အခန်း (၃၂၉-၃၃၀)
Vol. 33 Ch. 329-330
အခန်း (၃၂၉) - နှိမ်နင်းခြင်း ၊ သောင်းချီသော ဓားအရှိန်အဝါ ၊ မြစ်ရေအလား စီးဆင်းမှု ၊ အသက်နှင့်လဲခြင်း
ဘုန်း
လူရိပ်တစ်ခုမှာ အလွန်ပင် အရှက်တကွဲဖြင့် လွင့်ထွက်သွားပြီး အိမ်တစ်လုံးကို တိုက်ရိုက်ဝင်ဆောင့်ကာ ပြိုကျသွားစေတော့သည်။
မြေပြင်ရှိ အုတ်ကျောက်ပြားများမှာလည်း အလွှာလိုက် အက်ကွဲကြေမွကုန်၏။
ဖုန်မှုန့်များနှင့် မြူထုများ တဖြည်းဖြည်း လွင့်စင်သွားသောအခါမှသာ...
လူတိုင်းသည် မတ်မတ်ရပ်နေသော ထွားကျိုင်းသန်မာသည့် လူရိပ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည် ထိုသူကား တည်ငြိမ်အေးစက်သော မျက်နှာထားရှိသည့် လူငယ်တာအိုဆရာပင်
လီယန်ချူ၏ တစ်ကိုယ်လုံးတွင် ပြင်းထန်လှသော သွေးအရှိန်အဝါများ ဖုံးလွှမ်းနေပြီး အလွန်ပင် အားကောင်းမောင်းသန်ကာ ရဲရင့်ပြတ်သားလှသည်။
တောက်ပလွန်းသော နေမင်းကြီးအလား သူ၏ အရှိန်အဝါကြောင့် မည်သူမျှ စိုက်မကြည့်ရဲကြပေ။
"သူ... သူက မုယုံလုံချန်းကို တကယ်ပဲ အနိုင်ယူလိုက်တာလား "
"အမေရေ... ဒီလူက ဘယ်ကလာတဲ့ နတ်ဘုရားလဲဟ "
"ဒီလောက်အထိ အစွမ်းထက်တဲ့ ပါရမီရှင်မျိုး ငါတစ်ခါမှ မကြားဖူးပါဘူး "
တစ်ကွင်းလုံးမှာ ဆူညံပွက်လောရိုက်သွားတော့သည်။
သို့သော် ပတ်ဝန်းကျင်မှ ဆူညံသံများကို ဟိန်းဟောက်သံကြီးတစ်ခုက ချက်ချင်း ဖုံးလွှမ်းသွား၏။
အပျက်အစီးများကြားမှ ဟူလူမျိုးတို့၏ ပါရမီရှင် မုယုံလုံချန်းမှာ ရုန်းကန်ထွက်လာသည်။
သူ၏ အရှိန်အဝါမှာ အားကောင်းနေဆဲပင် သူ၏ မျက်ဝန်းအစုံမှာ မှိန်ပျပျ ရွှေရောင်များ တောက်ပလာပြီး ပတ်ဝန်းကျင်ရှိ ကျောက်ခဲကလေးများမှာ သူ၏ ပြင်းထန်သော ဖိအားကြောင့် တုန်ခါနေကြသည်။
သို့သော်လည်း သူ၏ ရင်ဘတ်တွင်တော့ ထင်ရှားလှသော လက်သီးရာကြီး တစ်ခု အထင်သား ကျန်ရစ်နေ၏။
ဝတ်စုံမှာလည်း စုတ်ပြတ်နေသဖြင့် အတော်လေးကို အကျည်းတန်နေရသည်။
"ဟူလူမျိုး ပါရမီရှင်ဆိုတာ ဒါပဲလား "
"ဒီနှစ်ချက်လောက်နဲ့တင် အလဲလဲအပြိုပြို ဖြစ်နေတာလား "
လီယန်ချူက လှောင်ပြောင်လိုက်သည်။
မုယုံလုံချန်းမှာ အလွန်အမင်း ဒေါသထွက်သွားကာ
"တာအိုဂိုဏ်းဝင် တစ်ယောက်ဖြစ်ပြီး တာအိုပညာကို ကောင်းကောင်းမကျင့်ဘဲ သိုင်းပညာ အထွတ်အထိပ်ရောက်အောင် ကျင့်ထားတာကိုး "
"ဒီနေ့တော့ မင်းကို မြက်ခင်းပြင်က ယောကျာ်းကောင်းတွေရဲ့ အစွမ်းကို ပြရတာပေါ့ "
မုယုံလုံချန်း၏ ပတ်ဝန်းကျင်တွင် လေမတိုက်ဘဲ အဝတ်အစားများ လှုပ်ရှားလာသည်။
မိုးပေါက်များမှာလည်း သူ၏ အရှိန်အဝါကြောင့် လမ်းကြောင်းပြောင်းသွားကာ ဟဟင်းဟောက်နေသည့် ရွှေရောင်နဂါးကြီးတစ်ကောင်အဖြစ် စုစည်းသွားတော့သည်။
ဝုန်း
မုယုံလုံချန်းက လက်သီးဖြင့် အားကုန်ထိုးလိုက်ရာ ကောင်းကင်နှင့် မြေကြီးကြားရှိ အရှိန်အဝါများမှာ ပေါက်ကွဲထွက်ကုန်ပြီး လေထုမှာလည်း အလွှာလိုက် အက်ကွဲသွားသယောင် ထင်ရသည်။
စုယော့ယွင်မှာတော့ မျက်နှာလေး ဖြူလျော်သွားရ၏။
ဤမုယုံလုံချန်းမှာ ဘုရင့်နန်းတော်တွင် အလွန်ကျော်ကြားသည့် ပါရမီရှင်ဖြစ်ပြီး "မြက်ခင်းပြင်မှ ခြင်္သေ့မင်း" ဟု တင်စားခြင်း ခံရသူဖြစ်သည်။
နောင်တစ်ချိန်တွင် ဒုတိယအဆင့် အတားအဆီးကို ဖောက်ထွက်ကာ ရုပ်ခန္ဓာမှတစ်ဆင့် ဝိညာဉ်ကို ပြန်လည်အာဟာရပေးပြီး ယန်ဝိညာဉ် ကျွမ်းကျင်သူ ဖြစ်လာမည့်သူလည်း ဖြစ်သည်။
သူမသည် လီယန်ချူအတွက် အလွန်ပင် စိုးရိမ်နေမိသည်။
ရှေးခင်က မုယုံလုံချန်းသည် သူမ၏ ခုခံကာကွယ်သည့် ရတနာကို အလွယ်တကူ ဖျက်ဆီးနိုင်ခဲ့သည် မဟုတ်ပါလား။
ယခု တိုက်ခိုက်လိုက်သော လက်သီးချက်မှာလည်း ကောင်းကင်နှင့် မြေကြီး၏ သတ်ဖြတ်လိုစိတ်များကို စုစည်းထားသဖြင့် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
လီယန်ချူ၏ ကြွက်သားများမှာ တင်းမာသွားပြီး ပေါက်ကွဲထွက်လုမတတ် ခွန်အားများ စီးဆင်းလာသည်။
သူ၏ ကျောပြင်မှ သွေးအရှိန်အဝါ မီးခိုးတန်းကြီးမှာ ကောင်းကင်သို့ ထိုးတက်သွားသည်။
ဝုန်း
သူသည်လည်း လက်သီးတစ်ချက်ကို ပြန်လည်ထိုးထုတ်လိုက်သည်။
သူ၏ ကျောပြင်တွင် တောက်ပလှသော ကြီးမားသည့် ပုံရိပ်ကြီး တစ်ခု ပေါ်လာပြီး သူနှင့် တစ်ထပ်တည်း လက်သီးကို ထိုးလိုက်ခြင်းပင်။
သိုင်းပညာ ပြင်ပအာရုံ
မုယုံလုံချန်းမှာ အလန့်တကြား ဖြစ်သွားရသည်။
သူ ဖန်တီးထားသော ရွှေရောင်နဂါးကြီးမှာ တစ်လက်မချင်းစီ အက်ကွဲသွားပြီး နောက်တစ်ခဏတွင်တော့ လုံးဝ ပျောက်ကွယ်သွားတော့သည်။
သူကိုယ်တိုင်လည်း မိုးကြိုးပစ်ခံရသကဲ့သို့ ခံစားလိုက်ရပြီး လွင့်ထွက်သွားကာ အိမ်တန်းများကို ဖြတ်သန်းတိုက်မိရင်း ဖုန်မှုန့်များကြားတွင် ပျောက်ကွယ်သွားတော့သည်။
အသက်ရှင်သလား သေသလားပင် မသိနိုင်တော့ပေ။
တစ်ကွင်းလုံးမှာ တိတ်ဆိတ်သွားတော့သည်။
သေလူကဲ့သို့ တိတ်ဆိတ်ခြင်းပင် လူတိုင်း၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေ၏။
လက်သီးတစ်ချက်တည်း
လူတိုင်းမှာ ကြောက်ရွံ့တုန်လှုပ်နေကြသည်။
ဘုရင့်နန်းတော်မှ မုယုံလုံချန်းနှင့် အားချင်းယှဉ်နိုင်ရုံနှင့်ပင် လေးစားဖွယ်ကောင်းသော ပါရမီရှင်ဟု သတ်မှတ်နိုင်သော်လည်း၊ ယခုမူ မုယုံလုံချန်းမှာ လုံးဝ အပြတ်အသတ် နှိမ်နင်းခြင်းကို ခံလိုက်ရပြီဖြစ်သည်။
လက်သီးတစ်ချက်တည်းနှင့်ပင် အသက်ရှင်သလား သေသလား မသိရတော့ပေ။
မိုးများမှာ ဆက်လက်ရွာသွန်းနေဆဲ... လီယန်ချူ၏ ပုံရိပ်မှာ လူတိုင်း၏ မျက်စိထဲတွင် ပိုမိုမြင့်မြတ်ပြီး နက်နဲသိမ်မွေ့လာတော့သည်။
"ဆွဲလဲဓားဂိုဏ်း က ချန်ထျန်းယွမ်ပါ၊ လီတာအိုဆရာကို လမ်းညွှန်ပေးဖို့ တောင်းဆိုပါတယ် "
ဖြူလွလွ ဝတ်စုံနှင့် လူငယ်တစ်ဦး ထွက်ပေါ်လာသည်။
သူသည် သုံးပေရှည်သော ဓားကို ကိုင်ဆောင်ထားကာ အေးအေးဆေးဆေး ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာ၏။
ကြည့်ရသည်မှာ အလွန်ပင် လွတ်လပ်ပေါ့ပါးပြီး ခန့်ညားလှသည်။
လီယန်ချူက မျက်ခုံးပင့်လိုက်မိသည်။
ဓားကျင့်ကြံသူတွေဆိုတာ တကယ်ပဲ ဟန်ဆောင်ကောင်းကြတာပဲ
"ကောင်းပြီ"
လီယန်ချူက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
ဟန်ဆောင်တာနဲ့ ပတ်သက်ရင်တော့ သူလည်း ဘယ်သူ့ကိုမှ မရှုံးဖူးပေ။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအနက် တစ်ချို့ကတော့ ချန်ထျန်းယွမ်ကို အားမပေးကြတော့ပေ။
အရင်ကဆိုလျှင် ချန်ထျန်းယွမ်၏ ဓားပညာမှာ လူတိုင်းကို စွဲမက်စေသော်လည်း၊ မုယုံလုံချန်းကိုတောင် လက်သီးတစ်ချက်တည်းနှင့် နှိမ်နင်းနိုင်သူကို သူ အနိုင်ရပါ့မလားဟု သံသယဝင်နေကြသည်။
ကျန်ရှိသော တစ်ချို့ကတော့ လီယန်ချူမှာ တိုက်ပွဲများစွာ ဆက်တိုက်တိုက်ထားရသဖြင့် အင်အားကုန်ခမ်းနေပေလိမ့်မည်၊ ထို့ကြောင့် ချန်ထျန်းယွမ်ကို မယှဉ်နိုင်လောက်ဟု တွေးနေကြသည်။
ချန်ထျန်းယွမ်မှာ ဓားလမ်းစဉ် ပါရမီရှင်ဖြစ်ပြီး သူ၏ ဓားပညာမှာ နက်နဲလှသည်။
ဓားကျင့်ကြံသူများ၏ တိုက်ခိုက်မှုမှာ အလွန်ပင် ပြင်းထန်လှသည် မဟုတ်ပါလား။
မုယုံလုံချန်းကို နိုင်ပြီးနောက် ချန်ထျန်းယွမ်ကို ထပ်နိုင်ဖို့ဆိုတာ တတိယအဆင့် ယန်ဝိညာဉ် ကျွမ်းကျင်သူ မဟုတ်လျှင် မဖြစ်နိုင်ဟု သူတို့ ယူဆနေကြသည်။
ချန်ထျန်းယွမ်၏ မျက်နှာမှာ အေးစက်တည်ငြိမ်နေသည်။
ဓားအရှိန်အဝါ များမှာ သူ၏ ရှေ့တွင် စုစည်းလာပြီး ကမ္ဘာမြေရှိ ဝိညာဉ်စွမ်းအားများမှာ သူ၏ ဓားဆီသို့ ဦးတည်သွားကြသည်။
ဓားအရှိန်အဝါများမှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး အေးစက်လှသော ဓားဆန္ဒ များမှာ လမ်းကြားတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
"ငါ ဓားတစ်ချက်ပဲ ထုတ်မယ် "
ချန်ထျန်းယွမ်၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။
သူ၏ မျက်ဝန်းထဲတွင်လည်း ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေ၏။
ဤမျှအထိ အစွမ်းထက်သော ပြိုင်ဘက်နှင့် တွေ့ရသဖြင့် သူ၏ အနိုင်လိုစိတ်မှာ နိုးကြားလာခြင်းပင်။
ထိုဓားတစ်ချက်၏ အရှိန်အဝါမှာ မုယုံလုံချန်းထက်ပင် သာလွန်နေသေးသည်။
ဓားကျင့်ကြံသူများသည် တိုက်ခိုက်ခြင်းကိုသာ အဓိကထားသည်ဆိုသည်မှာ အမှန်ပင်
ယခုအခါ လူတိုင်း၏ မျက်နှာမှာ ပျက်သွားကြပြန်သည်။
လီယန်ချူသည် ဤကဲ့သို့သော ချန်ထျန်းယွမ်ကို နိုင်ပါဦးမလားဟု စိုးရိမ်လာကြသည်။
ကောင်းကင်နှင့် မြေကြီး၏ အရှိန်အဝါကို ချေးယူကာ သောင်းချီသော ဓားအရှိန်အဝါများအဖြစ် ပြောင်းလဲလိုက်နိုင်သည့် ချန်ထျန်းယွမ်မှာ တကယ့် ဓားပါရမီရှင် အစစ်ပင်။
ချွင်
ကျန့်ကျောင်းဓား မှာ အေးစက်လှသော အလင်းတန်းများနှင့်အတူ ဓားအိမ် မှ ထွက်လာတော့သည်။
ဆန်းကြယ်သော လှိုင်းအရှိန်အဝါတစ်ခုမှာ ဓားမှတစ်ဆင့် ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွား၏။
လီယန်ချူ၏ ကျောပြင်တွင်လည်း ကြီးမားသော ပုံရိပ်ကြီးတစ်ခု ပေါ်လာပြီး သူနှင့်အတူ ဓားဖြင့် ခုတ်ချလိုက်သည်။
စောစောက ပင်လယ်ပြင်ကြီးအလား ကြီးမားလှသော သောင်းချီသည့် ဓားအရှိန်အဝါများမှာ တစ်ခဏချင်းအတွင်း ပျက်စီးသွားတော့သည်။
ချန်ထျန်းယွမ်မှာ မည်မျှပင် မိမိကိုယ်မိမိ ယုံကြည်မှု ရှိပါစေ၊ ယခုမူ သူသည် လီယန်ချူ၏ ပြိုင်ဘက်မဟုတ်ကြောင်း သိလိုက်ရပြီဖြစ်သည်။
ဓားအလင်းတန်း ဖြတ်သွားပြီးနောက်
ချန်ထျန်းယွမ်မှာ နောက်သို့ လွင့်ထွက်သွားပြီး သူ၏ ဘယ်ဘက်လက်မောင်းမှာ အရင်းမှ ပြတ်တောက်သွားတော့သည်။
သွေးများမှာ စမ်းချောင်းအလား စီးကျလာပြီး သူ၏ ခန္ဓာကိုယ်အတွင်းတွင်လည်း ပြင်းထန်လှသော အရှိန်အဝါများက မွှေနှောက်နေသဖြင့် အလွန်ပင် နာကျင်နေရသည်။
လီယန်ချူ၏ အမြင်တွင်တော့ ဓားကျင့်ကြံသူများသည် တိုက်စစ် အလွန်ကောင်းသော်လည်း ကိုယ်ခန္ဓာမှာ အလွန်အားနည်းလှသည်။
တိုက်စစ်မြင့်ပြီး ခုခံမှုနည်းသော သူများပင်အခွင့်အရေး ရလျှင် တစ်ချက်တည်းနှင့် အလဲထိုးနိုင်သော်လည်း၊ အဓိကမှာ သူတို့၏ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိဖို့သာ လိုသည်။
ချန်ထျန်းယွမ်သည် ရုန်းကန်ထကာ ဆေးသောက်လိုက်သဖြင့် သွေးများမှာ ချက်ချင်း ရပ်သွားသည်။
သွေးအများကြီး ဆုံးရှုံးသွားသဖြင့် သူ၏ မျက်နှာမှာ ဖြူလျော်နေသော်လည်း၊ သူသည် ရင်ကိုမတ်ကာ မားမားမတ်မတ် ရပ်နေဆဲပင်။
သူ၏ မျက်ဝန်းထဲတွင်လည်း ထက်မြက်သော ဓားဆန္ဒများ ရှိနေဆဲဖြစ်သည်။
"ငါ ရှုံးပြီ "
ချန်ထျန်းယွမ်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
လူတိုင်းမှာ အံ့ဩသွားကြသည်။
စောစောက ချန်ထျန်းယွမ်၏ သောင်းချီသော ဓားအရှိန်အဝါများမှာ မြစ်ရေကြီး စီးဆင်းသကဲ့သို့ အရှိန်အဟုန် ကြီးမားလှသော်လည်း၊ ထိုလူငယ်တာအိုဆရာ၏ ဓားတစ်ချက်အောက်မှာတင် လက်မောင်းပြတ်သွားခဲ့ရသည် မဟုတ်ပါလား။
ယခုအခါ ချန်ထျန်းယွမ်ကိုယ်တိုင်လည်း ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်ပြီဖြစ်သည်။
လီယန်ချူ၏ အေးစက်သော အကြည့်မှာ သူ၏ အပေါ်သို့ ကျရောက်လာသည်။
ချန်ထျန်းယွမ်က သူ့ကို သတ်ရန် ကြိုးစားခဲ့သဖြင့် သူက ပြန်သတ်လျှင်လည်း တရားမျှတမှု ရှိပေသည်။
ရုတ်တရက်
အပြာရောင်ဝတ်စုံနှင့် အဖိုးအိုတစ်ဦးမှာ အဝေးမှ ပျံဝဲရောက်ရှိလာသည်။
သူသည် ချန်ထျန်းယွမ်၏ ရှေ့တွင် ကာကွယ်လိုက်ကာ
"တာအိုဆရာ... ကျေးဇူးပြုပြီး လူမိန်းကလေး ရဲ့ မျက်နှာကို ထောက်ထားပြီး ချန်ထျန်းယွမ်ကို အသက်ချမ်းသာပေးပါ "
ထိုအဖိုးအိုမှာ ခြင်္သေ့တစ်ကောင်ကဲ့သို့ ထွားကျိုင်းသန်မာပြီး သူ၏ မျက်ဝန်းထဲတွင် စွမ်းအားများ ကိန်းအောင်းနေသည်။
သူ၏ အသံမှာလည်း အလွန်ပင် ဟိန်းထွက်နေ၏။
ချန်ထျန်းယွမ်၏ မျက်နှာမှာ ပို၍ ဖြူလျော်သွားကာ
"ယောကျာ်းကောင်းဆိုတာ သေရင်သေပါစေ၊ ဘာလို့ အသနားခံနေရမှာလဲ "
အပြာရောင်ဝတ် အဖိုးအိုက သူ့ကို စိုက်ကြည့်ကာ
"မင်းကို ချင်းယွဲ့ထန်ကို အမွေအနှစ် လုဖို့လွှတ်တာက သေဖို့လွှတ်တာ မဟုတ်ဘူး ပါးစပ်ပိတ်ထားစမ်း "
ချန်ထျန်းယွမ်မှာ ဆူပူခံလိုက်ရသဖြင့် မျက်နှာလေး နီသွားရသည်။
"ဒီလူက ငါ့ကို သတ်ဖို့ ကြိုးစားခဲ့တာ၊ ငါက သူ့ကို ပြန်သတ်တာဟာ သဘာဝပဲ၊ ဘယ်သူမှ ဘာမှ ပြောလို့မရဘူး "
လီယန်ချူက ပြတ်သားစွာ ပြောလိုက်သည်။
အပြာရောင်ဝတ် အဖိုးအိုက စကားအရှည်မပြောတော့ဘဲ ကျောပေါ်မှ အထုပ်တစ်ထုပ်ကို ဖြည်ကာ လီယန်ချူကို ပေးလိုက်သည်။
"သခင်မလေးက ပြောလိုက်ပါတယ်... တကယ်လို့ ချန်ထျန်းယွမ်က လီတာအိုဆရာရဲ့ လက်ထဲမှာ အမှားအယွင်း တစ်ခုခု ဖြစ်ခဲ့ရင်၊ ဒီပစ္စည်းနဲ့ သူ့အသက်ကို လဲပေးပါတဲ့ "
ထိုစကားကို ကြားသောအခါ လီယန်ချူ၏ နှုတ်ခမ်းမှာ မသိမသာ တွန့်သွားရသည်။
လူလီ က သူ့ကို ဘယ်လိုလူလို့ ထင်နေတာလဲ ပိုက်ဆံပေးပြီး ချန်ထျန်းယွမ်ရဲ့ အသက်ကို ဝယ်ပေးနေတာလား။
အခန်း (၃၃၀) - ကျားခေါင်းရွှေစင်လှံ ၊ ဓားလာစေ၊ သောင်းဂဏန်းကျီးကန်းအိုး ၊ နဂါးငါးပါးစက်ဝန်း ၊နတ်ဘုရားမီးတောက်
လီယန်ချူသည် ထိုအထုပ်ကို ဖြည်လိုက်ပြီး အကြမ်းဖျင်း ဝေ့ဝဲကြည့်လိုက်သည်။
မမျှော်လင့်ဘဲ သူ၏မျက်လုံးများမှာ အရောင်တောက်သွားရ၏။
"ချင်းမု နတ်သစ်နွယ် "
ဒါကတော့ ရှေးဟောင်းကျမ်းစာတွေထဲမှာ မှတ်တမ်းတင်ထားတဲ့ နတ်ဆေးပင်တစ်မျိုးပဲ။
ဝိညာဉ်ခန္ဓာ ကို အားဖြည့်ပြုပြင်ပေးတဲ့နေရာမှာ သုံးရတဲ့ ဝိညာဉ်ဆေးပင်ဖြစ်ပြီး အလွန်ပင် ရှားပါးလှသည်။
ထို့ပြင် မွေးရာပါ အနှစ်သာရစွမ်းအင် ကိုလည်း ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်း ရှိပေသည်။
"ဒါကိုယူသွားပြီး ဒဏ်ရာကို သေချာကုသလိုက်တော့၊ ဒီမျက်နှာသာကို ငါပေးလိုက်မယ်"
လီယန်ချူက ဆိုလိုက်သည်။
သူ စိတ်ပျော့သွားခြင်းကြောင့် မဟုတ်ပေ။
ချန်ထျန်းယွမ်ကို အသုံးချနိုင်မည့် နည်းလမ်းမှန်ကို ရုတ်တရက် ရှာဖွေတွေ့ရှိသွားခြင်းသာ ဖြစ်သည်။
"ချန်ထျန်းယွမ်... မင်းရဲ့ဓားပညာက သတ်ဖြတ်နိုင်စွမ်း အလွန်ပြင်းထန်တယ်၊ နောင်တစ်ချိန်မှာ မင်းနဲ့ အသက်နဲ့ရင်းပြီး ထပ်မံယှဉ်ပြိုင်ရဖို့ ငါမျှော်လင့်ပါတယ်"
လီယန်ချူက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
ချန်ထျန်းယွမ်၏ ခန္ဓာကိုယ်မှာ တုန်ခါသွားရသည်။
ထိုလီတာအိုဆရာက သူ့ကို ဤမျှအထိ အထင်ကြီးနေသလော။
သူသည် လူသတ်ရာတွင် မျက်တောင်မခတ်သူ ဖြစ်သလို၊ ဘုရင့်နန်းတော်မှ ပါရမီရှင် မုယုံလုံချန်းကိုပင် အရေးမလုပ်ခဲ့သူ ဖြစ်သည်။
သို့သော် မိမိနှင့်မူ နောင်တွင် ထပ်မံယှဉ်ပြိုင်ချင်သည်တဲ့လေ။
"ကောင်းပြီ "
ချန်ထျန်းယွမ်က အသံသြသြဖြင့် ပြန်ထူးလိုက်သည်။
ရုတ်တရက် ကြည့်လိုက်လျှင် ထိုလူငယ်တာအိုဆရာမှာ ထင်သလောက် မုန်းဖို့မကောင်းလှဟု သူခံစားလိုက်ရ၏။
လောကအရေးကို လောကနည်းလမ်းဖြင့်သာ ရှင်းကြသည်မဟုတ်ပါလား။
လီယန်ချူက သူ၏လက်မောင်းကို ခုတ်ဖြတ်ခဲ့သည့်အပေါ် ချန်ထျန်းယွမ်မှာ တကယ်ပင် ရန်ငြိုးမထားနိုင်တော့ပေ။
သိုင်းလောကဆိုသည်မှာလည်း ဤသို့ပင်... မင်းက ငါ့ကို တစ်ချက်ခုတ်၊ ငါက မင်းကို တစ်ချက်ထိုးနှင့် ကျင်လည်ကြရသည်သာ။
အပြာရောင်ဝတ် အဖိုးအို၏ နှုတ်ခမ်းမှာ မသိမသာ တွန့်သွားရသည်။
ထိုလီတာအိုဆရာသည် နောက်တစ်ကြိမ် ချန်ထျန်းယွမ် ဒုက္ခရောက်လျှင် သခင်မလေးက ထပ်ကယ်မည်ကို စောင့်နေခြင်းများလား။
သူ၏ စိတ်ထဲတွင် ထိုသို့သော ထူးဆန်းသည့် အတွေးတစ်ခု ဝင်လာတော့သည်။
မကြာမီပင်...
လမ်းကြားတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွား၏။
လီယန်ချူသည် ကျန့်ကျောင်းဓားကို မြေတွင်ထောက်ကာ အေးစက်သော မျက်ဝန်းများဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။
ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြပြီး လီယန်ချူကို မကောင်းသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။
ဤလူငယ်မှာ ဗဟိုချက်တွင် ရှိနေပြီး ခန့်ညားထည်ဝါလှသည်။
လက်ထဲတွင်လည်း ရှည်လျားသော ဓားကို ကိုင်ဆောင်ထားသဖြင့် နတ်ဘုရားအခွင့်ရေး ကို ရရှိထားပြီး ဝိုင်းဝန်းတိုက်ခိုက်ခံနေရသူမှန်း သိသာလှပေသည်။
"ဟေ့ တာအိုဆရာလေး... မင်းရထားတဲ့ နတ်ဘုရားအခွင့်ရေး ကို အခုချက်ချင်း အပ်စမ်း "
"ဒါဆိုရင်တော့ ငါတို့က မင်းကို အသက်ချမ်းသာပေးနိုင်တယ် "
ယင်ယန်ဝတ်စုံနှင့် အဖိုးအိုတစ်ဦးက မကောင်းဆိုးဝါးဆန်စွာ ရယ်မောရင်း ပြောလိုက်သည်။
တိတ်ဆိတ်ခြင်း
ပတ်ဝန်းကျင်ရှိ လေထုမှာ သေလူကဲ့သို့ တိတ်ဆိတ်သွားတော့သည်။
ယင်ယန်ဝတ်စုံနှင့် အဖိုးအိုသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက သူ့ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသည်ကို သတိပြုမိလိုက်သည်။
သူတို့၏ အမူအရာများမှာ နားလည်ရခက်လှ၏။
ချွင်
ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။
ယင်ယန်ဝတ်စုံနှင့် အဖိုးအိုမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ခေါင်းနှင့်ကိုယ် တခြားစီ ဖြစ်သွားတော့သည်။
သူ၏အလောင်းပေါ်တွင် နီရဲသော ငါးကြင်းပုံရိပ်တစ်ခု ပေါ်လာပြီး လူစကား ပြောလိုက်၏။
"ကောင်စုတ်လေး..."
"သိုင်းသမားကျင့်ဝတ် မရှိလိုက်တာ ငါ့ကို ခိုးတိုက်ရဲတယ်ပေါ့ "
၎င်းကား တောင်နှင့်ပင်လယ်ကျမ်း မှ သားရဲဆိုးကြီး ဟန်ကုန်းငါး ပင် စောစောက ထျန်းကော်သားရဲနှင့် တိုက်ခိုက်နေသူမှာ ထိုယင်ယန်ဝတ်စုံနှင့် အဖိုးအို ဖြစ်ပုံရသည်။
"ကောင်းပြီ "
"ငါ ပေးမယ်လေ "
လီယန်ချူက အေးစက်စွာ ပြုံးလိုက်သည်။
ခမ်းနားထည်ဝါလှသော နတ်ဘုရားအရှိန်အဝါတစ်ခုမှာ သူ၏ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာပြီး ကောင်းကင်အနှံ့ မီးလျှံများ ဖုံးလွှမ်းသွားတော့သည်။
ဟန်ကုန်းငါးမှာ အလွန်အမင်း ထိတ်လန့်သွားရ၏။
ဤအရှိန်အဝါမှာ နတ်နန်းမှ နတ်ဘုရားစစ်စစ်နှင့် ရင်ဆိုင်နေရသကဲ့သို့ ကြောက်ရွံ့မှုကို ပေးစွမ်းနေသည်။
ရှေးဦးနတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ပင်
ဟော်ကွမ်ပေါင်ကောက်
ဟန်ကုန်းငါး၏ ပုံရိပ်မှာ တုန်ခါနေပြီး စိတ်ဝိညာဉ်မှာ ခြောက်ခြားသွားရသည်။
ချွင်
သူသည် ထွက်ပြေးရန်ပင် အချိန်မရလိုက်ဘဲ ဓားတစ်ချက်ဖြင့် ခုတ်ပိုင်းခံလိုက်ရကာ ဝိညာဉ်ပါ လွင့်စင်ပျောက်ကွယ်သွားတော့သည်။
လီယန်ချူသည် နတ်ဘုရားအမွေအနှစ်ကို ရရှိထားကာ သေချာစွာ မကျင့်ရသေးသော်လည်း ဒုတိယအဆင့် ယင်ဝိညာဉ် ကျွမ်းကျင်သူတစ်ဦး၏ ဝိညာဉ်ကို ထိတ်လန့်သွားအောင် ပြုလုပ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
ရုတ်တရက် ကောင်းကင်ကြီးမှာ မှောင်အတိ ကျသွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော ငှက်ကြီးတစ်ကောင်မှာ ကောင်းကင်မှ ဆင်းသက်လာသည်
ထိုငှက်မှာ ကြိုးကြာဖြူကို စီးနင်းထားပြီး လူသားကမ္ဘာသို့ ဆင်းသက်လာသော နတ်သားတစ်ပါးအလား ရှိသည့် တန်းရန်ကျီ ပင် ဖြစ်သည်။
သူသည် ရှေးဟောင်းဓားတစ်လက်ကို ကိုင်ဆောင်ထားကာ မာန်ဝံ့သော အမူအရာဖြင့်
"အမွေအနှစ်ကို ခိုးယူသွားတာ မင်းကိုး "
တန်းရန်ကျီ၏ အသံမှာ အေးစက်လှ၏။
သူ၏အသံမှာ လမ်းကြားတစ်ခုလုံးတွင် ဟိန်းထွက်သွားပြီး နားစည်များကိုပင် နာကျင်စေသဖြင့် လူတိုင်းမှာ ဦးခေါင်းကို အုပ်ထားကြရသည်။
တန်းရန်ကျီမှာ ငယ်စဉ်ကပင် လောကအနှံ့ ကျင်လည်ခဲ့ပြီး ကျော်ကြားသူ ဖြစ်သည်။
ဤလူမှာ သတ်ဖြတ်လိုစိတ် အလွန်ပြင်းထန်လှ၏။
ချင်းယွဲ့ထန် နတ်ဘုရားနယ်မြေထဲသို့ ဝင်လာသည်နှင့် ပါရမီရှင် ယဲ့ဟုန်ယွမ် ကို သတ်ဖြတ်ပစ်ခဲ့သူ ဖြစ်သည်။
သူ၏ ရိုင်းစိုင်းရောင့်တက်သော အမူအရာမှာ အထင်သား ပေါ်လွင်နေ၏။
သူတို့နှစ်ဦးမှာ အဝေးမှ လှမ်းကြည့်နေကြသည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် အချိန်များ ရပ်တန့်သွားသကဲ့သို့ပင်။
သတ်ဖြတ်လိုစိတ်များမှာ ဝှေစိမ့်နေတော့သည်။
"င တုံး "
လီယန်ချူက အေးစက်သော စကားနှစ်လုံးကို ထွေးထုတ်လိုက်သည်။
ထိုကျင့်ကြံသူတွေက ဘာလို့ ဟူးလူးညီအစ်ကိုတွေ အဖိုးကို ကယ်သလို တစ်ယောက်ပြီးတစ်ယောက် အသေခံဖို့ လာနေကြတာလဲ။
နတ်သားအလား ခန့်ညားနေသော တန်းရန်ကျီ မှာ ချက်ချင်းပင် ဒေါသအိုး ပေါက်ကွဲသွားတော့သည်။
သူ၏ တည်ငြိမ်နေသော အမူအရာမှာ ပျောက်ကွယ်သွား၏။
သူက ဓားဖြင့် ထိုးနှက်လိုက်သည်။
ဝုန်း
ဓားအလင်းတန်းမှာ မီးမိုးကြိုးလုံးကဲ့သို့ ပေါက်ကွဲထွက်သွားသည်။
ကျောက်ခဲများ လွင့်စင်သွားကာ မြေပြင်တွင် တွင်းကြီးတစ်တွင်း ဖြစ်ပေါ်သွားသည်။
တန်းရန်ကျီသည် ဤ မီးလျှံဓား ၏ စွမ်းအားကို အလွန်ပင် ကျေနပ်နေသည်။
ဤသည်မှာ တားမြစ်ချက်ကို ဖျက်ဆီးရုံသာ ရှိသေးသည် မဟုတ်ပါလား။
သူက ဓားကို ဝှေ့ယမ်းလိုက်ရာ ပူပြင်းလှသော မီးလျှံများမှာ ပေါက်ကွဲထွက်လာပြီး မီးခိုးလုံးကြီးများ တက်လာသဖြင့် မျက်စိပင် ဖွင့်မရတော့ပေ။
တန်းရန်ကျီက ရိုင်းစိုင်းစွာ ရယ်မောလိုက်သည်။
"ဒီနေ့တော့ မင်းကို ငါ့ရဲ့ မီးလျှံဓားအောက်မှာ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားစေရမယ် "
ကြိုးကြာဖြူကို စီးနင်းထားသော ထိုလူမှာ အနိုင်မခံ အရှုံးမပေးနိုင်သော အနေအထားတွင် ရှိနေသည်။
ပူပြင်းလှသော ဓားအလင်းတန်းများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။
ယခုအချိန်တွင် တန်းရန်ကျီ၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ထို့ပြင် သူက ကြိုးကြာဖြူပေါ်တွင် မြင့်မားစွာ ရှိနေသဖြင့် အရှုံးမရှိနိုင်သော အခြေအနေတွင် ရှိနေခြင်းပင်။
"တောင်ပိုင်းမီးလျှံဓား ဟုတ်လား "
လီယန်ချူက မျက်ခုံးပင့်လိုက်သည်။
သူသည် ခေါင်းကို အနည်းငယ်မော့ကာ ကြိုးကြာဖြူပေါ်တွင် စီးနင်းပြီး အထက်စီးမှ ကြည့်နေသော တန်းရန်ကျီကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။
ရှူး
မျက်စိဖြင့် မမြင်နိုင်လောက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။
ပြင်းထန်လှသော အရှိန်အဝါတစ်ခုမှာ လေထုကို ဖောက်ထွင်းသွား၏။
လူတိုင်းသည် စူးရှလှသော လေတိုးသံကို ကြားလိုက်ရပြီးနောက် စူးစူးဝါးဝါး အော်သံတစ်ခု ထွက်ပေါ်လာသည်။
မီးခိုးများ ပျောက်ကွယ်သွားသောအခါမှသာ...
တန်းရန်ကျီ စီးနင်းထားသော ကြိုးကြာဖြူမှာ လှံတစ်ချောင်းဖြင့် ထိုးဖောက်ခံထားရသည်ကို လူတိုင်း မြင်လိုက်ရသည်။
သွေးများမှာ ရွဲရွဲစိုနေပြီး ခန္ဓာကိုယ်မှာ အရှိန်အဝါကြောင့် အပေါက်ကြီး ဖြစ်သွားကာ အသက်ပျောက်သွားလေပြီ။
၎င်းကား ချင်းဖုန်းလင် မှ တောင်စောင့်နတ်ဆိုးကြီး၏ လက်နက်ဖြစ်သော ကျားခေါင်းရွှေစင်လှံ ပင် အလွန်ပင် မာကျောလှသည်။
စောစောက လီယန်ချူက သူ၏ ကြမ်းတမ်းလှသော ခွန်အားဖြင့် တိုက်ရိုက် ပစ်ပေါက်လိုက်ရာ ထိုကြိုးကြာဖြူမှာ သေဆုံးသွားရခြင်း ဖြစ်သည်။
တန်းရန်ကျီသည် တောင်ပိုင်းမီးလျှံဓားကို ဆုပ်ကိုင်ထားရင်း မျက်ဝန်းထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။
"သေစမ်း "
သူသည် မီးလျှံဓားကို အသုံးပြုပြီး ဤလူငယ်တာအိုဆရာကို အရှင်လတ်လတ် မီးမြှိုက်သတ်ရန် ပြင်လိုက်၏။
လီယန်ချူက အေးစက်စွာ ပြုံးကာ ထိုရှေးဟောင်းဓားကို စိုက်ကြည့်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။
"ဓား... လာစေ "
တောင်ပိုင်းမီးလျှံဓားမှာ တုန်ခါသွားတော့သည်။
စူးရှလှသော အရှိန်အဝါတစ်ခုက တန်းရန်ကျီ ၏ လက်ဖဝါးကို နာကျင်စေကာ ဓားမှာ အလင်းတန်းတစ်ခုအဖြစ် ပျံထွက်သွားတော့သည်။
နောက်တစ်ခဏတွင်တော့ ထိုဓားမှာ လီယန်ချူ၏ လက်ထဲသို့ ရောက်ရှိသွားလေပြီ
တန်းရန်ကျီ၏ မျက်လုံးများမှာ ပြူးထွက်မတတ် ဖြစ်သွားရ၏။
"ငါ့ဓား..."
သူက အသံကုန် အော်ဟစ်လိုက်သည်။
ဤဓားက ဘာကြောင့် ထိုလူငယ်တာအိုဆရာ၏ ခေါ်ယူခြင်းကို ခံရသနည်း။
ဤသည်မှာ သူ၏ နတ်ဘုရားအခွင့်ရေး မဟုတ်ပါလား
"လျှောက်မပြောနဲ့ "
"ဒါက ငါ့ရဲ့ ဓားပါ "
လီယန်ချူက တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။
တန်းရန်ကျီမှာ လုံးဝ ဒေါသထွက်သွားပြီဖြစ်သည်။
သူသည် ရင်ဘတ်ထဲမှ ရှေးဟောင်းဆန်သော ကြေးအိုး တစ်လုံးကို ထုတ်လိုက်သည်။
ပါးစပ်မှလည်း မန္တန်များကို တတွတ်တွတ် ရွတ်ဖတ်လိုက်၏။
ဟူး
မီးကျီးကန်းကြီးများမှာ တစ်ကောင်ပြီးတစ်ကောင် ကောင်းကင်သို့ ပျံတက်လာပြီး လီယန်ချူကို ဝိုင်းအုံ တိုက်ခိုက်ကြတော့သည်။
ကောင်းကင်တစ်ခုလုံးမှာ ချက်ချင်းပင် မီးအလင်းတန်းများဖြင့် ဖုံးလွှမ်းသွား၏။
သောင်းဂဏန်းကျီးကန်းအိုး
ဒဏ္ဍာရီလာ ရော်ရွှမ် ၏ ရတနာပင် ဤသည်မှာ ဟော့တယ်ကျုံးဂိုဏ်းမှ ယဲ့ဟုန်ယွမ် ပိုင်ဆိုင်သော ပစ္စည်းဖြစ်သည်။
ယဲ့ဟုန်ယွမ်ကို တန်းရန်ကျီ သတ်လိုက်ပြီးနောက် သူ၏လက်ထဲသို့ ရောက်ရှိသွားခြင်းပင်။
ကောင်းကင်အနှံ့မှ မီးကျီးကန်းများကြောင့် မိုးရေများမှာပင် ချက်ချင်း အငွေ့ပျံကုန်သည်။
လီယန်ချူ၏ မျက်နှာမှာ တည်ငြိမ်နေဆဲပင်။
သူသည် ရင်ဘတ်ထဲမှ ရှေးဟောင်းတံဆိပ်တုံး တစ်ခုကို ထုတ်လိုက်သည်။
ထိုတံဆိပ်တုံးမှာ လေထဲတွင် ချက်ချင်း ကြီးမားလာကာ တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်လိုက်၏။
နတ်ဘုရားမီးလျှံများမှာ တန်းရန်ကျီဆီသို့ ပြန်လည် ဝိုင်းအုံသွားတော့သည်။
ကျောက်ထျန်းတံဆိပ်တုံး
ရတနာချင်း ယှဉ်ပြိုင်မည်ဆိုလျှင် လီယန်ချူမှာ အနည်းငယ်မျှပင် မကြောက်ပေ။
မီးပွားများမှာ နေရာအနှံ့ လွင့်စင်နေ၏။
သူတို့နှစ်ဦး၏ တိုက်ပွဲကြောင့် ရွာသွန်းနေသော မိုးများမှာပင် လုံးဝ ကွယ်ပျောက်သွားရသည်။
သို့မဟုတ်လျှင် တိုက်ရိုက်ပင် အငွေ့ပျံသွားခြင်း ဖြစ်ပေလိမ့်မည်။
ဤသည်မှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
တန်းရန်ကျီ၏ မျက်နှာမှာ ညှိုးနွမ်းသွားသည်။
သောင်းဂဏန်းကျီးကန်းအိုးဖြင့် လီယန်ချူကို မသတ်နိုင်မှန်း သိလိုက်သောအခါ သူသည် နောက်ထပ် ရတနာတစ်ခုကို ထုတ်လိုက်ပြန်သည်။
နဂါးငါးပါးစက်ဝန်း
ဒါလည်း ဒဏ္ဍာရီလာ ရတနာတစ်ခုပင် သောင်းဂဏန်းကျီးကန်းအိုးမှာ မီးလွှတ်ရာတွင် ကောင်းသော်လည်း လူအုပ်စုကို တိုက်ခိုက်ရာတွင်သာ ပို၍ သင့်တော်သည်။
၎င်းနှင့် နှိုင်းယှဉ်လျှင် နဂါးငါးပါးစက်ဝန်းမှာ တစ်ဦးချင်း တိုက်ခိုက်ရာတွင် ပို၍ ထိရောက်လှသည်။
ကြောက်မက်ဖွယ်ကောင်းသော မီးနဂါးငါးကောင် ပေါ်ထွက်လာသည်။
အန်း
နဂါးဟိန်းသံများမှာ မပြတ်ထွက်ပေါ်နေ၏။
မီးနဂါးငါးကောင်မှာ ပါးစပ်မှ မီးများကို မှုတ်ထုတ်ကာ လီယန်ချူကို ဝိုင်းရံထားလိုက်သည်။
တန်းရန်ကျီ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ အပြည့်ရှိနေ၏။
ယဲ့ဟုန်ယွမ်တောင်မှ ဤနဂါးငါးပါးစက်ဝန်းကို မခုခံနိုင်ခဲ့သည် မဟုတ်ပါလား။
လီယန်ချူလည်း မခုခံနိုင်လောက်ဟု သူ ယူဆထားသည်။
ရုတ်တရက်
မီးပင်လယ်ထဲမှ လူရိပ်တစ်ခုမှာ အရှိန်အဟုန်ဖြင့် ပြေးထွက်လာသည်။
သူ၏ကိုယ်တွင် အနာအဆာ တစ်ခုမျှ မရှိပေ နီရဲသော ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။
တန်းရန်ကျီမှာ အလန့်တကြားနှင့် အမြန် ရှောင်တိမ်းလိုက်ရ၏။
ဝုန်း
သူ စောစောက ရပ်နေသော နေရာမှာ ကြီးမားသော တွင်းကြီးတစ်ခု ဖြစ်သွားကာ ပတ်ဝန်းကျင်တွင် မီးများ လောင်ကျွမ်းနေတော့သည်။
ထိုမီးမှာ သာမန်မီး မဟုတ်ပေ။
၎င်းကား နတ်ဘုရားမီးတောက် ပင် ဖြစ်တော့သည်။