အခန်း (၃၄-၃၆)
Vol. 3 Ch. 34-36
..(သွေးနဂါးလုံချန်)
စာစဉ် -၃ (အပိုင်း - 34-A)
ဘာသာပြန်သူ - ညီညီစိုး
လုံချန် သည် မိုးပြာနဂါးတံဆိပ်ကို ၁၅ ရက်လောက်သာ လေ့ကျင့်ထားရသေး၏။ ၎င်းကို ယန်လင်ချင်း အသိဆုံးပင်။
လျှို့ဝှက်စျေးသို့ သူတို့နှစ်ယောက် ပထမဆုံးအကြိမ်သွားစဉ်တုန်းက ယန်လင်ချင်းဟာ လုံချန်၏လက်ထဲ မိုးပြာနဂါးတံဆိပ် ရောက်နေတာ အမှိုက်တစ်စလိုခံစားခဲ့ရသည်။ နောက်ဆုံးတော့ လုံချန် သည် အဆင့် ၅ သာရှိနေသေးသည်မဟုတ်ပါလား။
ယခုတိုက်ပွဲ၌ လုံချန်၏စွမ်းရည်ဖြင့် ပထမအဆင့် မိုးပြာနဂါးစည်းတံဆိပ် ကို အသုံးပြုခဲသည့်တိုင်
ယန်လင်ချင်း အနေနဲ့ အလွန်အံ့သြနေမည်မဟုတ်ပေ။ သို့သော် လုံချန် သည် ပထမအဆင့် အပြင် ဒုတိယ(နောက်ဆုံး)အဆင့်ဖြစ်သည့် “ထိုက်ချွမ်နဂါးတံဆိပ်(မူလနတ်နဂါးကိုးကောင်တိုက်ခိုက်မှု)က တိုက်ရိုက်အသုံးပြုခဲ့သည်။
ယန် မိသားစုမှာ “ထိုက်ချွမ်နဂါးတံဆိပ်” ကို အသုံးချနိုင်သူကား လူ ၃ ယောက်တည်းသာ ရှိနေ၏။ ယန်ဘိုးဘေး၊ ယန်ချင်းရွှမ် နှင့် ယန်ရွဲ့ချင် တို့ပင်ဖြစ်သည်။ ခြွင်းချက်အနေနှင့် လုံချန် သည် အဆင့် ၆ သာဖြစ်သည့်တိုင်အောင် “ထိုက်ချွမ်နဂါးတံဆိပ်” ကို ထုတ်သုံးနိုင်လေသည်။ သို့သော်လည်း သူ၏ကျင့်ကြံမှုအဆင့်ဟာ ယန်ရွဲ့ချင် ထက်ပင် အဆင့်ကြီးနှစ်ဆင့် နိမ့်နေပါသေးသည်။ မည်သို့ပင်ဖြစ်စေကာမူ “ထိုက်ချွမ်နဂါးတံဆိပ်”
သည် ပိုင်ရှီးချန်၏ အဆင့် ၂ ငရဲနတ်ဆိုးလက်ထက် များစွာ အားကောင်းသည်။
ယခုအချိန်တွင် အနက်ရောင်စွမ်းအင်ဝဲကတော့သည် ပတ်ဝန်းကျင်ကို တဖြည်းဖြည်းလွှမ်းခြုံလျက် ဖိနှိပ်နေသည်။ ရုတ်တရက်ဆိုသလိုပဲ လုံချန်၏ အော်ရာက တဟုန်ထိုးမြင့်တက်လာလေတော့သည်။ သို့ရာတွင် ပိုင်ရှီးချန် သည် သတိမထားမိသေးပေ။ သူ့အမြင်အရ
လုံချန် သည် “ထိုက်ချွမ်နဂါးတံဆိပ်” ကို အသုံးပြုနိုင်မည်ဟု လုံးလုံးမထင်ထားပုံပါ။
“ထိုက်ချွမ်နဂါးစည်းတံဆိပ်” ကို အောင်မြင်စွာဖန်တီးပြီးပြီးချင်း လုံချန်၏ထိန်းချုပ်မှုဖြင့် နတ်နဂါးကိုးကောင်ကနေ ဧရာမနတ်နဂါးကြီးတစ်ကောင်အဖြစ်ပေါင်းစည်းသွားလေတော့သည်။ ချက်ချင်းဆိုသလိုပဲ ဧရာမသွေးနဂါးကြီးဟာ ပိုင်ရှီးချန်၏ အဆင့် ၂ ငရဲလက်ချောင်းတိုက်ခိုက်မှုထံ တိုက်ရိုက်ပြေးဝင်သွားတော့သည်။ ဤတိုက်ခိုက်မှုသည် လုံချန် နှင့် ပိုင်ရှီဂျီး တို့ကြားမှ တိုက်ပွဲထက်ပင် ပိုပြီးပြင်းထန်လေသည်။
ယန်လင်ချင်း ကဲ့သို့ ခပ်ပေါ့ပေါ့နေတတ်သူပင် လုံချန် သည် ထိုက်ချွမ်နဂါးတံဆိပ် နှင့် အလွန်ရင်းနှီးသည်ကို မြင်နိုင်သည်။ ၎င်းသည် ပိုင်ရှီးချန်၏ အဆင့် ၂ ငရဲနတ်ဆိုးလက် တိုက်ခိုက်မှုဖြစ်သည့် အဝါရောင်စမ်းချောင်း ကိုးသွယ်ထက်ပင် အဆများစွာအားကောင်းလေသည်။ အဓိကကတော့ ပိုင်ရှီးချန် သည် အဝါရောင်စမ်းချောင်း ကိုးသွယ် ကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးလို့ပါ။ အကြောင်းအရင်းမှာ သူသည် အဆင့် ၈ ကနဦးအဆင့် မှာသာ ရှိနေသေးလို့ပင်။
သို့သော်လည်း လုံချန် ကတော့ မတူပါချေ။ သူဖန်တီးထားသည့် ထိုက်ချွမ်နဂါးတံဆိပ် တိုက်ခိုက်မှုသည် ယန်ချင်းရွှမ် ထက်ပင် ပို၍ပြီးပြည့်စုံနေပါသေးသည်။ လုံချန်၏ ခန္ဓာကိုယ်ပေါ်ကနေ သွေးနီရောင်အရှိန်အဝါအပြင် နတ်နဂါးတစ်ကောင်၏ အငွေ့အသက်ဟာ ချက်ချင်းပင် ပြင်းထန်စွာပေါက်ကွဲလာသည်။
ပိုင်ရှီးချန်၏ အကြည့်များသည် ချက်ချင်းပင် မယုံနိုင်လောက်အောင် ဖြစမလာတော့သည်။ ထိုအချိန်မှာပဲ ဧရာမသွေးနဂါးပုံရိပ်ကြီး၏ အမြီးပိုင်းဟာ အဝါရောင်စမ်းချောင်း ကိုးသွယ်ကို ပြင်းထန်စွာရိုက်ချလိုက်လေသည်။
ဘမ်း....
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အနက်ရောင်စွမ်းအင်ဝဲကတော့ သည် ချက်ချင်းကွဲအက်သွားတော့၏။ တစ်ချိန်တည်းမှာပင် ပိုင်ရှီးချန်၏မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့လာကာ ကမန်းကတန်း ခုန်ထွက်လိုက်သည်။ သို့သော်လည်း ပြင်းထန်လှသော တိုက်ခိုက်မှုက သူ့ပခုံးကို အမိအရ ရိုက်ချခဲ့သည်။
ဘုန်း...
အား...
ပိုင်ရှီးချန် လည်း ငယ်သံပါအောင် အော်ဟစ်လျက် ပါးစပ်ထဲက သွေးများအန်ထွက်ကာ သူ့နောက်မှကျောက်ဆိုင်ခဲများကြား ပြုတ်ကျသွားတော့သည်။
“မဖြစ်နိုင်ဘူး”
ပိုင်ရှီးချန်၏ မျက်လုံးတွေဟာ ရူးသွပ်မှုတို့ ပြည့်နှက်နေသည်။ သူ့အနေနဲ့ ယခုရလဒ်ကို လုံးဝ မယုံနိုင်ပုံပါ။
သူသည် လုံချန်၏ အင်အားကို ကောင်းစွာသိရှိထားသည်မဟုတ်ပါလား။ လုံချန် သည် ထိုကဲ့သို့ ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်ရန်မဖြစ်နိုင်သလောက်ပင်။ သို့သော်လည်း အမှန်တရားက သူ့မျက်စိရှေ့မှာ ရှိနေခဲ့သည်။ သူ့ဘယ်ဖက်ပခုံးနှင့် ရင်ဘတ်က နာကျင်မှုတွေဟာ အခြေအနေထင်ယောင်ထင်မှားမဟုတ်ဟု ပြောပြနေ၏။ သူသည် လုံချန်၏ တိုက်ခိုက်မှုတစ်ခုတည်းကို မခုခံနိုင်ဘဲ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရတာဖြစ်သည်။
“အဲဒါ ထိုက်ချွမ်နဂါးတံဆိပ်ပဲ။ ဒါက မဖြစ်နိုင်ပါဘူး၊ လုံချန် က ဒီအဆင့်နဲ့တင် ထိုက်ချွမ်နဂါးတံဆိပ် ကို ဘယ်လိုလုပ်ပြီးလေ့ကျင့်နိုင်မှာလဲ”
ပိုင်ရှီးချန်ဟာ သေလုမျောပါး မောဟိုက်နေချိန်မှာပဲ လုံချန်၏ပုံရိပ်က သူ့ရှေ့မှာရောက်နေမှန်း မြင်လိုက်ရသည်။ ထို့အပြင် လုံချန် သည် ဆိုးညစ်သောအပြုံးတစ်ခုနဲ့ သူ့အား စိုက်ကြည့်နေလေသည်။
လုံချန်၏ ထိုအပြုံးကိုမြင်လိုက်ချိန်မှာတော့ ပိုင်ရှီးချန် ဟာ တစ်ကိုယ်လုံး တောင့်တင်းသွားသလိုခံစားလိုက်ရသည်။ ဤအခိုက်အတန့်တွင် ပိုင်ရှီးဒုန် နှင့် ပိုင်ကျိရှင်း တို့နှစ်ယောက်စလုံး လုံချန်အား အသည်းအသန်ကြောက်ရွံ့နေသည့်အခြေအနေကို ကောင်းကောင်းနားလည်သွားလေသည်။
သူ့ခန္ဓာကိုယ်ထဲမှာ လက်ကျန်ခွန်အား များများစားစား မကျန်တော့ပေ။ သို့ရာတွင် ပိုင်ရှီးချန် သည် လွယ်လွယ်ကူကူ အရှုံးပေးမည့်လူစားမျိုး မဟုတ်ပါ။ ပြင်းထန်စွာဒဏ်ရာရနေသည့်တိုင် အတင်းကုန်းရုန်းထကာ ထွက်ပြေးဖို့ပြင်လိုက်၏။ ဤအချိန်မှာပဲ လုံချန်၏စကားသံက သူ့နားထဲ ရောက်လာလေတော့သည်။
“ညီမကို ထိချင်ရင် သူ့ရဲ့အစ်ကိုကို အရင်ဆုံးကျော်ဖြတ်ရမှာမဟုတ်ဘူးလား။ မင်းအစား ငါရှက်လိုက်တာ”
ရုတ်တရက် ဝင်လာသည့် ခြေကန်ချက်ကြောင့် ပိုင်ရှီးချန်၏မျက်နှာသည် ဝက်အသည်းရောင်ကဲ့သို့ ချက်ချင်းပြောင်းသွားသည်။ မချိမဆန့် အော်ဟစ်ပြီး မြေပြင်ပေါ်သို့ ဝုန်းခနဲလဲကျသွားသည်။ သူ့မျက်လုံးများ ရုတ်တရက်ကြီး ပေါက်ထွက်လာတော့မည်ဟုပင်ထင်ရလောက်သည်။ ထို့အပြင် သူ၏ခန္ဓာကိုယ် သည် ပုစွန်တစ်ကောင်လို ကွေးကောက်လျက် အဆက်မပြတ်တုန်ယင်နေလေသည်။
ဤအချိန်တွင် ယန်လင်ချင်း သည် အနားလျှောက်လာရင်း ပိုင်ရှီးချန်၏ နာကျင်နေပုံကို မြင်ကာ အံ့သြနေလေသည်။ ထို့နောက် ချက်ချင်း မေးလိုက်၏ “အစ်ကိုချန်၊ နင် သူ့ကို ဘာလုပ်လိုက်တာလဲ၊ သူဘာလို့ အရမ်းနာကျင်နေရတာလဲ”
“ငါမသိဘူး၊ သူငါ့ကို ရှုံးသွားတာ လက်မခံနိုင်လို့များလား။ လင်ချင်း၊ ဒီနေရာကနေ အမြန်ဆုံးထွက်သွား
ကြရအောင်။ ပိုင်ရှီဂျီး နဲ့ တခြားလူတွေအကုန်လုံးကို ငါတို့လက်နဲ့ဖမ်းသွားတာပေါ့။ ပြီးတော့ ငါတို့အဖိုးနဲ့တခြားမိသားစုဝင်တွေကိုကယ်တင်ဖို့ အလဲအလှယ်အနေနဲ့သုံးလို့ရတယ်”
လုံချန်၏ သတိပေးစကားကြောင့် ယန်လင်ချင်း လည်း ပိုင် မိသားစုရှိ ယန်ဘိုးဘေး နှင့် အခြားအဖွဲ့ဝင်များကိုပိုပြီးစိုးရိမ်လာတော့သည်။ သူတို့စကားပြောနေစဉ်မှာပဲ နေအလင်းရောင် တဖြည်းဖြည်းဖြာကျလာသည်။ သူတို့သာ အမြန်ပြန်မသွားနိုင်ခဲ့လျှင် ယန်မိသားစုတစ်ခုလုံး ဖျက်ဆီးခံရနိုင်ချေများနေလေသည်။
လုံချန် လုပ်ဆောင်လိုသည့်နည်းလမ်းသည် အန္တရာယ်ရှိသော်လည်း ၎င်းတို့ကို ကယ်တင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်နေခဲ့၏။
ယန်လင်ချင်း သာ လုံချန်ဖြစ်နေလျှင်တော့ ဘာဆက်လုပ်ရမှန်း သိမည်မဟုတ်ပေ။ သို့သော် လုံချန် အား သူမ၏ ကျောရိုးသဖွယ် ယူဆရင်း ပိုပြီး သက်တောင့်သက်သာ ခံစားရလေသည်။
သူမ၏ နှလုံးသားထဲတွင် လုံချန် သည် ပိုင်ရှီးချန် ကိုပင်အနိုင်ယူခဲ့သည်ဖြစ်ရာ သူမလုပ်နိုင်သောအရာမရှိနိုင်တော့ပေ။
လုံချန် သည် နောက်ထပ်အချိန်မဖြုန်းတော့ဘဲ ပိုင်ရှီးချန် ကို လည်ကုပ်ကနေ ဆွဲမလိုက်သည်။ ထို့နောက် ယန်လင်ချင်း ကို ဦးဆောင်လျက် ယန်ဝူ တို့ကျန်နေခဲ့သောနေရာသို့ ပြန်ရောက်လာပါသည်။
သူပြန်ရောက်လာချိန်တွင် ပိုင်ကျိရှင်း နှင့် ပိုင်ရှီးဒုန် တို့နှစ်ယောက်စလုံး သတိလစ်နေမှန်းမြင်တွေ့လိုက်သည်။ ပိုင်ရှီဂျီး တစ်ယောက်သာ နိုးနေသေးသည်။ သို့သော် သူလည်း ဒဏ်ရာအပြင်းအထန် ရထားသောကြောင့် မလှုပ်ရှားနိုင်ပေ။ ပိုင်ရှီးချန် နှင့်ပတ်သက်၍တော့ အထူးပြောနေစရာမလိုတော့ပေ။
နောင်တွင် ဘယ်တော့မှ ထမင်းချက်နိုင်တော့မည်မဟုတ်ပါ။
လုံချန် သည် ထိုလူစုကို ထပ်ပြီး ဂရုမစိုက်တော့ဘဲ ခေါင်းမော့ပြီး မတ်တတ်ရပ်နေပြီဖြစ်သော ယန်ဝူ ကို ကြည့်လိုက်သည် “မင်းရဲ့ဒဏ်ရာတွေက ဘယ်လိုလဲ ။ အခု အဆင်ပြေရဲ့လား”
ယန်ဝူ က ချက်ချင်းပြန်မဖြေသေး၊ မြေပြင်ပေါ်ရှိ သနားစရာကောင်းသော လူနှစ်ယောက်ကို ငုံ့ကြည့်လိုက်သည်။ ထိုနှစ်ယောက် နှင့်ယှဉ်လျှင် သူ့ဒဏ်ရာတွေဟာ အသေးအဖွဲ့များဟုပင် ယူဆနိုင်ပါသည်။ သူက “ငါ အဆင်ပြေပါတယ်” ဟူ၍ ပြန်ပြောလိုက်သည်။
ယခုအချိန်မှစကာ ယန် မိသားစု၏ လူငယ်မျိုးဆက်ခေါင်းဆောင် သည် လုံချန် သာဖြစ်လေတော့သည်။
လုံချန် သည် အပိုစကားမပြောပေ၊ ပိုင်ရှီးချန် နှင့် ပိုင်ရှီဂျီး ကို လက်တစ်ဖက်စီ ဆွဲမလျက် “ငါတို့ ဟင်းလင်းပြင်ပျက်သုဉ်းခြင်းတောင်တန်း ကနေ အမြန်ဆုံးထွက်ခွာနိုင်ဖို့လိုနေပြီ။ ပြီးတော့ ပိုင် မိသားစုကိုချက်ချင်းသွားရလိမ့်မယ်။ အခု ဒီအမှိုက်နှစ်စကို ဓားစာခံအနေနဲ့ခေါ်သွား။ ဘာကြောင့်လဲ ဆိုတာတော့ လမ်းသွားရင်းနဲ လင်ချင်း က မင်းတို့ကို ရှင်းပြလိမ့်မယ်
လုံချန် သည် ပိုင်ရှီဂျီး နှင့် ပိုင်ရှီးချန် တို့အား ဆက်တိုက်အနိုင်ယူခဲ့ပြီးသည့်နောက်မှာ ယန်ဝူ တို့နှစ်ယောက်စလုံး သဘာဝအတိုင်း ကန့်ကွက်ဝံ့ခြင်းမရှိပေ။
သို့သော် ပိုင်ရှီးဒုန်၏ ခန္ဓာကိုယ်က ဆီးနံ့များ ဟိန်းထွက်နေလေရာ ယန်လင်ရွဲ့ အတွက် အလွန်ရွံရှာဖွယ်ကောင်းသော အခြေအနေပါ။ သူမ က ယန်ဝူနှင့် နေရာချင်းလဲလိုက်လေသည်။
ထို့နောက်တွင်တော့ သူတို့အဖွဲ့ဟာ တောင်တန်းထဲကနေ ထွက်ခွာလာကြတော့သည်။ လမ်းတွင် ယန်လင်းချင်က ယန်ဝူ နှင့် ယန်လင်ရွဲ့ တို့အား ဖြစ်ပျက်ခဲ့သမျှကိစ္စအားလုံးကို ပြောပြလေသည်။
Translated By NyiNyiSoe
..(သွေးနဂါးလုံချန်)
စာစဉ် -၃ (အပိုင်း - 34-B)
ဘာသာပြန်သူ - ညီညီစိုး
ယန်ဝူ က မျက်မှောင်ကြုတ်ပြီး ပြောသည်”ဒါက ဘယ်လိုဖြစ်ရတာလဲ။ ပိုင် မိသားစုရဲ့ အပြုအမူတွေက တိရစ္ဆာန်တွေထက်တောင် ပိုဆိုးသေးတယ်။ ဒါပေမဲ့ လင်ချင်း၊ တတိယဒေါ်လေးက သိသိကြီးနဲ့ တကယ်ကြိုက်နေတာလား၊ ဒါ မဖြစ်နိုင်ဘူး မဟုတ်လား။ ငါ တတိယဒေါ်လေးရဲ့ စရိုက်ကို နားလည်တယ်။ ဒီလိုအခြေအနေက မဖြစ်နိုင်လောက်ဘူးထင်တယ်…”
ယန်လင်ရွဲ့ သည် ယန်ရွဲ့ချင် နှင့်အရင်းနှီးဆုံးသူဖြစ်သည်။ သူမကလည်း ရုတ်တရက်ဝင်ပြောသည် “ငါလည်း မဖြစ်နိုင်ဘူးလို့ ထင်တာပဲ။ တတိယဒေါ်လေး က ဘယ်တော့မဆို ငါ့ကို ကောင်းကောင်း ဆက်ဆံတတ်တယ်၊ နောက်ဆုံးတစ်ခေါက် ငါအဆင့်တက်နေတဲ့အချိန်မှာတောင် နတ်ဝိညာဉ်ကျောက်စိမ်းတုံးတွေ လက်ဆောင်ပေးခဲ့သေးတယ် ..”
ယန်လင်ချင်း ကလည်း နာကျင်စွာနဲ့ ခေါင်းခါလိုက်ပြီး “ငါလည်းမသိဘူး၊ ဒါပေမဲ့ ပိုင်ရှီးချန် ကိုယ်တိုင်ပြောခဲ့တာ...”
ယန်ရွဲ့ချင် အကြောင်းကို ပြောနေရင်း သုံးယောက်သား ခေါင်းကို မြှောက်ကာ ရှေ့ကနေ ဦးဆောင်သွားနေသော လုံချန်ကို ကြည့်ကြသည်။ လုံချန်၏ သတ်ဖြတ်လိုစိတ်တွေ ပိုပြင်းထန်လာသလို ခံစားမိသောကြောင့် သူတို့ ဘာမှ ထပ်မပြောဝံ့တော့ပေ။
“ထားလိုက်၊ ဘာမှထပ်ပြောမနေနဲ့တော့။ ပိုင် မိသားစုကို ငါတို့တွေ ရောက်တာနဲ့ အစအဆုံး သိရလိမ့်မယ်”
လုံချန်၏ အသံသည် သူတို့အရှေ့မှ ပျံ့လွင့်လာသည်။သူ့လေသံက သိပ်ပြီး ဂရုမစိုက်ပုံပါ။ သို့သော်လည်း သူ့နောက်ရှိ လူသုံးယောက်က အခြေအနေကိုကောင်းကောင်းသိသွားကြပုံပင်။
……
ဤနေ့ကား ကျော်ကြားခြင်းမြို့၏ နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်ပုံရသည်။
အကြောင်းအရင်းမှာ ကျော်ကြားခြင်းမြို့၏ ထိပ်သီးအင်အားစုနှစ်ခုဖြစ်သော ပိုင် နှင့် ယန် မိသားစုတို့၏ လက်ထပ်ပွဲကြောင့်ပါ။
နတ်ဆိုးအမဲလိုက်ပြိုင်ပွဲ သည် စိတ်လှုပ်ရှားဖွယ်ရာပြိုင်ပွဲကောင်းတစ်ခုဖြစ်သည်။ သို့ပါသော်လည်း လူတိုင်းအတွက် အပျော်ရွှင်ရဆုံးဖြစ်ရပ်မှာ ပိုင် နှင့် ယန် မိသားစုတို့ကြားမှ လက်ထပ်မင်္ဂလာပွဲဖြစ်ခဲ့သည်။
ပိုင် မိသားစု နှင့် ယန် မိသားစုတို့အတွက် ခမ်းနားသောပွဲကြီးတစ်ခုဖြစ်လေရာ မင်္ဂလာပွဲသို့ တက်ရောက်လာသူ အများအပြားရှိခဲ့သည်။ အခြေခံအားဖြင့် ကျော်ကြားခြင်းမြို့ အပါအဝင် အနီးပတ်ဝန်းကျင်ရှိ နာမည်ကြီးများ အားလုံး တက်ရောက်ခဲ့ကြသည်။ လူတိုင်း ခန်းမထဲ၌ ပျော်ရွှင်စွာ စကားစမြည်ပြောကြသည်။ ဤအချိန်တွင် မင်္ဂလာပွဲ ပြီးဆုံးသွားပြီးနောက် သတို့သားဖြစ်သူဟာ သတို့သမီးအား အခန်းဆီသို့ ပို့ဆောင်လိုက်သည်။ ခဏကြာပြီးနောက် ပိုင်ကျန်းရှောင် သည် ပြန်ရောက်လာကာ လူတိုင်းနဲ့အတူ မင်္ဂလာအရက်သောက်လေတော့သည်။
“သူရဲကောင်းတွေကို လေးစားတဲ့အနေနဲ့ ငါအရင်ဆုံးသောက်ပါ့မယ်”
“အစ်ကို ပိုင် က အရမ်းသဘောကောင်းတာပဲ”
“ဟုတ်တယ်.....ဟုတ်တယ်၊ အစ်ကို ပိုင် နဲ့ ညီမ ယွဲ့ချင် တို့အတူတူ အသက်ကြီးပြီး စည်းစည်းလုံးလုံးနဲ့ ထာဝရနေနိုင်ပါစေလို့ ဆုတောင်းပါတယ်”
“ကလေး မြန်မြန်ရ၊ သားလေး မြန်မြန်ရပါစေ.”
“ကောင်းပြီ၊ ငါသေချာပေါက် အလုပ်ကြိုးစားမယ်”
လူအုပ်စုက ရယ်မောကြပြီး အလွန်တက်ကြွနေပါသည်။ ဤအချိန်တွင် အစောင့်တစ်ဦးသည် ပိုင်ကျန်းရှောင်၏အနားသို့ ရုတ်တရက်ရောက်လာပြီး စကားအနည်းငယ်ပြောလိုက်သည်။ ပိုင်ကျန်းရှောင် က ဝိုင်နောက်တစ်ခွက်ကို သောက်လိုက်ရင်း “ညီအစ်ကိုတို့၊ ဒီနေ့က ပိုင် မိသားစုရဲ့ နေ့ထူးနေ့မြတ်ပါ။ အားလုံးပဲ စိတ်ကျေနပ်အောင် သောက်ကြ၊ စိတ်ကျေနပ်အောင် ပြောကြ၊ ငါ အရင်သွားလိုက်မယ်”
ဧည့်သည်များ၏ အားပေးမှုအောက်တွင် ပိုင်ကျန်းရှောင် သည် စင်္ကြံကိုဖြတ်၍ ခန်းမကျယ်ကြီးတစ်ခုဆီသို့ ရောက်လာသည်။ ခန်းမထဲ၌ ဧည့်ခံပွဲလည်း ရှိနေသည်။ သို့သော် လူသိပ်မများပေ။ တက်ရောက်သူအားလုံးက ပိုင် နှင့် ယန် မိသားစုမှ လူများချည်းသာ။
နတ်ဆိုးအမဲလိုက်ပြိုင်ပွဲ ကျင်းပနေသည့်အတွက် လက်ရှိ လူအရေအတွက်ဟာ အပြင်ဖက်ကထက်နည်းပါးနေသည့်တိုင် အလွန်အသက်ဝင်နေသေးသည်။
ပိုင်ကျန်းရှောင် ဝင်လာသည့်အချိန်တွင် ယန်ဘိုးဘေး နှင့် ပိုင် မိသားစုဘိုးဘေးတို့ဟာ ပျော်ပျော်ရွှင်ရွှင် သောက်နေကြသည်။ ဤအချိန်တွင် ပိုင်ကျန်းရှောင် ဝင်လာပြီး ခန်းမတံခါးကို တိတ်တဆိတ်ပိတ်လိုက်သည်။ တစ်ချိန်တည်းတွင် တံခါးရှေ့မှာ လက်နက်ကိုင် အစောင့်အကြပ်များ ပေါ်လာသည်။ ထိုအခါမှသာ ပိုင်ကျန်းရှောင် သည် သက်ပြင်းချကာ စိတ်သက်သာရာရသွားပုံပင်။ သူက ကျယ်လောင်စွာ ရယ်မောရင်း ယန်မိသားစု၏ ဘိုးဘေးဆီသို့ လျှောက်သွားကာ “ဦးလေးယန်၊ အို... ယောက္ခမ၊ ဒီနေ့ မင်းသမက်၊ ငါ....”
ယန်မိသားစု၏ ဘိုးဘေးကြီးလည်း အလွန်ပျော်ရွှင်သွားပြီး ပိုင်ကျန်းရှောင် ကို သူ့အနားသို့ အမြန်ဆွဲခေါ်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ဘိုးဘေး၏မျက်နှာကနီရဲနေပြီး “မင်းမွေးတုန်းက မင်းအဖေနဲ့ ငါက တံခါးအပြင်မှာ စောင့်နေတာလေ။ ရိုးရိုးသားသားပြောရရင် မင်းအဖေထက် ငါက မကြောက်ဘူး။ မင်းနဲ့ ချင်အာ တို့ကို မမွေးခင်ကတည်းက လက်ထပ်ပေးခဲ့ကြတာလေ။ နောက်ပိုင်းမှာ မင်းတို့နှစ်ယောက်က ယောက်ျားနဲ့ မိန်းမတို့သဘာဝ ချစ်ကျွမ်းဝင်ခဲ့ကြပေမယ့် ကံကြမ္မာက လူတွေကို ရူးသွပ်စေခဲ့တယ်။ မမျှော်လင့်ဘဲနဲ့ လုံချင်းလန် ပေါ်လာပြီးတော့ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် အခုအချိန်မှာတော့ မင်းတို့နှစ်ယောက် ဆုံစည်းခွင့်ရခဲ့ပြီ။ လာ အောင်မြင်ပါစေ၊ မင်းအတွက် ငါ တကယ်ကို ဝမ်းသာပါတယ်…”
စကားပြောနေရင်းဖြင့် ယန်ဘိုးဘေးကြီး ဟာ ရုတ်တရက် မူးဝေလာပြီး မောပန်းနွမ်းနယ်သွားပုံရသည်။ သူက ချက်ချင်းပြုံးပြီး ပြောလိုက်သည် “ငါက အသက်ကြီးပြီဆိုတော့ သိပ်အသုံးမကျတော့ပါဘူးလေ။ ဝိုင်နည်းနည်းသောက်ပြီးတာနဲ့ လဲကျတော့မယ်...”
ပိုင်ကျန်းရှောင် က ယန်ဘိုးဘေး၏ ပုခုံးကို တစ်ချက်ပုတ်လိုက်ရင်း ပြုံးလျက် “ဟုတ်တယ်၊ မင်းလဲကျချိန်ရောက်ပြီ။ မင်းရဲ့ ယန် မိသားစုလည်း အတူတူပဲ။ အခုကစလို့ ကျော်ကြားခြင်းမြို့ ဟာ ငါတို့ ပိုင် မိသားစုရဲ့ နယ်မြေပဲ...”
ယန်ဘိုးဘေးကြီး က မျက်လုံးမှိတ်ထားရာကနေ ပိုင်ကျန်းရှောင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
ပိုင်ကျန်းရှောင်၏ လေသံအရ တစ်ခုခုမှားနေပြီဟု သူခံစားမိလိုက်သည်။ သို့သော်လည်း ဒီအချိန်မှာ ပိုင်ကျန်းရှောင် က သူ့လက်ကိုဆန့်ကာ ယန်ဘိုးဘေး၏ အိုမင်းနေသောမျက်နှာကို ပွတ်သပ်ရင်း “အဘိုးကြီး၊ ဒီအိပ်မက်ဆိုးပန်းရဲ့ အရသာက မဆိုးဘူးမဟုတ်လား။မင်းရဲ့ ချီစွမ်းအင်ကို ထုတ်သုံးကြည့်လိုက်စမ်း။ မင်းဘယ်လိုနေမလဲ ကြည့်ရအောင်”
ပိုင်ကျန်းရှောင်၏ စကားကိုနားထောင်ပြီးနောက် ယန်ဘိုးဘေးကြီးလည်း တစ်ခုခုမှားနေပြီဟု သဘောပေါက်သွားသည်။ ထို့နောက် သူ၏ချီစွမ်းအင်ကို ထုတ်ဖော်ကြည့်လိုက်ရာ ဒန်တျန် သည် ပြင်းထန်စွာနာကျင်သွားလေသည်။ သူ့ချီစွမ်းအင်ကို နောက်ထပ် အနည်းငယ်လောက် ထုတ်လွှတ်လိုက်ရင်တော့ ဒန်တျန်ဟာ ပျက်စီးသွားပေလိမ့်မည်။
ထိုအခါမှသာ အနည်းငယ်မူးနေပြီဖြစ်သော ယန်ဘိုးဘေးသည် ရုတ်တရက် သတိဝင်လာလေတော့သည်။ သူ့ရှေ့က ပိုင်ကျန်းရှောင် ကို စိုက်ကြည့်ရင်း သူ့မျက်လုံးများဆီမှ အေးစက်စက်အလင်းတန်းများ ထွက်ပေါ်လာသည်။ “အိပ်မက်ဆိုးပန်း” က မည်သည့်အရာဖြစ်မှန်း ကောင်းကောင်းကြီးသိထားလို့ပါ။
၎င်းသည် ပြင်းထန်သော အဆိပ်ကြာပန်းတစ်မျိုးပင်။ လူတစ်ယောက် သည် ပန်းပွင့်ကို တိုက်ရိုက်စားသုံးလျှင် ၎င်း၏နဂါးသွေးကြော နှင့် ဒန်တျန်ဟာ တိုက်ရိုက်ပျက်စီးသွားပေမည်။ ပြန်လည်၍ကုသနိုင်တော့မည်မဟုတ်ပေ။
ဤအချိန်တွင် ပိုင် မိသားစု၏ဘိုးဘေးကြီးက ရုတ်တရက်ဆိုသလိုပဲ လှောင်ပြောင်လိုက်သည် “မင်းရဲ့သမီးကို အခုကြည့်လိုက်စမ်း။ လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်က ငါ့သားကို စွန့်ပစ်ပြီးတော့ ဘာမှ ကောင်းကျိုးမပေးတဲ့ကောင်နဲ့ လိုက်သွားခဲ့ တယ်။ အခုကျ အဲ့ဒီကောင် ဘာဖြစ်မှန်းမသိ သေသွားတော့ ငါ့သားနဲ့ ပြန်ပြီးပေါင်းဖက်ချင်နေတာလား။ မင်းတို့စိတ်ထဲမှာ သူမက ငါ့သားနဲ့ထိုက်တန်တယ်လို့ ထင်နေတုန်းပဲလား”
ယန်ဘိုးဘေး က ဘာစကားမှမပြောသော်လည်း ထိုစကားကြောင့် ယန်ရွဲ့ချင်၏ မျက်နှာဟာ ချက်ချင်း ဖြူဖျော့သွားသည်။ ထိုစကားပြောလာမည်မှန်း သိနေသော်လည်း တကယ်တမ်းကြားလိုက်ချိန်မှာတော့ စိတ်ထဲမှာ ဘယ်လိုမှ မခံစားနိုင်တော့ပေ။
မလှမ်းမကမ်းရှိ ပိုင်ကျန်းရှောင် ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။ သူမအား ယုံကြည်မှုအပြည့်ဖြင့် ကတိအထပ်ထပ်ပြုထားသည့် ထိုလူကို စိုက်ကြည့်နေသည်။ သို့သော်လည်း ပိုင်ကျန်းရှောင် က လုံးဝ ဂရုမစိုက်ပါ။ သူက ဆက်ပြောသည် “ဒီနေ့ မင်္ဂလာပွဲက မင်းရဲ့ ယန် မိသားစုကို ဖျက်ဆီးဖို့အတွက်ပဲလေ။ ငါပိုင်ကျန်းရှောင် က လူလွတ်တစ်ယောက်ဖြစ်နေတာပဲ။ဘယ်လိုမိန်းမမျိုးမဆို ချက်ချင်းကောက်ယူလို့ရတယ်။ ဒီတော့ ငါက မင်းလိုမျိုး ကြွေကျပြီးသားပန်းပွင့်ကို နမ်းရှိုက်စရာလား။ အဖေ၊ ငါတို့အကြံအစည် လည်းအောင်မြင်ပြီဆိုတော့ အချိန်ဆွဲမနေတော့ဘူး။အခုပဲလှုပ်ရှားလိုက်ရအောင်
ဤအချိန်တွင် ပိုင် မိသားစု၏ စတုတ္ထမြောက်အကြီးအကဲ ပိုင်ကျန်းဖုန်း ကလည်း ပြုံးကာပြောသည် “စကားမစပ် မင်းတို့ကို တစ်ခုပြောပါရစေ။ နတ်ဆိုးအမဲလိုက်ပြိုင်ပွဲက မကြာခင် ပြီးတော့မှာ။ ဒါပေမဲ့ ယန် မိသားစုက အကုန်လုံးလက်လွှဲပေးလိမ့်မယ်လို့ ငါထင်တယ်။ ဘာလို့ဆို သူတို့အတွက် နတ်ဆိုးသားရဲအမြုတေ ရဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်လို့ပဲ။ အကြောင်းအရင်းကိုပြောရမလား။ ရှီးချန် နဲ့ ရှီဂျီး က သူတို့ကို တစ်ခါတည်းသတ်လိုက်ကြပြီလေ”
ပိုင်ကျန်းရှောင် က ယန်ရွဲ့ချင် ကို အေးစက်စွာ ကြည့်ပြီး “မင်းရဲ့ လူယုတ်မာသားလေးက ငါ့သားကို ဒုက္ခိတဖြစ်အောင် လုပ်လိုက်တယ်။ ဒီနေ့ မင်းကို တစ်ရှိန်ထိုး ဖမ်းမမိဘူးဆိုရင် ဒီလူယုတ်မာ သေသွားတာကြာပြီ။ အခုချိန်ထိ ဘယ်လို ခံနိုင်ရည်ရှိနိုင်မလဲ။ “
ပိုင်ကျန်းဖုန်း နှင့် ပိုင်ကျန်းရှောင် တို့နှစ်ယောက်၏ စကားတွေဟာ ယန် မိသားစု အတွက် ရင်ဝကိုသံဆူးချွန်ဖြင့်ဆောင့်ထိုးလိုက်သလိုပင်ဖြစ်သည်။
“ယန် မိသားရဲ့လူငယ်တွေ အကုန်သေသွားပြီလား”
ဤအချိန်တွင် ယန်ဘိုးဘေး နှင့် အခြားအကြီးအကဲများ၏ နှလုံးသားတွေဟာ တစ်စစီကွဲကြေသွားသလိုပင်။
ပိုင် မိသားစု၏ ယုတ်မာကောက်ကျစ်သောအကြံအစည်ကို ကြားလေလေ ယန်ဘိုးဘေး ဟာ ရင်မောလာလေလေပါ။ ထို့အပြင် အများအားဖြင့် စိတ်သဘောထားကောင်းမွန်သည့် ယန်ချင်းရွှမ် ပင်လျှင် မျက်လုံးထဲကနေသွေးစီးကျမတတ်ဒေါသထွက်နေပါသည်။ ယန်ဘိုးဘေးကြီးသာ တားဆီးထားခြင်းမရှိရင်တော့ ရှေ့ထွက်ပြီးတိုက်ခိုက်တော့မှာဖြစ်သည်။
သူသည် သားတစ်ယောက် သမီးတစ်ယောက် ဆုံးရှုံးခဲ့ရပြီမဟုတ်ပါလား။ သူတို့ဟာ သူ၏ဘဝပင်ဖြစ်သည်။
“ပိုင် မိသားစု၊ မင်းတို့အားလုံး အသေဆိုးနဲ့သေလိမ့်မယ်”
ဤအချိန်တွင် ယန်ချင်းရွှမ် သည် မြင်မြင်သမျှအရာအားလုံးကို ဖျက်ဆီးပစ်တော့မည့် သားရဲကြီးတစ်ကောင်လိုပင်။
ယန်ယွန်ထျန်း လည်း အလားတူပင်ဖြစ်၏။ သူသည် သားတစ်ယောက် ဆုံးရှုံးထားပြီးဖြစ်လေသည်။ ယခုအခါမှာတော့ သမီးဖြစ်သူကိုလည်း ထပ်ပြီးဆုံးရှုံးရလေပြီ။ အများကို ကြင်နာသနားတတ်သည့် သမီးငယ်လေး သေဆုံးသွားကြောင်း ကြားလိုက်ချိန်မှာ သူလည်း ရက်စက်ကြမ်းကြုတ်သောသားရဲတစ်ကောင်လိုဖြစ်သွားခဲ့သည်။
“ပိုင်ရှန်း၊ ပိုင်ကျန်းရှောင်၊ ပိုင်ကျန်းဖုန်း.... မင်း... မင်းတို့တွေက ခွေးထက်မိုက်တဲ့ တိရစ္ဆာန်ကောင်တွေပဲ”
ယန်ရွဲ့ချင် အတွက်တော့ မယုံကြည်နိုင်လောက်သည့်အခြေအနေကို ကြုံတွေ့လိုက်ရသဖြင့် ယခုအချိန်ထိငေးကြောင်နေဆဲပါ။
ခဏကြာပြီးနောက် ယန်ရွဲ့ချင် လည်း သတိဝင်လာသည်။ တစ်ချိန်တည်းမှာပင် သူမ၏မျက်ဝန်းမှ မျက်ရည်များ စီးကျလာသည်။
သူမ၏ အိပ်မက်များ ပြိုပျက်သွားခဲ့သည်။ ဤစိတ်ဓာတ်ခိုင်မာသော ကလေးအား စွန့်လွှတ်ခဲ့သည့်အတွက် အမှားကြီးမှားသွားကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့လို့ပါ။
သို့ရာတွင် လုံချန် သည် ပိုင် မိသားစု၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီဖြစ်ရာ ယခုအချိန်မှာတော့ နောက်ကျသွားခဲ့ပါပြီ။
“မကြောက်ပါနဲ့ ကလေးရယ်... မကြာခင်မှာ ဒီအမေက မင်းနဲ့ အတူ အဖော်ပြုပေးမှာပါ။ ငါတို့ သုံးယောက် ငရဲကမ္ဘာမှာ သာယာတဲ့ မိသားစုလေး ထူထောင်နိုင်မယ်ဆိုတာ ဘယ်သူသိမှာလဲ...
“တကယ်လို့ နောင်ဘဝရှိခဲ့ရင် ဒီတစ်သက်မှာ မင်းအပေါ်ထားခဲ့တဲ့ အာဃာတတွေကို ငါသေချာပေါက် ပြန်ဆပ်ပါ့မယ်”
“ဒါပေမဲ့ အခုတော့…”
သူမ၏ ခေါင်းကို တဖြည်းဖြည်း မော့လိုက်ရင်း အေးစက်စက်မျက်လုံးများက ပြုံးနေသော ပိုင်ကျန်းရှောင် ဆီသို့ အကြည့်ရောက်သွားသည် “ငါသေပြီးလို့ နင့်ကိုပြန်တွေ့တဲ့အခါ အရှက်မကွဲချင်ဘူး။ အနည်းဆုံးတော့ မသေခင် ဒီနတ်ဆိုးကို အရင်သတ်ရမယ်...”
ယန်ရွဲ့ချင် သည် ပိုင်ကျန်းရှောင် ဆီသို့ ရုတ်ချည်းပြေးဝင်သွားခဲ့သည်။ တစ်ဆက်တည်း လက်နှစ်ဖက်ကို မြှောက်၍ ထိုက်ချွမ်နဂါးတံဆိပ် ကိုဖန်တီးကာတိုက်ခိုက်ဖို့ပြင်လိုက်သည်။
သို့သော် ရုတ်တရက်ဆိုသလိုပဲ ခန်းမ၏တံခါးချပ်ကြီးဟာ “ဘန်းခနဲ” ပေါက်ကွဲသံ နှင့်အတူ တစ်စစီပွင့်ထွက်သွားသည်။ တံခါးရှေ့၌ စောင့်ကြပ်နေသည့် စောင့်အကြပ်များ ဆီကနေ နာကျင်စွာအော်ငြီးသံများ ထွက်ပေါ်လာခဲ့သည်။
Translated By NyiNyiSoe
..(သွေးနဂါးလုံချန်)
စာစဉ် -၃ (အပိုင်း - 35)
ဘာသာပြန်သူ - ညီညီစိုး
လူတိုင်း၏ အံ့သြထိတ်လန့်သော အကြည့်များအောက်တွင် လူငယ်အဖွဲ့တစ်ဖွဲ့ဟာ ခန်းမထဲသို့ တရကြမ်းပြေးဝင်လာလေသည်။ တစ်ချိန်တည်းတွင် လမ်းပိတ်ဆို့နေသော အစောင့်များကို တိုက်ရိုက်ကန်ထုတ်လိုက်ကြသည်။
လူငယ်အုပ်စု၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ချိန်မှာတော့ အားလုံး အံ့သြသွားကြလေသည်။
ပိုင် မိသားစု၏အဖွဲ့ဝင်တွေအားလုံး ထိုလူငယ်အုပ်စုကို
မယုံကြည်နိုင်စွာ ကြည့်နေကြသည်။ ယုတ်မာကောက်ကျစ်သည့် ပိုင်မိသားစု၏ဘိုးဘေးကြီး ပင်လျှင် ရုတ်တရက်မြင်လိုက်သော မြင်ကွင်းကြောင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ လေအေးတစ်ချက်ရှူသွင်းလိုက်ရင်း သူ၏မျက်နှာထက်၌ ထိတ်လန့်စရာများ ပြည့်နှက်နေလေသည်။
ယန် မိသားစုဖက်ခြမ်းမှာတော့ အထူးသဖြင့် ယန်ချင်းရွှမ် အပါအဝင် အခြားလူတိုင်း အိပ်မက်မက်နေသလို ခံစားကြရသည်။ သူတို့၏ တပည့်သားမြေးများ သေဆုံးသွားပြီဟုထင်နေကြသော်လည်း လက်တွေ့မှာတော့ တစ်ယောက်မျှပင် မသေဆုံးခဲ့ပေ။ အကုန်လုံးအသက်ရှင်နေသည့်အပြင် လူစုံတက်စုံပြန်ရောက်လာကြပုံပါ။ ဤကဲ့သို့ ကြီးမားသော အလှည့်အပြောင်းဟာ ယန်မိသားစုအတွက် အံ့အားသင့်မှုသာမကဘဲ လက်ခံယုံကြည်ဖို့ပင် ခက်ခဲစေသည်။
အရင်တုန်းကတော့ လူတိုင်း စိတ်ပျက်လက်ပျက် အခြေအနေမှာ ရှိနေခဲ့ရသည်။ ယခုမူကား ရုတ်တရက်ကယ်တင်ခံလိုက်ရပြီဟူသော အခြေအနေကြောင့် လူတိုင်းဟာ ခံစားချက်များ ကောင်းမွန်လာပါသည်။ သို့သော် သူတို့မျက်နှာတွေကတော့ စားမတတ်ဝါးမတတ် တင်းမာနေသည်။
လူတိုင်း၏ ထိတ်လန့်သောအကြည့်များရှေ့မှာပင် လုံချန် သည် လူနှစ်ယောက် ကို လည်ကုတ်ကနေဆွဲမလျက် ပင်မခန်းမထဲသို့ တရွတ်ဆွဲခေါ်လာခဲ့သည်။ သူ့နောက်မှာတော့ ယန်ဝူ၊ယန်လင်ရွဲ့ နှင့် ယန်လင်ချင်း တို့လိုက်လာကြသည်။ ယန်ဝူက ထိတ်လန့်တုန်လှုပ်နေသော ပိုင်ရှီးဒုန်၏ လည်ပင်းကိုဆုပ်ကိုင်လျက်ဆွဲခေါ်လာသည်။ ယန်လင်ရွဲ့ နှင့် ယန်လင်ချင်း တို့နှစ်ယောက်ဟာ ပိုင်ကျိရှင်း ကို ဖမ်းခေါ်လာလေသည်။ လုံချန်၏လက်ထဲမှာတော့ ပိုင်ရှီဂျီးနှင့် ပိုင်ရှီးချန်တို့နှစ်ယောက်အား လည်ကုတ်ကနေ ဆွဲမထားသည်။
ထိုနှစ်ယောက်စလုံး သွေးထွက်လွန်နေပုံပါ။ မျက်နှာတွေမှာ သွေးရောင်ပင်မကျန်တော့ပေ။
ပိုင် မိသားစု၏အဖွဲ့ဝင်တွေအားလုံးဟာ ဤမြင်ကွင်းအား မြင်လိုက်ချိန်မှာတော့ မျက်လုံးတွေထဲ ထိတ်လန့်မှုတို့ပေါ်လာကြသည်။ အခြေအနေဟာ သူတို့မျှော်လင့်ထားသည် နှင့်မတူခဲ့ပေ။
အထူးသဖြင့် ပိုင်ကျန်းရှောင် နှင့် ပိုင်ကျန်းဖုန်း တို့နှစ်ယောက်စလုံး နှလုံးသားထဲကနေပင် တုန်လှုပ်သွားခဲ့ကြသည်။ သူတို့၏ သားနှစ်ယောက်ဟာ သေခါနီးဆဲဆဲဖြစ်နေကြပြီမဟုတ်ပါလား။
ပိုင်ကျန်းရှောင် သည် အရင်ဦးဆုံးတော့ လုံချန် ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။ သို့သော်လည်း မကြာမီမှာ သူ့အကြည့်တွေက တဖြည်းဖြည်း ကြောက်စရာကောင်းသော သတ်ဖြတ်ချင်စိတ်များအဖြစ်ပြောင်းလဲသွားသည်။
လုံချန် ရုတ်တရက် ရောက်ချလာသောကြောင့် ယန်ရွဲ့ချင် သည် တိုက်ခိုက်လုဆဲဆဲအခြေအနေမှ ရပ်ကာ ချက်ချင်းပြန်လှည့်ကြည့်လိုက်သည်။ ယခုအချိန်တွင် ယန်ရွဲ့ချင် သည် သူမကိုယ်တိုင်ပင် အိပ်မက်မက်နေသလို ခံစားမိနေသေးသည်။ သူမ၏မျက်လုံးတွေထဲ နောင်တတရားတို့ ပြည့်နှက်နေခဲ့သည်။
လုံချန် သည် ယန်ရွဲ့ချင်၏ ေအခြေအနေကို သတိထားမိသောအခါ အနည်းငယ်တော့ အံ့သြသွားမိသည်။
သို့သော် ယခုအချိန်တွင် ယန် မိသားစုဝင်အားလုံး၏ မျက်နှာတွေကို ကြည့်လိုက်ရာ အဆိပ်မိနေပြီမှန်းသိသာနေလေသည်။
လမ်းတွင် ပိုင်ရှီးဒုန် အား အဆိပ် နှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းထား၍ အစအဆုံးတော့သိနေပါသည်။ ထို့အပြင် ပိုင်မိသားစုမှာ အိပ်မက်ဆိုးပန်းပွင့်အတွက် ဖြေဆေးလည်း ရှိထားလေသည်။
လက်ရှိအချိန်မှာ ပိုင်ရှီးဒုန် နှင့် ပိုင်ကျိရှင်း တို့နှစ်ယောက်စလုံး သတိမေ့နေရာမှ သတိပြနအရလာကြသည်။ ပိုင် မိသားစုသို့ ပြန်ရောက်နေမှန်း သတိထားမိလိုက်ကြရာ ထိတ်လန့်တကြားနဲ့ အော်ဟစ်ပါတော့သည် “ဖေဖေ၊ အဖိုး၊ ကယ်ပါဦး။ ငါတို့ကိုကယ်ပါ”
ဤအချိန်တွင် ယန်ဝူ နှင့် အခြားနှစ်ယောက်ဟာ အလွန်စိတ်လှုပ်ရှားနေသလို ကြောက်လည်းကြောက်လန့်နေကြလေသည်။ သို့သော် သူတို့ရှေ့မှ ပုံရိပ်ကို မြင်လိုက်သောအခါ စိတ်သက်သာရာရသွားသည်။
ယခုအချိန်တွင် ယန် မိသားစု၏ လူငယ်မျိုးဆက်ခေါင်းဆောင် ဟာ ယန်ဝူ မဟုတ်တော့။ ထိုလူငယ် လုံချန် ဖြစ်လာပေတော့မည်။
ပိုင်ရှီးချန် နှင့် ပိုင်ရှီဂျီး တို့ဟာ အဆင့် ၇ အထွတ်အထိပ် ပညာရှင်များ ဖြစ်ခဲ့သည်။ အထူးသဖြင့် ပိုင်ရှီးချန် ပင်။ သူသည် လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုစာအတွင်း ကျော်ကြားခြင်းမြို့၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ခဲ့လေသည်။ ယခုအချိန်တွင်တော့ ထိုပါရမီရှင် နှစ်ယောက်စလုံးဟာ လုံချန်၏လက်ထဲ၌ ခွေးသေကောင်များလို ဆွဲခေါ်ခံလာရသည်။ ၎င်းတို့နှစ်ယောက်စလုံး လုံချန်ကို မရှုမလှရှုံးနိမ့်သွားခဲ့မှန်းသိသာလှသည်။
တစ်နည်းအားဖြင့်တော့ ပိုင် မိသားစု သည် နတ်ဆိုးအမဲလိုက်ပြိုင်ပွဲ၌ လုံးဝရှုံးနိမ့်သွားပြီဖြစ်သည်။
ပိုင် မိသားစုခေါင်းဆောင်က သူ့ထိုင်ခုံကနေ ထရပ်ပြီး လုံချန် ကို အေးစက်စွာ စိုက်ကြည့်နေသည်။ ထို့အတူ ပြင်းထန်သော အော်ရာတစ်ခုက လုံချန် ဆီသို့ တိုးဝင်လာသည်။ သူက အေးစက်စွာပြောလိုက်သည်”မင်းမှာ လှည့်ကွက်တွေရှိပုံရတယ်။ မင်း တကယ်ပဲ ငါ့ ပိုင် မိသားစုကို ဖြုတ်ချနိုင်ခဲ့တာပဲ။ မင်းရဲ့ စိတ်နေစိတ်ထားနဲ့ ဗျူဟာက မဆိုးပါဘူး။ ဒါပေမဲ့ ဒီအပေါ်မှာ အခြေခံပြီး ဒီနေ့ ငါတို့ရှေ့မှာ ရပ်နေတာလား။ မင်းကြည့်ရတာ ကိုယ့်သေတွင်းကို တူးနေတာဖြစ်မယ်”
ပိုင် ကလန်၏ အထူးချွန်ဆုံး လူငယ်ပါရမီရှင်နှစ်ယောက် ဒုက္ခိတဖြစ်လုဆဲဆဲအခြေအနေကြောင့် ပိုင် မိသားစုခေါင်းဆောင်၏ နှလုံးသားက နာကျင်စွာ တုန်လှုပ်သွားခဲ့သည်။ သူ့အပြင် အခြား ပိုင်မိသားစုဝင်တွေလည်း အားလုံး ဒေါသဖြစ်ကုန်ကြသည်။
ဤအချိန်တွင် လုံချန် နှင့် အနီးဆုံး၌ရှိနေသော ပိုင်မိသားစု၏ အကြီးအကဲတစ်ယောက်ဟာ ရုတ်တရက် တိုက်ခိုက်ခဲ့သည်။ ၎င်းက ပိုင်ကျန်းရှောင်၏ ညီငယ်တစ်ယောက် ဖြစ်နိုင်ပါသည်။ လုံချန် က ဘယ်သူမှန်းမသိသော်လည်း သူ့အား အလစ်ဖမ်းတိုက်ခိုက်လာသည်ကိုမြင်သောအခါ ထိတ်လန့်သွားဟန်မပြဘဲ အေးစက်စက်ပြုံးလိုက်သည်။
ဤအချိန်တွင် ယန် မိသားစုဝင်တွေကတော့ ထိတ်လန့်စွာ အော်ဟစ်ခဲ့သည်။ ယန်ဘိုးဘေး နှင့် အခြားအကြီးအကဲတွေဟာ လုံချန်၏ပါရမီကိုမြင်တွေ့ထားသဖြင့် အသက်စွန့်ပြီးကယ်တင်ရန်ပြင်ကြသည်။
“သတိထား”
လုံချန် အား ကယ်တင်ရန် အချိန်နှောင်းသွားသဖြင့် ယန်မိသားစုဝင်အားလုံးဟာ စိုးရိမ်တကြီးနဲ့သာသတိပေးရတော့သည်။ သို့သော် လုံချန် ကတော့ သိပ်ပြီးဂရုစိုက်ဟန်ပင်မပြ။
လှောင်ပြောင်ရယ်မောလိုက်ရုံသာ။ ပိုင်ရှီးချန် နှင့် ပိုင်ရှီဂျီး ကို ဆွဲမြှောက်ပြီး သူ့ရှေ့မှာ ကာထားလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူ့လက်တစ်ဖက်ကို ဆန့်ထုတ်ပြီးရိုက်ချလိုက်သည်။ သူ့လက်ဝါးကနေ အနီရောင်ဖျော့ဖျော့ စွမ်းအင်အလင်းများ လင်းလက်လျက် ဖြာထွက်လာသည်။
လုံချန် သည် ပိုင်ရှီးချန် နှင့် ပိုင်ရှီဂျီးအား ကာထားလိုက်ဖြင့် ရုတ်တရက် တိုက်ခိုက်လာသည့် ပိုင် မိသားစုအကြီးအကဲဟာ ချက်ချင်းပဲ ကြောက်လန့်တကြား ဖြစ်သွားသည်။ သူသည် ငရဲနတ်ဆိုးလက် ကို အမြန်ပြနမရုတ်လိုက်တော့သည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ပိုင် မိသားစု ဖက်ခြမ်းကနေ စိုးရိမ်တကြီးသတိပေးသံများထွက်လာလေသည် “ကျန်းယွမ်၊ သတိထား....”
ပိုင်ကျန်းယွမ် ကတော့ ယခုအချိန်ထိ ကြောင်အမ်းအမ်းဖြစ်နေဲ။ သို့ရာတွင် လုံချန် သည် ပိုင်ရှီဂျီး နှင့် ပိုင်ရှီးချန် တို့နှစ်ယောက်အား အောက်ကိုပြန်ချထားလိုက်သည်။ တစ်ချိန်တည်းမှာပဲ ပိုင်ကျန်းယွမ်ညဟာ လုံချန်၏ပြုံးပြနေသောမျက်နှာကိုမြင်လိုက်ရတော့သည်။ သို့သော် သူ့အပြုံးက အလွန်ထူးဆန်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ ထို့နောက်မှာတော့ သွေးနီရောင်အလင်းဖျော့ဖျော့ နှင့်အတူ နဂါးပုံရိပ်ကြီးဟာ ပိုင်ကျန်းယွမ်၏ရင်ဘတ်တည့်တည့် တိုးဝင်သွားသည်။
အား....
ပိုင်ကျန်းယွမ် ထံမှ မချိမဆန့်အော်သံ နှင့်အတူ ပါးစပ်ထဲကနေ သွေးအန်ထွက်လျက် ၁၀ မီတာကျော်အကွာရှိ နံရံသို့ ပြေးရိုက်သွားသည်။
ဘုန်း....
ကျယ်လောင်သော ပေါက်ကွဲသံ နှင့်အတူ နံရံပါပြိုကျသွား၏။ ထို့နောက် ပိုင်ကျန်းယွမ်၏ အသက်မဲ့နေသော ခန္ဓာကိုယ်ဟာ ခြေကားယား၊လက်ကားယား ပြုတ်ကျလာပါတော့သည်။
“ဘာ.....၊ ပိုင်ကျန်းယွမ် သေသွားပြီလား...”
“မိုးပြာနဂါးတံဆိပ် လား”
လုံချန် အသုံးပြုခဲ့သည့် နည်းစနစ်ကို လူတိုင်း မြင်တွေ့လိုက်ကြပုံပါ။ ထို့အပြင် လုံချန် သည် မိုးပြားနဂါးတံဆိပ်ကို ဘယ်အချိန်ကစပြီး လေ့ကျင့်ခဲ့သနည်းဟူသောမေးခွန်းအတွက်ပင်သိထားကြသည်။ သို့သော်လည်း သူသည် အချိန်တိုလေးအတွင်းမှာပင် လက်တစ်ဖက်တည်းဖြင့် အသုံးပြုနိုင်နေပါပြီ။ အနှီလုံချန် သည် မည်သို့သော မကောင်းဆိုးဝါးပါရမီရှင်ဖြစ်နေသနည်း။
လက်ရှိ ယန် မိသားစုမှာပင် မိုးပြာနဂါးတံဆိပ် ကို လက်တစ်တက်တည်းနဲ့ ထုတ်သုံးနိုင်သူ သုံးယောက်သာရှိနေခဲ့သည်။ အံ့အားသင့်ဆုံးသူကတော့ ယန်ရွဲ့ချင် ။ ယုံကြည်မှုအပြည့်ပိုင်ဆိုင်ထားသော လူငယ်လေးကို စိုက်ကြည့်ကာ သူမ၏မျက်လုံးတွေထဲ ကျေနပ်အားရဟန်တို့ပေါ်လာလေသည်။ ထိုလူငယ်လေး၏ပုံစံဟာ အတိတ်တစ်ချိန်က လုံချင်းလန် ကဲ့သို့ပင်။
“နင်နဲ့ နင့်ရဲ့သားက တကယ်ပဲ ငါ့အတွက် ကံဆိုးသူတွေလား”
လုံချင်းလန် အကြောင်းကိုတွေးတောရင်း လုံချန်ဟာ မိုးပြာနဂါးတံဆိပ် ကို လက်တစ်ဖက်တည်းဖြင့်ထိန်းချုပ်လျက် ပိုင်မိသားစုအကြီးအကဲအား သတ်နိုင်ခဲ့ခြင်းကို မအံ့သြတော့ပေ။
လုံချန် သည် အဖေတူသားဖြစ်ကြောင်း သက်သေပြခဲ့ပြီမဟုတ်ပါလား။
သူမအတွက် လုံချင်းလန် ပင်ဖြစ်စေ၊ လုံချန် ပင်ဖြစ်စေ နှစ်ယောက်စလုံး၏ထူးချွန်သောပါရမီဟာ အခြေခံအားဖြင့်တော့ အဆင့်တူများကြား ထိပ်ဆုံးရပ်တည်နေမည်မှန်းသိလိုက်ပါပြီ။
အတိတ်က ပိုင်ကျန်းရှောင် သည် လုံချင်းလန်၏လက်ထဲ၌ အပြတ်အသတ်ရှုံးနိမ့်ခဲ့ရသည်။
ယခုလည်း....
ယန်မိသားစု ပင်လျှင် မိုးပြာနဂါးတံဆိပ် ကြောင့် တုန်လှုပ်သွားခဲ့ပါသည်။
ပိုင် မိသားစုဖက်ခြမ်းမှာတော့ ပိုင်ကျန်းယွမ် အသတ်ခံလိုက်ရသဖြင့် တုန်လှုပ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူတို့၏ နှလုံးသားထဲ၌လည်း ဒေါသပေါက်ကွဲလာကြသည်။
အထူးသဖြင့် ပိုင်မိသားစုခေါင်းဆောင်ပါ။ ပိုင်ကျန်းယွမ်သည် သူ၏အငယ်ဆုံးသားထွေးဖြစ်ခဲ့သလို အဆင့် ၈ သို့ မကြာခင်တက်လှမ်းနိုင်တော့မှာလည်းဖြစ်သည်။ သို့သော် ယခုမူကား လုံချန်၏လက်ထဲ၌ မရှုမလှသေဆုံးသွားခဲ့ရသည်။
အခြေအနေက ချက်ချင်း တင်းမာလာသည်။ ပိုင်မိသားစု၏ အဆင့် ၈ နှင့်အထက်ဆင့် ကျင့်ကြံသူတွေထံမှ ပြင်းထန်သောအော်ရာများ ပေါက်ကွဲထွက်လာလေတော့သည်။ လုံချန် ဆီသို့ ကြောက်မက်ဖွယ်ရာဖိအားလှိုင်းတစ်ခု ဖိချလာသည်။ သို့သော်လည်း လုံးဝမတုန်လှုပ်ပေ။ ပိုင်ရှီဂျီး၏ လည်ပင်းကို ခပ်တင်းတင်းဖြစ်ညှစ်လိုက်လေသည်။
“ ပိုင် မိသားစုက ဒီဉာဏ်ကြီးရှင်လေးယောက် သေဆုံးတာကို မြင်ချင်နေတာလား၊ ပိုင်ကျန်းရှောင်... မင်းရဲ့အကြီးဆုံးသား သေတာကို မြင်ချင်ရင် နောက်တစ်ကြိမ် ကြိုးစားကြည့်နိုင်တယ်။ အသက်ရှုချိန်ဆယ်ရှိုက်စာတောင်မကြာစေရဘူး။ ဒီအမှိုက်ကောင်တွေအကုန်လုံး သေရမယ်လို့ ငါ အာမခံတယ်။ မင်း ငါ့ရဲ့ ယန် မိသားစုကို ဖျက်ဆီးနိုင်ခဲ့ရင်တောင်မှ ဒီအမှိုက်လေးခုပါ သေရမှာပဲ။ ပြောကြည့်တာပေါ့.... သူတို့မရှိတော့ရင် ပိုင် မိသားစုမှာ နောက်မျိုးဆက်တွေ ရှိနိုင်ပါဦးမလား”
Translated By NyiNyiSoe
..(သွေးနဂါးလုံချန်)
စာစဉ် -၃ (အပိုင်း - 36)
ဘာသာပြန်သူ - ညီညီစိုး
လုံချန် သည် ထိုစကားများ ပြောပြီးသည်နှင့်တစ်ချိန်တည်းမှာပင် သူ၏လက်ချောင်းများကို ပိုပြီးအားစိုက်ထည့်လိုက်သည်။ နဂိုကတည်းက ဒဏ်ရာအပြင်းအထန်ရနေသော ပိုင်ရှီဂျီး ဟာ အသက်ပင် ကောင်းကောင်းမရှူနိုင်တော့ပေ။ မျက်လုံးတွေ ချက်ချင်းပြူးကျယ်သွားလေသည်။ လုံချန် အား မြင်လိုက်ချိန်မှာတော့ ကြောက်ရွံ့တုန်လှုပ်သွားကာ ပါးစပ်ကနေ သွေးများအန်ထွက်လာပါတော့သည်။
ပိုင်ရှီဂျီး၏ အခြေအနေနှင့် လုံချန်၏ အေးစက်သောအကြည့်ကိုမြင်လိုက်ရသောအခါ ပိုင် မိသားစုဝင်တွေအားလုံးဟာ တိုက်ခိုက်ဖို့ပြင်နေတာကို တိခနဲရပ်လိုက်ကြတော့သည်။
အထူးသဖြင့် ပိုင်ကျန်းရှောင် ၊ သားဖြစ်သူ၏ ဆိုးဆိုးရွားရွားအနေအထားကို မြင်နေရသဖြင့် သူ့မျက်လုံးတွေဟာ မီးပွင့်မတတ်ဖြစ်နေခဲ့သည်။ သူက လုံချန် ကို တည့်တည့်စိုက်ကြည့်ပြီး “ခွေးကောင်လေး၊ အခုချက်ချင်း ရပ်လိုက်စမ်း။ ပိုင်ရှီဂျီး သေသွားတာနဲ့ မင်းရဲ့ ယန် မိသားစုတစ်ခုလုံး သနားစရာကောင်းလောက်အောင် သေဆုံးသွားလိမ့်မယ်။ မင်းလည်း သနားစရာကောင်းလောက်အောင် သေရလိမ့်မယ်။ မဟုတ်သေးဘူး၊ မင်းမသေခင်မှာ သေတာထက်ပိုဆိုးအောင် နှိပ်စက်ပစ်မယ်”
ပိုင်ကျန်းရှောင်၏ မီးပွင့်မတတ်အကြည့်ကို မြင်နေရသည့်တိုင် လုံချ သည် အနည်းငယ်ပင်တုန်လှုပ်သွားခြင်းမရှိပေ။ သူ့လက်ကို ပိုပြီးတော့တောင်အားစိုက်ညှစ်လိုက်လေသည်။
“ဘာပဲဖြစ်ဖြစ် အဆုံးသတ်က သေခြင်းတရားပဲလေ။ ငါက မင်းခြောက်တိုင်းကြောက်နေရမှာလား။ မင်း ငါ့ကို ဘာလုပ်နိုင်မလဲ သိချင်မိပါရဲ့။ ဒါပေမဲ့ မင်းရဲ့သား ပိုင်ရှီဂျီး ကို သေချာလေးကြည့်ကြည့်ပါဉီး။ ငါ့အထင် သူ့ဒဏ်ရာအခြေအနေက ထပ်ပြီးနှောင့်နှေးလို့မရတော့ဘူးထင်တယ်။ ဒီအတိုင်းဆက်သွားရင်တော့ တစ်နာရီမပြည့်ခင်မှာပဲ သူသေသွားနိုင်တယ်…”
လုံချန်၏လေသံက ဘယ်အရာကိုမှ သိပ်ပြီးဂရုမစိုက်ပုံပါ။ သို့သော်လည်း ပိုင် မိသားစုဝင်တွေဟာ ပိုင်ရှီဂျီး၏လက်ရှိ ဆိုးရွားသော အခြေအနေကို မြင်လိုက်သည်နှင့် စိုးရိမ်တကြီး ဖြစ်သွားကြတော့သည်။ ဤအခိုက်အတန့်တွင် ပိုင် မိသားစု၏အနာဂတ်မျှော်လင့်ချက်နှစ်ခုဟာ လုံချန်၏ လက်ထဲမှာ ရှိနေသည်မဟုတ်ပါလား။
လုံချန် ပြောခဲ့သည့်စကားက အမှန်ပင်ဖြစ်သည်။ ဤလူငယ်တပည့် ၄ ယောက်သာ သေဆုံးသွားခဲ့လျှင် ယန် မိသားစုအား ဖျက်ဆီးနိုင်သည့်တိုင် အဓိပ္ပါယ်ရှိတော့မည်မဟုတ်။
ဤအခိုက်အတန့်တွင် ပိုင် မိသားစုသည် နောက်ဆုံးတွင်တော့ ကြောက်လန့်သွားပုံရသည်။ လုံချန် သည် အေးစက်စက်ရယ်မောကာ ပိုင်ရှီဂျီး နှင့် ပိုင်ကျန်းရှောင် တို့နှစ်ယောက်အား ကုတ်ကနေဆွဲမလိုက်သည်။ ထို့နောက် ပိုင် မိသားစု၏ ဘိုးဘေးကြီးရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။
သို့သော် ပိုင်ကျန်းရှောင် သည် သူ့ရှေ့ကနေ ပိတ်ရပ်ထားလေသည်။ လုံချန် က အေးစက်စက်သာကြည့်လိုက်ပြီး “ငါ့ရှေ့ကနေ ဖယ်စမ်း”
ပိုင်ကျန်းရှောင် က လမ်းဖယ်ပေးမည့်ဟန်မပြပေ။ လုံချန် သည် ပိုင်ရှီဂျီး တို့နှစ်ယောက်အား ဖမ်းကာ ယန် မိသားစုကို ကယ်တင်ဖို့လုပ်နေသည်မဟုတ်ပါလား။သူ့အနေဖြင့် လုံးဝခွင့်ပြုပေးလိုပုံမရပေ။
ယန်မိသားစု၏ဘိုးဘေးသည် နောက်ဆုံးတွင် ညီအစ်ကိုမိတ်ဆွေရင်းများဟူသော အိပ်မက်ကနေ နိုးထလာပါတော့သည်။ သူက ပိုင် ကလန်၏ဘိုးဘေးကြီးကို စူးစူးရဲရဲစိုက်ကြည့်ရင်း “ပိုင်ရှန်း၊ ငါ ယန်ကန်းချောင် က သဘာဝအတိုင်း အသုံးမကျတာအမှန်ပဲ။ ဒါပေမဲ့ ဒီနေ့တော့ ငါ့စိတ်ထဲမှာ ‘ရက်စက်မှု’ ဆိုတဲ့ စကားလုံးကို လေ့လာသင်ယူခဲ့တယ်။ တကယ်တော့ အဲဒါတွေအားလုံးက မင်းကြောင့်ပါပဲ။ မင်း ငါတို့ ယန် မိသားစုကို ရှင်းပစ်ချင်တယ်။ မင်းအမြင်မှာ တန်ကြေးတစ်ခုခုမပေးဆပ်ဘဲနဲ့ ငါတို့ကိုဖျက်ဆီးနိုင်မယ်ထင်နေတာလား၊ ဒါက မဖြစ်နိုင်ဘူး ..”
ထိုစကားေတွကြားမှသာ ပိုင် ကလန်သည် နောက်ဆုံးတွင် သတိဝင်လာပုံရ၏။ ပိုင် ကလန်၏ဘိုးဘေးကြီးက ရှေ့ဆုံး၌ရပ်နေခဲ့သည်။ သူ့နံဘေးမှာတော့ ပိုင်ကလန်၏အကြီးဆုံးသားဖြစ်သည့် ပိုင်ကျန်းလုံ အပါအဝင် အခြားသောအကြီးအကဲများအားလုံးရပ်နေကြသည်။
ပိုင်ရှီးချန် သည် ပိုင်ကျန်းလုံ၏ ဂုဏ်ယူရဆုံးသားဖြစ်ခဲ့သည်။ သို့သော် လက်ရှိတွင် သူ၏အချစ်ဆုံးသားလေးဟာ လူရုပ်ပင်မပေါ်တော့အောင်ရိုက်နှက်ခံထားရလေသည်။ သူ့စိတ်ထဲ၌ လုံချန်အပေါ် သတ်ဖြတ်ချင်စိတ်ဟာ ပိုင်ကျန်းရှောင် ထက်တော့မလျော့ပေ။
ဤအခိုက်အတန့်တွင် ပိုင် နှင့် ယန် မိသားစုကြီးနှစ်ခုသည် ထိပ်တိုက်ရင်ဆိုင်နေကြပြီဖြစ်သည်။ လုံချန် သည် ပိုင်ကလန်၏ အထူးချွန်ဆုံးပါရမီရှင်နှစ်ဦးကို ဓားစာခံအဖြစ် ဖမ်းချုပ်လျက် ရှေ့ဆုံးကနေရပ်နေပါသည်။
သူ့နောက်ကွယ်ရှိ ယန် မိသားစုဝင်တွေကတော့ စိတ်လှုပ်ရှားနေကြသည်။ အထူးသဖြင့် ယန်ရွဲ့ချင်ဖြစ်သည်။ စကားတစ်ခွန်းမှပင် မပြောနိုင်လောက်အောင် စိတ်လှုပ်ရှားနေသည်။ သူမ လုံချန်၏ နောက်ကျောကို စိုက်ကြည့်နေသည်။ သားဖြစ်သူကို ချက်ချင်းတောင်းပန်လိုသော်လည်း ယခုအချိန်တွင် မဖြစ်နိုင်သေးပါ။
သို့သော် ယခုအချိန်တွင် လုံချန် သည် ခေါင်းနောက်ပြန်လှည့်၍ သူမကို စိုက်ကြည့်နေသည်။
လုံချန် သာ် ယန်ရွဲ့ချင်ကို သူ့နှလုံးသားထဲကနေ အမှန်ပင် မုန်းတီးခဲ့သည်။ လက်ရှိသူလုပ်သမျှက သူ့ကိုယ်သူ သက်သေပြဖို့ပင်။ ယခုအချိန်တွင် ပိုင်ရှီဂျီး ဟာ သူ့လက်ထဲမှာ ရှုံးနိမ့်ခဲ့ရသလို ပိုင်ကျန်းရှောင် လည်း အရူးတစ်ယောက်လို ဖြစ်နေခဲ့လေပြီ။
သို့သော် နောက်လှည့်ကြည့်လိုက်စဉ် ယန်ရွဲ့ချင်၏ မျက်လုံးတွေမှ မျက်ရည်စများကို မြင်လိုက်သောအခါ လုံချန် သည် ရုတ်တရက် လန့်သွားမိသည်။ မုန်းတီးမှုအပြည့်အကြည့်ကို ပြန်ရုတ်လိုက်ပြီး တစ်ဖက်ပြန်လှည့်လိုက်သည်။
ဤအခိုက်အတန့်တွင် ဤအမျိုးသမီးသည် အလွန်နုနယ်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ လုံချန် သည် သူ့ကိုယ်သူ ကျောက်တုံးနှလုံးသားရှိသူအဖြစ် အမြဲလိုလို ပြောင်းလဲနေခဲ့သည်။ သို့သော်လည်း လက်တွေ့မှာတော့ သူ့နှလုံးသားဟာ ယန်ရွဲ့ချင် အတွက် အမှန်တကယ်နာကျင်နေမှန်း ခံစားမိလေသည်။ ထို့အပြင် သူ့နောက်ကနေ သူ၏အမေဖြစ်သူ စောင့်ကြည့်နေသည်ဟူသောအတွေးက တစ်ကိုယ်လုံးရှိ သွေးများ ပွက်ပွက်ဆူလာလေသည်။
ဤအတောအတွင်း ယန် မိသားစု၏ဘိုးဘေးကြီးက လုံချန်၏နံဘေး၌ ရပ်နေရင်း ပိုင်မိသားစုခေါင်းဆောင်ကို လှမ်းကြည့်ပြီး “ပိုင်ရှန်း၊ မင်းလည်း ထက်မြက်တဲ့လူတစ်ယောက်ပါ။ မင်းရဲ့ ပိုင် မိသားစုက ဒီနေ့ ငါ့ ယန် မိသားစုကို အလွယ်တကူ ဖျက်ဆီးနိုင်ပေမယ့် မင်းရဲ့ မျိုးဆက်တွေ တစ်ယောက်မှအသက်ရှင်ဖို့မဖြစ်နိုင်ဘူးဆိုတာသေချာတယ်။ ဒီတော့ မင်းက ပိုင် မိသားစုရဲ့ အနာဂတ်ကို လျစ်လျူရှုပြီး တိုက်ခိုက်ချင်သပ့ဆို တိုက်ခိုက်ကြတာပေါ့။ ငါ့ ယန်မိသားစုကတော့ လွယ်လွယ်နဲ့ဖျက်ဆီးခံမှာမဟုတ်ဘူး”
...
“ဒါ့အပြင် ငါ အပိုစကားတွေ ထပ်မပြောချင်တော့ဘူး။ ငါတို့ကို အဆိပ်ဖြေဆေးပေးပါ၊ မင်းရဲ့မြေးတပည့် ၄ ယောက်ကို ပြန်လွှတ်ပေးလိုက်မယ်။ ငါတို့ရဲ့ ရန်ငြိုးထားမှုအရ ငါတို့ရဲ့ အရင်းမြစ်တွေက ဒီမြို့အပေါ်ပဲမူတည်တယ်။ မင်း တိုက်ခိုက်ချင်ရင် နောင်မှာ အချိန်မရွေး တိုက်ခိုက်ကြတာပေါ့။ ငါယန်ကောင်းချန် နောက်ပြန်ဆုတ်မှာမဟုတ်ဘူး”
ပိုင် မိသားစုဖက်က သိပ်ပြီးနောက်ပြန်မဆုတ်ချင်ကြပေ။ သို့သော်လည်း လက်ရှိအခြေအနေက သူတို့တတ်နိုင်တာဘာမှမရှိတော့။ နောက်ပြန်မဆုတ်ချင်သည့်တိုင်အောင် အဖြစ်မှန်ကို လက်သင့်ခံရပေမည်။
ဤအခိုက်အတန့်တွင် လုံချန် က ရုတ်တရက်ပြောလိုက်သည် “မင်းမှာ ဦးနှောက်ရှိသေးရင် လိမ္မာပါးနပ်သင့်ပြီနော်။ ငါတို့ကို ဖြေဆေးထုတ်ပေးလိုက်။ ပြောရရင် ငါ့ ယန်မိသားစုက အချိန်စောင့်နိုင်သေးတယ်၊ ဒါပေမဲ့ ငါ့အမြင်အရတော့ ပိုင်ရှီဂျီး က တောင့်မခံနိုင်လောက်တော့ဘူးထင်တယ်။ ဒီအတိုင်းဆို သူ့ပုံစံက နောက်ထပ် ၁၅ မိနစ်လောက်တောင် ခံပါ့မလား”
ပိုင်ကျန်းရှောင် သည် အတော်လေးတွေဝေနေပုံရသည်။ သူ့စိတ်ထဲတွင် မလိုလားသော်လည်း၊ မည်သို့မျှမတတ်နိုင်။ အထူးသဖြင့် လုံချန်၏စွမ်းဆောင်ရည်ဟာ သူ့အား အတိတ်ကိုပြန်သတိရသွားစေခဲ့သည်။ သူ့စိတ်ထဲ ပိုလို့တောင် မနာလိုဖြစ်မိသည်။ သို့သော် သူ့သားဖြစ်သူ၏ အခြေအနေကို မြင်လိုက်ရသောကြောင့် ထိတ်လန့်သောအမူအရာဖြင့် အလျင်စလိုပြောလိုက်သည် “အဖေ၊ ဒီနေ့တော့ ငါတို့ရဲ့အကြံအစည်ကို နောက်ဆုတ်ရတော့မယ်ထင်တယ်…”
ပိုင် မိသားစုခေါင်းဆောင်က ယန်မိသားစု၏ဘိုးဘေးကို အေးတိအေးစက် ကြည့်လိုက်သည်။ သူ့နှလုံးသားထဲမှာလည်း မလိုလားအပ်သောစိတ်ဆန္ဒများ ပြည့်နှက်နေသည်။
သူတို့ အချိန်အတော်ကြာအောင် စီစဉ်ထားသည့်အရာတွေဟာ လုံချန် ဟူသော ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ကြောင့် ပျက်စီးသွားရ၏။ ဘယ်လိုမှ လက်သင့်မခံနိုင်လောက်အောင်ပင်။
ပိုင်ကျန်းရှောင်၏စိတ်ထဲတွင်လည်း ဤနေ့အဖြစ်အပျက်ကြောင့် သူ့ရင်ထဲမှာ နောင်တများပြည့်နှက်နေသည် “အဲဒီအချိန်ကတည်းက ဒီခွေးကောင်လေးရဲ့ အခြေအနေမှန်ကို သိထားလို့ လုပ်ကြံဖို့လူတွေလွှတ်လိုက်သေးတယ်။ ဒါပေမဲ့ ယန်ရွဲ့ချင် အပေါ်ထားတဲ့ခံစားချက်တွေနဲ့ရောပြီး နောက်ပြန်ဆုတ်ခဲ့မိတယ်။အခုတော့ ဒီခွေးကောင်က ငါတို့အကြံအစည်တွေကို လုံးလုံးဖျက်ဆီးပစ်လိုက်ပြီ”
သူက ပိုင်မိသားစုခေါင်းဆောင်၏ အနားသို့ ပြန်ကပ်သွားပြီး တိုးတိုးလေးပြောလိုက်သည် “အဖေ၊ ဒီကိစ္စပြီးရင် ဒုတိယဦးလေး ပြန်လာတော့မယ်။ အဲဒီအခါကျ
သွေးဂိုဏ်း က သူ့မိတ်ဆွေတွေကို အကူအညီတောင်းလို့ရတယ်၊ ယန် မိသားစုကိုပါ တစ်ခါတည်း ဖျက်ဆီးပစ်လိုက်တာပေါ့။ ဒီနေ့ ငါတို့ရဲ့အကြံအစည်တွေ ပျက်ပြားသွားလို့ နောင်မှာ ပြန်ပြီးလှုပ်ရှားလို့ရသေးတယ်။ ဒါပေမဲ့ ရှီးချန်၊ ရှီဂျီး တို့က အသက်ပြန်ရှင်လာမှာမဟုတ်တော့ဘူး”
လုံချန် သည် တိတ်တဆိတ်နားထောင်နေရင်း မျက်ခုံးပင့်လိုက်သည်။ ပိုင်ကျန်းရှောင်၏ စကားတွေက ဘာကိုဆိုလိုနေမှန်းမသိပေ။ သို့သော် ယန်မိသားစု အနေဖြင့် ယနေ့လွတ်မြောက်ခဲ့သည့်တိုင်အောင် နောင်မှာအခြေအနေမကောင်းနိုင်မှန်းသိသာပါသည်။ ပိုင်ကျန်းရှောင် ပြောခဲ့သည့် “သွေးဂိုဏ်း” ဟာ ကြောက်မက်ဖွယ်ရာအင်အားစုကြီးတစ်ခုဖြစ်ခဲ့သည်။
နောက်ဆုံးတွင် ပိုင် မိသားစုခေါင်းဆောင် သည် ဆုံးဖြတ်ချက်ချလိုက်ပုံရ၏။
ဤနေ့အခြေအနေကိုလည်း သူသဘောပေါက်ထားပုံရသည်။ သူ့လက်ကိုဝှေ့ယမ်းပြီး ယန်မိသားစု၏ဘိုးဘေးကြီးကို ကြည့်ကာပြောလိုက်သည် “ငါ မင်းကို အဆိပ်ဖြေဆေးပေးနိုင်ပေမယ့် မင်းငါ့မြေးတွေကို ဘာမှမလုပ်ရင် ပိုကောင်းပါတယ်။ ငါ့မြေးလေးယောက်စလုံး ဒီနေ့ကြုံခဲ့ရတဲ့ မတော်တဆမှုက နောင်မှာ ရန်ငြိုးအဆုံးသတ်မှာမဟုတ်ဘူး”
ယန် မိသားစုသည် ယနေ့တွင် သားကောင်ဖြစ်ခဲ့သော်လည်း သူတို့၏လူငယ်တပည့်များအားလုံး ဘာထိခိုက်မှုမှမရှိခဲ့ပေ။ ထို့အတူ သူတို့လိုချင်တာကတော့ ဤနေရာကနေ အန္တရာယ်ကင်းကင်းထွက်သွားနိုင်ရန်ပင်ဖြစ်သည်။ အနာဂတ်မှာ တိုက်ပွဲများ ဖြစ်လာနိုင်ချေ နှင့်ပတ်သက်၍တော့ ယန်မိသားစု၏အင်အားကိုပြန်ဖြည့်တင်းရပါဦးမည်။
ယန်မိသားစု၏ဘိုးဘေး ကလည်း အခြေအနေကို ကောင်းကောင်းတွက်ဆမိပုံပါ။ သူက အပိုစကားထပ်မပြောတော့ဘဲ လိုရင်းသာပြောလိုက်၏ “အဆိပ်ဖြေဆေးပေးပါ။ မင်းရဲ့ မြေးတွေ သေချာပေါက်အဆင်ပြေလိမ့်မယ်”
ပိုင် မိသားစုခေါင်းဆောင်က သူ့သိုလှောင်လက်စွပ်ထဲကနေ ပုလင်းငယ်တစ်လုံးကို ထုတ်ယူလိုက်သည်။ ၎င်းက အဆိပ်ဖြေဆေးဖြစ်ပုံရသည်။ အိပ်မက်ဆိုးပန်းအတွက် အဆိပ်ဖြေဆေး၊ အိပ်မက်ဆိုးပန်း၏ အမြစ်မှ ဖော်စပ်ထားခြင်းဖြစ်လေသည်။
“ကောင်းပြီ။ ဒါဆို မင်းက ငါတို့ကို အဆိပ်ဖြေဆေး အရင်ပေးလိုက်။ မင်းရဲ့ မြေးနှစ်ယောက်ကို အရင်လွှတ်မယ်၊ ငါတို့ လုံးလုံးပြန်ကောင်းလာတဲ့အခါကျ နောက်ထပ် နှစ်ယောက်ကို ထပ်ပြီးလွှတ်ပေးတာပေါ့” ယန်မိသားစုဘိုးဘေးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ယန်ဘိုးဘေး၏ သတိအပြည့်ပြောစကားကြောင့် ပိုင်မိသားစုခေါင်းဆောင်ဟာ အေးစက်စက်နှာမှုတ်လိုက်သည်။ သူက အဆိပ်ဖြေဆေးပုလင်းကို ပစ်ပေးလိုက်ရင်း “ယန်ကန်းချောင်၊ မင်းက လွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်လောက်ကလိုပဲ၊ ဒီလိုမျိုး သူရဲဘောကြောင်နေသေးတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ ငါရှုံးတယ်၊ ဘာမှမပြောလိုတော့ဘူး။ တစ်ခုပဲ.... အခုကစလို့ ငါတို့ မိသားစုနှစ်ခုက မီးနဲ့ ရေလို ဖြစ်သွားပြီဆိုတာပဲ”
ယန်မိသားစု ဘိုးဘေးက ယန်ဝူ နှင့် ယန်လင်ရွဲ့တို့ဖက်လှည့်ကာ ပိုင်ရှီးဒုန် နှင့် ပိုင်ကျိရှင်း အား လွှတ်ပေးရန် အမိန့်ပေးလိုက်သည်။ နှစ်ယောက်သား ကြောက်ရွံ့စွာ အော်ဟစ်လျက် ပိုင် မိသားစုဖက်ခြမ်းသို့ ချက်ချင်း ပြေးသွားကြသည်။
ယန် မိသားစုဘိုးဘေးက ပုလင်းအဖုံးကိုဖွင့်ပြီး အနံ့ခံချက် အိပ်မက်ဆိုးပန်း၏ အမြစ်ရနံ့ဟုတ်မဟုတ်အတည်ပြုလိုက်သည်။
“ဖေဖေ၊ အရင်ဆုံးမလုပ်နဲ့” ယန်ရွဲ့ချင် က ရုတ်တရက် ပြောလိုက်သည်။
“ပိုင် မိသားစုက လှည့်ကွက်တွေနဲ့ ပြည့်နေတာ။ ငါတို့က သူတို့ကို လွယ်လွယ်နဲ့ ယုံလို့မရဘူး။ အဖေသာ ငါတို့ဖက်မှာ အသန်မာဆုံးလူပဲ။ တကယ်လို့ သူတို့ဆင်ထားတဲ့ ထောင်ချောက်ထဲ ကျသွားရင် ငါတို့အားလုံး ပြီးဆုံးသွားလိမ့်မယ်”
ယန်ဘိုးဘေးက ပြုံးပြီး ပြန်ပြောခဲ့သည်” စိတ်မပူပါနဲ့ ချင်အာ။ ဖေဖေက ဒီနေ့ မင်းကို သနားမိတယ်။ ငါလုပ်မိတာအတွက် တော်တော်လေးလဲရှက်မိပါတယ်ကွာ”
Translated By NyiNyiSoe