← Chapters

အခန်း (၃၂၅-၃၂၆)

Vol. 33 Ch. 325-326

အခန်း (၃၂၅-၃၂၆)

Vol. 33 Ch. 325-326

အခန်း (၃၂၅) - အတင်းကပ်ပါတာလား ၊ ယဲ့ဟုန်ယွမ် သေဆုံးခြင်း ၊ ဝိညာဉ်မျက်စိအတတ် ၊ ဝိညာဉ်ဖမ်းစားအတတ် ၊ အစားထိုးအတတ်

ရှေးဟောင်းမြို့တော်အတွင်းမှ ထူးဆန်းသော အသံဗလံများ အဆက်မပြတ် ထွက်ပေါ်နေသည်။

တိုက်ပွဲအခြေအနေမှာ အတော်လေး ပြင်းထန်နေပုံရ၏ ယခုတစ်ကြိမ်တွင်မူ လီယန်ချူသည် အလောတကြီး သွားရောက်ခြင်း မပြုတော့ပေ။

တိုက်ခိုက်သံများကို နားထောင်ခြင်းအားဖြင့် ချက်ချင်းလက်ငင်း အနိုင်အရှုံးပေါ်မည့်ပုံ မဟုတ်ကြောင်း သူသိနေသည်။

"မင်းမှာ ရောဂါရှိနေတာ မင်းသိလား"

လီယန်ချူက စုယော့ယွင်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

စုယော့ယွင် ကြောင်အသွားရ၏။

ဤတာအိုဆရာက အရမ်းကို ခန့်ညားချောမောလွန်းသော်လည်း ဘာကြောင့် ပါးစပ်ဖွင့်လိုက်လျှင် ဆဲဆိုနေရသနည်း။

"ငါတို့က သိပ်မရင်းနှီးပေမဲ့ တစ်ခုတော့ အကြံပေးပါရစေ... အောက်လမ်းပယောဂအတတ် ကို မကျင့်တာ အကောင်းဆုံးပဲ။ မကျင့်နိုင်ရင် ပိုကောင်းတယ်"

လီယန်ချူ သက်ပြင်းချကာ ပြောလိုက်သည်။

စောစောက စုယော့ယွင်၏ ရှိုက်ကြီးတငင် ငိုကြွေးသံကြောင့် လီယန်ချူ၏ ရင်ထဲတွင် သနားစိတ် အနည်းငယ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ထို့ကြောင့် သတိပေးစကား ပြောလိုက်ခြင်း ဖြစ်သော်လည်း တစ်ဖက်လူက နားထောင်လိမ့်မည်ဟုတော့ သူ မမျှော်လင့်ထားပေ။

ဤကဲ့သို့သော အတတ်မျိုးကို ကျင့်ကြံသည်ဆိုကတည်းက သူ့အကြောင်းပြချက်နှင့်သူ ရှိပေလိမ့်မည်။

မိမိစကားတစ်ခွန်းတည်းနှင့် ရပ်တန့်ပစ်လိမ့်မည်လား

သို့သော်လည်း စုယော့ယွင်က ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပါပြီ "

"ရှင်ပြောသလိုပဲ... နောက်ဆိုရင် အဲဒီအတတ်ကို မကျင့်တော့ဘူး "

လီယန်ချူ : "..."

ဒီလောက်တောင် အပြောရလွယ်တာလား သူက ခပ်ယောင်ယောင် ရယ်လိုက်ပြီး စုယော့ယွင်ကို ခေါင်းတစ်ချက် ညိတ်ပြကာ လှည့်ထွက်ရန် ပြင်လိုက်သည်။

အပြင်က အခြေအနေကို သွားကြည့်ရန် ဖြစ်သည်။

သို့သော် စုယော့ယွင်က သူ့ကို တားလိုက်၏။

သူမ၏ ဆောင်းဦးရေပြင်အလား ကြည်လင်လှသော မျက်ဝန်းအစုံမှာ အရည်လဲ့နေပြီး

"ယောကျာ်းက ဘယ်ကို သွားမလို့လဲဟင် "

သူမ၏ အသံမှာ နူးညံ့ချိုသာလွန်းလှသည်။

လီယန်ချူ ခြေလှမ်းများ ရပ်တန့်သွားကာ အံ့အားသင့်စွာ လှည့်ကြည့်လိုက်၏။

"ယောကျာ်း ဟုတ်လား "

"ကျွန်မ အရင်က သစ္စာဆိုခဲ့ဖူးတယ်... ဘယ်သူပဲဖြစ်ဖြစ် ကျွန်မအမေရဲ့ အသတ်ခံရတဲ့ ကိစ္စအတွက် လက်စားချေပေးနိုင်ရင် အဲဒီလူကို ကျွန်မ အသက်ထက်ဆုံး ပေါင်းသင်းပါ့မယ်လို့ "

"ကျွန်မအမေဟာ အဲဒီတုန်းက မိစ္ဆာအတတ်နဲ့ အလုပ်ခံခဲ့ရတာ၊ စုယဲ့မှာ တာဝန်မကင်းဘူး "

"အခု စုယဲ့က တာအိုဆရာ ရဲ့ လက်ထဲမှာ သေသွားပြီဆိုတော့ ကျွန်မအတွက် ရန်ငြိုးကို ပြေပျောက်စေခဲ့တာပဲ။ ဒါကြောင့် ကျွန်မဟာ တာအိုဆရာ ရဲ့ ဇနီးဖြစ်သွားပြီပေါ့ "

စုယော့ယွင်က အတည်ပေါက် ပြောနေခြင်းဖြစ်သည်။

လီယန်ချူ တိတ်ဆိတ်သွားသည်။

သူမကို စိုက်ကြည့်ရင်း ရုတ်တရက် ရယ်လိုက်၏။

"ဒီအကြောင်းပြချက်က နည်းနည်းတော့ ကြံဖန်လွန်းရာ ရောက်နေတယ်။ စုယဲ့က မင်းရဲ့ ရန်သူဆိုရင်တောင် တာဝန်မကင်းဘူး ဆိုတာက သူဟာ ပူးပေါင်းကြံစည်သူ တစ်ယောက်ပဲ ဖြစ်နေတာ မဟုတ်ဘူးလား"

စုယော့ယွင်က ပြုံးလိုက်ကာ

"ရှင် ထွက်ပြေးသွားမှာ စိုးလို့ အလောတကြီး အကြောင်းပြချက် ရှာလိုက်ရတာလေ"

"ငါက တာအိုဆရာ တစ်ယောက်ပဲ... အိမ်ထောင်ပြုလို့ မရဘူး"

"ညာနေတာပဲ... ရှင့်ဝတ်စုံက ကျန့်ရိတောက် ဂိုဏ်းသားဝတ်စုံပဲဟာ။ အိမ်ထောင်ပြုလို့ ရသားပဲ "

"ကောင်းပြီလေ... ငါ့မှာ မိန်းမရှိတယ်၊ သူက ဆိုင် ဖွင့်ထားတာ။ ငါ့အပေါ်မှာလည်း အရမ်းကောင်းတယ်"

"နောင်ဆိုရင် အဲဒီအစ်မကြီးကို ကျွန်မ သေချာ ပြုစုပါ့မယ်၊ ကျွန်မက အစ်မကြီးနဲ့ အပြိုင်အဆိုင် မလုပ်ပါဘူး"

လီယန်ချူ အသက်ကို ပြင်းပြင်းရှူလိုက်ကာ အပြတ်အသတ် ငြင်းဆိုလိုက်တော့သည်။

"မင်းအဖေက မြောက်ပိုင်းနယ်စားမင်း။ နောင်ဆိုရင် မင်းဟာ နိုင်ငံရေးအရ အပေးအယူလုပ်ပြီး လက်ထပ်ရမှာ ဒါမှမဟုတ် စေ့စပ်ထားတာမျိုး ရှိနေမှာပဲ။ ငါကတော့ အဲဒီလို ရှုပ်ရှုပ်ထွေးထွေး ကိစ္စတွေထဲ မပါချင်ဘူး"

စုယော့ယွင်က ခေါင်းအသာ ညိတ်ကာ

"အဲဒီအတွက်တော့ စိတ်ချပါ၊ ကျွန်မအဖေက ကျွန်မကို အရမ်းချစ်တာ။ ကျွန်မမှာ ဘယ်သူနဲ့မှ စေ့စပ်ထားတာ မရှိဘူး"

"နောင်ဆိုရင် ကျွန်မအဖေဆီကနေ အဖိုးတန်ဆေးလုံးတွေ၊ ကောင်းကင်နဲ့မြေကြီး ရတနာတွေကို အများကြီး တောင်းပေးမယ်။ ယောကျာ်း ကျင့်ကြံတဲ့နေရာမှာ အထောက်အကူဖြစ်အောင်လို့လေ "

မြောက်ပိုင်းနယ်စားမင်း၏ နယ်မြေ လေးခုအနက် ပေဖုန်း နယ်မြေမှာ အကြီးဆုံးဖြစ်ပြီး မြေယာနှင့် လူဦးရေ အများဆုံး ဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းဟူသော ရာထူးမှာလည်း ဘိုးဘွားစဉ်ဆက် ဆက်ခံလာရသည့် အလွန်မြင့်မြတ်သော ရာထူးဖြစ်သည်။

ဤကဲ့သို့သော မင်းစိုးရာဇာ နွယ်ဝင်၊ အချိုးအစားကျလှပသော ခန္ဓာကိုယ်နှင့် နတ်သမီးအလား ချောမောသော မိန်းကလေးတစ်ဦးက မိမိကို အတင်းလက်ထပ်ချင်နေပြီး မယားငယ်အဖြစ်ပင် ခံယူမည်ဟု ပြောနေခြင်းမှာ တကယ်ပင် ထူးဆန်းအံ့ဩဖွယ် ကောင်းလှသည်။

"ငါက မင်းအပေါ်မှာ ဘာခံစားချက်မှ မရှိဘူး။ ဒါပေမဲ့ မင်းက အရမ်းလှတယ်... နောင်ဆိုရင် ငါတို့ကြားမှာ ခံစားချက်မပါတဲ့ ကာမဆက်ဆံရေးသက်သက်ပဲ ဖြစ်သွားနိုင်တယ်။ မင်းသေချာ စဉ်းစားပြီးပြီလား "

လီယန်ချူက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"အခုမှ တစ်ခါပဲ တွေ့ဖူးသေးတာ ခံစားချက်မရှိတာ သဘာဝပါပဲ။ ကျွန်မကတော့ ရှင့်ကို မြင်မြင်ချင်း ချစ်မိသွားတာ ဖြစ်ပေမဲ့ ရှင်က ကျွန်မလိုမျိုး ခံစားရဖို့ မတောင်းဆိုပါဘူး။ နောင်ကျမှ ဖြည်းဖြည်းချင်း သံယောဇဉ် တည်ဆောက်သွားလို့ ရတာပဲ"

စုယော့ယွင်က တည်ငြိမ်စွာ ပြန်ပြောသည်။

မြို့စား၊ မင်းစိုးရာဇာ သားသမီးတွေ အများကြီးက သူမကို ဝိုင်းဝိုင်းလည် ချစ်ရေးဆိုခဲ့ကြသော်လည်း သူမက တစ်ခါမျှ စိတ်မဝင်စားခဲ့ပေ။

သို့သော် ယနေ့တွင်မူ ထိုလူငယ်တာအိုဆရာကို မြင်မြင်ချင်းပင် စွဲလမ်းသွားခဲ့ရသည်။

သူမတွင် ခံစားချက်တစ်ခု ရှိနေသည် အကယ်၍ ယနေ့သာ ထိုယောကျ်ားကို လက်လွတ်ခံလိုက်ပါက နောင်တွင် သူ့အနားသို့ ချဉ်းကပ်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

လီယန်ချူ သူမကို တစ်ချက်ကြည့်လိုက်၏။

"မင်းသိလား... မင်း အခုလို ပြောတာဟာ ငါက မင်းကို ပုံစံအမျိုးမျိုးနဲ့ ကစားပြီး ခဏနေရင် ပစ်ထားခဲ့မှာကို ခွင့်ပြုလိုက်တာနဲ့ အတူတူပဲ"

စုယော့ယွင် မျက်နှာလေး နီမြန်းသွားကာ

"အဲဒါဆိုရင်လည်း ကျွန်မရဲ့ ကံကြမ္မာလို့ပဲ မှတ်ယူလိုက်ပါ့မယ် "

"မင်း တခြားလူတွေကိုလည်း ဒီလိုပဲ ခဏခဏ ပြောနေတာလား "

လီယန်ချူ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ထိုသူဌေးသမီးလေးမှာ အချစ်ရူး တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

စုယော့ယွင်က သူ့ကို စိုက်ကြည့်ရင်း

"ရှင် ကျွန်မကို ဘယ်လိုလူစားလို့ ထင်နေတာလဲ"

လီယန်ချူလည်း မတတ်နိုင်တော့ပေ။

ဤမျှ နုနုနယ်နယ် လှလှပပ မိန်းကလေးတစ်ယောက်က သူ့နောက်ကို တစ်ကောက်ကောက် လိုက်ဖို့ ဆုံးဖြတ်ထားမှတော့...

"ဗေဒင်အတတ်နဲ့ လက္ခဏာအတတ်ကိုလည်း ငါ လေ့လာဦးမှ ဖြစ်မယ်။ ငါ့ကိုယ်ငါ ဘာကံပါလဲဆိုတာ ပြန်တွက်ကြည့်ရမယ်"

တစ်ဖက်တွင်မူ ရှေးဟောင်းမြို့တော်အတွင်းရှိ တိုက်ပွဲမှာ အထွတ်ထိပ်သို့ ရောက်ရှိသွားလေပြီ။

အလင်းတန်း နှစ်ခု ကောင်းကင်သို့ ပျံတက်သွားသည်

တစ်ခုမှာ (၇-၈) ပေခန့် ရှည်လျားသော ငါးကြင်းနီကြီး ဖြစ်ပြီး၊ အခြားတစ်ခုမှာ ဖြူဖွေးသော ဦးခေါင်းနှင့် တောကြောင်ကိုယ်ထည်ရှိသော သတ္တဝါဆိုးကြီး ဖြစ်သည်။

ဟုန်ကုန်းငါး နှင့် ထျန်းကော်

၎င်းတို့မှာ တောင် နှင့် ပင်လယ် ကျမ်းထဲတွင် မှတ်တမ်းတင်ထားသော သတ္တဝါဆိုးများ ဖြစ်ကြသည်။

ဤသည်မှာ ကျင့်ကြံသူများက ဝိညာဉ်ဖန်ဆင်းမှု ဖြင့် တိုက်ခိုက်နေကြခြင်းပင်။

ထိုဝိညာဉ်ပုံရိပ် နှစ်ခုမှာ အပြန်အလှန် တိုက်ခိုက်နေကြပြီး၊ ကောင်းကင်ယံတွင် တောက်ပသော ဝိညာဉ်စွမ်းအား နိမိတ်များ ထွက်ပေါ်နေသည်။

သာမန်အားဖြင့် ဝိညာဉ်နှင့် ဝိညာဉ်စွမ်းအင်များကို သာမန်မျက်စိဖြင့် မမြင်နိုင်သော်လည်း ထိုကဲ့သို့သော ဝိညာဉ်ပုံရိပ်ဖန်ဆင်းမှု မှာမူ ထင်ထင်ရှားရှား မြင်တွေ့ရသည်။

လီယန်ချူသည် စုယော့ယွင်ကို ခေါ်ကာ နေရာကောင်းတစ်ခုကို ရွေးချယ်၍ စိတ်ဝင်တစားဖြင့် ပွဲကြည့်နေတော့သည်။

သူ့လက်ထဲတွင်လည်း စားစရာ (ကူကော်၊ သစ်သီးခြောက်၊ သစ်သီး) များ ရှိနေသေး၏။

စုယော့ယွင်၏ ဝိုင်းစက်သော မျက်ဝန်းအစုံမှာ အံ့ဩရိပ်များ ဖုံးလွှမ်းနေသည်။

ဤသည်မှာ ချင်းယွဲ့ထန် နယ်မြေ ဖြစ်ပြီး ကျင့်ကြံသူတွေအတွက် ကြီးမားသော အခွင့်အရေးတွေ ရှိသည့်နေရာ မဟုတ်ပါလား ယခုမူ ထိုနေရာတွင် ပွဲကြည့်နေရသည်မှာ သူမအတွက်တော့ အတော်လေး ထူးဆန်းပြီး စိတ်ဝင်စားစရာ ကောင်းနေသည်။

တစ်နေ့လုံးအတွင်း ဤကဲ့သို့သော တိုက်ပွဲမျိုးမှာ မြို့ထဲတွင် ခဏခဏ ဖြစ်ပွားနေသည်။

လီယန်ချူမှာတော့ သွားရောက်ရောနှောခြင်း မပြုဘဲ အခန်းထဲတွင်သာ ကျင့်ကြံနေခဲ့သည်။

ဤမျှ ထူထပ်လှသော ဝိညာဉ်စွမ်းအားများကို အသုံးမချလျှင် ကောင်းကင်နှင့် မြေကြီးကို အားနာစရာ ဖြစ်ပေလိမ့်မည်။

ဤတိုက်ပွဲများအနက် အထင်ရှားဆုံးမှာ မော်ရှန်းတောင်မှ တန်းရန်ကျီ နှင့် ဟော့တယ်ကျုံးဂိုဏ်းမှ ယဲ့ဟုန်ယွမ် တို့၏ တိုက်ပွဲပင်

နှစ်ဦးစလုံးမှာ မီးဓာတ်အတတ်ကို ကျွမ်းကျင်ကြသူများ ဖြစ်ကြသည်။

မိုးရေစက်များအဖြစ် ပြောင်းလဲနေသော ဝိညာဉ်စွမ်းအားများမှာပင် သူတို့နှစ်ဦး၏ မီးလျှံများကြောင့် ခမ်းခြောက်ကာ အဖြူရောင် ရေနွေးငွေ့များအဖြစ် ပြောင်းလဲကုန်၏။

မီးအလင်းတန်းများမှာ ကောင်းကင်တစ်ဝက်ကို နီရဲစေခဲ့သည်။

နောက်ဆုံးတွင်မူ ယဲ့ဟုန်ယွမ်မှာ တန်းရန်ကျီကို မယှဉ်နိုင်ခဲ့ပေ။

ချင်းယွဲ့ထန်၏ နတ်ဘုရားအမွေအနှစ်ကို ဆက်ခံရန် အလားအလာအရှိဆုံးဟု ယူဆရသော ယဲ့ဟုန်ယွမ်မှာ တန်းရန်ကျီ၏ တိုက်ခိုက်မှုအောက်တွင် ဝိညာဉ်ပင် ပျောက်ကွယ် သွားရတော့သည်။

ဤရလဒ်ကို မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။

နတ်ဘုရားနယ်မြေအတွင်းသို့ ဝင်ဝင်ချင်းမှာပင် နာမည်ကြီးပါရမီရှင် တစ်ဦးမှာ အသက်ပျောက်သွားခဲ့ရသည်။

တန်းရန်ကျီ၏ ရက်စက်မှုနှင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို လူတိုင်း သိရှိသွားကြတော့သည်။

ချင်းယွဲ့ထန်အတွင်းတွင် တန်းရန်ကျီကို ယှဉ်နိုင်မည့်သူ ရှိတော့မည် မဟုတ်ဟုပင် ထင်ကြေးပေးနေကြသည်။

နယ်စပ်ပြင်ပမှ ပါရမီရှင် မုယုံလုံချန်း ပင်လျှင် တန်းရန်ကျီက မီးဓာတ်အတတ်ကို အစွမ်းကုန် သုံးလာပါက မိမိအနေဖြင့် တိုက်ခိုက်ရေးစွမ်းရည်တွင် မယှဉ်နိုင်ကြောင်း ဝန်ခံခဲ့သည်။

လီယန်ချူကတော့ ထိုကိစ္စများကို သွားရောက်စုံစမ်းခြင်း မပြုပေ။

ကြီးမားသော ရှေးဟောင်းမြို့တော်ကြီးတွင် အခွင့်အရေးများစွာ ရှိနေမှာဖြစ်ပြီး ကျင့်ကြံသူများလည်း အပြိုင်အဆိုင် လုယူနေကြပေလိမ့်မည်။

သူသည် အားလပ်သည့်အခါ စုယော့ယွင်ကို ခေါ်ကာ ပွဲသွားကြည့်တတ်ပြီး၊ ကျန်အချိန်အများစုကို ကျင့်ကြံရန်သာ အသုံးပြုသည်။

ချင်းယွဲ့ထန် နတ်ဘုရားနယ်မြေသည် မြေပြင်နတ်ဘုရား တစ်ဦး၏ အသက်ဓာတ်၊ စွမ်းအင်နှင့် စိတ်ဝိညာဉ်တို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။

ရွာသွန်းနေသော မိုးရေစက်များထဲတွင်ပင် ထူးခြားသော ဝိညာဉ်အရှိန်အဝါများ ပါဝင်နေသဖြင့် ကျင့်ကြံသူများကို ကောင်းကင်နှင့်မြေကြီး၏ သဘောတရားကို ပိုမိုနားလည်စေနိုင်သည်။

လီယန်ချူသည် ဟွမ်ထင်တာအိုကျမ်း ထဲတွင် ပါရှိသော တာအိုအတတ် သုံးမျိုးကို တစ်ပြိုင်နက်တည်း ကျင့်ကြံအောင်မြင်ခဲ့သည်။

၁။ ဝိညာဉ်မျက်စိအတတ် - ရန်သူ၏ ကိုယ်ယောင်ဖျောက်ခြင်း သို့မဟုတ် ပုံသဏ္ဌာန်ပြောင်းလဲခြင်းများကို မကြောက်ဘဲ အမှန်တရားကို မြင်နိုင်ခြင်း၊ အရာဝတ္ထုများ၏ သဘာဝကို ထွင်းဖောက်မြင်နိုင်ခြင်း၊ အမြင်အာရုံ နယ်ပယ်နှင့် အကွာအဝေးကို မြှင့်တင်ပေးခြင်းနှင့် ဝိညာဉ်များကို အလွယ်တကူ မြင်တွေ့နိုင်ခြင်း။

၂။ အစားထိုးအတတ် - မိမိရရှိသော ဒဏ်ရာနှင့် ထိခိုက်မှုများကို အခြားအရာဝတ္ထုတစ်ခုခုပေါ်သို့ လွှဲပြောင်းပေးကာ အစားထိုးခံစေခြင်း။

(အားနည်းချက်မှာ လူပေါ်သို့ လွှဲပြောင်း၍မရဘဲ အသက်မဲ့အရာဝတ္ထုများပေါ်သို့သာ လွှဲပြောင်းနိုင်ခြင်း ဖြစ်သည်။)

၃။ ဝိညာဉ်ဖမ်းစားအတတ် - ဝိညာဉ်ကို တိုက်ရိုက်ပစ်မှတ်ထားသော အတတ်ဖြစ်သည်။

ပြိုင်ဘက်၏ ဝိညာဉ်ကို ပျောက်ကွယ်သွားအောင် လုပ်နိုင်သလို၊ မိမိ၏ ဝိညာဉ်ကိုလည်း ကာကွယ်နိုင်သည်။

ထိုအတတ်သုံးမျိုးလုံးမှာ အလွန်ဆန်းကြယ်လှသော နတ်ဘုရားစွမ်းအင်များ ဖြစ်ကြသည်။

လီယန်ချူသည် ကြည်လင်သော ဉာဏ်ပညာဖြင့် ၎င်းတို့ကို တစ်ခါတည်းနှင့် အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။

အခန်း (၃၂၆) - ဝိညာဉ်ခွဲထုတ်ခြင်း ၊ နတ်ဘုရားအမွေအနှစ် ပေါ်ထွန်းလာခြင်း ၊ လျှို့ဝှက်ဆန်းကြယ်သော ကျမ်းစာ

ညဉ့်နက်လာသောအခါ တစ်ခုလုံးသော ချင်းယွဲ့ထန် နတ်ဘုရားနယ်မြေမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး အေးစိမ့်ခြောက်ခြားဖွယ် ကောင်းလှသည်။

အရာအားလုံးမှာ ထွင်းဖောက်မမြင်နိုင်သော မြူထူထုကြီးတစ်ခုအောက်တွင် ဖုံးလွှမ်းနေသကဲ့သို့ပင်။

တစ်ညလုံး မည်သည့်စကားသံမျှ မကြားရသလို၊ ညဘက်တွင်လည်း မည်သူမျှ စိတ်ရူးပေါက်ပြီး တိုက်ခိုက်ခြင်း မပြုကြပေ။

သို့သော် ရှေးဟောင်းမြို့တော်၏ အလယ်ဗဟိုရှိ ကြီးမားလှသော တာအိုဆရာ ကျောက်ရုပ်ကြီးကို သေချာကြည့်လျှင်မူ... ၎င်းရပ်တည်နေသည့် ဦးတည်ချက်မှာ အနည်းငယ် ပြောင်းလဲသွားသယောင် ရှိနေသည်။

နောက်တစ်နေ့

မိုးလင်းလာသောအခါ ကောင်းကင်ယံမှာ လင်းထိန်နေ၏။

ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေ၏ အုံ့မှိုင်းခြောက်ခြားဖွယ် ရာသီဥတုနှင့် နှိုင်းယှဉ်လျှင် ထိုနေရာ၏ အချိန်နှင့် လေထုမှာ ပို၍ ပုံမှန်ဖြစ်ပုံရသည်။

ဒေါက် ဒေါက် ဒေါက်

နက်ရှိုင်းသော လမ်းကြားလေးထဲတွင် ကမန်းကတန်း လျှောက်လာသော ခြေသံများ ထွက်ပေါ်လာသည်။

ထို့နောက် ချောမောလှပသော အစိမ်းရောင်ဝတ် မိန်းကလေးတစ်ဦးမှာ ထိတ်လန့်တကြား မျက်နှာထားဖြင့် တံခါးကို ဝုန်းခနဲ တွန်းဖွင့်ဝင်လာ၏။

တစ်စုံတစ်ရာသော ကြောက်မက်ဖွယ်အရာက နောက်မှ လိုက်နေသကဲ့သို့ပင်။

စုယော့ယွင်က စူးစမ်းလိုစိတ်ဖြင့်

"ဘာဖြစ်လို့လဲ "

ဟု မေးလိုက်သည်။

အစိမ်းရောင်ဝတ် မိန်းကလေး၏ မျက်နှာတွင် သွေးစုတ်ထားသကဲ့သို့ ဖြူလျော်နေပြီး

"ရူးကုန်ကြပြီ အားလုံး ရူးကုန်ကြပြီ "

"ချင်းယွဲ့ထန် နတ်ဘုရားနယ်မြေထဲ ရောက်နေတဲ့ ကျင့်ကြံသူတွေဟာ ရူးသွပ်နေတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်နေကြပြီ "

"အပြင်ကို လုံးဝမထွက်နဲ့နော် "

အစိမ်းရောင်ဝတ် မိန်းကလေးက ထိတ်လန့်တကြား ပြောရင်း အခန်းထဲရှိ လူနှစ်ယောက်ကို တိတ်တဆိတ် အကဲခတ်လိုက်သည်။

စုယော့ယွင်မှာလည်း စိတ်လှုပ်ရှားသွားကာ တံခါးပြင်ပရှိ ရှေးဟောင်းလမ်းကြားကို အမှတ်မထမဲ့ကြည့်မိသွားသည်။

တင်ပလ္လင်ခွေ ထိုင်နေသော လီယန်ချူသည် မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ မျက်ဝန်းအစုံမှ ဝိညာဉ်အလင်းများ လက်ခနဲ ဖြစ်သွား၏။

ချွတ်

ကျန့်ကျောင်းဓား သည် အိမ်ထဲမှ သုံးလက်မခန့် ထွက်လာကာ စိမ့်အေးလှသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

ဖလပ်

ဓားအလင်းတန်း တစ်ချက် ဝင်းခနဲ ဖြစ်သွားပြီးနောက် အစိမ်းရောင်ဝတ် မိန်းကလေး၏ ခေါင်းမှာ ကြမ်းပြင်ပေါ်သို့ တလိမ့်ခေါက်ကွေး ကြွေကျသွားတော့သည်။

သွေးများမှာလည်း ပန်းထွက်လာ၏

စုယော့ယွင်မှာ အလွန်အံ့ဩသွားပြီး

"ဘာလို့ သူ့ကို သတ်လိုက်တာလဲ"

ဟု အော်မေးမိသည်။

လီယန်ချူ၏ မျက်လုံးများမှာ အေးစက်နေပြီး စုယော့ယွင်ကို ပြန်မဖြေပေ။

သူသည် သွေးအိုင်ထဲတွင် လဲနေသော အစိမ်းရောင်ဝတ် မိန်းကလေးကိုသာ စိုက်ကြည့်ရင်း

"သေချင်ယောင်ဆောင်မနေနဲ့တော့... မင်းတို့ ဗဟိန်း မိသားစုရဲ့ အစွမ်းက ဒီလောက်ပဲလား "

ထိုအခါ အစိမ်းရောင်ဝတ် မိန်းကလေး၏ ကိုယ်ပေါ်မှ အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး၊ ခမ်းနားထည်ဝါသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး လေထဲတွင် ငြိမ်သက်စွာ ပေါ်လာသည်။

၎င်းမှာ ယခင်က လီယန်ချူနှင့် ထိပ်တိုက်တွေ့ခဲ့ဖူးသော နယ်စပ်ပြင်ပရှိ နတ်ဘုရားငါးပါး အနက်မှ တစ်ပါးဖြစ်သည့် ဗဟိန်းမိသားစု မှ ဗဟိန်းယူ ပင် ဖြစ်သည်။

ထိုအမျိုးသမီး၏ မျက်လုံးများမှာ အလွန်အမင်း ရန်ငြိုးဖွဲ့နေဟန်ရှိ၏။

"မိစ္ဆာတစ်ကောင်ကတောင် နတ်ဘုရားကျင့်စဉ်ကို သိမြင်ခွင့် ရလိမ့်မယ်လို့ မထင်ထားဘူး "

လီယန်ချူက အေးစက်စွာ ပြုံးလိုက်သည်။

ဗဟိန်းယူ သည် မျက်လုံးများကို အန္တရာယ်ရှိသော ပုံစံဖြင့် မှေးလိုက်၏။

သူမအနေဖြင့် ထိုလူငယ်တာအိုဆရာက ဘာမပြောညာမပြောနှင့် မိမိကို တိုက်ရိုက်သတ်ဖြတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် အတော်လေး အံ့ဩသွားရသည်။

ယခု လီယန်ချူ၏ စကားကို ကြားရသောအခါ ဗဟိန်းယူ မှာ ပို၍ပင် ဒေါသထွက်သွားကာ

"တာအိုဆရာစုတ်၊ နင်က အရမ်းကို ရောင့်တက်နေတာပဲ "

သူမသည် နီမြန်းသော ပါးစပ်လေးကို ဖွင့်လိုက်ရာ၊ ပြင်းထန်သော အဆိပ်ရည်များနှင့်အတူ မီးခိုးရောင် အဆိပ်ငွေ့များ မှုတ်ထုတ်လိုက်တော့သည်။

သို့သော်လည်း နှမြောစရာကောင်းသည်မှာ ထိုအဆိပ်များမှာ လေထဲသို့ပင် မရောက်သေးမီ ပြင်းထန်သော စွမ်းအားတစ်ခုဖြင့် ဖယ်ရှားခြင်း ခံလိုက်ရပြီး လေထဲတွင်ပင် ပျောက်ကွယ်သွားတော့သည်။

၎င်းမှာ လေးကြိမ်အဆင့်မြှင့်တင်ထားသော ကပ်ကျော်အဆောင် ၏ စွမ်းအားပင်။

လီယန်ချူသည် လက်ကို အသာအယာ မြှောက်လိုက်ရာ၊ ဗဟိန်းယူ၏ ထို ဝိညာဉ်ခွဲ မှာ လီယန်ချူ၏ လက်ထဲသို့ တိုက်ရိုက် အဖမ်းခံလိုက်ရသည်။

တာအိုအတတ် ဝိညာဉ်ဖမ်းစားအတတ်

ဗဟိန်းယူ သည် မိမိ၏ အတတ်များ အဖျက်ခံလိုက်ရသဖြင့် ထိတ်လန့်နေစဉ်မှာပင်၊ ယခုအခါ မိမိ၏ ကျင့်စဉ်များပါ ထုတ်ဖော်၍ မရတော့သည်ကို သိလိုက်ရသည်။

သူမ အံ့ဩသွားသည်မှာ တစ်ဖက်လူက သူမဝင်လာကတည်းက သူမ၏ ပုံရိပ်စစ်ကို သိမြင်နေပြီး ချက်ချင်းပင် ဖမ်းဆီးနိုင်ခြင်းပင်။

လီယန်ချူက အသာအယာ ပြုံးလိုက်ရင်း

"ဒီ ဝိညာဉ်မျက်စိအတတ် က တကယ်ကို မဆိုးဘူး၊ ထိရောက်မှုရှိသားပဲ "

ဟု စိတ်ထဲမှ ရေရွတ်လိုက်သည်။

ဗဟိန်းယူ ဝင်လာကတည်းက သူသည် ဝိညာဉ်မျက်စိအတတ်ကို သုံးထားသဖြင့် တစ်ဖက်လူ၏ ကိုယ်ယောင်ဖျောက်အတတ်ကို ချက်ချင်းပင် ထွင်းဖောက်မြင်ခဲ့ခြင်း ဖြစ်သည်။

"တာအိုရောင်ရင်း... ဒါက နားလည်မှုလွဲတာပါ၊ အားလုံးက နားလည်မှုလွဲတာပါ "

ဗဟိန်းယူ ပြာယာခတ်သွားပြီ။

သူမမှာ ဝိညာဉ်ခွဲတစ်ခုသာ မဟုတ်ပါလား သူမသည် ဝိညာဉ်စွမ်းအားများကို စုစည်းပြီး ထိုကြောက်မက်ဖွယ်ကောင်းသော ချုပ်နှောင်မှုကို ဖျက်ဆီးရန် ကြိုးစားသော်လည်း၊ ဤလူငယ်တာအိုဆရာက ထိုမျှအထိ အစွမ်းထက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

လီယန်ချူ၏ ခန္ဓာကိုယ်အတွင်းရှိ ထူထပ်လှသော ဝိညာဉ်စွမ်းအားများ ပေါင်းစပ်ထားသည့် ဝိညာဉ်ဖမ်းစားအတတ်ကြောင့် ဗဟိန်းယူ ၏ မျက်လုံးများမှာ ဝေဝါးလာတော့သည်။

စောစောကပင် လီယန်ချူ၏ တိုက်ခိုက်မှုကြောင့် သူမ၏ ဝိညာဉ်မှာ ဒဏ်ရာရခဲ့ပြီးဖြစ်ရာ ယခုအခါ ပို၍ ခုခံရန် ခက်ခဲသွားပြီ ဖြစ်သည်။

လီယန်ချူသည် အပိုစကားမပြောဘဲ သူ၏ ရင်ခွင်ထဲမှ ရှစ်ခွင်မှန်ကို ထုတ်ယူကာ ညာလက်ဖြင့် မြှောက်လိုက်၏။

ရှဲ

နတ်ဘုရားအလင်းတန်း တစ်ချက် ထွက်ပေါ်လာပြီး၊ တောက်ပလှသော ထိုအလင်းမှာ ဗဟိန်းယူ ၏ ဝိညာဉ်ကို တိုက်ရိုက်ပင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေတော့သည်။

သူမကို ပြန်လည်တုံ့ပြန်ရန် အခွင့်အရေးပင် မပေးခဲ့ပေ။

"ဒါက နောက်ထပ် ဝိညာဉ်ခွဲတစ်ခုလား "

လီယန်ချူ အနည်းငယ် အံ့ဩသွားသည်။

တာအိုဂိုဏ်း၏ ဝိညာဉ်ခွဲထုတ်ခြင်း အတတ်မှာ အလွန်ဆန်းကြယ်ပြီး ကျင့်ကြံရန် ခက်ခဲလှသည်။

သူကိုယ်တိုင်ပင်လျှင် ယခုအထိ ထိုအတတ်ကို မတတ်မြောက်သေးပေ။

ထို့ကြောင့် ပိုင်ယုအပေါ် အနည်းငယ် သတိထားမိသွားသည်။

ဝိညာဉ်အတတ်ကို ကျွမ်းကျင်သော ထိုမြွေဖြူသည် လူယောင်ဖန်ဆင်းပြီး လူတွေကို လှည့်ဖြားရာတွင် အလွန်ပင် ကျွမ်းကျင်လှသည်။

သူမ၏ မွေးရာပါ ဆွဲဆောင်မှုမှာ လူတွေကို လွယ်လွယ်ကူကူ ထောင်ချောက်ထဲ ရောက်စေနိုင်သည် မဟုတ်ပါလား။

မနေ့ညကတည်းက ယခုအထိ ကျင့်ကြံသူ သုံးဦးမှာ သူမ ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရပြီး သူမ၏ အသက်ဓာတ်မှာလည်း ပြန်လည် နိုးထလာနေပြီ ဖြစ်သည်။

သို့သော်လည်း ယခုအခါ လီယန်ချူက အားလုံးကို အကြမ်းပုတီး ဖြတ်တောက်လိုက်လေပြီ။

စုယော့ယွင်သည် ထိုအစိမ်းရောင်ဝတ် မိန်းကလေး၏ အလောင်းမှာ ကြောက်မက်ဖွယ်ကောင်းသော မြွေဖြူကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်ကို မြင်သောအခါ အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။

လီယန်ချူသည် မြွေဖြူအလောင်းကို သိမ်းဆည်းလိုက်ပြီးနောက် ဆက်လက်ကျင့်ကြံနေခဲ့သည်။

နှစ်နာရီခန့် ကြာပြီးနောက်...

ကောင်းကင်နှင့် မြေကြီးကြားရှိ ဝိညာဉ်စွမ်းအားများမှာ ရုတ်တရက် ထူထပ်လာပြီး မိုးရေစက်များ တဖွဲဖွဲ ကျဆင်းလာတော့သည်။

၎င်းမှာ ချင်းယွဲ့ထန် နတ်ဘုရားနယ်မြေအတွင်းရှိ ကျင့်ကြံသူတိုင်းကို စိတ်ရွှင်လန်းသွားစေသည်။

ရှေးဟောင်းမြို့တော်၏ အလယ်ဗဟိုရှိ ကြီးမားသော တာအိုဆရာ ကျောက်ရုပ်ကြီးမှ ရောင်စုံအလင်းတန်းများ ဖြာထွက်လာ၏ ချင်းယွဲ့ထန်အတွင်းရှိ ကျင့်ကြံသူတိုင်းမှာ ထိုကြီးမားလှသော နတ်ဘုရားအရှိန်အဝါကို ခံစားလိုက်ရသည်။

နားထဲတွင်လည်း လေထု၏ စီးဆင်းသံမှာ ပို၍ မြန်ဆန်လာသလိုပင်။

ထိုကျောက်ရုပ်ကြီးသည် မျက်လုံးများကို ဖွင့်လိုက်ကာ ရှေးဟောင်းမြို့တော်ကြီးကို ငုံ့ကြည့်လိုက်သည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် နတ်ဘုရားတစ်ပါး၏ တိုးတိုးလေး ပြောဆိုနေသံများ ပျံ့လွင့်လာသည်။

"နတ်ဘုရားအမွေအနှစ် ပေါ်ထွန်းလာပြီ "

"ဒုတိယမြောက်နေ့မှာတင် ချင်းယွဲ့ထန် နတ်ဘုရားနယ်မြေထဲ ဝင်ဝင်ချင်း ဒီလို အခွင့်အရေးကြီးနဲ့ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး "

လူတိုင်းမှာ အံ့အားသင့်နေကြသည်။

ဤသည်မှာ ဒဏ္ဍာရီလာ နတ်ဘုရားကျောင်းတော် မဟုတ်ပါလား ဝင်လာပြီး မကြာခင်မှာတင် အမွေအနှစ် ပေါ်လာသည်တဲ့လား

ကောင်းကင်ယံတွင် ခမ်းနားထည်ဝါသော ကျမ်းစာတစ်စောင် ပေါ်ထွက်လာပြီး၊ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအားများမှာလည်း အဆက်မပြတ် စုစည်းလာတော့သည်။

တိတ်ဆိတ်သော အခန်းတစ်ခုအတွင်း။

တန်းရန်ကျီသည် အသာအယာ ပြုံးလိုက်၏။

သူသည် လက်ဖြင့် ကျင့်စဉ်ဂါထာကို ဖော်ဆောင်ကာ အသက်ရှူနှုန်းကို ထိန်းညှိလိုက်သည်။

သူ၏ ပတ်ဝန်းကျင်တွင် မှိန်ပျပျ အနီရောင်အလင်းတန်းတစ်ခု ဖုံးလွှမ်းနေပြီး စိတ်လှုပ်ရှားနေ၏။

ကျမ်းစာတစ်စောင်မှာ သူ၏ရှေ့တွင် ပေါ်ထွန်းလာသည်။

အလင်းတန်းတစ်ခုမှာ တန်းရန်ကျီ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး၊ ကောင်းကင်နှင့် မြေကြီးကြားတွင် တာအိုဆရာတစ်ပါး၏ ရွတ်ဆိုသံများ ပဲ့တင်ထပ်လာသည်။

သူ မျက်လုံးများကို ဖွင့်လိုက်သောအခါ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။

"ဒီတစ်ကြိမ်မှာတော့ ချင်းယွဲ့ထန်က အမွေအနှစ် အမှန်တကယ် ပေးအပ်တော့မှာပဲ။ အရင်မျိုးဆက်တွေတောင် ဒီလို အခွင့်အရေးမျိုး မရခဲ့ကြဘူး "

"ငါသာ ဒီကျမ်းစာကို ကူးယူ အောင်မြင်ပြီး ချင်းယွဲ့ထန်ရဲ့ နတ်ဘုရားအမွေအနှစ်ကို ရရှိသွားရင်၊ နောင်တစ်ချိန်မှာ မော်ရှန်းတောင်ရဲ့ ဂိုဏ်းချုပ်နေရာကို ရမှာ သေချာပြီ "

"အဲဒီအချိန်ကျရင် အတားအဆီးတွေကို ဖောက်ထွက်ပြီး ယန်ဝိညာဉ် ကို ဖွဲ့စည်းပြီး ကောင်းကင်နဲ့ မြေကြီးကြားမှာ လွတ်လပ်စွာ ကျင်လည်နိုင်တော့မယ် "

တန်းရန်ကျီ၏ စိတ်အစဉ်မှာ လှုပ်ရှားနေသည်။

ဟော့တယ်ကျုံးဂိုဏ်းမှ ယဲ့ဟုန်ယွမ်ကို သူ ဖယ်ရှားခဲ့ပြီးပြီ မုယုံလုံချန်းနှင့် ချန်ထျန်းယွမ်တို့မှာလည်း တာအိုဂိုဏ်းဝင်များ မဟုတ်ကြပေ။

ထို့ကြောင့် ဤအခွင့်အရေးမှာ သူ့ထံသို့ ရောက်လာရန် အလားအလာ အရှိဆုံးပင် ဖြစ်သည်။

သူသည် စိတ်ကို တည်ငြိမ်စေကာ ထိုကျမ်းစာကို စတင်ကူးယူ ကျင့်ကြံနေတော့သည်။

သူ၏ မျက်ဝန်းထဲတွင် ရည်မှန်းချက်ကြီးမားမှုများ အရိပ်ထင်နေ၏။

ရှေးဟောင်းမြို့တော်၏ လူသူမနီးသော လမ်းကြားလေးတစ်ခုအတွင်း။

စုယော့ယွင်သည် တင်ပလ္လင်ခွေ ထိုင်နေ၏။

မင်ရည်ကဲ့သို့ နက်မှောင်သော ဆံနွယ်ရှည်များမှာ ပခုံးနှစ်ဖက်ပေါ်တွင် သဘာဝအတိုင်း ဝဲကျနေသည်။

သူမ၏ နုနယ်လှသော မျက်နှာထက်တွင် ဝိုင်းစက်သော မျက်ဝန်းအစုံရှိပြီး၊ ယခုအခါ သူမသည် ကိုယ်ကို မတ်မတ်ထားထားသဖြင့် သူမ၏ အချိုးအစားကျလှသော ခန္ဓာကိုယ်အလှမှာ ပို၍ပင် ပေါ်လွင်နေသည်။

စောစောက သူမသည် လီယန်ချူ ပေးထားသော ကျန်းထင်ရှန်းမှ စပျစ်သီး များကို စားထားသဖြင့်၊ သူမ၏ တစ်ကိုယ်လုံးရှိ သွေးကြောများနှင့် စွမ်းအင်များမှာ အကုန်လုံး ပြန်လည်ကောင်းမွန်လာလေပြီ ကလီစာများမှ ကျိန်စာစွမ်းအားကို အတင်းအဓမ္မ ဖယ်ရှားစဉ်က ခံစားခဲ့ရသော ဒဏ်ရာများမှာလည်း တစ်ခါတည်း ပျောက်ကွယ်သွားသဖြင့် သူမ အတော်လေး အံ့ဩသွားရသည်။

"ဒါဟာ တကယ်ကို ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာပဲ "

သူမသည် လီယန်ချူကို အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက်၊ လေးစားအားကျသော အကြည့်များဖြင့် စိုက်ကြည့်နေမိသည်။

ထိုအချိန်တွင် လီယန်ချူသည် ခုတင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်ကာ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအားများကို အာရုံခံစားပြီး ကျင့်ကြံနေ၏။

ဤနေရာတွင် ဝိညာဉ်စွမ်းအားများမှာ အလွန်ထူထပ်လှသဖြင့်၊ ထိုအခွင့်အရေးကို အသုံးချကာ 'နဂါးကျား ရွှေအမြုတေ ဝှက်ကျင့်စဉ် ကို ကျင့်ကြံရန် အကောင်းဆုံးပင်။

သူသည် သူ၏ စွမ်းအင်လှည့်ပတ်မှု ကို ပိုမိုကျယ်ပြန့်အောင် ပြုလုပ်နေပြီး၊ သန့်စင်လှသော ဝိညာဉ်စွမ်းအားများကို သူ၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း စုပ်ယူနေတော့သည်။

All Chapters