ဒန်တေး
Vol. 8 Ch. 75
ဆိုင်းလပ်စ်သည် ရရှိထားသော သတင်းအချက်အလက်သစ်များဖြင့် ဒန်တေး၏ ရုံးခန်းရှိရာဆီသို့ ဦးတည်လျှောက်လှမ်းလာခဲ့သည်။ သူ၏ သြဇာညောင်းလှသော အငွေ့အသက်များကြောင့် ဘေးမှဖြတ်သွားသော စစ်သားများမှာ မနေနိုင်ဘဲ လှမ်းကြည့်မိကြပြီး အလေးပြုနှုတ်ဆက်ကြလေသည်။
သူကလည်း တစ်ဦးချင်းစီကို ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြရင်း တုန့်ပြန်ခဲ့သည်။ စင်္ကြံလမ်းတစ်လျှောက် သူ၏ လေးလံသော ခြေသံများက ပဲ့တင်ထပ်နေ၏။ ဒန်တေး၏ ရုံးခန်းရှေ့သို့ ရောက်သောအခါ တံခါးကို ခေါက်လိုက်ပြီး ခွင့်ပြုချက်ရရန် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းလိုက်သည်။
"ဝင်ခဲ့။"
သြဇာအာဏာပါပြီး နက်ရှိုင်းလှသော အသံကြီးက တံခါးကို ဖောက်ထွက်ကာ ဆိုင်းလပ်စ်၏ နားထဲသို့ ရောက်ရှိလာသည်။
သူသည် အထပ်သားတံခါးချပ်ကို တွန်းဖွင့်ကာ အထဲသို့ ဝင်လိုက်သည်။ မှန်တင်ခုံပေါ်တွင် တင်ထားသော ဂုဏ်ထူးဆောင်တံဆိပ်များနှင့် ဆုလာဘ်များကို သူ မသိစိတ်က လှမ်းကြည့်မိသည်။ ထိုအရာများက ဖန်သားပြင်တင်ထားသော စားပွဲနက်ကြီးပေါ်တွင် စာရွက်စာတမ်းများကို အာရုံစိုက်ကြည့်နေသည့် ထိုင်ခုံပေါ်က ပညာရှိပုဂ္ဂိုလ်ကြီးအကြောင်းကို သက်သေခံနေကြသည်။
မှန်ပြတင်းပေါက်မှ ဖြတ်သန်းစီးဝင်လာသော နေရောင်ခြည်က ဗိုလ်ချုပ်ကြီး၏ ရုံးခန်းကို အနည်းငယ် နွေးထွေးပြီး ကြိုဆိုနေသယောင် ထင်မှတ်ရစေသည်။
သို့သော် ဆိုင်းလပ်စ်ကတော့ ထိုအထင်အမြင်မှားမှုထဲမှာ နစ်မွန်းမသွားပေ။ ကြိုဆိုနေတယ် ဟုတ်လား အလကားစကားတွေ
"ဆရာ"
သူသည် ကျွမ်းကျင်စွာပင် အလေးပြုလိုက်ပြီး မျက်နှာထားကိုလည်း ဘာမှမဖြစ်သလို တည်ငြိမ်အောင် ပြင်ထားလိုက်သည်။
"သတင်းပို့စရာ တစ်ခုခု ရှိလို့လား၊ ဗိုလ်ကြီးဆိုင်းလပ်စ်"
ဒန်တေး၏ အေးစက်စက် အသံထွက်ပေါ်လာသည်။ ဆိုင်းလပ်စ်ကလည်း ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေလိုက်၏။
"ဟုတ်ကဲ့ဆရာ၊ ကျွန်တော် ဒီအမှုနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တချို့ ထပ်သိရလို့ လာသတင်းပို့တာပါ"
သူ့မျက်ဝန်းထဲက ယုံကြည်မှုအရိပ်အယောင်တွေကြောင့် လူကြီးဖြစ်သူက လူငယ်ဖြစ်သူဘက်သို့ နောက်ဆုံးတွင် လှည့်ကြည့်လာတော့သည်။
"ဘာများလဲ"
ဆိုင်းလပ်စ်သည် အိုင်ဗီပြောပြခဲ့သော အချက်အလက်များကို တစ်ဆင့်ပြန်ပြောပြပြီး ဒန်တေး၏ တုန့်ပြန်မှုကို စောင့်ဆိုင်းနေလိုက်သည်။ ထင်ထားသည့်အတိုင်းပင် ဒန်တေးမှာ ထိုတွေ့ရှိချက်များကြောင့် အံ့အားသင့်သွားရသည်။ သူတို့ စိုးရိမ်နေရသည့် ပြဿနာကို တစ်ရက်အတွင်း အဖြေရှာနိုင်လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။
အဖြေကို လုံးဝဥဿုံ ရှာတွေ့သွားပြီဟု မဆိုနိုင်သော်လည်း အနည်းဆုံးတော့ အခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုသည့် သဲလွန်စကိုတော့ ရရှိသွားပြီဖြစ်သည်။
"ဒါကို သုတေသနဌာနကို လွှဲပြီး စစ်ဆေးခိုင်းလိုက်မယ်"
ဒန်တေး၏ မျက်ဝန်းထဲတွင် ချီးကျူးရိပ်များ ဝင်းခနဲဖြစ်သွားသော်လည်း ဆိုင်းလပ်စ် ဘဝင်မမြင့်သွားစေရန် ချက်ချင်းပြန်ဖုံးကွယ်လိုက်သည်။
နောက်ဆုံးတွင်တော့ သူသည် မချင့်မရဲဖြင့်ပင် ချီးမွမ်းစကား နှစ်ခွန်းကို ပြောလိုက်ရတော့သည်။ "ကောင်းတယ်... ကြိုးစားသားပဲ"
ဆိုင်းလပ်စ်သည် စကားနည်းလှသော သူ့ဖခင်က ပညာလိုလားသည့် သူ့မိခင်ကို ဘယ်လိုများ စည်းရုံးသိမ်းသွင်းခဲ့ပါလိမ့်ဟု မကြာခဏ တွေးမိတတ်သည်။
'ဒီလို အဘိုးကြီးမျိုးက တစ်သက်လုံး လူပျိုကြီးပဲ လုပ်နေသင့်တာ' ဆိုင်းလပ်စ် စိတ်ထဲမှ တွေးနေသော်လည်း မျက်နှာကတော့ ဘာခံစားချက်မှ မဖော်ပြဘဲ တည်ငြိမ်နေဆဲပင်။
သူ့အတွေးတွေက အိုင်ဗီ့ဆီသို့ ရောက်သွားပြန်သည်။ ဒီသတင်းတွေကို ပေးတာ အိုင်ဗီမှန်း သိသွားရင် ဒန်တေး ဘယ်လောက်တောင် အံ့ဩသွားမလဲဆိုတာ တွေးပြီး သူ ကျေနပ်နေမိသည်။
'သူ တော်တော်လေး စိတ်ပျက်သွားမှာပဲ၊ စစ်တပ်တစ်ခုလုံးတောင် တစ်လလောက် မှောင်မှောင်မည်းမည်း ဖြစ်နေဦးမလား မသိဘူး'
ဒန်တေးက စားပွဲပေါ်သို့ ဘောပင်ကို တင်လိုက်ပြီး မေးသည်ကို သူ စောင့်ကြည့်နေလိုက်သည်။
"ဒီသတင်းရဲ့ ရင်းမြစ်က ဘယ်သူလဲ"
ဆိုင်းလပ်စ်က မျက်နှာသေလေးဖြင့်ပင် ပြန်ဖြေလိုက်၏။
"ကျွန်တော့်ရဲ့ ချစ်သူလေးပါ"
ဟုတ်ပါသည်။ သူသည် လူကြီးဖြစ်သူကို ရည်ရွယ်ချက်ရှိရှိ ရန်စရန် ချစ်သူလေး ဟု သုံးနှုန်းလိုက်ခြင်းဖြစ်သည်။ ထင်ထားသည့်အတိုင်းပင် အခန်းထဲက အပူချိန်က ရုတ်တရက် အေးစက်သွားပြီး ဒန်တေး၏ မိုးကြိုးပစ်သံကဲ့သို့ အသံကြီး ထွက်ပေါ်လာ တော့သည်။
"စကားကို ဆင်ခြင်စမ်း၊ ဗိုလ်ကြီးဆိုင်းလပ်စ်"
"တောင်းပန်ပါတယ်ဆရာ" ဆိုင်းလပ်စ်က ပြန်ဖြေလိုက်သော်လည်း သူ၏ ကွေးညွှတ်သွားသော နှုတ်ခမ်းများက သူ စိတ်ကြည်လင်နေကြောင်း သက်သေပြနေသည်။
"မင်း... ဆိုင်းလပ်စ်၊ မင်း ဘယ်လောက်တောင် ကလေးဆန်နေဦးမှာလဲ"
ဒန်တေး နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ဟိန်းဟောက်လိုက်တော့သည်။
"ဆရာ ဘာကို ဆိုလိုတာလဲဆိုတာ ကျွန်တော် နားမလည်ပါဘူး ဆရာ ကျွန်တော့်ကို ပြောစရာ ကုန်ပြီဆိုရင် ပြန်ခွင့်ပေးပါဦး။ ကျွန်တော့်ဇနီးက အိမ်မှာ စောင့်နေလို့ပါ ဆရာ”
ဆိုင်းလပ်စ်က တစ်ကိုယ်တော် စကားဆက်ပြောနေသည်။
ဒန်တေး: ဆွံ့အ
"အိုင်ဗီက မင်းနဲ့အတူ နေနေတာလား" သူက ဟိန်းဟောက်မေးလိုက်သည်။ သူ၏ မည်းမှောင်နေသော မျက်နှာထားက သူ စိတ်တိုနေကြောင်း ကောင်းကောင်းဖော်ပြနေ၏။
"ဟုတ်ကဲ့" ဆိုင်းလပ်စ်သည် သူ့ဖခင်၏ စိတ်ပျက်နေသော မျက်နှာကို ကြည့်ပြီး ကျေနပ်နေမိသည်။
"ကျွန်တော် သူနဲ့လည်း ဖက်အိပ်ဦးမှာ..."
"သူ့ကို အခုချက်ချင်း နှင်ထုတ်လိုက်" ဒန်တေးက အံကြိတ်ကာ အမိန့်ပေးလိုက်သည်။
"မဖြစ်နိုင်တာ" ဆိုင်းလပ်စ်က ချက်ချင်းပင် ငြင်းဆန်လိုက်သည်။ ဒန်တေးသည် အိုင်ဗီ သူ့ဆီမှာ နေနေမှန်း သိပြီးသားဖြစ်ပြီး အခုတော့ သူ၏ သြဇာအာဏာကို ပြချင်ရုံသက်သက် ဟန်ဆောင်နေခြင်းဖြစ်မှန်း သူ သိသည်။
"ဆိုင်းလပ်စ်... အဲဒီကောင်မလေးဆီမှာ ဘာကို သဘောကျနေတာလဲ ငါ တကယ်ကို နားမလည်နိုင်ဘူး။ သူက အားကိုးလို့မရဘူး၊ သနားစရာကောင်းပြီး နောက်ခံမရှိတဲ့သူ..."
"အဖေ" ဆိုင်းလပ်စ်က ဒန်တေး၏ စကားကို ဖြတ်ပြောလိုက်သော်လည်း ဒန်တေးကတော့ သူ၏ အမြင်ကို ဆုံးအောင်ပြောရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။
"ဆိုင်းလပ်စ်၊ အဲဒီကောင်မလေးက မင်းကို ဘယ်တော့မှ ချစ်မှာမဟုတ်ဘူး။ သူ့ရဲ့ စိတ်ဓာတ်က ပျော့ညံ့လွန်းတယ်။ ပြဿနာတစ်ခုခုနဲ့ ရင်ဆိုင်ရတိုင်း သူက ပုန်းရှောင်ဖို့ပဲ ကြိုးစားတာ။ သူက လူမှားပြီး အချစ်ကို တောင့်တနေပြီး ဘဝမှာ အောင်မြင်ချင်နေတာ။ သူ့လို မိန်းကလေးမျိုးတွေက ကံဆိုးတဲ့ဘဝကို ပိုင်ဆိုင်ရဖို့ပဲ ကံပါလာတာ"
"ကျွန်တော် ပြန်လို့ရပြီလား၊ ဗိုလ်ချုပ်ကြီး" ဆိုင်းလပ်စ်က ဒန်တေး၏ စကားတွေကို လုံးဝ ဂရုမစိုက်သလိုမျိုး မေးလိုက်သည်။ သူ၏ စိတ်ပျက်နေသော မျက်နှာက ပို၍ သိသာလာ၏။
"မရသေးဘူး" ဒန်တေးက သူပြောချင်တာတွေ မကုန်သေးသဖြင့် ဆိုင်းလပ်စ်ကို ဘယ်လိုလုပ် လွှတ်ပေးနိုင်ပါ့မလဲ။
"သူ့မှာ ဘာကောင်းကွက် ရှိလို့လဲ အန္တရာယ်နဲ့ ရင်ဆိုင်ရတိုင်း မင်းကပဲ သူ့ကို ကယ်တင်ပေးရမှာလေ။ အရင်တုန်းကဆိုရင်တော့ ငါ မသိချင်ယောင် ဆောင်ပေးနေဦးမှာပဲ။ ဒါပေမဲ့ အခုတော့
ဒီလို ကမ္ဘာပျက်ကပ်ကြီးထဲမှာ လူတွေကို သေစေတာက ဇမ်ဘီတွေ မဟုတ်ဘူး။ ပျော့ညံ့တဲ့လူတွေနဲ့ ပျော့ညံ့မှုတွေပဲ။ မင်း နားခါးရင်လည်း နားထောင်လိုက်ဦး၊ မင်းရဲ့ အားနည်းချက်က ပျော့ညံ့တဲ့ အိုင်ဗီပဲ"
"သူက အဲဒီလိုလူမျိုး မဟုတ်ဘူး။ သူက ကြံ့ခိုင်တယ်၊ အရင်းအမြစ် ကြွယ်ဝတယ်၊ ပြီးတော့ ထက်မြက်တယ်" ဆိုင်းလပ်စ်က တုံ့ပြန်လိုက်သည်။ "အဖေ့မျက်စိထဲ ပျော့ညံ့နေတဲ့ အဲဒီလူကပဲ ဦးလေးရဲ့ အသက်ကို ကယ်ခဲ့တာ၊ ကျွန်တော် သတိမေ့နေတုန်းကလည်း ကျွန်တော့်ကို ကာကွယ်ပေးခဲ့တာ။ ပြီးတော့ သူ့ရဲ့ သေနတ်ပစ်ကျွမ်းကျင်မှုက အဖေ လေ့ကျင့်ပေးထားတဲ့ ဘယ်စစ်သားထက်မဆို ပိုတော်တယ်"
"စတီဖင်ကိုလား" ဒန်တေးသည် အိုင်ဗီ့အပေါ် ချီးမွမ်းစကားတွေကိုတော့ ဆိုင်းလပ်စ်က အိုင်ဗီ့အပေါ် ဝေဖန်ချက်တွေကို လျစ်လျူရှုသလိုမျိုးပဲ လျစ်လျူရှုလိုက်သည်။
ဆိုင်းလပ်စ်သည် အိုင်ဗီက စတီဖင်ကို ဘယ်လိုကယ်တင်ခဲ့သည်ကို အေးစက်စက်ဖြင့် ပြောပြလိုက်ရာ ဒန်တေး၏ မျက်နှာပေါ်တွင် စဉ်းစားခန်းဝင်သွားသည့် ပုံစံမျိုး ပေါ်လာသည်။
"အဲဒါတင် မဟုတ်ဘူး၊ သူ့မှာ အဆင့်မြင့် ထိုးထွင်းဉာဏ် ဆိုတဲ့ စွမ်းအားရှိတယ်၊ အဲဒါကို သူ အပြည့်အဝ အသုံးချနေတယ်လို့ ကျွန်တော် ထင်တယ်"
အိုင်ဗီ၏ တကယ့်စွမ်းအားက 'ဟင်းလင်းပြင်' ဖြစ်မှန်း ဆိုင်းလပ်စ် သိသော်လည်း သူ ဒန်တေးကို ပြောပြမှာ မဟုတ်ပေ။ တခြား ဘယ်သူ့ကိုမှလည်း ပြောပြမှာ မဟုတ်။
အိုင်ဗီနှင့် ပတ်သက်လာလျှင် သူသည် ဘယ်သူ့ကိုမှ မယုံကြည်နိုင်ပေ။ ကိုယ့်ကိုယ်ကိုယ်တောင် မယုံချင်တာမျိုး ဖြစ်သည်။
"ဒါကြောင့် သူ့ကို ပျော့ညံ့တယ်၊ သနားစရာကောင်းတယ်လို့ ထပ်မပြောပါနဲ့တော့" ဆိုင်းလပ်စ်က ပြောလိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် မိမိထက် ရာထူးကြီးသော အဘိုးကြီးအပေါ် အထင်အမြင်သေးသည့် အရိပ်အယောင်များ ဝင်းလက်သွားသည်။
ဒန်တေးသည် မျက်လုံးများကို မှိတ်လျက် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
"ကျားသစ်ဟာ သူ့အစက်အပြောက်ကို ဘယ်တော့မှ မဖျောက်နိုင်ဘူး။ ဘယ်သူမှ ဂရုမစိုက်ဘဲ ထားလိုက်ရင် သူက အစောဆုံး သေမယ့်လူတွေထဲက တစ်ယောက် ဖြစ်လာမှာ။ ငါပြောတာကို နားထောင်ပြီး တခြားတစ်ယောက်ကို ရှာစမ်းပါ။
ဒီလို အန္တရာယ်များတဲ့ အချိန်မှာ မင်းနဲ့လည်း သင့်တော်ပြီး မင်းရဲ့ ကျောဘက်ကို ကာကွယ်ပေးနိုင်မယ့်သူမျိုးပေါ့။ စကားလက် လိုမျိုး မိန်းကလေးပေါ့။ အဲဒီကောင်မလေးက အကျင့်စာရိတ္တကောင်းပြီး ဘာကိုမှ မကြောက်တတ်ဘူး"
အခန်းထဲမှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။ ဒန်တေးက ဆိုင်းလပ်စ်တစ်ယောက် သူ့ရဲ့ အကြံပေးချက်ကို စဉ်းစားနေပြီဟု ထင်မှတ်လိုက်သည်။
သူ့မျက်နှာထားက နူးညံ့သွားပြီး မျက်လုံးတွေကို ဖွင့်ကြည့်ကာ ရှားရှားပါးပါး နူးညံ့တဲ့လေသံနဲ့ ပြောလိုက်သည်။
"ငါက မင်းရဲ့ ကောင်းကျိုးအတွက် ပြောတာပါ... ဆိုင်းလပ်စ် ဆိုင်းလပ်စ် ပြန်လာခဲ့စမ်း ပြန်လာခဲ့လို့ ပြောနေတယ်"