← Chapters

အခန်း (၃၂၇-၃၂၈)

Vol. 33 Ch. 327-328

အခန်း (၃၂၇-၃၂၈)

Vol. 33 Ch. 327-328

အခန်း (၃၂၇) - မီးနတ်ဘုရားဂါထာတော် ၊ နတ်ဘုရားအခွင့်အရေး ၊ တောင်ပိုင်းမီးလျှံဓားနှင့် အများကဝိုင်းတိုက်မည့် ပစ်မှတ်

ချင်းယွဲ့ထန် နတ်ဘုရားနယ်မြေအတွင်းရှိ ကောင်းကင်နှင့် မြေကြီးဝိညာဉ်စွမ်းအားများကို လီယန်ချူက စုပ်ယူနေသည်။

သူသည် ဟွမ်ထင်တာအိုကျမ်း ၏ အသက်ရှူထုတ်လေသွင်း ကျင့်စဉ်အတိုင်း စနစ်တကျ ကျင့်ကြံနေခြင်း ဖြစ်သည်။

ဝိညာဉ်စွမ်းအားများမှာ ခန္ဓာကိုယ်အတွင်း တစ်ပတ်ပတ်ပြီးနောက် စွမ်းအင်ပင်လယ် ဖြစ်သော ဒန်ထျန်း အတွင်းသို့ စီးဝင်သွားကြသည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ နဂါးကျား ရွှေအမြုတေမှာလည်း တဖြည်းဖြည်းနှင့် ပိုမိုသိပ်သည်းလာနေ၏။

စုယော့ယွင်ကတော့ ဘေးနားတွင် ထိုင်ကာ လီယန်ချူကို ငေးကြည့်နေပြီး သူမ၏ မျက်ဝန်းထဲတွင် အပြုံးရိပ်များ ယှက်သန်းနေသည်။

မိမိဘေးနားမှာတင် စိတ်ချလက်ချနှင့် အာရုံစူးစိုက် ကျင့်ကြံနေသည့် လီယန်ချူ၏ ယုံကြည်မှုကို စုယော့ယွင် အတော်လေး သဘောကျနေမိသည်။

ချိုသာသော စကားလုံးများကို သူမ အများကြီး ကြားဖူးခဲ့ပါသည်။

ထင်ရှားသော မိသားစုများမှ သားပျိုများနှင့် ပါရမီရှင် လူငယ်များစွာမှာ သူမကို အမြဲဝိုင်းဝိုင်းလည်နေခဲ့ကြသော်လည်း စုယော့ယွင်က တစ်ခါမျှ စိတ်မဝင်စားခဲ့ပေ။

လီယန်ချူကမူ သူမကို အနားမှာထားပြီး ဘာကိုမျှ မစိုးရိမ်ဘဲ ကျင့်ကြံနေခြင်းမှာ သူ၏ သူရဲကောင်းဆန်သော စိတ်ဓာတ်ကို ပေါ်လွင်စေသဖြင့် စုယော့ယွင် မျက်နှာတွင် အပြုံးများ မဖုံးနိုင်အောင် ဖြစ်နေရသည်။

သူမသည် အင်အားများ ပြန်လည်ပြည့်ဝလာပြီးနောက် ဆက်လက်မကျင့်ကြံတော့ဘဲ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေတော့သည်။

သူမသည် မိမိကိုယ်မိမိ လီယန်ချူအတွက် အစောင့်အရှောက် အဖြစ် ခံယူလိုက်ခြင်းပင်။

သို့သော်လည်း လီယန်ချူ၏ ရင်ခွင်ထဲတွင် ငါးကြိမ်အဆင့်မြှင့်တင်ထားသော မိုးကြိုးငါးပါး အဆောင် ပါရှိနေပြီး၊ နတ်ဘုရားသစ်သားပြားကိုလည်း ထုတ်ထားသည်ကို သူမသိလျှင်တော့ ဤသို့တွေးမိလိမ့်မည် မဟုတ်ပေ။

အန္တရာယ်နှင့် ကြုံလာပါက ပါးရှ၊ ချောင်ဖုန်း၊ ယာကျီ၊ နီသွန်း ဟူသော သတ္တဝါဆိုးကြီး လေးကောင်မှာ ချက်ချင်း ထွက်ပေါ်လာပြီး ရန်သူကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်ပေလိမ့်မည်။

လီယန်ချူ၏ စိတ်အစဉ်မှာ လုံးဝ တည်ငြိမ်အေးချမ်းနေသည်။

စိတ်အာရုံမှာလည်း ကြည်လင်နေ၏။

သူ၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်နှစ်ခုစလုံးမှာ ဖြည်းဖြည်းချင်း အားကောင်းလာနေသဖြင့် သူ အလွန်ပင် စိတ်ကျေနပ်မှုကို ခံစားနေရသည်။

ပြင်ပကမ္ဘာရှိ လှုပ်ရှားမှုများကိုမူ သူ ဘာမျှမသိရှိတော့ပေ။

ရုတ်တရက်

သူ၏ ဦးနှောက်ထဲတွင် ကျမ်းစာတစ်စောင် ပေါ်လာတော့သည်။

တစ်ချိန်တည်းမှာပင် မြို့ကို ငုံ့ကြည့်နေသော ကြီးမားလှသည့် တာအိုဆရာ ကျောက်ရုပ်ကြီးကိုလည်း မြင်လိုက်ရသည်။

"အမွေအနှစ်လား "

သူ၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။

ထိုအခွင့်အရေးကို သူ ချက်ချင်းပင် ဆုပ်ကိုင်လိုက်ကာ ထိုကျမ်းစာကို စတင်ကူးယူ ကျင့်ကြံတော့သည်။

စာလုံးတစ်လုံးချင်းစီမှာ ပိုမိုထင်ရှားလာပြီး အသက်ဝင်လာကြသည်။

သိပ်မကြာခင်မှာပင် ပြည့်စုံသော ကျမ်းစာတစ်စောင်လုံးကို လီယန်ချူ ကူးယူပြီးသွားတော့သည်။

မည်သည့် အားထုတ်မှုမျှ မလိုဘဲ အလိုအလျောက် ဖြစ်သွားခြင်းပင်။

ထိုအချက်က လီယန်ချူကိုပင် အံ့ဩသွားစေသည်။

"ဒီလောက်တောင် လွယ်တာလား "

"ဒါက အလကား ပေးနေတာနဲ့ တူနေပြီ"

ထိုလျှို့ဝှက်ဆန်းကြယ်သော ကျမ်းစာကို ကူးယူပြီးသွားသောအခါမှ ထိုကျမ်းစာ၏ အမည်ကို သူ မြင်လိုက်ရသည်။

"မီးနတ်ဘုရားဂါထာတော် "

သူ အနည်းငယ် အံ့အားသင့်သွားသည်။

တစ်ချိန်တည်းမှာပင် သူ၏ နဖူးထက်မှ သန့်စင်သော ယန်မီးလျှံ နတ်ဘုရားအရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် အနီရောင်အလင်းတန်းများ တောက်ပလာပြီး တစ်ခန်းလုံးကို ဖုံးလွှမ်းသွားတော့သည်။

ကြီးမားလှသော တာအိုဆရာ ကျောက်ရုပ်ကြီးဆီမှ အနီရောင် နတ်ဘုရားအလင်းတန်းတစ်ခု ပျံထွက်လာပြီး လီယန်ချူ၏ ကိုယ်ပေါ်သို့ ကျရောက်လာ၏ လီယန်ချူ၏ စိတ်အစဉ်မှာ ထိုဆန်းကြယ်သော အခြေအနေထဲတွင် နစ်မြုပ်နေဆဲဖြစ်ရာ သူ နိုးမလာသေးပေ။

သူသည် ကျောက်ရုပ်ကြီး၏ ရှေ့တွင် ရောက်နေသကဲ့သို့ ခံစားနေရသည်။

ထိုကျောက်ရုပ်ကြီးမှာ ရုတ်တရက် အသက်ဝင်လာ၏။

သူသည် အရှိန်အဝါကြီးမားပြီး ဆံပင်နှင့် မုတ်ဆိတ်ဖြူဖွေးနေသော အဖိုးအို တာအိုဆရာတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

ကောင်းကင်နှင့် မြေကြီးကို ထောက်မထားသကဲ့သို့ပင် ထိုတာအိုအဖိုးအို၏ မျက်ဝန်းထဲတွင် မီးလျှံများ ပေါ်လာပြီးနောက် လီယန်ချူကို ကြည့်ကာ နူးညံ့စွာ ပြုံးလိုက်သည်။

"လူငယ်လေး... မင်းနဲ့ ငါနဲ့က ရေစက်ရှိတယ်၊ ဒီနေ့မှာတော့ မင်းကို မီးနတ်ဘုရားဂါထာတော် ကို အမွေပေးတဲ့အပြင် တောင်ပိုင်းမီးလျှံဓား တစ်လက်ကိုပါ လက်ဆောင်ပေးမယ် "

"မင်း အမြန်ဆုံး နားလည်သဘောပေါက်ပြီး နတ်ဘုရားလမ်းစဉ်ရဲ့ ထိပ်ဆုံးကို ရောက်အောင်သွားပြီး နတ်ဘုရားတံခါးကို ပြန်ဖွင့်နိုင်ပါစေလို့ ငါ မျှော်လင့်ပါတယ် "

ထိုနတ်ဘုရား၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်နှင့် အားပေးမှုများ ပြည့်နှက်နေသည်။

ထိုစကားကို ပြောပြီးနောက် တာအိုအဖိုးအို၏ ပုံရိပ်မှာ ဝေဝါးလာပြီး လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

နတ်ဘုရားအဖြစ် တက်လှမ်းသွားသလား သို့မဟုတ် အရာအားလုံး ပျောက်ကွယ်သွားသလားဆိုသည်မှာ ခွဲခြား၍ မရပေ။

လီယန်ချူ၏ စိတ်အာရုံ ပြန်လည်ရောက်ရှိလာသည်။

သူ၏ ဦးနှောက်ထဲတွင် ပြည့်စုံသော မီးနတ်ဘုရားဂါထာတော် ပေါ်နေပြီး ဆန်းကြယ်သော စွမ်းအင်များ အစဉ်အမြဲ လှုပ်ရှားနေသည်။

တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ဝိညာဉ်စွမ်းအင် ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။

ရှေးဟောင်းမြို့တော်အတွင်းရှိ ဝိညာဉ်စွမ်းအားအားလုံးမှာ လီယန်ချူဆီသို့ ဝေလငါးကြီး ရေစုပ်ယူသကဲ့သို့ တိုးဝင်လာကြသည်။

ဤကဲ့သို့ ကောင်းကင်နှင့် မြေကြီး၏ ထူးခြားသော နိမိတ်များကြောင့် ဘေးတွင်စောင့်နေသော စုယော့ယွင်မှာ အံ့ဩတုန်လှုပ်သွားရသည်။

"ဒါ... ဒါက နတ်ဘုရားအမွေအနှစ်ပဲ "

"ယောကျာ်းက နတ်ဘုရားဝင်စားတာလား၊ ဘာလို့ ဒီလောက်လွယ်လွယ်နဲ့ အမွေအနှစ်ကို ရသွားရတာလဲ"

စုယော့ယွင်သည် သူမ၏ ဝိုင်းစက်သော မျက်ဝန်းများဖြင့် အံ့ဩတအံ့ ကြည့်နေမိသည်။

ယခုအချိန်တွင် လီယန်ချူမှာ နတ်ဘုရားအရှိန်အဝါများ ဖုံးလွှမ်းနေပြီး ဝတ်စုံစစမှာလည်း လေထဲတွင် လွင့်ပျံနေ၏။

လူ့ပြည်သို့ ဆင်းသက်လာသော နတ်သားတစ်ပါးအလား အရှိန်အဝါမှာ ပြိုင်စံရှားလှသည်။

စုယော့ယွင်၏ လှပသော မျက်ဝန်းထဲတွင် ထူးခြားသော အရိပ်အယောင်များ အဆက်မပြတ် ဖြတ်ပြေးနေပြီး လေးစားအားကျမှုများ ပြည့်နှက်နေသည်။

မျက်စိမကန်းသူဆိုလျှင် ဤလှပလှသော မြောက်ပိုင်းနယ်စားမင်း၏ သမီးတော်လေးမှာ လီယန်ချူအပေါ်တွင် လုံးဝ နစ်မွန်းသွားပြီဖြစ်ကြောင်း သိနိုင်ပေသည်။

ရှေးဟောင်းမြို့တော်၏ လမ်းကြားတစ်ခုအတွင်း

တန်းရန်ကျီသည် သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည် သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

စောစောက သူသည် ထိုကျမ်းစာကို ကူးယူရန် နောက်ဆုံးတစ်လှမ်းသာ လိုတော့သော်လည်း၊ ရုတ်တရက် ထိုကျမ်းစာမှာ ပျောက်ကွယ်သွားခဲ့သည်။

အားလုံးမှာ အချည်းနှီး ဖြစ်သွားခဲ့ရပြီ အရင်က ကူးယူထားသမျှ အပိုင်းအစများမှာလည်း လုံးဝ ပျောက်ကွယ်သွားပြီး တန်းရန်ကျီ၏ စိတ်ထဲတွင် ဘာမျှမကျန်ဘဲ ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။

"ဘယ်သူလဲ "

"ငါ့ရဲ့ အခွင့်အရေးကို ဘယ်သူက လုယူသွားတာလဲ"

တန်းရန်ကျီမှာ အလွန်အမင်း ဒေါသထွက်သွားကာ သူ၏ ပြင်းထန်သော အရှိန်အဝါကြောင့် ပတ်ဝန်းကျင်ရှိ အိမ်များမှာ ချက်ချင်းပင် ပြိုကျကုန်သည်။

သူတစ်ဦးတည်း မဟုတ်ပေ၊ ထိုလျှို့ဝှက်ကျမ်းစာကို ကူးယူနေကြသော လူအားလုံး၏ စိတ်ထဲမှ ကျမ်းစာများမှာ ပျောက်ကွယ်သွားခဲ့သည်။

မည်မျှပင် ပြန်စဉ်းစားစေကာမူ ဘာမျှမမှတ်မိတော့ဘဲ တစ်ခါမျှ မမြင်ဖူးသကဲ့သို့ ဖြစ်သွားကြသည်။

ဤသည်မှာ နတ်ဘုရားအမွေအနှစ်၏ ထူးခြားချက်ပင် ဖြစ်သည်။

ကျင့်ကြံသူ အများအပြားမှာ နှလုံးသားများ နာကျင်လွန်းသဖြင့် ရင်ဘတ်ကို ထုကာ ငိုကြွေးနေကြတော့သည်။

ထိုသူများနှင့် နှိုင်းယှဉ်လျှင် တန်းရန်ကျီမှာ တကယ်ပင် နောက်ဆုံးတစ်လှမ်းသာ လိုတော့ခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ သူသည် အချိန်ကုန်ခံ စိတ်ပင်ပန်းခံပြီးမှ နောက်ဆုံး အရေးကြီးဆုံး အချိန်တွင် တစ်စုံတစ်ယောက်၏ "ခုတ်ရာ တံငါနား" အလုပ်ခံလိုက်ရခြင်းပင်။

မည်သူဖြစ်ဖြစ် ဤသည်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သူ၏ ဒေါသမှာ ပေါက်ကွဲထွက်သွားတော့သည်။

"ဘယ်သူလဲ ထွက်ခဲ့စမ်း "

တန်းရန်ကျီမှာ အလွန်အမင်း ဝမ်းနည်းဒေါသဖြစ်သွားပြီး ချက်ချင်းပင် ကြိုးကြာဖြူကြီးပေါ်သို့ တက်လိုက်သည်။

ကြိုးကြာဖြူသည် သခင်၏ စိတ်ကို သိရှိသဖြင့် ချက်ချင်းပင် အော်ဟစ်ကာ ကောင်းကင်သို့ ပျံတက်သွားတော့သည်။

သူသည် မြို့တော်တစ်ခုလုံးကို အပေါ်စီးမှ ကြည့်ရှုကာ လိပ်ပြာဖြူ၏ နတ်ဘုရားမျက်စိဖြင့် သူ၏ အခွင့်အရေးကို လုယူသွားသူကို ရှာဖွေတော့မည် ဖြစ်သည်။

သူ ပို၍ မြင့်မြင့်ပျံတက်လေလေ၊ တန်းရန်ကျီ၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို ခံစားလာရလေဖြစ်သည်။

သူသည် ခေါင်းကို ရုတ်တရက် မော့ကြည့်လိုက်၏

ထိုကြီးမားသော တာအိုဆရာ ကျောက်ရုပ်ကြီး၏ အပေါ်တွင် ရှေးဟောင်းဓားတစ်လက် ပေါ်ထွက်နေသည်။

၎င်းမှာ ပြင်းထန်သော ယန်မီးလျှံ နတ်ဘုရားအရှိန်အဝါများကို ထုတ်လွှတ်နေသည် ထိုဓားမှာ တုန်ခါနေပြီး ကောင်းကင်သို့ ပျံတက်ရန် ကြိုးစားနေသည်။

တန်းရန်ကျီ၏ မျက်လုံးများ လင်းခနဲ ဖြစ်သွားသည်။

ထိုဓားအတွင်း၌ ပါရှိသော ကြီးမားလှသည့် အရှိန်အဝါကို သူ ရှင်းရှင်းလင်းလင်း ခံစားမိသည်။

သူသည် ကြိုးကြာဖြူကို ထိုဓားဆီသို့ ပျံသန်းစေလိုက်ပြီး လက်ဖြင့် ကျင့်စဉ်ဂါထာကို ဖော်ဆောင်လိုက်ရာ သူ၏ ပတ်ဝန်းကျင်တွင် သန့်စင်သော စွမ်းအင်များ ပေါ်လာသည်။

"နှိမ်နင်းစမ်း "

တန်းရန်ကျီသည် တာအိုအတတ်တစ်ခုဖြင့် တိုက်ခိုက်လိုက်ရာ ပေါ်ထွန်းစ ထိုရှေးဟောင်းဓားမှာ မမြင်နိုင်သော စွမ်းအားတစ်ခုဖြင့် ချုပ်နှောင်ခြင်း ခံလိုက်ရသည်။

သူ၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။

သူသည် ရှေ့သို့တိုးကာ ထိုဓားကို ဆုပ်ကိုင်လိုက်သည်။

ဓားပေါ်တွင် ရှေးဟောင်းစာလုံး ရှစ်လုံးကို ထွင်းထုထားသည်

"နတ်ဘုရားရတနာ သုံးမျိုး၊ တောင်ပိုင်းမီးလျှံ အလိုအလျောက် ပွင့်စေ "

"တောင်ပိုင်းမီးလျှံဓား "

တန်းရန်ကျီ အလွန်အမင်း ဝမ်းသာသွားပြီး ပြုံးပျော်သွားတော့သည်။

ဤသည်မှာ တာအိုကျမ်းများတွင် မှတ်တမ်းတင်ထားသော မိစ္ဆာနှိမ်နင်းသည့် ရတနာ မဟုတ်ပါလား အနောက်ပိုင်း ရွှေစစ်နှင့် တောင်ပိုင်း မီးလျှံအဆီအနှစ်တို့ကို ပေါင်းစပ်ပြီး သွန်းလုပ်ထားခြင်း ဖြစ်သည်။

သူသည် ထိုဓားကို ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ပိုက်ထားလိုက်ရာ ဆန်းကြယ်သော မီးလျှံများက သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို သန့်စင်ပေးသွားသည်ကို ခံစားလိုက်ရသည်။

ဤနတ်ဘုရားဓားသည် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများကို သန့်စင်ပေးနိုင်သည် မဟုတ်ပါလား

တန်းရန်ကျီမှာ အလွန်ဝမ်းသာနေရုံသာမက ဤဓားထဲတွင် ကြီးမားလှသော စွမ်းအားတစ်ခု ချိတ်ပိတ်ထားသည်ကိုလည်း ခံစားမိသဖြင့် စိတ်လှုပ်ရှားနေရသည်။

သို့သော်လည်း နှမြောစရာကောင်းသည်မှာ ဓားပေါ်တွင် အစွမ်းထက်ပြီး ဆန်းကြယ်သော တားမြစ်ချက် တစ်ခု ရှိနေသဖြင့် ထိုဓားကို သူ၏ ကိုယ်ပိုင်ဖြစ်အောင် ကျင့်ကြံရန် အချိန်နှင့် အင်အား အများကြီး သုံးရပေလိမ့်မည်။

ယူဆောင်သွားချင်လျှင်ပင် အတော်လေး ကြိုးစားရဦးမည် ဖြစ်သည်။

တန်းရန်ကျီက ပြုံးလိုက်ကာ

"ဒီဓား ငါ့လက်ထဲမှာ ရှိနေသရွေ့ မော်ရှန်းတောင်ရဲ့ ဂိုဏ်းချုပ်နေရာဟာ တစ်နေ့ကျရင် ငါ့လက်ခုပ်ထဲက ရေပဲ "

"နောင်တစ်ချိန်မှာ ဒီဓားကို ငါ့ရဲ့ ကိုယ်ပိုင်ဖြစ်အောင် လုပ်နိုင်ရင် ယန်ဝိညာဉ်အဆင့်ကို ရောက်ဖို့ဆိုတာ မခက်ခဲတော့ဘူး "

သူ၏ အပြုံးမှာ ပို၍ ရဲတင်းလာသည်။

နှစ်ပေါင်းများစွာ ကြိုးစားကျင့်ကြံခဲ့ပြီး လောကနှင့် မပတ်သက်သကဲ့သို့ နေထိုင်ခဲ့သော ဤလူငယ်တာအိုဆရာမှာ အမှန်တကယ်တော့ ရည်မှန်းချက် အလွန်ကြီးမားသူ ဖြစ်သည်။

အာဏာနှင့် နတ်ဘုရားအခွင့်အရေး နှစ်ခုလုံးကို သူ လိုချင်နေခြင်းပင်။

ရှေးဟောင်းလမ်းကြားကြီးအတွင်း

နေရာတိုင်းမှ ခြေသံများနှင့် အဝတ်အစားများ လေထဲတွင် လွင့်ပျံသံများ ထွက်ပေါ်နေသည်။

ပါရမီရှင်များ၊ ဓားသမားများ၊ ဘုန်းကြီးများ၊ တာအိုဆရာများနှင့် ဂိုဏ်းပေါင်းစုံမှ လူအားလုံးမှာ လီယန်ချူတို့ ရှိရာ လမ်းကြားအတွင်းသို့ စုပြုံတိုးဝင်လာကြတော့သည်။

အခန်း (၃၂၈) - မိစ္ဆာလမ်းစဉ် သံခေါင်းတုတ်တို ၊ အလောင်းထမ်းသမား ၊ လက်သီးတစ်ချက် ၊ ဝိုင်းဝန်းလုပ်ကြံခြင်း

"ဒီနေရာမှာ ဒီလောက်ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအင် ဝဲဂယက်ဖြစ်ပေါ်နေတာ... တစ်ယောက်ယောက်တော့ နတ်ဘုရားအမွေအနှစ်ကို ရသွားပြီဆိုတာ သေချာတယ်"

"ဒီလောက်အထိ ကြီးမားတဲ့ အခွင့်အရေးမျိုးကိုတော့ အလွတ်ပေးလို့ မဖြစ်ဘူး"

အရိပ်အယောင်များစွာမှာ နေရာအနှံ့မှ ပျံဝဲထွက်ပေါ်လာကြသည်။

ချင်းယွဲ့ထန် နတ်ဘုရားနယ်မြေ၏ လျှို့ဝှက်ချက်ကို လူတိုင်းမသိကြသလို၊ ဤနတ်ဘုရားရေစက်မှာ တောင်ပိုင်း မီးနတ်ဘုရား နှင့် သက်ဆိုင်သည်ကိုလည်း အားလုံးက မသိကြပေ။

သို့သော်လည်း စောစောက လီယန်ချူ ဖြစ်ပေါ်စေခဲ့သည့် ကောင်းကင်နှင့် မြေကြီး၏ ထူးခြားသော နိမိတ်လက္ခဏာမှာ အလွန်ပင် သိသာထင်ရှားလွန်းလှသဖြင့် လူအများ၏ အာရုံစိုက်မှုကို ခံလိုက်ရခြင်းပင်။

လူတစ်စုမှာ ပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်ရင်း သွေးနံ့ရသည့် မျှော့များကဲ့သို့ ထိုနေရာဆီသို့ အပြေးအလွှား ရောက်ရှိလာကြတော့သည်။

ထွားကျိုင်းသန်မာသော ကိုယ်ထည်နှင့် လူတစ်ဦးမှာ ဟိမဝန္တာမှ ထွက်လာသော သားရဲကြီးတစ်ကောင်ကဲ့သို့ ခြေလှမ်းကျဲကြီးများဖြင့် ပြေးဝင်လာ၏။

သူကား ဟူ လူမျိုးတို့၏ ပါရမီရှင် မုယုံလုံချန်း ပင်

သူ၏ နောက်တွင်တော့ ချန်ထျန်းယွမ် က ကပ်လျက် ပါလာသည်။

သူသည် သိုင်းလောကတွင် နှစ်ပေါင်းတစ်ရာအတွင်း တစ်ခါမျှ မပေါ်ဖူးသော ဓားလမ်းစဉ် ပါရမီရှင်ကြီးဖြစ်သလို၊ မိစ္ဆာနှိမ်နင်းသူ ဓားကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည်။

သူသည်လည်း စောစောက ထိုပြင်းထန်လှသော အရှိန်အဝါကို ခံစားမိလိုက်ခြင်းပင်။

နတ်ဘုရားအမွေအနှစ် ပေါ်ထွန်းလာပြီ သူသည် တာအိုဂိုဏ်းဝင် တစ်ဦးမဟုတ်သော်လည်း ဤအခွင့်အရေးကိုတော့ မရရအောင် လုယူမည်ဟု မိမိကိုယ်မိမိ အပြည့်အဝ ယုံကြည်ထားသည်။

ရုပ်ဆိုးလှသော အလောင်းထမ်းသမား တစ်ဦးသည် သူ၏ ကျောပေါ်တွင် လေးလံလှသော ခေါင်းတလားကြီးတစ်လုံးကို ထမ်းထားသည်။

သူသည် လီယန်ချူတို့ရှိရာ လမ်းကြားနှင့် အနီးဆုံးတွင် ရှိနေသဖြင့် အဦးဆုံး ရောက်ရှိလာသူ ဖြစ်သည်။

အလောင်းထမ်းသမားမှာ တွန့်ဆုတ်မနေဘဲ တံခါးကို ဝုန်းခနဲ တွန်းဖွင့်ဝင်ရန် ပြင်လိုက်၏။

ဤမျှကြီးမားသော ခေါင်းတလားကြီးကို ထမ်းပြီး လျင်မြန်စွာ ပြေးလွှားနိုင်သည်မှာ သူ၏ ခွန်အားမှာ မနည်းလှကြောင်း သိသာလှသည်။

ရုတ်တရက်

အခန်းတံခါးမှာ အသာအယာ ပွင့်ဟလာတော့သည်။

ဓားကဲ့သို့ ထင်ရှားသော မျက်ခုံးအစုံနှင့် တည်ငြိမ်အေးစက်သော မျက်နှာထားရှိသည့် လူငယ်တာအိုဆရာတစ်ဦး ထွက်လာ၏။

သူ၏ တာအိုဝတ်စုံမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံနေပြီး၊ သူ၏ နောက်တွင်တော့ သွယ်လျလှပသော ကိုယ်လုံးကိုယ်ပေါက်နှင့် အလွန်အမင်း ချောမောလှပသည့် အေးစက်စက် အလှဘုရင်မလေး တစ်ဦး ပါလာသည်။

ထိုခဏအတွင်းမှာပင် နောက်ထပ် လူရိပ်အချို့ ထပ်မံရောက်ရှိလာကြပြန်သည်။

၎င်းတို့အနက် သံမဏိမျှော်စင်ကြီးကဲ့သို့ ထွားကျိုင်းသော တုတ်တို တစ်ဦး၏ အရှိန်အဝါမှာ အပြင်းထန်ဆုံးပင်။

သူ၏ တစ်ကိုယ်လုံးမှာ သံမဏိနှင့် သွန်းလုပ်ထားသကဲ့သို့ မှိန်ပျပျ အလင်းတန်းများ ထွက်ပေါ်နေသည်။

အလောင်းထမ်းသမား၏ ကျောပေါ်မှ ခေါင်းတလားမှာ တဂျောက်ဂျောက်နှင့် အသံမြည်လာပြီး ပုပ်စော်နံလှသော အလောင်းစိမ်းနံ့များ ထွက်ပေါ်လာတော့သည်။

"မင်းရထားတဲ့ အခွင့်အရေးကို အခုချက်ချင်း အပ်စမ်း "

အလောင်းထမ်းသမားက အသံသြသြကြီးဖြင့် ပြောလိုက်သည်။

သူ၏ အသံမှာ သံချေးတက်နေသည့် သံချောင်းနှစ်ခုကို ပွတ်တိုက်နေသကဲ့သို့ နားမခံသာအောင် ရှတတနိုင်လှ၏။

"ဟုတ်တယ် "

"နတ်ဘုရားအခွင့်အရေးကို အပ်စမ်း "

"တောက်... ကောင်ချောလေး၊ မြန်မြန်လုပ်စမ်းမဟုတ်ရင် မင်းဘေးက အသားဖြူဖြူ အချောအလှလေးကို ငါတို့ ကိုယ်တော်က အရှင်လတ်လတ် ဝါးစားပစ်မယ် "

လူအများက ဝိုင်းဝန်းအော်ဟစ်ကြတော့သည်။

သို့သော် ထိုဗိုက်ပူပူ တုတ်တိုကြီး၏ စကားကြောင့် ပါရမီရှင် လူငယ်အချို့မှာ မျက်မှောင်ကြုတ်သွားကြသည်။

တစ်ချို့က သူ့ကို မှတ်မိသွားကြသည် သူကား သံတုတ်တို ပင် သူသည် တစ်ကိုယ်လုံးကို ကြေးနီအရေပြားနှင့် သံမဏိအရိုးများဖြစ်အောင် ကျင့်ကြံထားသူ ဖြစ်သည်။

ဓားမတိုး၊ လှံမတိုးရုံသာမက သံတုံးများကို အရှင်လတ်လတ် ဝါးစားပြီး ကြေးနီရည်များကို သောက်သုံးတတ်သော၊ လူသတ်ရာတွင် လက်မနှေးသည့် မိစ္ဆာလမ်းစဉ်မှ နာမည်ကျော် လူဆိုးကြီးတစ်ဦး ဖြစ်သည်။

သူ၏ ကိုယ်မှ ထွက်ပေါ်နေသော ပြင်းထန်လှသော သတ်ဖြတ်လိုစိတ် ကြောင့် ပါရမီရှင် လူငယ်အချို့မှာ မသိမသာ နောက်သို့ တစ်လှမ်းဆုတ်မိသွားကြသည်။

ပုံမှန်ဆိုလျှင် သူတို့သည် သံတုတ်တိုနှင့် ဆန့်ကျင်ဘက် အဖြူနှင့် အမည်း၊ အမှန်နှင့် အမှား လမ်းစဉ်များ ဖြစ်ကြသော်လည်း ယခု ချင်းယွဲ့ထန် နတ်ဘုရားနယ်မြေအတွင်း၌မူ၊ ဂိုဏ်းမှ လူကြီးမိဘများလည်း မရှိကြသဖြင့် မည်သူမျှ ဂရုမစိုက်ကြတော့ပေ။

သူတို့သည် မျက်လုံးများ အေးစက်သွားကာ၊ လူသတ်အစွဲရှိသည့် သံတုတ်တိုနှင့် ပူးပေါင်းပြီးသော်လည်း ထိုလူငယ်တာအိုဆရာထံမှ အမွေအနှစ်ကို အရယူရန် ဆုံးဖြတ်လိုက်ကြသည်။

လူတိုင်းမှာ လက်နက်ကိုယ်စီနှင့် တိုက်ခိုက်ရန် အသင့်ဖြစ်နေကြပြီ။

ရှေးဟောင်းမြို့တော်မှာ အလွန်ကျယ်သဖြင့် အနီးနားရှိ ကျင့်ကြံသူအားလုံးနီးပါး ရောက်ရှိလာကြပြီး အဝေးမှ လူများမှာလည်း ဤနေရာသို့ ဦးတည်လာနေကြသည်။

စုယော့ယွင်မှာတော့ အတော်လေး စိတ်လှုပ်ရှားနေမိသည်။

အဖြူ၊ အမည်း နှစ်ဖက်စလုံးမှ ကျွမ်းကျင်သူများစွာ စုဝေးနေသည့် ထိုဖိအားမှာ လွယ်ကူလှသည် မဟုတ်ပေ။

လီယန်ချူသည် အလောင်းထမ်းသမားနှင့် သံတုတ်တိုကို တည်ငြိမ်စွာ ကြည့်လိုက်ပြီးနောက် အေးစက်စွာ ပြုံးလိုက်သည်။

"စိတ်ဝင်စားဖို့ ကောင်းသားပဲ "

"ငါက မင်းတို့ကို လိုက်ရှာဖို့ စဉ်းစားနေတာ... အခုတော့ မင်းတို့ကိုယ်တိုင် သေတွင်းထဲ လာတိုးကြတာပေါ့ "

သူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများပင် ပေါ်လာတော့သည်။

ထိုစကားကို ကြားသောအခါ လူတိုင်း၏ မျက်နှာမှာ ပျက်သွားကြသည်။

ရောင့်တက်လှချည်လား ထိုလူငယ်တာအိုဆရာမှာ ပါးစပ်ဖွင့်လိုက်သည်နှင့် ဤမျှအထိ ခပ်ရိုင်းရိုင်း ပြောလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

အလောင်းထမ်းသမားက အရင်ဆုံး စတင်တိုက်ခိုက်လိုက်သည်။

လူသေများနှင့် အမြဲထိတွေ့နေရသော သူသည် အလောင်းစိမ်းနံ့များ၏ တိုက်စားမှုကို ခံထားရသဖြင့် ရုပ်ရည်မှာ ပို၍ ရုပ်ဆိုးလာကာ လူအများက ဝေးဝေးမှ ရှောင်ကြသူ ဖြစ်သည်။

ထို့ကြောင့် နတ်သားတစ်ပါးအလား ချောမောလှပသည့် လီယန်ချူကို မြင်သောအခါ သူ၏ စိတ်ထဲတွင် ပြောမပြတတ်သော မနာလိုမှုနှင့် ရန်ငြိုးများ ပေါ်ပေါက်နေခြင်းပင်။

ဒိုင်း

သူ၏ ကျောပေါ်မှ ခေါင်းတလားထဲမှ လူရိပ်မည်းတစ်ခု ပျံထွက်လာသည်။

တစ်ချိန်တည်းမှာပင် သူကိုယ်တိုင်လည်း ဟိန်းဟောက်ကာ ရှေ့သို့ပြေးဝင်ပြီး လက်သီးဖြင့် အားကုန်လွှဲထိုးလိုက်တော့သည်။

ထိုလက်သီးမှာ တောင်တစ်လုံးကို ဖြိုနိုင်လောက်သည့် အရှိန်အဝါ ပါရှိ၏။

လီယန်ချူက ရှေ့သို့ တစ်လှမ်းတိုးကာ စုယော့ယွင်ကို အသာအယာ နောက်သို့ ပို့လိုက်သည်။

ကျန်ရှိသော လူအားလုံးကလည်း အနောက်ကျမခံဘဲ အသီးသီး တိုက်ခိုက်လိုက်ကြရာ၊ ကောင်းကင်နှင့် မြေကြီးကြားတွင် သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းသွားတော့သည်။

အမျိုးမျိုးသော အရှိန်အဝါများမှာ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။

လီယန်ချူ၏ မျက်ဝန်းများ အေးစက်သွားကာ လက်သီးတစ်ချက်ကို တိုက်ရိုက် ထိုးထုတ်လိုက်တော့သည်။

တောင်ဖြိုလက်သီး

အင်အားချင်း ထိပ်တိုက်ရင်ဆိုင်ခြင်းပင် အလောင်းထမ်းသမား၏ လက်သီးနှင့် တိုက်ရိုက် တိုးမိသွားကြသည်။

ဘုန်း

အလောင်းထမ်းသမား၏ လက်သီးမှာ ခဏချင်းအတွင်းမှာပင် အသားများ လွင့်စင်ကာ ဖြူဖွေးသော အရိုးများ ပေါ်ထွက်လာတော့သည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြင်းထန်လှသော သွေးကြောအရှိန်အဝါကြောင့် တစစီ ပေါက်ကွဲထွက်သွားတော့သည်။

ခေါင်းတလားထဲမှ ထွက်လာသော ဖုတ်ကောင်မှာ လီယန်ချူအနားသို့ မကပ်နိုင်သေးမီမှာပင် ထိုပြင်းထန်လှသော သွေးအရှိန်အဝါ ကြောင့် လောင်ကျွမ်းသွားကာ "ချီး... ချီး..." ဟူသော အသံများနှင့်အတူ ပုပ်စော်နံလှသော အနံ့များ ထွက်ပေါ်လာသည်။

စွမ်းအား အပြည့်နှင့် လီယန်ချူ၏ ပြင်းထန်လှသော သွေးအရှိန်အဝါမှာ တဟုန်းဟုန်း တောက်လောင်နေသည့် မီးဖိုကြီးတစ်ခုအလားပင် ဤသည်မှာ ဖုတ်ကောင်နှင့် မိစ္ဆာအကောင်များအတွက် အကြီးမားဆုံးသော ရန်သူတော်ပင် ဖြစ်သည်။

သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ

ထောင်ချီအလေးချိန်ဖိအား

ဝုန်း

ထိုဖုတ်ကောင်ကို တိုက်ရိုက်ပင် နင်းခြေပစ်လိုက်ရာ၊ မြေပြင်မှာ တစ်ခဏချင်းအတွင်း ပိန်ချိုင့်သွားတော့သည်။

ပြင်းထန်သော အပူလှိုင်းတစ်ခုမှာ ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားပြီး လေထုမှာပင် ပုံပျက်သွားသယောင် ထင်ရ၏။

သံတုတ်တိုမှာ မျက်နှာ ပျက်သွားတော့သည်။

ဤမျှ ရက်စက်ကြမ်းကြုတ်လှသည့် မိစ္ဆာလမ်းစဉ် လူဆိုးကြီးမှာ ယခုအခါ အလန့်တကြားနှင့် နောက်သို့ ဆုတ်နေရပြီဖြစ်သည်။

"တောက်... ဒါက ဘယ်လို မိစ္ဆာကောင်လဲ "

လီယန်ချူသည် မြေလျှိုးမိုးပျံ နတ်ဘုရားအတတ် ကို အသုံးပြုလိုက်ရာ၊ နောက်တစ်ခဏတွင် သံတုတ်တို၏ ရှေ့၌ ပေါ်လာတော့သည်။

ဘုန်း

လက်သီးတစ်ချက် ထိုးလိုက်ရာ၊ ဓားမတိုး လှံမတိုးဆိုသည့် သံတုတ်တိုမှာ ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားပြီး သွေးမြူထုကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

ဘယ်ကလာတဲ့ မိစ္ဆာလမ်းစဉ် ကျွမ်းကျင်သူလဲနာမည်ကြားရုံနဲ့ ကြောက်ရွံ့နေရတဲ့ သံတုတ်တိုဟာ လီယန်ချူရဲ့ လက်သီးတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရလေပြီ။

ထိုအချိန်တွင် မိုးပေါ်မှ ကျဆင်းလာသကဲ့သို့ အလွန်အမင်း ရက်စက်ပုံရသည့် သားရဲကြီးတစ်ကောင်မှာ ပြေးဝင်လာသည်။

ခေါင်းဖြူဖြူနှင့် လင်းမြီးကိုယ်ထည်ရှိသော တောင်နှင့်ပင်လယ်ကျမ်း မှ သားရဲဆိုးကြီး ထျန်းကော် ပင် ထိုသားရဲမှာ အမြင့် နှစ်မီတာကျော်ရှိပြီး ကြီးမားလှသော ကိုယ်ထည်ကြောင့် တောင်ကြီးတစ်လုံးကဲ့သို့ ဖိအားကို ပေးနေ၏။

ဝုန်း

လီယန်ချူက နောက်ထပ် ရိုးရှင်းသော လက်သီးတစ်ချက်ကို ထိုးလိုက်ပြန်သည်။

ပြင်းထန်လှသော သွေးအရှိန်အဝါများမှာ လက်သီးမှတစ်ဆင့် ထွက်ပေါ်လာရာ၊ အရှိန်အဝါ ကြီးမားလှသော ထျန်းကော်မှာ ဝိညာဉ်ပါ လွင့်စင်ကာ ပျောက်ကွယ်သွားတော့သည်။

၎င်းကို စေခိုင်းနေသည့် သက်လတ်ပိုင်းအရွယ် တာအိုဆရာတစ်ဦးမှာလည်း ချက်ချင်းပင် အသက်ပျောက်သွားရ၏။

ပတ်ဝန်းကျင်မှာ တစ်ခဏချင်းအတွင်း တိတ်ဆိတ်သွားတော့သည်။

လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာများဖြင့် ကြည့်နေကြ၏။

သူတို့က လူအင်အားနှင့် ဝိုင်းဝန်းတိုက်ခိုက်လျှင် နိုင်မည်ဟု ထင်ခဲ့သော်လည်း၊ ဤတစ်ဖက်လူမှာ ဤမျှအထိ ရက်စက်ပြတ်သားပြီး အစွမ်းထက်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

ဘုန်း

ဘုန်း

နောက်ထပ် လူနှစ်ယောက်မှာလည်း လီယန်ချူ၏ လက်သီးချက်ကြောင့် အလောင်းပင် မကျန်အောင် သေဆုံးသွားကြပြန်သည်။

ဤကဲ့သို့ လက်သီးချင်း ထိပ်တိုက်တွေ့ပြီး ကိုယ်ခန္ဓာများ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည့် တိုက်ခိုက်မှုမျိုးကို မြင်တွေ့လိုက်ရသဖြင့် လူတိုင်းမှာ ဆွံ့အသွားကြတော့သည်။

စုယော့ယွင်မှာ အလွန်အံ့ဩသွားကာ သူမ၏ နီမြန်းသော ပါးစပ်လေးကို လက်ဖြင့် အသာအယာ အုပ်ထားမိသည်။

အသက်ရှူသံများမှာလည်း မြန်ဆန်နေ၏။

ထိုကဲ့သို့ ကြမ်းတမ်းရိုင်းစိုင်းပြီး ခွန်အားကြီးမားလှသည့် တိုက်ခိုက်ဟန်မှာ မျက်စိရှေ့တွင် မြင်တွေ့ရသည်မှာ အလွန်ပင် ရင်သပ်ရှုမောဖွယ် ဖြစ်လှသည်။

အရင်က နတ်သားတစ်ပါးကဲ့သို့ နူးညံ့နေသော လီယန်ချူမှာ ယခုအခါ အလွန်အမင်း ရဲရင့်ကြမ်းတမ်းသော သူရဲကောင်းကြီးတစ်ဦးကဲ့သို့ ဖြစ်နေပြီ။

ထိုစဉ်မှာပင် ပေသုံးဆယ်ခန့် အကွာမှ လူရိပ်တစ်ခုမှာ လျှပ်စီးအလား ပြေးဝင်လာသည်။

လက်သီးတစ်ချက် ထိုးထုတ်လိုက်ရာ၊ လီယန်ချူ၏ ကြီးမားလှသော လက်သီးအရှိန်အဝါ နှင့် ထိပ်တိုက် တိုးမိသွားတော့သည်။

ဝုန်း

မျက်စိဖြင့် မြင်နိုင်သော လေတိုးလှိုင်းတစ်ခုမှာ ပတ်ဝန်းကျင်သို့ ပြန့်ကားထွက်သွားရာ လူတိုင်းမှာ နောက်သို့ လွင့်ထွက်သွားကြရသည်။

လူတိုင်း၏ မျက်နှာမှာ ဖြူလျော်သွားပြီး ရင်ဘတ်ထဲတွင် မီးလောင်နေသကဲ့သို့ ခံစားနေရ၏။

ဤသည်ကား သွေးအရှိန်အဝါ အလွန်ပြင်းထန်လှသော ကျွမ်းကျင်သူ နှစ်ဦး၏ ထိပ်တိုက်တွေ့ဆုံမှုပင်

ပြေးဝင်လာသူမှာ ထွားကျိုင်းသန်မာသော ကိုယ်ထည်၊ ထူထဲသော မျက်ခုံးနှင့် အလွန်အမင်း အရှိန်အဝါ ကြီးမားလှသူ ဖြစ်သည်။

သူကား နယ်စပ်ပြင်ပ ဟူလူမျိုးတို့၏ ပါရမီရှင် မုယုံလုံချန်း ပင် ဖြစ်သည်။

ဘုန်း

ဘုန်း

သူတို့နှစ်ဦး၏ တိုက်ခိုက်မှုမှာ လျှပ်စီးအလား မြန်ဆန်လှပြီး၊ လက်သီးတစ်ချက်စီ ထိုးလိုက်တိုင်း မြေပြင်မှာ တုန်ခါကာ အိမ်များမှာလည်း ယိုင်နဲ့ကုန်သည်။

သူတို့နှစ်ဦးကို ဗဟိုပြုကာ လေဟာနယ် ဧရိယာတစ်ခု ပင် ဖြစ်ပေါ်နေ၏။

လူတိုင်းမှာ ထိုပြင်းထန်လှသော အရှိန်အဝါကို ရှောင်ရှားရန် နောက်သို့ ဆုတ်ခွာနေကြရသည်။

သို့သော်လည်း အပူရှိန်မှာ အလွန်ပြင်းထန်နေဆဲ ဖြစ်သဖြင့် သူတို့၏ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပေါ်ပေါက်နေတော့သည်။

မုယုံလုံချန်းမှာလည်း ဒုတိယအဆင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည်မဟုတ်ပါလား သို့သော် သူတို့နှင့် အဘယ်ကြောင့် ဤမျှအထိ ကွာခြားနေရသနည်း ကောင်းကင်နှင့် မြေကြီးအလား ကွာခြားလှပေသည်။

ပို၍ပင် မယုံနိုင်စရာ ကောင်းသည်မှာ... ဤအမည်မသိ လူငယ်တာအိုဆရာလေးမှာ မုယုံလုံချန်းနှင့် ထိပ်တိုက် တိုက်ခိုက်နေသော်လည်း အနည်းငယ်မျှပင် နောက်ဆုတ်မသွားခြင်းပင်။

All Chapters