← Chapters

အခန်း (၆၁-၆၂)

Vol. 5 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 5 Ch. 61-62

...(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၅)

အပိုင်း ၆၁ - အိပ်မက်ခုနစ်သွယ်ဓားသိုင်း

“ပိုင်ရှီးချန်…”

ယန်လင်းချင်သည် ရှေ့သို့အနည်းငယ်လှမ်းလျက် လူအုပ်ရှေ့တွင် ရပ်တည်လိုက်သည်။ ထို့နောက် မျက်ရည်များကို ထိန်းချုပ်ထားရင်း အံကိုကြိတ်လျက် ပိုင် ကလန်၏လူငယ်သခင်လေးနှစ်ဦးကို အေးစက်စွာ ကြည့်ကာပြောလိုက်သည် “တကယ်လား၊ နင်တို့ပြောတဲ့စကားက တကယ်ပဲ ယုံကြည်ရလား”

ပိုင်ရှီးချန်လည်း အံ့အားသင့်သွားသည်။ သူသည် ယန်လင်းချင်ကို တစ်ချက်ကြည့်ပြီး ပြုံးလျက်မေးသည် “လင်းချင်၊ မင်း နောက်ဆုံးတော့ ဆုံးဖြတ်လိုက်ပြီလား။ ဒါက ရွေးချယ်မှုကောင်းတစ်ခုပဲ။ မင်းနဲ့ လင်ယွဲ့တို့နှစ်ယောက်စလုံး ငါတို့ ပိုင် အိမ်တော်မှာ အတူတူနေနိုင်ပါတယ်။ အဲဒီမှာ မင်းတို့တွေ သေချာပေါက် ပျော်ရွှင်မှာပါ၊ မဟုတ်ဘူးလား”

ယန်လင်းချင်သည် ၎င်း၏ စည်းရုံးမှုကို မကြားသယောင်နှင့် မျက်ရည်များကို ထိန်းထားရင်း ပြန်ပြောလိုက်သည် “တကယ်တော့ ဒါက ရိုးရှင်းပါတယ်၊ ဒါပေမယ့် ငါ့မှာ သတ်မှတ်ချက်နှစ်ခု ရှိတယ်”

ပိုင်ရှီးချန်၏မျက်နှာပေါ်တွင် စူးစမ်းလိုစိတ်များ နိုးကြွလာသည် “ဘယ်လိုသတ်မှတ်ချက်တွေလဲ၊ မင်းရဲ့ ဒီအစ်ကိုကြီးကို ပြောပြလေ…”

ဤအခိုက်အတန့်မျိုးတွင် ပျိုမျစ်နုနယ်သော မိန်းမငယ်လေးတစ်ယောက်ဟာ လူတိုင်း၏ရှေ့ကနေ ရပ်တည်နေသည်ကို မြင်လျှင် ယန်မိသားစုဝင်များ အားလုံး ငိုကြွေးမိကြသည်။ ဤအချိန်တွင် ယန်လင်းချင်သည် ပြတ်သားစွာ ပြောလိုက်သည် “ပထမသတ်မှတ်ချက်ကတော့ သူတို့ကို လွှတ်ပေးဖို့ပဲ။ ငါတို့ ယန်မိသားစုရဲ့ တခြားထိပ်တန်းအဖွဲ့ဝင်တွေ အားလုံး နင်တို့လက်ချက်နဲ့ သေသွားပြီပဲ။ ဒီမှာရှိတဲ့လူတွေက နင်တို့အတွက် ဘယ်တော့မှ ခြိမ်းခြောက်မှုဖြစ်လာမှာ မဟုတ်ဘူးလေ။ ဒါမှမဟုတ်… ပိုင် မိသားစုက ဒီမှာကျန်နေတဲ့အမျိုးသမီးတွေနဲ့ ကလေးတွေကို ကြောက်နေတာများလား”

ပိုင်ရှီးချန်သည် ယန်လင်းချင်၏နောက်ကွယ်မှ ငိုကြွေးနေသော ယန်မိသားစုဝင်များကို ကြည့်လိုက်သည်။ သူ့အဘိုးဖြစ်သူ၏ အမိန့်ပေးထားသော်လည်း ယန်လင်းချင်က သူနှင့်အတူလိုက်လာရန် ဆန္ဒရှိသ၍ ပထမသတ်မှတ်ချက်ကို သဘောတူလိုက်သည်။

“အခုလောလောဆယ် သူမကို ကတိပေးလိုက်တာပေါ့၊ သူမ ငါ့လက်ထဲ ရောက်လာမှ ကျန်တဲ့လူတွေကို သတ်လိုက်ရင်လည်း အတူတူပဲလေ။ သနားစရာပဲ…..၊ ယန်လင်းချင်က ရှားပါးတဲ့အလှတရားတစ်ခုဖြစ်ပေမယ့် ငါ ပိုင်ရှီးချန်က မိန်းမတစ်ယောက်ရဲ့ အတွေးအမြင်တွေကို ဂရုစိုက်မယ့်သူ မဟုတ်ဘူး။ မင်းနဲ့ ဆော့ကစားပြီးလို့ ငြီးငွေ့သွားတဲ့အခါကျရင် မြကျောက်စိမ်းအိမ်တော် ဒါမှမဟုတ် သွေးဝိညာဉ်ဂိုဏ်းဆီ ပို့လိုက်တာပေါ့”

ထို့နောက်တွင် ပိုင်ရှီးချန်နှင့် ပိုင်ရှီဂျီးတို့လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လျက် ရယ်မောကာ ယန်လင်းချင်၏ သတ်မှတ်ချက်ကို သဘောတူလိုက်ကြသည်။

“ကောင်းပြီ…လင်းချင်၊ အဘိုးက တင်းကျပ်တဲ့ အမိန့်တွေပေးထားပေမယ့် မင်းအတွက်ဆိုရင် ငါ သူ့ကို ဆန့်ကျင်ဖို့ ဆန္ဒရှိတယ်၊ ငါ့အဖေလည်း ဒီအခြေအနေကိုနားလည်မှာပါ”

ဤအချိန်တွင် သူတို့နှစ်ယောက်စလုံး စိတ်လက် အလွန်ပေါ့ပါးနေကြသည်။ အခြားတစ်ဖက်၌လည်း ဘိုးဘေးကြီး ပိုင်ရှန်းနှင့် ပိုင်လီ တို့နှစ်ယောက်ဟာ ယန်မိသားစု၏ ထိပ်တန်းပညာရှင်များကို သေချာပေါက် အနိုင်ယူထားပြီဟု သူတို့ယုံကြည်နေကြသည်။ ဤနေရာတွင်လည်း ပိုင်မိသားစု၏ နဂါးသွေးကြောနယ်ပယ် အဆင့် ၈ (၂)ဦးနှင့် အဆင့် ၇ ပညာရှင်(၂)ဦး ရှိနေလေရာ ယခုလက်ရှိယန်မိသားစုဝင်များကို အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။ သူတို့ အနည်းငယ်ပျင်းရိနေသဖြင့် ခဏတဖြုတ် ဆော့ကစားလိုကြသည်။

သို့သော် ပိုင်ကျန်းဖုန်းသည် မျက်မှောင်ကြုတ်လျက် ဘေးနားရှိသော ပိုင်ကျန်းလုံအား မေးခဲ့သည် “အစ်ကိုကြီး၊ သူတို့က ဒီလိုဆော့ကစားပြီး အချိန်ဖြုန်းနေရင် အဖေရဲ့အစီအစဉ်တွေကို ထိခိုက်မသွားနိုင်ဘူးလား”

ပိုင်ကျန်းလုံသည် ရယ်မောလျက် ပြန်ပြောလေ၏ “သခင်ကြီးရွှယ့်ယွမ်ဇီက မြေကမ္ဘာအဆင့် ပညာရှင်လေ၊ သူက ယန်မိသားစုရဲ့အဘိုးကြီးထက် ဆယ်ဆလောက်ပိုပြီးသန်မာတယ်။ ပြီးတော့ အဖေနဲ့ ဒုတိယဦးလေးနဲ့ဆိုရင် ယန်မိသားစုမှာ အခွင့်အရေးရှိမယ်လို့ ထင်သလား။ တကယ်တော့ ရှီးချန်နဲ့ ရှီဂျီးတို့နှစ်ယောက်စလုံးက အခုမှ ဒဏ်ရာကနေ ပြန်ပြီးသက်သာလာခါစရှိသေးတာ။ သူတို့မှာ စိတ်ဒဏ်ရာတချို့ရှိနေတော့ သူတို့ကို ခဏလောက် ဆော့ကစားခွင့်ပေးလိုက်ပါ။ သူတို့ ငြီးငွေ့လာရင် သဘာဝအတိုင်း ရပ်ခိုင်းလိုက်မှာပါ။ ဒီလိုလုပ်ခွင့်ပြုထားတဲ့အကြောင်းက သူတို့ရဲ့ စိတ်ဒဏ်ရာကို ဖယ်ရှားခိုင်းလိုက်တာပဲ။ ဘာပဲဖြစ်ဖြစ် ယန်မိသားစုရဲ့ အဲဒီကောင်လေးက နည်းနည်းလွန်ကဲလွန်းတယ်လေ…”

ထိုလူငယ်ကို တွေးမိရင်း ပိုင်ကျန်းလုံသည် မျက်မှောင်ကြုတ်လျက် သက်ပြင်းဖွဖွချလိုက်သည်။

“တကယ်လို့ ငါတို့ ပိုင်မိသားစုမှာ ဒီလိုပါရမီရှင်တစ်ယောက် ပေါ်လာမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ…”

ဤနေရာတွင် နဂါးသွေးကြောနယ်ပယ် အဆင့် ၈ ပညာရှင်(၂)ဦးဖြစ်သော ပိုင်ကျန်းလုံနှင့် ပိုင်ကျန်းဖုန်းတို့ရှိနေလေရာ ယန်လင်းချင်သည် ဖိအားအားလုံးကို တောင့်ခံထားရသည်။ သို့သော် ပိုင်ရှီးချန်ကို ကြည့်နေသည့်အကြည့်တွေကတော့ အေးစက်နေခဲ့သည်။ ဤအချိန်တွင် ပိုင်ရှီးချန်က မေးလိုက်သည် “လင်းချင်၊ မင်းရဲ့ ဒုတိယသတ်မှတ်ချက်က ဘာလဲ”

ယန်လင်းချင်သည် နံဘေးရှိ ယန်ဝူထံမှ ဓားတစ်လက်ကို တောင်းယူလိုက်သည်။ ဓားကို ဓားအိမ်ထဲမှဆွဲမထုတ်ရသေးသည့်တိုင် အလွန်တရာပြင်းထန်လှသောအငွေ့အသက်များ ထုတ်လွှတ်နေသည်။ ထိုဓားကို မြင်လျှင် ပိုင်ကျန်းလုံနှင့် ပိုင်ကျန်းဖုန်းတို့နှစ်ယောက်လည်း ဘာ့ကြောင့်မှန်းမသိ မျက်မှောင်ကြုတ်သွားကြသည်။

ဤအချိန်တွင် ယန်လင်းချင်သည် ဓားကို တင်းတင်းဆုပ်ကိုင်လျက် ပိုင်ရှီးချန်ရှေ့သို့ လျှောက်လာသည်။ သူမက အံတင်းတင်းကြိတ်လျက် ပြောလိုက်သည် “ပိုင်ရှီးချန်၊ နားထောင်စမ်း၊ ငါ့ရဲ့ ဒုတိယသတ်မှတ်ချက်က လူတိုင်းရှေ့မှာ နင်ငါ့ကို အနိုင်ယူဖို့ပဲ”

ယန်လင်းချင်၏ စကားကို ကြားလျှင် ပိုင်မိသားစုဝင်များ အားလုံး အံ့အားသင့်သွားကြသည်။

ပိုင်ကျန်းလုံနှင့် ပိုင်ကျန်းဖုန်းတို့သည် ချက်ချင်းပြန်လည်ထိန်းချုပ်လိုက်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးစိစိဖြစ်သွားကြသည်။ ပိုင်ရှီဂျီးမှာ ပို၍ပင် ရယ်မောလိုက်သည်။ ပိုင်ရှီးချန်ကမူ ဤတောင်းဆိုမှုသည် တောင်းဆိုမှုမဟုတ်သယောင် ထင်ရပြီး ရယ်မောလျက် ထပ်ပြောလေသည် “ဒီတောင်းဆိုမှုကိုတော့ ငါသေချာပေါက်ဖြည့်ဆည်းပေးနိုင်မှာပါ။ မကြောက်နဲ့… လင်းချင်၊ ငါ မင်းကို ဘယ်တော့မှ ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူး”

ပိုင်မိသားစုဝင်များသည်လည်း အချင်းချင်းခေါင်းညိတ်ကာ အလွယ်တကူ သဘောတူလိုက်ကြသည်။ ယန်မိသားစုဝင်များဖက်တွင်မူ ယန်လင်းချင်၏တောင်းဆိုသံကို ကြားလျှင် အားလုံး၏ မျက်နှာများ ပြောင်းလဲသွားကြသည်။ ယန်လင်းချင်သည် တစ်ဖက်လူနှင့်မယှဉ်နိုင်ကြောင်း သိသဖြင့် လူတိုင်း မျက်စိမျက်နှာပျက်ကုန်သည် “လင်းချင်၊ မလုပ်ပါနဲ့…”

သို့သော် ယန်လင်းချင်သည် ဆုံးဖြတ်ချက်ချပြီးသားဖြစ်နေခဲ့သည်။ သူမ၏မျက်လုံးတွေထဲမှာ ပြတ်သားမှုများ ပြည့်နှက်နေသည်။ ယန်မိသားစုဝင်များကို နောက်ဆုံးအကြည့်တစ်ချက်ကြည့်လိုက်ရင်း အတိတ်က ပျော်ရွှင်မှုများ၊ အပိုင်းအစများကို ပြန်လည်တွေးတောမိသည်။ နောက်ဆုံးတွင် လုံချန်၏အကြောင်းကို တွေးမိပြန်သည်။ သူသည် အတိတ်တစ်ချိန်က အခြေအနေကို ပြောင်းပြန်လှည့်ကာ ယန်မိသားစုတစ်ခုလုံးကို ကယ်တင်ခဲ့သူဖြစ်သည်။

“အစ်ကိုကြီး၊ နင်က ငါ့ရဲ့ စံပြလူသားပဲ။ ဒီနေ့မှာ ငါ နင့်ဆီက သင်ယူခဲ့တာတွေကို လက်တွေ့ပြန်ပြရတာပေါ့…”

လုံချန်၏အကြောင်းကို တွေးမိလိုက်ချိန် သူမနှလုံးသားထဲ၌ ပြင်းထန်သော သန္နိဋ္ဌာန်တစ်ခု လောင်ကျွမ်းလာသည်။ သူသည် သူမ၏ဘေးတွင် မတ်တပ်ရပ်ပြီး အားပေးနေသယောင် ခံစားရသည်။ ချက်ချင်းပင်သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အကန့်အသတ်မဲ့ စွမ်းအင်ဖြင့် ပြည့်နှက်လာသည်။ ထို့နောက် ခန္ဓာကိုယ်ကိုတည့်မတ်လိုက်ပြီး ဓားလက်ကိုင်ရိုးကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

ဤအချိန်တွင် ပိုင်ရှီးချန်သည် ယန်လင်းချင်၏မျက်လုံးတွေထဲ၌ မှုန်ဝါးဝါးပုံရိပ်ယောင်တစ်ခုကို အမှတ်မထင်မြင်တွေ့လိုက်ရသလိုပင်။ ၎င်းသည် အခြားမဟုတ်၊ သူ့ရန်သူတော်ကြီး လုံချန်၏ပုံရိပ်ပင်။ လုံချန်သည် သူ၏ အိပ်မက်ဆိုးဖြစ်ခဲ့သည်။

“ပိုင်ရှီးချန်၊ မင်းတကယ်ပဲ အရူးဖြစ်နေပြီသိလား…”

သို့သော် ပိုင်ရှီးချန်သည် မိမိကိုယ်ကို ကဲ့ရဲ့လျက် နံဘေးရှိ ပိုင်ရှီဂျီးကို ဖြည်းညှင်းစွာ တွန်းထုတ်လိုက်သည်။ ထို့နောက် ယန်လင်းချင်ကို နူးညံ့သော အသံဖြင့် ပြောလိုက်သည် “ကောင်းပြီ လင်းချင်၊ ငါ့ဆီ လာခဲ့။ ငါ မင်းနဲ့ ခဏလောက်ဆော့ကစားပေးမယ်။ ဒါပေမယ့် စိတ်မပူပါနဲ့၊ ငါ မင်းကို မထိခိုက်စေရပါဘူး”

ပိုင်ရှီးချန်၏ ပြုံးနေသော မျက်နှာသည် နွေးထွေးသော နေရောင်ခြည်ကဲ့သို့ဖြစ်ခဲ့သည်၊ သို့သော်လည်း ယန်လင်းချင်သည် ပြင်းထန်သော စက်ဆုပ်မှုကိုသာ ခံစားရသည်။ သူမ၏အကြည့်တွေဟာ ယခင်အတိုင်း အေးစက်ခက်ထန်နေဆဲပင်။ထို့နောက် ရုတ်တရက်ဆိုသလိုပင် ပိုင်ရှီးချန်ဆီသို့ ပြေးဝင်သွား၏။

ပိုင်ရှီးချန်ကတော့ ပြုံးမြဲပြုံးနေလျက်၊ အရာအားလုံးသည် သူ၏ထိန်းချုပ်မှုအောက်တွင်ရှိသည်ဟု ယူဆထားပုံရသည်။

ယန်လင်းချင်သည် ပိုင်ရှီးချန်နှင့် ပိုနီးကပ်လာသည်နှင့်အမျှ သူမ၏ နှုတ်ခမ်းများသည် အနည်းငယ်ကွေးညွတ်လာသည်။ ပိုင်ရှီးချန် ထံမှ ၁၀ မီတာခန့်အကွာသို့ ရောက်လာသည် နှင့်တစ်ပြိုင်နက် လေပြင်းဓားကို လျှပ်တစ်ပြက် ဆွဲထုတ်လိုက်သည်။

ပိုင်ရှီးချန်သည် ယခုအချိန်ထိ အခြေအနေကို သတိပြုမိသေးပုံမရပေ၊ နူးညံ့သော အပြုံးဖြင့် ယန်လင်းချင်ဆီသို့ ဆက်လက်ချဉ်းကပ်လာခဲ့သည်သာ။ သူ့အနေဖြင့် တိုက်ခိုက်ရန် အနည်းငယ်မျှ စိတ်ကူးမရှိပေ။ သို့သော် မလှမ်းမကမ်း၌ ကျန်နေခဲ့သည့် ပိုင်ကျန်းဖုန်းနှင့် ပိုင်ကျန်းလုံတို့နှစ်ယောက်ဟာ ရုတ်တရက် မျက်မှောင်ကြုတ်သွားကြသည်။

ယန်လင်းချင်က ဓားကိုဆွဲထုတ်လိုက်သည့်အချိန်တွင်တော့ သူတို့အားလုံး တစ်ခုခုမူမမှန်ကြောင်း ခံစားလိုက်ရသည်။ ချက်ချင်းဆိုသလိုပဲ ဓားသွားမှ စူးရှသော အလင်းတန်းများ ထွက်ပေါ်လာသည်။

ပိုင်ရှီးချန်၏အကြည့်တွေထဲမှာတော့ ယန်လင်းချင်သည် ပုံရိပ်ယောင်အဖြစ် ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် တလက်လက်တောက်ပလာသည့် ဓားအလင်းတန်းများဟာ လှပသောပန်းပွင့်များသဏ္ဍာန် ပြောင်းသွားလေသည်။

၎င်းကြောင့် ပိုင်ရှီးချန်၏မျက်လုံးထဲ၌ ဓားနည်းစနစ်တစ်ခုမဟုတ်ဘဲ ဖျော်ဖြေမှုတစ်ခုသာဖြစ်ခဲ့သည်။

“အိပ်မက်ခုနစ်သွယ်ဓားသိုင်း….အခြားတစ်ဖက်ကမ်းမှပန်းပွင့်များ…”

နောက်ဆုံးမှာတော့ ပိုင်ရှီးချန်လည်း သေခြင်းတရား၏အငွေ့အသက်ကို ခံစားမိလိုက်လေသည်။ သို့သော် လုံးဝကို နောက်ကျသွားလေပြီ၊ ယန်လင်းချင်၏ ခွန်အားအပြည့်ဖြင့် တိုက်ခိုက်မှုသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နှင့်ပြီဖြစ်သည်။ ယခင်က လှပသော ပန်းပွင့်များသည် သေစေနိုင်သော ဓားသွားများအဖြစ် ပြောင်းလဲသွား၏။ ပန်းပွင့် တစ်ပွင့်ချင်းစီသည် ပြင်းထန်သော ဓားအော်ရာများ ထုတ်လွှတ်လျက် ပိုင်ရှီးချန်ကို ပိတ်လှောင်ထားခဲ့သည်။

“ချန်အာ၊ မြန်မြန်ရှောင်စမ်း….”

ပိုင်ကျန်းဖုန်းနှင့် ပိုင်ကျန်းလုံတို့နှစ်ယောက်၏ စိုးရိမ်တကြီး အော်ဟစ်သတိပေးသံများ ထွက်ပေါ်လာသည်။ ထိုအခါမှသာ ပိုင်ရှီးချန်သည် တစ်ခုခုမှားနေကြောင်း သတိပြုမိလိုက်တော့သည်။ ယန်လင်းချင်သည် ယခုအချိန်တွင် သူ့အတွက် လှပသောပန်းတစ်ပွင့်မဟုတ်တော့ဘဲ ထက်ရှသော ဓားတစ်လက်သာဖြစ်နေခဲ့သည်။

ယန်လင်းချင်သည် နဂါးသွေးကြောနယ်ပယ်အဆင့် ၆ တွင်သာ ရှိခဲ့သော်လည်း လေပြင်းဓားနှင့် အိပ်မက်ခုနစ်သွယ်ဓားသိုင်းကို ပေါင်းစပ်အသုံးပြုလိုက်သည့်အခါမှာတော့ သူမ၏ခွန်အားဟာ အဆင့် ၆ နယ်ပယ်ကို လုံးဝကိုကျော်လွန်ကာ အဆင့် ၈ သို့ပင် ရောက်ရှိသွားခဲ့သည်။ အရေးကြီးဆုံးမှာ ပိုင်ရှီးချန်သည် သူမကို အထင်သေးထားသဖြင့် ဓားချက် ကျလာမှသာ တုံ့ပြန်နိုင်ခဲ့သည်။

သို့သော် အရာအားလုံးသည် နောက်ကျသွားပြီဖြစ်သည်။ ပြင်းထန်သော ထိတ်လန့်မှုအောက်တွင် ပိုင်ရှီးချန်သည် အလွန်အမင်းကြောက်ရွံ့လာသည်။ ယန်လင်းချင်၏ဓားချက်သည် သူ၏မျှော်လင့်ချက်များထက် လုံးဝကျော်လွန်သွားခဲ့လေသည်။

အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ ပိုင်ရှီးချန်သည် သူ၏ချီစွမ်းအင်ကိုအကန့်အသတ်ထိထုတ်ဖော်လိုက်သည်၊ ထို့နောက် ကောင်းကင်ဘုံနတ်ဆိုးလက်၏ ပထမအဆင့် အမှောင်ကောင်းကင်လက်ချောင်းကို ထုတ်ဖော်၍ ယန်လင်းချင်၏ အခြားတစ်ဖက်ကမ်းမှပန်းပွင့်များ ဓားချက်ကို ကမန်းကတန်းခုခံလိုက်၏။ သို့သော် လေပြင်းဓားနှင့်ပေါင်းစပ်ထားသည့် အိပ်မက်ခုနစ်သွယ်ဓားချက်သည် ဤမျှရိုးရှင်းမည်မဟုတ်ပေ။

လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ဓားသွားမှ ဖြာထွက်လာသည့် ဓားအလင်းတန်းရောင်တစ်ခုချင်းစီဟာ ပိုင်ရှီးချန်၏ အမှောင်ကောင်းကင်လက်ချောင်းကို တိုက်ရိုက်ဖျက်ဆီးပစ်လိုက်သည်။ တစ်ချိန်တည်းတွင် မြောက်များစွာသော ဓားအလင်းတန်းတွေဟာ ပိုင်ရှီးချန်၏ ခန္ဓာကိုယ်ပေါ်သို့ လျင်မြန်စွာ ကျရောက်လာခဲ့တော့သည်။ ချက်ချင်းဆိုသလိုပဲ ပိုင်ရှီးချန်၏ မချိမဆန့်အော်ဟစ်သံများ ကျယ်လောင်စွာထွက်ပေါ်လာလေသည်။

ထိုအော်ဟစ်သံများကို ကြားလိုက်သည့်အချိန်တွင်၌ ပိုင်ကျန်းလုံနှင့် ပိုင်ကျန်းဖုန်းတို့နှစ်ယောက်စလုံး နှလုံးကွဲလုမတတ် ခံစားလိုက်ကြရသည်။ နှစ်ယောက်စလုံး ဒေါသတကြီး အော်ဟစ်ကာ ပိုင်ရှီးချန်ကို ကယ်တင်ရန် တရကြမ်း ပြေးထွက်လာကြသည်။ သို့သော် ယန်လင်းချင်သည် လေပြင်းဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်ပြီး လျင်မြန်စွာ ပြန်ဆုတ်သွား၏။ သူမမျက်လုံးတွေထဲမှာ မျက်ရည်စများ၊ ရောင်များရျှနေသည့်တိုင် နောင်တရနေတာမျိုးတော့မရှိခဲ့ချေ။

ဤအခိုက်အတန့်တွင် ယန်မိသားစုဝင်များအားလုံးသည် တိတ်ဆိတ်နေပြီး ယန်လင်းချင်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။ တစ်ဖက်တွင်မူ ပိုင်ကျန်းလုံနှင့် ပိုင်ကျန်းဖုန်းတို့သည် ပိုင်ရှီးချန်ရှေ့သို့ ရောက်ရှိလာကြသည်။ ဤအချိန်တွင် ပိုင်ရှီးချန်၏ မျက်လုံးတွေဟာ ပြူးကျယ်လျက် ယန်လင်းချင်ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဝတ်ရုံရှည်ဟာ အပိုင်းပိုင်းဆုတ်ပြဲသွား၏။ ပိုင်ကျန်းလုံသည် သူ၏သားဖြစ်သူ ပိုင်ရှီးချန်၏ ခန္ဓာကိုယ်ကို ထိလိုက်သည့်အခါ ခဏတာ အံ့အားသင့်သွားခဲ့သည်။

အကြောင်းမှာ ယခုအချိန်တွင် ပိုင်ရှီးချန်၏ခန္ဓာကိုယ်သည် အပိုင်းပိုင်းဖြစ်သွားပြီး မြေပေါ်သို့ ပဲ့ကျသွားလို့ပင်။ တစ်ကိုယ်လုံးလည်း သွေးများ ရဲရဲနီသွားလေတော့သည်။

ပိုင်ကျန်းလုံသည် သူ၏သားသေဆုံးပုံကို မြင်လျှင် ဒေါသကငယ်ထိပ်တက်ဆောင့်သွားလေတော့၏။ သို့သော် ယန်လင်းချင်သည် အနည်းငယ်မျှပင် မကြောက်ရွံ့ပေ၊ ဤအချိန်တွင် နတ်ဆိုးသားရဲများနှင့်တူလာသော ပိုင်မိသားစုဝင်သုံးဦးကို ကြည့်လျက် လေပြင်းဓားကို ပိုပြီးတင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူမ၏မျက်လုံးတွေထဲမှာတော့ ပြတ်သားမှုများ ပြည့်နှက်နေသည်။

“အစ်ကိုကြီး၊ ငါ့ရဲ့ ဖျော်ဖြေမှုက မင်းကို သေချာပေါက် စိတ်ကျေနပ်စေမှာပါ။ ငါ ငရဲပြည်ကိုရောက်တာနဲ့ နင့်ရှေ့မှာ ဂုဏ်ယူပြီးပြောလို့ရတာပေါ့ …”

ထိုလူငယ်ကို တွေးမိရင်း ယန်လင်းချင်သည် မျက်လုံးများကို မှိတ်လိုက်ပြီး သူမ၏နှုတ်ခမ်းများသည် အနည်းငယ် ကွေးညွတ်လာသည်။

“သူ…သူက ငါ့ကို ငယ်ငယ်ကတည်းက ကာကွယ်ပေးခဲ့တဲ့ ငါ့အစ်ကိုကြီးပဲ”

ယန်လင်းချင်သည် မျက်လုံးပြန်ဖွင့်လိုက်ပြီးနောက် သူမဆီ ပြေးဝင်လာနေသည့် ပိုင်ကျန်းလုံတို့နှစ်ယောက်အား မမှိတ်မသုန် စူးစိုက်ကြည့်နေလေသည်။ တစ်ချိန်တည်းမှာပဲ နဂါးသွေးကြောနယ်ပယ်အဆင့် ၈ ပညာရှင် နှစ်ယောက်၏ပြင်းထန်သောအငွေ့အသက်သည် သူမ၏လှုပ်ရှားမှုအားလုံးကို လုံးဝပိတ်ဆို့ထားခဲ့သည်။

ဤအချိန်တွင် ယန်မိသားစုဝင်များအားလုံးဟာ သေမင်းအရိပ်ကြီး လွှမ်းခြုံခံထားရသလိုပင်။

သို့သော် ယန်လင်းချင်သည် ရုတ်တရက် ငိုကြွေးလိုက်သည်။ အကြောင်းမှာ အတန်ငယ်ဝေးကွာသောနေရာရှိ ပျက်သုဉ်းခြင်းတောင်တန်းထက်ကနေ သွေးနီရောင်ပုံရိပ်ကြီးတစ်ခု တရကြမ်းပြေးဆင်းလာနေသည်ကို မြင်လိုက်ရသောကြောင့်ပင်။

Translator# အနှောင်အဖွဲ့ကင်းမဲ့သူ

...(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၅)

အပိုင်း ၆၂ - ကောင်းကင်ဘုံ၏ မြင့်မြတ်သောသားတော်

ပိုင်ရှီးချန်သည် ယန်လင်းချင်၏လက်ချက်ဖြင့် သေဆုံးလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ခဲ့ကြပေ။ ပိုင်ကျန်းလုံသည် သူ၏သားဖြစ်သူ အပိုင်းပိုင်းဖြတ်အသတ်ခံရသည်ကို မြင်လိုက်ရသောအခါ သူ၏စိတ်ထဲတွင် ဗလာကျင်းသွားသည်။ သူ့ရင်ထဲ၌ စကားလုံးတစ်လုံးတည်းသာ ကျန်ရစ်သည်။ ၎င်းကား သတ်ဖြတ်ရန်ပင်။

သူလှည့်ကြည့်လိုက်သောအခါ ယန်မိသားစုမှ ဤမိန်းမငယ်လေးဟာ အသက်ပင်ငယ်ရွယ်သော်ငြားလည်း ယန်မိသားစုဝင်များကို ရှေ့ဆုံးမှ ကာကွယ်နေသည်ကို မြင်လိုက်ရသည်။ ပိုင်ကျန်းလုံသည် သူ၏ ထူးချွန်သော ပါရမီရှင်သားဖြစ်သူဟာ ယန်လင်းချင်၏လက်ချက်ဖြင့် သေဆုံးသွားသည်ကို အခုထိမယုံနိုင်ခဲ့ပေ။

အမှန်တကယ်တော့ ပိုင်ရှီးချန် သေဆုံးရသည့် အဓိကအကြောင်းအရင်းမှာ တစ်ဖက်လူအား အထင်သေးထားသောကြောင့်ပင်။ ထိုထက်ပို၍ အရေးကြီးသောအကြောင်းမှာ ယန်လင်းချင်၏ခွန်အား ရုတ်တရက် မြင့်တက်လာခြင်းလည်းပါလေသည်။

ယခုတော့ သားဖြစ်သူ သေဆုံးသွားသည်နှင့် ပိုင်ကျန်းလုံလည်း အရူးတစ်ပိုင်းဖြစ်နေခဲ့သည်။ အစောပိုင်းက ပိုင်ရှီးချန်၏ဘေးနား၌ရပ်နေခဲ့သော ပိုင်ရှီဂျီး၏မျက်နှာဟာလည်း ဖြူဖျော့သွားသည်။ သို့သော် ပိုင်ကျန်းဖုန်းကတော့ မျက်နှာတစ်ပြင်လုံး ခက်ထန်လာကာ ယန်မိသားစုဝင်များအား လူသေကောင်များကဲ့သို့ စိုက်ကြည့်နေလေသည်။

“ယန်မိသားစုရဲ့အဖွဲ့ဝင် တစ်ယောက်မှ ဒီနေရာကနေ အသက်ရှင်လျက်ထွက်မသွားဘူး”

ပိုင်င်ကျန်းဖုန်းသည် အံကြိတ်လျှက် အေးစက်စွာပြောလိုက်သည်။ ထို့နောက် ဒေါသူပုန်ထနေသောနဂါးကြီးတစ်ကောင်အလား ယန်လင်းချင်ဆီသို့ တဟုန်ထိုးပြေးဝင်လာသည်။

[မှတ်ချက်။ သူ့နာမည်က ပိုင်ကျန်းလုံ ဆိုတော့ “လုံ” ဆိုတဲ့စကားက နဂါးကိုရည်ညွှန်းပါတယ်]

နဂါးသွေးကြောနယ်ပယ်အဆင့် ၈ ပညာရှင် ထံမှ ထွက်ပေါ်လာသော ဖိအားသည် ဧရာမပင်လယ်ရေလှိုင်းလုံးများကဲ့သို့ပင်၊ ယန်လင်းချင်သည် လှိုင်းလေထန်သော ပင်လယ်ပြင်မှ လှေငယ်လေးတစ်စင်းလိုပင်ဖြစ်ခဲ့သည်။ ဤမုန်တိုင်းအလယ်၌ သူမ၏ တစ်ခုတည်းသော အဆုံးသတ်မှာ သေဆုံးခြင်းပင်ဖြစ်သည်။

သူမကိုယ်တိုင်လည်း ထိုအဆုံးသတ်ကို သိထားပြီးဖြစ်သောကြောင့် ယန်လင်းချင်သည် သူမ၏ကံကြမ္မာကို လက်ခံထားလိုက်သည်။ သေဆုံးခြင်းကို မကြောက်ရွံ့ခဲ့ပေ။ သို့သော် သူမ၏လုပ်ရပ်များသည် တခြားယန်မိသားစုဝင်များအား ထိခိုက်စေမည်ကို စိုးရိမ်နေခဲ့သည်။ သူမ၏ နှလုံးသားထဲ၌ စိုးရိမ်ထိတ်လန့်မှုများ၊ နာကျင်မှုများကို ခံစားရပြီး စိတ်ပျက်အားငယ်နေစဉ်မှာ ရုတ်တရက်ဆိုသလိုပဲ သူမ၏အမြင်အာရုံထဲသို့ သွေးနီရောင်ပုံရိပ်တစ်ခု ပြေးဝင်လာသည်။

ယန်လင်းချင်း၏နှလုံးသားထဲ၌ ချက်ချင်းဆိုသလို ပျော်ရွှင်မှုများ အစားထိုး ဝင်ရောက်လာသည်။ ဤသွေးနီရာင်ပုံရိပ်ကို မြင်လိုက်သောအခါ ကိုယ့်ကိုကိုယ် ယုံကြည်မှုများ မြင့်တက်လာတော့သည်။

“ချန်… အစ်ကိုကြီးချန်…”

ထိုရင်းနှီးသော ပုံရိပ်ကို မြင်လိုက်ရသောအခါ ၎င်းသည် လုံချန်ဖြစ်ကြောင်း သိလိုက်သည်။ ပိုင်ကျန်းလုံ၏ အမြန်နှုန်းသည် လေပြင်းတစ်ခုနှင့်တူလျှင် လုံချန်သည် ဧရာမမုန်တိုင်းကြီးတစ်ခုနှင့် တူသည်။ တစ်ခဏလေးအတွင်းမှာပဲ ပိုင်ကျန်းဖုန်းနှင့် ပိုင်ရှီဂျီးတို့အား ချက်ချင်းကျော်ဖြတ်ပြီး ပိုင်ကျန်းလုံဆီသို့ တည့်တည့်ဦးတည်လာလေသည်။

ဤအချိန်တွင် ယန်လင်းချင်ကို သတ်ဖြတ်ရန်သာ စိတ်စောနေသော ပိုင်ကျန်းလုံသည် သူ၏ နောက်ကျောမှ ပြင်းထန်သော အားလှိုင်းတစ်ခု တိုးဝင်လာသည်ကို ရုတ်တရက်ခံစားမိပြီး ချက်ချင်းနောက်လှည့်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပဲ သူသာ ယန်လင်းချင်ကိုသတ်လိုက်ပါက နောက်ထပ်သေဆုံးမည့်လူဟာ သူကိုယ်တိုင်ပင်ဖြစ်ကြောင်း အလိုလိုခံစားမိခဲ့သည်။

ပိုင်ကျန်းလုံသည် သူ့နောက်မှလူ မည်သူမည်ဝါဖြစ်ကြောင်း အတိအကျမသိခဲ့ပေ။ သို့သော် သူ့အနေဖြင့် သဘာဝအတိုင်း ကိုယ့်အသက်ကိုတော့ ဂရုစိုက်ပေသည်။ ထို့ကြောင့် ခဏတာ တုံ့ဆိုင်းသွား၏။ ဤအချိန်အတွင်း ယန်လင်းချင်သည် အလျင်အမြန်နောက်ပြန်ဆုတ်သွား၏။ ပိုင်ကျန်းလုံသည် ထပ်မံ၍ ရှေ့တက်လာပြီး ယန်လင်းချင်ကို လိုက်ဖမ်းရန်ပြင်လိုက်သည်။ သို့သော် ရုတ်တရက်ဆိုသလိုပဲ သူ့ကိုယ်ပေါ်သို့ သေခြင်းတရား၏အငွေ့အသက်များပြည့်နှက်နေသော တိုက်ခိုက်မှုတစ်ခု ကျရောက်လာသည်။

သူ့နှလုံးသားထဲ၌ အကြီးအကျယ်ထိတ်လန့်သွားပြီး ကမန်းကတန်း နောက်လှည့်ကြည့်လိုက်သည်။ ချက်ချင်းပင် သူ၏ မျက်လုံးများ ပြူးကျယ်သွားလောက်အောင်အထိ သူ၏အမြင်အာရုံထဲသို့ ကြောက်မက်ဖွယ်ရာအငွေ့အသက်များနှင့် သွေးနီရောင်ပုံရိပ်တစ်ခု ထွပေါ်လာခြင်းပင်။ ထို့အတူ ပိုင်ကျန်းလုံသည် သွေးနီရောင်ပုံရိပ်ကိုသာ မြင်လိုက်ရပြီး သေဆုံးခြင်းအငွေ့အသက်များပြည့်နှက်နေသော တိုက်ခိုက်မှုသည် သူ့ကိုယ်ပေါ်သို့ တည့်တည့်ကျရောက်လာတော့သည်။ ထိုတိုက်ခိုက်မှုကြောင့် သူ၏တစ်ကိုယ်လုံးကို ကြေမွသွားသလိုပင်၊ ဖော်မပြနိုင်လောက်သော အဆုံးမရှိ နာကျင်မှုကို ခံစားလိုက်ရသည်။ အမှန်တော့ သူ့အမြင်အာရုံထဲ၌ သွေးနီရောင်အရိပ်တစ်ခုသာ မြင်လိုက်သော်လည်း ပိုင်ကျန်းလုံဟာ ၎င်းက မည်သူမည်ဝါဖြစ်ကြောင်း သိနေပေသည်။

ဤလူကား လုံချန်ပင်။ ကျော်ကြားခြင်းမြို့၏ ကျင့်ကြံသူများကြား၌ လုံချန်တစ်ဦးတည်းကသာ ဤကဲ့သို့ကြောက်စရာကောင်းလှသောသွေးနီရောင်ချပ်ဝတ်ကို ပိုင်ဆိုင်ထားခဲ့ပေသည်။ လုံချန် ရောက်ရှိလာခြင်းက ပိုင်ကျန်းလုံအား အဆုံးမရှိသိမ်ငယ်သွားစေခဲ့သည်။

အကြောင်းမှာ လုံချန်၏ တိုက်ခိုက်မှုတစ်ခုတည်းကပင် သူ၏အကာအကွယ်စွမ်းရည်အားလုံးကို ချိုးဖျက်သွားခဲ့သည်။ ပိုင်ကျန်းလုံ၏စိတ်ထဲ၌ သူသာမကဘဲ ပိုင် ကလန်တစ်ခုလုံးပါ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

အကယ်၍ ပိုင် ကလန်သာ ရှုံးနိမ့်သွားခဲ့ခြင်းမဟုတ်ပါက လုံချန်အနေဖြင့် ဤနေရာအထိ ရောက်လာနိုင်စရာအကြောင်းမရှိပေ။

လုံချန်သည် နောက်တစ်ကြိမ်ထပ်မံ၍ တိုက်ခိုက်လိုက်သည်။ သူ၏လက်သီးချက်က မြေပေါ်တွင် လဲကျနေသော ပိုင်ကျန်းလုံကို တည့်တည့်ထိုးနှက်လိုက်သည်။ လုံချန်၏ လက်သီးပေါ်ရှိသွေးနီရောင်ဆူးချွန်တွေဟာ ပိုင်ကျန်းလုံ၏ရင်ဘတ်အား ထိုးဖောက်သွားသည့်အတွက် သူ့ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သတ်ကာ သွေးများဖုံးလွှမ်းသွားသည်။

တစ်ချိန်တည်းမှာပင် ပါးစပ်ကနေ သွေးတစ်ပွက်အန်ထွက်လာပြီး ပိုင်ကျန်းလုံ၏ မျက်နှာတစ်ပြင်လုံးကို ချက်ချင်း နီရဲသွားစေသည်။ ပိုင်ကျန်းလုံသည် အဆုံးမရှိ နာကျင်မှုကို ကြိတ်မှိတ်ခံစားရင်း သူ့မျက်လုံးကိုဘ အတင်းဖွင့်ကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ၏ အမြင်အာရုံတစ်ခုလုံးသည် သွေးနီရောင်သာ မြင်နေလေသည်။ မကြာမီ သူ့အမြင်အာရုံထဲသို့ နီရဲတောက်ပနေသော ဧရာမနေလုံးကြီး ကျဆင်းလာသည့်အလား သွေးနီရောင်ပုံရိပ်တစ်ခု ပေါ်လာလေသည်၊ထို့အပြင် သွေးနီရောင်ပုံရိပ်သည် သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားကြောင်း ခပ်ရေးရေးလေးခံစားမိခဲ့သည်။

“မင်း…” ထိုခဏလေးအတွင်းမှာပဲ ပိုင်ကျန်းလုံ၏ကမ္ဘာတစ်ခုလုံး အမှောင်အတိကျသွားခဲ့တော့သည်။

ပိုင်ကျန်းလုံကို အဆုံးသတ်ပြီးနောက် လုံချန်သည် ယန်လင်းချင်ရှေ့သို့ ချက်ချင်းရောက်လာသည်။ တိတ်ဆိတ်စွာငိုကြွေးနေသော မိန်းမငယ်လေးကို မြင်လိုက်ရသောအခါ လုံချန်သည် သူမကို ကြင်နာမှုအပြည့်ဖြင့် ပွေ့ဖက်လိုက်သည်။ ယန်လင်းချင်သည် အစ်ကိုဖြစ်သူကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားပြီး ပို၍ပင် သည်းစွာ ငိုကြွေးလိုက်သည်။ ဒီအချိန်မှာ လုံချန်၏ဝတ်ရုံတစ်ခုလုံး ယန်လင်းချင်၏မျက်ရည်စတွေကြောင့် စိုရွှဲနေခဲ့သည်။

သူတို့နောက်မှလူအုပ်ထဲရှိ ယန်လင်ယွဲ့သည် လုံချန်တစ်ယောက် ရုတ်တရက်ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ရာခွန်အားဖြင့် ပိုင်ကျန်းလုံအား သတ်ဖြတ်လိုက်သည်ကို မြင်လိုက်ချိန်၌ အလွန်စိတ်ဓာတ်ကျပြီး အသက်ရှူကြပ်မတတ်ခံစားလိုက်ရသည်။ သို့သော်လည်း…

လုံချန်အပေါ် သူမ၏သဘောထားသည် သူမကို အနိုင်ယူခဲ့သည့်အချိန်မှစ၍ မသိလိုက်မသိဘာသာဖြင့် နှလုံးသားထဲ၌ တဖြည်းဖြည်းမြင့်တက်လာခဲ့ပေသည်။ ယန်လင်းချင်အတွက်မူ သူ့ရင်ထဲရှိ လုံချန်၏နေရာဟာ သူမကိုယ်တိုင်အတွက်သာမကဘဲ ယန်မိသားစုတစ်ခုလုံး၏ အဓိကမဏ္ဍိုင်အဖြစ် သတ်မှတ်ထားခဲ့ပြီးသားပင်။

ယန်ဝူအတွက်တော့ အစောပိုင်းက သူ့မျက်နှာသည် သွေးစုပ်ဖြူရော်နေရာမှ ယခုအခါမှာတော့ အနည်းငယ်သွေးရောင်ပြန်လွှမ်းလာသည်။ ထို့နောက် အသက်ပြင်းပြင်းရှူကာ နေရောင်အောက်၌ မားမားမတ်မတ်ရပ်နေသည့် သွေးနီရောင်ပုံရိပ်ကို လှမ်းကြည့်၍ ခေါင်းအောက်ငုံ့ကာ ဦးညွှတ်လိုက်တော့သည်။

“သူပဲ…. သူတစ်ယောက်တည်းကပဲ ကောင်းကင်ဘုံရဲ့ မြင့်မြတ်သောသားတော် ဖြစ်ထိုက်တယ်၊ သူ့ရှေ့မှာဆို ငါယန်ဝူက အမှိုက်ကောင်သာသာပဲရှိတယ် …”

ဤအချိန်တွင် ယန်မိသားစုဝင်များအားလုံး လုံချန်ကို ကြည့်နေကြသည်။ သူတို့၏ စိတ်ပျက်အားငယ်မှုများသည် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ အတိတ်ကာလ၌ လုံချန်သည် တစ်နေ့တွင် သူတို့၏ ကယ်တင်ရှင်ဖြစ်လာလိမ့်မည်ဟု ဘယ်သောအခါမှ မထင်မှတ်ခဲ့ကြပေ။ ယခုတော့ လုံချန်ပေါ်ထွက်လာသည့်အခါတိုင်း သူတို့အားလုံး လုံးဝအန္တရာယ်ကင်းရှင်းပြီး ယန်မိသားစုသာ အမြဲအနိုင်ရမည်ဟု နားလည်လိုက်ကြသည်။

လူအုပ်ကြီးထံမှ လုံချန်ကို ကြည့်နေသောအကြည့်များထဲတွင် ရှုပ်ထွေးပြီး ထိခိုက်ခံစားရသော မျက်နှာအမူအရာများစွာ ရှိနေသည်။

လုံချန်သည် ယန်လင်းချင်၏ ဆံပင်ကို နူးညံ့စွာ ပွတ်သပ်ရင်း တိုးညှင်းစွာပြောလိုက်သည်။

“လင်းချင်၊ မင်းရဲ့အစ်ကိုကြီး ဒီတစ်ကြိမ် နောက်ကျခဲ့တာအတွက် တောင်းပန်ပါတယ်။ မင်းကို ဒုက္ခပေးသလိုဖြစ်ခဲ့မိတယ်…”

ယခင်က အလွန်ဝမ်းနည်းနာကျင်နေခဲ့သော ယန်လင်းချင်သည် ထိုစကားသံအား ကြားလိုက်သည့်အခါ ချက်ချင်းပြေလျော့သွားသည်။ သူမ၏ နှလုံးသားထဲ၌ ပျော်ရွှင်မှုနှင့် ပင်ပန်းနွမ်းနယ်မှု၊ အနားယူချင်စိတ်များပြည့်နှက်လာသည်။ လုံချန်အား သူမ၏ရင်ထဲက အဆုံးမရှိ ခံစားချက်များကို ပြောပြလိုသော်လည်း မည်သို့ပင်ဖြစ်စေ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိခဲ့ပေ။

“ဘာမှ ပြောစရာမလိုပါဘူး။ မင်းဘာပြောချင်လဲ ငါသိတယ်။ ဒီတစ်ကြိမ် မင်းအရမ်းရဲရင့်ခဲ့တယ်။ မင်းဟာ ငါ လုံချန်ရဲ့ ညီမလေးအမှန်ပဲ။ မင်းကို အနိုင်ကျင့်ခဲ့တဲ့ လူဆိုးတွေအတွက်ကတော့ တစ်ခုတည်းသော အဆုံးသတ်က သေဆုံးခြင်းပဲလေ…”

အခြားတစ်ဖက်တွင် ပိုင်ကျန်းလုံသည် လုံချန်၏လက်သီးထိုးချက်နှစ်ချက်တည်းဖြင့် အသတ်ထွက်သွားကြောင်း မြင်လိုက်ရသောအခါ ပိုင်ကျန်းဖုန်းနှင့် ပိုင်ရှီဂျီးတို့နှစ်ယောက်လည်း ဒေါသမထွက်တော့ဘဲ အလွန်အမင်း ကြောက်ရွံ့သွားခဲ့ကြသည်။

လုံချန်သည် ပိုင်မိသားစု၏ မရဏ(မလွတ်မြောက်နိုင်သော)ထောင်ချောက်မှ မည်သို့မည်ပုံလွတ်မြောက်မည်မှန်းကို သို့မဟုတ် သူ မည်မျှသန်မာသည်ကို သူတို့ မစဉ်းစားနိုင်ခဲ့ကြပေ။ သို့သော်လည်း လုံချန် ရုတ်တရက်ရောက်ရှိလာခြင်းက သူတို့၏ နှလုံးသားများကို ကြောက်ရွံ့မှုဖြင့် လုံးဝလွှမ်းမိုးခံလိုက်ရသည်။

ပိုင်ရှီဂျီးသည် ယခင်က ငယ်ရွယ်ပြီး မရင့်ကျက်သော ကောင်လေးဖြစ်ခဲ့၏၊ ယခုအခါမှာတော့ သူသည် ရင့်ကျက်သွားပြီး အခြေအနေကို ကောင်းကောင်းတွက်ဆနိုင်ပုံရသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ပိုင်ကျန်းဖုန်း နှင့်အတူ တရောသောပါးထွက်ပြေးကြတော့သည်။

ပိုင်ကျန်းဖုန်းသည် ထွက်ပြေးရင်း စိတ်ထဲတွင် စဉ်းစားကြည့်ရင်း အလိုလိုကြောက်ရွံ့လာသည်။

“သူ ဒီမှာ ဘယ်လိုပေါ်လာတာလဲ။ ဘယ်လိုလုပ် ဒီလောက် သန်မာနိုင်ရတာလဲ။ ငါတို့ ပိုင် ကလန်ရဲ့ အဓိကအကြံအစည်တွေအားလုံး အလုပ်မဖြစ်ပါလား။ ပြီးတော့ သူ့ကို မဖယ်ရှားနိုင်ခဲ့ဘူးလား။ မြေကမ္ဘာအဆင့် ကျင့်ကြံသူ က သူ့ရဲ့ ပြိုင်ဖက်မဖြစ်နိုင်ခဲ့ဘူးလား။ ဒါ မဖြစ်နိုင်ဘူး၊ ဒီကောင်လေးက ဘယ်လိုလုပ် ဒီလောက် သန်မာလာရတာလဲ”

ပိုင်ကျန်းဖုန်း သည် စဉ်းစားနေရင်းဖြင့် ပျက်သုဉ်းခြင်းတောင်တန်းမှ တောင်အောက်သို့ တဟုန်ထိုးပြေးဆင်းလာခဲ့သည်။ ခဏအနားယူပြီးနောက် နောက်ဆုံးတွင် သူ့ကိုယ်သူ လုံခြုံသည်ဟု ထင်လိုက်ပုံပါ။ သို့သော် ရုတ်တရက်ဆိုသလိုပဲ သွေးနီရောင်အလင်းတန်းတစ်ခုသည် သူ့ရှေ့တွင် ပေါ်ထွက်လာပြီး ဆက်သွားမည့် လမ်းကို ပိတ်ဆို့လိုက်သည်။

ပိုင်ကျန်းဖုန်း၏ မျက်နှာသည် ချက်ချင်းပြောင်းလဲသွားတော့၏။

“ငါ့လက်ထဲကနေ မင်း ထွက်ပြေးနိုင်မယ်ထင်နေတုန်းလား”

လုံချန်၏ အေးစက်သော အသံသည် ပိုင်ကျန်းဖုန်း၏ နားထဲသို့ ဝင်ရောက်လာသည်။ ပိုင်ကျန်းဖုန်းသည် လုံချန်၏ စကားများကို ကြားလိုက်ရပြီးနောက် သူ့ရှေ့မှ ပုံရိပ်သည် ပျောက်ကွယ်သွားသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ထဲသို့ ကြမ်းတမ်းစွာ ဝင်ရောက်လာသော အဖျက်စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ ထိုခဏလေးအတွင်းမှာယ် ပိုင်ကျန်းဖုန်း၏ခန္ဓာကိုယ်သည် ချက်ချင်းပင် ပေါက်ကွဲကာ အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားတော့သည်။

“ဘာလို့… ငါ့ကိုလဲ…”

ပိုင်ကျန်းဖုန်းသည် မပီမသစကားလုံးများကိုသာ ရေရွတ်လိုက်နိုင်သည်၊ ဒီအချိန်မှာ လုံချန်၏ ငရဲနတ်ဆိုးလက်(နဝမလက်ချောင်း) က သူ၏ အတွင်းကလီစာများကို ပြတ်ထွက်သွားစေခဲ့သည်။ မကြာမီမှာပင် သူ၏အသိစိတ်အာရုံဟာ လုံးလုံးပျောက်ကွယ်သွားပုံရသည်၊ သူ၏ မျက်လုံးများသည် မယုံကြည်နိုင်သော အမူအရာဖြင့် ကျယ်ပြူးနေခဲ့သည်။

လုံချန်သည် ပိုင်ကျန်းဖုန်း၏အလောင်းပြိုလဲသွားသည့်မြင်ကွင်းကို ကြည့်နေရင်း ခေါင်းခါယမ်းလိုက်သည်။

“‘ဘာလို့’လဲဆိုတာ မေးစရာ အကြောင်းမရှိဘူး။ မင်းဟာ ငါတို့ရဲ့ ရန်သူဖြစ်နေသရွေ့ သေရမှာပဲ…”

ထိုစကားပြောပြီးနောက် နေရာမှာပင် ဖျတ်ခနဲပျောက်ကွယ်သွား၏၊ ဤတစ်ကြိမ်မှာတော့ သူ့ပုံရိပ်က အဝေးသို့ ရောက်နေပြီ ဖြစ်သော ပိုင်ရှီဂျီး၏နောက်မှာ ပေါ်လာခဲ့သည်။ ပိုင်ရှီးချန်သည် သူ၏အရှိန်ကို အမြင့်ဆုံးထိထုတ်ဖော်၍ ထွက်ပြေးနေခဲ့ခြင်းဖြစ်သည်။သို့သော်လည်း လုံချန်၏ အမြန်နှုန်းသည် ပြင်းထန်သော လေမုန်တိုင်းကြီးတိုက်ခတ်လာသကဲ့သို့ပင်၊ သူ့အနေဖြင့် လုံးဝမလွတ်မြောက်နိုင်ခဲ့ပေ။

အစောပိုင်းတုန်းကတော့ လုံချန်သည် ပိုင်ကျန်းဖုန်းကိုသာ လိုက်လံသတ်ဖြတ်နေသည်ကို မြင်လိုက်ရသဖြင့် ပိုင်ရှီးချန်သည် အနည်းငယ်စိတ်သက်သာရာရကာသက်ပြင်းချလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ အကြည့်များသည် ရက်စက်ကြမ်းကြုတ်လာပြီး ပြောခဲ့သည် “ယန်မိသားစု၊ ဒီနေ့ ငါသာ လွတ်မြောက်ခွင့်ရခဲ့ရင် ငါ ပိုင်ရှီးချန် ဒုက္ခမျိုးစုံကို သည်းခံပြီးတော့ သေချာပေါက် ကြိုးစားပမ်းစားလေ့ကျင့်ရမယ်။ ငါအောင်မြင်တဲ့နေ့ကတော့ မင်းတို့ ယန်မိသားစုတစ်ခုလုံး ပျက်စီးမယ့်နေ့ပဲ…”

“ဟုတ်လား… မင်း သေချာရဲ့လား…”

ဤအချိန်တွင် သူ့နောက်ကျောဖက်ကနေ အေးစက်စက်အသံ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ထိုအခါ ပိုင်ရှီးချန်၏မျက်နှာသည် ချက်ချင်းဖြူလျော့သွားလေသည်၊ တစ်ချိန်တည်းမှာပဲ သူ၏ကိုယ်ပေါ်သို့ ပြင်းထန်သော စွမ်းအားတစ်ခုကျရောက်လာသည်ကို ခံစားလိုက်ရသည်။ ဤကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ရင်ဆိုင်ရသောအခါ သူသည် လုံးဝ ခုခံနိုင်စွမ်းမရှိတော့ပေ၊ သူ့ခန္ဓာကိုယ်ဟာ နောက်သို့ ဆွဲယူခံလိုက်ရသည်။ သူ့နောက်ကွယ်မှလူဟာ လုံချန်ပင် မဟုတ်ပါလား။

ဤအချိန်တွင် လုံချန်သည် ပိုင်ရှီးချန်ကို သူ့ရှေ့ထိ နောက်ပြန်ဆွဲယူလိုက်သည်။ ပိုင်ရှီးချန်၏ ကြောက်ရွံ့ထိတ်လန့်ပြီး စိတ်ပျက်အားငယ်နေသော မျက်နှာကို မြင်လိုက်သည့်အခါ လုံချန်သည် တဟားဟားရယ်မောလျှက် ပြောခဲ့သည် “မင်းပါးစပ်က ဒီလိုစကားတွေကြားလိုက်တော့ ငါမင်းကို ပိုပြီး အလွတ်မပေးနိုင်တော့ဘူး…”

လုံချန်၏အေးစက်တိအေးစက်စကားများကို ကြားလိုက်သည့်အချိန်တွင် ပိုင်ရှီးချန်သည် အလွန်ထိတ်လန့်သွားခဲ့ပြီး အောက်ပိုင်းတစ်ပိုင်းလုံး ဆီးများစိုရွှဲသွားသည်။ မကြာမီမှာပင် သူသည် လုံချန်၏လက်ထဲ၌ ကြက်ကလေး၊ငှက်ကလေးတစ်ကောင်အလားဖမ်းဆီးခံလိုက်ရတော့သည်။ ထို့နောက် ယန်မိသားစုဝင်များရှိရာသို့ ဖမ်းခေါ်ခံလိုက်ရကြောင်း သတိထားမိသွားခဲ့သည်။ အေးစက်သော အကြည့်စူးစူးများစွာ သူ့အပေါ်သို့ စုစည်းကျရောက်လာသည်ကို မြင်လိုက်သောအခါ ပိုင်ရှီးချန်လည်း သတ္တိများ ကြက်ပျောက်၊ငှက်ပျောက် ပျောက်ကွယ်သွားတော့သည်။ သူသည် တုံ့ဆိုင်းခြင်းမရှတော့ဘဲ လုံချန်၏ရှေ့တွင် ကမန်းကတန်းဒူးထောက်ချလျက် မျက်ရည်များဖြင့် တောင်းပန်လေသည် “အစ်ကိုကြီးလုံချန်…ကျေးဇူးပြုပြီး ငါ့ကို အသက်ရှင်ခွင့်ပေးပါ။ ငါပိုင်ရှီးချန်က မင်းဆီမှာ တစ်သက်လုံး ကျွန်ခံပြီး အစေခံလုပ်ဖို့တောင် ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး ငါ့ရဲ့တန်ဖိုးမရှိတဲ့အသက်လေးကို လွှတ်ပေးပါ။ ငါ နောက်တစ်ကြိမ် ထပ်မလုပ်တော့ဘူးဆိုတာ ကျိန်ဆိုပါတယ်…”

ပိုင်ရှီးချန်၏ သနားစဖွယ်ပုံရိပ်ကို မြင်လိုက်ရသောအခါ လုံချန်သည် သူ့ကို ပို၍ပင် အထင်သေးသွားမိသည်။ ဤအချိန်တွင် လုံချန်သည် ပိုင်ရှီးချန်၏ ယခင်က မာနထောင်လွှားသော အကြည့်များကို ပြန်ပြီးအမှတ်ရလိုက်သည်။ ယခုအခါမှာတော့ ၎င်းသည် သူ့ရှေ့တွင် ဒူးထောက်ပြီး သနားစဖွယ် တောင်းပန်နေသည်မှာ ထူးဆန်းလှသည်။ ကံကြမ္မာအလှည့်အပြောင်းကား မြန်ဆန်လှ၏။ ထို့အတူ လုံချန်၏နှလုံးသားထဲတွင် နက်ရှိုင်းသော နောင်တရားများကို ခံစားလာရသည်။

“ဒီအရာအားလုံးက စွမ်းအားကြောင့်ပဲ။ အဖေက ဘယ်တော့မှ ငါ့ကို ထိခိုက်စေမှာ မဟုတ်ဘူး။ သူပြောခဲ့သမျှ စကားလုံးတိုင်းက တကယ်ပဲ အဖိုးမဖြတ်နိုင်အောင်ပါပဲလား။ပြီးတော့ ငါ လက်ရှိအဆင့်နဲ့ ဘယ်တော့မှ ကျေနပ်နေလို့မရဘူး။ မဟုတ်ရင် တစ်နေ့ကျ ငါလည်း တစ်စုံတစ်ယောက်ရှေ့မှာ ဒူးထောက်နေရလိမ့်မယ်”

ဤအချိန်တွင် ပိုင်ရှီးချန်၏လုပ်ရပ်များကို ကြည့်ရင်း ယန်မိသားစုဝင်တွေအားလုံး စက်ဆုပ်မှုကိုသာ ခံစားရသည်။

အထူးသဖြင့် ယန်လင်ယွဲ့အတွက် ယခင်က သူမ၏ မျက်လုံးထဲ၌ ပိုင်ရှီးချန်သည် ယဉ်ကျေးသိမ်မွေ့သော လူငယ်လေးတစ်ဦးဖြစ်ခဲ့သည်။ ထို့အပြင် ယန်အိမ်တော်၏ “အသုံးမကျသော အမှိုက်ကောင်” လုံချန်ထက် အင်မတန် ထူးချွန်သည်ဟု လက်ခံယုံကြည်ထားခဲ့သည်။ အတိတ်တစ်ချိန်ကတော့ လုံချန်သည်သာ ပိုင်ရှီးချန်ရှေ့တွင် ဒူးထောက်နေရမည်ဟု စိတ်ကူးယဉ်ခဲ့ဖူးပါသည်။ တကယ့်လက်တွေ့မှာတော့ အခြေအနေဟာ လုံးဝကို ပြောင်းပြန်ပင်၊ ပိုင်ရှီးချန်ကသာ လုံချန်၏ရှေ့၌ သနားစဖွယ်ဒူးထောက်နေခဲ့ရသည်။

ဤအခိုက်အတန့်တွင် လုံချန်သည် ရုတ်တရက်ဆိုသလိုပင် ယန်လင်ယွဲ့ကို လှည့်ကြည့်ပြီး ရိုးရှင်းစွာ ပြောလိုက်သည် “အစ်မလင်ယွဲ့… မင်းလက်နဲ့ သူ့ကို သတ်လိုက်ပါ…”

လုံချန်က ရုတ်တရက်ပြောလိုက်သည်ကို ကြားသည့်အခါ ယန်လင်ယွဲ့သည် အံ့သြထိတ်လန့်သွားသည်။

“လင်ယွဲ့… မင်းကိုယ်တိုင် ပိုင်ရှီးချန်ကို အဆုံးသတ်လိုက်ပါ။ မင်း ရင့်ကျက်လာဖို့ အချိန်ရောက်ပြီ…”

ဤအချိန်တွင် ဘေးကနေ ယန်ဝူ၏အသံ ထွက်ပေါ်လာသည်။ ယန်လင်ယွဲ့သည် ဒဏ်ရာအပြင်းအထန်ရထားသော အစ်ကိုကြီးဖြစ်သူကို လှည့်ကြည့်လိုက်သည်။ ထို့နောက် ရှေ့ရှိ လုံချန်နှင့် ယန်လင်းချင်တို့ကို ကြည့်လိုက်သည်။ ယန်လင်းချင်သည် သူမ၏ကိုယ်ပိုင်ခွန်အားဖြင့် ပိုင်ရှီဂျီးအား သတ်ဖြတ်နိုင်ခဲ့သည့်မြင်ကွင်းကို ပြန်တွေးမိသောအခါ ယန်လင်ယွဲ့သည် ဝမ်းကွဲညီမအပေါ် အလွန်အထင်ကြီးလေးစားမိလေသည်။ လက်ရှိသူမကိုယ်တိုင်ဆိုလျှင် ပိုင်ရှီဂျီးကို သတ်ဖြတ်နိုင်မည်လား။

တစ်ချိန်တည်းတွင် လုံချန် ထံမှ သေမိန့်ချလိုက်သလိုစကားများကို ကြားလိုက်ရသောအခါ ပိုင်ရှီးချန်၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ လုံချန်၏ အေးစက်သော အမူအရာကို မြင်လိုက်ရသည့်အခိုက် သူ့တွင် မျှော်လင့်ချက်မရှိတော့ကြောင်း သိလိုက်ပါသည်။ ထို့ကြောင့် သူသည် ယန်လင်ယွဲ့ကို ဓားစာခံအဖြစ် အသုံးချရန် ကြံရွယ်လိုက်သည်။ သို့သော် ပိုင်ရှီးချန်မသိတာက လုံချန်ဟာ သူ့ကိုပါ။

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

All Chapters