← Chapters

ဒီနေ့ခေတ်ကလေးတွေများ ဘာလို့ သတိလက်လွတ် ကျင့်ကြံနေကြတာပါလိမ့်

Vol. 10 Ch. 966

ဒီနေ့ခေတ်ကလေးတွေများ ဘာလို့ သတိလက်လွတ် ကျင့်ကြံနေကြတာပါလိမ့်

Vol. 10 Ch. 966

လျှပ်စီးဘိုးတော်ကြီးသည် ပိုင်ရှောင်ချန်းက သူ့ကို ကြည့်နေပုံနှင့် ပတ်သက်၍ သိပ်ဘဝင်မကျဘဲ ချီတုံချတုံဖြစ်နေတော့သည်။

" နားထောင် မျောက်အိုကြီး။ အခု အချိန်တွေပြောင်းလဲသွားပြီ။ ခင်ဗျားရဲ့ အဲဒီကျင့်စဥ်က တကယ်တမ်း အဲဒီလောက် စိတ်ဝင်စားစရာမကောင်းဘူး။ စဥ်းစားကြည့်၊ ကျုပ် ခင်ဗျားကို ပေးခဲ့တဲ့ စိတ်စွမ်းအင်တွေက ကျုပ်အတွက် သမုဒ္ဒရာကြီးထဲက ရေတစ်ပေါက်လိုပဲ။ ခင်ဗျား ကပ်စေးနှဲချင်ရင် လုပ်လိုက်၊ ရတယ်။ ကျုပ် စိတ်စွမ်းအင်တွေကို မျှော်ကြည့်နေပေါ့။ ကျုပ် ပိုရရင်တောင်မှ ခင်ဗျားကို တစ်စက်မှ မပေးဘူး "

လျှပ်စီးဘိုးတော်ကြီးမှာ ချက်ချင်း စိတ်လှုပ်ရှားလာတော့သည်။ သူက ခပ်ယဲ့ယဲ့ပြုံး၍ သက်ပြင်းချကာ တွေးလိုက်သည်။

" လူလိမ်လေး။ မင်း ဒါကို တမင်လုပ်လုပ်၊ မလုပ်လုပ် အရေးမကြီးတော့ဘူး။ ကောင်းပြီ။ မင်းနိုင်တယ် "

သူသည် နှစ်ပေါင်းစွာ အကျဥ်းချခံထားရသည့်တစ်လျှောက်လုံး အတန်ငယ် ရူးကြောင်ကြောင်ဖြစ်လာခဲ့သော်လည်း ယခု ပိုင်ရှောင်ချန်း လုပ်နေသည့်အရာကို သူ မမြင်နိုင်လျှင် နှစ်အကြာကြီးအသက်ရှင်နေခဲ့သည်မှာ မထိုက်တန်တော့ပေ။

ဤကိစ္စကို မည်မျှတွေးစေကာမူ သူ့အတွက် အခြားရွေးချယ်စရာ ရှိဟန်မတူပေ။ ထို့အပြင် သူ ရူးမတတ် လိုချင်နေသည့် စိတ်စွမ်းအင်များမှာ ပိုင်ရှောင်ချန်း၏ ထိန်းချုပ်မှုအောက်တွင် ဖြစ်သည်။ ထို့ပြင် ထိုသည်က ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်း၏ လက်ချက်လည်း မဟုတ်နိုင်လောက်ပေ။

အရေးအကြီးဆုံးက လျှပ်စီးတိမ်တိုက်ဘိုးအေ အသွင်ပြောင်းလဲနည်း ဆယ့်တစ်နည်းသည် စွမ်းအားကြီးသော်လည်း ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်း၏ နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးက ၄င်းကိုရရန် ယခုလိုရှုပ်ရှုပ်ထွေးထွေး ဇာတ်လမ်းဆင်မည်မဟုတ်ပေ။

ထိုအကြောင်းတွေးလိုက်သည်နှင့်အမျှ ပိုင်ရှောင်ချန်းက ယခုကဲ့သို့ပြုလုပ်ခြင်းအတွက် သူ ချီးကျူးနေမိတော့သည်။ သူက လျှပ်စီးဘိုးတော်ကြီး၏ ကံကြမ္မာကို လက်ဖဝါးထဲထည့်နိုင်ခဲ့သည်သာမက သူ၏ခံစားချက်များကိုလည်း ပြီးပြည့်စုံစွာ ကြိုးကိုင်ခြယ်လှယ်နိုင်လိုက်သည် မဟုတ်ပါလော။ ပထမဆုံး သူသည် လျှပ်စီးများအား အလုပ်လုပ်ခဲ့ပြီးနောက် သူ့ကို စိတ်စွမ်းအင်များ၏ ဆွဲဆောင်မှုဖြင့် မျှားခေါ်ခဲ့သည်။

အစမှ အဆုံးအထိ သူက အရာအားလုံးကို ကျွမ်းကျင်စွာ ထိန်းချုပ်ခဲ့ပေသည်။

ထိုအရာအားလုံးကို သဘောပေါက်ပြီးနောက် လျှပ်စီးဘိုးတော်ကြီးက သက်ပြင်းချကာ ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်သည်။

" အာ ဘာပဲဖြစ်ဖြစ် " သူက ပြော၏။

“ ကောင်းပြီ ကလေးရေ။ လျှပ်စီးကနေ အဲဒီလောက်စွမ်းအင်အများကြီးလဲ ငါ မလိုပါဘူး။ လျှပ်စီးတစ်ရာဆို ရတယ်။ ငါ့ခန္ဓာကိုယ်ထဲမှာ ဝိညာဥ်သစ်စေ့တစ်စေ့ ဖန်တီးဖို့ လုံလောက်တယ် “

" ငါ့ နတ်ဘုရားသိုင်းကတော့...။ ကဲ နားထောင် "

သူက စူးရှတောက်ပသော မျက်လုံးများဖြင့် လျှပ်စီးတိမ်တိုက်ဘိုးအေ အသွင်ပြောင်းလဲနည်း ဆယ့်တစ်နည်းအတွက် ဆောင်ပုဒ်အပြည့်အစုံကို ရှင်းပြလိုက်သည်။

သူက ကျင့်စဥ်၏ မည်သည့်ကဏ္ဍကိုမှ သိုဝှက်မထားပေ။ အပြည့်အစုံရှင်းပြလေသည်။ သူသည် အကုန်လုံးအား အသေးစိတ်အဆုံးအထိ ရှင်းပြကာ စစ်မှန်သော နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောင်သဖွယ် ပြုမူနေ၏။ သူသည် ပိုင်ရှောင်ချန်းက သူလိုအပ်သည့် လျှပ်စီးတစ်ရာမပေးမည်ကို စိုးရိမ်နေရသည် မဟုတ်ပါလော။

၄င်းမှာ တရားနည်းလမ်းကျသော စိုးရိမ်မှုပင်။ လျှပ်စီးဘိုးတော်ကြီးသည် ပိုင်ရှောင်ချန်းကဲ့သို သူဌေးတစ်ယောက်မျိုးဖြင့် ရင်ဆိုင်ရာတွင် ရက်ရောရန်လိုအပ်ကြောင်း သိသည်။

ပိုင်ရှောင်ချန်းမှာ သူ အရှက်မရှိပြုမူခဲ့သည်ကြောင့် အတန်ငယ် ရှက်သွား၏။ သူက ချောင်းဟန့်၍ လျှပ်စီးတိမ်တိုက်ဘိုးအေ အသွင်ပြောင်းလဲနည်း ဆယ့်တစ်နည်းဆောင်ပုဒ်အား သူ့ခေါင်းထဲသို့ အလျင်အမြန်ရိုက်သွင်းလိုက်သည်။

" အခုတောင်မှ အဲဒါနဲ့ ငါ့ နေလခင်းကျင်း ကောင်းကင်စစ်တလင်းမန္တန်နဲ့ ပေါင်းစပ်နိုင်တယ်ဆိုတာ ငါပြောနိုင်တယ် "

သူက ဝမ်းမြောက်သွားလျက် လျှပ်စီးတန်းဒါဇင်ပေါင်းများစွာအား လျှပ်စီးဘိုးတော်ကြီးထံ ပစ်ပေးလိုက်တော့သည်။ သူက ငါးဆယ်ရောက်မှသာလျှင် ရပ်လိုက်၏။

သူက ဘာကိုမှ မဖုံးကွယ်ထားေတာ့ဘဲ သူ့သဘောထားကို ယဥ်ယဥ်ကျေးကျေး ရှင်းပြလိုက်သည်။

" ခင်ဗျား နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ် ဆရာကြီး ။ ကျုပ် သတိထားဖို့လိုပါတယ်။ ကျုပ်ထွက်သွားရင် ခင်ဗျားကို ကျန်တာတွေ ပေးပါ့မယ်"

လျှပ်စီးဘိုးတော်ကြီးက အပြည့်အဝနားလည်သည်။ သူက နှာမှုတ်၍ မျက်လုံးများကို ပိတ်ပြီး လျှပ်စီးတန်းများမှ စိတ်စွမ်းအင်များကို စုပ်ယူကာ သူ၏ ဝိညာဥ်သစ်စေ့ပေါ်တွင် အလုပ်လုပ်တော့သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်၏။ သူက ကျင့်ကြံအားထုတ်ခြင်းလည်း ဆောင်ရွက်ရသလို လျှပ်စီးဘိုးတော်ကြီးထံမှ နတ်ဘုရားသိုင်းရရန် နည်းလမ်းအား စဥ်းစားရနှင့် အလွန်ပင်ပန်းခဲ့ရလေသည်။

ယခု သူအောင်မြင်သွားပြီဖြစ်၍ လျှပ်စီးများဝါးမျိုခြင်းနှင့် သူ၏ကျင့်ကြံခြင်းရှေ့ဆက်စေရန် အပြည့်အဝအာရုံစိုက်နိုင်လေပြီ။

ယခုအချိန်တွင် သူက နှစ်လနီးပါး အကျဥ်းချခံထားရပြီဖြစ်ပြီး ထိုအတောအတွင်း သူ၏ နေလခင်းကျင်း ကောင်းကင်စစ်တလင်းမန္တန်ကို ပထမအဆင့်မှ တတိယအဆင့်ထိ တောက်လျှောက်လေ့ကျင့်နိုင်ခဲ့သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံသည်လည်း တိုးတက်လာခဲ့ပြီး သူ၏အရှိန်အဝါမှာ ပို၍သန်မာအားကောင်းလာကာ အလယ်ပိုင်းနတ်အဆင့်နှင့် အလွန်နီးကပ်နေပြီဖြစ်သည်။

" အခု ငါ့မှာ အဓိကပန်းတိုင်နှစ်ခုရှိတယ်။ ပထမက နေလခင်းကျင်း ကောင်းကင်စစ်တလင်းမန္တန်ရဲ့ တတိယအဆင့်ကို ဖောက်ထွက်ပြီး အလယ်ပိုင်းနတ်အဆင့်ကို ရောက်ဖို့ပဲ “

" အဲဒီနောက် ငါက လျှပ်စီးတိမ်တိုက်ဘိုးအေ အသွင်ပြောင်းလဲနည်း ဆယ့်တစ်နည်းကို ကျင့်ပြီး နေလခင်းကျင်းကောင်းကင်စစ်တလင်းမန္တန်နဲ့ ပေါင်းစည်းဖို့လိုတယ် "

သူက ခန္ဓာကိုယ်တွင်းရှိ ဆန်းသစ်စလခြမ်းကို တခဏတာ လေ့လာပြီးနောက် သူ၏နတ်ဘုရားအာရုံများကို စေလွှတ်ပြီး နောက်ထပ်လျှပ်စီးမုန်တိုင်းကို စောင့်လိုက်သည်။

မကြာခင် လျှပ်စီးတန်းများက သူ့ဆီသို့ပြေးဝင်လာချိန် သူက ပါးစပ်ကို ဟပြီး တရှိုက်မက်မက် ရှူသွင်းလိုက်၏။

သူက အားကုန်ရှူသွင်းလိုက်သည်ဖြစ်ရာ လျှပ်စီးတန်းများ ရှူံ့တွသွားပြီး သူ့ပါးစပ်ပေါက်ထဲ ဦးတည်စေလိုက်သည်။

ဂျိမ်း

အသက်တစ်ချက်ရှိုက်တည်းနှင့် သူက လျှပ်စီးတန်းရာချီ ရှူသွင်းလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် နားကွဲလုမတတ် ထစ်ခြုန်းမြည်ဟည်းသံများ ပြည့်နှက်သွားပြီး ကောင်းကင်နှင့်မြေကြီး၏ ပြင်းထန်သော စွမ်းအင်များ သူ့ကို ဖြတ်၍ စီးဆင်းလာသည်။ ဆန်းသစ်စ လခြမ်းလေးက တလက်လက်တောက်ပသွားပြီး သူက နေလခင်းကျင်း ကောင်းကင်စစ်တလင်းမန္တန်မှာ အဆင့်တက်နိုင်လုနီးပါး ဖြစ်လာသည်။

" နည်းနည်းလေးပဲ ထပ်လိုတော့တယ် "

သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်ပြီးနောက် လေထဲ ဝှေ့ယမ်းလိုက်သည်။ လျှပ်စီးတန်းရာချီ သူ့ဆီထပ်မံပြေးဝင်လာပြန်၏။ မကြာမီ တစ်နာရီ ကုန်လွန်သွားလေပြီ။

ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ လျှပ်စီးများ စတင်ပါးလာတော့သည်။ ပိုင်ရှောင်ချန်းသည် ဤတစ်ကြိမ်တွင် လျှပ်စီးတန်းအတော်များများ ဝါးမျိုခဲ့သော်လည်း စုဝေးခဲ့သည့် အကန့်အသတ်မရှိသော ပမာဏများနှင့် နှိုင်းယှဥ်သောအခါ အရေအတွက်မှာ မပြောပလောက်ပေ။

သူက လျှပ်စီးတန်းများ ပျောက်ကွယ်သွားခြင်းကို မပျော်သော်လည်း လေးနာရီကြာလျှင် ပြန်ပေါ်လာဦးမည်ကို သူသိသည်။ ထိုသည်က လွန်ခဲ့သည့် နှစ်လလုံးလုံး သံသရာလည်နေခဲ့သောအရာပင်။ ရုတ်တရက် သူက သူ၏နည်းလမ်းကို ပြောင်းလိုက်လျှင် ကျင့်ကြံခြင်းတိုးတက်နှုန်းမြန်စေနိုင်မည်လား သိချင်သွားတော့သည်။

သူ၏အတွေးစများက ထိုနေရာသို့ရောက်သော် သူက ထရပ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် အခြားမန္တန်လက်ကွက်ကို ဖော်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် ဧရာမရေဝဲကြီးတစ်ခုအား ဖန်တီး၍ အမြင့်ဆုံးအရှိန်ဖြင့် စတင်လည်ပတ်လာတော့သည်။

ရေဝဲကြီးလည်ပြီး ထစ်ခြုန်းမြည်ဟည်းလာစဥ် အားကောင်းသော ဆွဲငင်အားတစ်ခု ပျံ့နှံ့လာ၏။ သူက ကောင်းကင်တံတားဓမ္မမျက်လုံးကိုလည်း ဖွင့်လိုက်ပြီး သူနှစ်ပေါင်းများစွာ လေ့လာခဲ့သည့် ဆွဲငင်ခြင်းနှင့် တန်ပြန်သက်ရောက်ခြင်းစွမ်းအားများကို ပစ်လွှတ်လိုက်လေသည်။

များမကြာမီ ပျောက်ကွယ်နေသော လျှပ်စီးတန်းတစ်ဝက်ကျော်က သူ့ထံ အမှန်တကယ် ရွေ့လျားလာသည်။

တဂျိန်းဂျိန်းထစ်ခြုန်းသံများက လျှပ်စီးဘိုးတော်ကြီး၏ အာရုံကို ဆွဲဆောင်လိုက်ပြီး သူက မျက်လုံးများဖွင့်၍ ဘေးဘီဝဲယာကို ကြည့်ကာ ပင့်သက်ရှိုက်သွားတော့သည်။

" မင်း ဘာလုပ်ဖို့ ကြိုးစားနေတာတုန်း "

ပိုင်ရှောင်ချန်းမှာ လျှပ်စီးဘိုးတော်ကြီးအတွက် အာရုံမရှိပေ။ သူက ပါးစပ်ကို ဖွင့်သည့်အချိန်တိုင်း လျှပ်စီးတန်းရာချီကို ဆွဲငင်၍ သူ၏ကျင့်ကြံခြင်းအခြေခံကို အမြင့်ဆုံးအရှိန်ဖြင့် လှည့်ပတ်နေလေသည်။

ရလဒ်အနေဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံ ဆက်လက်မြင့်တက်လာ၏။ သူက စုစုပေါင်းပမာဏ၏ ဆယ်ရာခိုင်နှုန်းမျှ စုပ်ယူနေသည့်အချိန်အတောအတွင်း လေးနာရီကုန်ဆုံးသွားလေသည်။ ထိုအချိန်တွင် လျှပ်စီးမုန်တိုင်းအသစ် စတင်ဖြစ်တည်လာသည်။

မုန်တိုင်းအသစ်မှ သူတတ်နိုင်သမျှ များများ စုပ်ယူပြီးနောက် လျှပ်စီးများ တဖြေးဖြေးပျောက်ကွယ်လာသဖြင့် သူက ၄င်းတို့ ကျန်ရစ်ခဲ့အောင် ဖိအားပေးရန် တူညီသော နည်းလမ်းကို သုံးလိုက်သည်။

ထိုအကြောင်းကြောင့် သူ့ပတ်လည်တွင် ထောင့်ဖြတ် ၅ ကီလိုမီတာတိတိရှိပြီး ကြည့်ရန်ပင် ကြောက်စရာကောင်းသော လျှပ်စီးပင်လယ်ကြီးတစ်စင်း ဖြစ်တည်လာတော့သည်။

လျှပ်စီးဘိုးတော်ကြီးမှာမူ လျှို့ဝှက်မှော်ပညာတစ်ရပ်ကိုသုံး၍ သူ၏အကျဥ်းခန်းကို ပိုင်ရှောင်ချန်းဆီမှ ဝေးဝေးရွှေ့လိုက်သည်။

" ဒီကောင်တော့ ရူးနေပြီ။ ဒါက ကျင့်ကြံတာမဟုတ်ဘူး။ သတ်သေတာပဲ "

၅ကီလိုမီတာရှိ လျှပ်စီးပင်လယ်ကြီး၏ အပြင်ဘက်မှနေ၍ သူက ကြောက်ကြောက်လန့်လန့် ရင်တုန်နေလျက် ပြန်ကြည့်လိုက်သည်။

ပိုင်ရှောင်ချန်းမှာ အလွန်စိုးရိမ်နေသည်။ သို့သော် “ ကျားတစ်ကောင်ကို ခွစီးနေမိမှတော့ ပြန်ဆင်းရန်ခက်သည် “ ဆိုသော ဆိုးရိုးစကားလည်း ရှိသည် မဟုတ်ပါလော။ သူက သူ၏ ကျင့်ကြံခြင်းအခြေခံရေဝဲကြီးကို ပျောက်ကွယ်စေပြီးသည့်တိုင် လျှပ်စီးပင်လယ်က အတိမ်းအစောင်းမခံသော ပမာဏသို့ ရောက်ရှိသွားပြီး အလိုအလျောက် လည်ပတ်လာကာ လျှပ်စီးများအား ၄င်းအတွင်း ထပ်မံ ဆွဲယူနေတော့သည်။

" ငါ ဒီတစ်ခေါက် ဘာလုပ်လို့လဲ "

သူက စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။

" ကဲပါလေ အခု စိုးရိမ်နေဖို့ အချိန်မရှိဘူး။ ဒီလျှပ်စီးတန်းကို စုပ်ယူပစ်လိုက်မယ် "

သူက ဟိန်းဟောက်၍ လျှပ်စီးတန်းအား အရူးပမာ စုပ်ယူလိုက်ရာ စိတ်စွမ်းအင်ပမာဏအမြောက်အမြား သူ့ကိုဖြတ်စီးသွားတော့သည်။

သို့သော် သူက တစ်ကြိမ်တွင် လျှပ်စီးတန်းတစ်ရာသာ ရှူသွင်းနိုင်သည်ဖြစ်၍ သူ့ပါးစပ်ကို ပိတ်ရမည်ဖြစ်သည်။ ထို့ကြောင့် ကျန်နေသေးသော လျှပ်စီးတန်းများစွာက သူ့ကို ပစ်ခတ်လာသည်။

သူက ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း မဆိုစလောက်လေး နောက်ကျသွားတော့သည်။

လျှပ်စီးတန်း တစ်သောင်းကျော် သူ့ကို ပစ်ချလိုက်သည့်အတွက် တဂျိန်းဂျိန်းထစ်ခြုန်းသံကြီးများ ပဲ့တင်ထပ်သွားပြီး မချိတင်ကဲ အသံတစ်သံထွက်လာတော့သည်။ သူ့အတွက် လျှပ်စီးတန်းအားလုံးကို ဝါးမျိုရန်မှာ မဖြစ်နိုင်ဘဲ ယခုတွင် လျှပ်စီးတန်းများက သူ့ကို စားသုံးနေသည့်အလား ခံစားနေရတော့သည်။

နာကျင်မှုကြောင့် သူ၏ပါးပြင်ထက်သို့ မျက်ရည်များ စီးကျလာတော့သည်။ သူက မိုးကြိုးပစ်ချက်များအား ရှောင်တိမ်းရန် ကြိုးစားလိုက်သည့်အချိန်မှာပင် စိတ်စွမ်းအင်များ စုပြုံရောက်ရှိလာခြင်းကြောင့် နေလခင်းကျင်း ကောင်းကင်စစ်တလင်း မန္တန်၏ တတိယအဆင့် ထိပ်ဆုံးသို့ ရောက်ရှိသွားကြောင်း သူသဘောပေါက်လိုက်သည်။

သူ၏ကျင့်ကြံခြင်းအခြေခံသည် အစောပိုင်းနတ်အဆင့်ကို ဖြိုခွင်း၍ လျင်မြန်စွာ တိုးတက်လာသည့်အတွက် အလယ်ပိုင်းနတ်အဆင့်နှင့် အလွန်နီးကပ်နေလေပြီ။

" ဒါကို ဘယ်သူက ဂရုစိုက်မှာတုံး။ ငါ့ သနားစရာအသက်လေးက အရေးအကြီးဆုံးပဲ"

သူက တုန်တုန်ရီရီဖြင့် မူလနေရာမှ နောက်ဆုတ်ရန်ပြင်လိုက်သော်လည်း သူ၏လှုပ်ရှားမှုက လျှပ်စီးပင်လယ်ကို ဆောင့်ဆွဲလိုက်ရာ လျှပ်စီးများ ဟန်ချက်ပျက်လျက် သူရှိရာသို့ လျှပ်စီးတန်းတစ်ထောင်ပြေးဝင်လာတော့သည်။ ၎င်းတို့က သူ့ကို ထိမှန်လိုက်သည်နှင့် အသည်းနှလုံးတုန်လောက်သော အသံနက်ကြီး ပေါ်ထွက်လာတော့သည်။

သူ အော်ဟစ်လိုက်သည့်အချိန်မှာပင် သူ၏ နေလခင်းကျင်းကောင်းကင်စစ်တလင်းမန္တန်က အဆင့်တက်သွားပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာ အလယ်ပိုင်းနတ်အဆင့်သို့ ခုန်တက်သွားလေသည်။

အတန်ငယ်ဝေးသောနေရာရှိ လျှပ်စီးဘိုးတော်ကြီးမှာ လုံးလုံးလျားလျားတုန်လှုပ်လျက် စိုက်ကြည့်နေတော့သည်။

" အချိန်တွေ ပြောင်းလဲသွားပြီထင်တယ်။ အခုခေတ် လူငယ်တွေများ ဘာလို့ သတိလက်လွတ်ကျင့်ကြံနေကြပါလိမ့် "

All Chapters