← Chapters

အခန်း (၁၃၂၇-၁၃၂၈)

Vol. 133 Ch. 1327-1328

အခန်း (၁၃၂၇-၁၃၂၈)

Vol. 133 Ch. 1327-1328

အခန်း (၁၃၂၇) - ဆန်းယန်နယ်မြေ

ဂိုဏ်းအသီးသီးက မိမိတို့၏ မသေမျိုးလမ်းစဉ် များကို လျှို့ဝှက်ထားကြခြင်းမှာ ပထမအချက်အနေဖြင့် ထိုလမ်းစဉ်များကို ရရှိရန် အလွန်ခဲယဉ်းလှသဖြင့် သူတစ်ပါးကို အလွယ်တကူ မသိစေလိုခြင်းကြောင့် ဖြစ်သည်။

ဒုတိယအချက်မှာမူ လမ်းစဉ်အကြောင်း သိသူများလေလေ၊ လိုအပ်သော နတ်ဆေးပင်များကို လုယူမည့် ပြိုင်ဘက်များ ပိုများလေလေ ဖြစ်သောကြောင့်ပင်။

ဥပမာအားဖြင့် မသေမျိုးအစစ်မှန် လမ်းစဉ်ကို မသေမျိုးလောကငယ် က လက်ဝါးကြီးအုပ်ထားရာ ထိုလောကငယ်အတွင်းရှိ မသေမျိုးအစစ်မှန် အများစုပင်လျှင် မိမိတို့သောက်သုံးရသည့် နတ်ဆေးပင်မှာ ဘာပင်မျိုးဖြစ်သည်ကို မသိကြချေ။

အစစ်အမှန်လမ်းစဉ်ကို အလွန်နည်းပါးသော လူနည်းစုကသာ ဆုပ်ကိုင်ထားခြင်း ဖြစ်နိုင်ပေသည်။

ထိုသို့ဆိုလျှင် မသေမျိုးအစစ်မှန် လမ်းစဉ်အတွက် လိုအပ်သော နတ်ဆေးပင်များကို လုယူမည့်သူမှာ များပြားမည်မဟုတ်တော့ချေ။

လူ့လောကကိုးခုတွင် အကယ်၍ မသေမျိုးအစစ်မှန် လမ်းစဉ်အတွက် လိုအပ်သော နတ်ဆေးပင်များ ထွက်ပေါ်လာပါက မသေမျိုးလောကငယ်ဘက်မှ အလွယ်တကူပင် သိမ်းပိုက်ရယူနိုင်မည် ဖြစ်သည်။

သို့သော် ၎င်းတို့၏ သတင်းအချက်အလက် ကွန်ရက်မှာ လုံလောက်စွာ ကျယ်ပြန့်မြန်ဆန်နေရန်တော့ လိုအပ်ပေသည်။

ယခုအခါ ဖန့်သခင်လေးသည် ရှကျီ ၏ လျှို့ဝှက်စောင့်ရှောက်ရေးဌာနကို ဤကိစ္စနှင့် ပတ်သက်၍ သတိထားရန် မှာကြားထားပြီးဖြစ်သည်။

အဆင့် (၁) ယွမ်ယန်ဝိညာဉ်နွယ်ပင် မှစ၍ အဆင့် (၈) မိုးကောင်းကင်နဂါးပုလဲ အထိ... အကယ်၍ အလားတူ အဓိကစကားလုံးများ ထွက်ပေါ်လာပါက လျှို့ဝှက်စောင့်ရှောက်ရေးဌာနက ချက်ချင်း စတင်လှုပ်ရှားတော့မည် ဖြစ်သည်။

ဖန့်သခင်လေး မရှိသည့်အချိန်များတွင် ရှကျီ သည် တစ်စုံတစ်ရာသော ကွပ်ကဲပိုင်ခွင့်ရှိရာ လူ့လောကအတွင်းရှိ အလုပ်ကိစ္စများတွင် ယွီထင်ကျဲနှင့် အခြားသူများကို ညွှန်ကြားစေခိုင်းနိုင်ပေသည်။

နင်ပေ့ယိုတို့ သုံးဦးကို ဘွဲ့နှင်းခန့်အပ်ပြီးနောက် ငရဲမင်းအမိန့်တော်ပြား အတွင်းရှိ ယင်သက်တမ်းမှာ ခုနစ်သောင်းငါးထောင်ခန့် ကျန်ရှိနေသေးသည်။

ဖန့်ချန်သည် တစ်သောင်းငါးထောင်ကို အရေးပေါ်အရန်အဖြစ် ချန်ထားပြီး ကျန်ရှိသော ယင်သက်တမ်းများကိုမူ ဘွဲ့နှင်းခန့်အပ်ရန် အသုံးမပြုတော့ဘဲ ရှီလုံနှင့် အခြားသူများကို မျှဝေပေးလိုက်သည်။

ယင်သက်တမ်း ပိုလျှံမှုမှာ သူတို့၏ ကျင့်ကြံခြင်းအတွက် လိုအပ်ချက်ကို နုတ်ပယ်ပြီးသား ဖြစ်သော်လည်း ဤယင်သက်တမ်းများကို အသုံးမပြုဘဲ ဒီအတိုင်းထားမည့်အစား သူတို့၏ ခွန်အားများကို မြှင့်တင်ရန် ပေးလိုက်ခြင်းက ပို၍ကောင်းမွန်ပေသည်။

...

ငရဲမင်းနန်းဆောင်

ဖန့်ချန် သည် လောကနှစ်ခုကြားရှိ အတားအဆီး ရှေ့သို့ ရောက်လာပြီး စစ်ဆေးကြည့်ရှုလိုက်သည်။

ပြီးခဲ့သည့်အကြိမ်က ထည့်သွင်းပေးခဲ့သော နှစ်ပေါင်းတစ်သန်းစာ ယင်သက်တမ်းမှာ အကျိုးသက်ရောက်မှု မဆိုးလှချေ။

အတားအဆီး၏ တစ်ဖက်ခြမ်းရှိ ပုံရိပ်မှာ နှစ်ပေါင်းများစွာ အချိန်ကုန်ခံခဲ့သော်လည်း ကြီးကြီးမားမား အောင်မြင်မှု မရရှိသေးပုံရသည်။

ထို့နောက် သူသည် ယင်လောကငယ်အတွင်း လှည့်လည်ကြည့်ရှုရင်း သိုင်းနတ်ဘုရားဌာန သို့သွားကာ ရှုကျင်းထော်နှင့် တွေ့ဆုံခဲ့သည်။

တစ်ဖက်လူသည် သိုင်းပညာလမ်းစဉ်တွင် မှန်မှန်ကန်ကန် တိုးတက်နေဆဲဖြစ်ပြီး သိုင်းနတ်ဘုရားဌာန လက်အောက်ရှိ ဝိညာဉ်အမြောက်အမြားမှာလည်း သိုင်းပညာ အခြေခံကို ရရှိနေကြပြီဖြစ်သည်။

၎င်းတို့အားလုံးမှာ ရှုကျင်းထော်ကဲ့သို့သော လမ်းစဉ်အတိုင်း လျှောက်လှမ်းနေကြခြင်း ဖြစ်သည်။

ယခုအချိန်တွင် ထိုအင်အားမှာ သေးငယ်လှပြီး လူ့လောကကိုးခုနှင့် ယှဉ်လျှင် လုံးဝ အရေးမပါသော်လည်း ဖန့်ချန်မှာမူ အလွန်ပင် မျှော်လင့်နေမိသည်။

အကယ်၍ သိုင်းနတ်ဘုရားဌာနကို ဖွံ့ဖြိုးတိုးတက်ရန် အချိန်အနည်းငယ် ထပ်ပေးမည်ဆိုပါက နောက်ဆက်တွဲမှာ မည်သို့ဖြစ်လာမည်နည်း။

ဖန့်ချန်သည် တစ်ခါတရံတွင် ရှုကျင်းထော် ရိုက်ခွဲခဲ့သော ထိုဟင်းလင်းပြင်အကြောင်းကို အသေအချာ စဉ်းစားဖူးသည်။

ရှုကျင်းထော်က ဟင်းလင်းပြင်စွမ်းအား ဟု ခေါ်ဝေါ်သော ထိုတည်ရှိမှုသည် အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးများအတွင်း ကိန်းအောင်းနေသည့် ရှေးဟောင်းဝိညာဉ်စွမ်းအားများနှင့် တူညီနိုင်သလော

၎င်းသည်လည်း ကမ္ဘာမြေ၏ ရှေးဟောင်းကာလတစ်ခုမှ ကျန်ရစ်ခဲ့သော အစွမ်းတစ်ခု ဖြစ်နိုင်သလော

ထိုဖြစ်နိုင်ခြေမှာ မရှိဟု မဆိုနိုင်သည့်အပြင် အလွန်ပင် ကြီးမားနေပေသည်။

ထိုကမ္ဘာကြီးအတွက် အရာအားလုံးမှာ ဖြစ်နိုင်ချေရှိပြီး အဆင့် (၉) မသေမျိုးပင်လျှင် အရာအားလုံးကို သိရှိနိုင်စွမ်း မရှိချေ။

ကျယ်ပြောလှသော စကြဝဠာကြီးနှင့် ယှဉ်လျှင် အဆင့် (၉) မသေမျိုးမှာပင်... အနည်းငယ် ပိုကြီးသော နှံကောင်တစ်ကောင်မျှသာ ဖြစ်ပေလိမည်။

ထို့ကြောင့် သူသည် သဘာဝတရား၏ အစွမ်းသတ္တိကို မည်သည့်အခါမျှ အထင်မသေးခဲ့ချေ။

လူသား၏ စွမ်းအားမှာ ကုန်ဆုံးနိုင်ပြီး စွမ်းအားဖြင့် မမီနိုင်သော အရာများစွာ ရှိပေသည်။

"ရှုကျင်းထော်က ဒီလမ်းစဉ်မှာ အောင်မြင်မှုတွေ ရရှိပြီး အထွတ်အထိပ်ကို ရောက်သွားမယ်ဆိုရင် ဒီဟင်းလင်းပြင်စွမ်းအားတွေ ဘယ်ကလာလဲဆိုတာ သိနိုင်လိမ့်မယ်။ အဲဒါက အဲဒီကိစ္စ အတွက်လည်း အထောက်အကူ တစ်ခုခု ဖြစ်နိုင်တယ်"

ဟု ဖန့်ချန်က ရှေ့တွင်ရှိနေသော ရှကျီ ကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။

"မင်းပြောတဲ့ ကိစ္စဆိုတာ ဘာကိုဆိုလိုမှန်း ငါမသိပေမဲ့... ရှုညီအစ်ကိုရဲ့ ဒီလမ်းစဉ်ကတော့ တကယ်ကို လမ်းစဉ်သစ်တစ်ခုဖြစ်ပြီး မူလအယူအဆဟောင်းတွေကို ရိုက်ချိုးလိုက်တာပဲဆိုတာ ငါဝန်ခံရမယ်"

ရှကျီသည် လိမ္မော်သီးတစ်လုံးကို အခွံနွှာကာ နှစ်ခြမ်းခွဲလိုက်ပြီး တစ်ခြမ်းကို ဖန့်ချန် အား ပေးကာ ကျန်တစ်ခြမ်းကို ပါးစပ်ထဲ အကုန်ထည့်လိုက်သည်။

ခေတ္တမျှကြာပြီးနောက် သူက ဆက်ပြောသည်

"မင်းရှာခိုင်းတဲ့ နေရာကို ငါတွေ့ပြီ၊ အဆင့် (၁) လေလွင့်မသေမျိုး တစ်ဦးပဲ အခြေစိုက်နေတာ။ နေရာက ဆန်းယန်နယ်မြေ မှာ၊ ယင်လောကငယ်ကနေ တိုက်ရိုက်သွားလို့ ရတယ်"

"အခု မင်းကလည်း တာအိုသုံးထောင်ဂ်ုဏ်း ရဲ့ ကျင့်ကြံသူတစ်ယောက်ပဲလေ၊ လူ့လောကကို ပြန်ပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားဦး၊ ငါနဲ့အတူ တစ်ခေါက်လောက် သွားကြရအောင်"

ဟု ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။

"ကျောင်းတော်ရဲ့ စမ်းသပ်မှု သုံးရပ်အတွက်လား "

ရှကျီ က မေးလိုက်သည်

"သတင်းတွေအရဆိုရင် အဲဒီ နဂါးကျားကျောင်းတော် မှာ ရှေးယခင်ကတည်းက လက်ဆင့်ကမ်းလာတဲ့ စမ်းသပ်မှု သုံးရပ် ရှိတယ်၊ အဲဒါတွေက ယင် ၊ ယန် နဲ့ မိုးကြိုး တို့ပဲ။ အဲဒါက တာအိုသုံးထောင်ဂိုဏ်းက နတ်သားရဲ သုံးပါးနဲ့ ပတ်သက်နေတာလား"

"အင်း... စမ်းသပ်မှုကို အောင်မြင်မှသာ နတ်သားရဲ သုံးပါးရဲ့ အသိအမှတ်ပြုမှုကို အစစ်အမှန် ရရှိမှာဖြစ်ပြီး ကောင်းကင်လှည့်စားခြင်းပညာ ကို ကျင့်ကြံနိုင်မှာ။ ကောင်းကင်လှည့်စားခြင်းပညာက တာအိုသုံးထောင်ဂိုဏ်း ရဲ့ အခြေခံအရင်းခံပဲ"

ဟု ဖန့်ချန် က ဆိုသည်။

"ဒါဆိုရင်တော့ ငါသေချာ ပြင်ဆင်ရမှာပေါ့"

ရှကျီ မှာ ချက်ချင်းပင် စိတ်ဝင်စားသွားတော့သည်။

ဖန့်ချန်သည် ထိုအခြင်းအရာကို မြင်သောအခါ မနေနိုင်ဘဲ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်

"မင်းသေချာ ပြင်ဆင်သင့်တယ်၊ ဒီလို အခွင့်အရေးမျိုးက ရခဲတယ်လေ"

အမှန်ပင် ရခဲလှပေသည်။

လွန်ခဲ့သော နှစ်များအတွင်း လျှို့ဝှက်စောင့်ရှောက်ရေးဌာန၏ လွှမ်းမိုးမှု နယ်ပယ်မှာ ကျယ်ပြန့်လာပြီး လူအင်အားလည်း ပိုမိုပြည့်စုံလာသောကြောင့်သာ ဤကဲ့သို့ နတ်သားရဲ သုံးပါး၏ စမ်းသပ်မှုနေရာကို ရှာတွေ့နိုင်ခဲ့ခြင်း ဖြစ်သည်။

မဟုတ်ပါက သမုဒ္ဒရာထဲတွင် အပ်ရှာသကဲ့သို့ပင် ခက်ခဲလှပေလိမည်။

ယခင်က သူ ကျုံးကျိုး တွင် တွေ့ခဲ့သော စမ်းသပ်မှုနေရာမှာ ပျောက်ကွယ်သွားခဲ့ပြီး ယနေ့တိုင် အစရှာမရတော့ချေ။

စမ်းသပ်မှုကို တာဝန်ယူခဲ့သော စက္ကူအရုပ် အမည်းနှင့် အဖြူ နှစ်ရုပ်မှာမူ ယခုအခါ ယင်လောကငယ်တွင် အခြေစိုက်နေကြပြီ ဖြစ်သည်။

ထိုကဲ့သို့သော စမ်းသပ်မှုများသည် တစ်ကြိမ်သာ အကျုံးဝင်ပြီး တစ်စုံတစ်ယောက်က အောင်မြင်သွားပါက ပျက်ပြယ်သွားတတ်သည်ဟု ဖန့်ချန် က သံသယရှိနေသည်။

လျှို့ဝှက်စောင့်ရှောက်ရေးဌာန စတင်ဖွဲ့စည်းစဉ်ကတည်းက သူသည် ဤကဲ့သို့သော သတင်းအချက်အလက်များကို အလေးထားရန် ညွှန်ကြားထားခဲ့ခြင်း ဖြစ်သည်။

ယခု အထက်သုံးနယ်မြေသို့ မသွားမီ ထိုကဲ့သို့သော စမ်းသပ်မှုနေရာတစ်ခုကို ရှာတွေ့နိုင်ခြင်းမှာ ကံကောင်းခြင်းတစ်ရပ်ဟု ဆိုရပေမည်။

ဖန့်ချန် သည် တစ်ခါတရံတွင် ထိုစမ်းသပ်မှုများသည် ဆရာသခင် ယွင်ဟယ်၏ လက်ရာများ ဖြစ်နေမည်လားဟု သံသယဖြစ်မိသည်။

နောက်တစ်ခါ တွေ့ဆုံလျှင်တော့ မေးမြန်းကြည့်ရပေဦးမည်။

နှစ်နှစ် ကြာပြီးနောက်...။

နဂါးအိုကြီးသည် နန်ချင်းကြယ်တာရာနယ်မြေသို့ တစ်ခေါက် ပြန်သွားကာ ထိုနေရာရှိ တာအိုသုံးထောင်ဂိုဏ်း ကျင့်ကြံသူအားလုံးကို ပြန်လည် ခေါ်ဆောင်လာခဲ့သည်။

ထို့နောက် ဖန့်ချန် သည် သူတို့ကို နယ်နိမိတ်ဘူးသီး ဖြင့် ဆန်းယန်နယ်မြေရှိ ဇီယွမ်ဂြိုလ် သို့ ခေါ်ဆောင်လာခဲ့တော့သည်။

ဖန့်ချန် သည် ယခုတစ်ခေါက်တွင် တာအိုသုံးထောင်ဂိုဏ်း ၏ စားရင်းဝင်သော ကျင့်ကြံသူအားလုံးကို ခေါ်ဆောင်လာခဲ့ရာချီသန့်စင်ခြင်း ကျင့်ကြံသူများကိုပင် ချန်မထားခဲ့ချေ။

ဇီယွမ်ဂြိုလ်သို့ စတင်ရောက်ရှိချိန်တွင် အားလုံးသည် ကောင်းကင်ပေါ်ရှိ မယုံနိုင်စရာ မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။

ထိုနေရာတွင် နေမင်း သုံးစင်းကို မြင်တွေ့နေရခြင်း ဖြစ်သည်။

နေမင်း သုံးစင်းမှာ ကောင်းကင်ထက်၌ ရှိနေသော်လည်း အားလုံးမှာ ပူလောင်အိုက်စပ်ခြင်း မရှိဘဲ အပူချိန်မှာ အနေတော်ဖြစ်နေသည်ဟု ခံစားရပေသည်။

"ဒါက တကယ့် နေမင်းတော့ မဟုတ်လောက်ဘူး၊ နေမင်းနဲ့ ဆင်တူတဲ့ တည်ရှိမှုတွေပဲ ဖြစ်ရမယ်။ ဒါကြောင့်လည်း ဆန်းယန်နယ်မြေ (နေသုံးစင်းနယ်မြေ) လို့ ခေါ်တာနေမှာ"

ရှကျီ သည် ဖန့်ချန် ၏ ဘေးတွင်ရပ်ကာ သူ၏ မျက်လုံးများကို ဝိညာဉ်စွမ်းအားဖြင့် ကာကွယ်ရင်း ကောင်းကင်ပေါ်ရှိ နေမင်း သုံးစင်းကို တည့်တည့်စိုက်ကြည့်လျက် ဆိုလိုက်သည်။

လီတောက်ယဲ့ ကလည်း စိတ်ဝင်တစားဖြင့်

"ကျုပ် အရင်က ရှေးဟောင်းစာအုပ် တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်၊ တချို့နေရာတွေမှာ နေမင်း ဆယ်စင်းတောင် ရှိတယ်လို့ ဆိုထားတာ။ အခုကြည့်ရတာ ရှေးဟောင်းစာအုပ်တွေထဲက မယုံနိုင်စရာ ကိစ္စတချို့ဟာ ဒီလောကမှာ မရှိဘူးလို့တော့ ပြောလို့မရဘူးပဲ"

ကျောက်ကျောင်လုံ၊ ဟွာမြောင်ချင်းနှင့် အခြားသူများမှာ တာအိုသုံးထောင်ဂိုဏ်း သို့ မဝင်ရောက်မီကတည်းက နောက်ခံသမိုင်းကြောင်းမှာ သာမန်မဟုတ်ကြရာ ဤကဲ့သို့သော ကိစ္စများကို ပိုမိုလွယ်ကူစွာ လက်ခံနိုင်ကြသည်။

ကောင်းကင်ပေါ်တွင် နေမင်း သုံးစင်းရှိနေခြင်းမှာ သူတို့အတွက် အလွန်အမင်း ထူးဆန်းသော ကိစ္စတစ်ခုဟု မခံစားရချေ။

"အကယ်လို့ ဒီသုံးစင်းစလုံးက နေမင်း မဟုတ်ဘူးဆိုရင်... ဒီနေရာမှာတော့ နေမင်းကို မြင်ရမှာ မဟုတ်တော့ဘူး"

ဖန့်ချန်က တွေးတောရင်း ဆိုလိုက်သည်

"ဖြစ်နိုင်တာက အကွာအဝေးက အရမ်းဝေးလွန်းနေလို့ နေမင်းက ကြယ်တစ်လုံး ဖြစ်သွားတာမျိုးပေါ့"

"အဲဒါဆို ဘယ်လောက်တောင် ဝေးနေမလဲနော်"

လီတောက်ယဲ့ က တိုးညင်းစွာ ရေရွတ်လိုက်သည်။

ဖန့်ချန် ကတော့ ထိုအကွာအဝေးမှာ သာမန်ဝေးကွာခြင်းမျိုး မဟုတ်ဟု ခံစားရသည်။

အနည်းဆုံးတော့ သူသည် ရှေးဟောင်းနယ်မြေနှင့် သိုင်းဝိညာဥ်နယ်မြေတို့တွင် ပုံမှန်နေမင်းကို မြင်တွေ့နိုင်ခဲ့သည်။

ထို့ကြောင့် ဆန်းယန်နယ်မြေသည် ထိုနေရာနှစ်ခုမှ အလွန်အမင်း ဝေးကွာနေပြီး ခန့်မှန်း၍ပင် မရနိုင်သော အကွာအဝေးတွင် ရှိနေခြင်း ဖြစ်ပေလိမည်။

သို့သော် သူသည် ယင်လောကငယ်ကို ကြားခံအဖြစ် အသုံးပြု၍ မည်သည့်အားစိုက်ထုတ်မှုမျှ မလိုဘဲ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သူသည် ယင်လောကငယ်၏ ထိုကဲ့သို့သော လုပ်ဆောင်နိုင်စွမ်းများမှာ အလွန်ပင် ထူးဆန်းအံ့ဩဖွယ် ကောင်းလှသည်ဟု ပို၍ ခံစားလာရသည်။

ထို့ကြောင့်လည်း ငရဲမင်းနန်းဆောင်ရှိ လောကနှစ်ခုကြား အတားအဆီးကို အင်အားကြီးမားလှသော တည်ရှိမှုအချို့က အတင်းအကျပ် ဖောက်ထွင်းရန် အမြဲတမ်း ကြိုးစားနေကြခြင်း ဖြစ်ပေလိမည်။

...

နဂါးကျားကျောင်းတော်၏ ကျောင်းထိုင်ဆရာကြီးမှာ အလွန်အမင်း ကြာရှည်လှသော အချိန်ကာလတိုင်အောင် သက်ရှိထင်ရှား ရှိနေခဲ့သူ ဖြစ်သည်။

ကျောင်းတော်အတွင်းရှိ ကျောင်းထိုင်ဆရာကြီးမှလွဲ၍ အသက်အကြီးဆုံး ကျင့်ကြံသူပင်လျှင် သူ၏ ငယ်စဉ်ဘဝကတည်းက ကျောင်းထိုင်ဆရာကြီးနှင့် ပတ်သက်သော မှတ်ဉာဏ်များ ရှိနေခဲ့ခြင်း ဖြစ်သည်။

ဤကျောင်းထိုင်ဆရာကြီး မည်မျှကြာအောင် အသက်ရှင်နေခဲ့သည်ကို မည်သူမှ မသိကြချေ။

နှစ်ပေါင်း သုံးဆယ်လျှင် တစ်ကြိမ်ပြုလုပ်သော နန်းဆောင်သုံးရပ် စမ်းသပ်မှု အချိန်တွင်သာ ကျောင်းထိုင်ဆရာကြီး၏ မျက်နှာကို မြင်တွေ့ခွင့် ရတတ်သည်။

နဂါးကျားကျောင်းတော်တွင် ကျင့်ကြံသူ အကြီးအငယ် တစ်ထောင်ကျော်ခန့် ရှိရာ ယခုအခါ အားလုံးသည် ကျောက်ဂူတစ်ခု၏ ရှေ့တွင် ငြိမ်သက်စွာ ရပ်နေကြသည်။

သူတို့၏ အမူအရာများမှာ တည်ငြိမ်နေပြီး စိတ်လှုပ်ရှားမှု အလျဉ်းမရှိကြချေ။

အကြောင်းမှာ နန်းဆောင်သုံးရပ် စမ်းသပ်မှု ဆိုသည်မှာ သူတို့ မှတ်မိသမျှ ကာလပတ်လုံး တစ်ဦးတစ်ယောက်မျှ အောင်မြင်ခြင်း မရှိခဲ့သောကြောင့်ပင်။

၎င်းသည် ရှေးဟောင်းနတ်ဘုရားလမ်းစဉ်တွင် နတ်မျိုးစေ့ အဖြစ် ရွေးချယ်ခံရခြင်းထက်ပင် ပိုမို ခက်ခဲလှပေသည်။

အလွန်ငယ်ရွယ်သော ကျင့်ကြံသူအချို့ကသာလျှင် အားတက်သရောဖြင့် စမ်းသပ်ရန် ပြင်ဆင်နေကြတော့သည်။

အခန်း (၁၃၂၈) - နဂါးကျားကျောင်းတော်

"ဒီနေ့လည်း ထုံးစံအတိုင်း အလုပ်တစ်ခုလို ဖြစ်နေပြန်ပြီပေါ့"

နဂါးကျားကျောင်းတော်မှ အနားသတ်တွင် ရပ်နေသော စည်းကကမ်းထိန်းသိမ်းရေး တာဝန်ခံ တာအိုကျင့်ကြံသူတစ်ဦးက ကျင့်ကြံသူ တစ်ထောင်ကျော် နန်းဆောင်သုံးရပ် စမ်းသပ်မှု အတွက် တန်းစီနေသည်ကို ကြည့်ရင်း ဘေးနားရှိ မိတ်ဆွေဖြစ်သူအား မချိတင်ကဲ ရေရွတ်လိုက်သည်။

သူသည် ရွှေအမြုတေ အဆင့် ကျင့်ကြံသူဖြစ်ပြီး ဂိုဏ်းထဲသို့ ရောက်ရှိနေသည်မှာ နှစ်ပေါင်း သုံးရာကျော်ခဲ့ပြီဖြစ်သည်။

ဤစမ်းသပ်မှုကိုလည်း ဆယ်ကြိမ်မက ကြုံတွေ့ဖူးလေပြီ။

အကြိမ်တိုင်းတွင် အနည်းဆုံး လူရာဂဏန်းမှ အများဆုံး လူထောင်ဂဏန်းအထိ ရှိတတ်သော်လည်း တစ်ဦးတစ်ယောက်မျှ အောင်မြင်သည်ကို မမြင်ဖူးချေ။

သူတို့ကိုယ်တိုင်ပင်လျှင် နှစ်ပေါင်း သုံးဆယ်ပြည့်တိုင်း တစ်ခါ ဂူထဲသို့ဝင်ကာ ဟန်ပြလုပ်ဆောင်ခဲ့ကြရသည်သာ။

"တိတ်တိတ်နေစမ်း... ကျောင်းထိုင်ဆရာကြီး သာ ကြားသွားရင် မင်းကို အိမ်သာဆေးခိုင်းဖို့ ကျိန်းသေပေါက် ပြစ်ဒဏ်ပေးလိမ့်မယ်"

ဘေးနားရှိ လုပ်ဖော်ကိုင်ဖက်က အမြန်ပင် ပါးစပ်ပိတ်ရန် အချက်ပြလိုက်သည်။

ထို့နောက် မလှမ်းမကမ်းတွင် နဂါးကျားကျောင်းတော်၏ ယနေ့ခေတ် အင်အားအကြီးဆုံး ထိုက်ဆန်း အကြီးအကဲ သုံးဦးနှင့် စကားစမြည် ပြောဆိုနေသော ကျောင်းထိုင်ဆရာကြီးဘက်သို့ ခိုးကြောင်ခိုးဝှက် ကြည့်လိုက်သည်။

ဆရာကြီးက ဤဘက်ကို အာရုံမရမှန်း သိလိုက်ရမှ သက်ပြင်းချနိုင်တော့သည်။

"ဘာကြောက်နေတာလဲ၊ ကျောင်းထိုင်ဆရာကြီးက ကိစ္စအဝဝကို လက်လွှတ်ထားတာ ကြာလှပြီ။ ပြီးတော့ သူက စိတ်သဘောထား ကြီးမြတ်တဲ့သူပဲ၊ ငါတို့ကို ဘယ်ဂရုစိုက်မလဲ။ မင်းမကြားမိဘူးလား၊ မကြာသေးခင် နှစ်တွေမှာ လူတွေက ငါတို့ နဂါးကျားကျောင်းတော်ရဲ့ စမ်းသပ်မှုကို ရှေးဟောင်းနတ်ဘုရားလမ်းစဉ်နဲ့ နှိုင်းယှဉ်နေကြတာလေ"

"ငါတို့ရဲ့ စမ်းသပ်မှုက လိမ်ညာလှည့်ဖြားမှုကြီးလို့ ပြောနေကြတာ။ ရှေးဟောင်းနတ်ဘုရားလမ်းစဉ်မှာတောင် တစ်ခါတလေ နတ်မျိုးစေ့ အဖြစ် အရွေးခံရသူ ရှိသေးတယ်၊ ငါတို့ ကျောင်းတော်က တည်ထောင်ခဲ့တာ အနည်းဆုံး နှစ်ပေါင်း ရှစ်ထောင်ရှိပြီ၊ တစ်ယောက်မှ အောင်မြင်တာ မရှိဘူးလေ"

ဟု ထို ရွှေအမြုတေ ကျင့်ကြံသူက ဆက်ပြောသည်။

သူ့လုပ်ဖော်ကိုင်ဖက်ကလည်း မနေနိုင်ဘဲ ခေါင်းညိတ်လိုက်မိသည်

"လွန်ခဲ့တဲ့ ရက်ပိုင်းက အကြီးအကဲ စီ က ငါ့ကို အရက်သောက်ဖို့ ခေါ်တုန်းက... သူလည်း ဒီကိစ္စက မဖြစ်နိုင်ဘူးလို့ ယူဆနေတာ။ သူက ဝိညာဥ်သန္ဓေသား ကျင့်ကြံသူတောင် ဖြစ်နေပြီလေ။ အရင်တုန်းက တစ်ခုခု လွဲချော်ခဲ့တာလည်း ဖြစ်နိုင်တယ်၊ ငါတော့ ဒီစမ်းသပ်မှုကြီးက တကယ်ရော ရှိရဲ့လားလို့ သံသယဝင်မိတယ်"

သူတို့နှစ်ဦး ခေတ္တမျှ စကားပြောဆိုနေစဉ် အချိန်ကျရောက်လာသဖြင့် လူအများ ကျောက်ဂူထဲသို့ တစ်ဦးပြီးတစ်ဦး စတင်ဝင်ရောက်သွားကြသည်။

ထိုအခါမှ သူတို့လည်း စကားဖြတ်ကာ စည်းကမ်းထိန်းသိမ်းရေးကို စတင်လုပ်ဆောင်ကြတော့သည်။

ထိုစဉ်တွင် တာအိုပေါင်းစပ်ခြင်း အဆင့် အကြီးအကဲ သုံးဦး၏ အလယ်တွင် ဝန်းရံခြင်း ခံထားရသော ကျောင်းထိုင်ဆရာကြီးက ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်

"အဲဒီ ဒီတာအိုဆရာ နှစ်ယောက်က စကား သိပ်များတာပဲ... သူတို့ကို အိမ်သာဆေးခိုင်းဖို့ ပြစ်ဒဏ်ပေးလိုက်ပါ"

နဂါးကျားကျောင်းတော်၏ ထိုက်ဆန်း အကြီးအကဲ သုံးဦးလုံး မှင်သက်သွားကြသည်။

၎င်းတို့အနက် တစ်ဦးက မသိစိတ်ဖြင့် မေးလိုက်မိသည်

"ကျောင်းထိုင်ဆရာကြီး... သူတို့ ဘာပြောလို့လဲခင်ဗျာ အကယ်လို့ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ ဒီလိုပြစ်ဒဏ်ပေးရင် လူအများက လက်ခံမှာ မဟုတ်ဘူး"

"သူတို့က ဒီစမ်းသပ်မှုကို လိမ်ညာလှည့်ဖြားမှုကြီးတဲ့၊ ဒါဟာ ငါတို့ ဘိုးဘေးတွေကို အထင်သေးတာ မဟုတ်ဘူးလား "

ကျောင်းထိုင်ဆရာကြီးက အေးစက်စွာ ရယ်မောလိုက်ရင်း

"ဒါက ဘိုးဘေးတွေ လက်ဆင့်ကမ်းခဲ့တာလေ။ ဘိုးဘေးတွေက ငါတို့ကို လိမ်ပါ့မလား "

အကြီးအကဲ သုံးဦးလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်နှာတွင် စိတ်မလုံသည့် အရိပ်အယောင်များ ပေါ်လာသည်။

၄င်းတို့အနက် တစ်ဦးက ခေါင်းညိတ်လိုက်သည်

"ဆရာကြီး စိတ်ချပါ၊ မနက်ဖြန်ကျရင် အဲဒီနှစ်ယောက်ကို အိမ်သာဆေးဖို့ ကျွန်တော် စီစဉ်လိုက်ပါ့မယ်။ နောက်ကွယ်မှာ လျှောက်ပြောနေတဲ့ သူတို့အတွက်တော့ ဒါဟာ ထိုက်တန်ပါတယ်"

ကျောင်းထိုင်ဆရာကြီးက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး ကျောက်ဂူထဲသို့ တစ်ဦးပြီးတစ်ဦး ဝင်သွားကြသည့် တာအိုဆရာများကို ကြည့်ရင်း ရုတ်တရက် မေးလိုက်ပြန်သည်

"လွန်ခဲ့တဲ့ ရက်ပိုင်းက မင်းတို့ သုံးယောက် အပြင်က ကျင့်ကြံသူတွေနဲ့ အရက်သောက်တုန်းက... ငါသာ ပျံလွန်တော်မူသွားရင် ဒီကျောက်ဂူကို ဖျက်ဆီးပစ်မယ်လို့ ပြောခဲ့ကြတယ် မဟုတ်လား "

သုံးဦးလုံး၏ အမူအရာမှာ တုန်လှုပ်သွားပြီး ခေါင်းများကို အဆက်မပြတ် ခါယမ်းကြသည်

"အဲဒီလို လုံးဝ မရှိပါဘူးခင်ဗျာ"

"အင်း... မရှိရင်လည်း ပြီးတာပါပဲ။ ငါသေသွားတဲ့အခါ မင်းတို့က ဘိုးဘေးတွေ ထားခဲ့တဲ့ စည်းမျဉ်းကို ဖျက်ဆီးပစ်မှာမျိုး ငါမလိုလားဘူး။ မင်းတို့လည်း သိတဲ့အတိုင်း ငါတို့ နဂါးကျားကျောင်းတော်ဟာ တစ်နေ့ထက်တစ်နေ့ ဆုတ်ယုတ်လာနေတာ။ ငါ့လို ပါရမီရှင်မျိုး မပေါ်ထွက်လာတာလည်း နှစ်ပေါင်းများစွာ ကြာလှပြီ"

"မင်းတို့ သုံးယောက်က ပါရမီ အကောင်းဆုံး ဆိုပေမဲ့ တာအိုပေါင်းစပ်ခြင်း အဆင့်အထိပဲ ရောက်ကြသေးတယ်၊ နောက်ဆိုရင် ကပ်ဘေးကျော်ဖြတ်ဖို့ တောင် ခက်လိမ့်မယ်"

ကျောင်းထိုင်ဆရာကြီးက ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။

သုံးဦးလုံး၏ မျက်နှာမှာ ထူးဆန်းနေပြီး ၎င်းတို့အနက် တစ်ဦးက တိုးညင်းစွာ မေးလိုက်သည်

"ကျောင်းထိုင်ဆရာကြီး... ကျွန်တော်တို့ကို အမှန်အတိုင်းလေး ပြောပါဦး၊ ဆရာကြီးရဲ့ အခုလက်ရှိ အဆင့်အတန်းက တက်လှမ်းခြင်းအဆင့် လားခင်ဗျာ "

"တက်လှမ်းခြင်း ဟုတ်လား "

ကျောင်းထိုင်ဆရာကြီးက အေးစက်စွာ ရယ်မောလိုက်သည်

"တက်လှမ်းခြင်းအဆင့်က ဘာများ အရေးပါလို့လဲ"

တက်လှမ်းခြင်းအဆင့်က ဘာများ အရေးပါလို့လဲ တဲ့လား

ရှေးခေတ်ကာလတွင် တက်လှမ်းခြင်းအဆင့်ဆိုသည်မှာ နတ်ဘုရားလောကသို့ သွားရောက်ကာ စားကောင်းသောက်ကောင်း စားသောက်ရင်း နတ်ဘုရားအဆင့် တက်လှမ်းရန် စောင့်ဆိုင်းနေရသည့် အရန်နတ်ဘုရား များ ဖြစ်ကြသည်။

သုံးဦးလုံး၏ စိတ်ထဲတွင် ကျိတ်၍ ဝေဖန်နေကြသည်။

ယခု ဇီယွမ်ကျင့်ကြံရေးလောကတွင် တက်လှမ်းခြင်းအဆင့် တစ်ဦးတစ်ယောက်မျှ ရှိသည်ဟု လူအများက အသိအမှတ်မပြုကြချေ။

ဘေးဒုက္ခကျော်ဖြတ်ခြင်း အဆင့်ပင်လျှင် လက်ချိုးရေတွက်၍ ရသည်။

သူတို့ကဲ့သို့ တာအိုပေါင်းစပ်ခြင်း အဆင့်များသည်သာ ဇီယွမ်ကျင့်ကြံရေးလောက၏ ထိပ်တန်း တည်ရှိမှုများ ဖြစ်ကြသည်။

"ဟူး... ပြောပြလည်း မင်းတို့ နားလည်မှာ မဟုတ်ပါဘူး။ ကျယ်ပြောလှတဲ့ ဇီယွမ်နယ်မြေကြီးမှာ ပြိုင်ဘက် တစ်ဝက်တစ်ပျက်တောင် ရှာမတွေ့တော့ဘူး၊ ငါ တကယ်ကို အထီးကျန်လှပါတယ်"

ဟု ကျောင်းထိုင်ဆရာကြီးက သက်ပြင်းချလိုက်ပြန်သည်။

သုံးဦးလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

တကယ်ပဲလား အထွတ်အထိပ် ရောက်သွားလို့ အထီးကျန်နေတာလား

ဒါပေမဲ့ ဒီနှစ်တွေအတွင်း တစ်ယောက်ယောက်က နဂါးကျားကျောင်းတော်ကို လာရောက် စိန်ခေါ်တဲ့အခါတိုင်း ကျောင်းထိုင်ဆရာကြီးက အမြဲတမ်း မရှိနေတတ်ဘူး။

သူတို့ မှတ်မိသမျှ ကာလပတ်လုံး ဆရာကြီး လက်ဦးမှု ယူတာကိုလည်း တစ်ခါမှ မမြင်ဖူးခဲ့ကြ...။

ကျောင်းထိုင်ဆရာကြီး၏ အသက်တမ်းမှာ တကယ်ပင် ရှည်လျားလှသဖြင့်သာ ဖြစ်သည်၊ မဟုတ်ပါက ဆရာကြီး၏ စကားများအပေါ် သူတို့ သံသယဝင်နေကြပြီ ဖြစ်သည်။

နန်းဆောင်သုံးရပ် စမ်းသပ်မှုမှာ လျင်မြန်စွာ စတင်ခဲ့ပြီး လျင်မြန်စွာပင် ပြီးဆုံးသွားခဲ့သည်။

ရက်အနည်းငယ်အတွင်း စမ်းသပ်သူ တစ်ထောင်ကျော်လုံး ကျရှုံးခဲ့ကြသည်။

အားလုံးကလည်း ယဉ်ပါးနေပြီဖြစ်၍ ထူးထူးခြားခြား ခံစားချက် မရှိကြချေ။

အချို့သော လူငယ်ကျင့်ကြံသူများ၏ မျက်နှာတွင်သာ စိတ်ပျက်အားငယ်ရိပ် အနည်းငယ် ရှိနေသည်။

သူတို့ကိုယ်သူတို့ ကောင်းကင်၏ ရွေးချယ်ခံ မဟုတ်ခဲ့ခြင်းကြောင့် ဝမ်းနည်းနေကြပုံရသည်။

"ဒီလိုပါပဲလား"

ကျောင်းထိုင်ဆရာကြီးက ခပ်ဖွဖွ သက်ပြင်းချလိုက်ပြီးနောက် လူအများကို အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်

"မင်းတို့တွေ စိတ်မပျက်ကြနဲ့ဦး၊ နောက်ထပ် နှစ်ပေါင်း သုံးဆယ်ကြာရင် ထပ်ပြီး ကြိုးစားကြည့်ကြတာပေါ့"

လူအများက ကျောင်းထိုင်ဆရာကြီးကို ကြည့်လိုက်ကြသည်။

ဝါရင့် ကျင့်ကြံသူကြီးများကမူ နားလည်သဘောပေါက်သည့် အမူအရာဖြင့် ခေါင်းညိတ်ပြကြသည်။

လူငယ်များမှာမ ထိုအားပေးမှုကို ရရှိသဖြင့် အလွန်ပင် စိတ်လှုပ်ရှားသွားကြပြီး နောက်နှစ်ပေါင်း သုံးဆယ်တွင် တစ်ကမ္ဘာလုံးကို တုန်လှုပ်စေမည့် အောင်မြင်မှုမျိုး ရရှိရန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြသည်။

"စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။ ဇီယွမ်ဂြိုလ်က အရင်းအမြစ်တွေ မခမ်းခြောက်ရုံတင်မကဘူး၊ ကျင့်ကြံသူတွေနဲ့ အားကောင်းတဲ့သူတွေ သိပ်မရှိတဲ့အတွက် အရင်းအမြစ်တွေက ပိုပြီးတော့တောင် ကြွယ်ဝနေသေးတယ်"

လူအများ ကျောက်ဂူကို ကျောခိုင်းလိုက်ကြစဉ်၊ ဂူရှေ့တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ရုတ်တရက် ပေါ်လာသည်။

သူက ကျောက်ဂူကို စိတ်ဝင်တစား ကြည့်ရှုရင်း ထူးဆန်းစွာ ရယ်မောလိုက်သည်

"နတ်သားရဲ သုံးပါးရဲ့ စမ်းသပ်မှုပဲ။ ဇီယွမ်ဂြိုလ်မှာ တာအိုဂိုဏ်းရဲ့ အမွေအနှစ်တွေ ကျန်နေသေးတာကတော့ ငါ့အတွက် အဆင်ပြေသွားတာပဲ"

သူ့ကို လူအများက ချက်ချင်း သတိပြုမိသွားကြသည်။

နဂါးကျားကျောင်းတော်သို့ မဖိတ်ခေါ်ဘဲ ရောက်ရှိလာသော ဤလူအပေါ် လူအများက ရန်လိုစိတ် ပြင်းထန်နေကြသော်လည်း မဆင်မခြင် လှုပ်ရှားခြင်း မပြုကြချေ။

ထိုက်ဆန်း အကြီးအကဲ သုံးဦးလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် တာအိုပညာရပ်များကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြသည်။

ထိုခဏ၌ ကျားဟိန်းသံနှင့် နဂါးဟိန်းသံများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ဖိအားများမှာ ထိုအမျိုးသားဆီသို့ လှိုင်းလုံးကြီးများကဲ့သို့ လိမ့်တက်သွားတော့သည်။

ထိုအမျိုးသားမှာမူ သူတို့ကို ကျောခိုင်းထားဆဲဖြစ်ပြီး တုံ့ပြန်ရန် စိတ်ကူးရှိပုံမရချေ။

တာအိုပညာရပ်များ သူ၏ကိုယ်ပေါ်သို့ ကျရောက်ခါနီးအချိန်တွင်မှ ပညာရပ်များ၏ စွမ်းအားမှာ ဆပေါင်းများစွာ တိုးမြင့်သွားပြီး မူလလမ်းကြောင်းအတိုင်း ပြန်လည် ထွက်ခွာသွားတော့သည်။

အကြီးအကဲ သုံးဦးမှာ ခဏတာ မှင်သက်သွားကြပြီး မိမိတို့၏ ပညာရပ်များကို ပျာပျာသလဲ ပြန်လည်ခုခံလိုက်ကြရသည်။

သူတို့၏ ပါးစပ်ထောင့်များမှ သွေးများ စီးကျလာပြီး အလွန်ပင် သနားစဖွယ် ဖြစ်သွားကြသည်။

ကျောင်းထိုင်ဆရာကြီးမှာမူ မည်သည့်နေရာသို့ ရောက်သွားမှန်းမသိဘဲ ထူးဆန်းစွာ ပျောက်ကွယ်သွားပြန်ပြီ ဖြစ်သည်။

နဂါးကျားကျောင်းတော်ရှိ တာအိုကျင့်ကြံသူ တစ်ထောင်ကျော်မှာ ထိုမြင်ကွင်းကို မြင်သောအခါ အသက်ရှူပင် မှားသွားကြတော့သည်။

အကြီးအကဲ သုံးဦးဆိုသည်မှာ တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး ဇီယွမ်ကျင့်ကြံရေးလောကတွင် ထိပ်တန်း အဆင့်ရှိသူများ ဖြစ်ကြသည်။

ထို့အပြင် သုံးဦးစလုံး ပူးပေါင်းတိုက်ခိုက်ခြင်း မဟုတ်ပါလော ဤကဲ့သို့သော အင်အားစုမျိုးသည် ဇီယွမ်ဂြိုလ်ပေါ်တွင် ပြိုင်ဘက်ကင်းသင့်သည်။

တာအိုပေါင်းစပ်ခြင်း အဆင့် လေးငါးဦးနှင့် ရင်ဆိုင်ရလျှင်ပင် ကြောက်ရွံ့နေစရာ မလိုချေ။

အကြောင်းမှာ နဂါးကျားကျောင်းတော်၏ တာအိုပညာရပ်များသည် စွမ်းအားကြီးမားရုံသာမက အလွန်ပင် ဆန်းကြယ်သောကြောင့်ပင်။

သို့သော် ယခုမူ ထိုလျှို့ဝှက်ဆန်းကြယ်သူက ကျောပေးထားရုံသာမက လက်ပင်မထုတ်ရသေးဘဲ အကြီးအကဲ သုံးဦးကို အနိုင်ယူလိုက်ခြင်း ဖြစ်သည်။

"မင်းက ဘယ်သူလဲ "

အကြီးအကဲ တစ်ဦးက ရင်ဘတ်ကို ဖိထားရင်း တစ်ဖက်လူကို စိုက်ကြည့်ကာ မေးလိုက်သည်။

ထိုလောကတွင် ဤမျှ အင်အားကြီးမားသူ ရှိနေသေးသည်လား

အသုံးမကျတဲ့ ကျောင်းထိုင်ဆရာကြီးကလည်း ဘယ်ရောက်သွားပြန်ပြီလဲ

ထိုအမျိုးသားသည် နောက်ဆုံးတွင် လှည့်လာခဲ့သည်။

သူက သုံးဦးကို မဲ့ပြုံးဖြင့် ကြည့်လိုက်ပြီး သူတို့၏ ဘေးနားရှိ ဟင်းလင်းပြင်ကို စူးစိုက်ကြည့်ကာ အေးစက်စွာ ဆိုလိုက်သည်

"အရိပ်ပုန်းအတတ် ပေါ့။ တာအိုဂိုဏ်းထဲမှာ ဒီပညာကို အောင်မြင်အောင် ကျင့်နိုင်တဲ့သူ သိပ်မရှိဘူး။ မင်းလို လူတော်မျိုး ဒီနေရာမှာ ရှိနေမယ်လို့ မထင်ထားမိဘူး။ ဒါပေမဲ့ ဘာလို့ ပုန်းနေရတာလဲ "

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေသည်။

မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။

ထိုအမျိုးသားက အေးစက်စွာ ရယ်မောလိုက်ပြီး လက်ချောင်းကို တစ်ချက် ခေါက်လိုက်ရာ၊ စိမ်းပြာရောင် မိုးကြိုးတစ်ချက်သည် အရိပ်တစ်ခုထဲသို့ ရုတ်တရက် ကျရောက်သွားတော့သည်။

ကျောင်းထိုင်ဆရာကြီး၏ မှာ ရုတ်တရက် ပေါ်ထွက်လာပြီး ပေတစ်ရာကျော်ခန့်အထိ သနားစဖွယ် နောက်ဆုတ်သွားရကာ၊ တစ်ဖက်လူကို သံသယများစွာဖြင့် စိုက်ကြည့်နေတော့သည်။

All Chapters