အခန်း (၈၃၀-၈၃၁)
Vol. 48 Ch. 830-831
Chapter 830
အကာအကွယ်ချိုးဖျက်ရေးကိရိယာ ၄
လင်းရှန်သည် ကီကီတို့နှင့်အတူ ထိုနေရာကို အမြန်ဖြတ်ကျော်သွားလေသည်။ စစ်ဝတ်စုံဝတ်ထားသော ထိုလူသည် ၎င်းတို့အား လှည့်ပင် မကြည့်ချေ။ လင်းရှန်က ဖြတ်သွားရင်း တစ်ချက်လှမ်းကြည့်လိုက်ရာ ထိုလူ၏ ရင်ဘတ်ရှိ နာမည်ပြား၌ ‘ကျန်း’ ဟူသော အမည်ပါရှိသည်ကို တွေ့ရှိလိုက်ရသည်။
“သူတော့ မဟုတ်လောက်ဘူး၊၊ သတင်းတွေအရ ရှေ့ပြေးစီမံကိန်းရဲ့ ကပ္ပတိန်က ချူကျောက်နန်ရဲ့သား ချူကျင်းလို့ ပြောတာပဲ၊၊ ဒါက ဒီနောက်ဆုံးသင်္ဘောရဲ့ ကပ္ပတိန်ဖြစ်မယ်”
လင်းရှန်သည် စကားပြောရင်း ဝေးလံသောနေရာ၌ရှိသော ရှေ့တန်းစီမံကိန်း သင်္ဘောဆီသို့ အမြန်ဆက်သွားလိုက်သည်။ ကြယ်ဆိပ်ကမ်းပလက်ဖောင်းပေါ်သို့ ရောက်ရှိသည်အထိ သူတို့၏ လှုပ်ရှားမှုကို မည်သူမျှ သတိထားမိပုံမရချေ။
“လင်းရှန်၊၊ ဒီသင်္ဘောကြီးက... ပစ္စည်းတွေ အကုန်တင်ပြီးသွားပြီ ထင်တယ်”
အကြီးဆုံးဖြစ်သော မိုးကုတ်စက်ဝိုင်းလွန်အဆင့်သင်္ဘောကြီး၏ တံတားလမ်းကြောင်း အဝင်ဝသို့ ရောက်ရှိသည့်အခါ လင်းရှန် မော့ကြည့်လိုက်မိသည်။ ဧရာမ ကြယ်သင်္ဘောကြီးသည် ငြိမ်သက်စွာ တည်ရှိနေပြီး ချိတ်ဆက်ထားသော အခန်းများနှင့် ကုန်တင်ပေါက်များ အားလုံးကို ပိတ်ထားလေသည်။ သင်္ဘောကိုယ်ထည်ပေါ်၌မူ [ယဉ်ကျေးမှုရှေ့ဆောင်] ဟူသော စာလုံးကြီးများကို အနက်ရောင်ဆေးဖြင့် ရေးထိုးထားကာ တိတ်ဆိတ်လေးနက်နေပေသည်။ ၎င်းမှာ ရှေ့တန်းစီမံကိန်းအရ ကောင်းကင်အကာအကွယ်ကို ပထမဆုံးထိုးဖောက်ရမည့် သင်္ဘောဖြစ်ပြီး တစ်နည်းအားဖြင့်မူ အန္တရာယ်အရှိဆုံး သင်္ဘောပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍ ထိုးဖောက်မှု မအောင်မြင်ခဲ့ပါက ဤသင်္ဘောသည် ပထမဆုံးပျက်ကျမည့် သင်္ဘောဖြစ်သောကြောင့်ပင်။ ထိုအချိန်၌ လင်းရှန်၏ စိတ်ထဲတွင် ဝမ်းနည်းမှုနှင့် အထီးကျန်မှုများကို ခံစားလိုက်ရလေသည်။
လင်းရှန် ရယ်ချင်သလိုလည်း ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ချူကျောက်နန်၏ စီမံကိန်းကို တစ်ဖက်မှ လက်ခံမိသလို ဖြစ်နေသောကြောင့်ပင်။ သို့သော် ထိုသို့ တွေးမိသည်ကိုပင် သူ ဝမ်းနည်းနေမိလေသည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်သည်လည်း ဤလူသားခေါင်းဆောင်က စွန့်ပစ်ရန် ရွေးချယ်လိုက်သော လူသားများထဲမှ တစ်ဦးဖြစ်နေသောကြောင့် ဖြစ်သည်။
“လမ်းကြောင်းက ပွင့်နေတုန်းပဲ၊၊ အကာအကွယ်ချိုးဖျက်ရေးကိရိယာက သင်္ဘောပေါ်မှာ ရှိနေမှာ သေချာတယ်”
လင်းရှန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကာ ၎င်းတို့သယ်ဆောင်လာသော ယန္တရားကိရိယာကို လမ်းကြောင်း၏ ထောင့်တစ်ခု၌ ဝှက်ထားလိုက်လေသည်။ ထို့နောက် ကီကီ၊ ရှီဇီတို့နှင့်အတူ ၎င်းတို့ သုံးဦးစလုံးသည် တံတားလမ်းကြောင်းမှတစ်ဆင့် [ယဉ်ကျေးမှုရှေ့ဆောင်] သင်္ဘောပေါ်သို့ တိုက်ရိုက်တတ်သွားလိုက်သည်။
တံတား၏ အလွိုင်းလေလုံတံခါးကို ဖြတ်ကျော်လိုက်သည့်အခါ အလိုအလျောက် အာရုံခံမီးများသည် တဖြည်းဖြည်း လင်းထိန်လာလေသည်။ အေးစက်စက် အဖြူရောင် အလင်းတန်းများသည် လမ်းကြောင်းတစ်လျှောက် ရှည်လျားစွာ ပေါ်လာပြီး ကြယ်သင်္ဘော၏ ဗဟိုချက်ဆီသို့ ဦးတည်နေသော သံမဏိစင်္ကြံကို လင်းထိန်စေသည်။
လမ်းကြောင်း၏ အဆုံး၌မူ အချင်း မီတာနှစ်ရာခန့်ရှိသော စက်ဝိုင်းပုံ ဗဟိုအခန်းကြီး တစ်ခု ရှိလေသည်။ နံရံများ၌မူ ဟိုလိုဂရပ်ဖစ်မျက်နှာပြင်များ တပ်ဆင်ထားပြီး လက်ရှိအချိန်၌မူ အပြာရောင်ဖျော့ဖျော့လေး လင်းနေပေသည်။ ကြမ်းပြင်ပေါ်၌မူ လျှပ်စစ်တည်ငြိမ်ဒဏ်ခံ ဇကာကွက်များကို ခင်းကျင်းထားသည်။ ဗဟိုအခန်းမှတစ်ဆင့် အထပ်ပေါင်း ကိုးထပ်ကို ခွဲခြားထားပြီး ဗဟိုဓာတ်လှေကား လမ်းကြောင်းများနှင့် လှေကားများမှတစ်ဆင့် သွားလာနိုင်လေသည်။
လင်းရှန်ကို နားမလည်နိုင်အောင် ဖြစ်စေသည်မှာ ၎င်းတို့ ဝင်လာကတည်းက လူတစ်ဦးတစ်ယောက်မျှ မတွေ့ရှိရခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လင်းရှန်သည် သင်္ဘော၏ အတွင်းပိုင်း မြေပုံကို စစ်ဆေးကာ ဗဟိုထိန်းချုပ်ခန်းရှိရာဘက်သို့ ပြေးသွားလိုက်သည်။ ဟိုက်ဒရောလစ်ဖြင့် ပိတ်ထားသော တံခါးတစ်ခုကို ဖြတ်ကျော်လိုက်သည့်အခါ အပူချိန်သည် ရုတ်တရက် ကျဆင်းသွားလေသည်။ ထိုနေရာ၌ ဧရာမ အအေးခန်း ခန်းမကြီးတစ်ခုကို တွေ့ရှိလိုက်ရပြီး အအေးခန်းအိမ်လေးများကို ပျားအုံသဖွယ် ဘေးတစ်ဖက်တစ်ချက်၌ စီရီထားခြင်း ဖြစ်သည်။ အကြည့်တစ်ဆုံးမှာပင် အိမ်လေးပေါင်း တစ်ထောင်ခန့် ရှိနိုင်ပေသည်။ အဆိုပါ အအေးခန်းအိမ်လေးတိုင်း၌မူ လူများရှိနေကြသည်။ မှန်ပြတင်းမှတစ်ဆင့် ကြည့်လိုက်ပါက အားလုံးမှာ ငယ်ရွယ်သော မျက်နှာလေးများဖြစ်ပြီး အေးချမ်းစွာ အိပ်မောကျနေကြသည်ကို တွေ့ရှိလိုက်ရသည်။
“သူတို့တွေက ဘာလို့ အအေးခန်းထဲ ရောက်နှင့်နေကြတာလဲ။ တခြားသင်္ဘောသားတွေရော မရှိတော့ဘူးလား”
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ကီကီက စိတ်ရှုပ်စွာ မေးလိုက်သည်။
လင်းရှန်သည် ထိုအချိန်၌ ရှင်းမပြနိုင်သော ထူးဆန်းမှုတစ်ခုကို ခံစားလိုက်ရခြင်းကြောင့် အအေးခန်းဧရိယာကို အမြန်ဖြတ်ကျော်ပြီး ဗဟိုထိန်းချုပ်ခန်းဆီသို့ ရောက်ရှိလာခဲ့သည်။ ပတ်ဝန်းကျင်၌ လူမရှိသည်ကို အတည်ပြုပြီးသည်နှင့် သူသည် ကြယ်နက်ပန်းပဲဖိုကို အသုံးပြု၍ ဂရေ့စ်ကို ထုတ်လိုက်သည်။
“ဂရေ့စ်... ငါ့ကို ဒီကြယ်သင်္ဘောနဲ့ ချိတ်ဆက်ပေးပါဦး။ သင်္ဘောတစ်စင်းလုံးရဲ့ အခြေအနေကို ငါစစ်ဆေးဖို့ လိုတယ်”
မိုးကုတ်စက်ဝိုင်းလွန်အဆင့်ရှိသော ကြယ်သင်္ဘောသည် ကီကီအတွက် သာမန်ကာလျှံကာဖြင့်ထိုးဖောက်နိုင်သောအရာမျိုး မဟုတ်ချေ။ သင်္ဘောတစ်စင်းလုံး၏ အခြေအနေကို သိရှိနိုင်ရန်အတွက် ဂရေ့စ်ကဲ့သို့သော ကွမ်တမ်ဦးနှောက်တစ်ခု လိုအပ်လေသည်။
အလင်းရောင်နှင့် မထိတွေ့ရသည်မှာ ကြာပြီဖြစ်သော ဂရေ့စ်သည် သင်ယူမှုဆိုင်ရာ ပုံတူကူးယူမှုများကို အမြောက်အမြား လုပ်ဆောင်ထားပုံရသည်။ သူမသည် လင်းရှန်၏ အသံအတွင်းရှိ စိုးရိမ်ပူပန်မှုကို ချက်ချင်း သိရှိသွားပြီး ချက်ချင်းပင် အရေးယူဆောင်ရွက်လိုက်သည်။
[ကောင်းပါပြီ ကပ္ပတိန်… ကျွန်မ ဒီကြယ်သင်္ဘောရဲ့ ဗဟိုကွန်ရက်နဲ့ ချက်ချင်း ချိတ်ဆက်လိုက်ပါ့မယ်]
တစ်ဖက်တွင်လည်း ကီကီသည် စိတ်စွမ်းအင်ကို အသုံးပြု၍ ဗဟိုထိန်းချုပ်မှုစနစ်၏ ဆာဗာအခန်းတံခါးကို ဖွင့်လိုက်လေသည်။ ပြီးနောက် အားလုံး အတူတူဝင်သွားကြသည်။ ဂရေ့စ်သည် သူမ၏ လက်ကောက်ဝတ်မှ ကေဘယ်ကြိုးတစ်ခုကို ထုတ်၍ ကြယ်သင်္ဘော၏ အတွင်းပိုင်းစနစ်နှင့် ချိတ်ဆက်လိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သင်္ဘောတစ်စင်းလုံး၏ မီးရောင်များသည် အနည်းငယ် တုန်ခါသွားလေသည်။ ပြီးနောက် ဂရေ့စ်က လင်းရှန်ကို ပြောလိုက်သည်။
[ဂရေ့စ်အနေနဲ့ ‘ယဉ်ကျေးမှုရှေ့ဆောင်’ သင်္ဘောရဲ့ ဗဟိုကွန်ရက်ကို ဝင်ရောက်နိုင်ခဲ့ပါပြီ။ ကျွန်မကို တစ်ခုခု လုပ်ဆောင်စေလိုပါသလား]
“ဂရေ့စ်... ငါ အခု အကာအကွယ်ချိုးဖျက်ရေး ကိရိယာကို ရှာဖို့ လိုတယ်။ အဲဒါက ကောင်းကင်အကာအကွယ်ကို ချိုးဖျက်ဖို့ အသုံးပြုမှာပဲ။ ပြီးတော့ မှတ်တမ်းတွေ၊ ဝန်ထမ်းစာရင်းတွေ၊ လွှတ်တင်မယ့် အချက်အလက်တွေ အကုန်လုံးကို ငါ့အတွက် ရှာပေးပါ”
[‘ယဉ်ကျေးမှုရှေ့ဆောင်’ သင်္ဘောကို အထူးစစ်ကြောင်း လွှတ်တင်ရေးမစ်ရှင်အဖြစ် သတ်မှတ်ထားပြီး မစ်ရှင်စတင်မယ့် အချိန်ကတော့ အခုကနေ ၁၆ နာရီ ၄၆ မိနစ် ၃၁ စက္ကန့် အကြာမှာ ဖြစ်ပါတယ်။ လွှတ်တင်မယ့် အစီအစဉ်က နံပါတ် ၂ ပါ]
၎င်းကို ကြားလိုက်ရသည့်အခါ လင်းရှန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသကဲ့သို့ ကီကီနှင့် ရှီဇီတို့လည်း အလွန်အမင်း အံ့ဩသွားကြလေသည်။
“၁၆ နာရီဆိုတော့... မနက်ဖြန် မနက် ၁၀ နာရီပေါ့”
လင်းရှန်က မယုံကြည်နိုင်စွာ အချိန်ကို ပြန်လည်စစ်ဆေးလိုက်သည်။
၎င်းမှာ သူ မျှော်လင့်ထားသည်နှင့် ကွာခြားနေပေသည်။
[ဟုတ်ပါတယ်။ ‘ယဉ်ကျေးမှုရှေ့ဆောင်’ သင်္ဘောရဲ့ လွှတ်တင်ရေး ပြင်ဆင်မှုတွေ ပြီးစီးသွားပါပြီ။ ပေါင်းစပ်နူကလီးယားဗဟိုချက်က လည်ပတ်နေပြီဖြစ်သလို လူသားသန္ဓေသားဘဏ်မှာလည်း အေးခဲသန္ဓေသားပေါင်း ၅ သိန်း (ကမ္ဘာ့မျိုးရိုးဗီဇ ပေါင်းစုံရဲ့ ၉၇ ရာခိုင်နှုန်း) ကို သိမ်းဆည်းထားပါတယ်။ ဟီလီယမ်-၃ လောင်စာက ၁,၂၀၀ တန် ရှိပြီး နှစ်ပေါင်း ၁,၅၀၀ အထိ ခံနိုင်ရည်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ သင်္ဘောရဲ့ လက်နက်တွေက အသင့်ဖြစ်နေပါပြီ။ ယဉ်ကျေးမှု မှတ်တမ်းတွဲတွေမှာတော့ ကျောက်ခေတ်ကနေ ဒြပ်ဆွဲအားလှိုင်းဆိုင်ရာ အသုံးချသိပ္ပံအထိ လူသားတို့ရဲ့ စာပေနဲ့ အနုပညာအပြည့်အစုံ ပါဝင်သလို အပြာရောင်ဂြိုလ်ရဲ့ ဇီဝမျိုးရိုးဗီဇ (မျိုးစိတ် ၆.၅ သန်း) လည်း ပါဝင်ပါတယ်။ တစ်ချိန်တည်းမှာပဲ အေးခဲခန်းမ လေးခုမှာ သင်္ဘောသား ၄,၅၂၀ ဟာ စတင် အိပ်စက်နေပြီဖြစ်ပြီး မှတ်ပုံတင်ထားတဲ့ သင်္ဘောသား ၂,၁၂၅ ဦးကတော့ သက်ရှိအခန်းတွေမှာ ရှိနေပါတယ်။ ချိုးဖျက်ရေးကိရိယာနဲ့ ပတ်သက်လို့တော့ အာကာသသိပ္ပံဓာတ်ခွဲခန်းထဲမှာ ‘အမှောင်တိုက်စားဆဲလ် ချိုးဖျက်မှု လှုံ့ဆော်စောင့်ကြည့်ရေးကိရိယာ’ ကို တွေ့ရှိထားပါတယ်။ အဲဒီမှာ ဂျာမေနီယမ် သန့်စင်အာရုံခံကိရိယာ၊ အီလက်ထရွန် အဏုကြည့်မှန်ပြောင်း၊ ဇီဝစွမ်းအင် ဖမ်းယူမှုစနစ်နဲ့ ရောင်စဉ်ခွဲခြမ်းစိတ်ဖြာစနစ်တွေ ပါဝင်ပါတယ်။ ဒီကိရိယာကို အမှောင်တိုက်စားဆဲလ်တွေကနေ အမှောင်စွမ်းအင် ပြောင်းလဲတဲ့အခါ ဒေတာအပြောင်းအလဲတွေကို စောင့်ကြည့်ဖို့ သုံးပုံရပါတယ်]
“ဒါပဲ ဖြစ်ရမယ်”
လင်းရှန် ခဏတန့်သွားပြီးနောက် ချက်ချင်း ပြောလိုက်လေသည်။
ပြီးနောက် သူသည် ဂရေ့စ်ကို ကြယ်နက်ပန်းပဲဖိုထဲ ပြန်လည်ထည့်သွင်းကာ သင်္ဘော၏ စောင့်ကြည့်ရေးစနစ်ကို ကီကီထံသို့ ခေတ္တ လွှဲပြောင်းပေးလိုက်သည်။ ထို့နောက် သူသည် ကီကီတို့နှင့်အတူ အာကာသသိပ္ပံဓာတ်ခွဲခန်းရှိရာဆီသို့ ပြေးသွားလိုက်သည်။
“ဒါဆိုရင် ဒီသင်္ဘောပေါ်မှာ လူ ၅,၀၀၀ ကျော် ရှိနေတာပေါ့။ သူတို့တွေ ဘယ်ရောက်ကုန်တာလဲ”
“ငါလည်း မသိဘူး။ လွှတ်တင်ပွဲအခမ်းအနားတစ်ခုခု ပြင်ဆင်နေတာ ဖြစ်မယ်”
Chapter 831
အကာအကွယ်ချိုးဖျက်ရေးကိရိယာ ၅
လင်းရှန် စဉ်းစားနေရန် အချိန်မရှိချေ။ လမ်းတစ်လျှောက်တွင် မည်သူမျှ သူတို့ကို သတိမထားမိခြင်းက စိတ်သက်သာရစေသည်၊၊
၎င်းတို့သည် အောက်ထပ် ထိန်းချုပ်ခန်းမှ အပေါ်ထပ်သို့ တက်လာသည့်အခါ၌ တူညီဝတ်စုံများ ဝတ်ဆင်ထားသော သင်္ဘောသားများသည် အလုပ်ခွင်များနှင့် စင်္ကြံများတွင် ရှုပ်ယှက်ခတ်နေသည်ကို တွေ့ရှိလိုက်ရသည်။
အချို့လူများက သူတို့ကို အံ့ဩတကြီး ကြည့်နေသော်လည်း ၎င်းတို့ သုံးဦးစလုံးသည် အစောင့်တပ်၏ စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားကာ စနစ်တကျ လမ်းလျှောက်နေခြင်းကြောင့် ပုံမှန်စစ်ဆေးရေးအဖွဲ့ဟုပင် ထင်မှတ်၍ ထူးထူးခြားခြား သတိမထားမိကြပေ။
လင်းရှန်တို့သည် သင်္ဘောသားများကြားထဲမှ အာကာသသိပ္ပံ ဓာတ်ခွဲခန်းဆီသို့ စိုးရိမ်တကြီးဖြင့် သွားရောက်ခဲ့ကြသည်။ ဤနေရာရှိ သံမဏိတံခါးမှာ ပိတ်ထားသော်လည်း ဂရေ့စ်က လင်းရှန်အတွက် ဝင်ရောက်ခွင့်ကုဒ်များကို ကြိုတင်ထည့်သွင်းပေးထားခြင်းကြောင့် အလွယ်တကူပင် ဝင်ရောက်နိုင်ခဲ့သည်။
ဝင်ရောက်လိုက်သည်နှင့် လင်းရှန် တွေ့ရှိလိုက်ရသည်မှာ ၎င်းမှာ သာမန်ဓာတ်ခွဲခန်းတစ်ခုမဟုတ်ခြင်းပင် ဖြစ်သည်။ အလယ်၌မူ စက်လုံးပုံသဏ္ဌာန်ရှိသော အဖြူရောင်သိပ္ပံကိရိယာကြီးတစ်ခုရှိနေပြီး ကေဘယ်ကြိုးများ၊ အာရုဏ်ခံကိရိယာ အများအပြားနှင့် ချိတ်ဆက်ထားလေသည်။
အနားသို့ ချဉ်းကပ်လိုက်သည့်နှင့် ရှီဇီက ချက်ချင်း ပြောလိုက်သည်၊၊
“အတွင်းထဲမှာ အမှောင်အော်ရာက အရမ်းပြင်းထန်နေတယ်”
“ဒါပဲလေ”
ကီကီသည် အနားသို့ သွားရောက်ကာ စောင့်ကြည့်ပေါက်လေးမှတစ်ဆင့် ကြည့်ရှုလိုက်ရာ ကိရိယာ၏ အတွင်းပိုင်း၌ လက်သီးဆုပ်ခန့်ရှိသော အမှောင်တိုက်စားဆဲလ်တစ်ခုကို အထူးမွေးမြူရေးကိရိယာအတွင်း၌ ပိတ်လှောင်ထားသည်ကို တွေ့ရှိလိုက်ရလေသည်။
လင်းရှန်သည် လမ်းလျှောက်သွားကာ တစ်ချက်ကြည့်လိုက်ရာ သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။
“မဟုတ်သေးဘူး... ဒီမှာ... မှိုမျှင်ချိတ်ဆက်ကိရိယာမရှိပါလား”
“ရှင် စကင်ဖတ်ကြည့်ပြီးပြီလား” ကီကီက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
လင်းရှန် ခေါင်းညိတ်ပြလိုက်သည်။ သူ ဓာတ်ခွဲခန်းထဲ ဝင်ဝင်ချင်းမှာပင် ယန္တရားစွမ်းအားကို အသုံးပြု၍ စကင်ဖတ်ကြည့်ခဲ့ခြင်း ဖြစ်သည်။ ထိုကိရိယာအတွင်း၌ ဂရေ့စ် ပြောခဲ့သော သိပ္ပံကိရိယာများသာ ရှိပြီး မှိုမျှင်ဦးနှောက်စနစ်တစ်ခုမျှ ရှိမနေပေ။
“ထူးဆန်းလိုက်တာ။ ဒါက အကာအကွယ်ချိုးဖျက်ရေးကိရိယာ မဟုတ်ဘူးလား။ ဒီမှာ အမှောင်တိုက်စားဆဲလ်တစ်ခုတည်း ထားရုံနဲ့ ကောင်းကင်အကာအကွယ်ကို ချိုးဖျက်လို့ ရမှာလား”
ကီကီက အံ့ဩတကြီး ပြောလိုက်သည်။
“အဲဒီလောက် မရိုးရှင်းဘူး။ အနီရောင်ကမ္ဘာက အမှောင်တိုက်စားဆဲလ်တွေကို မှိုမျှင်ကွန်ရက်တွေနဲ့ လှုံ့ဆော်ထားတာ သေချာတယ်။ ဒါမှမဟုတ်ရင် တွင်းနက်သုံးခုက ဖြစ်ရပ်တွေကို ရှင်းပြလို့ မရဘူး”
ကီကီက ဆက်ပြောသည်၊၊
“ဒါဆိုရင် ကောင်းကင်အကာအကွယ်ကို ချိုးဖျက်တဲ့အခါ ဒီကိရိယာကို ချိတ်ဆက်ပြီး လှုံ့ဆော်ပေးမယ့် တခြားကိရိယာတစ်ခု ရှိနေဦးမှာပေါ့”
“ဖြစ်နိုင်တယ်”
ကီကီ၏ အမူအရာမှာ ထူးဆန်းသွားသည်၊၊
“လင်းရှန်... ရှင် တကယ်ပဲ... ဒီအရာကြီးကို... ချိတ်ဆက်ဖို့ စိတ်ကူးနေတာလား”
လင်းရှန် သက်ပြင်းချကာပြောလိုက်သည်၊၊
“ငါ လုပ်ချင်ရင်တောင် အခု ငါ့မှာ မှိုမျှင်ချိတ်ဆက်ကိရိယာတွေ မရှိဘူး။ ချိုးဖျက်ရေးကိရိယာမှာ ဘာနဲ့မှ မချိတ်ဆက်ထားတဲ့ အမှောင်တိုက်စားဆဲလ်တစ်ခုတည်းပဲ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒါက အရမ်း ထူးဆန်းလွန်းတယ်...”
“အခု ငါတို့ ဘာဆက်လုပ်ကြမလဲ”
“တစ်ယောက်ယောက်... လာနေပြီ”
ထိုစဉ် တံခါးဝတွင် ကင်းစောင့်နေသည့် ရှီဇီက လင်းရှန်နှင့် ကီကီကို တိုးတိုးလေးလှမ်းပြောလိုက်သည်။ လင်းရှန်နှင့် ကီကီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်ကြသည်။
“လောလောဆယ် ပြန်ဆုတ်ကြမယ်၊၊ သူတို့ကို ရိပ်မိအောင် မလုပ်နဲ့ဦး၊၊ လွှတ်တင်ဖို့ ၁၆ နာရီ လိုသေးတယ်၊၊ တကယ့် စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်ထားတဲ့ အမှောင်တိုက်စားဆဲလ်ကို ရှာဖို့ အချိန်ရှိပါသေးတယ်”
ကီကီက ခေါင်းညိတ်သည်။ လင်းရှန် ထွက်ခွာခါနီးတွင် တစ်စုံတစ်ခုကို သတိရသွားပြီး လက်ကိုမြှောက်ကာ သေးငယ်သော ကိရိယာလေးတစ်ခုကို တည်ဆောက်လိုက်သည်။ ထို့နောက် ၎င်းကို စက်လုံးပုံကိရိယာကြီး၏ အောက်ခြေရှိ မသိသာသောနေရာတစ်ခုတွင် ကပ်ထားခဲ့ပြီးမှ ကီကီ၊ ရှီဇီတို့နှင့်အတူ အာကာသသိပ္ပံဓာတ်ခွဲခန်းထဲမှ ထွက်လာခဲ့ကြသည်။
“ရှင်တို့ ဘာလုပ်နေတာလဲ”
လမ်းစင်္ကြံတွင် မျက်မှန်တပ်ထားပြီး သန့်စင်လှပသော မျက်နှာရှိသည့် သိပ္ပံပညာရှင် အမျိုးသမီးငယ်တစ်ဦးက သူတို့သုံးယောက်ကို အံ့ဩတကြီး ကြည့်ကာ မေးလိုက်သည်။
“ပုံမှန်စစ်ဆေးရေးပါ”
လင်းရှန်က အေးစက်စက် ပြန်ဖြေပြီး ခြေလှမ်းကျဲကျဲဖြင့် ဖြတ်လျှောက်သွားသည်။
“အိုး”
အမျိုးသမီး သိပ္ပံပညာရှင်က သူမ၏ မျက်မှန်ကို ပင့်တင်ရင်း ဘာမှမပြောဘဲ သူတို့ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် လင်းရှန်၊ ကီကီနှင့် ရှီဇီတို့သည် ကြယ်သင်္ဘော၏ ယန္တရားကိရိယာကို တွန်းကာ ကြယ်ဆိပ်ကမ်းမှ ထွက်ခွာရန် ပြန်လည်ပြင်ဆင်လိုက်ကြသည်။
“ချူယန်၊ ခေါင်းဆောင်ကျိုး၊ ခေါင်းဆောင်ချီ... ခင်ဗျားတို့ဘက်က အခြေအနေ ဘယ်လိုလဲ၊ ကျုပ်ဘက်မှာတော့...”
လမ်းတစ်လျှောက်တွင် လင်းရှန်က လျင်မြန်စွာ လျှောက်ရင်း အခြေအနေများကို တိုက်ဆိုင်စစ်ဆေးရန် အဖွဲ့အားလုံးကို ဆက်သွယ်လိုက်သည်။ ထိုအချိန်တွင် စစ်ဝတ်စုံဝတ်ထားပြီး တည်ကြည်သော မျက်နှာရှိသည့် အမျိုးသားတစ်ဦးသည် လမ်းကြောင်းအတိုင်း ဖြည်းညှင်းစွာ လျှောက်လာနေသည်။ သူ၏ ဓားတစ်လက်ကဲ့သို့ ထက်မြက်သော အကြည့်များက လင်းရှန်တို့အဖွဲ့ကို အလျင်အမြန် စစ်ဆေးလိုက်ပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိပုံရကာ မျက်မှောင်ကြုတ်လိုက်သည်။
ထိုလူကို မြင်သည်နှင့် လင်းရှန်တို့အဖွဲ့က ခြေလှမ်းရပ်ကာ အလေးပြုလိုက်ကြသည်။ ထိုလူကလည်း ခြေလှမ်းမပျက်ဘဲ အလေးပြန်ပြုကာ ဖြည်းဖြည်းချင်း ထွက်ခွာသွားသည်။ ထိုသူ၏ ဝတ်စုံတွင် ရာထူးတံဆိပ်မပါသော်လည်း ဗိုလ်မှူးကြီးအဆင့် ပခုံးတံဆိပ်ရှိကာ သူ၏ အကြည့်များက နက်ရှိုင်းလှသည်။
ချူကျင်း လမ်းကြောင်းအတိုင်း ထွက်လာသည့်အခါ ကြယ်ဆိပ်ကမ်း အပြင်ဘက်ရှိ ကောင်းကင်မှာ တိမ်များ ပြန်လည်ဖုံးလွှမ်းလာပြီး မိုးဖွဲဖွဲလေးများ စတင်ရွာသွန်းလာသည်။
“ကပ္ပတိန်ချူ”
ရှေ့ပြေးစီမံကိန်း သင်္ဘောထဲ ဝင်လိုက်သည်နှင့် အကြီးတန်းလက်ထောက်တစ်ဦး ရောက်လာပြီး တင်ပြလာသည်၊၊
“လွှတ်တင်ရေးအစီအစဉ် အသင့်ဖြစ်ပါပြီ”
“သူတို့ကို အကြောင်းကြားလိုက်၊ အခုအချိန်ကစပြီး ကြယ်ဆိပ်ကမ်းကို အပြီးတိုင် ပိတ်ဆို့လိုက်တော့”
“Yes,Sir”
…
လင်းရှန်က ချူယန်ကို ဆက်သွယ်လိုက်ပြီး အဖွဲ့နှစ်ဖွဲ့စလုံးသည် စွန့်ပစ်ထားသည့် အမွှာကြယ်မျှော်စင်တွင် စုဝေးလိုက်သည်။
ချူယန်က နေရာပေါင်းစုံမှ အချက်အလက်များကို စုစည်းလိုက်သည်။ ခေါင်းဆောင်ကျိုး၏ အဖွဲ့က မြေအောက်အဆောက်အအုံ၏ ဗဟိုကွန်ရက်ကို ထိုးဖောက်ပြီးနောက် လျှို့ဝှက်စီမံကိန်းတစ်ခု၏ မှတ်တမ်းကို အမှန်တကယ် ရှာတွေ့ခဲ့သည်။ သို့သော် မြေအောက် အဆောက်အအုံကို အာရုဏ်ဦးမြို့တော်က ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်သောကြောင့် အတွင်းရှိ ကုဒ်နာမည်များအားလုံးကို လဲလှယ်ထားသည့်အပြင် အရေးကြီးသော သတင်းအချက်အလက်များလည်း ပျောက်ဆုံးနေသဖြင့် အနီရောင်ကမ္ဘာ၏ ဖုံးကွယ်ထားသည့် နေရာကို ရှာမတွေ့နိုင်ခဲ့ပေ။
“ဒါဆို ငါတို့မှာ ၁၆ နာရီပဲ ကျန်တော့တာပေါ့”
အထပ်မြင့် အဆောက်အအုံပေါ်တွင် ချူယန်နှင့် လင်းရှန်တို့အဖွဲ့မှာ မိုးရေထဲက မြို့ကြီးကို ကြည့်ရင်း သတင်းဖလှယ်နေကြသည်။ မကြာမီ မှောင်လာတော့မည် ဖြစ်သည်။
“တိတိကျကျ ပြောရရင် ၁၆ နာရီထက် ပိုပါသေးတယ်”
လင်းရှန်၏ မျက်နှာပေါ်တွင် မိုးစက်များ စွန်းထင်နေပြီး သူက ဆက်ပြောသည်။
“ဒါပေမဲ့ ရှေ့တန်းစီမံကိန်း လွှတ်တင်ပြီးသွားရင်တော့ S-Class အဆင့်နဲ့ စိတ်ချင်း ချိတ်ဆက်ထားတဲ့သူကို ရှာဖို့ ဒါမှမဟုတ် ဒီအမှောင်တိုက်စားဆဲလ်ကို အသက်သွင်းဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်တော့ဘူး။ ဒါပေါ့…. ငါတို့ကိုယ်တိုင် မှိုမျှင်ချိတ်ဆက်မှုကို သုံးပြီး S-Class အဆင့်နဲ့ ချိတ်ဆက်ဖို့ ကြိုးစားကြည့်လို့ ရနိုင်တဲ့ နည်းလမ်းတစ်ခုတော့ ရှိသေးတယ်”
“ငါတို့ကိုယ်တိုင် ချိတ်ဆက်ဖို့လား၊ အချိန်မှီပါ့မလား” ချူယန်က ပြန်မေးသည်။
လင်းရှန်က ချက်ချင်း ပြန်ဖြေသည်။
“ငါတို့လက်ထဲမှာ အမှောင်တိုက်စားဆဲလ် အပိုင်းအစတစ်ခု ရှိနေတာပဲ မဟုတ်လား”
“အနီရောင်ကမ္ဘာက အသက်သွင်းဖို့ သုံးနေတဲ့ အပိုင်းအစက ငါတို့ဆီကလိုပဲ S-Class အဆင့် ခန္ဓာကိုယ်တစ်ခုတည်းက လာတာလေ” ချူယန်က ပြောသည်။
“နင်က မြူခိုးမီးခိုးမွန်းစတားကို မှတ်မိတယ် မဟုတ်လား”
“ဒါနဲ့ ဘာဆိုင်လို့လဲ၊၊ ဒီနည်းနဲ့ဆိုရင် ငါတို့လည်း အတူတူပဲ သတင်းအချက်အလက်တွေ ရမှာမဟုတ်လား”
လင်းရှန် စကားပြောပြီးနောက် ရုတ်တရက် ဆွံ့အသွားပြီး တစ်စုံတစ်ခုကို ချက်ချင်း သဘောပေါက်လိုက်သည်။
“နေဦး... မြူခိုးမီးခိုးမွန်းစတား... သေဆုံးသွားတဲ့ အဲဒီ S- Class အဆင့် ဇီဝမျိုးစပ်သတ္တဝါ…”
“ဘာဖြစ်လို့လဲ” ချူယန်က သူ့ကို ကြည့်လိုက်သည်။
“အနီရောင်ကမ္ဘာက ဒီ S- Class အဆင့် အလောင်းကို ဘာလို့ ပြန်သိမ်းသွားတာလဲ”
လင်းရှန်က မေးခွန်းထုတ်သည်။
“ယုတ္တိဗေဒနည်းအရ ဆိုရင် သူတို့မှာ ဦးနှောက်သက်ရှိဆဲလ်တွေရှိနေပြီးသားပဲ၊၊ တွင်းနက်ထဲမှာလည်း မွေးမြူထားပြီးသား မဟုတ်လား”
“ဘာလို့လဲဆိုတော့ အသက်ရှိတဲ့ အမှောင်တိုက်စားဆဲလ်တွေကို အနီရောင်ကမ္ဘာက အမှောင်ကျူးကျော်မှု အာနိသင်ပြောင်းလဲဖို့အတွက်ပဲ သုတေသန လုပ်တာမဟုတ်ဘူး၊၊ တကယ့် ရည်မှန်းချက်က မှိုမျှင်ချိတ်ဆက်မှုကို သုံးပြီး အမှောင်ထုနဲ့ ချိတ်ဆက်ဖို့ပဲ”
ချူယန်က ရှင်းပြသည်။