← Chapters

အခန်း (၂၅၁-၂၅၂)

Vol. 26 Ch. 251-252

အခန်း (၂၅၁-၂၅၂)

Vol. 26 Ch. 251-252

အခန်း (၂၅၁) - ဇီးကွက် အသံအစီအရင် ပျက်စီးသွားခြင်း၊ ယွမ်ဂိုဏ်းမှ ရွှေ‌တစ္ဆေဇီးကွက်၏ တပ်ကူများ(၁)

“မြေကမ္ဘာအူတိုင် သန့်စင်အရည်...”

ဤစကားလုံးများကို ကြားလိုက်ရချိန်တွင် ယင်းဟွမ်ဟွမ်၏ မျက်လုံးများ လင်းလက်သွားပြီး အံ့ဩတကြီး ရေရွတ်လိုက်လေသည်။

ဝူယွမ်နှင့် လင်းတုန်တို့သည်လည်း အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် တစ်ဦးနှင့်တစ်ဦး နားလည်နေကြသော အပြုံးများ အသီးသီး ပေါ်လာခဲ့ကြ၏။

ဤသည်မှာ တကယ်ကို ကောင်းမွန်လှသော အရာတစ်ခု ဖြစ်ပြီး အထူးသဖြင့် လက်ရှိ သူတို့ရောက်ရှိနေသော အဆင့်တွင် ပို၍ပင် အသုံးဝင်လှပေသည်။

မြေကမ္ဘာအူတိုင် သန့်စင်အရည်သည် သာမန် ဝိညာဉ်ဆေးပင်များနှင့် မတူညီပေ။

၎င်းသည် ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရမှ ပေါက်ဖွားလာသော အလွန် ထူးခြားလှသည့် ကောင်းကင်၊ မြေကြီး ဝိညာဉ်ရတနာ တစ်ခုဖြစ်ပြီး အလွန်အမင်း အံ့သြဖွယ်ကောင်းသော စွမ်းအားများကို ပိုင်ဆိုင်ထားလေသည်။

မြေကမ္ဘာအူတိုင် သန့်စင်အရည်၏ အစွမ်းသက်ရောက်မှုမှာ သာမန်မဟုတ်ပေ။

၎င်းသည် လူတစ်ယောက်၏ စွမ်းအားကို မြှင့်တင်ပေးနိုင်စွမ်း ရှိရုံသာမက ပို၍ အရေးကြီးသည်မှာ၊ ကိုယ်ပိုင် မူလဝိညာဉ်တစ်ခုကို ကနဦး စုစည်းဖန်တီးနိုင်ရန် ကူညီပေးနိုင်စွမ်း ရှိခြင်းပင် ဖြစ်သည်။ ထိုအရာမှာ တကယ်ကို အံ့ဩဖွယ်ကောင်းလှပေသည်။

မူလဝိညာဉ် တစ်ခုကို စုစည်းဖန်တီးနိုင်ခြင်း ဆိုသည်မှာ နိဗ္ဗာန်အဆင့်၏ အမြင့်ဆုံး အထွတ်အထိပ်အဆင့်ထိ ရောက်ရှိအောင် ကျင့်ကြံပြီးမှသာ ရရှိနိုင်သော အရာတစ်ခု ဖြစ်သည်။

နိဗ္ဗာန်အဆင့် ၉ ၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော အားကောင်းသည့် ကျင့်ကြံသူများသာလျှင် သူတို့၏ ကိုယ်တွင်းရှိ မူလဝိညာဉ်စွမ်းအားကို ထုတ်ယူအသုံးပြုနိုင်စွမ်း ရှိကြပေသည်။

ထို့နောက်တွင် ထိုစွမ်းအားမှာ အတိုင်းအတာ တစ်ခုအထိ ဖြည်းညင်းစွာ အားကောင်းလာပြီးမှသာ မူလဝိညာဉ် တစ်ခုကို စုစည်းဖန်တီးနိုင်မည် ဖြစ်သည်။

သို့သော်ငြားလည်း ဤလုပ်ငန်းစဉ်မှာ အလွန်အမင်း ခက်ခဲလှပေသည်။ ထူးခြားသော အခွင့်အလမ်းကို ရရှိထားသူများမှလွဲ၍ သာမန်လူများအနေဖြင့် မူလဝိညာဉ်တစ်ခုကို ကနဦး စုစည်းဖန်တီးနိုင်ရန် မဖြစ်နိုင်ပေ။

လူအများစုမှာ ဆန်းကြယ်ရှင်ခြင်းအဆင့်သို့ ရောက်ရှိသည်အထိ စောင့်ဆိုင်းရပြီး ယွမ်စွမ်းအင်နှင့် ထိုနက်နဲလှသော အသက်စွမ်းအင်တို့ ပေါင်းစပ်ကာ အဆုံးမဲ့ အသက်စွမ်းအင် လည်ပတ်မှုစနစ်တစ်ခု ဖြစ်ပေါ်လာချိန်မှသာ မူလဝိညာဉ် တစ်ခုကို အောင်မြင်စွာ စုစည်းဖန်တီးနိုင်ကြလေသည်။

ဝူယွမ်နှင့် အခြားသူများမှာ လက်ရှိတွင် နိဗ္ဗာန်အဆင့် ရှစ်တွင်သာ ရှိနေကြပြီး သူတို့၏ နောက်တစ်ဆင့်မှာ မူလဝိညာဉ်တစ်ခုကို စုစည်းဖန်တီးရမည့် အလွန် အရေးကြီးသော အချိန်အခါပင် ဖြစ်သည်။

သို့သော် မြေကမ္ဘာအူတိုင် သန့်စင်အရည်၏ အစွမ်းသက်ရောက်မှုက သူတို့အား ဤအလွန်အမင်း ခက်ခဲလှသော အဆင့်ကို စောစီးစွာ ပြီးမြောက်နိုင်စေရန် ကူညီပေးနိုင်လေသည်။

ဤအရာသည် နိဗ္ဗာန်အဆင့် ၉ ရှိ အားကောင်းသည့် ကျင့်ကြံသူများအတွက်၊ အထူးသဖြင့် ဆန်းကြယ်ရှင်ခြင်းအဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် မျှော်လင့်ချက် ရှိနေသူများအတွက် အတော်အရေးကြီးလှပေသည်။

မူလဝိညာဉ်တစ်ခုကို စုစည်းဖန်တီးနိုင်ခြင်းဟူသော သွေးဆောင်မှုမှာ သူတို့အတွက် ကြီးမားလွန်းလှသည် မဟုတ်လော

အကယ်၍ ‌မြေကမ္ဘာအူတိုင် သန့်စင်အရည် တည်ရှိနေကြောင်းကိုသာ အခြားသူများ သိရှိသွားမည်ဆိုပါက သေချာပေါက် ပြိုင်ဆိုင်လုယက်မှုများကို ဖြစ်ပေါ်လာစေပေမည်။

မူလဝိညာဉ်တစ်ခုကို အောင်မြင်စွာ စုစည်းဖန်တီးနိုင်မှသာ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်၏ ချုပ်နှောင်မှုများမှ ကင်းလွတ်နိုင်မည် ဖြစ်သည်။

အနာဂတ်တွင် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် ဖျက်ဆီးခံရလျှင်တောင်မှ လောကကြီးထဲမှ ချက်ချင်း ပျောက်ကွယ်သွားမည် မဟုတ်ပေ။

လုံလောက်သော နည်းလမ်းများနှင့် အားကောင်းသည့် နောက်ခံအင်အား ရှိနေသရွေ့ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပြီး ရှင်သန်နိုင်ရန် မဖြစ်နိုင်သည်တော့ မဟုတ်ချေ။

မူလဝိညာဉ်တစ်ခုကို စုစည်းဖန်တီးနိုင်ခြင်းသည် အသက်ကယ် နည်းလမ်း နောက်ထပ်တစ်ခု ရရှိခြင်းနှင့် ညီမျှလေသည်။

၎င်းသည် ရှင်ပြန်ထမြောက်ခြင်း သံချပ်ကာတစ်ခု ရရှိလိုက်သကဲ့သို့ပင်။

အထူးသဖြင့် ဝူယွမ်အတွက်ဆိုလျှင် သူသည် ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားသိုင်းကို ကျင့်ကြံနေစဉ်အတွင်း မူလဝိညာဉ် တစ်ခုသာ ရှိနေမည်ဆိုပါက ၎င်း၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်မည်ဖြစ်ပြီး ဝူယွမ်၏ စွမ်းအားကို အရည်အသွေးပိုင်းအရ များစွာ တိုးတက်လာစေမည် ဖြစ်သည်။

ရှောင်တျောင်းက ဆက်လက် ရှင်းပြလိုက်လေသည်။ အစက ရှောင်ယန်က ဒီတောင်တန်းကြီးထဲမှာ ကျင့်ကြံနေခဲ့တာပါ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဇီးကွက် အသံအစီအရင်ကြီး ရပ်တန့်သွားတဲ့ အချိန်လေးမှာ သူက မှားပြီးဝင်သွားမိတာ၊”

အဲ့ဒီမှာ သူက မိစ္ဆာအသံတောင်တန်းကြီးထဲမှာ ဖုံးကွယ်ထားတဲ့ မြေကမ္ဘာအူတိုင် သန့်စင်အရည်ကို တွေ့သွားခဲ့တာပဲ...”

“ဒါပေမယ့် နောက်ပိုင်းကျတော့ ရှောင်ယန်ကို အဲ့ဒီ ရွှေတစ္ဆေဇီးကွက်က တွေ့သွားခဲ့တယ်... အဲ့ဒီကောင်က အားလည်းကောင်းတယ် ရက်လည်း ရက်စက်တယ်၊ သူက ရှောင်ယန်နဲ့ သူ့ရဲ့ လက်အောက်ငယ်သား တစ်ဒါဇင်လောက်ကို ဖမ်းပြီး ကစားခဲ့တာ၊”

“နောက်ဆုံးတော့ သူက ရှောင်ယန်ရဲ့ အရိုး ဆယ်ချောင်းကျော်လောက်ကို ချိုးပစ်ခဲ့တယ်... တကယ်လို့ ကျွန်တော်သာ အချိန်မီ ရောက်မသွားခဲ့ဘူးဆိုရင် ရှောင်ယန်က ကျားကင်တောင် ဖြစ်နေလောက်ပြီ...”

“အစ်ကိုကြီး၊ အခု ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ...”

ရှောင်တျောင်းက ဝူယွမ်ကို ကြည့်လိုက်၏။ အစ်ကိုကြီး ရောက်လာပြီဖြစ်သဖြင့် အမိန့်ပေး ကွပ်ကဲပိုင်ခွင့်ကို သူ့ထံသို့ လွှဲပြောင်းပေးရမည်မှာ သဘာဝပင် ဖြစ်သည်။

“ပြောနေစရာတောင် မလိုပါဘူး၊ ငါတို့ မိစ္ဆာအသံတောင်တန်းကြီးကို သေချာပေါက် သွေးလွှမ်းပစ်ရမှာပေါ့...”

ဝူယွမ်က ပြတ်သားစွာ ပြောလိုက်လေသည်။ ဆွေးနွေးနေစရာ ဘာမှမရှိပေ။

တစ်ဖက်လူက ရှောင်ယန်ကို မရိုက်နှက်ခဲ့လျှင်တောင်မှ သူတို့ထံတွင် ရတနာတစ်ခု ရှိနေခြင်းကပင် လုယူရန်အတွက် လုံလောက်သော အကြောင်းပြချက် ဖြစ်နေပြီ မဟုတ်လော။

ထို့အပြင် ရွှေတစ္ဆေဇီးကွက်သည် သားရဲကောင်း တစ်ကောင် မဟုတ်ပေ။ ထိုလူခေါင်းနှင့် ဇီးကွက်များ အားလုံးမှာ လူ့အသက်များပင် ဖြစ်ကြသည်။ (လူတွေကို ဇီးကွက်အဖြစ် သန့်စင်ထိန်းချုပ်ထားတာကို ပြောတာဖြစ်နိုင်ပါတယ်)

“ဟဲဟဲ၊ အစ်ကိုကြီးစကားကို နားထောင်ရမှာပေါ့...”

ရှောင်တျောင်းက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။ အစ်ကိုကြီး၏ ပြတ်သားရက်စက်သော ပုံစံကို သူ သဘောကျလေသည်။

ယင်းဟွမ်ဟွမ်က နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်၏။ သူမ၏ ကျောက်စိမ်းရောင် လက်ချောင်းလေးများကို ခပ်ဖွဖွ ဝှေ့ယမ်းလိုက်ရာ မီးတောက်များကဲ့သို့ နီရဲနေသော ကောင်းကင်ဖီးနစ် စောင်းသည် သူမ၏ လက်ထဲသို့ ရောက်ရှိလာခဲ့လေသည်။

အံ့မခန်း လှိုင်းဂယက်တစ်ခု ပြန့်နှံ့သွားပြီး ရှောင်တျောင်းကိုပင် သူမထံသို့ မရည်ရွယ်ဘဲ အကြည့်ရောက်သွားစေခဲ့သည်။

သူမက စောင်းကြိုးများကို ကျောက်စိမ်းရောင် လက်ချောင်းလေးများဖြင့် ပွတ်သပ်လိုက်ပြီးနောက် မော့ကြည့်ကာ ဝူယွမ်ကို ချစ်စရာကောင်းသော အပြုံးလေး ပြုံးပြလိုက်လေသည်။

“ဇီးကွက် အသံအစီအရင်ကို ငါ့ဆီသာထားခဲ့လိုက်...”

ရှောင်တျောင်းကလည်း ယင်းဟွမ်ဟွမ်ကို လေးစားအားကျသော အကြည့်ဖြင့် ကြည့်ကာ ချီးကျူးလိုက်လေသည်။

“မဆိုးဘူးပဲ... သူမ ကြည့်ရတာ ချင်းတန်တို့ စုရိုတို့နဲ့ အသက်အရွယ်တူလောက် ဖြစ်မယ်ထင်တယ်၊ ဒါပေမယ့် သူမရဲ့ စိတ်ဓာတ်က အဲ့ဒီကောင်မလေး နှစ်ယောက်ထက် အများကြီး ပိုအားကောင်းတာပဲ...”

“ချင်းတန်၊ စုရို...” ယင်းဟွမ်ဟွမ်က မျက်မှောင်ကြုတ်လိုက်လေသည်။

“အဟမ်း၊ အဟမ်း... သွားကြစို့၊ မိစ္ဆာအသံ တောင်တန်းကြီးဆီကို...”

ဝူယွမ်က ချက်ချင်းပင် စကားလမ်းကြောင်း လွှဲလိုက်ပြီး သူတို့၏ အရှေ့မှနေ၍ ကောင်းကင်ယံသို့ ပျံသန်းသွားခဲ့လေသည်။

... သားရဲတစ်သောင်း တောင်တန်းကြီး၏ အနက်ရှိုင်းဆုံးအပိုင်းတွင် တည်ရှိသော မိစ္ဆာအသံတောင်တန်းကြီးမှာ မတ်စောက်ပြီး အသံသစ်ပင်ဟု ခေါ်သော အနက်ရောင် သစ်ပင်များဖြင့် ဖုံးလွှမ်းနေလေသည်။

အသံသစ်ပင်များသည် ထူးဆန်းလွန်းပြီး အသံများကို အဆပေါင်းများစွာ ကျယ်လောင်သွားစေနိုင်သော အသံချဲ့စက်ကဲ့သို့သော လုပ်ဆောင်ချက်မျိုး ရှိလေသည်။

အချိန်တိုင်း တောင်ထွတ်တစ်ခုလုံးတွင် စူးရှသော ဆူညံသံများ ပဲ့တင်ထပ်နေသဖြင့် ၎င်းကို မိစ္ဆာအသံတောင်တန်းကြီးဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။

တောင်ထွတ်ပေါ်တွင်မူ သွေးခဲများကဲ့သို့ နီရဲနေပြီး သွေးညှီနံ့များ တထောင်းထောင်းထနေသည့် ကျောက်တုံးနန်းတော်ကြီး တစ်ခု ရှိလေသည်။

နန်းတော်ကြီး၏ အလယ်ဗဟိုတွင် ဖြူဖျော့ဖျော့ အရိုးများဖြင့် အပြည့်အဝ တည်ဆောက်ထားသော ပလ္လင်တစ်ခုရှိသည်။

ယခုအခါ ထိုအရိုးပလ္လင်ပေါ်တွင် မှောင်မိုက်သော ရွှေရောင် အသားအရေရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသား တစ်ဦး ထိုင်နေလေသည်။

သူ၏ မျက်လုံးများမှာ နက်ရှိုင်းချိုင့်ဝင်နေပြီး ပါးစပ်မှာ အနည်းငယ် ထူးဆန်းသော ပုံသဏ္ဍာန် ရှိကာ မျက်နှာထားမှာ ညို့မှိုင်းပြီး အေးစက်နေ၏။

“ကျက်သရေတုံးလိုက်တာ... အဲ့ဒီကောင်က ဘယ်လို မိစ္ဆာမျိုးလဲ၊ တကယ်ကို အားကောင်းလွန်းတယ်... ဒီဘုရင်ထက်တောင် ပိုပြီး အားကောင်းသေးတယ်...”

ရွှေတစ္ဆေဇီးကွက်က ကုလားထိုင်ကို ပြင်းထန်စွာ ရိုက်ချလိုက်ရာ သူ၏ လက်အောက်ရှိ အရိုးများမှာ ချက်ချင်းပင် အမှုန့်ဖြစ်သွားခဲ့လေသည်။

သူ၏ အောက်ဘက်တွင် ရှိနေသော လက်အောက်ငယ်သား တစ်ဒါဇင်ခန့်မှာတော့ တုန်ယင်နေကြပြီး အသံပင် မထွက်ရဲကြပေ။

“ဇီးကွက်အသံအစီအရင်ကို စစ်ဆေးပြီးပြီလား...” ရွှေရောင် တစ္ဆေဇီးကွက်က မေးလိုက်လေသည်။

“စိတ်မပူပါနဲ့ မဟာဘုရင်ကြီး... အားလုံး သေချာစီစဉ်ထားပြီးပါပြီ၊ အဲဒီကောင် ဝင်လာလို့မရပါဘူး...” ကျားသစ်သားရေကို ဝတ်ဆင်ထားသော လက်အောက်ငယ်သား တစ်ဦးက လျင်မြန်စွာ ဖြေကြားလိုက်၏။

“ဒီဘုရင်ရဲ့ စစ်ကူတွေ ရောက်လာတာနဲ့ သူ့ခေါင်းကို လိမ်ချိုးပြီး သေးအိုး လုပ်ပစ်မယ်...” ရွှေတစ္ဆေဇီးကွက်က အေးစက်စွာ ပြောလိုက်လေသည်။

ဤကာလအတွင်း သူတို့သည် ရှောင်တျောင်းကြောင့် မိစ္ဆာအသံ တောင်တန်းကြီးပေါ်တွင် ပိတ်မိနေခဲ့ပြီး အပြင်သို့ မထွက်ရဲခဲ့ကြပေ။

တစ်ချိန်တည်းမှာပင် ဇီးကွက်အသံအစီအရင်ကြောင့် ရှောင်တျောင်းမှာလည်း အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

“သခင်ကြီး... စစ်ကူတွေရှာတွေ့ပြီလား...”

လက်အောက်ငယ်သားများက စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်ကြလေသည်။

ရွှေရောင် တစ္ဆေဇီးကွက်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။

“ဒီဘုရင်က ယွမ်ဂိုဏ်းနဲ့ အဆက်အသွယ် တချို့ ရှိတယ်လေ... ဒီတစ်ခေါက်တော့ ယွမ်ဂိုဏ်းက အကြီးအကဲ တစ်ယောက်ကို ဖိတ်ခေါ်ဖို့ သတင်းစကား ပါးလိုက်ပြီ၊ ယွမ်ဂိုဏ်းက လူတွေ ရောက်လာတာနဲ့ အဲ့ဒီကောင်ကို ငါတို့ ရှင်းလင်းလို့ ရပြီ...”

“ဝူး... လား...”

ထိုအခိုက်တွင် ရုတ်တရက် အပြင်ဘက်မှ စူးရှသော အချက်ပေးသံ တစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ရွှေတစ္ဆေဇီးကွက်နှင့် သူ၏ လက်အောက်ငယ်သားများမှာ ချက်ချင်း မတ်တတ်ရပ်လိုက်ကြပြီး ပင်မခန်းမကြီးထဲမှ လျင်မြန်စွာ ပျံသန်းထွက်ခွာလာကာ အပြင်ဘက် တောင်ထွတ်ပေါ်သို့ ရောက်ရှိလာခဲ့ကြသည်။

မိစ္ဆာအသံတောင်တန်းကြီး၏ အပြင်ဘက် လေထုထဲတွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားလေးဦးပါဝင်သော လူရိပ်ငါးခုက ရပ်တန့်နေကြလေသည်။

“မင်းတို့ ထပ်ရောက်လာကြပြန်ပြီလား...”

ရွှေတစ္ဆေဇီးကွက်က ရှောင်တျောင်းကို မြင်သောအခါ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

“ဘန်း၊ ဘန်း၊ ဘန်း...”

ဤအချိန်တွင် မိစ္ဆာအသံတောင်တန်းကြီးပေါ်ရှိ လူတိုင်းမှာ အချက်ပေးသံကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။

များပြားလွနါးသော လူရိပ်များက ထွက်ပေါ်လာပြီး တောင်ထွတ်ပေါ်သို့ ပျံသန်းလာကာ သူတို့၏ အကြည့်များကို ထိုငါးဦးထံသို့ သတိကြီးစွာဖြင့် စိုက်ကြည့်နေကြလေသည်။

ဝီ၊ ဝီ၊ ဝီ... ဝူယွမ်သည် သူ၏ နားထဲတွင် အသံမျ အနည်းငယ် မြည်ဟည်းနေသကဲ့သို့ ခံစားလိုက်ရသည်။

မိစ္ဆာအသံတောင်တန်းကြီးအတွင်းတွင် အလွန်သိမ်မွေ့ပြီး ထူးဆန်းသော လှိုင်းဂယက်များစွာ ရှိနေကာ စူးရှသော အသံလှိုင်းများက ခပ်ရေးရေး ထွက်ပေါ်နေခဲ့၏။

“မင်း ငါ့ညီကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်၊ ဒီအကြွေးကို ဘယ်လိုလုပ် လွယ်လွယ်လေးဖြေရှင်းလို့ရမှာလဲ... ရွှေတစ္ဆေဇီးကွက်၊ မင်းရဲ့ လက်အောက်ငယ်သား နှစ်ကောင်ကို သတ်ပစ်လိုက်ပါလား၊ “

“အဲ့ဒီလိုဆိုရင် ဒီကိစ္စအတွက် ငါ မင်းကို အနှောင့်အယှက် မပေးတော့ဘူး၊ ဘယ်လိုလဲ...” ရှောင်တျောင်းက ပါးနပ်ပြီး အေးစက်သော အပြုံးဖြင့် ရွှေ‌တစ္ဆေကြည့်ကာ ပြောလိုက်လေသည်။

“မင်းက ဒီဘုရင်ကို အရူးလို့ ထင်နေတာလား... မင်းရဲ့ နောက်ခံက ဘာပဲဖြစ်နေပါစေ၊ ဒီကနေ ထွက်သွားတာ မင်းအတွက် အကောင်းဆုံးပဲ၊ မဟုတ်ရင် မင်းတို့ကို ကိုင်တွယ်ဖို့ ငါ့ဆီမှာ နည်းလမ်းတွေ အများကြီး ရှိတယ်..."

“တကယ်လို့ မင်းက သဘောမတူဘဲ လက်စားချေချင်သေးတယ်ဆိုရင်လည်း ငါ့ရဲ့ ဇီးကွက် အသံအစီအရင်ကို ထိုးဖောက်ကြည့်လိုက်လေ...”

ရွှေတစ္ဆေဇီးကွက်၏ မျက်လုံးများမှာ အေးစက်နေခဲ့၏။ သူ ဒေါသထွက်နေသော်ငြား ဆင်ခြင်တုံတရား ရှိနေဆဲပင် ဖြစ်သည်။ အရင်က ရှုံးထားခဲ့ဖူးသဖြင့် တစ်ဖက်လူကို တိုက်ရိုက် ရင်ဆိုင်ရန် လုံးဝ ပြင်ဆင်ထားခြင်း မရှိပေ။

သူ၏ လက်ဖဝါးကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် တောင်တန်းတစ်ခွင်လုံးရှိ အသံသစ်ပင်များမှာ ချက်ချင်းပင် ရူးသွပ်စွာ တုန်ခါသွားကြလေသည်။

ထိုသစ်ပင်များ အောက်မှ လူခေါင်းများနှင့် ဆင်တူသော အရုပ်ဆိုးအကျည်းတန်သည့် အနက်ရောင် သားရဲကြီးများ ထွက်ပေါ်လာကြ၏။

သူတို့၏ အရေအတွက်မှာ အလွန်များပြားလွန်းပြီး တောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ဤအရာများမှာ သူ မွေးမြူထားသော လူခေါင်းနှင့် ဇီးကွက် တစ်သိန်းပင် ဖြစ်လေသည်။

ဝူး... လား... လား...

ဤလူခေါင်းနှင့် ဇီးကွက်များ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် သူတို့၏ ခေါင်းများကို အသံသစ်ပင်များထဲသို့ ချက်ချင်းပင် ထိုးသွင်းလိုက်ကြလေသည်။

သူတို့၏ ဟိန်းဟောက်သံများနှင့်အတူ ထူးဆန်းသော အသံလှိုင်းများသည် အသံသစ်ပင်များမှတစ်ဆင့် အဆပေါင်းများစွာ ကျယ်လောင်သွားပြီး ပြန့်နှံ့သွားခဲ့၏။

မိစ္ဆာအသံတောင်တန်းကြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးမှာ တွန့်လိမ်ကောက်ကွေးသွားခဲ့သည်။

ထိုအသံလှိုင်းများသည် အဆက်မပြတ်ပေါင်းစပ်ကာ ထပ်မံ၍ ပဲ့တင်ထပ်သွားကြပြီး မိစ္ဆာအသံတောင်တန်းကြီး တစ်ခုလုံးကို ထိုးဖောက်ပြန့်နှံ့သွားကာ အစစ်အမှန် အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

အခန်း (၂၅၂) - ဇီးကွက် အသံအစီအရင် ပျက်စီးသွားခြင်း၊ ယွမ်ဂိုဏ်းမှ ရွှေ‌တစ္ဆေဇီးကွက်၏ တပ်ကူများ(၂)

နောက်ဆုံးတွင် ၎င်းတို့သည် အနက်ရောင် အသံလှိုင်း ကွန်ရက်ကြီးတစ်ခုအလား တောင်ထွတ်တစ်ခုလုံးကို အပြည့်အဝ ဖုံးလွှမ်းသွားတော့သည်။

အနက်ရောင်အသံလှိုင်းများသည် အနက်ရောင် ဧရာမမြွေကြီးများအဖြစ်သို့ ပြောင်းလဲသွားပြီး မိစ္ဆာအသံ တောင်တန်းကြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်ထဲတွင် ဖြည်းညင်းစွာ လှုပ်ရှားနေကြ၏။

ဤအနက်ရောင် အသံလှိုင်းများသည် တည်ငြိမ်နေပုံရသော်လည်း အံ့မခန်း ဖျက်ဆီးနိုင်စွမ်းကို ပိုင်ဆိုင်ထားကြလေသည်။

လူခေါင်းနှင့်ဇီးကွက်တစ်ကောင်၏ အော်ဟစ်သံက ကြောက်စရာ မကောင်းသော်လည်း လူခေါင်းနှင့် ဇီးကွက် တစ်သိန်း၏ အော်ဟစ်သံများကို အသံသစ်ပင်များနှင့် ပေါင်းစပ်လိုက်သောအခါ ဧရာမ အသံချဲ့စက်ကြီးတစ်ခုမှတစ်ဆင့် အသံချဲ့လိုက်သော ခြင်္သေ့ဟိန်းသံ သိုင်းပညာရပ်တစ်ခုအလား အဆုံးအစမရှိသော စွမ်းအားများ ပြည့်နှက်သွားလေသည်။

ရှောင်တျောင်း စစ်ကူတောင်းခဲ့သည်မှာလည်း အံ့သြစရာတော့ မဟုတ်ပေ။ ၎င်းမှာ တကယ်ကို အတော်လေး ဒုက္ခပေးနိုင်စွမ်း ရှိလေသည်။

ဤအသံလှိုင်းအစီအရင်ကို ရင်ဆိုင်ရာတွင် ဝူယွမ်မှာလည်း ၎င်းကို ထိုးဖောက်နိုင်မည့် ကောင်းမွန်သော နည်းလမ်းတစ်ခုကို စဉ်းစားမရနိုင်အောင် ဖြစ်နေခဲ့၏။

အသံလှိုင်းများမှာ အလွန် ထူးဆန်းလွန်းလှသည်။ ရွှေတစ္ဆေဇီးကွက်ထက် စွမ်းအားကြီးမားနေလျှင်တောင်မှ တန်ပြန်တိုက်ခိုက်နိုင်မည့် နည်းလမ်းမရှိပါက ဤဇီးကွက် အသံအစီအရင်ကို မည်သို့မျှ အနိုင်ယူနိုင်မည် မဟုတ်ပေ။

“နင့်အလှည့်ပဲ...”

ဝူယွမ်က ရှောင်တျောင်းနှင့် အခြားသူများကို အနည်းငယ် နောက်ဆုတ်ရန် အချက်ပြပေးလိုက်ပြီး ယင်းဟွမ်ဟွမ်ကို ရှေ့သို့ ထွက်ခွင့်ပေးလိုက်လေသည်။

ယင်းဟွမ်ဟွမ်က ဂုဏ်ယူစွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် သူမ၏ စောင်းကို ကိုင်ဆောင်လျက် ရှေ့သို့ တစ်လှမ်း တိုးထွက်လာခဲ့၏။

“ဟားဟားဟား... မင်းတို့က ဒီဘုရင်ကို ရင်ဆိုင်ဖို့ ဆံပင်ဝါဝါ ကောင်မလေး တစ်ယောက်ကို တကယ်ကြီး လွှတ်လိုက်တာလား... ဒါက ဒီဘုရင်အတွက် အပိုအစာများလား... ဒီဘုရင်က လူသား မိန်းမပျိုလေးတွေကို သဘောကျတယ်ဆိုတာ မင်းတို့ သိသားပဲ...”

လှပနုနယ်သော မျက်နှာလေးနှင့်အတူ အဖြူရောင် ဝတ်စုံပါးလေးကို ဝတ်ဆင်ထားသည့် ယင်းဟွမ်ဟွမ်ကို ကြည့်ရင်း ရွှေတစ္ဆေဇီးကွက်က သွားရည်ကျကာ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

သူ၏ လက်အောက်ငယ်သားများကလည်း ယင်းဟွမ်ဟွမ်ကို ရမ္မက်ကြီးသော အကြည့်များဖြင့် စိုက်ကြည့်နေကြ၏။

ယင်းဟွမ်ဟွမ်၏ မျက်လုံးဝိုင်းဝိုင်းကြီးများမှာ ပယင်းကျောက်များအလား ကြည်လင်တောက်ပနေပြီး နက်မှောင်သော ဆံပင်လေးများက သူမ၏ ရင်ဘတ်ပေါ်သို့ ကျဆင်းနေလေသည်။

သူမ၏ သန့်ရှင်းသော အသွင်အပြင်လေးက မိစ္ဆာအသံတောင်တန်းကြီးမှ ဤလူယုတ်မာများ၏ သွေးများကို ဆူပွက်လာစေခဲ့သည်။

ဤလူများနှင့် သားရဲများမှာ အခြေခံအားဖြင့် ကောင်းသောသူများ မဟုတ်ကြပေ။ သူတို့သည် အတိတ်က ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်ပေါင်းများစွာကို ကျူးလွန်ခဲ့ကြသူများ ဖြစ်သည်။

ယင်းဟွမ်ဟွမ်ကဲ့သို့ တက်ကြွလှပသော မိန်းမပျိုလေးကို မြင်လိုက်ရသောအခါ သူတို့၏ မျက်ဝန်းများထဲရှိ ရမ္မက်ဆန္ဒများမှာ ချက်ချင်းပင် ထိန်းချုပ်၍ မရနိုင်လောက်အောင် ပေါက်ကွဲထွက်လာခဲ့လေတော့သည်။

ဝူး... လား... လား...

သူတို့မှာသူတို့မှာ သွားရည်များ ကျလာကြပြီး လေချွန်ကာ အဆင့်အတန်းနိမ့်ကျသော ညစ်ညမ်းသည့် စကားမျိုးစုံကို အော်ဟစ်ပြောဆိုလာကြလေသည်။

“မိန်းမဟေ့ မိန်းမ... ညီအစ်ကိုတို့၊ မိန်းမဟေ့...”

“သူဌေးကြီး... သူမကို ကျနော့်ဆီမှာသာ ထားခဲ့လိုက်ပါ၊ ကျနော်တို့ သူမကို ကောင်းကောင်း ကိုင်တွယ်ပေးပါ့မယ်...”

“ငါ သူမကို သေချာလေး နှိပ်စက်ပေးမယ်...”

... ဝူယွမ် မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏ မျက်ဝန်းများထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုခြင်း အငွေ့အသက်များ လင်းလက်သွားခဲ့၏။

သူသည် အကျယ်လောင်ဆုံး အော်ဟစ်နေပြီး ညစ်ညမ်းသော စကားများကို အများဆုံး ပြောဆိုနေသူ အချို့ကို သေချာစွာ စိုက်ကြည့်လိုက်ပြီး သူ၏ စိတ်ထဲတွင် မှတ်သားထားလိုက်လေသည်။

ဇီးကွက် အသံအစီအရင်ကြီး ပြိုကွဲသွားသည်နှင့် ၎င်းတို့၏ ပါးစပ်များကို သေချာ သန့်ရှင်း ပေးရန် သူ စီစဉ်ထားလိုက်၏။

မိမိ၏ ချစ်သူအား ကာကွယ်လိုသည့် ယောကျ်ားတစ်ယောက်၏ ခိုင်မာသော ဆန္ဒပင် ဖြစ်သည်။

“ဒင်...”

ယင်းဟွမ်ဟွမ်က စောင်းကြိုးများကို စတင်တီးခတ်လိုက်ချေပြီ။

သူမသည် ဂီတသံစဉ်များထဲတွင် နစ်မြောနေပြီဖြစ်ကာ တစ်ဖက်မှ ပြောဆိုနေသော စကားများကို လျစ်လျူရှုထားလိုက်၏။ စောင်းကို လက်ထဲတွင် ကိုင်ဆောင်ထားချိန်၌ ယင်းဟွမ်ဟွမ်သည် လုံး၀ တည်ငြိမ်နေခဲ့လေသည်။

ထို့အပြင် ဤတစ်ကြိမ်တွင် ၎င်းမှာ သန့်စင်ယွမ်ရတနာ ဖြစ်သော ကောင်းကင်ဖီးနစ်စောင်း ဖြစ်နေသဖြင့် သူမ အပြည့်အဝ အာရုံစူးစိုက်ရန် လိုကိုလိုအပ်ပေသည်။

စောင်းကြိုးများကို တီးခတ်လိုက်သည်နှင့်...

ဖီးနစ်ငှက်၏ အော်မြည်သံတစ်ခု ထွက်ပေါ်လာခဲ့၏။

“ရွှီး...”

ကြည်လင်ပြီး ပဲ့တင်ထပ်နေသော ဖီးနစ်ငှက်၏ အော်မြည်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

ဤအသံက မိစ္ဆာအသံတောင်တန်းကြီးမှ ရမ္မက်ကြီးသော ဇီးကွက်များကို ချက်ချင်းပင် အသိစိတ် ပြန်လည်ဝင်လာစေခဲ့သည်။

ဖီးနစ်ငှက်၏ အော်မြည်သံနှင့်အတူ မီးတောက်များကဲ့သို့ နီရဲနေသော ဧရာမအလင်းတန်းကြီးတစ်ခုက ယင်းဟွမ်ဟွမ်၏ ခန္ဓာကိုယ်မှ မီးတောင်ပေါက်ကွဲသည့်အလား ပေါက်ကွဲထွက်လာခဲ့၏။

ကောင်းကင်ဖီးနစ်စောင်း၏ အထက်တွင် အနီရောင် ဖီးနစ်ငှက် တစ်ကောင်က အတောင်ပံများကို ဖြန့်ကျက်ကာ ယင်းဟွမ်ဟွမ်၏ ခေါင်းထက်တွင် လှည့်ပတ် ပျံသန်းနေလေသည်။

တစ်ချိန်တည်းမှာပင် အတော်လေး ကြောက်မက်ဖွယ်ကောင်းသော လှိုင်းဂယက်တစ်ခု အနီရောင် ဖီးနစ်ငှက်ထံမှ ပြန့်နှံ့ထွက်ပေါ်လာခဲ့သည်။

“သန့်စင်ယွမ်ရတနာ...”

ရွှေတစ္ဆေဇီးကွက်မှာ ထိတ်လန့်သွားပြီး သူ၏ မျက်ဆန်များမှာ ချက်ချင်းပင် ကျဉ်းမြောင်းသွားခဲ့လေသည်။

“နင့်မှာ အမြင်ရှိသားပဲ... ဒါဆိုရင် နင်တို့ကို ကောင်းကင်ဘုံဆီ တိုက်ရိုက်ပို့ပေးဖို့အတွက် တေးသွားတစ်ပုဒ် တီးခတ်ပေးရတာပေါ့...”

ယင်းဟွမ်ဟွမ်က ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် သူမ၏ လက်ချောင်းများနှင့် တီးခတ်နေသော အမြန်နှုန်းကို ပိုမိုမြန်ဆန်လာစေခဲ့လေသည်။

ဒင်... ဒင်...

ဖီးနစ်ငှက်အော်မြည်သံ အသံလှိုင်းများသည် ဧရာမမီးတောက်ကြီးများအဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာအသံတောင်တန်းကြီးကို ဖုံးလွှမ်းထားသော ဇီးကွက် အသံအစီအရင်ဆီကို တိုက်ရိုက်ပင် ရိုက်ခတ်သွားလေသည်။

ဖီးနစ်ငှက်အော်မြည်သံ အသံလှိုင်းများက ဇီးကွက်အသံ အစီအရင်ပေါ်သို့ ရိုက်ခတ်သွားသည်နှင့်အမျှ အနက်ရောင် ဧရာမမြွေကြီးများအလား ဖြစ်နေသော ထိုအသံလှိုင်းများမှာ စတင်ပြိုကွဲသွားကြပြီး အနီရောင် မီးတောက်များထဲတွင် ဘာမှမဟုတ်သော အရာများအဖြစ် ပြောင်းလဲသွားကြလေတော့သည်။

သန့်စင်ယွမ်ရတနာ၏ စွမ်းအားမှာ အလွန်အမင်း အားကောင်းလွန်းလှပေသည်။

၎င်းမှ ထုတ်လွှတ်လိုက်သော ဖီးနစ်ငှက်အော်မြည်သံ အသံလှိုင်းများသည် ဤလူခေါင်းနှင့်ဇီးကွက်များ၏ အသံလှိုင်းများထက် များစွာ ကျော်လွန်နေခဲ့၏။

ဤသည်မှာ အရည်အသွေးပိုင်းဆိုင်ရာ ဖိနှိပ်မှုတစ်ခုပင် ဖြစ်သည်။

တစ်ဖက်မှ အသံလှိုင်းများမှာ အရေအတွက် များပြားသော်ငြား ၎င်းတို့ကို လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ဘဲ ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် လောင်ကျွမ်းသွားကြလေသည်။

ဖီးနစ်ငှက်အော်မြည်သံ အသံလှိုင်းများသည် ဇီးကွက် အသံအစီအရင်ကို အတားအဆီးမရှိ ထိုးဖောက်သွားခဲ့ပြီး ဆက်လက်ပြန့်နှံ့ကာ အသံလှိုင်း တိုက်ခိုက်မှုများကို လူခေါင်းနှင့်ဇီးကွက်တစ်သိန်းထံသို့ တိုက်ရိုက် တန်ပြန်ထိသွားခဲ့၏။

အသံလှိုင်းများ၏ တန်ပြန်ရိုက်ခတ်မှုအောက်တွင် တောင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော လူခေါင်းနှင့်ဇီးကွက်များမှာ တစ်ကိုယ်လုံး တုန်ယင်သွားကြပြီးနောက် သူတို့အားလုံး ‘ဘန်း’ ခနဲ အသံများနှင့်အတူ သွေးမြူခိုးတိမ်တိုက်များအဖြစ်သို့ ပေါက်ကွဲသွားကြလေတော့သည်။

“ပြီးပြီ...”

ယင်းဟွမ်ဟွမ်က စောင်းကို သိမ်းဆည်းလိုက်ပြီး ဝူယွမ်၏ ဘေးသို့ ပြန်လည် ဆုတ်ခွာလာခဲ့လေသည်။

“အရမ်းကောင်းတယ်...”

ဝူယွမ်က သူမကို လက်မထောင်ပြလိုက်၏။

“ဟွန့်... ခုနက အဲ့ဒီသားရဲတွေက အရမ်းရိုင်းစိုင်းတဲ့ စကားတွေ ပြောခဲ့တာ... သူတို့ကို ငါနဲ့အတူ ဖြေရှင်းပေးရမယ်နော်...” ယင်းဟွမ်ဟွမ်က ထိုအချိန်တွင် ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

“စိတ်မပူပါနဲ့၊ သူတို့အားလုံးကို ငါ မှတ်ထားတယ်... သူတို့ကို လွယ်လွယ်လေးတော့ ငါ အလွတ်မပေးပါဘူး၊ ရှောင်တျောင်း၊ ဒုတိယညီလေး... လှုပ်ရှားကြစို့...”

ဝူယွမ်၏ မျက်လုံးများက ရှေ့သို့ ဝေ့ကြည့်လိုက်ပြီးနောက် ယင်းဟွမ်ဟွမ်ကို ဆွဲယူကာ သူ၏ လက်မောင်းတစ်ဖက်ဖြင့် ပွေ့ဖက်ထားလိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် မိုးကြိုးဝိညာဉ် ကောင်းကင်ဓားကို မြှောက်ကာ တိုးတိုးလေး ပြောလိုက်လေသည်။

“လူတချို့ကို သတ်ဖို့ နင့်ကို ခေါ်သွားမယ်...”

ရှောင်တျောင်း၊ လင်းတုန်နှင့် ရှောင်ယန်တို့မှာ စတင် လှုပ်ရှားနေကြပြီ ဖြစ်သည်။

“အခု အရှင်သခင်တျောင်းရဲ့ နည်းလမ်းတွေ မင်းကို ပြရသေးတာပေါ့...”

သွေးဆာနေသော အမူအရာတစ်ခု ရှောင်တျောင်း၏ ချောမောလှပသော မျက်နှာပေါ်တွင် ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက သူ၏ ခန္ဓာကိုယ်အတွင်းမှ ပြန့်နှံ့ထွက်ပေါ်လာခဲ့၏။

သူ ဒေါသထွက်နေခဲ့သည်။ တစ်ဖက်လူကို သူ အလွယ်တကူ သတ်ပစ်နိုင်သော်လည်း ဇီးကွက် အသံအစီအရင်၏ တားဆီးမှုကြောင့် ထိုရွှေတစ္ဆေဇီးကွက်ကို သူ၏ အရှေ့တွင် ရက်ပေါင်းများစွာ ကြွားဝါခွင့်ပေးခဲ့ရသည် မဟုတ်လော။

ယခုအခါ နောက်ဆုံးတွင်တော့ မည်သည့် အတားအဆီးမျှ မရှိတော့ပေ။ ရှောင်တျောင်းက အပြည့်အဝ ပေါက်ကွဲထွက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင် အလင်းတန်းများ လင်းလက်လာခဲ့ငည်။

သူ၏ ပုံရိပ်မှာ တစ္ဆေတစ်ကောင်အလား လျင်မြန်စွာ ရွေ့လျားသွားပြီး ရွှေတစ္ဆေဇီးကွက်၏ အရှေ့သို့ ချက်ချင်း ရောက်ရှိလာပြီး လက်များကို ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင် စွမ်းအင်တန်းနှစ်ခုက တိုး၀င်လာခဲ့လေသည်။

လင်းတုန်နှင့် ရှောင်ယန်တို့က မိစ္ဆာအသံတောင်တန်းကြီး၏ နိဗ္ဗာန်အဆင့် ၉ ရှိ စစ်သူကြီး နှစ်ကောင်ကို အသီးသီး သွားရောက် ရင်ဆိုင်လိုက်ကြ၏။

ဤသုံးဦးမှာ မိစ္ဆာအသံတောင်တန်းကြီး၏ ခေါင်းဆောင်များ ဖြစ်ကြသော်ငြား ရှောင်တျောင်းနှင့် အခြားနှစ်ဦးကို ရင်ဆိုင်ရချိန်တွင်တော့ သူတို့၏ ကံကြမ္မာမှာ ချေမှုန်းခံရရန် သတ်မှတ်ထားပြီးသား ဖြစ်သွားလေတော့သည်။

ဝူယွမ်ကမူ သူတို့ကို သွားရောက် မရင်ဆိုင်ခဲ့ပေ။

ယင်းအစား ယခုလေးတင် အကျယ်လောင်ဆုံး အော်ဟစ်နေပြီး ညစ်ညမ်းသော စကားများကို အများဆုံး ပြောဆိုနေခဲ့သူများကိုသာ သူ အာရုံစိုက်ထားခဲ့လေသည်။

သူသည် လက်တစ်ဖက်ဖြင့် ယင်းဟွမ်ဟွမ်ကို ပွေ့ချီထားပြီး အခြားလက်တစ်ဖက်ဖြင့် ဓားအလင်းတန်း တစ်ခုကို ထုတ်လွှတ်လိုက်၏။

အလွန်အမင်း ရိုင်းစိုင်းစွာ ပြောဆိုခဲ့သူများ အားလုံးကို သူ မှတ်မိနေပြီး ယခုအခါတွင်တော့ အပြစ်ပေးရမည့်အချိန် ရောက်ရှိလာပြီ ဖြစ်သည်။

သူတို့ကို ဓားတစ်ချက်တည်းဖြင့် သတ်ပစ်နိုင်သော်လည်း ဝူယွမ်သည် သူတို့ကို မြန်မြန်ဆန်ဆန် သေဆုံးခွင့် မပေးခဲ့ပေ။ သူ၏ ဓားအလင်းတန်း တစ်ခုစီတိုင်းတွင် မိုးကြိုးနှင့် မီးတောက်များ ပါဝင်နေသည်။

တစ်ဖက်လူကို ထိမှန်သွားသောအခါ ၎င်းက သူတို့အား တိုက်ရိုက်သတ်ပစ်မည် မဟုတ်ဘဲ မိုးကြိုးများနှင့် မီးတောက်များက သူတို့၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး ထိုမိုးကြိုးများနှင့် မီးတောက်များကြားတွင် သူတို့ကို သေချာ ‘သန့်စင်’ သွားမည် ဖြစ်သည်။

မိစ္ဆာအသံတောင်တန်းကြီးမှ လူအချို့မှာ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ အခြေအနေ မကောင်းသည်ကို မြင်သောအခါ သူတို့သည် တိတ်တဆိတ် ထွက်ပြေးရန် ပြင်ဆင်လိုက်ကြလေသည်။

သစ်ပင်လဲလျှင် မျောက်များ ပြန့်ကျဲသွားသည်ဟူသော စကားပုံအတိုင်းပင် လက်ရှိ အခြေအနေတွင် မိစ္ဆာအသံတောင်တန်းကြီးမှာ သေချာပေါက် ကယ်တင်၍ ရနိုင်တော့မည် မဟုတ်ပေ။

သို့သော် ဤလူယုတ်မာများကို ဝူယွမ်က မည်သို့ ထွက်ပြေးခွင့် ပြုနိုင်မည်နည်း။

သူ၏ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး မိစ္ဆာအသံတောင်တန်းကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားသော ချိတ်ပိတ်ခြင်းရူန်းစာလုံး တစ်ခုအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားလေတော့သည်။

ဤအခိုက်အတန့်တွင် မိစ္ဆာအသံတောင်တန်းကြီး တစ်ခုလုံးမှာ ပရမ်းပတာ ဖြစ်သွားခဲ့၏။

စူးရှသော အော်ဟစ်သံများနှင့်အတူ ဟိန်းဟောက်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ တောင်ထွတ်တစ်ခုလုံးမှာ ပြိုကျတော့မည့်အလား ဖြစ်နေပြီး သွေးညှီနံ့များမှာလည်း ကောင်းကင်ယံတွင် တထောင်းထောင်းထနေခဲ့လေသည်။

မိစ္ဆာအသံတောင်တန်းကြီး ပရမ်းပတာ ဖြစ်နေစဉ်မှာပင် ခပ်လှမ်းလှမ်းရှိ တောင်ထွတ်တစ်ခုမှ လူရိပ်သုံးခု လျှပ်တစ်ပြက် ထွက်ပေါ်လာပြီး မိစ္ဆာအသံတောင်တန်းကြီးဆီသို့ လှမ်းကြည့်လိုက်ကြ၏။

ထိုသုံးဦးမှာ အဘိုးကြီးတစ်ဦးနှင့် လူငယ်နှစ်ဦး ဖြစ်ပြီး သူတို့၏ ရင်ဘတ်များပေါ်တွင် အဖြူရောင် တံဆိပ်များကို အသီးသီး တပ်ဆင်ထားကြသည်။

ထိုတံဆိပ်များပေါ်တွင် အနက်ရောင် နေမင်းတစ်ခု ပါဝင်ပြီး ယင်နှင့် ယန်တို့၏ အတက်အကျ ဖြစ်နေသည့်အလား အနက်နှင့် အဖြူများက အလှည့်ကျ ဖြစ်နေခဲ့၏။

ဤသင်္ကေတမှာ အရှေ့ဘက်ရွှမ်းဒေသတွင် အစွမ်းအထက်ဆုံးသော စူပါဂိုဏ်းကြီး ဖြစ်သည့် ယွမ်ဂိုဏ်း၏ သင်္ကေတပင် ဖြစ်လေသည်။

လူငယ်နှစ်ဦး၏ တံဆိပ်အနားကွပ်များတွင် ရွှေရောင်ကြိုးလေးများ ရစ်ပတ်ထားပြီး ၎င်းတို့က အတော်လေး မြင့်မြတ်သော အသွင်အပြင်ကို ပေးစွမ်းနေခဲ့သည်။

ထိုကဲ့သို့သော တံဆိပ်မျိုးကို ယွမ်ဂိုဏ်း၏ ဌာနခွဲ ရှစ်ခုကြားရှိ အထူးချွန်ဆုံးသော အထက်တန်းလွှာတပည့်များသာ တပ်ဆင်ခွင့် ရှိလေသည်။

ဌာနခွဲ ရှစ်ခုကြားရှိ အထက်တန်းလွှာ တပည့်များဆိုသည်မှာ ဝိညာဉ်စစ်သူကြီး ရှစ်ပါးပင် ဖြစ်သည်။

အကြီးအကဲတစ်ဦးနှင့် အထက်တန်းလွှာတပည့်နှစ်ဦး... ဤသူများမှာ ရွှေတစ္ဆေဇီးကွက်၏ စစ်ကူများပင် ဖြစ်တော့သည်။

All Chapters