← Chapters

အခန်း (၈၂၀-၈၂၁)

Vol. 48 Ch. 820-821

အခန်း (၈၂၀-၈၂၁)

Vol. 48 Ch. 820-821

Chapter 820

ကောင်စီဖျက်သိမ်းခြင်း ၄

“အခုလောလောဆယ်တော့ အခြေအနေက ကောင်းနေတယ်၊၊ ကျွန်မတို့ လူတစ်သောင်းကျော် စုဆောင်းနိုင်ခဲ့ပြီးပြီ၊၊ အကုန်လုံးက ထိပ်တန်းအဆင့်တွေချည်းပဲ၊၊ သူတို့ရဲ့ အင်အားက ညလမ်းလျှောက်သူအဖွဲ့ကိုတောင် ယှဉ်နိုင်နေပြီ၊၊ အခု လူတိုင်းက အကျပ်အတည်းကို ရိပ်မိနေကြတော့ ယာဉ်တန်းအတော်များများက မဟာမိတ်ဖွဲ့ဖို့ လာနေကြတယ်၊၊ ဒီအတိုင်းဆိုရင် ရှေ့တန်းစီမံကိန်း မလွှတ်တင်ခင်မှာ လူသုံးသောင်းကျော်လောက် စုဆောင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ရတယ်”

“လူတစ်သောင်းကျော်… မြန်လှချည်လား” အရာရှိတစ်ဦးက အံ့ဩတကြီး ရေရွတ်သည်၊၊

“သူတို့အားလုံးက အားကောင်းတဲ့ စွမ်းအားရှင်တွေပဲလား”

“ဟုတ်တယ်၊၊ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အရမ်းမြင့်တယ်၊၊ စက်ကိရိယာတွေကို ဖယ်လိုက်ရင်တောင် သူတို့ရဲ့ တစ်ဦးချင်းအင်အားက အစောင့်တပ်ဖွဲ့ကို သာလွန်နေတယ်”

ဝမ်ဟွေ့က ရှင်းပြသည်၊၊

“ကောင်းတယ်၊၊ ကောင်းတယ်၊၊ နောက်ဆုံးတော့ သတင်းကောင်းတစ်ခု ကြားရပြီ”

ကျိုးမင်ယွမ်က သက်ပြင်းချလိုက်သည်၊၊

“သူတို့ကို လက်နက်တွေ တပ်ဆင်ပေးပြီးရင် တကယ်ကို ကြောက်စရာကောင်းတဲ့ အင်အားစုကြီး ဖြစ်လာမှာပဲ”

“ကြယ်သင်္ဘောနဲ့ ကောင်းကင်အကာအကွယ်ကို တိုက်မယ့် အစီအစဉ်ထက်စာရင် ဒီအစီအစဉ်က ပိုပြီး စိတ်ချရတယ်”

“ဟုတ်တယ်၊၊ ကျုပ်လည်း သဘောတူတယ်” တစ်စုံတစ်ယောက်က ထောက်ခံလိုက်သည်၊၊

“နောက်ပိုင်းမှာ ဖီးနစ်က အကာအကွယ်ကို ဖျက်ဆီးမယ့် နည်းလမ်းကို ရှာတွေ့ကောင်း ရှာတွေ့နိုင်တယ်၊၊ အဲဒီကျရင် ကျုပ်တို့ရဲ့ အောင်မြင်မှုနှုန်းက ပိုမြင့်လာမှာပါ၊ အလျင်စလို လုပ်စရာမလိုပါဘူး”

“ဟုတ်တယ်၊၊ ဟုတ်တယ်...”

စိတ်ချရသော အစီအစဉ်ကို လူတိုင်းက လျင်မြန်စွာ သဘောတူလိုက်ကြသည်၊၊ ကြယ်သင်္ဘောဖြင့် ကောင်းကင်ကို အတင်းတိုးဝင်ရမည့် အလုပ်သည် ရဲရင့်မှုအများကြီး လိုအပ်သောကြောင့်ပင် ဖြစ်သည်၊၊

ထိုစဉ် ကျိုးမင်ယွမ်သည် စောင့်ကြည့်ရေးဖန်သားပြင်ကို ကြည့်လိုက်ရာ စုဆောင်းပွဲပြီးဆုံးတော့မည့် အချိန်တွင် ချင်ဖုန်းက ကောင်းကင်ဘုရင် ၄ ပါးနှင့် ကြယ်အရှင်သခင် ၁၂ ပါးကို စိန်ခေါ်ရန် ဖိတ်ခေါ်နေသည်ကို မြင်လိုက်ရသည်၊၊

“ဒီချင်ဖုန်းက ဘာလုပ်ဖို့ ကြံနေတာလဲ”

“အာဏာတည်ဆောက်ဖို့လေ”

ဝမ်ဟွေ့က တင်းမာစွာ ပြောသည်၊၊

“အလျင်စလို စုစည်းထားတဲ့ အဖွဲ့က မတည်ငြိမ်ဘူး၊ သူတို့ရဲ့ အသိအမှတ်ပြုမှုကို ရဖို့အတွက် ခွန်အားပြဖို့ လိုတယ်၊၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ချင်ဖုန်းရဲ့ စွမ်းအားနဲ့ဆိုရင် ဒါကို ကိုင်တွယ်နိုင်ပါတယ်”

ထိုစကားကို ကြားသောအခါ ကျိုးမင်ယွမ် မျက်မှောင်ကြုတ်လိုက်သည်၊၊

“ဝမ်တုံနဲ့ လီကျန်းကို အဲဒီမှာ ဆက်စောင့်ကြည့်ခိုင်းထား… လူတွေ အများကြီး ကြည့်နေတာဆိုတော့ စင်ပေါ်မှာ အရှက်ကွဲတာမျိုး မဖြစ်စေနဲ့”

“အော်၊၊ ပြီးတော့ သူ့အတွက် ဖန်တီးထားတဲ့ ဇာတ်ကောင်ပုံစံကိုလည်း အမြန်ပုံသွင်းပေးလိုက်ဦး၊ အနန္တရထားက လင်းရှန်ရဲ့ ပုံစံအတိုင်းပဲ လိုက်လုပ်… ကယ်တင်ရှင်ပုံစံမျိုး ဖန်တီးလိုက်ရင် လူတွေ ပိုပြီး စုဆောင်းလို့ ရလိမ့်မယ်”

ဝမ်ဟွေ့ ညင်သာစွာ ပြုံးလိုက်သည်၊၊

“စိတ်မပူပါနဲ့၊၊ ကျွန်မတို့က နောက်ကွယ်မှာ ရှိနေတာပဲ… ပြီးပြည့်စုံတဲ့ ကယ်တင်ရှင်တစ်ယောက်ကို သေချာပေါက် ဖန်တီးပေးရမှာပေါ့၊၊ ပြီးတော့ ချင်ဖုန်းရဲ့ စွမ်းအားကလည်း ယဉ်ကျေးမှု ဖန်တီးခြင်းအဆင့်ဖြစ်နေပြီပဲ...”

…

အာရုဏ်ဦးမြို့တော်၊၊ ခရိုင်ဟောင်း၊ ဂါလက်ဂါမှောင်ခိုဈေး၊ ပန်းခြံရင်ပြင်၊၊

နေဝင်ချိန်ရောက်လာသော်လည်း လူအုပ်ကြီးက ဆူညံပွက်လောရိုက်နေဆဲပင်၊၊

လူကြိုက်များလွန်းလှသဖြင့် အာရုဏ်ဦးမြို့တော်၏ ပြည်တွင်းကွန်ရက်ပေါ်တွင် လူတစ်သန်းကျော်က စောင့်ကြည့်နေကြပြီး ၎င်းက အခြားသော ယာဉ်တန်းများ၏ လူသစ်စုဆောင်းမှုကိုလည်း အထောက်အကူဖြစ်စေသည်၊၊

ယခုအချိန်တွင် လူတိုင်းသည် မြင့်မားသော သတ္တုစင်မြင့်ဝိုင်းကြီးဆီသို့ ငေးကြည့်နေကြသည်၊၊ လူအများစုသည် အသက်ရှူရန်ပင် မေ့လျော့နေကြသည်၊၊ အခြားကြောင့်မဟုတ်ဘဲ စင်ပေါ်ရှိ လူနှစ်ယောက်သည် နတ်ဘုရားများ ဆင်းသက်လာသကဲ့သို့ ခံစားနေရသောကြောင့် ဖြစ်သည်၊၊

ဘယ်ဘက်တွင် လုရှင်းချန် ရှိနေသည်၊၊ ခန့်ညားထက်မြက်သော အသွင်ရှိပြီး သူ့ပတ်လည်တွင် နီရဲသော မီးတောက်များ ဝန်းရံနေကာ နတ်ဘုရားတစ်ပါးကဲ့သို့ လွင့်မျောနေသည်၊၊ ညာဘက်တွင် ချင်ဖုန်းသည် ကြယ်တာရာအဆင့် နာနို-စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားပြီး မည်သည့် အထောက်အပံ့မှ မပါဘဲ လေထဲတွင် ဝဲပျံနေသည်၊၊ သူ့နောက်တွင် ဒရုန်းများစွာက ဖြည်းဖြည်းချင်း လည်ပတ်နေကြရာ ယန္တရားနတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ပင်၊၊

ဤကဲ့သို့သော မြင်ကွင်းမျိုးကို ယခင်က ရုပ်ရှင်များထဲတွင်သာ မြင်တွေ့ဖူးသော်လည်း ယခုအခါ လူသားများ ဆင့်ကဲပြောင်းလဲလာသည့် ဤကမ္ဘာပျက်ကပ်ခေတ်ကြီးတွင် ဤသို့သော ထိတ်လန့်ဖွယ်ကောင်းလှသည့် မြင်ကွင်းများမှာ အမှန်တကယ် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်၊၊

“စကြရအောင်… မင်းရဲ့ စွမ်းအားအပြည့်အဝကို ငါ့ကို ထုတ်ပြလိုက်… ဒါပေမဲ့ စိတ်မပူပါနဲ့၊၊ ဒါက လေ့ကျင့်ခန်း လုပ်တာဆိုတော့ မင်းကို ဒဏ်ရာ မရစေရဘူး”

ချင်ဖုန်းက နူးညံ့သောအပြုံးဖြင့် ပြောလိုက်သည်၊၊

ထိုစကားကို ကြားသောအခါ လုရှင်းချန်၏ မျက်နှာမည်းမှောင်သွားသည်၊၊

ဒီကောင်က လူကြားထဲ ကြွားလုံးထုတ်တဲ့နေရာမှာ ဆရာကြီးပဲ….

ဟန်လုပ်နေတယ်လို့ မထင်ရဘဲ လုပ်ပြသွားတာကတော့...

လုရှင်းချန်ပင် အနည်းငယ် အတုယူချင်စိတ် ပေါက်သွားသည်၊၊

သူ စကားရှည်ရှည်ဝေးဝေးမပြောတော့ပေ၊၊

အစ်ကိုလင်းနဲ့ အဖွဲ့သားတွေတင်မကဘူး… သောင်းနဲ့ချီတဲ့ ပရိသတ်တွေကလည်း ကြည့်နေတာပဲ… ငါအလေးအနက်ထားမှ ရမယ်….

“သတိထားပါ ကပ္ပတိန်ချင်”

လုရှင်းချန်က သူ့ရဲ့ ညာလက်သီးကို မြှောက်က စွမ်းအားကို စုစည်းကာ ဟိန်းဟောက်လိုက်သည်၊၊

“နတ်ဘုရားမီးတောက် လက်သီး”

ဝုန်း၊၊

တစ်ကွက်တည်းဖြင့် နီရဲသော မီးတောက်လက်သီးကြီး ထွက်ပေါ်လာသည်၊၊ အာခီစိုင်းမှာ ရှိစဉ်ကထက်စာလျှင် လုရှင်းချန်၏ မီးတောက်လက်သီးသည် အင်အား နှစ်ဆခန့် ပို၍ပြင်းထန်လာပုံရသည်၊၊ သာမန်လက်သီးတစ်ချက်ကပင် ပေသုံးရာကျော် ကျယ်ပြန့်နေပြီး ကောင်းကင်ယံမှ ဆင်းသက်လာသော နေမင်းကြီး တစ်စင်းကဲ့သို့ပင် ဖြစ်နေသည်၊၊ ချက်ချင်းပင် အားကောင်းသော ပူပြင်းသည့် လေလှိုင်းများသည် ရင်ပြင်ထက်တွင် ပြင်းထန်စွာ တိုက်ခတ်သွားပြီး အလင်းတန်းသည် စူးရှတောက်ပနေသည်၊၊ ပေါက်ကွဲထွက်လာသော မီးတောက်များက ရင်ပြင်ကောင်းကင်ယံရှိ မိုးဖွဲများကို အငွေ့ပျံစေကာ ချင်ဖုန်းဆီသို့ တိုက်ရိုက်ဦးတည်သွားသည်၊၊

ဤကြီးမားလှသော မီးတောက်လက်သီးကြီးအောက်တွင် ချင်ဖုန်းမှာ အနက်ရောင် အစက်အပြောက်လေးတစ်ခုကဲ့သို့ပင် ဖြစ်နေသည်၊၊ ထောင်ပေါင်းများစွာသော လူများသည် ချက်ချင်း မျက်နှာပျက်သွားကြသည်၊၊ ထိုလက်သီး၏ အင်အားက ဒုံးကျည်တစ်စင်းပေါက်ကွဲသကဲ့သို့ ပြင်းထန်လှသဖြင့် လူအုပ်ကြီးဆီမှ အံ့ဩတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်၊၊

“သောက်ကျိုးနည်း… ဒါက အညွှန်းကိန်း ၅၃၀၀ မီးစွမ်းအားရှင်ရဲ့ စွမ်းရည်လား… အရမ်းကြောက်စရာကောင်းတာပဲ”

“အဲဒီ လက်သီးတစ်ချက်က B အဆင့် သန္ဓေပြောင်း သတ္တဝါတွေကို အကုန်သုတ်သင်ပစ်နိုင်မှာပဲ”

“တကယ်ကို အားကျစရာကောင်းတဲ့ စွမ်းအားပဲ”

“သူ့လက်ထဲမှာ နျူကလီးယားဗုံး ပါနေတာလား”

“ဟေး... သူ ခုနက တိုက်ကွက်နာမည်ကို အော်လိုက်တာလား”

လက်သီး ပစ်လွှတ်လိုက်သည်နှင့် ရင်ပြင်ပေါ်ရှိ လူများမှာ အလိုအလျောက် နောက်သို့ ဆုတ်သွားကြသည်၊၊ စင်ပေါ်ရောက်နေသူများပင် လျင်မြန်စွာ ဆုတ်ခွာသွားကြသည်၊၊ လုရှင်းချန်၏ တိုက်ကွက်ကို မြင်ပြီးနောက် သဘာဝဒြပ်စင် စွမ်းအားရှင်တစ်ဦး၏ ဖျက်ဆီးနိုင်စွမ်းမှာ အခြားသော စွမ်းအားရှင်များထက် ပိုမို ကြီးမားကျယ်ပြန့်ကြောင်း လူတိုင်း နားလည်သွားကြသည်၊၊

တစ်ဖက်တွင်မူ ချင်ဖုန်းသည် လေထဲတွင် ဝဲပျံနေရင်း ကြီးမားလှသော မီးလုံးကြီး တိုးဝင်လာသည်ကို အနည်းငယ်မျှ ထိတ်လန့်ခြင်း မရှိဘဲ ကြည့်နေသည်၊၊ သူက ထိုနေရာ၌ပင် ငြိမ်သက်စွာ ဝဲပျံနေပြီး မီးတောက်လက်သီးကြီးက သူ့ကို ဝါးမျိုသွားရန် ခွင့်ပြုထားသည်၊၊

ဤမြင်ကွင်းက လူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်သွားစေလေသည်၊၊

အောက်ဘက်ရှိ လင်းရှန်၊ နန်ကျင်း၊ မိုနီကာ၊ ချီလီ၊ ကျန်းယွမ်၊ ကီကီနှင့် အခြားသူများမှာလည်း မျက်မှောင်ကြုတ်သွားကြသည်၊၊

“မရှောင်ဘူးလား”

နန်ကျင်းက အနည်းငယ် နားမလည်နိုင်ဖြစ်သွားသည်၊၊

“ဒါ ဖြစ်နိုင်တာက...”

ထိုစဉ် ကောင်းကင်ယံ၌ မီးတောက်များ ပြည့်နှက်သွားပြီးနောက် အပူလှိုင်းနောက်သို့ လူအများ ပြန်ကြည့်လိုက်ကြရာ ချင်ဖုန်းသည် သူ၏ ခန္ဓာကိုယ်ကို ဝန်းရံထားသော တစ်ဝက်တစ်ပျက် အရည်ပျော်နေသည့် သံလုံးမည်းကြီးအတွင်း ဘေးကင်းစွာ ရှိနေသည်ကို အံ့ဩဖွယ် တွေ့လိုက်ရသည်၊၊ ထိုသံလုံးကြီးမှာ မြင်သာသောနှုန်းဖြင့် ပြာအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီးနောက် ထိုအနက်ရောင်ပြာများမှာ ချင်ဖုန်း၏ ဘေးနားတွင် လျင်မြန်စွာ စုစည်းကာ ပုံသဏ္ဌာန်ပြောင်းလဲသွားသည်၊၊ ရုတ်တရက်ဆိုသလို ငွေရောင်ထက်မြက်သော ဓားသွားရာပေါင်းများစွာကို ဖန်တီးလိုက်ပြီး ၎င်းတို့၏ အသွားများကို လုရှင်းချန်ထံသို့ ဦးတည်လိုက်သည်၊၊

“မိတ်ဆွေ… တကယ်လို့ မင်းမတားဆီးနိုင်ဘူးဆိုရင် စင်မြင့်ပေါ်ကနေပဲ ဆင်းပေးလိုက်ပါ၊၊ ငါတို့ရဲ့ ဆက်ဆံရေးကိုတော့ မပျက်စီးပါစေနဲ့”

Chapter 821

ကောင်စီဖျက်သိမ်းခြင်း ၅

ချင်ဖုန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားပြီး အကြည့်မှာလည်း လျင်မြန်စွာ အေးစက်သွားသည်၊၊ အားကောင်းသော စွမ်းအားတစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာပြီး ငွေရောင်ဓားရာပေါင်းများစွာသည် လုရှင်းချန်ထံသို့ လွင့်ပျံသွားသည်၊၊ တစ်ချိန်တည်းမှာပင် ချင်ဖုန်း၏ နောက်ရှိ ဒရုန်းရာပေါင်းများစွာမှာလည်း လျင်မြန်စွာ လည်ပတ်သွားပြီး စက်သေနတ်အသေးစားများအဖြစ် ပြောင်းလဲကာ လုရှင်းချန်ထံသို့ မုန်တိုင်းတစ်ခုအလား တရကြမ်း ပစ်ခတ်လိုက်ကြသည်၊၊

ရုတ်တရက်ဆိုသလို သတ္တုမုန်တိုင်းကြီးတစ်ခုက လုရှင်းချန်ထံသို့ တိုးဝင်သွားသဖြင့် အောက်တွင် ကြည့်နေသူများမှာ စိုးရိမ်တကြီး ဖြစ်သွားကြသည်၊၊

ကီကီသည်လည်း စိုးရိမ်သော မျက်နှာအမူယာရှိနေသည်၊၊ ထူးဆန်းသောသတ္တဝါတွေကို ရင်ဆိုင်ရလျှင် ပြဿနာမရှိပေမဲ့ လုရှင်းချန်ဟာ ကျည်ဆန်တွေကိုတော့ ခဲခဲယဉ်းယဉ်း ကိုင်တွယ်ရလေ့ရှိသည်၊၊ သို့သော်လည်း လုရှင်းချန်က ပြင်ဆင်ထားပြီးသားဖြစ်သည်၊၊ သူက ရုတ်တရက် လက်နှစ်ဖက်ကို ယှက်လိုက်ပြီး ဟိန်းဟောက်လိုက်သည်၊၊

“နတ်ဘုရားလောင်ကျွမ်းခြင်း မီးလျှံဓား”

ဝူး ဝုန်း၊၊

ချက်ချင်းပင် သူ၏ လက်နှစ်ဖက်ကြားမှ တောက်ပသော မီးတောက်များမှာ လိမ်ယှက်ကာ ထွက်ပေါ်လာပြီး ထိုတောက်ပမှုကြောင့် ရင်ပြင်တစ်ခုလုံး စူးရှသော အလင်းတန်းများ ဖုံးလွှမ်းသွားသည်၊၊ ကြည့်ရှုနေသူများစွာသည် ခေတ္တအမြင်အာရုံပျောက်ဆုံးသွားသလို ခံစားလိုက်ရပြီး ထိုတွန့်လိမ်နေသော မီးတောက်များသည် လုရှင်းချန် ရှေ့မှ သတ္တုမုန်တိုင်းကို ဖုံးလွှမ်းသွားသည်၊၊ ပြင်းထန်သော အပူရှိန်ကြောင့် ချင်ဖုန်း၏ ငွေရောင်ဓားသွားများနှင့် ဒရုန်းများမှ ပစ်ခတ်လိုက်သော ကျည်ဆန်အားလုံးသည် ခဏချင်းပင် အရည်ပျော်ကျသွားသည်၊၊

ချင်ဖုန်း မျက်နှာအနည်းငယ်ပျက်သွားသည်၊၊ သူ ချက်ချင်း လက်ကို မြှောက်လိုက်ရာ ရှေ့တွင် အနက်ရောင်အခိုးအငွေ့များစွာ စုစည်းလာပြီး ပေပေါင်းများစွာ ထူထဲသော သံမဏိဒိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်၊၊ လုရှင်းချန်၏ မီးတောက်ဓားသည် ထိုဒိုင်းမျက်နှာပြင်ကို ထိမှန်သွားပြီး ထောပတ်ကို မီးကင်ထားသောဓားဖြင့် ထိုးဖောက်လိုက်သကဲ့သို့ အရည်ပျော်သွားစေသည်၊၊ အရည်ပျော်နေသော သံရည်များ လေထဲမှ ကျလာသော်လည်း ထိုအနက်ရောင်အခိုးအငွေ့များသည် အဆုံးမရှိသကဲ့သို့ ဖြစ်နေပြီး သံမဏိဒိုင်းကို ဆက်တိုက်ပြန်လည်ဖြည့်တင်းပေးနေသဖြင့် လုံးဝ လောင်ကျွမ်းသွားခြင်း မရှိပေ၊၊

“ဒီလူက တကယ်ပဲ ယန္တရားစွမ်းအားရှင်လား”

နန်ကျင်းက အံ့ဩတကြီး ရေရွတ်လိုက်သည်၊၊

“မဟုတ်ဘူး”

သူမ၏ ဘေးတွင်ရှိသော လင်းရှန်က တည်ငြိမ်စွာ ပြောလိုက်သည်၊၊ သူက အပေါ်သို့ မော့ကြည့်လိုက်ရာ လူအုပ်ကြီးထဲမှ အနက်ရောင် အခိုးအငွေ့လေးများ ချင်ဖုန်းထံသို့ စုရုံးသွားသည်ကို သတိပြုမိလိုက်သည်၊၊ ထို့နောက် အခိုးအငွေ့တစ်မျှင်ကို ဖမ်းယူကြည့်လိုက်ပြီးနောက် လေးနက်သော မျက်နှာထားဖြင့် ပြောသည်၊၊

“သံမှုန့်တွေပဲ၊၊ ဆွဲငင်အားကို သုံးနေတာပဲ၊၊ စီလန်မြို့က ဝမ်ကျိုးထက်တောင် ပိုပြီး အဆင့်မြင့်ပုံရတယ်”

“ဆွဲငင်အား ဟုတ်လား” မိုနီကာ၏ အသံမှာ နားကြပ်ထဲမှ ထွက်ပေါ်လာသည်၊၊

“ဒါဆို သူလုပ်ထားတဲ့ ဒိုင်းတွေနဲ့ ဒရုန်းတွေက သံမှုန့်တွေနဲ့ စုစည်းထားတာလို့ ပြောချင်တာလား”

“ဒိုင်းကတော့ ဟုတ်တယ်၊ ဒရုန်းတွေကတော့ မဟုတ်ဘူး”

လင်းရှန်က ရယ်မောလိုက်သည်၊၊

“အဲဒီဒရုန်းတွေကို တကယ်တော့ တခြားတစ်ယောက်က ထိန်းချုပ်နေတာပဲ”

“ဟင်”

ချီလီက အံ့ဩတကြီး အာမေဍိတ်သံ ထွက်လာသည်၊၊

“ဒါဆို သူကိုယ်တိုင် ထိန်းချုပ်နေတာ မဟုတ်ဘူးပေါ့...”

“နားလည်ပြီ”

ယာဉ်တန်းစခန်းကြီးတွင် လင်းချင်ယွီနှင့် အခြားသူများ ဘေး၌ ထိုင်နေသော ကျန်းယွမ်က ချက်ချင်း သဘောပေါက်သွားသည်၊၊

“ဆွဲငင်အားကို သတ္တုဒြပ်စင်အဆင့်အထိ ထိန်းချုပ်နိုင်တာပဲ၊၊ အိန်ဂျယ်အဆင့်ထိ ရောက်တာ မဆန်းပါဘူး၊၊ ဒီလိုစွမ်းရည်ရှိတဲ့ လူတစ်ယောက်အကြောင်း ငါအရင်က ကြားဖူးတယ်၊၊ သူ့နာမည်က ဝမ်ဟန်ချွမ်းတဲ့၊၊ ဝေမြစ် တိုက်ပွဲတုန်းက သူဟာ ယူပေဆိပ်ကမ်း ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် ဖေးရွှမ်၊ ဝေ့ကီရှုတို့နဲ့ ပူးပေါင်းခဲ့ဖူးတယ်၊၊ နောက်ပိုင်းမှာတော့ သူက အနီရောင်ဖီးနစ်တံဆိပ်အဖွဲ့ ထဲ ဝင်သွားတယ်၊၊ အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ လူပဲ၊၊ ဒါပေမဲ့ ကံဆိုးတာက သူ့ရဲ့ ယာဉ်တန်းက နံပါတ် ၅ တွင်းနက်ထဲကို ပါသွားပြီး တစ်ဖွဲ့လုံး သေသွားပြီလို့ သတင်းထွက်ခဲ့တယ်...”

“နှမြောစရာပဲ၊၊ ဒီလောက် အစွမ်းထက်ပြီး အလားအလာရှိတဲ့ စွမ်းရည်မျိုးကို…”

ချီလီက ပြောသည်၊၊

“ဒါဆို ရှင်ပြောချင်တာက ချင်ဖုန်းက သာမန်သတ္တုပစ္စည်းလေးတွေကိုပဲ ထိန်းချုပ်နိုင်တာပေါ့၊၊ တကယ့် ယန္တရားစွမ်းအားရှင် မဟုတ်ဘူးပေါ့”

ကီကီက ထိုအချိန်တွင် မေးလိုက်သည်၊၊

“ဒါနဲ့ ပတ်သက်ပြီးတော့...”

လင်းရှန်၏ မျက်လုံးများမှာ ထိုအချိန်တွင် အနည်းငယ် ကျဉ်းမြောင်းသွားသည်၊၊ သူ၏ ယန္တရားစွမ်းအားဖြင့် ချင်ဖုန်း၏ နာနို-စွမ်းအားဝတ်စုံအောက်တွင် ဝှက်ထားသော ထူးခြားသည့် ဦးနှောက်-စက်ယန္တရား ဆက်သွယ်မှုကို စကင်ဖတ်ကြည့်လိုက်ရာ ထူးဆန်းသော အတွေးတစ်ခု သူ့စိတ်ထဲတွင် ပေါ်လာသည်၊၊

“ဒီလူက ဝမ်ဟန်ချွမ်းပဲလို့ ငါထင်တယ်”

ထိုစကားကို ကြားသောအခါ လူတိုင်း အံ့ဩသွားကြသည်၊၊

လင်းရှန်က ချက်ချင်းပင် မီးတောက်ကို ပြောလိုက်သည်၊၊

“မီးတောက်… နောက်တစ်ကွက်နဲ့ သူ့ကို အပြတ်ရှင်းလိုက်တော့”

“ဘာ...”

လုရှင်းချန်က စိုးရိမ်သော မျက်နှာအမူယာဖြင့် မီးတောက်များကို သိမ်းလိုက်သည်၊၊ အစောပိုင်း တိုက်ခိုက်မှုမှတစ်ဆင့် ချင်ဖုန်းသည် ကိုင်တွယ်ရခက်ခဲသည့် လူတစ်ယောက်မှန်း သူသိလိုက်သည်၊၊ သို့သော် လင်းရှန်၏ စကားကြောင့် သူ၏ အကြီးစားတိုက်ကွက်ကို သုံးရမလားဆိုသည်ကို ချက်ချင်း စဉ်းစားလိုက်သည်၊၊

မမျှော်လင့်ဘဲ လင်းရှန်၏ အသံက နားကြပ်ထဲမှ ထွက်ပေါ်လာသည်၊၊

“စိတ်ချပါ၊၊ သူက မင်းရဲ့ တိုက်ကွက်ကို မခံနိုင်ပါဘူး၊၊ နောက်တစ်ကွက်မှာ တစ်မြို့လုံးက မင်း ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ မြင်သွားအောင် လုပ်ပြလိုက်စမ်းပါ”

ထိုစကားကို ကြားလိုက်ရချိန်တွင် လုရှင်းချန်၏ မျက်လုံးများနှင့် အရေပြားများပင် ချက်ချင်းပင် တောက်ပလာသည်၊၊ သူက လေးနက်သော အသံဖြင့် ပြောလိုက်သည်၊၊

“အစ်ကိုလင်း၊၊ စိတ်ချပါ၊ ဒီတိုက်ကွက်အတွက် ငါပြင်ဆင်နေတာ ကြာပြီ”

“တကယ့်ကို အံ့မခန်းဖြစ်စေရမယ်”

All Chapters