← Chapters

ခဲချီစွမ်းအင်နဂါး၏ အသား‌နှင့်သွေး အထောက်အပံ့များကြောင့် နှင်းဝံပုလွေအုပ်စုတစ်ခု‌လုံး ထပ်မံတိုးတက်လာနေကြခြင်း(၂)

Vol. 16 Ch. 159

ခဲချီစွမ်းအင်နဂါး၏ အသား‌နှင့်သွေး အထောက်အပံ့များကြောင့် နှင်းဝံပုလွေအုပ်စုတစ်ခု‌လုံး ထပ်မံတိုးတက်လာနေကြခြင်း(၂)

Vol. 16 Ch. 159

“ခြေရာတွေက အရမ်းလတ်ဆတ်နေသေးတယ်၊ အဲဒီ အမှီးရှည်ရှည်အကောင်ကြီးနဲ့ ကျွန်တော်တို့ တိုက်ပွဲဖြစ်နေတဲ့ အချိန်ဝန်းကျင်လောက်က ဖြစ်နိုင်ပါတယ်...” ယင်းဖုန်း၏ အတွေးများထဲတွင် လေးနက်မှု အရိပ်အယောင်တစ်ခု ပါဝင်နေသည်။

လင်းထျန်းလုံ၏ မိုးပြာနက်နဲဘုရင်မျက်ဝန်းများ ပွင့်လာပြီး မျက်၀န်းထဲတွင် ရေခဲပြာရောင် အလင်းတန်းများ လည်ပတ်လာခဲ့သည်။ “အသေးစိတ် ပြောပြစမ်း...”

“ရေခဲလွှာပေါ်မှာ ဓား ဒါမှမဟုတ် ချွန်ထက်တဲ့ လက်နက်တွေနဲ့ ရေးခြစ်ထားတဲ့ အရာသေးသေးလေးတွေ ရှိတယ်၊ ဖုံးကွယ်ဖို့ ကြိုးစားထားပေမယ့် ကျွန်တော့်ရဲ့ နှာခေါင်းအောက်ကတော့ မလွတ်နိုင်ပါဘူး၊”

“ပြီးတော့... အရမ်းကို ပါးလျတဲ့ စိမ်းသက်သက်အနံ့လေးတစ်ခု ကျန်နေသေးတယ်၊ ဝံပုလွေအုပ်စုရဲ့ အနံ့လည်း မဟုတ်သလို အရင်က ကျွန်တော်တို့ တွေ့ခဲ့ဖူးတဲ့ လူသားအဖွဲ့ နှစ်ဖွဲ့ရဲ့ အနံ့နဲ့လည်း မတူပါဘူး...”

ယင်းဖုန်းက အသေးစိတ် သတင်းပို့လိုက်သည်။

“ခြေရာတွေလား။”

လင်းထျန်းလုံ၏ အကြည့်များ ကျဉ်းမြောင်းသွားသည်။ သူတွေ့ဖူးပြီးသား ရန်သူများအပြင် ဤဝိညာဉ်နယ်မြေ၏ နက်ရှိုင်းသော နေရာတွင် အခြားသော အသိဉာဏ်ရှိသည့် သက်ရှိများ ရှိနေသေးသည်လော။

မိတ်ဆွေလော။ ရန်သူလော။

“အရေအတွက်၊ အင်အားနဲ့ ဦးတည်ရာကရော...”

“ ခြေရာတွေက အရမ်းရှုပ်နေတော့ အရေအတွက်ကို အတိအကျ မခန့်မှန်းနိုင်ပေမယ့် အများကြီးတော့ မဖြစ်နိုင်ပါဘူး၊ အဖွဲ့ငယ်လေး တစ်ဖွဲ့လောက်ပဲ ဖြစ်နိုင်တယ်၊”

“သူတို့ရဲ့ အင်အားက..... ကျန်ရစ်ခဲ့တဲ့ အရှိန်အဝါနဲ့ လှုပ်ရှားမှုခြေရာတွေအရဆိုရင် အနည်းဆုံး တစ်ယောက်ကတော့ အင်အားမနည်းဘဲ ပါရမီရှင်အဆင့်ရဲ့ နယ်နိမိတ်ကိုတောင် ထိတွေ့နေနိုင်တယ်၊"

“သူတို့က အရမ်းကို သတိထားကြတယ်၊ ရေခဲချောက်ကမ်းပါး အက်ကွဲကြောင်းတစ်လျှောက် အနောက်ဘက် နက်ရှိုင်းတဲ့ နေရာတွေဆီကို ဦးတည်သွားနေကြတာ၊ ခြေရာတွေက တဖြည်းဖြည်းနဲ့ ပြတ်တောင်းပြတ်တောင်း ဖြစ်သွားတယ်...” ဟု ယင်းဖုန်းက ပြန်ဖြေလိုက်သည်။

လင်းထျန်းလုံ တစ်ခဏမျှ စဉ်းစားလိုက်သည်။ တစ်ဖက်လူက ဤနေရာရှိ တိုက်ပွဲကို ရှင်းလင်းစွာ သိမြင်သွားသော်ငြား ရှောင်ရှားရန်သာ ရွေးချယ်သွားသည်။

အင်အားမရှိ၍ ဝင်မပါရဲခြင်း ဖြစ်နိုင်သလို အခြားသော အစီအစဉ်များ ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ အသစ်ရှာဖွေတွေ့ရှိထားသော သူ၏ ‘နောက်ဖေးဥယျာဉ်’ ထဲတွင် အမည်မသိ အသိဉာဏ်ရှိ မျိုးနွယ်စုတစ်ခု လှုပ်ရှားနေခြင်းက လုံးဝ ကောင်းသောအရာ မဟုတ်ပေ။

နဂါးအသားကို လောဘတကြီး ဝါးမြိုနေပြီး အရှိန်အဝါများ တဖြည်းဖြည်း မြင့်တက်လာနေသော ဝံပုလွေအုပ်စုကို ကြည့်လိုက်ပြီးနောက် လုံးဝ မတည်ငြိမ်သေးသော သူ၏ စွမ်းအားများကို ပြန်ခံစားကြည့်လိုက်သည်။

ယခုအချိန်သည် လိုက်လံဖမ်းဆီးရန် သို့မဟုတ် အကြီးစား ပဋိပက္ခတစ်ခု ဖန်တီးရန် အကောင်းဆုံးအချိန် မဟုတ်သေးပေ။

“ယင်းဖုန်း၊ ကင်းထောက်ဧရိယာကို ချဲ့လိုက်၊ အနောက်ဘက်ကို အဓိကထားပြီး ကင်းထောက်စစ်ဆေးပါ၊"

“ကိုယ်ယောင်ဖျောက်ဖို့နဲ့ လေ့လာဖို့ကိုပဲ ဦးစားပေးပြီး တိုက်ရိုက် ပဋိပက္ခဖြစ်တာကို တတ်နိုင်သလောက်ရှောင် ပုံမှန်မဟုတ်တာ တစ်ခုခု တွေ့ရင် ချက်ချင်း သတင်းပို့...”

“အမိန့်အတိုင်းပါ ဘုရင်မင်းမြတ်...” ယင်းဖုန်းက အမိန့်ကို လက်ခံလိုက်ပြီး အရိပ်များထဲသို့ နောက်တစ်ကြိမ် ပြန်လည် ပေါင်းစပ်သွားတော့သည်။

“ရန့်မြဲ့...” လင်းထျန်းလုံသည် တည်ငြိမ်သော ခံစစ်ခေါင်းဆောင်ကို ကြည့်လိုက်သည်။

“ကုသတဲ့အရှိန်ကို မြှင့်တင်ပြီး သတိအနေအထားကို တိုးမြှင့်ထား၊ နဂါးအသားကို ခွဲဝေတဲ့အခါမှာ မင်း၊ ထျန်းပင်း နဲ့ ယင်းဖုန်း တို့ အမြန်ဆုံး ပြန်ကောင်းမးလာပြီး အဆင့်တက်နိုင်ဖို့ကို ဦးစားပေး သေချာအောင် လုပ်ပါ...”

“နားလည်ပါပြီ...” ရန့်မြဲ့က တိုးညင်းစွာ ဟိန်းဟောက်၍ ပြန်ဖြေလိုက်ပြီး သူ၏ ကြီးကြပ်မှုအောက်တွင် ဝံပုလွေအုပ်စု၏ လှုပ်ရှားမှုများက သိသိသာသာ မြန်ဆန်လာသည်။

လင်းထျန်းလုံ ပြန်လည်လှဲချလိုက်သော်လည်း အမြင့်ဆုံး သတိအနေအထားဖြင့် ရှိနေဆဲပင်။

အတွင်းပိုင်းသို့ နောက်တစ်ကြိမ် အာရုံစိုက်လိုက်ပြီး အသိစိတ်နေရာလွတ်ထဲရှိ ချီနဂါးဝိညာဉ်အနှစ်သာရဆီသို့ အာရုံရောက်သွားသည်။

ဤအနှစ်သာရက စွမ်းအင်များ ပါဝင်ရုံသာမက ချီနဂါး၏ ကျန်ရစ်နေသေးသော ဝိညာဉ်အမှတ်အသားနှင့် သက်ဆိုင်ရာ သတင်းအချက်အလက် အချို့ကိုပါ သယ်ဆောင်ထားသည်။

ဖြစ်နိုင်သည်မှာ... ဤအရာက ဤရေခဲချိုင့်ဝှမ်းအကြောင်း သတင်းအချို့ကို ပေးစွမ်းနိုင်ပြီး အမည်မသိ ကျူးကျော်သူများနှင့် ပတ်သက်သော သဲလွန်စများကိုပင် ပေးနိုင်လောက်ပေသည်။

သူက အာရုံခံကြိုးမျှင်လေးတစ်ခုအလား သေးငယ်သော စိတ်စွမ်းအင်တစ်ခုကို ခွဲထုတ်ရန် ကြိုးစားလိုက်ပြီး ဖြည်းညင်းစွာ လည်ပတ်နေသော အပြာရောင် ဝိညာဉ်အနှစ်သာရကို သတိကြီးစွာဖြင့် စမ်းသပ်ကြည့်လိုက်သည်။

စိတ်စွမ်းအင်က ဝိညာဉ်အနှစ်သာရကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော လှုပ်ရှားမှုများနှင့်အတူ အပိုင်းပိုင်းအစစဖြစ်နေပြီး မှုန်ဝါးနေသော ပုံရိပ်များက သူ၏ အသိစိတ်ထဲသို့ တိုးဝင်လာတော့သည်။

၎င်းတို့မှာ ရေခဲချီစွမ်းအင်နဂါး၏ ကျန်ရစ်နေသေးသော မှတ်ဉာဏ်အပိုင်းအစများပင် ဖြစ်သည်။

အဆုံးမဲ့ ရေခဲမြစ်များ... အထီးကျန်စွာ လှည့်လည်သွားလာခြင်း... ချိုင့်ဝှမ်း အနက်ထဲရှိ အရာတစ်ခုခုကို စောင့်ကြပ်နေခြင်း...

မကြာသေးမီက စူးစမ်းလိုစိတ်များ ပါဝင်နေသော ထူးဆန်းသည့် စွမ်းအင်လှိုင်းတစ်ခုက ချိုင့်ဝှမ်းထဲသို့ ကျူးကျော်ဝင်ရောက်လာပြီး ၎င်းကို နှိုးလိုက်ခြင်း...

ဒေါသ... မောင်းထုတ်ခြင်း... ကိရိယာများ အသုံးပြုတတ်သည့် သေးငယ်သော သက်ရှိများ... ချိုင့်ဝှမ်းရဲ့ အနောက်ဘက်ကို ထွက်ပြေးသွားခြင်း...

ထို့နောက် ရှေးဟောင်း ငွေပြာဝံပုလွေ သွေးအဆီအနှစ်နှင့် နှင်းခဲဝိညာဉ် မသေမျိုး အမြုတေ တို့ထံမှ ခံစားလိုက်ရသော ပြင်းထန်သည့် ဆွဲဆောင်မှု... နောက်ဆက်တွဲ တိုက်ပွဲ...

ထိုနေရာတွင် မှတ်ဉာဏ်အပိုင်းအစများက ရုတ်တရက် ရပ်တန့်သွားသည်။

လင်းထျန်းလုံ နားလည်သွားသည်။

ယင်းဖုန်းယင်းဖုန်း ရှာတွေ့ခဲ့သော ခြေရာများမှာ အစောပိုင်းက ဝင်ရောက်လာပြီး ချီနဂါး၏ မောင်းထုတ်ခြင်းကို ခံလိုက်ရသော ထို “အမည်မသိ သက်ရှိများ” ၏ ခြေရာများ ဖြစ်ပုံရသည်။

သူတို့က အနောက်ဘက်သို့ ထွက်ပြေးသွားကြပြီး ထိုနေရာတွင် ချီနဂါး စောင့်ကြပ်နေသော အရာတစ်ခုခု ရှိနေပုံရသည်။

သူ၏ အကြည့်များက ထူထပ်သော ဝိညာဉ်မြူခိုးများ ဖုံးလွှမ်းနေသည့် ချိုင့်ဝှမ်း၏ အနောက်ဘက် နက်ရှိုင်းသော နေရာဆီသို့ ရောက်သွားသည်။

ရရှိထားသည်များကိုရရှိထားသည်များကို ကြေညက်အောင် လုပ်ပြီး အဆင့်ကို တည်ငြိမ်အောင် လုပ်ပြီးသည်နှင့် တစ်ပြိုင်နက် အနောက်ဘက် ဇုန်ကို သွားရောက်ကြည့်ရှုရန် လိုအပ်ပုံရသည်။

လက်ရှိ ဦးစားပေးမှာမူ တိုက်ပွဲအပြီး ဝံပုလွေအုပ်စုကို အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေရန်ပင် ဖြစ်သည်။

သူ၏ စိတ်စွမ်းအင်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ချီနဂါးဝိညာဉ်အနှစ်သာရ အတွင်းရှိ သန့်စင်သော ရေခဲစွမ်းအင်နှင့် ဝိညာဉ်မူလစွမ်းအားတို့ကို စတင် လမ်းညွှန်လိုက်ကာ အဆင့်အသစ် ထိုးဖောက်ဝင်ရောက်ထားသော ဘုရင်အဆင့် နှင့် ထာ၀ရတိုက်ပွဲဝိညာဉ် တို့ကို ဖြည်းညင်းစွာ အာဟာရဖြည့်တင်းပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် စွမ်းအင်တစ်စိတ်တစ်ပိုင်းကို လမ်းလွှဲကာ အလယ်အလတ် စိတ်ချင်းဆက်သွယ်ခြင်း၏ သိမ်မွေ့သော ဆက်သွယ်မှုမှတစ်ဆင့် ရေခဲပင်မသလင်းကျောက် အကူအညီဖြင့် အနီးနားတွင် ကျင့်ကြံနေကြသော ရှောင်လန်နှင့် ရှောင်ယင်းတို့ထံသို့ တိတ်ဆိတ်စွာ ပေးပို့လိုက်သည်။

ရေခဲချိုင့်ဝှမ်းကြီးမှာ ယာယီအားဖြင့် ငြိမ်းချမ်းသွားပြီး နဂါးအသားကို ဝါးမြိုကာ စွမ်းအင်များကို သန့်စင်နေကြသော ဝံပုလွေအုပ်စု၏ တိုးညှင်းသော ညည်းသံများနှင့် ရေခဲချောက်ကမ်းပါးများပေါ် ဖြတ်တိုက်နေသော နှင်းမုန်တိုင်းသံများသာ ကျန်ရစ်တော့သည်။

သို့သော် ဤတည်ငြိမ်မှုအောက်တွင် ရှာဖွေစူးစမ်းမှု အသစ်များနှင့် အမည်မသိ စိန်ခေါ်မှုများမှာ မျိုးစေ့ချပြီးသွားပြီ ဖြစ်သည်။

ဝံပုလွေအုပ်စု၏ နဂါးအသားကို ဝါးမြိုသည့် လုပ်ငန်းစဉ်မှာ ရိုးရှင်းသော စားသောက်ပွဲ မဟုတ်ဘဲ အသေးစား ဆင့်ကဲပြောင်းလဲမှု အခမ်းအနား တစ်ခုနှင့် ပိုတူသည်။

ဘုရင်အဆင့် ရေခဲနဂါးကြီး၏ အသားထဲတွင် ပါဝင်သော စွမ်းအင်များက အလွန်ကြီးမားလွန်းသဖြင့် အဆင့်နိမ့် နှင်းဝံပုလွေများမှာ အသားမျှင် သေးသေးလေးများကိုသာ ကိုက်ဖြတ်ယူနိုင်သည်။

တစ်ကိုက် ကိုက်ပြီးသည်နှင့် ချက်ချင်းပင် မြေပြင်ပေါ်သို့ လှဲချကာ ခန္ဓာကိုယ်အတွင်းရှိ အားနည်းသော စွမ်းအင်လှိုင်းများကို အစွမ်းကုန် လည်ပတ်စေလျက် စုပ်ယူကြရသည်။

၎င်းတို့၏ မျက်နှာပြင်တွင် ရေခဲလွှာပါးပါးလေးတစ်ခု ဖြစ်ပေါ်လာပြီး နာကျင်မှုနှင့် တိုးတက်လာမှုတို့ ကြားတွင် အရှိန်အဝါများ အတက်အကျ ဖြစ်နေကြသည်။

အဓိက စစ်သူကြီးများ၏ ဝါးမျိုမှုက ပို၍ပင် ထင်ရှားလှသည်။

ထျန်းပင်းက အလွတ်လပ်ဆုံးဖြစ်ပြီး မာကျောသော အရွတ်များဖြင့်ပြည့်နှက်နေသည့် နောက်ခြေထောက်မှ အသားတုံးကြီးတစ်တုံးကို တိုက်ရိုက်ကိုက်ဖြတ်ကာ တစ်ကြိမ်တည်း မျိုချလိုက်သည်။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ နက်မှောင်သော ရွှေရောင် ပုံသဏ္ဍာန်များက ချက်ချင်း တောက်ပလာပြီး သွေးနှင့် စွမ်းအင်များ ပွက်ပွက်ဆူနေသော ချော်ရည်များအလား ဖြစ်သွားသည်။

သူက ထိန်းချုပ်မထားတော့ဘဲ ခေါင်းမော့ကာ တိုးညှင်းသည့် ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်ပြီး ဤကြမ်းတမ်းသော စွမ်းအင်များကို သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဆေးကြောရန် တက်ကြွစွာ လမ်းညွှန်လိုက်သည်။

အထူးသဖြင့် မူလကတည်းက ကြောက်မက်ဖွယ်ကောင်းလွန်းသော လက်သည်းများကိုပင်။

နဂါးသွေးစွမ်းအင်များ စိမ့်ဝင်မှုအောက်တွင် အပြင်ဘက်အလွှာမှာ ပုံစွအသစ်ဖြင့် သိမ်မွေ့စွာ ပြန်လည်ဖွဲ့စည်းခံနေရသကဲ့သို့ ဖြစ်နေသည်။

သတ္တုဆန်သော အနီရောင်ရင့်ရင့် အလင်းများထွက်ပေါ်လာကာ အရှိန်အဝါက အဆင့် ၂၂ အထိ ထိုးတက်သွားကာ ခိုင်မာသော ခြေလှမ်းတစ်လှမ်း လှမ်းလိုက်နိုင်လေပြီ။

ရန့်မြဲ့ကမူ ပို၍တည်ငြိမ်ပုံရသည်။ သူက စွမ်းအင်များ အသန့်စင်ဆုံး နူးညံ့သော ရေခဲနဂါးကြီး၏ နှလုံးသားကို ရွေးချယ်လိုက်သည်။

ဖြည်းညင်းစွာ ဝါးမြိုစားသောက်လိုက်ပြီး တစ်လုတ် မျိုချလိုက်တိုင်း ရေခဲကြေးခွံချပ်ဝတ်တန်ဆာပေါ်တွင် စီးဆင်းနေသော ထူးဆန်းသည့် အလင်းတန်းများက ပိုမိုခိုင်မာလာခဲ့သည်။

သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အအေးဓာတ်များကလည်း ပြင်းထန်လာကာ အရိုးခိုက်မတတ် ဖြစ်နေခဲ့သည်။

မျက်လုံးများထဲရှိ အလိုဆန္ဒက ရေစိမ်ထားသော သံပူချောင်းတစ်ချောင်းအလား ပွက်ပွက်ဆူနေခဲ့သည်။ သူ၏ စွမ်းအင်စုပ်ယူမှု စွမ်းဆောင်ရည်က အလွန်မြင့်မားပြီး အဆင့် ၂၁ ကို ခိုင်မာစေရုံသာမက နှင်းခဲဝိညာဉ် မသေမျိုး ပင်ကိုယ်စွမ်းရည်ကိုပါ ပုံသွင်းနိုင်ခဲ့သည်။

ယင်းဖုန်း၏ လုပ်ရပ်များမှာ သူ၏ ပင်ကိုယ်စွမ်းရည်ကဲ့သို့ပင် လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်လှသည်။

သူသည် ပထမလှိုင်း လုယက်မှုတွင် ဝင်မပါခဲ့ဘဲ ထျန်းပင်းနှင့် ရန့်မြဲ့တို့ စွမ်းအင်များကို ကြေညက်အောင် လုပ်နေချိန်အထိ စိတ်ရှည်စွာ စောင့်ဆိုင်းပြီးမှ အရိပ်တစ်ခုအလား နဂါးအလောင်းဆီသို့ လျှောတိုက်သွားခဲ့သည်။

အကြမ်းတမ်းဆုံး သို့မဟုတ် အသန့်စင်ဆုံး စွမ်းအင်အစိတ်အပိုင်းများကို မရွေးချယ်ဘဲ နဂါးအရိုးများတွင် တွယ်ကပ်နေသော အလင်းပင် ဖောက်မြင်နေရသည့် ရေကြီးနဂါး၏ အဓိက အရွတ်အချို့ကို တိကျစွာ ကိုက်ဖြတ်ယူလိုက်သည်။

ဤနဂါးအရွတ်များသည် မယုံနိုင်လောက်အောင် ခိုင်မာကာ သီးသန့်ဖြစ်သော သွက်လက်သည့် စွမ်းအင်များ ပါဝင်နေသည်။

ယင်းဖုန်းက ၎င်းတို့ကို တိတ်ဆိတ်သော ရေခဲတိုင်တစ်ခုအနောက်သို့ ဆွဲယူသွားပြီးနောက် ဖြည်းညင်းစွာနှင့် အသေးစိတ် ဝါးမြိုစားသောက်တော့သည်။

သူ၏ အဆင့်တက်ခြင်းက ချက်ချင်း ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။

All Chapters