← Chapters

အခန်း (၄၁၅-၄၁၆)

Vol. 30 Ch. 415-416

အခန်း (၄၁၅-၄၁၆)

Vol. 30 Ch. 415-416

‎အခန်း ( ၄၁၅ ) - အလွန်တုံးအလွန်းခြင်း၊ အပြတ်အသတ်ချေမှုန်းခံရခြင်းနှင့် ရှေးဟောင်းမကောင်းဆိုးဝါး ကျဆုံးခြင်း

‎

‎

‎

‎ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင် ကိုင်ဆောင်ထားသော တိုက်ပွဲဝင်အလံသည် အင်မော်တယ်ဘုရင် တိုက်ပွဲဝင်ရတနာတစ်ခု ဖြစ်သော်လည်း အပြင်ပန်းအသွင်အပြင်အရ အက်ကွဲပျက်စီးနေ၍ မပြည့်စုံကြောင်း ထင်ရှားနေလေသည်။

‎

‎

‎သို့တိုင်အောင် ထိုရတနာသည် သာမန် အင်မော်တယ်ဘုရင် လက်နက်များနှင့် နှိုင်းယှဉ်၍မရနိုင်သော အံ့ဖွယ်အသုံးဝင်မှု အမျိုးမျိုးကို ထုတ်လွှတ်နိုင်စွမ်း ရှိနေသေး၏။

‎

‎

‎" ရပ်စမ်း! "

‎

‎

‎ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်မှ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။

‎

‎

‎စုတ်ပြဲနေသော ရှေးဟောင်း တိုက်ပွဲဝင်အလံသည် လေဟာနယ်ထဲတွင် လေမတိုက်ဘဲ လွင့်လူးသွား၍ အဆုံးမဲ့ ကြေကွဲဖွယ် တိုက်ပွဲဝင်ဆန္ဒများ ကောင်းကင်သို့ ထိုးတက်သွားကာ မိုင်သန်းရာချီ ကျယ်ဝန်းသော မမြင်နိုင်သည့် နယ်ပယ်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

‎

‎

‎ဤသည်ကို မြင်သောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်ပင်လျှင် ထိုနယ်ပယ်၏ လွှမ်းမိုးမှုခံရမည်ကို စိုးရိမ်သဖြင့် မဆုတ်ခွာဘဲ မနေနိုင်တော့ချေ။

‎

‎

‎ယခုအခါ အင်မော်တယ်ဘုရင်မှာ သတ်ဖြတ်လိုစိတ်ဖြင့် လုံးဝ ရူးသွပ်နေကာ သူ၏နောက်ဆုံးဖဲချပ်ကိုပင် ထုတ်သုံးလာပြီဖြစ်သည်။ အကယ်၍ သူသာ အလွန်နီးကပ်သွားပါက ရောယောင်ထိခိုက်မိမည်ကို ယွဲ့လင်အင်မော်တယ်ဘုရင် စိုးရိမ်နေမိ၏။

‎

‎

‎" သတ်...! သတ်...! သတ်! "

‎

‎

‎ထိုမမြင်ရသော နယ်ပယ်အတွင်း၌ ကုချန်သည် သူ၏ပတ်လည်တွင် မိုးထိမတတ် မြင့်မားသော သတ်ဖြတ်ခြင်းချီများကို ခံစားလိုက်ရ၏။ နားကွဲမတတ် ဆူညံနေသော အဆုံးမဲ့ တိုက်ပွဲဝင် အော်ဟစ်သံများသည် ဤကမ္ဘာလောကကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်တော့မည့်အလား ထွက်ပေါ်လာလေသည်။

‎

‎

‎မမြင်နိုင်သော နေရာမှ အင်မော်တယ်ဘုရင် အများအပြား၏ သတ်ဖြတ်လိုစိတ်များ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာ၍ ကုချန်အား ထိုနေရာတွင် ရပ်တန့်သွားစေရန် ရည်ရွယ်ကာ ပစ်မှတ်ထား ချုပ်နှောင်လိုက်၏။

‎

‎

‎ဤစုတ်ပြဲနေသော တိုက်ပွဲဝင်အလံအတွင်း၌ အင်မော်တယ်ဘုရင် အများအပြား၏ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များ ပါဝင်နေကာ ၎င်းတို့ ပေါင်းစပ်သွားသောအခါ သာမန်ထက် များစွာသာလွန်သော စွမ်းအားကို ထုတ်လွှတ်နိုင်လေသည်။

‎

‎

‎အကယ်၍ သာမန် အင်မော်တယ်ဘုရင်တစ်ပါးသာ ဤနေရာ၌ ရှိနေပါက ထိုထူထပ်သော သတ်ဖြတ်လိုစိတ်၏ ခြိမ်းခြောက်မှုအောက်တွင် ချက်ချင်း ရပ်တန့်သွားကာ လှုပ်ရှားနိုင်မည် မဟုတ်ပေ။

‎

‎

‎" ငါ့သွေးတွေက အလကား ကျဆင်းသွားမယ် ထင်နေလား... ငါ့ကို ဒီအခြေအနေထိ ရောက်အောင် တွန်းပို့တဲ့အတွက် မင်း တန်ရာတန်ကြေး ပေးဆပ်ရမယ် "

‎

‎

‎ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်မှ အေးစက်စွာ ပြောဆိုလိုက်၏။ ဤအင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံသည် သူ၏ နောက်ဆုံးဖဲချပ်နှင့် အဆုံးအဖြတ်ပညာရပ် ဖြစ်သော်လည်း ယနေ့တွင် ကုချန်မှ သူ့ကို ထုတ်သုံးလာစေရန် ဖိအားပေးနိုင်ခဲ့သည်။

‎

‎

‎တိုက်ပွဲဝင်အလံ ထွက်ပေါ်လာပြီဆိုလျှင် သွေးသောက်ရမည်သာ ဖြစ်၏။ ယနေ့တွင် ဤမောက်မာသောသူအား သူ သေချာပေါက် တန်ရာတန်ကြေး ပေးဆပ်စေရမည်။

‎

‎

‎" နည်းနည်း စိတ်ဝင်စားဖို့ ကောင်းလာပြီ "

‎

‎

‎ထိုမမြင်ရသော နယ်ပယ်အတွင်းရှိ ကုချန်သည်လည်း ကောင်းကင်တုန်လှုပ်မတတ် အင်မော်တယ်ဘုရင်၏ သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရ၏။

‎

‎

‎အင်မော်တယ်ဘုရင် အများအပြား၏ သတ်ဖြတ်လိုစိတ်များ ရောယှက်စုဆုံသွားသောကြောင့် သူ၏ပတ်လည်ရှိ လေဟာနယ်မှာ စေးပျစ်သွားသကဲ့သို့ ခံစားလိုက်ရကာ လက်တစ်ဖက် လှုပ်ရှားရန်ပင် ကြီးမားသော ခွန်အားများ လိုအပ်လာလေသည်။

‎

‎

‎ဤအင်မော်တယ်နယ်မြေရှိ အင်မော်တယ်ဘုရင်များကို အမှန်တကယ်ပင် လျှော့တွက်၍ မရချေ။ မည်သူမဆို ပညာရပ်များစွာကို ပိုင်ဆိုင်ထားကြလေသည်။

‎

‎

‎ကုချန်၏စိတ်ထဲတွင် အနည်းငယ် သတိဝင်သွား၏။ အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိနိုင်သူများထဲတွင် မည်သူက ကိုင်တွယ်ရ လွယ်ကူမည်နည်း။

‎

‎

‎ကောင်းကင်ကို ဆန့်ကျင်နိုင်သော ကံကြမ္မာနှင့် ကောင်းချီးများ မရှိပါက သူတို့သည် အရိုးဖြူများအဖြစ်သို့ ပြောင်းလဲသွားသည်မှာ ကြာပြီဖြစ်ပြီး အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်ပေ။

‎

‎

‎အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်သူတိုင်းသည် သဘာဝကျကျပင် ကိုယ်ပိုင် ဖဲချပ်များကို ပိုင်ဆိုင်ထားကြစမြဲ ဖြစ်သည်။ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည်လည်း ထိုနည်းတူပင်။ အကယ်၍ သူ့ကို လျှော့တွက်မိပါက သေချာပေါက် တန်ရာတန်ကြေး ပေးဆပ်ရမည်သာ ဖြစ်သည်။

‎

‎

‎သို့သော်.....

‎

‎

‎အင်မော်တယ်ဘုရင်၏ မျက်နှာပေါ်ရှိ အောင်ပွဲခံဟန် အမူအရာကို ကြည့်နေသည့် ကုချန်၏စိတ်ထဲတွင် လှိုင်းဂယက်အနည်းငယ်မျှပင် မထဘဲ တည်ငြိမ်နေလေသည်။

‎

‎

‎မင်းမှာ ဖဲချပ်ရှိသလို၊ ငါ့မှာရော မရှိဘူးလား။ အင်မော်တယ်ဘုရင် တိုက်ပွဲဝင်ရတနာက သေချာပေါက် ကောင်းမွန်ပေမယ့် ဒါလေးတစ်ခုတည်းကိုပဲ အားကိုးနေမယ်ဆိုရင်တော့ လုံလောက်မယ် မထင်ဘူး။

‎

‎

‎" သေစမ်း! "

‎

‎

‎ကုချန် တစ်နေရာတည်းတွင် ရပ်တန့်နေသည်ကို မြင်သောအခါ ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်၏ မျက်လုံးထဲတွင် အောင်ပွဲခံသည့် အရိပ်အယောင်များ ချက်ချင်း ထွက်ပေါ်လာ၏။

‎

‎

‎ဤအင်မော်တယ်ဘုရင် တိုက်ပွဲဝင်ရတနာကို ထုတ်သုံးလိုက်တိုင်း သူ တစ်ကြိမ်တစ်ခါမျှ မရှုံးနိမ့်ခဲ့ဖူးပေ။ တိုက်ပွဲဝင်အလံ၏ သတ်ဖြတ်လိုစိတ်ဖြင့် ချုပ်နှောင်ခံရသော မည်သည့်ရန်သူမဆို ချွင်းချက်မရှိ လုံးဝ မလှုပ်ရှားနိုင်တော့ဘဲ သူ၏သတ်ဖြတ်ခြင်းကိုသာ ခံကြရ၏။

‎

‎

‎လက်ရှိအခြေအနေမှာလည်း သဘာဝကျစွာပင် ချွင်းချက်မရှိပေ။ ဤသူသည် တုံးအအဖြင့် ရပ်နေရာ အင်မော်တယ်ဘုရင် တိုက်ပွဲဝင်ရတနာ၏ ချုပ်နှောင်ခြင်းကို ခံထားရသည်မှာ ထင်ရှားလှသည်။

‎

‎

‎ထိုသို့ဖြစ်ရာ ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်သည် ဤတစ်ဘဝစာ ရှားပါးလှသော အခွင့်အရေးကို သဘာဝကျကျပင် လက်လွတ်ခံမည် မဟုတ်ချေ။ သူ၏ အင်မော်တယ်ဘုရင် ချီစွမ်းအင်များ ပေါက်ကွဲထွက်လာလျက် မျက်စိတစ်မှိတ်အတွင်း ရှေ့သို့ပြေးဝင်ကာ ကုချန်အား ဖမ်းဆုပ်ရန် လက်နှစ်ဖက်လုံးကို ဆန့်ထုတ်လိုက်လေသည်။

‎

‎

‎လက်တစ်ကမ်းအလိုရှိ ကုချန်အား ကြည့်လျက် ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်၏ မျက်လုံးထဲတွင် ပိုမို ရက်စက်ကြမ်းကြုတ်သော အမူအရာများ ထွက်ပေါ်လာ၏။ မလှုပ်ရှားနိုင်သော ကုချန်အား သူ အရှင်လတ်လတ် နှစ်ပိုင်းဆွဲဖြဲပစ်လိုက်သည်ကိုပင် မြင်ယောင်နေမိလေပြီ။

‎

‎

‎သို့သော် အင်မော်တယ်ဘုရင်၏ အောင်ပွဲခံမှုမှာ အချိန်ကြာကြာ မခံလိုက်ချေ။

‎

‎

‎သူ၏လက်နှစ်ဖက် ကုချန်ကို ဖမ်းဆုပ်မိတော့မည့် အချိန်လေးမှာပင် တည်ငြိမ်၍ အေးစက်သော အသံတစ်သံ သူ၏နားထဲသို့ ဝင်ရောက်လာ၏။

‎

‎

‎" ဒီလောက် နည်းလမ်းလေးတွေနဲ့ ငါကိုယ်တော်ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာ... မင်းက တုံးအလွန်းတယ် "

‎

‎

‎ထိုအသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ငြိမ်သက်နေသော ကုချန်သည် ချုပ်နှောင်မှုမှ ရုတ်တရက် ရုန်းထွက်သွားသကဲ့သို့ အင်မော်တယ်ဘုရင်၏ သတ်ဖြတ်လိုစိတ် ချုပ်နှောင်မှုမှ လွတ်ကင်းသွား၏။ ထို့နောက် သူသည် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ အချိန်နှင့်လေဟာနယ် ပျက်သုဉ်းခြင်း စွမ်းအားကို အသုံးပြု၍ လက်ဝါးနှစ်ဖက်ဖြင့် အင်မော်တယ်ဘုရင်၏ ပခုံးနှစ်ဖက်ကို တစ်ပြိုင်နက်တည်း ဖမ်းဆုပ်ကာ အကြမ်းပတမ်း ဆွဲဖြဲပစ်လိုက်တော့သည်။

‎

‎

‎" ဗြိ! "

‎

‎

‎တိုက်ပွဲကို စောင့်ကြည့်နေသော ယွဲ့လင်အင်မော်တယ်ဘုရင်ပင်လျှင် ထိတ်လန့်သွားလျက် မျက်စိစုံမှိတ်သွားစေမည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာလေသည်။

‎

‎

‎ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်မှာ ကုချန်၏လက်ထဲတွင် အရှင်လတ်လတ် နှစ်ပိုင်းဆွဲဖြဲခံလိုက်ရလေပြီ!

‎

‎

‎အင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်မှာ ပျက်စီးသွား၍ အင်မော်တယ်ဘုရင်၏ သွေးများသည်လည်း တန်ဖိုးမရှိသည့်အလား မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ကျဆင်းလာတော့သည်။

‎

‎

‎" အား...! "

‎

‎

‎အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်သောကြောင့် ခန္ဓာကိုယ် နှစ်ပိုင်းဆွဲဖြဲခံရလျှင်တောင်မှ သူသည် သေဆုံးသွားမည် မဟုတ်ချေ။ အင်မော်တယ်ဘုရင်သည် ကုချန်၏လက်တွင်းမှ လွတ်မြောက်ရန် အသေအလဲ ရုန်းကန်လေတော့သည်။

‎

‎

‎သို့သော် ကုချန်၏လက်ဝါးကြားတွင် အချိန်နှင့်လေဟာနယ် ပျက်သုဉ်းခြင်း စွမ်းအားများ ပြည့်နှက်နေကာ နှစ်ပိုင်းပြတ်သွားသော ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်ထဲသို့ ပြင်းထန်စွာ စီးဝင်သွားလေသည်။

‎

‎

‎အဆုံးမဲ့ အချိန်စွမ်းအားများ၏ တိုက်စားမှုကြောင့် ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ အိုမင်းသွား၍ သူ၏ ရုပ်ခန္ဓာနှင့် နတ်ဝိညာဉ်တို့အားလုံးမှာလည်း ယိုယွင်းလာကာ ပြန်လည်ခုခံနိုင်စွမ်းပင် အလွန်အမင်း အားနည်းသွားတော့၏။

‎

‎

‎သူသည် ယခင်နည်းလမ်းအတိုင်း ကိုယ်တိုင်ဖောက်ခွဲကာ ထပ်မံထွက်ပြေးရန် ကြိုးစားသော်လည်း ကုချန်၏ ဖိနှိပ်မှုအောက်တွင် ကိုယ်တိုင်ဖောက်ခွဲခြင်းသည်ပင် ဇိမ်ခံစရာကိစ္စတစ်ခု ဖြစ်နေလေပြီ။ အချိန်စွမ်းအားများ၏ အဆက်မပြတ် တိုက်စားမှုအောက်တွင် သူ၏ ခန္ဓာကိုယ် တဖြည်းဖြည်း ယိုယွင်းဆွေးမြည့်လာသည်ကို အကူအညီမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်တော့၏။

‎

‎

‎" ရပ်စမ်း! "

‎

‎

‎ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ လွတ်မြောက်ရန် အချိန်အနည်းငယ် ရရှိရေးအတွက် ထိုအင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံကို အသုံးပြုကာ ကုချန်အား ချုပ်နှောင်ရန် ကြိုးစားနေဆဲဖြစ်သည်။

‎

‎

‎သို့သော် ဤတစ်ကြိမ်တွင် အင်မော်တယ်ဘုရင် တိုက်ပွဲဝင်ရတနာ၏ ချုပ်နှောင်မှုအောက်၌ ကုချန်မှာ မည်သည့်အရာကိုမျှ မခံစားရသည့်အလား လုံးဝ တုန်လှုပ်ခြင်း မရှိတော့ချေ။

‎

‎

‎" မင်း ဟန်ဆောင်နေခဲ့တာပဲ "

‎

‎

‎အင်မော်တယ်ဘုရင်မှာ နာကြည်းစွာဖြင့် မျှော်လင့်ချက်မဲ့သွားလေသည်။ ကုချန်မှ ချုပ်နှောင်ခံရဟန် တမင်ဆောင်နေခဲ့သည်ကို ယခုအချိန်ထိ သူ မရိပ်မိသေးပါက သူသည် အမှန်တကယ်ပင် အရူးတစ်ယောက် ဖြစ်သွားပေလိမ့်မည်။

‎

‎

‎အင်မော်တယ်ဘုရင်၏ နာကြည်းနေသော အမူအရာကို ကြည့်လျက် ကုချန်သည် အကြည့်လွှဲလိုက်ကာ တိတ်ဆိတ်နေလေ၏။

‎

‎

‎သူသည် တိုက်ပွဲဝင်အလံမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်၏ ချုပ်နှောင်ခြင်းကို အမှန်တကယ် ခံခဲ့ရခြင်းဖြစ်ပြီး ဟန်ဆောင်ခဲ့ခြင်း မဟုတ်ပေ။

‎

‎

‎သို့သော် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင် မနီးကပ်လာမီလေးတွင် သူသည် ' ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း ' ပညာရပ်ကို တိတ်တဆိတ် အသုံးပြုကာ ဤကိုယ်ပွားကို သူ၏ မူလခန္ဓာကိုယ်နှင့် ယာယီ ပေါင်းစည်းလိုက်ခြင်းသာ ဖြစ်သည်။

‎

‎

‎မူလခန္ဓာကိုယ်၏ စွမ်းအားတစ်ခုတည်းနှင့်ပင် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်အား အလွယ်တကူ ချေမှုန်းရန် လုံလောက်နေပြီဖြစ်ရာ ယခု တတိယကိုယ်ပွား၏ စွမ်းအားနှင့်ပါ ပေါင်းစပ်သွားသောကြောင့် ခန္ဓာကိုယ်နှစ်ခု ပေါင်းစည်းသွားချိန်တွင် သူ၏လက်ရှိစွမ်းအားသည် အင်မော်တယ်ဘုရင်အဆင့်ကို ကျော်လွန်ကာ အခြားသော အမြင့်ဆုံးအဆင့်တစ်ခုသို့ ရောက်ရှိသွားသည် ကုချန် ခပ်ရေးရေး ခံစားလိုက်ရ၏။

‎

‎

‎သို့ဖြစ်ရာ ဤအင်မော်တယ်ဘုရင် တိုက်ပွဲဝင်ရတနာ၏ ချုပ်နှောင်မှုမှ ရုန်းထွက်ရန်မှာ လက်တစ်ဖက်ကို လှန်လိုက်သကဲ့သို့ လွယ်ကူနေမည် မဟုတ်ပါလော။

‎

‎

‎" မင်း ငါ့ကို သတ်လို့မရဘူး... ငါ့ဆီမှာ အင်မော်တယ်နဲ့ နတ်ဆိုးနယ်မြေတွေရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက် ရှိတယ်... မင်း ငါ့ကို သတ်လိုက်ရင် ဟိုအဘိုးကြီးတွေ မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး "

‎

‎

‎နီးကပ်လာသော သေမင်း၏အငွေ့အသက်ကို ခံစားလိုက်ရသကဲ့သို့ အင်မော်တယ်ဘုရင်သည် နောက်ဆုံးတွင် ထိတ်လန့်သွားကာ ကုချန်အား ဟန့်တားရန် အော်ဟစ်လိုက်လေသည်။

‎

‎

‎သို့သော် ထင်ရှားစွာပင် ကုချန်သည် သူ၏စကားများကြောင့် လုံးဝ တုန်လှုပ်သွားခြင်း မရှိချေ။

‎

‎

‎အခုမှ ထိတ်လန့်ပြီး နောင်တရနေတာလား။ အရင်တုန်းကကျတော့ ဘာလုပ်နေခဲ့လို့လဲ!

‎

‎

‎" ဘုန်း! "

‎

‎

‎အချိန်စွမ်းအားများ၏ အဆက်မပြတ် တိုက်စားမှုအောက်တွင် အင်မော်တယ်ဘုရင်၏ အရှိန်အဝါသည် နောက်ဆုံး၌ တောင့်ခံနိုင်စွမ်းမရှိတော့သည့် အမှတ်သို့ ကျဆင်းသွားတော့၏။

‎

‎

‎မြေပြင်တုန်ဟည်းသွားမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ အင်မော်တယ်ဘုရင်၏ သနားစရာ အော်ဟစ်သံများ ရုတ်တရက် ရပ်တန့်သွား၍ သူ၏ခန္ဓာကိုယ်မှာ လုံးဝ ပေါက်ကွဲထွက်သွားကာ အသွေးအသား လက်မတိုင်းသည် မျက်စိဖြင့်ပင် မမြင်နိုင်တော့သည်အထိ လုံးလုံးလျားလျား ပြောင်းလဲသွားလေတော့သည်။

‎

‎

‎ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်... ကျဆုံးလေပြီ!

‎

‎အခန်း ( ၄၁၆ ) - အသုံးမဝင်သောအရာ၊ သို့သော် ကောင်းကင်နိယာမကို ဆန့်ကျင်နေခြင်း၊ တာအိုရောင်းရင်း ခဏနေပါဦး

‎

‎

‎

‎ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားသော နေရာကို ကြည့်နေသည့် ကုချန်၏မျက်နှာထားမှာ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း အလျင်းမရှိဘဲ တည်ငြိမ်နေလေ၏။

‎

‎

‎မသေဆုံးမီက ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်၏ ခြိမ်းခြောက်ကျိန်ဆဲမှုများသည် ကုချန်အပေါ် လုံးဝ သက်ရောက်မှု မရှိခဲ့ပေ။

‎

‎

‎ကုချန်သည် သူ၏အသက်ကို ယူရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ မသေဆုံးမီ သူပြောခဲ့သည်များကို အဘယ်ကြောင့် ဂရုစိုက်နေမည်နည်း။

‎

‎

‎သို့သော် မသေဆုံးမီ ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်၏ ရူးသွပ်သော အော်ဟစ်မှုများက ကုချန်အား တွေးတောသွားစေ၏။

‎

‎

‎စောစောက ထိုသူသည် အင်မော်တယ်နှင့် နတ်ဆိုးနယ်မြေ နှစ်ခုလုံး၏ အကြီးမားဆုံး လျှို့ဝှက်ချက်ကို သိထားသည်ဟု ပြောခဲ့၏။ ကုချန်သည် ထိုသူ အဓိပ္ပာယ်မရှိ ယောင်ယမ်းနေသည်ဟု အစက ထင်ခဲ့သော်လည်း သူ၏အမူအရာကို ကြည့်ရသည်မှာ လိမ်ညာနေပုံ မရချေ။

‎

‎

‎သို့သော် သာမန် အင်မော်တယ်ဘုရင်တစ်ပါးတွင် မည်သို့သော လျှို့ဝှက်ချက်မျိုး ရှိနေနိုင်မည်နည်း။

‎

‎

‎စောစောက သူ့ကို သတ်လိုက်ချိန်တွင် ကုချန်သည် သူ၏နတ်ဝိညာဉ်ကို မမွှေနှောက်ခဲ့သည်တော့ မဟုတ်ပေ။ သို့သော် နောက်ဆုံးတွင် လက်လျှော့လိုက်ရခြင်းသာ ဖြစ်၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော် အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိသွားသည်နှင့် နတ်ဝိညာဉ်ကို မွှေနှောက်ရန်မှာ အလွန်အမင်း ခက်ခဲသွားသောကြောင့်ပင်။

‎

‎

‎အဆင့်တူ အင်မော်တယ်ဘုရင်အချင်းချင်းကို ဆိုထားနှင့်၊ ကုချန်၏ခန့်မှန်းချက်အရ အင်မော်တယ်ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် အင်မော်တယ်ဘုရင်၏ နတ်ဝိညာဉ်ကို မွှေနှောက်ရန် အလွန်ခက်ခဲမည်ဖြစ်ကာ အချို့သော အထူးအခြေအနေများအောက်တွင်သာ ဖြစ်နိုင်ပေမည်။

‎

‎

‎ရိုးရိုးရှင်းရှင်း ပြောရလျှင် အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိခြင်းဆိုသည်မှာ ဤကျယ်ဝန်းသော ကောင်းကင်ဘုံ၏ အထွတ်အထိပ်တွင် ရပ်တည်နေခြင်းပင် ဖြစ်၏။

‎

‎

‎သို့ရာတွင် ပိုမိုအားကောင်းသူများ၏ သတ်ဖြတ်ခြင်းကို ခံရနိုင်သော်လည်း သူတို့သည် အင်မော်တယ်ဘုရင်အဆင့်အောက်ရှိ 'ပုရွက်ဆိတ်' များနှင့် လုံးဝ ကွဲပြားလေသည်။ အတိုင်းအတာတစ်ခုအထိ အာဏာနှင့် အဆင့်အတန်းကို ပိုင်ဆိုင်ထား၍ ရန်သူ၏ နတ်ဝိညာဉ်မွှေနှောက် အရှက်ခွဲခြင်းကို မခံရခြင်းမှာ ဤအာဏာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လေသည်။

‎

‎

‎ကုချန်မှ သူ၏နတ်ဝိညာဉ်ကို မွှေနှောက်ရန် ရည်ရွယ်ထား၍ သူ့ကို အလွတ်ပေးမည်မဟုတ်ကြောင်း သဘောပေါက်သောအခါ အင်မော်တယ်ဘုရင်သည် ကိုယ်တိုင်ဖောက်ခွဲရန် ပြတ်သားစွာ ရွေးချယ်ခဲ့၏။ သူ၏ ရုပ်ခန္ဓာနှင့် နတ်ဝိညာဉ်ကို လုံးဝ ဖျက်ဆီးပစ်ကာ ကုချန်အား မည်သည့်အခွင့်အရေးမျှ မပေးခဲ့ချေ။

‎

‎

‎" ထားလိုက်တော့... သာမန် အင်မော်တယ်ဘုရင်တစ်ပါးမှာ ဘယ်လို လျှို့ဝှက်ချက်ကြီး ရှိနိုင်မှာလဲ "

‎

‎

‎ကုချန် ခေါင်းခါလိုက်ကာ အင်မော်တယ်ဘုရင်၏ သေအံ့ဆဲဆဲ အော်ဟစ်မှုများကို ဆက်မတွေးတော့ချေ။

‎

‎

‎ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ရှိနေလျှင်တောင်မှ ထိုအင်မော်တယ်ဧကရာဇ်များနှင့် နတ်ဆိုးဧကရာဇ်များထံတွင်သာ ရှိသင့်သည်။ အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုမျှသာဖြစ်သော ထိုသူက မည်သည့် လျှို့ဝှက်ချက်ကြီးကို သိထားနိုင်မည်နည်း။

‎

‎

‎" လာစမ်း "

‎

‎

‎ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်ကို သတ်ပြီးနောက် ကုချန်သည် လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်ကာ တိုက်ပွဲဝင်အလံကို တုံ့ဆိုင်းမှုမရှိဘဲ ဖမ်းဆုပ်လိုက်၏။

‎

‎

‎ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင် သေဆုံးသွားသဖြင့် ဤတိုက်ပွဲဝင်အလံသည် သဘာဝကျကျပင် သူ၏ စစ်ပွဲရတနာ ဖြစ်လာခဲ့သည်။

‎

‎

‎ပိုင်ရှင်၏ ထိန်းချုပ်မှုကို ဆုံးရှုံးသွားသဖြင့် တိုက်ပွဲဝင်အလံသည် မြင့်မားသော ကောင်းကင်ယံတွင် တိတ်ဆိတ်စွာ တွဲလွဲခိုနေသည်။ ကုချန်၏လက်ဝါး ဆန့်ထုတ်လာသောအခါ ဝိညာဉ်ပိုင်ဆိုင်ထားသော တိုက်ပွဲဝင်အလံသည် သူ၏ထိန်းချုပ်မှုမှ ရုန်းထွက်လိုသည့်အလား ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။

‎

‎

‎သို့သော် ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်၏ ထိန်းချုပ်မှုအောက်တွင်ပင် ဤတိုက်ပွဲဝင်အလံသည် ကုချန်အား မည်သို့မျှ မလုပ်နိုင်ခဲ့ရာ ယခုအချိန်ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။

‎

‎

‎ကုချန်သည် သူ၏လက်အား အနည်းငယ် အားစိုက်လိုက်ရုံဖြင့် သတ်ဖြတ်လိုစိတ်အားလုံးကို ချေမွပစ်လိုက်ကာ တိုက်ပွဲဝင်အလံကို သူ၏ လက်ဝါးထဲတွင် အလွယ်တကူ ဆုပ်ကိုင်လိုက်လေသည်။

‎

‎

‎" ဝှစ်...! "

‎

‎

‎ကုချန်၏လက်ထဲသို့ ရောက်သွားသော တိုက်ပွဲဝင်အလံသည် ခုခံနေဆဲပင်။ ၎င်း၏ စုတ်ပြဲနေသော အလံကိုယ်ထည်မှာ ဆက်တိုက် တုန်ခါနေကာ ကုချန်၏လက်ဝါးမှ ထွက်ပြေးချင်နေပုံရ၏။

‎

‎

‎သို့သော် ကုချန်မှ သူ၏လက်ကို အနည်းငယ် တင်းကျပ်လိုက်လျက် တိုက်ပွဲဝင်အလံကို လုံးဝ ထိန်းချုပ်လိုက်ကာ လက်မတစ်ဝက်မျှပင် မတုန်ခါနိုင်အောင် ပြုလုပ်လိုက်လေသည်။

‎

‎

‎" နှမြောစရာပဲ "

‎

‎

‎တိုက်ပွဲဝင်အလံကို လက်ထဲတွင် ဆုပ်ကိုင်ထားလျက် ကုချန်၏နတ်ဝိညာဉ်သည် ၎င်းအတွင်းသို့ ဝင်ရောက်သွားကာ ခဏတာမျှ စစ်ဆေးပြီးနောက် နှမြောတသစွာဖြင့် သက်ပြင်းချလိုက်၏။

‎

‎

‎ဤတိုက်ပွဲဝင်အလံသည် ရှေးခေတ် အင်မော်တယ်နှင့် နတ်ဆိုးနယ်မြေ စစ်ပွဲများအတွင်း အလွန်ရက်စက်ကြမ်းကြုတ်သော အင်မော်တယ်ဘုရင် စစ်မြေပြင်တစ်ခုတွင် ဖြစ်တည်ခဲ့ခြင်းဖြစ်သည်။

‎

‎

‎ထိုအချိန်က အင်မော်တယ်နယ်မြေမှ အင်မော်တယ်ဘုရင် အများအပြားသည် နတ်ဆိုးနယ်မြေမှ အင်မော်တယ်ဘုရင်များနှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြ၍ အင်မော်တယ်ဘုရင်များ၏ သွေးများဖိတ်စင်ကာ အသက်များစွာ ဆုံးရှုံးခဲ့ရ၏။

‎

‎

‎နောက်ဆုံးတွင် အဆုံးမဲ့ အင်မော်တယ်ဘုရင်များ၏ သွေးများနှင့် မသေဆုံးမီ သူတို့၏ နာကြည်းစွဲလမ်းမှုများ ပေါင်းစပ်ကာ ဤတိုက်ပွဲဝင်အလံ ဖန်တီးဖြစ်တည်လာခဲ့လေသည်။

‎

‎

‎သို့သော် ဤတိုက်ပွဲဝင်အလံသည် မူလက အင်မော်တယ်ဘုရင်တစ်ပါး၏ အဖိုးတန်ရတနာ ဖြစ်ခဲ့သည်။ သို့သော် ထိုအင်မော်တယ်ဘုရင်သည် ထိုနေရာ၌ပင် ကျဆုံးသွားခဲ့၍ တိုက်ပွဲဝင်အလံမှာလည်း ဆိုးရွားစွာ ပျက်စီးသွားကာ အလံတိုင်ကျိုးပဲ့ပြီး မျက်နှာပြင်မှာလည်း အကြီးအကျယ် ပျက်စီးသွားခဲ့၏။

‎

‎

‎ထို့ကြောင့် တိုက်ပွဲဝင်ရတနာအဖြစ်သို့ ပြောင်းလဲအဆင့်တက်ချိန်တွင် ၎င်း၏ မပြည့်စုံမှုကြောင့် အပြည့်အဝ အောင်မြင်မှုမရရှိဘဲ တစ်ပိုင်းတစ်စရတနာအဖြစ်သာ ဖြစ်တည်လာခဲ့ရသည်။

‎

‎

‎ထိုသို့မဟုတ်ပါက ပြီးပြည့်စုံသော အင်မော်တယ်ဘုရင် တိုက်ပွဲဝင်ရတနာသည် ယခုပြသခဲ့သော ကန့်သတ်ချက်ရှိသည့် စွမ်းရည်လေးများသာမကဘဲ အံ့ဖွယ်အသုံးဝင်မှု မြောက်မြားစွာ ရှိနေမည်ဖြစ်သည်။

‎

‎

‎သို့သော် ဤတိုက်ပွဲဝင်အလံမှာ မပြည့်စုံသောကြောင့် ၎င်း ထုတ်လွှတ်နိုင်သော အစွမ်းအာနိသင်များမှာလည်း ကန့်သတ်ချက်ရှိနေ၍ ရန်သူကို သတ်ဖြတ်လိုစိတ်ဖြင့် ချုပ်နှောင်သည့် လုပ်ဆောင်ချက်လေးသာ ရှိနေလေသည်။

‎

‎

‎သို့သော် ကုချန်အတွက်မူ သူသည် အချိန်နှင့်လေဟာနယ် ရပ်တန့်ခြင်း ပညာရပ်ကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ ဤတိုက်ပွဲဝင်အလံ၏ ချုပ်နှောင်သည့် နည်းစနစ်သည် သဘာဝကျစွာပင် သူ့အတွက် ကြက်နံရိုးကဲ့သို့ စားမရသလို လွှင့်ပစ်ရန် နှမြောစရာကောင်းသော အရာတစ်ခု ဖြစ်လာခဲ့၏။

‎

‎

‎" ထားလိုက်တော့... အခွင့်အရေးရတဲ့အခါ ဒီတိုက်ပွဲဝင်အလံကို နတ်ဆိုးနယ်မြေဆီ ပို့ပြီး အဆုံးမဲ့ဓားထဲကို ပေါင်းထည့်လိုက်မယ်... အဆုံးမဲ့ဓား အဆင့်တက်ဖို့ ကူညီနိုင်မလား ကြည့်ရမယ် "

‎

‎

‎ကုချန်သည် တီးတိုးရေရွတ်လိုက်ကာ တိုက်ပွဲဝင်အလံကို သိမ်းဆည်းလိုက်၏။

‎

‎

‎ဤတိုက်ပွဲဝင်အလံ၏ စွမ်းရည်များသည် သူ့အတွက် အသုံးမဝင်သောကြောင့် ၎င်းကို ဒီအတိုင်းသိမ်းထားခြင်းမှာ အလဟဿဖြစ်ပေမည်။ အချိန်ရသောအခါ အဆုံးမဲ့ဓားထဲသို့ ပေါင်းစပ်လိုက်ခြင်းက ပို၍ အကျိုးရှိပေလိမ့်မည်။

‎

‎

‎သူ၏ ဤအတွေးကိုသာ အခြားသော အင်မော်တယ်ဘုရင်များ သိသွားပါက သေချာပေါက် သူ့အား ဖြုန်းတီးလွန်းသည်ဟု ကျိန်ဆဲကြမည်မှာ အသေအချာပင်။

‎

‎

‎အင်မော်တယ်ဘုရင် တိုက်ပွဲဝင်ရတနာများသည် မည်မျှ အဖိုးတန်သနည်း။

‎

‎

‎ပျက်စီးနေသော တိုက်ပွဲဝင်ရတနာတစ်ခုပင်လျှင် အံ့ဖွယ်အသုံးဝင်မှု တစ်စိတ်တစ်ပိုင်းကိုသာ ထုတ်လွှတ်နိုင်စေကာမူ ၎င်း၏တန်ဖိုးမှာ သာမန် အင်မော်တယ်ဘုရင် လက်နက်များထက် များစွာ သာလွန်နေဆဲဖြစ်၏။

‎

‎

‎မည်သို့ပင်ဆိုစေ အင်မော်တယ်ဘုရင် လက်နက်များမှာ လက်နက်များသာ ဖြစ်သည်။ မိမိကိုယ်တိုင် အားကောင်းမှသာ ၎င်းတို့ထံမှ ပိုမိုကြီးမားသော အစွမ်းကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။

‎

‎

‎သို့သော် တိုက်ပွဲဝင်ရတနာသည်ကား အင်မော်တယ်ဘုရင်တစ်ပါး၏ တိုက်ခိုက်ရေးစွမ်းအားကို ချက်ချင်း မြှင့်တင်ပေးနိုင်ကာ ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ တွန်းတင်ပေးနိုင်စွမ်း ရှိ၏။

‎

‎

‎ထို့ကြောင့် ၎င်းတို့နှစ်ခုမှာ လုံးဝကို အဆင့်တူညီခြင်း မရှိပေ။

‎

‎

‎သို့တိုင်အောင် ယခုအခါ ကုချန်သည် အင်မော်တယ်ဘုရင် တိုက်ပွဲဝင်ရတနာတစ်ခုကို အင်မော်တယ်ဘုရင် လက်နက်တစ်ခုထဲသို့ ပေါင်းစပ်ရန် တွေးတောနေ၏။ ဤသည်မှာ ကောင်းကင်နိယာမကို ဆန့်ကျင်သော လုပ်ရပ်တစ်ခု မဟုတ်ပါလော။

‎

‎

‎သို့သော် ကုချန်ကိုယ်တိုင်ကမူ ဤအရာများကို ဂရုမစိုက်ကြောင်း ထင်ရှားလှ၏။

‎

‎

‎အဆုံးမဲ့ဓားသည် သူ အားနည်းချိန်ကတည်းက အတူတကွ ရှိနေခဲ့၍ သူ၏အသက်ဝိညာဉ်ဆက် အမြင့်မြတ်ဆုံး ရတနာဟု သတ်မှတ်နိုင်လေသည်။ ယခုအခါ အဆုံးမဲ့ဓားကို မြှင့်တင်ရန် အခွင့်အရေးရှိနေပြီဖြစ်ရာ လိုအပ်သော ပစ္စည်းများ မည်မျှပင် အဖိုးတန်နေစေကာမူ ကုချန်သည် အနည်းငယ်မျှ နှမြောတွန့်တိုနေမည် မဟုတ်ပေ။

‎

‎

‎တိုက်ပွဲဝင်ရတနာကို သိမ်းဆည်းပြီးနောက် ကုချန်သည် အဆုံးမဲ့ ကြက်သွေးရောင်မြူခိုးများ လွှမ်းခြုံနေသော ကောင်းကင်ယံကို ကြည့်လိုက်၏။ ထို့နောက် အချိန်ကြာကြာ မနေလိုတော့သဖြင့် ချက်ချင်း ထွက်ခွာရန် ပြင်လိုက်သည်။

‎

‎

‎သို့သော် ထိုအချိန်၌ပင် အဝေးဆီမှ ကြောက်ရွံ့တုန်လှုပ်နေသော အသံတစ်သံ ထွက်ပေါ်လာလေသည်။

‎

‎

‎" တာအိုရောင်းရင်း... ခဏနေပါဦး "

‎

‎

‎ကုချန် မျက်ခုံးပင့်လိုက်ကာ အဝေးတွင်ရှိသော ယွဲ့လင်အင်မော်တယ်ဘုရင်ကို ကြည့်လိုက်၏။ သူ၏ သတိထားကာ တုံ့ဆိုင်းနေသော အမူအရာကို မြင်သော် ကုချန်သည် အေးစက်စွာ ပြောဆိုလိုက်၏။

‎

‎

‎" ဘာလဲ... မင်းက ငါကိုယ်တော် ထွက်သွားမှာကို တားချင်လို့လား "

‎

‎

‎ဤယွဲ့လင်အင်မော်တယ်ဘုရင်အား ကုချန် ယခင်က မမြင်ဖူးပေ။ သို့သော် သူသည် တိုက်ပွဲကို ဝင်မပါဘဲ ဘေးမှသာ စောင့်ကြည့်နေခဲ့သောကြောင့် ကုချန် လွှတ်ထားခဲ့ခြင်းဖြစ်သည်။

‎

‎

‎သို့သော် ယခု သူ့ကို တားဆီးရန် ရည်ရွယ်လာပါက ကုချန်သည် ကျိန်းသေပေါက် ညှာတာနေမည် မဟုတ်ချေ။

‎

‎

‎" ကျွန်မက ယွဲ့လင်အင်မော်တယ်ဘုရင်ပါ... ဒီရှေးဟောင်းမကောင်းဆိုးဝါးအရှင်နဲ့ ကျွန်မ မရင်းနှီးပါဘူး... တာအိုရောင်းရင်း အထင်လွဲနေပါပြီ... ကျွန်မမှာ ရှင့်ကို တားဆီးဖို့ ရည်ရွယ်ချက် လုံးဝ မရှိပါဘူး "

‎

‎

‎ကုချန်၏ ရင်းနှီးမှုမရှိသော လေသံကို ကြားသောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်မှာ လန့်ဖျပ်သွားလျက် ငြင်းဆန်ရန် လက်များကို အမြန်ဝှေ့ယမ်းပြလေ၏။

‎

‎

‎ကုချန်မှ ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်အား အပြတ်အသတ် သတ်ဖြတ်သွားသည့် မြင်ကွင်းမှာ သူ၏စိတ်ထဲတွင် ထင်ဟပ်နေဆဲဖြစ်ရာ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုနှင့် ကျိန်းသေပေါက် ရန်သူမဖြစ်ချင်ပေ။ ကုချန် အထင်လွဲနေသည်ကို မြင်သောအခါ သူ့အား တိုက်ခိုက်လာမည်ကို စိုးရိမ်သဖြင့် အမြန် ရှင်းပြလိုက်၏။

‎

‎

‎ဤကြောက်မက်ဖွယ်ကောင်းသောသူမှ သူ့ကိုသာ အထင်လွဲသွားပါက သူ အမှန်တကယ် ငိုစရာနေရာပင် ရှိမည်မဟုတ်ချေ။

‎

‎

‎" ပြောစရာရှိရင် မြန်မြန်ပြော "

‎

‎

‎ကုချန်သည် အလျှော့မပေးချေ။ ထိုသူသည် သူ့အား မတားဆီးချင်ဘူးဆိုလျှင် ဘာလုပ်ချင်၍နည်း။

All Chapters