← Chapters

အခန်း (၂၄၄၅-၂၄၄၆)

Vol. 185 Ch. 2445-2446

အခန်း (၂၄၄၅-၂၄၄၆)

Vol. 185 Ch. 2445-2446

အခန်း(၂၄၄၅)

“ကျန်းချန်...မတွေ့ရတဲ့ ရက်တွေအတွင်းမှာ မင်းရဲ့အင်အားက ဒီအဆင့်အထိ မြင့်တက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. မင်းသိထားဖို့က ငါတို့ အင်မော်တယ် ကျင့်ကြံသူများမဟာမိတ်အဖွဲ့က ဘယ်သူမဆို လာပြီး အနိုင်ကျင့်လို့ရတဲ့ ခပ်ညံ့ညံ့ အဖွဲ့အစည်း မဟုတ်ဘူးဆိုတာပဲ.. မင်းတကယ်ပဲ ငါတို့ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့နဲ့ ရင်ဆိုင်ချင်တာလား”

ချင်းစန်းလဲ့ကျ ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။

“တကယ်လို့ မင်းအခုချက်ချင်း အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ကနေ ထွက်သွားမယ်ဆိုရင် ခေါင်းဆောင်ရဲ့မျက်နှာကို ထောက်ထားပြီး မင်းကို အရေးယူတော့မှာ မဟုတ်ဘူး”

ချင်းစန်းလဲ့သည် သူ့ထက် အင်အား အဆပေါင်းများစွာ သာလွန်သည့် ကျန်းချန်နှင့် ရင်ဆိုင်နေရ၍ ကြောက်ရွံ့နေခဲ့ပြီး ကျန်းချန်နှင့် ရန်သူ မဖြစ်ချင်တော့သည်မှာ ထင်ရှားနေခဲ့သည်။

“ငါက မင်းတို့ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ကို သက်ညှာပေးခဲ့ပေမဲ့ မင်းတို့ကတော့ ထာဝရသက်ရှည်တောင်တန်းထဲကို ဝင်လာတဲ့ သိုင်းပညာရှင်တွေကို သတ်ဖြတ်ဖို့ အမိန့်ထုတ်ခဲ့တယ်.. မင်းတို့အနေနဲ့ ကိုယ့်သေလမ်း ကိုယ်ရှာနေမှတော့ မင်းတို့ရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်”

စကားဆုံးသည်နှင့် ကျန်းချန်သည် ရှေ့သို့ ခြေလှမ်းလိုက်ရာ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ကနေ ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့သည်။

“ဓား.. လာစမ်း”

ကျန်းချန် တိုက်ခိုက်လာသည်ကိုမြင်လျှင် ချင်းစန်းလဲ့သည် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ခရမ်းရောင်မိုးကြိုးအလင်းများ တောက်ပနေသော သုံးပေခန့်ရှည်လျားသည့် ခရမ်းရောင်ဓားရှည်တစ်လက်သည် သူ၏လက်ထဲတွင် ပေါ်လာခဲ့သည်။

ထိုဓားရှည်သည် သာမန် မဟုတ်ဘဲ ဓားကိုယ်ထည်ပတ်ပတ်လည်တွင် မိုးကြိုးလျှပ်စီးများဖြင့် ဝန်းရံနေခဲ့၏။

ထိုခရမ်းရောင်မိုးကြိုးဓား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ရာကောင်းသော မိုးကြိုးစွမ်းအားများသည် ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားခဲ့ပြီး လေထု တစ်ခုလုံးကို အဆက်မပြတ် တုန်ခါသွားစေကာ ပတ်ဝန်းကျင် တစ်ခုလုံးကို မိုးကြိုးငရဲဘုံအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။

“ကျန်းချန်.. ဒီခရမ်းရောင်မိုးကြိုးဓားက ထာဝရသက်ရှည်တောင်တန်းထဲကနေ ငါမတော်တဆရရှိခဲ့တဲ့ ရတနာတစ်ခုပဲ.. ဒီနေ့တော့ ငါ ဒီဓားကို အသုံးပြုပြီး မင်းကို အဆုံးသတ်ပေးမယ်”

ချင်းစန်းလဲ့က ခရမ်းရောင်မိုးကြိုးဓားကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့သည်။

ထိုခဏဝယ် သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါသည် ပိုမို၍ မြင့်တက်လာခဲ့ပြီး ကပ်ဘေးနှောင်းပိုင်း အဆင့်ကနေ ကပ်ဘေးအထွတ်အထိပ် အဆင့်ကို ရောက်ရှိသွားခဲ့သည်။

“မဟာယာနအဆင့် မှော်လက်နက်ပါလား”

ချင်းစန်းလဲ့၏ ခရမ်းရောင်မိုးကြိုးဓားကို မြင်လျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဤခရမ်းရောင်မိုးကြိုးဓားသည် အလွန်တရာ အစွမ်းထက်ပြီး ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ အထွတ်အထိပ် မှော်ရတနာ ဖြစ်သည့် ထိုက်ယီလက်ကောက်ထက်ပင် မနိမ့်ကျနိုင်ဟု သူထင်မြင်မိသည်။

ချင်းစန်းလဲ့သည် ဤထာဝရသက်ရှည်တောင်တန်း ထဲတွင် ဤကဲ့သို့ ရတနာမျိုးကို ရရှိခဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“ချင်းစန်းလဲ့.. မင်းလက်ထဲက ဓားက တကယ်ကို ကောင်းမွန်တဲ့ဓားတစ်လက်ပဲ.. ဒါပေမဲ့ ဒီဓားလောက်နဲ့တော့ ငါ့ကို သတ်ဖြတ်ဖို့ မလုံလောက်သေးဘူး”

ကျန်းချန်က မထီမဲ့မြင် အမူအရာဖြင့် ရေရွတ်လိုက်သည်။

သူ၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် ချင်းစန်းလဲ့ ထံ၌ ထိုကဲ့သို့ မှော်လက်နက်များ ရှိနေလျှင်ပင် သူ့ကို ခြိမ်းခြောက်နိုင်ရန်မှာ မသေချာပေ။

ထို့အပြင် သူ့လက်ထဲတွင် အင်မော်တယ်ကျောက်တိုင် ရှိနေသေးသည် ဖြစ်ရာ သာမန် မဟာယာနအဆင့် လက်နက်လောက်ကို ကျန်းချန်သည် မည်ကဲ့သို့ မျက်စိထဲ ထည့်နိုင်ပါမည်နည်း။

“မင်းကို သတ်နိုင်မလား ဆိုတာ စမ်းကြည့်ရင် သိရမှာပေါ့”

ချင်းစန်းလဲ့က ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူ၏ လက်ထဲမှ ခရမ်းရောင်မိုးကြိုးဓားသည် မီတာတစ်ရာခန့် ရှည်လျားသည့် ခရမ်းရောင်မိုးကြိုးနဂါး အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့ပြီး ဟင်းလင်းပြင်ထဲတွင် ဟိန်းဟောက်နေခဲ့သည်။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့်ပင် နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို ထုတ်ဖော်လိုက်သည်။

သူ၏လက်ထဲမှ ရှေးဟောင်းရွှေရောင်ဓားသည်လည်း ချက်ချင်းဆိုသလိုပင် ရွှေရောင်အလင်းတန်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ၏ကျောဘက်ရှိ နတ်ခန္ဓာပုံရိပ်နှင့် ပေါင်းစပ်သွားခဲ့သည်။

“ပျက်စီးစမ်း”

ကျန်းချန်က လူသားဧကရာဇ်ဓားကို တိုက်ရိုက်ပင် ထိန်းချုပ်ကာ ခရမ်းရောင်မိုးကြိုးနဂါးကို ပိုင်းချလိုက်၏။

လူသားဧကရာဇ်ဓားနှင့် ခရမ်းရောင်မိုးကြိုးနဂါး တို့သည် ဟင်းလင်းပြင်ထဲတွင် ထိပ်တိုက် ရင်ဆိုင်နေခဲ့ကြပြီး ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်လှိုင်းများသည် ကောင်းကင်ယံတွင် ပျံ့နှံ့သွားခဲ့သည်။

ခဏအကြာတွင် ခရမ်းရောင်မိုးကြိးနဂါးသည် အဆုံးသတ်၌ တောင့်မခံနိုင်တော့ပေ။

“ခရက်..”

ရှင်းလင်းသော အက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး အက်ကွဲကြောင်းများသည် ခရမ်းရောင်မိုးကြိုးနဂါး၏ ခန္ဓာကိုယ်ပေါ်တွင် ပင့်ကူအိမ်သဖွယ် ပျံ့နှံ့သွားခဲ့သည်။

အဆုံးသတ်တွင်မူ လူသားဧကရာဇ်ဓားသည် ခရမ်းရောင်မိုးကြိုးနဂါးကို အစအနပင် မကျန်ရှိသည်အထိ ချေမှုန်းပစ်လိုက်တော့၏။

“ဒီကောင်လေးက အရမ်းကို သန်မာလွန်းတယ်.. အားလုံး အတူတူ တိုက်ခိုက်ကြစို့”

ချင်းစန်းလဲ့က ကျန်းချန်၏ ပြိုင်ဘက် မဟုတ်သည်ကို မြင်လျှင် ကပ်ဘေးနှောင်းပိုင်း အဆင့်ထက် မနိမ့်ကျသည့် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့မှ အကြီးအကဲ တစ်ယောက်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများကို ထုတ်ဖော်ကာ ကျန်းချန်ကို သတ်ဖြတ်ရန် ပြင်လိုက်သည်။

သူက အလွန် အစွမ်းထက်သည့် ဓားစွမ်းအားများကို ထုတ်ဖော်ကာ ကျန်းချန်ဆီ တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

သူ့အပြင် နောက်ထပ် ကပ်‌ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူ နှစ်‌ယောက်သည်လည်း ကျန်းချန်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။

ဤအခိုက်အတန့်တွင် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ အပြင်ဘက်၌ ပြင်းထန်သော အဖျက်စွမ်းအင် မုန်တိုင်းများဖြင့် ပြည့်နှက်သွားခဲ့သည်။

ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူ သုံးယောက်စလုံးသည် နတ်ဘုရင် အဋ္ဌမအဆင့်ထက် မနိမ့်ကျသည့် ခွန်အားများကို ပိုင်ဆိုင်ထားကြပြီး မှော်စွမ်းအား အမျိုးမျိုးဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်ကြသည်။

အကယ်၍ ထာဝရသက်ရှည်တောင်တန်းတွင်သာ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ချမှတ်ထားသည့် ကန့်သတ်စွမ်းအားများ ရှိမနေခဲ့လျှင် မိုင်ပေါင်းသောင်းချီ ဧရိယာသည် မျက်စိတစ်မှိတ် အတွင်း ဘာမှမကျန်ရှိသည်အထိ ရောက်ရှိသွားပေလိမ့်မည်။

“အစ်ကိုကျန်းချန်”

ကျန်းချန်က အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့မှ အကြီးအကဲများ၏ ဝိုင်းရံတိုက်ခိုက်ခြင်း ခံနေရသည်ကို မြင်လျှင် လုရှောင်ချင်း၏ နုနယ်လှသော မျက်နှာလေးထက်တွင် စိုးရိမ်ပူပန်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“စိတ်မပူပါနဲ့.. သခင်လေးကျန်းချန်က ပြိုင်ဘက်ကင်းပါတယ်.. သူဘာမှ ဖြစ်မှာမဟုတ်ဘူး”

ဝူမုက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး လုရှောင်ချင်းဆီသို့ ပျံ့နှံ့လာသည့် အဖျက်စွမ်းအင်မုန်တိုင်းကို ကာကွယ်ပေးရင်း လုရှောင်ချင်းကို နှစ်သိမ့်ပေးလိုက်သည်။

ကျန်းချန်သည် အလွန်တရာသန်မာပြီး သူတို့၏ ဘိုးဘေး ဝူကျန့်ထျန်းထက် မနိမ့်ကျမှန်း သူသိထားသည်။

သို့သော်လည်း ဤကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူ လေးယောက်၏ ပူးပေါင်းတိုက်ခိုက်မှု ရှေ့တွင် သာမန် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူပင်လျှင် ရင်ဆိုင်ရန် ခဲယဥ်းလိမ့်မည် ဖြစ်သည်။

“ကျန်းချန်.. မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ.. ငါတို့ အင်မော်တယ် ကျင့်ကြံသူများမဟာမိတ်အဖွဲ့နဲ့ ရန်သူဖြစ်ဖို့ ရွေးချယ်လိုက်တာက သေလမ်းကို ရွေးချယ်လိုက်တာနဲ့ အတူတူပဲ”

ချင်းစန်းလဲ့က မဲ့ပြုံး ပြုံးလိုက်ပြီး တိုက်ရိုက်ပင် ရှေ့သို့ခြေလှမ်းလိုက်ကာ သူ၏ လက်ထဲရှိ ခရမ်းရောင်မိုးကြိုးဓားရှည်ဖြင့် ကျန်းချန်ကို ခုတ်ပိုင်းလိုက်သည်။

ဤအချိန်တွင် ကောင်းကင်ယံ၌ မိုးခြိမ်းသံများဖြင့် ဆူညံသွားခဲ့ပြီး ကောင်းကင်ယံ တစ်ခုလုံး အနက်ရောင် မီးလျှံများဖြင့် ပြည့်နှက်သွားခဲ့သည်။

မှော်စွမ်းအား အမျိုးမျိုးသည် ကျန်းချန်ကို လွှမ်းခြုံသွားခဲ့ပြီး ကျန်းချန် အတွက် စိုးရိမ်ရသည့် အခြေအနေကို ရောက်ရှိသွားစေခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ဝူမု သည်ပင် ချွေးစေးများ ထွက်လာခဲ့သည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူ လေးယောက်၏ မှော်စွမ်းအားများသည် ကျန်းချန်၏ ဦးခေါင်းအထက်တွင် တစ်ပြိုင်နက်တည်း လိုလို ပေါ်ထွက်လာခဲ့သည်။

ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများသည် လေထဲကနေ ထိုးဆင်းလာခဲ့ပြီး မြေပြင်ကိုပါ ရိုက်ခတ်သွားခဲ့သည်။

“ဝုန်း..”

မြေပြင်ထက်ရှိ မိုင်ပေါင်းထောင်ချီ ဧရိယာသည် ငလျင်လှုပ်သကဲ့သို့ အတောမသတ် တုန်ခါသွားခဲ့ပြီး တောင်တန်းများသည်ပင် ချက်ချင်းဆိုသလို လှုပ်ရမ်းသွားခဲ့သည်။

ကျန်းချန် ရပ်နေသည့် နေရာမှ မြေပြင်သည် တိုက်ရိုက်ပင် အက်ကွဲသွားခဲ့ပြီး မီတာရာချီ နက်ရှိုင်းသည့် ဧရာမတွင်းနက်ကြီးတစ်ခုပင် ဖြစ်ပေါ်သွားခဲ့သည်။

“ကျန်းချန်.. မင်းဘယ်လောက်ပဲ ထူးချွန်နေပါစေ.. အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ရဲ့ ရန်သူဖြစ်ဖို့ ရွေးချယ်လိုက်တယ် ဆိုရင် သေရလိမ့်မယ်လို့ ငါအစကတည်းက ပြောခဲ့သားပဲ”

မြေပြင်ပေါ်ရှိ ဧရာမ တွင်းနက်ကြီးကို ကြည့်ရင်း ချင်းစန်းလဲ့၏ နှုတ်ခမ်းထောင့်တွင် မဲ့ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အင်မော်တယ် ကျင့်ကြံသူများမဟာမိတ်အဖွဲ့မှ ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူ လေးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ကပ်ဘေး အထွတ်အထိပ်အဆင့် ကျင့်ကြံသူပင်လျှင် အကြီးအကျယ် ပေးဆပ်ရလိမ့်မည် ဖြစ်ရာ ထိုကောင်လေးသည် မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။

သို့သော်လည်း ကျန်းချန် သေပြီဟု ချင်းစန်းလဲ့ ထင်နေစဥ်မှာပင် ဧရာမ တွင်းနက်ကြီးထဲကနေ အေးစက်စက် အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ချင်းစန်းလဲ့က မျက်နှာအမူအရာ ပျက်သွားခဲ့ပြီး သူ၏ အကြည့်သည် ဧရာမတွင်းနက်ကြီး ဆီသို့ ရောက်ရှိသွားခဲ့သည်။

မကြာခင်မှာပင် အင်မော်တယ် ကျောက်တိုင်ကို ကိုင်ထားပြီး ခပ်ဖျော့ဖျော့ အပြာရောင်အလင်းများ လွှမ်းခြုံနေသည့် ပုံရိပ်တစ်ခုသည် ဧရာမတွင်းနက်ကြီးထဲကနေ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။

အခန်း(၂၄၄၅)ပြီး၏။

အခန်း(၂၄၄၆)

“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ကျန်းချန်က ဒဏ်ရာအနည်းငယ်မျှပင် မရရှိဘဲ ပန်းခြံထဲတွင် လမ်းလျှောက်နေသလိုမျိုး အေးအေးလူလူဖြင့် ဧရာမတွင်းနက်ကြီးထဲကနေ ထွက်လာသည်ကို မြင်လျှင် ချင်းစန်းလဲ့၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်နှယ် တုန်ယင်သွားခဲ့ပြီး မျက်ဝန်းထဲတွင်လည်း မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူလေးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုသည် ကျန်းချန်၏ ဆံချည်တစ်မျှင်ကိုတောင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။

သူတို့ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ရှချင်းလီ ပင်လျှင် သူတို့ လေးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ဤမျှလောက်အထိ အေးအေးလူလူ ခုခံနိုင်ပါ့မလား မသေချာချေ။

“သခင်လေးကျန်းချန်ရဲ့ ခွန်အားက တကယ်ကို နက်ရှိုင်းလွန်းတာပဲ”

ကျန်းချန်က ချင်းစန်းလဲ့တို့ လေးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ဒဏ်ရာမရရှိဘဲ ခုခံလိုက်သည်အား မြင်လျှင် ဝူမုသည် မှင်တက်ရာကနေ ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

ဘိုးဘေး ဝူကျန့်ထျန်းသည် ကျန်းချန်၏ အစွမ်းအစနှင့်ပတ်သက်၍ တစ်ကြိမ်ထက်မက ပြောဖူးသည်ကို သူကြားဖူးသော်လည်း ကျန်းချန်၏ လက်တွေ့ တိုက်ခိုက်မှုကို သူတစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

ယခုတစ်ကြိမ်တွင် ကျန်းချန်၏ ကြောက်မက်ဖွယ်ရာခွန်အားကို လက်တွေ့ မြင်တွေ့ရချေပြီ။

ကျန်းချန်က မြောက်ပိုင်းဒေသကို ရောက်ရှိလာပြီးနောက်တွင် တစ်ကိုယ်တော်စွမ်းရည်ဖြင့် အဘယ်ကြောင့် အခြေအနေများကို ပြောင်းလဲနိုင်ခဲ့ပြီး ဘိုးဘေးဝူကျန့်ထျန်းနှင့် ပူးပေါင်းကာ အင်မော်တယ် ကျင့်ကြံခြင်း လောကကို ဖျက်ဆီးနိုင်ခဲ့မှန်း အဆုံးသတ်တွင် သူနားလည်သွားခဲ့သည်။

ဤကဲ့သို့သော ခွန်အားဖြင့်ဆိုလျှင် ကပ်ဘေး အထွတ်အထိပ်အဆင့် ကျင့်ကြံသူသာလျှင် ကျန်းချန်နှင့် ယှဥ်ပြိုင်နိုင်လိမ့်မည်ဟု သူ ထင်မြင်မိသည်။

“ချင်းစန်းလဲ့.. သိုင်းပညာ ကျင့်ကြံခြင်းလောကက လူတွေကို သတ်မိန့် ထုတ်လိုက်တဲ့ အချိန်ကစပြီး မင်းက အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ကို သေတွင်းထဲ ဆွဲသွင်းလိုက်တာပဲ.. ငါပြောခဲ့သလိုပဲ.. ဒီနေ့ မင်းတို့ အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ကို ထာဝရသက်ရှည်တောင်တန်းထဲကနေ လုံးဝ ပျောက်ကွယ်သွားအောင် ငါလုပ်ပစ်မယ်”

ကျန်းချန်က ဧရာမ တွင်းနက်ကြီးထဲကနေ ထွက်လာပြီးနောက်တွင် ချင်းစန်းလဲ့ကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။

သူက အင်မော်တယ် ကျောက်တိုင်ကို ကိုင်ထားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ ခပ်ဖျော့ဖျော့ အပြာရောင် အလင်းတန်းသည် အင်မော်တယ်အလင်း ကဲ့သို့ မြင့်မြတ်သော အရှိန်အဝါကို ပေးစွမ်းနေခဲ့ကာ သူ့ကို နတ်ဘုရားတစ်ပါးက လောကထဲ ဆင်းသက်လာသလိုမျိုး ထင်မှတ်မှားစေခဲ့သည်။

“အားလုံးပဲ.. အစွမ်းကုန် အားထုတ်ပြီး ဒီကောင်လေးကို သတ်ကြ”

နတ်ဘုရားတစ်ပါး ကဲ့သို့ ထင်မှတ်မှားရလောက်သည့် ကျန်းချန်၏ အသွင်အပြင်ကို မြင်လျှင် ချင်းစန်းလဲ့သည် ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

ယနေ့တွင် ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ကို အလွယ်တကူ လွှတ်ပေးရန် အစီအစဥ်မရှိသည်မှာ ထင်ရှားနေခဲ့၏။

ရှင်းလင်းစွာဆိုရလျှင် သူတို့ အင်‌မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့နှင့် ကျန်းချန်တို့ ကြားတွင် မပြေလည်နိုင်သော ရန်ငြိုးရန်စများ ရှိနေခဲ့ချေပြီ။

အကယ်၍ ကျန်းချန်ကို မသတ်ဖြတ်နိုင်ခဲ့လျှင် သူတို့ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့သည် ကျန်းချန်၏ လက်ထဲတွင် အမှန်တကယ် ပျက်စီးသွားပေလိမ့်မည်။

ချင်းစန်းလဲ့က ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားများကို လှုံ့ဆော်လိုက်ရာ သူ၏ လက်ထဲမှ ခရမ်းရောင်မိုးကြိုးဓားတွင် ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားအလင်းများ ထပ်မံ၍ ပေါက်ကွဲထွက်လာခဲ့သည်။

ကျန်ရှိသည့် ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူ သုံးဦးသည်လည်း သူ၏ စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်ပြီး ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို အစွမ်းကုန် လှုံ့ဆော်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်ကြသည်။

ပတ်ဝန်းကျင်ရှိ ကပ်ဘေးအဆင့် ကျင့်ကြံသူများသည်လည်း ရပ်ကြည့်မနေတော့ဘဲ ကျန်းချန်ကို ဝိုင်းဝန်းပိတ်ဆို့၍ တိုက်ခိုက်လိုက်ကြသည်။

ဤအခိုက်အတန့်တွင် ကောင်းကင်ယံ၌ စွမ်းအင်လှိုင်း အမျိုးမျိုးဖြင့် ပြည့်နှက်သွားခဲ့သည်။

ကပ်ဘေးအဆင့် ကျင့်ကြံသူ တစ်ဒါဇင်ခန့် တစ်ပြိုင်နက် တိုက်ခိုက်လိုက်သည့် အခါတွင် အမြင့်မြတ်ဆုံး ကန့်သတ်စွမ်းအားများ ရှိနေသည့် ထာဝရသက်ရှည်တောင်တန်း၏ မိုင်တစ်ရာ အတွင်းရှိ နေရာလွတ်ပင်လျှင် အဆက်မပြတ် ပြိုကျသွားခဲ့သည်။

ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်လှိုင်းများသည် ကောင်းကင်ယံတွင် ပြည့်နှက်နေခဲ့ပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ပြိုကျ ပျက်စီးစေခဲ့သည်။

ကပ်ဘေးအဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော်၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ အမူအရာက တည်ငြိမ်နေခဲ့သည်။

သူက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ သူ၏ လက်ထဲရှိ အင်မော်တယ် ကျောက်တိုင်သည် ရုတ်တရက် တုန်ခါသွားခဲ့ပြီး ပေတစ်သောင်းအမြင့် ရှိသည့် နတ်ဘုရား ကျောက်တိုင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကောင်းကင်ယံတွင် ပြည့်နှက်နေသည့် မှော်စွမ်းအင် အားလုံးကို ချေမှုန်းပစ်လိုက်သည်။

ထို့နောက်တွင် ကျန်းချန်သည် ပေတစ်သောင်းအမြင့် ရှိသည့် နတ်ဘုရားကျောက်တိုင်ဖြင့် သူ၏ အနီးဆုံးရှိ ကပ်ဘေးအဆင့်ကျင့်ကြံသူ နှစ်ဦးကို တိုက်ရိုက်ပင် ရိုက်ချလိုက်၏။

“ဝုန်း..”

ကပ်ဘေးအဆင့် ကျင့်ကြံသူနှစ်ယောက်သည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ပေတစ်သောင်းအမြင့် ရှိသော နတ်ဘုရားကျောက်တိုင်၏ အောက်တွင် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်ပါ ချက်ချင်းဆိုသလို အမှုန့်ဖြစ်သွားခဲ့သည်။

“သေစမ်း”

တစ်ချက်တည်းဖြင့် ကပ်ဘေးအဆင့် ကျင့်ကြံသူနှစ်ယောက်ကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် နတ်ဘုရားကျောက်တိုင်ကို လေထဲတွင် ဝှေ့ယမ်းလိုက်ပြီး ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ထပ်မံ၍ ရိုက်ချလိုက်သည်။

“ဘုံကိုးပါး အကာအကွယ်”

ထိုမြင်ကွင်းကိုမြင်လျှင် ကပ်ဘေးနှောင်းပိုင်း အဆင့်ရှိ ကျင့်ကြံသူက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက ချက်ချင်းဆိုသလိုပင် အလွှာကိုးလွှာ ရှိသည့် နတ်အလင်း အကာအကွယ်ကို သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ချက်ချင်းဆိုသလို စုစည်းလိုက်သည်။

နတ်အလင်းအလွှာ တစ်ခုချင်းစီသည် ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုကိုပင် ခံနိုင်ရည် ရှိသည်။

သို့သော်လည်း ကျန်းချန်က အင်မော်တယ်ကျောက်တိုင်ကို အသုံးပြု၍ ထုတ်ဖော်လိုက်သော ခွန်အားသည် အလွန်အမင်းအစွမ်းထက်သည် ဖြစ်ရာ ကပ်ဘေး အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက် ပင်လျှင် ရင်ဆိုင်နိုင်ရန် မလွယ်ကူပေ။

“ခရက်.. ခရက်..”

အက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီးနောက်တွင် အလွှာကိုးလွှာရှိ နတ်အလင်း အကာအကွယ်သည် ပြင်းထန်စွာ ရိုက်ခတ်ခံလိုက်ရသည့် မှန်တစ်ချပ်နှယ် ချက်ချင်းဆိုသလို ကွဲကြေသွားခဲ့သည်။

“မသတ်ပါနဲ့”

သူ့ထံသို့ သက်ရောက်လာသည့် အင်မော်တယ် ကျောက်တိုင်ကိုမြင်လျှင် ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူသည် အလွန်အမင်း တုန်လှုပ်သွားခဲ့ပြီး မျှော်လင့်ချက်မဲ့သွားခဲ့သည်။

သို့သော်လည်း သူက ထိုစကားတစ်ခွန်းသာ ပြောနိုင်လိုက်ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အင်မော်တယ်ကျောက်တိုင်၏ ဖိနှိပ်မှုအောက်တွင် အက်ကွဲသွားခဲ့ကာ အဆုံးသတ်တွင် ပေါက်ကွဲသွားခဲ့ပြီး သွေးမြူများအဖြစ် လေထဲတွင် လွင့်စင်သွားခဲ့သည်။

ကျန်းချန်က ကပ်ဘေးအဆင့် ကျင့်ကြံသူများကို ကြက်ကလေး ငှက်ကလေးသဖွယ် သတ်ဖြတ်နေပြီး ကပ်‌ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူကိုပင် တစ်ခဏအတွင်း သတ်ဖြတ်လိုက်သည်အား မြင်လျှင် ချင်းစန်းလဲ့တို့ လူစု၏ မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“ပြေးမှဖြစ်မယ်”

ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်သည် အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး ထွက်ပြေးရန် ပြင်လိုက်ကြသည်။

ထိုအခိုက်အတန့်တွင် ကျန်းချန်၏ လက်ထဲရှိ အင်မော်တယ်ကျောက်တိုင်၏ စွမ်းအားသည် ထာဝရသက်ရှည်တောင်တန်း၏ ကန့်သတ်စွမ်းအား သက်ရောက်မှုကို လုံးဝမခံရသည့်နှယ် ကျန်းချန်၏ စေစားမှုအောက်တွင် ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက် ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်သည် အင်မော်တယ် ကျောက်တိုင်၏ ဖိနှိပ်မှုအောက်တွင် အမှုန့်အဖြစ် ကြေမွသွားခဲ့သည်။

ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူ သုံးယောက်ကို အလွယ်တကူ သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်၏ အေးစက်စက် အကြည့်သည် ချင်းစန်းလဲ့၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့၏။

“ချင်းစန်းလဲ့.. ဒီတစ်ခါ မင်းအလှည့်ပဲ”

ချင်းစန်းလဲ့သည် ဝိညာဥ်လွင့်မတတ်ပင် ခံစားလိုက်ရသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာကောင်းသော အအေးဓာတ်များ လွှမ်းခြုံနေသည့် ရေခဲတွင်းနက်ကြီးထဲ ရောက်နေသလို ခံစားလိုက်ရသည်။

သူက ထိတ်လန့်တကြားဖြင့် အလျင်အမြန် အော်ဟစ်လိုက်၏။

“ကျန်းချန်.. မင်း.. မင်း ငါ့ကို သတ်လို့မဖြစ်ဘူး.. ငါက အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ရဲ့ ဒုခေါင်းဆောင်ပဲ.. တကယ်လို့ မင်းငါ့ကို သတ်လိုက်ရင် ခေါင်းဆောင်က မင်းကို သေချာပေါက် အလွှတ်ပေးမှာမဟုတ်ဘူး”

ကျန်းချန်က ပြုံး၍ တည်ငြိမ်စွာ တုံ့ပြန် ပြောဆိုလိုက်သည်။

“စိတ်မပူပါနဲ့.. ငါ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ကို ဖျက်ဆီးလိုက်ရင်တောင် ရှချင်းလီက ငါ့ကို လုံးဝ အပြစ်တင်မှာ မဟုတ်ဘူး”

ရှချင်းလီသည် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ဖြစ်သော်လည်း အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ အပေါ်တွင် သံယောဇဥ် ကြီးကြီးမားမား မရှိပေ။

ရှင်းလင်းစွာဆိုရလျှင် ရှချင်းလီ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ဖြစ်လာရသည့်အကြောင်းရင်းမှာ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ကို အသုံးချပြီး ထာဝရသက်ရှည်တောင်တန်းကို စူးစမ်းရန်နှင့် အဆင့်တက်လှမ်းရန် အတွက်သာ ဖြစ်သည်။

ယခုအခါတွင် ရှချင်းလီသည် ထာဝရရှင်သန်ခြင်း နန်းတော် တည်ရှိသော နေရာတွင် အေးအေးလူလူ ကျင့်ကြံနေခဲ့ပြီ ဖြစ်၏။

လက်ရှိအချိန်တွင် ရှချင်းလီ၏ စိတ်နှလုံးထဲမှ တစ်ခုတည်းသော အတွေးမှာ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ပြီး အင်မော်တယ်ဖြစ်ရန် လမ်းစကို ရှာဖွေရန်သာ ဖြစ်သည်။

သို့ဖြစ်၍ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့နှင့် ပတ်သက်၍ ရှချင်းလီသည် ဂရုစိုက်နေတော့မည် မဟုတ်ပေ။

ထို့အပြင် ထာဝရရှင်သန်ခြင်းနန်းတော် တည်ရှိသော နေရာတွင် သူ့အနေဖြင့် ပြောရေးဆိုခွင့် ရှိသည်။

သူ၏ စကားတစ်ခွန်းတည်းဖြင့်ပင် ရှချင်းလီကို ထာဝရရှင်သန်ခြင်းနန်းတော် တည်နေရာကနေ နှင်ထုတ်၍ ရ၏။

အကယ်၍ ရှချင်းလီသာ ထိုနေရာတွင် ဆက်လက် ကျင့်ကြံချင်သည်ဆိုလျှင် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ အတွက်ဖြင့် သူ့ကို အဘယ်ကဲ့သို့ အလွယ်တကူ အပြစ်လုပ်ဝံ့ပါမည်နည်း။

“ပြေးမှဖြစ်မယ်”

ကျန်းချန်က သူ့ကို အသေသတ်ရန် ဆုံးဖြတ်ထားသည်ကို မြင်လျှင် ချင်းစန်းလဲ့သည် တွေဝေမနေတော့ဘဲ မိုးကြိုးအလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ထာဝရသက်ရှည်တောင်တန်း၏ အနက်ရှိုင်းဆုံးနေရာ ဆီသို့ လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။

ယနေ့ တိုက်ပွဲအပြီးတွင် အင်မော်တယ် ကျင့်ကြံသူများမဟာမိတ်အဖွဲ့သည် ပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။

အကယ်၍ သူသာ ဤနေရာတွင် ဆက်လက် ရှိနေမည်ဆိုလျှင် ကျန်းချန်၏ လက်ထဲတွင် အမှန်တကယ် ကျဆုံးသွားမည်ကို သူ စိုးရိမ်နေမိ၏။

အခန်း(၂၄၄၆)ပြီး၏။

All Chapters