စတော့ဟုမ်း ရောဂါစု
Vol. 8 Ch. 80
တက္ကသိုလ်တုန်းက သင်ခဲ့ရသမျှ ပညာရပ်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို သူမ မေ့သွားခဲ့ပြီ ဖြစ်ပေမဲ့ ရောဂါလက္ခဏာစု တစ်ခုကိုတော့ သူမ မှတ်မိနေဆဲပါ... အဲဒါကတော့ စတော့ဟုမ်း ရောဂါစု ပင်။
ဝတ္ထုအတော်များများမှာတော့ ဇာတ်လိုက်မင်းသမီးက ဒီလိုဝေဒနာ ခံစားရတာကို ဝေဖန်လေ့ရှိကြပေမဲ့ အိုင်ဗီကတော့ ဒါကို သူမရဲ့ ရန်သူတွေအပေါ် အသုံးချဖို့ တွေးမိတာနဲ့တင် စိတ်လှုပ်ရှားနေမိသည်။
သူတို့ကို သူမအပေါ် မှီခိုလာအောင် လုပ်မယ်။ တစ်ခါတလေမှ ပေးတဲ့ ကြင်နာမှုလေး တစ်ခုတည်းနဲ့တင် သူတို့က ပျော်ရွှင်ကျေနပ်သွားပြီး သူမအပေါ် အားကိုးလာကြပြီဆိုရင်... ဒါဟာ တစ်သက်စာ KB ထုတ်ပေးမယ့် စက်ရုံကြီး ရလိုက်တာနဲ့ မတူဘူးလား။
သူမကို ရက်စက်တယ်လို့ပဲ ဆိုဆို... သူတို့ကို နှိပ်စက်ရင်း၊ KB တွေ ရယူရင်း၊ တစ်ဖက်ကလည်း သူတို့ ဒုက္ခရောက်နေတာကို ကြည့်ရမယ့် အသိက သူမကို ကြည်နူးစေသည်။
တကယ့်ကို စိတ်ဝင်စားဖို့ကောင်းလိုက်တာ... တစ်ချက်ခုတ် သုံးချက်ပြတ်ပဲ။
ထို့နောက် သူမ ခုနက ဆောက်လိုက်တဲ့ ရေချိုးခန်းကို စစ်ဆေးကြည့်လိုက်သည်။ ခြိုးခြံချွေတာရေး လို့ အမည်တပ်ထားတာက နည်းနည်းတော့ လွန်သွားသလားပဲ။
အဲဒါက သစ်သားသေတ္တာအိမ်လေးထဲမှာ ကျောက်နဲ့လုပ်ထားတဲ့ အိမ်သာခွက်တစ်ခု ရှိနေတာပါ။ ကြမ်းတမ်းရိုးရှင်းလွန်းလှပေမဲ့... သူတို့နဲ့တော့ တန်ပါတယ်။
ကြမ်းပြင်ပေါ်မှာ အမောတကော လဲကျနေတဲ့ ဆာဖီနာ၊ မက်ဂ်နပ်စ်နဲ့ အိုင်စလာတို့ကို ကြည့်ပြီး သူမက အေးအေးဆေးဆေး မေးလိုက်သည်။
"နင်တို့ထဲက ဘယ်သူ အိမ်သာသွားချင်လဲ"
သူတို့ပါးစပ်ထဲက အဝတ်စတွေကို ဖယ်ပေးလိုက်ပြီး အဖြေကို စောင့်နေလိုက်သည်။
"သမီး သမီးသွားမယ်" အိုင်စလာက အော်ပြောလိုက်ပေမဲ့ လှုပ်ရှားလိုက်တာနဲ့ ဒဏ်ရာတွေက ပိုနာလာလို့ မျက်နှာပျက်သွားရသည်။ သူမရဲ့ ရင်ထဲမှာတော့ မုန်းတီးမှုနဲ့ အကူအညီမဲ့မှုတွေ ပြည့်နှက်နေပြီး ကျိန်ဆိုနေမိတာက -
တစ်နေ့ကျရင် ငါ ဒီငရဲခန်းကနေ လွတ်အောင်ပြေးပြီး အိုင်ဗီ့ကို ကောင်းကောင်း လက်စားချေမယ်။ ဒီကောင်မကို ငရဲဆိုတာ ဘာလဲဆိုတာ ငါ သင်ပေးရမယ်
အိုင်စလာ ဘာတွေးနေမလဲဆိုတာ အိုင်ဗီ ဘယ်လိုလုပ် မသိဘဲ နေမလဲ။
"ကောင်းပြီ" အိုင်ဗီက ခေါင်းငြိမ့်ပြလိုက်သည်။ ဒါပေမဲ့ အိုင်စလာ ဝမ်းသာမသွားခင်မှာပဲ မက်ဂ်နပ်စ်ဘက် လှည့်ပြီး ပြောလိုက်သည်မှာ - "ရှင် နောက်ထပ် ၅ မိနစ်လောက် အနှင်တံနဲ့ အရိုက်ခံနိုင်မယ်ဆိုရင် အိုင်စလာကို အိမ်သာသွားခွင့်ပြုမယ်"
ထို့နောက် သူမက ခနဲ့ပြုံး ပြုံးလိုက်ပြီး အေးစက်တဲ့ မျက်ဝန်းတွေနဲ့ အိုင်စလာကို ကြည့်ကာ ဆက်ပြောလိုက်သည်။ "တကယ်လို့ နင်က အဲဒီမတိုင်ခင် အိမ်သာထွက်သွားရင်တော့ နင့်ကို နောက်ထပ် ၁ နာရီကြာအောင် ငါ ရိုက်မယ်"
ဒီစကားကြောင့် အိုင်စလာ မှင်သက်သွားရသည်။ အိုင်ဗီဟာ ရက်စက်လွန်းတယ်လို့ စိတ်ထဲက ကျိန်ဆဲရင်း ဖခင်ဖြစ်သူဘက် လှည့်ကာ - "ဖေဖေ... ကျေးဇူးပြုပြီး ကူညီပါဦး"
မက်ဂ်နပ်စ်ကတော့ အံကြိတ်ထားရသည်။ တစ်ကိုယ်လုံးက နာကျင်မှုတွေကြောင့် သူ သဘောမတူနိုင်သေးပေ။ အေးစက်တဲ့ နှင်တံက ကိုယ်ပေါ်ကျလာတိုင်း ခံစားရတဲ့ နာကျင်မှုလှိုင်းတွေက သူ့ကို ကြောက်လန့်တုန်ရင်စေသည်။
ဖခင်ဖြစ်သူ တိတ်ဆိတ်နေတာကို မြင်တော့ အိုင်စလာ ရင်ထဲ နင့်ခနဲ ဖြစ်သွားရသည်။ အခုထိတော့ သူမ အဖေက သူမကို အရမ်းချစ်တဲ့ အဖေလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့... သူ တကယ်ကော ချစ်ရဲ့လားလို့ သံသယဝင်လာမိပြီ။
"ဖေဖေ ဖေဖေက ဘယ်လိုတောင် ရက်စက်ရတာလဲ သမီးကသာ မအောင့်နိုင်ရင် တစ်နာရီတောင် အရိုက်ခံရမှာလေ။ ဖေဖေက ၅ မိနစ်ပဲ အောင့်ခံရမှာကို"
မက်ဂ်နပ်စ် သူ့ရင်ထဲမှာ တစ်ခုခု ကျိုးပဲ့သွားသလို ခံစားလိုက်ရသည်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတော်ကြာအောင် သူ မိသားစုအတွက် ကျွဲလို နွားလို လုပ်ကျွေးခဲ့တာ။ အခုကျတော့ ခဏလေး တွေဝေမိတာနဲ့တင် သူ အရမ်းချစ်ခဲ့ရတဲ့ သမီးဆီက ဒီလို အမေးခံနေရပြီ။
ဒါပေမဲ့ အိုင်စလာရဲ့ မျက်နှာပေါ်က မျှော်လင့်ချက်ကင်းမဲ့နေတဲ့ ပုံစံကို မြင်တော့ သူ ကိုယ့်ကိုယ်ကိုယ် ပြန်ဖြေသိမ့်လိုက်ရသည်... သူ အတော်လေး အောင့်ထားရလို့ ဖြစ်မှာပါ
သူ စိတ်ကို တင်းထားပြီး အိုင်ဗီ့ကို ကြည့်ကာ ပြောလိုက်သည်။ "ငါ အဆင်သင့်ပဲ"
အိုင်ဗီ့ရဲ့ နှလုံးသားကတော့ တည်ငြိမ်နေဆဲပါ။ ဘာပြောရမလဲ... နှိုင်းယှဉ်စရာ မရှိရင် နာကျင်စရာ မရှိဘူးပေါ့။
သူမ ငယ်ငယ်တုန်းက သူမအချစ်ဆုံး အရုပ်လေး မြစ်ထဲ ကျသွားတာကို သတိရမိသည်။ အဲဒီတုန်းက သူမ မက်ဂ်နပ်စ်ကို ဆင်းကောက်ပေးဖို့ တောင်းပန်ခဲ့ပေမဲ့ သူက ခနဲ့တဲ့တဲ့နဲ့ပဲ ပြောခဲ့တာက -
"နင်က အရူးလား ရေက ငါ့ခါးလောက်ပဲ ရှိပေမဲ့ ငါ ရေနစ်သွားရင် ဘယ်လိုလုပ်မလဲ"
နောက်ပိုင်းမှာတော့ အိုင်ဗီဟာ အရပ်မရှည်သေးပေမဲ့ ကိုယ့်ဘာသာကိုယ်ပဲ ဆင်းကောက်ခဲ့ရသည်။ ထူးထူးခြားခြား သူမ ရေမနစ်ခဲ့ပါဘူး။
အဲဒီတုန်းက မက်ဂ်နပ်စ်က သူမကို ဘာလို့မချစ်တာလဲဆိုတာ သူမ နားမလည်ခဲ့ဘူး။ အခုတော့ နားလည်သွားပြီ။ သွေးသားတော်စပ်မှုက သစ္စာစောင့်သိမှုနဲ့ မယှဉ်နိုင်ဘူးလေ။
ကံကောင်းတာက သူမမှာလည်း သူမဘက်က ရပ်တည်ပေးမယ့် ချစ်ရတဲ့ မိသားစု ရှိနေပြီပဲ။ အတွေးတွေထဲက ပြန်ထွက်လာပြီးနောက် ငယ်ငယ်က အိုင်ဗီ ခံစားခဲ့ရတဲ့ နာကျင်မှုမျိုးကို သူမ ပြန်ပေးဆပ်လိုက်ပြီး ၅ မိနစ်ပြည့်မှ ရပ်လိုက်သည်။
"ကျေးဇူးပဲ ဖေဖေ" အိုင်စလာက ဝမ်းသာအားရ ပြောလိုက်ချိန်မှာတော့ အိုင်ဗီက ရယ်မောလိုက်သည်။ အိုင်စလာက သူမကို စိုက်ကြည့်ရင်း "နင် ဘာလို့ ရယ်နေတာလဲ" ဟု မေးသည်။
"ဘာမှမဟုတ်ပါဘူး" အိုင်ဗီက ပြန်ဖြေလိုက်ပေမဲ့ သူမရဲ့ အကြည့်ကတော့ အရှက်တကွဲနဲ့ ခေါင်းငုံ့နေတဲ့ မက်ဂ်နပ်စ်ဆီမှာပါ။
သူ အလိုလိုက်ထားတဲ့ သမီးက သူ့မှာ နာကျင်နေလားလို့တောင် မမေးခဲ့ဘူး။ ရင်နာစရာကောင်းတာကို သတိမပြုမိဘဲ သူမ အိမ်သာသွားခွင့်ရလို့ပဲ ပျော်နေတာလေ။
အိုင်ဗီက အိုင်စလာရဲ့ ကြိုးတွေကို ဖြုတ်ပေးပြီး သူမကို စွမ်းအင်းသိုလှောင်ရုံ ထဲ ထည့်လိုက်သည်။ အိုင်စလာ ထွက်ပြေးမှာကို သူမ မစိုးရိမ်ပါဘူး။
"ဒါနဲ့ ဆာဖီနာ... ခုနက မက်ဂ်နပ်စ် အရိုက်ခံရမယ်ဆိုတုန်းက နင်က ဘာလို့ ငါ့ကို သူ့အစားရိုက်ပါလို့ မပြောခဲ့တာလဲ" အိုင်ဗီက ဘာမှမဟုတ်တဲ့ဟာလေး မေးသလိုမျိုး အေးအေးဆေးဆေးပဲ မေးလိုက်သည်။
ဆာဖီနာက မက်ဂ်နပ်စ်ကို ရှုပ်ထွေးတဲ့ ခံစားချက်တွေနဲ့ ကြည့်လိုက်တော့ သူကလည်း သူမကို စကားတစ်ခွန်းမှ မပြောဘဲ စိုက်ကြည့်နေသည်။ သူမရဲ့ ရင်ထဲမှာ အက်ကွဲသွားရ၏။ သူကလည်း ငါ့ကို သူ့အစား အရိုက်ခံစေချင်တာလား
သူ ငါ့ကို ချစ်တယ်လို့ ပြောခဲ့တယ် မဟုတ်လား
တကယ်လို့ အိုင်ဗီသာ ဆာဖီနာရဲ့ ရင်ထဲက စကားတွေကို ကြားနိုင်ရင်တော့ အားရပါးရ ရယ်မိမှာပါ။ ရာဗင်ခရော့ဖ် မိသားစုက စည်းစည်းလုံးလုံးနဲ့ အချင်းချင်း ချစ်ကြတယ်လို့ ထင်ရပေမဲ့ လက်တွေ့မှာတော့ မဟုတ်ပါဘူး။
အရင်ကတော့ အိုင်ဗီဆိုတဲ့ လက်သီးပုန်းခံလေး ရှိနေလို့ သူတို့ရဲ့ မကျေနပ်ချက်တွေကို စုပေါင်းပြီး သူမအပေါ် ပုံချလို့ ရခဲ့တာ။ အခုကျတော့... အင်း... ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ဘုရားပဲ သိပါလိမ့်မယ်။
အိုင်စလာဟာ ကိစ္စဝိစ္စတွေ ပြီးသွားတဲ့အခါ အိမ်သာထဲက ထွက်လာပြီး ထွက်ပြေးဖို့ ကြိုးစားသည်။ စိုစွတ်နေတဲ့ မြက်ခင်းပြင်၊ မြူနှင်းတွေနဲ့ အေးစိမ့်တဲ့ လေထု၊ ပြီးတော့ မှောင်ရိပ်တွေက သူမကို ကြောက်လန့်စေဖို့ လုံလောက်နေသည်။
အိုင်ဗီ ငါ့ကို ဘယ်နေရာကို ပို့လိုက်တာလဲ။ ဒါ လျှို့ဝှက်မြေအောက်ခန်းလား သူမ တွေးရင်း တစ်ကိုယ်လုံး ချမ်းတုန်နေသည်။
ခြေလှမ်းတိုင်းက လေးလံလာသည်။ ဗိုက်ဆာလွန်းလို့ အားအင်တွေ ကုန်ခမ်းနေပြီး နောက်ဆုံးမှာတော့ အမောတကောနဲ့ ရပ်လိုက်ရသည်။
မျှော်လင့်ချက်တွေနဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပေမဲ့ သူမရှေ့မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အသက်ရှူရပ်မတတ် ထိတ်လန့်သွားပြီး မြေပြင်ပေါ် ခွေကျသွားတော့သည်။
"ဒါက ဘာကြီးလဲ" အိုင်စလာ အော်လိုက်သည်။ သူမဟာ ခုနက ယာယီအိမ်သာရှေ့ကိုပဲ ပြန်ရောက်နေတာပါ။ "တောက် အိုင်ဗီ အိုင်ဗီ ငါ့ကို ပြန်ခေါ်သွားစမ်းပါ အဟီးဟီး... ငါ ပြန်ချင်ပြီ သရဲ သရဲ"
ဒါတွေကို အကုန် မြင်နေရတဲ့ အိုင်ဗီကတော့ တခိခိ ရယ်နေမိသည်။ တကယ့် ကြောက်တတ်တဲ့ ကြောင်ကလေးပဲ။ သူမက အိုင်စလာကို အခန်းထဲ ပြန်ခေါ်လိုက်ပြီး ဘာမှ တုန့်ပြန်ချိန် မပေးဘဲ လက်တွေကို ပြန်ချည်ထားလိုက်တော့သည်။