← Chapters

အခန်း (၁၃၂၉-၁၃၃၀)

Vol. 133 Ch. 1329-1330

အခန်း (၁၃၂၉-၁၃၃၀)

Vol. 133 Ch. 1329-1330

အခန်း (၁၃၂၉) - ချင်းမင် နယ်မြေသစ်ရှာဖွေရေးအဖွဲ့

"ဒါ... ဒါက မိုးကြိုးအတတ်လား..."

ကျောင်းထိုင်ဆရာကြီး၏ မျက်ဝန်းအစုံမှာ သံသယနှင့် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

စိမ်းပြာရောင် မိုးကြိုး... ဒါဟာ နဂါးကျားကျောင်းတော်ရဲ့ ဘိုးဘေးမှတ်တမ်းတွေထဲမှာပါတဲ့ ကန်လေ မိုးကြိုးနဲ့ တစ်ပုံစံတည်း မဟုတ်ပါလား

ဒါ့အပြင် အဲဒီမိုးကြိုးထဲမှာ ပါဝင်နေတဲ့ ဖျက်ဆီးခြင်း အငွေ့အသက်ဟာလည်း သာမန် မိုးကြိုးတာအိုပညာရပ်တွေနဲ့ သိသိသာသာ ကွဲပြားနေလေသည်။

"အို... မင်းမှာ အမြင်အာရုံ အနည်းငယ်တော့ ရှိသားပဲ။ မင်းတို့ ဒီနေရာမှာ ဖွင့်လှစ်ထားတဲ့ နန်းဆောင်သုံးရပ် စမ်းသပ်မှုက ဘယ်လောက်ကြာပြီလဲ "

ထိုသက်လတ်ပိုင်း အမျိုးသားသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ မဲ့ပြုံးဖြင့် မေးလိုက်သည်။

လူအများမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

ဤမျှ အင်အားကြီးမားသည့် ပုဂ္ဂိုလ်က ဘာကြောင့် နန်းဆောင်သုံးရပ် စမ်းသပ်မှုအကြောင်းကို မေးနေရသနည်း

ဒါဆိုရင်...

သူတို့၏ စိတ်ထဲတွင် မယုံနိုင်စရာ အတွေးတစ်ခု ဝင်လာသည်။

နဂါးကျားကျောင်းတော် ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ဘိုးဘေးမိန့်မှာချက် က တကယ်ပဲ မှန်နေတာလား

နန်းဆောင်သုံးရပ် စမ်းသပ်မှုထဲမှာ တကယ်ပဲ ကြီးကျယ်ခမ်းနားတဲ့ ကံကောင်းမှုတွေ ရှိနေတာလား

ထိုသို့ မတွေးဘဲလည်း မနေနိုင်ချေ။

အကြောင်းမှာ ထိုက်ဆန်းအကြီးအကဲ သုံးဦးစလုံးသည် တစ်ဖက်လူ၏ လက်ထဲတွင် တစ်ကွက်ပင် မခံနိုင်ဘဲ ရှုံးနိမ့်သွားခဲ့သည် မဟုတ်ပါလော။

"တာအိုညီနောင်က ဘယ်သူပါလဲခင်ဗျာ..."

ကျောင်းထိုင်ဆရာကြီး၏ မျက်နှာတွင် အတင်းအကျပ် ပြုံးထားရသည့် အရိပ်အယောင် ပေါ်နေသည်။

သူသည် တစ်ဖက်လူ၏ မေးခွန်းကို မဖြေဘဲ တစ်ဖက်လူ၏ နောက်ခံကို အရင်စုံစမ်းရန် ကြိုးစားလိုက်သည်။

"မင်းက အခုလက်ရှိ အခြေအနေကို သေချာ သဘောမပေါက်သေးဘူးပဲ။ ဒီဂြိုလ်မှာ တည်နေရာ ကူးပြောင်းခြင်း အစီရင် ရဲ့ အငွေ့အသက် မရှိဘူး "

လာရောက်သူက ခနဲ့တဲ့တဲ့ ရယ်မောရင်း ဆက်ပြောသည်

"ဒါဟာ နှစ်ပေါင်းများစွာကတည်းက မင်းတို့တွေဟာ ပြင်ပလောကနဲ့ အဆက်အသွယ် လုံးဝ ပြတ်တောက်နေတာကို ပြနေတာပဲ။ ဒီလို သန့်စင်တဲ့ နေရာမျိုးမှာ ရှေးဟောင်းကာလက ကျန်ရစ်ခဲ့တဲ့ ပစ္စည်းကောင်းတွေ အများကြီး ရှိနေမှာ အသေအချာပဲ "

"ပြီးတော့ ဒီဂြိုလ်ရဲ့ အင်အားအကြီးဆုံးသူကလည်း မင်းလို အဆင့် (၁) မသေမျိုး တစ်ယောက်ပဲ ရှိတာကိုး။ ငါ့ရဲ့ နောက်ခံကို စုံစမ်းဖို့ မကြိုးစားနဲ့၊ ငါ့မေးခွန်းကိုပဲ သေသေချာချာ ဖြေစမ်း။ မင်းကို ငါ အသက်ချမ်းသာပေးချင် ပေးဦးမှာ၊ ဘာပဲဖြစ်ဖြစ် ငါတို့အားလုံးက ရှေးဟောင်း တာအိုဂိုဏ်းက ဆင်းသက်လာတာချင်း တူတာပဲကိုး "

ထိုနေရာ၏ အင်အားအကြီးဆုံး

အဆင့် (၁) မသေမျိုး

မသေမျိုး တဲ့လား

အကယ်၍ ဤစကားကို ကျောင်းထိုင်ဆရာကြီး ကိုယ်တိုင်ပြောလျှင် ထိုက်ဆန်းအကြီးအကဲများနှင့် ကျင့်ကြံသူများ ယုံကြည်ချင်မှ ယုံကြည်ကြလိမ့်မည်။

သို့သော် ထိုစကားသည် အကြီးအကဲ သုံးဦးကို တစ်ကွက်တည်းဖြင့် မှောက်အောင် လုပ်နိုင်သည့် ပုဂ္ဂိုလ်၏ ပါးစပ်မှ ထွက်လာခြင်း ဖြစ်သည်။

သူတို့ မယုံ၍ မရတော့ချေ။

လူအများ၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။

ကျောင်းထိုင်ဆရာကြီး အမြဲပြောနေခဲ့သည်မှာ အမှန်တရား ဖြစ်နေပါလား၊ သူသည် ထိုဂြိုလ်ပေါ်တွင် တကယ့် အင်အားအကြီးဆုံးသူ ဖြစ်နေခဲ့သည်ပဲ...။

သို့သော် ဤလျှို့ဝှက်ဆန်းကြယ်သူ၏ နောက်ခံနှင့် ကျင့်ကြံဆင့်မှာ ကျောင်းထိုင်ဆရာကြီးထက် သိသိသာသာ ပို၍ မြင့်မားနေသည်။

ဒါဆိုရင် ဒီလူက ဘယ်သူလဲ ဘယ်က လာတာလဲသူပြောနေတဲ့ တည်နေရာ ကူးပြောင်းခြင်း အစီရင် ဆိုတာကကော ဘာလဲ

သူဆိုလိုတဲ့ ပြင်ပလောက ဆိုတာကကော ဘယ်နေရာလဲ

ကျောင်းထိုင်ဆရာကြီး၏ မျက်နှာအရောင် ပြောင်းသွားသည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လေးလေးပင်ပင် ဆိုလိုက်သည်

"ဒီစမ်းသပ်မှုက တည်ရှိနေတာ အနည်းဆုံး နှစ်ပေါင်း ရှစ်ထောင် ရှိပါပြီ။ အဲဒီထက် ပိုစောသလားဆိုတာကိုတော့ ကျွန်တော်လည်း မသိပါဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်က သက်တမ်း လေးထောင်ကျော်လောက်ပဲ ရှိသေးတာကိုး "

လေးထောင်ကျော်သက်တမ်း...

ဒီနေရာမှာရှိနေတဲ့ အဆင့်နိမ့်၊ အဆင့်လတ်၊ နောက်ဆုံး အဆင့်မြင့် (တာအိုပေါင်းစပ်ခြင်း) ကျင့်ကြံသူ သုံးဦးလုံးပါ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

တာအိုပေါင်းစပ်ခြင်း အဆင့်တွေအတွက်တောင်မှ အသက် လေးထောင်အထိ နေရတာက တုန်လှုပ်စရာပင်။

အဆင့်နိမ့် ကျင့်ကြံသူတွေ အတွက်ဆိုလျှင်တော့ လက်ချိုးရေတွက်လို့ပင် မကုန်နိုင်သော အချိန်ကာလကြီး ဖြစ်သည်။

ဤမျှ ရှည်လျားလှသော နှစ်ပေါင်းများစွာကို လူသားတစ်ယောက်အနေဖြင့် အသက်ရှင်နိုင်သည်ဟု သူတို့ စိတ်ကူးပင် မယဉ်နိုင်ကြချေ။

ဒါဟာ နတ်ဘုရားတွေမှသာ လုပ်နိုင်တာ မဟုတ်လား

"အင်း... ဖြစ်နိုင်ပါတယ်။ ဒီလို နန်းဆောင်သုံးရပ် စမ်းသပ်မှုတွေက အရမ်းကို ရှေးကျတဲ့ အရာတွေပဲ၊ တစ်ခုကို သုံးလိုက်တိုင်း... တစ်ခု လျော့သွားတာမျိုး "

ထိုသက်လတ်ပိုင်း အမျိုးသားက အေးဆေးစွာ ပြုံးရင်း

"ဒါတောင် ဒီနေရာက စမ်းသပ်မှုက တော်တော်လေး စုံစုံလင်လင် ရှိနေတာပဲ။ ယင်နတ်ဘုရားနန်းဆောင် ၊ ယန်နတ်ဘုရားနန်းဆောင် ၊ မိုးကြိုးနတ်ဘုရားနန်းဆောင် .. အားလုံး စုံနေတာပဲ။ ငါ ဒီနှစ်တွေထဲမှာ နေရာအနှံ့ လျှောက်သွားခဲ့တာ၊ နောက်ဆုံး တားမြစ်နယ်မြေ အချို့ကိုတောင် ကျူးကျော်ဝင်ရောက်ခဲ့ဖူးတယ်၊ ဒါပေမဲ့ မိုးကြိုးနတ်ဘုရားနန်းဆောင် တစ်ခုပဲ တွေ့ခဲ့ဖူးတယ် "

"ဒီနေ့တော့ ငါ ယင်နတ်ဘုရားနန်းဆောင်နဲ့ ယန်နတ်ဘုရားနန်းဆောင်ရဲ့ အမွေအနှစ်တွေကို ရရှိတော့မယ် ထင်တယ်"

ယခုမှပင် လူအများ၏ စိတ်ထဲတွင် နန်းဆောင်သုံးရပ် စမ်းသပ်မှုသည် လိမ်ညာလှည့်ဖြားမှု မဟုတ်ဘဲ တကယ့် အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်တော့သည်။

ကျောင်းထိုင်ဆရာကြီးက ဤမျှ အင်အားကြီးသူတစ်ဦးကို ငှားပြီး ဟန်ပြခိုင်းနေတာမျိုးတော့ မဖြစ်နိုင်ပေ။

"ဟို... တာအိုညီနောင် ခင်ဗျာ၊ အားနာနာနဲ့ပဲ ပြောရပါမယ်။ ဒါက ကျွန်တော်တို့ နဂါးကျားကျောင်းတော်ရဲ့ အမွေအနှစ် ဖြစ်လို့ ပြင်ပလူတွေကို ဝင်ခွင့်မပြုပါဘူး ခင်ဗျာ "

ကျောင်းထိုင်ဆရာကြီးက လက်နှစ်ဖက်ကို ပွတ်ရင်း

"တာအိုညီနောင် အနေနဲ့ တခြားနေရာမှာ သွားရှာကြည့်ရင် ဘယ်လိုလဲ "

"မင်းမှာ ရွေးချယ်စရာ တစ်ခုပဲ ရှိတယ်။ ငါ့ဆီမှာ အညံ့ခံလိုက်၊ ငါ မင်းကို ပြင်ပလောကကို ခေါ်သွားပြီး ဗဟုသုတတွေ ပေးနိုင်လိမ့်မယ် "

ထိုအမျိုးသားက ပြုံးလျက်

"မင်း ဝိညာဥ်နတ်ဘုရားဂိုဏ်း အကြောင်း ကြားဖူးလား ဝိညာဥ်နတ်ဘုရားဂိုဏ်းရဲ့ အင်အားက လူ့လောကကိုးခု အနှံ့မှာ ရှိတယ်။ ငါက ဝိညာဥ်နတ်ဘုရားဂိုဏ်း ရဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်သလို၊ ချင်းမင် နယ်မြေသစ်ရှာဖွေရေးအဖွဲ့ ရဲ့ အဖွဲ့ဝင် တစ်ယောက်လည်း ဖြစ်တယ်။ နောက်ပိုင်း ငါ့နောက်ကို လိုက်မယ်ဆိုရင် ရှေးဟောင်း တားမြစ်နယ်မြေတွေရဲ့ ဆန်းကြယ်မှုတွေကို မြင်တွေ့ခွင့် ရလိမ့်မယ် "

လူ့လောကကိုးခု

လူအများမှာ ထပ်မံ၍ ကြောင်အမ်းအမ်း ဖြစ်သွားကြပြန်သည်။

ကျောင်းထိုင်ဆရာကြီးပင်လျှင် နားမလည်နိုင်သော မျက်နှာဖြင့်

"အဲဒါကို ကျွန်တော်မျိုး နားမလည်ပါဘူးခင်ဗျာ။ ဒါပေမဲ့ ဒီစမ်းသပ်မှုကိုတော့ ပြင်ပလူ လုံးဝ ဝင်လို့မရပါဘူး၊ ဒါကြောင့် တာအိုညီနောင် အနေနဲ့..."

ဝုန်း

ကျယ်လောင်လှသော ပေါက်ကွဲသံကြီး တစ်ချက် ထွက်ပေါ်လာသည်။

ကျောင်းထိုင်ဆရာကြီး အစောပိုင်းက ရပ်နေခဲ့သော နေရာသည် ဟင်းလင်းပြင်အဖြစ် ပြောင်းလဲသွားပြီး၊ အကျယ် မီတာ ဆယ်ဂဏန်းနှင့် အနက် မီတာ ရာဂဏန်းရှိသော ကျွင်းကြီးတစ်ခု ဖြစ်သွားတော့သည်။

စောစောက စိမ်းပြာရောင် မိုးကြိုးတစ်ချက်ကို မြင်လိုက်ရသလိုပင်၊ သို့သော် ဤတစ်ကြိမ် မိုးကြိုး၏ စွမ်းအားမှာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှသည်။

"ကျောင်းထိုင်ဆရာကြီး "

နဂါးကျားကျောင်းတော် အကြီးအကဲ သုံးဦးလုံး အော်ဟစ်လိုက်ကြပြီး မျက်နှာများမှာ အလွန်ပင် ပျက်ယွင်းသွားကြသည်။

"ဘာမှမဖြစ်ဘူး၊ ငါမသေသေးဘူး "

ကျောင်းထိုင်ဆရာကြီးသည် သူတို့၏ နောက်ကွယ်မှ ပေါ်ထွက်လာသည်။

သူသည် အလွန်လေးနက်သော မျက်နှာဖြင့် ထိုအမျိုးသားကို စိုက်ကြည့်ရင်း

"တာအိုညီနောင်က တစ်ခါပြီးတစ်ခါ လက်ဦးမှု ယူနေတာဆိုတော့... ကျုပ်မှာလည်း ဒေါသ မရှိဘူးလို့ ထင်နေတာလား "

"မင်းမှာ ဘာစွမ်းရည်တွေ ရှိလဲဆိုတာ ထုတ်ပြစမ်းပါ၊ ငါ ကြည့်ချင်သေးတယ် "

အမျိုးသားက ပြုံးလျက် ဆိုလိုက်သည်။

ကျောင်းထိုင်ဆရာကြီးက အေးစက်စွာ ပြုံးလိုက်သည်။

သူ၏ ကိုယ်ပေါ်မှ အငွေ့အသက်များသည် နူးညံ့သိမ်မွေ့ခြင်း မရှိတော့ဘဲ မသေမျိုးချီစွမ်းအား များမှာ လှိုင်းထန်လာတော့သည်။

ခဏချင်းအတွင်းမှာပင် လူအများ၏ ရှေ့တွင်ရှိနေသော သူသည် ယခင်က ကရုဏာရှင် ကျောင်းထိုင်ဆရာကြီး မဟုတ်တော့ချေ။

အကြီးအကဲ သုံးဦးမှာ ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။ အနားရှိ အကြီးအကဲများနှင့် တပည့်များမှာလည်း အသက်ပင် ဝဝမရှူရဲဘဲ အခြေအနေကို စောင့်ကြည့်နေကြသည်။

"နတ်စစ်သည် အတတ် "

ကျယ်လောင်လှသော အော်ဟစ်သံနှင့်အတူ ထူးဆန်းသော စွမ်းအားတစ်ခုမှာ ကျောင်းထိုင်ဆရာကြီး၏ ကိုယ်ထဲသို့ စီးဝင်သွားသည်။

ခဏချင်းအတွင်းမှာပင် သူသည် အရပ်အမြင့် ပေတစ်ရာကျော်ရှိသော၊ ဂုဏ်သိက္ခာ ကြီးမားလှသည့် နတ်စစ်သည်ကြီး တစ်ပါးအဖြစ် အသွင်ပြောင်းသွားတော့သည်။

သူသည် ထိုအမျိုးသားကို ခြေထောက်ဖြင့် တိုက်ရိုက် နင်းချေလိုက်သည်။

လူအများ အသက်ရှူမှားသွားကြပြီး မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

သို့သော် ထိုအမျိုးသားကမူ ခနဲ့တဲ့တဲ့ ရယ်မောရင်း ခေါင်းခါလိုက်သည်

"အဆင့်မရှိတဲ့ ပညာရပ်ပဲ "

သူသည် မည်သည့် ပညာရပ်ကိုမျှ အထူးတလည် ထုတ်ဖော်ခြင်း မရှိဘဲ လက်ကို ဟင်းလင်းပြင်တွင် လှမ်းဖမ်းလိုက်သည်။

မသေမျိုးချီစွမ်းအားများဖြင့် ဖွဲ့စည်းထားသော လက်ဝါးကြီးမှာ ကျောင်းထိုင်ဆရာကြီးကို တင်းကျပ်စွာ ညှစ်ထားလိုက်တော့သည်။

ကွဲအက်သံ

ကျောင်းထိုင်ဆရာကြီး၏ ကိုယ်ပေါ်မှ တစ်စုံတစ်ခု ကွဲအက်သွားသလိုပင်။

မသေမျိုးချီစွမ်းအားများမှာ အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားပြီး၊ သူသည်လည်း ခန့်ညားလှသော နတ်စစ်သည်အသွင်မှ မူလ ကရုဏာရှင် အသွင်သို့ ပြန်လည် ရောက်ရှိသွားတော့သည်။

"စီနီယာ... ခေတ္တ ဆိုင်းငံ့ပေးပါဦး။ ကျွန်တော်မျိုး စဉ်းစားကြည့်တာကတော့ စောစောက စီနီယာ ပြောတဲ့ကိစ္စကို ဆွေးနွေးလို့ ရနိုင်ပါတယ်ခင်ဗျာ "

ကျောင်းထိုင်ဆရာကြီးသည် လက်ဝါးကြီး၏ ညှစ်ထားမှုအောက်တွင် မသေမျိုးချီစွမ်းအားကို အသုံးပြု၍ အတင်းအကျပ် ခုခံရင်း၊ တစ်ပြိုင်နက်တည်းမှာပင် အရှုံးပေးကာ တောင်းပန်လိုက်တော့သည်။

နဂါးကျားကျောင်းတော် တစ်ခုလုံးသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် တိတ်ဆိတ်သွားပြီး အားလုံးမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

"ဟဲဟဲ "

အမျိုးသားက ခပ်ဖွဖွ ရယ်မောရင်း လက်ဝါးကြီးကို ပြန်ရုပ်သိမ်းလိုက်သည်

"မင်းကလည်း လူတော်တစ်ယောက်ပဲ။ ဒီလို နေရာမျိုးမှာ လွတ်လပ်သောမသေမျိုး အဆင့်အထိ ကျင့်ကြံနိုင်တာ မလွယ်ဘူး။ ငါ့နာမည်က ဝေ့ဝူရှန်း တဲ့၊ နောက်ဆိုရင် ငါ့ကို စီနီယာဝေ့ လို့ပဲ ခေါ်တော့"

"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ စီနီယာဝေ့ "

ကျောင်းထိုင်ဆရာကြီးက ခေါင်းကို တရစပ် ညှိတ်လိုက်သည်။

ထို့နောက် သူတို့နှစ်ဦးသည် ကျောက်ဂူတံခါးဝတွင် ရပ်ရင်း၊ ဝေ့ဝူရှန်းသည် ကျောင်းထိုင်ဆရာကြီးထံမှ ဇီယွမ်ဂြိုလ်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို စတင် စုံစမ်းတော့သည်။

နဂါးကျားကျောင်းတော်ရှိ သူများမှာမူ ဘာမှမပြောရဲကြချေ။

သူတို့၏ စိတ်ထဲတွင်တော့ နဂါးကျားကျောင်းတော်၏ အခြေအနေမှာ မကြာမီ ပြောင်းလဲတော့မည်ဟု လေးလေးပင်ပင် ခံစားနေရသည်။

လက်ဖက်ရည် တစ်ခွက်စာခန့် ကြာပြီးနောက်... ရုတ်တရက် လူအုပ်ကြီးတစ်ခု ဤနေရာသို့ ရောက်ရှိလာသည်။

လူပေါင်း တစ်ထောင်ကျော်ခန့်ရှိသော လူအုပ်ကြီး ဖြစ်သည်။

ဒီနေ့ ဘာတွေ ဖြစ်နေတာလဲ

လူအများမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြပြန်သည်။

ဝေ့ဝူရှန်းသည် ရောက်ရှိလာသူများကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ကျောင်းထိုင်ဆရာကြီးအား ပြောလိုက်သည်

"သူတို့ကို မောင်းထုတ်လိုက်စမ်း၊ ငါတို့ တာအိုတရား ဆွေးနွေးနေတာကို အနှောင့်အယှက် မဖြစ်စေနဲ့ "

"ဟုတ်... ဟုတ်ကဲ့ပါ ခင်ဗျာ "

ကျောင်းထိုင်ဆရာကြီးက ခေါင်းညိတ်လိုက်ပြီးနောက် ရောက်ရှိလာသူများကို အသံကျယ်ကျယ်ဖြင့် လှမ်းပြောလိုက်သည်

"ဒီနေ့ နဂါးကျားကျောင်းတော်က ဧည့်သည် လက်မခံဘူး။ အားလုံးပဲ ဒီနေရာကနေ အခုချက်ချင်း ပြန်ကြပါတော့ "

အခန်း (၁၃၃၀) - ဒီကိုလာပြီး စကားပြောစမ်း

"တစ်ဆင့်ပဲ ရှိတာဆို..."

ဖန့်ချန်က ရှကျီကို တစ်ချက်ကြည့်လိုက်သည်။

ရှကျီက စိတ်ချင်းဆက်သွယ်ကာ အသံလွှင့်လိုက်သည်

"အပြင်က လူဖြစ်ဖို့ များတယ်၊ ဒီနေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပုံစံမျိုး တွေ့ရတယ်"

ဖန့်ချန်၏ အကြည့်က ကျောင်းထိုင်ဆရာကြီးထံသို့ ကျရောက်သွားပြီး နွေးထွေးစွာ ပြုံးလျက် နှုတ်ဆက်လိုက်သည်

"မိတ်ဆွေ... ဒီနေရာက နဂါးကျားကျောင်းတော်လားခင်ဗျာ "

ကျောင်းထိုင်ဆရာကြီးက မျက်မှောင်ကြုတ်သွားသည်။ ဒီနေ့က ဘယ်လိုနေ့မျိုးမို့လို့လဲ

သူက ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်

"ဟုတ်တယ်၊ ဒီနေရာက နဂါးကျားကျောင်းတော်ပဲ။ မင်းတို့က ဘယ်သူတွေလဲ "

"အော်... ဒီမှာ နန်းဆောင်သုံးရပ် စမ်းသပ်မှု ရှိတယ်လို့ ကြားမိလို့လေ၊ ဒါကြောင့် ကျုပ်ရဲ့ တပည့်တွေကို ကံစမ်းဖို့ ခေါ်လာတာပါ"

ဟု ဖန့်ချန်က ဆိုသည်။

ကျောင်းထိုင်ဆရာကြီးက ဒေါသထွက်လွန်းသဖြင့် ရယ်ပင်ရယ်ချင်သွားသည်

"ဒီနေ့တော့ တကယ်ကို တိုက်ဆိုင်လွန်းနေပြီပဲ။ ဘယ်လိုလူမျိုးမဆို ငါ့ရဲ့ နန်းဆောင်သုံးရပ် စမ်းသပ်မှုကိုပဲ ဦးတည်လာနေကြတာကိုး"

ပြောပြီးနောက် သူသည် တစ်ခုခုကို သတိရသွားဟန်ဖြင့် ဝေ့ဝူရှန်းဘက်သို့ လှည့်ကာ လက်အုပ်ချီလိုက်သည်

"စီနီယာဝေ့... ကျွန်တော် စီနီယာကို ပြောတာမဟုတ်ပါဘူး၊ အထင်မလွဲပါနဲ့ခင်ဗျာ။ သူတို့ကို အခုချက်ချင်းပဲ မောင်းထုတ်လိုက်ပါ့မယ်"

သူက ဖန့်ချန်ဘက်သို့ ပြန်လှည့်ကြည့်ကာ

"မင်းတို့ အမြန်ထွက်သွားကြတော့။ ဒီနေရာက ပြဿနာတက်မယ့်နေရာပဲ၊ ကြာကြာမနေသင့်ဘူး"

"ရောက်တောင် ရောက်လာမှတော့ ဒီကိုပဲ လာခဲ့ကြပါ၊ မောင်းထုတ်ဖို့ မလောပါနဲ့ဦး။ နန်းဆောင်သုံးရပ် စမ်းသပ်မှုကို ရည်ရွယ်ပြီး လာကြတာဆိုမှတော့ ရှေးဟောင်း တာအိုဂိုဏ်းက ညီနောင်တွေပဲ ဖြစ်ရမှာပေါ့"

ဝေ့ဝူရှန်း၏ အသံ ထွက်ပေါ်လာသည်။

ရှကျီနှင့် အခြားသူများက လှမ်းကြည့်လိုက်ရာ သူသည် လူအုပ်ကြီးကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ သူ၏ ရှေ့မှ နေရာလွတ်ကို လက်ညှိုးဖြင့် ခပ်ဖွဖွ ညွှန်ပြနေသည်ကို တွေ့ရသည်

"ဒီကိုလာပြီး စကားပြောစမ်း"

"မင်းတို့ ဒီမှာ ခဏစောင့်နေကြ၊ ငါ သွားကြည့်လိုက်ဦးမယ်"

ဖန့်ချန်က မှာကြားလိုက်ပြီးနောက် ကျောင်းထိုင်ဆရာကြီးနှင့်အတူ ဝေ့ဝူရှန်းရှိရာသို့ ပျံသန်းသွားတော့သည်။

နဂါးကျားကျောင်းတော်မှ ကျင့်ကြံသူများနှင့် ရှကျီတို့ အုပ်စုမှာမူ တစ်ဖက်နှင့်တစ်ဖက် မျက်လုံးချင်းဆုံကာ အပြန်အလှန် အကဲခတ်နေကြသည်။

နှစ်ဖက်စလုံး၏ ကိုယ်ပေါ်တွင် တာအိုပညာရပ် ကျင့်ကြံထားသည့် အငွေ့အသက်များ ရှိနေသဖြင့် တာအိုညီနောင်များ ဖြစ်ကြောင်း သိသာလှသည်။

အနည်းငယ် သတိထားကြည့်လိုက်ရုံဖြင့် ၎င်းတို့၏ စွမ်းအားများသည် အရင်းအမြစ် တစ်ခုတည်းမှ ဆင်းသက်လာကြောင်း ခံစားမိကြသည်။

နဂါးကျားကျောင်းတော် ကျင့်ကြံသူများက ရှေ့တွင်ရှိနေသူများသည်လည်း တာအိုကျင့်ကြံသူများဖြစ်ကြောင်း လျင်မြန်စွာ အတည်ပြုလိုက်ကြသည်။

"ထူးဆန်းလိုက်တာ"

ထိုက်ဆန်း အကြီးအကဲတစ်ဦးက စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။

ဇီယွမ်ဂြိုလ်ပေါ်တွင် တာအိုကျင့်ကြံသူ များများစားစား မရှိချေ။

ရှိသမျှ လူအနည်းငယ်ကိုလည်း သူ မြင်ဖူးထားပြီးသား ဖြစ်သည်။

သူတို့သည် ပုံမှန်အားဖြင့် စုဝေးကာ တာအိုတရားများကို ဆွေးနွေးလေ့ ရှိကြသည်။

သို့သော် ရှေ့တွင်ရှိနေသည့် လူအုပ်ကြီးမှာမူ အလွန်ပင် သူစိမ်းဆန်လှသည်။

ထို့အပြင် ၎င်းတို့ထဲတွင် သူတို့ထက် မနိမ့်ကျသည့်၊ ပို၍ပင် အားကောင်းပုံရသည့် အငွေ့အသက်ပိုင်ရှင် တစ်ဦး ပါဝင်နေသေးသည်။

အကြီးအကဲ အချို့မှာ တာအိုပေါင်းစပ်ခြင်း အဆင့်ကျင့်ကြံသူများကို အလွန်ပင် အကဲခတ်နိုင်စွမ်း ရှိကြရာ ၎င်းတို့၏ အကြည့်များသည် ကျောက်ကျောင်လုံ ဆီသို့ တစ်ပြိုင်နက် ကျရောက်သွားကြတော့သည်။

ထိုစဉ်အတွင်း ဖန့်ချန်နှင့် ကျောင်းထိုင်ဆရာကြီးတို့သည် ဝေ့ဝူရှန်း၏ ရှေ့သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ဝေ့ဝူရှန်းက ဖန့်ချန်ကို အထက်အောက် အကဲခတ်လိုက်ပြီး အေးစက်စွာ မေးလိုက်သည်

"မင်းကလည်း ဇီယွမ်ဂြိုလ်က တာအိုကျင့်ကြံသူလား မင်းတို့ဂိုဏ်းက ဘယ်မှာလဲ "

"စီနီယာက ဘယ်သူပါလဲ"

ဖန့်ချန်က လက်အုပ်ချီကာ မေးလိုက်သည်။

ဝေ့ဝူရှန်း၏ မျက်နှာ ပျက်သွားသည်

"ငါက မင်းကို မေးနေတာလား၊ မင်းက ငါ့ကို ပြန်မေးနေတာလား "

အဆင့် (၂) မသေမျိုး၏ အငွေ့အသက်များမှာ သူ၏ကိုယ်ပေါ်တွင် ခဏတာ ဖြတ်ပြေးသွားသည်။

အဆင့် (၁) မသေမျိုး ဖြစ်သည့် ကျောင်းထိုင်ဆရာကြီးပင်လျှင် ထိုဖိအားကို မခံနိုင်ဘဲ နောက်သို့ တရစပ် ဆုတ်ခွာသွားရသည်။

သာမန် တာအိုပေါင်းစပ်ခြင်း အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပါက ထိုကြောက်မက်ဖွယ် ဝိညာဉ်ဖိအားအောက်တွင် ချက်ချင်းပင် ဒဏ်ရာရသွားပေလိမ့်မည်။

ထိုခဏ၌ပင် ဖန့်ချန်၏ ကိုယ်ထဲမှ အရိပ် သုံးခု ပျံထွက်လာပြီး မည်သည့်စကားမျှ မဆိုဘဲ ဝေ့ဝူရှန်းကို စတင် တိုက်ခိုက်တော့သည်။

ဖန့်ထျန်းဇွန် က ကြောက်မက်ဖွယ် မိုးကြိုးများကို ထုတ်လွှတ်လိုက်သည်။

ဖန့်ရွှမ်ယန် သည် ပေတစ်ရာခန့် မြင့်မားသော ကိုယ်ထည်ကြီးဖြင့် သွေးချီစွမ်းအားများ ပြည့်လျှံနေကာ လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ဖန့်လူသား ကမူ ငြိမ်သက်စွာ ရပ်နေရုံမျှဖြင့် ဝေ့ဝူရှန်း၏ ကျင့်ကြံဆင့်ကို အဆင့် (၂) မသေမျိုးမှ အဆင့် (၁) သို့ မမြင်နိုင်သော စွမ်းအားဖြင့် လျှော့ချပစ်လိုက်သည်။

ကျောင်းထိုင်ဆရာကြီးကဲ့သို့ အဆင့် (၁) မသေမျိုးမှာမူ တိုက်ရိုက်ပင် သာမန်လူတစ်ယောက်အဖြစ်သို့ လျော့ကျသွားတော့သည်။

ရှကျီတို့ အုပ်စုမှလွဲ၍ နဂါးကျားကျောင်းတော်ရှိ ကျင့်ကြံသူ အားလုံးမှာလည်း ခဏချင်းအတွင်းမှာပင် သာမန်လူများ ဖြစ်သွားကြပြီး ရှိသမျှ ကျင့်ကြံမှု စွမ်းအားအားလုံး ပျောက်ဆုံးသွားကြသည်။

ဤရုတ်တရက် အပြောင်းအလဲက အားလုံးကို မှင်သက်သွားစေသည်။

ဝေ့ဝူရှန်းသည် တစ်ဖက်လူက တိုက်ရိုက် လက်ဦးမှု ယူလိမ့်မည်ဟု မထင်ထားသလို၊ တစ်ဖက်လူ၏ ကိုယ်ထဲတွင် အဆင့် (၁) မသေမျိုး နှစ်ဦး ပုန်းအောင်းနေလိမ့်မည်ဟုလည်း ပို၍ပင် မထင်ထားခဲ့ချေ။

ဒါပေမဲ့... ဘာကြောင့် သူ့ရဲ့ ကျင့်ကြံဆင့်က အဆင့် (၁) အထိ ကျဆင်းသွားရတာလဲ

ဖန့်ထျန်းဇွန်နှင့် ဖန့်ရွှမ်ယန်တို့သည် ၎င်းတို့၏ အဆင့်တူ ကျင့်ကြံသူများထဲတွင် အထွတ်အထိပ် အင်အားရှိသူများ ဖြစ်ကြသည်။

သာမန် အဆင့် (၁) မသေမျိုး တစ်ဦးကို ရင်ဆိုင်ရာတွင် ၎င်းတို့ နှစ်ဦး ပူးပေါင်းလိုက်သောအခါ သုံးလေးကွက်အတွင်းမှာပင် ဝေ့ဝူရှန်းကို ဖိနှိပ် ချုပ်နှောင်လိုက်နိုင်တော့သည်။

ဝေ့ဝူရှန်း၏ ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျလာပြီး သူ၏ အငွေ့အသက်မှာ လျင်မြန်စွာ အားနည်းလာသည်။

အဆင့် (၁) မသေမျိုး အဆင့်ကိုပင် မထိန်းထားနိုင်တော့ဘဲ စက္ကန့်ပိုင်းအတွင်း ကျောင်းထိုင်ဆရာကြီးကဲ့သို့ပင် သာမန်လူတစ်ယောက် ဖြစ်သွားကာ ကျင့်ကြံမှုစွမ်းအား အားလုံးကို ဆုံးရှုံးလိုက်ရတော့သည်။

"မင်း... မင်းက ဘယ်သူလဲ "

ဝေ့ဝူရှန်း၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ပေါ်လာပြီး သူဘာဖြစ်သွားသည်ကို နားမလည်နိုင် ဖြစ်နေသည်။

သူကဲ့သို့ အဆင့် (၂) မသေမျိုး တစ်ဦးက တစ်ကွက်တည်းနဲ့ ရှုံးနိမ့်သွားရသည်လား

ကျောင်းထိုင်ဆရာကြီးနှင့် အခြားသူများမှာ ပို၍ပင် ထိတ်လန့်သွားကြသည်။

ဝေ့ဝူရှန်း၏ စွမ်းအားက မည်မျှ ကြောက်စရာကောင်းသည်ကို သူတို့ မျက်မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။

တာအိုပေါင်းစပ်ခြင်း အဆင့် သုံးဦးကို တစ်ကွက်တည်းနှင့် အနိုင်ယူခဲ့ပြီး ကျောင်းထိုင်ဆရာကြီးပင်လျှင် နှစ်ကွက်ပင် မခံနိုင်ခဲ့ချေ။

သို့သော် ယခုမူ ထိုလူက နောက်မှရောက်လာသည့် ကျင့်ကြံသူ၏ လက်ထဲတွင် အနှိမ်နင်း ခံလိုက်ရပြီလား

"ဒီလူတွေက ဘယ်ကလာတာလဲ ငါ့ရဲ့ ကျင့်ကြံမှုတွေက ဘာလို့..."

နဂါးကျားကျောင်းတော်မှ အကြီးအကဲ သုံးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

ကျင့်ကြံမှု စွမ်းအားများ ပျောက်ဆုံးသွားခြင်းက သူတို့ကို လုံခြုံမှု ကင်းမဲ့သွားစေသည်။

"မင်းက ဘယ်သူလဲ၊ ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ"

ဖန့်ချန်က ဝေ့ဝူရှန်းကို အေးစက်စွာ ကြည့်ရင်း၊ သူ၏ နောက်ကွယ်မှ ကျောက်ဂူကိုလည်း လှမ်းကြည့်လိုက်သည်။

ယင်နတ်ဘုရားနန်းဆောင်၊ ယန်နတ်ဘုရားနန်းဆောင် နှင့် မိုးကြိုးနတ်ဘုရားနန်းဆောင် တို့သည် ကျောက်ဂူအတွင်း၌ တည်ရှိနေကြသည်။

နတ်သားရဲ သုံးပါး၏ တစ်မူထူးခြားလှသော ကောင်းကင်စက်ဆုပ်ဖွယ် အတတ် များ၏ ရင်းနှီးနေသော အငွေ့အသက်များကို သူ ခံစားနေရပြီ ဖြစ်သည်။

၎င်းတို့မှာ အရေခွံဆုပ်အတတ် (ယင်စစ်သည်အတတ်)၊ ယန်အလင်းနတ်မျက်စိ နှင့် ကန်လေ မိုးကြိုးအတတ် တို့ပင် ဖြစ်သည်။

"ဒါက အထင်လွဲတာပါ"

ဝေ့ဝူရှန်းသည် နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့သည်။

ရှေ့တွင်ရှိနေသည့် လူအုပ်မှာ နောက်ခံ လျှို့ဝှက်ဆန်းကြယ်လှပြီး သူ့ကဲ့သို့ပင် တိုက်ဆိုင်မှုတစ်ခုကြောင့် ထိုဇီယွမ်ဂြိုလ်သို့ ရောက်လာခြင်း ဖြစ်နိုင်သည်ဟု သူ သိလိုက်သည်။

"ကျွန်တော်မျိုးက စီနီယာတို့ဟာ အဆင့်တူ တာအိုညီနောင်တွေမှန်း မသိခဲ့လို့ စကားပြောဆိုရာမှာ ပြစ်မှားမိခဲ့ပါတယ်။ စီနီယာတို့ အနေနဲ့ စိတ်ထဲ မထားကြပါနဲ့"

ဝေ့ဝူရှန်းက တည်ငြိမ်စွာဖြင့်

"ကျွန်တော်မျိုး နာမည်က ဝေ့ဝူရှန်း ပါ။ ဝိညာဉ်နတ်ဘုရားဂိုဏ်း က ကျင့်ကြံသူဖြစ်ပြီး ချင်းမင် နယ်မြေသစ်ရှာဖွေရေးအဖွဲ့ ရဲ့ အဖွဲ့ဝင် တစ်ယောက်ပါ။ ပြင်ပလောကမှာရှိတဲ့ ရှေးဟောင်း တားမြစ်နယ်မြေတွေနဲ့ လူသူမနီးတဲ့ နေရာတွေကို ရှာဖွေဖို့ တာဝန်ယူထားရတာပါ"

သူက စကားပြောရင်း တစ်ဖက်လူများ၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နေသည်။

ဝိညာဉ်နတ်ဘုရားဂိုဏ်း ဟူသော အမည်ကို ကြားလျှင် မည်သို့ တုံ့ပြန်မည်ကို သိလိုခြင်း ဖြစ်သည်။

ထင်သည့်အတိုင်းပင်၊ ၎င်းတို့အနက် တစ်ဦး၏ မျက်နှာအရောင် ပြောင်းသွားသည်ကို သူ တွေ့လိုက်ရသည်။

ဒါဟာ ထိုလူသည် ဝိညာဉ်နတ်ဘုရားဂိုဏ်း အကြောင်းကို ကြားဖူးထားကြောင်း ပြနေခြင်းဖြစ်ပြီး၊ ကျောင်းထိုင်ဆရာကြီးကဲ့သို့ အမြင်ကျဉ်းမြောင်းသည့် ဒေသခံ မဟုတ်မှန်း သေချာသွားစေသည်။

"စီနီယာတို့လည်း ဝိညာဉ်နတ်ဘုရားဂိုဏ်း အကြောင်းကို သိပုံရတယ်နော် ဒါဆိုရင် အခုကိစ္စက အထင်လွဲတာပဲဆိုတာ သိလောက်ပါပြီ ဟုတ်တယ်မလား "

ဝေ့ဝူရှန်းက အေးဆေးစွာ ပြောလိုက်သော်လည်း သူ၏ အသံထဲတွင် အနည်းငယ် ထောင်လွှားသည့် အရိပ်အယောင် ပါဝင်လာသည်။

"ရိုက်သတ်လိုက်"

ဖန့်ချန်က တိုးညင်းစွာ အမိန့်ပေးလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ကန်လေ မိုးကြိုးစွမ်းအားများသည် ဖန့်ထျန်းဇွန် ၏ လက်ဝါးထဲမှ ချက်ချင်း ပေါက်ကွဲထွက်လာပြီး၊ စက္ကန့်ပိုင်းအတွင်းမှာပင် ဝေ့ဝူရှန်းကို အရိုးပင် မကျန်အောင် လောင်ကျွမ်းပစ်လိုက်တော့သည်။

သူ၏ ဝိညာဉ်မှာမူ ဘာဖြစ်သွားမှန်း မသိဘဲ ကြောင်အမ်းအမ်းဖြင့် မူလနေရာတွင် ရပ်ကျန်နေခဲ့သည်။

ဒီ... ဒီအတိုင်းပဲ သေသွားပြီလား

တစ်ဖက်လူက သူဟာ ဝိညာဉ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူမှန်း သိသိကြီးနဲ့တောင် ဒီလောက် ရက်ရက်စက်စက် သတ်ပစ်ရဲတယ်လား

သူ နောင်တရမိသွားသည်။

အကယ်၍ ဇီယွမ်ဂြိုလ်ရဲ့ အပြင်ဘက်မှာ သူ့ရဲ့ အဖွဲ့ဝင်တွေ ရှိနေသေးတယ်ဆိုတာကို စောစောစီးစီး ပြောပြခဲ့ရင် သူ ဒီလို အသတ်ခံရမှာ မဟုတ်ပေ။

ကျောင်းထိုင်ဆရာကြီးမှာမူ ထိတ်လန့်လွန်းသဖြင့် ဦးရေပြားများပင် ထုံကျဉ်သွားရသည်။

ဒါလည်း ကန်လေ မိုးကြိုးပဲ

ဒီနေ့ ဘာတွေဖြစ်နေတာလဲ၊ ကန်လေ မိုးကြိုးကို အသုံးချနိုင်တဲ့သူ နှစ်ယောက် ဆက်တိုက် ပေါ်လာတာပဲ။

ဒါတင်မကသေးဘူး၊ သူ့ထက် အများကြီး သာလွန်တဲ့ အဆင့် (၂) မသေမျိုးကိုတောင် အလွယ်တကူ သတ်ဖြတ်ပစ်လိုက်ပြီ။

ဒါ ဘယ်ကလာတဲ့ နောက်ခံကြီးလဲ

"ယွန်းရွှီ... ဒီလူကို ခေါ်သွားပြီး စစ်ဆေးမေးမြန်းလိုက်"

ဖန့်ချန်က ဘေးနားကို တစ်ချက်ကြည့်လိုက်သည်။

ဇီယွမ်ဂြိုလ်ကို ရောက်ကတည်းက တုယွန်းရွှီ သည် ဖန့်ချန်၏ ဘေးတွင် အမြဲရှိနေခဲ့သည်။

ယခုကဲ့သို့ အခြေအနေမျိုးကို ရင်ဆိုင်ရန်အတွက်ပင် ဖြစ်သည်။

သူသည် မည်သည့်စကားမျှ မဆိုဘဲ ဝေ့ဝူရှန်း၏ ဝိညာဉ်ကို ဆွဲခေါ်သွားပြီး နေ့ကင်းလှည့် မျိုးနွယ်စု၏ စစ်ဆေးမေးမြန်းခြင်း နည်းလမ်းများဖြင့် စတင် မေးမြန်းတော့သည်။

"စီနီယာ... ဒီနေရာက နဂါးကျားကျောင်းတော်ပဲ မဟုတ်လား ဟိုအထဲက နန်းဆောင်သုံးရပ် စမ်းသပ်မှု လုပ်တဲ့နေရာလား "

ဖန့်ချန်က ကျောင်းထိုင်ဆရာကြီးကို ကြည့်ကာ မေးလိုက်သည်။

ကျောင်းထိုင်ဆရာကြီးမှာ ခဏကြာ မှင်သက်နေပြီးမှ သတိဝင်လာကာ အဆက်မပြတ် ခေါင်းညိတ်ပြလိုက်သည်။

ဖန့်ချန်၏ မျက်နှာတွင် ကျေနပ်သည့် အပြုံး ပေါ်လာပြီး ရှကျီနှင့် အခြားသူများကို လှမ်းပြောလိုက်သည်

"အားလုံး အထဲဝင်ပြီး တစ်ခေါက်လောက် စမ်းသပ်ကြည့်ကြ။ မင်းတို့ထဲက ဘယ်သူ ကံကောင်းပြီး နတ်သားရဲ သုံးပါးရဲ့ အမွေအနှစ်ကို ရမလဲဆိုတာ ကြည့်ရသေးတာပေါ့"

All Chapters