← Chapters

အခန်း (၉၇-၉၈)

Vol. 8 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 8 Ch. 97-98

.(သွေးနဂါးလုံချန်)

ဘာသာပြန်သူ -

အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၈)

အပိုင်း ၉၇ -

ဤအချိန်တွင် အိုရွှဲ့၏မျက်နှာက မသာမယာဖြစ်နေလေသည်။ မိုးသောက်ကုန်သည်အဖွဲ့၏ အကြီးအကဲက သူမကို လုံချန် ဆီသို့ စေလွှတ်လိုက်သောကြောင့် မကျေမနပ်ဖြစ်နေပုံပါ။

လုံချန်၏ အပြုံးမျက်နှာကို မြင်ရလေလေ အိုရွှဲ့၏ရင်ထဲတွင် ဒေါသများ ပိုမိုပြင်းထန်လာရလေလေဖြစ်သည်။

“မန်နေဂျာဇောင်က ပြောခိုင်းလိုက်တယ်။ ငါတို့ မိုးသောက်ကုန်သည်အဖွဲ့က ဝိညာဉ်ဖန်တီးခြင်းသစ်သီး တစ်လုံး ထပ်ရထားတယ်။ မင်းများ လိုအပ်ဦးမလားလို့ မေးခိုင်းလိုက်တယ်” အိုရွှဲ့ က လုံချန်ကို ဂရုမစိုက်ဘဲ အသံတိုးတိုးလေး ပြောလိုက်သည်။ သူမက မိုးသောက်ကုန်သည်အဖွဲ့အတွက် ကောင်းစွာ အလုပ်လုပ်ပေးခဲ့၏။ သို့သော်လည်း အဖွဲ့၏အကြီးအကဲက ဤသတင်းမျိုးကိုပင် လုံချန်အား အသိပေးရန် သူမကို စေလွှတ်ခဲ့သည်။ ဤအခြေအနေက သူမအတွက် သည်းခံနိုင်ရန် ခက်ခဲခဲ့သည်။ မန်နေဂျာဇောင် က လုံချန်အပေါ် မည်သည့်အတွက် အရေးပေးလေးစားနေသည်ကို သူမအနေဖြင့် လုံးဝနားမလည်နိုင်ခဲ့ပေ။

“ငါ လိုအပ်တယ်။ ဟုတ်ပါတယ်၊ ငါ တကယ် လိုအပ်နေတာပါ” လုံချန်က အခွင့်အရေးရတုန်း အမိအရယူရန် ဆုံးဖြတ်လိုက်သည်။ အနာဂတ်၌ လင်းရှီအတွက် လိုအပ်သောကြောင့် နတ်ဝိညာဉ်ကျောက်တုံး ရာချီ အသုံးပြုရလျှင်ပင် တွန့်ဆုတ်မနေနိုင်ပေ။

“ငါ အခုထက်ပိုပြီးသန်မာလာတဲ့အခါကျရင် နတ်ဝိညာဉ်ကျောက်တုံးတွေ ရှာဖို့က ပြဿနာမရှိပါဘူး။ အခုတော့ ငါတတ်နိုင်သလောက် ဝိညာဉ်ဖန်တီးခြင်းသစ်သီးတွေဝယ်ထားရတာပေါ့။ ဘာပဲဖြစ်ဖြစ် ငါချစ်ရတဲ့သူအတွက် ဝိညာဉ်အားဖြည့်ဆေးတွေဝယ်ပေးနိုင်တာ ငါ့အတွက် ကျေနပ်စရာပါပဲလေ။ ဒါမှ သူမ ပိုပြီးအသက်ရှည်ရှည်နေနိုင်မှာ”

လုံချန်က လင်းရှီအတွက် စဉ်းစားခန်းဝင်နေတုန်းမှာ အိုရွှဲ့က သူ့ကို မုန်းတီးမှုအပြည့်ဖြင့်စိုက်ကြည့်နေသည်ကို သတိထားမိလိုက်၏။ လုံချန် က သိပ်ပြီးအာရုံမထားပေ၊ သူမကို တည့်တည့်ကြည့်ကာ “မစ္စအိုရွှဲ့! ငါ့ကိုလမ်းပြပေးပါ” ဟူ၍ အေးတိအေးစက်ဖြင့်သာ ပြောလိုက်သည်။

မန်နေဂျာဇောင် က လုံချန် အပေါ် ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံရန် အကြိမ်ကြိမ်သတိထားပေးထားသဖြင့် အိုရွှဲ့ က မုန်းတီးနေသော်လည်း မျိုသိပ်ထားရသည်။ သူမ၏ စိတ်ထဲကတော့ ကျိန်ဆဲနေပါသည် “ကောင်လေး၊ အခွင့်အရေးရရင် ငါနင့်ကို အရေခွံခွာပစ်မယ်။နင်က သံမဏိနှလုံးသား နည်းနည်းလေးပဲရခဲ့တာပါ။ မန်နေဂျာဇောင်က နင့်ကိုရတနာလို့ထင်နေသေးတယ်။ ဒီလုံချန် ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ် သူ့လိုအမှိုက်ကောင်က ငါ့နဲ့တောင်မယှဉ်နိုင်ဘူးဆိုတာ သက်သေပြဖို့ အခွင့်အရေးရှာရမယ်” အိုရွှဲ့က နှလုံးသားထဲမှာ မုန်းတီးမှုများပြည့်နှက်လျှက် ရှေ့ကနေ အရင်ဆုံးထွက်သွားတော့သည်။

“ဒီအမျိုးသမီးရဲ့ရုပ်ရည်က သိပ်တော့ မဆိုးပါဘူး၊ သူမကိုကြည့်ရတာ တော်တော်လေးစိတ်ညစ်နေတဲ့ပုံပဲ။ တကယ်တော့ ငါ့ရဲ့ လင်းရှီက အလှဆုံးပဲ...” နောက်ကနေ လိုက်လာရင်း လုံချန်က စိတ်ထဲကနေ တိုးတိုးလေးပြောလိုက်ပါသည်။ သူ့စကားကြောင့် လင်းရှီတစ်ယောက် ပျော်ရွှင်သွားခဲ့ပြီး အဆက်မပြတ်ရယ်မောနေလေသည်။ အကယ်၍ အိုရွှဲ့သာ ဤလှောင်ပြောင်စကားကို ကြားခဲ့ပါက လုံချန်ကို ချက်ချင်းသတ်ဖြတ်ရန် ကြိုးစားပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ အိုရွှဲ့၏ မုန်းတီးမှုပြည့်နှက်နေသောမျက်ဝန်းအကြည့်များက လုံချန်ကို သတိအပြည့်ထားစေခဲ့သည်။

“မန်နေဂျာဇောင်! သူ ဘာလုပ်ဖို့ကြိုးစားနေလဲဆိုတာ ငါနားမလည်နိုင်တော့ဘူး။ ဒါက ဝိညာဉ်ဖန်တီးခြင်းသစ်သီးတစ်လုံးဆိုရင် ငါ့ကို ဒီအထိလာခေါ်ခိုင်းမယ့်အစား အိုရွှဲ့ကို ငါ့ဆီယူလာခိုင်းလို့ရနေတာပဲ။ ဒီလူအိုကြီးက ငါ့ကို ဆွဲဆောင်ဖို့ ကြိုးစားနေတုန်းပဲလား” လုံချန်က အိုရွှဲ့၏နောက်ပိုင်းအလှကို သဘောကျစွာ ကြည့်လိုက်ရင်း မန်နေဂျာဇောင်အား မည်သို့မည်ပုံကိုင်တွယ်ရမည်ကို တွေးနေခဲ့သည်။

.....

လုံချန် ရောက်သွားချိန်က နေ့လည်ခင်းဖြစ်သောကြောင့် မိုးသောက်ကုန်သည်အဖွဲ့၌ လာရောက်သူ အနည်းငယ်သာရှိ၏။ မန်နေဂျာဇောင်က ခန်းမထဲ၌ အသင့်စောင့်ကြိုနေလေသည်။ ၎င်းက လုံချန်ကို နွေးထွေးစွာ ဖက်ပြီး ညင်သာစွာကျောပုတ်လိုက်သည် “လုံချန်! ငါ့ရဲ့ချစ်လှစွာသောတူလေး... မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ”

“အကြောင်းပြချက်မရှိဘဲနဲ့ ဒီလောက်စိတ်အားထက်သန်နေတာ သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက်တစ်ခုခုရှိရမယ်” လင်းရှီက နတ်ဓားထဲကနေ ကြည့်နေရင်း စိတ်အနှောင့်အယှက်ဖြစ်သောလေသံဖြင့် အသံတိုးတိုးလေးပြောခဲ့သည်။

လုံချန်ကလည်း ရယ်ရယ်မောမော ပြန်ဖြေပြီး မန်နေဂျာဇောင် နှင့်အတူ အထူးဧည့်ခန်းထဲသို့ လိုက်သွားခဲ့သည်။ အခန်းထဲရောက်သည်နှင့် လူအိုကြီးက လုံချန်ကို ထိုင်ခိုင်းပြီး မျက်နှာမဲ့ရွဲ့နေသော အိုရွှဲ့ကို လက်ဖက်ရည်ငှဲ့ခိုင်းလိုက်သည်။ မန်နေဂျာဇောင် က ပြုံးပြီး လုံချန်ကို ကြည့်နေသည်။ ခဏကြာတော့ သူက စကားစလာသည် “မင်းက မြေကမ္ဘာယွမ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို သတ်နိုင်ခဲ့တယ်လို့ ငါကြားတယ်။ မင်း မြေကမ္ဘာယွမ်အဆင့် ကို ရောက်ပြီးပြီလား” မန်နေဂျာဇောင် က တိုက်ရိုက်ပင်မေးလေတော့သည်။ ဘေးနားရှိ အိုရွှဲ့က မန်နေဂျာဇောင်၏ မြေကြီး တုန်လှုပ်စေသော စကားများကို ကြားလိုက်သည့်အချိန်တွင် အမှတ်တမဲ့ဖြင့် လက်ဖက်ရည်ကို ခွက်အပြင်ဖက်သို့ ငှဲ့လိုက်မိသည်။ သတိပြန်ဝင်လာပြီးမှ ကမန်းကတန်း တောင်းပန်လိုက၏ “မန်နေဂျာ! ကျွန်မ အရမ်းပေါ့ဆမိသွားတယ်…”မန်နေဂျာဇောင်က လုံချန်ရှေ့တွင် ဒေါသထွက်လိုခြင်းမရှိပေ။ သို့သော် မျက်နှာကတော့ ခက်ထန်နေ၏။ ဤအချိန်တွင် လုံချန်က လက်ကိုဝှေ့ယမ်းပြီး အိုရွှဲ့ကို မာနထောင်လွှားစွာ ကြည့်လိုက်သည် “မသွားနဲ့ဦး။ မင်း ဒီနေရာကို ညစ်ပတ်အောင်လုပ်ထားတယ်၊ ဒါကြောင့် သန့်ရှင်းရေးလုပ်ဖို့က မင်းတာဝန် မဟုတ်ဘူးလား”

“နင်...”အိုရွှဲ့က ဒေါသတကြီး အော်ငေါက်ရန်ပြင်လိုက်သော်လည်း မန်နေဂျာဇောင်က ဟန့်လိုက်ပြီး ပြော၏ “အိုရွှဲ့၊ သန့်ရှင်းရေးလုပ်...”

မန်နေဂျာဇောင်၏ တည်ငြိမ်သောအသံကို ကြားလိုက်သောအခါ အိုရွှဲ့ လည်း မငြင်းဆန်ရဲပေ။လုံချန်ကို စိုက်ကြည့်ကာ အံကြိတ်လျှက် သူတောင်းဆိုသည့်အတိုင်း လိုက်လုပ်လိုက်သည်။ မတရားခံစားနေရသည့်တိုင်အောင် အတင်းအကြပ်မျိုသိပ်နေကြောင်း မြင်သောအခါ လုံချန်က အတော်လေးကျေနပ်သွား၏။ အကြောင်းမှာ မိုးသောက်ကုန်သည်အဖွဲ့သို့ သူ ပထမဆုံးအကြိမ်ရောက်ခဲ့စဉ်က အိုရွှဲ့၏ အထင်သေးနှိမ့်ချမှုကို ခံခဲ့ရသည်။ ယခုအခါ သူမကို ထိုနည်း၎င်းပင် ပြန်ခံစားရအောင် လုပ်နိုင်ခဲ့ပြီမဟုတ်ပါလား။ ထို့နောက် လုံချန်က အာရုံမထားတော့ဘဲ မန်နေဂျာဇောင်နှင့် စကားပြောရန် စတင်လိုက်သည် “အကြီးအကဲဇောင်! ငါ့ခွန်အားက မြေကမ္ဘာယွမ်အဆင့်ကို ရောက်နေပြီဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ငါ ဟွမ်ဖေးယန်ကို သတ်ခဲ့တယ်ဆိုတဲ့ စကားတွေအားလုံးက တကယ်တမ်းပြောရရင် တစ်စုံတစ်ယောက်က ငါ့ကို ပုတ်ခတ်ပြောဆိုတဲ့လိမ်ညာမှုတွေသက်သက်ပါပဲ။ ငါသာ အစ်ကိုကြီးဟွမ်ကို တကယ်သတ်ခဲ့ရင် ငါ ဒဏ်ရာမရဘဲနဲ့ အခု ဒီလိုစကားပြောနိုင်မှာတောင် မဟုတ်ဘူး”

မန်နေဂျာဇောင်ကိုယ်တိုင်လည်း လုံချန်က ဟွမ်ဖေးယန်အား သတ်ခဲ့သည်ဟူသောသတင်းကို မယုံနိုင်ခဲ့ချေ။ လုံချန်က ကနဦး မြေကမ္ဘာယွမ်အဆင့် သာ ရှိသေး၏။ မည်သို့ပင်ဖြစ်စေ မန်နေဂျာဇောင်၏ လုံချန်အပေါ် ထားရှိသော သဘောထားကို မထိခိုက်စေနိုင်ပေ။ သူက အနီရောင်ပိုးပုဝါဖြင့်ဖုံးအုပ်ထားသည့်သစ်သားသေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။အထဲမှာတော့ ဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီး ၂ လုံး ရှိနေပေသည်။ ဤအချိန်တွင် နတ်ဓားထဲမှ လင်းရှီ၏မျက်နှာလေးက အရောင်လက်သွားခဲ့သည်။ လုံချန်ကတော့ ဆန့်ကျင်ဖက်ပင်။ မျက်နှာသိပ်မကောင်းလှ။

“ငါ့တူ လုံချန်! မင်းလိုချင်တဲ့ ဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီးတွေ ဒီမှာပါ”

လုံချန်ကတော့ သူ၏လက်ကျန်နတ်ဝိညာဉ်ကျောက်တုံးပမာဏက လောလောဆယ်မလုံလောက်သောကြောင့် နောင်တရစွာ သက်ပြင်းချနေခဲ့သည်... “အကြီးအကဲဇောင်! အခု ငါ့ရဲ့ နတ်ဝိညာဉ်ကျောက်တုံးပမာဏက ဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီး တစ်လုံးပဲ ဝယ်နိုင်တယ်။ နှစ်လုံးတော့ ဝယ်လို့မရဘူး”

လုံချန်က လောလောဆယ်မှာ အတော်လေးကိုဆင်းရဲနေပုံပါ။ ဘေးကနေကြည့်နေ​​သော အိုရွှဲ့က စိတ်ထဲမှာ မထီမဲ့မြင်ပြုလိုက်သည်...

“ဒီယုတ်ညံ့တဲ့ အမှိုက်ကောင်က ကနဦး မြေကမ္ဘာယွမ်အဆင့် ကို ရောက်နေတာလေးပဲ။ ဘာကို ဂုဏ်ယူစရာရှိလဲ။ ငါလည်း နောက်ရက်နည်းနည်းကြာရင် ကနဦး မြေကမ္ဘာယွမ်အဆင့်ကို ဝင်နိုင်တော့မယ်။ အဲဒီလိုဖြစ်လာရင် နင် ဒါမှမဟုတ် ငါက ပိုသန်မာလာမလားဆိုတာ ကြည့်ရအောင်”

မန်နေဂျာဇောင်က လုံချန်အပေါ် မျှော်လင့်ချက်မြင့်မားနေသောကြောင့် အိုရွှဲ့ကို အတော်လေး မနာလိုဖြစ်စေခဲ့သည်။ လုံချန်၏ မျက်နှာပေါ်က ဝမ်းနည်းနေသည့် အမူအရာကို မြင်လိုက်ရာ မန်နေဂျာဇောင်က ရယ်လိုက်ပြီး “ငါ ဒါကို အရင်က မပြောဖူးဘူးလား။ ငါတို့ နှစ်ခါတောင်တွေ့ဆုံပြီးပြီဆိုတော့ ငါတို့က မိတ်ဆွေတွေလို့ သတ်မှတ်လို့ရတယ်။ မင်း ငါ့ဆီက တစ်ခုဝယ်လို့ရတယ်၊ နောက်တစ်ခုကို အလကားပေးလိုက်မယ်” မန်နေဂျာဇောင်က လုံချန်၏ပါရမီအရည်အချင်းကို လေးစားနေလေရာ အကျိုးကျေးဇူးများ ရက်ရက်ရောရောပေးနေလေသည်။ လုံချန်ကလည်း လင်းဝူမိသားစုကနေ ထွက်ဖို့မဖြစ်နိုင်တော့သည့်အတွက် မန်နေဂျာဇောင်၏ကမ်းလှမ်းချက်ကို ငြင်းပယ်ရန် စဉ်းစားနေသည်။ ဤအချိန်တွင် မန်နေဂျာဇောင်က လုံချန် တွန့်ဆုတ်နေကြောင်း မြင်သောအခါ မျက်လုံးထဲမှာ အရောင်တောက်ပလာပြီး လုံချန်ကို စိုက်ကြည့်နေသည်။ သူက တည်တည်ငြိမ်ငြိမ်ပင်ပြောလိုက်၏ “ဒါဆို ဒီလိုလုပ်ကြရအောင်။ မင်း ငါ့အတွက် တစ်ခုခု လုပ်ပေးရင် ဒီဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီးတွေကို လက်ဆောင်ပေးမယ်၊ ဒါက မင်း ငါ့အပေါ်မှာ ကျေးဇူးကြွေးတင်နေတယ်လို့ မယူဆနိုင်ဘူး။ ဘယ်လိုလဲ”

“အကြီးအကဲဇောင်၊ မင်းအတွက် ဘာလုပ်ပေးရမလဲ” လုံချန်က ပြန်မေးလိုက်ရင်း မျက်နှာပေါ်တွင် လေးနက်မှုအပြည့်ရှိနေ၏။ ဤအချိန်တွင်မှ မန်နေဂျာဇောင်က ဖိတ်ခေါ်လိုက်သည့် ရည်ရွယ်ချက်အမှန်ကို အနည်းအကျဉ်း ခန့်မှန်းမိလိုက်သည်။ မဟုတ်ပါက ဝိညာဉ်ဖန်တီးခြင်းသစ်သီး နှစ်လုံးအတွက်ကြောင့် အိုရွှဲ့ကို ဒုက္ခခံခိုင်းပြီး အ​​ခေါ်လွှတ်မှာမဟုတ်ပေ။

ဇောင်ထျန်းဖန်က ပြုံးပြီး ဘေးမှာရပ်နေသည့် အိုရွှဲ့ကို အခန်းထဲမှ ထွက်သွားရန်အတွက် ညွှန်ကြားလိုက်၏။ ထို့နောက် သူက သိုလှောင်အိတ်တစ်လုံးကို ထုတ်ယူပြီး ကလေးလက်သီးအရွယ်အစားလောက်ရှိမည့် ကျောက်မျက်တစ်လုံးကို ထုတ်ယူလိုက်ပါသည်။ လုံချန်က စိုက်ကြည့်လိုက်ရာ ကျောက်မျက်က အပြာရောင်လဲ့လဲ့ တောက်ပနေသည်ကို တွေ့လိုက်ရပါတော့သည်။လေးထောင့်ပုံသဏ္ဍာန် ဖြစ်ကာ ထောင့်နှစ်ဖက်က ချွန်မြနေပါသည်။ ထို့အပြင် မျက်နှာပြင်ပေါ်၌ မိုးကြိုးလျှပ်စီးကြောင်းအနည်းငယ်ပင် ရှိနေသေး၏။ တစ်ချိန်တည်းမှာ အပြာရောင်မီးတောက်များပင် ထွက်ပေါ်လာခဲ့သည်။

“မိုးကြိုးမီးလျှံကျောက်တုံးလား” လင်းရှီ၏ စိတ်လှုပ်ရှားစွာ ရေရွတ်သံက ရုတ်တရက်ထွက်ပေါ်လာလေသည်။ လုံချန်က လင်းရှီ ပြောသည့်စကားကို သိပ်နားမလည်သော်လည်း သေချာပေါက် ကောင်းမွန်သောအရာတစ်ခုဖြစ်မှန်းတော့ သိနေ၏။

“ဒါက ဘာလဲ သိလား” မန်နေဂျာဇောင်က မေးလိုက်ပါသည်။

လုံချန်က ခေါင်းခါလိုက်၏ “ငါမသိပါဘူး”

“ဒီပစ္စည်းကို… မိုးကြိုးမီးလျှံကျောက်တုံးလို့ခေါ်တယ်” မန်နေဂျာဇောင်က မိုးကြိုးမီးလျှံကျောက်တုံးကို လက်ဝါးပေါ်၌ လှည့်ပတ်ကစားနေရင်း စူးစူးစိုက်စိုက်ကြည့်နေလေသည်။ ခဏကြာတော့ သူက ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏ “ဒီမိုးကြိုးမီးကျောက်တုံးက ကောင်းကင်နဲ့ မြေကြီးရဲ့ အဖိုးတန်ရတနာပဲ။ အဆင့်မသတ်မှတ်နိုင်ဘူး။ ကျင့်ကြံသူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ဒီကျောက်တုံးနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ငါတို့ရဲ့ခန္ဓာကိုယ်က မိုးကြိုးနဲ့ မီးလျှံကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားရှိလာလိမ့်မယ်။ ပြီးတော့ ဒီစွမ်းအားကို ခန္ဓာကိုယ် ပြုပြင်ပြောင်းလဲဖို့ အသုံးပြုနိုင်လို့အတော်လေး ထိရောက်မှုရှိတယ်လို့ပြောရမယ်။ တကယ်လို့ လူတစ်ယောက်က မိုးကြိုးမီးတောက်ကျောက်တုံး ၁၀ ခုကျော်နဲ့ ပေါင်းစပ်ပြီးတာနဲ့ မိုးကြိုးမီးလျှံခန္ဓာကိုယ်ကို ပိုင်ဆိုင်လာလိမ့်မယ်”

လုံချန်က မိုးကြိုးမီးလျှံကျောက်တုံးကို အံ့အားသင့်စွာကြည့်လိုက်သည် “ငါ့ခန္ဓာကိုယ်ကို ဒီအရာနဲ့ ပေါင်းစပ်လိုက်ရုံပဲပေါ့။ ငါ လုံးဝလေ့ကျင့်ဖို့ မလိုဘူးလား” မန်နေဂျာဇောင်၏ပြောစကားအရဆိုလျှင် ၎င်းက မကြာသေးခင်ကမှ သူအသုံးပြုခဲ့သော မူလစိတ်ဝိညာဉ်နတ်သစ်သီး ထက် ပိုပြီးကောင်းမွန်ပေသည်။

“ဟုတ်ပါတယ်” မန်နေဂျာဇောင်က ခေါင်းခါလိုက်သည် “မင်းပေါင်းစပ်နိုင်တဲ့ မိုးကြိုးမီးလျှံကျောက်တုံးအရေအတွက်က မင်းရဲ့ပါရမီနဲ့ ခန္ဓာကိုယ်ပေါ် မူတည်တယ်။ ကျောက်တုံးဆယ်ခုထက် ပိုပြီးပေါင်းစပ်နိုင်သရွေ့ မိုးကြိုးမီးတောက်ခန္ဓာကိုယ်ကို ရရှိလိမ့်မယ်။ အဲ့အခါကျရင် မိုးကြိုးနဲ့ မီးတောက်တွေကို အသုံးပြုနိုင်ပြီ။ တိတိကျကျပြောရရင် မိုးကြိုးမီးတောက်ကျင့်ကြံသူလို့ခေါ်နိုင်တယ်”

“မိုးကြိုးမီးတောက်ကျင့်ကြံသူလား ။ အဲဒါက သိပ်မဆိုးဘူးလို့ ထင်ရတယ်” လုံချန်က မန်နေဂျာဇောင်၏ လုပ်ရပ်ကို အတော်လေးနားမလည်နိုင်သလိုခံစားရသည်။ ၎င်းက ဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီး ၂ လုံးကို လက်ဆောင်ပေးခဲ့သည့်အပြင် ယခုလည်း မိုးကြိုးမီးလျှံကျောက်တုံးကိုပါ ပေးအပ်နေပြန်သည်။

လုံချန်က သံသယဖြင့် မေးလိုက်၏ “မန်နေဂျာဇောင်! ဒီမိုးကြိုးမီးလျှံကျောက်တုံးက ငါနဲ့ ဘာဆိုင်လို့လဲ” ဟူ၍ပင်။

ထိုအခါ မန်နေဂျာဇောင်က ရယ်ပြီး လုံချန်ကို တည့်တည့်စိုက်ကြည့်လိုက်သည် “ရိုးရိုးသားသားပြောရရင် ငါ မင်းကို အရမ်းသဘောကျတယ်။ မင်းရဲ့ပါရမီကို စမ်းသပ်ချင်တယ်၊ မင်းရဲ့ခန္ဓာကိုယ်က မိုးကြိုးမီးလျှံကျောက်တုံး ဘယ်နှစ်ခုနဲ့ပေါင်းစပ်နိုင်မလဲဆိုတာ ကြည့်ချင်တယ်”

လုံချန်၏မျက်နှာပေါ်တွင် မယုံနိုင်စရာ အမူအရာများ ပေါ်လွင်နေသည်။ အစကတော့ မန်နေဂျာဇောင်က သူ့အား တစ်ခုခု လုပ်ပေးစေချင်ကြောင်း ပြောကြားခဲ့သည်။ လုံချန်အနေဖြင့်လည်း မန်နေဂျာဇောင်က တောင်းဆိုလာမည့် အခြေအနေကို ကြိုပြီး တွေးတောနေခဲ့၏။ သို့ပါသော်လည်း ၎င်းသည် သူ့အတွက် ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်လာခဲ့သည်။ အမှန်တကယ်တော့ မန်နေဂျာဇောင်က လုံချန်ကို မိုးသောက်ကုန်သည်အဖွဲ့သို့ ခေါ်ယူချင်ရုံသာ။ သို့ရာတွင် သူက လုံချန်အား အကျိုးအမြတ်များ ရက်ရက်ရောရောပေးခဲ့လေသည်။

လုံချန် တွန့်ဆုတ်နေကြောင်း မြင်သောအခါ မန်နေဂျာဇောင်က လေးလေးနက်နက် ရှင်းပြလိုက်သည် “လုံချန်! မိုးကြိုးမီးလျှံကျောက်တုံးနဲ့ ပေါင်းစပ်တာကို လွယ်တဲ့အလုပ်လို့ မထင်လိုက်နဲ့။ ဒီအရာထဲမှာ တောင့်မခံနိုင်ရင် ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားစေနိုင်တဲ့အထိ ပြင်းထန်တဲ့စွမ်းအားတွေရှိတယ်။ မင်းရဲ့ခန္ဓာကိုယ်က မိုးကြိုးမီးလျှံကျောက်တုံးတစ်တုံးတောင် မပေါင်းစပ်နိုင်ရင် မင်းသေဖို့အခွင့်အလမ်း တော်တော်များတယ်။ ဒါကြောင့် ဒီဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီးနှစ်လုံးကို ရယူဖို့ မင်းအတွက် မလွယ်ကူဘူးထင်တယ်။ ဘာပဲဖြစ်ဖြစ်ဖြစ် မင်းက သေချာစဉ်းစားပါ”

လုံချန် စဉ်းစားခန်းဝင်နေတုန်း လင်းရှီက ရုတ်တရက် အော်ပြောလေသည် “မြန်မြန်လုပ်စမ်း။ ငါလက်ခံတယ်လို့ ပြောလိုက်” လင်းရှီက အတွေ့အကြုံရှိနေသောကြောင့် လုံချန်၏အခြေအနေကို ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။ ထို့ကြောင့် လုံချန်က တွန့်ဆုတ်မနေတော့ဘဲ ခေါင်းညိတ်ကာ ပြောလိုက်၏ “အန္တရာယ်များတဲ့နေရာတွေမှာသာ ရတနာတွေကို ရှာတွေ့နိုင်ပါတယ်။ မန်နေဂျာဇောင်က ငါ့ကို အရမ်းတန်ဖိုးထားတဲ့အတွက် ဘာပဲဖြစ်ဖြစ် ဒီမိုးကြိုးမီးလျှံကျောက်တုံးကို ငါသေချာပေါက် စမ်းကြည့်ရမယ်။ ငါ လက်ခံပါတယ်”

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

.(သွေးနဂါးလုံချန်)

ဘာသာပြန်သူ -

အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၈)

အပိုင်း ၉၈ -

လုံချန်က လက်ခံလိုက်သည့်အတွက် မန်နေဂျာဇောင်က ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

“ဒီနေရာမှာ မိုးကြိုးလျှံကျောက်တုံးနဲ့ ပေါင်းစည်းတာ နည်းနည်း မဆင်မပြေပါဘူး။ လုံချန်၊ ငါ မင်းကို ငြိမ်သက်တဲ့နေရာတစ်ခုဆီ ခေါ်သွားပေးမယ်”

လုံချန်က ခေါင်းညိတ်လိုက်၏။ ထို့နောက် မန်နေဂျာဇောင် နှင့်အတူ မိုးသောက်ကုန်သည်အဖွဲ့၏ အနောက်ဖက်ခြံဝန်းထဲသို့ လျှောက်လာကြသည်။ မကြာခင် နောက်ထပ် ခြံဝန်းတစ်ခုသို့ ရောက်လာကြသည်။ မန်နေဂျာဇောင် က လုံချန် ကျင့်ကြံရန်အတွက် အလွန်ကြီးမားပြီး တိတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခန်း ရှာပေးခဲ့သည်။ ထို့နောက် သူက ပြော၏

“မိုးကြိုးလျှံကျောက်တုံး ၅ လုံးကို အရင်ပေးထားမယ်။မင်းရဲ့ အရည်အချင်းနဲ့ ဘယ်နှစ်လုံး ပေါင်းစည်းနိုင်မလဲ ဆိုတာ ကိုယ်တိုင်ခံစားကြည့်လိုက်။ တစ်လုံးပေါင်းစပ်ပြီးလို့ နောက်တစ်ကြိမ်မှာသိပ်ပြီး မဖြစ်နိုင်ဘူးထင်ရင် အတင်းအကြပ် မလုပ်ပါနဲ့။ နားလည်လား”

မန်နေဂျာဇောင် က ပြောရင်း သူ၏သိုလှောင်အိတ်ထဲမှ မိုးကြိုးမီးလျှံကျောက်တုံး ၅ လုံး ထုတ်ပြီး အခန်းကြမ်းပြင်ပေါ်မှာ ချထားလိုက်သည်။

ကျောက်တုံး ၅ လုံးကနေ ပြာလဲ့လဲ့မီးလျှံများ အနည်းငယ် ထွက်ပေါ်နေသည်ကို မြင်သောအခါ လုံချန်က ခေါင်းညိတ်လိုက်သည်။

“စိတ်မပူပါနဲ့ ဦးလေးဇောင်! ငါ အရူးမဟုတ်ပါဘူး။ ကိုယ့်အသက်ကို စွန့်စားပြီး လောဘကြီးစရာအကြောင်းမရှိပါဘူး”

မန်နေဂျာဇောင် က လုံချန်ကို လေးစားစွာ ကြည့်ရင်း ပြောသည် “ဒါဆို ငါ မနှောင့်ယှက်တော့ပါဘူး။ အပြင်ဖက်ခြံဝန်းထဲက နားနေဆောင်မှာ စောင့်နေမယ်။ တစ်ခုခု ဖြစ်လာရင် လှမ်းပြီးအချက်ပြလိုက်”

မန်နေဂျာဇောင် ထွက်သွားပြီးနောက် လုံချန်က မထိန်းနိုင်တော့ဘဲ လင်းရှီကို မေးလိုက်၏ “ရှီအာလေး! ဒီ မိုးကြိုးမီးလျှံကျောက်တုံးနဲ့ ပေါင်းစည်းဖို့ မင်း တိုက်တွန်းခဲ့တာ ဆိုတော့ ဒါက တကယ်ကို အံ့သြစရာကောင်းတဲ့ အရာတစ်ခုလား”

လင်းရှီက အတော်လေး စိတ်လှုပ်ရှားနေသံဖြင့် ပြန်ဖြေလေသည် “ဟုတ်တယ်၊ အံ့သြစရာထက်ကို ပိုပါတယ်။ အရမ်းကို ကောင်းတဲ့ရတနာတစ်ခုလိုပဲ။ လုံချန်! မင်းက နဂါးအသွင်ပြောင်းကျင့်စဉ်ကို ကျင့်ကြံထားတော့ ခန္ဓာကိုယ်က သာမန်လူသားတွေထက် အများကြီး သန်မာတယ်။ နင် ပုံမှန်လူသားတစ်ယောက်ထက် ပိုအားကောင်းမယ်လို့ ငါ ခန့်မှန်းမိတယ်။ ပြီးတော့ ဒီ မိုးကြိုးမီးလျှံကျောက်တုံးနဲ့ ပေါင်းစပ်ပြီးရင် နင့် ခန္ဓာကိုယ်ကန့်သတ်ချက်က ဘယ်လောက်အထိ ရောက်နိုင်မလဲ ဆိုတာ သိလာမှာပဲ”

လုံချန်က ပေါင်းစည်းခြင်းဖြစ်စဉ်ကို ချက်ချင်းမလုပ်ဆောင်သေးပဲ မိုးကြိုးမီးလျှံကျောက်တုံးတစ်လုံးကို ကောက်ကိုင်လိုက်သည်။ သူ့လက်ဝါးက မိုးကြိုးလျှပ်စီးဖြင့် ထိလိုက်တင်း ထုံကျင်မှုတချို့ ခံစားရသည်။

“မိုးကြိုးမီးလျှံကျောက်တုံးရဲ့ အကောင်းဆုံး အချက်က နင် ပိုအားကောင်းလေ၊ ခန္ဓာကိုယ် ပိုသန်မာလေ ဆိုရင် ပိုပြီးပေါင်းစည်းနိုင်လေပဲ။ ပေါင်းစည်းနိုင်တဲ့ အရေအတွက်က ကန့်သတ်ချက် မရှိပါဘူး။ ပုံမှန်ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ်တွေထက် အများကြီး သာတယ်”

လင်းရှီ ပြောနေသည့် စကားများက လုံချန်ကို အတော်လေးစိတ်ဝင်စားမိစေသည်။ သို့သော် သူ့သဘာဝအရ စိတ်လှုပ်ရှားလွယ်သူတော့မဟုတ်ပေ။ လုံချန် က ဂရုတစိုက် စဉ်းစားပြီး မေးလိုက်သည်၏ “ရှီအာ! ငါက မန်နေဂျာဇောင် နဲ့ ဘာမှ ဆက်စပ်မှု မရှိဘူးလေ။ ဒါပေမဲ့ သူက ငါ့ကို ဒီ မိုးကြိုးမီးလျှံကျောက်တုံးနဲ့ ပေါင်းစပ်နိုင်မလားဆိုတာ စမ်းသပ်ခိုင်းနေတယ်။ သူက ငါ့ရဲ့ အရည်အချင်းကို စမ်းသပ်နေတာလို့ မင်းထင်လား။ ငါ ကြည်အများကြီး ပေါင်းစည်းနိုင်ရင် သူ ငါ့ကို မိုးသောက်ကုန်သည်အဖွဲ့ထဲ အတင်းဆွဲထည့်ဖို့ ကြိုးစားလိမ့်မယ်။ အဖွဲ့အစည်းရဲ့ နောက်ကွယ်က အာဏာပိုင်တွေနဲ့ ငါ့ကို ဆွဲဆောင်ဖို့ ကြိုးစားနိုင်တယ်။ ငါ ငြင်းရင်တော့ ငါ့ကို သတ်ပစ်နိုင်တယ်…”

“ဟုတ်နိုင်ပါ့မလား” လင်းရှီ အံ့အားသင့်သွားပြီး အနည်းငယ် ကြောက်လန့်သွားပုံဖြင့် လက်သေးသေးလေးဖြင့် ရင်ဘတ်ကို ဖိထားလျှက် လျှာထုတ်ပြောင်ပြရင်း ပြောသည်။

“နင်က နဂါးအသွင်ပြောင်းကျင့်ကြံသူ ဖြစ်နေတော့ နင့်ရဲ့ခန္ဓာထဲက အမှတ်အသားက မိုးကြိုးမီးလျှံကျောက်တုံးကို သဘာဝအတိုင်း ဖိနှိပ်နိုင်တယ်။ ဒီတော့ နင် ပေါင်းစည်းနိုင်တဲ့ အရေအတွက်က သာမန်လူသားကျင့်ကြံသူတွေထက် အများကြီး များမယ်။ နင် ပြောတာ တကယ် ဖြစ်နိုင်တယ်”

ရှေ့မှာ ကောင်းမွန်သောရတနာများ ရှိနေသည့်တိုင် လုံချန်က အားလုံးကို အသုံးချရန် မဝံ့မရဲ ဖြစ်နေမိသည်။ ဆွဲဆောင်မှုရှိသော်လည်း ကြောက်စရာကောင်းသည့်အတွေးက သူ့ကို သွေးအန်ချင်လောက်အောင် ဖြစ်စေခဲ့သည်

။

“ဟုတ်ပြီ” လင်းရှီ က ရုတ်တရက် စိတ်လှုပ်ရှားလာသည်။ “ဟေ့၊ နင် မြင်လား။ သူက မျက်တောင်မခတ်ဘဲ မိုးကြိုးမီးလျှံကျောက်တုံး ၅ လုံးကို သိုလှောင်အိတ်ထဲက ထုတ်ပြီး နင့်ကို စမ်းသပ်ခိုင်းတယ်။ ဒါက မိုးသောက်ကုန်သည်အဖွဲ့မှာ ဒီပစ္စည်း အများကြီး ရှိနေတယ်ဆိုတာ ဖော်ပြနေတာပဲ။ တူးဖော်တဲ့နေရာတောင် ရှိနေနိုင်တယ်။ နင် တစ်လုံး ဒါမှမဟုတ် နှစ်လုံးပဲ ပေါင်းစည်းလိုက်။ ထွက်သွားပြီးရင် ငါ ပြန်လာပြီး သူ့ သိုလှောင်အိတ်ကို ခိုးလိုက်မယ်”

လင်းရှီ၏ ရဲတင်းလွန်းသောအတွေးကြောင့် လုံချန် ကအံ့သြသွားပြီး အမြန်ပြန်ပြောလိုက်သည်။

“ဒါကို မလုပ်ပါနဲ့။ ဝိညာဉ်ဖန်တီးခြင်းသစ်သီး လေးလုံး ရဖို့ ငါ အများကြီး ကြိုးစားခဲ့ရတယ်။ မင်း တစ်ဝက်သေနေရင် ငါ ဘယ်လို ဆက်နေရမလဲ”

လင်းရှီက နှုတ်ခမ်းများ မဲ့ရွဲ့ပြီး ပြောသည်။

“နင်က အရူးပဲ၊ နင့်စိတ်ထဲမှာ ငါ့ကို ဒီလောက် အားနည်းတယ်လို့ ထင်နေတာလား။ ဝိညာဉ်ဖန်တီးခြင်းသစ်သီး ၄ လုံးရဲ့ အားဖြည့်တာနဲ့ဆိုရင် မြေကမ္ဘာယွမ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ သိုလှောင်အိတ်ကို ခိုးတာ ကလေးကစားသလိုမျိုးလွယ်ပါတယ်”

ပုံမှန်အားဖြင့် ကြောက်တတ်သော လင်းရှီက ယခုတော့ ယုံကြည်မှု အပြည့်ဖြင့် ရှိနေ၏။ မိုးကြိုးမီးလျှံကျောက်တုံးက သူ့ကို ပိုပြီးသန်မာလာစေနိုင်ကြောင်း တွေးမိလိုက်ချိန်မှာတော့ လုံချန်၏ ဆုံးဖြတ်ချက် လှုပ်ခတ်လာသည်။ သူက သံသယဖြင့် မေးလိုက်၏ “ရှီအာ! မင်း တကယ်ပဲ ဘယ်သူမှ မသိအောင် အဲဒီ သိုလှောင်အိတ်ကို ခိုးနိုင်မှာ သေချာလား”

လင်းရှီက ဒေါသထွက်နေသံဖြင့် ပြန်ဖြေလေသည် “ဟုတ်တယ်။ ငါ အရင်က ကျင့်ကြံတာ သိပ်မလုပ်ခဲ့ပေမယ့် ဒီလိုကိစ္စမျိုးမှာ ငါ နံပါတ်တစ်ပဲ။ ငါ့အဖေ တောင် ချီးကျူးခဲ့တယ်။ နင့်လို အရူးက ငါ့ကို ဘယ်လိုတောင် အထင်သေးရဲတာလဲ”

လင်းရှီ၏ အဖြေ​ကြောင့် လုံချန်က စိတ်အေးသွားသည်။ နောက်ထပ် စကားမများတော့ပဲ ကြမ်းပြင်ပေါ်က မိုးကြိုးမီးလျှံကျောက်တုံး ၅ လုံးကို ကြည့်ရင်း ပြောလိုက်သည် “အချိန်သိပ်မကျန်တော့ဘူး။ အရင်ဆုံး ဒီ မိုးကြိုးမီးလျှံကျောက်တုံးနဲ့ ပေါင်းစပ်ကြည့်လိုက်မယ်။ ပြီးတော့ ဘာလို့ အရမ်းထူးခြားနေတာလဲ ကြည့်ကြတာပေါ့”

ကြမ်းပြင်ပေါ်က မိုးကြိုးမီးလျှံကျောက်တုံး ၁ လုံးကိုကောက်ယူပြီး လက်ဖဝါးပေါ် တင်ကာ တင်ပြင်ခွေထိုင်ချလိုက်သည်။ အသက်ကို နက်နက်ရှိုင်းရှိုင်း ရှူသွင်းလိုက်ပြီး သူ့လက်ထဲက ပြာလဲ့လဲ့ကျောက်တုံးကို တစ်ချက်ကြည့်လိုက်သည်။

“မန်နေဂျာဇောင် ပြောခဲ့တာမှန်ရင် အစစ်အမှန်ချီကို ထုတ်ဖော်ပြီး မိုးကြိုးမီးလျှံကျောက်တုံး ကို မူလဒန်တျန်ထဲ ရောက်အောင် လမ်းညွှန်ပေးနိုင်ပြီဆိုရင် ပေါင်းစည်းနိုင်တယ်တဲ့”

ဤအတွေးနှင့်အတူ လုံချန်၏လက်ဖဝါးကနေ အနီရောင်ဖျော့ဖျော့ အစစ်အမှန်ချီစွမ်းအင်များ စိမ့်ထွက်လာပြီး မိုးကြိုးမီးလျှံကျောက်တုံးကို ဝန်းရံသွားသည်။ ဤအချိန်တွင် အချိန်တော်တော်ကြာ တိတ်ဆိတ်နေခဲ့ပုံရသည့် ပြာလဲ့လဲ့ကျောက်တုံးက ရုတ်တရက် နိုးထလာသလိုပင်၊ ပြင်းထန်လှသော အသွေ့အသက်များနှင့် အပြာရောင်မီးလျှံလျှပ်စီးကြောင်းများ အဖြစ်ပြောင်းလဲသွားကာ လုံချန်၏လက်ဖဝါးကနေ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပါသည်။

“ဒီ မိုးကြိုးမီးလျှံကျောက်တုံးက ရိုးရိုးမဟုတ်ပါဘူး”

မီးလျှံလျှပ်စီးကြောင်းများ လုံချန်၏ခန္ဓာကိုယ်ထဲ ဝင်လာပြီးနောက် နေရာတိုင်းကို လျင်မြန်စွာ ပြန့်နှံ့သွားသည်။ လုံချန်၏ခန္ဓာကိုယ်တစ်ခုလုံး မီးလျှံချော်ရည်ပင်လယ်ထဲမှာ ရေချိုးနေရသလို ဖြစ်သွား၏။ အပြာရောင်အလင်းတန်းများ သူ့ခန္ဓာကနေ ဖြာထွက်လာပြီး တဖြည်းဖြည်းနှင့် တစ်ကိုယ်လုံး ထုံကျင်လာကာ နာကျင်မှု စတင်ခံစားလာရသည်။ နောက်ပိုင်း နာကျင်မှုက ပိုပြင်းထန်လာပုံရပြီး တစ်ကိုယ်လုံး ထိုးနှက်ခံနေရသလို ဖြစ်သွားသည်။ သွေးကြော၊ ကိုယ်တွင်းအင်္ဂါ၊ ကြွက်သား၊ အရိုး၊ အသားအရေ အားလုံးက အတွင်းပိုင်းကနေ မီးကင်နေသကဲ့သို့ ခံစားရသည်။

“ဒီလို နာကျင်တဲ့ခံစားချက်က ဘယ်လို စိတ်ဓာတ်ခိုင်မာတဲ့လူကိုမဆို မပျက်စီးဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ”

လုံချန်၏ခန္ဓာပေါ်၌ အပြာရောင် မီးလျှံလျှပ်စီးကြောင်းများ ပေါ်လာပြီး တစ်ကိုယ်လုံး အဆက်မပြတ် ရစ်ပတ်နေလေသည်။ အနီရောင်ဖျော့ဖျော့ မျက်လုံးအိမ်ထဲမှာပင် ပြာလဲ့လဲ့လျှပ်စီးကြောင်းများများ ရုတ်တရက် ထွက်ပေါ်လာသည်။

“လျှပ်စီးရဲ့ တိုက်စားမှုနဲ့ မီးလျှံက လောင်ကျွမ်းနေတအောက်မှာ ခံနိုင်ရည်မရှိတဲ့အထိ နာကျင်မှုတွေ ခံစားနေရပေမယ့် ငါ့ခန္ဓာကိုယ်က တဖြည်းဖြည်း သန်မာလာနေတယ်။ ဒါက နတ်ဝိညာဉ်သစ်သီးအူတိုင်ထဲက နည်းစနစ်နဲ့ ကျင့်ကြံတဲ့ချိန်တုန်းကထက် ပိုပြီးတော့ကြောက်စရာကောင်းတယ်”

“ပြီးတော့ ရှီအာ က ငါ့ကို ပေါင်းစည်းခိုင်းခဲ့တာ အံ့သြစရာ မဟုတ်ပါဘူး။ ဒီ မိုးကြိုးမီးလျှံကျောက်တုံးက တကယ်ကို အံ့သြစရာပဲ”

တစ်နာရီလောက် ကြာပြီးနောက်တော့ မိုးကြိုးမီးလျှံကျောက်တုံးတစ်လုံး၏ အကျိုးသက်ရောက်မှုက ကုန်ဆုံးသွား၏။ လုံချန်က သက်ပြင်းချပြီး ခြေလက်များကို လှုပ်ရှားကြည့်ရာ ခန္ဓာကိုယ် သန်မာမှု တိုးလာကြောင်း တွေ့လိုက်ရသည်။ ထူးခြားချက်တစ်ခုက သူ၏အစစ်အမှန်ချီထဲမှာ အပြာရောင် စွမ်းအင်တစ်မျိုး ဖုံးကွယ်နေလေသည်။ မိုးကြိုးမီးလျှံကျောက်တုံးနှင့် ပေါးစပ်ပြီးနောက်မှာ ဤအပြာရောင်ချီစွမ်းအင်က သိသိသာသာပင် အားကောင်းလာခဲ့သည်။

“မန်နေဂျာဇောင် ပြောခဲ့တဲ့စကားက တကယ်မှန်တာပဲ။ မိုးကြိုးမီးလျှံကျောက်တုံးနဲ့ ပေါင်းစည်းပြီးရင် အစစ်အမှန်ချီထဲက မီးနဲ့ လျှပ်စီး စွမ်းအားက သဘာဝအတိုင်း ပြောင်းလဲသွားလိမ့်မယ်ဆိုတာ... ”

သို့သော် သွေးချီစွမ်းအင်မှ နှင့်ယှဉ်ပါက အပြာရောင်ချီစွမ်းအင်က အလွန်နည်းလှနေသည်။ ၎င်းက မြေကမ္ဘာယွမ်ချီအဆင့်သို့ မရောက်သေးဘဲ မြေကမ္ဘာယွမ်တစ်ပိုင်းအဆင့်မှာသာ ရှိနေ၏။

“သူမပြောခဲ့သလိုမျိုးပဲ၊ မိုးကြိုးမီးလျှံကျောက်တုံး တစ်လုံးက ငါ့ရဲ့ ကန့်သတ်ချက် မဟုတ်ခဲ့ဘူး”

အစောပိုင်းခံစားချက်က အလွန်ပင်ကြောက်စရာကောင်းခဲ့၏။ သို့သော်လည်း ပိုပြီးသန်မာလိုပါက အဆုံးအစမဲ့သော နာကျင်မှုနှင့် ဆင်းရဲဒုက္ခများကို အကြိမ်ကြိမ် ရင်ဆိုင်တွေ့ကြုံရမှာ ဖြစ်သည်။ လုံချန်က ဤအချက်ကို ကောင်းကောင်း နားလည်ထား၏။

“ဘယ်လိုခံစားရလဲ”

ပထမဆုံး မိုးကြိုးမီးလျှံကျောက်တုံးနှင့် ပေါင်းစပ်ပြီးနောက် လင်းရှီက စိုးရိမ်စွာ မေးလိုက်သည်။

လုံချန်က ပြုံးပြီး ပြောသည် “ကောင်းတယ်၊ အရမ်းကောင်းတယ်။ ရှီအာ! ငါတို့ ပြန်ရောက်ရင် မင်းကို ဆုလာဘ် အကြီးကြီးပေးမယ်။ မင်း တကယ်ကို အံ့သြစရာပဲ”

ထို့နောက် ကျန်နေသေးသော မိုးကြိုးမီးလျှံကျောက်တုံး ၄ လုံးကို ကြည့်ရင်း ရယ်လိုက်သည်...

“ကျန်တဲ့ ၄ လုံးကို ဒီမှာ ထားခဲ့မယ်။ ရှီအာ! ကျန်တာတွေကို မင်း ဆက်လုပ်ပါ။ တစ်ခုတော့ သတိရပါ၊ မိုးကြိုးမီးလျှံကျောက်တုံးတွေထက် မင်းရဲ့ လုံခြုံရေးက ပိုအရေးကြီးတယ်။ မတတ်နိုင်ရင်အတင်းအကြပ် မလုပ်ပါနဲ့”

လုံချန်က သူမကို အလေးအနက်ထား ဂရုစိုက်နေသဖြင့် လင်းရှီ၏နှလုံးသားထဲမှာ နွေးထွေးမှု ခံစားလိုက်ရသည်။ သို့သော်လည်း နောက်ဆက်တွဲစကားကြောင့် မျက်နှာ မည်းမှောင်သွား၏။

“မအောင်မြင်ရင် ငါ အများကြီး ကိုင်တွယ်နေရမယ်၊ ငါ အရမ်းပင်ပန်းလိမ့်မယ်။ အဲဒီလို မဖြစ်အောင် မင်း သေချာလုပ်ရမယ်”

“နင်က လူယုတ်မာကြီး၊ အရမ်းညစ်ပတ်တဲ့လူယုတ်မာပဲ” လုံချန်၏စိတ်ဆိုးစရာ စကားကို ကြားသည့်အခါ လင်းရှီက အံကြိတ်လိုက်သည်။

ဤအချိန်တွင် လုံချန်က အခန်းထဲကနေ ထွက်လာပြီး မန်နေဂျာဇောင် ကို ရှာလိုက်သည်။

တံခါးဖွင့်လိုက်သည်နှင့် ခပ်ဝေးဝေးနေရာရှိ မတ်မတပ်ရပ်စောင့်နေသော မန်နေဂျာဇောင်ကို လှမ်းမြင်ရသည်။ လုံချန်က အလျင်အမြန် လျှောက်သွားရင်း မန်နေဂျာဇောင် လည်း သူ့ကို မြင်သွား၏။ တစ်နာရီမပြည့်ခင် လုံချန် ပြန်ထွက်လာသည်ကို မြင်သောအခါ မန်နေဂျာဇောင် က ခံစားချက် သိပ်မကောင်းတော့ပေ။

“ဘယ်လိုလဲ လုံချန်... ဘယ်နှစ်လုံး ပေါင်းစည်းနိုင်ခဲ့တာလဲ”

လုံချန်က အနည်းငယ်နှိမ့်ချသံဖြင့် ပြန်ဖြေလိုက်သည်... “တောင်းပန်ပါတယ်၊ ငါ့ကိုယ်ငါ ဒီလောက်အထိ အားနည်းမယ်လို့မထင်ခဲ့မိဘူး။ တစ်လုံးပဲ ပေါင်းစည်းနိုင်ခဲ့ပါတယ်”

“တစ်လုံးတည်းလား”

မန်နေဂျာဇောင် က မယုံနိုင်သလိုဖြစ်သွားသည်။ လုံချန်၏ခန္ဓာကိုယ်က အလွန်သန်မာကြောင်း သူ သိနေလို့ပင်။ သူ့ခန့်မှန်းချက်အရ လုံချန်အနေဖြင့် မိုးကြိုးမီးလျှံကျောက်တုံး နှစ်လုံး သို့မဟုတ် သုံးလုံးအထိ ဖြစ်နိုင်သည်ဟု ထင်ထားခဲ့၏။ လက်တွေ့မှာတော့ လုံချန်က မိုးကြိုးမီးလျှံကျောက်တုံး တစ်လုံးသာ ပေါင်းစပ်နိုင်ခဲ့သည်။ သူ့စိတ်ထဲမှာ အတော်လေးကို စိတ်ပျက်သွားရသည်။

အစကတော့ လုံချန်ကို ရှားပါးပါရမီရှင်တစ်ယောက်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ လုံချန်ကို လင်းဝူမိသားစုကနေ ခေါ်ယူနိုင်ပါက လုံချန်၏ အရည်အချင်းကြောင့် သူ့အတွက်လည်း အကျိုးရှိနိုင်လေသည်။ သို့သော် ယခုတော့ အားလုံး အလဟဿ ဖြစ်သွားပုံရ၏။ မန်နေဂျာဇောင် က စိတ်ဓာတ်ကျပြီး လုံချန်ကို စိတ်မရှည်စွာ လက်ဟန်ပြလိုက်သည် “ဒါဆို မင်း ထွက်သွားလို့ရပြီ”

အစကနေ အဆုံးထိ စိတ်အားထက်သန်နေရာကနေ မျှော်လင့်ချက် မပြည့်မီတော့သောကြောင့် အေးစက်စက် ဖြစ်သွားသည့် မြင်ကွင်းကို မြင်၍ လုံချန်၏စိတ်ထဲမှာ မန်နေဂျာဇောင်၏ အလျင်အမြန် ပြောင်းလဲနိုင်စွမ်းကို အတော်လေး လေးစားမိသည်။

ဤကဲ့သို့တုံ့ပြန်မှုက လုံချန်အတွက် မဆိုးလှပေ။အစကတော့ မန်နေဂျာဇောင်က ကြင်နာစွာဆက်ဆံနေသောကြောင့် မိုးကြိုးမီးလျှံကျောက်တုံးများကို ခိုးယူလျှင် အပြစ်ရှိသလို ခံစားရပါလိမ့်မည်။ ယခု မန်နေဂျာဇောင်၏ စိတ်အပြောင်းအလဲကြောင့် သူ့စိတ်ထဲ တွန့်ဆုတ်နေသော ခံစားချက်မရှိတော့ပေ။

“ဒါဆို ငါ ဒီကနေ​ပဲ နှုတ်ဆက်လိုက်တော့မယ်”

လုံချန်က ကြိတ်ပြုံးလျှက် အေးအေးဆေးဆေး ထွက်သွားလိုက်သည်။

စိတ်ထဲ အတွေးကတော့ “မိုးသောက်ကုန်သည်အဖွဲ့မှာ မိုးကြိုးမီးလျှံကျောက်တုံးတွေ အများကြီး ရှိနေမှာ သေချာတယ်။ ရှီအာ က နည်းနည်းလောက်ခိုးနိုင်ရင် ငါ့အတွက် သိပ်မဆိုးပါဘူး…”

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

All Chapters