← Chapters

အခန်း (၉၃-၉၄)

Vol. 8 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 8 Ch. 93-94

.(သွေးနဂါးလုံချန်)

ဘာသာပြန်သူ -

အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၈)

အပိုင်း ၉၃ - ကောင်းကင်စစ်သည်နယ်မြေပြိုင်ပွဲ

လေဝိညာဉ်နဂါး၏ကျောပေါ်၌ စီးနင်းလိုက်ပါလာရင်း လုံချန်၏စိတ်ခံစားချက်က ပထမဆုံး ရောက်လာခဲ့စဉ် အချိန်နှင့် ထပ်တူကျနေသည်။

အရင်ကတော့ သူ့ခွန်အားက အတော်လေးနိမ့်ကျခဲ့သောကြောင့် ဟွမ်ဖေးယန်ကို မည်သို့ရင်ဆိုင်ရမှန်း မသိခဲ့ပေ။ ယခုအခါကျပြန်တော့လည်း သူ့ခွန်အားက အကြီးအကဲလျူလန် ကို ရင်ဆိုင်ရန်မလုံလောက်သေးပါ။

ဤတစ်ကြိမ် မစ်ရှင်က မမျှော်လင့်ထားသော မတော်တဆမှု ဖြစ်ပျက်ခဲ့သည့်အတွက်ကြောင့် အစ်ကိုဝမ် က တော်တော်လေး စိတ်မသက်မသာ ဖြစ်နေရသည်။ သို့ရာတွင် သူတတ်နိုင်သည့်အရာ မရှိပေ။ အကြီးအကဲလျူလန် ကိုယ်တိုင် ကိုင်တွယ်ရုံသာ။

လေဝိညာဉ်နဂါးက အရှိန်မြန်သဖြင့် ယွမ်လင်းမြို့တော်သို့ အလျင်အမြန်ပဲ ရောက်လာခဲ့၏။ လင်းဝူမြို့၏ ကောင်းကင်ယံ၌ ခဏကြာ လှည့်ပတ်ပျံဝဲပြီးနောက် မိုးမခခြံဝင်း၏နောက်ဖက် ဥယျာဉ်ထဲသို့ ဆင်းလိုက်သည်။ လေဝိညာဉ်နဂါး ဆင်းသက်လာချိန်တွင် ကန်လင်က ကြိုစောင့်နေလေ၏။

ယန်လော့မြို့၏ ဖြစ်ရပ်အကြောင်း သတင်းက အစိမ်းရောင်နေမင်းဌာနခွဲသို့ ပြန်ရောက်နေပြီးသားဖြစ်သည်။ ကန်လင်က မစ်ရှင်ကနေ ပြန်လာသည့်တပည့်များထဲ လုံချန် ပါလာကြောင်းမြင်လိုက်ရသည်။ သို့ရာတွင် လုံချန်၏ ရန်ဖက် ဟွမ်ဖေးယန် တော့ ပါမလာတော့ချေ။

တစ်ချိန်တည်းမှာပင် သူက လုံချန်၏ စိတ်အေးလက်အေးပုံစံကို မြင်သောအခါ စိတ်ထဲမှာ လေးစားမှုနှင့်အတူ စိုးရိမ်မှုတွေပါ ရောနှောပြီး သက်ပြင်းချလိုက်သည်။

ကန်လင် က လုံချန်ကို ပြောလိုက်၏...

“ဒီလို ပထမဆုံးအကြိမ် မစ်ရှင်ထမ်းဆောင်ရတာ မင်းအတွက် ပင်ပန်းမှာ သေချာတယ်။ သေချာပေါက် ပင်ပန်းနေမှာပဲ၊ မင်း အိမ်ပြန်နားတာ အကောင်းဆုံးပဲ။ တက်ရောက်ရမယ့် အခမ်းအနားတွေ ရှိရင် ငါ ဆက်သွယ်ပေးမယ်”

လုံချန်က ခေါင်းညိတ်ပြီး ကန်လင်ကို ကျေးဇူးတင်ကြောင်း ပြောလိုက်၏။ ထို့နောက် နောက်လှည့်၍ ထွက်ခွာသွားသည်။ ကန်လင် ပြန်မသွားသေးသည့် အကြောင်းအရင်းက စီနီယာအစ်ကိုဝမ် ကို အကြီးအကဲလျူ၏ အမိန့်အရ လာခေါ်မှန်း သိနေလို့ပင်။ အစ်ကိုဝမ်က ဤတစ်ကြိမ်မစ်ရှင်မှာ လုံချန်၏ စစ်ဆေးသူ ဖြစ်နေဆဲမဟုတ်ပါလား။

“အဲဒီ ခွေးသားက ငါ့ကို အနိမ့်ဆုံး အကဲဖြတ်ချက် ပေးမှာ သေချာတယ်” မည်သို့ပင်ဖြစ်စေ လုံချန်အတွက် အရေးမကြီးပါ။ သူသာ စစ်မှန်သောပါရမီရှင်ဖြစ်ပါက နောင်လာမည့်မစ်ရှင်များတွင် သူ့ကိုယ်သူ သက်သေပြလိုက်ရုံပင်။

ကိုယ်ပိုင်အိမ်ခန်းထဲသို့ ပြန်ရောက်သည်နှင့် လုံချန်က ပစ္စည်းများ ခရီးဆောင်ပစ္စည်းများ အရင်နေရာချထားလိုက်၏။သူ၏ အသိအမှတ်ပြုတံဆိပ်ပြားက ရုတ်တရက် အနည်းငယ်တုန်ခါသွား၏။ သူ စစ်ဆေးကြည့်လိုက်ရာ ပံ့ပိုးမှုအမှတ်က ၃၀ အထိ တိုးလာကြောင်း တွေ့လိုက်ရသည်။

“မစ်ရှင်တစ်ခုတည်း ပြီးဆုံးလိုက်ရုံနဲ့ ပံ့ပိုးမှုအမှတ် ၃၀ တောင်ပဲ ရလာတယ်။ လင်းဝူမိသားစုက ဒီ ပံ့ပိုးမှု အမှတ်တွေနဲ့ ရတနာပစ္စည်းတွေကို ဘယ်လို ဈေးသတ်မှတ်သလဲဆိုတာ သိချင်မိတယ်။ သုံးရတာ နတ်ဝိညာဉ်ကျောက်တုံးထက် ပိုလွယ်မယ်လို့တော့မျှော်လင့်ပါတယ်…”

ဤသို့ဖြင့် လင်းရှီ နှင့် အပန်းဖြေစကားပြောရင်း အချိန်က လျင်မြန်စွာ ကုန်ဆုံးသွား၏။ ည နက်လာစဉ် လုံချန်က ကျင့်ကြံရန် ပြင်လိုက်သည်။ ဤအခိုက်အတန့်မှာ လင်းရှီ က မကျေမနပ်လေသံဖြင့် ရုတ်တရက်ပြောလေ၏...

“အဲဒီ အနံ့ဆိုးဆိုးမိန်းမက နင့်ကို ထပ်ရှာနေပြန်ပြီ”

“လျူလန်လား...”

လုံချန်က ထရပ်လိုက်ပြီး လျူလန် ကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်သွား၏။ လျူလန် နှင့်တွေ့ဆုံခြင်းကသူ့အတွက် တိုက်ပွဲတစ်ခုလိုပင်ဖြစ်လေသည်။ အနည်းငယ်ပေါ့ဆမိသည်နှင့် ဤအမျိုးသမီး၏လက်ထဲမှာ သေဆုံးသွားနိုင်သည်။

လင်းရှီ က နတ်ဓားထဲကို ပြန်ဝင်သွား၏။ ထို့နောက်လုံချန်က တံခါးသွားဖွင့်လိုက်သည်။ တံခါးဖွင့်လိုက်ချိန်မှာ မထင်မှတ်ဘဲ သူ့လည်ပင်းဆီ တိုက်ရိုက် ဦးတည်လာသည့် အန္တရာယ်အငွေ့အသက်တစ်ခု ခံစားလိုက်ရသည်။

လုံချန်က အင်အားအကုန် မထုတ်ပါက ချက်ချင်း သေသွားနိုင်ကြောင်း ခံစားလိုက်ရသည်။

“ဒီ မိန်းမက ငါ့ခွန်အားကို စစ်ဆေးနေတာ သေချာတယ်။ ဒါပေမဲ့ ဒီလောက် ရက်စက်မယ်လို့ မထင်ခဲ့ဘူး။ တကယ်လို့ ငါသာ နဂါးသွေးကြောနယ်ပယ် အဆင့် ၈ မှာပဲ ရှိနေသေးရင် သူ့လက်ထဲ သေမှာ သေချာတယ်”

ဤအချိန်ခဏလေးမှာ လုံချန်၏မျက်နှာအမူအရာက ပြောင်းသွားပြီး မြေကမ္ဘာယွမ်အဆင့် ချီစွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။ ထိုအခါမှသာ လျူလန်၏ ရုတ်တရက် တိုက်ခိုက်မှုကို အနည်းငယ် ခုခံနိုင်လိုက်သည်။ သို့သော် သူ့နှလုံးသားတစ်ခုလုံး တုန်ခါသွားပြီး တစ်ကိုယ်လုံးရှိ သွေးများဆူပွက်လျှက် ခြေလှမ်း အနည်းငယ် နောက်ဆုတ်လိုက်ရသည်။

လုံချန် နောက်ဆုတ်သွားရချိန်မှာပဲ လျူလန်က ဘာမှ မဖြစ်သလိုပင် အခန်းထဲကို လျှောက်ဝင်လာခဲ့သည်။ သူမက လုံချန်ကို စိုက်ကြည့်ရင်း ဆွဲဆောင်မှုရှိရှိ ပြုံးပြီး တံခါးကို ဖြည်းဖြည်းချင်း ပိတ်လိုက်သည်။

“ဒါဆို နင်က မြေကမ္ဘာယွမ်အဆင့် ကို ဝင်ရောက်နိုင်ခဲ့ပြီပေါ့…”

လျူလန် က သူမ၏ဆွဲဆောင်မှုရှိသောခန္ဓာကိုယ်ကို လှုပ်ယမ်းပြရင်း ရှေ့ကို လျှောက်လာသည်။ လုံချန် အနား ကပ်လာချိန်မှာ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်နံ့ က သူ့နှာခေါင်းထဲ တိုးဝင်လာသည်။ နီနီရဲရဲ နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်ရင်း လုံချန်ကို စိုက်ကြည့်ကာ “လာပါ၊ ငါ့ကို လုပ်ပါတော့...” ဆိုသည့် အကြည့်မျိုးဖြင့် ကြည့်နေလေသည်။

သို့သော် လုံချန်က လျူလန်၏ ကလူကျီစယ်မှုထဲ မျောပါမသွားခဲ့ပေ။ ဤအမျိုးသမီး၏နည်းလမ်းများကို ကောင်းကောင်းသိထားလို့ပင်။ သူမ၏လှည့်ကွက်ထဲကို ကျသွားပါက မည်သို့မည်ပုံ သေမှန်းပင် သိမည်မဟုတ်ပေ။

လုံချန်က နောက်ဆုတ်ရင်း လျူလန်ကို အေးစက်စက် ကြည့်နေခဲ့သည်...

“အကြီးအကဲလျူ! ငါ့ကို ရှာလာရတဲ့ အကြောင်းရင်းကို ပြောပြနိုင်မလား”

လုံချန်၏ အမူအရာကို မြင်သည့်အခါ လျူလန်က စိတ်ထဲမှာ ရယ်မောလိုက်ပြီး ဆွဲဆောင်မှုရှိရှိ ပြန်ပြောသည်...

“နင် ဘယ်လို ထင်လဲ။ ညအချိန်မတော်ကြီးမှာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် က ... နှစ်ယောက်စလုံး ရင်ထဲမှာ စိတ်အားထက်သန်မှု ရှိနေရင် ဘာဖြစ်နိုင်မလဲ…”

လျူလန်၏ ပရော်ပရီစကားကြောင့် လုံချန်၏ အတွင်းစိတ်ထဲမှာ မီးတောက်တစ်ခု ထွန်းညှိလိုက်သလိုပင်။ ဤအမျိုးသမီးက အစွန်းထ​က်ပညာရှင်တစ်ဦးဖြစ်သည်။ သူမ၏အလှက ကြည့်ရုံသာကြည့်နိုင်ပြီး မထိနိုင်သော တည်ရှိမှုပင်ဖြစ်လေသည်။

“အကြီးအကဲလျူ! ကိုယ့်ရဲ့ဂုဏ်သိက္ခာ ထိန်းသိမ်းပါ”

လုံချန်က လူကြီးလူကောင်းဆန်စွာ ပြန်ပြောလိုက်၏။

လုံချန်၏မျက်နှာပေါ်မှ အဆင်မပြေသည့် အမူအရာနှင့် သူ့ကိုယ်သူ ထိန်းနေကြောင်း မြင်နေရဖြင့် လျူလန်က ရယ်မောလိုက်သည်။ ခဏကြာမှ လုံချန်ကို ကြည့်ရင်း ပြောလိုက်တော့၏..

“နင် တကယ်ပဲ ဟွမ်ဖေးယန်ကို ဖယ်ရှားနိုင်ခဲ့တာပဲ။ မဆိုးဘူး...”

လျူလန်၏စကားကို ရုတ်တရက် ကြားလိုက်ရာ လုံချန် က ထိတ်လန့်သွားမိသည်။ သို့သော်လည်း သူမ၏မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်မရှိသောကြောင့် သူ့စိတ်ထဲ အနည်းငယ်တော့ စိတ်အေးသွားမိသည်။

“နင်က ငြင်းနေစရာ မလိုပါဘူး။ ဟွမ်ဖေးယန် နင့်လက်ထဲ သေသွားတာ ငါသိပြီးသားပဲ။ ကြောက်မနေပါနဲ့၊ ငါ နင့်ကို အပြစ်မပေးဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ငါ နင့်ကို အားပေးချင်တယ်”

ဤအမျိုးသမီးကို သာမန်အတွေးဖြင့် တွေးကြည့်လို့မရပေ။ လုံချန် ကတော့ သူမ ဘာဆက်ပြောမလဲသာ စောင့်ကြည့်နေလိုက်သည်။

“ကောင်းပြီ၊ နင့်ကို နောက်ထပ် မနှောက်ယှက်တော့ဘူး”

လျူလန်က ပခုံးထိ လျှောချထားသည့် ဝတ်ရုံကို ပြန်ပြင်ဆင်ရင်း ဆက်ပြောလေသည်...

“နောက် နှစ်ရက် ..သုံးရက်လောက်ကြာရင် မိုးပြာနဂါးနယ်မြေထဲမှာ ကျင်းပမယ့် ပြိုင်ပွဲမှာ အစိမ်းရောင်အဖွဲ့ခွဲရဲ့ လူငယ်တပည့်တွေအကုန်လုံး ပါဝင်ရမယ်။ ပါဝင်တဲ့သူတွေက မြေကမ္ဘာယွမ်အဆင့် ကို ရောက်နေတဲ့ ကြယ်သုံးပွင့် ပါရမီရှင်တွေချည်းပဲ။ နင်က မြေကမ္ဘာယွမ်အဆင့်ကို ဝင်ရောက်ထားတဲ့အပြင် ကြယ်သုံးပွင့် အဆင့်သတ်မှတ်ခံရထားတော့ ဒီ ပြိုင်ပွဲကနေ ရှောင်ထွက်သွားလို့ မရဘူး…”

“ကြယ်သုံးပွင့်အဆင့်လား...”

လုံချန်က ဤအဆင့်သတ်မှတ်ချက်ကို မသိခဲ့ပေ။ အပြင်အစည်းဂိုဏ်းသားများ၏ ပါရမီကို အဆင့် ၅ ဆင့် ခွဲထားမှန်းတော့ သိရှိထားသည်။ ကြယ်သုံးပွင့်အဆင့် ပါရမီရှင် ဆိုသော အဆင့်အတန်းက သာမန်လူ ထက် အနည်းငယ်သာလွန်ရုံလောက်သာ။

…

အရင်က ကန်လင် ဟာ မိုးပြာနဂါးနယ်မြေ နှင့်ပတ်သက်၍ လုံချန်အား ရှင်းပြခဲ့ဖူးသည်။ ၎င်းက အသေးစားကမ္ဘာငယ်တစ်ခု ဖြစ်ကာ နတ်ဆိုးသားရဲများစွာ ရှိနေပေသည်။ တစ်နည်းအားဖြင့် လင်းဝူမိသားစု၏ အဖွဲ့ဝင်များ ကျင့်ကြံရာ နေရာပင်။ သို့သော် သူ့အနေဖြင့် မစ်ရှင်က ပြန်လာပြီးပြီးချင်း ချက်ချင်း ပြိုင်ပွဲဝင်ရလိမ့်မည်ဟုတော့ မထင်ခဲ့ပေ။

“ဒါလည တစ်မျိုးကောင်းပါတယ်လေ။ ငါ့ လက်ရှိ အင်အားက သွေးဝိညာဉ်ဂိုဏ်းကို ရင်ဆိုင်ဖို့ မလုံလောက်သေးဘူး။ မိုးပြာနဂါးနယ်မြေထဲမှာ ဆန်းကြယ်အဆင့် သားရဲတွေ အများကြီး ရှိတော့ ငါ့ကိုယ်ငါ စမ်းသပ်ပြီး ခွန်အား မြှင့်တင်ဖို့ အကောင်းဆုံး နေရာတစ်ခုပဲ” ဤအချက်ကို တွေးမိပြီး လုံချန် က ပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်၏။

တစ်ဖက်တွင် လျူလန် ကတော့ လုံချန်က ကြောက်ရွံ့မှု အရိပ်အယောင်ပင် မပြသည့်အတွက် စိတ်ထဲမှာ ရယ်မောလိုက်ရင်း ချိုသာသောအသံလေးဖြင့် ထပ်ပြောလိုက်သည်...

“ဒီ မိုးပြာနဂါးနယ်မြေ ပြိုင်ပွဲက သိပ်ကြီးကြီးမားမား မဟုတ်ပါဘူး။ စည်းမျဉ်းတွေ၊ ဆုလာဘ်တွေ အကြောင်းတော့ ကန်လင်က ပြောပြလိမ့်မယ်။ ဒါပေမဲ့…”

ထိုစကားနှစ်ခွန်းသာ ပြောပြီး လျူလန်က ဂရုမစိုက်သလို မျက်နှာဖြစ်သွားပြီး ဆက်ပြောသည် ...

“အခုပဲ ဖုန်းဝူထျန်းက ဟွမ်ဖေးယန်အကြောင်း ငါ့ကို မေးခဲ့တယ်။ ဒီတော့ နင် ဟွမ်ဖေးယန်ကို သတ်ခဲ့တယ်ဆိုတာ ငါ အမှတ်တမဲ့ ပြောမိသွားတယ်။ ဖုန်းဝူထျန်းက ဒီ မိုးပြာနဂါးနယ်မြေ ပြိုင်ပွဲမှာ ငါတို့ အစိမ်းရောင်ဌာနခွဲ ရဲ့ နံပါတ်တစ် ထိပ်တန်းကြယ်ပွင့်…”

စကားအဆုံးသတ်ပြီးသည်နှင့် လျူလန် က ရယ်မောလိုက်၏။

လုံချန်က မျက်လုံးကို ချုံ့ရင်း သူ့ရှေ့မှ အမျိုးသမီးကို အေးစက်စက် စိုက်ကြည့်နေသည်...

“ဒီ မိန်းမက ဘာလုပ်နေတာလဲ။ အရင်ကလည်း ငါ့ကို ဟွမ်ဖေးယန်နဲ့ တွဲပြီး မစ်ရှင်လုပ်ခိုင်းတယ်။ အခုတစ်ခါ လာပြန်ပြီ၊ ဖုန်းဝူထျန်းနဲ့ မတွေ့တွေ့အောင် ဖန်တီးနေတယ်။ သောက်ဖုန်းဝူထျန်းက မြေကမ္ဘာယွမ်အဆင့် အထွတ်အထိပ်မှာ ရှိနေတာလေ။ လက်ရှိ ငါ့ခွန်အားက သူ့ကို ဘယ်လိုလုပ်ယှဉ်နိုင်မှာ လဲ။ ကြည့်ရတာ သူမက ငါ့ ရဲ့ ဖုံးကွယ်ထားတဲ့ စွမ်းရည်ကို စစ်ထုတ်ချင်နေသလို ခံစားရတယ်”

လုံချန်၏အေးစက်စက် အကြည့်ကို မြင်သောအခါ လျူလန်က အရယ်ရပ်လိုက်ပြီး အေးဆေးတည်ငြိမ်စွာ ပြောသည်...

“ဖုန်းဝူထျန်းက ငါတို့အစိမ်းရောင်ဌာနခွဲက နှစ်တွေအကြာကြီး အချိန်ယူပြီးတော့ ပျိုးထောင်လာခဲ့တဲ့ လူငယ်ပါရမီရှင်ပဲ။ အသက်က နင့်ထက် သုံးနှစ်ပဲ ကြီးပေမယ့် ကောင်းကင်ယွမ်အဆင့် ကို ဝင်ရောက်ဖို့ အဆင်သင့်ဖြစ်နေပြီ။ပြီးတော့ သူ့မှာ ငါတို့ အတွင်းစည်းဂိုဏ်း (၄)ဂိုဏ်းထဲက တစ်ဂိုဏ်း ဖြစ်တဲ့ ဗာမီလီယံ မျိုးနွယ်စုရဲ့ သွေးမျိုးဆက်ရှိတယ်။ ပါရမီ ရော အင်အား ရော နင့်ထက် အပုံကြီးသာတယ်လို့ပြောရမှာပဲ။ ဒါကြောင့် မိုးပြာနဂါးနယ်မြေထဲမှာ နင် သေမယ့် အခွင့်အရေး ၉၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ငါ ထင်တယ်။ ကောင်လေး! နင် ကိုယ့်နေရာကို သိထားပါ။ အဲဒီ အမှိုက် ဟွမ်ဖေးယန်ကို အနိုင်ယူခဲ့တာက သိပ်ပြီးကြီးကျယ်မနေဘူး…”

အရင်ကတော့ လျူလန်က စနောက်နေသည့်ပုံစံဖြင့်ပြောဆိုနေခဲ့သည်။ ယခုအခါတော့ မျက်လုံးထဲကနေပါ မထီမဲ့မြင်ပြုသော အရိပ်အယောင်တို့ ပါနေလေသည်။ လုံချန်ကလည်း ၎င်းကို ရှင်းရှင်းလင်းလင်း ခံစားမိပါသည်။

“သူမ အရင်က ငါ့ကို ချီးကျူးနေခဲ့ပေမယ့် အခုတော့ သူ့ရဲ့ တကယ့် အမြင်က ငါ့ကို မထီမဲ့မြင်ပြုနေတာ သေချာတယ်”

စကားပြောပြီးနောက် လျူလန်က လှည့်ပြီး ထွက်သွားတော့သည်။

“ကျင့်ကြံခြင်းလမ်းစဉ်မှာ လူတစ်ယောက်ရဲ့ ကြိုးစားမှုက အရေးကြီးပေမယ့် မျိုးနွယ်က ပိုအရေးကြီးတယ်။ လုံချန်! နင်က သာမန် သားရဲအသွင်ပြောင်းကျင့်ကြံသူ တစ်ယောက်ပဲ။ ဆန်းကြယ်အဆင့် သားရဲ ဝိညာဉ်ကိုတောင် မပေါင်းစပ်နိုင်သေးဘူး။ ဗာမီလီယံမျိုးနွယ်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ နင် ဒါကို မသိသေးဘူး ထင်တယ်။ ကျင့်ကြံသူ တစ်ယောက်ရဲ့ နောက်ခံအခြေအနေက အနာဂတ်မှာ အစွမ်းထက်ကျင့်ကြံသူ ဖြစ်လာဖို့အတွက် အရေးအကြီးဆုံး အချက်ပဲ။ ဒီတော့ လုံချန်! နင့်မာ ဒီ အဓိက အချက် မရှိဘူး။ ဒါကြောင့် နင် ဘယ်တော့မှ အစွမ်းထက် ကျင့်ကြံသူ ဖြစ်မလာနိုင်ဘူး” ဤအချက်များက လျူလန် အခန်းအပြင် မရောက်ခင် ပြောသွားသည့် စကားများပင်။

လုံချန် က အခန်းတံခါးပိတ်လိုက်ပြီးနောက် ဆက်တွေးနေခဲ့သည်။

ခဏအကြာမှာတော့ သူ့ ပါးစပ်ထောင့်မှ လှောင်ပြုံးပြုံးလိုက်လေသည်....

“ငါ့ နောက်ခံလား။ ငါ့ အဖေ က မင်းတို့ အားလုံး မော့ကြည့်ရုံနဲ့တောင် မမြင်နိုင်တဲ့ တည်ရှိမှု တစ်ခုပဲ။ ငါ့ နောက်ခံက ဘယ်လို နိမ့်ကျနေနိုင်မှာလဲ။ အပြင်ပန်းမှာကျ ငါက သာမန် နဂါးသွေးကြောနယ်ပယ် ကျင့်ကြံသူလေးပဲ ဖြစ်နေတာ။ ပါရမီအရ ငါလုံချန် ဘယ်သူ့ကိုမှ မရှုံးနိုင်ဘူး။ လျူလန်! မင်း စောင့်ကြည့်နေစမ်း...”

“မိုးပြာနဂါးနယ်မြေလား။ ဒီ ပြိုင်ပွဲမှာ ငါလုံချန်က အစိမ်းရောင်ဌာနခွဲရဲ့ ထိပ်တန်းကြယ်ပွင့် ပါရမီရှင်က ဘယ်သူလဲ ဆိုတာ ပြပေးမယ်”

သို့သော် မြေကမ္ဘာယွမ်အဆင့် အထွတ်အထိပ် ပညာရှင် ဖြစ်သည့် ဖုန်းဝူထျန်းအကြောင်းကို တွေးမိလိုက်ရာ လုံချန်က သူ့ကိုယ်သူ မသေချာဖြစ်သွားမိသည်။

အမှန်စင်စစ် လျူလန်က သူ့ကို ကန့်သတ်ချက် ကျော်လွန်အောင် တွန်းအားပေးနေခြင်းဖြစ်လေသည်။ အကယ်၍ သူသာ သတိလွတ်သွားပါ ပြန်တက်မရသော ချောက်နက်ထဲသို့ ကျသွားနိုင်၏။

“ဒီ မိန်းမက နင့်ကို သတ်ချင်နေတယ်လို့ ငါ ထင်တယ်။ ဟွမ်ဖေးယန်ကို သတ်နိုင်ခဲ့တာ ကံကောင်းတယ်လို့ဆိုရမှာပဲ။ မဟုတ်ရင် နင် ပြန်လာနိုင်မှာမဟုတ်ဘူး။ အခု ဖုန်းဝူထျန်းဆိုတဲ့ နောက်တစ်ယောက်ကို ထုတ်ပြလာပြန်ပြီတယ်။ ဟမ့်... လုံချန်! မိုးသောက်ကုန်သည်အဖွဲ့ကို သွားပြီး ငါ့အတွက် ဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီးတစ်လုံး ထပ်ဝယ်ပေး။ ငါ ဒီ အနံ့ဆိုးဆိုးမိန်းမကို နင့်အတွက် သတ်ပေးမယ်”

လျူလန်အကြောင်းကို တွေးမိသည်နှင့် လင်းရှီ က သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် အံကြိတ်လိုက်သည်။ ဤအမျိုးသမီးက သူမ၏လုံလျန်ကို အန္တရာယ်တောထဲ အကြိမ်ကြိမ်တွန်းပို့နေသည်မဟုတ်ပါလား။

“ငါ သူ့ကို ဘာမှလည်း မလုပ်ခဲ့ပါဘူး။ ဘာလို့ ငါ့ကို ဒီလို ဆက်ဆံနေရတာလဲ”

လုံချန်က နားမလည်နိုင်တော့​ပေ။ လျူလန်က ဖုန်းဝူထျန်းကို ဟွမ်ဖေးယန်အကြောင်း ပြောပြခဲ့သည်။ သေချာသည်မှာ ဖုန်းဝူထျန်းက သူ့ကို အရိုးတခြားအသားတခြားဖြစ်အောင် လုပ်ချင်နေလောက်ပါသည်။

“လင်းရှီ! စိတ်အေးအေးထားပါ။ ကောင်းကင်စစ်သည်ကောင်းနယ်မြေပြိုင်ပွဲ ကိုင်တွယ်ကြမယ်။ ငါ့မှာ ဒီ ကမ္ဘာငယ်လေးကို သွားဖို့ အစီအစဉ်ရှိပြီးသားပဲ။ အဲဒီ မသွားခင် ပစ္စည်းလဲလှယ်တဲ့ခန်းမကို အရင်သွားရဦးမယ်။ အခု ငါ ရထားတဲ့ ပံ့ပိုးမှုအမှတ် ၃၀ ကို မသုံးရင် အကျိုးမရှိဘူးဖြစ်သွားမှာပေါ့”

“ကောင်းပြီ။ ဟီးဟီး... ငါ့အတွက် ဝယ်လို့ရမယ့် ပစ္စည်းကောင်းတွေ ရှိမရှိ ကြည့်ကြရအောင်”

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

.(သွေးနဂါးလုံချန်)

ဘာသာပြန်သူ -

အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၈)

အပိုင်း ၉၄ - ရတနာခန်းမ

အစိမ်းရောင်နေမင်းဌာနခွဲ၏ ရတနာပစ္စည်းအလဲအလှယ်ခန်းမက အစိမ်းရောင်နေမင်းအဆောက်အဦး နှင့် သိပ်မဝေးလှပေ။

လုံချန် ရောက်သွားချိန်က နံနက်စောစောဖြစ်နေသောကြောင့် ရတနာခန်းမ၌ အစောင့်များနှင့် ဝန်ထမ်းအများစုသာရှိနေ၏။ အခြားတပည့်များကို သိပ်မတွေ့ရပေ။

လုံချန်က အခြားသော တပည့်များနှင့်အတူ ရောနှောလျှက် ရတနာပစ္စည်းလဲလှယ်ရာ ခန်းမဆီ လျှောက်လာခဲ့သည်။ သို့သော် အနားရောက်လာမှ သူ အထင်မှားခဲ့ကြောင်း သိလိုက်ရ၏။ ရတနာခန်းမနှင့် နီးလာလေလေ လူပိုများလာလေလေပင်။ ထို့အပြင် အများစုက လူငယ်များချည်းသာ။

အစိမ်းရောင်နေမင်းဌာနခွဲ၌ မြေကမ္ဘာယွမ်အဆင့် ပညာရှင်များ အများအပြား ရှိနေပုံရ၏။ သို့သော် အထွတ်အထိပ် မြေကမ္ဘာယွမ်အဆင့် ပညာရှင်ကတော့ ရှားပါးလှသည်။ ကောင်းကင်ယွမ်အဆင့် ပညာရှင် ဆိုလျှင်တော့ လုံချန်အနေဖြင့် ယခုအထိ တစ်ယောက်မှကို မတွေ့ဖူးသေးပါ။ သူ တွေ့ခဲ့ဖူးသည့် အဆင့်အမြင့်ဆုံး လူက အစိမ်းရောင်နေမင်းဌာနခွဲ၏ အကြီးအကဲချုပ် လျူလန် သာဖြစ်ခဲ့သည်။

အစိမ်းရောင်နေမင်းဌာနခွဲ၏ ရတနာပစ္စည်းလဲလှယ်ရာ ခန်းမက လင်းဝူအရှေ့ပိုင်းဒေသ၏ မိုးသောက်ကုန်သည်အဖွဲ့ခွဲထက် အဆပေါင်းများစွာ ကြီးမားခဲ့သည်။ အဆောက်အဦး က အထပ် သုံးထပ်ရှိပြီး အတော်လေးလည်း ကျယ်ဝန်းပါသည်။

လုံချန်က အပေါ်ဆုံး အထပ် နှစ်ခုက လက်ရှိ သူ့အဆင့်အတန်းဖြင့် ဝင်ရောက်ခွင့် မရှိသေးသော နေရာများ ဖြစ်မှန်း သိလိုက်ရသည်။ သို့သော်လည်း ပထမထပ်တင်ဆိုလျှင်ပင် လက်ရှိ သူလိုအပ်နေသည့်အရာများကို ရှာတွေ့နိုင်လောက်ပါသည်။

လုံချန်က လျှောက်ကြည့်နေရင်း ရတနာကျောက်တုံးများ၊ ပုလဲလုံးများ တန်ဆာဆင်ထားသည့် နေရာတစ်ခု၌ ဆေးအမယ်များကို ရှာတွေ့လိုက်သည်။

ဝိညာဉ်ဆေးအမယ်များကို အမျိုးအစား ခွဲထားသော်လည်း နတ်အဆင့် ဝိညာဉ်ဆေးအမယ်ကိုတော့ရှာမတွေ့မိပေ။ လုံချန်က “အခြား” အပိုင်းကို လှည့်လည်ကြည့်နေရင်း အနီးနားရှိ ဝန်ထမ်းတစ်ယောက်ယောက်ကို မေးမြန်းပြီးနောက် နတ်ဝိညာဉ်ဖန်တီးခြင်းသစ်သီး တစ်လုံး ဝယ်ယူလိုက်သည်။

ဈေးနှုန်း တံဆိပ်ကို ကြည့်ရင်း လုံချန်က သက်ပြင်းချလိုက်၏။ ဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီး တစ်လုံးက ပံ့ပိုးမှုအမှတ် ၉ မှတ် ကုန်ကျလေသည်။ လဲလှယ်ပြီးနောက် ဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီးကို သိုလှောင်အိတ်ထဲ ထည့်သိမ်းရင်းဝန်ထမ်းကို မေးလိုက်၏..

“ဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီး လို တခြား ဝိညာဉ်ဆေးအမယ်တွေ ရှိသေးလား”

“ရတနာပစ္စည်းလဲလှယ်တဲ့ ခန်းမမှာ အခုလောလောဆယ် ဒီလို ဆေးအမယ်တစ်မျိုးကို တစ်လုံးပဲ ပြင်ဆင်ထားပါတယ်။ ဒီနေ့ မင်း ဝယ်သွားပြီဆိုတော့ နှစ်ရက် သုံးရက်လောက်တော့ စောင့်ရမယ်။ နောက်ထပ် ဝိညာဉ်အားဖြည့်ဆေးတစ်မျိုးရောက်လာမှ ပြန်ဝယ်လို့ ရမယ်”

လုံချန်က ခေါင်းညိတ်လိုက်၏။ နှစ်ရက် သုံးရက်လောက် စောင့်ပြီးမှ ပြန်လာရုံသာ။

“အပြင်မှာ ဝိညာဉ်ဖန်တီးခြင်းနတ်သစ့သီး တစ်လုံးကို နတ်ဝိညာဉ်ကျောက်တုံး ၁၀၀ လောက် ကုန်ကျတယ်။ ဒီနေရာမှာ ပံ့ပိုးမှုအမှတ် ၉ မှတ်ပဲ။ ဒီတစ်ခါ မစ်ရှင်တစ်ခုနဲ့ နတ်ဝိညာဉ်ကျောက်တုံး ၃၀၀ ကျော် ရခဲ့တယ်။ ငါက အသစ်ဝင်လာတဲ့ လူသစ်တစ်ယောက်ပဲ၊ တတိယအဆင့် မစ်ရှင်တစ်ခုပဲ ထမ်းဆောင်ရသေးတာ။ ဒီလောက် မရသင့်ဘူး။ လျူလန်က နည်းနည်း ထပ်ပေးထားတာ ဖြစ်ရမယ်…”

လုံချန် ဤကိစ္စကို တွေးနေချိန်မှာ လင်းရှီ ကတော့ ဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီး နောက်တစ်လုံး ထပ်ရလိုက်သဖြင့် ပျော်ရွှင်နေပါသည်။ သို့သော် လုံချန်က နောက်ထပ် ဝိညာဉ်အားဖြည့်ဆေးများအကြောင်း မေးနေသည်ကို ကြားလိုက်ရာ သူမ စိတ်လှုပ်ရှားသွားပြီးနောက် ရုတ်တရက် စိတ်မကောင်းဖြစ်ကာ အော်လိုက်သည်...

“ဟေ့...၊ လုံချန်! တစ်လုံးပဲ လုံလောက်ပါပြီ။ နင့်အတွက် တစ်ခုခု လဲလှယ်ဖို့ အမှတ်တွေသိမ်းထားပါဦး။ ငါ နင့်အတွက် ကြည့်ပေးမယ်။ ဒီနားမှာ ကောင်းတာတစ်ခုခု ရှိမရှိ ကြည့်ရအောင်”

“ရပါတယ်၊ ငါ တခြား ဘာမှ မလိုအပ်သေးဘူး။ ဒီလို ဝိညာဉ်အားဖြည့်ဆေးတွေက မင်းအသက်ကို ဆွဲဆန့်ထားနိုင်တယ်။ ဒီလိုဆိုမှတော့ ငါတို့က အဆင်သင့် စုဆောင်းထားရမယ်လေ…”

လင်းရှီ က ဆန့်ကျင်ဖက် ပြန်ပြောလိုက်သည်.. “မရဘူး။ နင် ငါ့ကို ပေးရင်တောင် ငါ မယူတော့ဘူး။ ငါ နင့်အတွက် ကောင်းတဲ့အရာတစ်ခုခု ရှာပေးမယ်။ ဒီ မိန်းမငယ်လေးရဲ့ မျက်စိက အရမ်း ထက်မြက်တယ်”

လုံချန်က ဘာမှ မတတ်နိုင်တော့ဘဲ ရတနာပစ္စည်းခန်းမ၏ ပထမထပ်၌ လှည့်လည်သွားလာနေရသည်။

ဤအခိုက်အတန့်တွင် လင်းရှီ က ရုတ်တရက် အံ့သြသွားပြီး စိတ်လှုပ်ရှားစွာ အသံတိုးတိုးလေး ပြောလေသည်..

“ဟေ့...၊ အဲဒီ မူလဝိညာဉ်သစ်သီး ကို ရှာတွေ့ပြီ”

“ဒီ ကောင်မလေး ... တကယ်ပဲ ကောင်းတဲ့ ပစ္စည်း တစ်ခု တွေ့ပြန်ပြီ”

လုံချန်က မမျှော်လင့်ထားခဲ့ပေ။ လင်းရှီ ညွှန်ပြသည့်ဦးတည်ရာကို အမြန် ကြည့်လိုက်သည်။ ၎င်းက လက်သီးဆုပ်အရွယ်ခန့် အနက်ရောင်သစ်သီးတစ်လုံးပင်။ လုံခြုံစွာ ထုပ်ပိုးထားပြီး ထူးခြားသည့်အရာမျိုးတော့ ပြသမနေပါ။

“မူလစိတ်ဝိညာဉ်သစ်သီး၊ အဝါရောင်အလယ်အလတ်အဆင့် ဝိညာဉ်ဆေးအမယ်၊ ဒဏ်ရာ ကုသတဲ့နေရာမှာ တော်တော်လေးအသုံးဝင်တယ်။ မြေကမ္ဘာယွမ်အဆင့် အောက် ပညာရှင်တွေအတွက် ဒဏ်ရာ ကုသရာတဲ့အခါမှာ သုံးနိုင်တယ်။ ဈေးနှုန်း - ပံ့ပိုးမှုအမှတ် ၂၀…”

မူလစိတ်ဝိညာဉ်သစ်သီးပေါ်၌ ကပ်ထားသည့် စာတန်းကို ဖတ်ပြီး လုံချန်က အနည်းငယ် သံသယဖြင့် မေးလိုက်၏...

“လင်းရှီ! အဝါရောင်အလယ်အလတ်အဆင့် ဝိညာဉ်ဆေးအမယ်တွေက ဒဏ်ရာကုသတဲ့နေရာမှာ အသုံးဝင်တာ ထားပါ။ ဒီလိုဆေးအမယ်တွေက ဒီ ခန်းမထဲမှာ နေရာတိုင်း တွေ့နေရတယ်။ ဒါပေမဲ့ အကျိုးသက်ရောက်မှုက သိပ်မကောင်းဘူး။ တခြားအဝါရောင်အလယ်အလတ်အဆင့် ဝိညာဉ်ဆေးအမယ်တွေက အမှတ် ၅၀ ကျော်လောက် ကုန်ကျတယ်…”

“နင်က အတွေ့အကြုံ နည်းလွန်းလို့ ဒီမူလစိတ်ဝိညာဉ်သစ်သီး ရဲ့ အံ့သြစရာအသုံးဝင်ပုံကို မသိတာ။ ငါပြောတာကိုကို နားထောင်..၊ အမြန်ဆုံး ဝယ်လိုက်။ မဟုတ်ရင် အခွင့်အရေးက လက်လွတ်သွားလိမ့်မယ်”

“ဒါပေမဲ့ ငါ့မှာ ပံ့ပိုးမှုအမှတ်က ၂၁ မှတ်ပဲ ကျန်တော့တယ်…”

“စိတ်ပျက်စရာပဲ။ မဝယ်ရင် ငါ နင့်ကို လျစ်လျူရှုလိုက်တော့မယ်”

လုံချန်က ဘာမှ မတတ်နိုင်တော့ဘဲ ပံ့ပိုးမှုအမှတ် ၂၀ သုံးပြီး မူလစိတ်ဝိညာဉ်သစ်သီးကို ဝယ်လိုက်ရသည်။

မြေကမ္ဘာယွမ်အဆင့် ပညာရှင် မဟုတ်သော လူငယ်တစ်ယောက်က မူလိစိတ်ဝိညာဉ်သစ်သီး လို ဝိညာဉ်ဆေးအမယ်ကို ဝယ်ယူနေသဖြင့် ဝန်ထမ်းက အံ့သြစွာ ပြောလေသည်...

“ပုဂ္ဂိုလ်ရေး သုံးမယ်ဆိုရင် ဝိညာဉ်ဆေးအမယ် တချို့ အကြံပေးနိုင်ပါတယ်။ ဥပမာ- နန်ရှီ မြက်ပင် လို အရာမျိုး။ ပံ့ပိုးမှုအမှတ် တစ်မှတ်နဲ့တင် တော်တော်များများ ဝယ်လို့ ရပါတယ်”

သို့ရာတွင် လုံချန်က ယဉ်ကျေးစွာ ငြင်းဆိုလိုက်သည်။

ဝန်ထမ်းက ချက်ချင်းပဲ လုံချန်ကို လူမိုက်တစ်ယောက်အလား ကြည့်ရင်း ဂရုမစိုက်တော့ပေ။

လုံချန်ကလည်း အနည်းငယ် စိတ်ပျက်သွားမိသည် “လင်းရှီ! မင်း ငါ့ရဲ့ပံ့ပိုးမှုအမှတ်တွေကို အလဟဿ ဖြစ်အောင် လုပ်မိရင် အိမ်ပြန်ရောက်တာနဲ့ မင်းကို ရိုက်မှာနော်”

“ဘာပဲဖြစ်ဖြစ်။ နင်က အသုံးမကျတဲ့ လူယုတ်မာပဲ။ ငါ မရှိရင် ဒီမူလစိတ်ဝိညာဉ်သစ်သီး ရဲ့ အသုံးဝင်ပုံကို ဘယ်တော့မှ မသိနိုင်လောက်ဘူး။ ဒီမူလစိတ်ဝိညာဉ်သစ်သီးက ဒဏ်ရာကုသဆေးတင် မဟုတ်ဘူး။ ဒါကို ဒဏ်ရာကုသတဲ့ဆေး အဖြစ် သုံးနေတာ ရယ်စရာပဲ”

လင်းရှီ က စိတ်ဆိုးစွာ ပြောရင်း သူမ သိထားသည့်အချက်များကို ပြောပြချင်နေပုံရ၏။ လုံချန်ကို ချက်ချင်း အိမ်ပြန်သွားရန် ပြောပါသည်။

“ဒီ ကောင်မလေး က အရမ်း လျှို့ဝှက်နေတာပဲ။ ဒါပေမဲ့ အကြိမ်ကြိမ် ငါ့ကို အကျိုးပြုနိုင်တယ်။ သူ့ကို ယုံရင် မမှားနိုင်ဘူး”

မည်သို့ပင်ဖြစ်စေ လုံချန်က လင်းရှီ ကို အမှန်တကယ် ယုံကြည်ထား၏။ လက်ရှိ သူ့မှာ ပံ့ပိုးမှုအမှတ်များ ကုန်သွားပြီဖြစ်ရာ နောက်ထပ် အချိန်ကြာနေစရာမလိုတော့ပေ။ လုံချန် က ခန်းမထဲကနေ ပြန်ထွက်ရန် ပြင်ဆင်လိုက်သည်။

နံနက်ခင်းအချိန် ကျော်လွန်ပြီး နေ​မြင့်လာချိန်တွင် ရတနာပစ္စည်းလဲလှယ်ရာ ခန်းမ၌ ဝင်ရောက်လာသူ ပိုများလာကြ၏။ လုံချန်က များစွာသော လူအုပ်ကြီးထဲက တစ်ယောက်ဖြစ်နေခဲ့သည်။

“လင်းဝူမိသားစု က အဆင့်အတန်း အပေါ်မှာ အရမ်း တင်းကြပ်တယ်။ ရတနာပစ္စည်းခန်းမထဲမှာတောင် အဆင့်အလိုက် ခွဲထားသေးတယ်။ ငါက အနိမ့်ဆုံးအဆင့်ပဲ ရှိတာဆိုတော့ ပထမထပ်အထိပဲ ဝင်ခွင့်ရှိတယ်။ ပထမထပ်မှာက အဆင့်နိမ့်အဝါရောင်အဆင့်နဲ့ အလယ်အလတ် ရတနာပစ္စည်းတချို့ပဲ ရှိတယ်။ ဒုတိယထပ်နဲ့ တတိယထပ်မှာ ပိုကောင်းတဲ့ ပစ္စည်းတွေ ရှိမယ်ထင်တယ်။ ဘယ်တော့မှ အဲဒီ အထပ်တွေကို ဝင်ခွင့်ရနိုင်မှာလဲမသိဘူး…”

ခန်းမ ပထမထပ်ကနေ လုံချန် ပြန်ထွက်တော့မည့်အချိန်မှာပဲ ရုတ်တရက် စူးစူးရဲရဲအကြည့်တစ်ချက် ခံစားလိုက်ရသည်။ ခေါင်းမော့ကြည့်လိုက်ရာ သူ့ကိုအသိအမှတ်ပြုတံဆိပ်ပြား လာပေးခဲ့သည့် ဖုန်းဝူထျန်း ဖြစ်နေ၏။ ဤအချိန်တွင် လုံချန် ဟာ မနေ့ညက လျူလန် ပြောသွားသည့်များ စကားများကို ပြန်တွေးမိလိုက်သည်။ သူမျှော်လင့်ထားသလိုပင်၊ လုံချန်ကို မြင်သောအခါ ဖုန်းဝူထျန်း၏မျက်လုံးတွေက အေးစက်ခက်ထန်ပြီး လူသတ်လိုစိတ်များထွက်ပေါ်နေခဲ့သည်။

ဖုန်းဝူထျန်းက လိမ္မော်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့ဆီကနေ ခန့်ညားထည်ဝါသော အငွေ့အသက်များ ထုတ်လွှတ်နေသည်။ မျက်လုံးထဲမှာပင် လိမ္မော်ရောင် အနည်းငယ် တောက်ပနေလေသည်။ လက်ရှိ လုံချန်က ဖုန်းဝူထျန်းနှင့် ဘယ်နေရာမှ မယှဉ်နိုင်သေးပုံပါ။

“အစ်ကိုဝူထျန်း! ဖုန့်လင်ဆေးရည် က အဲဒီနားမှာ ရှိတယ်။ ငါ ခေါ်သွားပေးမယ်…”

ဖုန်းဝူထျန်း၏ ဘေးနားမှာ အနီရဲရဲဂါဝန်ဝတ်ထားသည့် မိန်းမငယ်လေး တစ်ယောက် ရှိနေသည်။ ချစ်စရာကောင်းသည့် ပုံစံ၊ ချယ်ရီသီးလို နှုတ်ခမ်းပါးများ၊ သေးသွယ်သောခါးနှင့် တောင့်တင်းလှသော ခန္ဓာကိုယ်အချိုးအစားက အမျိုးသားများကို ရမက်ဆန္ဒများ နှိုးဆွပေးနေသယောင်ပါ။ သူမ၏ သာယာချိုမြသော အသံကလည်း လူတိုင်းအား ခံနိုင်ရည်စွမ်း ကင်းမဲ့စေသည်။ ထူးခြားသည်မှာ ဤမိန်းမငယ်လေးက အကြီးအကဲချုပ် လျူလန်နှင့် ရုပ်ခင်းဆင်နေတာပါ။

“ဝူထျန်း အစ်ကို...”

ဖုန်းဝူထျန်း ရုတ်တရက်တိတ်ဆိတ်သွားသဖြင့် မိန်းမငယ်လေးက အံ့သြသွားပြီး လုံချန်ဆီ လှမ်းကြည့်နေသည်။ လုံချန်က သာမန် အပြင်စည်းဂိုဏ်းသားတစ်ယောက်သာ ဖြစ်နေသည့်အတွက် ဖုန်းဝူထျန်းကို ရှုပ်ထွေးစွာ ကြည့်လိုက်၏။

“ဝူထျန်း အစ်ကို၊ ဘာလို့ သူ့ကို ကြည့်နေတာလဲ”

ဖုန်းဝူထျန်းက သူမကို လျစ်လျူရှုထားပြီး လုံချန်နှင့်အေးစက်စက် အကြည့်ချင်း ဆုံတွေ့လိုက်သည်။

လုံချန်က သူမဆီကနေ ဖုန်းဝူထျန်း၏ အာရုံစိုက်မှုကို ခိုးယူသွားသည့်အတွက် မိန်းမငယ်လေးက ချက်ချင်း ဒေါသထွက်သွားပြီး လုံချန်ကို အေးစက်စက် ကြည့်နေလေတော့သည်။

ဤအချိန်တွင် ဖုန်းဝူထျန်းက လုံချန် ရှေ့တည့်တည့် ပေ ၂၀ လောက်အကွာကို ရောက်လာပြီး ရပ်လိုက်သည်။ ပတ်ဝန်းကျင်ရှိ လူအများလည်း အံ့သြသွားကြသည်။ ထို့နောက် လူငယ်နှစ်ယောက်ကြား ရန်ငြိုး ရှိနိုင်ကြောင်း သတိထားမိသွားပြီး ချက်ချင်း ဝိုင်းကြည့်လာကြသည်။

“အဲဒါ အစိမ်းရောင်နေမင်းဌာနခွဲ ရဲ့ နံပါတ်တစ် ပါရမီရှင် ဖုန်းဝူထျန်း မဟုတ်လား။ ဘာလို့ အမည်မသိတဲ့ ကောင်လေးနဲ့ ပတ်သက်နေတာလဲ”

“ဘယ်လို သိနိုင်မှာလဲ”

လုံချန်က ဖုန်းဝူထျန်းဆီကနေ ပြင်းထန်လှသောသတ်ဖြတ်လိုစိတ်ကို ခံစားမိခဲ့သည်။ မြေကမ္ဘာယွမ်အဆင့် အထွတ်အထိပ် ပညာရှင်၏ အင်အားက သေချာပေါက် မရိုးရှင်းနိုင်ပါ။ လုံချန်အနေဖြင့် ​ဟွမ်ဖေးယန် လို မြေကမ္ဘာယွမ်အစောပိုင်း အဆင့်ကို သတ်နိုင်ခဲ့သည့်​တိုင် လက်ရှိသူ့ခွန်အားက ဖုန်းဝူထျန်းကို အနိုင်ယူဖို့ နည်းလမ်း မရှိကြောင်း ခံစားရသည်။

“မင်းက လုံချန်လား”

ဖုန်းဝူထျန်း၏ပါးစပ်ကနေ ဂရုမစိုက်သော အေးစက်စက် စကားသံ ထွက်လာသည်။

သူ့ ဘေးနားရှိ မိန်းမငယ်လေးက “လုံချန်” ဆိုသော နာမည်ကို တစ်ခါမှ မကြားဖူးပုံပါ။ သို့ရာတွင် ဖုန်းဝူထျန်းက လုံချန်ကို သတ်ဖြတ်ချင်လောက်အောင် ဒေါသထွက်နေသဖြင့် စိတ်ဆိုးသွားပြီး ဝင်ပြောလိုက်၏

“ကောင်လေး၊ ဝူထျန်း အစ်ကို နင့်ကို စကားပြောနေတာ။ အမြန်ဆုံး ဖြေလိုက်။ မဟုတ်ရင် နင့်ကို ငါ ရိုက်မှာနော်”

ထိုသို့ပြောပြီးနောက် သူမက ဖုန်းဝူထျန်းကို နှစ်သိမ့်ချင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဖုန်းဝူထျန်းက ယခုထိတိုင် အေးစက်စက်ရပ်နေဆဲပင်။ မိန်းမငယ်လေးက သူ့ဒေါသကို လုံချန်ပေါ် လွှဲချလိုက်၏။ မျက်လုံးပြူးပြူးလေးက လုံချန်အား လူသတ်ချင်နေသောအကြည့်ဖြင့် ကြည့်နေပါတော့သည်။

လုံချန်၏ နာမည်ကို ကြားသည့်အခါ အစိမ်းရောင်နေမင်းဌာနခွဲမှ ပညာရှင်တစ်ယောက်က တစ်ခုခုကိုသတိရသွားပုံပင်။ ဘေးနားရှိ အဖော်ကို တိုးတိုးလေး ကပ်ပြောလိုက်သည်။

“အဲဒီ လုံချန်က အစိမ်းရောင်နေမင်းဌာနခွဲ ရဲ့ နောက်ဆုံးမှ အသစ်ဝင်လာတဲ့ တပည့်တွေထဲမှာ ပါရမီ အရှိဆုံး လူငယ်ပဲ။ ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက သူက ဟွမ်ဖေးယန်နဲ့ အစ်ကိုဝမ် တို့နဲ့အတူ မစ်ရှင်တစ်ခု ထမ်းဆောင်ဖို့ လိုက်သွားရတယ်။ မစ်ရှင် မှာ ဟွမ်ဖေးယန် ရုတ်တရက်ကြီး ပျောက်သွားတယ်လို့ ပြောနေကြတယ်။ ဖုန်းဝူထျန်းက လုံချန်ကို ရှာနေတာဆိုတော့ ဟွမ်ဖေးယန် ပျောက်ဆုံးနေတာက လုံချန်နဲ့ ဆက်စပ်မှု ရှိနေတာ ဖြစ်နိုင်တယ်”

“ဖြစ်နိုင်တယ်။ မိသားစု ဝင်ခွင့် ရွေးချယ်ပွဲမှာ လုံချန်က ဟွမ်ဖေးယန်ရဲ့ ညီလေးကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်လို့ ငါ ကြားဖူးတယ်”

အစိမ်းရောင်နေမင်းဌာနခွဲ မှ ပညာရှင်တစ်ယောက်က ထပ်ပြောလိုက်သည်။ စကားက လျင်မြန်စွာ ပြန့်နှံ့သွားလေသည်။ ခဏအတွင်း လာရောက်ကြည့်ရှုသူတိုင်း တပည့်အသစ် လုံချန် ရှိနေမှန်း သိသွားကြတော့သည်။

“ဒီ လုံချန် က မိသားစုရွေးချယ်ပွဲကို ဝင်ခွင့်ရတဲ့အချိန်မှာ နဂါးသွေးကြောနယ်ပယ် အဆင့် ၈ ပဲ ရှိသေးတယ်။ မြေကမ္ဘာယွမ်အဆင့် ပညာရှင်နဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ။ ဒါ အခြေအမြစ်မရှိတဲ့သတင်းစကားပဲ”

“ဒါဆိုရင် ဖုန်းဝူထျန်းက လုံချန်ကို ရှာနေတာ ဘယ်လို ရှင်းပြမလဲ”

“ငါတို့ စောင့်ကြည့်ရင် သိရမှာပဲမဟုတ်လား”

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

All Chapters