← Chapters

ပဋိညာဥ်လေးချက် ဖြစ်တည်လာရခြင်း

Vol. 10 Ch. 959

ပဋိညာဥ်လေးချက် ဖြစ်တည်လာရခြင်း

Vol. 10 Ch. 959

သို့သော် နတ်အဆင့်ကျင့်ကြံသူများသည် ပိုင်ရှောင်ချန်းကို နေ့တိုင်းအချိန်ပြည့် အားအားယားယားစောင့်ကြည့်နေရန် အချိန်မရှိပေ။ ထို့ပြင် ပဋိညာဥ်သုံးချက်ကို စဥ်းစားကြည့်လျှင် ပိုင်ရှောင်ချန်း မည်မျှအံ့သြစရာကောင်းလောက်အောင် စွမ်းအားကြီးစေကာမူ အရေးမကြီးပေ။ သူ များစွာတတ်နိုင်လိမ့်မည် မဟုတ်ပေ။

နောက်ထပ်လဝက်ကုန်ဆုံးသွား၏။ နေ့စဥ်နေ့တိုင်း ပိုင်ရှောင်ချန်းသည် သူ့လမ်းဘေးစျေးဆိုင်လေးအား ခင်းကျင်းနေရာချသည်ဖြစ်ပြီး စီးပွားရေးများစွာမလုပ်သော်လည်း သူ ရောင်းချနေသည့် အမျိုးမျိုးသောမှော်ပစ္စည်းများနှင့် ဆေးလုံးများအကြောင်း ကျယ်လောင်းစွာ အသေးစိတ်ရှင်းပြ၍ မြောက်ပိုင်းသားများအား ဆွဲဆောင်ရန် ကျားကုပ်ကျားခဲ ကြိုးစားနေသည်။

တစ်နေ့တွင် သူ့ကို မည်သည့်နတ်ဘုရားအာရုံမှ စောင့်ကြည့်မနေကြောင်း သေချာသောအခါ သူ၏ဆေးလုံးများကို လျှောက်ကြည့်စူးစမ်းနေသည့် လူထွားကြီးတစ်ယောက်နား ကိုယ်ကိုကိုင်းလိုက်သည်။

" ဟေး ကိုယ့်လူ " သူက တိုးတိုးတိတ်တိတ်ပြောသည်။

" ကျုပ်မှာ ဟိုနားလေးမယ် အထူးဆေးလုံးတွေ ရှိတယ်။ ကြည့်ချင်လား "

ဤသည်မှာ လူထွားကြီး၏ တတိယမြောက်အကြိမ်လာရောက်ခြင်းဖြစ်ပြီး ပိုင်ရှောင်ချန်းသည် သူ့အား ဂရုတစိုက်စောင့်ကြည့်နေခဲ့သည်။ သံသယဝင်စရာကောင်းသည့်ပုံမပေါ်ကြောင်း အတည်ပြုပြီးနောက်မှ နောက်ဆုံး သူ့ကို ကမ်းလှမ်းရန် ဆုံးဖြတ်လိုက်သည်။

" ဘာဆေးလုံးတွေလဲ "

ထိုလူကြီးက ချက်ချင်း သတိကပ်သွားပြီး ပြောသည်။

ပိုင်ရှောင်ချန်းက လက်တစ်ချက်ဝှေ့ယမ်းလိုက်၍ မူးယစ်ဆေးလုံးကို ထုတ်လိုက်သည်။

ဆေးလုံးထံမှ ထွက်ပေါ်နေသည့် ပြိုင်ဘက်ကင်းသော အငွေ့အသက်ကြောင့် လူထွားကြီး၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။ သူ၏မျက်လုံးများ တလက်လက်တောက်ပလာလျက် ဆွဲယူလိုက်သည်။ သူက မည်မျှကျသင့်သည်ကိုပင် မမေးတော့ဘဲ ပိုင်ရှောင်ချန်းကို ဝိညာဥ်ကျောက်တုံးတစ်တုံးပစ်ပေးပြီးနောက် ထဖ်က်သွား၏။

မူးယစ်ဆေးလုံးတစ်လုံးအတွက် ဝိညာဥ်ကျောက်တုံးတစ်တုံးမှာ ထုတ်လုပ်မှုကုန်ကျစရိတ်ကိုပင် မကာမိပေ။ သိသိသာသာပင် လူထွားကြီးသည် ပိုင်ရှောင်ချန်းက မြောက်ပိုင်းတွေ စျေးရောင်းနိုင်ရုံတင် ကံကောင်းသည်ဟု မှတ်ယူထားသည်။ အမှန်တွင် ထိုခံယူချက်သဘောထားက မြောက်ပိုင်းသားအားလုံးနီးပါးအကြား ပျံ့နှံ့နေပြီးဖြစ်သည်။

ပိုင်ရှောင်ချန်းက ဝိညာဥ်ကျောက်တုံးတစ်တုံးကို ကြည့်၍ မျက်လုံးများကျဥ်းမြောင်းသွား၏။ သို့သော် သူက စိတ်ထဲမထားပေ။ သူက ဖြတ်သွားဖြတ်လာများအား သူ၏သီးသန့်ပစ္စည်းများကို ရံဖန်ရံခါရောင်းချရင်း ထိုင်သာထိုင်နေလေသည်။ အချိန်ကြာလာသည်နှင့်အမျှ သူသည် ယုံကြည်နိုင်သည့် ဂိုဏ်းသားများအား သတိထားမိလာပြီး သူတို့ကို ကာမအားတိုးဆေး သို့မဟုတ် မူးယစ်ဆေး ကမ်းလှမ်းလေသည်။

" ဒီလို ရန်လိုနေတဲ့ မြောက်ပိုင်းသားတွေကို ငါက ကျင့်ဝတ်နဲ့ညီညီ ဆက်ဆံပေးနေတာနော်။ ဂိုဏ်းသားတွေမဟုတ်ဘဲ ဂိုဏ်းသူတွေကို ကာမအားတိုးဆေးရောင်းပေးတာ။ မူးယစ် ဆေးလုံးကတော့ ဂိုဏ်းသူမဟုတ်ပဲ ဂိုဏ်းသားတွေ အတွက်ပဲပေါ့ "

သူ၏မဟာအားနည်းမှုကြီးသည်ကား သူ လွန်စွာ သဘောကောင်းကာ ရိုးသားခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် သက်ပြင်းချလိုက်လေသည်။

သူက ခေါင်းခါလိုက်ချိန် အတော်လေး တုတ်ခိုင်ထွားကြိုင်းကာ ကြမ်းတမ်းဟန်ရှိသည့် အမျိုးသမီးကျင့်ကြံသူတစ်ယောက် သူ့ရှေ့တွင် ပေါ်လာ၏။

" ခင်ဗျား ကြိုက်နေတဲ့ အမျိုးသားကျင့်ကြံသူတစ်ယောက်ယောက်ရှိလား " သူက မေးလိုက်သည်။

" ခင်ဗျားလိုတာလေးက ဟောဒီ ကာမအားတိုးဆေးလေးပါပဲ။ သူက ထာဝရ ခင်ဗျားအပိုင် ဖြစ်သွားလိမ့်မယ် "

ထိုအမျိုးသမီးက ကာမအားတိုးဆေးကို ဆွဲယူလိုက်သောအခါ သူမ၏တုတ်ခိုင်သော လက်ချောင်းကြီးများက ဆေးလုံးကို ချေမိလုနီးပါးဖြစ်သွားသည့်အတွက် ပိုင်ရှောင်ချန်းမှာ လိပ်ပြာလွင့်မတတ်ကြောက်သွားတော့သည်။ သူမ၏လက်ကို မဖိချမိအောင် ဆွဲလိုက်ရင်း သူက အမောတကော ပြောလိုက်သည်။

“ ခင်ဗျား ဒီမှာ ချေပစ်လို့မရဘူးဗျ။ အီး ဒီဆေးလုံးက ခင်ဗျားအတွက် မဟုတ်ဘူး ထင်ပါရဲ့ဗျာ "

အမျိုးသမီးကျင့်ကြံသူက သူ့ကို ဝိညာဥ်ကျောက်တုံးတစ်အိတ် ချက်ချင်းပစ်ပေးပြီး သုတ်သီးသုတ်ပျာလှည့်ထွက်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ ဝိညာဥ်ကျောက်တုံးအိတ်အား မသိမ်းသေးဘဲ တအံ့တသြစိုက်ကြည့်နေမိလေသည်။ မကြာမီ သူသည် ရှင်းကုံကျစ်တာအိုဂိုဏ်းမှာတုန်းက ဂရုမစိုက်ခြင်း အသီးများဖြင့် စမ်းသပ်ထုတ်လုပ်ထားသည့် ထုတ်ကုန်ဖြစ်သော သံယောဇဥ်မဲ့ဆေးလုံးများအား စတင်ရောင်းချတော့သည်။

" ခင်ဗျား ကျုပ်ရဲ့ ကာမအားတိုးဆေးအကြောင်း ကြားဖူးလား။ မပူပါနဲ့။ ဒါက ဖြေဆေးပဲ။ ခင်ဗျား သံယောဇဥ်မဲ့ဆေးလုံးသောက်လိုက်ရင် ကာမအားတိုးဆေးရဲ့ အာနိသင်တွေဆီကနေ ခင်ဗျားကို ကာကွယ်ပေးလိမ့်မယ် "

" နားထောင်၊ ခင်ဗျားတို့ ရာဇသံတိမ်လွှာမှာ တကယ့်ကို ကြမ်းတမ်းတဲ့ အမျိုးသမီးကျင့်ကြံသူတွေအများကြီးရှိတယ်။ တော်တော်များများက ကျုပ်ဆီက ကာမအားတိုးဆေးလာဝယ်ကြတယ်နော်။ သတိလေး၊ ဘာလေး ထားကြပါဦး "

သူက မတူညီသော ဆေးလုံးသုံးလုံးအား မည်သူ့ကိုရောင်းရမည်နှင့်ပတ်သက်၍ အလွန်ဂရုစိုက်ပြီး သူ ဂရုတစိုက် လေ့လာစောင့်ကြည့်ထားသည့် ဖောက်သည်များကိုသာ ရွေးချယ်လေသည်။ ထို့ကြောင့် ဆေးလုံးများက ဂိုဏ်းတွင် ရုတ်ရုတ်သဲသဲ မဖြစ်စေပေ။ သို့သော် တဖြည်းဖြည်းနှင့် ဂိုဏ်းအတွင်း တွင်ကျယ်လာတော့သည်။

မူးယစ်ဆေးလုံးတစ်လုံး ဝယ်သွားသည့် လူတိုင်းမှာ ယစ်မူးစွဲမက်စိတ်လှုပ်ရှားလျက် ထပ်ဝယ်ရန် မျှော်လင့်၍ ရက်အနည်းငယ်ကြာလျှင် ပြန်ရောက်လာကြသည်။

အမှန်တော့ သူတို့ပြန်လာတိုင်း ပိုင်ရှောင်ချန်းက အရင်တစ်ခေါက်ထက် စျေးတင်လေသည်။ သူက ဆေးလုံး၏ ဆိုးကျိုးများကိုလည်း သေချာရှင်းပြ၏။ သူက သမားေတာ်တစ်ယောက်ဖြစ်၍ ကျင့်ဝတ်နှင့်အညီပြုမူရန် တာဝန်ရှိသည်ဖြစ်ရာ မြောက်ပိုင်းသားများကိုလည်း သနားကြင်နာရမည် မဟုတ်ပါလော။

" ငါ ဆေးဖော်စပ်တိုင်း အမြဲဖြစ်တဲ့ ထူးဆန်းပြီး ရှင်းပြလို့မရတာတွေကို မထိန်းချုပ်နိုင်ဘူး။ ဒါပေမဲ့ ဖော်စပ်ပြီးတဲ့ ဆေးလုံးတွေနဲ့ ပတ်သက်ရင်တော့ ဘယ်ဟာကို သတိထားရမယ်ဆိုတာ ငါ့ဖောက်သည်တွေကို သေချာပေါက် ပြောပြရမယ်"

ပိုင်ရှောင်ချန်းသည် ထိုသည်က မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း ယုံကြည်လေသည်။

သူက ကာမအားတိုးဆေးလုံးနှင့်အတူ တဖြေးဖြေး ပို၍ နာမည်ကြီးလာသော သံယောဇဥ်မဲ့ဆေးလုံးများကိုလည်း အလားတူ ရှင်းပြသည်။ ကျင့်ကြံသူများက ထိုကဲ့သို့ ဆေးလုံးများအား မည်မျှလိုချင်တပ်မက်နေကြသည်မှာ အံ့သြဖွယ်ကောင်းသည်။

ကာမအားတိုးဆေးက ကာမရမ္မက်ကိုလှုံဆော်ပေးပြီး မူးယစ်ဆေးလုံးက လူတစ်ယောက်၏ အိပ်မက်ကို ဖြည့်ဆည်းပေးသည်။ သံယောဇဥ်မဲ့ဆေးလုံးများမှာမူ ကာမအားတိုးဆေးကို ဆန့်ကျင်ပြီး တချိန်တည်းမှာပင် မူးယစ်ဆေးလုံးများ၏ အာနိသင်ကိုလည်း ဖျောက်ဖျက်ပေးသည်။ ထိုအကြောင်းကြောင့် သံယောဇဥ်မဲ့ဆေးလုံးများက အခြားနှစ်ခုထက် အနည်းငယ်ပို၍ အရောင်းသွက်လာ၏။

မကြာမီ ရာဇသံတိမ်လွှာပေါ်ရှိ ကျင့်ကြံသူများသည် ကာမအားတိုးဆေးနှင့် မူးယစ်ဆေးလုံးများက အဆိပ်ဆေးလုံးများပမာဖြစ်ကြောင်း သဘောပေါက်လိုက်ကြသည်။ သို့ေသာ် လက်ခံမယုံကြည်သေးသည့် လူများရှိနေသေးပြီး နောက်ဆုံးတွင် သူတို့သည် စွဲသည့်အဆင့်သို့ ရောက်လုနီးပါးဖြစ်သွားကြပြီး တတ်နိုင်သမျှ နည်းအကုန်သုံး၍ တိုးတိတ်တိတ် ဝယ်ကြလေသည်။

ရာဇသံတိမ်လွှာတွင် ဆေးလုံးများအား လေ့လာစမ်းသပ်ရန်အတွက် လက်ဝယ်ရောက်အောင် လုပ်ဆောင်နိုင်ကြသည့် ဆေးတာအိုပညာရပ်ဆိုင်ရာမဟာအကြီးအကဲအနည်းငယ်ရှိသည်။ သူတို့ထဲက တစ်ယောက်ကား ရာဇသံတိမ်လွှာတွင် ထိပ်တန်းသမားေတာ်ဖြစ်သော အူယန်ဒဲ့ပင်။ သို့ဖြစ်၍ သူသည် မူးယစ်ဆေးလုံးနှင့် ကာမအားတိုးဆေးလုံးများအား အခြားသူတကာထက် ကောင်းကောင်းနားလည်သည်။

" ပိုင်ရှောင်ချန်း မြောက်ပိုင်းကို မလာခင်ကတည်းက ငါ သူ့ဆေးလုံးနည်းနည်းပါးပါးကို လေ့လာချင်နေခဲ့တာ။ နောက်ဆုံးတော့ ငါအခွင့်အရေး ရပြီ "

သူက အေးစက်စက်ရယ်မော၍ သူ့လက်ဝါးပေါ်ရှိ မူးယစ်ဆေးလုံးကို ငုံ့ကြည့်လိုက်သည်။

" ဒီမဖြစ်စလောက် မူးယစ်ဆေးလုံးက တကယ်အလုပ်ဖြစ်လား ကြည့်ကြတာပေါ့"

သူ၏ဆေးလုံးများနှင့် ပတ်သက်သည့် ကျွမ်းကျင်မှုနှင့် သူ၏လေ့လာဆန်းစစ်မှုအရ ဤဆေးလုံးတွင် ထူးထူးခြားခြား ဘာမှမရှိသည်ဆိုသော သုံးသပ်ချက် ရလိုက်သည်။

" အမှန်ကို သိဖို့ တစ်ခုတည်းသော နည်းလမ်းက ကိုယ်တိုင်စမ်းကြည့်ဖို့ပဲ "

သူသည် သူ၏ဆေးတာအိုပညာကို ယုံကြည်သော်လည်း အကယ်၍ မထင်မှတ်ထားသော အရာတစ်ခုခုသွားခဲ့လျှင်ဆိုကာ သံယောဇဥ်မဲ့ဆေးလုံးတစ်လုံးကိုလည်း ဆောင်ထားလိုက်သည်။

သူ၏ပါးစပ်ထဲ မူးယစ်ဆေးလုံးကို ပစ်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် အရည်ပျော်သွားပြီး သူ၏တစ်ကိုယ်လုံးတုန်တက်သွား၏။ သူက မျက်လုံးများကို ပိတ်လိုက်သည်တွင် လွင့်မျောနေသည့်အလား ရုတ်တရက် ခံစားလိုက်ရသည်။ သူ့လက်ထဲရှိ သံယောဇဥ်မဲ့ဆေးလုံးမှာမူ လက်ထဲမှ ကျသွားပြီး ဘေးကို လိမ့်ထွက်သွားတော့သည်။ သုံးရက်ကြာသော် သူ၏မျက်လုံးများ ပွင့်လာ၏။ သူ့တစ်ကိုယ်လုံး ချွေးများရွဲနစ်နေပြီး သူ၏အမူအရာမှာ အချိန်အတော်ကြာသည်အထိ ကြောင်တောင်တောင်ဖြစ်နေပြီး နောက်ဆုံးတွင် သူက ရေရွတ်လိုက်သည်။

" ငါ တာအိုကို နားလည်ပြီး အင်မော်တယ် ဖြစ်သွားပြီကွ "

ရာဇသံတိမ်လွှာပေါ်ရှိ ကျင့်ကြံသူများစွာအတွက်လည်း ထိုနည်းတူပင်။ မူးယစ်ဆေးလုံးစားသူတိုင်းသည် ဖြေဆေးကို လျစ်လျူရှုထားကြပြီး ထိုအစား ထင်ယောင်ထင်မှား၊ အံ့သြဖွယ်ကောင်းသော အတွေ့အကြံများတွင် အရသာခံနေကြသည်။

မကြာမီ မူးယစ်ဆေးလုံးများရောင်းအားက ကာမအားတိုးဆေးများကို ကျော်တက်သွားသည်။ အမှန်တွင် မူးယစ်ဆေးလုံးများသည် ရာဇသံတိမ်လွှာတွင် တစတစကြီးထွားလာသော မိုးသက်မုန်တိုင်းကြီးသဖွယ် ဖြစ်လာတော့သည်။

ဂိုဏ်သားများ တစတစပိုမိုများပြားလာကာ ဆေးလုံးများကို တိတ်တဆိတ်ဝယ်လာကြသည်။ နောက်ဆုံးတွင် ကိစ္စတစ်ခုလုံး ပေါ်တင်ဖြစ်လာသည့် အခြေအနေရောက်သွားတော့သည်။ အူယန်ဒဲ့ပင်လျှင် တစ်ခါတည်း မူးယစ်ဆေးလုံး အပုံလိုက်ကြီးအား သွားရောက်ဝယ်တော့သည်။

ပိုင်ရှောင်ချန်း၏အမြတ်များ လျင်မြန်စွာ တိုးတက်လာလေသည်။ မကြာမီ နေလခင်းကျင်း ကောင်းကင်စစ်တလင်းမန္တန်အား ကျင့်နိုင်သည်အထိ ရောက်သွားလေရာ သူက အတိုင်းထက်အလွန် စိတ်လှုပ်ရှားလာတော့သည်။

သို့သော် သူသည် ဆေးလုံးရောင်းချခြင်းကိစ္စက လျှို့ဝှက်ချက်အဖြစ် ကြာရှည်ထိန်းသိမ်းထား၍မရကြောင်းလည်း သိ၏။ နတ်အဆင့်ကျင့်ကြံသူများ ဆေးလုံးအနံ့ရရန် ကြာတော့မည်မဟုတ်ပေ။

ထိုအတိုင်းပင် တသွေမတိမ်းဖြစ်လာသည်။ မူးယစ် ဆေးလုံးရောင်းအားက တဟုန်ထိုး မြင့်တက်သွား၏။ တစ်လုံးစားရန်ကြိုးစားသူတိုင်းမှာ စွဲလမ်းသွားကြသည်။ လဝက်အတွင်း ရာဇသံတိမ်လွှာရှိ ဂိုဏ်းသားများအားလုံး မူးယစ်ဆေးလုံးများအား အရူးအမူးဖြစ်သွားကြတော့သည်။

၄င်းသည် လူများစွာပါဝင်သည်အထိ ရောက်ရှိသွားပြီး မကြာမီ မတော်တဆမှုများ စတင်ဖြစ်ပွားလာသည်။ ဂိုဏ်းသားအချို့မှာ ဆေးစားပြီးနောက် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်သည့်အပြင် မူးဝေနေစဥ်အတွင်း သူတို့၏အင်မော်တယ်ဂူထဲတွင်နေရန်ဟူသော ပိုင်ရှောင်ချန်း၏ ညွှန်ကြားချက်ကိုပင် လျစ်လျူရှုလာြကသည်။

" ပျံတယ်၊ ပျံတယ်၊ ပျံတယ်။ ဟေး ငါက ငှက်အကြီးကြီးကွ "

" ဟားဟားဟား ဟားဟားဟား၊ နောက်ဆုံးတော့ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီကွ"

" ငါ့ကို ရိုက်စမ်းပါ၊ လာပါ လုပ်စမ်းပါကွ။ ငါ့ကိုရိုက်လို့ “

နောက်ဆုံးတွင် နတ်အဆင့်ကျင့်ကြံသူများက ဖြစ်ပျက်နေသည်များအား သတိထားမိသွားတော့သည်။ဂိုဏ်းသားအချို့၏ ထိန်းမနိုင်သိမ်းမရသော အပြုအမူများက စစ်ဆေးမှုတစ်ခုကို ဦးတည်သွားပြီး အမှန်တရား ပေါ်ပေါက်လာသည်။ တစ်လအတွင်း ရာဇသံတိမ်လွှာရှိ ဂိုဏ်းသားများအားလုံးနီးပါး မူးယစ်ဆေးလုံးများအား နေ့စဥ် သုံးစွဲခဲ့ကြသည်။

၄င်းမှာ ကိစ္စကြီးတစ်ရပ်ဖြစ်၍ မြောက်ပိုင်းသားနတ်အဆင့်ကျင့်ကြံသူများ ချက်ချင်း ဒေါသူပုန်ထသွားတော့သည်။

သူတို့က မူးယစ်ဆေးလုံးများအား ဂိုဏ်းတွင် တားမြစ်လိုက်ပြီး သုံးစွဲသည့် မည်သူမဆို ထုတ်ပယ်ခံရမည်ဟု အမိန့်များ အလျင်အမြန် ထုတ်ပြန်လိုက်သည်။ အစပိုင်းတွင် ဂိုဏ်းသားများမှာ ထိတ်လန့်သွားပါသော်လည်း မိန်းမောနေခြင်းမှ နိုးထလာကြပြီး ဆက်စပ်တွေးတောကြည့်မိလိုက်သည်တွင် ပိုင်ရှောင်ချန်းကို လာရှာကြတော့သည်။

" အရှက်မရှိလိုက်တဲ့ ပိုင်ရှောင်ချန်း ။ မင်းက ငါတို့ကို မူးယစ်ဆေးသုံးအောင် လှည့်စားခဲ့တယ် "

" ဟုတ်တယ်၊ ဒါတွေအားလုံးက ပိုင်ရှောင်ချန်းကြောင့်။ သောက်ကျိုးနည်းကွာ၊ ငါ့ ဝိညာဥ်ကျောက်တုံးတွေ ပြန်ပေး "

" သူက ငါ့ကို ဆေးလုံးဝယ်အောင်လုပ်တာ။ သူ့ကြောင့်သာ မဟုတ်ရင် ငါ ဘယ်တော့မှ တစ်လုံးမှ သောက်ဖြစ်မှာမဟုတ်ဘူး။ သောက်ကျိုးနည်း မူးယစ် ဆေးလုံးတွေ "

အချို့က ကြောက်လန့်ကြပြီး အချို့မှာ မူးယစ် ဆေးလုံးများအပေါ် သူတို့၏ဝိညာဥ်ကျောက်တုံးများ သုံးစွဲခဲ့ခြင်းအား နောင်တရနေကြသည်။ အကြောင်းအရင်းရှာ၍ လူတိုင်းက ပိုင်ရှောင်ချန်းအား အပြစ်တင်လာကြသည်။

လူအုပ်ကြီး ဆူဆူပူပူဖြစ်လာသည်နှင့် လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်၊ ဖုန်းချန်နှင့် အခြားနတ်အဆင့်ကျင့်ကြံသူများက ရာဇသံတိမ်လွှာအပေါ် ရောက်ချလာတော့သည်။

" မင်း ပဋိညာဥ်ကို ဖောက်ဖျက်တယ် ပိုင်ရှောင်ချန်း " ဖုန်းချန်က အော်သည်။

" ဘာလဲ၊ မင်း သေချင်နေတာလား "

စွမ်းအားကြီးသော နတ်ဘုရားစွမ်းရည်တစ်ခု ပိုင်ရှောင်ချန်း၏နေအိမ်ကို ထိမှန်သွားသဖြင့် ဝုန်းခနဲပေါက်ကွဲသွားပြီး သူက အပြင်သို့ ဒယီးဒယိုင် ထွက်လာတော့သည်။

" ငါက ပဋိညာဥ်စာချုပ်ကို ဖောက်ဖျက်တယ်ပေါ့ "

နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက မကျေနပ်ချက်များကို ထုတ်ဖော်လာနိုင်သည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။

“ ေဩာ်၊ တကယ်လား။ ပြောစမ်းပါဦး ဖုန်းချန်၊ ငါ ပဋိညာဥ်သုံးချက်ထဲက ဘယ်အပိုင်းကိုများ ကျူးလွန်မိလို့တုန်း။ ဆေးဖော်စပ်လို့လား။ မြောက်ပိုင်းက ကောင်းကင်နှင့်မြေကြီးရဲ့ စွမ်းအင်တွေကို စုပ်ယူမိလို့လား။ ငါ ဘာကို ဖောက်ဖျက်မိလဲ ဟမ်။ လာပါ ပြောစမ်းပါဦးကွ "

"မင်း....."

ဖုန်းချန်က ပိုင်ရှောင်ချန်းကို လက်ညှိုးထိုး၍ ပြောသည်။ သို့သော် တခဏကြာသော် သူ့တွင် ဘာမှပြောစရာမရှိကြောင်း သဘောပေါက်လိုက်၏။ ပိုင်ရှောင်ချန်း ပြောခဲ့သကဲ့သို့ သူက ပဋိညာဥ်သုံးချက်တွင် ချမှတ်ထားသော စည်းမျဥ်းတစ်ခုကိုမှ မဖောက်ဖျက်ခဲ့ပေ။

လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်မှာ အလွန်တရာစိတ်တိုနေသည့်တိုင် သူတို့ဒေါသအား ဖွင့်ထုတ်ရန် လမ်းရှာမတွေ့ပေ။

ပိုင်ရှောင်ချန်းက စကားတစ်လုံးမှ မပြောနိုင်ဘဲ ရပ်နေသည့် နတ်အဆင့်ကျင့်ကြံသူများအားလုံးကို စိုက်ကြည့်ပြီးနောက် တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ရာဇသံတိမ်လွှာဂိုဏ်းသားများကို ဝေ့ကြည့်လိုက်သည်။

" ပြီးတော့ ခင်ဗျားတို့ကကော ဘာလဲ။ ကျုပ် မေးပါရစေဦး၊ ကျုပ်ဆေးလုံးတွေကို ဝယ်ပါလို့ ခင်ဗျားတို့ကို ကျုပ် ဖိအားပေးခဲ့လား “

" ခင်ဗျားတို့ကို ကျုပ် ဖြစ်နိုင်တဲ့ အကျိုးဆက်တွေ မပြောဘူးလား

" ခင်ဗျားတို့ကို ကျုပ် ဖြေဆေးမပေးဘူးလား “

" ဆေးလုံးတွေစားတဲ့နေရာနဲ့ ပတ်သက်ပြီး သတိထားပါလို့ ကျုပ် သတိမပေးဘူးလား “

" ဘာလဲဗျာ၊ ခင်ဗျားတို့တွေ ကျုပ်ကို အနိုင်ကျင့်ရတာ အသားကျနေကြတာလား။ ကျုပ်က ပိုင်ရှောင်ချန်းဆိုတာ ခင်ဗျားတို့ မေ့နေကြလား။ ကျုပ်က နတ်အဆင့်ကျင့်ကြံသူတစ်ယောက်လဲ ဟုတ်တယ်နော် မှတ်မိလား။ ခင်ဗျားတို့ မြောက်ပိုင်းသားတွေ အမြဲတမ်း တရားကိုလွန်တယ် "

နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက လွန်ခဲ့​ေသာလပေါင်းများစွာကတည်းက ဖြစ်တည်လာခဲ့သည့် ခံပြင်းခြင်းဒေါသများအားလုံးကို ဖွင့်ထုတ်ပစ်လိုက်တော့သည်။ သူ၏အသံသည် မိုးခြိမ်းသံတမျှထစ်ခြုန်းသွားပြီး သူ၏မျက်နှာကြီး ကောင်းကင်ယံတွင် ပေါ်လာရာ ဂိုဏ်းသားများအားလုံး၏ နှလုံးသားများထဲသို့ အကြောက်တရားများ ရိုက်ထည့်ပေးလိုက်တော့သည်။

ထိုသို့ ရှေ့လည်း မတိုးသာ နောက်လည်း မဆုတ်သာသည့် အခိုက်အတန့်တွင် အပေါ်ထက် သလင်းကျောက်ခေါင်းတလားမှ နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီး၏ အသံ ရုတ်တရက် ပဲ့တင်ထပ်လာတော့သည်။

" အခုကစပြီး ပဋိညာဥ်သုံးချက်မဟုတ်တော့ဘူး။ ပဋိညာဥ်လေးချက် ဖြစ်သွားပြီ “

" ပိုင်ရှောင်ချန်းကို မြောက်ပိုင်းမှာ ဘာမှ ရောင်းခွင့်မပြုဘူး။ဒီစည်းမျဥ်းကို ဖောက်ဖျက်ရင် မိုးကြိုးအကျဥ်းထောင်မှာ ချက်ချင်း အကျဥ်းချခံရမယ် "

All Chapters