အခန်း (၂၅၇-၂၅၈)
Vol. 26 Ch. 257-258
အခန်း (၂၅၇) - ယွမ်အမြုတေကို ခွဲဖြာ၍ မူလဝိညာဉ်ကို မွေးဖွားခြင်း၊ ကမ္ဘာ့သစ်ပင်၏ ကောင်းချီးနှင့် မူလဝိညာဉ် ထွက်ပေါ်လာခြင်း(၁)
တိတ်ဆိတ်ငြိမ်သက်နေသော မိစ္ဆာအသံတောင်တန်းကြီးပေါ်တွင် ရွှေရောင် လူရိပ်တစ်ခုသည် လေထုထဲ၌ ရပ်တန့်နေပြီး သူ၏ အကြည့်များက တောင်ပေါ်ရှိ နေရာအနှံ့အပြားသို့ ဝေ့ကြည့်နေကာ နောက်ဆုံးတွင် အကြီးအကဲ ကျန်း၊ ရှန်ယွမ်နှင့် ရှာယန်တို့၏ အလောင်းများ မီးလောင်ကျွမ်းသွားခဲ့သော နေရာများတွင် ရပ်တန့်သွားခဲ့လေသည်။
ထိုသုံးဦး၏ အငွေ့အသက်များသည် ထိုနေရာများတွင် ကျန်ရစ်နေသေးသော်လည်း သူတို့၏ ပြာများပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ရွှေရောင် လူရိပ်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ ထုတ်လွှတ်လိုက်သော ဒေါသများက ပတ်ဝန်းကျင်ရှိ လေဟာနယ်ကိုပင် ခပ်ရေးရေး တွန့်လိမ်ကောက်ကွေးသွားစေခဲ့၏။
“သူတို့ရဲ့ မူလဝိညာဉ်တွေတောင် လုံးဝ ပြိုကွဲသွားခဲ့တာဟ... တကယ်ကို သန့်ရှင်းသပ်ရပ်တဲ့ နည်းလမ်းပဲ၊ သူတို့က ငါတို့ ယွမ်ဂိုဏ်းရဲ့ စုံစမ်းစစ်ဆေးမှုကို တကယ်ပဲ သတိထားနေကြတာလား... ကြည့်ရတာ သူတို့က ငါတို့ ယွမ်ဂိုဏ်းကို လုံးဝ မကြောက်တာတော့ မဟုတ်ဘူးပဲ...”
ရွှေရောင် လူရိပ်သည် သူ့ဘာသာ တီးတိုးရေရွတ်လိုက်ပြီးနောက် မိစ္ဆာအသံတောင်တန်းကြီးဆီသို့ လက်ဖြင့် ညွှန်လိုက်ပြီး ညင်သာစွာ ဆုပ်လိုက်လေသည်။
ချက်ချင်းပင် တောင်ထွတ်တစ်ခုလုံး မြည်ဟည်းတုန်ခါသပြီး ပြိုကျသွားကာ အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် တောင်တစ်ခုလုံးမှာ သူ၏ လက်ချက်ဖြင့် မြေကြီးထဲသို့ အတင်းအဓမ္မ ဖိချခံလိုက်ရလေတော့သည်။
တောင်ကြီးကို မြေကြီးထဲသို့ နစ်မြုပ်သွားစေပြီးနောက် ရွှေရောင် လူရိပ်က ခေါင်းအနည်းငယ် စောင်းလိုက်ပြီး သူ၏ အကြည့်များက ဝူယွမ်နှင့် အခြားသူများ ထွက်ခွာသွားသော အရပ်ဆီသို့ အံ့ဩစရာကောင်းလောက်အောင် ဦးတည်သွားခဲ့၏။
“ငါ့ရဲ့ ယွမ်ဂိုဏ်းက လူတွေကို သတ်ပြီးမှ ထွက်ပြေးလွတ်မြောက်နိုင်မယ်လို့ မျှော်လင့်နေတာလား... မင်းတို့ တကယ်ပဲ ထွက်ပြေးလွတ်မြောက်နိုင်မယ်လို့ ထင်နေကြတာလား...”
သူက ခပ်ဖွဖွ ပြုံးလိုက်ရာ လေဟာနယ်မှာ အက်ကွဲသွားပြီး သူ၏ ခန္ဓာကိုယ်မှာ ၎င်းအတွင်းသို့ ထပ်မံ ပျောက်ကွယ်သွားခဲ့လေသည်။
အရှေ့ဘက် ရွှမ်းဒေသတွင် မည်သူကမျှ သူတို့ ယွမ်ဂိုဏ်း၏ လက်မှ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ဖူးခြင်း မရှိပေ... အထူးသဖြင့် သူ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားလာသည့် အချိန်မျိုးတွင်ပင်...။
သားရဲတစ်သောင်း တောင်တန်းကြီး၏ အစွန်း...
ဝူယွမ်နှင့် အခြားသူများမှာ သားရဲတစ်သောင်း တောင်တန်းကြီးမှ ထွက်ခွာရန် အလျင်စလို ပျံသန်းနေကြလေသည်။
ရုတ်တရက် ရှောင်တျောင်းက ရပ်တန့်သွားခဲ့၏။ သူ၏ မျက်နှာအမူအရာမှာ ပုံမှန်မဟုတ်ဘဲ လေးနက်နေခဲ့သည်။
သူသည် ခေါင်းကို လှည့်လိုက်ပြီး သူ၏ ခရမ်းရောင် မျက်လုံးများက လေဟာနယ်ကိုပင် ထိုးဖောက်သွားတော့မည့်အလား အဝေးမှ ကျောဘက်သို့ စူးစိုက်ကြည့်နေခဲ့လေသည်။
“အစ်ကိုကြီး... ကျွန်တော်တို့ ပစ်မှတ်ထားခံလိုက်ရပြီ...” ရှောင်တျောင်းက တိုးတိုးလေး ပြောလိုက်လေသည်။
“တစ်ယောက်ယောက်က ကျွန်တော်တို့ကို လိုက်ဖမ်းဖို့ လေဟာနယ်ကို ဖြတ်သန်းလာနေတယ်... သူ့ရဲ့ စွမ်းရည်က မသေးဘူး၊ ကြည့်ရတာ စူပါ ငါးကြီးတစ်ကောင် ဖြစ်ပုံရတယ်...”
“ယွမ်ဂိုဏ်းရဲ့ ကြီးမြတ်တဲ့ ဂိုဏ်းချုပ်ကြီး သုံးပါးထဲက တစ်ယောက်တောင် ဖြစ်နေနိုင်တယ်...”
“ယွမ်ဂိုဏ်းရဲ့ ကြီးမြတ်တဲ့ ဂိုဏ်းချုပ်ကြီး သုံးပါးဆိုတာ အဖေ့အဆင့်လောက်ရှိတဲ့ ပုဂ္ဂိုလ်တွေလေ... ငါတို့က သူတို့ ပစ်မှတ်ထားတာကို တကယ်ကြီး ခံလိုက်ရတာလား...” ယင်းဟွမ်ဟွမ်သည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသော မျက်နှာလေးဖြင့် ပြောလိုက်လေသည်။
“အစ်ကိုကြီး၊ ရှောင်တျောင်း... ငါတို့ ဘယ်လိုလုပ်ကြမလဲ...” လင်းတုန်မှာလည်း စိုးရိမ်တကြီး ဖြစ်နေခဲ့၏။
ထိုကဲ့သို့ အားကောင်းလွန်းသော ဂိုဏ်းချုပ်ကြီး အဆင့်ရှိ ပုဂ္ဂိုလ်များဆိုသည်မှာ သူတို့၏ လက်ရှိ ယှဉ်ပြိုင်နိုင်စွမ်းထက် ကျော်လွန်နေသည်မှာ အသေအချာပင် ဖြစ်သည်။
“အခုလောလောဆယ် သူ့ကို ငါ မနိုင်နိုင်ပေမယ့် ငါသာ ထွက်သွားချင်တယ်ဆိုရင် သူ ငါ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး...” ရှောင်တျောင်းသည် ခပ်ဖွဖွ လှောင်ပြုံးပြုံးလိုက်ပြီးနောက် သူ၏ လက်များက ရုတ်တရက် လက်သင်္ကေတ တစ်ခုကို ဖန်တီးလိုက်လေသည်။
ခရမ်းနှင့် အနက်ရောင် ရောယှက်နေသော အလင်းတန်းများက သူ၏ ခန္ဓာကိုယ်မှ လှိုင်းတံပိုးများအလား ထွက်ပေါ်လာပြီးနောက် သူ၏ အရှေ့တွင် လည်ပတ်နေသော ခရမ်းနှင့် အနက်ရောင် ရောယှက်နေသည့် အလင်းတန်း အစီအရင် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
အလင်းတန်း အစီအရင်၏ ပတ်ဝန်းကျင်ရှိ နေရာလပ်မှာ ပြိုကွဲတော့မည့် အရိပ်အယောင်များ ပေါ်လွင်နေခဲ့သည်။
“တစ်ဖက်လူက ငါတို့ရဲ့ အငွေ့အသက်ကို ခြေရာခံနိုင်လောက်တယ်... မင်းတို့အားလုံး မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ထဲကို အရင် ဝင်သွားကြ...”
ဝူယွမ်သည် လင်းတုန်နှင့် ရှောင်ယန်တို့ကို မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် အတွင်းသို့ ချက်ချင်း ခေါ်ဆောင်သွားလိုက်လေသည်။
ယင်းဟွမ်ဟွမ် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့၏။
ဤသည်က ရှောင်တျောင်းအတွက် သူတို့နှင့်အတူ နေရာလပ် ရွှေ့ပြောင်းခြင်းကို ပြုလုပ်ရာတွင် ပိုမို လွယ်ကူသွားစေမည် ဖြစ်သည်။
ဝူယွမ်က ယင်းဟွမ်ဟွမ်ကို သူ၏ ဘေးတွင် အထူးတလည် ချန်ထားခဲ့ရခြင်း၏ အဓိက အကြောင်းရင်းမှာ အကယ်၍ သူမကိုသာ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် အတွင်းသို့ ခေါ်ဆောင်သွားမည်ဆိုပါက သူမ၏ ဖခင်ဖြစ်သူ ယင်းရွှမ်းဇီက သူတို့ကို အာရုံခံနိုင်တော့မည် မဟုတ်ဘဲ ပြဿနာတတ်သွားမည်ကို စိုးရိမ်သောကြောင့်ပင် ဖြစ်သည်။
မူလဇာတ်လမ်းအရ ရှောင်တျောင်းသည် ဤကပ်ဘေးမှ မလွတ်မြောက်နိုင်ခဲ့ပေ။ နောက်ဆုံးတွင် ယင်းရွှမ်းဇီက ဝင်ရောက်စွက်ဖက်ပြီး သူတို့ကို လိုက်လံ ဖမ်းဆီးနေသော ယွမ်ဂိုဏ်း ဂိုဏ်းချုပ်ကြီးကို ဟန့်တားပေးခဲ့ရခြင်း ဖြစ်သည်။
လုံခြုံမှု ရှိစေရန်အတွက် ဝူယွမ်သည် ယင်းရွှမ်းဇီ၏ ဆက်သွယ်မှုကို ဆက်လက် အသက်ဝင်နေစေရန် လိုအပ်ပေသည်။
သေချာတာကတော့ ယင်းရွှမ်းဇီ၏ လျှို့ဝှက်အကူအညီ အပြင် ဝူယွမ်တွင် အခြားသော နည်းလမ်းများလည်း ရှိနေသေးသည်။
ဝူယွမ်၏ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ပျက်သုဉ်းခြင်း ရူန်းစာလုံးများကို အဆက်မပြတ် ပစ်လွှတ်ကာ သူတို့၏ မူလနေရာမှ အငွေ့အသက်များ အားလုံးကို လုံးဝ ဖျက်ဆီးပစ်လိုက်လေသည်။
“အကြီးအကဲ ဟွမ်... ကျနော်တို့ သုံးယောက်ရဲ့ အငွေ့အသက်တွေကို ဖုံးကွယ်ဖို့ အကြီးအကဲ ကူညီပေးနိုင်လောက်တယ်...”
ဝူယွမ်က မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်နှင့် ချက်ချင်း ဆက်သွယ်လိုက်လေသည်။
သူ၏ ရင်ဘတ်ပေါ်ရှိ ရှေးဟောင်းကျောက်တိုင် အသေးစားလေးထံမှ အမိုက်စား အဝါရောင် အလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာပြီး ဝူယွမ်နှင့် အခြားနှစ်ဦးကို လွှမ်းခြုံသွားခဲ့၏။
ဤအချိန်တွင် ရှောင်တျောင်းသည်လည်း နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ပြီးစီးသွားခဲ့လေပြီ။
သူ ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်ရာ လေပြင်းတစ်ချက်က ဝူယွမ်နှင့် ယင်းဟွမ်ဟွမ်တို့ကို အလင်းတန်း အစီအရင် အတွင်းသို့ သယ်ဆောင်သွားခဲ့သည်။
ထို့နောက် အလင်းတန်း အစီအရင်က လျင်မြန်စွာ လည်ပတ်သွားပြီး ဤအခိုက်အတန့်တွင် လေဟာနယ် ပြိုကွဲသွားခဲ့၏။ ဝှစ်ခနဲ
ဝှစ်ခနဲ အသံနှင့်အတူ အလင်းတန်း အစီအရင်နှင့် ဝူယွမ်တို့ နှစ်ဦးမှာ တစ်ပြိုင်နက်တည်းနီးပါး ပျောက်ကွယ်သွားကြလေတော့သည်။
သူတို့ ထွက်ခွာသွားပြီး မကြာမီမှာပင်...
ရွှေရောင်လူရိပ်သည် လေဟာနယ်ကို ထိုးဖောက်ပြီး သူတို့ ယခုလေးတင် ရပ်နေခဲ့သော နေရာသို့ ရောက်ရှိလာခဲ့လေသည်။
“ဟင်...”
သူ မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်လေသည်။ “သူတို့က သူတို့ရဲ့ အငွေ့အသက်တွေကို လုံးဝ ဖျက်ဆီးပစ်နိုင်ခဲ့ရုံသာမက ချက်ချင်း တည်နေရာ ရွှေ့ပြောင်းခြင်းကိုတောင် အသုံးပြုသွားခဲ့တာပဲ...”
ရွှေရောင် လူရိပ်သည် နေရာတွင်ပင် စတင် တွက်ချက်ကြည့်လိုက်သော်လည်း တစ်ဖက်လူ ရွှေ့ပြောင်းသွားသော လမ်းကြောင်းကို ယာယီအားဖြင့် မဆုံးဖြတ်နိုင်ခဲ့ချေ။
သူက လက်ကို တစ်ချက် ပုတ်လိုက်ရာ အလင်းတန်း ကြေးမုံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး စောစောက အလင်းတန်း အစီအရင် ပျောက်ကွယ်သွားခဲ့သော နေရာဆီသို့ ညွှန်ပြနေလေသည်။
ထိုနေရာရှိ လေဟာနယ်မှာ တွန့်လိန်နေပြီး အနက်ရောင် လမ်းကြောင်း တစ်ခုကို ဖန်တီးနေလေသည်။ ထိုလူရိပ်များ ပျောက်ကွယ်သွားသော လမ်းကြောင်းကို ခြေရာခံရန်အတွက် ကြေးမုံ အလင်းတန်းက လေဟာနယ်အတွင်းသို့ ၀င်ရောက်သွားတော့သည်။
သို့သော်ငြား ဝေဝါးနေသော စွမ်းအင်တစ်ခုက သူ့ကို ဟန့်တားထားပြီး တစ်ဖက်လူ၏ မျက်နှာများကို ခွဲခြားသိမြင်နိုင်ရန် အလွန် ခက်ခဲနေစေခဲ့၏။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်၏ စွမ်းအင် လွှမ်းခြုံမှုက နေရာလပ် လှိုင်းဂယက်များကို လွယ်ကူစွာပင် သီးခြား ခွဲထုတ်ပေးထားခဲ့လေသည်။
“ဘန်း...”
သို့သော် အလင်းတန်း ကြေးမုံက အရှုံးမပေးဘဲ ဆက်လက် ရှာဖွေနေစဉ် ရုတ်တရက် ကောင်းကင်နှင့် မြေကြီး အထက်တွင် မည်းမှောင်နေသော တိမ်တိုက်များ စုရုံးလာခဲ့၏။
တိမ်တိုက်များအတွင်းမှ မိုးကြိုးစီးကြောင်း တစ်ခု ရုတ်တရက် ပစ်ချလာပြီး အံ့ဩစရာကောင်းသော အမြန်နှုန်းဖြင့် အလင်းတန်းကြေးမုံကို ရိုက်ခတ်သွားကာ တိုက်ရိုက်ပင် အမှုန့်ဖြစ်သွားစေခဲ့လေတော့သည်။
“ဘယ်သူလဲ...”
ရွှေရောင် လူရိပ်မှာ ဒေါသထွက်သွားပြီး ပတ်ဝန်းကျင်ကို ရုတ်တရက် ဝေ့ကြည့်လိုက်လေသည်။
သို့သော် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သူက လှုပ်ရှားလိုက်သည်ကို သူကိုယ်တိုင်ပင် အာရုံခံနိုင်ခြင်း မရှိခဲ့ပေ။
ရွှေရောင် လူရိပ်သည် နေရာတွင် ခဏတာမျှ တုံ့ဆိုင်းနေခဲ့ပြီး နောက်ဆုံးတွင် မတတ်နိုင်ဘဲ ထွက်ခွာသွားရတော့သည်။
အကယ်၍ ထိုနက်နဲဆန်းကြယ်သူက နောက်ပိုင်းတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့လျှင်တောင်မှ သူ့အနေဖြင့် ဆက်လက် ခြေရာခံရန် အလွန် ခက်ခဲနေမည်သာ ဖြစ်သည်။
ရွှေရောင် လူရိပ်သည် စိတ်ပျက်လက်ပျက်ဖြင့် ထိုနေရာမှ ပျောက်ကွယ်သွားရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
“ဟွန့်၊ ရန်ယွမ်ဇီ... ကိုယ်ပွားလေးတစ်ခုနဲ့ လိုက်ဖမ်းချင်နေသေးတယ်...”
မိုင်ထောင်ချီ ကွာဝေးသော တောင်ဂိုဏ်း၏ နက်ရှိုင်းသော နေရာရှိ ဝါးအိမ်လေး အတွင်းတွင် ယင်းရွှမ်းဇီက မျက်လုံးများကို ဖွင့်လိုက်ပြီး အေးစက်သော မျက်နှာထားဖြင့် ရေရွတ်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်မှု အရိပ်အယောင်တစ်ခု ပေါ်လွင်နေခဲ့လေသည်။
အခြားတစ်ဖက်တွင်မူ ဝူယွမ်၊ ယင်းဟွမ်ဟွမ်နှင့် ရှောင်တျောင်းတို့သည် တုန်လှုပ်နေဆဲပင် ဖြစ်သော်ငြား နေရာ ရွှေ့ပြောင်းခြင်းမှတစ်ဆင့် လူသူကင်းမဲ့သော တောင်ထွတ်တစ်ခုပေါ်သို့ ရောက်ရှိလာခဲ့ကြလေပြီ။
သူတို့ ဆင်းသက်လိုက်သည်နှင့်တစ်ပြိုင်နက် ဟွမ်ထံမှ သတင်းစကား တစ်ခုကို ဝူယွမ် လက်ခံရရှိလိုက်၏။
“ယင်းရွှမ်းဇီ လှုပ်ရှားလိုက်တယ်၊ တစ်ဖက်လူ လိုက်မမီတော့ဘူး...”
“ဟူး...”
ဝူယွမ်က သက်ပြင်းတစ်ချက်ကို နက်နက်ရှိုင်းရှိုင်း ရှူသွင်းလိုက်ပြီး ယင်းဟွမ်ဟွမ်နှင့် ရှောင်တျောင်းတို့ကို ပြောလိုက်လေသည်။
“ကောင်းပြီ... စိုးရိမ်စရာ မလိုတော့ဘူး၊ ခုလေးတင် ဂိုဏ်းချုပ်ကြီးက လှုပ်ရှားလိုက်တယ်၊ တစ်ဖက်လူက ငါတို့ကို လိုက်မမီတော့ဘူး...”
“အဖေလား...”
“တောင်ဂိုဏ်း ဂိုဏ်းချုပ်ကြီးလား...”
သူတို့ နှစ်ဦးစလုံးမှာ အနည်းငယ် အံ့ဩသွားပြီး ဝမ်းသာသွားကြသော်လည်း ၎င်းမှာ သတင်းကောင်းတစ်ခုပင် ဖြစ်လေသည်။
“ရှင်/အကိုကြီး ဘယ်လိုလုပ် သိတာလဲ...” သူတို့ နှစ်ဦးစလုံးက ဝူယွမ်ကို အံ့ဩတကြီး ကြည့်ကာ မေးလိုက်ကြလေသည်။
“အကြီးအကဲဟွမ်က ငါ့ကို ပြောပြတာ...”
ဝူယွမ်က သူ၏ ရင်ဘတ်ပေါ်ရှိ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကို လက်ညှိုးထိုးပြလိုက်လေသည်။
ဤအချိန်တွင်မှ ဝူယွမ်၏ ယခင် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်မှာ လက်ရှိ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ဖြင့် အစားထိုးခံလိုက်ရကြောင်းကို ရှောင်တျောင်း သတိပြုမိသွားခဲ့၏။
“မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်လား... မဟာရှေးဟောင်းကျမ်းလား... အဲ့တာက...” မှေးမှိန်သော အဝါရောင် အလင်းတန်းလေး ထွက်ပေါ်နေသည့် ရှေးဟောင်းကျောက်တိုင် အသေးစားလေးကို ရှောင်တျောင်းက နားမလည်နိုင်စွာဖြင့် ကြည့်လိုက်လေသည်။
“ဟုတ်တယ်၊ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကို ရှေးဟောင်းခေတ်တုန်းက အကြီးအကဲဟွမ် ဖန်တီးခဲ့တာလေ... “
“သူနဲ့ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ရဲ့ ပိုင်ရှင်ဖြစ်တဲ့ မဟာရှေးဟောင်းဧကရာဇ်တို့က မိတ်ဆွေဟောင်းတွေ ဖြစ်ခဲ့ကြတယ်၊ တိုက်ကြီးတစ်ခုလုံးမှာ ကျော်ကြားတဲ့ မဟာရှေးဟောင်းကျမ်းကိုလည်း သူကပဲ ဖန်တီးခဲ့တာ...”
ဝူယွမ်က ရှောင်တျောင်းကို ရှင်းပြလိုက်လေသည်။ “အခု မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်က အကြီးအကဲဟွမ်ရဲ့ ကျောက်တိုင်ထဲမှာ ရှိနေတယ်... သားအဖ ကျောက်တိုင် နှစ်ခု ပေါင်းစပ်သွားတယ်လို့ မှတ်ယူလို့ ရပါတယ်...”
“မင်းတို့အားလုံးက အရင်တုန်းက မဟာရှေးဟောင်းကျမ်းမှာ ပါဝင်ခဲ့တာကိုး... ဒါကြောင့်မို့လို့ မင်းက အကြီးအကဲ ဟွမ်ကို မင်းနဲ့အတူ ခေါ်လာခဲ့ပြီးသား ဖြစ်နေတာပေါ့...”
ရှောင်တျောင်းက အစ်ကိုကြီးကို လေးစားအားကျစွာဖြင့် ကြည့်လိုက်လေသည်။ အစ်ကိုကြီးသည် တကယ်ကို အံ့ဩဖွယ်ကောင်းလွန်းလှပေသည်။
အခန်း (၂၅၈) - ယွမ်အမြုတေကို ခွဲဖြာ၍ မူလဝိညာဉ်ကို မွေးဖွားခြင်း၊ ကမ္ဘာ့သစ်ပင်၏ ကောင်းချီးနှင့် မူလဝိညာဉ် ထွက်ပေါ်လာခြင်း(၂)
အကြီးအကဲဟွမ်သည်လည်း အစ်ကိုကြီး၏ အစီအစဉ်များထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်မည်ဟု သူ သံသယဝင်သွားခဲ့၏။
ဤခရီးစဉ် တစ်လျှောက်တွင် အစ်ကိုကြီး၏ လုပ်ရပ်များ အားလုံးကို သူ အေးအေးဆေးဆေးပင် လက်ခံနိုင်နေပြီ ဖြစ်သည်။
အကယ်၍ အစ်ကိုကြီးက နောက်ပိုင်းတွင် ဘိုးဘေးအဆောင် ရှစ်ခုစလုံးကို စုဆောင်းနိုင်ခဲ့မည်ဆိုလျှင်တောင်မှ သူ သိပ်ပြီး ထူးဆန်းနေမည် မဟုတ်တော့ပေ။
ကြည့်ရတာ အစ်ကိုကြီးသည် ကောင်းကင်အောက်ရှိ အရာအားလုံးကို တွက်ချက်နိုင်ပြီး အစွမ်းမတအား ထက်မြက်ပုံရသည်။
“ငါ့အဖေက ငါတို့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့တာလား...”
ယင်းဟွမ်ဟွမ်က တီးတိုးရေရွတ်လိုက်ပြီး ရုတ်တရက် သူမ၏ မျက်နှာလေးမှာ ရှက်ရွံ့မှုကြောင့် နီရဲသွားသကဲ့သို့ ခံစားလိုက်ရလေသည်။
ဤကာလအတွင်း သူမနှင့် ဝူယွမ်တို့သည် ရင်းနှီးကျွမ်းဝင်သော အခိုက်အတန့်များစွာ ရှိခဲ့ပြီး ပွေ့ဖက်ခြင်းများပင် ပြုလုပ်ခဲ့ကြသည် မဟုတ်လော။ ထို့အပြင် ရှောင်တျောင်းနှင့် အခြားသူများက သူမကို မရီးဟု ခေါ်ဆိုနေကြသည်ကိုပင် သူမ လက်ခံခဲ့သေး၏။
အကယ်၍ သူမ၏ ဖခင်သာ ဤအရာအားလုံးကို သိရှိသွားမည်ဆိုပါက... ယင်းဟွမ်ဟွမ်မှာ သူမ၏ ဖခင် မည်သို့ တုံ့ပြန်လာမည်ကို တွေးကြည့်ရန်ပင် မရဲတော့လောက်အောင် အပြစ်ရှိသလို ခံစားလိုက်ရလေသည်။
“နင့်အဖေက ရမ္မက်ကြီးတဲ့ လူအိုကြီးပဲ မဟုတ်လား...”
ဝူယွမ်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သော်လည်း အသံထွက်အောင်တော့ မပြောရဲခဲ့ပေ။
ဤစကားများအား ယင်းရွှမ်းဇီ ကြားသွားမည်ကို သူ တကယ်ကို စိုးရိမ်နေခဲ့မိသည်။
ဤယောက္ခမကြီး အမြဲတစေ စောင့်ကြည့်နေခြင်းက ကောင်းသောအရာလား၊ ဆိုးသောအရာလားဆိုသည်ကို ပြောရန် ခက်ခဲလှပေသည်။
“လုံခြုံမှု ရှိစေဖို့အတွက် ငါတို့အားလုံး မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ထဲကို အရင်ဝင်သွားကြတာပေါ့... ငါလည်း အကြီးအကဲကျန်းရဲ့ မူလဝိညာဉ်ကို မြန်မြန်သန့်စင်ဖို့ လိုသေးတယ်...”
ဝူယွမ်က မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကို မြေပြင်ပေါ်တွင် ချက်ချင်း ချထားလိုက်ပြီးနောက် ရှောင်တျောင်းနှင့် ယင်းဟွမ်ဟွမ်တို့ကို ကျောက်တိုင် အတွင်းသို့ ခေါ်ဆောင်သွားလိုက်လေသည်။
သူတို့ ဝင်ရောက်သွားပြီးနောက် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်သည် မြေကြီးထဲသို့ နစ်မြုပ်သွားပြီး တောင်ထွတ်နှင့် ပေါင်းစပ်သွားကာ မည်သူမှ မမြင်တွေ့နိုင်တော့ချေ။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် အတွင်းရှိ နေရာလွတ်မှာ အလွှာနှစ်ခု ရှိလေသည်။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် ကောင်းကင်နှင့် မြေကြီး၏ အတွင်းပိုင်း နေရာလွတ်နှင့် ဟွမ် ကောင်းကင်နှင့် မြေကြီး၏ အပြင်ပိုင်း နေရာလပ်တို့ ဖြစ်ကြသည်။
ဝူယွမ်နှင့် အခြားသူများမှာ အပြင်ပိုင်း နေရာလွတ်တွင် ရှိနေကြခြင်း ဖြစ်သည်။
ယခင်နှင့် နှိုင်းယှဉ်လျှင် အပြင်ပိုင်း နေရာလွတ်မှာ ၎င်း၏ အသွင်အပြင်တစ်ခုလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ကမ္ဘာကြီး တစ်ခုလုံးမှာ စိမ်းလန်းစိုပြည်လာပြီး သဲကန္တာရမှာ အိုအေစစ် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ကျယ်ပြန့်သော မြက်ခင်းပြင်ကြီးပေါ်တွင် ခိုင်ခံ့သော မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ကြီး တစ်ပင် ပေါက်ရောက်နေလေသည်။
ဤသည်မှာ တကယ်တော့ မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်မျှသာ မဟုတ်ဘဲ ကမ္ဘာ့သစ်ပင်၏ အကိုင်းအခက်တစ်ခု ဖြစ်လေသည်။
သို့သော် ဝူယွမ်က ယင်းရွှမ်းဇီ၊ ယင်းဟွမ်ဟွမ်နှင့် အခြားသော တောင်ဂိုဏ်းမှ လူများကို ပြသရန်အတွက် ဤပတ်ဝန်းကျင်ကို ဖန်တီးပေးရန် ဟွမ်ကို အထူးတလည် တောင်းဆိုထားခဲ့ခြင်း ဖြစ်သည်။
ဤအချိန်တွင် ဝူယွမ်နှင့် အခြားသူများမှာ ဤမသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ကြီး အောက်တွင် ရှိနေကြလေသည်။
“အို... ဒီမသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ကြီးက ဒီလောက်တောင် ကြီးထွားလာတာလား... ပြီးတော့ သစ်သီးတွေကလည်း အများကြီးပဲ...”
ယင်းဟွမ်ဟွမ်သည် ဤမသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ကြီးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
၎င်းမှာ တောင်ဂိုဏ်း၏ ရှေးဟောင်း မသေမျိုးအနှစ်သာရ မျိုးစေ့လေး ကြီးထွားလာခြင်း ဖြစ်မည်ဟု သူမ ထင်မှတ်နေခဲ့၏။ သစ်ပင်ပေါ်တွင် ထောင်နှင့်ချီသော သစ်သီးများ ပြည့်နှက်နေလေသည်။
ဤအဆင့်အတန်းသည် ယွမ်ဂိုဏ်း၏ နှစ်ရာချီ သက်တမ်းရှိသော မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်နှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
၎င်းကို မြင်လိုက်ရသောအခါ ယင်းဟွမ်ဟွမ်၏ နှလုံးသားလေးမှာ ခုန်ပေါက်သွားခဲ့၏။
ယခုအခါ သူတို့ တောင်ဂိုဏ်းတွင်လည်း မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင် တစ်ပင် ရှိနေပြီ ဖြစ်သည် မဟုတ်လော။
သူတို့အဖွဲ့သည် သစ်ပင်အောက်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ကြပြီး အသီးသီး ရရှိထားကြသော အကျိုးအမြတ်များကို စတင် ချေဖျက် စုပ်ယူရန် ပြင်ဆင်လိုက်ကြလေသည်။
ဝူယွမ်က အကြီးအကဲကျန်း၏ မူလဝိညာဉ်ကို အရင်ဆုံး သန့်စင်လိုက်လေသည်။
သူ၏ နီ၀မ်နယ်ပယ် ပွင့်လာပြီး အကြီးအကဲ ကျန်းကို ၎င်းအတွင်းသို့ ထည့်သွင်းလိုက်၏။
ယခင်က ကျန်းကျုံးကဲ့သို့ပင် အကြီးအကဲကျန်းသည်လည်း ဝူယွမ်၏ နီ၀မ်နယ်ပယ်အတွင်းသို့ ဝင်ရောက်လာချိန်တွင် သူ၏ ခန္ဓာကိုယ်ကို လုယူရန်အတွက် ဝူယွမ်က သူ့ကို အခွင့်အရေး ပေးနေသည်ဟု ထင်မှတ်ကာ ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။
သို့သော် ကစဉ်ကလျားသန္ဓေသားကို မြင်တွေ့လိုက်ရပြီးနောက် သူ ဆွံ့အသွားခဲ့ရ၏။
ကစဉ်ကလျားသန္ဓေသားက လည်ပတ်နေပြီး လေ၊ မိုးကြိုး၊ မီးနှင့် ဝါးမျိုခြင်း ကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများက သူ၏ မူလဝိညာဉ်ကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်လိုက်ကာ နောက်ဆုံးတွင် ဝူယွမ်၏ ဝိညာဉ်စွမ်းအင်အတွက် အာဟာရများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေတော့သည်။
မူလဝိညာဉ်များကို ဝါးမျိုခြင်းမှာ ဝူယွမ် အလွန် ကျွမ်းကျင်နေပြီဖြစ်သော ကိစ္စတစ်ခုပင် ဖြစ်သည်။
မည်သည့် အံ့ဩစရာမျှ မရှိဘဲ အကြီးအကဲကျန်း၏ မူလဝိညာဉ်ကို သူ လျင်မြန်စွာ သန့်စင်ပစ်လိုက်လေသည်။
ထို့နောက် ဝူယွမ်က လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်ကလေးငယ် ပုံစံဖြင့် မြေကမ္ဘာအူတိုင် သန့်စင်အရည်သည် သူ၏ လက်ထဲတွင် ထွက်ပေါ်လာခဲ့၏။
ဤအရာနှစ်ခုဖြင့် ဝူယွမ်သည် သူ၏ မူလဝိညာဉ်ကို စုစည်းဖန်တီးရန် စမ်းသပ်ကြည့်တော့မည် ဖြစ်သည်။
ဤအချိန်တွင် မြေကမ္ဘာအူတိုင် သန့်စင်အရည်ကို ကိုင်ဆောင်ထားသော ယင်းဟွမ်ဟွမ်မှာ မှင်တက်စွာဖြင့် တင်ပျဉ်ခွေထိုင်နေခဲ့လေသည်။
သူမ၏ ကြည်လင်တောက်ပသော မျက်ဝန်းများ၏ အနက်ထဲတွင် သူမကိုယ်တိုင်ပင် သတိမပြုမိလိုက်သော အလွန်အမင်း ဝေဝါးရှုပ်ထွေးနေသည့် အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့လေသည်။
ယခုလေးတင် မျက်လုံးများကို မှိတ်ထားခဲ့သော ရှောင်တျောင်းက ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်လေသည်။ သူက ယင်းဟွမ်ဟွမ်ကို ကြည့်လိုက်ပြီး သူ၏ မျက်မှောင်များ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့၏။
ကောင်းကင်မြွေပါ၏ အလွန်ထက်မြက်သော မွေးရာပါ အာရုံခံနိုင်စွမ်းက ယင်းဟွမ်ဟွမ် မျက်ဝန်းများ၏ အနက်ထဲတွင် ခဏတာမျှ ဝေဝါးရှုပ်ထွေးမှုများ လင်းလက်သွားချိန်၌ အလွန်ထူးဆန်းပြီး ဝေဝါးလှသော လှိုင်းဂယက်တစ်ခုကို ရှင်းလင်းစွာ ခံစားမိခဲ့လေသည်။
“ဒီမရီးကလည်း သာမန်မဟုတ်ဘူးပဲ...”
ရှောင်တျောင်းသည် သူ၏ရင်တွင်း၌ တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။ ထိုဝေဝါးလှသော
ထိုဝေဝါးဝါး လှိုင်းဂယက်မှာ မည်သည့်အရာဖြစ်ကြောင်းကို သူ မဖော်ပြတတ်သော်လည်း ထိုကဲ့သို့သော ခံစားချက်မျိုးကို ယခင်က ကျန်းယင်ယင်ထံမှ သူ ခံစားခဲ့ရဖူးလေသည်။
၎င်းမှာ ဝင်စားခြင်း အနှစ်သာရနှင့် ဆင်တူနေပုံရ၏။
ယင်းဟွမ်ဟွမ်နှင့် ပတ်သက်၍ သူ သိချင်စိတ် ပြင်းပြမလာဘဲ မနေနိုင်တော့ပေ...
“ ဒီကောင်မလေးကလည်း ဝင်စားသူ တစ်ယောက်များ ဖြစ်နေမလား...”
“အစ်ကိုကြီးဆီကနေ ဝင်စားခြင်း လှိုင်းဂယက်တွေကို ငါမခံစားမိပေမယ့် အစ်ကိုကြီးရဲ့ ဝိညာဉ်က ငါ့ကို အမြဲတမ်း ဆန့်ကျင်ပြီး တွန့်လိမ်နေတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနေတယ်..."
“သူက သေချာပေါက် ဝင်စားသူ တစ်ယောက် ဖြစ်ရမယ်၊ အခု ဝင်စားသူတစ်ယောက်လို့ သံသယရှိရတဲ့ ဒီကောင်မလေးက အစ်ကိုကြီးရဲ့ ဘေးမှာ ပေါ်လာပြီး အစ်ကိုကြီးကလည်း သူမအပေါ်ကို ဒီလောက်တောင် အလိုလိုက်ပြီး ဂရုစိုက်နေတယ်..”
“ဒီကောင်မလေးက အစ်ကိုကြီးရဲ့ အတိတ်ဘဝက ချစ်သူများ ဖြစ်နေမလား၊ ပြီးတော့ သူတို့ရဲ့ ရေစက်ကို ပြန်အသက်သွင်းဖို့အတွက် သူတို့ နှစ်ယောက်စလုံးက ပြန်လည်ဝင်စားလာကြတာများလား...”
ခဏလေး အတွင်းမှာပင် ရှောင်တျောင်းသည် ဝူယွမ်နှင့် ယင်းဟွမ်ဟွမ်တို့ကြားရှိ အတိတ်ဘဝမှ အချစ်ဇာတ်လမ်းကို သူ၏ စိတ်ကူးထဲတွင် အပြည့်အဝ ဖန်တီးပြီးသွားခဲ့လေပြီ။
သူ ပိုတွေးလေလေ ပိုပြီးယုတ္တိတန်လေလေ ဖြစ်နေသကဲ့သို့ ခံစားရ၏။ သူကိုယ်သူ တကယ်ကို ဉာဏ်ကောင်းလွန်းသည်ဟု သူ ခံစားလိုက်ရလေသည်။
“ဘယ်လောက်တောင် ရိုမန်းတစ်ဆန်ပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးလဲ...”
“ကြည့်ရတာ အခုကစပြီး ငါ မရီးကို ရင်ထဲကနေ တကယ့်ကို လေးလေးစားစား ဆက်ဆံဖို့ လိုပြီပဲ... မရီးရှေ့မှာ ဆရာကြီး တစ်ယောက်လို ဒါမှမဟုတ် အားကောင်းတဲ့သူ တစ်ယောက်လို ဆက်ပြီး ဟန်ဆောင်နေလို့ မရတော့ဘူး..."
“မရီးကလည်း ဘဝနှစ်ခုကို ဖြတ်သန်းလာခဲ့သူပဲလေ၊ နောက်ပိုင်း သူမ ပြန်လည်နိုးထလာတဲ့အခါ အစ်ကိုကြီးလိုပဲ ကြောက်မက်ဖွယ်ကောင်းတဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက် ဖြစ်လာလိမ့်မယ်...”
ရှောင်တျောင်းက ဆုံးဖြတ်ချက် ချလိုက်ပြီး တစ်ချိန်တည်းမှာပင် အစ်ကိုကြီးနှင့် မရီးတို့အပေါ် ထားရှိသော သူ၏ လေးစားကြောက်ရွံ့မှုမှာ ပိုမိုခိုင်မာလာခဲ့လေသည်။
ဤအချိန်တွင် လူတိုင်းမှာ မြေကမ္ဘာအူတိုင် သန့်စင်အရည်ကို စုပ်ယူနေကြပြီ ဖြစ်သည်။
ရှောင်တျောင်းသည်လည်း စိတ်ကို ငြိမ်သက်စေလိုက်ပြီး သူ ယခုလေးတင် ရရှိထားသော ရှင်းအက္ခရာ လျှို့ဝှက်ချက်ကို လေ့လာလိုက်လေသည်။
ဝူယွမ်၏ လက်ထဲရှိ မြေကမ္ဘာအူတိုင် သန့်စင်အရည်သည် ရွှေရောင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားခဲ့၏။
ဤရွှေရောင် အလင်းတန်းများ ဝင်ရောက်လာမှုနှင့်အတူ ဝူယွမ်၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် မှေးမှိန်သော ရွှေရောင် အလင်းတန်းလေးတစ်ခု ပေါ်လာပြီး အတော်လေး ထူးဆန်းသော လှိုင်းဂယက်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့လေသည်။
ယွမ်အမြုတေကို ခွဲဖြာ၍ မူလဝိညာဉ်ကို မွေးဖွားခြင်းမှာ မူလဝိညာဉ်ကို စုစည်းဖန်တီးရန်အတွက် အရေးအကြီးဆုံးသော လုပ်ငန်းစဉ် ဖြစ်လေသည်။
ဤအဆင့်ကို ရရှိရန်အတွက် ယွမ်အမြုတေမှာ ပြည့်ဝနေရန် လိုအပ်ပေသည်။
အကယ်၍ ယွမ်အမြုတေသည် မူလဝိညာဉ် မွေးဖွားရန်အတွက် ပြည့်ဝသော အခြေအနေသို့ မရောက်ရှိနိုင်ပါက မူလဝိညာဉ်ကို သဘာဝကျကျပင် ပြုစုပျိုးထောင်နိုင်မည် မဟုတ်ပေ။
ဝူယွမ်၏ ယွမ်အမြုတေသည် စတင် စုစည်းဖန်တီးစဉ်ကတည်းက ကြယ်ကိုးပွင့်ထက် ကျော်လွန်သော ပြီးပြည့်စုံသည့် အဆင့်ရှိ ကြယ်အမြုတေ တစ်ခုအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ကာ သိပ်သည်းလွန်းသော ကြယ်ပုံစံများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
နှစ်များစွာကြာ နတ်ဆင်ဖိနှိပ်ခြင်းအကျဉ်းထောင် စွမ်းအားကို ကျင့်ကြံခြင်းနှင့် မိုးကြိုးကပ်ဘေးအရည်၊ ယန်အနှစ်သာရအရည် ကဲ့သို့သော အားကောင်းသည့် ဝိညာဉ်အရည် မျိုးစုံဖြင့် ပြုစုပျိုးထောင်ခြင်းတို့မှတစ်ဆင့် ယွမ်အမြုတေသည် လွန်ခဲ့သည့် အချိန်ကတည်းက ပြည့်ဝခြင်း အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
မြေကမ္ဘာအူတိုင် သန့်စင်အရည်မှ နောက်ဆုံး စွမ်းအင် အစအနလေးသည် ဝူယွမ်၏ ပြည့်ဝပြီး ကြည်လင်နေသော ယွမ်အမြုတေ အတွင်းသို့ စီးဝင်သွားသည်နှင့်တစ်ပြိုင်နက် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သော ယွမ်အမြုတေသည် နောက်ဆုံးတွင် သိမ်မွေ့သော တုန်ခါမှုတစ်ခုကို ထုတ်လွှတ်လိုက်လေတော့သည်။
တုန်ခါသွားသည့် အခိုက်အတန့်လေးမှာပင် သူ၏ စိတ်အာရုံမှာ တင်းကျပ်သွားခဲ့၏။
ဤအချိန်တွင် ယွမ်အမြုတေ၏ မျက်နှာပြင်မှာ စင်ကြယ်သော ရွှေစင်တစ်ခုနှင့် ဆင်တူလောက်အောင် အရောင်အသွေး ကြွယ်ဝနေပြီ ဖြစ်သည်။
၎င်းသည် တောက်ပနေသော ရွှေဥကြီး တစ်လုံးနှင့် ပိုတူနေပြီး ယခုအခါ ထိုရွှေဥကြီးမှာ အဆက်မပြတ် တုန်ခါနေခဲ့လေသည်။
နောက်ဆုံးတွင် ယွမ်အမြုတေမှာ အက်ကွဲသွားခဲ့လေပြီ။
ယွမ်အမြုတေ၏ မျက်နှာပြင်ပေါ်တွင် သေးငယ်သော အက်ကွဲကြောင်းများ ပေါ်လာခဲ့၏။
ထို့နောက် ဤအက်ကွဲကြောင်းများသည် အံ့ဩစရာကောင်းသော အမြန်နှုန်းဖြင့် ပြန့်နှံ့သွားပြီး ယွမ်အမြုတေ၏ မျက်နှာပြင် တစ်ခုလုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားခဲ့သည်။
အက်ကွဲကြောင်းများ အတွင်းမှ ရွှေရောင် အလင်းတန်းများ ခပ်ရေးရေး ပစ်လွှတ်ထွက်ပေါ်နေခဲ့လေသည်။
တောက်ပလှသော ရွှေရောင် အလင်းတန်းသည် နောက်ဆုံးတွင် ၎င်း၏ အပြင်းထန်ဆုံးသော အမှတ်သို့ ရောက်ရှိသွားခဲ့ပြီးနောက် ယွမ်အမြုတေ တစ်ခုလုံးမှာ အပြည့်အဝ ပေါက်ကွဲထွက်သွားကာ ရွှေရောင် အလင်းတန်းများက ဒန်တျန် တစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သည်။
“ကြည့်ရတာ အသစ်မွေးဖွားလာတဲ့ မူလဝိညာဉ်အတွက် အသက်စွမ်းအင် တချို့ ထပ်ပေါင်းထည့်ပေးလို့ ရနိုင်မယ်ထင်တယ်...” ဤအချိန်တွင် ဟွမ်၏ အသံက ဝူယွမ် စိတ်ထဲတွင် ပေါ်လာခဲ့လေသည်။
သူ၏ ခေါင်းထက်ရှိ ကမ္ဘာ့သစ်ပင်၏ အကိုင်းအခက်များ အောက်သို့ တွဲကျလာပြီး အသက်စွမ်းအင်များ အပြည့်အဝ ပါဝင်နေသော အစိမ်းရောင် အလင်းတန်း အမျှင်လေးများက ဝူယွမ်၏ ခန္ဓာကိုယ် အတွင်းသို့ စီးဝင်သွားခဲ့၏
ဝူယွမ်၏ ကိုယ်တွင်းရှိ ယွမ်အမြုတေမှာ အက်ကွဲသွားခဲ့လေပြီ။ ကြွယ်ဝလွန်းသော အသက်စွမ်းအင်များနှင့်အတူ ရွှေရောင်အလင်းတန်းများသည် လက်ဖဝါးအရွယ်အစားခန့်ရှိသော ရွှေရောင် အရိပ်လေးတစ်ခုအဖြစ်သို့ စုစည်းသွားကြပြီး အလွန်အမင်း ပြည့်ဝနေခဲ့လေသည်။
ဝူယွမ်၏ ခန္ဓာကိုယ်မှာ အလိုအလျောက် တောင့်တင်းလာပြီး ပြင်းထန်စွာ တုန်ယင်လာကာ အလွန်အမင်း နက်နဲလှသော ခံစားချက်တစ်ခုက အလိုအလျောက် ပေါ်ထွက်လာခဲ့၏။
ထိုအခိုက်အတန့်တွင် သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်မှာ ကွဲကာသွားသော်လည်း မရေမတွက်နိုင်သော ကြိုးမျှင်လေးများဖြင့် ယှက်နွယ်နေသကဲ့သို့ လှိုင်းဂယက်တစ်ခု သူ၏ ရင်တွင်းမှ ထွက်ပေါ်လာသည်ကို သူ ခံစားလိုက်ရလေသည်။
မူလဝိညာဉ် ဖြစ်တည်လာခဲ့ချေပြီ။