အခန်း (၈၂၈-၈၂၉)
Vol. 48 Ch. 828-829
Chapter 828
အကာအကွယ်ချိုးဖျက်ရေးကိရိယာ ၂
“ကပ္ပတိန်လင်း…. ချူယန်နဲ့ ညလမ်းလျှောက်သူအဖွဲ့ခေါင်းဆောင်ချီတို့ကလည်း ကျုပ်တို့နဲ့ ချိတ်ဆက်ထားပြီးပြီ”
ကျိုးကျင်းက မြေပုံပေါ်ရှိ အာရုဏ်ဦးမြို့တော်ရဲ့ ပင့်ကူအိမ်သဖွယ် ရှုပ်ထွေးလှတဲ့ မြေအောက် မဟာဗျူဟာမြောက်လမ်းကြောင်းကြီးကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
“ကျုပ်တို့ အဓိကနေရာတွေကို ခွဲပြီး ရှာတာ ပိုကောင်းမယ်၊၊ အကာကွယ်ချိုးဖျက်ရေးကိရိယာနဲ့ မှိုမျှင်ကွန်ရက်ကို ချိတ်ဆက်ထားတဲ့လူကို ရှာဖို့က အချိန်လုနေရတယ်၊၊ အဲဒီလူက သာမန်လူတော့ ဖြစ်မှာမဟုတ်ဘူး၊၊ ပြီးတော့...”
သူက လင်းရှန်ကို ကြည့်လိုက်ပြီး “အာရုဏ်ဦးမြို့တော်ရဲ့ ကာကွယ်ရေးထိန်းချုပ်မှုဗဟိုချက်လည်း ပါတယ်”
လင်းရှန်က လေးနက်သော လေသံဖြင့် မေးလိုက်သည်၊၊
“အနီရောင်ကမ္ဘာက မြို့တစ်မြို့လုံးရဲ့ လက်နက်တွေကို ထိန်းချုပ်သွားပြီး အသက်ရှင်ကျန်ရစ်သူတွေနဲ့ သံမဏိအစောင့်တပ်ဖွဲ့တွေကို ပြန်ပြီးပစ်မှတ်ထားမှာကို ခင်ဗျား စိုးရိမ်နေတာလား”
“အဲဒီဖြစ်နိုင်ခြေကို ပယ်လို့မရဘူး၊ ဖက်ဒရေးရှင်းကောင်စီလည်း ပျက်သွားပြီဆိုတော့ Aiရဲ့ အဓိကထိန်းချုပ်မှုကို ဘယ်သူကိုင်ထားမှန်း ငါတို့ မသေချာဘူး၊၊ ငါတို့ ဖီးနစ်က အာရုဏ်ဦးမြို့တော်ကို လွှဲပြောင်းယူဖို့ဆိုရင် အဲဒီထိန်းချုပ်မှုကို သေချာပေါက်ရအောင်ယူရမယ်”
“ဒါဆိုရင် မြန်မြန်လှုပ်ရှားကြတာပေါ့”
လင်းရှန်က အဖွဲ့ကို ချက်ချင်းပဲ လူစုခွဲလိုက်သည်။ နန်ကျင်း၊ ချီလီ၊ မိုနီကာနဲ့ မီးတောက်တို့သည် ကျန်းယွမ်နဲ့အတူ ထွက်ခွာသွားကြသည်။
တစ်ဖက်မှာလည်း လင်းရှန်က ကီကီ၊ ရှီဇီနဲ့ ကျိုးကျင်းရဲ့ အထူးအဖွဲ့ကို ဦးဆောင်ပြီး စွန့်ပစ်ထားတဲ့ အဆောက်အအုံတစ်ခုရဲ့ မြေအောက်ကားပါကင်ကနေ ထွက်ခွာလာသည်။ သူက ဆောက်လုပ်ရေး ဒရုန်းအစင်းပေါင်းများစွာကို လွှတ်တင်ပြီး သတ်မှတ်ထားတဲ့ နေရာတွေမှာ မြေပြင်ကို ဖြတ်တောက်စေကာ မီတာအတော်ကြာ နက်တဲ့ လမ်းကြောင်းတစ်ခုကို ဖန်တီးလိုက်လေ၏။ မကြာမီမှာပဲ သူတို့က ကြီးမားတဲ့ မြေအောက်အဆောက်အအုံတစ်ခုရဲ့ ခိုင်ခံ့တဲ့ ကွန်ကရစ်အမိုးခုံးဆီကို ရောက်ရှိသွားခဲ့သည်။ လင်းရှန်က ဒရုန်းများကို ထိန်းချုပ်ပြီး လမ်းကြောင်းတစ်ခုကို ထပ်မံဖြတ်တောက်လိုက်ရာ အောက်ဘက်မှာ မှောင်အတိကျနေတဲ့ ဟင်းလင်းပြင်ကြီးနဲ့အတူ စစ်ဘက်သုံး ဥမင်လိုဏ်ခေါင်းကြီးတစ်ခု ပေါ်လာသည်။
“ဝိုး… နင့်ရဲ့ ယန္တရားစွမ်းအားက ထိုးဖောက်ဝင်ရောက်တဲ့ မစ်ရှင်တွေအတွက် တကယ့်ကို အားကိုးရတာပဲ”
ကျိုးကျင်း၏ အထူးအဖွဲ့ဝင်များက အံ့အားသင့်ကာ ရပ်ကြည့်နေကြပြီး ကင်းထောက် ရှောင်ယန်ကလည်း မချီးကျူးပဲ မနေနိုင်တော့ပေ၊၊
“ကာကွယ်ရေးတံခါးတွေ ဒါမှမဟုတ် အထူးကိရိယာတွေက မင်းအတွက် ဘာမှမဟုတ်ဘူးလား” သတင်းအချက်အလက် ကျွမ်းကျင်သူ လီစူးက မေးလိုက်သည်။
“စကားမများကြနဲ့တော့”
ကျိုးကျင်းက လေသံမာမာဖြင့် ပြောလိုက်သောကြောင့် အဖွဲ့သားများလည်း သူတို့ရဲ့ သိချင်စိတ်ကို ထိန်းလိုက်ကြရသည်။
“အောက်မှာ စောင့်ကြည့်ရေးကိရိယာတွေနဲ့ စစ်ဆေးရေးကိရိယာတွေ အတော်များများ ရှိတယ်၊၊ ဒါပေမဲ့ ကျုပ်အကုန်လုံးကို ရှင်းလင်းထားပြီးပြီ”
လင်းရှန်က ကင်းထောက်ရန် ဒရုန်းများကို လွှတ်တင်မယ်အပြုတွင် မြေအောက်လမ်းကြောင်းအတွင်းကနေ လေထုကို ဖြတ်သန်းသွားတဲ့ အရှိန်ပြင်းတဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။ မြန်နှုန်းမြင့် သံလိုက်သယ်ယူပို့ဆောင်ရေးယာဉ်တစ်စီး ဖြတ်ပြေးသွားသလိုမျိုး မီးရောင်များ ခဏတာ လက်ခနဲ ဖြစ်သွားပြီးနောက် အပေါက်ထဲကနေ လေတိုးသံကြီး ထွက်ပေါ်လာသည်။
“သတိထားကြ၊၊ အောက်မှာ မြန်နှုန်းမြင့် သယ်ယူပို့ဆောင်ရေးကွန်ရက်ရှိတယ်”
ကျိုးကျင်းက ရှင်းပြလိုက်သည်၊၊
“ဒါက ဒုံးကျည်တွေ၊ အာကာသအခြေစိုက်လက်နက်တွေနဲ့ မဟာဗျူဟာမြောက်ပစ္စည်းတွေကို မြေအောက်ကနေ သယ်ယူနိုင်တဲ့ ထိပ်တန်းအဆင့် အဆောက်အအုံပဲ၊၊ အခု ကျုပ်တို့ မြင်နေရတာက အပေါ်ယံလွှာလေးပဲ ရှိသေးတယ်”
“သယ်ယူပို့ဆောင်ရေးကိရိယာတစ်ခု အခုလေးတင် ဖြတ်သွားတယ်ဆိုတော့ ဖက်ဒရေးရှင်းက လည်ပတ်မှုတွေကို ဆက်ပြီး ထိန်းချုပ်နေတုန်းပဲ ထင်တယ်”
လင်းရှန်က အလင်းရောင်နဲ့ ကင်းထောက်ရန်အတွက် ဒရုန်းတွေကို စေလွှတ်လိုက်ရင်း လှေကားတစ်ခုကို စတင်ထုတ်လုပ်လိုက်သည်။ ထို့နောက် ရှီဇီကို မေးလိုက်သည်။
“ထူးခြားတာတစ်ခုခု သတိထားမိလား”
ရှီဇီက ခေါင်းခါပြသည်။
“ကောင်းပြီ”
လင်းရှန်က တူးဖော်ထားတဲ့ လမ်းကြောင်းထဲကို လှေကားကနေတစ်ဆင့် ချက်ချင်း ဆင်းသွားပြီး ခုန်ချလိုက်လေသည်။
ချက်ချင်းဆိုသလို သူက အေးစက်ခြောက်သွေ့တဲ့ လေပြေတစ်ခုကို ခံစားလိုက်ရသည်။ မီးရောင်တွေ လင်းထိန်လာတာနဲ့အမျှ ကြီးမားပြီး ပိတ်ဆို့ထားတဲ့ ဥမင်လိုဏ်ခေါင်းကြီး ပေါ်လာသည်။ သတ္တုတည်ဆောက်ပုံတွေ၊ မြေပြင်ပေါ်က အထူးပြုလုပ်ထားတဲ့ သံလိုက်ချိတ်ဆက်လမ်းကြောင်းနှစ်ခု၊ မျက်နှာကြက်မှ အဆင့်မြင့် လေဝင်လေထွက်စနစ်နဲ့ နံရံတွေပေါ်မှာ ရှုပ်ထွေးနေတဲ့ ပိုက်လိုင်းများစွာကို တွေ့ရသည်။ ထို့အပြင် ၎င်းအဆောက်အအုံကို အလိုအလျောက်မီးသတ်စနစ်များလည်း တပ်ဆင်ထားသည်။
“ဒီကနေ အနီးဆုံးကတော့ စစ်ဖြစ်တဲ့အခါ လူနှစ်ထောင်လောက်ဆံ့တဲ့ မြေအောက်အခြေစိုက်စခန်းတစ်ခုပဲ၊၊ အဲဒါက ဗဟိုစနစ်အဖြစ် အလုပ်လုပ်တယ်”
လင်းရှန်က အချိန်ကို စစ်ဆေးရင်း ပြောလိုက်သည်။
“ခေါင်းဆောင်ကျိုး၊၊ အဲဒီနေရာကို ခင်ဗျားတို့ ကိုင်တွယ်လိုက်ပါ၊၊ ကျုပ်ကတော့ ကြယ်မြို့တော်ရဲ့ အတွင်းဆိပ်ကမ်းဆီ တိုက်ရိုက်သွားမယ်၊၊ ဒီစောင့်ကြည့်ရေးစနစ်တွေကို ကိုင်တွယ်ရတာက ကျုပ်အတွက် လွယ်ပါတယ်”
ကျိုးကျင်းက ခေါင်းညိတ်ပြီး လင်းရှန်နဲ့ အချိန်တိုက်လိုက်သည်။
“ကောင်းပြီ၊ ချူယန်ရဲ့အဖွဲ့က အမွှာကြယ်မျှော်စင်မှာ ရှိနေတယ်၊၊ နောက်မှ မင်းနဲ့ လာဆုံလိမ့်မယ်၊၊ ငါတို့ မြေအောက်ဗဟိုစနစ်ကို ထိုးဖောက်နိုင်ပြီဆိုတာနဲ့ သဲလွန်စတချို့ ရနိုင်တယ်၊၊ အဆက်အသွယ်မပြတ်စေနဲ့”
ထို့နောက် ကျိုးကျင်းက အထူးအဖွဲ့ကို ဦးဆောင်ပြီး ဘေးလမ်းကြောင်းကနေတစ်ဆင့် တည်နေရာ (A) မှာ ရှိသည့် အခြေစိုက်စခန်းဆီကို ထွက်ခွာသွားသည်။
မြေအောက်ကွန်ရက်တစ်ခုလုံးတွင် ယခုလို အဆောက်အအုံမျိုး ဆယ်ခုနီးပါး ရှိသည်။ ဝမ်ဟွေ့နဲ့ ကျိုးမင်ယွမ်တို့ဆီက သဲလွန်စတွေ ပျောက်ဆုံးသွားပြီ ဖြစ်သောကြောင့် ဒီမြေအောက်အဆောက်အအုံသည် ရှေ့ပြေးစီမံကိန်းနဲ့ အနီရောင်ကမ္ဘာတို့ ပူးပေါင်းဆောင်ရွက်သည့်နေရာ ဖြစ်နိုင်ခြေ များလေသည်။ တစ်ချိန်တည်းမှာပဲ ၎င်းသည် လင်းရှန်တို့အတွက် မြို့တွင်းပိုင်းကို တိုက်ရိုက်သွားနိုင်တဲ့ လမ်းကြောင်းလည်းဖြစ်သည်၊၊ လောလောဆယ်မှာ လင်းရှန်၊ ကျိုးကျင်း၊ ချူယန်နဲ့ ချီနိုတို့က လူခွဲသွားကြရမည် ဖြစ်ပြီး မြေအောက်သတင်းအချက်အလက်ကွန်ရက်ကို ထိုးဖောက်တာ ဒါမှမဟုတ် ရှာဖွေတာတွေ ပြုလုပ်ကာ နောက်ဆုံးမှာ ကြယ်ဆိပ်ကမ်းနဲ့ နံပါတ် ၁ မြေအောက်မြို့တော်မှာ ပြန်လည်ဆုံတွေ့ကြမည်ဖြစ်သည်၊၊
ကျိုးကျင်း၏အဖွဲ့ ထွက်ခွာသွားပြီးနောက် လင်းရှန်က ကီကီ၊ ရှီဇီတို့နဲ့အတူ လမ်းကြောင်းရဲ့ အကွယ်ထောင့်တစ်ခုကို ရောက်ရှိသွားသည်။
“သယ်ယူပို့ဆောင်ရေးယာဉ်ကို ကြားဖြတ်ဖမ်းဖို့ စဉ်းစားနေတာလား”
ကီကီက မေးလိုက်သည်၊၊
“အလကားလိုက်စီးမလို့လေ” လင်းရှန်က လမ်းကြောင်းတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
“ဒီလမ်းက အတွင်းဆိပ်ကမ်းကို သွားတာ၊ လမ်းမှာ လမ်းဆုံသုံးခု ရှိတယ်၊၊ ငါတို့ ကံကောင်းရင် ကြယ်ဆိပ်ကမ်းဆီ တိုက်ရိုက်ရောက်နိုင်တယ်”
ကီကီက ခေါင်းညိတ်လိုက်သည်၊၊
“ကျွန်မကို ပျံပြီး ခေါ်သွားခိုင်းမလားလို့ ထင်နေတာ”
“အဲဒါက မလုံခြုံဘူး” လင်းရှန်က မှတ်ချက်ပေးလိုက်သည်။
“စောင့်ကြည့်ရေး ကင်မရာတိုင်းကို ငါ ရပ်ထားလို့ မရဘူး၊၊ နောက်ထပ် ရထားတစ်စင်းလာတဲ့အခါ မင်းက ရှီဇီနဲ့ ငါ့ကိုပါ တစ်ခါတည်း ခေါ်သွားပေးလိုက်ရုံပဲ”
ထို့နောက် လင်းရှန် လက်ကိုမြှောက်လိုက်ရာ ကြယ်နက်ပန်းပဲဖိုအာကာသထဲမှ အစောင့်တပ်ဖွဲ့ဝင်များ အသုံးပြုသည့် ဖက်ဒရေးရှင်းစံနှုန်းမီ စစ်ဆင်ရေးသုံး စွမ်းအားဝတ်စုံ သုံးခုထွက်ပေါ်လာသည်။
“ဒါတွေကို ဝတ်ထားလိုက်ကြ၊၊ ပထမအချက်က ငါတို့ခြေရာလက်ရာကို ဖျောက်ဖို့ဖြစ်ပြီး ဒုတိယအချက်ကတော့ ဒဏ်ရာမရအောင်လို့ပဲ”
“အိုကေ”
လင်းရှန်က အရာရာကို ကြိုတင်စဉ်းစားထားမှန်း ကီကီ နားလည်ထားရာ သူမနှင့် ရှီဇီတို့သည် စွမ်းအားဝတ်စုံများကို ချက်ချင်း ဝတ်ဆင်လိုက်ကြသည်။ ဝတ်စုံသုံးစုံစလုံးသည် အမျိုးသားဒီဇိုင်းများ ဖြစ်သောကြောင့် ကီကီနှင့် ရှီဇီတို့အတွက် အနည်းငယ်ကြီးနေသော်လည်း ကံကောင်းသည်မှာ ဝတ်စုံအတွင်း၌ ခန္ဓာကိုယ်နှင့်အညီ ချိန်ညှိနိုင်သည့် အလွှာများပါရှိသဖြင့် အပြင်ကကြည့်လျှင် သတိမထားမိနိုင်လောက်အောင် ပြုပြင်လိုက်နိုင်သည်။
ဝူး။
ထိုစဉ် ဝေးကွာသောလမ်းကြောင်း၏ အမှောင်ထုအတွင်းမှ စူးရှသော အသံတစ်သံ ထွက်ပေါ်လာသည်။ ကီကီသည် သူမ၏ စိတ်စွမ်းအင်ကို အသုံးပြု၍ သူတို့သုံးယောက်ကို မြှောက်လိုက်ပြီး အရှိန်မြှင့်ရန်အတွက် ဥမင်နံရံဘေးသို့ ကပ်လိုက်သည်။
မကြာမီတွင် တောက်ပသော အလင်းရောင်တစ်ခု သူတို့ထံ ပြေးဝင်လာသည်။ ကီကီက အံကြိတ်ကာ ရုတ်တရက် အားစိုက်လိုက်ပြီး သံလိုက်သယ်ယူပို့ဆောင်ရေးယာဉ်၏ ဘေးဘောင်တွင် သူတို့သုံးယောက်စလုံးကို ကပ်လိုက်နိုင်ခဲ့သည်။ ၎င်းမှာ လူ သို့မဟုတ် ကုန်ပစ္စည်းများ တင်ဆောင်ထားခြင်းမရှိဘဲ ဥမင်အတွင်း အရှိန်အဟုန်ဖြင့် ပြေးဆွဲနေသည့် အလိုအလျောက် သယ်ယူပို့ဆောင်ရေး ရထားတွဲတစ်တွဲ ဖြစ်နေမှန်း လင်းရှန် ချက်ချင်း သတိထားမိလိုက်သည်။
ရထားတွဲပေါ် ရောက်သည်နှင့် ကီကီသည် စွမ်းအားဝတ်စုံအတွင်းရှိ မြေပုံကို ဖွင့်လိုက်ရာ ထိုယာဉ်မှာ လမ်းကြောင်းမပြောင်းဘဲ မြို့တွင်းပိုင်းဆီသို့ တိုက်ရိုက်ဦးတည်နေမှန်း သိလိုက်ရသည်။
“ကုန်စည်လည်း မပါဘူး၊၊ အတွင်းထဲက ပစ္စည်းတွေကို အပြင်ကို သယ်ပေးနေတာများလား”
“ဖြစ်နိုင်တယ်” လင်းရှန်က မှတ်ချက်ပေးသည်။
“နံပါတ် ၁ မြို့ရိုးက အခု ခုခံစစ်အတွက် ပြင်ဆင်နေတာဆိုတော့ ဒါဟာ လက်နက်နဲ့ ခဲယမ်းမီးကျောက် ထောက်ပံ့ရေးလိုင်းဖြစ်နိုင်တယ်၊၊ ဒါပေမဲ့ တခြား ဖြစ်နိုင်ခြေတွေကိုလည်း ပယ်လို့မရဘူး...”
“ဒီအောက်က လေထုက... အမှောင်အော်ရာတွေ အရမ်းများနေသလိုပဲ”
စကားနည်းသော ရှီဇီက ရုတ်တရက် ပြောလိုက်သည်။
“အပြင်ကထက် အများကြီး ပိုထူထပ်နေတယ်”
“အမှောင်ကျုးကျော်မှုကြောင့်လား”
လင်းရှန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ကျွန်မလည်း သေချာတော့ မသိဘူး၊ ဒါပေမဲ့ တခြားဥမင်တွေနဲ့ အမှောင်ဇုန်တွေထက်စာရင် ဒီမှာက ပိုသိသာနေတယ်”
လင်းရှန်သည် အမှောင်ကျနေသော လမ်းကြောင်းကို မော့ကြည့်လိုက်သည်။ ကျိုးကျင်းပေးထားသည့် မြေအောက်စီမံကိန်းမြေပုံအရ ဤမြေအောက်ကွန်ရက်သည် ချီလျန်တောင်တန်းနှင့် ငြိမ်းချမ်းရေးမြို့တော်ဘက်အထိ ရှည်လျားပြီး အချို့နေရာများသည် မြို့အချင်းချင်း ဆက်သွယ်ထားသည့် မြေအောက်လမ်းကြောင်းများနှင့် ချိတ်ဆက်ထားသည်။ သို့သော် ပုံမှန်အားဖြင့် ထိုနေရာများကို ပိတ်ဆို့ထားလေ့ရှိသည်။ ယခုအခါ အာရုဏ်ဦးမြို့တော်၏ မြေအောက်ရထားလမ်းကွန်ရက်များကို ပိတ်ထားသည့်တိုင်အောင် ဤမျှ ပြင်းထန်သော အမှောင်အော်ရာများသည် မည်သည့်နေရာမှ စီးဆင်းလာသနည်း။
Chapter 829
အကာအကွယ်ချိုးဖျက်ရေးကိရိယာ ၃
မိနစ်အနည်းငယ် ကြာပြီးနောက် သံလိုက်ရထားက အရှိန်လျော့သွားပုံရသည်။ ဥမင်အတွင်း၌ မီးရောင်အချို့ ပေါ်လာသည်ကို လင်းရှန် မြင်လိုက်ရပြီး မြေပုံအရ သူတို့ မြို့တွင်းပိုင်းသို့ ရောက်ရှိလာပြီဖြစ်သည်။
မြို့တွင်းဧရိယာသို့ ရောက်ပြီဖြစ်ကြောင်း သိလိုက်သဖြင့် လင်းရှန်သည် သူနှင့် ရှီဇီကို ရထားပေါ်မှ ဆင်းနိုင်ရန် ကူညီပေးဖို့ ကီကီကို ညွှန်ကြားလိုက်သည်။ ထို့နောက် သူတို့သည် လူသွားလမ်းအတိုင်း လျှောက်လာကာ ယန္တရားသုံး ကုန်တင်ပလက်ဖောင်းတစ်ခုအတွင်းသို့ ဝင်လိုက်ကြသည်။
ချက်ချင်းပင် အလွန်လျှို့ဝှက်သော သိုလှောင်ရုံကြီးတစ်ခု သူတို့ရှေ့၌ ပေါ်လာခဲ့သည်။ ဒရုန်းများနှင့် ယန္တရားလက်တံမြောက်မြားစွာသည် ခဲယမ်းသေတ္တာများကို သယ်ယူပို့ဆောင်ရေး ရထားတွဲများပေါ်သို့ တင်ပေးနေကြသည်။ လက်နက်မျိုးစုံနှင့် ဒုံးကျည်ကြီးများကိုပင် မတင်နေကြသည်။
ပလက်ဖောင်းပေါ်တွင် အစောင့်စစ်သား အယောက် ၂၀ ခန့် ကင်းလှည့်နေကြပြီး အားလုံးမှာ လင်းရှန်တို့အဖွဲ့ ဝတ်ထားသည့်အတိုင်း စံနှုန်းမီ စစ်ဆင်ရေးသုံး စွမ်းအားဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
၎င်းမှာ တိတ်ဆိတ်မြို့တော်သို့ ကျိုးမင်ယွမ်နှင့် ဝမ်တုံတို့က ရှင်းဂျီထံလာခဲ့စဉ်က လင်းရှန် စကင်ဖတ်ထားခဲ့သည့် ဝတ်စုံဒီဇိုင်းပင် ဖြစ်သည်။ လူသစ်စုဆောင်းပွဲတွင် မြေအောက်လမ်းကြောင်းကို ရှာဖွေတွေ့ရှိပြီးကတည်းက လင်းရှန်သည် ထိုးဖောက်ဝင်ရောက်ရန် ရည်ရွယ်ချက်ဖြင့် ဤစွမ်းအားဝတ်စုံများကို စတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ၎င်းမှာ လင်းရှန်၏ ပထမဆုံးသော ထိုးဖောက်ဝင်ရောက်ရေး မစ်ရှင်ဖြစ်သည်။ လက်နက်အပြည့်အစုံဖြင့် စစ်သားများနှင့် ရင်ဆိုင်ရသည့်အခါ သူ အနည်းငယ် စိတ်လှုပ်ရှားနေသည်။ လင်းရှန်က ရောနှောဝင်ရောက်ရန် အခွင့်အရေးကို စောင့်နေစဉ် ကီကီက သူ့ကို ရုတ်တရက် တားလိုက်သည်။
“အစောင့်တပ်ရဲ့ စွမ်းအားဝတ်စုံမှာ မှတ်ပုံတင်စနစ်ပါတယ်၊၊ ခဏစောင့်ဦး”
လင်းရှန် အံ့အားသင့်သွားသည်။ သူ ဤအချက်ကို ထည့်မစဉ်းစားမိခဲ့ပေ။
ကီကီသည် လက်ကိုင် terminal တစ်ခုဖြင့် အလျင်အမြန် အလုပ်လုပ်နေသည်။ သူမသည် ပလက်ဖောင်းပေါ်ရှိ အစောင့်များ၏ အချက်ပြပုံစံများနှင့် ကိုက်ညီသော အရောင်ပြကုဒ်များကို သူတို့ဝတ်စုံများထဲသို့ အမြန်မှတ်ပုံတင်လိုက်ပြီးမှ သက်ပြင်းချလိုက်နိုင်သည်။
“အားလုံး အဆင်ပြေသွားပြီ”
“သေချာရဲ့လား”
“သေချာပါတယ်”
ကီကီက လေးနက်စွာ ပြောသည်။
“ရှင် စိတ်ပူနေရင် သူတို့အားလုံးကို မေ့လဲသွားအောင် ကျွန်မ လုပ်လိုက်လို့ ရတယ်”
“ဒီအယောက် ၂၀ ကို ရှင်းလိုက်လို့ရပေမဲ့ အပေါ်က သောင်းနဲ့ချီတဲ့ စစ်သားတွေကို ဘယ်လိုလုပ်မလဲ”
လင်းရှန်က အနည်းငယ် ဆွံ့အလျက် ပြန်ပြောလိုက်သည်။ ထို့နောက် သူသည် ကျောကိုဆန့်ကာ အစောင့်များကဲ့သို့ပင် လျှပ်စစ်ခြေလျင်တိုက်ခိုက်ရေး သေနတ်ကို စောင်းကိုင်လျက် ကီကီနှင့် ရှီဇီကို ပြောလိုက်သည်။
“ငါ့နားက မခွာနဲ့”
“ဟုတ်ကဲ့”
နှစ်ယောက်စလုံးက တစ်ပြိုင်နက် တုံ့ပြန်လိုက်ကြသည်။
လင်းရှန်သည် အသက်ကို ပြင်းပြင်းရှုကာ ကင်းလှည့်အဖွဲ့တစ်ဖွဲ့နှင့်အတူ အမှောင်ထဲမှ ထွက်လာခဲ့သည်။ သူ၏နောက်မှ စိုးရိမ်တကြီး လိုက်လာသော ရှီဇီကို လင်းရှန်က နောက်လှည့်ကြည့်ကာ ခြေလှမ်းကျဲကျဲလှမ်းရန် သတိပေးလိုက်သည်။
“ဟင်... ဟုတ်ကဲ့... ရပါတယ်...”
ရှီဇီမှာ အရပ်အမောင်းသေးသွယ်သူဖြစ်ရာ အမျိုးသားဒီဇိုင်း စွမ်းအားဝတ်စုံနှင့် အနည်းငယ် ကသိကအောက်ဖြစ်နေသည်။ သူမသည် ခြေလှမ်းကျဲကျဲလှမ်းရန် ကြိုးစားလိုက်လျှင် သိသိသာသာထူးဆန်းနေသည်။
သို့သော် လင်းရှန်တို့ သုံးယောက် ပေါ်ထွက်လာသော်လည်း အခြားကင်းစောင့်များမှာ တစ်စုံတစ်ရာ ထူးခြားမှုကို သတိထားမိပုံမပေါ်ပေ။ ၎င်းမှာ ကီကီ၏ မှတ်ပုံတင်စနစ်ကြောင့်လား သို့မဟုတ် စခန်းအတွင်း ဖရိုဖရဲဖြစ်နေမှုကြောင့်လားပင်။
လမ်းတစ်လျှောက်တွင် စစ်သားများမှာ သူတို့သုံးယောက်ဘေးမှ အဆက်မပြတ် ပြေးလွှားသွားနေကြပြီး လူတိုင်း အလုပ်ရှုပ်နေကြကာ စကားပြောသံပင် မကြားရချေ။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပြင်းထန်သော ဖိအားများ ပြည့်နှက်နေသည်။
သူတို့သုံးယောက်သည် ဓာတ်လှေကားစီးကာ ကြယ်ဆိပ်ကမ်းအထိ တက်လာခဲ့ကြသည်။ လမ်းခရီးတစ်လျှောက် မည်သူမျှ သတိမထားမိသော်လည်း ကြယ်ဆိပ်ကမ်း၏ အပေါ်ထပ်များသို့ ရောက်လာသည့်အခါ လူဦးရေ သိသိသာသာနည်းပါးသွားသည်။ သို့သော် အာရုဏ်ဦးမြို့တော် ကြယ်ဆိပ်ကမ်း လမ်းကြောင်း၏ အဝင်ဝတွင်မူ အစောင့်တပ်ဖွဲ့မှ သံချပ်ကာတပ်စုတစ်ခုလုံး အစောင့်ကျနေပြီး မည်သူမျှ အဝင်မခံကြောင်း ပြသနေသည်။
“ဒီလောက်တောင် များတာလား” ကီကီက အံ့သြတကြီး ရေရွတ်လိုက်သည်။
“သူတို့တွေက ရှေတန်းစီမံကိန်းအတွက် အစောင့်တွေပဲ၊၊ လွှတ်တင်ဖို့ အချိန်နီးနေပြီဆိုတော့ ကြယ်ဆိပ်ကမ်းက အမြင့်ဆုံးကာကွယ်ရေး အခြေအနေမှာ ရှိနေမှာပဲ”
လင်းရှန်က ရှင်းပြလိုက်သည်။
“ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ...”
လင်းရှန်သည် သူ၏ ယန္တရားစွမ်းအားကို အသုံးပြု၍ အပေါ်ရှိ စောင့်ကြည့်ရေးကင်မရာတစ်ခုကို ဘေးသို့ ဖယ်လိုက်သည်။ ထို့နောက် ဘေးတွင်ရပ်ကာ သင်္ဘောသုံးပစ္စည်းအချို့ တင်ဆောင်ထားသည့် ယန္တရားသယ်ယူပို့ဆောင်ရေး ကိရိယာတစ်ခုကို ဝန်းရံလာသော စစ်သားတစ်စုကို အဝေးမှ အကဲခတ်နေလိုက်သည်။ အကြံကောင်းတစ်ခု ရသွားသဖြင့် သူသည် ကီကီကို စိတ်စွမ်းအင်သုံး၍ ထိုအဖွဲ့အား မေ့လဲသွားအောင်လုပ်ကာ သိုလှောင်ခန်းတစ်ခုထဲတွင် ဝှက်ထားရန် ညွှန်ကြားလိုက်သည်။ ထို့နောက် သူတို့သုံးယောက်သည် ထိုသူများ၏ ဝတ်စုံကုဒ်များကို ကူးယူကာ ပစ္စည်းသယ်ယူသူများအဖြစ် ဟန်ဆောင်ပြီး ယန္တရားသယ်ယူပို့ဆောင်ရေးကိရိယာကို လမ်းကြောင်းတစ်လျှောက် တွန်းယူလာခဲ့ကြလေသည်။
“ရပ်စမ်း”
သူတို့ ကြယ်ဆိပ်ကမ်းလမ်းကြောင်းအနီးသို့ ရောက်ရှိရန် နီးကပ်လာစဉ်မှာပင် ရှေ့က အစောင့်စစ်သားတစ်ဦးက လက်မြှောက်၍ တားဆီးလိုက်လေသည်။ လင်းရှန်နှင့် ကီကီတို့သည် ချက်ချင်း ခြေလှမ်းတန့်သွားကြသော်လည်း စိတ်လှုပ်ရှားနေသော ရှီဇီသည် အရှိန်မသတ်နိုင်ဘဲ တစ်လှမ်းပို၍ လှမ်းမိသွားရာ လင်းရှန်ကို ဝင်တိုက်မိမလိုပင် ဖြစ်သွားခဲ့ရသည်။
မထင်မှတ်ထားသည်မှာ အဆိုပါစစ်သား၏ အာရုံသည် သူတို့ထံ၌ ရှိမနေဘဲ နောက်ဘက်သို့ ရွှေ့လျားသွားကာ စစ်ဆေးရေးကိရိယာတစ်ခုဖြင့် ၎င်းတို့သယ်ဆောင်လာသော ပစ္စည်းကို စကင်ဖတ်လိုက်ခြင်းပင် ဖြစ်သည်။ ထို့နောက်မှသာ သူတို့သုံးဦးကို လက်ဝေ့ယမ်းပြလေသည်။
“သွားလို့ရပြီ”
ဟူး~
ထိုအခါမှသာ ကီကီနှင့် ရှီဇီတို့လည်း သက်ပြင်းချနိုင်ကြတော့သည်။ ၎င်းတို့သုံးဦးသည် လမ်းကြောင်းကို အဆင်ပြေပြေ ဖြတ်ကျော်လာနိုင်ခဲ့ပြီ ဖြစ်သည်။
“သူတို့က ဘာကို စစ်နေတာလဲ၊၊ ကိုယ့်ပစ္စည်းကိုယ်ပြန်စစ်နေတာလား”
“ခွင့်ပြုချက်မရှိဘဲ ခိုးသွင်းလာတဲ့ ကိရိယာတွေ ရှိမရှိ စစ်နေတာ ဖြစ်မယ်၊၊ ဥပမာ- သူလျှိုဒရုန်းတွေ၊ အသံဖမ်းကိရိယာတွေ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ”
လင်းရှန်က ပြောသည်၊၊
“အခု ဖက်ဒရေးရှင်းကောင်စီက ပျက်သွားပြီဆိုတော့ အတွင်းပိုင်းပဋိပက္ခတွေက တိုက်ရိုက်ပေါက်ကွဲထွက်လာတော့မှာလေ…. အဲဒီတော့ ဒီလိုမျိုးသတိထားတာက ပုံမှန်ပါပဲ”
လင်းရှန်တို့အဖွဲ့သည် ကြယ်သင်္ဘော ကူးတို့တံတားလမ်းကြောင်းတစ်ခုမှ ထွက်လာသည့်အခါ၌ အလွန်ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခုသည် ၎င်းတို့မျက်စိရှေ့မှောက်၌ ပေါ်ထွက်လာသည်။
ညနေခင်းအချိန်ဖြစ်ခြင်းကြောင့် အာရုဏ်ဦးမြို့တော်၏ အုံ့မှိုင်းနေသော မိုးတိမ်များသည် ထိုအချိန်၌ ခဏတာ ကင်းစင်သွားပုံရလေသည်။ နေဝင်ချိန်အလှတရားသည် ကြီးမားလှသော ကြယ်ဆိပ်ကမ်းကြီးကို လွှမ်းခြုံထားသည်။ A-17 တံတားလမ်းကြောင်းမှ ထွက်လာသည့်အခါ၌ တန်ချိန်သုံးသိန်းရှိသော Constant Starအဆင့် စူးစမ်းလေ့လာရေး ကြယ်သင်္ဘောကြီးတစ်စင်းကို တွေ့ရှိလိုက်ရသည်။ အဆိုပါသင်္ဘောကြီးသည် ကြယ်ဆိပ်ကမ်း၏ စူပါကွန်ဒတ်တာ ဆိုင်းငံ့ကွင်းပြင်၌ ကျောက်ချထားပြီး ယန္တရားလက်တံများနှင့် ချိတ်ဆက်ကာ လိုအပ်သော လောင်စာများ၊ ရေအရင်းအမြစ်များနှင့် အအေးခံရည်များကို သင်္ဘောအခန်းများအတွင်းသို့ ထည့်သွင်းနေလေသည်။
ကုန်တင်စနစ်ကြီးများသည် အဝါရောင်အဆင့် စံနှုန်းမီကုန်သေတ္တာများကို သယ်ယူပို့ဆောင်ပေးနေပြီး အလိုအလျောက် ယန္တရားလက်တံများက သင်္ဘောအတွင်းသို့ မတင်ပေးနေကြသည်။ သင်္ဘောပေါ်ရှိ လက်နက်ပလက်ဖောင်း၌ ဂမ်မာရောင်ခြည် လေဆာများသည် အဆက်မပြတ် လည်ပတ်ချိန်ညှိနေပြီး ကုန်တင်ယာဉ်ငယ်တစ်ခုကမူ နောက်ဆုံးအသုတ် ဂေဟစနစ် မော်ဂျူးများကို သင်္ဘောဝမ်းဗိုက်ထဲသို့ မတင်ပေးနေပေသည်။ အဖြူရောင် ကြယ်သင်္ဘောကြီး၏ ကိုယ်ထည်ပေါ်၌မူ အထူးကုဒ်နံပါတ်တစ်ခုကို ရေးထိုးထားသည်-
[CN-243-Natural Selection]
၎င်းမှာ ကြယ်ဆိပ်ကမ်း၌ ရှိနေသော သင်္ဘောအများအပြားထဲမှ တစ်စင်းသာ…။ ဆိပ်ကမ်းတစ်ခုလုံး၌ ကြယ်သင်္ဘော စုစုပေါင်း ခုနစ်စင်း ရှိနေပြီး ခြောက်စင်းမှာ တန်ချိန် သုံးသိန်းရှိသော Constant Star အဆင့်များ ဖြစ်ကြသည်။ အရှေ့ဆုံး၌မူ တန်ချိန် ငါးသိန်းရှိသော မိုးကုတ်စက်ဝိုင်းလွန်အဆင့် သင်္ဘောကြီးတစ်စင်း ရှိနေလေသည်။
“Natural Selection သင်္ဘောက နောက်ဆုံးကုန်ပစ္စည်းတွေကို တင်နေတဲ့ တစ်စင်းတည်းသော သင်္ဘောဖြစ်ပုံရတယ်...”
ကီကီသည် ကြီးကျယ်ခမ်းနားလှသော သင်္ဘောအုပ်စုကြီးကို ကြည့်ရှုရင်း မအံ့ဩဘဲ မနေနိုင်တော့ချေ။
“အဓိကသင်္ဘောကတော့ ဟို မိုးကုတ်စက်ဝိုင်းလွန်အဆင့်သင်္ဘောဖြစ်မှာပဲ”
လင်းရှန်က ဝင်လုဆဲဆဲ နေလုံးကြီးကို ကြည့်ရှုကာ အဆိုပါသင်္ဘောကြီးထံသို့ အမြန်လျှောက်လှမ်းသွားသည်။
ကြယ်ဆိပ်ကမ်း ကွင်းပြင်ကြီးသည် အလွန်ကျယ်ဝန်းလှသည်။ ၎င်းတို့ တံတားလမ်းကြောင်းမှ ဆင်းလာသည့်အခါ၌ အနီးရှိ ပလက်ဖောင်းတစ်ခုပေါ်တွင် လူပေါင်းထောင်နှင့်ချီသော စစ်ကြောင်းကြီးတစ်ခု ပေါ်လာလေသည်။ အားလုံးသည် တူညီသော ကြယ်တာရာအဆင့်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ၎င်းတို့မှာ လူငယ်များဖြစ်ကြောင်း သိသာလှပြီး မည်သူမျှ အသက် ၃၅ နှစ်ထက် ပိုပုံမရချေ။ ၎င်းတို့ ရပ်နေကြသော မျက်နှာပေါ်၌ ပြတ်သားသော အမူအရာများ ရှိနေသော်လည်း တင်းမာမှုနှင့် ကြောက်ရွံ့မှုကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိကြပေ။ သို့သော် အရှေ့ဆုံး၌ ရပ်နေသော အမျိုးသားမှာမူ ဓားတစ်လက်ကဲ့သို့ ရှည်လျားထက်မြက်သော ပုံသဏ္ဌာန်မျိုး ရှိနေလေသည်။
ထိုလူသည် ထွက်ခွာခါနီး မိန့်ခွန်းတစ်ခုကို ပြောကြားနေပုံရသည်။
“ဒီအချိန်ကစပြီး Natural Selection သင်္ဘောဟာ ငါတို့ရဲ့ အိမ်ဖြစ်သလို ငါတို့ရဲ့ သင်္ချိုင်းလည်း ဖြစ်တယ်...”