← Chapters

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

.နဂါးနတ်ဘုရား (သွေးနဂါးလုံချန်)

ဘာသာပြန်သူ - ညီညီစိုး

အပိုင်း 28 –

လုံချန် ရုတ်​တရက်​ ဝင်​သွား​သည့်အခါ သူတို့၏အပြုံးများဟာ ချက်​ချင်း အေးခဲသွားတော့သည်။

ဤအချိန်တွင် လူတိုင်း၏အကြည့်များသည် လုံချန် ကိုသာ အာရုံစိုက်နေခဲ့သည်။

ပိုင် မိသားစု၏ ဘိုးဘေး ကတော့ သိပ်ပြီးဂရုမထားပေ။ သို့သော်လည်း သူ့ဘေးနားရှိ သက်လတ်ပိုင်းအမျိုးသားနှစ်ယောက်ကတော့ မျက်နှာများ အုံ့မှိုင်းနေလေသည်။ သူတို့အပြင် အခြားလူငယ် နှစ်ယောက်လည်း ရှိနေသေး၏။ သူတို့နှစ်ယောက် ကတော့ ပို၍ပင်ဆိုးရွားနေပါသေးသည်။ ယန်ဘိုးဘေး နှင့် ယန်မိသားစု၏ အကြီးအကဲများသည်တော့ မျက်နှာထက် အပြုံးမပျက်ကြပေ။

ပိုင် မိသားစု၏ လူငယ်မျိုးဆက် အားလုံးလိုလို လုံချန်ကိုကြည့်နေသော အကြည့်ထဲ၌ မုန်းတီးမှုများအပြည့်ရှိနေကြသည်။ ခြွင်းချက်အနေနှင့် ပိုင်ကျိရှင်း ၊ ပိုင်ရှီးဒုန် တို့နှစ်ယောက်၏ မျက်လုံးထဲမှာတော့ လုံချန် အား ကြောက်ရွံ့မှုအချို့ရှိနေလေသည်။ လုံချန် ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးသည့် ပိုင်ရှီးချန် အတွက်တော့ မျက်လုံးအစုံက အေးစက်စက်သာရှိနေခဲ့သည်။ ထို့အပြင် သူ့အကြည့်များက ထက်မြိနေသော ဓားသွားများလိုပင်။

ဤအခိုက်အတန့်တွင် ယန် ဘိုးဘေး၏ ကျယ်လောင်သောရယ်မောသံက ရုတ်တရက်ဆိုသလို ထွက်ပေါ်လာလေသည် “ချန်အာ၊ နောက်ဆုံးတော့ မင်းပြန်လာပြီပဲ။ ကောင်းပြီ၊ အားလုံးလည်း ရောက်နေကြပြီ။ ချန်အာ၊ မင်း အဲဒီစားပွဲမှာ ထိုင်လို့ရတယ်”

ယန် ဘိုးဘေး၏ စကားသံဆုံးသည်နှင့် အခြားစားပွဲဝိုင်းများရှိ လူအားလုံးလိုလို လုံချန်အား ချက်ချင်း စိုက်ကြည့်နေကြသည်။

“ဟေး၊ နင် နဲ့သူတို့ရဲ့ ဆက်ဆံရေးက တကယ်ကို ဆိုးရွားတာပဲ။ ယန်လင်ချင်း ဆိုတဲ့ ဝမ်းကွဲညီမတစ်ယောက်ပဲ နင့်ကို လက်ခံတယ်...” လင်းရှီ က လုံချန်ကိုစနောက်လိုက်ပါသည်။

လုံချန် သည် ဘာမှပြန်မပြောပေ။ ယန်လင်ချင်း၏ နံဘေးမှာသာ ဝင်ထိုင်လိုက်သည်။ သို့သော်လည်း လုံချန် ရောက်ရှိလာပြီးကတည်းက ခန်းထဲရှိ အငွေ့အသက်များ အနည်းငယ်ထူးဆန်းသွားပုံရသည်။

လူတိုင်း သည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသော်လည်း မည်သူကမျှ စကားပြောဆိုနေကြခြင်းမရှိပေ။

ခဏအကြာတွင်တော့ သည် မတ်တပ်ထရပ်ပြီး “အားလုံးနဲ့လည်း တွေ့ဆုံပြီးပြီ။ ဒီတော့ ငါအရင်ထွက်လိုက်မယ်” ဟုပြောလိုက်သည်။

သူ့အပြုအမူက မယဉ်ကျေးရာရောက်မှန်းသိနေသည့်တိုင် လက်ရှိတွင် လုံချန် အနေဖြင့် ခန်းမထဲကနေ အမြန်ဆုံးထွက်သွားရန်သာ စိတ်အားထက်သန်နေခဲ့သည်။ လုံချန်၏ မယဉ်ကျေးသော အပြုအမူကို မြင်လိုက်ရတော့ အားလုံးက သူ့ကံဆိုးခြင်းအတွက် ဝမ်းသာအားရနေကြသည်။

အမှန်ပင်။ ဤအချိန်တွင် ယန်ဘိုးဘေးက လုံချန်ကို စိုက်ကြည့်လာပြီး “ချန်အာ၊ မသွားနဲ့။ ဒီကို ခဏလာပါဦး” ဟူ၍ပြောလိုက်သည်။

လုံချန် လည်း ယန် ဘိုးဘေး ထံသို့ လျှောက်သွားလိုက်သည်။ ဤအချိန်တွင် လူတိုင်းသည် ၎င်းတို့၏ စားလက်စ ပန်းကန်များနှင့် တူများကို ချလိုက်ကြပြီး ဘာဆက်ဖြစ်မလဲဟု စောင့်ကြည့်နေကြသည်။ ပိုင်မိသားစု၏ ဘိုးဘေးကလည်း လုံချန် ကို ပြုံးလျက် ကြည့်နေသည်။

ယန်ဘိုးဘေး က လုံချန်၏ပခုံးကို ပုတ်ပြီး “မင်း ကျိရှင်း၊ရှီးဒုန် တို့နဲ့ ရန်ဖြစ်ခဲ့တယ်လို့ ငါကြားတယ်”

လုံချန် က ခေါင်းညိတ်လိုက်သည် “ငါမလိမ်ရဲပါဘူး”

ဤအချိန်တွင် ပိုင်မိသားစု၏ ဘိုးဘေးက ပြုံးပြီးပြောသည် “အစ်ကိုယန်၊ လူငယ်တွေက သွေးပူတတ်တာ သဘာဝပဲလေ။ ပဋိပက္ခလေးတွေက ပုံမှန်ပါပဲ၊ သူတို့ရဲ့ အသက်ကို မထိခိုက်သရွေ့ စိတ်ပူစရာမလိုပါဘူး။ ငါတို့လည်း ဒါကို မဖြတ်သန်းဖူးဘူးလား။ ဒါဆို ဘယ်လိုလဲ၊ ရှီးဒုန် နဲ့ ကျိရှင်း၊ မင်းတို့နှစ်ယောက် ဒီကိုခဏလာဦး…”

ပိုင်မိသားစု ဘိုးဘေး၏ ခေါ်သံအောက်မှာ လူငယ်နှစ်ယောက်လုံး တုန်လှုပ်သွားပြီး ချက်ချင်းလျှောက်လာကြသည်။ လုံချန် ရှေ့၌ရပ်နေသည့်တိုင် တိုက်ရိုက်မကြည့်ဝံ့ကြ။

ဤအတောအတွင်း ပိုင်မိသားစု၏ ဘိုးဘေးက အနည်းငယ် ကျယ်လောင်စွာ ရယ်မောလျက်ပြောလေသည် “လူငယ်တွေ နောင်မှာ ရန်မဖြစ်ကြနဲ့။ လူကြီးတွေ စိတ်ပူရတယ်။ အတိတ်မှာ ငါနဲ့ အစ်ကို ယန် က တစ်ခါမှ ရန်မဖြစ်ဖူးကြဘူး။ ကောင်းပြီ၊ မင်းတို့ အချင်းချင်း တောင်းပန်လိုက်ကြ။ အခုကစလို့ မိတ်ဆွေကောင်းတွေ ဖြစ်အောင်လုပ်ရမယ်”

ယန်မိသားစု၏ ဘိုးဘေးကလည်း ပြုံးပြီးပြောခဲ့သည် “အစ်ကိုပိုင် မှန်ပါတယ်။ ချန်အာ၊ မင်း သူတို့ကို ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့တာအတွက် တောင်းပန်လိုက်ပါ။ ဒီပဋိပက္ခအသေးအမွှားလေးကို စိတ်ထဲမထားနဲ့။ ပိုင် နဲ့ ယန်မိသားစုတွေက ညီအစ်ကိုရင်းတွေလိုပဲနေထိုင်လာကြတာ။ ညီအစ်ကိုတွေကြားမှာ ပဋိပက္ခတွေ မရှိသင့်ဘူးမဟုတ်လား”

ယန် ဘိုးဘေး ပြောနေသည့်စကားများသည် လုံချန်အား ဦးတည်နေမှန်း သိသာလှသည်။

ယန်ဘိုးဘေး သည် သူ့အား နတ်နဂါးတံဆိပ် ပေးခဲ့ပြီး ကြီးမားသောအကျိုးအမြတ်ရစေခဲ့သည်။ လုံချန်သည် ကြင်နာမှုကို မသိကျိုးကျွံပြုတတ်သူမဟုတ်ပါ။

ထို့ကြောင့် သူသည် လူအိုကြီးနှစ်ယောက်အတိုင်း အတုယူကာ ပြောလိုက်ပါသည် “အဖိုးပြောတာ မှန်ပါတယ်။ ယောက်ျားတစ်ယောက်က ဒီလိုအသေးအဖွဲကိစ္စတွေကို ဘယ်လိုထည့်တွက်နေနိုင်မလဲ။ ညီအစ်ကို ရှီးဒုန်၊ ဒီကိုလာ...”

တစ်ဖက်သား မတုံ့ပြန်ခင်မှာပဲ လုံချန် သည် ပိုင်ရှီးဒုန်ကို ဆတ်ခနဲ ပွေ့ဖက်ပြီး ကျောပြင်ကိုပင် ညင်သာစွာပုတ်ပေးလိုက်သည်။

လုံချန်၏ရုတ်တရက် စိတ်အားထက်သန်မှုကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ ဤအချိန်တွင် လုံချန် သည် တုံ့ဆိုင်းမနေဘဲ ဘေးနားရှိ ပိုင်ကျိရှင်း ကိုပါ ရုတ်တရက်ဆိုသလို ဆွဲဖက်လိုက်သည်။ တစ်ချိန်တည်းမှာပဲ သူ့လက်နှစ်ဖက်က သူမ၏ လုံးဝန်းသောတင်ပါးများကို အားပါပါဖိညစ်လိုက်ပါသည်။

“အဲဒီနေ့က ငါစိတ်ရှုပ်ထွေးနေတဲ့အတွက် ဒီလောက် ချောမောလှပတဲ့ အလှမယ် ကျိရှင်း ကို နာကျင်စေခဲ့တယ်။ ပြီးသွားတော့မှ ငါလည်း စိတ်မကောင်း ဖြစ်မိတယ်။ ဒီပန်းက မင်းအတွက် တောင်းပန်တဲ့အနေနဲ့ လက်ဆောင်တစ်ခုပဲ” လုံချန် သည် ပြောပြောဆိုဆို ပဲ သူခူးလာသည့် တောရိုင်းပန်းပွင့်အား ပိုင်ကျိရှင်း၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

ပိုင်ကျိရှင်း သည် လူကြီးများကို မျက်နှာမူထားသည်။ လူကြီးများ၏အမြင်၌ လုံချန် သည် ပိုင်ကျိရှင်းအားပွေ့ဖက်ထားရုံလောက်သာဟု မြင်ကြသည်။ သို့သော် အခြားစားပွဲရှိ ပိုင်မိသားစုဝင်တိုင်း ကတော့ သေသေချာချာ ကိုမြင်လိုက်ကြရသည်။ လုံချန်၏ အရှက်မဲ့သောအပြုအမူကြောင့် ပိုင်ရှီဂျီး နှင့် ပိုင်ရှီးချန် တို့နှစ်ယောက်၏ မျက်လုံးထဲတွင် လူသတ်လိုစိတ်များပေါ်လာခဲ့သည်။

ဤအချိန်တွင် ပိုင်ကျိရှင်း သည် လုံချန် ကို ကြောင်တက်တက်ဖြင့် ကြည့်နေသည်။ သူမ၏လက်ထဲတွင် တောရိုင်းဂန္ဓမာပန်းပင်ကို ကိုင်ထားဆဲဖြစ်သည်။ လုံချန် သည် ဤမျှ ရဲရင့်လိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် အော်ဖို့ပင် မေ့သွားခဲ့သည်။

ဤအတောအတွင်း လုံချန် သည် ပိုင် နှင့် ယန်မိသားစု၏ ဘိုးဘေးနှစ်ယောက်အား လှည့်ကြည့်ပြီး အနည်းငယ်ဦးညွှတ်ကာ “ငါ့မှာ လုပ်စရာတချို့ရှိနေလို့ အရင်ဆုံး ထွက်သွားခွင့်ပြုပါ”ဟ ပြောလိုက်ပါသည်။

ပိုင် မိသားစု၏ ဘိုးဘေး က ခပ်ဖျော့ဖျော့ ပြုံးပြီး “အင်း၊ မင်းလုပ်စရာရှိရင် သွားလိုက်ပါ”

ထို့နောက်တွင် လုံချန် သည် သိုင်းပညာခန်းမထဲရှိ လူအများ၏ အကြည့်အမျိုးမျိုးကို လျစ်လျူရှုကာ တံခါးဆီသို့ လျှောက်သွားခဲ့သည်။ ပိုင်ရှီဂျီး နှင့် ပိုင်ရှီးချန် တို့နှစ်​ယောက်လည်း အကြည့်ချင်းဖလှယ်လိုက်သည်။ လုံချန် ထွက်သွားချိန်တွင် သူ့နောက်ကျောကို လှမ်းကြည့်ပြီး သူတို့နှစ်ယောက်လုံး လှောင်ပြောင်ကြသည်။

“မင်း သေခါနီးနေပြီ။ ငါတို့ကို အပြစ်မတင်ပါနဲ့...”

သိုင်းခန်းမထဲ ကနေ ထွက်လာစဉ် လုံချန် သည် စိတ်ထဲ၌ အားရကျေနပ်စွာရယ်မောလိုက်သည်။ ဒီအချိန်မှာ သူ့နားထဲ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ လုံချန်၏ မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့သွား၏။ တစ်ချိန်တည်းတွင် သူ့နားထဲ၌ လင်းရှီ၏ အေးစက်စက်အသံ ထွက်လာလေသည်။

“ခွေးကောင်၊ အခုနတုန်းက တော်တော်ကောင်းသွားတယ်မဟုတ်လား”

လုံချန်၏ အားရကျေနပ်နေသော နှလုံးသားသည် ချက်ချင်းပင် ချိုင့်ဝှမ်းအောက်ခြေသို့ ချက်ခြင်းပြုတ်ကျသွားသည်။ သူသည် လင်းရှီ အား အလျင်စလို ပြန်ပြောခဲ့သည် “အချစ်ကလေး ရှီ၊ ငါ … အခုလေးတင်ဖြစ်သွားတာက... ငါ ပိုင်ရှီဂျီး ကို ဒေါသမထွက်ထွက်အောင်ဆွပေးနေတာ။ ဒါ အမှန်ပါပဲ … “

“နင်က ငါ လူမိုက်လို့ ထင်နေတာလား။ ငါ နင့်ကို လျစ်လျူရှုထားတော့မယ်”

လုံချန်၏တစ်ကိုယ်လုံး ချွေးတဒီးဒီးစီးကျနေသည်။ သူ ထပ်ရှင်းပြရန်ပြင်လိုက်ချိန်တွင် ယန်လင်ချင်း လိုက်လာကြောင်း မြင်လိုက်ရသည်။ အနှီမိန်းမငယ်လေး၏ မှိုင်းညို့ညို့အမူအရာအား မြင်သောအခါ လုံချန် သည် ယနေ့ကံမကောင်းနိုင်တော့မှန်း သိလိုက်တော့သည်။

သို့သော် ယန်လင်ချင်း သူ့အနားကို ရောက်လာပြီး ပထမဆုံး ပြောခဲ့သည့်စကားဟာ “ငါက အဆင့် ၆ နဂါးသွေးကြောနယ်ပယ် ကို ရောက်နေပြီလို့ ဘယ်သူထင်မှာလဲ” ဟူ၍ပင်။

လုံချန် လည်း ရယ်မောလျက်ပြန်ပြောသည် “ဒါ ကောင်းပါတယ်။ မင်းက ပြိုင်ပွဲရောက်တဲ့အခါကျ နတ်ဆိုးသားရဲ နည်းနည်းလောက်ပိုသတ်နိုင်တာနဲ့ ငါတို့တွေ ပိုင် မိသားစုကိုကျော်တက်နိုင်လိမ့်မယ်”

ယန်လင်ချင်း သည် မျှော်လင့်ချက်မဲ့သော အမူအရာဖြင့် လုံချန်အားကြည့်ကာ “နင် အခုထိ ရယ်နေနိုင်သေးလား။ နှစ်ဖက်စလုံးက လက်ဆွဲနှုတ်ဆက်ပြီး ငဋိပက္ခကို ရပ်လိုက်ဖို့ပြောခဲ့ပေမယ့် ပိုင်ညီအစ်ကိုနှစ်ယောက်က နင့်ကို လွှတ်ပေးထားမှာမဟုတ်ဘူးဆိုတာ အသိသာကြီးပဲ။ လုံချန်၊ နင့်ရဲ့ခွန်အားက မကြာသေးခင်ကမှ မြန်မြန်ဆန်ဆန်တိုးတက်လာတာကို ငါသိတယ်၊ ဒါပေမဲ့ နင်က သူတို့နှစ်ယောက်ကို ဘယ်လိုလုပ်ပြီးယှဉ်ချနိုင်မှာတုန်း”

ယန်လင်ချင်း သည် စိုးရိမ်တကြီးပြောနေခဲ့၏။ ဤမိန်းမငယ်လေး သည် သူ့အတွက် စိုးရိမ်ပူပန်နေကြောင်းမြင်သည့်အခါ လုံချန် သည် သူမကို တော်တော်လေး သနားသွားမိသည်။ သူ့စိတ်ထဲ၌သက်ပြင်းချလျက် ပြောလိုက်ပါသည် “ဒီရက်ပိုင်းမှာ ငါ့​ရဲ့ ခွန်အားတွေ တော်တော်တိုးတက်လာတယ်။

ငါ သူတို့ကို အနိုင်ယူနိုင်တယ်လို့ မပြောနိုင်ပေမယ့် ထွက်ပြေးဖို့ဆိုရင်တော့ ပြဿနာမရှိပါဘူး။ ငါလွတ်မြောက်ဖို့အတွက် မင်းကို အားကိုးနေစရာမလိုတော့ပါဘူး။ ငါလုံချန် က ဘယ်လိုလုပ်ပြီး ဒီလူယုတ်မာနှစ်ယောက်ရဲ့လက်ထဲမှာ သေနိုင်မှာတုန်း”

ယန်လင်ချင်း သည် လုံချန်၏စကားကို လုံးလုံးမယုံကြည်ပေ။ အဆင့် ၇ နဂါးသွေးကြောနယ်ပယ်တစ်ယောက် မည်မျှသန်မာသည်ကို ကောင်းကောင်းသိထားလို့ပါ။ အဆင့် ၇ ပညာရှင်တစ်ယောက် သည် အဆင့် ၅ လုံချန် ကိုအသာထား အဆင့် ၆ ပညာရှင်ကိုပင် အသာလေးသတ်ပစ်နိုင်ပေသည်။

ယန်လင်ချင်း စကားထပ်ပြောခါနီးတွင်တော့ လုံချန်၏

အကြည့်များသည် ရုတ်တရက် အေးစက်သွားခဲ့သည်။ သူသည် ယန်လင်ချင်း၏ပုခုံးကို အသာပုတ်ပြီး “မင်းအရင်ပြန်သွားလိုက်။ ငါတို့တွေ ဒီအကြောင်းကို နောက်မှပြောကြတာပေါ့” ဟုပြောလိုက်သည်။

ယန်လင်ချင်း လည်း ချာခနဲလှည့်ကြည့်လိုက်သည့်အခါ ယန်ရွဲ့ချင် သည် သူ့နောက်တွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။ လုံချန် နှင့် ယန်ရွဲ့ချင် တို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးသည် အတော်လေးထူးဆန်းပါသည်။ သူမ ဝင်ပြီးစွက်ဖက်နိုင်ခြင်းမရှိပေ။ လုံချန် ကိုသာ သတိထားရန် ခပ်တိုးတိုးလေးပြောလိုက်ပြီး နောက်လှည့်ထွက်သွားသည် ။

ဤအချိန်တွင် လုံချန် သည် ယန်ရွဲ့ချင်အား မြင်လိုက်ရသဖြင့် စိတ်ထဲ ပျော်နေသော အပျော်များပင် ဘယ်ရောက်သွားမှန်းမသိတော့ပေ။ သူ့မျက်နှာက ချက်ချင်းဆိုသလို သုန်မှုန်သွားသည်။

ယန်ရွဲ့ချင် သည် ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးကာ လုံချန်ကို စိုက်ကြည့်လိုက်သည်။ သူ့ပုံစံက အရင်လိုမျိုး ခက်ထန်မနေသည့်တိုင် မျက်နှာကတော့ အေးစက်နေဆဲပါ။

“ငါတို့အဖေက ပိုင် မိသားစုကို ဒီနေ့ပွဲတက်ဖို့ ဘာလို့ဖိတ်ခဲ့တာလဲ နင်သိလား။ ဘာလို့လဲဆိုတော့ ငါတို့ ယန် မိသားစုက မင်္ဂလာပွဲအတွက် ပြင်ဆင်နေကြတာလေ။

ဒီနေ့ကစလို့ ၃ ရက်မြောက်နေ့မှာ နင်က ပျက်သုဉ်းခြင်းတောင်တန်းထဲကိုဝင်ရမယ်။ အဲဒီနေ့မှာပဲ ပိုင် မိသားစု နဲ့ လက်ထပ်ပွဲကျင်းပလိမ့်မယ်”

လုံချန် သည် အခြေအနေက သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်နေသည့်အတွက် ယန်ရွဲ့ချင် ကိုသာစိုက်ကြည့်နေကာ ဘာမှပြန်မပြောခဲ့ပေ။

သူ့စိတ်ထဲမှာတော့ “ငါသာ ပိုင်ရှီဂျီး ကို သတ်ပြီးရင် သတင်းတွေ အပြင်ကို ပျံ့သွားလိမ့်မယ်။ အဲဒီအခါကျ မင်းတို့ရဲ့ မင်္ဂလာအခမ်းအနား ဘယ်လိုဆက်သွားမလဲ ကြည့်ရအောင်”

ယန်ရွဲ့ချင် သည် လုံချန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ခဏတုံ့ဆိုင်းနေပြီးနောက် ဆက်ပြောလိုက်ပါသည် “နတ်ဆိုးသားရဲအမဲလိုက်ပြိုင်ပွဲပြီးရင် နင်ရလာတဲ့ သားရဲအမြုတေတွေကို လင်းဝူ မိသားစု ဆီ လွှဲပေးလိုက်ပါ၊ ပြီးတာနဲ့ နင် ကျော်ကြားခြင်းမြို့ကနေ ထွက်သွားတော့မယ်လို့ ငါကြားတယ်။ လက်တလောမှာ နင်က နတ်နဂါးတံဆိပ်ကို ဆုလာဘ်အနေနဲ့ပိုင်ဆိုင်ထားတယ်။ ဒီတော့ ငါတို့ယန်မိသားစုက နင့်အပေါ်မှာ ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တယ်လို့ပြောနိုင်တယ်။ ပြောရရင် နင် အရမ်းကြီးတွယ်ကပ်မနေဘဲ စောစောစီးစီး ထွက်သွားတာပိုကောင်းမယ်လို့ ငါထင်တယ်”

“ဒါပေမဲ့ ငါတို့ ယန်မိသားစုရဲ့ နတ်နဂါးတံဆိပ်ကို မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းပေးရမှာ သဘာဝပဲ။ အခု ငါ့ကို ထုတ်ပေးလိုက်။ နင်ထွက်သွားပြီးတာနဲ့ အဖေ့ကို ပြန်ပေးထားလိုက်မယ်”

ယန်ရွဲ့ချင်၏ စကားကို နားထောင်နေရင်း လုံချန် သည် သူ့အား ယန် မိသားစု၏အဖွဲ့ဝင်တစ်ယောက်အနေနှင့် မည်သည့်အချိန်ကမျှ မဆက်ဆံခဲ့မှန်း သိသာပါသည်။

အလားတူပဲ၊ လုံချန် သည်လည်း ယန် မိသားစု နှင့် သွေးချင်းဆက်စပ်နေသည်ဟူသော ခံစားချက်မျိုးကို

တစ်ကြိမ်တစ်ခါတောင် မရခဲ့ဖူးပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် နတ်နဂါးတံဆိပ်၏ လျှို့ဝှက်ချက်များအားလုံးကို ရရှိခဲ့ပြီဖြစ်ရာ လက်ရှိတံဆိပ်တုံးက သူ့အတွက် အသုံးမဝင်တော့။ ထို့ကြောင့် သိုလှောင်လက်စွပ်ထဲကနေ ထုတ်ကာ ယန်ရွဲ့ချင် ထံ ပစ်ပေးလိုက်သည်။

ထို့နောက် လုံချန် သည် ဘာမှပြန်မပြောဘဲ လှည့်ထွက်သွားသည်။

ယန်ရွဲ့ချင် သည် လုံချန် အား ဤမျှ ပြောရဆိုရလွယ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ နတ်နဂါးတံဆိပ်ကို ကြည့်ပြီး လုံချန်၏ မာနကြီးလွန်းသော ကျောပြင်ကို လှမ်းကြည့်၍ လှောင်ပြောင်ရယ်မောလျပ် “ကလေးဆန်လိုက်တာ။ သူ ဒါကို အလွယ်လေးပြန်ပေးလိုက်တာလား။ လျှို့ဝှက်နည်းစနစ်ကို သင်ယူရတာ အရမ်းလွယ်တယ်လို့ နင်ထင်နေတာလား။ တကယ်ပဲ သူ့​အရည်အချင်းနဲ့ ဒီလောက် ရက်တိုတိုလေးမှာ နတ်နဂါးတံဆိပ်ရဲ့ အဓိကအဆင့်ကြီး ၂ ခုကို သင်ယူပြီးတာဖြစ်နိုင်ပါ့မလား”

မကြာခင်မှာပဲ သူမ၏အကြည့်တွေဟာ မှုန်ကုပ်ကုပ်နဲ့ “ကျိရှင်း ကို မတော်တရော်လုပ်ထားတာဆိုတော့ ရှီဂျီး နဲ့ တခြားသူတွေက နတ်ဆိုးအမဲလိုက်ပြိုင်ပွဲကျရင် သူ့ကို သေချာပေါက် တိုက်ခိုက်ကြလိမ့်မယ်။ သူက အဆင့် ၅ နဂါးသွေးကြောနယ်ပယ် ပဲရှိသေးတယ်။ ဒီအရိုင်းအစိုင်းကောင်က တကယ်ကို ပညာမဲ့တာပဲ။ ထားပါလေ....၊ သူက ငါ့ရဲ့အသွေးအသားဖြစ်နေတုန်းဆိုတော့ ကောင်းပြီ၊ ငါ နင့်အတွက် ရှီဂျီးကိုတောင်းပန်ပေးလိုက်ပါ့မယ်...”

“ဒီတစ်ခါတော့ ကြင်နာမှုကို ဘယ်လိုပြန်ဆပ်ရမယ်ဆိုတာ နားလည်မယ်လို့ မျှော်လင့်ပါတယ်”

လုံချန် သည်အတော်ဝေးဝေးသို့ ရောက်လာပြီးနောက် လင်းရှီ ထံမှ စကားသံတချို့ထွက်လာသည်။ သူမက

“ဟေ့ ... နင့်အမေ နင့်ကို အထင်သေးနေတာ၊ နင် တကယ် ဂရုမစိုက်ဘူးလား”

လုံချန် က ပုံမှန်အတိုင်း ပြန်ပြောလိုက်ပါသည် “ငါ ဂရုစိုက်နေရင် ငါ့ကို စိတ်မသက်မသာ ဖြစ်စေလိမ့်မယ်။ ဒီတော့ ဘာကြောင့်များ ဒီလိုအရာတွေကို အာရုံထားနေရမှာတုန်း။ ငါက သူတို့နဲ့မယှဉ်နိုင်ဘူးလို့သူမ ထင်တဲ့အတွက် ငါ့ကိုယ်ငါ ဒေါသဖြစ်ရင် ငါပဲလူမိုက်ဖြစ်သွားမှာပေါ့။ ငါဖြစ်ချင်တာက ပိုင်ရှီဂျီး ကို တစ်စစီဆွဲဖြဲပစ်ချင်တာပဲ”

“ကောင်းပြီ။ ငါလည်း နင့်လိုပဲ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ငါသာဆိုရင် ငါ အရမ်းဝမ်းနည်းနေမှာပဲ...”

လုံချန် သည် နောက်လှည့်၍ ယန် မိသားစု၏ ခြံဝင်းကို လှည့်ကြည့်လိုက်သည်။ ဤနေရာသည် နှစ်ပေါင်းများစွာ သူနေထိုင်ခဲ့သော နေရာတစ်ခုဖြစ်ခဲ့သည်။ သူ့အတွက် မရင်းနှီးသလိုရှိသော်လည်း အမှန်တကယ်တော့ သိပ်ကိုရင်းနှီးပါသည်။

ဤနေရာသည် မူလက သူ့အိမ်ဖြစ်ခဲ့သည်။ သို့သော် သူ့အတွက် လုံခြုံမှုကို အနည်းငယ်မျှ မခံစားရပေ။ သူ့အနီးအနားရှိ လူများပင်လျှင် သူ့အား လုံခြုံမှု မပေးနိုင်ပါ။

Translated By NyiNyiSoe

နဂါးနတ်ဘုရား (သွေးနဂါးလုံချန်)

ဘာသာပြန်သူ - ညီညီစိုး

အပိုင်း 29 –

နတ်ဆိုးအမဲလိုက်ပြိုင်ပွဲ နှင့် မင်္ဂလာပွဲ နီးကပ်လာသည်နှင့်အမျှ ပြိုင်ပွဲ၌ပါဝင်မည့် လူငယ်များသည် သဘာဝအတိုင်း ကြောက်ရွံ့နေကြသည်။ အချို့ကတော့ သူတို့အတွက် ပျော်စရာကောင်းသော နေ့တစ်နေ့အလား ရယ်ရယ်မောမာနှင့် ပြုံးပျော်နေကြလေသည်။

အထူးသဖြင့် သမီးဖြစ်သူ၏ မျက်နှာ ပြုံးရွှင်နေသည့်မြင်ကွင်းအား ပြန်မြင်လိုက်ရသည့် ယန်ဘိုးဘေး အတွက်တော့ နားရွက်ပါးစပ်ချိတ်မတတ် ပြုံးရွှင်နေလေတော့သည်။

လုံချန် သည် နံနက်စောစောတွင် ထလာ၍ ယန်လင်ချင်း၊ ယန်လင်ရွဲ့၊ ယန်ဝူ တို့၏နောက်ကနေ လိုက်ပါသွားခဲ့သည်။ သို့သော် သူတို့အဖွဲ့ သည် ချက်ချင်း ထွက်ခွာမသွားကြပေ။ လူတိုင်းသည် ယန်ချင်းရွှမ်၏ ဦးဆောင်မှုအောက်တွင် ပျက်သုဉ်းခြင်းတောင်တန်း သို့ ဦးတည်သော မြို့ထွက်ပေါက်ဆီသို့ ဦးတည်သွားခဲ့ကြသည်။

ပြိုင်ပွဲအတွက် မိသားစုကြီးတစ်ခုစီမှ လူငယ်ပါရမီရှင် ၄ ယောက်ခန့်ပါဝင်ခဲ့သည်။

ယန် မိသားစု၏ အလုံးစုံ အင်အားသည် ပိုင် မိသားစုထက်စာလျှင် အနည်းငယ် အားနည်းသော်လည်း ပြိုင်ပွဲဝင်များသည် ကံကောင်းခြင်းပေါ်တွင်သာ မူတည်လေသည်။ ထို့ကြောင့် တိုက်ပွဲ၏ ရလဒ်ကို လုံးဝ မသိရပေ။

သို့သော်လည်း ပိုင် နှင့် ယန် မိသားစုများ၏ အကြီးအကဲများသည် အခြားမြို့များကဲ့သို့ အချင်းချင်း ညှိနှိုင်းပြီးလုပ်ဆောင်ကြပုံမပေါ်ပါ။

နတ်ဆိုးအမဲလိုက်ပြိုင်ပွဲ သည် မိသားစုကြီးနှစ်ခု၏ မင်္ဂလာပွဲအတွက် အကြိုပွဲတစ်ခုလိုသာသဘောထားကြပုံရသည်။ သူတို့သည် မင်္ဂလာပွဲအတွက်သာ အာရုံစိုက်ထားကြသည်။ သို့သော် ပြိုင်ပွဲသည်

ကျော်ကြာခြင်းမြို့၏ နောင်ဆယ်စုနှစ် နှစ်ခုစာအတွက် စီမံခန့်ခွဲမှုအခွင့်အရေး ဖြစ်ခဲ့သည်။

လမ်းတစ်လျှောက်တွင် ယန်လင်ရွဲ့ နှင့် ယန်ဝူ တို့မောင်နှမနှစ်ယောက်က အတူတူ လျှောက်သွားခဲ့ပြီး လုံချန် နှင့် ယန်လင်ချင်း ကတော့ နောက်မှလိုက်ပါသွားခဲ့သည်။

“ဟေ့... ပြိုင်ပွဲစတဲ့အခါကျ နင့်မှာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ နည်းလမ်းရှိလား”

ယန်လင်ချင်း က လုံချန်အား စိုးရိမ်စိတ်ဖြင့် မေးသည်။

“ပိုင် ကလန်ရဲ့ လူပျက်တွေက ငါ့ပြိုင်ဖက်ဖြစ်နိုင်ပါ့မလား”

လုံချန် က ထူးမခြားနားပုံစံဖြင့် ပြန်ပြောလိုက်သည်။

ယန်လင်ချင်း က အကူအညီမဲ့နေပုံပါ။ သူမက “ကောင်းပြီ၊ ငါနင့်ကို စကားမပြောချင်တော့ဘူး။ အထဲမှာ နင်တစ်ခုခုဖြစ်နေပြီဆိုရင် လှမ်းအော်လိုက်။ အဲဒီအခါကျရင် ငါအမြန်ဆုံးလာခဲ့ပေးမယ်”

ဤတစ်ကြိမ်မှာတော့ လုံချန် သည် စနောက်မနေတော့ဘဲ အသာခေါင်းညိတ်လိုက်သည်။ အမှန်တကယ်တော့ သူ၏ညီမလေးဖြစ်သူအား အလွန်နှစ်သက်ခဲ့သည်။

သို့သော် အခြားတစ်ဖက်တွင်တော့ လုံချန်၏ မောက်မာထောင်လွှားသော စကားကိုကြားသောအခါ ယန်ဝူ နှင့် ယန်လင်ရွဲ့ တို့နှစ်ယောက်စလုံး နောက်လှည့်ကာ လှောင်ပြောင်သရော်သလိုအကြည့်မျိုးဖြင့် ကြည့်နေလေသည်။ ထို့နောက် ခဏအကြာတွင်ပဲ တစ်ဖက်သို့ အမြန်ပြန်လှည့်လိုက်ကြသည်။ ယန်လင်ရွဲ့ က သူ့အစ်ကိုကိုကြည့်ပြီး တိုးတိုးပြောသည် “အစ်ကို၊ နင်ငါ့ကို ကတိပေးထားတာ မှတ်မိတယ်မဟုတ်လား”

ယန်ဝူ ကလည်း ခေါင်းညိတ်ပြီး ပြန်ပြောသည် “ပိုင် ကလန် က မလှုပ်ရှားရင် ငါကိုယ်တိုင် သူ့ကို သင်ခန်းစာတစ်ခု သင်ပေးလိုက်မယ်”

သူတို့က စိတ်ချင်းဆက်သွယ်ကာ စကားပြောဆိုနေသည့်အတွက် လုံချန် နှင့် ယန်လင်ချင်းတို့နှစ်ယောက်စလုံး မကြားကြပေ။

ဤသို့ဖြင့်....

အချိန်တော်တော်ကြာပြီးသည့်နောက်တွင် ဆုံမှတ်နေရာသို့ ရောက်ခဲ့ကြသည်။ သူတို့ရောက်လာသည့်အချိန်မှာပဲ ပိုင် ကလန်က အရင်ဆုံးရောက်နှင့်နေပြီဖြစ်ကြောင်းကို သိလိုက်သည်။

ခေါင်းဆောင်လာသူကား ပိုင် မိသားစု၏ စတုတ္ထမြောက်သား ပိုင်ကျန်းဖုန်း ဖြစ်လေသည်။ ကျန်လေးဦးကတော့ ယခင်နေ့က ဧည့်ခံပွဲသို့ တက်ရောက်လာသူ များပင်တည်း။ လုံချန်တို့အုပ်စု ရောက်လာသည်ကို မြင်သောအခါ ပိုင်ရှီဂျီး က သူ့အား လက်ညိုးထိုး၍လှောင်ပြောင်လိုက်သည်။

လုံချန် သည် ဂရုမစိုက်ပေ။ သို့သော် သူ့စိတ်ထဲတွင်တော့ ပိုင်ရှီဂျီး အား အနည်းငယ်သတိထားနေခဲ့သည်။ အကြောင်းမှာ ၎င်းက ပိုင် ကလန်၏ ငရဲနတ်ဆိုးလက်ချောင်းသိုင်း ကိုအဆင့် ၂ အထိ လေ့ကျင့်ထားနိုင်လို့ပင်။

လုံချန် သည် ပိုင် ကလန်၏ လူအုပ်စုကို ဂရုမစိုက်ဘဲ ခပ်လှမ်းလှမ်းရှိ အနက်ရောင်ဝတ်ရုံဝတ်လူ အား ကြည့်လိုက်သည်။ သို့သော် ၎င်း၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ခဲ့ခြင်းမရှိပေ။ ထို့အပြင် လုံချန် သည် အနက်ဝတ်လူ၏ခန္ဓာကိုယ်ကနေ မသိမသာလေး ထွက်ပေါ်နေသည့် မှိန်ဖျော့ဖျော့အော်ရာကို ခံစားလိုက်ရသည်။

“ဒီလူက ဒီမှာရှိတဲ့လူတွေထက် ပိုပြီးတော့ အစွမ်းထက်တယ်” လင်းရှီ၏အသံ ရုတ်တရက်ထွက်လာသည်။

“ဘယ်လောက်သန်မာလဲ” လုံချန် က သူ့စိတ်ထဲကနေ ပြန်မေးလိုက်၏။

“နင့်လို ကောင်စုတ်ကို ရှင်းပြရတာ ခက်တယ်။ ပြောရရင် နင့်အဖိုးက သူ့ရဲ့လက်တစ်ချက်ယမ်းတာတောင် မခံနိုင်ဘူးလို့ အလွယ်မှတ်ထားလိုက်”

လင်းရှီ ပြောသည့်စကားကို ကြားသောအခါ လုံချန်၏တစ်ကိုယ်လုံး ရှိရှိသမျှအမွှေးအမျှင်များ ထောင်ထသွားလေတော့သည်။

ဤအချိန်တွင် ယန်ချင်းရွှမ် က အနက်ဝတ်လူ အား လက်သီးဆုပ် အဏိုအသေပြုကာ ပြောလိုက်သည် “သခင် လန်၊ ယန် မိသားစုရဲ့တည့်တွေကို ခေါ်ဆောင်လာခဲ့ပါပြီ”

“အင်း... ဒါဆို ဟင်းလင်းပြင်ပျက်သုဉ်းခြင်းတောင်တန်းကို သွားကြရအောင်။ မင်းတို့ နှစ်ယောက် ပြန်သွားလို့ရပြီ။ ငါ့ လင်းဝူမိသားစု က မင်းတို့အားလုံးကို တရားမျှမျှတတ စီစဉ်ပေးလိမ့်မယ်”

ယန်ချင်းရွှမ် နှင့် ပိုင်ကျန်းဖုန်း တို့နှစ်​ယောက်လည်း အနက်ဝတ်လူ၏စကားကို မနာခံဘဲမနေဝံ့ပေ။

ဤအတောအတွင်း လင်းရှီ က ရုတ်တရက်ပြောခဲ့သည် “ဒီလောကမှာ နင့်ထက် ပိုသန်မာတဲ့သူတစ်ယောက် အမြဲရှိနေတယ်ဆိုတာ နင်သိထားရမယ်။ နင် ကျော်ကြားခြင်း​မြို့ ကနေ အပြင်လောကကို ခြေဆန့်တဲ့အချိန်ကျရင် သေချာပေါက်သိလာလိမ့်မယ်။ ဒီထက် ပိုကြီးကျယ်တဲ့နေရာကို ရောက်တဲ့အခါကျ

နင်ဟာ တခြားသူတွေရဲ့အမြင်မှာ အမှိုက်တစ်စလဲ ဖြစ်နိုင်တာပဲ”

လင်းရှီ၏စကားများက ရင့်သီးလွန်းသော်လည်း အမှန်တရားပင်။ လက်ရှိလုံချန် သည် ရေတွင်းအောက်ခြေမှ ဖားတစ်ကောင်သာသာပင် ရှိနေသေး၏။

ယန်ချင်းရွှမ် နှင့် ပိုင်ကျန်းဖုန်း တို့နှစ်ယောက် ထွက်သွားပြီးနောက်တွင် သခင်လန်း သည် ဘာစကားမှ ထပ်မပြောတော့ဘဲ ပျက်သုဉ်းခြင်းတောင်တန်းဆီသို့ ထွက်ခွာသွားခဲ့သည်။ ပိုင် နှင့် ယန် မိသားစုကြီးနှစ်ခု၏ တပည့်ငယ်များသည်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နောက်မှ လျင်မြန်စွာ လိုက်ပါသွားကြသည်။

ယန်ဝူ နှင့် ယန်လင်ရွဲ့ တို့မောင်နှမနှစ်ယောက်သည် ပိုင် မိသားစု၏တပည့်များ နှင့်အတူတကွ လျှောက်သွားကြသည်။ လုံချန် သာ နောက်ဆုံးကျန်နေရစ်ပုံပေါ်သည်။ ယန်လင်ချင်း က ဤအဖြစ်ကိုသတိထားမိပုံရကာ နောက်ပြန်လှည့်လာပြီး လုံချန်၏နံဘေးကိုပြန်ရောက်လာခဲ့သည်။

ဤအချိန်တွင် ယန်လင်ရွဲ့ က ပိုင်ရှီဂျီး နှင့်အတူ ပြုံးပျော်ရွှင်ကာ စကားပြောနေလေသည်။ သို့သော် ယန်လင်ချင်းအား လုံချန် နှင့်အတူ လျှောက်လာသည်ကို ရုတ်တရက် သတိထားမိလိုက်သောအခါ ချက်ချင်းပင်ဒေါသထွက်သွား၏။ ထို့နောက် ယန်လင်ချင်း အားလှမ်းခေါ်၍ ပြောလိုက်တော့သည် “လင်ချင်း၊ ဒီကိုလာခဲ့။ အစ်ကိုကြီး ပိုင်ရှီးချန် က နင်နဲ့စကားပြောချင်နေတယ်”ဟူ၍ပင်။

သို့သော်လည်း ယန်လင်ချင်း က ငြင်းပယ်လိုက်၏။ သူမက “အစ်မ လင်ရွဲ့၊ ငါ ယန်ချန် ကို ပြောစရာရှိသေးတယ်...” ဟုပြန်ပြောသည်။

ပိုင် မိသားစု၏ သခင်လေးနှစ်ယောက်ရှေ့၌ဖြစ်ရာ

ယန်လင်ရွဲ့၏မျက်နှာအမူအရာသည် ချက်ချင်း ပျက်ယွင်းသွားခဲ့သည်။ ယန်လင်ရွဲ့၏ဒေါသအခိုးဝေနေသည့် မျက်နှာကို မြင်လိုက်ရသော အခါ လုံချန် က ရုတ်တရက် ဝင်ပြောလိုက်ပါသည် “လင်ချင်း၊ နောက်ကျမှ မင်းစိတ်မပါရင်ပြန်လာခဲ့ပေါ့။ အခုတော့ သူတို့နဲ့ လိုက်သွားလိုက်ပါ”

အမှန်တကယ်တော့ သူသည်လည်း သဘာဝအတိုင်း တစ်ယောက်တည်းသာ လှုပ်ရှားချင်နေ၏။ ပျက်သုဉ်းခြင်းတောင်တန်းကြီးတစ်ခုလုံးသည် မရေမတွက်နိုင်သောအန္တရာယ်များစွာတို့ ပြည့်နှက်နေခဲ့ပေသည်။ အကယ်၍ ယန်လင်ချင်းသာ သူနှင့်အတူ လိုက်လာနေလျှင် သေချာပေါက် အန္တရာယ်တစ်ခုခုနှင့်ကြုံရပေလိမ့်မည်။

ယန်လင်ချင်း သည်လည်း ဖြစ်နိုင်ချေအား တွေးမိလိုက်၏။ ထို့ကြောင့် လုံချန် ကို အနည်းငယ်တောင်းပန်ပြီးမှ ရှေ့ဆက်လျှောက်သွားတော့သည်။

ထိုအခါမှသာ ယန်လင်ရွဲ့၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး ယန်လင်ချင်းအား ပိုင်မိသားစု၏တပည့်များနှင့် မိတ်ဆက်ပေးလိုက်တော့သည်။

နောက်ထပ် အချိန်အနည်းငယ်ကြာပြီးနောက်တွင်....

သူတို့အဖွဲ့သည် ဟင်းလင်းပြင်ပျက်သုဉ်းခြင်းတောင်တန်း သို့ရောက်ရှိခဲ့ကြသည်။

သခင် လန်း က နောက်လှည့်၍ လူအုပ်စုကိုကြည့်ကာ “နေမဝင်ခင်အချိန်မှာ မင်းတို့အားလုံး ဒီကိုပြန်လာခဲ့ကြ။ ပြီးတော့ မင်းတို့ရဲ့ သားရဲအမြုတေတွေကိုစစ်ဆေးဖို့အတ​ွက် မင်းတို့တစ်ယောက်ချင်းစီ ယူလာတဲ့သားရဲအမြုတေတွေကို ငါ့ရှေ့မှာ ထုတ်ပြရလိမ့်မယ်” ​​ဟုပြောလိုက်သည်။

ထို့နောက် သူ့အသံက ရုတ်ချည်းပင်အေးစက်လာပြီး “ငါက လင်းဝူ တော်ဝင်မိသားစုရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ။ ဒါကြောင့် ငါ့ရှေ့မှာ လှည့်ကွက်တွေမကစားပါနဲ့လို့ ကြိုပြီးသတိပေးချင်တယ်။ ပြီးတော့ မင်းတို့တွေရဲ့လှုပ်ရှားမှုတိုင်းကို ငါစောင့်ကြည့်နေတယ်။ လူတိုင်းကို ငါဘယ်လို စောင့်ကြည့်နေတယ်ဆိုတာ မင်းတို့ခန့်မှန်းဖို့ မလိုဘူး။ အချင်းချင်း လုယက်တာ ခွင့်ပြုတယ်။ ဒါမှမဟုတ်လို့ အခြေအနေကို အခွင့်ကောင်းယူချင်ရင်တော့ မင်းတို့ကြိုးစားကြည့်နိုင်တယ်။ တစ်ခုတော့ရှိတယ်၊ မင်းတို့သေရင် ငါ့ကို အပြစ်မတင်နဲ့။ သားရဲအမြုတေ တွေကို တစ်ယောက်နဲ့တစ်ယောက် လုယက်နိုင်တယ်။ ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်လုယက်တာကို ငါ့ လင်းဝူ တော်ဝင်မိသားစုက ခွင့်ပြုတယ်”

သခင် လန်း၏ အသံသည် ထူးဆန်းသော အရှိန်အဝါကို သယ်ဆောင်လာပုံရသည်။ လူအုပ်စုထဲ၌ ကျင့်ကြံမှုအဆင့် အမြင့်ဆုံးရောက်နေသည့် ပိုင်ရှီးချန် ပင်လျှင် သူ့စကားပြောသံကို ကြားသောအခါ ချွေးအေးများ

စီးထွက်လာခဲ့သည်။

Translated By NyiNyiSoe

.(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - ညီညီစိုး

အပိုင်း 30

ပျက်သုဉ်းခြင်း တောင်တန်းကြီးသည် အလွန်တရာကြီးမားလှသည်။ သို့သော်လည်း ၎င်းအနီးတစ်ဝိုက်တွင် ကျော်ကြားခြင်းမြို့ တစ်ခုတည်းသာလျှင် အင်အားအကြီးဆုံးမြို့ ဖြစ်ခဲ့သည်။ ခြွင်းချက်အနေနှင့် ကျော်ကြားခြင်းမြို့၌ အဆင့် ၉ နဂါးသွေးကြောနယ်ပယ် ကျင့်ကြံသူ ၂ ဦးတည်းသာရှိနေခဲ့၏။ ထိုနှစ်ဦးကား ပိုင် မိသားစု၏ဘိုးဘေးနှင့် ယန်ဘိုးဘေးတို့ပင်ဖြစ်လေသည်။ ထိုအတွက်ကြောင့် နောက်ထပ် အဆင့် ၉ နဂါးသွေးကြောနယ်ပယ် ကျင့်ကြံသူ ပေါ်လာချိန်တွင် လုံချန် လည်း အနည်းငယ် အံ့သြသွားမိသည်။

“ရှီအာ၊ ဒီမရင့်မှည့်သေးတဲ့ ဝိညာဉ်သစ်သီးနဲ့ ဘယ်လိုသက်ဆိုင်နေလို့လဲ”

“ဝိညာဉ်ဆေးပင်တွေ၊ ဝိညာဉ်သစ်သီးတွေဆိုတာက ကြီးထွားဖို့ ဒါမှမဟုတ် ရင့်မှည့်ဖို့ အချိန်တစ်ခုလိုတယ်လေ။ အချိန်တန်လို့ ရင့်မှည့်လာမှပဲ အကျိုးအမြတ်ကိုရိတ်သိမ်းလို့ရမှာပေါ့။ တချို့ ဝိညာဉ်ဆေးအမယ်တွေက ပိုတောင်ထူးဆန်းသေးတယ်။ဒါပေမဲ့ အဲဒီဆေးပင်နဲ့အနီးဆုံးနေရာကို ရောက်လာရင်တော့ငါမှတ်မိနိုင်မှာပါ”

လုံချန် က သူ့စိတ်ထဲမှာ တွေးနေ၏ “ကောင်းပြီ။ ပိုင်ရှီဂျီး ကိုသတ်ဖို့က နဲနဲစောသေးတယ်လို့ ငါထင်တယ်။ဒီတော့ အရေးကြီးတာကို အရင်လုပ်ရမှာပေါ့”

လုံချန် သည် အနည်းငယ်သော အကျိုးအမြတ်ကိုပင်ထည့်တွက်တတ်သူဖြစ်ရာ ပိုင်ရှီဂျီး အား လောလောဆယ် အာရုံမစိုက်အားပေ။ ထို့အပြင် ၎င်းသာ အဖိုးတန်ရတနာ တစ်ခုဖြစ်နေသရွေ့ သူသည် သဘာဝအတိုင်း လွှတ်ခံမည်မဟုတ်ပေ။

သို့သော် အဆင့် ၉ နဂါးသွေးကြောနယ်ပယ် အထွတ်အထိပ်ကို ဖြတ်ကျော်တော့မည့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရန်ကား သူ့အတွက် အလွန်တရာခက်ခဲပေသည်။ ထို့ကြောင့် သတိထားရန်ကသာ အကောင်းဆုံးဖြစ်သည်။

လုံချန် သည် ပုန်းလျှိုးကွယ်လျှိုးဖြင့် တိတ်တဆိတ် တိုးကပ်သွားသည်။ တောင်ကုန်းငယ်လေးများကို ဖြတ်ကျော်ပြီးနောက် စိမ်းလန်းစိုပြည်သောသစ်ပင်များဖြင့် အလွန်တရာကြီးမားလှသော ချိုင့်ဝှမ်းကြီးတစ်ခု သူ့ရှေ့တွင် ဘွားခနဲပေါ်လာသည်။ ချိုင့်ဝှမ်းတစ်ခုလုံးကား မြူများပြည့်နှက်နေလေသည်။ ထို့အပြင် လေထုသည် ဆိုးယုတ်သောအငွေ့အသက်များ ရောယှက်နေ၏။ လုံချန် သည် ချက်ချင်းပင် အသက်ရှူရခက်ခဲသွားသလို ခံစားလိုက်ရတော့သည်။

“ရပ်တော့.... ရပြီ”

လင်းရှီ၏ သတိပေးသံ ထွက်လာသောကြောင့် လုံချန် သည် ရှေ့ဆက်မသွားသေးဘဲ ရောက်နေသည့်နေရာမှာပဲ ရပ်လိုက်ပါသည်။ ထို့နောက် အမည်မသိ ရှေးဟောင်းသစ်ပင်တစ်ပင်၏ နောက်ကွယ်တွင် အမြန်ပုန်းအောင်းလိုက်သည်။ ဤအချိန်တွင် လင်းရှီသည် သူမ၏စိတ်အာရုံအသိကို ချိုင့်ဝှမ်းထဲသို့ ပို့လွှတ်လိုက်သည်။ သိပ်မကြာလိုက်၊ ချိုင့်ဝှမ်း၏ အနက်ပိုင်းနေရာ၌ ဧရာမဂူကြီးတစ်လုံးရှိနေမှန်း အာရုံခံမိခဲ့သည်။ သို့သော် လူရိပ်လူယောင်တော့ မတွေ့ရပေ။မည်သို့ပင်ဖြစ်စေ အစောပိုင်းက သူမ ပြောခဲ့သည့်တိုင်း အကုန်အမှန်ပင်ဖြစ်နေခဲ့သည်။

“ဒါက ဘာလဲဆိုတာတော့ ငါသေချာမသိဘူး၊ ဒါပေမဲ့ အဲဒါက နက်နဲအဆင့်ဝိညာဉ်ဆေးအမယ်တစ်ခုလို့တော့ ငါခံစားမိတယ်...”

“နက်နဲအဆင့်လား...”

“အဝါရောင်အဆင့်အထက်မှာ နက်နဲအဆင့် ဆိုတာရှိသေးတယ်။ နင်နေတဲ့ ကျော်ကြားခြင်းမြို့အနေအထားနဲ့က နက်နဲအဆင့် ဝိညာဉ်ဆေးပင်တွေဆို တော်တော်လေး တန်ဖိုးကြီးတယ်။ ပြောရရင် ကျော်ကြားခြင်းမြို့မှာရှိတဲ့ နင့်ရဲ့ပိုင်ဆိုင်မှုအားလုံးကို ရောင်းလိုက်ရင်တောင် နက်နဲအဆင့် ဆေးလုံးတစ်လုံး ဒါမှမဟုတ် ဆေးပင်တစ်ပင်နဲ့တောင် လဲလှယ်လို့မရနိုင်ဘူးလို့ ငါသေချာပေါက်ပြောရဲတယ်”

လင်းရှီ သည် ပေါ့ပျက်ပျက်နိုင်စွာပြောဆိုနေ၏။ သို့သော်လည်း လုံချန်၏စိတ်ထဲမှာတော့ နှလုံးသားတစ်ခုလုံး ပြောင်းဆန်နေလေသည်။

နဂါးသွေးကြာနယ်ပယ် အထက်၌ အခြားသောနယ်ပယ်များ ရှိနေသေးမှန်း သူလည်း ကောင်းကောင်းသိထားပါသည်။ ထိုလျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ သည် နဂါးသွေးကြောနယ်ပယ်အထက်ဆင့် ဖြစ်ကြောင်းသိသာပါသည်။

လူသားများ သာမကဘဲ နတ်လက်နက်များ၊ ဝိညာဉ်ဆေးပင်များ သို့မဟုတ် ကျင့်ကြံခြင်းနည်းစနစ်များဖြစ်စေ အားလုံးမှာ အဆင့်သတ်မှတ်ချက်ရှိကြသည်သာ။

ယေဘုယျအားဖြင့် ပြောရလျှင် မတူညီသော ကျင့်ကြံခြင်းနယ်ပယ်မှ ကျင့်ကြံသူများသည် မတူညီသော စွမ်းအားနည်းစနစ်များနှင့် နတ်ဆိုးသားရဲများအတွက် သင့်လျော်ပေသည်။ သို့သော် သားရဲအမြုတေများ နှင့်ပတ်သက်၍ကား အဆင့်မြင့်လေ၊ ပိုကောင်းလေဖြစ်သည်။ နက်နဲအဆင့် သားရဲအမြုတေများသည် နဂါးသွေးကြောနယ်ပယ် ကျင့်ကြံသူများအတွက် အလွန်အသုံးဝင်ပါသည်။

အကယ်၍ ကျော်ကြားခြင်းမြို့တော်၏ မိသားစုကြီးနှစ်ခုအနက်မှ တစ်ယောက်ယောက်သာ ဤဝိညာဉ်ဆေးပင်ကို ရရှိသွားခဲ့လျှင် ၎င်း၏နောက်ခံမျိုးနွယ်စုအနေဖြင့် သေချာပေါက်ကိုသန်မာလာမည်ဖြစ်သည်။

လင်းရှီ၏လမ်းညွှန်မှုဖြင့် လုံချန် သည် ဂူ အနားသို့ တဖြည်းဖြည်းနီးကပ်လာခဲ့သည်။ တစ်ချိန်တည်းတွင် သူနှင့် မနီးမဝေး၌ အစွမ်းထက်အရှိန်အဝါတစ်ခုရှိနေသည်အား ခံစားမိလိုက်သည်။ လုံချန် သည် ချက်ချင်းဆိုသလို အသက်ရှူးကြပ်မတတ်ဖြစ်သွားကာ အနည်းငယ်ပင်မလှုပ်ရဲတော့ပေ။

ဤအခိုက်အတန့်တွင် လင်းရှီ၏အနည်းငယ်အံ့သြနေသောအသံ တိုးညှင်းစွာ ထွက်ပေါ်လာသည်။

“ဒီမှာ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်ပင် လို ရှားပါးတဲ့ အရာမျိုး ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ နောက်ပြီးတော့ စုစုပေါင်း အသီးသုံးလုံးတောင်ရှိနေသေးတယ်”

“ဒါပေမဲ့ ဒီအသီးတွေရဲ့ အပေါ်ယံအခွံက မရင့်မှည့်သေးဘူး။ ဘယ်လိုနေနေ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးတွေက ရင့်မှည့်တာ အရမ်းမြန်တယ်။ ငါ့ခန့်မှန်းချက်အရဆို နောက် ၈ ရက်၊ ၉ ရက်လောက်ကြာရင် အကုန်လုံး မှည့်လိမ့်မယ်…”

လင်းရှီ သည် နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး နှင့်ပတ်သက်၍ အားလုံးသိရှိနေသည်ဖြစ်ရာ လုံချန်အနေဖြင့်ဤနေရာတွင်ဆက်နေရန် မလိုအပ်တော့ကြောင်း သိလိုက်သည်။

သူသည် အသက်ပြင်းပြင်းရှူပြီးနောက် ထွက်သွားရန်ပြင်လိုက်၏။ သို့သော် ဤအချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော ပညာရှင်က ရုတ်တရက်ထ၍ ချိုင့်ဝှမ်းအနက်ပိုင်းဆီသို့ လျှောက်သွားခဲ့သည်။

လုံချန် သည် ချက်ချင်းဆိုသလိုပင် ချွေးအေးများစီးကျလာတော့သည်။

အမှန်တကယ်တော့ ထိုပညာရှင်က သူ့ကို ရှာတွေ့သွားခြင်းမဟုတ်ပေ။ သို့သော် သူ့စိတ်ထဲမှာတော့ အနည်းနှင့်အများကြောက်လန့်နေမိပေသည်။ လျှို့ဝှက်ဆန်းကြယ်သော ပညာရှင်တစ်ယောက်နှင့် အမှတ်မထင်ဆုံတွေ့ရခြင်းက ကံကောင်းတာတော့မဖြစ်နိုင်ရာ။

အနှီပညာရှင်၏စွမ်းအားဖြင့်ဆိုပါက လုံချန် ပုန်းနေသည့်နေရာနှင့်နီးကပ်လာလျှင် သူ့အား သေချာပေါက်ရှာတွေ့သွားပေမည်။ ထို့နောက် သူ့အတွက် လုံးဝကိုအန္တရာယ်များသွားမည်ဖြစ်သည်။ လုံချန် သည် ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။ လျှို့ဝှက်ဆန်းကြယ်သောပညာရှင် ရောက်မလာခင်မှာပဲ သူ့အရှိန်ကိုအမြင့်ဆုံးထိ မြှင့်တင်ကာ ဂူပေါက်ဝသို့ တဟုန်ထိုးပြေးထွက်သွားပြီး ချုံပုတ်များထဲသို့ ခုန်ဆင်းသွားခဲ့သည်။

“ဘယ်သူလဲ.... .ထွက်ပြေးချင်တာလား...”

လျှို့ဝှက်ဆန်းကြယ်သောလူ က ခဏတာ ထိတ်လန့်သွားပြီးနောက် အလျင်အမြန် ပြေးလိုက်လာခဲ့သည်။

အဆင့် ၉ နဂါးသွေးကြောနယ်ပယ် ပညာရှင်တစ်ယောက်၏ အရှိန်သည် လျှော့တွက်လို့မရပေ။ လုံချန် သည် သူ့နောက်မှ အားပြင်းသော လေပြင်းလှိုင်းများ တိုက်ခတ်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပဲ ချုံပုတ်တစ်ခုလုံး ရုတ်တရက် ပေါက်ကွဲသွားပြီး ပြင်းထန်သော အော်ရာက လုံချန် ဆီသို့ တိုက်ရိုက်တိုးဝင်သွားသည်။ လုံချန် သည် လမ်းကြောင်းပြောင်းကာ ထွက်ပြေးနေသော်လည်း လျှို့ဝှက်ဆန်းကြယ်သောလူက သူ့အား လွှတ်ပေးလိုပုံမရ။

“ဒီကောင်က နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး ကိုစောင့်နေတာလား။ သူ့အထင် ငါ လှည့်စားပြီး ခိုးယူသွားမှာကို ကြောက်နေတာဖြစ်ရမယ်”

လုံချန် သည် စိတ်ထဲ၌ အလျင်အမြန်တွေးတောနေလေသည်။ ထို့နောက် သူ့လက်ချောင်းကို ပါးစပ်တေ့လိုက်ရင်း လေချွန်သံ အကျယ်ကြီးမှုတ်လိုက်လေတော့သည်။

လေချွန်သံ ကျယ်ကျယ်လောင်လောင်ထွက်လာသည်နှင့်တပြိုင်နက် လျှို့ဝှက်ဆန်းကြယ်သောလူ၏ မျက်ခုံးများ တွန့်သွားလေသည်။ သူနှင့် လုံချန် အကြား အကွာအဝေးက သိပ်တော့မဝေးလှပေ။ သို့သော် သူက ရှေ့ဆက်မတိုးတော့ပါ။ ခဏကြာပြီးနောက် လုံချန်ကို မလိုလားသည့်အမူအရာဖြင့် စူးစိုက်ကြည့်ကာ ချာခနဲလှည့်ထွက်သွားသည်။

ဤအချိန်မှာပဲ လုံချန် သည် လျှို့ဝှက်ဆန်းကြယ်သောလူ ကို လှည့်ကြည့်လိုက်သည်။ ၎င်းသည် ယန်မိသားစု၏ ဘိုးဘေးကဲ့သို့ အသက်ကြီးရင့်နေသော အဘိုးကြီးတစ်ဦး ဖြစ်ခဲ့သည်။ အသက်အရွယ် ကြီးရင့်နေသည့်တိုင် သူ့ခန္ဓာကိုယ်ဟာ သန်မာပုံရသည်။ အဘိုးကြီး၏မျက်လုံးအစုံက တလက်လက်တောက်ပနေဆဲပင်။

လုံချန်၏ ဉာဏ်အမြော်အမြင်ရှိရှိ လျင်မြန်ဖြတ်လတ်သော လှုပ်ရှားမှုကြောင့် လင်းရှီ သည် အလွန်အမင်းလေးစားသွားမိသည်။ အမှန်တော့ ဤကဲ့သို့ အရေးကြီးအခိုက်အတန့်မျိုးတွင် ကိုယ့်အသက်ကို ကယ်တင်နိုင်မည့်နည်းလမ်းအား စဉ်းစားနိုင်သူမရှိသလောက်ပင်။

ထွက်ပြေးနေရင်းဖြင့် လုံချန် က ဆတ်ခနဲမေးလိုက်၏ “ရှီအာ၊ မင်းပြောခဲ့တဲ့ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး က ဘာအသုံးဝင်လဲ”

“အဲဒါကို ပြောရမယ်ဆိုရင် ဒါက နင့်အတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်သင့်တယ်။ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး က အဆင့်နိမ့်မှော်သစ်သီးလေ။ ပြောချင်တာက နဂါးသွေးကြောနယ်ပယ်ရဲ့ အဆင့်အားလုံးကို ဖြတ်ကျော်သွားတဲ့အခါမှသာ ဒါကိုစားသုံးရလိမ့်မယ်။ ဒါဆိုရင် နင့်ရဲ့မူလဒန်တျန်ထဲမှာ အမြုတေ ကိုဖွဲ့စည်းနိုင်လိမ့်မယ်။ ပြီးတော့ နင့်ရဲ့ကျင့်ကြံမှုအဆင့်က ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်ပြီ”

“ရွှေအမြုတေအဆင့် လား”

ကျင့်ကြံခြင်း နှင့်ပတ်သက်၍ အမြဲတစေ ရူးသွပ်နေခဲ့သော လုံချန် သည် နောက်ဆုံးတွင် နဂါးသွေးကြောနယ်ပယ် အထက်ရှိ နယ်ပယ်ကို ရွှေအမြုတေအဆင့် ဟုခေါ်မှန်းသိလိုက်ရသည်။

လုံချန်၏ စိတ်ရှုပ်ထွေးနေသောအမူအရာကို မြင်သောအခါ လင်းရှီ က “ ရွှေအမြုတေအဆင့် ကို ရိုးရိုးသာမန် အမြုတေအဆင့်၊ မြေကမ္ဘာအမြုတေအဆင့် နဲ့ ကောင်းကင်အမြုတေအဆင့် ဆိုပြီးတော့ အဆင့်သုံးဆင့် ခွဲထားတယ်။ အဆင့်တစ်ခုစီတိုင်းကို အစောပိုင်းအဆင့်၊ အလယ်အလတ်အဆင့် နဲ့ အထွတ်အထိပ်အဆင့် ရယ်လို့ ထပ်ပြီးတော့ ခွဲသေးတယ်။ဥပမာအနေနဲ့ပြောရရင် သခင် လန်း က ကောင်းကင်အမြုတေအဆင့် ကျင့်ကြံသူပဲ”

လုံချန် သည် ဘာမှပြန်မပြောဘဲ လင်းရှီ ပြောသမျှအား နားထောင်နေခဲ့သည်။ အမှန်တော့ သူ့စိတ်ထဲ တော်တော်လေး အံ့အားသင့်တုန်လှုပ်နေမိသည်။

နဂါးသွေးကြောနယ်ပယ် ကို အဆင့်ကြီး ၉ ဆင့် ခွဲထားသလို နတ်အမြုတေအဆင့် ကိုလည်း အဆင့် ၉ ဆင့် ခွဲထားပေသည်။ အစောပိုင်း အမြုတေအဆင့် နှင့် အထွတ်အထိပ်အဆင့် ကြားရှိ ခြားနားချက်မှာ နဂါးသွေးကြောနယ်ပယ် အဆင့် ၁ နှင့် အဆင့် ၉ ကဲ့သို့ကွားခြားချက်နှင့်တူလေသည်။

ဒါဆိုရင် ယန်ဘိုးဘေး က သခင် လန်း ရဲ့ လက်သီးတစ်ချက်တောင်မှ မခံနိုင်ဘူးလို့ ပြောလိုက်တာပေါ့” လုံချန် သည် ရုတ်တရက် တွေးမိလိုက်သည်။ အမှန်ပင်၊ ထို သခင်လန်း က အလွန်ကြောက်စရာကောင်းလှသည်။ တစ်ချိန်တည်းမှာပဲ သူ့အနေဖြင့် ဤလောက၌ တစ်ယောက်ထက် ပိုသန်မာသူတစ်ယောက် အမြဲရှိနေတတ်သည်ဟူသောစကားကို ​အမှတ်ရသွားလေတော့သည်။ သို့သော် လုံချန် သည် စိတ်ဓာတ်မကျခဲ့ပေ။ သူ့တွင် လျှို့ဝှက်ဆန်းကြယ်သော နဂါးကျောက်စိမ်းဆွဲသီးအပြင် သူကိုယ်တိုင်လည်း ရှေးဟောင်း သွေးဝိညာဉ်နဂါး၏ သွေးအဆီအနှစ်ကို ဆက်ခံထားသူမဟုတ်ပါလား။

“တစ်နည်းပြောရင်တော့ ယန်မိသားစုရဲ့ဘိုးဘေးသာ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးကို ရမယ်ဆိုရင် ယန်မိသားစုအနေနဲ့ နတ်အမြုတေ အဆင့် ပညာရှင် သုံးယောက်လောက် မွေးထုတ်ပေးနိုင်မှာပါ။ ဒါဆို နင်တို့ ယန် မိသားစုက မိုင် ၁၀၀ ပတ်ပတ်လည်ကို စိုးမိုးဖို့ လုံလောက်သွားပြီ”

လင်းရှီ ပြောလိုက်သည့် စကားကြောင့် လုံချန်၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားဟန်များ ပေါ်လာခဲ့သည်။နောက်ဆုံးတွင် နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးသည် ရှားပါးရတနာတစ်ခုဖြစ်လေသည်။ ယန်ဘိုးဘေး သာ သိရှိသွားပါကလည်း သေချာပေါက်ကိုစိတ်လှုပ်ရှားနေမှာပါ။ အကြောင်းမှာ ယန်ဘိုးဘေး အနေဖြင့် အဆင့် ၉ အထွတ်အထိပ်မှာသာ ရပ်တန့်နေခဲ့လို့ဖြစ်သည်။ အကယ်၍ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးကို ရသွားလျှင် ပိတ်ဆို့နေသော ကျင့်ကြံမှုအတားအဆီးကို ဖြတ်ကျော်သွားနိုင်ပေမည်။ အခြေခံအားဖြင့် ယန်ဘိုးဘေး သည် ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်ဘုံသို့ တက်လှမ်းသွားသကဲ့သို့ပင်။

“နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး မရင့်မှည့်ခင် ရက်အနည်းငယ်လောက်ပဲ ကျန်တယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာ ငါက နတ်ဆိုးအမဲလိုက်ပြိုင်ပွဲ မှာဝင်ပြိုင်နေတာပဲ။ ပြီးတော့ ငါအဓိကဦးစားပေးလုပ်ရမှာက ပိုင်ရှီဂျီး ကို သတ်ပစ်ဖို့ပဲ။ ယန်ဘိုးဘေး ကို နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး ရဲ့သတင်းကိုပြောပြလိုက်သင့်လား။ ဘာပဲဖြစ်ဖြစ်လေ နောက်မှ သေချာလေးဆုံးဖြတ်တာပေါ့။ အခုတော့ ငါ့အချိန်တွေ မဖြုန်းတော့ဘူး။ ပိုင်ရှီဂျီး နဲ့ ပိုင် ကလန်ရဲ့ တခြားခွေးတွေကို လိုက်ရှာပြီးသတ်ပစ်ရတာပေါ့”

ထိုအတိုင်း ပြောပြီးသည်နှင့် လုံချန် သည် အခြားတစ်ဖက်သို့ အလျင်အမြန် ပြေးသွားခဲ့သည်။

သူထွက်သွားပြီး သိပ်မကြာခင်မှာပဲ လုံချန် သည် ချက်ချင်းရပ်တန့်ကာ သူ၏ရှေ့သို့ မော့ကြည့်လိုက်သည်။ သူ့ရှေ့ရှိ သစ်ပင်ပေါ်၌ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် သခင်လန်း ထိုင်နေခဲ့လို့ပါ။

သခင်လန်း က လုံချန် အား စိုက်ကြည့်ကာ အနည်းငယ်ပြုံးပြရင်း ပြောလိုက်သည် “ ပိုင် မိသားစုရဲ့ လူငယ်တပည့်တွေက ယန် မိသားစုဝင် သုံးယောက်ကို သတ်ဖို့လုပ်နေကြတယ်။ မင်း အမြန်သွားပြီး ကူညီသင့်တယ်လို့ ငါထင်တယ်”

လုံချန် ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့ကိုယ်သူ နားကြားများမှားနေသလားဟုပင် ထင်သွားမိလေသည်။

“ ပိုင်ရှီးချန် တို့တစ်သိုက်က ယန်ဝူ နဲ့ တခြားသူတွေကို သတ်ချင်နေတာလား။ ဘာဖြစ်နေတာလဲ။ စောစောတုန်းကပဲ သူတို့အချင်းချင်း ရယ်ရယ်မောမောနဲ့ပြောဆိုနေကြတာလေ။ ဘယ်လိုပြဿနာတက်ပြီး ထသတ်ကုန်တာလဲ”

မည်သို့ပင်ဖြစ်စေကာမူ သခင်လန်း ကတော့ ဟာသလုပ်ပြောမှာမဟုတ်ပေ။

လုံချန် သည် ယန်ဝူ နှင့် ယန်လင်ရွဲ့ ကို သိပ်ပြီးဂရုမစိုက်ပေ။ သူ့အတွက်က ယန်လင်ချင်း ကိုသာ တန်ဖိုးထားပေသည်။

“ငါ့ရဲ့ လင်ချင်း သာ တစ်ခုခုဖြစ်သွားရင် မင်းတို့ ပိုင် မိသားစုရဲ့ ခွေးတွေအကုန်လုံး ငရဲပို့ပေးလိုက်မယ်”

ဝံပုလွေသခင် လန်း က လုံချန် အား တစ်ဖက်သို့ ညွှန်ပြပြီး “သူတို့ ဟိုမှာ တိုက်ခိုက်နေပြီ၊ မြန်မြန်သွား”

လုံချန် သည် သူ့ကို ကျေးဇူးတင်စွာ ကြည့်ပြီး ဦးညွှတ်လိုက်သည်။ ထို့နောက် အားကုန်သုံး၍ ညွှန်ပြသည့် လမ်းကြောင်းအတိုင်း တဟုန်ထိုးပြေးထွက်သွားခဲ့သည်။

လုံချန် ထွက်သွားပြီးနောက် ဝံပုလွေသခင် သည်သူ၏ထွက်ခွာသွားသော ပုံရိပ်ကိုကြည်ရင်း မျက်မှောင်ကြုတ်ကာ “ထူးဆန်းတယ်၊ သူ့မှာ သားရဲကျင့်ကြံသူ တစ်ယောက်လို အငွေ့အသက်တွေ ဘာ့ကြောင့် ရှိနေရတာလဲ။ ဒီအငွေ့အသက်က မြေကမ္ဘာအဆင့် သွေးလိပ်ပြာနဲ့ဆင်တူတယ်... မဟုတ်ဘူး၊ အဲဒါက ဆင်တူသင့်တယ်။ ဒီ....ဒီအငွေ့အသက်က မြေကမ္ဘာအဆင့်သွေးလိပ်ပြာဘုရင်ပဲ…”

လုံချန် သည် အရှိန်မြှင့်ကာ ပျံသန်းနေရင်း နားမလည်နိုင်စွာ တွေးနေလေသည် “ပိုင် နဲ့ ယန် မိသားစုတွေက ဘာလို့ တိုက်ခိုက်ကြတာလဲ။ နှစ်ဖက်စလုံးက ကျော်ကြားခြင်းမြို့ရဲ့ ဆယ်စုနှစ်နှစ်ခုစာ စီမံခန့်ခွဲလို့ရမယ့်​အခွင့်အရေးကို လိုချင်ကြလို့လား။ ဒါ​ပေမဲ့ သူတို့လက်​ထပ်​​တော့မယ်​မဟုတ်ဘူးလား...”

သူမည်မျှပင် စဉ်းစားနေပါစေ အဖြစ်အပျက်တစ်ခုလုံးအား ဘာမှနားမလည်နိုင်တော့ပါ။

သို့သော် ရုတ်တရက်ဆိုသလိုပဲ သူ့ရှေ့တွင် ပြင်းထန်သော တိုက်ပွဲသံများ ကြားလိုက်ရသည်။ လုံချန်၏ အကြည့်များသည် အေးစက်သွားကာ ကျားသစ်တစ်ကောင်အလား ရှေ့သို့ တရကြမ်းပြေးထွက်သွားခဲ့သည်။

သူ့ရှေ့တွင် မြေကွက်လပ်တစ်ခု ရုတ်ချည်းပေါ်လာသည်။ တိုက်ခိုက်နေကြသူ လှစ်ယောက်မှာ အမှန်တကယ် မရှင်းမလင်းဖြစ်နေသော ယန်လင်ရွဲ့ နှင့် ပိုင်ရှီဂျီး တို့ဖြစ်နေခဲ့၏။

လုံချန် သည် သူ့အကြည့်ကို သေချာလေး လှမ်းကြည့်လိုက်ရာ ယန်ဝူတစ်ယောက် ပါးစပ်ကနေ အမြှုပ်ထွက်လျက် လဲကျနေတာကို မြင်လိုက်လေသည်။

ယန်လင်ရွဲ့ ကတော့ မတ်တပ်ရပ်နိုင်နေဆဲဖြစ်သော်လည်း သူမ၏ရင်ဘတ်မှတ် အဝတ်အစားများဆုတ်ဖြဲခံထားရသည်။ လုံးဝန်းကြီးမားသော သူမ၏စနေနှစ်ခိုင်ပင် အတိုင်းသားမြင်နေရလေသည်။မျက်နှာထက်မှာတော့ ငိုထားပုံရကာမျက်ရည်စများနှင့်အကူအညီမဲ့မှုများပေါ်နေခဲ့သည်။

“ပိုင်ရှီဂျီး၊ နင်က ခွေးကောင်...”

ပိုင်ရှီဂျီး က သူမ၏ ရင်ဘတ်ပေါ်ရှိ အဝတ်အစားများကို ဆုတ်ဖြဲလိုက်သဖြင့် ယန်လင်ရွဲ့တစ်ယောက်အဆုတ်ကွဲလုမတတ် ကျိန်ဆဲလိုက်သည်။

Translated By NyiNyiSoe

All Chapters