ယန်ချင်း နှင့် နန်းတော်အဆင့် ကျွမ်းကျင်သူ သုံးဦး (၁)
Vol. 15 Ch. 148
ထိုနေရာရှိ လူကြီးသုံးဦးလုံး ယန်ချင်းကို သတိကြီးစွာ စိုက်ကြည့်နေကြပြီး အထူးသဖြင့် အဘိုးအိုနှင့် လက်ထဲတွင် ဓားကိုင်ထားသော လိမ္မော်နီရောင်ဆံပင်နှင့် လူတို့က ပို၍ သတိထားနေကြသည်။
ယန်ချင်းနှင့် ခဏတာမျှ ထိပ်တိုက်တွေ့ခဲ့ကြသော်လည်း ထိုတိုက်ခိုက်မှုက နှလုံးသားထဲအထိ တုန်လှုပ်မှု လှိုင်းလုံးကြီးများ ရိုက်ခတ်သွားစေခဲ့သည်။
အဘိုးအို၏ လက်ကောက်ဝတ်မှာ အရိုးများပင် ပေါ်လာသည်အထိ ကျိုးပဲ့သွားခဲ့ပြီး၊ လိမ္မော်နီရောင်ဆံပင်နှင့်လူမှာ လက်များ ပြန်လည်ကောင်းမွန်သွားသော်လည်း လျှပ်စီးတိုက်ခိုက်မှုကြောင့် လက်မောင်းများက ထုံကျဉ်နေဆဲပင်။
တိုက်ခိုက်ခဲ့သော ခရမ်းရောင်လျှပ်စီးများ လွှမ်းခြုံထားသည့် အရာဝတ္ထုကို သေချာမြင်လိုက်ရချိန်တွင် သူတို့၏ သူငယ်အိမ်များ ကျုံ့ဝင်သွားလေသည်။
ဓားနှင့် အဆင့်တူ သို့မဟုတ် ပိုမိုကောင်းမွန်သော လက်နက်တစ်ခုခု ဖြစ်မည်ဟု ယူဆထားခဲ့သော်လည်း မျက်စိကျိန်းမတတ် တောက်ပနေသော ခရမ်းရောင်လျှပ်စီးများ ပျောက်ကွယ်သွားချိန်တွင် ကျန်ရစ်ခဲ့သည်က လက်တစ်ဖက်စာ အရှည်ခန့်သာရှိသော ချောမွေ့သည့် ကျောက်စိမ်းကဲ့သို့ ဝါးကိုင်းလေးတစ်ကိုင်းသာ ဖြစ်သည်။
ထိုဝါးကိုင်းမှာ ယန်ချင်း၏ လက်ထဲသို့ ညင်သာစွာ ပြန်လည်လွင့်မျောသွားလေသည်။
လေဆင်နှာမောင်းထဲသို့ လက်တစ်ဖက် နှိုက်သွင်းလိုက်ရင်း ယန်ချင်းက ညင်သာစွာ ပြောလိုက်သည်။
“အယ်လီ... အဆင်ပြေသွားပါပြီ”
လေဆင်နှာမောင်းမှာ ချက်ချင်း ရပ်တန့်သွားပြီး ဖရိုဖရဲဖြစ်နေသော တိမ်မျိုစွန်လေးတစ်ကောင် ပေါ်ထွက်လာသည်။
အယ်လီကို မြင်လိုက်ရချိန်တွင် ယန်ချင်း သက်ပြင်းချလိုက်မိသည်။ အမွေးအတောင် အနည်းငယ် ကျွတ်ထွက်နေပြီး အနည်းငယ် ပွန်းပဲ့နေသည်မှလွဲ၍ များများစားစား ထိခိုက်မထားပေ။
ရေနဂါးအရွတ်ကြိုးဖြင့် ချည်နှောင်ခံထားရသော လည်ပင်းတဝိုက်ရှိ ကြိုးပွန်းရာလေးသာ ရှိသည်။
အလွန်မြန်ဆန်သော အမြန်နှုန်းကို အသုံးပြုကာ ကြိုးကို ဖြတ်တောက်ရန် ကြိုးစားခဲ့သည်ဟု ယန်ချင်း ခန့်မှန်းလိုက်သည်။ သို့သော် ၎င်းမှာ မဖြစ်နိုင်သော အရာပင်။
ကြိုးပြုလုပ်ရာတွင် အသုံးပြုထားသော ရေနဂါးအရွတ်များမှာ အနည်းဆုံး နန်းတော်အဆင့်၏ အလယ်အလတ်အဆင့်သို့ ရောက်ရှိနေသော ရေနဂါးတစ်ကောင်ထံမှ ရရှိထားခြင်း ဖြစ်ပြီး၊ လက်မှုပညာအဆင့်အတန်းမှာလည်း အနည်းဆုံး အပြာရောင်အဆင့်ရှိသော လက်နက်သန့်စင်သူတစ်ဦးက ထိုအရွတ်များကို အလယ်အလတ်ဧကရာဇ်အဆင့်ရတနာ တစ်ခုအဖြစ် အောင်မြင်စွာ ပြောင်းလဲထားခြင်း ဖြစ်သည်။
အယ်လီသည် ခန္ဓာကိုယ်ကြံ့ခိုင်သော်လည်း နန်းတော်အဆင့်သို့ မရောက်သေးသရွေ့ ဤမျှ အဆင့်မြင့်သော အရာတစ်ခုကို ဖျက်ဆီးရန် အလွန် ခက်ခဲပေလိမ့်မည်။
အကယ်၍ နန်းတော်အဆင့်ကို ရောက်နေမည်ဆိုလျှင်လည်း ကိစ္စများက ဤမျှအထိ ဆိုးရွားလာမည် မဟုတ်ပေ။
မည်သည့်ထိခိုက်မှုမှ မရှိဘဲ ကိုယ်ကိုယ်တိုင် ကာကွယ်နိုင်မည် ဖြစ်ပြီး၊ အကယ်၍ ပုန်းအောင်းရန် ဆုံးဖြတ်လိုက်လျှင်လည်း ဤနေရာရှိ လူများအနေဖြင့် ထိုကျင့်ကြံခြင်း အဆင့်လောက်ရှိသည့် ရုပ်ဖျက်နည်းအများစုကို ဖောက်ထွင်းမြင်နိုင်စွမ်းရှိသော မော့ယွင်ရုကဲ့သို့ အထူးနည်းလမ်းများ သို့မဟုတ် ခန္ဓာကိုယ်ဖွဲ့စည်းပုံများ မရှိပါက တိမ်တိုက်ရုပ်ဖျက်နည်းစနစ်များကို ဖောက်ထွင်းမြင်နိုင်စွမ်း ရှိမည် မဟုတ်ပေ။
ယန်ချင်းက ညင်သာစွာ ဆူပူလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။
“လေ့ကျင့်တာကို ပေါ့ပေါ့ဆဆ မလုပ်ဖို့ ပြောထားတယ်လေ။ အဲဒီအစား နင်က ငါ့ငါးတွေကို ခိုးစားဖို့ပဲ အချိန်ကုန်နေတာ။”
“နန်းတော်အဆင့် ကျင့်ကြံသူသုံးယောက်လောက်နဲ့တင် ဒီလောက်အထိ အကျပ်ရိုက်သွားရတယ်ဆိုတော့ မင်းရဲ့ သွေးမျိုးဆက်နဲ့ ပါရမီကို အရှက်ခွဲနေတာပဲ”
“မင်း ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် ဒီနှုန်းနဲ့ဆို ဟိုရောက်လာတဲ့ အသစ်နှစ်ယောက်ကတောင် မင်းကို ကျော်တက်သွားလိမ့်မယ်... အထူးသဖြင့် ဟိုင်ရှီပေါ့”
အကယ်၍ ထွက်ပြေးချင်ခဲ့လျှင် ဤနေရာရှိ လူသုံးယောက်က မီနိုင်မည် မဟုတ်သော်လည်း သူအနားမှာ ရှိနေသောကြောင့်သာ နေခဲ့ခြင်းဖြစ်သဖြင့် အရမ်းကြီး အပြစ်မတင်ရက်တော့ပေ။
ထို့ကြောင့်ပင် နောက်ဆုံးတွင် လျှော့ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ထိုအချိန်တွင် အယ်လီမှာ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားပြီး ဟိုင်ရှီ၏ နာမည်ကို ကြားလိုက်ရချိန်တွင်မှ ခေါင်းမော့လာလေသည်။
တိုက်ပွဲများမှ ပေါက်ဖွားလာသော အရှုံးမပေးလိုသည့် စိတ်ဓာတ်များ လောင်ကျွမ်းသွားပုံရသည်။
ထိုအပြုအမူကြောင့် ယန်ချင်းက သဘောတကျ ရယ်မောလိုက်ပြီး လက်ဝါးဖြင့် ကျန်ရှိနေသော ကြိုးများကို ဖြတ်တောက်လိုက်သည်။
ကြိုးများ ပြတ်ကျသွားချိန်တွင် အစိမ်းရောင် မီးတောက်သစ်ပင်မှ မီးတောက်များနှင့် ဆင်တူသော အစိမ်းရောင် မီးတောက်တစ်ခု လက်ထဲမှ ထွက်ပေါ်လာပြီး အယ်လီ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံပေးလိုက်သည်။
မီးတောက်များ လွှမ်းခြုံသွားချိန်တွင် အယ်လီက သက်သောင့်သက်သာဖြင့် အော်မြည်လိုက်ပြီး မီးတောက်များ မလွှမ်းခြုံမိသော နေရာမရှိစေရန် အတောင်ပံများကိုပင် ဖြန့်ကားပေးထားလေသည်။
ထိုကိစ္စ ပြီးစီးသွားသောအခါ နန်းတော်အဆင့်ထိုလူသုံးယောက်ဘက်သို့ လှည့်လိုက်သည်။
နူးညံ့သိမ်မွေ့သော အမူအရာမှာ ချက်ချင်းပင် ရေခဲတမျှ အေးစက်သွားသဖြင့် ရင်ဆိုင်နေရသူများမှာ နောက်သို့ တွန့်ဆုတ်သွားကြသော်လည်း ရွှေရောင်ဆံပင်နှင့် လူက အလျင်အမြန်ပင် ပြန်လည် တည်ငြိမ်သွားကာ မျက်နှာပေါ်တွင် ယုံကြည်မှုရှိသော အမူအရာတစ်ခု ပေါ်လာသည်။
ရွှေရောင်ဆံပင်နှင့် လူ၏ ယုံကြည်မှုရှိသော အမူအရာကို မြင်သောအခါ ဘေးရှိ လိမ္မော်နီရောင်ဆံပင်နှင့် လူမှာ ပို၍ပို၍ မျက်မှောင်ကြုတ်လာသည်။
အဘိုးအိုနှင့် အကြည့်ချင်း ဖလှယ်လိုက်ရာ အဘိုးအိုကလည်း ခါးသီးသော အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်လေသည်။နယ်စပ်တွင် ရရှိခဲ့သော တံဆိပ်ပြားကို ထုတ်ယူရင်း ယန်ချင်းက ပြောလိုက်သည်။
“ငါမရှိတုန်း အယ်လီကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ရမယ် ထင်တယ်။ လည်ပင်းမှာ ဧကရာဇ်အဆင့် ကြိုးတစ်ချောင်းကိုတောင် အပင်ပန်းခံပြီး ဆွဲပေးထားသေးတယ်”
“တစ်ယောက်ကို တစ်ယောက်မှ မသိကြတာ... ဒါပေမဲ့ အားလုံးက ဒီက အယ်လီကို သေချာဂရုစိုက်ပေးဖို့ အများကြီး အပင်ပန်းခံခဲ့ကြတာပဲ။”
“မေပယ်နီအင်ပါယာက ဧည့်သည်တွေကို ဧည့်ဝတ်ကျေပွန်မှုနဲ့ ကြိုဆိုတဲ့နေရာမှာ တကယ်ကို ဧည့်ဝတ်ကျေတာပဲ”
လိမ္မော်နီရောင်ဆံပင်နှင့် လူထံသို့ သစ်သားတံဆိပ်ပြားကို ပစ်ပေးလိုက်ရင်း ယန်ချင်းက ထပ်ပြောလိုက်သည်။
“ဒါက ငါ့လို လူတစ်ယောက်အတွက် အရမ်း ကောင်းလွန်းနေတယ်။ ဒီနေရာကနေ ရနိုင်သမျှ ဧည့်ဝတ်ကျေပွန်မှု အကုန်လုံး ရပြီးပြီမို့ ပြန်ယူထားလိုက်ပါ”
ရှုပ်ထွေးသော အမူအရာဖြင့် ဖမ်းယူလိုက်သည်။
အသွင်အပြင်များအရ ၎င်းမှာ ဧကရာဇ်မိသားစုမှ ဖြစ်ပြီး မေပယ်နီအင်ပါယာတွင် ရှိသည်ဟု ကောလာဟလထွက်နေသော နန်းတော်အဆင့် ကျွမ်းကျင်သူ လေးဦးထဲမှ တစ်ဦးဖြစ်မည်ဟု ယန်ချင်း ခန့်မှန်းလိုက်သည်။
မေပယ်နီအင်ပါယာနှင့် အဆင့်အတန်းတူညီသော တိုင်းပြည်များ၊ အင်ပါယာများ၊ မျိုးနွယ်စုများနှင့် အဖွဲ့အစည်းများ ထောင်သောင်းချီ ရှိနေသဖြင့် ဧကရာဇ်မိသားစုမှ ကျန်ရှိနေသော နန်းတော်အဆင့် ကျွမ်းကျင်သူများအကြောင်းကို ယန်ချင်း သိပ်မသိပေ။ အားလုံးကိုလည်း မှတ်မိနိုင်မည် မဟုတ်ပေ။
သို့သော် ဧကရာဇ်မိသားစုဝင်များ၏ ကိုယ်ရေးအကျဉ်းများနှင့် အခြားနန်းတော်အဆင့် ကျွမ်းကျင်သူ သုံးဦး၏ အချက်အလက်များကို ပင်မစာကြည့်တိုက်နှင့် လွင်ပြင်ဝါခရိုင်ရှိ ဌာနခွဲ ရုံးချုပ်တွင် သေချာပေါက် ရှိနေမည်ဟုအာမခံရဲသည်။
ထိုခရိုင်မှာ မေပယ်နီအင်ပါယာနှင့် ကျိုးမျိုးနွယ်စု၏ အုပ်ချုပ်မှုအောက်ရှိ အဆင့် ၃ တိုင်းပြည်တစ်ခုကြား နယ်စပ်တွင် တည်ရှိသော မြို့တစ်မြို့စာ အရွယ်အစားခန့်သာ ရှိသည့် ခရိုင်ငယ်လေး တစ်ခု ဖြစ်သည်။
ထိုခရိုင်မှာ မေပယ်နီအင်ပါယာ၏ ပိုင်နက်အတွင်းတွင် ရှိသော်လည်း အိမ်နီးချင်း တိုင်းပြည်နှင့် ဖြစ်ပွားသော စစ်ပွဲများကြောင့် နှစ်ဖက်စလုံးမှ စစ်ဘေးဒုက္ခသည်များ စုပြုံရောက်ရှိလာကာ ဥပဒေမဲ့နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။
အဖွဲ့အစည်းက ထိုနေရာတွင် ဌာနခွဲတစ်ခု တည်ဆောက်လိုက်ချိန်တွင်မှ တည်ငြိမ်မှုများ ပြန်လည် ရရှိလာပြီး တဖြည်းဖြည်းနှင့် မေပယ်နီအင်ပါယာနှင့် ထိုတိုင်းပြည်ကြားရှိ ကြားနေနယ်မြေ တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုတိုင်းပြည်၏ အမည်မှာ ကလိုဗာတိုင်းပြည် ဖြစ်ပြီး အကဲဖြတ်ရမည့် နယ်မြေအတွင်းရှိ အဆင့် ၃ တိုင်းပြည် နှစ်ခုထဲမှ တစ်ခု ဖြစ်သည်။
လိမ္မော်နီရောင် ဆံပင်နှင့် လူက စကားပြောရန် ပြင်လိုက်သည်။ “တာအိုမိတ်ဆွေ... ကျွန်တော်...” သို့သော် ယန်ချင်းက စကားကို တားမြစ်ရန် လက်ပြလိုက်သည်။
ယန်ချင်းက အေးစက်စွာ ပြောလိုက်သည်။
“ဒီနေရာမှာ အပေါ်ယံ ဟန်ဆောင်စကားတွေနဲ့ အချိန်ဖြုန်းနေစရာ မလိုဘူး။ ဘာပဲပြောပြော နှစ် ၅၀၀၀ သက်တမ်းရှိ ဝိုင်တွေ၊ အစားအသောက်ကောင်းတွေနဲ့ အတူတူ ရယ်မောရင်း နောက်ဆုံးမှာ သွေးသောက်ညီအစ်ကိုတွေ ဖြစ်သွားမယ့် အနေအထားမျိုး မဟုတ်ဘူးလေ”
“လူအတွေ မဟုတ်ဘူး၊ နယ်စပ်က ဗိုလ်ချုပ်... နာမည် ချင်ချန် လို့ ထင်တယ်... ငါနဲ့ ဒီက အယ်လီအကြောင်း သေသေချာချာ သတင်းပို့ထားပြီးသား ဖြစ်ရမယ်”
“ဒါကြောင့် ပိုင်ရှင်မရှိတဲ့ ဝိညာဉ်သားရဲ တစ်ကောင်လို့ ထင်ပြီး တိုက်ခိုက်ခဲ့တာ လုံးဝမဖြစ်နိုင်ဘူး... ပိုင်ရှင်ရှိတယ်ဆိုတာ သိသိကြီးနဲ့ တမင်လုပ်ခဲ့တာ”
“ ပြီးတော့ အမြုတေဖွဲ့စည်းခြင်းအဆင့်ရဲ့ နောက်ဆုံးအဆင့်လောက်ပဲ ရှိသေးတဲ့ သူက နန်းတော်အဆင့် ကျွမ်းကျင်သူအုပ်စုကို အရင်စပြီး တိုက်ခိုက်ဖို့ ဆိုတာလည်း လုံးဝ မဖြစ်နိုင်ဘူး”
“အဲဒီတော့ တစ်အချက်က ပိုင်ရှင် ဘယ်လိုခံစားရမလဲ ဆိုတာကို ဂရုမစိုက်ဘဲ ရိုင်းရိုင်းစိုင်းစိုင်း ခိုးယူဖို့ ကြိုးစားခဲ့တာ ဒါမှမဟုတ် နှစ်အချက် ငါ ထွက်လာအောင် တမင်သက်သက် လုပ်ခဲ့တာပဲဖြစ်ဖြစ် အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် စောက်ဂရုမစိုက်ဘူး... ဖြစ်သင့်တာကတော့ ဖြစ်လာမှာပဲလေ”
ခရမ်းရောင်လျှပ်စီးပွင့်များ ရံဖန်ရံခါ လဂ်းလက်လာသော ဝါးကိုင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ယန်ချင်းက ခြိမ်းခြောက်သည့် လေသံဖြင့် ဆက်ပြောလိုက်သည်။
“ပြီးတော့ နောက်ခံတွေနဲ့ လာခြိမ်းခြောက်ဖို့ မကြိုးစားခင် ကြိုပြောထားမယ်... ရွှေဝါးရုံစံအိမ်ပဲဖြစ်ဖြစ်၊ မေပယ်နီအင်ပါယာပဲဖြစ်ဖြစ် ခံစားရမယ့် တရားမျှတတဲ့ အကျိုးဆက်တွေကနေ ကယ်တင်နိုင်မှာ မဟုတ်ဘူး”
ရွှေရောင်ဆံပင်နှင့် လူငယ်က တည်ငြိမ်မှုနှင့် ယုံကြည်မှု အပြည့်ဖြင့်၊ သို့သော် လေသံတွင် သတိထားမှု အနည်းငယ် ပါဝင်နေဆဲဖြင့် ပြန်လည် ဖြေရှင်းလိုက်သည်။
“တာအိုမိတ်ဆွေ... အရမ်းကြီး စိတ်လောနေစရာ မလိုပါဘူး၊ သွေးထွက်သံယို ဖြစ်စရာ မလိုဘဲ ဒီကိစ္စကို အေးအေးဆေးဆေး ဖြေရှင်းလို့ ရပါတယ်။”
“အခု ရောက်နေတဲ့အဆင့်ကို ရောက်ဖို့ အများကြီးကြိုးစားခဲ့ရတာ... အထင်လွဲမှု သေးသေးလေး တစ်ခုကြောင့်နဲ့ ဒါတွေကို အန္တရာယ် ပေးလိုက်ရမယ်ဆိုရင် နှမြောစရာကြီးပါ”
“ရိုင်းစိုင်းတဲ့ အပြုအမူအတွက် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၁၀၀ လျော်ကြေး ပေးဖို့ ဆန္ဒရှိပါတယ်... ပြီးတော့ ဒီတိမ်မျိုစွန်ကို လက်လွှတ်နိုင်မယ်ဆိုရင် တောင်းတဲ့ ဈေးကို ပေးဖို့ ဆန္ဒရှိပါတယ်”
“ကျွန်တော်က ရွှေဝါးရုံစံအိမ်က ဆိုတာ မိတ်ဆွေလဲ သိပြီးသားပဲ... ဒါကြောင့် ကျုပ်က ကိုယ့်စကားကို တာဝန်ယူနိုင်ပါတယ်”
ရေနဂါးအရွတ်ကြိုးကို ဖြတ်တောက်လိုက်ခြင်းနှင့် နန်းတော်အဆင့် ကျွမ်းကျင်သူနှစ်ဦး၏ တိုက်ခိုက်မှုများကို တစ်ပြိုင်နက်တည်း ကာကွယ်လိုက်ခြင်းဆိုသော ယန်ချင်း၏ စွမ်းဆောင်ရည်များမှာ သာမန်လုပ်ရပ်များ မဟုတ်ပေ။
နေရာချင်းသာ ပြောင်းကြည့်မည်ဆိုလျှင် ထိုကဲ့သို့သော စွမ်းဆောင်ရည်မျိုးကို ပြသနိုင်မည် မဟုတ်ကြောင်း သေချာနေသည်။
ပထမအဆင့်လောက်သာ ရှိပုံရသူ တစ်ဦးက တတိယအဆင့် တစ်ဦးနှင့် ဒုတိယအဆင့် နန်းတော်အဆင့် ကျွမ်းကျင်သူ နှစ်ဦးကို လွှမ်းမိုးနိုင်လောက်သည့် ဖိအားမျိုး မည်သို့ ထုတ်လွှတ်နိုင်သနည်း ဆိုသည်ကို သတိထားမိနေသလို အံ့အားသင့်နေမိသည်။
အဘိုးအိုနှင့် နှစ်ယောက်လုံးမှာ ဒုတိယအဆင့်တွင် ရှိပြီး လိမ္မော်နီရောင်ဆံပင်နှင့် လူမှာ နန်းတော်အဆင့်၏ တတိယအဆင့်တွင် ရှိသည်။
အဆင့်ကျော်တိုက်ခိုက်မှုများ အလွယ်တကူ ဖြစ်ပွားလေ့ရှိသော အောက်ခြေအဆင့်များနှင့် မတူဘဲ နန်းတော်အဆင့်တွင်မူ ကျင့်ကြံခြင်းအဆင့် အနည်းငယ် တိုးတက်မှုကပင် ကြီးမားသော ကွာဟချက်ကို ဖြစ်ပေါ်စေသည်။
နန်းတော်အဆင့်သို့ ရောက်ရှိသွားသည်နှင့် မိမိ၏ ကျင့်ကြံခြင်း အခြေခံထက် ပိုမိုမြင့်မားသူများကို တိုက်ခိုက်နိုင်ခြင်းမှာ ကျင့်ကြံခြင်း လောကရှိ စစ်မှန်သော မကောင်းဆိုးဝါးများသာ လုပ်ဆောင်နိုင်သည့် အရာဖြစ်သည်။
ထို့ကြောင့်ပင် နောက်ခံ သို့မဟုတ် လူအင်အားကို ယုံကြည်မှု ရှိနေသည့်တိုင်အောင် ရွှေရောင်ဆံပင်နှင့် လူငယ်က သံတမန်နည်းလမ်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ တိုက်ပွဲသာ ဖြစ်ပွားခဲ့လျှင် ပြင်းထန်သော ဒဏ်ရာများ ရရှိမည်မှာ သေချာသည်။ အထူးသဖြင့် ပူးပေါင်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေပြီး ထိုမှတစ်ဆင့် ရရှိလာမည့် အခွင့်အရေးများ ရှိနေချိန်တွင် စွန့်စား၍ မရပေ။
တိုက်ခိုက်ရန် ပြင်ဆင်နေသော ယန်ချင်းမှာ ရုတ်တရက် ရပ်တန့်သွားပြီး အံ့အားသင့်သော မျက်နှာဖြင့် မေးလိုက်သည်။
“အယ်လီကို ဝယ်ချင်တာလား”
ရွှေရောင်ဆံပင်နှင့် လူက ပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ်၊ ဈေးပြောလိုက်... အဲဒီဈေးကို ပေးဖို့ ဆန္ဒရှိပါတယ်”
ယန်ချင်းက အားကုန်သွားသလို သက်ပြင်းချရင်း တိတ်ဆိတ်စွာ ရေရွတ်လိုက်သည်။
“နောက်ခံက ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားနေပါစေ သွားလေရာ နေရာတိုင်းမှာ အရူးတွေကတော့ ရှိနေတာပဲ”
ယန်ချင်းက လေးနက်စွာ ပြောလိုက်သည်။
“ရုပ်က ဘယ်လောက်ပဲ တုံးအတဲ့ပုံ ပေါက်နေပါစေ... အရွယ်ရောက်လာရင် အနည်းဆုံး နယ်မြေအဆင့်ကို ရောက်နိုင်တဲ့ သွေးဆက်မျိုး ပိုင်ဆိုင်ထားတယ်”
“ အဲဒါကို ရွှေဝါးရုံစံအိမ်က တတ်နိုင်တယ်လို့ ပြောချင်တာလား။ တကယ်လို့ တတ်နိုင်ခဲ့ရင် ငွေပေးပြီး ဝယ်လိုက်ရုံနဲ့တင် အဖွဲ့အစည်းထဲမှာ နယ်မြေအဆင့် ကျွမ်းကျင်သူတွေ အများကြီး ရှိနေလောက်ပြီပေါ့”
“အချိန် သိပ်မရှိဘူး... ဒါကြောင့် စကားပြောတာ ဒီမှာတင် အဆုံးသတ်ပြီ။ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားကြ။”
“ စိတ်မပူပါနဲ့... မင်းတို့လုပ်ရပ်တွေက သေဒဏ်ပေးလောက်တဲ့အထိတော့ မဆိုးရွားသေးလို့ မသတ်ပါဘူး။ ဒါပေမဲ့ သေချာပေါက် အရိုက်တော့ခံရမယ်”
ယန်ချင်းက လေထဲတွင် ပေါလောပေါ်နေသော ခရမ်းရောင်လျှပ်စီးဝါးကိုင်းကို လွှတ်ပေးလိုက်သည်။
ယန်ချင်းက လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်ရင်း ရေရွတ်လိုက်သည်။ “ပါးကွရှစ်ခု သဘာဝစွမ်းအင် အတားအဆီး”
လက်ဝါးနှစ်ဖက်ကြားတွင် စက်ဝိုင်းငယ်လေးတစ်ခု ဖြစ်ပေါ်လာပြီးနောက် ကြီးမားလာကာ ပတ်လည် ၁၀ကီလိုမီတာအချင်းဝက်အတွင်း လွှမ်းခြုံသွားပြီး အမိုးခုံးကြီး တစ်ခုအတွင်း ပိတ်လှောင်လိုက်လေသည်။