အခန်း (၂၅-၂၇)
Vol. 2 Ch. 25-27
..နဂါးနတ်ဘုရား (သွေးနဂါးလုံချန်)
ဘာသာပြန်သူ - ညီညီစိုး
အပိုင်း 25 –
ဤအခိုက်အတန့်တွင် လင်းရှီ ကိုပင် မလှုပ်မယှက်ဖြစ်သွားစေသည်အထိ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။ အစကတော့ လင်းရှီ သည် လုံချန် အဆင်ပြေကြောင်း ထင်နေ၏။ သို့သော်လည်း လုံချန် သည် နာကျင်စွာအော်ဟစ်ပြီး မြေကြီးပေါ်မှာ လူးလှိမ့်နေမည်ဟု မမျှော်လင့်ခဲ့ပေ။ လင်းရှီ သည် ထိတ်လန့်တုန်လှုပ်သွားသည်။ လင်းရှီနတ်ဓား ကနေ အမြန်ထွက်လာပြီး သူမ၏ခန္ဓာကိုယ်သေးသေးလေးဖြင့်
လုံချန် အား စိုးရိမ်တကြီး လှည့်ပတ်လိုက်သည်။
“လုံချန်၊ လုံချန်.... နင် ဘာဖြစ်နေတာလဲ။ ငါ့ကိုမခြောက်နဲ့နော်…”
စိုးရိမ်တကြီးပြောရင်း သူမ၏မျက်လုံးများ တဖြည်းဖြည်းနီရဲလာသည်။
“ငါ့တစ်ကိုယ်လုံး အရမ်းနာကျင်နေတယ်”
ဤအခိုက်အတန့်တွင် လုံချန် သည် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းဟာ သေလုမတတ်နာကျင်နေခဲ့သည်။
သူ့ခန္ဓာကိုယ်ထဲရှိ မူလနဂါးသွေးအဆီအနှစ်ပေါင်း ၁၀၀၀ သည် အဆိပ်ကဲ့သို့ သူ့ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ ပြန့်နှံ့သွားသည်။ လက်ရှိ သူ့တစ်ကိုယ်လုံး နာကျင်နေသည့်အကြောင်းအရင်းဟာ သွေးအဆီအနှစ်များ သူ့အရေပြားထဲထိပေါင်းစပ်သွားလို့ပါ။
“လုံချန်၊ နင့်ရဲ့ခန္ဓာကိုယ်မှာ တစ်ခုခု ပေါက်နေတယ်”
လင်းရှီ၏ ထိတ်လန့်တုန်လှုပ်သော အသံကို ကြားလိုက်ရသည်။ ဤအချိန်တွင် လုံချန် သည် သတ်သေပစ်ချင်လောက်အောင်ကို နာကျင်နေပါသည်။ လင်းရှီ၏စကားကိုကြားပြီးနောက် ထိတ်လန့်သွားပြီးမျက်လုံးဖွင့်ကာ သူ့လက်မောင်းကို ချက်ချင်းစိုက်ကြည့်လိုက်သည်။
သူမြင်လိုက်သည့်အရာကတော့ လက်မောင်းတစ်ဖက်လုံး သွေးများနီရဲနေခြင်းဖြစ်သည်။ ထို့အပြင် ၎င်းက လက်သည်းအရွယ်အစား အကွက်လိုက်ပိုင်းခြားနေသည်။ တစ်စုံတစ်ခု ပေါက်ထွက်လာတော့မည့်အလားထင်ရ၏။ ကြည့်နေရင်းဖြင့် လုံချန် သည် ထိတ်လန့်သွားခဲ့သည်။ အကြောင်းမှာ သူ့လက်မောင်းတစ်ဖက်လုံး သွေးနီရောင်အကြေးခွံများအဖြစ်ပြောင်းလဲလာလို့ပါ။
သူ့စိတ်ထဲ အကြီးအကျယ် ထိတ်လန့်သွားသည်။ သူ့တစ်ကိုယ်လုံး နာကျင်နေတာကိုပင် တောင့်ခံပြီး ခေါင်းငုံ့ကာ သူ့ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်နေခဲ့သည်။ လက်ရှိမှာ သူ့တစ်ကိုယ်လုံးကို သွေးနီရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းထားခဲ့သည်။ ထူးခြားသည်မှာ သူ၏လက်ချောင်းများ၊ ခြေချောင်းများ၊ ဒူးများ၊ တံတောင်ဆစ်များနှင့် အခြားနေရာများတွင် ချွန်ထက်သောဓားများကဲ့သို့ အနီရောင်အရိုးများ ရှိနေသည်။
သူ့လက်ချောင်းများမှ ထွက်လာသည့် ဓားနှင့်တူသော အရိုးများကို ကြည့်ရင်း လုံချန် လည်း အံ့အားသင့်သွားသည် “ဒါ...ဒါတွေက နဂါးခြေသည်းတွေလား။ ငါ နတ်သားရဲတစ်ကောင် ဖြစ်သွားပြီလား”
ရုတ်တရက် သူ့နောက်ကျောကို တို့ထိလိုက်ကာ ချွန်ထက်စူးရှသော ကျောရိုးတစ်လျှောက်ဖြစ်နေမှန်း
ခံစားလိုက်ရသည်။ သူ၏ခေါင်းမှာလည်း သွေးနီရောင်
အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ ခေါင်းထိပ်ရှိအနက်ရောင်ဆံပင်များအစား သွေးချီမျှင်များအစားထိုးပေါက်လာပုံရသည်။
လုံချန် သည် သူ့ကိုယ်သူ အပြည့်အ၀ မမြင်ရသေးသော်လည်း သူ၏ခန္ဓာကိုယ်နှင့် ခြေလက်အင်္ဂါများအားလုံး ပြီးပြည့်စုံသော နတ်သားရဲတစ်ကောင်ဖြစ်နေသကဲ့သို့ ခံစားမိသည်။
ဤအချိန်တွင် လုံချန်၏ ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုသည် တဖြည်းဖြည်း လျော့ပါးလာသည်။ သေချာသည်မှာ အသွင်ပြောင်းလဲမှုဖြစ်စဉ် ပြီးလုနီးပါး ဖြစ်ပုံရသည်။ လုံချန် သည် သူ့ခန္ဓာကိုယ်ကို မှင်တက်စွာ ငေးစိုက်ကြည့်ရင်း နာကျင်မှုကို မေ့ဖျောက်ထားရန် ကြိုးစားလိုက်သည်။
လင်းရှီ ကတော့ လုံချန် စကားပြောနိုင်သေးမှန်း ကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်ပါသည်။ ဒီအချိန်မှာပဲ လုံချန် က ရုတ်တရက်မေးလာပါသည် “ရှီအာ၊ ငါ့ပုံစံက အရမ်းချောလာတယ်လို့ မင်းထင်လား”
လင်းရှီ သည် လုံချန် ကို ဝေ့ဝဲကြည့်လိုက်သည်။ သူ၏ လက်ရှိအသွင်အပြင်သည် သွေးသံတရဲရဲဖြစ်နေသော်လည်း ခန္ဓာကိုယ်ပေါ်ရှိ သွေးနီရောင်ဆူးချွန်များ၊ အကြေးခွံများကြောင့် အလွန်ပြီးပြည့်စုံသည်ဟု ခံစားရသည်။
“ဒီကောင်စုတ် က တကယ်ကို အရမ်းချောတာလာတာပဲ။ ဒါပေမယ့် အဲဒါက ဘာကိုသုံးတာလဲ”
“လုံချန် အခု နင်အဆင်ပြေလား”
လုံချန် သည် သူ့ခန္ဓာကိုယ်အခြေအနေအား တစ်ချက်ခံစားကြည့်လိုက်ပြီး ပြန်ပြောသည် “မသိဘူး... ဒါပေမဲ့ ငါ့မှာ သန်မာတဲ့ ခွန်အားရှိတယ်။ အရမ်းအားကောင်းလာတဲ့ ခံစားချက်ကို ခံစားရတယ်”
ဤအချိန်တွင် လုံချန်၏ ခန္ဓာကိုယ်သည် ထူးဆန်းသောအသွင်အပြင်အဖြစ်သို့ လုံးဝပြောင်းလဲသွားခဲ့လေသည်။
သူ့ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းတိုင်း၊ အရိုးအပိုင်းအစများနှင့် သွေးတစ်စက်ချင်းစီမှာပင် ကြောက်မက်ဖွယ် သွေးနဂါးကြီးတစ်ကောင်၏ အရိပ်ကို မြင်နိုင်သည်။
ထို့အပြင် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတိုင်းနှင့် ကြွက်သားတိုင်းသည် အသစ်ပြန်လည်မွေးဖွားလာပုံရသည်။ သူ၏နှလုံးခုန်နှုန်းသည် ယခင်ကထက် အဆပိုမြန်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲအနှံ့ ပြန့်နှံ့သွားသည့် အသွင်ပြောင်းသွေးသည် ကိုယ်လက်အင်္ဂါများနှင့် ကြွက်သားများမှတဆင့် စီးဆင်းသွားကာ ၎င်းတို့ကို တိုက်ရိုက်မျိုချလိုက်သလိုပင်။
ဤကဲ့သို့ ထူးဆန်းသော မြင်ကွင်းသည် လုံချန် ပင် တစ်ခါမျှ မမျှော်လင့်ထားသော အရာဖြစ်သည် ။
“ငါဘယ်လိုဖြစ်နေတာလဲ...ဘာဖြစ်နေတာလဲ”
လုံချန် သည် သူ့ကိုယ်သူ ရေရွတ်နေဆဲဖြစ်သည်။ယခုအချိန်တွင် သူ့ကျင့်ကြံမှုအဆင့်က အဆင့် ၅ အထွတ်အထိပ်သို့ ရောက်ရှိနေပါပြီ။ တစ်ခဏလေးအတွင်းမှာပဲ သူ၏မူလချီသည် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ ထို့နောက် မူလချီ သည် တဖြည်းဖြည်း သွေးနီရောင်ပြောင်းသွားပါတော့သည်။ မူလချီ အသွင်ပြောင်းလဲလာသည်နှင့်အမျှ သူ့ဒန်တျန်ထဲရှိ ချီများဟာ
ပိုပြီးသိပ်သည်းလာလေသည်။
ဤပြောင်းလဲမှုဖြစ်စဉ်သည် နာကျင်စရာမဟုတ်သော်လည်း မူလချီကို သွေးချီအဖြစ် ပြောင်းလဲသွားစေခြင်းဟာ လုံချန်အား တော်တော်လေးအံ့အားသင့်စေခဲ့သည်။
ထို့အတူ လုံချန် သည် သူ့ခန္ဓာကိုယ်အနှံ့ ဆာလောင်မွတ်သိပ်မှုကို ခံစားလိုက်ရသည်။ သူ့အမူအရာက ရုတ်တရက်ဆိုသလိုပင် ကြည့်ရဆိုးသွားခဲ့သည်။
လင်းရှီ က စိုးရိမ်တကြီးဖြင့် “နင်... နင် ဘာဖြစ်နေတာလဲ”
လုံချန် သည် လင်းရှီ၏မျက်လုံးထဲမှ စိုးရိမ်ပူပန်မှုကို ခံစားမိကာ နှလုံးသားထဲ နွေးထွေးသွားသည်။
“ငါ...ဗိုက်ဆာတယ်...မဟုတ်ဘူး ငါအရမ်းဗိုက်ဆာနေတယ်”
စကားပြေနေရင်း လုံချန် သည် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။ သို့သော် သူ့အော်သံက နဂါးဟိန်းသံ ဖြစ်နေ၏။ နှစ်ယောက်စလုံးလည်း အံ့သြသွားကြပါသည်။
သို့သော် လုံချန် သည် ဤကိစ္စကို ဂရုစိုက်ရန် အချိန်မရှိပေ။ မူလချီ သည် သွေးချီအဖြစ် ပြောင်းလဲလာလေလေ ပိုပိုပြီးဆာလောင်လာလေလေဖြစ်သည်။ ဤအခိုက်အတန့်တွင် လုံချန် သည် သူ့ကိုယ်သူ နတ်ဆိုးတစ်ကောင်ဟုပင် တွေးလိုက်မိသည်။
“ငါဗိုက်ဆာနေပြီ။ ဗိုက်ဆာလွန်းလို့သေတော့မယ်…”
လုံချန် သည် မြေပြင်ပေါ်သို့ ချက်ချင်းလဲကျသွားသည်။ ထိုဆာလောင်မှုအာရုံသည် သူ့တစ်ကိုယ်လုံးကို အားနည်းသွားစေခဲ့သည်။
လင်းရှီ သည် အထိတ်တလန့်လေသံဖြငံ
ပြောလိုက်သည် “ငါ... ငါ အပြင်ထွက်ပြီး စားဖို့ တစ်ခုခုရှာလိုက်မယ်”
သို့သော် လုံချန် က သူမကို အမြန်တားလိုက်သည် “ဟင့်အင်း၊ မင်း အပြင်ထွက်စရာ မလိုဘူး။ အဲဒါတွေ မစားချင်ဘူး...”
လင်းရှီ က အနည်းငယ်ပြုံးမိသွားသော်လည်း စိုးရိမ်စိတ်ဖြင့် ပြန်မေးခဲ့သည် “ဒါဆို နင်ဘာစားချင်တာလဲ”
လုံချန် သည် ကြောင်တတ်တတ်ဖစ်သွားသည်။ ဗိုက်အရမ်းဆာနေသော်လည်း သူဘာစားချင်မှန်းမသိလို့ပါ။ မူလချီ အသွင်ပြောင်းလဲသွားသည့်အတွက် အလိုလိုဖြစ်ပေါ်လာသော ဆာလောင်မှုပင်။
ရုတ်တရက်ဆိုသလို သူ၏သိုလှောင်လက်စွပ်ထဲ၌
ဝိညာဉ်ကျောက်စိမ်းတုံး ၅၀၀ ကျော်ရှိနေသေးမှန်းသတိရလိုက်သည်။ ထို့နောက် ဝိညာဉ်ကျောက်စိမ်းများကို အမြန်ထုတ်ယူလိုက်၏။
လင်းရှီ၏ ထိတ်လန့်သော အကြည့်အောက်တွင် လုံချန် သည် ဝိညာဉ်ကျောက်စိမ်းလက်တစ်ဆုပ်စာကို တိုက်ရိုက်ဖမ်းယူကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ဤအချိန်တွင် ကောင်းကင်နှင့်မြေကြီး၏
ဝိညာဉ်ချီအများအပြားသည် လုံချန်၏ခန္ဓာကိုယ်ဆီသို့စုစည်းလာပါသည်။ ထို့နောက် မူလဒန်တျန်ထဲသို့ ပို့လွှတ်လိုက်သည်။ မူလဒန်တျန်ထဲ ရောက်သည်နှင့်
သွေးချီ အဖြစ် အသွင်ပြောင်းလဲသွားပါတော့သည်။
လုံချန် သည် ဝိညာဉ်ကျောက်စိမ်း အလုံး ၆၀၀ နီးပါးကို တစ်နာရီမပြည့်ခင်မှာပဲ အကုန်လုံးမျိုချပစ်လိုက်တော့သည်။သို့သော် လုံချန် သည် အဆာမပြေသေးပေ။ နောက်ထပ် စားစရာမရှိတော့ပါက သူသည် ချက်ချင်းငတ်သေတော့မည့်အလား ခံစားနေရသည်။
လုံချန် သည် ဘေးနားရှိ လင်းရှီ ကိုလှည့်ကြည့်ရင်း ပြောလိုက်သည် “ရှီအာ၊ လင်းရှီနတ်ဓား ထဲကို ပြန်ဝင်လိုက်ဦး။ ငါ ခဏလောက် အပြင်ထွက်ရဦးမယ်။ အပြင်မှာ နတ်ဆိုးသားရဲတွေ ရှိမရှိ သိအောင် ကူညီပေး။ မြန်မြန်လုပ်ပါ....”
သူ့စကားကို ကြားသည်နှင့် လင်းရှီ သည် လင်းရှီနတ်ဓား အဖြစ်ပြောင်းလဲကာ လုံချန်၏ နားရွက်ထဲသို့ဝင်ရောက်သွားသည်။
ထို့နောက် လုံချန် သည် အပြင်ဖက်သို့ တဟုန်ထိုး ပြေးထွက်သွားသည် ။ အပြင်ဖက်၌ ညဉ့်နက်ချိန်ဖြစ်နေ၏။ လုံချန်၏တစ်ကိုယ်လုံး သွေးရနံ့များ လွှမ်းနေခဲ့လေသည်။ သွေးညှီနံ့သည် အလွန်သိသာထင်ရှားပုံရပြီး အဝေးရှိ နတ်ဆိုးသားရဲများပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။
လုံချန် သည် ပျက်သုဉ်းခြင်းတောင်တန်း၏ အနက်ပိုင်းဆီသို့ ပြေးဝင်သွားခဲ့သည်။ ခဏအကြာတွင် လင်းရှီ ထံမှ စကားသံထွက်လာ၏ “အရှေ့ဖက်တည့်တည့်မှာ မြေအောက်လိုဏ်ဂူတစ်ခုရှိတယ်။ အထဲမှာ အော်ရာတွေ အများကြီးရှိတယ်လို့ ခံစားမိတယ်။ ဒါပေမဲ့ အများစုက အဝါရောင်အဆင့် ၅ နတ်ဆိုးသားရဲတွေ လောက်ပဲ။ နင်က...”
စကားမဆုံးသေးခင်မှာပဲ လုံချန် သည် မြေအောက်လှိုဏ်ဂူထဲသို့ ပြေးဝင်သွား၏။
မြေအောက်လှိုဏ်ဂူသည် အလွန်စိုစွတ်နေပြီး သွေးညှီနံ့များ ပြင်းထန်စွာ ပျံ့လွင့်နေသည်။ လမ်းတစ်လျှောက်တွင် ဆွေးမြည့်နေသော အရိုးအစုအချို့ကိုပင် ယောင်ဝါးဝါးမြင်နေရသည်။ သိပ်မကြာခင်မှာပဲ လုံချန် သည် မြေအောက် လှိုဏ်ဂူတစ်ခုဆီကို ရောက်လာတော့သည်။
ဂူအတွင်းပိုင်းရှိနေရာသည် အလွန်တရာမှကို ကျယ်ဝန်းလှသည်။ သို့သော် ဂူအောက်ခြေ၌ အနက်ရောင်ကျောက်တုံးကြီးတစ်တုံးသာ ရှိနေ၏။ ပတ်ဝန်းကျင်ကနေ ပုပ်အဲ့အဲ့အနံ့ ထွက်ပေါ်နေခဲ့သည်။
ဘယ်နေရာက ထွက်လာမှန်းတော့မသိနိုင်ပေ။
ဤအချိန်မှာပဲ မီးခိုးရောင်မြူများ ကြားကနေ သွေးနီရောင်ပုံရိပ်ကြီးတစ်ခု ရုတ်ချည်းဆိုသလိုထွက်ပေါ်လာလေသည်။ ၎င်းက လေထဲ၌ ရပ်တန့်သွားပြီးနောက် လုံချန် အား အေးစက်စွာ စိုက်ကြည့်နေသည်။
“ဒါက… မြေအောက်သွေးခြင်္သေ့ ပဲ”
လုံချန် ပြောလို့ပင်မဆုံးသေး သွေးခြင်္သေ့ဟာ သူ့ထံ တည့်တည့်ခုန်ဝင်လာပါတော့သည်။
သို့သော် လုံချန် သည် သိပ်ပြီးဂရုမစိုက်ပေ။
ဤအချိန်တွင် သူ့ခန္ဓာကိုယ်ထဲရှိ သွေးများ ပွက်ပွက်ဆူနေသလို ခံစားလိုက်ရသည်။ ပုံမှန်အားဖြင့်
သွေးဖွတ် သည် စပ်ဆုပ်ရွံရှာစရာကောင်းသော်လည်း ယခုအခါမှာတော့ သူ့အတွက် အရသာအရှိဆုံး အစားအစာတစ်ခုလို ခံစားမိနေသည်။
လုံချန် သည် အနီရောင်အရိပ်တစ်ခုသဖွယ် ခုန်တက်လာသည်။ တစ်ချိန်တည်းမှာပဲ သူ၏သွေးနဂါးလက်သည်းဟာ သွေးဖွတ်၏ ဝမ်းဗိုက်ကိုတိုက်ရိုက်ထိုးခွဲပြီး အမြုတေအား ဆွဲထုတ်လိုက်သည်။
ဤအခိုက်အတန့်တွင် သူ့အသိစိတ်ပင်လယ်ထဲရှိ လျှို့ဝှက်ဆန်းကြယ်သောနဂါးကျောက်စိမ်းဆွဲသီးသည် ရုတ်တရက် တုန်ခါသွားခဲ့သည်။
Translated By NyiNyiSoe
.နဂါးနတ်ဘုရား (သွေးနဂါးလုံချန်)
ဘာသာပြန်သူ - ညီညီစိုး
အပိုင်း 26 - အဆင့် ၆ နဂါးသွေးကြောနယ်ပယ်သို့ တက်လှမ်းခြင်း
ဤအခိုက်အတန့်တွင် လျှို့ဝှက်ဆန်းကြယ်သော နဂါးကျောက်စိမ်းဆွဲသီးပေါ်ရှိ ထူးဆန်းသော နဂါးရုပ် သည် မှိန်ဖျော့ဖျော့ တောက်ပနေပြန်သည်။ ရုတ်တရက်ဆိုသလိုပဲ အနက်ရောင်အလင်းတန်းတစ်ခု လင်းလက်သွားသည်။ ထို့နောက် ၎င်းအောက်ရှိ မူလနဂါးသွေးစက်ကို လွှမ်းခြုံသွားခဲ့သည်။ တစ်ချိန်တည်းတွင် လုံချန်၏အသိစိတ်ပင်လယ်သည် ချက်ချင်း လှုပ်ခါသွားသည်။ သို့သော် မူလနဂါးသွေးစက် သည် နဂါးကျောက်စိမ်းဆွဲသီး၏ ထိန်းချုပ်မှုမှ မလွတ်မြောက်နိုင်ပေ။
ခဏကြာပြီးနောက် နဂါးသွေးစက် သည် နဂါးကျောက်စိမ်းဆွဲသီး ဆီသို့ တဖြည်းဖြည်း ရွေ့လျားလာသည်။ ထို့နောက် နဂါးကျောက်စိမ်းဆွဲသီး သည် သွေးနီရောင်ဆွဲသီးအဖြစ် ပြောင်းလဲသွားလေတော့သည်။
ဤအခိုက်အတန့်တွင် လုံချန် သည် နဂါးကျောက်စိမ်းဆွဲသီးပေါ်ရှိ နဂါးနက်ရုပ်သည် အနီရောင်ပြောင်းသွားသည်ကို မြင်လိုက်ရသည်။ ထိုခဏလေးမှာပဲ နဂါးနက်ပုံစံပေါ်ကနေ သွေးကြောပုံစံ သွေးနီရောင်အစင်းကြောင်းများ ရုတ်ချည်းပေါ်လာခဲ့တော့သည်။ လုံချန် လည်း ရုတ်တရက်အဖြစ်အပျက်ကြောင့် ထိတ်လန့်သွားမိသည်။ သို့သော် သူ ထိတ်လန့်လို့မှမဆုံးသေး သွေးနီရောင်အစင်းကြောင်းများ လှည့်ပတ်နေသည်ကိုသတိထားမိလိုက်သည်။ ဤမြင်ကွင်းကြောင့် လုံချန် သည် အလွန်စိတ်လှုပ်ရှားလာခဲ့သည်။
“ဒီလှည့်ပတ်နေတဲ့ သွေးလမ်းကြောင်းတွေက တကယ်တော့ အစစ်အမှန်ချီ ကို ထုတ်ဖော်နေသလိုပဲ။ ဒါက
အစွမ်းထက် တိုက်ခိုက်ရေးနည်းစနစ်နဲ့ ဆင်တူတယ်”
သူ၏ အသိစိတ်ပင်လယ်ထဲရှိ နဂါးကျောက်စိမ်းဆွဲသီးနှင့် အမွေဆက်ခံရရှိထားသော မူလနဂါးသွေးစက် နှစ်ခုစလုံးဟာ အလွန်တရာမှကို လျှို့ဝှက်ဆန်းကြယ်ပါသည်။ အလွန်အင်မတန် အစွမ်းထက်သည့် တည်ရှိမှုများပင်။ ထို့အတူ နဂါးကျောက်စိမ်းဆွဲသီး ပေါ်ရှိ လည်ပတ်နေသော သွေးချီလမ်းကြောင်းသည် သဘာဝအတိုင်း မရိုးရှင်းနိုင်ပေ။
လုံချန် သည် ဖြစ်ပျက်နေသည်များကို ကမန်းကတန်း အာရုံစိုက်ထားလိုက်သည်။ ဤအချိန်တွင် နဂါးကျောက်စိမ်းဆွဲသီးမှ သွေးနီရောင်အလင်းတန်းများ ထွက်ပေါ်နေရာမှ တဖြည်းဖြည်း လျော့ကျလာသည်။ ၎င်းက မူလနဂါးသွေးစက်ကို ရုန်းကြွမလာနိုင်အောင် ဖိနှိပ်ထားပုံရသည်။
လုံချန် သည် နဂါးကျောက်စိမ်းဆွဲသီး အကြောင်းကို သိချင်နေသည့်တိုင် သူ့မှာ တွေးနေရန် အချိန်မရှိပေ။ သူသည် နဂါးကျောက်စိမ်းဆွဲသီးကနေ ထွက်ပေါ်လာသည့် သွေးနီရောင်အစစ်အမှန်ချီကို သန့်စင်ရန် လုပ်ဆောင်လိုက်သည်။ ဤအချိန်တွင် လုံချန် သည် ဖြစ်စဉ်၏ သဘောတရားကို ရုတ်တရက် နားလည်သွားခဲ့သည်။ ထို့အတူ သူ့စိတ်ဝိညာဉ်ပင်လယ်သည် တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။
“သွေးကို အစစ်အမှန်ချီ ဖြစ်အောင် သန့်စင်ခြင်း... သွေးဆီအနှစ်ကို သန့်စင်ပြီးတာနဲ့ ငါ့ကိုယ်ပိုင် အစစ်အမှန်ချီ ဖြစ်အောင် ပြောင်းလဲနိုင်တယ်။ ဒီအကျိုးသက်ရောက်မှုက ဝိညာဉ်ကျောက်စိမ်းတုံးတွေကို တိုက်ရိုက်ဝါးမျိုတာ ဒါမှမဟုတ် သားရဲအမြုတေတွေ ကို သန့်စင်တာထက် ပိုပြီးအသုံးဝင်တယ်”
“တစ်ခုပဲ ၊ ဒီနည်းစနစ်က အဆင့်သတ်မှတ်ထားတာမရှိဘူး။ ဒါပေမဲ့ ဒါဟာ ကောင်းကင်ဘုံကို အန်တုနေတဲ့ မှော်ဆန်တဲ့နည်းစနစ်တစ်ခုပဲ”
လုံချန် သည် နည်းစနစ်ကို အသက်သွင်းရင်း မြေအောက်သွေးခြင်္သေ့၏ နှလုံးသားကို သန့်စင်လိုက်သည်။ သွေးခြင်္သေ့ကြီးဟာ အန္တရာယ်ကို အာရုံခံမိသည့်အလား ချက်ချင်းဆိုသလိုပဲ ရုန်းကန်ပါတော့သည်။ သို့သော် မလွတ်မြောက်နိုင်ခဲ့။ ထိုခဏလေးမှာပဲ ထူးဆန်းသောစွမ်းအားတစ်ခု ထိုးဖောက်လာပြီး သွေးခြင်္သေ့ကြီး၏နှလုံးသား ကြေမွသွားလေတော့သည်။
ထို့နောက် လုံချန် သည် သွေးခြင်္သေ့ထံမှ စွမ်းအားများ၊ အဆီအနှစ်များကို တစ်ခုမကျန်စုပ်ယူလိုက်သည်။
သွေးခြင်္သေ့၏ အဆီအနှစ်များအားလုံး စုပ်ယူပြီးနောက်တော့ လုံချန်၏ ဆာလောင်မွတ်သိပ်မှုသည် တဖြည်းဖြည်း သက်သာသွား၏။ သို့သော် သူ့မျက်နှာပေါ်ရှိ ရူးသွပ်သွပ်အမူအရာကတော့ မပျောက်ကွယ်သေးပေ။
လင်းရှီ သည် ဤအခြေအနေကို သတိထားမိပုံပါ။ သူမ အနည်းငယ် စိတ်မကောင်းဖြစ်သွားမိသည်။ သို့သော် နတ်ဆိုးများနှင့် လူသားများသည် မတူညီသော မျိုးနွယ်စုကြီးနှစ်ခုဖြစ်ခဲ့သည်။ သာမာန်အားဖြင့် လူသားများသည် နတ်ဆိုး သားရဲများကို အမဲလိုက်လေ့ရှိကြသည်။ ထို့အတူ အစွမ်းထက်သော နတ်ဆိုးများသည်လည်း လူသားများကို အမဲလိုက်သတ်ဖြတ်တတ်ကြသည်။ အပြန်အလှန် ပင်။
ခဏကြာပြီးနောက် လုံချန် သည် ထွက်သွားရန် ပြင်လိုက်၏။ ဤအခိုက်အတန့်တွင် လင်းရှီ သည် ရုတ်တရက် ပြောခဲ့သည် “လုံချန် ၊ မြေအောက်ဂူထဲမှာ အရမ်းအားကောင်းတဲ့ နတ်ဆိုးသားရဲတစ်ကောင်ရှိတယ်။ ဒီသတ္တဝါက အဝါရောင်အဆင့် ၇ ပဲ။ နင် ဒါကို အမဲလိုက်ပြီး သန့်စင်လို့ရတယ်”
အတိတ်မှာတော့ အဝါရောင်အဆင့် ၇ နတ်ဆိုးသားရဲတစ်ကောင်သည် လုံချန်၏အသက်ကို အသာလေးနှုတ်ယူသွားနိုင်ပါသည်။
နတ်နဂါးခန္ဓာကိုယ်အသွင် ပြောင်းလဲပြီးနောက် လုံချန် မည်မျှသန်မာသည်ကို မသိပေ။ ထို့ကြောင့် လင်းရှီ က မေးမြန်းသည့်သဘောဖြင့် ပြောလိုက်ခြင်းပင်။ ထိုစကားကြားသည့်အခါ လုံချန် လည်း လန့်သွားသည်။
“အဝါရောင်အဆင့် ၇ နတ်ဆိုးလား။ ကောင်းပြီ၊ လက်ရှိ ငါ့ခန္ဓာကိုယ်က ဘယ်လောက်သန်မာလာသလဲဆိုတာ စမ်းသပ်လို့ရတယ်”
အဝါရောင်အဆင့် ၇ နတ်ဆိုးသားရဲ သည် အခြေခံအားဖြင့် နဂါးသွေးကြောနယ်ပယ် အဆင့် ၇ လူသားကျင့်ကြံသူ ထက် ပိုပြီး အားကောင်းပါသည်။
လုံချန် သည် သွားသင့်မသွားသင့် စဉ်းစားနေချိန်တွင် မြေအောက်တစ်ခုလုံး ရုတ်တရက် တုန်ခါလာခဲ့သည်။ တစ်ချိန်တည်းမှာပဲ မြေအောက်မှ နဂါးဟိန်းသံနှင့် ဆင်တူသည့် စူးရှကျယ်လောင်သော အော်သံကြီး ထွက်ပေါ်လာလေသည်။ ထို့နောက် ဘေးပတ်ဝန်းကျင်မှ ကျောက်တုံးကျောက်ခဲများ ပွင့်ထွက်သွားပြီး လုံချန်ရှေ့တွင် ဧရာမသတ္တဝါကြီးတစ်ကောင် ပေါ်လာတော့သည်။ မြေအောက်သွေးခြင်္သေ့ထက်ပင် အရွယ်အစားကြီးမားသော ဧရာမနတ်ဆိုးကြီးတစ်ကောင် ဖြစ်ခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်သည် မီတာ ၂၀ ကျော်ရှည်လျားကာ တစ်ကိုယ်လုံးလည်း သွေးနီရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားလေသည်။ နီရဲနေသော မျက်လုံးကြီးနှစ်လုံးဟာ ရေကန်ငယ်နှစ်ခုအလား ကြီးမားလှသည်။ ၎င်း၏မျက်လုံးအစုံမှာ သွေးဆာရက်စက်ဟန်များပေါ်လွင်နေသည်။
“လက်စသတ်တော့ မြေအောက်သွေးခြင်္သေ့ဘုရင် ဖြစ်နေတာကိုး။ ဒီမှာ သွေးခြင်္သေ့တွေ အများကြီးရှိနေတာ မအံ့သြတော့ဘူး။ ဘုရင်တစ်ပါးရှိနေရင် နောက်လိုက်တွေပါရှိနေတာ သဘာဝပဲလေ”
သွေးခြင်္သေ့ဘုရင် ထံမှ အစွမ်းထက် နတ်ဆိုးအရှိန်အဝါ ကို ခံစားမိသောအခါ လုံချန်သည် ခြေတစ်လှမ်းမှ တစ်ဝက်မျှ နောက်ပြန်ဆုတ်သွားခဲ့သည်။
တစ်ဖက်တွင်လည်း သွေးခြင်္သေ့ဘုရင် သည် အလွန်ဒေါသထွက်နေပုံရ၏။ အကြောင်းမှာ လုံချန် ဆီကနေ သွေးခြင်္သေ့အရှိန်အဝါများရနေလို့ပါ။ ဤလူသားက သူ၏ငယ်သားများစွာကို သတ်ပြီး ဝါးမျိုခဲ့ပုံရသည်။
လုံချန် သည် အနည်းငယ် ရယ်မောလိုက်ရင်း ပြောလိုက်သည် “ဒီသတ္တဝါက ငါ့ကိုသတ်ချင်နေပုံရတယ်။ ငါနဲ့လာတွေ့တာ မင်းအတွက်ကံဆိုးတာပဲ။ မင်းဟာ ငါ့အတွက် စားစရာတစ်ခုသာသာပါပဲလေ”
လုံချန်၏မျက်လုံးထဲ၌ အေးစက်သော အလင်းရောင်တစ်ချက် လင်းလက်လာသည်။ သူ၏ လက်ရှိအရှိန်သည် အရင်ကထက် ဆယ်ဆလောက် ပိုမြန်လေသည်။ သူ့ခန္ဓာကိုယ်ကို တစ်ချက်လှုပ်လိုက်ရုံဖြင့် လှိုဏ်ဂူထဲ၌ သွေးအရိပ်တစ်ခု လွင့်မျောနေသည့်အလားပင် ထင်ရသည်။ သို့သော် သွေးခြင်္သေ့ဘုရင်၏ လှုပ်ရှားမှုက သူ့ထက်ပင် မြန်ဆန်နေသည်ကို မြင်လိုက်လေသည်။
၎င်း၏ဧရာမပါးစပ်ကြီးကို အသာလေးဟလိုက်ရုံဖြင့် လုံချန်၏ခေါင်းအထက်သို့ ရှည်လျားသော ခြင်္သေ့လျှာကြီး ချက်ချင်းရောက်လာပါသည်။ လုံချန် သည် အော်ဟစ်ကြုံးဝါးရင်း လက်သီးနှစ်ဖက်ဖြင့် အားကုန်ပင့်ထိုးလိုက်သည်။ သို့သော် သူ့တိုက်ခိုက်မှုက သွေး ခြင်္သေ့လျှာကြီးကို မထိုးဖောက်နိုင်ခဲ့ပေ။ ၎င်း၏မာကြောမှုသည် လက်ရှိသူ့ခန္ဓာကိုယ်နှင့် အတူတူပင်ဖြစ်နေတာကို မြင်တွေ့လိုက်ရသည်။ ထို့နောက် တွန်းကန်အားကြောင့် လုံချန်၏ခြေထောက်နှစ်ဖက်စလုံး မြေကြီးထဲသို့ပင် ကျွံဝင်သွားရသည်။
“ထားလိုက်ပါတော့၊ ငါဒီနေ့ဗိုက်ပြည့်နေပြီ။ မင်းနဲ့ကစားဖို့အချိန်မရှိဘူး။ ဟီးဟီး။ ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခုပဲ။ မိုးပြာနဂါးတံဆိပ်(အဇူရာနဂါးတံဆိပ်)ကို ငါသင်ယူပြီးပြီဆိုပေမဲ့ အခုထိ တစ်ခါမှလက်တွေ့မသုံးဖူးသေးဘူး။ ဒီနေ့တော့ မင်းနဲ့ စမ်းသပ်ကြည့်ရအောင်”
စကားပြောပြီးသည်နှင့် လုံချန် သည် သူ၏ညာဖက်လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ဤအချိန်တွင်
သွေးရောင်နီရဲနေသည့် သူ့မျက်လုံးအစုံကနေ အေးစက်စက် အလင်းတန်းများ တလက်လက်ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ညာဖက်လက်လက်ဝါးဟာ ဧရာမလက်သည်းရှည်များ အဖြစ်ပြောင်းသွားလေတော့သည်။ လက်သည်းများ ကြားကနေ သွေးနီရောင်အလင်းတန်းများ တလက်လက်ထွက်ပေါ်လာပြီးနောက် ပြင်းထန်သောဖိအားတစ်ခု ပေါက်ကွဲလာပြီး သွေးခြင်္သေ့ဘုရင်ထံသို့ တည့်တည့်တိုးဝင်သွားသည်။
တစ်ချိန်တည်းမှာပင် လုံချန်၏လက်ဝါးပေါ်၌ မိုးပြာရောင်နဂါးပုံသဏ္ဍာတန်တစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာသည် ။
“မိုးပြာနဂါးတံဆိပ်တော်”
မကြာခင်မှာပဲ သွေးနီရောင်အလင်းတန်းများ စုစည်းပြီး ဧရာမသွေးနဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲကာ လုံချန်၏ လက်ဝါးကို ရစ်ပတ်ထားခဲ့သည်။ ဤအချိန်တွင်တော့ သွေးခြင်္သေ့ဘုရင် သည် သေခြင်းတရား၏အငွေ့အသက်ကို ခံစားလိုက်ရလေသည်။ ထို့အတူ ကမန်းကတန်း နောက်ပြန်ဆုတ်သွားတော့သည်။
သို့သော် ဤအချိန်တွင် မူလက ပိန်းပိတ်အောင်မှောင်မည်းနေသည့် လှိုဏ်ဂူထဲ၌ သွေးနီရောင်အလင်းတန်းများဖြင့် လင်းထိန်သွား၏။ တစ်ချိန်တည်းမှာပင် သွေးနဂါးကြီးတစ်ကောင် ပေါ်လာပြီး သွေးခြင်္သေ့ဘုရင်၏ဦးခေါင်းတည့်တည့် ထိမှန်သွားခဲ့သည်။ ထို့နောက် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည့် နဂါးဟိန်းသံ နှင့်အတူ သွေးခြင်္သေ့ဘုရင်၏ခေါင်းဟာ တစ်စစီပေါက်ကွဲထွက်သွားပါတော့သည်။
အဝါရောင်အဆင့် ၇ သွေးခြင်္သေ့ဘုရင်ကား ဤကဲ့သို့ပင် သေဆုံးသွားခဲ့ပြီဖြစ်သည်။
သွေးခြင်္သေ့ဘုရင် ကိုသတ်ပြီးနောက် လုံချန် သည် သိပ်သည်းလှသော သွေးချီအရှိန်အဝါကို ခံစားမိလေသည်။ သူက တုံ့ဆိုင်းမနေတော့ပေ၊ သွေးခြင်္သေ့ဘုရင်၏နောက်ကျောပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် သွေးသန့်စင်ခြင်းနည်းစနစ်အား အသက်သွင်းကာ စတင်စုပ်ယူပါတော့သည်။ ချက်ချင်းဆိုသလိုပဲ ဧရာမသွေးခြင်္သေ့အလောင်းကြီးမှ များပြားလှသောသွေးစီးကြောင်းများ ထွက်လာခဲ့သည်။
အချိန်ခဏကြာပြီးနောက် လုံချန် သည် သွေးခြင်္သေ့၏အလောင်းမှ သွေးအဆီအနှစ် အားလုံးနီးပါးကိုစုပ်ယူပစ်ခဲ့သည်။ တစ်ချိန်တည်းတွင် သူသည် သွေးအဆီအနှစ် ၉၀ % ကိုပါ သန့်စင်နိုင်လိုက်သည်။ ထို့နောက် သူ၏အစစ်အမှန်သွေးချီအဖြစ် ပြောင်းလဲကာ မူလဒန်တျန်ထဲသို့ ပေါင်းစပ်လိုက်သည်။
အဝါရောင်အဆင့် ၇ နတ်ဆိုးသားရဲ၏ သွေးအဆီအနှစ်သည် ဟာသမဟုတ်ပေ။ လုံချန် သည် သူ၏ အစစ်အမှန် စွမ်းအင်များ လျင်မြန်စွာ မြင့်တက်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ သိပ်မကြာလိုက်၊ အဆင့် ၆ အတားအဆီးသို့ပင်ရိုက်ခတ်သွားသည်။
လုံချန် သည် ချက်ချင်းပင် တင်ပျဉ်ခွေထိုင်ချလိုက်သည်။ ထိုခဏလေးမှာပဲ သူ၏အစစ်အမှန်ချီစွမ်းအင်များသည် အဆင့် ၆ နဂါးသွေးကြော ဆီသို့ ပြန့်နှံ့လျက် သွေးနီရောင်နဂါးကြီးတစ်ကောင် ဖြစ်ပေါ်လာတော့သည်။
ဤမြင်ကွင်းကြောင့် လုံချန် သည် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ သွေးချီစွမ်းအင်မှ ဖြစ်ပေါ်လာသည့် သွေးနဂါး သည် အသိစိတ်ရှိနေပုံရ၏။ သို့သော် လုံချန် သည် သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းလိုက်သည်။ လက်ရှိတွင် သူ၏အစစ်အမှန်ချီစွမ်းအင် သည် အဆင့် ၅ အထွတ်အထိပ်သို့ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် အဆင့် ၆ နဂါးသွေးကြောနယ်ပယ်သို့ ဖြတ်ကျော်ရန်ကား သူ့အတွက် မကြုံစဖူးလွယ်ကူသွားခဲ့သည်။
နာရီဝက်ကျော်ကျော် ကြာပြီးနောက်တွင် အဆင့် ၆ နဂါးသွေးကြော သည် လုံးဝပြီးပြည့်စုံသွားခဲ့ပါပြီ။ တစ်ချိန်တည်းမှာပင် လုံချန်၏ခန္ဓာကိုယ်ထဲသို့ ကောင်းကင်နှင့်မြေကြီး၏ သိပ်သည်းသော ဝိညာဉ်ချီစွမ်းအင်များ အဆက်မပြတ် တိုးဝင်လာပါတော့သည်။
ယခုအချိန်တွင်တော့ လုံချန်၏ ခွန်အားအဆင့်က အဆင့် ၆ နဂါးသွေးကြောနယ်ပယ်မှာ ရှိနေလေပြီ။
တစ်နည်းပြောရလျှင်တော့ လုံချန် သည် နတ်ဆိုးသားရဲအမဲလိုက်ပြိုင်ပွဲ မစခင်မှာပဲ အဆင့် ၆ နဂါးသွေးကြောနယ်ပယ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်ထဲမှ အလွန်အင်မတန်ပြင်းထန်သော ချီစွမ်းအားကို ခံစားလိုက်ရသဖြင့် လုံချန် သည် တော်တော်လေး အားရကျေနပ်သွား၏။
ခဏကြာပြီးနောက် လုံချန် သည် ဤနေရာတွင် ဆက်မနေရဲတော့ပေ။ မြေအောက်လှိုဏ်ဂူကနေ အမြန်ထွက်ခွာသွားခဲ့သည်။ သို့သော် လက်ရှိမှာ သူ တော်တော်လေး စိတ်ဓာတ်ကျနေပါသည်။ သူ့၏လက်ရှိအနေအထားကြောင့်ပါ။
ဤအချိန်မှာပဲ သူ့ခန္ဓာကိုယ်ကနေ ထူးဆန်းသော ယားယံမှုကို ရုတ်တရက်ဆိုသလို ခံစားလိုက်ရသည်။ ထိုခဏလေးမှာပဲ သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးနီရောင် အကြေးခွံများနှင့် အရိုးဆူးများ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားလေတော့သည်။ သိပ်မကြာလိုက်၊ လုံချန် သည် မူလအခြေအနေသို့ ပြန်ရောက်သွား၏။ သို့သော် သူ့ခန္ဓာကိုယ်အနှံ့ ပြန့်နှံ့နေသည့် မူလနဂါးသွေးအဆီအနှစ် သည် တဖြည်းဖြည်း ကျုံ့လာနေသည်ကို ခံစားမိသည်။ နောက်ဆုံးတွင်တော့ သူ့မျက်ခုံးကြား၌ သွေးနီရောင်အစက်လေးတစ်စက် ပေါ်လာခဲ့သည်။
လုံချန် သည် စိတ်သက်သာရာ ရသွားသော်လည်း ထူးဆန်းသော အသွင်ပြောင်းလဲမှု ပျောက်ကွယ်သွားသည့်အတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။ အကြောင်းမှာ ၎င်းသည် သူ၏ အပြင်းထန်ဆုံးသော အခြေအနေကြောင့်ပင်။ သို့သော် သူတတ်နိုင်တာ ဘာမှမရှိသဖြင့် စိတ်သာလျှော့ထားလိုက်သည်။
“ငါ အဲဒီအခြေအနေကို နောက်တစ်ခါ ပြောင်းလဲနိုင်ပါဦးမလား။ ဘာပဲဖြစ်ဖြစ် ဒီနဂါးကျောက်စိမ်းဆွဲသီးက အရမ်းမှော်ဆန်တယ်၊ ဖြစ်နိုင်မယ်ထင်တယ်”
လုံချန် သည် ခေါင်းယမ်းလိုက်သည်။ သူသည် သွေးနဂါးအသွင် မပြောင်းလဲနိုင်ခဲ့လျှင်ပင် လက်ရှိခွန်အားဖြင့် နတ်ဆိုးသားရဲအမဲလိုက်ပြိုင်ပွဲ၌ ပါဝင်ရန် လုံလောက်နေခဲ့ပေပြီ။
ဤအခိုက်အတန့်တွင် လင်းရှီ က ရုတ်တရက်မေးလာခဲ့သည် “လုံချန်၊ နင် အမွေဆက်ခံတဲ့ သွေးအဆီအနှစ်က အရမ်းကြောက်စရာကောင်းလွန်းတယ်။ ဒါနဲ့ နင် ဘယ်လိုနဂါးမျိုးဆက်သွေးကို ရခဲ့တာလဲ”
Translated By NyiNyiSoe
.နဂါးနတ်ဘုရား (သွေးနဂါးလုံချန်)
ဘာသာပြန်သူ - ညီညီစိုး
အပိုင်း 27 - ရှေးခေတ်ဦးရဲ့ ဒဏ္ဍာရီလာတည်ရှိမှုလား။ မဖြစ်နိုင်ဘူး
အမှန်တကယ်ပင် လုံချန် သည် သူ့ကိုယ်သူ ဘာဖြစ်နေမှန်း မသိခဲ့ပေ။ သို့သော်လည်း မြန်မြန်ဆန်ဆန်ပဲ အရင်နေရာကို ပြန်လာခဲ့လိုက်သည်။
လက်ရှိအချိန်တွင် လုံချန် သည် အဆင့် ၆ နဂါးသွေးကြောနယ်ပယ်သို့ ဖြတ်ကျော်သွားခဲ့ပြီဖြစ်သည်။ အဆင့်တူနယ်ပယ်ချင်း ယှဉ်ပါက သူ၏အစစ်အမှန်ချီ သည် ယန်လင်းရွဲ့ အပါအဝင် တခြားသူများနှင့် ကောင်းကောင်း ယှဉ်နိုင်နေပါပြီ။ ထိုမျှမကဘဲ သူ၏အစစ်အမှန်ချီ က သာမန် အဆင့် ၆ နယ်ပယ်ထက် ၄ ဆခန့် ပိုမိုအားကောင်းနေသေးသည်။
တစ်နည်းဆိုရသော် ချီစွမ်းအား သက်သက်ချည်းပင်လျှင် လုံချန်၏လက်ရှိအနေအထားဟာ အဆင့် ၇ နယ်ပယ်အား ကောင်းကောင်းယှဉ်နိုင်ပေသည်။ ထို့အပြင် သူသာ နတ်နဂါးအသွင် ပြောင်းလဲပါက အစစ်အမှန်ချီ ဟာ ၁၀ ဆတိုးလာပေမည်။ ထိုအခါ သူ၏ခွန်အားက အဆင့် ၈ နဂါးသွေးကြောနယ်ပယ်ကို လက်ရည်တူတိုက်ခိုက်နိုင်ပါလိမ့်မည်။
လုံချန် သည် သူ့စိတ်ထဲ၌ တွေးတောရင်း ထိတ်လန့်သွားသည် ။ ၎င်းသည် သူ အမွေဆက်ခံထားသည့် မူလနဂါးသွေးအဆီအနှစ်မှ ကနဦးသွေးစက် ၁၀၀၀ သာဖြစ်နေလို့ပါ။ သို့တိုင် လက်ရှိသူ့ခွန်အားက အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ အကယ်၍သာ သွေးအဆီအနှစ်အားလုံးကို သန့်စင်နိုင်လျှင် မည်သို့ဖြစ်သွားနိုင်သနည်း။
ဖြစ်နိုင်ခြေများကို တွေးတောမိသောအခါ လုံချန် သည်ပင် မှင်တက်သွားမိသည်။ ခဏကြာမှ သတိဝင်လာပြီးနောက် လင်းရှီကို မေးလိုက်သည်။
“ရှီအာ၊ အခု ငါက နတ်နဂါးအရှင် ဖြစ်နေပြီလား”
လင်းရှီ က ခေါင်းညိတ်ပြပြီး “နတ်နဂါးစစ်သည်တော်တွေ အကြောင်းတော့ ငါသိပ်မသိဘူး။ ဒါပေမဲ့ နင့်ရဲ့အရင်ကအဖြစ်အပျက်တွေကို ကြည့်ရင် နင် နတ်နဂါးစစ်သည်တော် ဖြစ်နေပြီဆိုတာသေချာတယ်။ ဒါနဲ့ ငါမေးတာကို နင်မဖြေရသေးဘူး။ နင် အမွေဆက်ခံတဲ့ နဂါးသွေးစက် က ဘယ်လိုမျိုးလဲ။ တကယ်ပဲ သတ်ဖြတ်ခြင်း သရဲအရိပ်သွေးနဂါးလား။ ငါအရင်က မှတ်တမ်းတွေဖတ်ဖူးတယ်၊ ဒီ သရဲအရိပ်သွေးနဂါး က နင့်ဆီမှာရှိနေတဲ့ နဂါးပုံရိပ်ကြီးနဲ့ ဆင်တူတယ်”
လုံချန်ကိုယ်တိုင်လည်း သူ မည်သို့သော နဂါးသွေးစက်ကို အမွေဆက်ခံထားမှန်း မသိခဲ့ပါ။ သူ မသိကြောင်း ပြန်ပြောခါနီးတွင်တော့ သူ့စိတ်ထဲမှာ စကားလုံးတချို့ ရုတ်တရက်ပေါ်လာသည်။ လုံချန် သည် မသိစိတ်ကနေ အလိုလိုအသံထွက်ဖတ်မိသွားသည်။
“ရှေးဟောင်း… သွေး… ဝိညာဉ်… နဂါး…”
ဤစကားလုံးများကို ပြောလိုက်စဉ် လုံချန် သည် သူ၏တစ်ကိုယ်လုံးရှိ သွေးများ ဆူပွက်နေသလို ခံစားလိုက်ရသည်။ ဤအခြေအနေကား သူ့ကိုယ်သူ ယုံကြည်မှု ပြင်းပြစွာ ပေါက်ကွဲထွက်စေသည့် ဂုဏ်ယူမှုတစ်ခုသာ ဖြစ်သည်။
“ရှေးဟောင်းသွေးဝိညာဉ်နဂါး လား”
လင်းရှီ သည်လည်း ထိုစကားကိုသာ ထပ်ခါထပ်ခါ ထပ်ခါတလဲလဲ ပြောခဲ့သည်။ ရုတ်တရက်ဆိုသလိုပဲ လုံချန် ကို ကြောင်စီစီမျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး အံ့သြတုန်လှုပ်သွားခဲ့သည်။
လုံချန် သည် လင်းရှီ၏အမူအရာကြောင့် အနည်းငယ်အံ့သြသွားကာ “ကလေးမလေး၊ ဘာဖြစ်နေတာလဲ။ မင်းငါ့ကို စိတ်ကူးယဉ်နေတာများလား”
လင်းရှီ ကတော့ သူ့စကားကို လုံးဝမကြားသလိုပင်။
အသံတုန်တုန်ယင်ယင်ဖြင့် ထပ်မေးလာခဲ့သည် “…ဒါ... ဒါ တကယ်ပဲ ရှေးဦးသွေးဝိညာဉ်နဂါးဆိုတာ သေချာရဲ့လား”
လုံချန် လည်း တစ်ခုခုမှားနေပြီဟု ခံစားမိလိုက်သည်။ သူက လေးလေးနက်နက်ပြောပါသည် “တကယ်အမှန်ပဲလေ။ ဒါနဲ့ ဘာပြဿနာရှိလို့လဲ”
လင်ရှီ သည် သူ့ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။ သူမက ခေါင်းခါယမ်းလိုက်ပြီး “တကယ်မဖြစ်နိုင်ပါဘူး၊ ရှေးဦးသွေးဝိညာဉ်နဂါး ဆိုတာ ကမ္ဘာခေတ်ဦးရဲ့ ဒဏ္ဍာရီထဲက ဒဏ္ဍာရီလာတည်ရှိမှုတစ်ခုပဲ... မဖြစ်နိုင်ဘူး...”
လင်းရှီ၏စိတ်ထဲ၌ သံသယရှိနေသော်လည်း လုံချန်ကတော့ သူအမွေဆက်ခံထားသည့် သွေးစက်ဟာ အစစ်အမှန်ရှေးဦးသွေးဝိညာဉ်နဂါး ဖြစ်ကြောင်း ခံစားမိနေခဲ့သည်။ ထို့ကြောင့် သူက ချက်ချင်းမေးလိုက်၏ “ရှီအာ၊ ငါ့ကိုပြောပြပါ၊ ဒီရှေးဦးသွေးဝိညာဉ်နဂါး က ဘာပြဿနာရှိလို့လဲ”
လင်းရှီ သည် ခေါင်းခါရင်း ပြန်ပြောလိုက်သည် “နင် နားမလည်ပါဘူး။ ဒဏ္ဍာရီမှတ်တမ်းတွေအရဆိုရင် ရှေးဟောင်းခေတ်ဦးမှာ နဂါးစတေးခံတိုက်ကြီးတစ်ခုလုံးကို နတ်နဂါးတွေကပဲ အုပ်ချုပ်ခဲ့တယ်။ တိုက်ကြီးမှာ နဂါးမျိုးနွယ်စု၊ မျိုးစိတ်ပေါင်း ဘီလီယံနဲ့ချီပြီးတော့ကို ရှိတယ်။ ဒီသဘောတရားကို နင်သိလား။ တိုက်ကြီးတစ်ခုလုံးက အတိုင်းအဆမရှိ ကျယ်ပြန့်နေပေမယ်လို့ နယ်မြေတိုင်းမှာ နတ်နဂါးမျိုးနွယ်တွေချည်းပဲရှိနေခဲ့တယ်။ ပြီးတော့ အရေအတွက်က ဒီနေ့ခေတ် လူသားမျိုးနွယ်ထက်တောင်မှ အဆမတန်များသေးတယ်။ အဲဒါအပြင် အကုန်လုံးက အဆင့်မြင့်နတ်နဂါးတွေချည်းပဲ”
“နောက်ပိုင်းမှာ လူသားမျိုးနွယ် ပေါ်လာတယ်။ ဒါပေမဲ့ သူတို့ရဲ့ အသန်မာဆုံးတည်ရှိမှုကတောင် အဆင့်မြင့်နတ်နဂါးတစ်ကောင်ကို မယှဉ်နိုင်ခဲ့ဘူး။ နောက်ပြီး ကမ္ဘာခေတ်ဦးမှာ... ပြောရရင် ဘီလီယံချီတဲ့ နဂါးမျိုးနွယ်စုတွေထဲမှာ ရှေးအကျဆုံး နတ်နဂါး ၁၀ ကောင်ရှိတယ်။ သူတို့ကို နတ်နဂါးဘိုးဘေးတွေလို့ခေါ်တာပေါ့။
သူတို့အားလုံးက ကောင်းကင်ဘုံကိုတောင်မှ ဆန့်ကျင်နိုင်တဲ့ တည်ရှိမှုတွေချည်းပဲ။ ဘိုးဘေးနဂါး ၁၀ ကောင်ပေါ့”
လင်းရှီ သည် စကားခဏရပ်ပြီး ခေါင်းမော့၍ လုံချန်အား ကြည့်လိုက်သည်။ သူမက “ဘိုးဘေးနဂါးတွေအားလုံးထဲကမှ သတ်ဖြတ်တာကိုနှစ်ခြိုက်တာ၊ သွေးချောင်းစီသတ်ဖြတ်တတ်တဲ့ ဒဏ္ဍာရီလာဘိုးဘေးနဂါးကြီး က အခုနင် ပြောခဲ့တဲ့ မူလသရဲအရိပ်သွေးဝိညာဉ်နဂါး ပဲ”
လင်းရှီ က ခေါင်းခါလိုက်ပြီး ဆက်ပြောသည် “အဲဒါက မဖြစ်နိုင်ဘူးလို့ ငါပြောချင်တယ်။ ဘာလို့လဲဆိုတော့ ဒဏ္ဍာရီလာသရဲအရိပ်သွေးဝိညာဉ်နဂါး ပျောက်ကွယ်သွားတာ နှစ်တွေဘီလီယံနဲ့ချီနေပြီ။ ဒါက ဒဏ္ဍာရီတွေထဲမှာပဲ ရှိတော့တယ်။ ဒီလိုမျိုး ဒဏ္ဍာရီလာသွေးစက်က သာမန်တံဆိပ်ထဲမှာ ဘယ်လိုလုပ်ရှိနိုင်မှာလဲ။
ပြီးတော့ ဒီတံဆိပ်ပေါ်က အစီအရင်ကို ငါတောင်ချိုးဖျက်နိုင်သေးတာလေ။ တကယ် မဖြစ်နိုင်ပါဘူး…”
လင်းရှီ၏စကားကိုကြားပြီးနောက် လုံချန် သည် သူ့စိတ်ထဲတွင် ယုံကြည်မှုများစွာမရှိခဲ့ပေ။
“မေ့လိုက်ပါ၊ ဘယ်လိုနဂါးအမျိုးအစားလဲကို ဘယ်သူက ဂရုစိုက်နေမှာလဲ။ ဘာပဲဖြစ်ဖြစ် နဂါးကျောက်စိမ်းဆွဲသီးက ကောင်းကောင်းကြီး ဖိနှိပ်ထားသေးတယ်မဟုတ်လား။ အဖေပြောခဲ့တဲ့အတိုင်းဆို နဂါးအရှင်သခင်တစ်ယောက် ဖြစ်ပြီဆိုတာနဲ့ အစစ်အမှန်ချီက ခန္ဓာကိုယ်ရဲ့ သွေးတွေကို ဆင့်ကဲပြောင်းလဲနိုင်တယ်တဲ့။ ဒီတော့ အနာဂတ်မှာ ငါ့ရဲ့ကျင့်ကြံမှုအဆင့်က အခက်အခဲမရှိ ရှေ့ဆက်သွားနိုင်လိမ့်မယ်။ ဒါပေမဲ့ အခုတော့ အဖေထားခဲ့တဲ့ ချီစွမ်းအင်တွေက ငါ့အတွက် မလုံလောက်တော့ဘူး”
“ဒါပေမဲ့ အစစ်အမှန်ချီ ကတော့ ၄ ဆလောက်တိုးလာတယ်။ ငါ့အနေနဲ့ အဆင့်တစ်ခု ချိုးဖျက်မယ်ဆိုရင်
အဆင့်တူနယ်ပယ်တွေထက် ၄ ဆ ဒါမှမဟုတ် ၁၀ ဆ လောက်ပိုပြီးခက်ခဲလိမ့်မယ်။ ဒါဆို အရမ်းကြီးလောနေလို့မရဘူး။ ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေကို ပဲကျေနပ်ပါတယ်လေ..”
လုံချန် သည် လင်းရှီနတ်ဓား ကိုဆုပ်ကိုင်လျက် မတ်တပ်ထရပ်လိုက်သည်။
“ကလေးမလေး၊ အခုဆို ငါ ပိုပြီးသန်မာလာပြီ။ ဘယ်လိုကြောက်စရာကောင်းတဲ့ နဂါးအမျိုးအစားလဲဆိုတာ ဘယ်သူက ဂရုစိုက်မှာလဲ။ ဒါကို အနာဂတ်မှာ အလိုလိုသိလာလိမ့်မယ်”
လင်းရှီ သည် စကားပြန်မပြောဘဲ စိတ်ထဲမှာ တွေးနေသည် “သူက နဂါးအရှင်သခင်တစ်ယောက်ဖြစ်လာပြီ။ နောက်ပိုင်းမှာ ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နိုင်တဲ့ နတ်စွမ်းအားတွေ ထုတ်သုံးနိုင်လိမ့်မယ်။ တကယ်ကောင်းတဲ့ အနာဂတ်တစ်ခု ရှိနေတာသေချာတယ်။ ဒါဆို အနာဂတ်ကျ ငါ့ရဲ့မူလခန္ဓာကိုယ်ကို ပြန်ပြီးတည်ဆောက်ဖို့နည်းလမ်း သေချာပေါက်ရှာနိုင်မှာ...”
ထို့အပြင် လုံချန် နှင့် သူမ၏ ဆက်ဆံရေးသည် တစ်နေ့တခြား ကြီးထွားလာခဲ့သည်။ ဤနေ့အဖြစ်အပျက်အရ သူမအနေဖြင့် လုံချန်ကို လုံးဝ မထားခဲ့နိုင်မှန်း သိလိုက်သည်။
လုံချန် သည် အနည်းငယ်ပြုံးပြီး “ကောင်းပြီ။ ဒီနေ့တော့ မိုးပြာနဂါးတံဆိပ်ကိစ္စ ပြီးသွားပြီ။ နတ်ဆိုးအမဲလိုက်ပြိုင်ပွဲ စဖို့က သိပ်မလိုတော့ဘူး။ အဲဒီမတိုင်ခင်အထိ ငါ့ကျင့်ကြံမှုကို အခြေခိုင်အောင် လုပ်ရမယ်”
သူ့အမြင်အာရုံထဲမှာ ပိုင်ရှီဂျီး၏ပုံရိပ်ပေါ်လာသည်။ လုံချန် သည် လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ပြီး ရယ်မောလိုက်။ “ဒီတစ်ခါတော့ မင်းရဲ့ ငရဲနတ်ဆိုးလက်ချောင်း က ပိုသန်မာလား ဒါမှမဟုတ် ငါ့ရဲ့မိုးပြာနဂါးတံဆိပ်က ပိုပြီးကြောက်စရာကောင်းသလားဆိုတာ စမ်းကြည့်ကြတာပေါ့။ မင်းစိတ်ထဲမှာ ငါ့ကိုသတ်နိုင်မယ်လို့ သေချာပေါက်ထင်နေတာမဟုတ်လား။ ကောင်းပြီ၊ အချိန်တန်ရင် မင်းအတွက် အံ့သြစရာကောင်းတဲ့အရာတစ်ခု ပေးရမှာပေါ့”
............
လုံချန် သည် ချက်ချင်းထွက်မသွားသေးဘဲ အချိန် ၈ ရက်ကြာသည်အထိ ဆက်တိုက်ကျင့်ကြံနေခဲ့သည်။ သူသည် ယန်အိမ်တော်သို့ မပြန်ခင် ကျင့်ကြံခြင်းအခြေခိုင်သွားအောင် စုစည်းခဲ့သည်။ ထို့နောက်တွင်တော့
ဂူထဲကနေ ထွက်လာပြီး ယန်မိသားစုထံ ပြန်သွားဖို့ ပြင်ပါတော့သည်။
ယခုအခါ သူ့ခွန်အားက သိသိသာသာတိုးတက်လာခဲ့ပြီမဟုတ်ပါလား။ လုံချန် အနေဖြင့် နတ်ဆိုးအမဲလိုက်ပြိုင်ပွဲ၌ ပါဝင်ဖို့ရန် ယုံကြည်မှုအပြည့်ရှိနေခဲ့သည်။
“လွန်ခဲ့တဲ့ ၉ ရက်လောက်တုန်းက ပိုင်ကျိရှင်း နဲ့ ပိုင်ရှီးဒုန် တို့နှစ်ယောက်ကို ခွေးတွေလိုရိုက်နှက်ပေးလိုက်တယ်။ ပြီးတော့ ယန်ရွဲ့ချင် ကိုပါ လူမြင်ကွင်းမှာ လှောင်ပြောင်ခဲ့သေးတယ်။ ဟုတ်တော့ဟုတ်နေပြီ၊ ယန်အိမ်တော်ကို ငါပြန်သွားတဲ့အခါ ငြိမ်းငြိမ်းချမ်းချမ်းမရှိနိုင်တော့ဘူးထင်တယ်။ ဒါပေမဲ့ ဘာကြောင့်များ ဒီအကြောင်းတွေကို တွေးပူနေရမှာလဲ။ ငါလုံချန်က ဘယ်သူ့ကိုကြောက်ဖူးသလဲ”
လုံချန် တစ်ယောက် ယန်အိမ်တော်သို့ ပြန်ရောက်လာသည့်အချိန်သည် မွန်းတည့်ချိန်ပင် ရောက်နေပါပြီ။ လုံချန် သည် ပင်မတံခါးပေါက် ဆီသို့ ဖြည်းညှင်းစွာပင် လမ်းလျှောက်လာလိုက်သည်။ ဤအခိုက်အတန့်တွင် ရုတ်တရက်ဆိုသလိုပဲ အစောင့်တစ်ယောက်က ရှေ့ထွက်လာပြီး “သခင်လေး ချန်၊ ဒီနေ့ ဘိုးဘေးက ပိုင် မိသားစုရဲ့ ဘိုးဘေးတွေနဲ့ တခြားသူတွေကို ပွဲတက်ဖို့ ဖိတ်ကြားထားပါတယ်။ မကြာခင်မှာ ပွဲစတော့မယ်။ ပြီးတော့ မင်းအိမ်ပြန်ရောက်တာနဲ့ မြင့်မြတ်သိုင်းခန်းမ ကို ချက်ချင်းလာရမယ်လို့ မှာကြားထားတယ်”
မြင့်မြတ်သိုင်းခန်းမ သည် ယန် မိသားစု၏ စည်းဝေးပွဲခန်းမ ဖြစ်သလို ဧည့်သည်တော်များအား ဧည့်ခံရာနေရာတစ်ခုလည်း ဖြစ်ခဲ့ည်။
ယန်ဘိုးဘေးသည် ပိုင် မိသားစု၏ဘိုးဘေးနှင့် အခြားသူများကို ယနေ့ပွဲသို့ ဖိတ်ကြားခဲ့သည်လား။ လုံချန်၏စိတ်ထဲ၌ အနည်းငယ်မတည်မငြိမ်ဖြစ်လာတော့သည်။ ပိုင် မိသားစု ရောက်နေမှဖြင့် သဘာဝအတိုင်း ပိုင်ကျန်းရှောင် နှင့် တခြားသူများပါရောက်နေနိုင်သည်မဟုတ်ပါလား။
နတ်ဆိုးအမဲလိုက်ပြိုင်ပွဲ လည်း စတင်တော့မည်မဟုတ်ပါလား။ ယန်ဘိုးဘေး ဘာလုပ်ချင်နေမှန်းမသိနိုင်ပေ။
သို့သော်လည်း သူသည် ပိုင် နှင့် ယန် မိသားစုနှစ်ခု၏ ဘိုးဘေးများအချင်းချင်း ကောင်းမွန်သော ဆက်ဆံရေးရှိထားသည်ကို သိနေပေသည်။ နှစ်ယောက်စလုံးသည် သေခြင်းရှင်ခြင်းအား ရင်ဆိုင်ဖြတ်ကျော်လာသည့် ညီအစ်ကိုများပင်တည်း။ ဤအဖြစ်အပျက်ကား ကျော်ကြားခြင်းမြို့၏ ဒဏ္ဍာရီတစ်ခုလည်းဖြစ်လေသည်။
မကြာခင်မှာပဲ လုံချန် သည် မြင့်မြတ်သိုင်းခန်းမ ကို ရောက်လာခဲ့သည်။ သူရောက်လာချိန်တွင် ခန်းမထဲ၌ အတော်လေးအသက်ဝင်နေလေသည်။ စန္ဒကူးသားစားပွဲဝိုင်းကြီး နှစ်ခုစလုံး၌ တန်ဖိုးကြီး ဝိုင်များ၊ စားဖွယ်မျိုးစုံဖြင့် ပြည့်နေသည်။ ချောမောလှပသော အိမ်အကူများဟာ အလျင်အမြန် ပြေးလွှားလုပ်ဆောင်နေကြသည်။
စပွဲဝိုင်းတစ်ခြမ်းတွင် ယန်ဘိုးဘေးနှင့် ယန် မောင်နှမ သုံးယောက် ထိုင်နေကြ၏။ အခြားတစ်ဖက်တွင် ပိန်လှီနေသောဆံပင်ဖြူအဘိုးကြီးတစ်ဦးထိုင်နေခဲ့သည်။ ပိန်လှီနေသော်လည်း မျက်လုံးအစုံသည် တလက်လက်တောက်ပနေလေသည်။
အနှီလူအိုကြီးကား တခြားသူမဟုတ်၊ ပိုင် မိသားစု၏ ဘိုးဘေးဖြစ်သည်။ သူ့ခွန်အားက ယန်ဘိုးဘေးထက် အားမနည်းပေ။ အမှန်တော့ ပိုင် ဘိုးဘေး၏ကျင့်ကြံမှုအဆင့်သည် ကျော်ကြားခြင်းမြို့၌ ထိပ်ဆုံးတည်ရှိမှုပင်ဖြစ်လေသည်။
ပိုင်ဘိုးဘေး၏နံဘေး၌ သက်လတ်ပိုင်းအမျိုးသား နှစ်ဦးရှိနေသည်။ တစ်ယောက်က ပိုင် မိသားစု၏ တတိယသား ပိုင်ကျန်းရှောင် ၊ နောက်တစ်ယောက် ကတော့
စတုတ္ထသား ပိုင်ကျန်းဖုန်း တို့ပင်။
Translated By NyiNyiSoe