← Chapters

အခန်း (၃၆၁-၃၆၃)

Vol. 25 Ch. 361-363

အခန်း (၃၆၁-၃၆၃)

Vol. 25 Ch. 361-363

အခန်း (၃၆၁) - ဟင်းလင်းပြင် အက်ကွဲကြောင်းနှင့် နတ်ဆိုးမိစ္ဆာများ ဆင်းသက်လာခြင်း

~“ဂိုဏ်းချုပ်... ဘာဖြစ်လို့လဲဟင်”

ချောင်ကျားရှီးက တိုးညှင်းစွာ မေးလိုက်၏။

ယဲ့ဖုန်းသည် အတွေးကမ္ဘာထဲမှ ရုတ်တရက် နိုးထလာပြီး အောက်ဘက်သို့ ငုံ့ကြည့်ကာ လေသံနှိမ့်လျက် ပြောလိုက်သည်။

“ဘာမှမဖြစ်ပါဘူး... ကျားရှီး။ မင်းပဲ ဒုတိယမျိုးဆက် တပည့်တွေကို ဂိုဏ်းရဲ့ စည်းကမ်းတွေအကြောင်း ပြောပြထားလိုက်ပါ။ ငါ တွက်ချက်စရာလေး တစ်ခု ရှိနေလို့”

ပြောပြီးသည်နှင့် သူ မျက်လုံးများကို မှိတ်လိုက်ပြီး လက်ဟန်အနေအထား တစ်ခု လုပ်ကာ အလေးအနက် စဉ်းစားနေပုံ ဖမ်းလိုက်၏။

ထိုအမူအရာကို မြင်လိုက်ရသောအခါ တပည့်များသည် ယဲ့ဖုန်း တစ်စုံတစ်ခုကို အရေးတကြီး ဗေဒင်တွက်ချက်နေသည်ဟု ထင်မှတ်သွားကြပြီး မည်သူမျှ ကျယ်လောင်စွာ စကားမပြောရဲကြတော့ပေ။

ထိုအချိန်တွင် ယဲ့ဖုန်း၏ အမြင်အာရုံထဲ၌ စာလုံးရေ များပြားလှသော အချက်အလက်များ ပေါ်ထွက်နေလေသည်။

‘ဂိုဏ်းချုပ်၏ စတုတ္ထအဆင့် တာဝန်’

‘တာဝန် အကြောင်းအရာ - (၁) ဂုဏ်သတင်းကျော်ကြားမှု အမှတ် (၁၀) သန်း ပြည့်မီရမည်။ (၂) လူဦးရေ (၃) သန်း ရှိသော မြို့ကြီး တစ်မြို့ကို တည်ဆောက်ရမည်။ (၃) မြူခိုးဂိုဏ်းကို ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်းအဖြစ် တိုးမြှင့်ရမည်။’

‘တာဝန် ကာလ - (၁၀) နှစ်’

‘တာဝန် ဆုလာဘ်များ - ဝိညာဉ်စုစည်းဆေးလုံး (၅) လုံး၊ အဆင့်နိမ့် ဝိညာဉ်ရတနာ (၁) ခု၊ ကောင်းကင်မိုးကြိုး အဆောင်လက်ဖွဲ့ (၃) ခု၊ ဂိုဏ်းကာကွယ်ရေး မဟာဝင်္ကပါ (၁) ခု၊ ကမ္ဘာငယ် ပြုပြင်ပြောင်းလဲခြင်း (၅) ကြိမ်၊ မဟာကမ္ဘာ ပြုပြင်ပြောင်းလဲခြင်း (၁) ကြိမ်…..’

‘မှတ်ချက် - တာဝန် တစ်ခု ပြီးမြောက်တိုင်း အထူးလက်ဆောင်အိတ် (၁) ခု ရရှိမည် ဖြစ်သည်။ တာဝန် (၃) ခုစလုံး ပြီးမြောက်မှသာ အထက်ပါ ဆုလာဘ်များအားလုံးကို တစ်ပေါင်းတည်း ရရှိမည် ဖြစ်သည်။’

‘လက်အောက်ခံ တာဝန် - တပည့်များ စစ်ဆေး အကဲဖြတ်ခြင်း’

စာရင်းရှည်ကြီးကို ဖတ်ပြီးနောက် ယဲ့ဖုန်း ခေါင်းကိုက်သွားသလို ခံစားလိုက်ရ၏။

စတုတ္ထအဆင့် တာဝန်က ဒီလောက်တောင် ခက်ခဲတာလား။

ဂုဏ်သတင်း အမှတ် (၁၀) သန်းတဲ့။

လူဦးရေ (၃) သန်းရှိတဲ့ မြို့ကြီးတစ်မြို့ တည်ဆောက်ရမယ်တဲ့။

ပြီးတော့ ကြယ်နှစ်ပွင့် ဂိုဏ်းအဖြစ် တက်လှမ်းရမယ် ဆိုတာက နောက်ဆုံး အချက်ပဲ ရှိသေးတယ်။

သို့သော် ဆုလာဘ်များကတော့ အလွန် ရက်ရောလှသည်။ ဝိညာဉ်ရတနာများ၊ ဝိညာဉ်စုစည်းဆေးလုံးများနှင့် ဂိုဏ်းကာကွယ်ရေး မဟာဝင်္ကပါများ ပါဝင်နေ၏။ ထို့အပြင် စာရင်းနောက်တွင် အစက်ကလေးများ ပါနေသေးသဖြင့် ဖော်ပြထားသည်ထက် ပိုမိုသော ဆုလာဘ်များ ရှိနေနိုင်သေးသည်။

တိတိကျကျ ဘာတွေ ရမလဲ ဆိုတာကတော့ တာဝန်ပြီးမြောက်မှု အခြေအနေပေါ် မူတည်လိမ့်မည်ဟု ယဲ့ဖုန်း ခန့်မှန်းလိုက်၏။

“အချိန် (၁၀) နှစ် ဆိုတော့... လုံလောက်မယ် ထင်တာပဲ”

ယဲ့ဖုန်း တစ်ကိုယ်တည်း တွေးတောလိုက်၏။

နောက်ဆုံးတွင် သူသည် လက်အောက်ခံ တာဝန်ဖြစ်သော ‘တပည့်များ စစ်ဆေး အကဲဖြတ်ခြင်း’ ကို ကြည့်လိုက်၏။ ၎င်းသည် ဂိုဏ်းချုပ်၏ ဒုတိယအဆင့် တာဝန်ကဲ့သို့ပင် စစ်မှန်သော တပည့်၊ အတွင်းစည်း တပည့်နှင့် အပြင်စည်း တပည့်များကို မွေးထုတ်ပေးရမည့် အလုပ်ဖြစ်သည်။

“အခုကစပြီး ဂိုဏ်းရဲ့ တာဝန်တွေကို ကြိုးကြိုးစားစား လုပ်မှ ဖြစ်တော့မယ်”

ယဲ့ဖုန်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်၏။

ထိုလှုပ်ရှားမှုသည် တပည့်အားလုံး၏ အာရုံကို ဖမ်းစားလိုက်၏။

“ဂိုဏ်းချုပ်... ရလဒ်ကို တွက်ချက်လို့ ရသွားပြီလား”

ဝမ်ဖင်းအန်း က တိုးတိုးလေး မေးလိုက်၏။

“ကံကောင်းတဲ့ ကိစ္စများ ဖြစ်နေမလား”

ထိုစကားကို ကြားသောအခါ မိုယင်၊ ဟိုယွင်ကျဲ နှင့် အခြားတပည့်များ၏ မျက်နှာထားများ ထူးဆန်းသွားကြသည်။

ဝမ်ဖင်းအန်း ဆိုတာ ‘ကျိန်စာသင့် ပါးစပ်’ ပိုင်ရှင်လေ။

သူက ကောင်းသောအရာဟု ပြောလိုက်လျှင် ဆိုးကျိုးများ ဖြစ်လာတတ်ပြီး၊ တကယ်တမ်း ဆိုးကျိုး ဖြစ်လာလျှင် အလွန် ဆိုးရွားသော ကပ်ဘေးကြီး ဖြစ်လာတတ်သည်။

ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များပင် မသိမသာ လှုပ်ရမ်းသွားလေ၏။

‘ခွပ်...’

ထိုအချိန်မှာပင် ကောင်းကင်ယံ တစ်နေရာမှ ကွဲအက်သံကြီး တစ်ခု စူးရှစွာ ထွက်ပေါ်လာသည်။ ကောင်းကင်ဘုံကြီး ကိုယ်တိုင် စုတ်ပြဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

ယဲ့ဖုန်းသည် ‘ဝိညာဉ်မြွေ ပျံသန်းလှေ’ ကို ချက်ချင်း ရပ်တန့်လိုက်ပြီး လေထဲတွင် တည်ငြိမ်စွာ ရပ်ဝန်းကာ ကာကွယ်ရေး ဒိုင်းကာကို ဖွင့်လိုက်၏။ သူသည် ပတ်ဝန်းကျင်ကို သတိကြီးစွာ စောင့်ကြည့်လိုက်၏။

“ရှီး... ငါ ထပ်ပြီး ကျိန်စာ တိုက်မိပြန်ပြီလား”

ဝမ်ဖင်းအန်း သည် သူ မှားသွားမှန်း သိလိုက်ပြီး ပါးစပ်ကို လက်ဖြင့် အမြန် ပိတ်လိုက်၏။

“ဘာဖြစ်တာလဲ”

ဒုတိယမျိုးဆက် တပည့်များသည် မျက်လုံးပြူးကာ မိုင်ပေါင်း ဒါဇင်ချီ ဝေးကွာသော နေရာတစ်ခုကို လှမ်းကြည့်လိုက်ကြသည်။

ထိုနေရာရှိ ကောင်းကင်တွင် အနက်ရောင် ဟင်းလင်းပြင် အက်ကွဲကြောင်းကြီး တစ်ခု ပေါ်လာနေသည်။

ထို့နောက် အနက်ရောင် ဒီရေလှိုင်းလုံးကြီးများ အက်ကွဲကြောင်းထဲမှ စီးကျလာပြီး ဧရာမ မုန်တိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုမုန်တိုင်းသည် ပျံသန်းလှေ၏ ဒိုင်းကာကို လာရောက် ရိုက်ခတ်သဖြင့် စွမ်းအင်ဂယက်များ ထကြွလာသည်။

“နတ်ဆိုးမိစ္ဆာ ပဲ”

“တစ်ယောက်ယောက်က ပြင်ပကမ္ဘာက နတ်ဆိုးမိစ္ဆာတွေကို ဆင့်ခေါ်လိုက်တာပဲ”

မိုယင်၊ ဟိုယွင်ကျဲ နှင့် အခြားတပည့်များသည် အက်ကွဲကြောင်း နောက်ကွယ်မှ အရိပ်ကို မြင်လိုက်ရသည်။ ၎င်းသည် ဖူယွင် တောအုပ်နက်တွင် တွေ့ခဲ့ရဖူးသော ‘ဦးချိုတစ်ခုတည်း နတ်ဆိုး’ နှင့် ဆင်တူနေသဖြင့် သူတို့၏ မျက်နှာများ တည်တင်းသွားကြသည်။

“နောက်ထပ် နတ်ဆိုးမိစ္ဆာ တစ်ကောင်လား”

ဒုတိယမျိုးဆက် တပည့်များ တုန်လှုပ်သွားကြသည်။

သူတို့ထဲမှ အများစုသည် ခရိုင်ဘုရင်မြို့တော်ရှိ ထိပ်တန်း မိသားစုကြီး (၁၀) ခုမှ ဆင်းသက်လာသူများ ဖြစ်ကြသဖြင့် ဗဟုသုတ ကြွယ်ဝကြပြီး နတ်ဆိုးမိစ္ဆာများ၏ ကြောက်မက်ဖွယ် ကောင်းပုံကို သိရှိထားကြသည်။

“အားလုံးပဲ... မလန့်ကြနဲ့”

ယဲ့ဖုန်းသည် မတ်တတ်ရပ်လိုက်ပြီး အနက်ရောင် အက်ကွဲကြောင်းကြီးကို စိုက်ကြည့်ကာ ကြွက်သားများကို လျှော့လိုက်၏။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူသည် တပည့်သစ် (၁၀၀) ကျော်ကို လက်ခံခဲ့သည်။ ထိုသူ တစ်ဦးချင်းစီသည် ပျမ်းမျှအားဖြင့် ‘ချီစုစည်းခြင်း တတိယအဆင့်’ ရှိကြသည်။ ထို့ကြောင့် ယဲ့ဖုန်း၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် ‘ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့်’ နှင့် ညီမျှသော စွမ်းအားကို ထပ်ဆောင်း ရရှိထားပြီး ဖြစ်သည်။

ယခင်က ရှိရင်းစွဲ အခြေခံအုတ်မြစ်နှင့် ပေါင်းစပ်လိုက်လျှင် ယဲ့ဖုန်းသည် ယခုအခါ ခန္ဓာကိုယ် စွမ်းအားသက်သက်ဖြင့်ပင် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို ဒူးထောက်စေနိုင်ပြီ ဖြစ်သည်။

“ဟုတ်တယ်... ငါတို့မှာ ဂိုဏ်းချုပ် ရှိတာပဲ”

“မင်းတို့ စဉ်းစားကြည့်... စောစောက ဂိုဏ်းချုပ်က ရုတ်တရက် စကားရပ်သွားပြီး တစ်ခုခုကို တွက်ချက်နေတယ်လို့ ပြောတယ်လေ။ နတ်ဆိုးမိစ္ဆာတွေ ဆင်းသက်လာမယ့် အန္တရာယ်ကို ကြိုမြင်လို့များလား”

“မင်းပြောမှပဲ ဟုတ်သလိုလို ရှိသား”

ဒုတိယမျိုးဆက် တပည့်များအကြားတွင် ထိုသတင်း စကား ပျံ့နှံ့သွားပြီး၊ မကြာမီ သူတို့အားလုံး တစ်ညီတစ်ညွတ်တည်း ယုံကြည်သွားကြသည်မှာ - ယဲ့ဖုန်းသည် ကောင်းကင်ကို ငေးမောပြီး စိတ်ညစ်နေခဲ့ခြင်းမှာ နတ်ဆိုးမိစ္ဆာများ ရောက်လာမည်ကို ကြိုတင် ဟောကိန်းထုတ်နိုင်ခဲ့သောကြောင့် ဖြစ်သည် ဟူ၍ပင်။

“ဂိုဏ်းချုပ်က အရမ်း စွမ်းတာပဲ။ ဒါကိုတောင် ကြိုသိနေတယ်”

တပည့်များ၏ လေးစားမှုများ ပိုမို တိုးပွားလာသည်။

ယဲ့ဖုန်းမှာမူ မျက်နှာသေဖြင့်သာ နေနေလိုက်၏။

သို့သော် သူ့ရင်ထဲတွင်မူ ဧကပေါင်းများစွာ ကျယ်သော မြေကြီးကို တူးဆွပြီး ဝင်ပုန်းချင်လောက်အောင် ရှက်ရွံ့နေမိသည်။

‘ကလေးတွေရာ... လျှောက်ပြီး လုပ်ကြံ မပြောကြစမ်းပါနဲ့’

ယဲ့ဖုန်း အနည်းငယ် ကူရာမဲ့သွားသည်။

သူသည် အဝေးမှ ဟင်းလင်းပြင် အက်ကွဲကြောင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် အောက်ဘက် မြေပြင်ကို ငုံ့ကြည့်လိုက်၏။ ထိုနေရာတွင် မြို့ငယ်လေး အများအပြား ရှိနေသော်လည်း ကာကွယ်ပေးနိုင်မည့် စွမ်းအားရှင်များ မရှိကြပေ။

ဤနေရာသည် ခရိုင်ဘုရင်မြို့တော်နှင့် မိုင်ပေါင်း ထောင်ချီ ကွာဝေးနေပြီ ဖြစ်သည်။

ခရိုင်ဘုရင်မြို့တော်မှ ပညာရှင်များ လာရောက် ကယ်တင်ရန် စောင့်ဆိုင်းဖို့ဆိုသည်မှာ မဖြစ်နိုင်တော့ပေ။

ဒီနေ့တော့ ငါကိုယ်တိုင် လှုပ်ရှားမှ ရတော့မယ်။

‘ဝေါင်း...’

အနက်ရောင် ဟင်းလင်းပြင် အက်ကွဲကြောင်းကြီး အတွင်းမှ ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သစ်ကိုင်းခြောက်များဖြင့် ဖုံးလွှမ်းနေသော လက်ကြီး တစ်ဖက် ထွက်ပေါ်လာပြီး အက်ကွဲကြောင်း၏ ဘေးနှစ်ဖက်ကို ဆွဲကိုင်ကာ အားကုန် ဖြဲချလိုက်၏။

‘ဗြိ...’

စုတ်ပြဲသံကြီးနှင့်အတူ အက်ကွဲကြောင်းသည် အဆပေါင်းများစွာ ကျယ်ပြန့်သွားလေ၏။

လွှမ်းမိုးချုပ်ကိုင်နိုင်သော နတ်ဘုရားအာရုံ တစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်၏ အရောင်ကို ပြောင်းလဲစေကာ နေရောင်ခြည်ကိုပင် မှေးမှိန်သွားစေသည်။

“အဲဒါ... မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင်ကြီးပဲ”

“မဟုတ်ဘူး... ငါ့အထင် အဲ့ဒီထက်တောင် ပိုစွမ်းအားကြီးသေးတယ်”

တပည့်များအားလုံး ကြောက်ရွံ့တုန်လှုပ်နေကြသည်။

ယဲ့ဖုန်းပင်လျှင် ရုတ်တရက် တံတွေးမြိုချလိုက်မိသည်။ အန္တရာယ် အငွေ့အသက်သည် ညွှန်းကိန်းထိုးတက်သွားပြီး တစ်ကိုယ်လုံးမှ အမွှေးများ ထောင်ထလာသည်အထိ ခံစားလိုက်ရသည်။

သို့သော် ထိုလျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးမိစ္ဆာကြီးသည် ကမ္ဘာလောက၏ တားဆီးပိတ်ပင်မှု စွမ်းအားကြောင့် ဖြတ်ကျော် ဝင်ရောက်လာ၍ မရဘဲ ဒေါသတကြီး ဟိန်းဟောက်နေရုံသာ တတ်နိုင်လေ၏။

သို့သော်ငြားလည်း... ၎င်း၏ ဘေးပတ်လည်မှ ရေတွက်မရနိုင်သော ‘ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်’ နတ်ဆိုးမိစ္ဆာငယ်လေးများသည် အတောင်ပံများကို ခတ်လျက် အက်ကွဲကြောင်းမှတဆင့် ဝင်ရောက်လာကြလေ၏။

ထိုနတ်ဆိုးကောင်များသည် ငွေရောင် ဦးချို တစ်ချောင်း ပါရှိပြီး ကျောဘက်တွင် ပုစဉ်းရင်ကွဲ အတောင်ပံကြီးများ ပါရှိသည်။ ခန္ဓာကိုယ်မှာ သစ်ပင်လူသားများနှင့် တူညီပြီး အလွန်တရာ ရက်စက်ကြမ်းကြုတ်သော စရိုက်သဘာဝ ရှိကြသည်။

“လူသားမျိုးနွယ် (၁) သန်းကို သတ်ဖြတ်ပြီး သွေးယဇ်ပလ္လင် တည်ဆောက်ကြ။ ပြီးရင် ငါ့ကို တားဆီးထားတဲ့ ကမ္ဘာ့စွမ်းအားကို ဖျက်ဆီးပြီး အရှင်သခင် ပြိုင်ဘက်ကင်း အနေနဲ့ ဒီကမ္ဘာကို ဆင်းသက်ခွင့် ပြုကြစမ်း”

လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးမိစ္ဆာကြီးက အေးစက်စွာ အမိန့်ပေးလိုက်၏။

ထိုစကားကို ကြားသောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။

လူ (၁) သန်းကို သတ်ဖြတ်မယ်တဲ့လား။

ရက်စက်လွန်းရာ မကျဘူးလား။

ငါတို့က လမ်းကြုံ ဖြတ်သွားရုံ သက်သက်ပါ။ ဘယ်သူ့ အမွှေးကို သွားနှုတ်မိလို့လဲ။

အနီးနားရှိ မြို့များမှ ကျင့်ကြံသူများနှင့် သာမန် ပြည်သူများသည် ကောင်းကင်မှ အက်ကွဲကြောင်းကြီးကို မော့ကြည့်ရင်း မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေကြသည်။

‘ရွှစ်... ရွှစ်...’

ရာနှင့်ချီသော ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် နတ်ဆိုးမိစ္ဆာများသည် အောက်ဘက်ရှိ မြို့များကို ပစ်မှတ်ထားကာ စတင် တိုက်ခိုက်လာကြတော့သည်။

ထိုအခိုက်အတန့်၌၊ ဝေးကွာသော ကောင်းကင်ယံ တစ်နေရာမှ တက်ကြွပြီး နက်ရှိုင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

“အတင့်ရဲလှတဲ့ နတ်ဆိုးကောင်တွေ... သေလမ်း ရှာနေတာပဲ”

ငွေရောင် ချပ်ဝတ် ဝတ်ဆင်ပြီး၊ ငွေရောင် လှံရှည်ကို ကိုင်စွဲထားသော လူငယ် တစ်ဦး ဖြစ်သည်။ သူသည် ‘ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့်’ အရှိန်အဝါကို ထုတ်လွှတ်ထားပြီး လေပြင်းမုန်တိုင်းအလား ဝင်ရောက်လာသည်။

‘ဝုန်း...’

သူ့စွမ်းအင် လှိုင်းဂယက် တစ်ချက် ရိုက်ခတ်လိုက်ရုံဖြင့် နတ်ဆိုးမိစ္ဆာ ဒါဇင်ပေါင်းများစွာ လွင့်ထွက်သွားကြသည်။ ငွေရောင် ချပ်ဝတ်နှင့် လူငယ်သည် လေပေါ်သို့ ခုန်တက်လိုက်ပြီး သူ၏ ငွေရောင်လှံရှည်ဖြင့် နတ်ဆိုးမိစ္ဆာများကို နဂါးတစ်ကောင်အလား ထိုးဖောက် တိုက်ခိုက်လိုက်၏။

‘ဘုန်း...’

ငွေရောင် ချပ်ဝတ် လူငယ်က လက်မောင်းကို တစ်ချက် ခါလိုက်သည်နှင့် ထိုနတ်ဆိုးကောင်များသည် ဖုန်မှုန့်အဖြစ် ပေါက်ကွဲသွားပြီး အစအနပင် မကျန်တော့ပေ။

“မယုံနိုင်စရာပဲ”

“ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် နတ်ဆိုးတွေကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာလား။ ဒီလူရဲ့ စွမ်းအားက တကယ့်ကို ခန့်မှန်းလို့ မရနိုင်လောက်အောင် ကြောက်စရာ ကောင်းတာပဲ”

ဝိညာဉ်မြွေ ပျံသန်းလှေ ပေါ်ရှိ တပည့်များသည် လေးစားအားကျစွာ ငေးမောကြည့်ရှုနေကြသည်။

အောက်ဘက် မြေပြင်ရှိ မြို့သူမြို့သားများမှာမူ ဝမ်းသာအားရ အော်ဟစ်လိုက်ကြပြီး ထိုလူငယ်၏ နာမည်ကို တညီတညွတ်တည်း ဟစ်ကြွေးကြလေ၏။

“စစ်သူကြီး ဇီလုံ ပြိုင်ဘက်ကင်းပါစေ”

“စစ်သူကြီး ဇီလုံ ကျန်းမာပါစေ”

မိုင် (၁၀၀) ပတ်လည်ရှိ ပြည်သူများ၏ အားပေးသံများသည် တစ်စထက်တစ်စ ကျယ်လောင်လာပြီး ‘စစ်သူကြီး ဇီလုံ’ ဟု ခေါ်သော ငွေရောင် ချပ်ဝတ် လူငယ်၏ စိတ်ဓာတ်ကို မြှင့်တင်ပေးလိုက်၏။

“ငွေရောင်လှံ တစ်ချက်တည်းနဲ့ ရန်သူ့ စစ်ကြောင်းကို ဖြိုခွင်းမယ်”

ငွေရောင် ချပ်ဝတ် ဇီလုံ သည် သူ၏ လှံရှည်ကို မြှောက်လိုက်ပြီး နတ်ဆိုးမိစ္ဆာ အုပ်စုထဲသို့ တစ်ဖန် တိုးဝင် တိုက်ခိုက်ပြန်သည်။ မည်သူမျှ သူ့ကို မတားဆီးနိုင်သည့်အလား အလွန်တရာ ရဲရင့်လှပေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် နောက်ထပ် နတ်ဆိုးကောင် အများအပြား သေဆုံးကုန်ကြသည်။

“သောက်ကျိုးနည်း...”

ဟင်းလင်းပြင် အက်ကွဲကြောင်း နောက်ကွယ်မှ နတ်ဆိုးကြီးက ကျိန်ဆဲလိုက်၏။

“သစ်ပင်လူသား ဘုရင်ညီနောင်.. သွားကြစမ်း”

‘ရွှစ်... ရွှစ်...’

နတ်ဆိုးဘုရင် အဆင့် ရှိသော သစ်ပင်လူသား (၂) ကောင်သည် အက်ကွဲကြောင်းထဲမှ ခုန်ထွက်လာပြီး လေထဲသို့ ရောက်သည်နှင့် တိုက်ခိုက်လေတော့သည်။

‘ဘုန်း...’

ပထမဆုံး ထိပ်တိုက် တွေ့ဆုံမှုမှာပင် ငွေရောင် ချပ်ဝတ် ဇီလုံ သည် ပြင်းထန်စွာ ရိုက်ခတ်ခံလိုက်ရပြီး သွေးတစ်လုပ် အန်ကာ အရှိန်အဝါများ လျင်မြန်စွာ ကျဆင်းသွားသည်။ သူ၏ ခန္ဓာကိုယ်သည် မြေကြီးပေါ်သို့ ဒုံးပျံတစ်စင်းအလား ပြုတ်ကျလာတော့၏။

“ဟာ... ဘာဖြစ်သွားတာလဲ”

ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်း၏ နှလုံးသားသည် နက်ရှိုင်းသော ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

“ဒီကောင်က... ဒီလောက်တောင် အားနည်းတာလား”

ယဲ့ဖုန်း မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်မိသည်။

သူ ဝင်ပါစရာ မလိုတော့ဘူးဟု တွေးထားခဲ့သော်လည်း၊ ငွေရောင် ချပ်ဝတ် ဇီလုံ သည် အဆင့်ကျော် တိုက်ခိုက်နိုင်သော ပြိုင်ဘက်ကင်း စွမ်းရည် မရှိလိမ့်မည်ဟု ဘယ်သူက ထင်ထားပါ့မလဲ။ တစ်ချက်တည်းနှင့်တင် သစ်ပင်လူသား ဘုရင်ညီနောင်၏ လက်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာ ရသွားရှာသည်။

“သတ်ကြ...”

သစ်ပင်လူသား ဘုရင်ညီနောင်သည် ရက်စက်စွာ ဆက်လက် တိုက်ခိုက်လာကြသည်။ သူတို့သည် စစ်သူကြီး ဇီလုံ ကို အပြီးတိုင် သုတ်သင်ရန် ရည်ရွယ်ထားကြရာ အနီးနားရှိ မြို့သူမြို့သားများကိုပါ ခြိမ်းခြောက်လာတော့သည်။

စစ်သူကြီး ဇီလုံ ဆိုတာ ငါတို့ရဲ့ ကာကွယ်စောင့်ရှောက်သူ နတ်ဘုရားလေ။

သူသာ ကျဆုံးသွားရင် ဒီနေရာက ပြည်သူ သန်းပေါင်းများစွာရဲ့ ဘဝ ဘယ်လို ဖြစ်သွားမလဲ။

ခဏအတွင်းမှာပင် လူတိုင်း မျှော်လင့်ချက်မဲ့ကာ ဆွေးမြည့် သွားကြသည်။

“ဟင်း...”

ထိုအချိန်မှာပင် ကောင်းကင်နှင့် မြေကြီးကြား၌ တိုးညှင်းသော သက်ပြင်းချသံ တစ်ခု ထွက်ပေါ်လာသည်။ ကျယ်လောင်ခြင်း မရှိသော်လည်း သက်ရှိသတ္တဝါ အားလုံး၏ အာရုံကို ဆွဲဆောင်သွားလေတော့သည်။

အခန်း (၃၆၂) - ကြောက်မက်ဖွယ် စွမ်းအားနှင့် ငွေရောင်ချပ်ဝတ် ဇီလုံ

~ထိုသက်ပြင်းချသံထဲတွင် ဖော်မပြနိုင်သော ခံစားချက်များစွာ ကိန်းအောင်းနေလေ၏။

နတ်ဆိုးမိစ္ဆာများ၊ ငွေရောင်ချပ်ဝတ် ဇီလုံ နှင့် မြို့သူမြို့သား အားလုံး မော့ကြည့်လိုက်ကြရာ တိမ်တိုက်များကြားမှ ဆင်းသက်လာသော ‘ဝိညာဉ်မြွေ ပျံသန်းလှေ’ ကြီးကို တွေ့လိုက်ရသည်။

လှေပေါ်မှ အလွန်ချောမောခန့်ညားသော လူငယ်တစ်ဦးသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ခုန်ဆင်းလာပြီး လေထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်တန့်လိုက်၏။

သူ့ထံမှ မည်သည့် အရှိန်အဝါမျှ ထွက်ပေါ်ခြင်း မရှိပေ။

သို့သော် ထိုနေရာတွင် ရပ်နေရုံမျှဖြင့် သူသည် လောကီအာရုံ ကာမဂုဏ်တို့မှ ကင်းလွတ်နေသူ၊ သာမန်လူသားတို့ထက် မြင့်မြတ်သူ၊ ခမ်းနားထည်ဝါပြီး ပြိုင်ဘက်ကင်းသူ တစ်ဦးအဖြစ် ခံစားရစေသည်။

“မင်းက ဘယ်သူလဲ”

ဟင်းလင်းပြင် အက်ကွဲကြောင်း တစ်ဖက်မှ လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးမိစ္ဆာကြီးက လှမ်းမေးလိုက်၏။

“နတ်ဆိုးမ... ငါက နင့်အဘိုး... မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်း ပဲ”

ယဲ့ဖုန်း စကားပြောလိုက်ပုံမှာ အနုပညာဆန်လှသည်။

သူ စကားဆုံးသွားသည်နှင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ချက်ချင်းပင် ထိုနတ်ဆိုးမိစ္ဆာကြီးက ကျိန်ဆဲလိုက်၏။

“ကောင်စုတ်လေး... မင်းမှာ ကျင့်ကြံခြင်းအဆင့် ဘာမှမရှိပါလား။ ဘယ်လို နည်းလမ်းသုံးပြီး မင်းရဲ့ အရှိန်အဝါကို ဒီလောက် သေသပ်အောင် ဖုံးကွယ်ထားတာလဲ”

“ငါက နင့်ကို ဘာလို့ ပြောပြရမှာလဲ”

ယဲ့ဖုန်းသည် တိုက်ပွဲဝင်ရန် အသင့်ပြင်လိုက်ပြီး လက်သီးများကို ဆုပ်ကာ ဘေးတွင် သက်သောင့်သက်သာ ချထားလိုက်၏။

လေထဲတွင်...

စစ်သူကြီး ဇီလုံ သည် ပြုတ်ကျနေဆဲ ဖြစ်သည်။

သို့သော် အနီးနားရှိ မြို့များမှ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်နိမ့် ကျင့်ကြံသူ အများအပြားသည် ကောင်းကင်သို့ ပျံတက်လာပြီး သူ့ကို ဖမ်းထိန်းလိုက်ကြသည်။ ထို့နောက် အဝေးတစ်နေရာတွင် ဝဲပျံနေရင်း အထက်မှ ယဲ့ဖုန်းနှင့် အဖွဲ့ကို မော့ကြည့်လိုက်ကြသည်။

“အဲဒီလူက ဘယ်သူလဲ”

စစ်သူကြီး ဇီလုံ သည် ပြင်းထန်စွာ ဒဏ်ရာရထားသဖြင့် ကိုယ်တိုင် မပျံသန်းနိုင်တော့သော်လည်း ယဲ့ဖုန်းကို သေချာကြည့်ပြီး မျက်နှာကို မှတ်မိအောင် ကြိုးစားနေသည်။

“စစ်သူကြီး ဇီလုံ... ကျွန်တော်တို့လည်း ဒီလူကို မသိဘူး။ ဒါပေမဲ့ စောစောက သူပြောသွားတာတော့ မြူခိုးဂိုဏ်းက ယဲ့ဖုန်း တဲ့”

ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အဘိုးအိုတစ်ဦးက ပြောလိုက်၏။

“မြူခိုးဂိုဏ်း... ယဲ့ဖုန်း...”

စစ်သူကြီး ဇီလုံ ၏ မျက်လုံးများ အရောင်တောက်သွားသည်။

“ငါ သဘောပေါက်ပြီ။ ဒါ တောင်ပိုင်း ရေပေါ်ဖြူမြို့တော်မှာ အခုတလော နာမည်ကြီးနေတဲ့ ကြယ်တစ်ပွင့် ဂိုဏ်းပဲ။ အရမ်း စွမ်းအားကြီးတဲ့ ဂိုဏ်းလို့ ကြားတယ်”

“တကယ်ပဲ မြူခိုးဂိုဏ်းချုပ် ဖြစ်နေတာလား”

အနီးနားရှိ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အဘိုးအိုများသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အံ့အားသင့်နေကြသည်။

အရင်ကတော့ နာမည်တူ နေမှာပါဟု ထင်ခဲ့ကြသည်။

သို့သော် ယခု ပြန်စဉ်းစားကြည့်လျှင် တောင်ပိုင်းမြစ်ဝှမ်းဒေသ တစ်ခုလုံး၌ နတ်ဆိုးမိစ္ဆာကို မျက်နှာချင်းဆိုင် ရင်ဆိုင်ရဲသည့် သတ္တိရှိသူမှာ ဤလျှို့ဝှက်ဆန်းကြယ်သော မြူခိုးဂိုဏ်းချုပ်မှတစ်ပါး အခြားသူ မရှိနိုင်တော့ပေ။

“သစ်ပင်လူသား ဘုရင်ညီနောင်... အဲဒီလူကို သတ်ပစ်စမ်း”

အက်ကွဲကြောင်း အတွင်းမှ နတ်ဆိုးမိစ္ဆာကြီးက အေးစက်စွာ အမိန့်ပေးလိုက်၏။

“ဟုတ်ကဲ့ပါ”

သစ်ပင်လူသား ဘုရင်ညီနောင်သည် ပြိုင်တူ တိုက်ခိုက်လိုက်ကြသည်။ တစ်ကောင်စီသည် ၎င်းတို့၏ မူလပုံစံ အစစ်အမှန်သို့ ပြောင်းလဲသွားကြပြီး အမြင့်ပေ (၁၀၀၀) ကျော်ရှိသော သစ်ပင်လူသားကြီးများ ဖြစ်လာကြသည်။ သူတို့သည် တောင်တန်းပမာ လေးလံသော လက်သီးကြီးများကို ဝှေ့ယမ်းကာ ဖိချလိုက်ကြသည်။

“ဟွန်း...”

ယဲ့ဖုန်းသည် လေပေါ်သို့ ခုန်တက်လိုက်ပြီး ဝင်ရောက်လာသော သစ်သားလက်သီးကြီးကို ထိုးချလိုက်၏။ သူ၏ လက်သီးချက်သည် ပြင်းထန်လွန်းသဖြင့် သစ်ပင်လူသားကြီးမှာ နောက်သို့ အတော်ဝေးဝေး လွင့်စင်သွားလေ၏။

“ရုပ်ခန္ဓာ စွမ်းအားသက်သက်နဲ့ ငါ့ကို အသာစီးရတယ် ဟုတ်လား”

“မဖြစ်နိုင်ဘူး”

သစ်ပင်လူသား ဘုရင်ညီနောင် အလွန်အမင်း အံ့သြသွားကြ၏။

ယဲ့ဖုန်းသည် အနည်းငယ် နီရဲသွားသော သူ၏ လက်သီးကို ကြည့်ရင်း မျက်လုံးကို မှေးစင်းလိုက်သည်။ သူ့စိတ်ထဲတွင်မူ သူ၏ စွမ်းအားသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို အနိုင်ယူနိုင်ရုံသာမက ဝိညာဉ်ပင်လယ်အဆင့် နတ်ဆိုးဘုရင်ကိုပါ ယှဉ်ပြိုင်နိုင်စွမ်း ရှိကြောင်း သုံးသပ်မိလိုက်၏။

‘ငါ့လက်အောက်က တပည့် (၁၀၀) ကျော်သာ ကျင့်ကြံခြင်းအဆင့်တွေ တက်လာလို့ အကုန်လုံး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ရောက်ကုန်ရင်... အဲဒီအချိန်ကျ ငါ့ရဲ့ ရုပ်ခန္ဓာ စွမ်းအားသက်သက်နဲ့တင် ဒီသစ်ပင်လူသား ဘုရင်ညီနောင်ကို ဖြိုခွင်းပစ်လို့ ရပြီ’

ယဲ့ဖုန်း ကိုယ့်ကိုယ်ကိုယ် တွက်ချက်ကြည့်လိုက်၏။

“သေစမ်း...”

သစ်ပင်လူသား ဘုရင်ညီနောင်သည် ဆက်လက် တိုက်ခိုက်လာကြသည်။

ကောင်းကင်ယံတွင် သစ်နွယ်ပင်ပေါင်းများစွာ ကခုန် ရှုပ်ထွေးသွားပြီး မိုင်ပေါင်း ရာချီ လွှမ်းခြုံထားသော ကွန်ရက်ကြီးတစ်ခု ဖြစ်ပေါ်လာကာ ယဲ့ဖုန်းကို ပိတ်လှောင်လိုက်၏။

တစ်ချိန်တည်းမှာပင် တောင်တန်းပမာ လေးလံသော လက်သီးကြီးများ ထပ်မံ ကျဆင်းလာသည်။

“ငါ့ရဲ့ ရုပ်ခန္ဓာ စွမ်းအားက သာမန် နတ်ဆိုးဘုရင်တွေကို ယှဉ်နိုင်ရုံပဲ ရှိသေးတယ်။ သူတို့ကို ချေမှုန်းဖို့ မလုံလောက်သေးဘူး။ အပြီးတိုင် သုတ်သင်ဖို့ဆိုရင် ပိုတောင် မလွယ်သေးဘူး”

“ဒါကြောင့်... ထွက်လာခဲ့စမ်း”

ယဲ့ဖုန်း လက်ယပ်ခေါ်လိုက်သည်နှင့် ကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား သည် သူ့လက်ထဲသို့ ရောက်ရှိလာလေ၏။

‘ရွှပ်...’

မျက်စိကျိန်းလောက်အောင် တောက်ပသော ဓားအလင်းတန်း တစ်ချက် ကောင်းကင်ကို ဖြတ်သန်းသွားသည်။ သစ်နွယ်ပင် ကွန်ရက်ကြီး တစ်ခုလုံး စိစိညက်ညက် ကြေမွသွားပြီး သစ်ပင်လူသား ဘုရင်ညီနောင်၏ ခန္ဓာကိုယ်များ နှစ်ပိုင်း ပြတ်သွားလေ၏။

သူတို့၏ မူလခန္ဓာကိုယ်ကြီးများသည် မြေကြီးပေါ်သို့ ပြိုကျသွားပြီး နေရာတင် ပွဲချင်းပြီး သေဆုံးသွားကြသည်။

“ရှီး...”

“တစ်ချက်တည်းနဲ့ နတ်ဆိုးကြီး (၂) ကောင်ကို သတ်ပစ်လိုက်တာလား”

“ဂိုဏ်းချုပ်က တကယ့်ကို ကြမ်းတာပဲဟေ့”

မြူခိုးဂိုဏ်း၏ ပထမနှင့် ဒုတိယမျိုးဆက် တပည့်များအားလုံး အသက်ပြင်းပြင်း ရှူသွင်းလိုက်မိကြပြီး မျက်နှာပေါ်တွင် ကြည်ညိုလေးစားမှုများ ပြည့်နှက်သွားလေ၏။

စစ်သူကြီး ဇီလုံ နှင့် အနီးနား မြို့များမှ လူများသည် ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး မျက်လုံးများ ပြူးကျယ်ကာ ထွက်ကျလုမတတ် ဖြစ်နေကြသည်။

“ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီး ဆိုတာ ပြောစမှတ် ပြုလောက်ပါပေတယ်။ တကယ် စွမ်းအားကြီးတာပဲ”

စစ်သူကြီး ဇီလုံ သည် ငွေရောင်လှံကို တင်းတင်း ဆုပ်ကိုင်ထားပြီး ရင်ထဲတွင် တိုက်ခိုက်လိုစိတ်များ တောက်လောင်လာသည်။ ဒဏ်ရာသာ မရထားလျှင် သူလည်း ဝင်ရောက် တိုက်ခိုက်ပြီး ရန်သူကို သတ်ဖြတ်ချင်မိသည်။

“နင်က ငါ့ရဲ့ သစ်ပင်လူသား ဘုရင်ညီနောင်ကို သတ်ရဲတယ်ပေါ့လေ။ နင့်အသက်နဲ့ ပြန်ပေးဆပ်စေရမယ်”

အက်ကွဲကြောင်း နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးမိစ္ဆာကြီး ဟိန်းဟောက်လိုက်၏။ သူမသည် သစ်ကိုင်းခြောက်များနှင့် တူသော လက်များကို ဆန့်ထုတ်ပြီး အက်ကွဲကြောင်းကို အတင်း ဖြဲရန် ကြိုးစားသော်လည်း ကမ္ဘာ့စွမ်းအား၏ တွန်းကန်မှုကြောင့် မူလခန္ဓာကိုယ်ဖြင့် ဝင်ရောက်လာ၍ မရနိုင်ပေ။

“နင့်မှာ စွမ်းရည်ရှိရင် လာသတ်လေ”

ယဲ့ဖုန်းသည် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားကို ကိုင်ထားပြီး၊ သူ့နောက်ကျောမှ အရိုးဖြူ ဓား (၉) စင်း ပျံထွက်လာကာ သူ့ဘေးပတ်လည်တွင် ဒိုင်းကာအဖြစ် လှည့်ပတ်နေကြသည်။

“တိုက်ကြ... သူ့ကို သတ်ကြ”

နတ်ဆိုးမိစ္ဆာကြီး အော်ဟစ်လိုက်သည်နှင့် နောက်ထပ် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ရှိသော အတောင်ပံပါ နတ်ဆိုးကောင်များသည် အက်ကွဲကြောင်းမှတဆင့် ဝင်ရောက်လာပြီး ယဲ့ဖုန်းကို ပစ်မှတ်ထား တိုက်ခိုက်ကြသည်။

“မင်းတို့လို နတ်ဆိုးဗိုလ်ချုပ် အဆင့်လောက်နဲ့ ဒီနေရာကို လာပြီး အရှက်မခွဲကြပါနဲ့ကွာ”

ယဲ့ဖုန်းသည် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား၏ ‘ဓာတ်ငါးပါး ဝဲကတော့’ ကို အသုံးပြုလိုက်၏။ ချက်ချင်းပင် သဘာဝတရား၏ ကြီးမားသော ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်ပြီး ပြင်းထန်သော ဓားအရှိန်အဝါများကို ထုတ်လွှတ်လိုက်၏။

‘ဗြိ...’

မျက်စိတစ်မှိတ် အတွင်းမှာပင် နတ်ဆိုးကောင် ဒါဇင်ပေါင်းများစွာသည် အမှုန့်အဖြစ် ပြောင်းလဲသွားပြီး နှင်းမုန်တိုင်း ကျဆင်းသကဲ့သို့ လွင့်ပါးသွားကြလေ၏။

ပြာမှုန့်များ ကြားထဲမှ ယဲ့ဖုန်းသည် လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးမိစ္ဆာကြီးနှင့် အကြည့်ချင်း ဖလှယ်လိုက်၏။ ယဲ့ဖုန်းက တည်ငြိမ်အေးဆေးနေသော်လည်း၊ ဟိုဘက်မှ နတ်ဆိုးမကြီးမှာမူ ယဲ့ဖုန်းကို ဝါးစားချင်လောက်အောင် မုန်းတီးနေလေ၏။

“ကောင်းတယ်။ မြူခိုးဂိုဏ်း... ပြီးတော့ ယဲ့ဖုန်း... ငါ နင့်ကို မှတ်ထားလိုက်မယ်”

နတ်ဆိုးမိစ္ဆာကြီး အံကြိတ်လိုက်၏။

“ငါသာ အပြည့်အစုံ ပြင်ဆင်ထားပြီး ငါ့ရဲ့ ‘စစ်ဘုရင်ကြီး (၁၀) ပါး’ သာ ငါ့ဘေးမှာ ရှိနေရင် နင် ဒီလို ထင်တိုင်းကြဲခွင့် မရဘူး။ နောက်တစ်ခါကျရင် နင့်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်”

အသံမဆုံးခင်မှာပင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားတစ်ခု ဖြည်းညင်းစွာ စီးဝင်လာသည်။ နတ်ဆိုးမိစ္ဆာကြီး မည်မျှပင် အက်ကွဲကြောင်းကို ဆွဲဖြဲနေပါစေ၊ ကျယ်မလာတော့ဘဲ တဖြည်းဖြည်း ပြန်ပိတ်သွားလေ၏။

နောက်ဆုံးတွင် ဟင်းလင်းပြင် အက်ကွဲကြောင်း ပျောက်ကွယ်သွားတော့သည်။

ကမ္ဘာနှစ်ခုကြားမှ လမ်းကြောင်းသည် ထိုကဲ့သို့ပင် ပျောက်ဆုံးသွားခဲ့လေပြီ။

“နောက်ဆုံးတော့ သူ ပြန်သွားပြီပဲ”

ယဲ့ဖုန်း သက်ပြင်းချလိုက်မိသည်။

သူ နတ်ဆိုးမိစ္ဆာကြီးကို မကြောက်ရခြင်း အကြောင်းရင်းမှာ... သူမသည် လူ (၁) သန်းကို သွေးယဇ်ပူဇော်ပြီး သွေးပလ္လင် တည်ဆောက်မှသာ ကမ္ဘာ့စွမ်းအား တွန်းကန်မှုကို ကျော်လွန်ပြီး ကိုယ်ခန္ဓာအစစ်ဖြင့် ဆင်းသက်နိုင်မည် ဖြစ်သောကြောင့်ပင်။

သို့သော် သူရှိနေသမျှ ကာလပတ်လုံး ဤနတ်ဆိုးကောင်များ သွေးပလ္လင် တည်ဆောက်မည့် အစီအစဉ် ဘယ်တော့မှ အောင်မြင်မည် မဟုတ်ပေ။

ထို့ကြောင့် ယဲ့ဖုန်း အလွန် အေးဆေး တည်ငြိမ်နေခြင်း ဖြစ်သည်။

သူသည် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားနှင့် အရိုးဖြူ ဓားဝင်္ကပါတို့ကို သိမ်းဆည်းလိုက်ပြီး ဝိညာဉ်မြွေ ပျံသန်းလှေ ပေါ်သို့ ဆင်းသက်လိုက်၏။ တပည့်များ၏ လေးစားအားကျသော အကြည့်များကို သူ ခံယူလိုက်၏။

အမျိုးသမီး တပည့်အချို့ဆိုလျှင် မျက်လုံးထဲ၌ ကြယ်ပွင့်လေးများ တဖျပ်ဖျပ် လက်နေသည်အထိ သူ့ကို ငေးမောနေကြသည်။

“နတ်ဆိုးမိစ္ဆာတွေ ရှင်းပြီးပါပြီ။ လန့်စရာ မလိုတော့ပါဘူး။ ကိစ္စသေးလေးပါ”

ယဲ့ဖုန်း တည်ငြိမ်စွာ ပြောလိုက်၏။

ထိုအချိန်တွင် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူအချို့သည် စစ်သူကြီး ဇီလုံ ကို တွဲလျက် ပျံသန်းလာကြပြီး ယဲ့ဖုန်းကို အလေးအနက် ဦးညွှတ် ဂါရဝပြုလိုက်ကြသည်။

“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ယဲ့။ ကျွန်တော်က ဒီဒေသက တစ်သီးပုဂ္ဂလ ကျင့်ကြံသူ စစ်သူကြီး ဇီလုံ ပါ”

စစ်သူကြီး ဇီလုံ က ယဲ့ဖုန်းကို မိတ်ဆက်လိုက်၏။

“ခင်ဗျားက တစ်သီးပုဂ္ဂလ ကျင့်ကြံသူ ဟုတ်လား။ ဒါပေမဲ့... ဒီလောက် ကျင့်ကြံခြင်းအဆင့် မြင့်နေတာ တစ်သီးပုဂ္ဂလနဲ့ မတူပါလားဗျ”

ယဲ့ဖုန်း အံ့သြသွားသည်။

ယေဘုယျအားဖြင့် ပြောရလျှင် ကျင့်ကြံခြင်း ဆိုသည်မှာ ငွေကြေး၊ ဆက်ဆံရေး၊ နည်းလမ်း နှင့် နေရာဒေသအပေါ် မူတည်သည်။ တစ်သီးပုဂ္ဂလ ကျင့်ကြံသူ အများစုတွင် ဤအရာများ မရှိကြပေ။

သို့သော် စစ်သူကြီး ဇီလုံ သည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်မှာ တကယ်ကို အံ့သြစရာ ကောင်းလှ၏။

ဓာတ်ကြီးငါးပါး စုစည်းခြင်း ဒုတိယအဆင့်ရှိသော အဘိုးအိုတစ်ဦးက ရှင်းပြလာသည်။

“ဂိုဏ်းချုပ်ယဲ့ မသိလို့ပါ။ စစ်သူကြီး ဇီလုံ က တစ်သီးပုဂ္ဂလ ကျင့်ကြံသူ ဆိုပေမယ့် ကျွန်တော်တို့ ဒေသရဲ့ ကာကွယ်စောင့်ရှောက်သူ နတ်ဘုရားပါပဲ။ ကျွန်တော်တို့ ရသမျှ ကျင့်ကြံရေး အရင်းအမြစ်တွေကို ဒီနားတစ်ဝိုက်က မြို့တွေက သူ့ကို ဆက်သကြတာပါ”

ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း သဘောပေါက်သွားတော့၏။

စစ်သူကြီး ဇီလုံ ဆိုတာ ဒီဒေသရဲ့ ဆရာကြီးပဲကိုး။ မိုင်ရာချီအတွင်းမှာ ရှိတဲ့ အရင်းအမြစ် အများစုကို သူက ပိုင်ဆိုင်ထားတာပဲ။ ဒါကြောင့်လည်း ဒီအဆင့်ထိ တက်လှမ်းနိုင်ခဲ့တာကိုး။

သို့သော် ယဲ့ဖုန်း သတိထားမိသည်မှာ စစ်သူကြီး ဇီလုံ ၏ အခြေခံအုတ်မြစ်သည် သာမန်မျှသာ ဖြစ်ပြီး အထောက်အကူပြု ကျင့်စဉ်များ မရှိပုံပါပင်။ ထို့ကြောင့် သူ့တိုက်ခိုက်ရေး စွမ်းရည်သည် သိပ်မမြင့်မားလှပေ။

စောစောက နတ်ဆိုးအုပ်စုကြားထဲ ဝင်ရောက် သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့် စွမ်းအားကို အသုံးပြုထားသောကြောင့်သာ ဖြစ်၏။

သစ်ပင်လူသား ဘုရင်ညီနောင်နှင့် တွေ့လိုက်သည်နှင့် ချက်ချင်း အရေးနိမ့်သွားခြင်း ဖြစ်သည်။

“ဂိုဏ်းချုပ်ယဲ့... ကျွန်တော် မြူခိုးဂိုဏ်းကို လေးစားနေတာ ကြာပါပြီ။ ခင်ဗျားတို့ ဂိုဏ်းကို ဝင်ခွင့် ရနိုင်မလား ခင်ဗျာ”

စစ်သူကြီး ဇီလုံ က လက်ယှက်ပြီး လေးလေးနက်နက် မေးမြန်းလိုက်၏။

ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း ဝမ်းသာသွားသည်။

ဒါ ကျင့်ကြံခြင်းအဆင့် မြင့်မားတဲ့ သူတစ်ယောက်ကို အလကားရမယ့် အခွင့်အရေးပဲ။ ငွေဗန်းပေါ် တင်ပြီး လာဆက်သနေတာကိုး။

ငါ ဘယ်လိုလုပ် ငြင်းရက်ပါ့မလဲ။

အခန်း (၃၆၃) - ကျွန်တော့်မျိုးရိုးနာမည် ကျောက် မဟုတ်ဘူး၊ ရွှေ့ပြောင်းရေး စီမံကိန်း

“စစ်သူကြီး ဇီလုံ... ခင်ဗျား တကယ် ထွက်သွားတော့မလို့လား”

ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အဘိုးအိုအချို့၏ မျက်နှာပေါ်တွင် ဝမ်းနည်းစိတ်မကောင်း ဖြစ်နေသည့် အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေလေ၏။

သူတို့သည် အနီးနားရှိ မြို့များမှ ရသမျှ အရင်းအမြစ်များကို စုဆောင်းပြီး စစ်သူကြီး ဇီလုံ အား ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့် ရောက်သည်အထိ မနည်း ပျိုးထောင်ပေးထားရခြင်း ဖြစ်သည်။ ယခု သူက မြူခိုးဂိုဏ်းသို့ ဝင်တော့မည် ဆိုလျှင် ဤဒေသ၏ လုံခြုံရေးသည် မည်သို့ ဖြစ်သွားမည်နည်း။

ဘယ်သူက ငါတို့ကို ကာကွယ်ပေးတော့မှာလဲ။

အဘိုးအိုများသည် တဖြည်းဖြည်းနှင့် ပိုမို စိုးရိမ်ပူပန်လာကြသည်။

စစ်သူကြီး ဇီလုံ သည် အဘိုးအိုများကို ကြည့်ရင်း ပြောလိုက်၏။

“လေးစားရတဲ့ အကြီးအကဲတို့... ကျွန်တော်က ကျင့်ကြံခြင်း အဟန့်အတား ကို ရောက်နေပါပြီ။ ဒီမှာ ဆက်နေရင် ဒီတစ်သက် ဝိညာဉ်ပင်လယ်အဆင့် ကို ရောက်ဖို့ ခဲယဉ်းပါတယ်။ မြူခိုးဂိုဏ်းကို ဝင်မှပဲ ကျွန်တော့်အတွက် အခွင့်အလမ်း ရှိမှာပါ”

“ဒါ့အပြင်... ကျွန်တော် မြူခိုးဂိုဏ်းကို ဝင်ပြီးရင်လည်း အကြီးအကဲတို့ကို မကြာခဏ ပြန်လာတွေ့ပါ့မယ်”

“စစ်သူကြီး ဇီလုံ ဆိုတဲ့ နာမည် ရှိနေသရွေ့ ဒီဒေသမှာ ဘယ်သူမှ ပြဿနာ လာမရှာရဲပါဘူး”

“ကျွန်တော်တို့ရဲ့ ‘ယန်ယွင် မြို့ (၁၃) မြို့’ဟာ ဘယ်လို အန္တရာယ်နဲ့မှ ကြုံတွေ့ရမှာ မဟုတ်ပါဘူး”

စစ်သူကြီး ဇီလုံ သည် အဘိုးအိုများ၏ လက်ကို ဆုပ်ကိုင်လျက် လေးနက်စွာ ပြောကြားလိုက်၏။

“ယန်ယွင် မြို့ (၁၃) မြို့ ဟုတ်လား”

ထိုနာမည်ကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း အနည်းငယ် အံ့သြသွားသည်။ သူသည် အပေါ်စီးမှ အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ ထိုနေရာတွင် မြို့ပေါင်း (၁၃) မြို့ မရှိကြောင်း တွေ့လိုက်ရသဖြင့် ချက်ချင်းပင် ဇဝေဇဝါ ဖြစ်သွားရ၏။

စစ်သူကြီး ဇီလုံ ၏ စကားကို ကြားသောအခါ အဘိုးအိုအားလုံး သက်ပြင်းချလိုက်ကြသည်။

နဂါးအစစ် ဆိုတာ ရေတိမ်မှာ ပိတ်လှောင်ထားလို့ မရဘူး ဆိုတာ သူတို့ နားလည်ကြ၏။

စစ်သူကြီး ဇီလုံ ထွက်ခွာသွားမည့် နေ့ရက်သည် မလွဲမသွေ ရောက်လာမည်သာ ဖြစ်သည်။

“စိတ်မပူပါနဲ့။ ကျွန်တော်တို့ မြူခိုးဂိုဏ်းက ‘ကံစီမံရာ’ ပေါ် မူတည်ပြီး လူရွေးတာပါ။ စစ်သူကြီး ဇီလုံ... ခင်ဗျားရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ခွင့် ပြုပါ။ ခင်ဗျားနဲ့ မြူခိုးဂိုဏ်း ရေစက် ပါ၊ မပါ ကြည့်ရအောင်”

ထိုအချိန်တွင် ယဲ့ဖုန်း ဝင်ပြောလိုက်ရာ ရှိနေသူအားလုံး အံ့သြသွားကြသည်။

“မြူခိုးဂိုဏ်းက ကျင့်ကြံခြင်း အဆင့်ကို ကြည့်ပြီး လူရွေးတာ မဟုတ်ဘူးလား။ တကယ်ကြီး... ကံစီမံရာ ကို ကြည့်တာလား”

စစ်သူကြီး ဇီလုံ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း နားမလည်နိုင် ဖြစ်သွား၏။

တကယ်လို့များ သူနှင့် မြူခိုးဂိုဏ်း ရေစက် မပါလျှင်... စောစောက အဘိုးအိုတွေကို သူ ပြောခဲ့သော စကားတွေက အတော်လေး အိုးနင်းခွက်နင်း နိုင်သွားတော့မည်။

“ဂိုဏ်းချုပ်ယဲ့... စမ်းပါဗျာ”

စစ်သူကြီး ဇီလုံ သည် စိုးရိမ်တကြီးဖြင့် လက်ကမ်းပေးလိုက်သည်။

ယဲ့ဖုန်းသည် စစ်သူကြီး ဇီလုံ ၏ လက်ကောက်ဝတ်ကို ကိုင်လိုက်သော်လည်း သူ့စိတ်ထဲတွင် မရေမရာ ဖြစ်နေ၏။

ရိုးရိုးသားသား ပြောရလျှင် သူကတော့ စစ်သူကြီး ဇီလုံ ကို ဂိုဏ်းထဲ ဆွဲခေါ်ပြီး မြူခိုးဂိုဏ်း၏ အင်အားကို မြှင့်တင်ချင်တာ အမှန်ပင်။

‘တီ..တီ ဂိုဏ်းဝင်ခွင့် လိုအပ်ချက်တွေနဲ့ ကိုက်ညီပါတယ်။ အကြီးအကဲများ ခန်းမဆောင်မှာ အတွင်းစည်း အကြီးအကဲ အဖြစ် ခန့်အပ်နိုင်ပါပြီ၊ ဒါမှမဟုတ် ဂိုဏ်းချုပ်ရဲ့ အစီအစဉ်အတိုင်း ထားရှိနိုင်ပါတယ်။’

စနစ်၏ အသံ ထွက်ပေါ်လာသည်။

ယဲ့ဖုန်း၏ တွန့်ချိုးနေသော မျက်ခုံးများ တဖြည်းဖြည်း ပြေလျော့သွားသည်။

“ကောင်းတယ်... စစ်သူကြီး ဇီလုံ။ ခင်ဗျားနဲ့ မြူခိုးဂိုဏ်း ရေစက် ပါတယ်ဗျ။ ခင်ဗျား ဆန္ဒရှိရင် ဘယ်အချိန်မဆို ဝင်လို့ ရပါတယ်”

ယဲ့ဖုန်း ပြုံးလျက် ပြောလိုက်၏။

ဒီ ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့် ကျင့်ကြံသူသာ ဝင်လာလျှင် သူ့ရဲ့ ရုပ်ခန္ဓာ စွမ်းအားက ဒုံးပျံလို ထိုးတက်သွားမှာ သေချာသည်။

သာမန် နတ်ဆိုးဘုရင်လောက်ကို လက်သီးနဲ့ ထိုးသတ်ဖို့ မပြောနှင့်ဦး၊ အနည်းဆုံးတော့ ဒေါင်ဒေါင်မြည် ယှဉ်တိုက်နိုင်မည်၊ ဒါမှမဟုတ် အသာစီးတောင် ရနိုင်သေးသည်။

“ကျွန်... ကျွန်တော် တကယ်ပဲ မြူခိုးဂိုဏ်း ဝင်လို့ ရပြီလား”

စစ်သူကြီး ဇီလုံ သည် ကောင်းကင်ဘုံမှ ပျော်ရွှင်မှုများ ပြုတ်ကျလာသကဲ့သို့ ခံစားလိုက်ရသည်။ အိပ်မက် မဟုတ်ကြောင်း သေချာစေရန် ကိုယ့်ပါးကိုယ် ပြန်ရိုက်ချင်စိတ်ပင် ပေါက်သွားသည်။

“ဒါပေါ့... ရတာပေါ့”

ယဲ့ဖုန်း ခေါင်းညိတ်လိုက်ပြီး စာရင်းသွင်းစာအုပ်ကို ထုတ်ကာ ပြောလိုက်၏။

“လာ... ခင်ဗျား နာမည်၊ ဇာတိ၊ မူလအရိုး၊ ကျင့်ကြံခြင်းအဆင့် နဲ့ အခြေခံ အချက်အလက်တွေ အရင် ပြောပြ”

“လီဇီလုံ ၊ အဆင့်မြင့် အဆင့် မူလအရိုး ၊ ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့်၊ ယန်ယွင် မြို့ (၁၃) မြို့ကပါ”

“ခင်ဗျားက ကျောက်ဇီလုံ.. မဟုတ်ဘူးလား”

“ကျွန်တော့် မျိုးရိုးနာမည်က လီ ပါဗျ”

“.....”

ယဲ့ဖုန်း စကားမပြောနိုင် ဖြစ်သွားသည်။ အစကတော့ လီဇီလုံ ရဲ့ နာမည်က ကျောက်ဇီလုံ လို့ ထင်နေခဲ့တာ။ မှားသွားတာကိုး။

[ကျောက်ဇီလုံ ဆိုတာက တရုတ်ရာဇဝင် သုံးပြည်ထောင်ခေတ်က နာမည်ကျော် စစ်သူကြီး ကျောက်ယွင် ရဲ့ ဂုဏ်ထူးဆောင် နာမည်ပါ။

သူက လျှိုပေ့ ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျားစစ်သူကြီး ငါးပါးထဲက တစ်ပါးဖြစ်ပြီး၊ ရဲစွမ်းသတ္တိ ပြည့်ဝသလို သစ္စာရှိလွန်းလို့ အရမ်းကို နာမည်ကြီးတယ်လေ။ အထူးသဖြင့် ချန်ပန် တိုက်ပွဲမှာ ရန်သူ့တပ်တွေ ထောင်သောင်းချီ ဝိုင်းနေတဲ့ကြားထဲ တစ်ယောက်တည်း ဝင်တိုးပြီး သခင့်ရဲ့ ကလေးငယ်ကို ကယ်တင်ခဲ့တဲ့ ဇာတ်လမ်းက တော်တော်လေး လူသိများတာကိုး။

ဒီတော့... ရုတ်တရက်ကြီး ‘ဇီလုံ’ ဆိုတဲ့ နာမည်ကို ကြားလိုက်ရတဲ့ အချိန်မှာ ယဲ့ဖုန်း တစ်ယောက် နာမည်ကျော် 'ကျောက်ဇီလုံ' များလား ဆိုပြီး အလိုအလျောက် တန်းတွေးမိသွားတာဗျ။

ဒါပေမဲ့ တစ်ဖက်လူက သူ့မျိုးရိုးနာမည်က 'လီ' ပါလို့ ပြန်ဖြေလိုက်တော့မှ... ကိုယ်တွေးမိတာ တလွဲကြီး ဖြစ်သွားမှန်း သိလိုက်ရပြီး ဘာပြန်ပြောရမှန်းမသိ ဆွံ့အသွားတဲ့ သဘောပါပဲနော် .. ]

‘ဒေါက်...’

ဂိုဏ်းချုပ် တံဆိပ်တုံး ထုလိုက်သည်နှင့် စစ်သူကြီး ဇီလုံ သည် မြူခိုးဂိုဏ်းသို့ တရားဝင် ဝင်ရောက်သွားပြီး အကြီးအကဲများ ခန်းမဆောင်၏ အဖွဲ့ဝင် ဖြစ်လာလေ၏။

ထိုအချိန်တွင် ယဲ့ဖုန်းသည် သူ၏ ရုပ်ခန္ဓာ စွမ်းအား သိသိသာသာ တိုးတက်လာသည်ကို ခံစားလိုက်ရသည်။ တောင်ထိပ်တစ်ခုလုံးကို လက်သီးတစ်ချက်တည်းနှင့် ဖျက်ဆီးပစ်နိုင်လောက်သည့် ယုံကြည်မှုမျိုး ရရှိလိုက်၏။

“စစ်သူကြီး ဇီလုံ လည်း မြူခိုးဂိုဏ်း ဝင်သွားပြီဆိုတော့... ကျွန်တော်တို့ အရိုးဟောင်းကြီးတွေ အနေနဲ့ ခင်ဗျားရဲ့ အနာဂတ် ရွှေလမ်းငွေလမ်း အတွက် ဂုဏ်ပြုပါတယ်ဗျာ”

ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အဘိုးအိုများသည် ဝမ်းနည်းပက်လက် မျက်နှာထားဖြင့် ဦးညွှတ် နှုတ်ဆက်ကြလေ၏။

ထိုအချိန်တွင် မိုယင် သည် ယဲ့ဖုန်း အနားသို့ ကပ်လာပြီး တိုးတိုးလေး အကြံပြုသည်။

“ဂိုဏ်းချုပ်... ဒီအခွင့်အရေးကို ယူပြီး ဒီနားတစ်ဝိုက်က မြို့တွေကို ရေပေါ်ဖြူမြို့တော် နား ရွှေ့ပြောင်းလိုက်ရင် မကောင်းဘူးလား”

“အင်း... ဟုတ်သားပဲ”

ယဲ့ဖုန်း မျက်လုံးများ အရောင်တောက်သွားသည်။

လီဇီလုံ ကို စုဆောင်းဖို့ပဲ အာရုံရောက်နေလို့ လူဦးရေ (၃) သန်း ရှိတဲ့ မြို့ကြီး တည်ထောင်ရမယ့် ကိစ္စကို မေ့နေလိုက်တာ။

ထို့ကြောင့် ယဲ့ဖုန်းသည် ချောင်းဟန့်လိုက်ပြီး လည်ချောင်းရှင်းကာ ပြောလိုက်၏။

“တကယ်တော့ ဒီလောက် ဝမ်းနည်းစရာ မလိုပါဘူး။ ခေတ္တခဏ ခိုလှုံဖို့ နေရာရှာနေမယ့်အစား... မြူခိုးတောင်ထိပ်နားက ရေပေါ်ဖြူမြို့တော်ကို တစ်ခါတည်း အပြီး ပြောင်းရွှေ့လိုက်ရင် ပိုမကောင်းဘူးလား”

“ပြောင်းရွှေ့မယ် ဟုတ်လား”

လီဇီလုံ နှင့် အဘိုးအိုများသည် အံ့သြမှင်သက်သွားကြသည်။

ယန်ယွင် မြို့ (၁၃) မြို့ ဆိုတာ တကယ်တမ်း (၁၃) မြို့ မရှိသော်လည်း၊ ဒီဒေသက စုစုပေါင်း လူဦးရေက (၁) သန်းနီးပါး ရှိသည်။ အဲဒီလူတွေ အကုန်လုံးကို မိုင်ပေါင်း ထောင်ချီ ဝေးကွာသော မြူခိုးဂိုဏ်းဆီ ပြောင်းရွှေ့ဖို့ ဆိုတာ အလွန် ခက်ခဲသော ကိစ္စ ဖြစ်ပါ၏။

“ဒါ အကောင်းဆုံး နည်းလမ်းပဲ”

ယဲ့ဖုန်း အတည်ပြု ပြောကြားလိုက်၏။

ယန်ယွင် မြို့ (၁၃) မြို့က လူဦးရေသာ ရေပေါ်ဖြူမြို့တော်နှင့် ပေါင်းစည်းလိုက်လျှင် လူဦးရေ (၁) သန်း ချက်ချင်း ကျော်သွားလိမ့်မည်။ နောက်ထပ် ဘယ်လို တိုးချဲ့မလဲ ဆိုတာကတော့ အနာဂတ် ကိစ္စ၊ နောက်မှ စီစဉ်ရမည့် ကိစ္စ ဖြစ်သည်။

“တကယ်တော့ ကျွန်တော်တို့လည်း မြူခိုးဂိုဏ်းနား ပြောင်းချင်ပါတယ်။ ဒါပေမဲ့ ခရီးလမ်းက အရမ်း ဝေးလွန်းနေတယ်”

အဘိုးအိုတစ်ဦး ခေါင်းခါလိုက်၏။

ကျင့်ကြံသူတွေချည်းပဲ ပြောင်းရွှေ့မယ် ဆိုရင်တော့ ဖြစ်နိုင်ပါသေးသည်။

သူတို့ရဲ့ အမြန်နှုန်းနှင့်ဆို ရက်ပိုင်းလောက်ပဲ ကြာမည်။

သို့သော်၊ သာမန် ပြည်သူတွေပါ ပါလာမည် ဆိုလျှင်တော့ ထိုနေရာမှာ အခက်အခဲ စတွေ့ လေပြီ။

“ပြောင်းရွှေ့ရေးကို အလျင်စလို လုပ်စရာ မလိုပါဘူး။ အခု အဆင့်မှာ အရေးကြီးတာက ယန်ယွင် မြို့ (၁၃) မြို့က လူတွေ ပြောင်းရွှေ့ချင်စိတ် ရှိ၊ မရှိ ဆိုတာပါပဲ။ အသေးစိတ်ကိုတော့ နောက်မှ ဆွေးနွေးကြတာပေါ့”

ယဲ့ဖုန်း ခဏ ရပ်လိုက်ပြီး ဆက်ပြောသည်။

“ဒါ့အပြင်... ရွှေ့ပြောင်းရေး လုပ်ငန်းစဉ် တစ်လျှောက်လုံးမှာ ကျွန်တော်တို့ မြူခိုးဂိုဏ်းက အကူအညီပေးပြီး ကာကွယ်စောင့်ရှောက်သွားမှာပါ”

ယန်ယွင် မြို့ (၁၃) မြို့သာ ရေပေါ်ဖြူမြို့တော်နှင့် လုံးဝ ပေါင်းစည်းသွားလျှင် ဒီဒေသက လူ (၁) သန်းနီးပါးဟာ မြူခိုးဂိုဏ်းရဲ့ လက်အောက်ခံ ပြည်သူတွေ ဖြစ်လာကြလိမ့်မည်။

ထိုမထဲက တချို့ဆိုလျှင် မြူခိုးဂိုဏ်းကို ဝင်ပြီး ဂိုဏ်းသားတွေ ဖြစ်လာနိုင်၏။ ဂိုဏ်း၏ အင်အားကို ဖြည့်တင်းပေးနိုင်သည်။

ယဲ့ဖုန်းသည် ဤကိစ္စကို အလွန် အလေးထားလေ၏။

“ဒါဆိုရင်တော့... ကျွန်တော်တို့ ပြောင်းရွှေ့ဖို့ ဆန္ဒရှိပါတယ်”

ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အဘိုးအိုများသည် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြ၏။

လီဇီလုံ က လွဲလျှင် ယန်ယွင် မြို့ (၁၃) မြို့မှာ ဒီအဘိုးအိုတွေသာ ရှိသည်။ သူတို့ ဆုံးဖြတ်လျှင် ကျန်သည့် လူတွေက လိုက်နာကြမှာ သေချာပ်၏။

“ကဲ... ဒါဆိုရင် ပြန်ပြီး ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ထားကြပါ။ ဂိုဏ်းချုပ်ယဲ့က ဇီလုံနဲ့အတူ ဂိုဏ်းကို အရင် ပြန်နှင့်မယ်”

ယဲ့ဖုန်း ဝိညာဉ်မြွေ ပျံသန်းလှေ ပေါ်သို့ ပြန်တက်လိုက်၏။

လီဇီလုံ နှင့် အဘိုးအိုများသည် ခေတ္တမျှ တိုင်ပင်ဆွေးနွေးပြီးနောက် ပျံသန်းလှေပေါ်သို့ လိုက်ပါလာကြပြီး တပည့်များကို ခေါင်းညိတ် နှုတ်ဆက်လိုက်ကြသည်။

‘ရွှစ်...’

ဝိညာဉ်မြွေ ပျံသန်းလှေသည် အရှိန်အကုန်မြှင့်ကာ ခရီးဆက်လက် ထွက်ခွာသွားလေ၏။

နာရီအနည်းငယ် ကြာပြီးနောက်...၊

“ဒါ ဂိုဏ်းလားဗျ။ မီးခိုးငွေ့တွေ ဝေနေလိုက်တာ။ တောင်တန်းတွေ၊ မြစ်ချောင်းတွေ ပေါ်မှာ မျှော်စင်တွေ မြင့်မားစွာ တည်ရှိနေတယ်။ တောင်ထိပ်တွေပေါ်မှာ ဝိညာဉ်စင်မြင့်တွေ၊ စီးကျနေတဲ့ ဝိညာဉ်စမ်းရေတံခွန်တွေ၊ ပြီးတော့ ပြည့်ဝနေတဲ့ ဝိညာဉ်စွမ်းအင်တွေ... တကယ့် ကျင့်ကြံခြင်း နယ်မြေမြတ် အစစ်ပါလား”

လီဇီလုံ သည် မြူခိုးဂိုဏ်း၏ တောင်ထိပ် (၄) ခုကို ငုံ့ကြည့်ရင်း မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားသည်။

ယန်ယွင် မြို့ (၁၃) မြို့ ပတ်ဝန်းကျင်မှာ ဝိညာဉ်သွေးကြော တစ်ခုတလေတောင် မရှိပါ။ မြို့တွေအားလုံး၏ စည်းလုံးမှုနှင့် လီဇီလုံ ၏ ပါရမီ၊ ကံကောင်းမှုတွေသာ မရှိလျှင် သူ ဒီအဆင့်ထိ ရောက်လာမှာ မဟုတ်ချေ။

“ခင်ဗျားက အကြီးအကဲ ဆိုတော့... ‘ဖေးလိုင် တောင်ထိပ်’မှာ နေရမယ်။ အကြီးအကဲများ ခန်းမဆောင် အနီးမှာ သီးခြား သစ်သားအိမ် လွတ်နေတာတွေ ရှိတယ်။ ‘ကောင်းကင်သား အမှတ် (၁) အဆောင်’က ခင်ဗျားနဲ့ အတော်လေး သင့်တော်မယ် ထင်တယ်”

ယဲ့ဖုန်းသည် အောက်ဘက်ရှိ သစ်သားအိမ် တစ်လုံးကို ညွှန်ပြရင်း ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”

လီဇီလုံ ခေါင်းညိတ်လိုက်၏။

ထိုအချိန်တွင် ဂိုဏ်းအတွင်းရှိ တပည့်များသည် လူအများအပြား ပါလာသော ဝိညာဉ်မြွေ ပျံသန်းလှေကြီး မြူခိုးတောင်ထိပ် ပေါ်သို့ ဆင်းသက်လာသည်ကို မြင်လိုက်ကြသဖြင့် ချက်ချင်း ဝိုင်းအုံလာကြသည်။

“ဂိုဏ်းချုပ် ပြန်ရောက်ပြီဟေ့”

ဘယ်သူ အရင် အော်လိုက်မှန်း မသိသော်လည်း လူအများအပြားသည် ဘာတွေဖြစ်ပျက်ခဲ့သလဲ ဆိုတာ သိချင်သဖြင့် မြူခိုးတောင်ထိပ်သို့ အလုအယက် ပြေးတက်လာကြ၏။

“ကြည့်စမ်း... ဒီတစ်ခေါက် ဂျူနီယာ မောင်လေး၊ ညီမလေးတွေ (၁၀၀) ကျော်တောင် ပါလာတာပဲ။ ဂိုဏ်းချုပ်ရဲ့ ခရိုင်ဘုရင်မြို့တော် ခရီးစဉ် အဆင်ပြေခဲ့ပုံ ရတယ်”

“ဟာ... ငွေရောင် ချပ်ဝတ် ဝတ်ထားတဲ့ ရုပ်ချောချော လူငယ်လေး တစ်ယောက်လည်း ပါလာပါလား။ အရှိန်အဝါက နက်ရှိုင်းလိုက်တာ လိုက်လို့တောင် မမီဘူး။ သူက ဘယ်သူလဲ”

တပည့်များသည် စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။

“အားလုံးပဲ... ဒါကတော့ နင်ရှန်းရှန်း၊ လေရှောင်ဟူ နဲ့ တခြား ဒုတိယမျိုးဆက် တပည့်တွေ... မင်းတို့ရဲ့ ဂျူနီယာ မောင်လေး၊ ညီမလေးတွေပဲ”

ယဲ့ဖုန်းသည် ဝိညာဉ်မြွေ ပျံသန်းလှေကို သိမ်းဆည်းလိုက်ပြီး မိတ်ဆက်ပေးလေ၏။

“ဒီတစ်ယောက်ကတော့ အကြီးအကဲများ ခန်းမဆောင်ရဲ့ အကြီးအကဲသစ် ‘လီဇီလုံ’ ပဲ။ ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့် ရှိတယ်။ ငွေရောင်လှံ သုံးတဲ့ နေရာမှာ ကျွမ်းကျင်တယ်။ ဘယ်သူမဆို ဒီလို ဝိညာဉ်လက်နက်မျိုးနဲ့ လေ့ကျင့်ချင်ရင် သူ့ကို အချိန်မရွေး မေးမြန်းလို့ ရပါတယ်”

“ဟာ... အကြီးအကဲတဲ့ဟေ့”

“ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့်ဆိုတော့... အရမ်း စွမ်းအားကြီးတာပဲ”

တပည့်အားလုံး လီဇီလုံ ကို ဝိုင်းကြည့်ကြသဖြင့် သူ့မျက်နှာ ရဲခနဲ ဖြစ်သွားပြီး အနည်းငယ် ရှက်သွားရှာသည်။

ထိုစဉ်၊ ယဲ့ဖုန်းက ညွှန်ကြားလိုက်၏။

“မိုယင်၊ ကျောက်ကျောက်... ဒုတိယမျိုးဆက် တပည့်သစ်တွေအတွက် နေစရာ စီစဉ်ပေးလိုက်ကြပါ”

“ဟုတ်ကဲ့ပါ”

ရောက်ရှိနေသော ပထမမျိုးဆက် တပည့်များက အမိန့်နာခံပြီး နင်ရှန်းရှန်း၊ လေရှောင်ဟူ နှင့် အခြား တပည့်သစ် (၁၀၀) ကျော်ကို ခေါ်ဆောင်သွားကြလေ၏။

All Chapters