အခန်း (၈၃-၈၄)
Vol. 7 Ch. 83-84
...(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၇)
အပိုင်း ၈၃ - (လေဝိညာဉ်နဂါး)
ဟွမ်ဖေးယန်၏နာမည်ကို ကြားလိုက်ချိန်တွင် လုံချန် သည် ကျောရိုးတစ်လျှောက် အေးစက်သွားသလိုပင် ခံစားလိုက်ရလေသည်။
“အဲဒီဟွမ်ဖေးယန်က ငါ့ကို အရိုးထဲထိအောင် မုန်းတီးနေတာ။ ဘာလို့ လျူလန်က ငါတို့နှစ်ယောက်ကို တွဲပြီး စေလွှတ်ရတာလဲ။ သူမ ငါ့ကို သတ်ချင်နေတာလား”
လုံချန် သည် လျူလန်၏ရည်ရွယ်ချက်ကို နားမလည်နိုင်သည့်အတွက် မျက်မှောင်ကြုတ်မိသည်။
“ဒါပေမဲ့ လုံချန်! မင်း အရမ်းစိုးရိမ်နေစရာ မလိုပါဘူး။ စစ်ဆေးသူတွေက မင်းကို တိုက်ရိုက် ဖိနှိပ်ပိုင်ခွင့် မရှိဘူး။ ငါတို့ လင်းဝူမိသားစုရဲ့ သတင်းကွန်ရက်က အရမ်းအားကောင်းတယ်၊ တခြားနေရာတွေနဲ့ နှိုင်းယှဉ်လို့ မရဘူး။ မင်း သတိထားနေမယ်ဆိုရင် သူတို့က လူအများရှေ့မှာ လှုပ်ရှားရဲမှာမဟုတ်ဘူး”
အမှန်တော့ လုံချန်သည် ဟွမ်ဖေးယန်ကို ကြောက်ရွံ့မနေပေ။ သူ နားမလည်နိုင်သည့်အရာက လျူလန်၏ လုပ်ရပ်ကိုပင်၊ သူမက အတော်လေးကို ရက်စက်လွန်းနေသည်မဟုတ်ပါလား။
“အစ်ကိုကြီး ကန်! တခြား အရေးကြီးတာ မရှိရင် ငါ ပြန်သွားပြီး ပြင်ဆင်တော့မယ်”
ကန်လင် လည်း ခေါင်းညိတ်ပြီး နောင်တရနေသော မျက်နှာထားဖြင့် ပြောခဲ့သည် “လျူလန်က ဆုံးဖြတ်ပြီးသားမို့ ငါ တောင်းဆိုပေးရင်တောင် ပြောင်းလဲမှာ မဟုတ်ဘူး။ ပြန်သွားပြီး ကောင်းကောင်း ပြင်ဆင်ထားပါ။ ဒီ ဘေးအန္တရာယ်ကနေ မင်း လွတ်မြောက်နိုင်မလား ကြည့်ရအောင်”
လုံချန်သည် ခေါင်းညိတ်ပြီး ထွက်သွားခဲ့သည်။ စီနီယာအစ်ကို ကလန်လင် ကတော့ သူ့နောက်ကျောကို လှမ်းကြည့်ရင်း ခေါင်းခါကာ သက်ပြင်းချလိုက်ပါသည်။
“သံမဏိနှလုံးသား ၁၀၅ ခု...။ ဒီနံပါတ်က အပြင်စည်းဂိုဏ်းရဲ့ မူလ နံပါတ်တစ် ပါရမီရှင် မိုရှောင်းလန်ထက်တောင် ကျော်နေပြီ။ လျူလန်က ဘာတွေးနေတာလဲ။ တကယ်တော့ သနားစရာပဲ...”
လုံချန် သည် ခပ်ဝေးဝေး မရောက်သေးသဖြင့် ကန် လင်၏ရေရွတ်သံကို ကြားလိုက်ရသည်။
အရင်ကလည်း ရှောင်တျန်းဖန် ဆီကနေ အပြင်စည်းဂိုဏ်း၏ နံပါတ်တစ်ပါရမီရှင်ဟာ သံမဏိနှလုံးသား ၁၀၂ ခု ရခဲ့သည် ဟူသောစကားကို ကြားခဲ့ရသည်။ ယခု ကန်လင် လည်း သူ့အား ထိုပါရမီရှင်နှင့် နှိုင်းယှဉ်နေပြန်သည်။
“ အဲ့ဒီလူက မိုရှောင်းလန်လား...”
လုံချန် အနေဖြင့် လင်းဝူမိသားစုကို အချိန်စောမလာခဲ့သည့်အကြောင်းအရင်းက မိုရှောင်းလန်ကြောင့်ပင်။ ထိုအချိန်က မိုရှောင်းလန် ပြောခဲ့သည့်စကားမှာ မြေမ္ဘာယွမ်အဆင့် သို့ရောက်ရှိပြီးနောက်မှသာ လင်းဝူမိသားစု သို့ လာရောက်ရန်ဖြစ်သည်။ သို့သော် ယခုတော့ သူ၏မိသားစုအခြေအနေကြောင့် အချိန်စောရောက်လာခဲ့ရသည်။ ထို့အပြင် လင်းဝူမိသားစုသို့ ဝင်ရောက်သည်မှာ မကြာသေးသဖြင့် မိုရှောင်းလန်ကို ရှာဖွေရန် အခွင့်အရေး မရခဲ့ပေ။ သို့ရာတွင် ကန်လင်၏စကားကို ကြားပြီးနောက် မိုရှောင်းလန်၏ အကြောင်းကို သိနေမှန်း ယူဆလိုက်သည်။
ထိုလူငယ်အကြောင်း သတိရလိုက်သောကြောင့် လုံချန်လည်း အနည်းငယ် ပြုံးလိုက်သည်။သူက ရုတ်တရက် နောက်ပြန်လှည့်ပြီး သိုင်းခန်းမ ဆီသို့ ပြန်လျှောက်လာသည်။
ကန်လင်က သံသယဖြင့် ကြည့်နေသည်
“ဘာလို့ ပြန်လာတာလဲ...”
“အစ်ကိုကြီး ကန်! လူတစ်ယောက်အကြောင်းကို မေးချင်လို့ပါ။ အရင်က ပြောခဲ့တဲ့ မိုရှောင်းလန်ဆိုတဲ့သူ ဘယ်မှာရှိလဲ သိပါသလား”
လုံချန်က တည့်တည့်သာ မေးလိုက်သည်။ သို့သော် မိုရှောင်းလန် ဆိုသောနာမည်ကိုကြားလိုက်သည့် ကန်လင် ကတော့ မျက်နှာပျက်ကာ အေးစက်စက် ပြောလိုက်သည်။
“တိတ်စမ်း...”
လုံချန် လည်း အံ့သြသွားပြီး မျက်လုံးများပင် အေးစက်လာသည်။
“ဘာလို့လဲ...”
ကန်လင်က အေးစက်စက်လေသံဖြင့် ပြန်ပြောသည် “လုံချန်၊ မင်းတို့နှစ်ယောက်ကြားမှာ ဘယ်လို ဆက်နွယ်မှုရှိလဲ ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ လင်းဝူမိသားစု အတွင်းမှာ ရှိနေသမျှကာလပတ်လုံး သူ့အကြောင်းကို မမေးရဘူး။ ဒီလူက ငါတို့ လင်းဝူမိသားစုထဲမှာ မရှိတော့ဘူး”
လုံချန် သည် ကန်လင်၏စကားကြောင့် ပိုပြီး ရှုပ်ထွေးသွားခဲ့သည်။ သို့သော်လည်း ကန်လင်၏မျက်နှာအမူအရာက အလေးအနက်ထားပြောနေကြောင်း မြင်သောအခါ အခြေအနေမကောင်းနိုင်မှန်း နားလည်လိုက်ပြီး ခေါင်းညိတ်လိုက်ပါသည်။
“ကောင်းပြီ၊ ငါ နားလည်ပါပြီ...”
ထို့နောက်မှာတော့ သိုင်းပညာခန်းမကနေ ထွက်လာပြီး ကိုယ်ပိုင်အခန်းသို့ ပြန်လာခဲ့တော့သည်။
“ရှီအာ၊ အခု အခြေအနေကို မင်း ဘယ်လိုမြင်လဲ”
လင်းရှီ သည်လည်း စိတ်ရှုပ်ထွေးနေပြီး ပြန်ပြောလိုက်သည်။
“ငါလည်း မသိဘူး။ အဲ့ဒီအချိန်တုန်းက သူ လင်းဝူမိသားစုရဲ့ အဖွဲ့ဝင်ဖြစ်နေသေးတယ်၊ ဒီမှာ အရမ်းအဆင်ပြေနေတယ်လို့ မပြောခဲ့ဘူးလား။ အခုတော့ ဘာလို့ လူတိုင်းက သူ့ကို ရှောင်နေသလို ခံစားရတာလဲ။ နာမည်တောင် မပြောရဲတော့ဘူး...”
လုံချန် သည် မျက်မှောင်ကြုတ်ပြီး ပြောသည်
“အဲ့ဒီအချိန်တုန်းက သူက အရေးကြီးတဲ့ ကိစ္စတစ်ခု လုပ်စရာရှိတယ်ဆိုပြီး ယွမ်လင်းမြို့တော်ကို ပြန်မယ်လို့ ပြောခဲ့တာ။ တစ်ခုခု မှားသွားတာလား”
“ဟုတ်တယ်နော်...” လင်းရှီက ရုတ်တရက် သတိရသလို ဆက်ပြောသည်
“ငါ ခံစားမိတာက သူ့ကို လူတိုင်းက ရှောင်နေသလိုပဲ။ အပြင်စည်းဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင်လို့ လူသိများတဲ့သူက လင်းဝူမိသားစုကို သစ္စာဖောက်သွားတာလား”
လုံချန် သည် စဉ်းစားကြည့်ပြီးမှ ဖြစ်နိုင်ခြေရှိကြောင်း တွေးမိလိုက်သည်။
“သူ့စိတ်သဘောထားက အဲ့လို လုပ်မယ့်သူ မဟုတ်ပေမယ့်၊ တစ်ယောက်ယောက်က ဖိအားပေးနေရင်တော့ ဖြစ်နိုင်တာပေါ့”
“ဟုတ်တယ်၊ အဲ့ဒီ ညစ်ပတ်တဲ့အမျိုးသမီး လိုပဲ” လျူလန်ကို သတိရသွားသည့်ပုံပါ၊ လင်းရှီ၏ မျက်နှာလေးဟာ ချက်ချင်း နီရဲလာသည်။
“အစပိုင်းမှာ ကောင်းကောင်း ဟန်ဆောင်ထားတာပဲ။အခု နင်နဲ့ ဟွမ်ဖေးယန်ဆိုတဲ့ လူယုတ်မာကို တွဲပြီး စေလွှတ်တာ... သူ နင့်ကို သတ်ဖို့ ရည်ရွယ်ထားတာပဲ။ လုံချန်! ငါတို့ မိုးသောက်ကုန်သွယ်ရေးအဖွဲ့ကို သွားပြီး မိုရှောင်းလန် အကြောင်းကို စုံစမ်းခိုင်းလိုက်ရင် ပိုကောင်းမယ်”
လုံချန်က ခေါင်းခါပြီး ပြောလိုက်၏။
“မလျင်စလို လုပ်ပါနဲ့။ ငါတို့ ခန့်မှန်းနေရုံပဲ။ ရှောင်းလန်က ငါ့ထက် အများကြီး သန်မာတယ်။ အခုလောလောဆယ် ငါက သူ့ကို ကူညီဖို့ အင်အားမရှိသေးဘူး။ ငါလုပ်ရမှာက ကြိုးစားပမ်းစားကျင့်ကြံရမယ်။ ပထမဆုံး တာဝန်နဲ့ ပတ်သက်ပြီး...”
လုံချန်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
“သူတို့ ဘယ်လောက်ပဲ စိတ်ကူးယဉ်နေပါစေ၊ ငါ ဘယ်လောက်ထိ စိတ်ရှည်နိုင်လဲ သူတို့ မထင်ကြလောက်ဘူး။ ဟွမ်ဖေးယန်ကို ငါ မသတ်နိုင်ဘူးလို့ မယုံဘူး”
လုံချန်၏မျက်နှာပေါ်မှ ရက်စက်လိုသော အမူအရာကို မြင်သည့်အခါ လင်းရှီ လည်း အံ့သြသွားလေသည်။ တစ်ချိန်တည်းမှာပဲ လုံချန် သည် သိုလှောင်အိတ်ထဲမှ ဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီး (Spirit Recovery Fruit) ကို ထုတ်ယူလိုက်သည်။
“မင်း ဒါကို သွားပြီး စုပ်ယူလိုက်။ ငါက “ကောင်းကင်လောင်ကျွမ်းခြင်းနတ်ဆိုးလက်သီး” နဲ့ “နဝမကောင်းကင်နဂါးခြေလှမ်း] ကို ထပ်ပြီးလေ့ကျင့်လိုက်ဦးမယ်။ တာဝန်မစခင် ရက်နည်းနည်းကျန်သေးတာဆိုတော့ အချိန်ကို အကျိုးရှိရှိ အသုံးချရမယ်”
……………
စတုတ္ထနေ့ နံနက်စောစောတွင်၊
ကန်လင်သည် လုံချန်၏အခန်းတံခါးကို လာခေါက်ပြီး ပြောလေသည်။
“ဂျူနီယာလုံချန်! မင်းအတွက် တာဝန်ဆုံးဖြတ်ပြီးပြီ။ အဆင့် ၃ တာဝန်ပါ။ ဟွမ်ဖေးယန်နဲ့ ဝမ် က အဓိက တိုက်ခိုက်ရမယ့်သူတွေ ဖြစ်မယ်။ မင်း သူတို့နောက်က လိုက်ပြီး သင်ယူရုံပဲ၊ ကောင်းကောင်း လုပ်ဆောင်ပါ။ သူတို့က မင်းရဲ့ စစ်ဆေးသူတွေ ဖြစ်လိမ့်မယ်။ မင်းရဲ့ အဆင့်အတန်းနဲ့ လင်းဝူမိသားစုကနေ ရရှိလာမယ့် အရင်းအမြစ်ပမာဏက သူတို့ရဲ့ အကဲဖြတ်ချက်ပေါ် မူတည်မယ်”
လုံချန်က စိတ်ထဲမှာ တိတ်တဆိတ် ကျိန်ဆဲလိုက်သည် “ အမှိုက်လိုစကားတွေ...”
တာဝန် လုပ်ဆောင်ရာတွင် ဟွမ်ဖေးယန်က သူ့အား မသတ်နိုင်လျှင်ပင် အကဲဖြတ်ချက်ကတော့ အဆိုးဆုံး ဖြစ်မှာ သေချာပါသည်။
“အဲ့ဒီ လျူလန်... သူမ ဘာကို ကြံစည်နေလဲ မသိဘူး။ ဒီအမှိုက်နှစ်ကောင်က ငါ့ကို ဘာမှ ကောင်းကောင်း အကဲမဖြတ်မှာသေချာနေတာချည်းကို။ ပြီးတော့ အကဲဖြတ်ရင်း ငါ့ကို သတ်ဖို့ ကြံမှာ ၈၀ ရာခိုင်နှုန်းလောက်ရှိတယ်”
လုံချန် သည် ကျိန်ဆဲရင်း နောက်ကနေ လိုက်ပါသွား၏။
“ဒီတာဝန်ရဲ့ နေရာက ယန်လော့မြို့ပဲ။ မနေ့က ယန်လော့မြို့ ရဲ့ မြို့သခင်က သတင်းပို့လာတယ်။ ယန်လော့မြို့မှာ မိန်းမပျိုလေးတွေ ရုတ်တရက်ကြီးပျောက်ဆုံးနေတယ်၊ အဲဒီအထဲမှာ မြို့သခင်ရဲ့ သမီးလည်း ပါနေတယ်။ လူသတ်သမားက အရာအားလုံးကို သေချာဖုံးကွယ်ထားတာဆိုတော့ မြေကမ္ဘာယွမ်အဆင့် ကို ရောက်နေတဲ့ သူပဲ ဖြစ်မယ်။ ယန်လော့မြို့ အရှင်က မကိုင်တွယ်နိုင်လို့ မင်းတို့ သုံးယောက်ကို တာဝန်ပေးလိုက်တာ”
လုံချန် သည် ကန်လင် ရှင်းပြနေသည့်အချက်များကို သေချာစွာ မှတ်သားလိုက်သည်။ မကြာခင်မှာ သူတို့နှစ်ယောက်သည် အစိမ်းရောင်နေမင်းဌာနခွဲ၏ အနောက်ဖက်နယ်မြေသို့ ရောက်ရှိလာကြသည်။ ဤနေရာတွင် နဂါးသွေးမျိုးစက်ပါသော နတ်ဆိုးသားရဲများကို မွေးမြူထား၏။ တစ်နည်းအားဖြင့်တော့ ဤနေရာသည် သားရဲမွေးမြူရေး နယ်မြေတစ်ခုဖြစ်ပုံရသည်။ သူတို့ ရောက်လာသည့်အချိန်တွင် အတောင်ပံများ ဖြန့်ကားထားသည့် သားရဲကြီးတစ်ကောင်ကို မြင်လိုက်ရသည်။ ၎င်း၏အတောင်ပံက အလျား ၁၅ မီတာ လောက်ရှည်လျားသည်။ ထို့အပြင် ဧရာမမျက်လုံးကြီးများဖြင့် လူတိုင်းကို အေးစက်စက်စိုက်ကြည့်နေလေသည်။
“ဒါက အဝါအဆင့် ၇ နတ်ဆိုးသားရဲ ဖြစ်တဲ့ လေဝိညာဉ်နဂါးပဲ။ အရမ်းသန်မာတယ်၊ အရှိန်နဲ့ တိုက်ခိုက်နိုင်စွမ်းက တော်တော်လေး ထူးခြားတယ်။ တကယ်တော့ ဒီသားရဲက ငါတို့ လင်းဝူမိသားစုမှာ အသုံးအများဆုံး စီးတော်ယာဉ်လို့ ပြောရမှာပဲ”
လုံချန်ကို မြင်သောအခါ လေဝိညာဉ်နဂါးကရုတ်တရက် နောက်ဆုတ်သွားသည်။ ၎င်း၏မျက်လုံးထဲမှာ သံသယအကြည့်များ ရောနှောနေသည့်တိုင်အောင် လေးစားမှုလည်း ပါဝင်နေလေသည်။
“ဒီလေဝိညာဉ်နဂါးက ငါ့ခန္ဓာကိုယ်ထဲက ဘိုးဘေးသွေးနဂါးရဲ့ အငွေ့အသက်ကို ခံစားမိလို့များလား”
လုံချန်၏ နှလုံးသားလည်း အနည်းငယ်လှုပ်ခတ်သွားသည်။ ထို့နောက် လေဝိညာဉ်နဂါး ဘေးနားတွင် လူနှစ်ယောက်ကို မြင်လိုက်ရသည်။ ဟွမ်ဖေးယန်က လုံချန်ကို ပြုံးပြရင်း ရပ်နေသလို အစ်ကို ဝမ် ကတော့ မျက်နှာခပ်တည်တည်ပင်။
ဟွမ်ဖေးယန် က ပြုံးနေသော်လည်း သူ၏အပြုံးထဲ၌ လူသတ်လိုစိတ် အပြည့်ပါနေလေသည်။
သို့သော် အကြီးအကဲလျူလန် ကတော့ ရောက်မလာခဲ့ပေ။
“နောက်ဆုံးတော့ ရောက်လာကြပြီလား”
ဟွမ်ဖေးယန်က ရှေ့တိုးလာပြီး အကြီးအကဲတစ်ယောက်အလား လုံချန်ကို အပေါ်အောက် စစ်ဆေးကြည့်ရင်း လျှာဖြင့် နှုတ်ခမ်းသပ်လိုက်သည်။
“မဆိုးဘူး... ကောင်လေး။ ဒီတစ်ခါ ငါနဲ့ အစ်ကိုကြီး ဝမ်က မင်းရဲ့ စစ်ဆေးသူတွေ ဖြစ်လာလိမ့်မယ်။ မင်း ကောင်းကောင်း စွမ်းဆောင်ပြီး အမှားမလုပ်ရင် ငါ မင်းကို အမှတ်အများကြီး ပေးမယ်။ ဟုတ်တယ်မလား အစ်ကိုဝမ်ယာ...”
အစ်ကိုဝမ် က မပြုံးချင်သော်လည်း အတင်းလုပ်ယူပြုံးပြလိုက်ပါသေးသည်။
ဤအချိန်တွင် ဟွမ်ဖေးယန်က ကန်လင်ကို ကြည့်ပြီး ပြောလိုက်သည်။
“အစ်ကိုကြီး ကန်! ပြန်ပါတော့။ ဒီတပည့်အသစ်ကို ငါတို့ ကောင်းကောင်း ဂရုစိုက်ပေးမယ်။ ပြန်လာတဲ့အခါ ဘာမတော်တဆမှုမှ မရှိစေရဘူးလို့ အာမခံပါတယ်”
“ဉာဏ်များတဲ့ လူယုတ်မာကောင်၊ ဒီတစ်ခါ ငါ့လက်ထဲ ရောက်လာလို့ကတော့ နင့်ရဲ့ တင်ပါးကို စုတ်ပြတ်သက်သွားအောင် ရိုက်ပစ်မယ်”
လင်းရှီ သည် အချိန်တော်တော်ကြာကတည်းက လုံချန်နှင့် အတူရှိနေခဲ့သည်ဖြစ်ရာ ပြောပုံဆိုပုံကအစ အတော်များများ အကျင့်တူနေလေသည်။
အမှန်တကယ်တော့ ဟွမ်ဖေးယန်၏ယခုလိုအပြုအမူက လုံချန်ကို မသက်မသာ ခံစားရစေသည်။ ကန်လင်က ထွက်မသွားသေးဘဲ ဤအခြေအနေကို ကြည့်ပြီး လုံချန်ကို ထပ်ခါထပ်ခါ သတိပေးနေသည်။ ထို့နောက် ဟွမ်ဖေးယန်ကို အေးစက်စက် ကြည့်ရင်း ပြောလိုက်သည်။
“ဂျူနီယာညီငယ်ဟွမ်! ယန်လော့မြို့မှာ ငါတို့ လင်းဝူမိသားစုရဲ့ မျက်စိနဲ့ နားတွေ အများကြီး ရှိတယ်ဆိုတာသတိရပါ။ ဒီကိစ္စကို လွယ်လွယ်နဲ့ မဖြေရှင်းနိုင်ရင် မိသားစုကို ချက်ချင်း သတင်းပို့ပါ”
ကန်လင်က “မျက်စိနဲ့နား” ဆိုသော စကားကို ထည့်ပြောလိုက်ခြင်းဟာ ဟွမ်ဖေးယန်ကို သွယ်ဝိုက်ပြီး သတိပေးလိုက်တာဖြစ်သည်။
အကယ်၍ ဟွမ်ဖေးယန် သာ လုံချန်ကို ပေါ်တင်တိုက်ခိုက်လျှင် သတင်းက လင်းဝူမိသားစုဆီသို့ တိုက်ရိုက် ရောက်ပေလိမ့်မည်။ ထိုအချိန်ရောက်ပါက ဟွမ်ဖေးယန် မည်မျှပင် ထူးချွန်နေပါစေ သေချာပေါက် အသတ်ခံရပါလိမ့်မည်။
ဟွမ်ဖေးယန် သည် ကန်လင်၏စကားကို နားလည်သော်လည်း မကြားခဲ့သလို ဟန်ဆောင်ပြီး ရယ်မောရင်း တည်ငြိမ်စွာပြန်ပြောလိုက်သည်။
“ဒါက သေချာပါတယ်။ ငါ့အနေနဲ့ ဂျူနီယာညီလေးလုံချန်ကို ဒဏ်ရာရအောင် လုံးဝ မလုပ်ဘူး”
ကန်လင် လည်း စကားဖြင့်သာ လုံချန်ကို ကူညီနိုင်သဖြင့် ထပ်ခါထပ်ခါပြောလိုက်ရုံသာ တတ်နိုင်လေသည်။
“အခုတော့ ထွက်ခွာဖို့အချိန်ကျပြီပဲ”
ဟွမ်ဖေးယန်က အစ်ကိုဝမ် နှင့် လုံချန်ကို ခေါ်ပြီး လေဝိညာဉ်နဂါး ဆီသို့ လျှောက်လာသည်။ အစ်ကိုဝမ်က အစိမ်းရောင်ပုလွေတစ်ချောင်း ထုတ်ယူပြီး ထူးဆန်းသော တေးသွားတစ်ပုဒ် တီးမှုတ်လိုက်သည်။ တေးသံ ပျံ့လွင့်လာသည် နှင့်တစ်ပြိုင်နက် လေဝိညာဉ်နဂါး က ချက်ချင်းနာခံလာပုံရ၏။ ၎င်း၏ ခြေထောက်များကို ကွေးချလိုက်သည်။ ထို့နောက် လုံချန် တို့သုံးယောက်လည်း တက်လိုက်ကြသည်။
အစ်ကိုဝမ်၏ ထိန်းချုပ်မှုအောက်၌ လေဝိညာဉ်နဂါးက ဟိန်းလိုက်ပြီး ဧရာမအတောင်ပံကြီးများကို လှုပ်ခါလိုက်သည်။ ထို့နောက်တွင် အတောင်ပံနှစ်ဖက်မှ ကျယ်လောင်သည့် ရိုက်ခတ်သံနှင့်အတူ ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။ လုံချန်သည် နဂါးအတောင်ပံတစ်ဖက်ကို တင်းတင်း ဆုပ်ကိုင်လျက် ချီစွမ်းအင်ကို ထုတ်ဖော်ပြီး သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပါသည်။ နဂါးကျောပေါ် စီးနင်းရသည်မှာ စိတ်လှုပ်ရှားစရာ အခိုက်အတန့်ဖြစ်သော်လည်း လုံချန်၏တစ်ကိုယ်လုံး ချွေးစေးများ စိုရွှဲနေပေသည်။
ဤအချိန်တွင် ဟွမ်ဖေးယန်က ခေါင်းလှည့်ပြီး လုံချန်ကို ကြည့်ရင်း ရယ်လိုက်သည်။
…………
ကန်လင် သည် လုံချန်တို့ ထွက်ခွာသွားသည်အထိ ကြည့်နေခဲ့ရင်း ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။
“နောက်ထပ် ကောင်းမွန်တဲ့ ပါရမီရှင်လူငယ်တစ်ယောက်... ဘာလို့ ဒီလို အဆုံးသတ်ခံရတာလဲ”
“ကန်လင်၊ ငါ့ကို မကျေနပ်ဘူးလား”
ဤအခိုက်အတန့်မှာပင် သူ့နောက်ကနေ အေးစက်သော အသံ ထွက်လာသည်။ ကန်လင် လည်း လှည့်ကြည့်လိုက်ရာ လျူလန် က သူ့ထံ လျှောက်လာနေကြောင်း တွေ့လိုက်ရ၏။ သူက ခေါင်းငုံ့ပြီး နှုတ်ဆက်လိုက်ပါသည်။
“အကြီးအကဲ လျူ...”
လျူလန်က ဖြည်းညှင်းစွာလျှောက်လာရင်း ကန်လင်၏နံဘေးမှာ လာရပ်လိုက်သည်။ အစပိုင်းမှာ တည်ကြည်နေသော ပါးစပ်က တဖြည်းဖြည်း ပြုံးလာပါသည်။ သူမ၏ပါးနှစ်ဖက်ကလည်း ချယ်ရီပန်းပွင့်ကဲ့သို့ နီရဲလာလေသည်။
“နင် စိုးရိမ်နေတာ ဘာပဲဖြစ်ဖြစ် ငါ့ကို ပြောလို့ရတယ်”
ကန်လင်က ခဏကြာ စဉ်းစားပြီးနောက် စိတ်ထဲကအတိုင်း ပြောချလိုက်သည်။
“အကြီးအကဲ၊ ဒီလို ပြင်းထန်တဲ့နည်းလမ်းနဲ့ သူတို့ရဲ့ အလားအလာကို ထုတ်ယူတာ မှားနေတယ်လို့ ငါ ထင်ပါတယ်။ လုံချန်အပါအဝင်နဲ့ဆို လူ ၆ ယောက်လောက် ဆုံးရှုံးခဲ့ပြီးပြီ။ ဒါ မလုံလောက်သေးဘူးလား”
လျူလန်က ပြုံးရင်း ခေါင်းမော့ကြည့်ပြီး လုံချန် ပျောက်ကွယ်သွားသည့် အရပ်ကို ကြည့်ရင်း ပြောလိုက်ပါသည်။
“တကယ့် ပါရမီရှင်တွေက အဆုံးအစမဲ့တဲ့ စမ်းသပ်မှုတွေ၊ အသက်အန္တရာယ်ရှိတဲ့ အကျပ်အတည်းတွေကနေပဲ ပေါ်ထွက်လာတာ။ ငါ သူ့ကို ခံစားစေချင်တာက အဆုံးမဲ့ သတ်ဖြတ်လိုစိတ်၊ ရှုံးနိမ့်မှု၊ သေဆုံးမှု၊ အောင်မြင်မှုတွေပဲ။ အဲ့ဒီလိုရင်ဆုံကြုံတွေ့ပြီးမှပဲ သူက လူတွေထဲက နဂါးတစ်ကောင် ဖြစ်လာမှာ”
စကားပြောရင်း သူမက ခေါင်းလှည့်ပြီး ကန်လင်ကို စူးစမ်းစွာ ကြည့်ရင်း မေးလိုက်သည်။
“ကန်လင်၊ နင် ထင်တာ ဘယ်အစုအဖွဲ့က ပိုအားကောင်းသလဲ။ ပိုးကောင်ငယ်လေး ၆ ကောင်လား၊ ဒါမှမဟုတ် နဂါးတစ်ကောင်လား”
ကန်လင်၏ ခန္ဓာကိုယ်သည် တုန်ခါသွားခဲ့သည်။ လျူလန်၏ အတွေးကို နားလည်သွားပုံရသည်။ သို့သော်လည်း လူငယ်တပည့်များ၏မျက်နှာအမူအရာများကို ပြန်မြင်ယောင်တိုင်း စိတ်မသက်မသာဖြစ်နေဆဲပါ။
“နင် ဘယ်တော့ နဂါးတစ်ကောင်လို မွေးဖွားနိုင်မလဲ ငါ မသိဘူး...”
“အမှန်ပဲ၊ ငါ့ကိုယ်ငါလည်း မသိဘူး”
“အကြီးအကဲ က လုံချန်ရဲ့ ပါရမီကို ဘယ်လို မြင်လဲ”
“လုံချန်လား...” လျူလန် က အနည်းငယ်ပြုံးပြီး ခေါင်းခါလိုက်သည်။
“သူက ဆင်းရဲတဲ့မိသားစုကနေ မွေးဖွားလာတာ။နောက်ခံ အားနည်းလွန်းတယ်၊ မွေးရာပါ ပါရမီ မရှိဘူး။ ဘယ်လောက်ပဲ ရုန်းကန်နေပါစေ အချည်းနှီးပဲ။ အခုချိန်မှာ ဖုန်းဝူထျန်းရဲ့ ပါရမီပဲ ငါ့ မျှော်လင့်ချက်နဲ့ နီးစပ်တယ်။ ဒါပေမဲ့ ဖုန်းဝူထျန်းက အတွင်းစည်းဂိုဏ်း နဲ့ ရင်းနှီးတဲ့ ဖီးနစ်မျိုးနွယ်စုရဲ့အမွေခံပဲ...”
Translator #အနှောင်အဖွဲ့ကင်းမဲ့သူ
...(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၇)
အပိုင်း ၈၄ - ခဏစောင့်
လေဝိညာဉ်နဂါး၏အရှိန်က အလွန်မြန်ဆန်လေသည်။ ယန်လော့မြို့နှင့် ယွမ်လင်းမြို့တော်ကြားရှိအကွာအဝေးက လင်းဝူမြို့တော် နှင့် ယွမ်လင်းမြို့တော်ထက် ပိုဝေးခဲ့သည်။ သို့သော် လေဝိညာဉ်နဂါး၏အရှိန်က မြန်ဆန်လွန်းသဖြင့် နေ့တစ်ပိုင်းလောက်အတွင်း ရောက်သွားနိုင်သည်။
ခရီးစဉ်တစ်လျှောက်လုံး တိတ်ဆိတ်နေ၏။ ဤအချိန်တွင် လုံချန်နှင့် ဟွမ်ဖေးယန်တို့ကြားမှ သတ်ဖြတ်လိုစိတ်များဟာ ပိုပြင်းထန်လာနေခဲ့သည်။
“ဒီလေဝိညာဉ်နဂါးပေါ်မှာတော့ ဟွမ်ဖေးယန်က ငါ့ကို ဘာမှ မလုပ်နိုင်သေးဘူး။ တာဝန်ဆောင်ရွက်နေတဲ့အချိန်မှ ငါ့ကို နှောင့်ယှက်ဖို့ စောင့်နေတာပဲ ဖြစ်မယ်”
အချိန်များစွာကြာသွားပြီးနောက်....
ယန်လော့မြို့ မရောက်ခင်မှာ ဟွမ်ဖေးယန်က လေဝိညာဉ်နဂါးကို ကျေးလက်ရွာငယ်လေး တစ်ရွာ၏ အပြင်ဖက်၌ ရပ်တန့်ခိုင်းလိုက်သည်။ ဤနေရာတွင် လူတချို့ ကြိုတင်စောင့်ဆိုင်းနေပုံရသည်။ ၎င်းတို့က လေဝိညာဉ်နဂါးကို ကြိုးဖြင့် ယာယီ ချည်နှောင်ထားလိုက်သည်။ ထို့နောက်ဟွမ်ဖေးယန်က ယန်လော့မြို့ဖက်ကို မျက်နှာမူပြီး တစ်ယောက်ယောက်ကို စောင့်ဆိုင်းနေသလို မတ်တပ်ရပ်နေသည်။
ဤအချိန်မှ လုံချန် သည် သူ့အား ဟွမ်ဖေးယန် မတိုက်ခိုက်ရသည့် အကြောင်းရင်းကို နားလည်လိုက်သည်။ လေဝိညာဉ်နဂါး၏ခန္ဓာကိုယ်က သာမန်လူများကို ခြောက်လှန့်သလို ဖြစ်သွားနိုင်သောကြောင့် ယန်လော့မြို့ထဲ တိုက်ရိုက်ပျံဝဲဖို့ မစဉ်းစားတော့ပေ။
ထို့နောက် ဟွမ်ဖေးယန်နှင့် အစ်ကိုဝမ်တို့နှစ်ယောက်က ရှေ့ကနေ လျှောက်သွားကြသည်။
“ဒီလူယုတ်မာတွေ ဘာကြံနေလဲ မသိဘူး”
လုံချန် သည် သူတို့နောက်ကနေ အနီးကပ် လိုက်ပါလာသော်လည်း သူ့ကိုယ်သူ သတိအပြည့်ရှိနေ၏။
လုံချန်အတွက် ဤတစ်ကြိမ် ပထမဆုံးတာဝန်သည် မမျှော်လင့်ထားသည့်အရာများ ဖြစ်လာနိုင်မှန်း အလိုလိုခံစားမိနေသည်။ သို့ရာတွင် လင်းရှီအတွက် ဝိညာဉ်အားဖြည့်ဆေး ပြင်ဆင်ထားပြီးဖြစ်ရာ သူ့စိတ်ထဲ သိပ်ပြီး စိုးရိမ်မနေတော့ပေ။ အခြေအနေကို သူ မကိုင်တွယ်နိုင်ပါက လင်းရှီကို အကူအညီတောင်းနိုင်သည်မဟုယ်ပါလား တကယ်လို့ ငါမကိုင်တွယ်နိုင်ရင် လင်းရှီကို ကူညီခိုင်းလိုက်မယ်။ လင်းရှီနှင့် နှစ်ယောက်ဆေးနွေးခဲ့သည့် အကြောက်းအရာမှာ သူမအတွက် အန္တရာယ်ရှိနိုင်ကြောင်း သိလိုက်လို့ပင်။
ဟွမ်ဖေးယန် နှင့် အစ်ကို ဝမ် က နောက်လှည့်မကြည့်ကြဘဲ သူတို့လမ်းကိုသာ အာရုံစိုက်လျောက်နကကြားစီသည်။
ဤ မေးလိုက်တယ်။
“ဘယ်အချိန်မှာ စရှားလှုပ်မလို့လဲ?”
ဟွမ်ဖေးယန်က ဆိုးယုတ်သော အပြုံးဖြင့် ပြုံးရင်း ပြောခဲ့ည်တယ်။
“အခု မဟုတ်သေးဘူး။ ပြန်သွားတာဲ့အခါ ငါတို့နှစ်ယောက်ပဲ မြင်နေရင် ခရီးမှာ လုံချန်ကို ဖယ်ရှားလိုက်တယ်ဆိုတာ သိသွားမယ်။ သူက အများသိ မကြေညာရဲပေမယ့် မိသားစုက သတင်းရဖို့ နည်းလမ်းတွေ ရှိတယ်။”
“ဒါဆို ဘယ်လို လုပ်မလို့လဲ”
ဟွမ်ဖေးယန်က အေးစက်စွာ ပြောလိုက်သည်။
“ငါတို့ စုံစမ်းဖို့ လာတာ မဟုတ်လား။ လိုအပ်ရင် လူသတ်ဖို့လည်း ပါတယ်။ တစ်ဖက်မှာ မြေကမ္ဘာယွမ်အဆင့် တွေ ရှိတယ်လို့ ကြားတယ်။ လုံချန်ကို သူတို့ဆီ အပ်လိုက်ရင် ပြဿနာ ပြီးသွားပြီလေ”
အစ်ကိုဝမ် က ခေါင်းညိတ်ပြီး ချီးကျူးလေသည်
“မုန်းနေတာ ရှိပေမယ့် ခေါင်းမပူသေးဘူး။ မဆိုးဘူး”
ဟွမ်ဖေးယန်က မြေကမ္ဘာယွမ်အဆင့် အရှိန်အဝါကို ရုတ်တရက် ထတ်ဖော်လိုက်သည့်အတွက် လုံချန် သည် သူ၏လက်သီးကို တင်းတင်း ဆုပ်ထားလိုက်မိသည်။
“လက်ရှိ ငါ့ခွန်အားက နဂါးသွေးကြောနယ်ပယ် အဆင့် ၉ နဲ့ သိပ်မဝေးတော့ဘူး။ အဆင့် ၉ ရောက်ရင် မြေကမ္ဘာယွမ်အဆင့် ကို တိုက်ရိုက်ချိုးဖျက်လို့ရတယ်။ အဲ့အချိန် ရောက်ရင်တော့ ဟွမ်ဖေးယန် ကို အသာလေးသတ်နိုင်ပြီ”
သိပ်မကြာလိုက်ပေ၊ လုံချန် တို့အဖွဲ့သည် ယန်လော့မြို့ သို့ ရောက်ရှိလာခဲ့ကြသည်။ သို့သော် မြို့ထဲသို့ ဝင်လာပြိနးနောက် လူအနည်းငယ်လောက်ကိုသာ သတိထားမိခဲ့သည်။
နောက်ထပ်အချိန်အနည်းငယ်ကြာပပြီးနောက် မြို့၏ အဓိက အိမ်တော် သို့ ရောက်ရှိလာကြသည
“ ဒီမြို့အရှင်မိသားစုက ယန်အိမ်တော်နဲ့ ဆင်တူတယ်။ မြို့အရှင် က နဂါးသွေးကြောနယ်ပယ် အဆင့် ၉ ဖြစ်တဲ့ အဲဒီ ယန်ပိုင်ထျန်းလား”
ယန်လော့မြို့အရှင် သည် လင်းဝူမိသားစုထံမှ သတင်းပို့ချက်ကို ရရှိပြီးနောက် နံနက်စောစော၍ မြို့တံခါးရှေ့ကနေ ကြိုပြီးစောင့်နေခဲ့သည်။ လုံချန့ တို့သုံးယောက် ရောက်လာသည်ကို မြင်သောအခါ အလွန်ဝမ်းသာသွား၏။ ထို့နောက် မြေပေါ် ဒူးထောက်ချလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောပါတော့သည်။
“နိမ့်ကျတဲ့ အစေခံ ယန်ပိုင်ထျန်း က လင်းဝူမိသားစု ရဲ့ သခင်တွေကို နှုတ်ဆက်ပါတယ်”
လုံချန် သည် ယန်ပိုင်ထျန်း ကို ဂရုတစိုက် ကြည့်လိုက်သည်။ သက်လတ်ပိုင်းအရွယ်ပင် ဖြစ်သော်လည်း ၎င်း၏ခန္ဓာကိုယ်က လူငယ်တစ်ယောက်အလား တောင့်တင်းသန်မာနေသေးသည်။ အသားအရေကတော့ ဝက်ဝံနက်တစ်ကောင်လို မဲနက်နေ၏။ ၎င်း၏မျက်လုံးတွေကတော့ သွေးရောင်သမ်းနေလေသည်။ အကြောင်းက သူ၏သမီးဖြစ်သူပါဆုံးရှုံးထားရလို့ပင်။
လုံချန်က သူ့ကို စစ်ဆေးနေချိန်မှာ ယန်ပိုင်ထျန်းကလည်း သူတို့ကို ပြန်ကြည့်နေသည်။ ဟွမ်ဖေးယန်နှင့် အစ်ကိုဝမ် တို့နှစ်ယောက်က သူ့ထက် အသက်ငယ်သော်လည်း ခွန်အားကတော့ မခန့်မှန်းနိုင်ပေ။ သူ့စိတ်ထဲမှာ ထိုလူငယ်နှစ်ယောက်ကို အထင်ကြီးသွားသည်။ သို့သော်လည်း ဘေးနားရှိ လုံချန်ကတော့ အသက်အငယ်ဆုံးဖြစ်နေသည့်အပြင် ခွန်အားကလည်း နဂါးသွေးကြောနယ်ပယ်အဆင့် ၈ သာ ရှိနေသည့်အတွက် သာမန်အစေခံတစ်ယောက်ဟုသာ မှတ်ယူလိုက်သည်။
“သခင်တွေ၊ အထဲကို ဝင်ကြပါ၊ ဝင်ကြပါ။ ငါ့နေအိမ်ကို လာရောက်လည်ပတ်တာ ဂုဏ်ယူပါတယ်”
မကြာခင်မှာ ယန်ပိုင်ထျန်း၏ယန်ပိုင်ထျန်း၏တောင်းဆိုချက်အရ လုံချန်တို့ အဖွဲ့ဟာ အဓိက ခန်းမထဲသို့ ဝင်လာကြသည်။ အထဲမှာတော့ ယန်ပိုင်ထျန်း သည် အရာရာတိုင်းကို ကြိုပြီးစီစဉ်ထားပုံရ၏။ ယန်လော့မြို့၏ နာမည်ကြီး အသီးအနှံများ၊ မုန့်ပဲသရေစာများဖြင့် ဖော်ရွေစွာ ဧည့်ခံလေသည်။ ယန်ပိုင်ထျန်း က ရုတ်တရက် မျှော်လင့်ချက်အပြည့်အကြည့်များဖြင့် ဟွမ်ဖေးယန်နှင့် အစ်ကိုဝမ် တို့ကို ဂရုတစိုက်ကြည့်နေသည်။
“သခင်လေး ၂ ယောက်၊ ငါတို့ ယန်လော့မြို့ရဲ့ အဖြူရောင်ကျောက်စိမ်းမုန့်ကို မြည်းကြည့်ပါလား။ ဒီမုန့်က တကယ့် ကျောက်စိမ်းဖြူလို လှပတယ်၊ ချိုပေမယ့် အာခေါင် မကပ်ဘူး၊ ပါးစပ်ထဲ ထည့်လိုက်တာနဲ့ အရည်ပျော်သွားတယ်။ ယန်လော့မြို့ရဲ့ နာမည်ကျော် မုန့်(အရသာ)ပါ။ မြန်မြန် မြည်းကြည့်ပါ”
ဟွမ်ဖေးယန်က ပြုံးပြီး တစ်ချက်စားကြည့်ကာ ချီးကျူးလိုက်သည်။ ထို့နောက် သူက ပြောလိုက်။“ယန်လော့မြို့သခင်၊ ငါတို့ စားဖို့ လာတာမဟုတ်ပါဘူး။ ဒါပေမဲ့ စားပြီးပြီဆိုတော့ အလုပ်ကို စလိုက်ရအောင်”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့....”
နောက်ဆုံးမှာတော့ အလုပ်ကိစ္စအကြောင်း စဆွေးနွေးနိုင်တော့မည်ဖြစ်ရာ ယန်ပိုင်ထျန်း သည် အလွန်ပင် စိတ်လှုပ်ရှားသွားသည်။ လက်သီး တင်းတင်းဆုပ်ရင်း ထို လူယုတ်မာများအကြောင်း တွေးမိသောအခါ လည်ပင်းပေါ်ရှိ သွေးကြောများပင် ထောင်လာပုံရသည်။
“ဒီ ရက်ပိုင်းမှ စပြီး ဖြစ်တာပါ။။ ညဆိုရင် အဲ့ဒီ လူယုတ်မာတွေက မြို့ထဲကို ဝင်လာပြီးတော့ လမ်းပေါ်က မိန်းကလေးတွေကို အတင်းအဓမ္မဖမ်းခေါ်သွားကြတယ်။ ပြီးတော့ သူတို့က တော်တော်လေး လျှို့ဝှက်တယ်။ ဒါ့အပြင် ပျောက်ဆုံးတဲ့ မိန်းကလေးအရေအတွက်က တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်။ ငါ လူတွေ စုပြီး ကိုင်တွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဲ့အချိန်မှ တကယ့် အခြေအနေကို သိလိုက်ရတာ”
ဟွမ်ဖေးယန်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်
“မင်း ပေးထားတဲ့ သတင်းထဲမှာ မြေကမ္ဘာယွမ်အဆင့် ပါရမီရှင်တွေ ပါတယ်လို့ ရေးထားတယ်”
ယန်ပိုင်ထျန်း က ခေါင်းညိတ်ပြီး ဒေါသတကြီး ပြောလေသည် “အဲ့ဒီ လူယုတ်မာက ငါနဲ့ လော့မျိုးနွယ်ရဲ့ အကြီးအကဲ နှစ်ယောက်ပေါင်းတိုက်ခိုက်တာတောင် မယှဉ်နိုင်ဘူး။ သေချာပေါက် မြေကမ္ဘာယွမ်အဆင့် ပဲ။ သူက ငါ့သမီးကိုပါ ဖမ်းခေါ်သွားခဲ့တယ်”
“သူတို့မှာ ထင်ရှားတဲ့ အမှတ်အသားတစ်ခုခု ရှိသလား” အစ်ကိုဝမ်က မေးလိုက်သည်
ယန်ပိုင်ထျန်း က ဂရုတစိုက် ပြန်စဉ်းစားပြီး သံသယဖြင့် ဖြေသည်
“ထင်ရှားတဲ့ အမှတ်အသား မရှိပေမယ့် နဖူးလယ်မှာ အနီရောင် အစက်လေး တစ်ခု ရှိတာ မှတ်မိတယ်”
ထိုစကားက ဟွမ်ဖေးယန်နှင့် အစ်ကိုဝမ်ကို အနည်းငယ် စိတ်ရှုပ်သွားစေပုံရသည်။ သို့သော် လုံချန်၏ခန္ဓာကိုယ်က တုန်ခါသွားသည်။
“သွေးဝိညာဉ်ဂိုဏ်း လူတွေလား” လင်းရှီက တိုးတိုး မေးသည်။
“ဖြစ်နိုင်တယ်။ လျူလန်က ငါနဲ့ သွေးဝိညာဉ်ဂိုဏ်း ကြားမှာ ရန်ငြိုးရှိနေတာ သိထားတယ်။ ဒါကြောင့် ဒီတာဝန်ကို ငါ့ကို ပေးလိုက်တာ ဖြစ်ရမယ်။ ဖြစ်နိုင်ရင် သွေးဝိညာဉ်ဂိုဏ်းအကြောင်း အချက်အလက် ပိုရနိုင်တာပေါ့။ ဒါပေမဲ့ ဟွမ်ဖေးယန်နဲ့ အစ်ကိုဝမ် ရှိနေတော့ အခြေအနေက ပိုရှုပ်လောက်မယ်...”
“မိန်းကလေးတွေ ပျောက်ဆုံးနေတာ ရင်းနှီးတယ်လို့ ထင်မိတယ်။ အရင်တုန်းက ကျောက်စိမ်းစံအိမ်မှာ ဒီလိုမျိုး ဖြစ်ခဲ့တယ်လို့ နင် ပြောခဲ့ဖူးတယ်မလား။ အဲ့ဒီ လူယုတ်မာတွေ ပဲ ဖြစ်ရမယ်။ လုံချန်၊ နင် ဘယ်လိုလုပ်မလဲ”
လုံချန်က အေးစက်စွာ ရယ်ပြီး ပြောလိုက်သည်။
“အဲ့ဒါ ဟွမ်ဖေးယန်ရဲ့ ပြဿနာပဲ။ ငါ သူတို့ နှစ်ဖက်လုံး ဒဏ်ရာရအောင် တိုက်ခိုက်တာပဲ စောင့်ကြည့်ချင်တယ်”
ဤအချိန်တွင် ဟွမ်ဖေးယန်နှင့် အစ်ကိုဝမ် တို့က သွေးဝိညာဉ်ဂိုဏ်း၏အဖွဲ့ဝင်များအား ဖမ်းဆီးမည့်အစီအစဉ်ကို ဆွေးနွေးနေကြသည်။
“ဒီရက်ပိုင်း လူအလုံအလောက် ဖမ်းထားပြီးလို့ ဖြစ်မယ်။ မကြာခင်မှာ သူတို့ ဒီမြို့ကနေ ထွက်ခွာတော့မယ်လို့ ထင်တယ်။ လက်ရှိသူတို့နေရာက ရွာအပြင်ဖက် အရှေ့ယန်တောင်တန်းထဲမှာ ပုန်းနေကြတာ။ဘယ်နေရာလဲတော့ အတိအကျ မသိဘူး”
သူ၏သမီးငယ်လေး မည်သို့မည်ပုံ ဒုက္ခရောက်နေနိုင်ကြောင်း တွေးမိသောအခါ ယန်ပိုင်ထျန်း ၏မျက်နှာသည် စိုးရိမ်မှုများပြည့်နေလေတော့သည်။
“လုံချန်၊ သနားစရာပဲ ။နင် သူ့ကို ကူညီရမယ်”
“ငါ သိတယ်။ သွေးဝိညာဉ်ဂိုဏ်းကို မြန်မြန် ဖျက်ဆီးချင်တယ်။ ဒါပေမဲ့ ဟွမ်ဖေးယန်တို့နှစ်ယောက်ကို သူတို့နဲ့ အရင်ဆုံးတိုက်ခိုက်စေချင်တယ်။ ဟွမ်ဖေးယန်က ငါ့ကို သတ်ချင်နေတော့ သူ ဘယ်လို လှည့်ကွက်တွေ သုံးမလဲဆိုတာ ကြည့်ရတာပေါ့”
လုံချန် သည် ဟွမ်ဖေးယန်ကို လျှို့ဝှက်စွာ ကြည့်ရင်း သူ၏မျက်လုံးများ အေးစက်သွားခဲ့သည်။
ယန်ပိုင်ထျန်း သည် ဟွမ်ဖေးယန်နှင့် စကားပြောနေရင်း လုံချန်ကို လုံးဝ မေ့နေခဲ့ပုံရသည်။
“အရှေ့ယန်တောင်တန်း လား”
“အရှေ့ယန်တောင်တန်းက သိပ်မကြီးပေမယ့် အထဲမှာ လူတစ်စုကို ရှာဖွေရတာ ခက်ခဲမယ်”
ဟွမ်ဖေးယန်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“မတွေ့နိုင်ရင်တောင် တောင်ပေါ် တက်ပြီး ရှာရမယ်။ ဒီမှာ ထိုင်နေရင် ဘာမှ ဖြစ်မလာနိုင်ဘူး”
ယန်ပိုင်ထျန်းက ကျေးဇူးတင်စွာ ပြောလိုက်သည် “ဒါဆို အချိန်မဆွဲပဲနဲ့ အခု ထွက်ခွာကြတော့မလား”
“အလျင်မလိုပါဘူး” ဟွမ်ဖေးယန်က ရယ်ရင်း ပြောလိုက်သည်။
“ယန်ပိုင်ထျန်း! မင်း အဆင့်မြင့် နဂါးသားရဲ အလောင်း တစ်လောင်း ရထားတယ်လို့ ကြားတယ်။ ဟုတ်သလား”
အရေးကြီးဆုံး အချိန်တွင် ဟွမ်ဖေးယန်က အဆင့်မြင့် နဂါးသားရဲ အလောင်းအကြောင်း မေးခဲ့သဖြင့်လုံချန်သည် ချက်ချင်း စိတ်လှုပ်ရှားသွားသည်။
“အဆင့်မြင့် နဂါးသားရဲ အလောင်းက လတ်ဆတ်ရင် အဲ့ဒီ နဂါးသားရဲရဲ့ သွေးအဆီအနှစ်က ငါ့အတွက် အရမ်း အသုံးဝင်တယ်။ နဂါးသွေးကြောနယ်ပယ် အဆင့် ၉ ကို ဖြတ်ကျော်နိုင်လောက်မယ်။ အဲ့ဒါကို နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး နဲ့ ပေါင်းစပ်လိုက်ရင်...”
ဤအချက်ကို တွေးမိသည်နှင့် လုံချန်သည် အတော်လေး စိတ်လှုပ်ရှားသွား၏။ သူ့စိတ်ထဲမှာတော့ အဝါရောင်အဆင့်မြင့် နဂါးတစ်ပိုင်းသားရဲအလောင်းအား ယန်ပိုင်ထျန်း ထံကနေ ဘယ်လိုရယူမလဲ ဟူ၍ စဉ်းစားနေလေသည်။
ဤအချိန်တွင် ယန်ပိုင်ထျန်းက အလျင်စလို ပြန်ပြောပါသည် “အဝါရောင်အဆင့်မြင့် နဂါးတစ်ပိုင်းသားရဲ အလောင်းနဲ့ ငါ့သမီးရဲ့ အသက်ကို လဲလှယ်လို့ ရလောက်မလား”
ယွမ်လင်းခရိုင်တစ်ခုလုံး၌ နှစ်သက်သဘောကျစရာဓလေ့တစ်ခု ရှိလေသည်။ အကယ်၍ လက်အောက်ခံ အင်အားစုများသည် လင်းဝူမိသားစုကို အကူအညီ တောင်းပြီးနောက် တာဝန်ပြီးဆုံးသည်နှင့် ဒေသခံအာဏာပိုင်များက လက်ဆောင်ပြန်ပေးတတ်ကြသည်။ ယန်ပိုင်ထျန်း သည် သမီးဖြစ်သူ၏အသက်ကို စိုးရိမ်နေသည့်အတွက်ကြောင့် ယွမ်လင်းခရိုင်သို့ ပေးပို့သည့်အစီရင်ခံစာထဲ၌ အဝါရောင်အဆင့်မြင့် နဂါးတစ်ပိုင်းသားရဲအလောင်း ပေးအပ်မည်ဟု ရေးသားထားခဲ့သည်။ ဟွမ်ဖေးယန်နှင့် အစ်ကိုဝမ် တို့ဟာ အစီရင်ခံစာကို ဖတ်ရှုထားသဖြင့် သိရှိနေကြသည်။
ဤအဝါရောင်အဆင့်မြင့် နဂါးတစ်ပိုင်းသားရဲ အလောင်းကြောင့်ပင် သူတို့ နှစ်ယောက်လုံး ယန်ပိုင်ထျန်းကို ကူညီရန်အတွက် အစွမ်းကုန် ကြိုးစားနေကြခြင်းသာ။ သို့သော်လည်း ဟွမ်ဖေးယန်အတွက်ကတော့ လုံချန်ကို သတ်ဖြတ်ရန်သာ ပို၍အရေးကြီးသည်။
ယန်ပိုင်ထျန်း ရရှိထားသည့် နဂါးတစ်ပိုင်းသားရဲအလောင်းက မကြာသေးခင်ကမှ သေဆုံးထားသော သားရဲ၏အလောင်းပင်။ ထို့ကြောင့် သားရဲအမြုတေ နှင့် သွေးအဆီအနှစ်များ ပျက်စီးသွားခြင်းမရှိသေးပေ။ ထို့အပြင် ၎င်းက အဝါရောင်အဆင့် ၇ နတ်ဆိုးသားရဲဖြစ်လေရာ အစိတ်အပိုင်းတိုင်းကအလွန်တန်ဖိုးရှိလှသည်။
ယန်ပိုင်ထျန်း၏စိုးရိမ်ပူပန်နေသော မျက်နှာကို မြင်သောအခါ ဟွမ်ဖေးယန်က ပြုံးရင်း ပြောလိုက်သည်
“သေချာပါတယ်။ အခု နဂါးတစ်ပိုင်းသားရဲ အလောင်းကို ပေးလိုက်ပါ။ ပြီးရင် ငါတို့ ယန်တောင်တန်းထဲကို သွားလိုက်မယ်။ တကယ်လို့ ဒီကိစ္စ မဖြေရှင်းနိုင်ရင် မင်းကို ပြန်ပေးမယ်”
အမှန်တော့ ယန်ပိုင်ထျန်း သည် အဝါအရောင်အဆင့်မြင့် နတ်ဆိုးသားရဲအလောင်းကို သိပ်ပြီးမပေးချင်ပေ။ သူ့စိတ်ထဲမှာ အနည်းငယ် မတရားသလို ခံစားနေရသည်။ သို့ရာတွင် သူ့သမီး၏အသက်က ဟွမ်ဖေးယန် တို့အပေါ်တွင် မူတည်နေလေရာ မတတ်သာစွာပဲ ခေါင်းညိတ်လိုက်ရသည်။
“ကောင်းပါပြီ”
ယန်ပိုင်ထျန်း က အဝါရောင်အဆင့်မြင့် နဂါးတစ်ပိုင်းသားရဲ၏အလောင်းကို ထုတ်ယူတော့မည့်အချိန်မှာပဲ
“ခဏစောင့်....” လုံချန်က ရုတ်တရက် ဝင်ပြောလိုက်လေသည်။
Translator #အနှောင်အဖွဲ့ကင်းမဲ့သူ