← Chapters

အခန်း (၄၀၇-၄၀၈)

Vol. 30 Ch. 407-408

အခန်း (၄၀၇-၄၀၈)

Vol. 30 Ch. 407-408

‎အခန်း ( ၄၀၇ ) - နောက်ဆုံးတွင် တကယ်ဖြစ်လာသော နတ်ဘုရား၏ စွမ်းအား၊ လွှမ်းမိုးနိုင်စွမ်းရှိပြီး ပြိုင်ဘက်ကင်းခြင်း

‎

‎

‎

‎ဧကရာဇ်အဆင့်တံခါးကြီးမှာ သူတို့မျက်စိရှေ့တွင် ရှင်းလင်းစွာ ရှိနေပြီဖြစ်ရာ တာအိုကို ရယူရန် ခြေတစ်လှမ်းသာ လိုတော့သည်။

‎

‎

‎သို့သော် ဤခြေတစ်လှမ်းသည် ကောင်းကင်နှင့် မြေကြီး၏ အစွန်းနှစ်ဖက်ကို ပိုင်းခြားထားသကဲ့သို့ဖြစ်နေကာ ကျော်လွှား၍မရနိုင်သော အတားအဆီးတစ်ခု ဖြစ်နေခဲ့သည်။

‎

‎

‎ဤရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်းများအား ပို၍ ထိတ်လန့်စိုးရိမ်စေခဲ့သည်မှာ သူတို့ ဧကရာဇ်မဖြစ်နိုင်ခြင်းသည် ကောင်းကင်ဘုံအရှင်သခင်၏ အမိန့်တော်နှင့် အမှန်တကယ် ပတ်သက်နေနိုင်သလား ဟူသောအချက်ပင် ဖြစ်သည်။

‎

‎

‎ထိုသူမှ အမိန့်တစ်ခွန်း ပေးလိုက်ရုံဖြင့် သူတို့သည် တာအိုကိုရယူ၍ ဧကရာဇ်များ ဖြစ်မလာနိုင်တော့ဘူးတဲ့လော။ ဤသည်က မည်မျှ ကြီးမားလှသော စွမ်းအားမျိုးနည်း။

‎

‎

‎" ငါ မယုံဘူး... ကောင်းကင်ဘုံအရှင်သခင်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ... ငါတို့ တာအိုရယူမယ့် လမ်းကြောင်းကို ဒီလိုနည်းနဲ့ ပိတ်ဆို့ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး "

‎

‎

‎ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်းအိုကြီးမှ မကျေမနပ်ဖြင့် ပြောဆိုလိုက်၏။ သူ တာအိုမရယူနိုင်ခြင်းမှာ ကောင်းကင်ဘုံအရှင်သခင်ကြောင့် ဖြစ်သည်ဆိုခြင်းကို သူ ယုံကြည်နိုင်ခြင်း မရှိသေးချေ။

‎

‎

‎သမိုင်းတစ်လျှောက်တွင် ထိုသို့သောအရာမျိုးကို တစ်ခါမျှ မကြားဖူးခဲ့ချေ။

‎

‎

‎" ဒါဆို အကြောင်းရင်းက ဘာများလဲ..... "

‎

‎

‎အခြား ဧကရာဇ်တစ်ပိုင်းများသည်လည်း တိုးညင်းသောအသံများဖြင့် ပြောဆိုလာကြ၏။ သူတို့သည်လည်း ဤအရာအားလုံးကို မယုံကြည်ချင်ကြပေ။

‎

‎

‎သို့သော် အမှန်တရားမှာ သူတို့၏ရှေ့တွင် ရှိနေခဲ့လေသည်။

‎

‎

‎ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်း တစ်ဦး၊ နှစ်ဦးခန့်သာ တာအိုမရယူနိုင်ခဲ့ပါက သူတို့၏အပြစ်ဟု ရှင်းပြ၍ ရနိုင်သေးသည်။

‎

‎

‎သို့သော် ယခုအခါ ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်း ကိုးပါးစလုံး တာအိုကို မရယူနိုင်ခြင်းမှာ သူတို့၏အပြစ်ကြောင့်ဟု ပြောရန် အလွန် ခက်ခဲသွားစေခဲ့ပြီ ဖြစ်သည်။

‎

‎

‎ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်းများ ထိတ်လန့်စိုးရိမ်နေကြစဉ်မှာပင်.....

‎

‎

‎အဆုံးမဲ့ကမ္ဘာ စကြာဝဠာ၏ နက်ရှိုင်းသောနေရာ၌ ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် ဤမြင်ကွင်းကို ကြည့်ရှုနေ၏။ သူ၏မျက်လုံးများထဲတွင်လည်း သံသယနှင့် မသေချာမှု အရိပ်အယောင်များ ပေါ်လွင်နေလေသည်။

‎

‎

‎" တာအိုကို မရယူနိုင်ဘူးလား... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

‎

‎

‎ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် မယုံကြည်နိုင်စွာဖြင့် တီးတိုး ရေရွတ်လိုက်၏။

‎

‎

‎ကုချန်မှ ဆက်လက် တံခါးပိတ်ကျင့်ကြံနေခြင်း သို့မဟုတ် ဝင်ရောက်စွက်ဖက်ကာ တားဆီးခြင်း စသော ဖြစ်နိုင်ခြေများစွာကို သူ စဉ်းစားခဲ့ပြီးဖြစ်သည်။

‎

‎

‎သို့သော် သူ လုံးဝ မမျှော်လင့်ထားခဲ့သောအရာမှာ ကုချန်သည် ပေါ့ပေါ့ပါးပါး စကားတစ်ခွန်းဖြင့် ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်း ကိုးပါးစလုံးအတွက် ဧကရာဇ်အဆင့်သို့ သွားရာလမ်းကို အပြည့်အဝ ဖြတ်တောက်လိုက်ခြင်းပင် ဖြစ်သည်။

‎

‎

‎ဤသည်မှာ ကောင်းကင်ဘုံအရှင်သခင်၏ စစ်မှန်သော စွမ်းအားပင်လော။

‎

‎

‎ဤအခိုက်အတန့်တွင် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ စိတ်နှလုံးထဲ၌ မသိမသာ စိုးရိမ်ပူပန်မှုတစ်ခု တဖြည်းဖြည်း မြင့်တက်လာခဲ့၏။

‎

‎

‎သူသည် ကုချန်၏ တိုက်ခိုက်ရေးစွမ်းအားကို အထင်လွဲမှားခဲ့မိသည်ဟု ခံစားလိုက်ရသည်။

‎

‎

‎သို့သော် ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်းများ၏ ကိုယ်တွင်း၌ အမြစ်တွယ်နေသော အင်မော်တယ်မျိုးစေ့များကို မြင်လိုက်ရသောအခါ အနည်းငယ် ထိတ်လန့်နေသော သု၏စိတ်နှလုံးမှာ တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။

‎

‎

‎မှန်သည်။ ကုချန် မည်မျှပင် အစွမ်းထက်နေပါစေ သူသည် အဆုံးမဲ့ကမ္ဘာကိုသာ အုပ်စိုးနေသူဖြစ်ရာ အင်မော်တယ်နယ်မြေမှ နည်းလမ်းများကို သူ မည်သို့ ခုခံနိုင်မည်နည်း။

‎

‎

‎ကုချန်သည် မည်သည့် မိစ္ဆာပညာမျိုး အသုံးပြုခဲ့သည်ကို သူ မသိသော်လည်း ဤအင်မော်တယ်မျိုးစေ့ ကိုးစေ့ ရှိနေသရွေ့ အစပြုခွင့်မှာ သူ၏လက်ထဲတွင် ရှိနေဆဲပင် ဖြစ်သည်။

‎

‎

‎...

‎

‎

‎" ဒါက... . "

‎

‎

‎" ရှန်းဟိုင်းအဖွဲ့က ဧကရာဇ်တစ်ပိုင်းတွေက တကယ်ပဲ တာအိုကို မရယူနိုင်တော့ဘူးလား "

‎

‎

‎" ရှေးဟောင်းသမိုင်းမှတ်တမ်းတွေအရဆိုရင် တာအိုရယူခြင်း ကပ်ဘေးကို ဖြတ်ကျော်ပြီးသွားရင် အခုလောက်ဆို တာအိုရယူဖို့ အောင်မြင်နေသင့်ပြီ... ဒါပေမယ့်..... "

‎

‎

‎ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်းများအားလုံး တာအိုမရယူနိုင်သည့် မြင်ကွင်းသည် အဆုံးမဲ့ကမ္ဘာရှိ သန်းထောင်ချီသော သက်ရှိများ၏ မျက်လုံးထဲသို့လည်း ကျရောက်သွားခဲ့၏။

‎

‎

‎မျက်တောင်တစ်ခတ်အတွင်း မူလက ဝမ်းမြောက်ဝမ်းသာ အောင်ပွဲခံသံများသည် လျင်မြန်စွာ မှေးမှိန်သွားလျက် တိတ်ဆိတ်သွားလေတော့သည်။

‎

‎

‎မရေမတွက်နိုင်သော လူသားမျိုးနွယ်ဝင်များ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေလေသည်။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်က စကားတစ်ခွန်း ပြောလိုက်ရုံနဲ့ ရှန်းဟိုင်းအဖွဲ့က ဧကရာဇ်တစ်ပိုင်း ကိုးပါးစလုံး တာအိုကို မရယူနိုင်တော့ဘူးလား။ ဘယ်လို မိစ္ဆာပညာမျိုးလဲ။

‎

‎

‎" ဒါက ကောင်းကင်ဘုံအရှင်သခင်ပဲလေ..... "

‎

‎

‎လူသားမျိုးနွယ်မှ လူအိုကြီးများနှင့် သက်ရှိကျောက်ဖြစ်ရုပ်ကြွင်းအချို့မှ တီးတိုး ရေရွတ်လိုက်ကြ၏။ ဤရလဒ်အတွက်လည်း အံ့အားသင့်နေပုံ မရချေ။

‎

‎

‎သူသည် တစ်ချိန်က အဆုံးမဲ့ကမ္ဘာတစ်ခုလုံးကို ထိတ်လန့်ကြောက်ရွံ့စေခဲ့သော တည်ရှိမှုတစ်ခုဖြစ်ကာ ကျူးကျော်လာသော နတ်ဆိုးနယ်မြေမှ သက်ရှိများကိုပင် သူ၏ရှေ့မှောက်၌ တုန်ယင်သွားစေလောက်အောင် ကြောက်မက်ဖွယ်ကောင်း၍ ရိုသေလေးစားရသော တည်ရှိမှုတစ်ခု ဖြစ်လေသည်။

‎

‎

‎ဧကရာဇ်တစ်ပိုင်းများ၏ လမ်းကြောင်းကို ဖြတ်တောက်ရန်ဆိုသည်မှာ ဆိုဖွယ်ရာပင် မရှိတော့ချေ။

‎

‎

‎ဧကရာဇ်အဆင့်သို့ တက်လှမ်းပြီးသားသူများပင်လျှင် သူ၏ရိုက်သတ်ခြင်းကို ခံရမည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်ခဲ့ကြပေ။

‎

‎

‎လောကသားများသည် ကောင်းကင်ဘုံအရှင်သခင်၏ ခမ်းနားကြီးကျယ်မှုကို မမြင်တွေ့ခဲ့ရသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်ရာ သူသည် အမှန်တကယ် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုဖြစ်ကြောင်းကို မေ့လျော့သွားစေခဲ့သည်ဟုသာ ဆိုရပေမည်။

‎

‎

‎...

‎

‎

‎အထက်ကောင်းကင် တားမြစ်နယ်မြေအတွင်း၌.....

‎

‎

‎တာအိုမရယူနိုင်ဖြစ်နေသော ရှန်းဟိုင်းအဖွဲ့၏ ဧကရာဇ်တစ်ပိုင်းများကို ကြည့်လျက် ကုချင်းရွဲ့၊ ယဲ့ယင်းယင်းနှင့် အခြားသူများ၏ မျက်လုံးများထဲတွင် 'ထင်တဲ့အတိုင်းပဲ' ဟူသော အရိပ်အယောင်များ ပေါ်လွင်နေလေသည်။

‎

‎

‎" ဆရာပြောတဲ့အတိုင်းပဲ... ဘိုးဘေးရဲ့ ခွင့်ပြုချက်မပါဘဲ ဒီရှန်းဟိုင်းအဖွဲ့က ဧကရာဇ်တစ်ပိုင်းတွေ တာအိုကို လုံးဝ မရယူနိုင်ဘူး "

‎

‎

‎ကုချင်းရွဲ့မှ တိုးတိတ်စွာ ရေရွတ်လိုက်၏။

‎

‎

‎အရာအားလုံးမှာ ဆရာပြောခဲ့သည့်အတိုင်းပင် ဖြစ်သည်။ ဘိုးဘေးသည် ကိုယ်ထင်ပြခြင်းပင် မရှိဘဲ ပေါ့ပေါ့ပါးပါး အမိန့်တစ်ခုဖြင့် ဤရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်းများ၏ လမ်းကြောင်းများကို ပိတ်ဆို့လိုက်ပြီ ဖြစ်သည်။

‎

‎

‎ဤမျှ နက်နဲ၍ ခန့်မှန်းရခက်သော စွမ်းအားမှာ တကယ့်ကို ရိုသေလေးစားဖွယ် ကောင်းလှပေသည်။

‎

‎

‎" ဒါက ဘာများ အရေးပါလို့လဲ..... "

‎

‎

‎ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် ခေါင်းအနည်းငယ် ယမ်းလိုက်သော်လည်း စကားများများစားစား မပြောခဲ့ချေ။

‎

‎

‎ကုမိသားစုဝင်များသည် သူတို့၏ဘိုးဘေး အလွန်အစွမ်းထက်ကြောင်း သိထားသော်ငြား ကုချန် မည်မျှ စွမ်းအားကြီးမားကြောင်းကိုတော့ သူတို့ စိတ်ကူးဖြင့်ပင် မှန်းဆနိုင်မည်မဟုတ်ကြောင်း သူ နားလည်ထားလေသည်။

‎

‎

‎ကမ္ဘာတစ်ခု၏ နှလုံးသားကို ထိန်းချုပ်ရန်မှာ စစ်မှန်သော အင်မော်တယ် ကျင့်ကြံမှု လိုအပ်ပေသည်။

‎

‎

‎ထို့အပြင် ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် ကုချန်မှ အင်မော်တယ်အရှင်သခင်အဆင့် တည်ရှိမှုတစ်ခုအား သတ်ဖြတ်ခဲ့သည်ကို ကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ဖူးလေသည်။

‎

‎

‎ကုချန်၏စွမ်းအားဖြင့်ဆိုလျှင် သူ၏လက်တစ်ဖက်ကို လှန်လိုက်ရုံဖြင့် အဆုံးမဲ့ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်ရန်မှာ ခက်ခဲသောကိစ္စ မဟုတ်ဟုပင် ဆိုနိုင်ပေသည်။

‎

‎

‎" ဟွန်းဟွန်း... နောက်ဆုံးတော့ ပြီးသွားပြီပဲ "

‎

‎

‎ကုမိသားစုဝင်များ အံ့အားသင့်ကာ စိတ်လှုပ်ရှားနေကြစဉ်မှာပင်.....

‎

‎

‎အထက်ကောင်းကင် ပင်မနန်းဆောင်အတွင်းမှ ညင်သာတည်ငြိမ်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာလေသည်။

‎

‎

‎ရယ်မောသံ ကြားရရာ နေရာတိုင်းရှိ လူတိုင်း၏ စိတ်နှလုံးထဲတွင် အဆုံးမဲ့ ဝမ်းမြောက်မှုများ ချက်ချင်း ဖြစ်ပေါ်လာခဲ့၏။

‎

‎

‎လူတိုင်းသည် အထက်ကောင်းကင် ပင်မနန်းဆောင်ဆီသို့ ကြောင်ငေးကြည့်လိုက်ကြလေသည်။

‎

‎

‎ထိုနေရာမှာ ကုချန် တံခါးပိတ်ကျင့်ကြံနေသော နေရာဖြစ်သည်။

‎

‎

‎ဘိုးဘေးရဲ့ စွမ်းအားက ထပ်တိုးလာပြန်တာလော။

‎

‎

‎ချက်ချင်းဆိုသလိုပင် ဤခန့်မှန်းချက်သည် ကုဝူရှန့်နှင့် အခြားသူများ၏ စိတ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

‎

‎

‎ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းတို့သည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြရာ နှစ်ဦးစလုံး၏ မျက်လုံးများထဲတွင် အကူအညီမဲ့မှု အရိပ်အယောင်တစ်ခုကို တွေ့လိုက်ရသည်။

‎

‎

‎သူတို့၏စိတ်နှလုံးထဲတွင် ထုတ်မပြောသော်လည်း သူတို့သည် ကုချန်အား သူတို့၏ စံပြပုဂ္ဂိုလ်နှင့် လိုက်နာကြိုးစားရမည့် ပန်းတိုင်အဖြစ် အမြဲတစေ သတ်မှတ်ထားခဲ့ကြသည်။

‎

‎

‎သို့သော် ရလဒ်မှာ သူတို့ဘိုးဘေး၏ စွမ်းအားသည် သူတို့ထက်များစွာ သာလွန်နေခြင်းဖြစ်ရာ သူ၏တိုးတက်မှုအရှိန်မှာ သူတို့ကို လုံးဝ ဖိနှိပ်ခြေမွနေခြင်းပင်။

‎

‎

‎" အင်မော်တယ်အရှင်သခင်အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ပြီ "

‎

‎

‎အထက်ကောင်းကင် ပင်မနန်းဆောင်အတွင်း၌ ကုချန်သည် ထိုနက်နဲသော ခေါင်းတလားထဲမှ ကျက်သရေရှိစွာ ထွက်ပေါ်လာခဲ့၏။

‎

‎

‎အင်မော်တယ်အရှင်သခင်အဆင့်သို့ တက်လှမ်းရန် ကြိုးစားချိန်တွင် ဆူညံလှုပ်ရှားမှုများ အလွန်အမင်း ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် ကုချန်သည် သူ၏ကိုယ်တွင်းမှ ပေါက်ကွဲထွက်လာနိုင်သည့် မည်သည့်လှိုင်းဂယက်ကိုမဆို ဖယ်ခွဲဖိနှိပ်ရန်အတွက် ဤနက်နဲသော ခေါင်းတလားထဲသို့ အထူးတလည် 'ပြောင်းရွှေ့' ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎အထက်ကောင်းကင်ကို မဆိုထားနှင့် အဆုံးမဲ့ကမ္ဘာတစ်ခုလုံးပင် ထိုစွမ်းအားကြောင့် ချက်ချင်း ဖျက်ဆီးခံရ၍ မြေကြီးနှင့် တစ်သားတည်း ဖြစ်သွားနိုင်ပေသည်။

‎ထို့ကြောင့် ကုချန်သည် ၎င်းကို အလွန်အမင်း သတိထား၍ ကိုင်တွယ်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ချေ။

‎

‎

‎သို့သော် အဆင့်တက်လှမ်းသည့် လုပ်ငန်းစဉ်မှာ မျှော်လင့်မထားလောက်အောင် ချောမွေ့နေခဲ့သည်။ အချိန်မြစ်၏အဆုံးတွင် သူ နားလည်သဘောပေါက်ခဲ့သော အဆုံးမဲ့တာအို စွမ်းအား အကြွင်းအကျန်များကို အားကိုးခြင်းဖြင့် သူ၏ ပင်မကိုယ်ခန္ဓာသည် ပြီးပြည့်စုံသော စစ်မှန်သည့် အင်မော်တယ်အဆင့်မှ အင်မော်တယ်အရှင်သခင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့၏။

‎

‎

‎ဤအင်မော်တယ်အရှင်သခင်အဆင့်မှာ သဘာဝကျကျပင် သာမန် အင်မော်တယ်အရှင်သခင်တစ်ပါးနှင့် မတူညီချေ။

‎

‎

‎ကုချန်သည် သူ၏ကိုယ်တွင်းရှိ စွမ်းအားများကို သေချာစွာ အာရုံခံလိုက်ပြီးသည်နှင့် သူ၏နှုတ်ခမ်းထက်တွင် ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။

‎

‎

‎သူ ပြီးပြည့်စုံသော စစ်မှန်သည့် အင်မော်တယ်အဆင့်တွင် ရှိစဉ်က အင်မော်တယ်ဘုရင်တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိခဲ့သည်။

‎

‎

‎ယခု သူသည် အင်မော်တယ်အရှင်သခင်အဆင့်သို့ တက်လှမ်းသွားပြီဖြစ်ရာ သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ သိသိသာသာ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။

‎

‎

‎ကုချန်၏ခန့်မှန်းချက်အရ ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း ကျင့်စဉ်၏ စွမ်းအားမပါဘဲ သူ၏ပင်မကိုယ်ခန္ဓာ တစ်ခုတည်းကိုသာ အားကိုးမည်ဆိုလျှင်ပင် သူသည် ပြိုင်ဘက်ကင်းနေပြီဖြစ်ကာ အင်မော်တယ်ဘုရင်အဆင့်ရှိ အရာအားလုံးကို လှဲကျင်းပစ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

‎

‎အခန်း ( ၄၀၈ ) - လွှမ်းမိုးနိုင်သော စွမ်းအား၊ ရှေးဟောင်းအမျက်ဒေါသနှင့် နယ်မြေဖြတ်ကျော်လာသော လက်မောင်း

‎

‎

‎

‎ငါ့ရဲ့ပင်မကိုယ်ခန္ဓာဟာ ပြိုင်ဘက်ကင်းပြီး အင်မော်တယ်ဘုရင်အဆင့်ကို လှဲကျင်းပစ်နိုင်စွမ်းရှိတယ်။

‎

‎

‎ငါ့ရဲ့ ဒုတိယနဲ့တတိယကိုယ်ပွားတို့ကလည်း သာမန်အင်မော်တယ်ဘုရင်တွေကို ကျော်လွန်တဲ့ စွမ်းအားတွေကို အသီးသီး ပိုင်ဆိုင်ထားကြ

‎တယ်။

‎

‎

‎ဒီကိုယ်ခန္ဓာသုံးခုသာ ပေါင်းစည်းလိုက်မယ်ဆိုရင် ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းလိုက်မလဲ။

‎

‎

‎အင်မော်တယ်ဧကရာဇ် မဟုတ်လျှင် နတ်ဆိုးဧကရာဇ်အဆင့်ရှိ တည်ရှိမှုတစ်ခုကိုပင် သူ ယှဉ်ပြိုင်နိုင်နေပြီဖြစ်သည်။

‎

‎

‎" အခုတော့ အင်မော်တယ်နယ်မြေနဲ့ နတ်ဆိုးနယ်မြေမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ စွမ်းအားရှိသွားပြီပဲ "

‎

‎

‎ကုချန်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

‎

‎

‎သူ၏လက်ရှိအခြေခံဖြင့် ကံကြမ္မာပြောင်းပြန်လှန်အမွှေးတိုင်၏ အကူအညီမပါဘဲပင် အင်မော်တယ်ဧကရာဇ်နှင့် နတ်ဆိုးဧကရာဇ်အဆင့်ရှိ တည်ရှိမှုများကို ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

‎

‎

‎အင်မော်တယ်နယ်မြေနှင့် နတ်ဆိုးနယ်မြေ တစ်ခုလုံးကို ခြုံကြည့်လျှင် သူသည် ပြိုင်ဘက်ကင်း မဟုတ်သေးသော်လည်း အင်မော်တယ်ဘုရင်များကို အထက်စီးမှကြည့်ကာ အရပ်မျက်နှာအားလုံးကို ကြီးကြပ်ကွပ်ကဲနိုင်စွမ်း သေချာပေါက် ရှိနေပြီဖြစ်သည်။

‎

‎

‎သေချာသည်မှာ ကုချန်၏အတွေးများကိုသာ အင်မော်တယ်နယ်မြေ သို့မဟုတ် နတ်ဆိုးနယ်မြေရှိ အင်မော်တယ်ဘုရင်များ သိရှိသွားပါက သူတို့သည် သေချာပေါက် အလွန်အမင်း ဆွံ့အသွားကြမည် ဖြစ်သည်။

‎

‎

‎အင်မော်တယ်ဘုရင်များကို လုံးဝ ကျော်လွန်သွားသော တိုက်ခိုက်ရေးစွမ်းအားသည် 'ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်' သက်သက်သာလော။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်သာဆိုလျှင် စံနှုန်း အနည်းငယ် မြင့်မားလွန်းနေသည် မဟုတ်ပါလော။

‎

‎

‎အင်မော်တယ်နယ်မြေနှင့် နတ်ဆိုးနယ်မြေ တစ်ခုလုံးကို ရှာဖွေကြည့်လျှင်ပင် ထိုသို့သော 'ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သည့်' စွမ်းအားရှိသော တည်ရှိမှုများ များများစားစား ရှိမည်မဟုတ်ပေ။

‎

‎

‎ပြီးပြည့်စုံသော အင်မော်တယ်အရှင်သခင်အဆင့်သို့ တက်လှမ်းပြီးနောက် ကုချန်၏အကြည့်များသည် ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်းများနှင့် သူတို့၏နောက်ကွယ်ရှိ ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီထံသို့ ကျရောက်သွားလေတော့သည်။

‎

‎

‎" ပုရွက်ဆိတ်တချို့ပါလား... မင်းတို့နောက်ကွယ်မှာ ဘယ်သူတွေရှိနေသေးလဲဆိုတာ ငါကိုယ်တော် ကြည့်ရသေးတာပေါ့ "

‎

‎

‎ကုချန်သည် တီးတိုး ရေရွတ်လိုက်၏။

‎

‎

‎အစောပိုင်းက ဆူညံသောင်းကျန်းနေသော ဤရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်းများကို သူ ဂရုမစိုက်ခဲ့ခြင်းမှာ သူသည် အင်မော်တယ်အရှင်သခင်အဆင့်သို့ တက်လှမ်းရန် အရေးကြီးသော အလှည့်အပြောင်းတွင် ရှိနေ၍ ဤမျှသေးငယ်သော ကိစ္စရပ်များကြောင့် အာရုံမလွှဲချင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် အတွေးတစ်ချက်ဖြင့် အဆုံးမဲ့တာအို ကောင်းကင်နှလုံးသားကို လှုပ်ရှားစေကာ ဤရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်းများ၏ ရှေ့ဆက်ရမည့် လမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်းသာ ဖြစ်သည်။

‎

‎

‎ယခု အဆင့်တက်ခြင်း ပြီးမြောက်သွားပြီဖြစ်ရာ သူသည် ဤပုရွက်ဆိတ်များကို ဆက်လက် အလိုလိုက်ထားမည် မဟုတ်တော့ချေ။

‎

‎

‎ပုရွက်ဆိတ်များသည် ကောင်းကင်ကြီးကို အော်ဟစ်နေသော်လည်း ကောင်းကင်ကြီးမှာ တုန်လှုပ်ခြင်း မရှိပေ။

‎

‎

‎သို့သော် ပုရွက်ဆိတ်များ ဖြစ်သည့်အလျောက် သူတို့သည် တန်ဖိုးပေးဆပ်ရမည် ဖြစ်သည်။

‎

‎

‎" ဝှီး...! "

‎

‎

‎မမြင်ရသော လှိုင်းဂယက်တစ်ခုသည် အထက်ကောင်းကင် တားမြစ်နယ်မြေအတွင်းမှ ထွက်ပေါ်လာကာ အဆုံးမဲ့စကြာဝဠာ ကြယ်တာရာ ကောင်းကင်ယံကို ချက်ချင်း လွှမ်းခြုံသွားလျက် ဧရာမကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်း ကိုးပါးအပေါ် ဖိကျလာလေသည်။

‎

‎

‎စကြာဝဠာများ၊ နေ နှင့် လတို့ ပြောင်းပြန်ဖြစ်သွားသကဲ့သို့ ဖြစ်သွားကာ ထိုကြောက်မက်ဖွယ် စွမ်းအားသည် အဆုံးမဲ့ကမ္ဘာရှိ သက်ရှိအားလုံးကို အရာတစ်ခုအား ချက်ချင်း သဘောပေါက်သွားစေခဲ့၏။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်သည် နောက်ဆုံးတွင် လှုပ်ရှားလိုက်ပြီ ဖြစ်သည်။

‎

‎

‎" ကောင်းကင်ဘုံအရှင်သခင် "

‎

‎

‎ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်း ကိုးပါး၏ နှုတ်မှ ထိတ်လန့်ဒေါသထွက်နေသော အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။

‎

‎

‎သို့သော် သူတို့နှင့် ကုချန်ကြားရှိ စွမ်းအားကွာဟချက်မှာ ကြီးမားလွန်းလှပေသည်။

‎

‎

‎ကုချန်၏ ဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါ အနည်းငယ်မျှဖြင့်ပင် ဤရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်း ကိုးပါးသည် တုံ့ပြန်ရန် အခွင့်အရေးပင် မရလိုက်ဘဲ ကြယ်တာရာ ကောင်းကင်ယံတွင် တစ်ဦးပြီးတစ်ဦး ပေါက်ကွဲသွားကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားကြလေသည်။

‎

‎

‎" ကုချန်! "

‎

‎

‎ကြယ်တာရာ ကောင်းကင်ယံ၏ အဝေးဆုံး တစ်ဖက်စွန်းရှိ ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည်လည်း ဤမြင်ကွင်းကြောင့် လန့်ဖြန့်သွားခဲ့ရ၏။

‎

‎

‎ကုချန်ဟာ ဤမျှ မြန်ဆန်ကာ ကြောက်မက်ဖွယ်ကောင်းအောင် လှုပ်ရှားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ ဖိနှိပ်သောအရှိန်အဝါ အနည်းငယ်မျှဖြင့် ဧကရာဇ်တစ်ပိုင်း ကိုးပါးစလုံးကို ချက်ချင်းပင် အမှုန့်ကြိတ်ကာ အမြစ်ပြတ်ချေမှုန်းလိုက်ခြင်း ဖြစ်သည်။

‎

‎

‎ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် စိတ်များ လှုပ်ရှားသွားကာ အင်မော်တယ်မျိုးစေ့ ကိုးစေ့ကို အသုံးပြု၍ ပြန်လည်တိုက်ခိုက်ရန် အလျင်အမြန် ကြိုးစားလိုက်လေသည်။

‎

‎

‎သို့သော် ထိုအခိုက်၌ သူ့အား မှင်သက်ထိတ်လန့်သွားစေမည့် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့လေသည်။

‎

‎

‎ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်း ကိုးပါး၏ ကိုယ်ခန္ဓာများ ပေါက်ကွဲသွားသည်နှင့် သူတို့ကိုယ်တွင်းရှိ အင်မော်တယ်မျိုးစေ့ ကိုးစေ့မှာ စကြာဝဠာ ကြယ်တာရာ ကောင်းကင်ယံတွင် သေချာစွာ ပေါ်လွင်လာခဲ့၏။

‎

‎

‎သို့သော် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီမှ ၎င်းတို့ကို မထိန်းချုပ်နိုင်မီမှာပင် ကုချန်၏ ဖိနှိပ်သော အရှိန်အဝါသည် အင်မော်တယ်မျိုးစေ့ ကိုးစေ့စလုံးကို လွှမ်းခြုံသွားကာ မျက်တောင်တစ်ခတ်အတွင်း ပြာအဖြစ် ချေမွပစ်လိုက်လေသည်။

‎

‎

‎ဤအင်မော်တယ်မျိုးစေ့ ကိုးစေ့သည် အင်မော်တယ်နယ်မြေ၏ နည်းလမ်းတစ်ခု ဖြစ်ပေသည်။

‎

‎

‎ဝမ်လုံအင်မော်တယ်အရှင်၏ အရှင်များကို ရိတ်သိမ်းစားသုံးသည့် နည်းလမ်းနှင့် ကွာခြားသော်လည်း သူတို့၏ရည်ရွယ်ချက်မှာ တူလေသည်။

‎

‎

‎ပထမတစ်ခုက ထိုအရှင်များကို ကြီးထွားရန် အချိန်ပေး၍ ရင့်မှည့်လာသောအခါ အားလုံးကို ရိတ်သိမ်းစားသုံးခြင်းဖြစ်သည်။

‎

‎

‎နောက်တစ်ခုကမူ သူတို့ အားနည်းနေချိန်တွင် ကိုယ်တွင်း၌ စိုက်ပျိုးထားကာ သူတို့နှင့်အတူ ကြီးထွားလာပြီး နောက်ပိုင်းတွင် ကိုယ်ခန္ဓာကို လုယူ၍ သခင်အဖြစ် နေရာယူလျက် သူတို့၏ အနှစ်သာရအားလုံးကို အပြည့်အဝ လုယူစုပ်ယူပြီး ကိုယ်ခန္ဓာအခွံချည်းသာ ချန်ထားခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ထို့နောက် အင်မော်တယ်မျိုးစေ့ကို စိုက်ပျိုးသူမှ ပြန်လည်ရယူသွားမည် ဖြစ်သည်။

‎

‎

‎ကုချန်၏ စွမ်းအားဖြင့်ဆိုလျှင် အင်မော်တယ်မျိုးစေ့ကို အာရုံခံမိသည်နှင့် ၎င်းကို သိရှိပြီးဖြစ်ရာ ထပ်မံစုံစမ်းနေစရာမလိုတော့ဘဲ မျက်တောင်တစ်ခတ်အတွင်း ချေမွပစ်လိုက်ခြင်း ဖြစ်သည်။

‎

‎

‎သို့သော် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီမှာ ဆွံ့အသွားခဲ့ရသည်။

‎

‎

‎ကြောက်ရွံ့ခြင်း ဟူသော ခံစားချက်တစ်ခုသည်လည်း သူ၏ကိုယ်တွင်း၌ ရူးသွပ်စွာ ကြီးထွားလာခဲ့၏။

‎

‎

‎ထိုအရှင်သခင် ပေးသနားထားသော အင်မော်တယ်မျိုးစေ့များသည် ဤမျှ အလွယ်တကူ ဖျက်ဆီးခံလိုက်ရသည်လော။

‎

‎

‎ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ စိတ်များမှာ ဂယောက်ဂယက် ဖြစ်သွားခဲ့၏။

‎

‎

‎ဤအင်မော်တယ်မျိုးစေ့ ကိုးစေ့သည် ကုချန်ကို ဆန့်ကျင်ရာတွင်သုံးမည့် သူ၏ဝှက်ဖဲချပ် ဖြစ်သည်။

‎

‎

‎သို့သော် ယခုအခါ သူ၏ အဂုဏ်ယူရဆုံး

‎ဝှက်ဖဲချပ်မှာ ကုချန်နှင့် ရင်ဆိုင်ရန် အခွင့်အရေးပင် မရလိုက်ဘဲ တစ်ဖက်လူ၏ အလွယ်တကူ ချေမွခြင်းကို ခံလိုက်ရလေပြီ။

‎

‎

‎ထွက်ပြေး.....

‎

‎

‎ထိတ်လန့်ကြောက်ရွံ့မှုများကြားတွင် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် တစ်စုံတစ်ရာကို တွေးမိသွားဟန်ဖြင့် အလိုအလျောက် ထွက်ပြေးလိုစိတ် ပေါက်သွားခဲ့၏။

‎

‎

‎သို့သော် ဤတစ်ကြိမ်တွင် သူသည် ယခင်အကြိမ်ကကဲ့သို့ ကံကောင်းမှုမျိုး မရှိတော့ချေ။

‎

‎

‎ပြီးခဲ့သည့်အကြိမ်က သူသည် ရှေ့တန်းတွင် မည်သည့်အခါမျှ မရပ်တည်ခဲ့သောကြောင့် ကုချန်၏အာရုံစိုက်မှုကို မရရှိခဲ့ခြင်း ဖြစ်သည်။

‎

‎

‎သို့သော် ဤတစ်ကြိမ်တွင် ကုချန်အား ထောင်ချောက်ဆင်ရန် ဤရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်းများကို နယ်ရုပ်များအဖြစ် အသုံးပြုရန် ဆုံးဖြတ်လိုက်ချိန်တွင် သူ လွတ်မြောက်နိုင်စွမ်း မရှိတော့ချေ။

‎

‎

‎" ထွက်ပြေးမလို့လား... ငါအရှင်က မင်းကို ထွက်သွားခွင့်ပြုလို့လား "

‎

‎

‎ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ နားထဲတွင် တည်ငြိမ်သောအသံတစ်ခု ထွက်ပေါ်လာ၏။ ထိုအခိုက်၌ သူသည် တစ်ကိုယ်လုံး အေးစက်သွား၍ သွေးကြောထဲရှိ သွေးများပင် စီးဆင်းမှု ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

‎

‎

‎သူ ထွက်ပြေးချင်သော်လည်း နေရာအနှံ့၌ ရှိနေသော ထိုဖိနှိပ်သည့် အရှိန်အဝါသည် သူ၏ကိုယ်ခန္ဓာကို အပြည့်အဝ ချုပ်နှောင်ထားပြီးဖြစ်ကာ အသံထွက်၍ပင် မရတော့ချေ။

‎

‎

‎" ချီ..... "

‎

‎

‎ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ ကိုယ်ခန္ဓာသည် နောက်ဆုံး၌ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားလေတော့သည်။

‎

‎

‎ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ ကျဆုံးသွားသည့် အခိုက်အတန့်တွင် ကုချန်၏နတ်ဘုရားအာရုံသည် သူ၏အသိဉာဏ်ပင်လယ်ကို ရှာဖွေပြီးဖြစ်ကာ ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီထံ၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သိရှိသွားခဲ့လေတော့သည်။

‎

‎

‎" ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်..... "

‎

‎

‎ကုချန်သည် တီးတိုး ရေရွတ်လိုက်၏။

‎

‎

‎ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ မှတ်ဉာဏ်များကို စူးစမ်းရှာဖွေပြီးနောက် သိရှိလိုက်ရသည်များမှာ ကုချန် မျှော်လင့်ထားသည်ထက် ကျော်လွန်နေသော်လည်း အဆင်ပြေပြေ ရှိနေဆဲပင် ဖြစ်သည်။

‎

‎

‎ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ ရရှိခဲ့သော 'ကံကြမ္မာအထောက်အပံ့' ဆိုသည်မှာ ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်၏ လက်အောက်ခံ အင်အားစုများထံမှပင် ဖြစ်လေသည်။

‎

‎

‎အတိတ်က ဝမ်လုံအင်မော်တယ်၏ အင်မော်တယ်တစ်သောင်းမျှော်စင် ကဲ့သို့ပင် ဖြစ်သည်။

‎

‎

‎ဤရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်သည် တစ္ဆေတစ်ကောင်ကဲ့သို့ အမှန်တကယ်ပင် ရစ်ဝဲနေတော့၏။

‎

‎

‎ကုချန်သည် ခေါင်းမယမ်းဘဲ မနေနိုင်ခဲ့ချေ။ အင်မော်တယ်တစ်သောင်းမျှော်စင်မှသည် ယခု ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီအထိ အရာအားလုံးသည် ထိုရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်နှင့် ဆက်စပ်နေလေသည်။

‎

‎

‎ပို၍တိုက်ဆိုင်သည်မှာ ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်၏ အောက်ကမ္ဘာရှိ အစီအစဉ်အားလုံးမှာ ကုချန်၏ဖျက်ဆီးခြင်းကို ခံခဲ့ရခြင်းပင် ဖြစ်သည်။

‎

‎

‎…..

‎

‎

‎" သေချင်နေတာပဲ...! တကယ်ကို သေချင်နေတာပဲ! "

‎

‎

‎အင်မော်တယ်နယ်မြေ၏ တစ်နေရာမှ ဒေါသတကြီး ဟိန်းဟောက်သံကြီးတစ်ခု ပဲ့တင်ထပ်လာလေ၏။

‎

‎

‎ကြီးမားလှသော ကြက်သွေးရောင် မျက်လုံးကြီးတစ်ခုသည် လေဟာနယ်ကို နောက်တစ်ကြိမ် ဆုတ်ဖြဲလိုက်၍ ၎င်း၏ရှေ့ရှိ အင်မော်တယ်ဂိတ်တံခါးဆီသို့ ကြည့်လိုက်၏။ ၎င်း၏အကြည့်များထဲတွင် အဆုံးမဲ့ ဒေါသတရားများ လည်ပတ်နေလေသည်။

‎

‎

‎အင်မော်တယ်တစ်သောင်းမျှော်စင် ကိစ္စနှင့် ပတ်သက်၍ မည်သည့် သဲလွန်စမျှ မတွေ့ရသေးချိန်တွင် ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်သည် အောက်ကမ္ဘာ၌ သူချန်ထားခဲ့သော အင်မော်တယ်မျိုးစေ့များ အမြစ်ပြတ်ချေမှုန်းခံလိုက်ရကြောင်း အာရုံခံမိသွားခဲ့

‎၏။

‎

‎

‎ထိုကဲ့သို့ ဆက်တိုက်ဆိုသလို 'ထိုးနှက်ချက်' များမှာ ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်အား အတိုင်းအဆမသိ ဒေါသထွက်သွားစေခဲ့လေသည်။

‎

‎

‎တစ်ယောက်ယောက်က သူ့ကို တမင်သက်သက် ဆန့်ကျင်နေတာလား။

‎

‎

‎" ငါအရှင်က မင်းကို ဘယ်တော့မှ လွှတ်မပေးဘူး... ဘယ်တော့မှ..... "

‎

‎

‎ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်သည် တီးတိုး ပြောဆိုလိုက်၏။ သူ၏ တည်ငြိမ်နေပုံရသော အသံထဲတွင် ဖုံးကွယ်ထား၍မရသော အမုန်းတရား အရိပ်အယောင်တစ်ခု ပါဝင်နေလေသည်။

‎

‎

‎" ဝုန်း! "

‎

‎

‎ကြီးမားသော ကြက်သွေးရောင် မျက်လုံးကြီးသည် ရုတ်တရက် ပြူးကျယ်သွား၍ အလွန်မြန်ဆန်လှသော သွေးစွန်းနေသည့် လက်မောင်းတစ်ဖက်သည် ထိုမျက်လုံးထဲမှ ရုန်းထွက်လာကာ အင်မော်တယ်ဂိတ်တံခါး ရှိရာသို့ လှမ်းသွားလေတော့သည်။

‎

‎

‎ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်သည် အင်မော်တယ်မျိုးစေ့၏ အရှိန်အဝါ ပျောက်ကွယ်သွားရာ နေရာကို အာရုံခံမိပြီး ဖြစ်လေသည်။

‎

‎

‎သူသည် ဤလက်မောင်းဖြင့် နယ်မြေဖြတ်ကျော်ကာ အောက်ကမ္ဘာသို့ တိုက်ရိုက်ဝင်ရောက်လျက် သူ့ကို အကြိမ်ကြိမ် ဆန့်ကျင်ဝံ့သူကို ရှာဖွေ၍ အသေအချာ ချေမွသတ်ဖြတ်ပစ်ရန် ရည်ရွယ်ထားလေသည်။

All Chapters