← Chapters

အခန်း (၈၂၆-၈၂၇)

Vol. 48 Ch. 826-827

အခန်း (၈၂၆-၈၂၇)

Vol. 48 Ch. 826-827

Chapter 826

မြို့တစ်ခုလုံး အုံကြွလာခြင်း ၅

“အမှန်ပဲ… အမြင့်ဆုံး အမိန့်ပေးပိုင်ခွင့်ကို အစောင့်တပ်က လုထျန်းယဲ့နဲ့ အလင်းတမန်ဌာနက လော့မင်တို့ဆီ လွှဲပေးထားတယ်၊၊ မြို့ပြင်ရပ်ကွက်ကတော့ အခု လုံးဝ ပရမ်းပတာဖြစ်နေပြီ၊၊ လူတိုင်းက မြို့ထဲကို တိုးဝင်နေကြတယ်”

“သူတို့က ဒီညဖြစ်လာမယ့် အမှောင်ဒီရေလှိုင်းကို စိုးရိမ်နေကြတယ်… အမှောင်အမှတ်အသားပါတဲ့သူတွေကလည်း အများကြီးပဲ” ကီကီက ဝင်ပြောသည်။

ကျန်းယွမ် ခေါင်းယမ်းလိုက်သည်၊၊

“ဒါတင်မကဘူး၊ အနောက်ဘက်မြို့တော် ကာကွယ်ရေးဇုန်မှာ အမှောင်အမှတ်အသားပါတဲ့သူတွေ အများကြီးပိတ်မိနေတယ်၊၊ အဲဒီလူတွေက ယန်ကျန်းလွင်ပြင်ကနေ ထွက်ပြေးလာတဲ့ နောက်ဆုံး အသက်ရှင်ကျန်ရစ်သူတွေပဲ၊၊ ဒီလောက်များတဲ့လူတွေကို နှင်ထုတ်ဖို့လည်း မဖြစ်နိုင်သလို မြို့ထဲပေးဝင်ဖို့လည်း မဖြစ်နိုင်ဘူး၊၊ အစောင့်တပ်ကတော့ အသေအလဲတိုက်ရတော့မှာပဲ”

“ညကင်းလှည့်အဖွဲ့နဲ့ မြို့စောင့်စခန်းကရော”

နန်ကျင်းက မေးသည်။

“အခုတော့ ကျိုးမင်ယွမ်ရဲ့ ကိုယ်ပိုင်စစ်တပ်ဖြစ်နေလောက်ပြီ”

လင်းရှန်က ပြောသည်၊၊

“အရင်က လီကျန်းနဲ့ ချင်ဖုန်းတို့က သုံးရက်နေရင် ထွက်သွားမယ်လို့ ပြောထားတယ်၊၊ ငါတို့ ဒီအချိန်ဇယားကို အတည်ပြုရမယ်”

“ချူကျောက်နန်ရဲ့ လှုပ်ရှားမှုတွေအရဆိုရင် ရှေ့တန်းစီမံကိန်းက အခုပဲ စတင်တော့မယ်လို့ ကျွန်မသံသယရှိတယ်”

မိုနီကာက လက်ပိုက်လျက် ပြောသည်၊၊

“ကျွန်မသာ ချူကျောက်နန်ဆိုရင် ရှေ့တန်းစီမံကိန်းက အသင့်ဖြစ်နေပြီး အချိန်မရွေးလွှတ်တင်နိုင်တ မဟုတ်ရင် ဒီအချိန်မှာ ကောင်စီကို ဖျက်သိမ်းမှာ မဟုတ်ဘူး”

“အဓိပ္ပာယ်ရှိတယ်” လင်းရှန်က ခေါင်းညိတ်လိုက်သည်၊၊

ထိုအချိန်တွင် ကျိုးကျင်းက “သံမဏိအစောင့်တပ်ရင်းက မနက်ဖြန်မှာ မြို့ထဲကို ကူညီဖို့ ဝင်လာလိမ့်မယ်၊၊ ဒါပေမဲ့ ကျုပ်ထင်တာကတော့ အဲဒါက သိပ်တော့ မလွယ်လှဘူး၊၊ ဒီမှာရှိတဲ့ စစ်တပ်တွေက အစောင့်တပ်တွေချည်းပဲ၊၊ အာရုဏ်ဦးမြို့တော်ကို ဖီးနစ်ဆီ အမည်ခံလွှဲပေးလိုက်တယ်ဆိုပေမဲ့ လုထျန်းယဲ့က သံမဏိအစောင့်တပ်ရင်းကို မြို့ထဲ အလွယ်တကူပေးမဝင်မှာကို စိုးရိမ်နေရတယ်”

နန်ကျင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်၊၊

“အစောင့်တပ်နဲ့ သံမဏိအစောင့်တပ်ရင်းတို့ ထိပ်တိုက်တွေ့မှာကို စိုးရိမ်နေတာလား”

“ဒါက ဖြစ်လေ့ဖြစ်ထရှိပါတယ်” ကျန်းယွမ်က ဝင်ပြောသည်၊၊

“ဖီးနစ်ရဲ့ ရပ်တည်ချက်အရ ဒီလိုစိုးရိမ်တာက ကျိုးကြောင်းဆီလျော်ပါတယ်၊၊ အတိအကျပြောရရင် အစောင့်တပ်နဲ့ ညကင်းလှည့်အဖွဲ့တွေက သဘောသဘာဝချင်း တူတူပဲ၊၊ ကွာခြားချက်က သူတို့တွေက ဖက်ဒရေးရှင်းစစ်ဘက်စနစ်ထဲမှာ တရားဝင်ပါဝင်ပြီး လုထျန်းယဲ့က ဦးဆောင်နေတာပဲ၊၊ ဒါကြောင့် သီးသန့်ညှိနှိုင်းမှုတွေ လုပ်ဖို့ လိုအပ်လိမ့်မယ်”

လင်းရှန်သည် လက်ကိုင်တတ်ဘလက်တစ်ခုကို ကိုင်ကာ မြို့ထဲရှိ အခြေအနေများကို အမြန်ကြည့်ရှုလိုက်သည်၊၊ အတွင်းကွန်ရက်မှာ ကမ္ဘာပျက်ကပ်နေ့ စတင်စဉ်ကကဲ့သို့ပင် ပြိုလဲလုနီးပါး ဖြစ်နေသည်၊၊ မြို့ထဲရှိ လမ်းမကြီးအားလုံးမှာ အဝင်အထွက်ကားများဖြင့် လုံးဝ ပိတ်ဆို့နေပြီး ကားဟွန်းသံများနှင့် ဆဲဆိုသံများ ဆူညံပွက်လောရိုက်နေသည်၊၊ မြို့ပြင်ရပ်ကွက်မှ ဒုက္ခသည်များသည် သူတို့၏ ပိုင်ဆိုင်မှုများ တင်ဆောင်ထားသော လက်တွန်းလှည်းများကို မြို့ထဲသို့ တွန်းပို့နေကြရာ မြို့ပြင်ထွက်ရန် ကြိုးစားနေသော ယာဉ်တန်းများနှင့် ထိပ်တိုက်တွေ့ကာ လမ်းပိတ်နေကြသည်၊၊ မြို့စောင့်စခန်း၊ ညကင်းလှည့်အဖွဲ့နှင့် လူဦးရေထိန်းချုပ်ရေးဗျူရိုမှ လူများကို ဘယ်မှာမှ မတွေ့ရတော့ဘဲ အစီအစဉ်တကျဖြစ်စေရန် အစောင့်တပ်များကသာ ထိန်းချုပ်နေရသည်၊၊

ဂါလက်ဂါမှောင်ခိုဈေးကွက်နှင့် အချို့သော ကုန်သွယ်ရေးနယ်မြေများတွင် အတိုင်းအတာမျိုးစုံဖြင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားနေပြီး အစောင့်တပ်ကင်းလှည့်အဖွဲ့၏ သတိပေးသေနတ်သံများပင် ထိုအခြေအနေများကို မရပ်တန့်နိုင်ပေ၊၊ ယာဉ်တန်းအများအပြားမှာ ထွက်ပြေးနေကြပြီး လမ်းကြားများတွင် ကောလာဟလများ ပျံ့နှံ့နေသည်၊၊ ရှင်သန်သူများက “ကောင်စီဖျက်သိမ်းလိုက်ပြီ” ဟူသည့် သတင်းကို ဖြန့်ဝေနေကြပြီး “မြို့တံခါးတွေ ဖွင့်လိုက်တော့” ဟူသော အော်ဟစ်သံများကြောင့် ထိတ်လန့်နေသော ဒုက္ခသည်များမှာ ပို၍ပျာယာခတ်ကာ ပစ္စည်းများကို အမြန်ထုပ်ပိုးပြီး လမ်းပေါ်သို့ ပြေးထွက်လာကြသည်၊၊

လမ်းများပေါ်တွင် လက်နက်ကြီးများနှင့် သံချပ်ကာများ တပ်ဆင်ထားသည့် ကားများဖြင့် ပြည့်နှက်နေသော်လည်း ပျံသန်းရေးယာဉ်များမှာ ရှားပါးလှသည်၊၊ ကောင်းကင်ယံတွင် မူလမြို့စောင့်စခန်းမှ ကင်းလှည့်လေသင်္ဘောများနှင့် အသက်ရှင်ကျန်ရစ်သူ ယာဉ်တန်းများမှ ဒရုန်းအမျိုးမျိုးသာ ကျန်ရှိတော့သည်၊၊ ညမထွက်ရအမိန့်နှင့် ထိန်းချုပ်မှုများကို ရုပ်သိမ်းလိုက်ပြီးနောက် ဤပျံသန်းရေးကိရိယာများမှာ ကောင်းကင်ပေါ်သို့ အစုလိုက်အပြုံလိုက် တက်လာကြသည်၊၊ မြို့တံခါးများတွင် ကီလိုမီတာ အတော်များများရှည်လျားသော ကားတန်းကြီးများ ဖြစ်ပေါ်နေပြီး အင်ဂျင်သံများကြားတွင် ကလေးငယ်များ၏ ငိုသံများ ဆူညံနေသည်၊၊ အစောင့်တပ်က စစ်ဆေးရေးဂိတ်များကို ဖယ်ရှားလိုက်ပြီးနောက် မြို့ထဲဝင်သူများတွင် အမှောင်အမှတ်အသား ပါ၊ မပါကိုသာ စစ်ဆေးပြီး ကျန်ရှိသော စစ်ဆေးမှုများကို ဖျက်သိမ်းလိုက်သည်၊၊

လင်းရှန်သည် ပျက်စီးခြင်းနိမိတ်ကို ခံစားလိုက်ရကာ နှာခေါင်းကို လက်ချောင်းဖြင့် ညှစ်ရင်း အဖွဲ့သားများ၏ ဆွေးနွေးသံများကို နားထောင်နေသည်၊၊ သူ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်၊၊

“ဒီညကတော့ တည်ငြိမ်မှာ မဟုတ်ဘူး၊၊ ခေါင်းဆောင်ကျိုး... ကျုပ်တို့ အမြန်လှုပ်ရှားမှ ဖြစ်တော့မယ်”

ကျိုးကျင်းက လင်းရှန်၏ စကားကို နားလည်ပေသည်၊၊ ထို့နောက် သူက ဆက်သွယ်ရေးစက်ကို နှိပ်လိုက်သည်၊၊ သတင်းအချက်အလက်ကျွမ်းကျင်သူ လီစူးက ကိရိယာယူဆောင်လာပြီး မဟာဗျူဟာမြေပုံတစ်ခုကို ဖွင့်ပြလိုက်သည်၊၊

“ဒါက စတားမြို့တော်မှာရှိတဲ့ မြေအောက်စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေရဲ့ မူလမဟာဗျူဟာမြေပုံပဲ၊၊ ဒါက ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်တယ်၊၊ ကျွန်တော် အရင်က စစ်ဆေးကြည့်ပြီးပြီ၊၊ အာရုဏ်ဦးမြို့တော်ရဲ့ အတွင်းမြို့တော် ကြယ်ဆိပ်ကမ်းဆီ တိုက်ရိုက်ရောက်တဲ့ လမ်းကြောင်းအနည်းငယ် ရှိတယ်၊၊ ဒါပေမဲ့ အတွင်းမြို့တော်က အခု လုံးဝ ပိတ်ဆို့ထားတယ်၊၊ မြေအောက်မြို့တော်က လူတွေကိုလည်း မောင်းထုတ်လိုက်ပြီလို့ ကြားတယ်”

“မြေအောက်မြို့တော်က လူတွေကို မောင်းထုတ်တာကတော့ ဒီနေရာဟာ ရှေ့တန်းစီမံကိန်းလွှတ်တင်မှုနဲ့ ဆက်စပ်နေလို့ သေချာတယ်”

ထိုအချိန်တွင် ချူယန်၏အဖွဲ့ထံမှ သတင်းများ ဆက်သွယ်ရေးစက်မှတစ်ဆင့် ဝင်လာသည်၊၊

“ပစ်မှတ် ဝမ်ဟွေ့ကို ထိန်းချုပ်လိုက်ပြီ၊၊ သတင်းဆိုးတစ်ခုကတော့ ဝမ်ဟွေ့ရဲ့ အသိစိတ်ထဲက အချက်အလက်တွေမှာ ဝမ်ဟွေ့ရော၊ ကျိုးမင်ယွမ်ရော၊ အနီရောင်ကမ္ဘာကလူတွေရော ရှေ့တန်းစီမံကိန်းရဲ့ အတိအကျလွှတ်တင်မယ့်အချိန်ကို မသိကြဘူး၊၊ ရှေ့တန်းစီမံကိန်းကို ပြင်ဆင်ပြီးတဲ့နောက် အနီရောင်ကမ္ဘာက ဝမ်ဟွေ့ကို ဘာသတင်းမှ မပေးတော့ဘူး၊၊ သူမက အခု စွန့်ပစ်ခံလိုက်ရတာပဲ၊၊ သူမနဲ့ ကျိုးမင်ယွမ်ဟာ ရှေ့တန်းစီမံကိန်းအပြီးမှာ ခရီးသွားသူ ၁ လို့ခေါ်တဲ့ ကြယ်သင်္ဘောနဲ့ ကမ္ဘာကနေ ထွက်ပြေးဖို့ စီစဉ်နေကြတယ်၊၊ တည်နေရာကတော့ မြို့ပြင်မှာရှိတဲ့ လျှို့ဝှက်စစ်အခြေစိုက်စခန်းတစ်ခုပဲ၊၊ ကျိုးမင်ယွမ်က မှိုမျှင်အသိစိတ်ကတစ်ဆင့် အခြားစွမ်းအားရှင်တစ်ယောက်အဖြစ် ကူးပြောင်းဖို့ စီစဉ်နေတယ်၊၊ အဲဒီချင်ဖုန်းဆိုတာက ကျိုးမင်ယွမ်ရဲ့ ညကင်းလှည့်အဖွဲ့ ခေါင်းဆောင် ကျိခွန်းပဲ...”

ချူယန်သည် ဝမ်ဟွေထံမှ ရရှိသော သတင်းများကို လင်းရှန်တို့ဘက်သို့ အမြန်မျှဝေလိုက်သည်၊၊

“ဒါပေမဲ့ အရေးကြီးတဲ့ သတင်းနှစ်ခု ရှိတယ်၊ ပထမတစ်ခုက ချူကျောက်နန်ရဲ့ လူအင်အား ရွှေ့ပြောင်းမှုတွေအရ ဝမ်ဟွေ့နဲ့ ကျိုးမင်ယွမ်တို့က ရှေ့တန်းစီမံကိန်းက မနက်ပိုင်းမှာ သေချာပေါက် လွှတ်တင်လိမ့်မယ်လို့ ယုံကြည်နေကြတယ်၊၊ ဒုတိယတစ်ခုက အလင်းတမန်ဌာနဟာ အမှောင်တိုက်စားဆဲလ်တွေ ပါဝင်တဲ့ ကိရိယာတစ်ခုကို ကြယ်ဆိပ်ကမ်းဆီ လျှို့ဝှက်သယ်ယူသွားတယ်၊၊ အဲဒါက ရှေ့တန်းစီမံကိန်းရဲ့ အောင်မြင်မှုအတွက် အဓိကကျတဲ့ ပစ္စည်းဖြစ်မယ်လို့ ယူဆရတယ်”

လင်းရှန်၏အဖွဲ့မှ လူတိုင်းသည် ဤသတင်းကို ကြားသောအခါ အခြေအနေ၏ ပြင်းထန်မှုကို သဘောပေါက်သွားကြသည်၊၊ ယခုအခါ မြေအောက်မြို့တော်သည် နေထိုင်သူများကို မောင်းထုတ်နေပြီဖြစ်ပြီး၊ အစောင့်တပ်တစ်ခုလုံးနှင့် အလင်းတမန်ဌာနတို့သည် အတွင်းမြို့တော်ကို တင်းကျပ်စွာ စောင့်ကြပ်ထားသောကြောင့် မြေအောက်မြို့တော်ထဲသို့ ဝင်ရောက်ရန်မှာ အလွန်ခက်ခဲနေသည်၊၊

လင်းရှန်က သူတို့အောက်ရှိ မြေပုံပေါ်က တည်နေရာကို လက်ညှိုးထိုးပြလိုက်သည်၊၊

“ကျုပ်တို့ ဒီနေရာကနေပဲ ဝင်လို့ရတော့မယ် ထင်တယ်”

“အနီရောင်ကမ္ဘာကလူတွေကို ရှာမှာလား”

ကျိုးကျင်းက မေးလိုက်သည်၊၊

“သူတို့ကို ရှာဖို့ မလိုလောက်တော့ဘူး” လင်းရှန်က ပြောလိုက်သည်၊၊

“ရှေ့ပြေးစီမံကိန်း လွှတ်တင်ဖို့အတွက် S-Class အဆင့်နဲ့ မှိုမျှင်တွေကို သုံးပြီး စတင်ဖို့ လိုအပ်တာကြောင့်၊ ကျုပ်တို့သာ ကြယ်သင်္ဘောကို ရှာတွေ့ရင် ရှေ့တန်းစီမံကိန်းအတွက် မှိုမျှင်တွေကို ချိတ်ဆက်ပေးမယ့်လူကို ရှာတွေ့နိုင်လိမ့်မယ်၊၊ တကယ်လို့ ရှာမတွေ့ခဲ့ရင်တောင် ရှင်းဂျီနဲ့ ကျုပ်က အနီရောင်ကမ္ဘာရဲ့ အာရုံကြောကူးပြောင်းနည်းပညာကို ရင်းနှီးထားပြီးသားပဲ၊၊ အဆိုးဆုံး အခြေအနေရောက်လာရင်တော့…”

“ကျုပ်တို့ကိုယ်တိုင်ပဲ ချိတ်ဆက်ရတော့မှာပေါ့”

Chapter 827

အကာအကွယ်ချိုးဖျက်ရေးကိရိယာ ၁

မွန်းလွဲ ၄ နာရီ ၅၀ မိနစ်။ ညမမှောင်ခင် ၁ နာရီနှင့် ၇ မိနစ်သာ လိုတော့သည်။

ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းနေပြီး မိုးသက်မုန်တိုင်းများ တိုက်ခတ်နေသည်။ အာရုဏ်ဦးမြို့တော်၏ နံပါတ် ၁ မြို့ရိုးဂိတ်တံခါးဝများသည် ဆူပွက်နေသော ဒယ်အိုးကြီးသဖွယ် ဝရုန်းသုန်းကားဖြစ်နေခဲ့သည်။

မြို့ပြင်သို့ ထွက်ခွာရန် ရည်ရွယ်ထားသည့် ယာဉ်တန်းအများစုမှာ လူစုကွဲသွားကြပြီ ဖြစ်သည်။ တန်းစီစောင့်ဆိုင်းနေသူ အများအပြားမှာလည်း အရေးပေါ် အခြေအနေများကြောင့် မိမိတို့၏ စုရပ်များသို့ ပြန်သွားရန် ဖိအားပေးခြင်း ခံလိုက်ရသည်။ အမှောင်ကျချိန်တွင် မြို့ပြင်ထွက်၍ သွားလာခြင်းသည် အချိန်နှင့်အမျှ ပိုအန္တရာယ်ကြီးလာနေသည်။

မြို့ရိုး၏ တောင်ဘက်၊ မြောက်ဘက်နှင့် အနောက်ဘက်ဂိတ်တံခါးများကို အပြည့်အဝဖွင့်လှစ်ထားရာ မြို့ပြင်ရပ်ကွက်မှ ဒုက္ခသည် သိန်းနှင့်ချီ၍ ဒီရေပမာ မြို့ထဲသို့ တိုးဝှေ့ဝင်ရောက်လာကြရာ လူအုပ်ကြီးများသည် မည်းမှောင်နေသော အစုအဝေးကြီးပမာဖြစ်နေသည်။ မြို့ပြင်ရပ်ကွက်တွင် စခန်းချနေထိုင်ကြသည့် အသက်ရှင်ကျန်ရစ်သူများသည် နေ့စဉ်နှင့်အမျှ တိုက်ခိုက်ခံနေရသည့် ဒဏ်ကြောင့် ရူးသွပ်လုမတတ် အသက်ရှင်လိုစိတ်များ ပြင်းထန်နေကြပြီး ထိတ်လန့်ကြောက်ရွံ့မှုများသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိနေကြသည်။ အာရုဏ်ဦးမြို့တော်၏ အပြောင်းအလဲများနှင့်အတူ တွင်းနက်နီးကပ်လာခြင်း ကောလဟာလပျံ့နှံ့လာမှုကြောင့် သူတို့အနေဖြင့် မြင့်မားသော မြို့ရိုးကြီးများနောက်ကွယ်တွင် ခိုလှုံခွင့်ရရန် မျှော်လင့်ချက်ဖြင့် မြို့ထဲသို့ တိုးဝှေ့ဝင်ရောက်လာခြင်းမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

မိုးသည်းထန်လာသည်နှင့်အမျှ မြို့ပြင်ရပ်ကွက်၏ လမ်းမများသည်လည်း ပို၍ပင် တိတ်ဆိတ်ခြောက်ကပ်လာသည်။ တစ်ချိန်က လူစည်ကားခဲ့သော စခန်းများနှင့် ခိုလှုံရာနေရာများမှာ ယခုအခါ ဗလာကျင်းနေပြီး သွေးစွန်းကာ ပျက်စီးနေသော လမ်းမများပေါ်တွင် အပျက်အစီးများနှင့် အမှိုက်သရိုက်များသာ ပြန့်ကျဲနေကာ မိုးရေထဲတွင် အဆက်မပြတ်မျောပါနေသည်။

မြို့စွန်အရပ်များတွင်မူ အချို့သော ယာဉ်တန်းများသည် သူတို့၏ ပစ္စည်းများကို အလျင်အမြန်ထုပ်ပိုးနေကြဆဲဖြစ်ပြီး ကမ္ဘာပျက်ကပ်သုံးယာဉ်များ၏ အင်ဂျင်သံများမှာလည်း အဆက်မပြတ်ထွက်ပေါ်နေသည်၊၊

နံပါတ် ၁ မြို့ရိုးကြီး၏ အပေါ်ယံတွင်မူ တပ်စိပ်ပေါင်း သောင်းနှင့်ချီ၍ လက်နက်အပြည့်အစုံဖြင့် တပ်စွဲထားကြသည်။ ကင်းမျှော်စင်များပေါ်ရှိ စစ်သားများသည် မီတာတစ်ရာမြင့်သော မြို့ရိုးအောက်ခြေတွင် ပုရွက်ဆိတ်များကဲ့သို့ စုပြုံတိုးဝှေ့နေကြသည့် ကီလိုမီတာ အတော်ကြာ ရှည်လျားသော လူတန်းကြီးကို မှန်ပြောင်းများဖြင့် စေ့စေ့စပ်စပ်ကြည့်ရှုနေကြသည်။

မြို့ဂိတ် စစ်ဆေးရေးဂိတ်တွင်မူ အစောင့်တပ်ဖွဲ့ဝင်များနှင့် စက်ရုပ်စစ်သည်အမျိုးမျိုးမှာ အထူးသတိရှိနေကြပြီး ဝင်ရောက်လာသူတိုင်းကို အမှောင်အမှတ်အသား ရှိ/မရှိ စစ်ဆေးနေကြသည်။

တီ တီ တီ။

“အဆင့် ၁ အမှတ်အသား တွေ့တယ်၊ သီးခြားခွဲထုတ်ဖို့ ခေါ်သွားလိုက်”

“မလုပ်ပါနဲ့၊ ကျွန်တော့်သမီးလေးက ခြောက်နှစ်ပဲ ရှိသေးတာပါ၊၊ သူ့ကို မြို့ထဲ ပေးဝင်ပါဗျာ”

မျက်မှန်နှင့် အမျိုးသားတစ်ဦးက တောင်းပန်တိုးလျှိုးနေသည်။

“အမှတ်အသားတစ်ခုတည်းနဲ့တင် မြို့ထဲမှာ ပြဿနာဖြစ်သွားနိုင်တယ်ဆိုတာ လူတိုင်းသိတယ်နော်၊၊ သီးခြားစောင့်ကြည့်တဲ့ နေရာမှာလည်း လက်နက်ကိုင် အစောင့်အရှောက်တွေ ရှိပါတယ်၊၊ ဒါကြောင့် ပူးပေါင်းဆောင်ရွက်ပေးပါ”

အစောင့်စစ်သားက အသံကျယ်ကျယ်ဖြင့် အမိန့်ပေးနေသည်။

“ဒါဆိုရင် ကျွန်တော်လည်း သူနဲ့အတူ လိုက်သွားမယ်”

ထိုဖခင်ဖြစ်သူမှာ သူ၏ သမီးလေးကို ချက်ချင်း ပွေ့ချီလိုက်ပြီး အိတ်များကို ဇနီးနှင့် ကျန်ရှိသူများထံ အပ်နှံကာ ဇနီးဖြစ်သူ၏ ငိုယိုသံများကြားမှပင် အစောင့်တပ်ဖွဲ့၏ ခေါ်ဆောင်ရာသို့ လိုက်ပါသွားတော့သည်။

ဤကမ္ဘာပျက်ကပ် ကာလအတွင်းတွင် ယခုကဲ့သို့ အလောတကြီး ခွဲခွာရခြင်းသည် နောက်ဆုံးတွေ့ဆုံခြင်းလားဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။

ပိတ်ဆို့မှုများ၊ ဆူညံသံများ၊ ငိုကြွေးသံများနှင့် ကားအင်ဂျင်သံများကြောင့် မြို့ထဲသို့ ဝင်ရောက်ရာ လမ်းကြောင်းအားလုံးမှာ ကစဉ့်ကလျားဖြစ်နေလေသည်၊၊

မီတာတစ်ရာ မြင့်မားသော ကမ္ဘာပျက်ကပ်မြို့ရိုးကြီးသည် အာရုဏ်ဦးမြို့တော်ကို ဝန်းရံထားသည့် အံ့မခန်း မြင်ကွင်းတစ်ခုပမာ တည်ရှိနေသည်။ မီတာ ၅၀၀ တိုင်းတွင် Thor Hamer ၁၂၀ မီလီမီတာ လျှပ်စစ်သံလိုက်အမြောက်များ တပ်ဆင်ထားပြီး လျှပ်စစ်အားဖြည့်ထားသည့် အပြာရောင်အလင်းတန်းများမှာ ပြောင်းဝအတွင်း၌ လျှပ်စီးနဂါးများအလား ထွက်ပေါ်နေကြသည်။ အခြေစိုက်စခန်းသုံး လက်နက်ဖြစ်သည့်အတွက် ဤလျှပ်စစ်သံလိုက်အမြောက်သည် G-3 အမျိုးအစားထက် အဆပေါင်းများစွာ ပိုအစွမ်းထက်သည်။ စီတန်းထားသော Great Wall-50 အခြေစိုက် အမြောက်တပ်စုများက ၂၁၀ မီလီမီတာ အလိုအလျောက်ကျည်ဖြည့် ဖျက်ဆီးရေးအမြောက်ကျည်များကို ပစ်ခတ်နိုင်ပြီး ထိတ်လန့်ဖွယ်ကောင်းသော အမြောက်ပြောင်းဝများ အောက်တွင် မိုးရေများ စီးကျနေသည်။

၎င်းအပြင် အမြောက်ကြီးများ၊ အလိုအလျောက် စက်သေနတ်များ၊ ၁၁၃၀ အမျိုးအစား လက်နက်များ၊ အလွန်မြင့်မားသော အပူချိန်ရှိ ပလာစမာ အလင်းတန်းများ၊ စူပါလ်စထရင်း ကြိမ်နှုန်းမြှင့်စက်ကြီးများ၊ မြို့ရိုး ကာကွယ်ရေးလိုင်းပေါ်ရှိ လက်နက်လမ်းကြောင်းများ၊ အကာအကွယ်သံချပ်ကာအမြောက်အမြားနှင့် မြို့ပြင်ရပ်ကွက်၏ မီတာ ၅၀၀ တိုင်းတွင် ရှိသော လက်နက်ကြီးတပ်ဆင်ထားသည့် ကင်းမျှော်စင်များ၊ သံမဏိ အကာအကွယ်လိုင်းများ၊ မြို့တော်၏ လေကြောင်းကာကွယ်ရေး ကွန်ရက်၊ မြေအောက်ဒုံးကျည်စနစ်များနှင့် ကောင်းကင်လေဆာဖွဲ့စည်းပုံတို့ ပေါင်းစပ်လိုက်သောအခါ အာရုဏ်ဦးမြို့တော်၏ သံမဏိကာကွယ်ရေးလိုင်းကြီးဖြစ်ပေါ်လာသည်။

ခရိုင်ဟောင်း၏ လမ်းမများသည်လည်း သံမဏိတောအုပ်ကြီးပမာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ လမ်းကြား လမ်းသွယ်များတွင် ကမ္ဘာပျက်ကပ်သုံး သံချပ်ကာယာဉ် အမြောက်အမြားရှိနေပြီး ကာကွယ်ရေးအတားအဆီးများဖြင့် အပြည့်အဝ ပိတ်ဆို့ထားသည်။ မြို့တွင်းလမ်းများ၊ အဆောက်အအုံများ၊ ပြတင်းပေါက်များနှင့် တံခါးများတွင် အသက်ရှင်ကျန်ရစ်သူများက လက်နက်မျိုးစုံဖြင့် ခံစစ်ဆင်ထားကြသည်။

ညမှောင်လာသည်နှင့်အမျှ တင်းမာမှုနှင့် ထိတ်လန့်မှုအော်ရာများက အဆက်မပြတ် ပျံ့နှံ့နေပြီး မြို့တွင်း ကွန်ရက်ပေါ်တွင်လည်း စိတ်ပျက်အားလျော့ဖွယ်ရာ သတင်းစကားများစွာ ပြည့်နှက်နေသည်။

[တွင်းနက် ၃ခု ဝန်းရံမှု ဝါးမျိုနေပြီ၊ အာရုဏ်ဦးမြို့တော်ရဲ့ အဆုံးသတ်က ရောက်လာပြီလား]

[ဖက်ဒရေးရှင်းအစိုးရ ဖျက်သိမ်းလိုက်တာက အနီရောင်ကမ္ဘာနဲ့ သေချာပေါက်ဆက်စပ်နေတယ်၊ မြေအောက်မြို့တော်က အမှောင်ညကို မတောင့်ခံနိုင်တော့ဘူး၊ အရာရှိကြီးတွေတောင် ထွက်ပြေးကုန်ကြပြီ]

[ယာဉ်တန်းကြီးတွေ အတော်များများလည်း ထွက်ပြေးကုန်ပြီ၊၊ ကျန်ခဲ့တဲ့သူတွေက ဘယ်မှသွားစရာ မရှိဘူး၊၊ ငါတို့ ဘာလုပ်ကြမလဲ]

[အိုးမိုင်ဂေါ့… မြို့ပြင် သီးခြားစောင့်ကြည့်ရေးနယ်မြေမှာ အဆင့် ၅ အမှတ်အသားရှိတဲ့သူ တစ်ယောက်တွေ့တယ်တဲ့၊၊ တွင်းနက် အမှတ် ၇ မှာလည်း မိုးပျံသတ္တဝါကြီးတစ်ကောင် ပေါ်လာတယ်လို့ သတင်းထွက်နေတယ်၊ အဲဒါ S-Class သေချာတယ်]

[ငါတို့ကမ္ဘာကြီးတော့ ပျက်စီးတော့မှာပဲ]

[အားလုံး စည်းစည်းလုံးလုံးနဲ့ ဒီညကို ဖြတ်ကျော်ရမယ်၊၊ ဒါမှ မနက်ဖြန်ကျရင် ပြောင်းရွှေ့နိုင်မှာ]

…

ဂါလက်ဂါ မှောင်ခိုဈေး၏ လမ်းကြားလေးထဲတွင် လင်းရှန်နှင့် သူ၏ အဖွဲ့သားများသည် ပတ်ဝန်းကျင် လမ်းမများပေါ်ရှိ ဖရိုဖရဲဖြစ်နေသော လူအုပ်ကြီးကို လေးလံသော မျက်နှာများဖြင့် ကြည့်နေကြသည်။

“ဝင်ရိုးစွန်းညက ပိုပြီး ပြင်းထန်လာနေပြီ၊၊ ကျင်းဟိုင်က အရင်ဆုံးထိခိုက်မှာကို ကျွန်မ စိုးရိမ်နေတယ်”

နန်ကျင်းက လင်းရှန်ကို ပြောလိုက်သည်။

လင်းရှန်က နန်ကျင်းကို ချက်ချင်း ပြန်ပြောလိုက်သည်၊၊

“အစ်မကျင်း… အစ်မနဲ့ ချီလီတို့က ကျင်းဟိုင်ကို ဆက်သွယ်လိုက်ပါ၊၊ ဒီညမှာ ပေါင်းစည်းယာဥ်တန်းနဲ့ ကောင်းကင်အမိုးခုံးရထားကို အဆင်သင့်ပြင်ထားပြီး မနက်ကျရင် အာရုဏ်ဦးမြို့ထဲဝင်ဖို့ ပြင်ခိုင်းလိုက်ပါ၊၊ အခု ဖက်ဒရေးရှင်းလည်း ပျက်သွားပြီဆိုတော့ ကျုပ်တို့ကို ဘယ်သူမှ လာထိန်းချုပ်နေမှာ မဟုတ်ဘူး”

“အာရုဏ်ဦးမြို့တော်နဲ့ ကျင်းဟိုင်ကြားက ဆက်သွယ်ရေးစခန်းတွေကို ဖက်ဒရေးရှင်းက ထိန်းချုပ်ထားတယ်၊၊ အခုဆိုရင် အစောင့်တပ်တွေ လက်ထဲ ရောက်နေလောက်ပြီ၊၊ ငါတို့ သတင်းတွေ ပေးပို့လို့ မရလောက်ဘူး”

ကျန်းယွမ်က ဝင်ပြောသည်။

“ဒါဆိုရင် ငါတို့ ပျံပြီး ပြန်ကြတာပေါ့” ချီလီက လေးနက်သောအမူယာဖြင့် ပြောသည်။

“ပြဿနာရှိရင် အဖြေဆိုတာ ရှိတာပဲ၊၊ ရထားကိုသာ ဒီကို ယူမလာနိုင်ရင် ဒီလူတွေအားလုံးကို ဘယ်လိုမှ ရွှေ့လို့ရမှာ မဟုတ်ဘူး”

နန်ကျင်းက ခေါင်းညိတ်လိုက်ပြီး လင်းရှန်ကို ပြောသည်။

“ကပ္ပတိန်လင်း… စိတ်မပူပါနဲ့၊၊ ကျွန်မနဲ့ ချီလီက တစ်နည်းနည်းနဲ့ ဖြစ်အောင် လုပ်လိုက်ပါ့မယ်”

“ကြယ်မြို့တော် ဂြိုဟ်ပတ်လမ်းကြောင်းဘူတာနဲ့ ငွေကြယ်ကိစ္စကို ငါကိုင်တွယ်လိုက်မယ်”

ကျန်းယွမ်က ရုတ်တရက်ပြောလိုက်သည်။

“ပေါင်းစည်းယာဥ်တန်း ဝင်လာပြီး ခုခံဖို့ဆိုရင် ဒီလောက်များတဲ့ လူတွေအတွက် အခြေစိုက်စခန်းကြီးတစ်ခု လိုလိမ့်မယ်”

“ကောင်းပြီ”

လင်းရှန်က လုရှင်းချန်နှင့် မိုနီကာကို ကြည့်ကာ “ဒါဆိုရင် မီးတောက်နဲ့ မိုနီကာတို့က ကျန်းယွမ်နဲ့ ဥက္ကဋ္ဌကျန်းကို ကူညီပေးပါ၊၊ ဒီဘက်က ထိုးဖောက်ဝင်ရောက်တဲ့ ကိစ္စတွေကိုတော့ ငါ၊ကီကီ၊ ရှီဇီနဲ့ ခေါင်းဆောင်ကျိုးရဲ့ လူတွေ ကိုင်တွယ်လိုက်မယ်”

“အိုကေ” မိုနီကာက လက်ပိုက်လျက် လေးနက်သော လေသံဖြင့် ပြန်ပြောလိုက်လေသည်။

“စိတ်မပူပါနဲ့ အစ်ကိုလင်း”

မိုနီကာနဲ့ လုရှင်းချန်တို့ နှစ်ယောက်စလုံးက အကြီးစားစစ်ဆင်ရေးတွေမှာ ကျွမ်းကျင်သူတွေ ဖြစ်ကြသည်။ ကြယ်မြို့တော် ဂြိုဟ်ပတ်ဘူတာရဲ့ အခြေအနေက အတော်လေး ရှုပ်ထွေးနိုင်သည်ဟု လင်းရှန် ခန့်မှန်းထားသည်။ အကယ်၍ ကျန်းယွမ်ရဲ့အဖွဲ့က ငွေကြယ်ယာဉ်တန်းကို ထိပ်တိုက်ရင်ဆိုင်သိမ်းပိုက်ရမယ်ဆိုရင် ဒီနှစ်ယောက် ပါသွားတာက အောင်မြင်မှု အခွင့်အလမ်းကို ပိုများစေလိမ့်မည်။

လင်းရှန်ရဲ့ စီစဉ်မှုကို ကျန်းယွမ်က ခေါင်းညိတ်လက်ခံလိုက်သည်၊၊

“ကောင်းပြီလေ၊၊ဒါဆို ငါ့ဆီက အချက်ပြကို စောင့်နေကြပါ…. အခြေအနေတစ်ခုခု ပြောင်းလဲသွားရင် အရင်နေခဲ့တဲ့ တိုက်ခန်းဆီ ပြန်ဆုတ်ကြ… အောင်မြင်သွားရင်တော့ ဂြိုဟ်ပတ်ဘူတာမှာ ပြန်ဆုံကြတာပေါ့၊၊ အခုလောက်ဆိုရင် ဝမ်မိသားစုနဲ့ ကျိုးမင်ယွမ်ရဲ့လူတွေကလွဲလို့ တခြားအသက်ရှင်ကျန်ရစ်သူ မရှိတော့ဘူး၊၊ ရထားယာဉ်တန်းကြီးတွေလည်း အကုန်ထွက်သွားကြပြီဆိုတော့ ဝမ်မိသားစု ဝှက်ထားတဲ့ ငွေကြယ်ပဲ ကျန်တော့မယ်လို့ ငါ ခန့်မှန်းထားတယ်”

All Chapters