← Chapters

အခန်း (၅၂-၅၄)

Vol. 4 Ch. 52-54

အခန်း (၅၂-၅၄)

Vol. 4 Ch. 52-54

..(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် ၄ ) အပိုင်း 52

လုံချန် သည် ကျော်ကြားခြင်းမြို့ကို ပြန်ရောက်ရုံသာရှိသေး၊ ဤကဲ့သို့အခြေအနေမျိုးဖြင့် ပျက်သုဉ်းခြင်းတောင်တန်းသို့ အလျင်စလိုပြန်သွားရလိမ့်မည်ဟု မထင်ထားပေ။ ဤတစ်ကြိမ်မှာတော့ သူ့ရင်ထဲကနေ ပြင်းထန်သော လူသတ်ချင်စိတ်ပါ အတူယူဆောင်လာပေသည်။ “အမေ… စိတ်ချပါ။ ငါ မင်းကို သေချာပေါက် ကယ်တင်မယ်…”

ပျက်သုဉ်းခြင်းတောင်တန်းတစ်ခုလုံးသည် နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး၏ရနံ့သာ ဖုံးလွှမ်းထားခဲ့သည်။ ကျော်ကြားခြင်းမြို့ရှိ လူများပင်လျှင် လေထဲကနေ သင်းပျံ့နေသောရနံ့ကို ရှူရှိုက်မိကြသည်။ သာမန်လူတိုင်းကတော့ မသိကြပေ။သို့သော်လည်း မြို့ထဲရှိ ကျင့်ကြံသူအနည်းစုကတော့ ရနံ့ဘယ်ကနေလာသလဲဆိုတာကို သိရှိ​​နေပါသည်။

ဤအချိန်တွင် ယန်အိမ်တော်၏အဖွဲ့ဝင်တွေဟာ လုံချန် နှင့် ယန်ဘိုးဘေးတို့ထံမှ စကားပြန်လာမည့်သတင်းစကားကို စောင့်မျှော်နေကြသည်။ ရုတ်တရက်ဆိုသလို ပျက်သုဉ်းခြင်းတောင်တန်းကနေ သက်တံ့ရောင်စုံအလင်းတန်းများ အဆက်မပြတ်ထွက်ပေါ်လာလေသည်။ ဤမြင်ကွင်းအားမြင်လိုက်သည့်အခါ ယန်ချင်းရွှမ် နှင့် ယန်ယွန်ထျန်း တို့နှစ်ယောက်လည်း နတ်ဝိညာဉ်သစ်သီး ရင့်မှည့်လာတော့မည်မှန်း သိလိုက်ကြသည်။

ယန်ချင်းရွှမ်၏ မျက်နှာဟာ ရုတ်တရက်ပြောင်းလဲသွားသည်။ ယန်အိမ်တော်၏ လူငယ်မျိုးဆက်တွေကတော့ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးအကြောင်း မသိကြပေ။ သူတို့အချင်းချင်း ဆွေးနွေးနေကြရုံသာ။ သို့သော်လည်း ယန်ချင်းရွှမ်နှင့် ယန်ယွမ်ထျန်း ဟာ ထောင့်တစ်နေရာကို လျှောက်သွားကြရင်း ယန်ယွမ်ထျန်းတစ်ယောက် မျက်နှာမည်းမှောင်ကာ ရုတ်တရက်ပြောသည် “နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး ရင့်မှည့်နေပြီဆိုတာသေချာတယ်။ ငါ့အထင် ပိုင် ကလန်ရဲ့လူအိုကြီးနှစ်ယောက်လည်း အခုလောက်ဆို ပိုင် ကလန်မှာ မရှိလောက်ကြတော့ဘူး။ ဒါဆို အဖေနဲ့ လုံချန်တို့ အဲဒီကို ရောက်တဲ့အခါ ဘယ်သူ့ကိုမှ တွေ့ရမှာမဟုတ်ဘူး…”

ယန်ချင်းရွှမ် သည် ညီဖြစ်သူ၏ သတိပေးချက်ကြောင့် ရုတ်တရက် နားလည်သွားပြီး ခါးသီးစွာ ပြောလေသည် “ဒါဆို သူတို့ရဲ့ ရည်ရွယ်ချက်က ရွဲ့ချင်ကို သတ်ဖို့ မဟုတ်ဘူး၊ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးအတွက် တိုက်ပွဲမှာ ငါတို့ယန်အိမ်တော်ကို ခြိမ်းခြောက်ဖို့ပေါ့လေ။… ငါတို့ယန်အိမ်တော်ရဲ့ အင်အားက သူတို့ထက် အမြဲတမ်းလိုလိုအားနည်းခဲ့တာချည်းပဲ။… အခု ချန်အာက ဘယ်လိုရင်ဆိုင်နေရလဲ ငါမသိဘူး။… ဒီလိုသာဆက်သွားမယ်ရင် ငါတို့ယန်အိမ်တော်ပ အနိုင်ရဖို့ အခွင့်အလမ်း သိပ်မရှိတော့ဘူး…”

ယန်ယွမ်ထျန်းက အံကြိတ်လျက် ပြောပါသည် “အစ်ကိုကြီး… ငါတို့ ယန်အိမ်တော်အနေနဲ့ အခုအချိန်မှာ ကြီးမားတဲ့ ဘေးအန္တရာယ်ကို ဖြတ်သန်းနေရတယ်။ ဒါပေမဲ့ ဒီမှာပဲ ထိုင်စောင့်နေရမှာလား။… ငါ့ခွန်အားက မလုံလောက်ပေမယ့် ဒီလိုမျိုး သေမယ့်အချိန်ကို ထိုင်စောင့်နေရတဲ့ပုံစံမျိုးနဲ့ မသေချင်ဘူး။ ငါခန့်မှန်းတာသာမှန်ခဲ့ရင် ဒီတစ်ကြိမ်မှာ ငါတို့ယန်အိမ်တော် ပျက်စီးသွားဖို့များတယ်။ ဒါပေမဲ့ ငါတို့ရဲ့ မျိုးဆက်တော့ ပြတ်တောက်သွားလို့ မဖြစ်ဘူး။ ငါတို့ညီအစ်ကိုတွေ နောက်ဆုံးအကြိမ် ဒီတိုက်ပွဲကို လောင်းကြေးထပ်ကြမလား။ ဝူအာ ကို အိမ်တော်ရဲ့ သက်ကြီးရွယ်အိုတွေ ၊ အမျိုးသမီးတွေနဲ့ ကလေးတွေကို ခေါ်ပြီး မြို့ထဲကနေ တိတ်တဆိတ်ထွက်သွားခိုင်းရင် မကောင်းဘူးလား…”

ယန်ချင်းရွှမ် လည်း အတွေးများဖြင့် စိတ်ရှုပ်နေပုံပါ။ ခဏကြာမှ သူက ယန်ဝူ၊ ယန်လင်ယွဲ့၊ ယန်လင်ချင်းတို့ကို ကြည့်ရင်း ပြောပါသည် “မှန်တယ်။ ငါတို့သေနိုင်ပေမယ့် ယန်အိမ်တော်မှာ ဆက်ခံသူမရှိလို့ မဖြစ်ဘူး။ ဒီတစ်ကြိမ် ငါတို့ရှုံးသွားရင်တောင် ငါတို့ရဲ့ လူငယ်မျိုးဆက်တွေအနေနဲ့ ကျော်ကြားခြင်းမြို့ကနေ ထွက်ခွာနိုင်ရမယ်။ တစ်ချိန်ချိန်မှာ အင်အားပြန်စုနိုင်တာနဲ့ ငါတို့အတွက် လက်စားချေပေးလို့ရပြီ…” အများအားဖြင့် တည်ငြိမ်ပြီး စိတ်အေးလက်အေးရှိနေတတ်သော ယန်ချင်းရွှမ် ပင်လျှင် ဤအကြံအစည်ကို သဘောတူလိုက်သည်ဖြစ်ရာ ယန်ယွန်ထျန်းလည်း မျက်နှာတော့သိပ်မကောင်းလှပေ။

သူက ယန်အိမ်တော်၏ အဖွဲ့ဝငအားလုံးကို ကြည့်ရင်း သက်ပြင်းချပြီး ပြောလိုက်ပါတော့သည် “ဒီနတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးအတွက်နဲ့များ ငါတို့ယန်အိမ်တော်က ပိုင် ကလန်ရဲ့ လက်ထဲမှာ ရှုံးနိမ့်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ကံကောင်းစွာနဲ့ပဲ အဖေက သူထွက်မသွားခင်မှာ အဖိုးတန်ပစ္စည်းတွေအားလုံးကို ဒီသိုလှောင်အိတ်ထဲမှာ ထည့်ထားခဲ့တယ်။ ဒါနဲ့ဆိုရင် ဝူအာတို့မောင်နှမတွေအကုန်လုံး မြန်မြန်ဆန်ဆန်နဲ့တိုးတက်နိုင်လိမ့်မယ်။ ဘယ်သူသိနိုင်မှာလဲ.... နောင်ဆယ်စုနှစ်လောက်ဆို ငါတို့အတွက် လက်စားချေကောင်းချေနိုင်လိမ့်မယ်ဆိုတာ…”

အမြဲတမ်း ခေါင်းရှောင်နေတတ်သည့် ညီဖြစ်သူဟာ သေမှာကို မကြောက်ဘဲ ဦးဆောင်ပြောနေသဖြင့် ယန်ချင်းရွှမ်း သည် သူ့ပုခုံးကို ပုတ်လိုက်ရင်း သက်ပြင်းချပြီး ပြောသည် “ညီငယ်၊ ဒီလွန်ခဲ့တဲ့ နှစ်တွေမှာ ငါ မင်းကို လျှော့တွက်ခဲ့မိတယ်။ မင်းဟာ ငါ့ထက် ပိုပြီးသွေးဆူလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ငါ့အတွေးတွေက ဒီမှာပဲ သေဖို့စောင့်နေရုံအဆင့်ထိပဲ ရှိခဲ့တယ်။ အခုဆို အဖေနဲ့ ချန်အာ တို့လဲ ပျက်သုဉ်းခြင်းတောင်တန်းထဲကို ဝင်သွားကြလောက်ပြီ။ တိုက်ပွဲဖြစ်တော့မှာ သိပ်မကြာတော့ဘူး။ ဒါကြောင့် ငါတို့ မြန်မြန်ဆန်ဆန်လုပ်ရမယ်။ ဒါပေမဲ့ မင်းပြောခဲ့တဲ့အကြံအစည်ကို ငါ နည်းနည်းပြင်ဆင်ချင်တယ်…”

“ဘာလဲ…” ယန်ယွမ်ထျန်းဟာ အနည်းငယ် အံ့အားသင့်သွားသည်။ ယန်ချင်းရွှမ် က ပျက်သုဉ်းခြင်းတောင်တန်း ဆီသို့ လှမ်းမျှော်ကြည့်ရင်း ပြောလိုက်ပါသည် “ငါတို့ယန်အိမ်တော်ရဲ့ ထူးချွန်တဲ့ ပါရမီရှင်က ဝူအာ မဟုတ်ဘူး။ ချန်အာပဲ… ဒါကြောင့် ငါတို့တွေ ပျက်သုဉ်းခြင်းတောင်တန်းကို မြန်မြန်လိုက်သွားရလိမ့်မယ်။ အဓိကရည်ရွယ်ချက်က ချန်အာရဲ့ ရန်သူကို တားဆီးပြီး သူ့ကို ထွက်ပြေးခွင့်ပေးဖို့ပဲ။ ဒါဆို သူ့အနေနဲ့ ဝူအာတို့နဲ့ ပြန်ပေါင်းစည်းနိုင်ပြီ။ လုံချန်ရှိနေရင် ငါတို့အတွက် အချိန် ၅နှစ်လောက်အတွင်းမှာပဲ ပိုင် ကလန်ကိုလက်စားပြန်ချေနိုင်လိမ့်မယ်။

လုံချန်အကြောင်းကို ကြားလိုက်သည့်အခါ ယန်ယွမ်ထျန်း သည် မတတ်နိုင်စွာ သက်ပြင်းချပြီး ပြောသည် “မင်းပြောတာ မှန်တယ်ဆိုတာ ငါဝန်ခံတယ်။ သူက တကယ့်ကို ထူးချွန်တဲ့ ပါရမီရှင်ပဲ။ ဒါပေမဲ့ သူ့အနေအထားက သိပ်ကိုငယ်သေးတယ်။ ဒီလိုမဟုတ်ခဲ့ရင် ငါတို့ယန်အိမ်တော်က ရှုံးနိမ့်စရာ အကြောင်းမရှိဘူး…”

ဤအတောအတွင်း ယန်ချင်းရွှမ် ကတော့ ယန်ဝူ၊ ယန်လင်ယွဲ့၊ ယန်လင်ချင်းတို့အပါအဝင် အိမ်တော်အဖွဲ့ဝင်တွေကိုစုစည်းပြီး ကျော်ကြားခြင်းရာမြို့ကနေ ထွက်ခွာဖို့ ညွှန်ကြားချက်များ ဆက်တိုက်ပေးနေလေသည်။

တဖြည်းဖြည်း ရင့်ကျက်လာသည့် သူ့သားကို ကြည့်ရင်း ယန်ချင်းရွှမ်၏ မျက်လုံးထဲမှာ မျက်ရည်များဝဲတက်လာပြီး ယန်ဝူ၏ ပုခုံးကို ညင်သာစွာပုတ်လိုက်သည်။ စိတ်လှုပ်ရှားမှု၊ ဝမ်းနည်းမှု၊ အာမေဍိတ်သံတို့နှင့် ပြောလိုက်၏ “ဝူအာ… မင်းလဲ တဖြည်းဖြည်း အသက် ၂၀ ကျော်လာပြီ။ ဒီမိသားစုရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းရွက်ရမယ့်အချိန်ရောက်ပြီ။ ငါ့စကားကို နားထောင်ပါ။ အဖေဖြစ်သူအနေနဲ့ မင်းကို အရေးကြီးတဲ့ တာဝန်တစ်ခု အပ်နှင်းမယ်…”

ယန်ချင်းရွှမ်၏ ဆိုလိုရင်းကို မသိကြသေးလေရာ ယန်ဝူ နှင့် ကျန်လူငယ်နှစ်ယောက်စလည်း တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်နေကြသည်။ သူတို့၏မျက်နှာပေါ်ရှိ လူငယ်ဆန်ပြီး တက်ကြွနေသော စိတ်ဓာတ်ကို မြင်လိုက်သည့်အခါမှာတော့ ယန်ယွမ်ထျန်း ပင်လျှင် အလိုလိုမျက်ရည်ဝဲလာပါတော့သည်။

ယန်ချင်းရွှမ် က ဆက်ပြောခဲ့သည် “ဒီနေ့ မင်းတို့သုံးယောက်စလုံး အရေးကြီးတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်ရမယ်။ တစ်ခုခု မတော်တဆဖြစ်သွားရင် မင်းတို့ရဲ့ ဦးခေါင်းတွေကို ငါ့ဆီ ပြန်ယူလာရမယ်။ ဒီအရေးကြီးတဲ့ တာဝန်ကတော့ ငါတို့ယန်အိမ်တော်ရဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေကို ဘေးကင်းတဲ့နေရာပို့ပေးရမယ်ဆိုတာပဲ…”

ဤအချိန်တွင် လုံချန် နှင့် ယန်ဘိုးဘေးတို့ဟာ သက်တံ့ရောင်စုံအလင်းတန်း ထွက်ပေါ်လာသည့်လမ်းကြောင်းအတိုင်း ဆက်လိုက်သွားကြသည်။ မကြာခင်မှာပဲ သူတို့ဟာ ပျက်သုဉ်းခြင်းတောင်တန်းထဲသို့ အပြေးအလွှား ဝင်ရောက်လာခဲ့ကြသည်။ ထို့နောက် အချိန်မဆိုင်းဘဲ ချိုင့်ဝှမ်းဆီသို့ ဦးတည်သွားကြသည်။

သူတို့ သွားနေစဉ်အတွင်း ယန်ချင်းရွှမ် နှင့် ယန်ယွမ်ထျန်းတို့၏ အစီအစဉ်ကိုမသိခဲ့ကြပေ။ သို့သော် သူတို့သိခဲ့လျှင်ပင် ထိုညီအစ်ကိုနှစ်ယောက်၏လုပ်ရပ်ကို ကန့်ကွက်ကြမှာမဟုတ်ပေ။

ယန်ဘိုးဘေးက ရုတ်တရက်သတိပေးခဲ့သည် “ချန်အာ၊ ခဏကြာရင် ငါတို့တွေ အခြေအနေအရ ဆောင်ရွက်ရမယ်။ အလျင်စလို မလုပ်မိဖို့ သတိထားပါ။ အလျင်စလိုလုပ်မိရင် မင်းကိုယ်မင်း ထိခိုက်ရုံတင်မကဘူး၊ မင်းရဲ့အမေကိုပါ ထိခိုက်စေနိုင်တယ်…”

လုံချန်က ခေါင်းညိတ်လိုက်ပြီး ပြန်ပြောသည် “အဘိုး... စိတ်ချပါ။ ငါ ကိုယ့်ကန့်သတ်ချက်ကို သိပါတယ်…” စကားပြန်ပြောနေရင်း လုံချန်သည် သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်လိုက်သည်။

ယန်ဘိုးဘေး သည် လုံချန်၏စိတ်အခြေအနေတည်ငြိမ်လာမှန်း သတိထားမိသောအခါ အနည်းငယ်စိတ်သက်သာရာရာသွားသည်။ သို့သော် လုံချန်၏ စကားထဲမှ ပြင်းထန်လှသောလူသတ်ချင်စိတ်ကိုတော့ သတိမပြုမိလိုက်ပေ။

မည်သို့ပင်ဖြစ်စေကာမူ ဤမြေးဖြစ်သူကို ကြည့်ရင်း ယန်အိမ်တော်၏ တည်ထောင်သူဟာ အလွန်ကျေနပ်သွားခဲ့မိသည်။အကယ်၍ နှစ်ယောက်စလုံး တစ်ဖက်သူ၏ထောင်ချောက်ထဲ ပြုတ်ကျသွားလျှင်ပင် သူ့ကိုယ်သူစတေးပြီး လုံချန်ကို လွတ်မြောက်အောင်လုပ်ပေးရန်ပါ ဆုံးဖြတ်ထား၏။

အချိန်တော်တော်ကြာပြီးသည့်နောက်မှာ သူတို့နှစ်ယောက်လည်း ချိုင့်ဝှမ်းဆီသို့ ရောက်ရှိလာကြသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် လုံချန် သည် သက်တံ့ရောင်စုံအလင်းတန်းများ ထုတ်လွှတ်နေသော နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်ပင်ကို တွေ့လိုက်ရသည်။ သက်တံ့ရောင်စုံအလင်းတန်းတွေဟာ မတူညီသည့်နေရာအသီးသီးကနေ ထွက်ပေါ်လာတာပါ။ ထို့အတူ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး ၃ လုံးကိုပါမြင်နိုင်လေသည်။

“အခုအချိန်က နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးတွေ ရင့်မှည့်ဖို့အချိန်တန်နေပြီ။ လုံးလုံးရင့်မှည့်သွားတဲ့အခါကျရင် သစ်ပင်တစ်ပင်လုံးက ညှိုးနွမ်းပြီး သေသလွားလိမ့်မယ်။ သေချာကြည့်လိုက်ရင် သစ်ပင်ရဲ့ ပင်စည်က စပြီးခြောက်သွေ့လာနေတာနြင်လိမ့်မယ်” ရုတ်တရက်ဆိုသလို လင်းရှီ ထံမှ စိတ်လှုပ်ရှားနေသံ ထွက်ပေါ်လာပါသည်။

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

..(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - ညီညီစိုး

(စာစဉ် ၄ ) အပိုင်း ၅၃

လုံချန် သည် နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်ပင်၏နောက်၌ ယန်ရွဲ့ချင်အားဖမ်းဆီးချုပ်နှောင်ထားတာကို လှမ်းမြင်နေရသည်။ သူမ၏ခေါင်းထက်ရှိဆံပင်ရှည်များပင် ဖရိုဖရဲဖြစ်နေပြီး ကျောက်ဂူ နံရံကို မှီလျက် ချုပ်နှောင်ခံထားရသည်။ ထို့အပြင် ပတ်ပတ်လည်၌လည်း စွမ်းအင်စက်ကွင်းတစ်ခုရှိနေလေသည်။ ၎င်းက အစီအရင်ဖြစ်ကာ ယန်ရွဲ့ချင်ကို ပိတ်လှောင်ထားတာဖြစ်၏။

သို့သော် ကံကောင်းစွာပဲ ယန်ရွဲ့ချင် ဟာ ဘာဒဏ်ရာမှမရခဲ့ပေ။ လုံချန် နှင့် ယန်အိမ်​တော်၏တည်ထောင်သူဘိုးဘေးတို့အား မြင်လိုက်ချိန်မှာ ယန်ရွဲ့ချင်၏မျက်နှာပေါ်ကနေ မျက်ရည်များစီးကျလာတော့သည်။

အခြားတစ်ဖက်မှာ ပိုင်ညီအစ်ကိုနှစ်ယောက်ကတော့ အဆိုပါမြင်ကွင်းကို သဘောကျစွာ ပြုံးလိုက်ကြသည်။ သူတို့အနေဖြင့် ယန်အိမ်တော် သို့မဟုတ် လုံချန် အပေါ် ထားရှိသော မုန်းတီးမှုဟာလုံးဝကိုကြီးမားလွန်းပါသည်။ သူတို့စိတ်ထဲ၌ ယန်နေ့မည်သို့ပင်ဖြစ်စေ လုံချန် ဟာ သေကိုသေရပါမည်။ နောက်ဆုံးတစ်ကြိမ်က ယန်အိမ်တော်ကို ကြိုတင်ကြံစည်ထားသည့် သူတို့၏အကြံအစည်တွေဟာ လုံချန်ကြောင့် ပျက်စီးခဲ့ရသည်မဟုတ်ပါလား။ ဤအချိန်မှာတော့ ပိုင် ကလန်အနေဖြင့် ယန်အိမ်တော်ကို အမြစ်ဖြတ်သုတ်သင်ကာ ကျော်ကြားခြင်းမြို့အား အုပ်စိုးရန်ရည်ရွယ်ထားခဲ့ကြသည်။ သို့ဖြစ်ရာ နတ်ဝိညာဉ်သစ်ပင်အကြောင်းကို သတင်းရသည့်အချိန်ကတည်းကပင် ပိုင် ကလန်သည် ကြိုတင်ပြင်မှု​များ လုပ်ထားခဲ့ကြသည်။

“ဒီလောက် ပြင်ဆင်ထားတာတောင်မှ မင်းတို့ကို မသတ်နိုင်သေးဘူးဆိုရင် ငါ ပိုင်ရှန်း ဒီနှစ်တွေမှာ အလဟဿအသက်ရှင်ခဲ့တာလို့ပဲမှတ်ယူလိုက်မယ်။နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးတွေက မျှော်လင့်ထားတာထက်ပိုစောပြီး ရင့်မှည့်လာခဲ့တာဆိုပေမယ့်ဒီနေရာဟာ မင်းတို့နှစ်ယောက်ရဲ့သင်္ချိုင်းဖြစ်စေရမယ်…”

လုံချန်နှင့် ယန်ဘိုးဘေးကြီးတို့ ရောက်လာသည့်အခါ အဘိုးအိုပိုင်ရှန်း သည် သူ့နောက်ကို လက်ဟန်ပြလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်ပါသည် “ငါတို့ညီအစ်ကိုတွေ ဒီအမှိုက်နှစ်ကောင်ကို အရင်ဆုံးသွားသတ်ရအောင်…”

တစ်ချိန်တည်းမှာပင် ပိုင်ရှန်း နှင့် ပိုင်လီတို့သည် တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ပြီး ရှေ့သို့ ပြေးတက်လာကြသည်။

“လုံချန်၊ ငါတို့ရဲ့ အဆင့်ဆင့်ပြင်ဆင်မှုတွေနဲ့ဆိုရင် မင်းကို သတ်လို့မရမှာကို ငါမယုံဘူး။ ရှောင်အာ… ယွမ်အာ… အဖေက ဒီနေ့ မင်းတို့အတွက် လက်စားချေပေးမယ်။ ရှီချန်၊ ရှီချီး… ဒီအဘိုးက မင်းတို့အတွက်လည်းလက်စားချေပေးမယ်…။တကယ်တော့ ဒီလောက်လဲပြင်ဆင်စရာ မလိုပါဘူး။ ငါတို့ညီအစ်ကိုနှစ်ယောက်တည်းနဲ့တင် မင်းတို့နှစ်ယောက်ကို ကိုင်တွယ်နိုင်တယ်။ ဒါပေမဲ့ ငါ့စိတ်ထဲက ဒီမုန်းတီးမှုက နည်းနည်းလေးပဲဆိုရင်တောင်ဘယ်လိုအမှားမျိုးမှ အဖြစ်မခံနိုင်ဘူး...

ဒီနေ့ ယန်ကန်းချောင် နဲ့လုံချန် မင်းတို့နှစ်ယောက်စလုံးသေရမယ်… ငရဲကိုသွားကြစမ်း....”

.......

ဤအခိုက်အတန့်သည် ဆောင်းဦးပေါက်ခါစ ရာသီဖြစ်သော်လည်း နေရောင်ဟာ ခြစ်ခြစ်တောက် ပူပြင်းနေဆဲဖြစ်သည်။ ကျော်ကြားခြင်းမြို့၏ အရှေ့တောင်ဖက်ခြမ်းရှိ တောအုပ်တစ်ခုထဲမှာတော့ လူအုပ်တစ်စုဟာ သတိအပြည့်ဖြင့် သွားလာနေခဲ့ကြသည်။ လူအရေအတွက် သိပ်မများသော်လည်း မြင်းလှည်းတချို့အပြင် အထုပ်အပိုးတွေပါ တင်ဆောင်လာကြသည်။ ကြည့်ရသည်မှာ အရေးတကြီးကိစ္စတစ်ခုကြောင့် တိတ်တဆိတ်ထွက်ခွာလာကြပုံရသည်။ အကြောင်းမှာ လူတိုင်း၏မျက်နှာများ ဖြူဖျော့လျက် တစ်စုံတစ်ခုကိုစိုးရိမ်ပူပန်နေဟန်များရှိနေလို့ပင်။

“အမေ… ဘာလို့ မြို့ထဲကနေ ထွက်သွားရမှာလဲ…အဖွားအိမ်ကို သွားချင်ဘူး...အီး...ဟီး...ဟီး…” ကလေးငိုသံများလည်း ဆူညံပွက်လောရိုက်နေပေသည်။

ဤအချိန်တွင် လူအုပ်သည် ရပ်တန့်လိုက်ပြီး ရှေ့ဆုံးက ဦးဆောင်သွားနေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ယောက်ဟာ နောက်လှည့်လာသည်။ သူတို့ကား ယန်ချင်းရွှမ် နှင့် ယန်ယွမ်ထျန်းတို့ပင်။သူတို့နောက်မှာတော့ ယန်ဝူ၊ ယန်လင်ယွဲ့၊ ယန်လင်ချင်းတို့ သုံးယောက်ရှိနေခဲ့၏။ သူတို့အားလုံး ကျော်ကြားခြင်းကနေ ထွက်ခွာလာကြတာဖြစ်သည်။

ယန်ချင်းရွှမ်နှင့် ယန်ယွမ်ထျန်းတို့နှစ်ယောက်လည်း လူငယ်သုံးယောက်ကို ကြည့်ရင်း ယန်ချင်းရွှမ်က အံကြိတ်လျက် ပြောသည် “မင်းတို့သုံးယောက် နားထောင်ကြစမ်း။ ငါတို့ယန်အိမ်တော်ရဲ့ သွေး၊မျိုးဆက်တွေကို မကာကွယ်နိုင်ခဲ့ရင် ငါ တစ္ဆေဖြစ်သွားရင်တောင်မှ မင်းတို့ကို ခွင့်မလွှတ်ဘူး…”

ယန်ဝူကတော့ အဆင်ပြေပါသည်။ သို့သော်လည်း မိန်းမငယ်လေးနှစ်ယောက်ကတော့ တိတ်ဆိတ်စွာ ငိုနေကြသည်။ နှစ်ယောက်စလုံးက သွေးနီရဲနေသည့်မျက်လုံးတွေဖြင့် အဖေဖြစ်သူအား ကြည့်နေလေသည်။ သူတို့ပြောခဲ့သော စကားအသွားအလာအရ ယန်ချင်းရွှမ်နှင့် ယန်ယွမ်ထျန်းတို့နှစ်ယောက်လည်း အသက်ရှင်ရန်အလားအလာ မရှိနိုင်မှန်း သိသာပါသည်။ တစ်နည်းအားဖြင့်တော့ ယန်အိမ်တော်၏ အနာဂတ်နှင့် ဆက်လက်ရှင်သန်နိုင်ရေးဟာ သူတို့ပုခုံးပေါ်၌ မူတည်နေခဲ့ပြီဖြစ်သည်။ ရှေ့ဆက်ရမည့်အခြေအနေကို တွေးမိကြရာ အားလုံး ဝမ်းနည်းကြေကွဲသွားကြသည်။ သူတို့ငယ်စဉ်ကတည်းက အပူအပင်ကင်းမဲ့စွာနေလာခဲ့ကြလေသည်။ ယခုအခါမှာ​တော့ မမျှော်လင့်ထားဘဲ ကပ်ဘေးနှင့်ရင်ဆိုင်နေရလေသည်။

ယခုတော့ သူတို့လိုလူငယ်သုံးယောက်ဟာ ယန်အိမ်တော်၏ အဖွဲ့ဝင်အားလုံးကို ဦးဆောင်ကာ ဘေးလွတ်ရာသို့ ထွက်ခွာရပေတော့မည်။ ယန်အိမ်တော်၏ အခြားပညာရှင်များကတော့ သူတို့ကိုယ်စား ရန်သူအင်အားစုကို တိုက်ခိုက်ရင်း ကျန်နေခဲ့ကြသည်။ အဆုံးသတ်မှာတော့ ပြန်လာနိုင်ပါ့မလား ဘယ်သူမှမသိကြပေ။

အမှန်တကယ်တော့ ဤလူငယ်မျိုးဆက်များအနေဖြင့် ယခုလိုမျိုး ဆိုးရွားပြင်းထန်သော သေကွဲရှင်ကွဲအခြေအနေကို မည်သို့မျှ ခံနိုင်ရည်ရှိမှာမဟုတ်ပေ။

ယန်ချင်းရွှမ်ကလည်း ဤအချက်ကို ကောင်းကောင်းသိနေသည်။ သို့သော် အပြင်ထုတ်မပြောပေ။ အကြောင်းမှာ ယန်အိမ်တော်၏အဖွဲ့ဝင်အတော်များများလည်း အခြေအနေအရပ်ရပ်ကို ကြိုသိထားလို့ပါ။ မလွှဲမရှောင်သာသည့် အကျိုးဆက်ကို တွေးမိလိုက်ချိန်မှာ အများစုဟာ ငိုကြွေးလာကြသည်။

“တိတ်စမ်း....ဘာကိစ္စ ငိုနေကြတာလဲ… ထပ်ငိုရင် သတ်ပစ်မယ်…” ဤအချိန်တွင် ယန်ယွမ်ထျန်းက လူအုပ်အား ဆက်ပြီးစိတ်ဓာတ်မကျစေရန် ဒေါသထွက်ဟန်​ဆောင်ကာ အော်ဟစ်ကြိမ်းမောင်းလေသည်။

ယန်းယွမ်ထျန်း၏ခွန်အားက အိမ်တော်အတွင်း အရမ်း​ကြီးသန်မာမနေပါ။ သို့သော်လည်း ပင်မအဖွဲ့ဝင်ဖြစ်နေသည့်အတွက် သူ၏ သြဇာအာဏာဿတော့ ပြင်းထန်လှသည်။ ယန်အိမ်တော်၏အဖွဲ့ဝင်တွေအားလုံးဟာ သူ့ကို ကြောက်ရွံ့ကြသည်။ သူဒေါသထွက်နေ​မှန်း မြင်လိုက်သည့်အခါ လူတိုင်း ငိုကြွေးနေရာမှရပ်တန့်သွားသည်။ မည်သို့ပင်ဖြစ်စေကာမူ ယခုတစ်ကြိမ်မှာ ယန်အိမ်တော် ဆက်ပြီးတည်ရှိနိုင်မှာမဟုတ်မှန်းတော့ အားလုံးကသိနေကြသည်။ ကျော်ကြားခြင်းမြို့၏ နံပါတ်တစ် ပိုင် ကလန်နှင့် ယှဉ်ပါက လက်ရှိယန်အိမ်တော်ဟာ အနည်းငယ် နိမ့်ကျနေဆဲပင်။ လူအုပ် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ယန်းချင်ရွှမ်က အေးစက်စက်ပြောသည် အေးဆေးစွာ “အများကြီး လိုက်တွေးမနေနဲ့။ မင်းတို့အားလုံးကို မြို့ကနေ ရွှေ့ပြောင်းတာက လက်တလောဘေးကင်းအောင်ထားဖို့ပဲ။ ဒီလိုလုပ်ပြီးတာနဲ့ ငါတို့တွေက တိုက်ပွဲမှာ စိတ်အေးလက်အေးတိုက်ခိုက်နိုင်ပြီလေ။ ယန်အိမ်တော်က ရှုံးသွားလိမ့်မယ်လို့လဲ တစ်ထစ်ချမှတ်ယူလို့မရသေးပါဘူး။ ငါတို့က ဒီလိုခွေးရူးတွေကို အနိုင်ယူပြီးတဲ့အခါကျရင် မင်းတို့အားလုံးကို သေချာပေါက်ပြန်ခေါ်မယ်။ ဒီတစ်ကြိမ်မှာ ယန်အိမ်တော်ရဲ့လူတိုင်းက ယန်ဝူနဲ့ ကျန်တဲ့လူငယ်နှစ်ယောက် ဆီက အမိန့်ကို နာခံကြရမယ်။ တစ်ယောက်ယောက်က အမိန့်မနာခံဘဲ နေရာရွှေ့ပြောင်းတာကို အနှောင့်အယှက်ပေးမယ်ဆိုရင် ငါ ယန်ချင်းရွှမ်က မျက်နှာသာမပေးဘူးလို့ အပြစ်မတင်ကြနဲ့။ ကောင်းပြီ၊ ငါ စကားတွေအများကြီးထပ်မပြောတော့ဘူး။ ညီငယ်… ငါတို့လဲသွားရအောင်…”

တာဝန်ကို လူငယ်ခေါင်းဆောင် ၃ ယောက်ထံ လွှဲအပ်ပြီးသည်နှင့် ယန်ချင်းရွှမ် သည် ယန်ဝူတို့လူငယ်အဖွဲ့အား ကြည့်ရင်း ခေါင်းညိတ်ပြီး ညင်သာစွာ ပြောခဲ့သာ် “ဝူအာ… ယွဲ့အာ… ချင်အာ… ငါတို့ယန်အိမ်တော်ရဲ့ အနာဂတ်ဟာ မင်းတို့သုံးယောက်ပေါ်မှာ မူတည်နေတယ်။ မင်းတို့ဟာ အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မယ်လို့ ငါယုံကြည်တယ်။ ဘာလို့ဆို မင်းတို့က ငါတို့ယန်အိမ်တော်ရဲ့ အားအထားရဆုံးလူငယ်မျိုးဆက်တွေဖြစ်နေလို့ပဲ။ မင်းတို့မှတ်ထားရမှာ ယန်အိမ်တော်ရဲ့ လူငယ်မျိုးဆက်ထဲမှာ ကြောက်တတ်တဲ့သူမရှိဘူးဆိုတာပဲ…”

ယန်ဝူ သည် သူ၏မျက်နှာပေါ်စီးကျလာသည့် မျက်ရည်ကို ထိန်းထားရင်း ခေါင်းညိတ်ပြီး ပြောပါသည် “အဖေ… စိတ်မပူပါနဲ့။ ငါ့ရဲ့အသက်ကို စွန့်လွှတ်ရရင်တောင် ဒီအရာကို ကောင်းကောင်းကိုင်တွယ်ပါ့မယ်။ ဒါပေမဲ့ အဖေက ငါ့ကို ကတိပေးရမယ်။ ဘာအထိအခိုက်မှမရှိဘဲ အန္တရာယ်ကင်းကင်းနဲ့ ပြန်လာမယ်ဆိုတဲ့ ကတိပဲ။ ဟုတ်တယ်… အဖေ… အဖေမရှိရင် သမီးလဲမနေနိုင်ဘူး…” ယန်လင်ယွဲ့၏မျက်နှာလှလှလေးဟာ သွေးဆုတ်ဖြူလျော်နေပါသည်။ ယန်လင်ချင်းကလည်း အဖေဖြစ်သူ ယန်ယွမ်ထျန်းကို ကြည့်ပြီးနောက် ဦးရီးတော်ယန်ချင်းရွှမ် ကြည့်လိုက်သည်။ အမှန်တကယ်တော့ သူမလည်း ဝမ်းနည်းနေပေသည်။ သို့သော်လည်း စိတ်ထဲ၌ ပြင်းထန်သော ယုံကြည်မှုတစ်ခု ရှိနေပါသည်။ သူမ၏နှလုံးသားထဲကနေပင် အယုံကြည်ရဆုံးသူတစ်ယောက်ရှိနေလို့ပါ။ ၎င်းက လုံချန် ပင်ဖြစ်သည်။ ဖြစ်နိုင်ချေနည်းသည့် ယုံကြည်မှုလေးတစ်ခုသာဖြစ်သည့်တိုင်အောင် ၎င်းကို လက်မလွှတ်ဘဲ ဆုပ်ကိုင်ထားမိသည်။ လုံချန် သည် ယန်အိမ်တော်ကို အံ့အားသင့်စရာအများအပြား အကြိမ်ကြိမ်ပေးခဲ့ဖူးသည်မဟုတ်ပါလား။ မဖြစ်နိုင်သောအရာများစွာပင် သူလုပ်ပြခဲ့၏။ ဤအချိန်တွင် ယန်ချင်းရွှမ်တို့လည်း မထွက်ခွာခင် စကားထပ်ပြောလိုက်သည် “လုံချန် ပြန်လာနိုင်ခဲ့ရင် အနာဂတ်မှာ အားလုံးကို သူပဲ ဆုံးဖြတ်ရလိမ့်မယ်။ ဒါပေမဲ့ သူက အလျင်စလိုလုပ်နေတယ်ဆိုရင် မင်းတို့သေရမယ်ဆိုရင်တောင် သူ့ကို တားဆီးရမယ်…” စကားပြောပြီး သည်နှင့် နှစ်ယောက်သား လူတိုင်း၏မြင်ကွင်းထဲကနေ လျင်မြန်စွာ ပျောက်ကွယ်သွားကြတော့သည်။

###Translated By Nyinyisoe

..(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - ညီညီစိုး

(စာစဉ် ၄ ) အပိုင်း ၅၄

ယန်ဝူ၊ ယန်လင်ယွဲ့၊ ယန်လင်ချင်းတို့သုံးယောက်လည်း တစ်ယောက်ကိုတစ်ယောက် ခါးသီးသော မျက်နှာအမူအရာများဖြင့် ကြည့်နေကြရင်း နှလုံးသားထဲမှာတော့ ကြောက်ရွံ့မှုကိုယ်စီ ခံစားနေရလေသည်။

“သွားရအောင်… ငါတို့တွေ ဆက်ပြီးရှင်သန်နေရမယ်…”ယန်ဝူ၏ မျက်လုံးတွေထဲမှာ တုန်လှုပ်မှုအချို့ရှိနေသည့်တိုင်အောင် အံကြိတ်ရင်း လူအုပ်ကိုဦးဆောင်ကာ ရှေ့ဆက်သွားရန်ညွှန်ကြားလိုက်ပါသည်။ ယန်လင်ယွဲ့နှင့် ယန်လင်ချင်း တို့ မိန်းမပျိုလေးနှစ်ယောက်ဟာ နာကျင်မှု၊စိတ်ပျက်အားငယ်မှုတို့ရှိနေသော်လည်း နှစ်ယောက်စလုံး အားတင်းထားခဲ့ကြသည်။

“ကောင်းကင်ဘုံရေ.....၊ ကျေးဇူးပြုပြီး ငါတို့ယန်အိမ်တော်ကို ကောင်းချီးပေးပါ။ ငါ့အဘိုးကို ကောင်းချီးပေးပါ… ငါ့အဖေနဲ့ ဦးရီးတော်တို့ ဘာမှမဖြစ်ပါစေနဲ့။ ငါတို့ယန်အိမ်တော်ရဲ့ အရှားပါးဆုံးပါရမီရှင်ကို ချီးမြှောက်ပေးပါ…” လူတိုင်းဟာ စိတ်ထဲ၌ အဆက်မပြတ်ဆုတောင်းနေကြပေသည်။တစ်ချိန်တည်းမှာပဲ လူငယ်သုံးယောက်၏ လမ်းညွှန်မှုအောက်မှာပင် လူအုပ်ကြီးဟာ စနစ်တကျ ရွှေ့လျားနေကြသည်။ သို့သော်လည်း ဤအချိန်တွင် သူတို့အထက်ရှိ သစ်ပင်များကြားကနေ အနက်ရောင်ဝတ်စုံဝတ် ပုံရိပ်နှစ်ခု ရုတ်တရက်ခုန်ဆင်းလာခဲ့သည်။ ၎င်းတို့က တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်ရင်း ပြုံးပြလိုက်ကြသည်။

“ယန်အိမ်တော်က ဒီလူငယ်မျိုးဆက်တွေကို ထွက်ပြေးခွင့်ပေးလိုက်တာလား။ ပိုင် ကလန် က ငါတို့ညီအစ်ကိုတွေကို မြို့ရဲ့အခြေအနေတွေ စောင့်ကြည့်ဖို့ မှာထားခဲ့တာမဟုတ်လား။ သူတို့က ဒီမှာရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး။ သွားရအောင်… ငါတို့က ဒီအကြောင်းကို ကျန်တဲ့သူတွေကို အသိပေးရလိမ့်မယ်။ ဒါမှပဲ ပိုင်ကျန်းလုံ တို့အဖွဲ့ ရောက်လာတဲ့အခါကျ ယန်အိမ်တော်ရဲ့ လက်ကျန်အဖွဲ့သားတွေကို အကုန်ရှင်းပစ်နိုင်မှာ…”

.........

ယန်ရွဲ့ချင်၏ အခြေအနေကို မြင်လိုက်ချိန်တွင် လုံချန် သည် ချက်ချင်း ဒေါသထွက်သွား၏။ သို့ရာတွင် သူ၏ဒေါသကို အတတ်နိုင်ဆုံး ပြန်ပြီးထိန်းထားလိုက်သည်။ ထိုမှသာ သူ့ခွန်အားကို အပြည့်အဝထုတ်ဖော်နိုင်မည်မဟုတ်ပါလား။

ဤအချိန်တွင် နှစ်ဖွဲ့စလုံး တဖြည်းဖြည်းနီးကပ်လာကြသည်။ သိပ်မကြာလိုက်ဘဲ ပိုင် ကလန်၏အဘိုးကြီးနှစ်ယောက်ဟာ လုံချန်တို့ရှေ့သို့ ရောက်လာကြတော့သည်။

“ချန်အာ… သူတို့က ဘာလို့ ယန်ရွဲ့ချင်ကို မသတ်ဘဲ ဖမ်းထားသေးတာလဲ။ ဒါ့အပြင် ငါတို့နှစ်ယောက်ကို ခြိမ်းခြောက်ဖို့ အသုံးချဖို့ရည်ရွယ်ချက်တောင် ရှိပုံမပေါ်ဘူး။ မင်းဘယ်လိုထင်လဲ…” ယန်ဘိုးဘေးက တီးတိုးမေးလိုက်သည်။ လုံချန် လည်း ဤအချက်ကို ချက်ချင်းတွေးမိခဲ့သည်။ မကြာခင်မှာပဲ သူ့စိတ်ထဲမှာ အဖြေတချို့ ပေါ်လာလေသည်။ သူက ပြန်ပြောလိုက်၏ “ငါခန့်မှန်းတာမှန်ရင် ဒီလူအိုကြီးနှစ်ယောက်က သူတို့ရဲ့ ခွန်အားကို လုံးဝယုံကြည်နေတာပဲ။ မမျှော်လင့်ဘဲ သူတို့ရှုံးသွားရင်တော့ ငါတို့ကိုခြိမ်းခြောက်ဖို့ ငါ့အမေကိုအသုံးချကြလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒီအထိတောင်ရောက်လာမှတော့ သူတို့ရဲ့အကြံအစည်တွေကို သေချာပေါက်ဖျက်ဆီးပစ်ရမယ်…”

“ချန်အာ… ပိုင်လီကို ရင်ဆိုင်ဖို့ မင်းဘယ်လောက်ယုံကြည်မှုရှိလဲ…” ယန်ဘိုးဘေးက တိုက်ခိုက်ခါနီးထပ်မေး၏။

လုံချန် သည် အဘိုးကြီးပိုင်လီ၏ ရှင်းလင်းတောက်ပလျက်ရှိနေသောမျက်လုံးတွေကို မြင်လိုက်ရာ အနည်းငယ်တော့တုန်လှုပ်မိသည်။ အကြောင်းမှာ ၎င်းက မရေမတွက်နိုင်သော တိုက်ခိုက်မှု၊သတ်ဖြတ်မှုများစွာကို ကျော်ဖြတ်ထားခဲ့မှန်းသိသာစေလို့ပါ။ သို့သော် လုံချန် သည် ရုတ်တရက်ဆိုသလိုပဲ အဘိုးကြီးပိုင်လီ ထံ တဟုန်ထိုး ပြေးဝင်သွားသည်။

လုံချန်က ပထမဆုံး တိုက်ခိုက်လာသည်ကို မြင်သောအခါ နဂိုကတည်းက တင်းမာနေသော အငွေ့အသက်သည် ပေါက်ကွဲထွက်လာတော့သည်။ လုံချန် ထံမှ ပြင်းထန်သောဖိအားတစ်ခု ထွက်ပေါ်လာပြီး အဘိုးကြီးပိုင်လီ ကို နောက်ပြန်တွန်းထုတ်လိုက်သည်။ ဤအချိန်တွင် ယန်အိမ်တော်၏ တည်ထောင်သူနှင့် ပိုင် ကလန်ခေါင်းဆောင်ပိုင်ရှန်း တို့လည်း တရကြမ်းတိုက်ခိုက်ကြတော့သည်။ အတိတ်တစ်ချိန်က ရင်းနှီးသော ညီအစ်ကိုများဖြစ်ခဲ့ကြသည်။ ယခုအခါမှာတော့ သေခြင်းရှင်ခြင်းရန်သူများအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

လုံချန် သည် အဘိုးကြီးပိုင်လီနှင့် ပထမဆုံးတိုက်ကွက် ဖလှယ်ပြီးသည်နှင့် တစ်ဖက်လူဟာ သူထင်ထားသည်ထက် ပိုသန်မာနေကြောင်းသိရှိလိုက်သည်။ ထို့အတူ သူသည် နောက်သို့ ဆက်တိုက်ဆိုသလိုပြန်ဆုတ်လာရသည်။

ပထမဆုံးအကြိမ်တိုက်ခိုက်မှုမှာတော့ လုံချန် သည် သိသိသာသာကို အရေးနိမ့်ခဲ့သည်။ အဘိုးကြီးပိုင်လီ လည်း ခဏတာ အံ့အားသင့်သွားပြီးနောက် ရယ်မောကာ ပြောသည် “ဒီလောက်အဆင့်နဲ့တင် မင်းကိုယ်မင်း ငါနဲ့ အဆင့်တူတယ်လို့ ထင်နေတာလား။ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ။ မင်းက ယန်အိမ်တော်ရဲ့ ရှားပါးပါရမီရှင်ပေါ့လေ။ ကောင်းပြီ၊ ဒီနေ့တော့ ငါကိုယ်တိုင် သုတ်သင်ပေးရတာပေါ့”

ယန်ဘိုးဘေးသည် လုံချန် နှင့် အဘိုးကြီးပိုင်လီ တို့ကြားက တိုက်ပွဲကို မြင်ပြီးနောက် သူ့စိတ်ထဲ၌ စိတ်ပျက်အားငယ်မှုတချို့ ပေါ်လာခဲ့သည်။

ဤအချိန်တွင် လုံချန် သည် ခေါင်းမော့လာပြီး အနည်းငယ် ပြုံးလိုက်၏။

“မင်းက သာမန်တိုက်ခိုက်မှုလေးကို အနိုင်ရရုံပဲလေ။ ဘာကို ဒီလောက်မောက်မာနေတာလဲ။ ကြည့်ရတာ ပိုင် ကလန်က သာမန်အဆင့်လောက်ပဲ ရှိပုံရတယ်။ ဒါဆိုရင်တော့ ဒီနေ့ ဘယ်သူ့ခေါင်းဖြတ်ခံရမလဲ ကြည့်ရတာပေါ့…”

စကားပြောပြီးသည်နှင့် လုံချန် သည် နဂါးဝိညာဉ်အသွင်ပြောင်းလဲခြင်းကို ထုတ်သုံးလိုက်တော့သည်။ လုံချန်၏ ခန္ဓာကိုယ်ပေါ်မှာ သွေးနီရောင်အကြေးခွံများ ချက်ချင်းဖုံးအုပ်သွားသည်။ ရုတ်တရက် အသွင်ပြောင်းလဲသွားသည့် မြင်ကွင်းကြောင့် ပိုင်ရှန်းဟာ ယခင်က သူ၏သားဖြစ်သူ သေဆုံးခဲ့ရသော အဖြစ်အပျက်အား ပြန်သတိရသွားခဲ့တော့သည်။ ထို့အတူ သူ့ရင်ထဲမှာ ဒေါသတွေ တလိပ်လိပ်တက်လာလေသည်။ သူ့ညီ ပိုင်လီကို စူစိုက်ကြည့်ပြီး “ညီငယ်… ဒီတစ်ကြိမ် ငါ့သားအတွက် လက်စားချေပေးဖို့ မမေ့နဲ့…” ဟုပြောလိုက်သည်။

အဘိုးကြီးပိုင်လီ သည်လည်း တစ်ကိုယ်လုံး သွေးနီရောင်ဆူးချွန်များဖုံးလွှမ်းထားသည့် လုံချန်ကိုမြင်သောအခါ ခဏတာ အံ့အားသင့်သွား၏။ ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းကို လျှာနဲ့သပ်ရင်း ပြန်ပြောသည်“ဒါဆို မင်းက တကယ် စစ်မှန်တဲ့ သားရဲကျင့်ကြံသူပေါ့။ ဒါပေမဲ့ အသန်မာဆုံး သားရဲကျင့်ကြံသူတောင်မှ အဆင့်ကြီးတစ်ဆင့်ကိုပဲ ကျော်တိုက်နိုင်တယ်။ ငါက နဂါးသွေးကြောနယ်ပယ်အဆင့် ၉ ကို ဖြတ်ကျော်ဖို့နီးကပ်နေပြီ။ မင်းလို လူတစ်ယောက်က အဲဒီအဆင့်ကို ဘယ်လိုနားလည်နိုင်မှာလဲ။ စိတ်မပူပါနဲ့ အစ်ကိုကြီး… ဒီကောင်လေးက ငါ့အတွက် လွယ်ကူတဲ့ ကစားစရာတစ်ခုခုသာသာပါပဲ။ သူ့မှာ သားရဲကျင့်ကြံသူတစ်ယောက်ရဲ့ ခွန်အားရှိနေရင်တောင်မှ အရမ်းကြီးမသန်မာသေးဘူး။ ပြီးတော့ သူပြောင်းလဲထားတဲ့ နတ်ဆိုးသားရဲကလည်း ဘယ်လိုသတ္တဝါမှန်းတောင်မသိနိုင်ဘူး။ စစ်မှန်တဲ့ သားရဲကျင့်ကြံသူနဲ့တောင် မယှဉ်နိုင်တဲ့ သူက ငါ ပိုင်လီကို ဘယ်လိုလုပ် ခြိမ်းခြောက်နိုင်မှာလဲ…”

အဘိုးကြီးပိုင်လီ သည် လုံချန်၏ သားရဲဝိညာဉ်အသွင်ပြောင်းလဲခြင်း နှင့်ပတ်သက်၍ သံသယတချို့ရှိနေသည့်တိုင် သိပ်ပြီးအာရုံမစိုက်တော့ပေ။

သူက အေးစက်စွာ ပြုံးရင်း ခြေတစ်ချက်​ဆောင့်ချလိုက်သည်။ ချက်ချင်းပင် ပတ်ဝန်းကျင်လေထုကနေ လေပြင်းလှိုင်းတစ်ခုရိုက်ခတ်လျက် အဝါရောင်လေဝဲကတော့တစ်ခုဖြစ်ပေါ်လာတော့သည်။ ထို့နောက် တဖြည်းဖြည်းကျယ်ပြန့်လျက် အဝါရောင်မြစ်တစ်စင်းသဖွယ်ပြောင်းလဲကာ လုံချန်၏ ရှေ့တည့်တည့်၌ ပေါ်လာခဲ့သည်။

“နဂါးသွေးကြောနယ်ပယ်အဆင့် ၉ ပညာရှင်ရဲ့ စွမ်းအားက မင်းနားလည်နိုင်တဲ့ အရာမဟုတ်ဘူး။ခွေးကောင်လေး… ။ အမှောင်ကောင်းကင်လက်ချောင်း၊ အဝါရောင်စမ်းချောင်းရှစ်သွယ်တိုက်ခိုက်မှု... သေလိုက်စမ်း....”

လုံချန် သည် အမှောင်ကောင်းကင်လက်ချောင်းကို အကြိမ်ကြိမ်ရင်ဆိုင်ဖူးသော်လည်း ယခုတိုက်ခိုက်မှုက ပို၍အားကောင်းမှန်း ခံစားမိသည်။ သို့သော် လက်ရှိသူကိုယ်တိုင်လည်း အတိတ်ကလုံချန် မဟုတ်တော့ပေ။ မည်သို့ပင်ဖြစ်စေ နဂါးသွေးကြောနယ်ပယ်အဆင့် ၇ သို့ တက်လှမ်းပြီးနောက် အဆင့် ၉ ပညာရှင်နှင့် ပထမဆုံးအကြိမ်ရင်ဆိုင်တိုက်ခိုက်ဖူးခြင်းဖြစ်လေသည်။

“ငါ အရင်တုန်းက မိုးပြာနဂါးတံဆိပ် ကိုသုံးပြီး ပိုင်ကျန်းရှောင်ရဲ့ ကောင်းကင်နတ်ဆိုးလက်ချောင်း ကို ချိုးဖျက်ခဲ့ဖူးတယ်။ ဒီတစ်ကြိမ်လည်း မင်းရဲ့ အဆင့် ၃ နည်းစနစ် အမှောင်ကောင်းကင်လက်ချောင်းကို သေချာပေါက်ဖျက်ဆီးပြမယ်။ မဟုတ်ရင် ငါလုံချန်က ဒီနေ့အထိကျင့်ကြံလာတာ အလဟာသဖြစ်သွားမှာပေါ့…”

မိုးပြာနဂါးတံဆိပ်၏ အငွေ့အသက်ကို ခံစားမိလိုက်သည့်အခါ အဘိုးကြီးပိုင်လီ သည် အေးစက်စွာလှောင်ပြောင်လိုက်သည်။

“မင်းက ထိုက်ချွမ်(မိုးပြာ)နဂါးတံဆိပ်ကို သုံးတော့မယ့်ပုံပဲ။ ရှောင်းအာ ရဲ့ ကောင်းကင်ဘုံနတ်ဆိုးလက်ကို မင်းက ထိုက်ချွမ်နဂါးတံဆိပ်သုံးပြီး အနိုင်ယူခဲ့တယ်လို့ ငါကြားဖူးတယ်။ ဒီတစ်ကြိမ်တော့ ငါမင်းကို ပြန်ပြီးအနိုင်ယူပြမယ်၊ စစ်မှန်တဲ့ကောင်းကင်ဘုံနတ်ဆိုးလက်ဆိုတာ ဘာလဲဆိုတာ ပြရသေးတာပေါ့”

“ဟုတ်ရဲ့လား...” လုံချန် သည် လက်နှစ်ဖက်ကိုရင်ဘတ်ရှေ့တွင် ယှက်လျက် မိုးပြာနဂါးတံဆိပ်ကို အလျင်အမြန်ဖန်တီးလိုက်သည်။ သူ၏လက်ဝါးနှစ်ဖက်ကနေ တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များအလား အနီရောင်အခိုးအငွေ့ ထွက်ပေါ်လာလေသည်။ ဤအချိန်ခဏလေးအတွင်းမှာပဲ အနီရောင်အခိုးအငွေ့များဟာ သွေးနီရောင်နဂါးတစ်ကောင်အဖြစ် ပေါင်းစပ်လျက် သူ၏လက်မောင်းကို ရစ်ပတ်ထားသည်။ ၎င်းကား သူ့ခန္ဓာကိုယ်ပေါ်ရှိ ရှေးဟောင်းသွေးဝိညာဉ်နဂါး၏ ပုံပန်းသဏ္ဍာန်နှင့် အနည်းငယ်ဆင်တူပေသည်။ သွေးနီရောင်နတ်နဂါးကြီးတစ်ကောင်သည် ရုတ်တရက်အသက်ဝင်လာသလိုပင်။ ၎င်း၏သွေးမျက်လုံးကြီးတွေဟာ အထင်အမြင်သေးစွာဖြင့် အမှောင်ကောင်းကင်လက်ချောင်းကို စိုက်ကြည့်နေလေသည်။

Translated By NyiNyiSoe

All Chapters