ဂေါ့သမ်မြို့တော်
Vol. 8 Ch. 73
"မေမေကတော့ ရောဂါပိုးသတ်ဆေး ရှာဖို့ ကြိုးစားနေတုန်းပဲ၊ စစ်တပ်ဘက်ကလည်း ပြည်သူတွေကို အိမ်ထဲမှာပဲ နေကြဖို့ အမိန့်ထုတ်ပြန်ထားရတယ်"
ဆိုင်းလပ်စ်ရဲ့ မျက်နှာက စိုးရိမ်ရိပ်တွေ ဖုံးလွှမ်းနေပြီး အခြေအနေက လုံးဝကို မကောင်းဘူးဆိုတာ သိသာနေသည်။ အိုင်ဗီကတော့ သူ ဘာကို စိုးရိမ်နေမှန်း ကောင်းကောင်း နားလည်သည်။ ဇမ်ဘီတွေက အဆောက်အအုံတွေကိုပါ စတင်တိုက်ခိုက်နေပြီဖြစ်ရာ... ငရဲခန်းကတော့ အမှန်တကယ် စတင်နေပြီ ဖြစ်သည်။
သူမက ချက်ချင်းပင် အမိန့်ပေးလိုက်၏။
[အမိန့်ကို စတင် ဆောင်ရွက်နေပါသည်...]
အိုင်ဗီ့ရင်ထဲ မချိတင်ကဲ ဖြစ်သွားရသည်။ စွမ်းအင် သိုလှောင်ရုံ ဆိုတာက ရေချိုးခန်း ဆောက်ဖို့လောက်ပဲ သုံးလို့ရတာလား။ နှမြောစရာကြီးပဲ။
"ဟုတ်ကဲ့"
'ချက်ချင်းကြီး ကောက်ချက်မချလိုက်နဲ့ဦး အိုင်ဗီ ခိုင်လုံတဲ့ သက်သေလည်း မရှိသေးဘူးလေ။ အခုထိတော့ ဒါတွေအားလုံးက နင့်ရဲ့ အထင်တွေပဲ ရှိသေးတာ'
အိုင်ဗီ အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။ "ဒီလောက်တောင် ဈေးကြီးတာလား။ အလကားကောင်"
[အမိန့်ကို စတင် ဆောင်ရွက်နေပါသည်... အမှားအယွင်း ဖြစ်ပေါ်နေပါသည်]
သိုလှောင်ခန်းက သူမကို ပြန်ဖြေမှာမဟုတ်မှန်း သိလိုက်ရတဲ့အခါ သူမကပဲ စကားလုံးပြောင်းပြီး မေးလိုက်ရတော့သည်။
"ဒါဆို ဘယ်နှထပ်အထိ ဆောက်လို့ရလဲ"
သူမက ရာဗင်ခရော့ဖ် မိသားစုဆီက ရလာတဲ့ စားသောက်ကုန်တွေကို ထုတ်ပြီး မီးဖိုချောင်ထဲမှာ အစီအရီ ချထားလိုက်သည်။ ထို့နောက် အိုင်ဗီသည် စက်ရုပ်တစ်ရုပ်လိုပင် စစ်တပ်ဝင်းအတွင်းမှ ထွက်လာပြီး တစ်နာရီနီးပါးကြာအောင် လမ်းလျှောက်နေမိသည်။ သတိပြန်ဝင်လာတဲ့အချိန်မှာတော့ သူမ ကိုယ့်ကိုယ်ကိုယ်တောင် ကျိန်ဆဲချင်စိတ် ပေါက်သွားရသည်။
"၁၀ ထပ်တိုက် တစ်လုံးလောက် ဆောက်ပေးနိုင်မလား"
"ကျွန်မရဲ့ ဒီကံဆိုးမိုးမှောင်ကျမှုတွေက ၄ နာရီအတွင်း ပျောက်သွားမှာမှ မဟုတ်တာ..."
စကားပြောရင်းတန်းလန်းမှာတင် အိုင်ဗီ ကြောင်သွားသည်။ ဘာရယ်မဟုတ် ပြောလိုက်တဲ့ ထိုစကားက သူမရဲ့ ဦးနှောက်ထဲမှာ အတွေးစတစ်ခုကို မီးညှိပေးလိုက်သလို ဖြစ်သွား၏။
မှန်းထားတဲ့အတိုင်းပင် လေထဲမှာ အချိန်မှတ်နာရီတစ်ခု ပေါ်လာပြီး မြေပြင်ကလည်း လင်းလက်လာသည်။ နောက်တစ်စက္ကန့်မှာတော့ အချိန်စမှတ်လာပြီး အိုင်ဗီကလည်း မျှော်လင့်တကြီးနဲ့ ငုံ့ကြည့်နေမိသည်။
သူမမှာရှိတဲ့ တစ်ခုတည်းသော ကံကောင်းမှုကတော့ သူမရဲ့ ပထမဆုံး စွမ်းအားပင် ဖြစ်သည်။ ထိုစွမ်းအားက သူမရဲ့ တည်ရှိမှုကို ဖျောက်ပစ်နိုင်ပြီး ဇမ်ဘီတွေရန်ကနေ အလိုအလျောက် ကာကွယ်ပေးထားသည်။
ဒီတစ်ခါကော ထူးထူးခြားခြား ဘာများ ထပ်ရဦးမလဲ။ ဟင်းခတ်အမွှေးအကြိုင်တွေလား၊ သစ်သီးဝလံတွေလား၊ ဟင်းသီးဟင်းရွက်တွေလား၊ ဒါမှမဟုတ် စည်သွတ်ဘူးတွေနဲ့ မုန့်တွေလား။ ထိုဖြစ်နိုင်ခြေတွေက အိုင်ဗီ့ကို မျှော်လင့်ချက်အသစ်တွေ ပေးနေသည်။
'ဆိုင်းလပ်စ်က ငါ့ရဲ့ ကံဆိုးမှုတွေ ဘယ်အချိန်မှာ စပြီး... ဘယ်အချိန်မှာ ပြီးဆုံးမလဲဆိုတာကို မြင်နေရတာများလား' သူမ တွေးနေရင်း ရင်တွေ တဒိန်းဒိန်း ခုန်လာမိသည်။
ဒါတွေက ပက်ထရစ်ရဲ့ အိမ်ကနေ သိမ်းကျုံးယူလာတဲ့ ပစ္စည်းတွေဖြစ်ပြီး နေရာအခက်အခဲသာ မရှိရင် ဒီထက်မကတောင် သူမ ယူလာဦးမှာ ဖြစ်သည်။
"အောင်မြင်ပြီ အောင်သွားပြီဟေ့"
အိုင်ဗီ့မျက်န်းလေး ဝင်းပသွားသည်။ ဒီစမ်းသပ်မှုလေး အောင်မြင်သွားတာက သူမကို ပျော်ရွှင်စေသည်။ အနည်းဆုံးတော့ တစ်စိတ်တစ်ပိုင်းပေါ့လေ။
"အနည်းဆုံးတော့ သူနဲ့ တစ်ခါတုန်းက ခိုးစားထားဖူးတဲ့ အစားအစာတွေကို အခု ပြန်ပေးလိုက်နိုင်ပြီပဲ"
"ဘာလို့ ၄ နာရီလဲ"
သူမ မေးလိုက်စဉ်မှာပင် ရင်ထဲက တစ်ချက် ခုန်သွားသည်။
သူမက တောအုပ်ထဲက လမ်းမလယ်ခေါင်မှာ ရပ်နေခြင်းဖြစ်ပြီး သူမရဲ့ ဘေးနားမှာတော့ ဇမ်ဘီအုပ်ကြီးက ဖြတ်သန်းသွားနေကြသည်။
'ဒါပေမဲ့ အနည်းဆုံးတော့ မျှော်လင့်ချက် ရှိသေးတာပဲ' အိုင်ဗီ တွေးလိုက်သည်။ သူမရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ ချစ်ရသူကို ဘေးဒုက္ခတွေကနေ ကာကွယ်ပေးနိုင်မယ်ဆိုတဲ့ အတွေးက သူမရဲ့ နှလုံးသားကို မျှော်လင့်ချက်ပန်းတွေ ပွင့်လန်းစေသည်။
အိုင်ဗီ့မျက်ဝန်းတွေ တောက်ပသွားပြီး လက်ကို ဝေ့ယမ်းလိုက်သည်။ ရေချိုးခန်းက လက်ခနဲ ဖြစ်သွားပြီး သိုလှောင်ခန်းထဲကို ပြန်ဝင်သွားသည်။
ဆေးဝါးတွေကိုသာ အများကြီး စုဆောင်းထားနိုင်ရင် သိပ်ကောင်းမှာပဲ
နောက်ထပ် ၄ နာရီကြာအောင် အိုင်ဗီသည် အခန်းထဲမှာပဲ အောင်းနေပြီး ကုတင်ပေါ်မှာ ကွေးနေမိသည်။ အချိန်တွေက နှေးကွေးစွာ ကုန်ဆုံးသွားပြီး ၄ နာရီပြည့်တဲ့အခါမှာတော့ အိုင်ဗီ အပြင်ကို ထွက်လာခဲ့သည်။
"ဟုတ်ကဲ့"
[၅ ထပ်တိုက် ဆောက်လုပ်လိုပါသလား။ ကုန်ကျစရိတ်မှာ ၁၀ KB ဖြစ်ပါသည်]
"မင်းရဲ့ အကြံပြုချက်တွေအတွက် ကျေးဇူးပါပဲ၊ ငါ သွားပြီး မေမေ့ကို သတင်းပို့လိုက်ဦးမယ်"
ဆိုင်းလပ်စ်က ထရပ်လိုက်ရင်း အခန်းထဲက မထွက်ခင် ခေတ္တရပ်ကာ နူးညံ့တဲ့ လေသံလေးနဲ့ သတိပေးလိုက်သေးသည်။
ဒါပေမဲ့ အခြေအနေကောင်းတဲ့ အဆင့်ကို မရောက်ခင် ဘေးဒုက္ခတွေ အများကြီး ကြုံရဦးမှာ ဖြစ်သည်။ အဲဒီထဲမှာ တိုင်ဖွိုက်ဖျားတာ၊ ဝမ်းကိုက်တာနဲ့ ရေအရင်းအမြစ်တွေ ညစ်ညမ်းကုန်တာတွေလည်း ပါဝင်နေသည်။
သူမ လက်မလျှော့ဘဲ ထပ်ကြိုးစားကြည့်ရင်း "အဆောက်အအုံ ဆောက်လို့ရတာပဲ ဒီအသုံးမကျတဲ့ သိုလှောင်ခန်းကို ထပ်ပြီး အဆင့် မြှင့်ရဦးမယ်" ဟု ဆုံးဖြတ်လိုက်သည်။
သိုလှောင်ခန်းကို အဆင့် မြှင့်ပြီးနောက် သူမဆီမှာ ၆၆.၇ KB ကျန်သေးသည်။ ဒီအဆောက်အအုံက အသုံးတည့်ပါစေလို့ပဲ သူမ ဆုတောင်းနေမိသည်။
"၅ ထပ်တိုက်တစ်လုံး ဆောက်မယ်"
အမှန်ပါပဲ၊ ဒီရွှေလက်ချောင်းနဲ့ အခြေစိုက်စခန်းကြီးတစ်ခု တည်ဆောက်နိုင်မယ်လို့ တွေးခဲ့တာ သူမ တကယ်ပဲ ရိုးအလွန်းတာ ဖြစ်သည်။
အိုင်ဗီ အသက်ပြင်းပြင်းရှူရင်း ဧည့်ခန်းဘက်ကို သွားလိုက်သည်။ အတွေးလွန်နေတာကြောင့် သူမသည် ထိုင်ခုံတစ်ခုကို တိုက်မိပြီး ကြမ်းပြင်ပေါ် ဖင်ထိုင်လျက် ကျသွားတော့သည်။
"အု..."
"နောက် ၄ နာရီအတွင်း ဘယ်မှမထွက်နဲ့ဦးနော်"
ဆိုင်းလပ်စ်က အထူးတလည် သတိပေးလိုက်တာကြောင့် အိုင်ဗီ ကြောင်သွားရသည်။
ချက်ချင်းဆိုသလိုပင် သူမသည် ဆိုင်းလပ်စ်ရဲ့ အစားအစာတွေကို စားနေခဲ့ပြီး သူ့ဝေစုကို ပြန်မပေးရသေးတာကို သတိရသွားသည်။
တကယ်လို့သာ ဒါက အမှန်ဆိုရင်... သူမရဲ့ ကံဆိုးမှုတွေ စတင်နေချိန်မှာ ချစ်ရသူတွေနဲ့ ဝေးဝေးနေလိုက်ရုံပဲ မဟုတ်လား။
[အမိန့်ကို စတင် ဆောင်ရွက်နေပါသည်... အမှားအယွင်း ဖြစ်ပေါ်နေပါသည်]
"ဒီအတိုင်းသာ မှတ်ထားပါ၊ နောက် ၄ နာရီအတွင်း ဘေးအန္တရာယ်တွေနဲ့ ဝေးဝေးနေရင် အဆင်ပြေသွားမှာပါ" ဆိုင်းလပ်စ်က ပြောပြီး ထွက်သွားသည်။
သူမ စစ်တပ်ရဲ့ အနောက်ဘက်ရဲ့ တောအုပ်ထဲက ကွင်းပြင်တစ်ခုဆီ ရောက်လာသည်။ ဘေးနားမှာ ဘယ်သူမှမရှိတာ သေချာပြီဆိုမှ အမိန့်ပေးလိုက်၏။
[အဆင့် မလုံလောက်ပါ]
သူမ ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်တဲ့အခါ ဟင်းသီးဟင်းရွက်တချို့နဲ့ စည်သွတ်ဘူးတချို့ကို တွေ့ရသည်။ အိုင်ဗီသည် မြေပဲထောပတ် ၃ အိုး၊ ခရမ်းချဉ်သီးနှစ် ၅ ဘူးနဲ့ ဖျော်ရည်၊ နွားနို့ဗူး ၁၀ ဗူးကို သိုလှောင်ခန်းထဲ ထည့်လိုက်သည်။
[၁၀ ထပ်တိုက် ဆောက်လုပ်လိုပါသလား။ ကုန်ကျစရိတ်မှာ ၂၀ KB ဖြစ်ပါသည်]
"ကိုယ် ပြင်ထားပေးတဲ့ မနက်စာကို စားဖို့ မမေ့နဲ့ဦး။ နေ့လယ်စာကတော့ ရေခဲသေတ္တာထဲမှာ ရှိတယ်။ ပြီးတော့ အနားယူဦး။ အပြင်ကို ခဏခဏ မထွက်နဲ့၊ ချွန်ထက်တဲ့ အရာတွေနဲ့လည်း ဝေးဝေးနေဦးနော်"
ပစ္စည်းတွေ စုဆောင်းပြီးနောက် သူမ လေ့ကျင့်ခန်း စလုပ်မလို့ ပြင်စဉ်မှာပင် အိုင်ဗီ့မျက်နှာက ငေးငိုင်သွားပြီး အခန်းထဲကနေ အလိုလို လမ်းလျှောက်ထွက်လာမိသည်။
ပတ်ဝန်းကျင်တစ်ခုလုံး လင်းခနဲ ဖြစ်သွားပြီးနောက် အလင်းတန်းတွေ ပျောက်ကွယ်သွားတဲ့အခါ အိုင်ဗီ့မျက်စိရှေ့မှာ ပေါ်လာတာကတော့ သူမ သိုလှောင်ခန်းထဲက ရေချိုးခန်းလေးပင် ဖြစ်သည်။
သူမ အခန်းကို ပြန်လာပြီး မီးဖိုချောင်ထဲ ဝင်လိုက်သည်။ အရသာရှိတဲ့ နေ့လယ်စာကို စားပြီးနောက် အိုင်ဗီသည် သိုလှောင်ခန်းထဲက အသုံးအဆောင်တွေကို ကြည့်နေမိသည်။
" သိုလှောင်ခန်းရေ... ရေချိုးခန်းကို အပြင်ထုတ်လိုက်"
မကြာခင်မှာပဲ လူအများအပြားဟာ သူတို့နေထိုင်ရာ အဆောက်အအုံတွေ၊ အိမ်တွေကို စွန့်ခွာပြီး ပိုလုံခြုံတဲ့ မြို့တွေဆီ ထွက်ပြေးကြလိမ့်မယ်။ အဲဒီနေရာတွေထဲက တစ်ခုကတော့ သူတို့ အခုနေထိုင်နေတဲ့ ဂေါ့သမ်မြို့တော် ဖြစ်သည်။
[အဆင့် မလုံလောက်ပါ]
မကြာခင်မှာပဲ ဒုက္ခသည်တွေ ဒီကို အလုံးအရင်းနဲ့ ရောက်လာကြပြီး အခြေစိုက်စခန်းသစ်တွေ ပေါ်လာလိမ့်မည်။ ဂေါ့သမ်မြို့တော်ဟာ ယူ နိုင်ငံရဲ့ အရေးအကြီးဆုံး အခြေစိုက်စခန်းတွေ စုဝေးရာ ဗဟိုချက်မ ဖြစ်လာတော့မှာ ဖြစ်သည်။
"ဩော်..."
သူမ သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။ "ဒါဆို ဘယ်အဆင့်ထိ အဆောက်အအုံတွေ ဆောက်လို့ရလဲ"
အား... အရင်ဆုံး ငါ့ရဲ့ ဒီကံဆိုးမှုတွေ ကုန်ဆုံးသွားအောင် စောင့်ရမယ် မဟုတ်လား
သူ့ရဲ့ တစ်သီကြီး သတိပေးချက်တွေကို နားထောင်ပြီး အိုင်ဗီ ဘာပြောရမှန်းမသိဘဲ ကြောင်တောင်တောင်နဲ့ ခေါင်းပဲ ငြိမ့်ပြလိုက်တော့သည်။
"ဟင် ဘာတွေ ဖြစ်နေတာလဲ" မြေပြင်ပေါ်က မြင်ကွင်းကြောင့် အိုင်ဗီ အံ့အားသင့်သွားရသည်။