စွမ်းနဲ့ ထိန်းသိမ်းထားရတယ်။ အရင်ကလို ခွန်အားမျိုး ထပ်မထုတ်နိုင်တော့ဘူး။ ဒါ့အပြင် ငါ့ရဲ့ ဝိညာဉ်က ပါးလွှနေပြီ။ နောက်ရက်အနည်းငယ်အတွင်းမှာ ငါ့ဝိညာဉ်ကို အားဖြည့်ဖို့ ဆေးမရှိဘူးဆိုရင်၊ ငါ…”
လုံချန် သည် ဒေါသတကြီးလေသံဖြင့် အော်ငေါက်လိုက်သည် “မင်းဘာလို့ စောစောက မပြောခဲ့တာလဲ”
လင်းရှီ က တိုးညှင်းစွာ ငိုရှိုက်ရင်း “နင်ငါ့ကို ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ။ ငါ အခုမှ နိုးလာတာ မဟုတ်ဘူးလား။ ဒါ့ထက် ငါ နောက်ဆုံး တစ်ကြိမ်မလုပ်ရင် နင် သေသွားလိမ့်မယ်၊ ငါ ဘယ်လိုလုပ် ပြောချိန်ရမှာလဲ…”
ထိုမှသာ လုံချန်၏ ဒေါသစိတ်တွေ တည်ငြိမ်သွားခဲ့သည်။ သူက ခဏလောက် တိတ်ဆိတ်သွားပြီး “ရှီအာ၊ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ယောက်ျားတစ်ယောက်အနေနဲ့ ဒီလိုအခြေအနေမျိုး ထပ်အဖြစ်မခံစေချင်ဘူး။ မင်းရဲ့စိတ်ဝိညာဉ်ကို အားပြန်ဖြည့်ဖို့ နဲ့ပတ်သက်ရင် ငါအခုအပြင်ထွက်ပြီး ရှာလိုက်မယ်”
လင်းရှီ က သူ့ကို ကယ်တင်ရန် ကိုယ့်ကိုယ်ကို စတေးလုနီးပါးပင်။ လုံချန် သည် သူ့စိတ်ထဲမှ ခံစားချက်ကိုမပြောတတ်သော်လည်း လင်းရှီဟာ သူ့အတွက် အရေးကြီးဆုံးဟု သတ်မှတ်ထား၏။
ခဏအကြာတွင် နတ်နဂါးတံဆိပ်ကို ရင်ဘတ်ထဲထည့်ကာ အပြင်သို့ ထွက်သွားသည်။ သူသည် ကျင့်ကြံသူတွေအတွက် လိုအပ်သည့် အားဖြည့်ဆေးများကို ဘာတစ်ခုမှမသိခဲ့ပေ။ ယန်မိသားစု ကတော့ သေချာပေါက် သိနိုင်ပေမည်။ လောလောဆယ် ယန် မိသားစုမှာ ယန်လင်ချင်း သာလျှင် သူနှင့် အရင်းနှီးဆုံးဖြစ်နေသည့်အတွက် သွားရှာဖို့ ဆုံးဖြတ်လိုက်သည်။
“စိတ်ဝိညာဉ်ကို အားဖြည့်ပေးတဲ့ဆေးက ရှာရမလွယ်ဘူး၊ ယေဘုယျအားဖြင့်တော့ သူတို့က တန်ကြေးအရမ်းကြီးတယ်။ လုံချန်၊ ပိုစျေးကြီးတယ်။ ငါနင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာပြီလား”
“ဘာတွေ မဟုတ်တာလျှောက်ပြောနေတာလဲ။ မင်းငါ့အသက်ကို ကယ်ခဲ့တယ်၊ မင်းအတွက် ငါပြန်ပြီးကူညီတယ်။ ဒါက ဘယ်လို ဝန်ထုပ်ဝန်ပိုးဖြစ်ရမှာလဲ။ မင်းစိတ်မကောင်းဘူးလား “
လုံချန်၏စကားလုံးများ ကြမ်းတမ်းနေသော်လည်း သူ့လေသံထဲမှ လေးနက်သော စိုးရိမ်ပူပန်မှုကြောင့် လင်းရှီဟာ ကြည်နူးသွားမိသည်။
“ဟုတ်တယ်၊ နတ်နဂါးတံဆိပ် မှာ အစီအရင်ရှိတယ်။ အဲဒါက ဘာလဲ၊ မင်းဖြေရှင်းနိုင်ပါ့မလား”
ယခင်က လင်ရှီးအတွက်ကြောင့် ဤအရေးကြီးကိစ္စအား သူ မေ့သွားခဲ့သည်။ ယခုတော့ ပြန်တွေးမိပြီး မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။
“ငါ့ရဲ့ လက်ရှိ စိတ်ဝိညာဉ်ခွန်အားက ဒီအစီအရင်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ မလုံလောက်ဘူး၊ ဒါပေမဲ့ စိတ်ဝိညာဉ်အားဖြည့်ဆေးရနိုင်ရင် အဲဒါကို စမ်းကြည့်နိုင်မယ်လို့ ငါထင်ပါတယ်”
လုံချန် က ဝမ်းသာအားရနဲ့ ပြောလိုက်သည် “ရှီအာ ၊ မင်းတကယ် အရည်အချင်းရှိတယ်။ မင်း သာ လူသားခန္ဓာကိုယ်ပြန်ရခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ငါ မင်းကို ဆုလာဘ်အနေနဲ့ အနမ်းပေးနိုင်တယ်”
ထိုစကားပြောပြီးနောက် လုံချန် က ရယ်မောလိုက်သည်။
“ဟမ်.... နင်က အိပ်မက်ပဲမက်နေလိုက်။ ငန်းအသားကို စားချင်နေတဲဲ့ ဖြူးတစ်ကောင်ပဲ။ ဒါပေမဲ့ အစီအရင်ကို ဖြေရှင်းချင်တယ်ဆိုရင်တော့ ဝိညာဉ်အားဖြည့်ဆေး နည်းနည်းပိုလိုအပ်သေးတယ်။ ငါကအစားကြီးတယ်လေ၊ နင် အနာဂတ်မှာ ဘာမဆို ကူညီချင်တယ် ဆိုရင် အရမ်း ရိုးရှင်းတယ်၊ ငါ့အတွက် အားဖြည့်ဆေးတွေများများသာရှာပေး”
“ကောင်းပြီ...” လုံချန် က ရယ်မောရင်းခေါင်းညိတ်လိုက်သည်။
သို့သော် ရုတ်တရက် “ကျော်ကြားခြင်းမြို့လို သေးငယ်တဲ့ နေရာလေးမှာ စိတ်ဝိညာဉ်အားဖြည့်ဆေးရှိနိုင်မှာလား...” သူ့စိတ်ထဲမှာ အနည်းငယ်စိုးရိမ်နေမိသည်။
ယန် အိမ်တော်ထဲ၌ လမ်းလျှောက်လာရင်း အစောင့်များနှင့် အိမ်ဖော်များက သူ့ကို မြင်လိုက်သောအခါ ပြုံးပြကြသည်။ အားလုံးက သူ့ကို ပြုံးပြနေကြသော်လည်း အပြုံးများသည် ငိုသည်ထက် ပိုရုပ်ဆိုးနေပုံရသည်။
မိသားစုတွေ့ဆုံပွဲတုန်းက လုံချန်၏ စွမ်းဆောင်မှုသည် သူ့အား ယန် မိသားစုတွင် အဆင့်တစ်ခုအထိ မြှင့်တင်ပေးခဲ့သည်။ မည်သူမျှ မလေးမစား မလုပ်ရဲကြတော့ပေ။
ဤအတောအတွင်း လူအုပ်ထဲရှိ ယန်ဝူ သည် မြင်ကွင်းတစ်ခုလုံးကို စောင့်ကြည့်နေခဲ့ပြီး မျက်လုံးများ တဖြည်းဖြည်း မှေးကျဉ်းသွားခဲ့သည်။
“ယွဲ့အာ ရမယ့်အပိုင်ပစ္စည်းကို ဒီအမှိုက်က သိမ်းသွားတာပဲ။ ကောင်းလိုက်တာ၊ မင်းရဲ့ မောက်မာတဲ့အမူအကျင့်နဲ့ဆို ဘယ်လောက်ကြာကြာ ဂုဏ်ယူနိုင်မလဲ စောင့်ကြည့်နေမယ်”
အမှန်တော့ လုံချန် သည် ယန်ဝူကို သတိပြုမိသည်။ သို့သော် အာရုံစိုက်ရမှာ ပျင်းရိနေသည့်အတွက် လှည့်ပင်မကြည့်ခဲ့ပေ။
“ရှီအာ၊ အဲဒီလူက ငါ့ကို သူ့မျက်လုံးထဲမှာ ဖုံးကွယ်ထားတဲ့ ခါးသီးမှုတွေနဲ့ ကြည့်နေတာကို မင်းမြင်လား”
“ငါမြင်တယ်၊ ဒါပေမဲ့ ခါးသီးပုံမပေါ်သလိုပဲ”
“အမှန်တရားကို မင်းမသိဘူး၊ တကယ်တော့ သူက မိန်းမစိုးလေ။ ငါနဲ့ တိတ်တိတ်ပုန်း ချစ်ကြိုက်နေတာကြာပြီ၊ ဒါပေမဲ့ ငါတို့ နှစ်ယောက်စလုံးက ယောက်ျားတွေဆိုတော့ အကျယ်ကြီး မပြောဝံ့ဘူး။ သူ့ခံစားချက်တွေ....၊ ပြောရရင် ငါ့အတွက်က ပုလဲလုံးတွေထက် ပိုတန်ဖိုးရှိတယ်..”
“ဝေါ့.... ရွံစရာကောင်းလိုက်တာ။ ငါ အန်ချင်နေသလိုပဲ”
Translated By NyiNyiSoe
(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - ညီညီစိုး
အပိုင်း 20 - Warrior’s Market
ယန်လင်ချင်း ကို ရှာတွေ့ပြီးနောက် လုံချန် သည် လင်းရှီ နှင့်စကားစမြည်ပြောနေတာကို ရပ်လိုက်သည်။
ယန်လင်ချင်း သည် မျိုးနွယ်စုတွေ့ဆုံပွဲ၌ ယန်လင်ရွဲ့ကို ရှုံးနိမ့်ခဲ့သော်လည်း စိတ်ဓာတ်မကျခဲ့ပေ။ ယင်းအစား သူမသည် ပို၍ပင် ကြိုးစားလုပ်ဆောင်ခဲ့သည်။ လုံချန် က သူမအား လာရှာနေမှန်းတွေ့လိုက်သဖြင့် ဘာလုပ်ရမှန်းမသိတုံ့ဆိုင်းသွားသည်။ ချက်ချင်းပင် သူ့မျက်နှာကအေးစက်သွားပြီး လုံချန်ကိုအေးစက်စက်တုံ့ပြန်လိုက်သည်။
“ဘာလို့ငါ့ကိုရှာနေတာလဲ”
လုံချန် ကြောင့် သူမ၏အစ်ကို သေဆုံးခဲ့ရသည်မဟုတ်ပါလား။ လုံချန် ကိုယ်တိုင် မသတ်ခဲ့သော်လည်း ထိုအရူးကောင်ဟာ သူ့အစ်ကိုအား လူမြင်ကွင်း၌ အဝတ်အစားများချွတ်ပြီး အရှက်ခွဲခဲ့သည်။
ယန်ကျန်း က ကလေးလေး မဟုတ်သော်လည်း အရှက်တရားကို တောင့်မခံနိုင်ဘဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။ ဖြစ်ပျက်သွားသည့်ကိစ္ဧများက တော်တော်ရှုပ်ထွေးပါသည်။
လုံချန် လည်း ယန်လင်ချင်း၏မျက်လုံးထဲမှ ဒေါသကိုသတိပြုမိသည်။ ယန်ကျန်း သေဆုံးမှုက သူမကို နာကျင်စေမှန်းသိသာပါသည်။ သူ့စိတ်ထဲမှာ အနည်းငယ် စိတ်မကောင်းဖြစ်သွားပြီး ပြောလိုက်သည် “မင်းရဲ့အစ်ကိုကိစ္စအတွက် ငါဘယ်လိုမှမတတ်နိုင်ခဲ့ဘူး။ အခု ငါလုပ်နိုင်တာ တောင်းပန်ရုံပဲရှိတယ်။ ငါဒီနေ့ရောက်လာတဲ့အကြောင်းရင်းက မင်းကို မေးခွန်းတချို့မေးဖို့ပါ”
ယန်လင်ချင်း က ဘာမှမထူးခြားဘဲ ပြန်ပြောသည် “နင်မေးချင်တာကို မေး။ ငါ ကျင့်ကြံဖို့ အချိန်ရှိသေးတယ်။ အမဲလိုက်ပြိုင်ပွဲ က သိပ်မလိုတော့ဘူး။ ငါ ပိုင်ကလန် ကို မရှုံးချင်ဘူး”
“ငါ့ဝိညာဉ်ကို အဆင့်မြှင့်ဖို့ ဝိညာဉ်အားဖြည့်ဆေး လိုနေတယ်။ ငါဘယ်မှာရနိုင်လဲ မင်းသိလား။ ငါတို့မျိုးနွယ်စုမှာ အဲဒါ ရှိသလား”
လုံချန် က မျှော်လင့်တကြီး မေးပါသည်။ ယန်လင်ချင်း ဟာ သူ့အား ဒေါသထွက်နေသေးသည့်အတွက် မကူညီမှာကို အတော်လေး စိုးရိမ်နေမိသည်။
သို့သော် သူ့အမြင်အရတော့ လူကြီးလူကောင်းတစ်ယောက်၏ နှလုံးသားကို သူ့ကိုယ်ပိုင် အတိုင်းအတာဖြင့် တိုင်းတာနေသည်။
“ငါတို့ မျိုးနွယ်စုမှာ ဒီလိုဆေးမျိုး မရှိနိုင်ဘူး၊ ဒါပေမဲ့ ဈေးထဲက ဆေးဆိုင်တွေကို သွားကြည့်နိုင်တယ်။ ကျင့်ကြံသူ တော်တော်များများက သူတို့ရလာတဲ့အရာတွေကို အဲဒီမှာလာပြီး ရောင်းချကြတယ်လေ။ ဒါမှမဟုတ် တချို့မြို့ကြီးတွေမှာဆိုရင်တော့ တိုက်ရိုက်ဝယ်လို့ရနိုင်တယ်”
လုံချန် သည် အရင်တုန်းဆိုလျှင် စားသောက်ဆိုင်များနှင့် ပြည့်တန်ဆာအိမ်များတွင်သာ အမြဲလှည့်လည်နေသူဖြစ်ခဲ့သည်။ ထို့ကြောင့် စျေး ဟူသည် ဘာပြောမှန်းမသိသဖြင့် “ဒီဈေးဆိုတာက ဘယ်မှာလဲ” ဟု မေးလိုက်သည်။
ယန်လင်ချင်း က “ကျင့်ကြံသူလျှို့ဝှက်စျေး က တော်တော်လေးကို လျှို့ဝှက်တယ်။ ကောင်းပြီ၊ ငါ နင့်ကို လိုက်ပို့ပေးမယ်”
လုံချန် က သူမကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။ ဤမိန်းမငယ်လေးက သူ့အား မုန်းတီးနေသည့်တိုင်အောင် လိုအပ်ချိန်တိုင်း ကူညီနေဆဲပါ။ သူမ၏ အကျင့်စရိုက်ဟာ ယန်လင်ရွဲ့ နှင့် ယန်ဝူ တို့ထက် အများကြီးသာလွန်ပါသည်။
ယန်လင်ချင်း နှင့် လုံချန် တို့နှစ်ယောက် အတူတကွလျှောက်လာနေသည့်မြင်ကွင်းဟာ လူတိုင်း မျက်စိကျစရာဖြစ်နေသည်။ သို့သော် ဘာမှမပြောရဲကြပေ။ နောက်ဆုံးတော့ သူတို့နှစ်ယောက်ဟာ ယန်မိသားစု၏ လူငယ်သခင်လေးများဖြစ်နေကြသည်မဟုတ်ပါလား။
လုံချန်၏ ဂုဏ်သတင်းသည် လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ကျော်ကြားခြင်းမြို့တော်တစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့သည်။ လက်ရှိတွင် သူသည် ကျော်ကြားခြင်းမြို့၏ နာမည်ကျော်တစ်ယောက်ဖြစ်လာခဲ့သည်။ ယခင်က သူ့ကို လူတော်တော်များများ သိကြသော်လည်း အမြဲတမ်း အထင်အမြင်သေးကြခြင်းသာ။ လုံချန် သည် တစ်လအတွင်း ကျော်ကြားခြင်းမြို့၏ အကျော်ကြားဆုံး လူငယ်သခင်တစ်ဦး ဖြစ်လာမည်ဟု မည်သူက တွေးထင်မည်နည်း။
“ကောင်းပြီ၊ နင် ကြယ်ကြွေနတ်လက်သီး လေ့ကျင့်တုန်းက အရမ်းမြန်တယ်၊ အခု နတ်နဂါးတံဆိပ် က
ဘယ်လိုအခြေအနေ ရှိသလဲ”
လမ်းတွင် ယန်လင်ချင်း က ရုတ်တရက် မေးလိုက်သည်။
လုံချန် က ခပ်ဖျော့ဖျော့ပြုံးပြီး ပြန်ပြောခဲ့သည် “မင်း မနာလိုဖြစ်နေတာလား။ ငါ မင်းကို သင်ပေးနိုင်တယ်၊ ဒါပေမဲ့ မင်းငါ့ကို အစ်ကိုချန် လို့ခေါ်ရမယ်”
ယန်လင်ချင်း က ချက်ချင်း မျက်နှာရှုံ့မဲ့သွားပြီး “ငါက အဆင့် ၅ ပဲရှိသေးတယ်။ နတ်နဂါးတံဆိပ်ကို လေ့ကျင့်ဖို့ ချီစွမ်းအင် မလုံလောက်ဘူး။ ပြီးတော့ နတ်နဂါးတံဆိပ်ကို ရဖို့ ငါ့ကိုယ်ငါပဲ အားကိုးမယ်”
မိန်းမငယ်လေး၏ ခေါင်းမာသည့် အမူအရာကို မြင်သောအခါ လုံချန် သည် သူမကို တိတ်တဆိတ် သဘောကျသွားသည်။
ခဏကြာအောင် လမ်းလျှောက်လာပြီးနောက် ယန်လင်းချင် က မျက်မှောင်ကြုတ်ကာ ရုတ်တရက်ပြောလိုက်သည် “နင်လည်း အဆင့် ၅ မှာပဲရှိသေးတာမဟုတ်လား။ နတ်နဂါးတံဆိပ် က အဆင့်မြင့် နည်းစနစ်တစ်ခုပဲ။ နင့်အတွက် အသုံးမဝင်ပါဘူး။ ဘာဖြစ်လို့ အစ်မကြီးလင်ရွဲ့ ကို မပေးလိုက်တာလဲ။ သူမရဲ့ ခွန်အားက အဆင့် ၇ ကိုရောက်ဖို့ နီးနေပြီ။ ဒါဆို ငါတို့ယန်မိသားစု က သားရဲအမဲလိုက်ပြိုင်ပွဲမှာ မျှော်လင့်ချက်တစ်ခုတော့ ရှိကောင်းရှိနိုင်မယ်…”
အမှန်ပင်၊ နတ်နဂါးတံဆိပ် သည် အဆင့်မြင့်တိုက်ခိုက်ရေးနည်းစနစ်တစ်ခု ဖြစ်၏။ လုံချန် သည်လည်း အဆင့် ၅ မှာသာရှိနေသေးသည်။
ယန်လင်ချင်း က သူ့အား အထင်သေးနေသည့်တိုင်အောင် လုံချန် သည် ဘာမှပြန်မပြောခဲ့ပေ။ ခပ်တိုးတိုးလေးသာ ပြုံးလိုက်သည်။
“လုံချန်၊ နင် သားရဲအမဲလိုက်ပြိုင်ပွဲ အကြောင်း သိတယ်မဟုတ်လား။ ပိုင် မိသားစုက ငါတို့ယန်မိသားစုထက် အများကြီးအားကောင်းတယ်။ သူတို့သာ ကျော်ကြားခြင်းမြို့ ကိုအုပ်ချုပ်ခွင့် ရသွားခဲ့ရင် ငါတို့တွေ ပြဿနာတက်ပြီပဲ။ အခုအချိန်မှာ လူတိုင်းနီးပါးက ပိုင် မိသားစုကို ကျော်ကြားခြင်းမြို့ရဲ့ နောက်မျိုးဆက် အုပ်ချုပ်သူ လို့ယူဆနေကြတယ်။ ပြီးတော့ သူတို့က မဟာယွမ်မြို့တော်ရဲ့ လင်းဝူမိသားစု နောက်ခံကိုရသွားလိမ့်မယ်”
လုံချန် လည်း မဟာယွမ်မြို့တော်၏ လင်းဝူမိသားစုအကြောင်းကို ကြားဖူးထားသည်။ ဤသည်မှာ ကန်းယန် တော်ဝင်မိသားစုမှ ခန့်အပ်ထားသော ယွမ်လင်းစီရင်စု၏ နံပါတ်တစ်မိသားစုဖြစ်ခဲ့သည်။ ၎င်းတို့သည် ယွမ်လင်းစီရင်စု တစ်ခုလုံးအား စီမံခန့်ခွဲကြသည်။ အကယ်၍ တစ်စုံတစ်ယောက်ဟာ ကျော်ကြားခြင်းမြို့၏ မြို့သခင် ဖြစ်လာပါက ၎င်းအနေဖြင့် လင်းဝူမိသားစု၏ အကာအကွယ်ကို ရရှိထားပေမည်။ ထို့အတူ အကျိုးအမြတ်များစွာကို သေချာပေါက်ပိုင်ဆိုင်နိုင်ပေသည်။
ထိုအချက်ကြောင့် ယန်ဘိုးဘေး နှင့် ပိုင်ဘိုးဘေး တို့ဟာ ညီအစ်ကိုရင်းများ ကဲ့သို့ ဖြစ်နေသည့်တိုင် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
လုံချန် က အနည်းငယ် ပြုံးပြီး “ဒါက သူတို့ မသိနားမလည်လို့ပါ” ဟုသာ ပြန်ပြောလိုက်သည်။
ယန်လင်ချင်း က နားရွက်နောက် ကျနေသော ဆံပင်ရှည်များကို ဖြီးသပ်လိုက်ရင်း မျက်လုံးထဲမှာ ကူကယ်ရာမဲ့ အရိပ်အယောင်များ ပေါ်လွင်နေပါသည် “ငါတို့ ယန် မိသားစုရဲ့ လူငယ်မျိုးဆက်တွေထဲမှာ အစ်ကိုကြီး ယန်ဝူ၊ အစ်မ လင်ရွဲ့ နဲ့ နင်ပဲ ရှိတယ်။ အဆင့် ၇ နဂါးသွေးကြောနယ်ပယ် တစ်ယောက်နဲ့ အဆင့် ၆ နဂါးသွေးကြောနယ်ပယ် နှစ်ယောက်ပေါ့”
“ပိုင် မိသားစု မှာကျ အဆင့် ၆ တစ်ယောက် နဲ့ အဆင့် ၇ နှစ်ယောက် ရှိပါတယ်။ ပိုင်ရှီဂျီး ရဲ့ခွန်အားက အစ်ကိုကြီး ယန်ဝူ နဲ့ အတူတူပါပဲ။ ဒါပေမဲ့ သူက အသက် ၁၇ နှစ်နဲ့တင် အဆင့် ၇ ကိုရောက်ခဲ့တာလေ။ ပြောရရင်တော့ အခုလက်ရှိ သူ့ခွန်အားက မှန်းဆလို့မရဘူး။ ပြီးတော့ သူ့ကို ကျော်ကြားခြင်းမြို့ ရဲ့ လူငယ်မျိုးဆက်မှာ နံပါတ်တစ် လို့သတ်မှတ်ထားကြတယ်”
လုံချန် က ဂရုမစိုက်သလိုဘဲ ပြန်ပြောလိုက်၏ “ဒါပေမဲ့ သူတို့နှစ်ယောက်လုံးက အဆင့် ၇ နဂါးသွေးကြောနယ်ပယ်တွေပဲလေ။ ဒါနဲ့ ပိုင်ရှီဂျီး(ရှီးချန်) ရဲ့ ထူးခြားချက်က ဘာလဲ၊ မင်း ငါ့ကိုပြောပြနိုင်မလား”
ယန်လင်ချင်း က ခေါင်းခါလိုက်သည် “နင်မသိပါဘူး၊ ဒါပေမဲ့ သူက အဆင့် ၈ ကိုရောက်တော့မယ်လို့တောင်ပြောနေကြတယ်။ ဒါ့အပြင် ပိုင် မိသားစုရဲ့ အဆင့်မြင့်နည်းစနစ်ဖြစ်တဲ့ ငရဲလက်ချောင်း ဒုတိယအဆင့်ကို တတ်ကျွမ်းထားပြီ။ တစ်ဖက်မှာ အစ်ကိုကြီး ယန်ဝူက နတ်နဂါးတံဆိပ် ရဲ့ ပထမအဆင့် ကိုပဲ သင်ယူနိုင်သေးတယ်။ ငါတို့မျိုးနွယ်စုရဲ့ နတ်နဂါးတံဆိပ်မှာ အဆင့်ကြီးနှစ်ဆင့်ပဲရှိတယ်။ ပိုင် မိသားစုရဲ့ ငရဲလက်ချောင်းသိုင်း မှာတော့ အဆင့် ၃ အထိရှိထားတယ်။ ပြောရရင် ငရဲလက်ချောင်းသိုင်း ရဲ့စွမ်းအားက နတ်နဂါးတံဆိပ် ထက် ပိုပြီးအစွမ်းထက်တယ်”
စကားပြောနေရင်းဖြင့် ယန်လင်ချင်း၏မျက်နှာမှာ အကူအညီမဲ့ခြင်းများ ပြည့်နှက်နေသည်။
“အဆင့် ၇ နဂါးသွေးကြောနယ်ပယ် ၊ ငရဲလက်ချောင်းသိုင်း ဒုတိယအဆင့် လား။ တကယ်ပဲ ကြောက်စရာကောင်းတယ်။ ဒါပေမဲ့ ငါလုံချန် က သူနဲ့ယှဉ်ရင် ချီစွမ်းအင်လောက်ပဲ အားနည်းလိမ့်မယ်”
ဤအချိန်တွင် ယန်လင်ချင်း က ခေါင်းနောက်ပြန်လှည့်ကာ လုံချန်အား စိုက်ကြည့်လိုက်ပြီး “ ပိုင်ရှီးချန် နဲ့ ပိုင် မိသားစုရဲ့ အဓိကရည်ရွယ်ချက်က အဝါရောင်အဆင့် ၈ နတ်ဆိုးသားရဲတွေကို အမဲလိုက်ဖို့ဖြစ်နိုင်တယ်။ ဒါဆို ငါတို့ ယန် မိသားစုက သူတို့နဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ”
လုံချန် လည်း ဘာပြောလို့ပြောရမှန်းပင်မသိတော့ပေ။ သူက ယန်လင်းချင် ကို အားပေးရုံသာတတ်နိုင်သည် “ မင်း အခု စိတ်ဓာတ်ကျနေစရာ မလိုပါဘူး။ မစခင်မှာကတည်းက အရှုံးပေးနေရင် ဒါဟာ သူရဲဘောကြောင်တဲ့ အပြုအမူပဲ။ အချိန်တန်ရင် သူ့အလိုလိုအဆင်ပြေသွားမှာပါ။ သူတို့က အဖြူဆိုရင် ငါတို့က အမည်းပဲ”
ယန်လင်ချင်း သည် လုံချန်၏ စကားပြောရဲတင်းမှုကြောင့် ထိတ်လန့်သွားမိသည်။ သူမက လုံချန် ကို စိုက်ကြည့်ပြီး ပြောလိုက်၏ “နင် ကြွားလုံးထုတ်တတ်တဲ့ နင့်ရဲ့အကျင့်ဆိုးကို မပြောင်းသေးဘူးလား။ နင်နဲ့ ပိုင် ကလန် က အကြီးအကျယ် ရန်ငြိုးဖွဲ့ထားတာနော်။ အဲ့ဒါနဲ့ပတ်သက်ပြီး ပြောရရင် သားရဲအမဲလိုက်ပြိုင်ပွဲက နင့်အတွက် သေမင်းနယ်မြေလိုဖြစ်လာလိမ့်မယ်။ ဒီတော့ အမဲလိုက်ပြိုင်ပွဲအချိန်ရောက်လာတဲ့အခါ နင်ဒုက္ခမရောက်အောင် ခပ်ဝေးဝေးမှာပဲ ပုန်းနေလိုက်တာ ပိုကောင်းမယ်ထင်တယ်”
လုံချန် က ဘာမှပြိုင်မငြင်းတော့ပေ “ကောင်းပြီ ဒေါ်လေး၊ ဒီတူလေးက နားလည်ပါတယ်” ဟုသာပြန်ပြောလိုက်သည်။
သို့သော် သူသည် စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်၏ သူ့ကိုယ်သူ တွေးတောနေတာပါ “ဟမ့်...၊ ငါလုံချန် က အဝေးမှာ ပုန်းနေရမှာတဲ့လား။ အဲဒါ ငါ့အကျင့်မဟုတ်ဘူး”
ဤအချိန်တွင် ယန်လင်ချင်းက လုံချန်၏လစ်လျူရှုထားသည့်အပြုအမူကို သတိထားမိပြီး ဘာပြောရမှန်းပင်မသိတော့ပေ။
ဤအတောအတွင်းမှာပဲ သူတို့နှစ်ယောက်ဟာ တစ်ထပ်ပြီးတစ်ထပ် တက်လာရင်း တံခါးချပ်ကြီးတစ်ခုရှေ့သို့ ရောက်လာခဲ့ကြသည်။ ထို့နောက်တွင် တံခါးမှတစ်ဆင့် အထဲသို့ဝင်သွားခဲ့သည်။ လုံချန် အတွက် အံ့သြစရာအကောင်းဆုံးအရာကား သူ့ရှေ့က မြင်ကွင်းဖြစ်နေသည်။ သူ့ရှေ့မှာ ကြီးမားကျယ်ပြန့်သည့် ကမ္ဘာတစ်ခု ပေါ်လာမည်ဟု မမျှော်လင့်ထားမိပေ။
သူ့ရှေ့ရှိ လမ်းများ နှင့် ဆိုင်တန်းများကို မြင်လိုက်ရတော့ လုံချန် တစ်ယောက် အနည်းငယ် မှင်တက်သွားသည်။
“ဒါက စစ်ပွဲလျှို့ဝှက်စျေး ပဲ။ ဒါပေမဲ့ နင်ရှာနေတဲ့ စိတ်ဝိညာဉ်အားဖြည့်ဆေး အကြောင်းတော့ ငါမသိဘူး။ နင်ကိုယ်တိုင် သွားမေးကြည့်ရမယ်။ နင်က ငယ်ငယ်ကတည်းက ဉာဏ်ကောင်းတဲ့သူ ဆိုတော့ တခြားသူတွေ လှည့်စားခံရမှာ မဟုတ်ဘူး။ ငါ အဆင့် ၆ နဂါးသွေးကြောနယ်ပယ် ကိုရောက်ခါနီးနေပြီ။ ဒါပေမဲ့ အဆင့်တက်ဖို့ အခြေအနေတစ်ခုလိုနေသေးတယ်။ ငါနင်နဲ့အတူလိုက်လာရင် နင့်ကို သေလောက်အောင် ဒေါသထွက်နေတော့ ငါတစ်ယောက်တည်းပဲဆက်သွားမယ်”
ထိုစကားပြောပြီးနောက် လုံချန် ပြန်ပြောမှာကိုပင်မစောင့်ဘဲ တစ်ဖက်လမ်းသို့ လှည့်ထွက်သွားခဲ့သည်။
ကျော်ကြားခြင်းမြို့တော် သည် ကျင့်ကြံသူ များစွာ ရှိကြောင်း သိသာလှ၏။ လုံချန် သည် လမ်းတစ်လျှောက်မှ လူတိုင်းအား တစ်ချက်ကြည့်လိုက်သည်။ သူကြည့်လိုက်ရုံဖြင့် အားလုံး ဟာ ကျင့်ကြံသူများဖြစ်မှန်း သတိထားမိနိုင်လေသည်။ ထို့အပြင် လူအုပ်ထဲ၌ အစွမ်းထက်အငွေ့အသက်များကိုပင် ခံစားမိလိုက်သည်။
“ဒီ စစ်ပွဲလျှို့ဝှက်စျေးက ဝပ်နေတဲ့ ကျားတွေ၊ နဂါးတွေ ပုန်းအောင်းနေတဲ့နေရာတစ်ခုပဲ” လုံချန်၏စိတ်ထဲတွင် သိလိုက်သည်။
“ရှီအာ၊ ဒီမှာ ဝိညာဉ်အားဖြည့်ဆေး ရှိမရှိ မင်း သတိထားမိနိုင်လား” လုံချန် သည် သူ့စိတ်ထဲမှ မေးလိုက်သည်။
လင်းရှီ၏ တိုးညှင်းသောအသံလေး ထွက်ပေါ်လာပါသည် “နည်းနည်းနီးလာရင်တော့ ငါခံစားမိလောက်တယ်။ ဒါပေမဲ့ အဝေးကြီးရောက်နေတော့ ငါ ဘာကိုမှ အာရုံခံလို့မရဘူး။ ပြီးတော့ ဒီလို မြို့ငယ်လေးမှာ ဒီလိုမျိုး အရာတွေက တော်တော်ရှားတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့က သေသေချာချာရှာရမယ်...”
စကားပြောနေစဉ်မှာပင် လင်းရှီ၏ အသံသည် ပို၍ အားနည်းလာသယောင် ထင်ရသည်။ လုံချန် သည် တော်တော်လေးစိုးရိမ်သွားကာ ဝိညာဉ်အားဖြည့်ဆေးကို ချက်ချင်းတွေ့ရှိဖို့ဆုတောင်းနေမိသည်။
ခဏအကြာတွင် လုံချန် သည် အရင်ဦးဆုံးတွေ့သည့် ဆေးဆိုင်သို့ ဝင်ရောက်လိုက်သည်။ လျှို့ဝှက်စျေးထဲ၌ ဆိုင်ခန်းအများအပြားရှိလေသည်။ အချို့မှာ အဆင့်နိမ့်လက်နက်များ ရောင်းချသလို အချို့ကတော့ ဝိညာဉ်ဆေးအမယ်များရောင်းချကြသည်။ ထို့အပြင် ပစ္စည်း အဝယ်ဆိုင်များပင် ရှိနေ၏။
ထိုဆိုင်များကား နတ်ဆိုးသားရဲ အစိတ်အပိုင်းများအပြင် ရှားပါးရတနာအချို့ကို အဓိကထား စုဆောင်းကြသည်။ မည်သို့ပင်ဖြစ်စေ ကုန်ကုန်ပြောရလျှင် ဤနေရာသည် ကျင့်ကြံသူများ လိုအပ်သော အရင်းအမြစ်များစွာရှိနေပေသည်။
ပထမဆုံး ဆေးဆိုင်သို့ လျှောက်သွားသောအခါ လုံချန် သည် နှာခေါင်းထဲ တိုးဝင်လာသည့် မွှေးပျံ့ပျံ့ ဆေးရနံ့ကို ခံစားလိုက်ရသည်။ သို့သော် လုံချန် သည် အာရုံမစိုက်အားပေ။ ခပ်လှမ်းလှမ်းရှိ ဆိုင်ပိုင်ရှင်ကို စိတ်အားထက်သန်စွာ စိုက်ကြည့်ပြီး “စိတ်မရှိဘူးဆိုရင် ငါတစ်ခုလောက်မေးချင်တယ်။ မင်းရဲ့ဆိုင်မှာ ဝိညာဉ်ဆေးအမယ်တွေရောင်းသလား” ဟုမေးလိုက်၏။
ဆိုင်ပိုင်ရှင်က ခဏတာ လန့်သွားသလိုဖြစ်ပြီးမှ “တောင်းပန်ပါတယ်။ ညီငယ်လေး၊ ငါတို့မှာ အဲလိုအရာတွေ မရှိပါဘူး” ဟူ၍ ပြန်ဖြေခဲ့သည်။
လုံချန်၏ မျက်နှာသည် ချက်ချင်းပင်စိတ်ပျက်စရာများဖြင့် ပြည့်နှက်သွားသည်။
ဆိုင်ရှင် က ဆက်ပြော၏ “ညီငယ်လေး၊ ကျော်ကြားခြင်းမြို့ လို မြို့ငယ်လေးမှာ ဝိညာဉ်အားဖြည့်ဆေးလိုမျိုး ရှားပါးတာတွေမရောင်းချဘူးလေ။ ဒါကြောင့် ငါတို့ဆိုင်တွေမှာမရှိဘူး။ ဒါပေမဲ့ မင်းတကယ်လိုအပ်ရင် တခြားဆိုင်တွေမှာ ရှာကြည့်လို့ရပါတယ်”
လုံချန် က ခေါင်းညိတ်ပြပြီး ဆိုင်ပိုင်ရှင်ကို ကျေးဇူးတင်စကား ပြောလိုက်ပါသည်။ ထို့နောက် ဆေးဆိုင်မှ ပြန်ထွက်လာရင်း လင်းရှီ ကို စိတ်အားထက်သန်စွာ မေးသည် “ သူပြောလိုက်တာက ကျော်ကြားခြင်းမြို့မှာ ဒီလိုဆေးမျိုးလုံးဝမရှိတဲ့ပုံပဲ။တကယ်ဖြစ်နိုင်ပါ့မလား”
“ဒါ....ဒါဆို ငါ ဘာဆက်လုပ်ရမှာလဲ...”
လင်းရှီ၏အသံလေးဟာ ထိတ်လန့်မှုအပြည့်နှင့်။ ကျော်ကြားခြင်းမြို့ ၏ ဆင်းရဲမွဲတေမှုသည် သူထင်ထားသည်ထက်ပင် ကျော်လွန်နေပေသည်။
လုံချန် က သူ့လက်သီးများကို တင်းတင်းဆုပ်ထားပြီး “ဟင့်အင်း၊ ငါမယုံဘူး။ ငါ တခြားဆိုင်တွေကို မကြည့်ရသေးဘူး။ ဒါကြောင့် ကောက်ချက်မချနိုင်သေးဘူး။ ဆက်ရှာကြည့်မယ်၊ ဒီလောက်ကြီးမားတဲ့ လျှို့ဝှက်စျေးမှာဝိညာဥ်ဆေးအမယ်တစ်ခုမှ မရှိဘူးလို့ မယုံဘူး”
ထိုသို့ပြောပြီး တစ်ဆိုင်ပြီးတစ်ဆိုင် လိုက်ရှာပါတော့သည်။ လျှို့ဝှက်စျေးတန်းထဲ၌ ဆေးဆိုင်ပေါင်း ငါးဆယ်ထက်မနည်း ရှိခဲ့သည်။ လုံချန် သည် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်မေးနေသည်။ သို့သော် ရလာဒ်ကတော့ သိပ်မကောင်းလှ။
“စိတ်မကောင်းပါဘူး၊ ငါတို့မှာ ဒီလို ဝိညာဉ်ဆေးပင် မရှိဘူး”
“ငါတို့က မရောင်းတတ်ဘူး”
“ဒီလို ဝိညာဉ်ဆေးအပင်မျိုးတွေကို ငါတို့က လက်ခံလေ့မရှိပါဘူး” ဟူ၍သာ ။
လုံချန်၏ မျက်နှာသည် မည်းမှောင်သွားပြီး သူ့နှလုံးသားသည် ပို၍ပို၍ စိုးရိမ်လာသည်။
“တကယ်လို့ မတွေ့ရင်လည်း မေ့ပစ်လိုက်ပါ။ ငါ့ခန္ဓာကိုယ် ပျက်စီးပြီးကတည်းက ငါ့မှာ အချိန်သိပ်မကျန်တော့ဘူးဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ လုံချန်ရယ် ငါ နင်နဲ့တွေ့ခွင့်ရတာက တကယ်ကို ကံကောင်းပါတယ်”
လုံချန်၏ မျက်လုံးများသည် တဖြည်းဖြည်း နီရဲလာပြီး “ဒီလို စိတ်မကောင်းစရာ စကားတွေ မပြောပါနဲ့၊ ငါတို့မှာ ရှာစရာ ဆိုင်တွေ ရှိသေးတယ် မဟုတ်လား။ ဒီလောက်သေးသေးလေးတောင် မလုပ်နိုင်ဘူးဆိုတာ ငါမယုံဘူး။ ကျော်ကြားခြင်းမြို့မှာ မတွေ့ရင် တခြားတစ်နေရာကို သွားရှာတာပေါ့။ သောက်အဓိပ္ပါယ်မရှိတဲ့ သားရဲအမဲလိုက်ပြိုင်ပွဲမှာ ငါမပါဝင်တော့ဘူး”
“အဲဒါတော့မဖြစ်ဘူး၊ လောလောဆယ် နဂါးတံဆိပ်ပေါ်က အစီအရင်ကိုဖယ်ရှားပေးမယ်...”
သူတို့နှစ်ယောက် စကားစ ပြတ်လုနီးနီးမှာပဲ ရုတ်တရက် ပေါက်ကွဲသံတချို့ ထွက်ပေါ်လာသည်။ လမ်းမပေါ်ရှိ လမ်းသွားလမ်းလာများ အားလုံးသည် အသံထွက်လာသည့်ဖက်သို့ လှည့်လာကြတော့သည်။ လုံချန် သည် ဂရုမစိုက်ဘဲ ထွက်သွားဖို့ပြင်သည်။ သို့သော် သူ့ခြေလှမ်းများ တုံ့ခနဲရပ်သွား၏။အကြောင်းမှာ “ဒါက ယန်ကလန်က ကလေးမလေးလား။ သူမ ပိုင်ကလန် နဲ့ ပဋိပက္ခဖြစ်နေတာထင်တယ်”
“ယန်လင်ချင်း.....”
Translated By NyiNyiSoe
(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - ညီညီစိုး
အပိုင်း 21 - ဖိ နှိပ်ခြင်း
အသိသာကြီးပါ။ ဤနေရာတွင် ပြဿနာတက်နေသူက ယန်လင်ချင်း သာဖြစ်နိုင်၏။
ယန်လင်ချင်း သည် လုံချန် အပေါ် အတော်လေးကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့သည်။ အလားတူစွာ လုံချန်သည်လည်း သူ့ကို ညီမအရင်းတစ်ယောက်လိုမျိုးသဘောထား၏။ ယန်လင်ချင်း အနိုင်ကျင့်ခံရနေသည်ဟု ကြားသည်နှင့် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း အပြေးသွားလေတော့သည်။
ခဏအကြာတွင် လုံချန် သည် သူ့ရှေ့ ခပ်လှမ်းလှမ်းက လူအုပ်ကြီးကို မြင်လိုက်ရသည်။ သူတို့အထဲမှာ ကျင့်ကြံသူအတော်များများ ရှိနေပုံရ၏။ သို့သော် ရန်ပွဲကို ဘယ်သူမှ ဝင်မတားကြပေ။
လူတိုင်း အမြင်အရတော့ သူတို့ဟာ အဆင့်မြင့်ကျင့်ကြံသူများ ဖြစ်နေလျှင်ပင် ယန် မိသားစု နှင့် ပိုင် မိသားစု တို့ကြားက ရန်ပွဲအား ဝင်ပါနိုင်ခွင့်မရှိကြပါ။ ယန် နှင့် ပိုင် မိသားစုကြီးနှစ်ခုဟာ ကျော်ကြားခြင်းမြို့တော်၏ အရှင်သခင်များ ပင်မဟုတ်ပါလော။
ဤအချိန်မှာပဲ လုံချန် သည် လူအုပ်ကြားထဲသိုြ တိုးဝင်လိုက်သည်။ သူ လှုပ်ရှားဖို့ ပြင်လိုက်စဥ်မှာပဲ လင်းရှီ၏ စိတ်လှုပ်ရှားနေသည့်စကားသံကို ရုတ်တရက် ကြားလိုက်ရသည် “ဟေ့... ဒီလူငယ်ကိုတွေ့လား။ သူ့ခါးမှာဆွဲထားတဲ့ အိတ်ထဲမှာ အိပ်မက်လင်ဇီး ရှိတယ်၊ အဲဒါက အဝါရောင်အလယ်အလတ်အဆင့် ဝိညာဉ် အားဖြည့်ဆေးပဲ”
လုံချန် သည် ချက်ချင်း မလှုပ်ရှားသေးဘဲ ပိုင်ကျိရှင်း ဟူသော မိန်းမပျို၏နောက်မှ လူငယ်လေးအပေါ် စိုက်ကြည့်နေသည်။ သူ့စိတ်ထဲမှာတော့ “ဒီကောင် က ပိုင် ကလန်ရဲ့ နောက်ထပ် အဆင့် ၆ နဂါးသွေးကြောနယ်ပယ် ပိုင်ရှီးဒုန် ဆိုတာလား”
သူ အရေးတကြီးလိုအပ်နေသော အရာသည် အမှန်တကယ်ပင် ပိုင်ရှီးဒုန်၏လက်ထဲတွင် ရှိနေသည်ကား တိုက်ဆိုင်မှုပင်ဖြစ်လေသည်။
အိပ်မက်လင်ဇီးအတွက် မဟုတ်လျှင်ပင် လုံချန် သည် သေချာပေါက် ဝင်ရောက်စွက်ဖက်ရမည်ဖြစ်သည်။
လုံချန် ရုတ်တရက် ရောက်လာသည့်အတွက် အားလုံးက သူ့ကို ထိတ်လန့်တကြား ကြည့်နေကြသည်။
“အဲဒါ... လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက နာမည်ကြီးလာတဲ့ အရူး ယန်ချန်း မဟုတ်လား။ သူက တိုက်ခိုက်နေရင်းနဲ့ အဆင့် ၅ ကို တက်သွားသေးတယ်လို့တောင် ငါကြားမိတယ်။ ဒါပေမဲ့ သူက ပိုင် ကလန်ရဲ့ လူငယ်သခင်လေးတွေနဲ့ ယှဉ်ရင်တော့ လိုသေးတယ်ပြောရမယ်”
“မဟုတ်သေးဘူး ၊ သူက အဆင့် ၆ မှာရှိနေတဲ့ ယန်လင်ရွဲ့ ကို အနိုင်ယူခဲ့တယ်လို့ ကြားထားတယ်” တစ်ယောက်ယောက် က ပြေောလိုက်သည်။
“ဒါလည်း ဘာမှမထူးပါဘူး။ သူက လှည့်ကွက်တချို့သုံးပြီး ယန်လင်ရွဲ့ကိုအနိုင်ရခဲ့တာလို့ပြောကြတယ်။ ပြောရရင် သူ့ရဲ့ ခွန်အားက ဒီလောက်ကြီး မဟုတ်ဘူး”
စကားစမြည်ပြောနေသည့် သက်လတ်ပိုင်းအမျိုးသားနှစ်ယောက်သည် လုံချန် ကို စိုက်ကြည့်နေသည်။ လုံချန် ဘာဆက်လုပ်မလဲ စောင့်ကြည့်နေပုံပါ။
ဤအခိုက်အတန့်တွင် လုံချန် သည် ကြယ်တာယာစစ်နတ်ဘုကားခန္ဓာကိုယ် အပြင် အဆင့့် ၅ ခွန်အားကို ပါ အပြည့်အဝထုတ်ဖော်လိုက်သည်။ ဤပေါင်းစပ်မှုကြောင့် လက်ရှိသူ့ခွန်အားက သူ့ရှေ့မှ အဆင့် ၆ ပြိုင်ဖက်နှစ်ဦးထက် အနည်းငယ်သာ နိမ့်ကျပါတော့သည်။ သူ့ခန္ဓာကိုယ် ကနေ ကြယ်ရောင်ဖျော့ဖျော့သည် လင်းလက်သည်။
ဤရင်းနှီးသော အရှိန်အဝါကြောင့် ယန်လင်ချင်း လည်း လုံချန် ရောက်လာပြီမှန်း သိလိုက်၏။
သို့သော် သူမ၏ မျက်နှာသည် ဒေါသနှင့် မကျေမနပ်တို့ဖြင့် ပြည့်နေသည်။ ပြိုင်ဖက် က သူ့ထက် သန်မာနေသည်ဖြစ်ရာ လက်ရှိအခြေအနေဟာ သူ့အတွက် အရှက်ရစရာပင်။
ဤအချိန်တွင် လုံချန် သည် ယန်လင်ချင်း ကို နောက်ပြန်ဆွဲခေါ်လိုက်၏။ ထို့နောက် ပိုင်ကျိရှင်း နဲ့ မျက်နှာချင်းဆိုင်လိုက်သည်။
ပိုင်ကျိရှင်း လည်း ရုတ်တရက် ပေါ်လာသည့် လုံချန် ကြောင့် အံ့သြတုန်လှုပ်သွား၏။ တစ်ချိန်တည်းမှာပဲ ကြောက်လန့်တကြားနှင့် ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သွားသည်။
ထိုမှသာ လူအုပ်စုနှစ်စု ကွဲသွားတော့သည်။
လုံချန် သည် ယန်လင်ချင်း ကိုကြည့်ပြီး “ဘာဖြစ်နေတာလဲ” ဟုမေးလိုက်သည်။
ယန်လင်ချင်း သည် ပိုင်ကျိရှင်း ကို ရွံရှာစွာ လှည့်ကြည့်ရင်း အံကြိတ်ကာ ပြောသည် “ ဒီခွေးမ ငါ့ကို တွေ့ တာနဲ့ တမင်အရှက်ခွဲနေတာ။ နောက်တော့ သည်းမခံနိုင်တော့တဲ့အဆုံး အဖိုး သတိပေးထားတာကို လစ်လျူရှုပြီး ပြန်သမ လိုက်တယ်...”
ယန်လင်ချင်း ကဲ့သို့ ခပ်အေးအေးနေတတ်သည့်လူ ပင်
ဒေါသတကြီး ဖြစ်နေသည့်အတွက်ကြောင့် ပိုင်ကျိရှင်း ပြောခဲ့သော စကား သည် သာမန် မဟုတ်တန်ရာ။
လုံချန် သည် တစ်ဖက်လူကို ကြည့်လိုက်ပြီး သူ့မျက်လုံးများက ချက်ချင်း အေးစက်လာတော့သည်။
“ညီမငယ် လင်ချင်း၊ နင်ဘာတွေပြောနေတာလဲ။ ငါနင်နဲ့စကားနည်းနည်းပြောရုံလေးပဲလေ။ နင်ငါ့ကိုတိုက်ခိုက်တယ်။ ငါနင့်ကိုမေးတော့ တမင်သက်သက်အရှက်ခွဲတယ်လို့ ဘာလို့ပြောတာလဲ”
လုံချန် ၏အေးစက်စက်အကြည့်သည် ကောင်မလေးကို အနည်းငယ်ကြောက်သွားစေသည်။ သို့သော် လုံချန်၏ ခွန်အားကို တွေးတောရင်း သူမသည် ရဲတင်းလာ အပြစ်ကင်းသည့်ဟန်ဆောင်ခဲ့သည်။
လုံခန် အတွက်တော့ ပိုင်ကျိရှင်း ကဲ့သို့မိန်းကလေးမျိုးကို အမုန်းဆုံးဖြစ်သည်။ထိုမိန်းကလေးက သူလုပ်ခဲ့သည့်အမှားကို သတ္တိရှိရှိ ဝန်ခံရန် ငြင်းဆန်ခဲ့သည်။ သူ့ပုံစံက အပြင်ပန်းမှာ အပြစ်ကင်းသည်ဟု ထင်ရလောက်ပေသည်။ သို့သော်လည်း အတွင်းစိတ်တော့ ဆိုးရွားလှသည်။ အမှားကို ဝန်မခံသည့်အပြင် လူတိုင်း၏အမြင်မှာ သနားလာအောင်ပါ ဟန်ဆောင်နေလေသည်။
မူလက နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရခြင်း မရှိသဖြင့် ရန်ပွဲကိစ္စပြီးသွားသင့်သည်။ သို့ရာတွင် လုံချန် သည် အိပ်မက်လင်ဇီး ကိုလိုချင်နေ၏။ ထို့ကြောင့် သူသည် လွှတ်ပေးလိုခြင်းမရှိဘဲ အကြောင်းပြချက်ရှာလိုက်တော့သည်။
လုံချန် သည် ယန်လင်ချင်း၏ ပုခုံးကို ပုတ်ပြီး “လင်ချင်း၊ ငါ မင်းရဲ့ ဝမ်းကွဲအစ်ကို ပဲလေ။ ဒါပေမဲ့ မင်းအတွက် ငါ ဘယ်တုန်းကမှ မရပ်တည်ဖူးဘူး။ ဒီနေ့တော့ မင်း စောင့်ကြည့်နေလိုက်”
ယန်လင်ချင်း သည် လုံချန် ပြောသည့် စကားအဓိပ္ပါယ်ကို ချက်ချင်း နားလည်လိုက်သည်။ အခြားလူတိုင်း ကလည်း နားလည်ကြပုံပါ။ လုံချန်ကို အရူးတစ်ယောက်လို ကြည့်နေကြသည်။
ယန်လင်ချင်း သည် သူ့လက်ကို အမြန်ဆွဲကာ တားဆီးလိုက်သည် “မလုပ်နဲ့၊ မေ့လိုက်တော့။ အဖိုးက ပိုင် မိသားစုနဲ့ ပဋိပက္ခဖြစ်လို့မရဘူးလို့ပြောထားတယ်။ ပြီးတော့ အခု သူတို့ဖက်မှာ အဆင့် ၆ ပညာရှင် နှစ်ယောက်တောင်ရှိတယ်”
လုံချန် သည် ပြုံးပြီး ယန်လင်ချင်း ၏လက်ကို ညင်သာစွာ တွန်းဖယ်တိုက်သည်။ သူ့မျက်လုံးထဲမှ ဆုံးဖြတ်ချက်ကို မြင်သောအခါ ယန်လင်ချင်း လည်း ဘာပြောရမှန်းမသိတော့ပေ။ ဤအချိန်တွင် လုံချန် သည် ပိုင်ကျိရှင်း ရှေ့သို့ လျှောက်သွားနေပြီဖြစ်သည်။
လုံချန် ၏ မကြောက်မရွံ့သော အသွင်အပြင်ကို မြင်လိုက်သည့်အခါ ပတ်ဝန်းကျင်မှ လူများက သူ့ကို လှောင်ပြောင်ပြောဆိုလာကြသည်။
အစောပိုင်းမှာ ပြေောဆိုနေသည့် လူလတ်ပိုင်းနှစ်ယောက်က လုံချန် ကို ထိတ်လန့်တကြားကြည့်နေသည် “ဒီကလေးရဲ့ သတ္တိက မဆိုးပါဘူး၊ ဒါပေမဲ့ သူက နည်းနည်းတော့ စိတ်မြန်လွန်းတယ်”
“မှန်ပါတယ်။ ရဲရင့်ပေမယ့် ဉာဏ်မရှိတဲ့သူတွေကတော့ အမြဲတမ်း သနားစရာပါပဲ။ သည်းခံနိုင်အောင် ဘယ်လိုပြန်လုပ်ရမယ်ဆိုတာ သိရင် ဒါဟာ သူ့အတွက် လွတ်လမ်းရှိမယ်”
တစ်ချိန်တည်းမှာပင် ပိုင်ကျိရှင်း နှင့် ပိုင်ရှီးဒုန် တို့နှစ်ယောက်ကလည်း လုံချန် အား လှောင်ပြောင်လိုသောအကြည့်ဖြင့် ကြည့်နေသည်။ သို့သော် လုံချန် သည် သူတို့ထံ ခုန်ဝင်လာသဖြင့် နှစ်ယောက်စလုံး မျက်နှာ မည်းမှောင်သွားကြသည်။
ဒီကောင်က သူတို့ နှစ်ယောက်စလုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ချင်နေတာလား”
လူအုပ်ကြီးလည်း ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ လုံချန်၏လုပ်ရပ်ကြောင့် သူတို့အားလုံးအံ့သြနေကြသည်။
“ဒီကလေးက တကယ်ကို ထူးဆန်းတယ်။ သူ့မှာ အစစ်အမှန်ချီ အလုံအလောက်တော့ မရှိဘူး၊ ဒါပေမဲ့ သူ့သတ္တိက မနည်းဘူး...”
ဤအချိန်တွင် ပိုင်ဇိရှန် က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လုံချန်ရှေ့၌ ပိတ်ရပ်လိုက်သည်။
ဤအချိန်တွင် လုံချန် သည် သူမရှေ့သို့ အပြေးအလွှားရောက်ရှိနေပြီဖြစ်သည်။ သူ့လက်ငါးချောင်းက ဧရာမလေပြင်းလှိုင်းကြီး သယ်ဆောင်လာသည်။
ဒါ....ဒါက
ပိုင်ကျိရှင်း လည်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည် ။
သို့သော် တဟားဟား ရယ်မောလိုက်ပြီး သူ့တစ်ကိုယ်လုံးကနေ အစစ်အမှန်ချီများ တဟုန်ထိုးပေါက်ကွဲထွက်လာသည်။ ထို့နောက် ညာလက်သီးကို တင်းတင်းဆုပ်ကာ လုံချန် ဆီသို့ ဆောင့်ထိုးလိုက်လေသည်။ လက်သီးတစ်ချက်တည်းသာ ထိုးလိုက်သည့်တိုင် ပတ်ပတ်လည်ကနေ လက်သီးရိပ်များ ရုတ်ချည်းဖြာထွက်လာသည်။
“နတ်ဆိုးလက်သီးငါးချက် “
လုံချန် အနေဖြင့် လက်သီးငါးချက်ကို တစ်ပြိုင်နက်တည်းရင်ဆိုင်နေရပေသည်။
သို့သော် သူသည် အသင့်ပြင်ဆင်ထားသည်ဖြစ်ရာ
တုန်လှုပ်မှုသွားခြင်းမရှိပေ။ လှောင်ပြောင်ကာ သူ၏လက်ချောင်းဖြင့် ချက်ချင်းတိုက်ခိုက်လိုက်သည်။ အားကောင်းသောလေပွေလှိုင်းတစ်ခု ထွက်ပေါ်လာပြီး ပိုင်ကျိရှင်း ထံသို့ တရကြမ်းတိုးဝင်သွားလေသည်။
“နဝမနတ်ဆိုးလက်ချောင်း”
“ပထမလက်ချောင်း....ဆင်းသက်လော့”
“ဒုတိယမြောက် နတ်ဆိုးလက်ချောင်း....”
“တိယမြောက်နတ်ဆိုးလက်... ပြန်လည်ဝင်စားခြင်းလက်ချောင်း”
“စတုတ္ထအဆင့် ပျက်သုဉ်းခြင်းနတ်ဆိုးလက်”
လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေသည့် အကြည့်များအောက်တွင် လုံချန်၏ ပြင်းထန်သောနတ်ဆိုးလက်ချောင်း ဖိအားက ပိုင်ကျိရှင်း အား တရစပ်ဖိအားပေးကာ နောက်ပြန်ဆုတ်သွားစေသည်။ လုံချန် သည် ရပ်တန့်ခြင်းမရှိဘဲ ဆက်၍ တိုက်ခိုက်လိုက်သည်။ ဤအချိန်တွင် ပိုင်ကျိရှင်း၏ နတ်ဆိုးလက်သီးငါးချက် တိုက်ခိုက်မှုသည် တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားပြီး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည် ။
ပိုင်ကျိရှင်း သည် သူမ၏အစစ်အမှန်ချီအားလုံးကို အကန့်အသတ်ထိထုတ်ဖော်လိုက်သည့်တိုင် လုံချန်ကို ရင်ဆိုင်နိုင်ခြင်းမရှိပေ။ သူ့မျက်နှာက ဖြူဖျော့လာသည်။ လုံချန်၏ ရက်စက် ကြမ်းတမ်းသော အသွင်အပြင်ကို ကြည့်ပြီး သူမ၏ မျက်လုံးများ အနည်းငယ် တုန်လှုပ်သွားသည်။
အခြားတစ်ဖက်တွင် ယန်လင်ချင်း၏ မျက်လုံးအစုံသည် အပြင်ဖက်ပေါက်ထွက်လုနီးပါး ပြူးကျယ်နေသည်။ သူမ တော်တော်လေးကို အံ့သြနေပုံပါ။
“သူ ဘယ်တုန်းက လေနတ်ဆိုးလက်ချောင်း နည်းစနစ်ကို သင်ယူခဲ့တာလဲ။ ပြီးတော့ သူသုံးနေတဲ့ပုံစံက အစ်မကြီး လင်ယွဲ့ ထက်တောင်မှ ပိုပြီးကြောက်စရာကောင်းနေသေးတယ်။ တကယ်ဆိုရင် သူက လေနတ်ဆိုးလက်ချောင်းကို ဘယ်အဆင့်ထိ ထုတ်သုံးနိုင်မလဲ”
ယန်လင်ချင်း၏ လှပသော မျက်လုံးများသည် လုံချန် အား မမှိတ်မသုန် စိုက်ကြည့်နေသည်။ ယခုလေးတင်ပဲ လုံချန် သည် သူမကို ကယ်တင်ခဲ့၏။ တစ်ချိန်တည်းမှာပင် စိတ်ထဲ၌လည်း လုံချန် ကို ထောက်တိုင်ကြီးသဖွယ် သတ်မှတ်ထားလေပြီ။
ဤအတောအတွင်း လုံချန်၏ လေနတ်ဆိုးလက်ချောင်း တိုက်ခိုက်မှုကြောင့် ပိုင်ကျိရှင်း သည်
မျက်နှာ ဖြူဖျော့သွားကာ နောက်ကို အဆက်မပြတ်ဆုတ်ခွာနေရသည်။
လုံချန် သည် မရပ်တန့်ဘဲ အော်ဟစ်ကြုံးဝါးကာ သူ၏လက်ချောင်းများကို ရှေ့သို့ဆန့်ထုတ်လိုက်သည်။
“ပျက်သုဉ်းခြင်းနတ်ဆိုးလက်၊ စကြဝဠာကို ဖြိုခွဲသော အဋ္ဌမနတ်ဆိုးလက်ချောင်း...”
ပိုင်ကျိရှင်း သည် ထိတ်လန့်သွားပြီး လက်နှစ်ဖက်ကို ပြိုင်တူဝှေ့ယမ်းကာ သူ့ကိုယ်သူ ကာကွယ်ထားလိုက်သည်။ သို့သော်လည်း ပြင်းထန်သော လေဖိအားသည် လက်နှစ်ဖက်ကို ရိုက်ချလိုက်ကာ လက်မောင်းနှစ်ဖက်စလုံးရှိ ဝတ်ရုံများ ကြေမွသွားလေတော့သည်။ တစ်ချိန်တည်းမှာပင် ပါးစပ်ထဲမှ သွေးအပြည့်အန်ထုတ်ကာ လုံချန် ရှေ့သို့ ပြုတ်ကျလာခဲ့သည်။
ဤအချိန်မှသာ ပိုင်ရှီးဒုန် တစ်ယောက် သတိဝင်လာတော့သည်။ သို့သော် သူ့ရှေ့က မြင်ကွင်းကြောင့် အံ့သြမှင်သက်သွားသည်။ ထို့နောက် ချက်ချင်းဆိုသလိုပဲ ဒေါသတကြီးဖြစ်သွား၏။
ဤအချိန်တွင် လုံချန် သည် လေပွေတစ်ခုအလား လှုပ်ရှားသွားပြီး ပိုင်ရှီးဒုန် ရှေ့မှာပေါ်လာသည်။ သူ့လက်ချောင်းများက ပိုင်ရှီးဒုန်၏ ငယ်ထိပ်တည့်တည့်ထိုးချလိုက်သည်။
“နဝမမြောက်နတ်ဆိုးလက်၊ စကြာဝဠာပျက်သုဉ်းခြင်း လက်ချောင်း”
လုံချန်၏ လုပ်ရပ်ကြောင့် လူအုပ်ကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ ပိုင်ရှီးဒုန် သည် လုံချန်၏ တိုက်ခိုက်မှုအား ရှောင်တိမ်းနိုင်စွမ်းမရှိသည်ကို မြင်သာနေလို့ပါ။
ပိုင်ရှီးဒုန် ကိုယ်တိုင်လည်း လုံချန်၏ ရုတ်တရက်တိုက်ခိုက်မှုကို မမျှော်လင့်ထားသဖြင့် ပြင်ဆင်ချိန်မရလိုက်ပေ။ သူ၏ အစစ်အမှန်ချီ ကို အသည်းအသန်ထုတ်ဖော်၍ ရှောင်တိမ်းရန် အပြင်းအထန်ကြိုးစားသော်လည်း အချိန်မရှိတော့။
သူ့မျက်လုံးထဲမှာ သေမင်းအရိပ်များ ချက်ချင်းပြည့်နှက်သွားသည်။ သူ့ငယ်ထိပ်တည့်တည့် ထိုးစိုက်လာသည့် လက်ချောင်းကို ကြည့်လိုက်ရာ သူ့တစ်ကိုယ်လုံး အားနည်းသွားသလို ခံစားလိုက်ရသည်။ သူ့ခြေထောက်နှစ်ချောင်းစလုံး ပျော့ခွေကာ ပြိုလဲလုမတတ်ဖြစ်နေသည်။
သို့သော် ယခုအချိန်တွင် လူအုပ်ကြီးက သူ့ကို လှောင်ပြောင်ကြခြင်းမရှိ။ အကြောင်းမှာ သေခြင်းတရားနှင့် ရင်ဆိုင်လာရစဉ် လူတိုင်းဟာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတာ သဘာဝပင်။
သို့သော် ပိုင်ရှီးဒုန် အား သတ်လိုက်ခြင်းသည် ကျော်ကြားခြင်းမြို့ကို ကပ်ဘေးဖြစ်လာစေနိုင်သည်။ ဘေးမှ ကြည့်နေသူများသည် ဖြစ်လာမည့်အကျိုးဆက်များကို တွေးပြီး အာခေါင်ပင် ခြောက်လာကြသည်။
“ဒီကောင်... သူဘာတွေတွေးနေတာလဲ”
Translated By NyiNyiSoe