← Chapters

အခန်း (၈၂၄-၈၂၅)

Vol. 48 Ch. 824-825

အခန်း (၈၂၄-၈၂၅)

Vol. 48 Ch. 824-825

Chapter 824

မြို့တစ်ခုလုံး အုံကြွလာခြင်း ၃

ထိုစကားများ ပြောလိုက်သည်နှင့် အနန္တ‌ငွေကြယ်ယာဉ်တန်းထဲသို့ ဝင်ရန် စာရင်းပေးထားသော လူထောင်ပေါင်းများစွာသည် ပွစိပွစိဖြစ်ကုန်ပြီး ကြည့်နေသူများကလည်း လှောင်ပြောင်ဝေဖန်မှုများ ပြုလုပ်လာကြသောကြောင့် အဖွဲ့ဝင်သစ်များသည် အလွန်ပင်အရှက်ရ‌နေကြသည်၊၊ သူတို့၏ ကပ္ပတိန်သည် မီးလောင်ကျွမ်းမှုကြောင့် ထမ်းစင်ဖြင့် သယ်သွားခံရပြီး လူစုဆောင်းပွဲ ဒိုင်လူကြီးကလည်း အဖွဲ့၏အဓိကလူများနှင့် အခြေအတင်ဖြစ်နေသည်၊၊ ဤကဲ့သို့သော အနေရခက်သည့် အခြေအနေကြောင့် လူအများမှာ အနားယူရန် စဉ်းစားလာကြပြီး လူစုဆောင်းပွဲပျက်တော့မည်ဟု ယူဆကာ လူအချို့က စတင်ထွက်ခွာသွားကြသည်၊၊

“မင်း...”

လီကျန်း၏ မျက်နှာမည်းမှောင်သွားသည်၊၊ အခြေအနေမှာ ထိန်းချုပ်မရတော့ဟု သူ ခံစားနေရသည်၊၊ သူ့နားကြပ်ထဲတွင်လည်း ဝမ်တုံက အော်ပြောနေသည်။

“အခြေအနေကို ထိန်းထားလိုက်… အဖွဲ့ခွဲတွေနဲ့ နေထိုင်စရာတွေကို စီစဉ်ပြီး လူအားလုံးကို စခန်းကို ခေါ်လာခဲ့”

လီကျန်း၏ အကြည့်များက ကီကီနှင့် လုရှင်းချန်ဆီသို့ ဝဲသွားပြီးနောက် အမူအရာကို ချက်ချင်း ပြောင်းလဲသွားသည်၊၊

“မီးစွမ်းအားက တကယ့်ကို ပြင်းထန်တာပဲ၊၊ တိုက်ခိုက်နိုင်စွမ်း မြင့်မားတယ်၊၊ စွမ်းအားရှင်တိုက်ပွဲတွေဆိုတာကလည်း ထိန်းချုပ်မှုလွတ်သွားတတ်တာပဲ၊၊ ဒါပေမဲ့ ငါတို့ရဲ့ ပန်းတိုင်က မွန်းစတားတွေပဲ…မစ္စချန်ပြောတာလည်း မှန်ပါတယ်… ယန္တရားစွမ်းအားရှင်တစ်ယောက်အနေနဲ့ ခင်ဗျားတို့ အသိဆုံး ဖြစ်မှာပါ၊၊ ယန္တရားစွမ်းအားက အသုံးချမှုနဲ့ ပံ့ပိုးမှုအပိုင်းမှာ အလားအလာအရှိဆုံးပဲ၊၊ ကမ္ဘာဦးဖန်တီးမှုအဆင့် စွမ်းအားရှင်အနေနဲ့ တိုးတက်ဖို့ နေရာအများကြီးရှိသေးတယ်၊၊ ကျွန်တော်တို့သာ စည်းစည်းလုံးလုံး ရှိမယ်ဆိုရင် အံ့ဖွယ်တွေကို ဖန်တီးနိုင်မှာပါ”

ကီကီက မျက်လုံးမှေးပြီး ပြုံးလိုက်ရင်း နောက်သို့ ထမ်းစင်ဖြင့် သယ်သွားသော ချင်ဖုန်းဘက်သို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်၊၊

“ဒါဆို ကပ္ပတိန်သတိရလာမှပဲ ဆုံးဖြတ်ချက် ချကြမလား… လူတွေအားလုံး ဒီမီးစွမ်းအားရှင်က ကပ္ပတိန်ဖြစ်ဖို့ ပိုသင့်တော်တယ်လို့ အားလုံး ထင်နေကြတယ်မဟုတ်လား”

လုရှင်းချန်က လက်ကို နောက်ပစ်ကာ ခေါင်းညိတ်ထောက်ခံလိုက်သည်၊၊ “ငါလည်း ကန့်ကွက်စရာ မရှိပါဘူး”

ချက်ချင်းပင် လူအားလုံး၏ အမူအရာ ပြောင်းလဲသွားပြီး လုရှင်းချန်ကို ကြည့်လိုက်ကြသည်၊၊ မီးနတ်ဘုရားဆင်းသက်လာသည့်အလား မြင်ကွင်းကြောင့် ပရိသတ်များစွာ ရရှိသွားပြီး အွန်လိုင်းတွင်လည်း ဟိုးဟိုးကျော်သွားခဲ့သည်၊၊ လုရှင်းချန်၏ ကျော်ကြားမှုမှာလည်း သိသိသာသာမြင့်တက်လာပြီး လူသားဆင့်ကဲပြောင်းလဲမှုအလင်းတန်း အဆင့်သတ်မှတ်ချက်ထဲတွင် မပါဝင်သော်လည်း နာမည်ကြီးကျွမ်းကျင်သူတစ်ယောက်ဖြစ်လာသည်၊၊

ထိုစကားများကို ကြားသောအခါ လီကျန်း၏ မျက်နှာမှာ အလွန်ကြည့်ရဆိုးသွားသည်၊၊ ဤလူများမှာ ပြဿနာရှာရန် လာခြင်းဖြစ်သည်ကို ငတုံးတစ်ယောက်ပင် သိနိုင်လေသည်၊၊ သို့သော် သူသည် ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်နေသောကြောင့် ဝမ်တုံကို အကူအညီ တောင်းရတော့သည်၊၊

“မကောင်းတော့ဘူး၊၊ ဒီနှစ်ယောက်က ပြဿနာလာရှာတာပဲ… အခြေအနေကို ထိန်းလို့ မရတော့ဘူး”

သူ ပြောအပြီးမှာပင် ကောင်းကင်ဘုရင် ၄ ပါးထဲမှ တစ်ဦးဖြစ်သော ဝူပင်းက ရုတ်တရက် အေးစက်စွာ လှည့်ထွက်သွားသည်၊၊

“ဝူဘုရင်... ဘယ်သွားမလို့လဲ”

လူစုဆောင်းရေးအရာရှိတစ်ဦးက စိုးရိမ်တကြီး အော်မေးသော်လည်း ဝူပင်းက ဘာမှပြန်မပြောဘဲ ရင်ပြင်ထဲမှ တိတ်ဆိတ်စွာ ထွက်ခွာသွားသည်၊၊ သူ ပြန်လာရန် အစီအစဉ်မရှိသည်မှာ ရှင်းနေသည်၊၊

ထိုအချိန်တွင် လုရှင်းချန်နှင့် ကီကီတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ လင်းရှန်၏ အစီအစဉ်အတိုင်း ရင်ပြင်ထဲမှ ထွက်ခွာသွားကြသည်၊၊

ကောင်းကင်ဘုရင် ၄ ပါးထဲမှ သုံးဦးမှာ တစ်ပြိုင်နက်ထွက်ခွာသွားကြသောကြောင့် လီကျန်းလည်း တောင့်တောင့်ကြီး ကျန်ရစ်ခဲ့သည်၊၊ ဤနာမည်ကြီးများ ထွက်သွားသည်ကို မြင်သောအခါ ရင်ပြင်တစ်ခုလုံး ဆူညံသွားပြီး အဖွဲ့ဝင်သစ်များစွာလည်း လိုက်ပါထွက်ခွာသွားကြသည်၊၊

“ကျွတ် ကျွတ်... လူစုဆောင်းလို့တောင် မပြီးသေးဘူး… ပြိုကွဲကုန်ပြီ… ဒီမဟာမိတ်အဖွဲ့ကတော့ သွားပြီထင်တယ်”

တစ်စုံတစ်ယောက်က လှောင်ပြောင်ပြောဆိုလိုက်လေသည်၊၊

“ဒါတော့ မဟုတ်သေးပါဘူး၊၊ ချင်ဖုန်းက အိန်ဂျယ်အဆင့်ပဲဟာ၊၊ သူတို့ပေးတဲ့ ခံစားခွင့်တွေကလည်း တကယ်ကို ကောင်းတော့ လူစုလို့တော့ ရဦးမှာပါ”

“လူစုလို့ ရနိုင်ပေမဲ့ အရည်အချင်းရှိသူတွေ အကုန်ထွက်ကုန်ပြီဆိုတော့ ဒီလူစုဆောင်းပွဲက အလဟဿဖြစ်သွားပြီပေါ့၊၊ အဖွဲ့ရဲ့ စိတ်ဓာတ်ပိုင်းကိုလည်း အများကြီးထိခိုက်သွားစေတယ်”

“ဟုတ်တယ်၊၊ ချင်ဖုန်းအနေနဲ့ တိုက်ပွဲခေါ်ဖို့ တကယ်မလိုခဲ့ဘူး… သူ့ရဲ့ ယန္တရားစွမ်းအားကိုပဲ ထုတ်ပြပြီး ဆွဲဆောင်ခဲ့ရင် ရနေတာကို”

“အတိအကျပဲ၊၊ တိုက်ခိုက်ရေးစွမ်းအားမဟုတ်တဲ့ စွမ်းအားနဲ့ တိုက်ပွဲကို ဇွတ်ခေါ်လို့ မီးစွမ်းအားရှင်လို စစ်နတ်ဘုရားတစ်ယောက်ကို လက်လွှတ်လိုက်ရတာ တကယ့်ကို နှမြောဖို့ကောင်းတယ်”

“မြန်မြန်ကြည့်လိုက်ကြ… ယာဉ်တန်းကြီးတွေက ချန်ဆီရွှမ်နဲ့ လုရှင်းချန်ဆီသွားနေကြပြီ၊၊ သူတို့ကို သိမ်းသွင်းတော့မယ် ထင်တယ်”

…

ရင်ပြင်တွင် အဖွဲ့များစွာ ထွက်ခွာသွားသည်ကို မြင်သောအခါ ကောင်းကင်ဘုရင် ၄ ပါးထဲမှ ကျန်ရစ်သူ ရှုယွီဖေးသည် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်မိသည်။ သူ့အဖို့တော့ အဖွဲ့အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်သရွေ့ ပါဝင်ရန် ဆန္ဒရှိသော်လည်း လက်ရှိအခြေအနေအရ သူပါဝင်ချင်လျှင်ပင် သူ၏ နောက်လိုက် တစ်သောင်းကျော်က သဘောတူမည်မဟုတ်ပေ။

ထို့ကြောင့် ရှုယွီဖေးက လီကျန်းကို ပြောလိုက်သည်၊၊

“ပူးပေါင်းဆောင်ရွက်မှုကို ခဏ ဆိုင်းငံ့ထားရတော့မယ် ထင်တယ်၊ သံမဏိအတားအဆီးယာဉ်တန်းက အနန္တမဟာမိတ်ကနေ နုတ်ထွက်သွားပြီလို့ ကပ္ပတိန်ချင်ကို ပြောပေးပါ”

ထိုအချိန်တွင် လီကျန်းသည် အံကြိတ်ထားမိရာ သွားများပင် ကြေမတတ် ဖြစ်နေသည်။ လူစုထားသမျှ လက်လွှတ်လိုက်ရသည်ကို ကြည့်ပြီး ဒေါသများပေါက်ကွဲချင်နေသော်လည်း ဘာမှမတတ်နိုင်ပေ။ နားကြပ်ထဲမှ ဝမ်တုံ၏ ဆဲဆိုသံများကလည်း မရပ်မနားထွက်ပေါ်နေသည်။ မြေအောက်မြို့တော်ဘက်တွင်လည်း အခြေအနေမှာ ပို၍ပင် ဆိုးရွားနေမည်ကို သူ သိနေသည်။

မူလက ရှုယွီဖေးနှင့်အတူ လူနှစ်သောင်းကျော်ကို စုဆောင်းနိုင်ခဲ့ပြီး ၎င်းတို့ထဲတွင် ထိပ်သီးများစွာ ပါဝင်သည်။ ကောင်းကင်ဘုရင် ၄ ပါး၊ ယန္တရားစွမ်းအားနှင့် ကြယ်အရှင်သခင် ၁၂ ယောက်မှတစ်ဆင့် ပို၍ပင် အရည်အချင်းရှိသူများကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။ ဤပုံစံမှာ လီကျန်းနှင့် ဝမ်တုံတို့ သေချာကြံစည်ထားသည့် အစီအစဉ်ဖြစ်ပြီး အောင်မြင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်နေခဲ့သည်။ သို့သော် အိန်ဂျယ်အဆင့် ချင်ဖုန်းသည် လူသန်းပေါင်းများစွာ၏ ရှေ့တွင် ထူးဆန်းစွာ ရှုံးနိမ့်သွားခြင်းက သူတို့အတွက် လုံးဝ သည်းမခံနိုင်စရာ ဖြစ်သွားခဲ့သည်။

သိပ်မကြာခင်မှာပင် ရင်ပြင်တွင် လူငါးထောင်ပင် မပြည့်တော့ဘဲ ကြယ်အရှင်သခင်ထဲမှ ၃ ဦးသာ ကျန်တော့သည်။ ဤလူများသည် မူလကပင် ယာဉ်တန်းအသီးသီးမှ အဓိကပုဂ္ဂိုလ်များဖြစ်ပြီး အရည်အချင်းရှိကာ ရည်မှန်းချက်ကြီးသူများ ဖြစ်ကြသဖြင့် စိတ်ဓာတ်ပျက်ပြားနေသော အဖွဲ့တွင် ဆက်မနေနိုင်ကြတော့ပေ။

“ဦးလေး... ညကင်းလှည့်အဖွဲ့ကို လွှတ်ပြီး အဲဒီပြဿနာရှာတဲ့ နှစ်ယောက်ကို ချက်ချင်းဖမ်းခိုင်းရင် ဘယ်လိုလဲ၊၊ ပြီးမှ ကျွန်တော်တို့ဘက်က အခြေအနေကို ပြန်ရှင်းမယ်၊၊ သူတို့က ခိုလှုံနေရာနဲ့ ခံစားခွင့်တွေအတွက် လာကြတာပဲ၊၊ ပညာရှင်တွေကို ပြန်မစုနိုင်ဘူးဆိုတာ မယုံဘူး”

လီကျန်းက ပရမ်းပတာဖြစ်နေသော အခြေအနေကြောင့် ဒေါသတကြီး ဆဲဆိုလိုက်သည်။

“မလိုတော့ဘူး”

ထိုအချိန်တွင် ဆက်သွယ်ရေးစက်မှ ဝမ်တုံ၏ အသံက လေးနက်သွားသည်၊၊

“အခုပဲ သတိပေးချက်ရတယ်၊၊ ကောင်စီမှာ ပြဿနာတစ်ခုတက်နေတယ်၊၊ လူစုထားတဲ့သူတွေကို အခြေချဖို့ ဂြိုဟ်ပတ်စခန်းကို ချက်ချင်းခေါ်သွားလိုက်၊၊ မင်းနဲ့ ချင်ဖုန်းကတော့ ဗဟိုအုပ်ချုပ်ရေးခန်းမကို အမြန်ဆုံးပြန်လာခဲ့”

လီကျန်းသည် ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားပြီး ထိတ်လန့်တကြားဖြင့် နာခံလိုက်သည်။ ထို့နောက် သူက လူစုဆောင်းရေး အရာရှိများနှင့် အရာရှိဟောင်းများကို အခင်းဖြစ်နေရာအား လွှဲပြောင်းပေးခဲ့ပြီး သတိမေ့နေသော ချင်ဖုန်းကို ခေါ်ကာ မြေအောက်လမ်းကြောင်းအပေါက်မှ ထွက်ခွာသွားသည်။

အလျင်စလိုအဆုံးသတ်လိုက်ရသော လူစုဆောင်းပွဲကို ကြည့်ပြီး ကြည့်ရှုသူများကလည်း ဝေဖန်မှုများဖြင့် ပြည့်နှက်နေသည်။ ညနေ ၁၆:၀၀ နာရီ ရှိနေပြီဖြစ်ပြီး အနန္တငွေကြယ်မဟာမိတ်အဖွဲ့၏ လူစုဆောင်းပွဲ ကျရှုံးမှုက အခြားယာဉ်တန်းကြီးများအတွက် အင်အားသစ်များ ရရှိစေခဲ့သည်။

မထင်မှတ်ဘဲ ထိုအချိန်တွင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ လူအုပ်ထဲမှ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်၊၊

“ဒုက္ခပဲ။ ဖက်ဒရေးရှင်းက ကောင်စီကို ဖျက်သိမ်းလိုက်ပြီလို့ ကြေညာလိုက်ပြီ၊၊ တစ်မြို့လုံး ညမထွက်ရအမိန့်ကိုလည်း ရုပ်သိမ်းလိုက်ပြီ၊၊ မြို့တံခါးတွေကို စိတ်ကြိုက် ဝင်ထွက်လို့ ရနေပြီ”

“ဘာ။ ဖက်ဒရေရှင်းက ပျက်သွားပြီလား”

“ဘာတွေဖြစ်ကုန်တာလဲ”

ချက်ချင်းပင် တစ်မြို့လုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ လူပေါင်းများစွာက ဖုန်းများကို ထုတ်ကြည့်လိုက်ကြသည်၊၊ အာရုဏ်ဦးမြို့တော်၏ အတွင်းကွန်ရက်မှာ ပြိုလဲလုနီးပါးဖြစ်သွားပြီး ထိန်းချုပ်မှုများအားလုံး ပျောက်ကွယ်သွားပုံရသည်။ မြို့ပြင်ထွက်ရန် တန်းစီနေသူများသည်လည်း လူဦးရေထိန်းချုပ်ရေးဗျူရိုနှင့် မြို့စောင့်တပ်ဖွဲ့ဝင်များနေရာတွင် အစောင့်တပ်များဖြင့် အစားထိုးခံလိုက်ရပြီး လမ်းကြောင်းမှာ စစ်ဆေးမှုမရှိဘဲ လုံးဝ ပွင့်သွားသည်ကို တွေ့လိုက်ရသည်။

မြို့ပြင်ထွက်ရုံသာမက မြို့ထဲဝင်ရန်မှာလည်း လုံးဝ ပွင့်သွားခြင်း ဖြစ်သည်။ ယာဉ်တန်းစခန်းကြီးတွင် သတင်းရရှိသော ခေါင်းဆောင်များအားလုံး၏ မျက်နှာမှာ တည်ကြည်လေးနက်သွားကြသည်။

Chapter 825

မြို့တစ်ခုလုံး အုံကြွလာခြင်း ၄

“ကြီးကြီးမားမား တစ်ခုခုဖြစ်လာတော့မယ်”

ကျန်းယွမ်က ဆက်တိုက်ဝင်လာသော သတင်းများကို ကြည့်လိုက်သည်၊၊

“တောင်ပိုင်းမြို့တော် အရှေ့ဘက် ကာကွယ်ရေးဇုန်ကနေ သတင်းပို့တာကတော့ ချီလျန်တောင်ကနေ ထွက်ပြေးလာတဲ့ အဆင့် ၂ အမှောင်အမှတ်အသားပါတဲ့ ရှင်သန်သူ ၃၀၀၀ ကျော်ကို ကြားဖြတ်ဖမ်းမိထားတယ်တဲ့”

“နှင်မထုတ်ဘူးလား”

“တားဆီးတာမျိုး မရှိဘူး၊၊ အစောင့်တပ်က အဲဒီလူတွေကို မြို့ပြင်ရပ်ကွက်ထဲက သီးသန့်နေရာတစ်ခုမှာ စုထားတယ်”

လောင်ဟန်ရှိရာဘက်တွင်လည်း လက်အောက်ငယ်သားများထံမှ သတင်းရရှိလိုက်သည်၊၊

“ဒီညတော့ အကြီးအကျယ်တိုက်ပွဲဖြစ်မှာ သေချာတယ်”

“မြို့ပြင်ရပ်ကွက်က လူတွေက အခု မြို့ထဲကို တိုးဝင်နေကြပြီ၊၊ အဝင်အထွက်တွေလည်း လုံးဝ ပိတ်ဆို့နေပြီ”

လဲ့ကျန်းက တံတွေးတစ်ချက် ထွေးလိုက်ရင်း လူတိုင်းကို ကြည့်လိုက်သည်၊၊

“ငါ သွားတော့မယ်၊၊ ဒီညတော့ မြို့ထဲက ထွက်ဖို့ မလွယ်တော့ဘူး၊၊ မြို့ခုခံရေးတိုက်ပွဲဖြစ်တော့မယ် ထင်တယ်၊၊ မြို့တံခါးတွေ ပွင့်သွားပြီဆိုရင် မြို့ထဲကလည်း မလုံခြုံတော့ဘူး”

ရှုယွီဖေး၏ ယာဉ်တန်း အမြန်ထွက်ခွာသွားသည်ကို ကြည့်ပြီး ဟန်တိုင်ဂီက ပြောလိုက်သည်၊၊

“ကပ္ပတိန်ရှုကတော့ မြန်သားပဲ”

“သူက ဒီည သူ့အဖွဲ့နဲ့ မြို့ထဲက ထွက်ဖို့ သတင်းရထားတယ်…. သူ့ကို ထားလိုက်ပါ၊၊ ငကြောက်တစ်ယောက်ပဲဟာ”

လဲ့ကျန်းက အားလုံးကို နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။

“မှောင်နေတုန်း မြို့ပြင်ထွက်တာက မြို့ထဲထက် ပိုလုံခြုံမယ်လို့ မပြောနိုင်ပေမဲ့ အခု မြို့တွင်းမှာ ပရမ်းပတာဖြစ်နေပြီ၊၊ အာရုဏ်ဦးမြို့တော်ကြီး အဆုံးသတ်သွားပြီလို့ လူအများက စိုးရိမ်နေကြတယ်”

လီချင်းယွီက တည်ကြည်သော မျက်နှာထားဖြင့် သူလည်း ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ မထွက်ခွာမီ ကျန်းယွမ်ကို ပြောလိုက်သည်၊၊

“ကပ္ပတိန်ကျန်း၊၊ ဖြစ်နိုင်ရင် ကပ္ပတိန်လင်းနဲ့ ကျုပ်ကို တွေ့ခွင့်ပေးပါ၊၊ ကျုပ်တို့ မဟာမိတ်တွေအနေနဲ့ ရွှေ့ပြောင်းတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ပိုပြီး စောင့်ရှောက်ပေးရမယ်”

“သေချာတာပေါ့”

ကျန်းယွမ်သည် ဆက်သွယ်မှု ပြီးဆုံးသောအခါ လင်းရှန်နှင့် ဆုံရန် အမြန်ထွက်လာခဲ့သည်။

လူအုပ်ကြားတွင် လင်းရှန်၊ နန်ကျင်းနှင့် ရှီဇီတို့သည် အဝေးသို့ စတင်ဆုတ်ခွာခဲ့ကြသည်။ ဤလူစုဆောင်းပွဲမှာ အမှန်ပျက်စီးသွားပြီဖြစ်ကြောင်း သူ သိနေသည်။ ချင်ဖုန်းကို ထမ်းသွားသည်ကို ကြည့်ပြီး လင်းရှန် စိတ်လှုပ်ရှားသွားမိသည်။ ယခင် စုံစမ်းမှုများအရ မြေအောက်တည်ဆောက်ရေးဆီသို့ ဖောက်ထွင်းဝင်ရောက်နိုင်မည့် အနီးဆုံးနေရာကို သူ တွေ့ရှိထားပြီးဖြစ်သဖြင့် ဤလုပ်ဆောင်ချက်အတွက် ကျိုးကျင်းနှင့် ဆွေးနွေးရန် ဆက်သွယ်လိုက်လေသည်။

…

အာရုဏ်ဦးမြို့တော်၊ ဗဟိုအုပ်ချုပ်ရေးခန်းမအတွင်းတွင် လူစုဆောင်းရေးအစီအစဉ် ကျရှုံးသွားသည်ကို ကြည့်ရင်း လေထုမှာ အလွန်လေးလံနေသည်။

ကျိုးမင်ယွမ်သည် အလွန်အမင်း ဒေါသထွက်နေသော်လည်း လူအုပ်ကြားရှိ ရုန်းရင်းဆန်ခတ်မြင်ကွင်းကို ကြည့်ရှုပြီးနောက် ဒေါသထွက်နေ၍လည်း အပိုပဲဖြစ်မည်ကို သူသိလိုက်သည်။ ထို့ကြောင့် သူသည် ဖက်ဒရေးရှင်းအရာရှိဟောင်းများနှင့် ကိုယ်စားလှယ်များအားလုံးကို ထွက်ခွာခိုင်းလိုက်ပြီး ဝမ်ဟွေ့တစ်ယောက်တည်းကိုသာ ချန်ထားရစ်ခဲ့သည်။ ဝမ်ဟွေ့သည်လည်း ထိုအချိန်တွင် မျက်မှောင်ကြုတ်လျက် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

ကျယ်ဝန်းလှသော အုပ်ချုပ်ရေးခန်းမကြီးအတွင်း ကျိုးမင်ယွမ်နှင့် ဝမ်ဟွေ့နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။ ကျိုးမင်ယွမ်သည် စားပွဲကို လက်ချောင်းများဖြင့် ဖြည်းညှင်းစွာ တောက်ရင်း အလေးအနက် စဉ်းစားနေသည်။ အတော်ကြာမှ သူက စကားစပြောလာသည်၊၊

“ဝမ်ဟွေ့... မင်းသာ ငါ့နေရာမှာဆိုရင် ဖီးနစ်နဲ့ ငြိမ်းချမ်းရေးယူပြီး အာရုဏ်ဦးမြို့တော်ကနေ ထွက်ပြေးမလား… ဒါမှမဟုတ် ရှေ့တန်းစီမံကိန်းကိုပဲ ရွေးမလား”

ဝမ်ဟွေ့၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်၊၊

“ကျွန်မကတော့ ပထမတစ်ခုကိုပဲ ရွေးမယ်… ဒါပေမဲ့ ဖီးနစ်က ကျွန်မတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး၊၊ ပူးပေါင်းဆောင်ရွက်မှုအကြောင်းအရာတွေသာ ပေါက်ကြားသွားရင် ကျွန်မတို့ ခေါ်လာတဲ့အဖွဲ့ကလည်း ပုန်ကန်သွားနိုင်တယ်”

ကျိုးမင်ယွမ်က ခေါင်းညိတ်ရင်း သက်ပြင်းချလိုက်သည်၊၊

“ဟုတ်တယ်၊၊ ဒီကမ္ဘာမှာ အာဏာရဲ့ အခြေခံကို ထိန်းသိမ်းဖို့က လက်နက်ကိုင်အင်အားပဲ ရှိတော့တယ်၊၊ ဒါပေမဲ့ ငါတို့မှာ အဲဒါ မရှိဘူး”

စကားပြောအပြီးတွင် သူက ဝမ်ဟွေ့ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းပြလိုက်သည်၊၊

“ခရီးသွားသူ ၁ စီမံကိန်းအတွက် သွားပြင်ဆင်တော့”

ထိုစကားကို ကြားသောအခါ ဝမ်ဟွေ့၏ အမူအရာတင်းမာသွားပြီး ချက်ချင်းပင် လှည့်ထွက်သွားခဲ့သည်။ ဝမ်ဟွေ့ထွက်သွားပြီးနောက် ကျိုးမင်ယွမ် လျှို့ဝှက်ခန်းအတွင်းသို့ ပြန်ဝင်သွားသည်။ ထိုနေရာတွင် အနီရောင်ကမ္ဘာက သူ့အတွက် ရွေးချယ်ပေးထားသော အဆင့်မြင့်ဆက်ခံသူခန္ဓာကိုယ်များ ရှိနေသည်။ သူသည် ယခင်က နောက်လိုက် ကျိခွန်းကို အသုံးချကာ စမ်းသပ်မှုတစ်ခုလုပ်ခဲ့ဖူးသဖြင့် ရလဒ်များကို ကောင်းကောင်းသိထားသည်။ စွန့်စားရမှု၊ နောက်ဆက်တွဲဆိုးကျိုး၊ စိတ်ပိုင်းဆိုင်ရာပြိုလဲမှုနှင့် မတည်ငြိမ်သော သက်တမ်း... ဒါတွေအားလုံးက သူစိုးရိမ်နေရသည့် အချက်များဖြစ်သည်။

ရှုး...

ကျိုးမင်ယွမ်သည် ပထမဆုံး အအေးပေးအခန်းကို ဖွင့်လိုက်ရာ အေးစက်သော လေထုကြားတွင် အရပ်ရှည်ရှည် အမျိုးသားခန္ဓာကိုယ်တစ်ခု တဖြည်းဖြည်း ပေါ်လာသည်။ သူသည် အကြိမ်ကြိမ် ကြည့်ရှုခဲ့ဖူးသော ကမ္ပည်းပြားကို ကောက်ကိုင်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။

“နောက်ဆုံးတော့... ဒီအခြေအနေအထိ ရောက်လာခဲ့ပြီပေါ့”

…

ဝမ်ဟွေ့သည် အုပ်ချုပ်ရေးခန်းမမှ ထွက်လာပြီး အတွင်းမြို့တော်မှ မြို့ပြင်ဘက်သို့ အစောင့်အရှောက်များဖြင့် ထွက်ခွာလာခဲ့သည်။ လမ်းတွင် သူမသည် လင်းလုံအုပ်စုမှ ဝမ်မိသားစုဝင်အားလုံးကို ဆက်သွယ်ကာ အရေးပေါ်အစည်းအဝေးအတွက် စုရုံးခိုင်းလိုက်သည်။ ထိုအချိန်တွင် လမ်းများမှာ အလွန်ပိတ်ဆို့နေသဖြင့် ဝမ်ဟွေ့က ဒရိုင်ဘာကို လမ်းကြားမှ ပတ်မောင်းရန် ညွှန်ကြားလိုက်ရင်း ဝမ်တုံကို ဆက်သွယ်ရေးစက်မှတစ်ဆင့် ခေါ်လိုက်သည်။

“ချင်ဖုန်းရဲ့ အခြေအနေ ဘယ်လိုလဲ”

ဝမ်ဟွေ့က ချက်ချင်းမေးလိုက်သည်။

“စွမ်းအားတွေကို အလွန်အကျွံသုံးလိုက်လို့ စိတ်ပိုင်းဆိုင်ရာ ပြတ်တောက်သွားတယ်၊၊ သူ့ကို ကယ်နိုင်ခဲ့ရင်တောင် သူက အရူးတစ်ယောက်ဖြစ်သွားနိုင်တယ်၊၊ ဒါပေမဲ့ ဒီအကြောင်းကို ကျိုးမင်ယွမ်တို့အဖွဲ့ မသိစေနဲ့”

ဝမ်တုံ၏ အသံက တစ်ဖက်မှ ထွက်ပေါ်လာသည်။

“သူ မသိပါဘူး၊၊ သူကတော့ အခု ခန္ဓာကိုယ်သစ်ကို ရွေးနေလောက်ပြီ”

“ကျိုးမင်ယွမ်က စမ်းသပ်ဆဲခန္ဓာကိုယ်ကို သုံးတော့မလို့လား”

“သူ့မှာ ရွေးချယ်စရာ မရှိတော့ဘူးလေ၊၊ ဖီးနစ်အဖွဲ့နောက်လိုက်ပြီး ထွက်ပြေးတာပဲဖြစ်ဖြစ်… ခရီးသွားသူ ၁ သင်္ဘောပေါ် တက်တာပဲဖြစ်ဖြစ် ခန္ဓာကိုယ်သစ် လိုလိမ့်မယ်၊၊ အင်အားကြီးတဲ့ စွမ်းအားမရှိရင် သူက ခေါင်းဆောင်နေရာကို လက်လွှတ်ရမှာ စိုးရိမ်နေတာပဲ”

“သူကတော့ မြေခွေးအိုကြီးပဲ၊၊ မှိုမျှင်အသိစိတ်ကို ကူးပြောင်းတာက အသက်ကို သုံးလလောက်ပဲ ဆက်ပေးနိုင်တယ်ဆိုတာ သူ မသိတာ သေချာတယ်”

“အနီရောင်ကမ္ဘာကလည်း သူ့ကို ပြောပြမှာမဟုတ်သလို ငါတို့ဘက်ကလည်း ပြောပြဖို့ တာဝန်မရှိဘူး”

ဝမ်ဟွေ့က ဆက်ပြောသည်၊၊

“အခု လူစုဆောင်းပွဲမှာ တွေ့ခဲ့တဲ့ လုရှင်းချန်နဲ့ ချန်ဆီရွှမ်တို့က လင်းရှန်ရဲ့လူတွေ ဖြစ်နိုင်တယ်၊၊ အဲဒီ ဆံပင်ခရမ်းရောင်နဲ့ ချန်ဆီရွှမ်ဆိုတဲ့ ကောင်မလေးက ကျိုးအန်းချီဖြစ်ဖို့များတယ်၊၊ သူတို့က ငွေကြယ်ကို လိုချင်နေကြတာလို့ ငါ သံသယရှိတယ်”

“ယူပါစေ၊၊ အဲဒီကောင်မလေးကိုပဲ အမွေပေးလိုက်တယ်လို့ သဘောထားလိုက်ပါ၊၊ ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာကြီးမှာ အချိန်က သိပ်မကျန်တော့ဘူး… ဘယ်သူက တရားမဝင်ကလေးလဲ… ဘယ်သူက ပိုင်ဆိုင်မှုတွေရှိလဲဆိုတာ ဘာမှ အရေးမကြီးတော့ပါဘူး”

စကားပြောနေရင်း ဝမ်ဟွေ့သည် ကားသည် လမ်းကြားတစ်ခုအတွင်း ရပ်တန့်သွားသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ ယာဉ်ကြောပိတ်ဆို့မှု မရှိသော်လည်း ကားက ရပ်နေခြင်းဖြစ်သည်။

“ဘာဖြစ်တာလဲ၊ ဘာလို့ ဆက်မမောင်းတော့တာလဲ”

ဒရိုင်ဘာက ပြန်မဖြေပေ။ ဝမ်ဟွေ့သည် တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရကာ သေနတ်ကို လှမ်းဆွဲရန် ပြင်လိုက်သော်လည်း ကားတံခါးက ရုတ်တရက် ပွင့်သွားသည်။ လူရိပ်တစ်ခု လျင်မြန်စွာ ကားထဲသို့ ဝင်လာပြီး သူမ၏ လည်ပင်းထဲသို့ ဆေးထိုးအပ်တစ်ချောင်း ချက်ချင်း ထိုးသွင်းလိုက်သည်။ ဝမ်ဟွေ့၏ မျက်လုံးများ ပြူးကျယ်သွားပြီးနောက် သတိတဖြည်းဖြည်း လွတ်သွားသည်။ ထိုအချိန်တွင် ထိုလူရိပ်က ကားတံခါးကို ပြန်ပိတ်လိုက်သည်။ အဖွဲ့တစ်ဖွဲ့က ဝမ်ဟွေ့၏ ယာဉ်တန်းတစ်ခုလုံးကို ထိန်းချုပ်ထားပြီးဖြစ်သည်။ ထိုလူရိပ်မှာ အခြားသူမဟုတ်ဘဲ ချူယန်ပင်ဖြစ်သည်။

…

ဂါလက်ဂါမှောင်ခိုဈေးကွက်၏ လမ်းကြားတစ်ခုတွင် လင်းရှန်နှင့် အဖွဲ့သားများသည် ကျိုးကျင်းဘက်မှ သတင်းများကို စုစည်းနေကြသည်။

“ဌာနချုပ်က သတင်းအရတော့ ငါတို့ရဲ့ သံမဏိအစောင့်တပ်ရင်းက အဓိကအင်အားစုတွေ ခန်းချန်မြို့ကို ရောက်နေပြီ၊ လေယာဉ်အုပ်စုကတော့ ချင်းပိုမြို့မှာ ရှိနေတယ်၊၊ ချူကျောက်နန်က ကောင်စီကို ဖျက်သိမ်းကြောင်း ကြေညာပြီးတဲ့နောက် အာရုဏ်ဦးမြို့တော်ကို ငါတို့ ဖီးနစ်အဖွဲ့ဆီ လွှဲပေးလိုက်ပြီ”

ကျိုးကျင်းက ပြောသည်။

“ရုတ်တရက်ကြီးလား” လင်းရှန်က မေးလိုက်သည်။

“သဲလွန်စတွေကတော့ ရှိနေပြီးသားပဲ၊၊ အခု ချူကျောက်နန်မှာ ရှိသမျှ အရာအားလုံးက ရှေ့တန်းစီမံကိန်းပေါ်မှာပဲ ပုံအောထားတယ်… သူက တခြားဘာကိုမှ ဂရုမစိုက်တော့ဘူး၊၊ ဒါပေမဲ့ ဒီလို လွှဲပေးလိုက်တာက အလုပ်ရှုပ်သက်သာသွားစေတယ်”

ကျိုးကျင်းက ရှင်းပြလိုက်သည်။

“ကျိုးမင်ယွမ်အကြောင်း ပြောနေတာလား”

ကျန်းယွမ်က မေးသည်။

“ဟုတ်တယ်”

“ဒါဆို အာရုဏ်ဦးမြို့တော်က အခု အုပ်ချုပ်သူမဲ့ အခြေအနေဖြစ်သွားပြီပေါ့”

ချီလီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

All Chapters