← Chapters

ကျုပ်ကို စိတ်ရှုပ်အောင် မလုပ်နဲ့

Vol. 10 Ch. 965

ကျုပ်ကို စိတ်ရှုပ်အောင် မလုပ်နဲ့

Vol. 10 Ch. 965

ပိုင်ရှောင်ချန်းမှာ အတော်လေး အံ့အားသင့်သွားသည်။ ထိုနတ်ဘုရားသိုင်းကို သူ သိသည့်အပြင် ကိုယ်တိုင်ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးသည်။ ယင်းက လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်၏ ဝှက်ဖဲဖြစ်သည်။ သူ၏ခန္ဓာကိုယ်နှစ်ခုပေါင်းစည်းပြီးနောက် သူသည် ပထမဆုံးအကြိမ်အဖြစ် ပိုင်ရှောင်ချန်း၏ထာဝရလက်သီးပင် အနိုင်ယူခံလိုက်ရပါသော လူသားအားလုံး၏ ဘိုးဘေးကြီးဖြစ်လာစေသည့် အဋ္ဌမမြောက်အသွင်ပြောင်းလဲခြင်းကို အသုံးပြုခဲ့သည်။

ထိုမှတ်ဉာဏ်က ပိုင်ရှောင်ချန်း၏ ခေါင်းထဲတွင် ပူပူနွေးနွေးစွဲကျန်ရစ်ခဲ့ပြီး အမှန်တွင် သူက ထိုသိုင်းအကြောင်း မကြာခဏတွေးဖူးလေသည်။ ဝမ်းနည်းဖွယ်ကောင်းစွာ ၄င်းက အပြင်လူများကို လက်ဆင့်ကမ်းမပေးသည့် မြောက်ပိုင်း၏ လျှို့ဝှက်မှော်ပညာတစ်ရပ်ဖြစ်သည်။ ထို့အပြင် မြောက်ပိုင်းသားများအကြားမှာပင် ၄င်းကို ကျင့်ကြံအားထုတ်ရန် အရည်အချင်းပြည့်မီသည့်လူများကို လက်တစ်ဖက်တည်းနှင့် ရေတွက်နိုင်သည်။

သို့သော်လည်း အနှီအဘိုးကြီးက ကျင့်စဥ်မှာ အမှန်တကယ်တွင် အသွင်ပြောင်းလဲနည်းတစ်ရာရှိကြောင်း ပြောနေသည်။ ပိုင်ရှောင်ချန်းမှာ ရလဒ်ကြောင့် ပင့်သပ်ရှိုက်လုနီးပါးဖြစ်သွားသော်လည်း အမူအရာမပျက်စေဘဲ ဟန်ဆောင်ထားနိုင်လိုက်သည်။ သူက လျှပ်စီးဘိုးဘေးကြီးကို စိန်းစိန်းဝါးဝါးကြည့်၍ ပြောသည်။

" ခင်ဗျား ဘယ်သူ့ကို အရူးလုပ်နေတယ်ထင်လဲ မျောက်အိုကြီး။ ကျုပ်က လျှပ်စီးတိမ်တိုက်ဘိုးအေ အသွင်ပြောင်းလဲခြင်းကို အရင်က မမြင်ဖူးဘူး ထင်နေလား "

လျှပ်စီးဘိုးဘေးကြီးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်၏။ သို့သော် သူက လှည့်စားရန် ကြိုးစားခဲ့သည့်အပေါ် အနည်းငယ်မျှ ရှက်ရွံ့ဟန်မပြသပေ။ အမှန်တကယ်ဆိုရလျှင် သူသည် ကျင့်စဥ်၏နာမည်က ပိုင်ရှောင်ချန်းအား ဆွဲဆောင်သွားမည်ကို မျှော်လင့်ထားပြီးဖြစ်သည်။ သူက နဖူးကို ရိုက်လိုက်ပြီး ခြောက်ကပ်ကပ်ရယ်ကာ ပြော၏။

" အရွယ်ရလာပြီဆိုတော့လဲ မှတ်ဉာဏ်တွေက အရင်လိုမဟုတ်တော့ဘူး။ အခုမှပဲ မှတ်မိတယ်ကွာ။ အဲဒါက တကယ်တော့ လျှပ်စီးတိမ်တိုက်ဘိုးအေ အသွင်ပြောင်းလဲနည်း ဆယ့်တစ်နည်းပဲ။ ဒီတစ်ခါတော့ သေချာပေါက် မမှားဘူး။ အဲဒီကျင့်စဥ်မှာ ပြောင်းလဲနည်းဆယ့်တစ်နည်းရှိတယ် "

သူ ပြောနေသည်မှာ လုံးဝယုံကြည်၍ရကြောင်း သက်သေပြရန် အချက်အလက်များအား ဆက်လက်ရှင်းပြလိုက်သည်။

" ပထမကိုးခါ ပြောင်းလဲတာက ကျင့်ကြံသူကို လူသားအားလုံးရဲ့ ဘိုဘေးကြီးရဲ့ ဓမ္မရုပ်တု အသွင်ပြောင်းသွားစေတယ်။ ပြီးရင် အဲဒီလူက ဓမ္မရုပ်တုနဲ့ ပေါင်းစပ်ပြီး ဘိုးဘေးကြီး ဖြစ်လာတယ်။ ဆယ်ကြိမ်မြောက်အသွင်ပြောင်းလဲနည်းက လူတစ်ယောက်ရဲ့ ဘယ်ဖက်မျက်လုံးကို ရွှန်းလဲ့နေတဲ့ လတစ်စင်းအသွင်ပြောင်းသွားစေပြီးတော့ တုန်လှုပ်စရာအကောင်းဆုံး ဆယ့်တစ်ကြိမ်မြောက် အသွင်ပြောင်းလဲနည်းက ညာဖက်မျက်လုံးကို တဟုန်းဟုန်းတောက်နေတဲ့ နေတစ်စင်းအသွင်ပြောင်းသွားစေတယ် “

" ဆယ့်တစ်ကြိမ်အသွင်ပြောင်းလဲခြင်း ဆိုပေမယ့် နောက်ဆုံး ပြောင်းလဲခြင်းနှစ်ခုက တခြားပြောင်းလဲခြင်းတွေထက် ပိုပြီး စွမ်းအားကြီးသေးတယ်။ တကယ်ပြောရရင် အဲဒီနောက်ဆုံးအဆင့်ရဲ့တစ်ဆင့်စီမှာ ပြောင်းလဲခြင်းစွမ်းအားရဲ့ အဆင့်သုံးဆင့်ထပ်ရှိသေးတယ်။ အဲဒါကြောင့် မင်းသာ ကျင့်စဥ်တစ်ခုလုံးကို အောင်မြင်သွားရင် ပြောင်းလဲခြင်းဆယ့်ခုနစ်ခုရဲ့စွမ်းအားကို အသုံးပြုနိုင်တယ် "

ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ လုံးဝမှင်သက်ပြီး ရင်တဒိန်းဒိန်းခုန်နေတော့သည်။

" ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းက ငါ့ကျင့်စဥ်ကို မှီငြမ်းထားတာ "

လျှပ်စီးဘိုးဘေးကြီးက ဆက်ပြောသည်။

" ပြီးတော့ ငါ့ဆီက ခိုးယူဖို့ မိုက်ရိုင်းတဲ့နည်းလမ်းတွေ အသုံးပြုခဲ့တယ်။ ဒါပေမဲ့ သူတို့က နောက်ဆုံးပြောင်းလဲခြင်းနှစ်ခုကို ဘယ်တော့မှ မရခဲ့ပါဘူး။ အဲဒါကြောင့်ပဲ သူတို့က အဲဒီနည်းလမ်းနှစ်ခုကိုရဖို့မျှော်လင့်ချက်တွေနဲ့ ငါ့ကို ဒီမှာ အကျဥ်းချထားတာ "

ယခုတွင် ပိုင်ရှောင်ချန်းစိတ်ဝင်စားနေကြောင်း သူမြင်နိုင်သောကြောင့် အတန်ငယ် လေလုံးထွားလိုက်သည်။ သူ၏ကြွားလုံးက မှန်လား၊ မှားလား သူသာ ပြောနိုင်ပေသည်။

ပိုင်ရှောင်ချန်းသည် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းက ပြောင်းလဲခြင်းနှစ်ခုရဖို့ အတွက်လေးနှင့် ထိုအဘိုးကြီးကို အကျဥ်းချလိမ့်မည်ကို မယုံကြည်လှပေ။ ထိုအချက်အလက်များကို ထုတ်ယူနိုင်သည့် နည်းလမ်းများစွာရှိသည် မဟုတ်ပါလော။ ဥပမာဆိုလျှင် သူတို့သည် ပိုင်ရှောင်ချန်းကဲ့သို့ လူတစ်ယောက်ကို သူလျှိုအဖြစ် အကျဥ်းထောင်ထဲ ထည့်ပြီး လျှပ်စီးဘိုးဘေးကြီး လိုလိုချင်ချင် သတင်းပေးနိုင်အောင် အရူးလုပ်နိုင်ပေသည်။

သို့သော် သူက အထူးသဖြင့် လျှပ်စီးဘိုးဘေးကြီး ပြောခဲ့သည့် ဘယ်ဖက်မျက်လုံးကို တောက်ပသော လတစ်စင်းအဖြစ် အသွင်ပြောင်းနိုင်သည့် ဆယ်ကြိမ်မြောက်အသွင်ပြောင်းလဲခြင်းအကြောင်းကို စိတ်ဝင်စားသေးသည်။

" ငါ နေလခင်းကျင်း ကောင်းကင်စစ်တလင်းမန္တန်ကို ကျင့်ကြံပေမယ့် ဒါက မပြည့်စုံဘူး။ အဲဒီမှာ လမန္တန်ပဲ ပါဝင်တယ်။ ငါ မဟာစက်ဝန်းကို ဖောက်ထွက်နိုင်ရင် ငါ့ကျင့်ကြံခြင်းအခြေခံက အလယ်ပိုင်းနတ်အဆင့်ကိုရောက်နိုင်တယ်။ ဒါပေမဲ့ အဲဒါက မပြည့်စုံတော့ မဖြစ်နိုင်ဘူး “

"ဒါပေမဲ့ ဒီဆယ်ကြိမ်မြောက်ဘိုးဘေးပြောင်းလဲခြင်းက လတစ်စင်းနဲ့ ပတ်သက်နေတယ်။ ငါ အဲဒီကျင့်စဥ်နှစ်မျိုးကို ပေါင်းလို့များ ရမလား မသိဘူး "

သူ၏အတွေးစများက ထိုနေရာရောက်သော် နှလုံးခုန်နှုန်း မြန်လာတော့သည်။ ၎င်းက အလုပ်ဖြစ်၊ မဖြစ် မသေချာသော်လည်း သူ ကြိုးစားရမည်ဟု ဆုံးဖြတ်လိုက်သည်။

သို့သော် သူသည် ထိုသည်ကို ထုတ်ပြ၍မဖြစ်ကြောင်းလည်း နားလည်သည်။ ဤမျောက်အိုကြီးက အတန်ငယ် ရူးကြောင်ကြောင်ဖြစ်သည်အထိ အချိန်ကြာမြင့်စွာ အချုပ်ချခံထားသည့်တိုင် နတ်ဘုရားတစ်ပိုင်းအဆင့်ပညာရှင်ဖြစ်နေသေးသည် မဟုတ်ပါလော။

သူ၏လက်မှ ကျင့်စဥ်ရယူခြင်းသည် တန်ဖိုးကြီးမားမည်ဖြစ်ပြီး သူသာ သတိမထားလျှင် ချို့ယွင်းချက်များပါသော ကျင့်စဥ်ဖြင့်သာ အဆုံးသတ်သွားမည်။ ထိုသို့ဖြစ်ပျက်လျှင် သူ၏ကျင့်ကြံခြင်းအခြေခံအတွက် ပြဿနာများဖြစ်စေလိမ့်မည်။ ထို့အပြင် သူက မည်သည့်အတွက် လျှပ်စီးများအား ဝါးမျိုနိုင်သည်ကို မတွေးတတ်သောကြောင့် အဘိုးကြီးအား ထိုအချက်အလက်ကို အခကြေးငွေအဖြစ် လက်ဆင့်ကမ်းရန် မဖြစ်နိုင်ပေ။

" ကျင့်စဥ်လိုတာမဟုတ်ပဲ စိတ်စွမ်းအင်တွေပဲ လိုတာလို့ သူယုံကြည်လာအောင် လုပ်ဖို့လိုတယ် "

လျှပ်စီးဝါးမျိုနည်းကို ပေး၍မဖြစ်နိုင်မှတော့ သူ စုပ်ယူခဲ့သည့် ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်ကို လျှပ်စီးဘိုးဘေးကြီးထံ လွှဲပြောင်းပေးရန် နည်းတစ်နည်း စဥ်းစားရန် လိုအပ်မည်ဖြစ်သည်။

ထိုအတွက် သော့ချက်သည် လျှပ်စီး၏တည်ဆောက်ပုံကို ပြောင်းလဲရန် ဖြစ်ပေသည်။ သူက လျှပ်စီးဘိုးဘေးကြီးကို လျစ်လျူရှု၍ လျှပ်စီးအချို့ ဆက်လက်ဝါးမျိုလိုက်ပြီး ထိုသို့လုပ်ရန် နည်းလမ်းကို စဥ်းစားနေတော့သည်။

လျှပ်စီးဘိုးဘေးကြီးမှာ အချိန်တော်ကြာစောင့်လိုက်သော်လည်း ပိုင်ရှောင်ချန်းက စိတ်မဝင်စားကြောင်း သိလာသောအခါ ပို၍စိုးရိမ်သောကရောက်လာသည်။

နောက်ထပ်ခုနစ်ရက် ကုန်ဆုံးသွား၏။ ပိုင်ရှောင်ချန်းသည် ဆက်လက်ကျင့်ကြံနေပြီး စွမ်းအားကြီးလာတော့သည်။ မိုးကြိုးအကျဥ်းထောင်ရှိ အဆုံးမရှိသောလျှပ်စီးတန်းပမာဏမှာ ကျင့်ကြံခြင်းအတွက် ပြီးပြည့်စုံသောလောင်စာဖြစ်ပြီး ကုန်ဆုံးသွားခဲ့သည့် တစ်ပတ်ကျော်ကာလအတွင်း သူသည် လျှပ်စီးတန်းတစ်ထောင်ကျော်ကို ကောင်းကောင်းဝါးမျိုခဲ့လေသည်။

သူ တွက်ချက်ကြည့်မိသည်အရ နှစ်ခြောက်ဆယ်စက်ဝန်းတစ်ခုလုံး ကျင့်ကြံခြင်းနှင့်တန်သည်အထိ ပြီးမြောက်ခဲ့ပြီဖြစ်သည်။ ၄င်းမှာ အံ့သြတုန်လှုပ်ဖွယ်ကောင်းလွန်း၍ အမှန်ဖြစ်ကြောင်း မယုံနိုင်လောက်အောင် ဖြစ်နေတော့သည်။

" ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းက ငါ့အတွက် ကံကောင်းခြင်းအထွတ်အထိပ်နယ်မြေကြီးပဲ "

ထိုအချိန်တွင် သူ၏နေလခင်းကျင်း ကောင်းကင်စစ်တလင်းမန္တန်သည် ဒုတိယအဆင့်၏ မဟာစက်ဝန်းကို ရောက်ရှိနေပြီဖြစ်သည်။

" ဒီနှုန်းနဲ့သာဆိုရင် လဝက်တည်းနဲ့ ငါ တတိယအဆင့်ရောက်ပြီး အစောပိုင်းနတ်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်တော့မယ် "

သူသည် အလွန်စိတ်လှုပ်ရှားနေသည်ဖြစ်၍ ဂိုဏ်း၏ နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးပင် သူ့ကို လာလွှတ်ပေးပါက အကျဥ်းချခံရအောင် သေချာပေါက်နည်းလမ်းတစ်ခု ထပ်ရှာဦးမည်ဖြစ်သည်။

" တကယ်ဆို ငါ တတိယအဆင့်ကို ဖောက်ထွက်နိုင်ရင် ငါ့ကျင့်ကြံခြင်းအခြေခံက အလယ်ပိုင်းနတ်အဆင့်ကို ရောက်သင့်ပြီ "

" ငါ အလယ်ပိုင်းနတ်အဆင့်ရောက်ရင် လျှပ်စီးတိမ်တိုက်သခင်ကို ထည့်တွက်စရာမလိုတော့ဘူး။ ပြီးရင် နလပိန်းတုံးဖုန်းချန် ငါ့ကို မထိနိုင်တော့ဘူး။ မြောက်ပိုင်းသား နတ်အဆင့်ကျင့်ကြံသူတွေ အကုန်ပေါင်းရင်တောင်မှာ ကြောက်စရာမလိုတော့ဘူး "

သူက ခမ်းနားကြီးကျယ်သော မြင်ကွင်းကြီးကို စိတ်ကူးယဥ်ကာ မျက်လုံးများတောက်ပလာပြီးနောက် ထိုလျှပ်စီးတန်းများအာ သူ မည်မျှချစ်မြတ်နိုးနေပြီဖြစ်ကြောင်း တွေးလိုက်သည်။

သူ တိုးတက်ခဲ့သည့် နောက်တစ်ခုမှာ လျှပ်စီးတန်း၏ အဖျက်စွမ်းအားများကို ဖျက်စီးပြီး စိတ်စွမ်းအင်သာ ချန်ရစ်နိုင်သည့် စွမ်းရည်ဖြစ်သည်။ သို့သော် သူက လျှပ်စီးတန်းဆယ်တန်းတွင် တစ်တန်းသာ အောင်မြင်ခဲ့ပြီး ထိုသည်ပင် ခက်ခက်ခဲခဲ ကြိုးစားလိုက်ရခြင်းဖြစ်သည်။

ထိုအချိန်တွင် လျှပ်စီးဘိုးဘေးကြီးကား လျှပ်စီးတန်းများ ဝါးမျိုနေသော ပိုင်ရှောင်ချန်း၏ အရှိန်အဝါက အားကောင်းသထက်ကောင်းလာသည်ကို စောင်ကြည့်ရင်း ထိုင်နေသည်။ နောက်ဆုံးတွင် သူက ဆက်မအောင့်ထားနိုင်တော့ပေ။

" ဟေးးး မိတ်ဆွေလေး " သူက ပြော၏။

" လာစမ်းပါ။ ငါတို့ ကျင့်စဥ်တွေ ဘာလို့မလဲသေးတာတုန်း။ မင်းက ငါ့ကို လျှပ်စီးတွေဘယ်လိုစားရမလဲသာ သင်ပေးလိုက်။ ငါက မင်းကို လျှပ်စီးတိမ်တိုက်အသွင်ပြောင်းလဲနည်း ဆယ့်တစ်နည်းကို သင်ပေးမယ်လေကွာ "

" စိတ်မဝင်စားပါဘူးဗျာ "

ပိုင်ရှောင်ချန်းက လျှပ်စီးတန်းများကို ဆက်လက်ဝါးမျိုနေပြီး လှည့်ပင်မလှည့်ဘဲ ပြန်ဖြေလိုက်သည်။

" အဲဒါက သက်ဆိုင်သူပဲ ကြည့်ခွင့်ရှိတဲ့ လျှို့ဝှက်မှော်ပညာတစ်ရပ်ကွ "

သူက စိုးရိမ်တကြီးပြောသည်။

" ကောင်းကင်တံတားနယ်မြေအားလုံးမှာ အဲဒါကို ယှဥ်လို့ရတဲ့ ကျင့်စဥ်နည်းနည်းလေးပဲ ရှိတာ "

" ကျုပ် စိတ်မဝင်စားဘူးလို့ ပြောတယ်လေ။ ခင်ဗျား နည်းနည်းလောက် တိတ်တိတ်လေး မနေနိုင်ဘူးလား။ ကျုပ်ရဲ့ လျှပ်စီးဝါးမျိုနည်းကျင့်စဥ်ကို ရဖို့ စိတ်တောင်မကူးနဲ့ "

သူက စိတ်ပျက်လက်ပျက် မျက်မှောင်ကြုတ်၍ လျှပ်စီးများအား ဆက်လက်စုပ်ယူလိုက်သည်။

လျှပ်စီးဘိုးဘေးကြီးမှာ အလွန်စိတ်တိုသွားသဖြင့် ကျိန်ဆဲမိလုနီးပါး ဖြစ်သွားတော့သည်။ အမှန်တွင် သူက ပိုင်ရှောင်ချန်းကို အပိုင်းနှစ်ပိုင်းကွဲသွား​ေစမည့်

သူ၏အသွင်ပြောင်းလဲခြင်းကျင့်စဥ်အား ကျင့်မိစေရန် ကြိုးစားမည်ဟု ဆုံးဖြတ်ထားခဲ့သည်။ သို့သော် အပြင်ပန်းတွင် သူက ပြုံး၍သာနေခဲ့၏။ ယခုအခါတွင် သူသည် ပိုင်ရှောင်ချန်းက သူ၏ကျင့်စဥ်ကို စိတ်မဝင်စား၍မဟုတ်ကြောင်း သုံးသပ်လိုက်သည်။ အမှန်က ပိုင်ရှောင်ချန်းသည် လျှပ်စီးဝါးမျိုခြင်းကျင့်စဥ်ကို အလွန်တန်ဖိုးထားလွန်း၍ မည်သည့်အတွက်မှ လဲလှယ်လိုစိတ်မရှိခြင်းသာ ဖြစ်မည်။

သို့ဖြစ်၍ သူ့အနေဖြင့် စျေးညှိရုံမှတစ်ပါး အခြားမရှိတော့ပေ။ သူက အံကိုတင်းတင်းကြိတ်ပြီး ပြော၏။

" မင်း ငါ့ကို ကျင့်စဥ်မပေးနိုင်ရင်လဲ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်နည်းနည်းလောက် ငါ့ကို ပေးနိုင်မလား။ ငါ့ကျင့်စဥ်နဲ့ အဲဒါကို လဲမယ်လေ"

ပိုင်ရှောင်ချန်းမှာ ချက်ချင်း ရင်ခုန်သွားတော့သည်။ သို့သော် သူက စိတ်မဝင်စားချင်ယောင်ဆောင်ထား၏။ သို့သော် လျှပ်စီးဘိုးဘေးကြီးက သူ့ကို မေးခွန်းများတရစပ်မေးနေသည့်အတွက် နောက်ဆုံးတွင် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ လျှပ်စီးတန်းတစ်တန်းသည် သူ့ကိုယ်ကိုဖြတ်စီးသွားပြီး ၄င်း၏အဖျက်သဘာဝကို ပယ်ဖျက်ကာ သူ့လက်ဖဝါးပေါ်သို့ ပြန်ရောက်လာသည်။

" ကျုပ် ခင်ဗျားရဲ့ ကျင့်စဥ်ကို စိတ်တော့ဝင်စားပါတယ်။ ဒါပေမဲ့ အဲဒါကို အခုကျင့်ဖို့ ကျုပ်မှာ အချိန်မရှိဘူး။ ခင်ဗျားက ဝါးမျိုလို့ရတဲ့ လျှပ်စီးနည်းနည်းလိုချင်တာမလား။ ရော့ ဒီမှာ ယူလိုက်။ ပြီးရင် ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်နေ။ ကျုပ်ကို မနှောင့်ယှက်နဲ့ "

ဂျိန်းခနဲ ထစ်ခြုန်းမြည်ဟည်းသွားပြီး ယခု သူ သန့်စင်လိုက်သည့် လျှပ်စီးတန်းသည် အကာအကွယ်မန္တန်ကို ဖြတ်၍ လျှပ်စီးဘိုးဘေးကြီးထံ ပြေးဝင်သွား၏။ လျှပ်စီးဘိုးဘေးကြီးမှာ ကြက်သေသေသွားလေသည်။ သူ အပြင်းအထန်ရအောင်ကြိုးစားခဲ့ရသည့် စိတ်စွမ်းအင်က သူ့ဆီသို့ အလွန်ပေါ့ပေါ့ပါးပါး ရောက်လာလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။ အမှန်တကယ်ဆိုရလျှင် ၄င်းကို ရရန် သူ၏ကျင့်စဥ်ကိုပင် ပေးရန်မလိုခဲ့ဘဲ ပိုင်ရှောင်ချန်းကို တစ်ယောက်တည်းထားရန်သာ လိုအပ်ခဲ့သည်။

ယခုအချိန်တွင် ထိုကိစ္စအား ရှည်ရှည်ဝေးဝေးစဥ်းစားနေရန် အချိန်မရှိပေ။ ဤလျှပ်စီးတန်းနှင့်ပတ်သက်၍ တစ်ခုခု ထူးခြားနေသည်ကို သူပြောနိုင်သောကြောင့် ကမန်းကတမ်းရှူသွင်းလိုက်သည်။ ချက်ချင်းပင် သူ၏ခြောက်ကပ်နေသော ကိုယ်တွင်းမှာ ရုတ်တရက် အသက်ဝင်လန်းဆန်းလာသဖြင့် အက်ကွဲသံများ ပေါ်ထွက်လာတော့သည်။ လျှပ်စီးတန်းတွင် စိတ်စွမ်းအင်များများစားစားမပါသော်လည်း သူ စုပ်ယူခဲ့သည့်အချိန်ကို ရေတွက်လျှင် နှစ်ပေါင်း တစ်သောင်းပင် ရှိနေပြီဖြစ်သည်။ သူ့အတွက် ၄င်းမှာ လှပသောအရာတစ်ခုဖြစ်၍ ချက်ချင်းတုန်ရီလာတော့သည်။

" ဟေး မိတ်ဆွေကြီး "

" ဟာဗျာ ခင်ဗျား ကျုပ်ကို နှောင့်ယှက်တာ မရပ်နိုင်ဘူးလား "

ပိုင်ရှောင်ချန်းက အလွန်ဒေါသထွက်နေသည့်အသွင်ဖြင့် နောက်လျှပ်စီးတန်းတစ်တန်း ပစ်လွှတ်လိုက်သည်။

ပိုင်ရှောင်ချန်းအား ဒေါသအလွန်ထွက်စေမည်ကို စိုးရိမ်၍ လျှပ်စီးဘိုးဘေးကြီးက လျှပ်စီးတန်းကို ကပျာကယာစုပ်ယူလိုက်ပြီး ပါးစပ်ပိတ်လိုက်တော့သည်။ ရက်အနည်းငယ်ထပ်မံကုန်ဆုံးသွားပြန်သော်လည်း ပိုင်ရှောင်ချန်းက သူ့ဘက် တစ်ချက်ကလေးပင် လှည့်မကြည့်ရာ သူ၏စိုးရိမ်သောကများ ကြီးထွားလာတော့သည်။

သူသာ အစကတည်းက စိတ်စွမ်းအင်တစ်ခုမှ အပေးမခံခဲ့ရလျှင် ဆက်လက်မနာလိုနေနိုင်သော်လည်း သူ့ကိုယ်သူ ထိန်းချုပ်နိုင်မည်ဖြစ်သည်။ သို့သော် ယခု သူက ထိုစွမ်းအင်၏ ချိုမြိန်သောအရသာကို ခံစားလိုက်ရပြီဖြစ်၍ သူ၏ဆာလောင်မှုမှာ ပို၍ပြင်းထန်လာတော့သည်။

"ဟို..... "

သူက သိချင်စိတ်ပြင်းစွာ စကားစလိုက်၏။ ပိုင်ရှောင်ချန်းက သူ့ကို မျက်စောင်းထိုးကြည့်ပြီး နောက်ထပ်လျှပ်စီးတန်းတစ်တန်း ပစ်ပေးလိုက်သည်။ ထိုအတိုင်း နောက်ထပ်ရက်ပေါင်းများစွာ ဆက်သွားနေတော့သည်။

နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက သူ့ကို လျှပ်စီးတန်းရှစ်တန်းပေးခဲ့ပြီးသည်အထိ ရောက်ရှိသွားလေပြီ။ လျှပ်စီးဘိုးဘေးကြီး၏ အာသီသများ ပြင်းထန်လာပြီး ပိုင်ရှောင်ချန်းသည် နတ်ဘုရားသိုင်းကို အမှန်တကယ် ဂရုမစိုက်ကြောင်း ပိုမိုယုံကြည်လာတော့သည်။

သူသာ ဂရုစိုက်လျှင် မည်သည့်အတွက်ကြောင့် ၄င်းနှင့်ပတ်သက်သော စကားတစ်ခွန်းမှ မပြောရသနည်း။ သူတောင်းဆိုသမျှမှာ တိတ်တိတ်နေရန်သာဖြစ်လေသည်။

ပိုင်ရှောင်ချန်းက လျှပ်စီးတန်းများပစ်ပေးနေသည်ကို ြကည့်ရသည်မှာ သူက ချမ်းသာသောသူဌေးကြီးဖြစ်ပြီး လျှပ်စီးဘိုးဘေးကြီးမှာ သူတောင်းစားအလား။

ကုန်လွန်သွားခဲ့သည့်ကာလအတောအတွင်း ပိုင်ရှောင်ချန်းသည် နေလခင်းကျင်း ကောင်းကင်စစ်တလင်းမန္တန်၏ တတိယအဆင့်သို့ ရောက်ရှိသွား၏။ သူ၏အရှိန်အဝါမှာ ယခင်ကထက်ပို၍ စွမ်းအားကြီးလာပြီး နောက်ဆုံးတွင် သူသည် လျှပ်စီးဘိုးဘေးကြီး၏ လျှပ်စီးဘိုးအေအသွင်ပြောင်းလဲနည်း ဆယ့်တစ်နည်းကို စဥ်းစားလာတော့သည်။

နောက်ထပ်လျှပ်စီးတန်းတစ်တန်း ပစ်လွှတ်ပြီးသည့် တစ်ရက်တွင် သူက ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

" ဟေး မိတ်ဆွေကြီး။ ဒီ လျှပ်စီးတိမ်တိုက်ဘိုးအေအသွင်အသွင်ပြောင်းလဲခြင်းလား၊ ဘာပါလိမ့်။ ခင်ဗျား ကရားရေလွှတ်ပြောနေတဲ့ ဟာဗျာ၊ အဲဒီအကြောင်း ကျုပ်ကို ထပ်ပြောပြစမ်းပါ "

All Chapters