← Chapters

ကျွန်တော် လမ်းမှားလာတာပါ

Vol. 10 Ch. 944

ကျွန်တော် လမ်းမှားလာတာပါ

Vol. 10 Ch. 944

ပိုင်ရှောင်ချန်းမှာ လေပေါ်တွင်ရစ်ဝဲနေလျက် အသက်ရှူသံများမြန်နေပြီး အသိစိတ်များ ချာချာလည်ကာ ရင်တဒိန်းဒိန်းခုန်နေ၏။ ထိုကဲ့သို့ ကိစ္စရပ်မျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု သူ လုံးဝ တွေးမထားမိပေ။ ဤနတ်မီးလျှံစမ်းသပ်ပွဲမှာ အန္တရာယ်ကြီးမားလှသဖြင့် သူ တုန်လှုပ်နေခဲ့ပါသော်လည်း ယခုဖြစ်ရပ်ကြီးမှာ ယခင်ကအရာအားလုံးထက် များစွာပို၍ အံ့အားသင့်ဖွယ်ရာ ကောင်းနေသည်။

အမှန်မှာ ထိုကြေးနီဒင်္ဂါးစေ့လေးကြောင့် သူ ထိန်းချုပ်၍မရနိုင်လောက်အောင် အံ့အားသင့်သွားခဲ့ရသည်။

အချိန်အတော်အတန်ကြာ ကုန်ဆုံးသွားသည့်တိုင်အောင် သူသည် စိတ်အေးအေး မနေနိုင်သေးပေ။ နောက်ဆုံးတွင် သူက ညာလက်ဖြင့် လက်ယပ်ခေါ်သည့်အမူအရာတစ်ခု ပြုလုပ်လိုက်သောအခါ ထိုကြေးနီဒင်္ဂါးစေ့လေးမှာ သူ၏လက်ဝါးထဲသို့ ပျံဝဲလာတော့သည်။ ထို့နောက် သူသည် ၎င်းဒင်္ဂါးစေ့ကို သေသေချာချာကြည့်ရှုလိုက်သောအခါ သူ၏အမူအရာမှာ အတွေးမျိုးစုံ ဖုံးလွှမ်းနေသည့်အလား ပြောင်းလဲသွားတော့သည်။

" ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

သူကရေရွတ်လိုက်သည်။ သူ၏လက်ဖဝါးပေါ်တွင် ရှိနေသည့် ကြေးနီဒင်္ဂါးစေ့လေးမှာ ယခင်က နတ်ဆရာပိုင်ဆိုင်ခဲ့သည့် ကြေးနီဒင်္ဂါးစေ့လေးပင်ဖြစ်သည်။

ထိုဒင်္ဂါးစေ့၏ မျက်နှာပြင်ပေါ်တွင် နတ်ဆရာဆိုသည့် နာမည်ကို ရေးထိုးထားသည်။

အနှီဒင်္ဂါးစေ့ကို နတ်ဆရာ ဆုံးရှုံးသွားခဲ့ရသည့် အခိုက်အတန့်လေးနှင့် ပူဆွေးသောကကြီးစွာ အော်ဟစ်မြည်တမ်းခဲ့သည့် နတ်ဆရာ၏ပုံရိပ်များကို ပိုင်ရှောင်ချန်း ကောင်းကောင်းမှတ်မိနေသေးသည်။

ထိုဒင်္ဂါးစေ့ကို ကိုင်ထားသည့် သူ၏လက်ဖဝါးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သောအခါ သူသည် ထိန်းချုပ်၍မရနိုင်လောက်အောင် တုန်ရီနေပြီး သူ၊ နတ်ဆရာနှင့် စုန့်ချွဲတို့ သေမင်းနွံတော ကိုဖြတ်သန်းခဲ့သည့်အချိန်ကို ပြန်၍တွေးတောမိနေတော့သည်။ ထူးဆန်းသော အရိုးရွက်လှေသင်္ဘောပေါ်သို့ စုပ်ယူခံခဲ့ရသည့် အချိန်တွင် ပိုင်ရှောင်ချန်းသည် ထွက်ပြေးနိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေနိုင်ရန်အတွက် နတ်ဆရာအား ရှေ့ဖြစ်ဟောအတတ်ကိုသုံး၍ အနာဂတ်ကို ကြည့်ရှုခိုင်းခဲ့သည်။ ထိုအချိန်က နတ်ဆရာသည် အနှီကြေးနီဒင်္ဂါးစေ့လေးကို ထုတ်ခဲ့ပါသော်လည်း ၎င်းမှာ လွတ်ကျသွားပြီး ထိုအရိုးသင်္ဘော၏ ကုန်းပတ်ပေါ်ရှိ အက်ကွဲကြောင်းတစ်ကြောင်းထဲသို့ ဝင်သွားခဲ့သည်။

အောက်ဘက်ရှိ ကုန်းပတ်များအထိ ဆင်းပြီးသည့်တိုင်အောင် ပိုင်ရှောင်ချန်းမှာ ထိုဒင်္ဂါးစေ့ကို လုံးဝရှာမတွေ့ခဲ့ပေ။ ၎င်းမှာ အစအနရှာမရလောက်အောင် ပျောက်ကွယ်သွားခဲ့သည်။

သို့သော် ဤနတ်မီးလျှံစမ်းသပ်ပွဲတွင်မူ သူက ထိုဒင်္ဂါးစေ့အား ပြန်၍ရှာတွေ့ခဲ့ပြီဖြစ်သည်။

သူသည် အသာများ တဆတ်ဆတ်တုန်နေပြီး ရေခဲတမျှအေးစက်စက် ခံစားနေရလျက် ကောင်းကင်ကြီးကို မော့ကြည့်လိုက်တော့သည်။

" ဒါဘယ်လိုနေရာကြီးတုံး "

သူသည် မှောင်မည်းနေသည့် ကောင်းကင်ကြီးကိုကြည့်၍ တံတွေးများ မျိုချမိနေတော့သည်။ ရုတ်တရက် သူ၏ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်ထွက်လာပြီး သူသည် ၎င်းနှင့် ဆက်စပ်၍တွေးတောသုံးသပ်ကြည့်လိုက်သောအခါ သူ၏မျက်နှာမှာ သွေးများမရှိတော့သည့်အလား ဖြူဆုတ်သွားတော့သည်။

" မဟုတ်မှလွဲရော ဒီနတ်မီးလျှံစမ်းသပ်ပွဲက အဲဒီ အရိုးသင်္ဘောကြီးထဲမှာ ရှိနေတာများလား "

သူသည် ဂယောင်ခြောက်ခြားဖြစ်နေပြီး ထိုယူဆချက်မှာ မမှန်ကန်နိုင်ကြောင်း သူ့ကိုယ်သူ ပြန်၍နားချမိနေတော့သည်။ ကောင်းကင်တံတားကျွန်းပေါ်ရှိ နတ်မီးလျှံစမ်းစပ်ပွဲနှင့် သေမင်းနွံတောထဲရှိ အရိုးသင်္ဘောကြီးတို့မှာ မတူညီသောနေရာနှစ်ခုတွင် ရှိနေကြသည်မဟုတ်လော။

သူ မည်မျှ ဆက်စပ်တွေးတောနေစေကာမူ ထိုနေရာနှစ်ခုကို ချိတ်ဆက်နိုင်သည့်ပုံ မပေါ်ပေ။ အရိုးသင်္ဘောကြီးနှင့် ဤနတ်မီးလျှံစမ်းသပ်ပွဲတို့မှာ မည်သည့်အတွက်ကြောင့် ဆက်နွယ်နေနိုင်ပါမည်နည်း။

သို့သော် ကြေးနီဒင်္ဂါးစေ့လေးကမူ သူ၏ သုံးသပ်ချက်ကို ဆန့်ကျင်နေသည်။

" ဒီနေရာကြီးကသာ အရိုးသင်္ဘောကြီးရဲ့ တစ်စိတ်တစ်ပိုင်းဆိုရင် ဘာလို့ ကောင်းကင်ဧကရာဇ်က မြစ်ဝဂိုဏ်းလေးဂိုဏ်းက ကျင့်ကြံသူတွေကို ဒီနေရာကိုစေလွှတ်ပြီး ထွက်ပေါက်ရှာခိုင်းရလဲဆိုတဲ့ မေးခွန်းက အဖြေပေါ်ပြီပဲ။ ပြီးတော့ တည်နေရာရွှေ့ပြောင်းခဲ့တုံးက ငါတို့ ခံစားခဲ့ရတဲ့ စပ်ဖျဥ်းဖျဥ်းခံစားချက်ကြီးရဲ့ အကြောင်းအရင်းလည်း ပေါ်ပြီပဲ "

သူ တွေးတောသုံးသပ်နေသည်နှင့်အမျှ ပို၍ ထိတ်လန့်လာရပြီး ဤနတ်မီးလျှံစမ်းသပ်ပွဲအတွင်း ကြီးမားလှသော လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေသည်ဟု ပို၍ယုံကြည်လာတော့သည်။

သို့သော် ထိုလျှို့ဝှက်ချက်မှာ မည်သည့်အရာ ဖြစ်ပါသနည်း။

အမှန်မှာ သူသည် ထိုလျှို့ဝှက်ချက်ကို လုံးဝမသိချင်ပေ။ အရိုးသင်္ဘောကြီး၏ ကုန်းပတ်အမှတ်သုံးပေါ်တွင် သူမြင်ခဲ့ရသည့် အရာများကို သူ လုံးဝမမေ့နိုင်သေးပေ။ အလှပြင်စားပွဲတစ်လုံးနှင့် ၎င်း၏ရှေ့တွင်ထိုင်နေသည့် လက်တစ်ဖက်ပြတ်ပြီး မျက်နှာမရှိသော သရဲမတစ်ကောင်တို့ပင်ဖြစ်သည်။

" အဲဒီတုံးက ငါ့ကို ကာကွယ်ပေးနိုင်တဲ့ သင်္ချိုင်းစောင့် ဘိုးဘိုးကြီးရဲ့ အမိန့်ပေးဆွဲပြားရှိနေလို့ တော်သေးတယ် "

သူသည် သူ၏ထည့်စရာအိတ်ထဲတွင် ထိုအမိန့်ပေးဆွဲပြား ရှိနေသည့် နေရာကို အမှတ်တမဲ့ ပွတ်မိလိုက်သေးသည်။ ထိုအခါမှသာ သူသည် စိတ်သက်သာရသွားသည့်အလား သက်ပြင်းချနိုင်တော့၏။ သို့သော်လည်း ထိုသရဲမအကြောင်းကို တွေးမိလိုက်လျှင် သူ၏ကြက်သီးမွေးညင်းများထလာဆဲပင်။

" ငါအတွေးတွေ လွန်နေတာဖြစ်မှာပါ "

သူသည် ငိုမဲ့မဲ့နှင့် တွေးလိုက်တော့သည်။ သို့သော် ထိုအချိန်တွင် သေမင်းနွံတောထဲ၌ ရှိခဲ့စဥ် ထိုအရိုးသင်္ဘောကြီးကို နောက်တစ်ကြိမ် ထပ်မြင်တွေ့ခဲ့ရသောအချိန်က ၎င်းတွင် ကုန်းပတ်သုံးခုထက်ပိုပါနေကြောင်း သိခဲ့ရသည်ကို ပြန်၍အမှတ်ရသွားတော့သည်။

ထိုအခါ သူ၏အကြောက်တရားများမှာ ပို၍ပြင်းထန်လာပြီး မယုံကြည်နိုင်သည့် အမူအရာဖြင့် ကောင်းကင်ပေါ်သို့ ထပ်မံမော့ကြည့်လိုက်ပြန်သည်။

" မဟုတ်မှလွဲရော ငါတို့က ကုန်းပတ်နံပါတ်သုံးရဲ့ အောက်မှာရောက်နေတာများလား "

ထိုအကြောင်းကို ထိုင်၍ တွေးတောနေရန် ဆန္ဒမရှိသဖြင့် သူသည် ရှေ့သို့ဆက်သွားလိုက်တော့သည်။ သို့သော်လည်း ထိုအတွေးများကို သူက ခေါင်းထဲမှ ထုတ်၍မရပေ။

" တိုက်ဆိုင်တာပဲနေမှာပါ၊ ခဏနေပါဦး။ ဒီနေရာကြီးက တကယ်ပဲ အရိုးသင်္ဘောကြီးထဲမှာဆိုရင်၊ ဒီဒင်္ဂါးစေ့ကလည်း ကုန်းပတ်ပေါ်မှာရှိတဲ့ အပေါက်တစ်ပေါက်ထဲက ပြုတ်ကျလာတာဆိုရင် အဲဒီအပေါက်က ရှိနေရဦးမှာပေါ့။ ငါဘာအပေါက်မှ ရှာမတွေ့ဘူးဆိုရင် ငါအတွေးလွန်နေတာ သေချာသွားပြီပဲ "

သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သတိကြီးကြီးထား၍ ကောင်းကင်ထဲသို့ တည့်ပတ်စွာ ပျံတန်းသွားတော့သည်။

သူသည် အလွန်စိုးရိမ်ထိတ်လန့်နေသဖြင့် လုံးဝ အသက်မရှူနိုင်လောက်သည့်အထိဖြစ်နေပြီး အပေါ်သို့ ဆက်၍ပျံသန်းသွားတော့သည်။

သူက အလွန်လျင်မြန်စွာ မလှုပ်ရှားပဲ ပတ်ပတ်လည်တွင် နတ်ဘုရားအာရုံများကို အချိန်တိုင်း ဖြန့်ကျက်ထားပြီး အန္တရာယ်များကို ရှာဖွေနေတော့သည်။ တချိန်ထဲမှာပင် သူသည် အခြားတစ်နေရာသို့ သွားနိုင်သောလမ်းကြောင်းတစ်ခုနှင့်ပုံစံတူသည့် အပေါက် သို့မဟုတ် အက်ကွဲကြောင်း တစ်ခုခုကို လိုက်လံရှာဖွေနေတော့သည်။

သို့သော် အချိန်အတိုင်းအတာတစ်ခုထိ ရှာဖွေပြီးသွားပါသော်လည်း မှောင်မည်းနေသည့် ကောင်းကင်ကြီးထဲတွင် မည်သည့် အက်ကွဲကြောင်းကိုမှ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူက တဖြည်းဖြည်း စိတ်အေးစပြုလာတော့သည်။

" ဟားဟားဟား။ ထင်ပါတယ် တိုက်ဆိုင်မှုတစ်ခုဆိုတာ "

သူသည် ကြိုးစား၍ ပြုံးလိုက်ပြီး အနည်းငယ်မျှထပ်၍ရှာဖွေလိုက်ပါသော်လည်း သူ၏ယူဆချက်ကို သက်သေပြုပေးနိုင်မည့် အထောက်အပံ့တစ်ခုတစ်လေပင် ရှာမတွေ့ခဲ့ပေ။ သို့သော်လည်း သူ၏သံသယများမှာ လုံးဝကုန်ခမ်းမသွားသေးပေ။

" တခြား ဒင်္ဂါးစေ့တစ်စေ့လည်း ဖြစ်ရင်ဖြစ်နေမှာပေါ့။ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်က ရှာတွေ့ခဲ့ပြီး ဒီနေရာကို ယူလာတာနေမှာပေါ့ "

နှစ်ချက်စလုံးမှာ ဖြစ်နိုင်ချေတော့မရှိပေ။ သို့သော် သူ့မှာ အခြားမည်သည့် သက်သေအထောက်အထားမှ မရှိတော့ပေ။ ထို့ကြောင့် အနည်းငယ်တွေးတောလိုက်ပြီးနောက် အကောင်းဆုံးမှာ ကန္တာရထဲတွင် ဖြစ်ပျက်နေသည့် အချင်းအရာများကို သွားကြည့်ရန်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။

ထိုသို့စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ကန္တာရဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။ သို့သော် ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး သူ၏မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။

သူသည် မျက်နှာပျက်သွားပြီး နောက်သို့လှည့်၍ ကောင်းကင်ယံရှိ နေရာတစ်ခုအား ကြည့်လိုက်၏။

ထိုနေရာမှာ သာမန်ဟုထင်ရသော်လည်း နတ်ဘုရားအာရုံနှင့် အသေးစိတ်လေ့လာကြည့်ရှုလိုက်ပါက အက်ကွဲကြောင်းတစ်ခုကို အထင်အရှား မြင်နိုင်ပေသည်။

၎င်းအက်ကွဲကြောင်းမှာ အလွန်မကြီးမားပဲ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။ ၎င်း၏အနီးသို့မသွားပဲ နတ်ဘုရားအာရုံနှင့် မစစ်ဆေးကြည့်သရွေ့ ထိုအက်ကွဲကြောင်းကိုမြင်ရမည်မဟုတ်ပေ။ ယင်ယန်ဝိညာဥ် ကျင့်ကြံသူများဆိုပါက ၎င်းကို လုံးဝအာရုံခံနိုင်မည်ပင် မဟုတ်ပေ။

ပိုင်ရှောင်ချန်းကဲ့သို့ စွမ်းအားကြီးနတ်အဆင့်ကျင့်ကြံသူတစ်ယောက်က ထိုနေရာကို သေသေချာချာစစ်ဆေးကြည့်ရှုမှသာ သတိထားမိနိုင်မည်ဖြစ်သည်။

" အပေါက်တစ်ပေါက် တကယ်ရှိနေတာပဲ "

သူသည် နှလုံးခုန်နှုန်းမြန်စပြုလာတော့သည်။ သူသည် ထိုအက်ကွဲကြောင်းကြီးကို ကြည့်လိုက်ပြီး ကြေးနီဒင်္ဂါးစေ့အား သူရှာတွေ့ခဲ့သည့် နေရာတစ်ဝိုက်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် အလျင်အမြန်တွက်ချက်လိုက်ပြီး ထိုဒင်္ဂါးစေ့က ထိုအက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာခဲ့သည်ဆိုပါက ကျဆင်းသွားနိုင်မည့် လမ်းကြောင်းအတိုင်း ၎င်းကိုပစ်ချလိုက်တော့သည်။ ထိုအခါ ထိုဒင်္ဂါးစေ့ကျဆင်းသွားခဲ့သည့်နေရာက သူရှာတွေ့ခဲ့သည့် မူလနေရာမှ မီတာအနည်းငယ်မျှသာ ကွာဝေးပေသည်။

သူ၏ အသိစိတ်များမှာ ပို၍ ဂယောင်ခြောက်ခြား ဖြစ်လာတော့သည်။

" တကယ့်ကို အရိုးသင်္ဘောကြီးပဲ "

သူ၏နှုတ်မှ လွှတ်ခနဲထွက်သွားသည်။ ထိုအက်ကွဲကြောင်းကြီးမှာ သူ၏အမြင်တွင် မိစ္ဆာကြီးတစ်ကောင်အလား ဖြစ်နေ၏။ အရိုးသင်္ဘောကြီး၏ အလွန်ထူးဆန်းသော အချင်းအရာများကြောင့် သူ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့ခဲ့ရသည် မဟုတ်ပါလော။

သင်္ဘောကုန်းပတ်ပေါ်ရှိ အလံသုံးခု၏ သရဲမျက်နှာကြီး သုံးခုဖြစ်စေ၊ ကုန်းပတ်နံပါတ်တစ်ပေါ်ရှိ နံရံဆေးရေးပန်းချီများဖြစ်စေ၊ ကုန်းပတ်နံပါတ်နှစ်ပေါ်ရှိ အရိုးစုများနှင့် လှုပ်ကုလားထိုင်ဖြစ်စေ၊ ထိုအရာများအားလုံးမှာ သူ့အားကြောက်ရွံ့တုန်လှုပ်သွားစေနိုင်သည်သာဖြစ်သည်။

ထို့အပြင် စုန့်ချွဲနှင့် နတ်ဆရာတို့ အသိစိတ်ပျောက်ဆုံးသွားခဲ့သည့် အချက်နှင့် တုန်လှုပ်ခြောက်ခြားဖွယ်အကောင်းဆုံးဖြစ်သော ကုန်းပတ်နံပါတ်သုံးပေါ်ရှိ သရဲမယ်တော်ကြီးတစ်ယောက်လည်း ရှိနေသေးသည်။

သင်္ချိုင်းစောင့်ကြီး၏ အမိန့်ပေးဆွဲပြားသာ ရှိမနေခဲ့ပါက ထိုသင်္ဘောကြီးပေါ်တွင် ဧကန်မုချ သေဆုံးသွားခဲ့မည်ဟု ပိုင်ရှောင်ချန်း ယုံကြည်ထားသည်။

" တပည့်အသစ်တစ်ယောက် လက်ခံမယ်ဆိုတာကြီးက လိမ်ဆင်ကြီးတစ်ခုပဲ။ ကောင်းကင်ဧကရာဇ်က မြစ်ဝဂိုဏ်းလေးဂိုဏ်းက ကျင့်ကြံသူတွေကိုခေါ်ပြီး သူ့အတွက်ထွက်ပေါက်ရှာခိုင်းတာ သေချာပေါက် အခြားအကြောင်းပြတစ်ခုခု ရှိရမယ်။ သင်္ဘောကြီးပေါ်တက်ဖို့ သေမင်းနွံတော ထဲအထိသွားလို့ မဖြစ်လို့ တည်နေရာရွှေ့ပြောင်းခြင်းအတတ်ကို သူကသုံးခဲ့တာ။ ပြီးတော့ သူက ဒီနေရာကို သူတစ်ယောက်ထဲ မလာရဲတာပဲ ဖြစ်ရမယ် "

" ဒီသက်သေအထောက်အထားတွေအားလုံးအရဆိုရင် သူက အဲဒီအရိုးသင်္ဘောထဲမှာရှိတဲ့ ပစ္စည်းတစ်ခုခုကိုလိုချင်နေလို့ အဆင့်နိမ့်ကျင့်ကြံသူတွေကို အသုံးချပြီး ယူဖို့ကြိုးစားနေတာပဲ "

သူသည် တုန်ရီနေလျက် တုလင်ဖေးနှင့်အတူ ပါလာခဲ့သည့် လူငယ်လေးအကြောင်းကို တွေးမိသွားတော့သည်။

" အဲဒီကောင်ရဲ့ ခေါင်းကို ရိုက်ခဲ့တုံးက သူ့ပုံစံက နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်နဲ့ မတူတာတော့ အသေအချာပဲ "

ထိုအခါ သူ၏မျက်နှာပေါ်တွင် ချွေးများစီးကျလာတော့သည်။

" ငါတကယ်ပဲ ကောင်းကင်ဧကရာဇ်ကို ရိုက်မိခဲ့တာပဲ "

" နေပါဦး။ ကောင်းကင်ဧကရာဇ်က ဒီမှာဆိုတော့။ ကုန်းစွန်းဝမ်အာလည်း ဒီမှာရှိနေလောက်တယ် "

ကောင်းကင်ဧကရာဇ်ထက် ပိုင်ရှောင်ချန်း ပို၍ ကြောက်သည့် တစ်ယောက်တည်းသောလူသည်ကား ကုန်းစွန်းဝမ်အာဖြစ်သည်။ သူသည် ရုတ်တရက် ကန္တာရထဲမှ ထွက်ခွာလိုစိတ်မရှိတော့ပေ။ ဖက်တီးကျန်းကြီးနှင့် သူ၏အခြားမိတ်ဆွေများကိုရှာပြီး ပြဿနာများ ရပ်စဲသွားသည်အထိ အခြားတစ်နေရာရာတွင် ပုန်းကွယ်နေရန် လိုအပ်ပေသည်။

ထိုသို့ သူ ဆုံးဖြတ်လိုက်ပြီးချိန်တွင် လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းသည့် အသံကြီးတစ်သံ စောစောက သူ ရှာတွေ့ခဲ့သည့် အက်ကွဲကြောင်းထဲမှ ရုတ်တရက် ပဲ့တင်ထွက်လာတော့သည်။

" အခု ဒီအထိရောက်လာပြီဆိုမှတော့ အထဲဝင်ပြီး အကဲခတ်ကြည့်လေ။ ဒီသင်္ဘောပေါ်ရောက်ဖူးတာ ဒါမင်းရဲ့ပထမဆုံး အကြိမ်မှ မဟုတ်ပဲ "

ထိုအခါ ပိုင်ရှောင်ချန်းမှာ အလန့်တကြား အော်ဟစ်မိလိုက်ပြီး အသားများ တဆတ်ဆတ် တုန်ရီလာတော့သည်။

" ဒါ နားလည်မှုလွဲတာပါဗျာ။ နားလည်မှုလွဲတာပါ။ အမ်... ကျွန်တော် လမ်းမှားလာတာပါ "

All Chapters