အခန်း (၄၁၃-၄၁၄)
Vol. 30 Ch. 413-414
အခန်း ( ၄၁၃ ) - ကြောက်မက်ဖွယ် ပညာရပ်၊ ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး၊ ဆက်တိုက် ကိုယ်တိုင်ဖောက်ခွဲခြင်းများ
ကြက်သွေးရောင်အလင်းမှာ ဉီးစွာရောက်ရှိလာကာ ကုချန်၏ လက်ဝါးပတ်လည်ရှိ လေဟာနယ်ကို ရပ်တန့်သွားစေ၏။
သို့သော် ဤတစ်ကြိမ်တွင် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ သူငယ်အိမ်များကို ကျုံ့သွားစေသည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာ၏။ ကုချန်၏ လက်ဝါးသည် မည်သည့် အဟန့်အတား၊ လွှမ်းမိုးမှုကိုမျှ မကြုံတွေ့ရသကဲ့သို့ ဖြတ်သန်းသွားပြီး သူ၏ရင်ဘတ်ဆီသို့ အတားအဆီးမဲ့စွာ ဖိချလာလေသည်။
" ဘာ!? "
အင်မော်တယ်ဘုရင်မှာ အံ့သြသွားရကာ တည်ငြိမ်မှု ကင်းမဲ့သွားတော့၏။
သူ၏နဖူးပေါ်ရှိ ကြက်သွေးရောင်မျက်လုံးသည် သူ၏တစ်ဘဝစာ တာအိုကျင့်ကြံမှုနှင့် တာအိုအသီးအပွင့်တို့၏ ပြယုဂ်ဖြစ်သည်။ ၎င်းတွင် အချိန်တာအို၏ နက်နဲမှုအချို့ ပါဝင်ပြီး အချိန်နှင့် လေဟာနယ်ကို ရပ်တန့်စေနိုင်ကာ အံ့ဖွယ်အသုံးဝင်မှု အမျိုးမျိုးကို ပိုင်ဆိုင်ထားလေသည်။
ဤပညာရပ်ကို သူ၏အဆုံးအဖြတ် ဝှက်ဖဲချပ်အဖြစ် သတ်မှတ်ထားသောကြောင့် ရှားရှားပါးပါးသာ အသုံးပြုလေ့ရှိ၏။
အင်မော်တယ်ဘုရင်အဆင့် တိုက်ပွဲများတွင် အခြေအနေများသည် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားနိုင်ရာ ဤခဏတာ အချိန်နှင့် လေဟာနယ်ကို ပြောင်းလဲနိုင်စွမ်းက အရာများစွာကို ပြီးမြောက်စေနိုင်ပေသည်။
အတိတ်က တိုက်ပွဲများတွင် ဤပညာရပ်ကို ထုတ်သုံးလိုက်တိုင်း သူသည် အောင်ပွဲများနှင့် သိသာထင်ရှားသော ရလဒ်များစွာကို ရရှိခဲ့ဖူး၏။ သို့သော် ယနေ့တွင် အမြဲတမ်း ထိရောက်ခဲ့သော သူ၏ အံ့ဖွယ်ပညာရပ်သည် ပထမဆုံးအကြိမ်အဖြစ် ကျရှုံးသွားခဲ့ပြီဖြစ်သည်။ သူ မည်သို့မျှ မအံ့သြဘဲ၊ မယုံနိုင်ဘဲ နေနိုင်မည်နည်း။
သူ တွေဝေသွားသည့် ထိုစက္ကန့်ပိုင်းလေးအတွင်းမှာပင် ကုချန်၏လက်ဝါးသည် တိတ်တဆိတ် နီးကပ်လာကာ သူ၏ရင်ဘတ်ဆီသို့ ဖိချလိုက်လေပြီ။
မကောင်းဆိုးဝါး အင်မော်တယ်ဘုရင်မှာ တုံ့ပြန်ရန် အချိန်မရလိုက်တော့ဘဲ ကာကွယ်ရန် အလိုအလျောက် လက်လှမ်းလိုက်မိသည်။
" ဘန်း! "
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၍ အလင်းတန်းတစ်ခု လက်သွားကာ သူ၏ခန္ဓာကိုယ်မှာ အနောက်သို့ လွင့်စဉ်သွားတော့၏။
" ကျစ်...! "
လက်ဝါးဖြင့် အရိုက်ခံလိုက်ရသဖြင့် သူ၏ခန္ဓာကိုယ်အတွင်းရှိ ချီနှင့်သွေးများ ဆူပွက်သွားသည်ကို ခံစားလိုက်ရသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ဤသူ၏စွမ်းအားမှာ အောက်ကမ္ဘာမှ ထိုတည်ရှိမှုလောက် ကြီးမားပုံမရပေ။
အောက်ကမ္ဘာမှ ရန်သူသည် ဧကရာဇ်လက်သီးကို အသုံးပြုကာ လက်သီးတစ်ချက်ချင်းစီတိုင်း၌ သူ့အား လုံးဝ ပျက်သုဉ်းသွားတော့မည့်အလား ကြီးမားသော ဖိအားများကို ခံစားခဲ့ရစေသည်။ သို့သော် သူ၏ရှေ့မှ ရန်သူ၏ စွမ်းအားမှာ ကြီးမားသော်လည်း အောက်ကမ္ဘာမှလူလောက် မပြင်းထန်ဘဲ လက်ခံနိုင်သော အတိုင်းအတာအတွင်း၌သာ ရှိနေသေး၏။
ဤအချက်ကို သဘောပေါက်သွားသောအခါ မကောင်းဆိုးဝါး အင်မော်တယ်ဘုရင်မှာ အနည်းငယ် သက်သာရာရသွားပြီး နောက်တစ်ခဏတွင် သူ၏ ကျန်ရစ်သော လက်တစ်ဖက်ကို အလိုအလျောက် မြှောက်ရန် ကြိုးစားလိုက်၏။
သို့သော် မယုံကြည်နိုင်လောက်အောင် လေးလံသော ခံစားမှုတစ်ခု သူ၏လက်မောင်းမှ ရုတ်တရက် ထွက်ပေါ်လာကာ အပေါ်သို့မြှောက်ရန်ပင် ခက်ခဲသွားစေ၏။
" ဟင်!? "
သူ အံ့သြသွားကာ လက်မောင်းကို အလိုအလျောက် ငုံ့ကြည့်လိုက်မိသောခဏ၌ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ၏မျက်နှာအမူအရာမှာ ထပ်မံပြောင်းလဲသွားပြန်လေသည်။
သူ၏လက်မောင်းမှာ မည်သည့်အချိန်ကတည်းကမှန်းမသိသည့် ညှိုးနွမ်းယိုယွင်းနေသော အရောင်များ ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရ၏။ ထို့အပြင် အဆုံးမဲ့သော ရှေးဟောင်း
နှစ်ပေါင်းများစွာ၏ တိုက်စားခြင်းခံထားရသကဲ့သို့ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေလေသည်။
ဤသည်မှာ နှစ်ပေါင်းများစွာ၏ စွမ်းအား၊ အချိန်၏ ကြီးမြတ်သော စွမ်းအားပင် ဖြစ်သည်။ အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုပင်လျှင် ဤစွမ်းအား၏ တိုက်စားမှုမှ လွတ်ကင်းရန် ခဲယဉ်းလှ၏။
သူ့ကို ပို၍ ထိတ်လန့်သွားစေသောအရာမှာ.....
ထိုအချိန်တိုက်စားခြင်း စွမ်းအားသည် သူ၏ လက်မောင်းတစ်ခုလုံးကို စားသုံးပြီးနောက် ရပ်တန့်မသွားဘဲ ခန္ဓာကိုယ်ဆီသို့ ဆက်လက် ပျံ့နှံ့လာခြင်းပင် ဖြစ်လေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကြက်သွေးရောင် တော်ဝင်ဝတ်ရုံမှာ စွန်းထင်းသွား၍ အနက်ရောင်ဆံပင်များမှာ ညှိုးနွမ်းယိုယွင်းလာကာ ဆံဖြူများပင် ပေါက်လာတော့သည်။
သူ၏ ခန္ဓာကိုယ်မှနေ၍ သေလုမြောပါး ဖြစ်နေသော အဘိုးအိုတစ်ဦးကဲ့သို့ ဆွေးမြည့်ခြင်း အခြေအနေကို ပြသကာ ပုပ်ဟောင်သော ချီလှိုင်းများပင် ထွက်ပေါ်လာလေသည်။
ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး!
သူ၏ခန္ဓာကိုယ်အတွင်းမှ ဤအပြောင်းအလဲများကို ခံစားလိုက်ရချိန်တွင် အင်မော်တယ်ဘုရင်မှာ လုံးဝ ထိတ်လန့်သွားရတော့၏။ သူသည် ကြီးကျယ်ခမ်းနားသော အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုပင်။
ကောင်းကင်နှင့်အတူ ထာဝရတည်ရှိ၍ ကမ္ဘာလောကနှင့်အတူ အုပ်စိုးနိုင်သူ ဖြစ်သည်။ သူ၏သက်တမ်းမှာ အလွန်ရှည်လျားလှသဖြင့် ထာဝရ ရှင်သန်နိုင်ကာ သေဆုံးခြင်း ကင်းမဲ့နေပြီ ဖြစ်၏။ သာမန်သက်ရှိများသာ အိုမင်းယိုယွင်း ဆုတ်ယုတ်နိုင်သော်လည်း သူသည် စွမ်းအားကြီးမားသော အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်၏။ ဤစွမ်းအားမျိုး၏ လွှမ်းမိုးမှုကို မည်သို့လုပ်၍ ခံရနိုင်မည်နည်း။
သူ လွန်စွာ တုန်လှုပ်သွား၍ နားလည်နိုင်စွမ်း ကင်းမဲ့သွားတော့သည်။ ခန္ဓာကိုယ် အိုမင်းလာသည်နှင့်အမျှ သူ၏ နတ်ဝိညာဉ်မှာလည်း ဆုတ်ယုတ်လာကာ မူလက ကြည်လင်သွက်လက်နေသော အတွေးများမှာလည်း မှိုင်းဝေလာ၍ အတွေးတစ်ခု တွေးရန်ပင် အလွန်တရာ ခက်ခဲလာလေသည်။
မဖြစ်ဘူး... ဒီလိုတော့ အဖြစ်ခံလို့ မရဘူး.....
အတွေးများ ရုန်းကန်နေရစဉ်မှာပင် သူသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သဘောပေါက်သွားဟန်ဖြင့် ပြတ်သားသော စိတ်ကိုမွေးကာ သူ၏ အင်မော်တယ်ဘုရင် ရုပ်ခန္ဓာကို အသံကျယ်ကြီးဖြင့် ဖောက်ခွဲပစ်လိုက်လေသည်။
" ဘုန်း! "
အဆုံးမဲ့သော အင်မော်တယ်ဘုရင်၏ သွေးများ ပန်းထွက်သွားသော်လည်း မျက်စိတစ်မှိတ်အတွင်း ပြန်လည်စီးဝင်လာကာ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ စစ်မှန်သော ခန္ဓာကိုယ်အဖြစ် ပြန်လည်ဖွဲ့စည်းသွား၏။
သို့သော် အချိန်နှင့်လေဟာနယ် ပျက်သုဉ်းခြင်း စွမ်းအားများ ကူးစက်ခံထားရသော အသားနှင့် သွေးအချို့ကိုမူ သူ ပြန်လည်မယူဆောင်တော့ဘဲ တိုက်ရိုက် ဖျက်ဆီးပစ်လိုက်လေသည်။
ပြန်လည်ဖွဲ့စည်းခြင်းဖြင့် ပြန်လည်မွေးဖွားလာသော သူသည် အချိန်နှင့်လေဟာနယ် ပျက်သုဉ်းခြင်း စွမ်းအား၏ လွှမ်းမိုးမှုမှ နောက်ဆုံးတွင် လွတ်မြောက်သွားခဲ့၏။ သို့သော် သူ၏ အသွေးအသား အနှစ်သာရအချို့ ဆုံးရှုံးသွားသောကြောင့် သူ၏စွမ်းအားနှင့် မူလချီစွမ်းအင်များမှာလည်း အတိုင်းအတာတစ်ခုအထိ အားနည်းသွားခဲ့ရသည်။
ဤအချိန်နှင့်လေဟာနယ် ပျက်သုဉ်းခြင်း ကျင့်စဉ်မှာ အမှန်ပင် စွမ်းအားကြီးမားလွန်း၏။
ပြန်လည်ဖွဲ့စည်းပြီးနောက် အားနည်းသွားသော မကောင်းဆိုးဝါး အင်မော်တယ်ဘုရင်၏ အရှိန်အဝါကို ကြည့်ရင်း ကုချန်၏မျက်လုံးများမှာ လင်းလက်သွားလေ၏။ ဤအချိန်နှင့်လေဟာနယ် ပျက်သုဉ်းခြင်း ကျင့်စဉ်သည် ပထမဆုံး လက်တွေ့အသုံးပြုမှုမှာပင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ထိရောက်မှုကို ပြသလိမ့်မည်ဟု သူကိုယ်တိုင်ပင် မထင်မှတ်ထားခဲ့ပေ။
အကယ်၍ အင်မော်တယ်ဘုရင်သာ လုံလောက်အောင် မြန်မြန်ဆန်ဆန် မတုံ့ပြန်နိုင်ဘဲ၊ အချိန်နှင့်လေဟာနယ် ပျက်သုဉ်းခြင်း စွမ်းအား ဝင်ရောက်လာသော အသားနှင့် သွေးများကို ကိုယ်တိုင်ဖောက်ခွဲကာ ချက်ချင်း မဖြတ်တောက်နိုင်ခဲ့ပါက.....
လေဟာနယ် ပျက်သုဉ်းခြင်း စွမ်းအားသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားရန် အချိန်ကြာမည်မဟုတ်ပေ။ သူ၏ အရိုးများနှင့် သွေးများအားလုံးကို ရိုက်နှိပ်ကာ မျက်စိတစ်မှိတ်အတွင်း ခန္ဓာကိုယ်ကို ယိုယွင်းသွားစေလိမ့်မည်။ သူ၏အသက်ကို မယူနိုင်လျှင်တောင်မှ အင်မော်တယ်ဘုရင်၏ မူလချီစွမ်းအင်ကို သေချာပေါက် ပြင်းထန်စွာ ဒဏ်ရာရစေမည်မှာ အသေအချာပင်။
ဤသည်မှာ ' ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း ' စွမ်းအားဖြင့် ကုချန် ဖန်တီးထားသော အချိန်နှင့်လေဟာနယ် ပျက်သုဉ်းခြင်း စွမ်းအား၏ အစိတ်အပိုင်းငယ်လေး တစ်ခုမျှသာ ဖြစ်လေသည်။
အကယ်၍ သူ၏မူလခန္ဓာကိုယ်သာ ဤနေရာ၌ရှိနေ၍ အချိန်နှင့်လေဟာနယ် ပျက်သုဉ်းခြင်း ကျင့်စဉ် အပြည့်အစုံကို ထုတ်လွှတ်လိုက်မည်ဆိုပါက မျက်စိတစ်မှိတ်အတွင်း ထိုအင်မော်တယ်ဘုရင်၏ အသက်တစ်ဝက်ကို ယူသွားနိုင်မည် မဟုတ်ပါလော။
ကုချန်မှာ ဝမ်းမြောက်နေသော အခိုက်အတန့်၌ မကောင်းဆိုးဝါး အင်မော်တယ်ဘုရင်မှာ အံ့ဩထိတ်လန့်မှုများ ခံစားနေရလေ၏။
ထိုသူသည် မည်သို့သော နတ်ဆိုးပညာရပ်မျိုးကို အသုံးပြုနေသနည်း။ သူ့ကဲ့သို့ စွမ်းအားကြီးမားသော အင်မော်တယ်ဘုရင်တစ်ပါး၏ သက်တမ်းကိုပင် ဖြတ်တောက်နိုင်လောက်အောင် ယုတ်မာလွန်းလှ၏။
အကယ်၍ သူသာ စောစောက ထိုအသားနှင့်သွေး အစိတ်အပိုင်းကို ပြတ်သားစွာ မစွန့်လွှတ်ခဲ့ဘဲ ထိုထူးဆန်းသော စွမ်းအားကို ဆက်လက်တိုက်စားခွင့် ပြုထားခဲ့ပါက သူ၏ သက်တမ်းအားလုံး ဖြတ်တောက်ခံရကာ အမှန်တကယ် အိုမင်းသေဆုံးသွားနိုင်သည်ဟု သူ ခံစားလိုက်ရ၏။
" နောက်တစ်ခါ "
တစ်ကြိမ် အောင်မြင်သွားပြီဖြစ်ရာ ကုချန်မှာ ထိုမျှနှင့် ရပ်တန့်နေမည် မဟုတ်ပေ။ ယင်းအစား အချိန်နှင့်လေဟာနယ် ပျက်သုဉ်းခြင်း စွမ်းအားများ ပြည့်နှက်နေသော သူ၏လက်ဖြင့် ရှေ့သို့ဆက်တိုးကာ မကောင်းဆိုးဝါး အင်မော်တယ်ဘုရင်အား နောက်တစ်ကြိမ် ထပ်မံရိုက်ချလိုက်လေသည်။
ယခင် သင်ခန်းစာရှိထားသောကြောင့် မကောင်းဆိုးဝါး အင်မော်တယ်ဘုရင်သည် ကုချန်အား နောက်တစ်ကြိမ် အနီးကပ် မရင်ဆိုင်ရဲတော့ပေ။ သူသည် နောက်သို့ ရုတ်တရက် ဆုတ်ခွာလိုက်၍ ကုချန်နှင့် အလျင်အမြန် အကွာအဝေးတစ်ခု ခြားထားရန် ကြိုးစားလိုက်၏။
သို့သော် အင်မော်တယ်ဘုရင်၏ လှုပ်ရှားမှုကို သတိပြုမိသွားသော ကုချန်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာလေသည်။
ထွက်ပြေးချင်တယ်ပေါ့လေ?
အချိန်နှင့်လေဟာနယ် ပျက်သုဉ်းခြင်း စွမ်းအား၏ အံ့ဖွယ်အသုံးဝင်မှုများက ထိုမျှလောက် မရိုးရှင်းပေ။
" ဝှစ်! "
ကုချန်၏ခန္ဓာကိုယ်မှ အချိန်စွမ်းအားများ ထွက်ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်း မမြင်နိုင်သော အချိန်နယ်ပယ်တစ်ခု ကုချန်၏ ပတ်လည်တွင် ဖြစ်ပေါ်လာ၏။ ဤအချိန်နယ်ပယ်သည် လျင်မြန်စွာ ပျံ့နှံ့သွားကာ အင်မော်တယ်ဘုရင်ကိုပင် ၎င်းအတွင်းသို့ ဆွဲသွင်းသွားလေသည်။
" ရွှစ်! "
အချိန်နယ်ပယ်အတွင်း၌ ကုချန်၏ လှုပ်ရှားမှုအရှိန်မှာ ရုတ်တရက် အဆပေါင်းများစွာ မြင့်တက်သွားကာ မကောင်းဆိုးဝါး အင်မော်တယ်ဘုရင်ထံသို့ လျင်မြန်စွာ တိုးကပ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် အချိန်နယ်ပယ်၏ လွှမ်းမိုးမှုခံရသော မကောင်းဆိုးဝါး အင်မော်တယ်ဘုရင်၏ လှုပ်ရှားမှုများမှာ မရေမတွက်နိုင်အောင် နှေးကွေးသွားရလေသည်။
ဤသည်မှာ အချိန်နှင့်လေဟာနယ် ပျက်သုဉ်းခြင်း ကျင့်စဉ်၏ နောက်ထပ် အံ့ဖွယ်အသုံးဝင်မှုတစ်ခုပင် ဖြစ်သည်။ ရန်သူ၏ သက်တမ်းကို ဖြတ်တောက်နိုင်ရုံသာမက အချိန်စီးဆင်းမှုကိုပါ ပြောင်းလဲနိုင်ကာ လျင်မြန်စွာ ပြောင်းလဲနေသော တိုက်ပွဲအခြေအနေကိုပါ လွှမ်းမိုးနိုင်လေသည်။
" ဘန်း! "
မကောင်းဆိုးဝါး အင်မော်တယ်ဘုရင်၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် ကုချန်၏လက်ဝါးသည် နောက်တစ်ကြိမ် နီးကပ်လာကာ သူ၏ရင်ဘတ်ပေါ်သို့ ရက်စက်စွာ ရိုက်နှိပ်သွားပြန်၏။
စောစောက မြင်ကွင်းမှာ ထပ်မံပေါ်ပေါက်လာလေသည်။
ထူထပ်သော အချိန်နိယာမ စွမ်းအားများသည် မကောင်းဆိုးဝါး အင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်အတွင်းသို့ နောက်တစ်ကြိမ် ပျံ့နှံ့သွားတော့၏။ သူ၏ခန္ဓာကိုယ်အား ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး၏ လက္ခဏာများကို နောက်တစ်ကြိမ် ပြသလာစေပြန်သည်။
" အား...! "
မကောင်းဆိုးဝါး အင်မော်တယ်ဘုရင်မှာ ဒေါသတကြီး အော်ဟစ်လိုက်ရုံမှတစ်ပါး သူ ဘာမျှမတတ်နိုင်ခဲ့ပေ။ နာကျင်မှုကို ကြိတ်မှိတ်ခံစားရင်း သူ၏ရုပ်ခန္ဓာကို နောက်တစ်ကြိမ် ဖောက်ခွဲကာ အချိန်နှင့်လေဟာနယ် ပျက်သုဉ်းခြင်း စွမ်းအားများ လွှမ်းမိုးနေသည့် အသားနှင့် သွေးများကို နောက်တစ်ကြိမ် ဖယ်ရှားပစ်လိုက်ရလေတော့သည်။
အခန်း ( ၄၁၄ ) - ပြိုင်ဘက်ကင်းစွမ်းအား၊ မတုံးအခြင်း၊ အင်မော်တယ်ဘုရင် တိုက်ပွဲဝင်ရတနာ
သူ၏ရုပ်ခန္ဓာ ဆက်တိုက်ပေါက်ကွဲသွားသည်နှင့်အမျှ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ ချီစွမ်းအင်များမှာလည်း ဆက်တိုက် အားနည်းလာလေသည်။
ကုချန်၏ရှေ့တွင် သူသည် ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိတော့စွာ ခဏတာမျှ ရင်ဆိုင်လိုက်ရုံဖြင့် လုံးလုံးလျားလျား အရေးနိမ့်သွာရာ အခြေအနေမှာ အလွန်အန္တရာယ်များလှ၏။
သူ၏ သနားစရာအခြေအနေကို ကြည့်ကာ ကုချန်ပင်လျှင် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
အချိန်မြစ်အဆုံးရှိ အချိန်တိုင်၌ သူ နားလည်သဘောပေါက်ခဲ့သော အချိန်နှင့်လေဟာနယ် ပျက်သုဉ်းခြင်း ကျင့်စဉ်သည် လွန်စွာပင် စွမ်းအားကြီးမားလှပေ၏။ သူ၏ မူလခန္ဓာကိုယ်သည် အင်မော်တယ်ဘုရင်အဆင့်အတွင်း၌ ပြိုင်ဘက်ကင်းသော ခွန်အားကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ မည်သည့် အထူးကျင့်စဉ်မျှ မလိုအပ်ဘဲ ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်အား အလွယ်တကူ ချေမှုန်းနိုင်လေသည်။ သန့်စင်သော စွမ်းအားသက်သက်ဖြင့်ပင် ပြိုင်ဘက်ကို အနိုင်ယူနိုင်စွမ်းရှိ၏။
သို့သော် တတိယကိုယ်ပွားမှာကား ကွာခြားလေသည်။
အင်မော်တယ်နယ်မြေ၌ အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သော်လည်း သူ၏ လက်ရှိ တိုက်ပွဲဝင်ဆန္ဒသည် ' ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း ' ၏ ပံ့ပိုးမှုမပါပါက သာမန် အင်မော်တယ်ဘုရင်တစ်ပါးထက် အနည်းငယ် ပိုအားကောင်းရုံသာ ဖြစ်သည်။
သို့တိုင် ယခုအခါ ဤအချိန်နှင့်လေဟာနယ် ပျက်သုဉ်းခြင်း ကျင့်စဉ်ကို အားကိုးကာ နာမည်ကျော်ကြားခဲ့သည်မှာ ကြာပြီဖြစ်သော ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်အား ပြန်လည်ခုခံနိုင်စွမ်း မရှိတော့သည်အထိ ရိုက်နှက်နိုင်ခဲ့သည်။ ဤမျှ ကြီးမားလှသော စွမ်းအားတိုးတက်မှုက ကုချန်အား သဘာဝကျစွာပင် သက်ပြင်းချမိစေ၏။
ဤသည်မှာ အချိန်နှင့်လေဟာနယ် ပျက်သုဉ်းခြင်း ကျင့်စဉ်မျှသာ ရှိသေး၏။
အကယ်၍ ' ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း ' ကို အပြည့်အဝ နားလည်သဘောပေါက်နိုင်ပါက မည်မျှအထိ စွမ်းအားကြီးမားလာမည်နည်း။
" ဒါက ဘယ်လိုပညာရပ်မျိုးလဲ... ဘယ်လိုပညာရပ်မျိုးလဲ..... "
မကောင်းဆိုးဝါး အင်မော်တယ်ဘုရင်မှာ လုံးဝ မှင်သက်သွားတော့သည်။
ဤပြိုင်ဘက်သည် သူ၏သက်တမ်းကို ဖြတ်တောက်ရန် နတ်ဆိုးပညာရပ်ကို အသုံးပြုနိုင်ရုံသာမက သူ၏ခန္ဓာကိုယ်ပတ်လည်ရှိ အချိန်စီးဆင်းမှုကိုပါ ပြောင်းလဲနိုင်ကာ ကိုယ့်ကိုယ်ကို စွမ်းအားမြှင့်တင်ပြီး ပြိုင်ဘက်ကို အားနည်းစေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းအာနိသင်သည် သူ၏နဖူးပေါ်ရှိ အင်မော်တယ်ဘုရင်မျက်လုံး၌ပင် မရှိချေ။ ဤသူသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းရည်ကို မည်သို့ ပိုင်ဆိုင်နေရသနည်း။
" မင်းက တကယ်ပဲ ဘယ်သူလဲ "
ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်သည် သွားကိုကြိတ်ကာ ကုချန်အား စိုက်ကြည့်လျက် မေးမြန်းလိုက်၏။
ကုချန်သည် မကြာသေးမီကမှ အဆင့်တက်လာသော လူမသိသူမသိ အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်သောကြောင့် သူ မမှတ်မိခြင်းဖြစ်မည်ဟု အစက ထင်မှတ်ထားခဲ့သည်။ သို့သော် အပြန်အလှန် တိုက်ခိုက်ပြီးနောက် ထိုအတွေးကို လုံးဝ ဖျောက်ဖျက်ပစ်လိုက်လေသည်။
မကြာသေးမီကမှ အဆင့်တက်လာသော မျိုးဆက်သစ် အင်မော်တယ်ဘုရင်တစ်ပါးက သူ့အား ဤမျှ အကျပ်ရိုက်အောင် မည်သို့ ဖိအားပေးနိုင်မည်နည်း။ ဤသူသည် ပုန်းအောင်းနေသော ရှေးဟောင်းသတ္တဝါကြီး တစ်ကောင်သာ ဖြစ်ရမည်။ ယခုလုပ်ရပ်မှာလည်း သူ့ကို ပစ်မှတ်ထားခြင်းသာ ဖြစ်ပေမည်။
" မင်းက ဘယ်သူ့ရဲ့ လက်အောက်ငယ်သားလဲ... ပထမဧကရာဇ်လား၊ ဝိညာဉ်ဧကရာဇ်လား၊ ယွမ်ဧကရာဇ်လား... ဒါမှမဟုတ် တခြားတစ်ယောက်လား "
ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်သည် နာမည်အတော်များများကို ဆက်တိုက် ရေရွတ်လိုက်ရာ ကုချန်၏မျက်ခုံးများမှာ အနည်းငယ် ပင့်သွားလေသည်။
ထိုအင်မော်တယ်ဘုရင် တစ်ခုခု အထင်လွဲနေပြီကို သူ သိလိုက်သော်လည်း ဤအင်မော်တယ်ဧကရာဇ်များ၏ နာမည်ကို ထုတ်ပြောနိုင်ခြင်းက သူတို့နှင့် သဘောထားကွဲလွဲနေခြင်းကြောင့်ပင် ဖြစ်ရမည်။
သာမန် အင်မော်တယ်ဘုရင်တစ်ပါးမျှသာ ဖြစ်သူက အင်မော်တယ်ဧကရာဇ် အများအပြားနှင့် တစ်ပြိုင်နက်တည်း ပြဿနာတက်နေရာ ယခုကဲ့သို့ အကောင်းတိုင်း ရှိနေသေးသည်လော။
ဒီရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်က ဘယ်လိုလုပ် အသက်ရှင်နေနိုင်တာလဲ။
" ငါကိုယ်တော်က မင်းကို သတ်ဖို့ သက်သက်လာတာ "
ကုချန်သည် အေးတိအေးစက် ပြောဆိုလိုက်၏။ ထိုအင်မော်တယ်ဘုရင်၏ ဇဝေဇဝါဖြစ်မှုများကို ရှင်းပြနေရန် ရည်ရွယ်ချက်မရှိဘဲ သူ၏တိုက်ခိုက်မှုကိုသာ ဆက်လက် ဖိအားပေးလိုက်လေသည်။
အမှန်စင်စစ် သူနှင့် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်အကြား သေရေးရှင်ရေး ရန်ငြိုးမရှိပေ။ သူ၏ လက်အောက်ရှိ အင်မော်တယ်တစ်သောင်းမျှော်စင်မှ သူ့အား အကြိမ်ကြိမ် လာဆွနေသောကြောင့်သာ ဖြစ်၏။ သို့သော် ယခုအခါ ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင် ကိုယ်တိုင် ဝင်ပါလာပြီဖြစ်ရာ ကုချန်အနေဖြင့် သူ့အား လွှတ်ပေးရန် အစီအစဉ် မရှိတော့ချေ။
သို့သော် သူ တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ရန် လိုအပ်ပေသည်။ မည်သို့ပင်ဆိုစေ ဤသည်မှာ အင်မော်တယ်နယ်မြေ ဖြစ်၏။
အကယ်၍ တိုက်ပွဲသာ အချိန်ကြာသွားပါက ကောင်းကင်ဘုံရှိ အင်မော်တယ်ဘုရင်များ၏ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မည်။ ကြန့်ကြာပါက အပြောင်းအလဲများ ဖြစ်လာနိုင်သောကြောင့် အင်မော်တယ်ဘုရင်အား အမြန်ဆုံး ရှင်းထုတ်ပစ်ခြင်းက အကောင်းဆုံးပင်။
ထိုသို့တွေးလိုက်ပြီးနောက် ကုချန်သည် နောက်ထပ် လက်မတွန့်တော့ဘဲ အချိန်နှင့်လေဟာနယ် ပျက်သုဉ်းခြင်း စွမ်းအားကို အကြိမ်များစွာ အသုံးပြုလိုက်၏။ တစ်ချိန်တည်းမှာပင် ' ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း ' စွမ်းအားကိုပါ အမြင့်ဆုံးအထိ လည်ပတ်စေကာ အံ့ဖွယ်ပညာရပ် အမျိုးမျိုးကို ဖော်ထုတ်၍ ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်အား တိုက်ခိုက်လေတော့သည်။
အဆုံးမဲ့ နတ်ဘုရားအလင်းတန်းများ ထိုနေရာမှ ပွင့်အာထွက်လာလေ၏။
ကုချန်၏ အစွမ်းကုန် တိုက်ခိုက်မှုအောက်တွင် ထိုအင်မော်တယ်ဘုရင်မှာ လုံးဝ ဖိနှိပ်ခံလိုက်ရကာ ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိတော့ချေ။ သူသည် အညှာအတာမဲ့ ရိုက်နှက်ခံရလုနီးပါးဖြစ်နေလျက် အသက်ရှူကြိမ် အနည်းငယ်ကြာတိုင်းတွင် သူ၏ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားရကာ နောက်တစ်ကြိမ် ပြန်လည်ဖွဲ့စည်းရလေသည်။
ဤကြေကွဲဖွယ် တိုက်ပွဲကြောင့် ဘေးမှ စောင့်ကြည့်နေသော ယွဲ့လင်အင်မော်တယ်ဘုရင်ပင်လျှင် မှင်သက်သွားရ၏။
အင်မော်တယ်နယ်မြေတစ်ခုလုံးတွင် မကြာသေးမီကမှ အဆင့်တက်လာသော အင်မော်တယ်ဘုရင် အနည်းစုထဲမှ တစ်ပါးအနေဖြင့် ဤမျှ ကြေကွဲဖွယ်ကောင်းသော အင်မော်တယ်ဘုရင် တိုက်ပွဲကို သူ မည်သည့်အချိန်ကမျှ မမြင်တွေ့ခဲ့ဖူးပေ။
ဤလျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်ဘုရင်၏ တိုက်ခိုက်မှုအောက်တွင် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်မှာ လိုသလို ပုံသွင်းဖိချေခံရသော ကစားစရာတစ်ခုကဲ့သို့ ဖြစ်နေ၏။ သူတို့နှစ်ဦးကြားရှိ ကွာဟချက်မှာ လွန်စွာ ကြီးမားလှပေသည်။
သူသာဆိုလျှင်ရော.....
ယွဲ့လင်အင်မော်တယ်ဘုရင်သည် မတွေးဘဲ မနေနိုင်တော့ချေ။ သို့သော် ထိုသို့ဖြစ်နိုင်ချေကို တွေးကြည့်ရုံဖြင့်ပင် သူ၏အသက်ရှူမှုမှာ အနည်းငယ် ခက်ခဲလာသလို ခံစားလိုက်ရ၏။ အကြောင်းမှာ သူသာ အင်မော်တယ်ဘုရင်၏ နေရာတွင် ရှိနေပါက ထိုအင်မော်တယ်ဘုရင်ထက်ပင် ပို၍ ဆိုးရွားစွာ ခံစားရနိုင်ကြောင်း သူ ရှင်းရှင်းလင်းလင်း သိနေသောကြောင့်ပင်။
" မင်းနဲ့ အောက်ကမ္ဘာက ကောင်နဲ့က သေချာပေါက် တစ်ဖွဲ့တည်းပဲ "
ဆက်တိုက် လွင့်စဉ်ပေါက်ကွဲခံနေရသော ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်သည် သွားကိုကြိတ်လျက် တစ်ခုခုကို နောက်ဆုံးတွင် သဘောပေါက်သွားဟန်ဖြင့် ပြောဆိုလိုက်၏။
သူ၏အင်မော်တယ်မျိုးစေ့ကို ဖျက်ဆီးခဲ့သော အောက်ကမ္ဘာမှလူနှင့် ဤပြိုင်ဘက်တို့မှာ တစ်ဖွဲ့တည်းပင် ဖြစ်ကြောင်း သူ သိလိုက်လေပြီ။ ထို့အပြင် သူ၏ရှေ့မှ ဤသူသည် ဝမ်လုံကို သတ်ခဲ့သူလည်း ဖြစ်နိုင်ပေသည်။ ဝမ်လုံကို သူပေးခဲ့သော အင်မော်တယ်ဘုရင် အမိန့်တော်ကို ဤသူမှ လုယူကာ အင်မော်တယ်နယ်မြေသို့ လာရန် အသုံးပြုခဲ့ခြင်း ဖြစ်ရမည်။
သူ ထိုသို့ ခန့်မှန်းရသည့် အကြောင်းရင်းမှာလည်း အလွန်ရိုးရှင်းလှ၏။ သူသည် အောက်ကမ္ဘာမှ ထိုလျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်ဘုရင်နှင့် ယခုလေးတင် တိုက်ခိုက်ခဲ့ပြီးနောက် ဤသူမှ သူ့အား ချုံခိုလုပ်ကြံရန် ချက်ချင်း ကပ်လိုက်လာခဲ့၏။
အကယ်၍ သူတို့နှစ်ဦးသာ တစ်ဖွဲ့တည်းမဟုတ်ပါက မည်သို့လုပ်၍ ဤမျှ အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်နိုင်မည်နည်း။
" မင်းက လုံးလုံးကြီး တုံးအမနေပါလား "
ကုချန်သည် ရယ်မောလိုက်ကာ မည်သည့်အရာကိုမျှ ငြင်းဆန်ခြင်း မရှိချေ။ အမှန်တကယ်တော့ အင်မော်တယ်ဘုရင်၏ ခန့်မှန်းချက်မှာ လုံးဝ မှားယွင်းနေလေသည်။
'တစ်ဖွဲ့တည်း' ဟုတ်လား... သူတို့က တစ်ဦးတည်း၊ တစ်ယောက်တည်းပဲလေ။
" ငါအရှင်ကို လမ်းဆုံးရောက်အောင် တွန်းပို့တဲ့အတွက် မင်းကို တန်ရာတန်ကြေး ပေးဆပ်စေရမယ် "
ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်မှ ဟိန်းဟောက်လိုက်ရာ သူ၏နဖူးပေါ်ရှိ မျက်လုံးမှာလည်း ရုတ်တရက် ပွင့်အာသွားကာ ကြက်သွေးရောင် သွေးများ စီးကျလာလေသည်။
ထို့နောက် ပွင့်အာသွားသော မျက်လုံးထဲမှ စုတ်ပြဲနေသော အလံတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာ၏။ ၎င်းမှာ တိုက်ပွဲဝင်အလံတစ်ခုနှင့် တူသော်လည်း အလံတိုင် မရှိချေ။ အလံတိုင်မှာ ပျောက်ဆုံးသွားသည်မှာ ကြာပြီဖြစ်ဟန်တူသည်။
တိုက်ပွဲဝင်အလံ၏ မျက်နှာပြင်မှာလည်း မီးခိုးငွေ့များနှင့် သွေးကွက်များ ဖုံးလွှမ်းနေ၍ အပေါက်ကြီးများပင် ပါရှိကာ မယုံနိုင်လောက်အောင် စုတ်ပြဲနေလေသည်။ သို့သော် ထိုသို့ဖြစ်နေသော်ငြား ဤတိုက်ပွဲဝင်အလံကို ထုတ်ယူလိုက်ချိန်တွင် အတိုင်းအဆမဲ့ ကြီးမားကျယ်ပြန့်သော တိုက်ပွဲဝင်ဆန္ဒများ ထွက်ပေါ်လာလျက် အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်သွားလေ၏။
ပျက်စီးနေသော ထိုအလံဆီမှ အဆုံးမဲ့သော တိုက်ပွဲဝင် အော်ဟစ်သံများ ထွက်ပေါ်လာကာ အရပ်မျက်နှာအနှံ့ ပဲ့တင်ထပ်သွားသကဲ့သို့ ခပ်ရေးရေး ခံစားလိုက်ရ၏။ ဤသည်မှာ သာမန် အင်မော်တယ်ဘုရင် လက်နက်တစ်ခုနှင့် မတူဘဲ ပြီးပြည့်စုံသော အသိစိတ်တစ်ခုကို ပိုင်ဆိုင်ထားသကဲ့သို့ ပို၍ အသက်ဝင်နေလေသည်။
" အင်မော်တယ်ဘုရင် တိုက်ပွဲဝင်ရတနာ "
ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင် ထုတ်ယူလိုက်သော ပျက်စီးနေသည့် တိုက်ပွဲဝင်အလံကို မြင်လိုက်ရသောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်မှာ မအော်ဟစ်ဘဲ မနေနိုင်တော့ချေ။ သူ၏မျိုးနွယ်စုအတွင်းရှိ ရှေးဟောင်းကျမ်းစာများတွင် တွေ့ဖူးခဲ့သော မှတ်တမ်းများကို ချက်ချင်း ပြန်လည်သတိရသွား၏။
အင်မော်တယ်ဘုရင် တိုက်ပွဲဝင်ရတနာများသည် အင်မော်တယ်ဘုရင် လက်နက်များမှတစ်ဆင့် ပြောင်းလဲဖြစ်တည်လာခြင်းဖြစ်ပြီး ဖွဲ့စည်းရန်အတွက် အလွန်ကြမ်းတမ်းသော အခြေအနေများ လိုအပ်လေသည်။ ဤကဲ့သို့ ပြောင်းလဲရန် အခွင့်အရေးရရှိဖို့အတွက် လွန်စွာ ရက်စက်ကြမ်းကြုတ်သော စစ်မြေပြင်တစ်ခု၌ အင်မော်တယ်ဘုရင် အများအပြား၏ သွေးများနှင့် သတ်ဖြတ်လိုစိတ်များဖြင့် အာဟာရဖြည့်တင်းပေးရန် လိုအပ်၏။
ပြောင်းလဲပြီးနောက် အင်မော်တယ်ဘုရင် တိုက်ပွဲဝင်ရတနာသည် အင်မော်တယ်ဘုရင် လက်နက်တစ်ခုထက်ပင် ပိုမိုစွမ်းအားကြီးမားကာ အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုထက်မနည်းသော စွမ်းအားကို ထုတ်လွှတ်နိုင်စွမ်းရှိပြီး အထူး အံ့ဖွယ်အသုံးဝင်မှု အမျိုးမျိုးကိုလည်း ပိုင်ဆိုင်ထားလေသည်။ အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခု၏ မျက်လုံးထဲတွင် အင်မော်တယ်ဘုရင် တိုက်ပွဲဝင်ရတနာသည် အဖိုးတန်ဆုံး ရတနာဖြစ်သည်ဟု ဆိုနိုင်ပေသည်။
သို့သော် ဖွဲ့စည်းရန် လိုအပ်သော အခြေအနေများမှာ လွန်စွာ တင်းကျပ်လွန်းလှသောကြောင့် အင်မော်တယ်ဘုရင် တိုက်ပွဲဝင်ရတနာတိုင်းသည် ရှာဖွေ၍မရနိုင်ဘဲ ကြုံကြိုက်မှသာ တွေ့နိုင်သည့် အရာဖြစ်လေသည်။
အင်မော်တယ်ဘုရင် အများအပြား၏ သွေးများနှင့် သတ်ဖြတ်လိုစိတ်များဖြင့် အာဟာရဖြည့်တင်းပေးရန် လိုအပ်သည်ဆိုလျှင် သမိုင်းတစ်လျှောက် ပေါ်ပေါက်ခဲ့သော အင်မော်တယ်ဘုရင်အဆင့် တိုက်ပွဲများမှာပင် လက်ချိုးရေတွက်၍ ရနိုင်လောက်အောင် နည်းပါးလှရာ ဤမျှများပြားသော အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုများ ပါဝင်သည့် စစ်ပွဲကြီးများဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။