← Chapters

အခန်း (၃၃၅-၃၃၆)

Vol. 34 Ch. 335-336

အခန်း (၃၃၅-၃၃၆)

Vol. 34 Ch. 335-336

အခန်း (၃၃၅) - ဘေးဒုက္ခပယ်ဖျက်ခြင်း အတတ် ၊ကုသိုလ်မှတ် တစ်သောင်းလေးထောင်ဖြင့် အဆင့်မြှင့်တင်ခြင်း ၊ ထောင်နန်းအတွင်းမှ အခြောက်အလှန့်

နာမည်ကြီးလာခြင်းကြောင့် နောက်ဆက်တွဲပါလာမည့် ဒုက္ခများကို လျှော့ချနိုင်ရန်အတွက် လီယန်ချူသည် တာအိုအတတ်ပညာအသစ်တစ်ခုကို အထူးတလည် လေ့လာဆည်းပူးခဲ့သည်။

၎င်းမှာ ဘေးဒုက္ခပယ်ဖျက်ခြင်း အတတ်ပင် ဖြစ်သည်။

အမည်ကို ကြည့်ရုံနှင့်ပင် သိသာလှသည်၊ ထိုအတတ်သည် ဘေးအန္တရာယ်နှင့် ကပ်ဆိုးများကို ပယ်ဖျက်ရန်အတွက် ဖြစ်သည်။

မိမိရင်ဆိုင်ရမည့် ဘေးဒုက္ခများကို ကြိုတင်ဖယ်ရှားပစ်နိုင်သည်။

သူသည် ယခုအကြိမ်တွင် အခွင့်အရေးများ ဆက်တိုက်ရရှိခဲ့ပြီး ကျင့်ကြံဆင့်လည်း များစွာတိုးတက်လာခဲ့သဖြင့် ဤ ဘေးဒုက္ခပယ်ဖျက်ခြင်း အတတ်ကို ကောင်းစွာ ဆင်ခြင်တွေးတော ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းတင်မကသေးဘဲ... လီယန်ချူသည် သူနှင့်အတူ အမြဲဆောင်ထားသော ဒိုချန်ပုတီးစေ့ ကိုလည်း ထုတ်ယူလိုက်သည်။

ထိုရတနာမှာ ချင်းချန်းတောင်၏ ထူးခြားသော ကံကြမ္မာအရှိန်အဝါ ပါဝင်သည့် ရတနာတစ်ခုဖြစ်ပြီး ကောင်းချီးမင်္ဂလာ တောင်းခံရန် အတွက် အသုံးပြုခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ ကံကောင်းခြင်းများကို တိုးပွားစေပြီး လုပ်ဆောင်သမျှ ကိစ္စတိုင်းတွင် နက္ခတ်ကောင်းများနှင့် ကြုံဆုံစေကာ အနှောင့်အယှက်များကို လျှော့ချပေးနိုင်ခြင်း ဖြစ်သည်။

သူသည် ၎င်းကို အမြဲတမ်း ကိုယ်နှင့်မကွာ ဆောင်ထားခဲ့သည်။

"အဆင့်မြှင့်တင်မယ်"

ပထမအကြိမ် အဆင့်မြှင့်တင်မှုတွင် ကုသိုလ်မှတ် ၂,၀၀၀ ကုန်ဆုံးသွားသည် လီယန်ချူသည် တွန့်ဆုတ်မနေဘဲ ဆက်လက်လုပ်ဆောင်သည်။

"အဆင့်မြှင့်တင်မယ် "

ကုသိုလ်မှတ် ၃,၀၀၀ ထပ်မံကုန်ဆုံးသွားသည်။

"အဆင့်မြှင့်တင်မယ် "

ကုသိုလ်မှတ် ၄,၀၀၀ ကုန်ဆုံးသွားပြန်သည်။

သူသည် ခဏမျှ ငြိမ်သက်ကာ စဉ်းစားလိုက်သည်။

ထို့နောက် ဆက်လက်လုပ်ဆောင်ရန် ရွေးချယ်လိုက်သည်။

"အဆင့်မြှင့်တင်မယ် "

ကုသိုလ်မှတ် ၅,၀၀၀ ကုန်ဆုံးသွားသည်။

ယခုအခါ ဒိုချန်ပုတီးစေ့မှာ လုံးဝဥဿုံ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

တစ်ကိုယ်လုံးမှ နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေကာ မျက်စိကျိန်းမတတ် တောက်ပနေတော့သည်။

ခန့်ညားထည်ဝါလှသော ဝိညာဉ်အရှိန်အဝါများမှာ ပုတီးစေ့ပေါ်တွင် ထွက်ပေါ်လာ၏။

ကုသိုလ်မှတ် ၁၄,၀၀၀ ကို တစ်ပြိုင်နက်တည်း အသုံးပြုကာ အဆင့်မြှင့်တင်ထားသော ကောင်းချီးပေး ပုတီးစေ့ ပင် ဖြစ်သည်။

"ဒီတစ်ခါတော့ ဘေးဒုက္ခတွေကို ပယ်ဖျက်နိုင်လောက်ပြီ ထင်တယ်"

ဟု လီယန်ချူ စိတ်ထဲမှ တွေးလိုက်သည်။

အမှောင်ဖုံးအတတ်ပညာ၊ ဘေးဒုက္ခပယ်ဖျက်ခြင်းအတတ် နှင့် လေးကြိမ်တိုင်တိုင် အဆင့်မြှင့်တင်ထားသော ဒိုချန်ပုတီးစေ့ ဤအရာများမှာ ဝေမြို့တွင် အေးအေးဆေးဆေး ကျင့်ကြံနေထိုင်နိုင်ရန် လုံလောက်သင့်ပြီ ဖြစ်သည်။

ထိုနေ့၌... နတ်ဆရာကြီးသည် သူတစ်ပါးအိမ်သို့ ယတြာချေပေးရန်နှင့် မိစ္ဆာနှင်ရန်အတွက် အပြင်သို့ ထွက်သွားခဲ့သည်။

လီယန်ချူသည် ချင်းယွန်းတာအိုကျောင်းအတွင်း၌ ထိုင်ကာ ဘေးဒုက္ခပယ်ဖျက်ခြင်းအတတ်ကို ဆင်ခြင်ကျင့်ကြံနေစဉ်... ကျောင်းတော်ပြင်ပမှ ရိုးသားပြတ်သားသော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။

"ယန်ချူတာအိုဆရာ ယန်ချူတာအိုဆရာ "

"ဟမ် "

လီယန်ချူသည် ထိုအသံကို ရင်းနှီးနေသဖြင့် တံခါးဖွင့်ကာ ထွက်ကြည့်လိုက်ရာ... မြို့နယ်ရုံးတော်မှ ဝမ်အရာရှိ ဝမ်ကျန့်ရှန်း အပြေးအလွှား ဝင်လာသည်ကို တွေ့လိုက်ရသည်။

"ဝမ်အရာရှိ၊ ဘာကိစ္စရှိလို့လဲ "

လီယန်ချူက နှုတ်ဆက်လိုက်သည်။

သူတို့နှစ်ဦးမှာ အစောကြီးကတည်းက သိကျွမ်းခဲ့ကြခြင်း ဖြစ်သည်။

လီယန်ချူသည် တစ်ကြိမ်က ဝမ်အရာရှိ၏ အိမ်မှ ကိုယ်လုပ်တော်လေးထံတွင် ကပ်ငြိနေသော မကောင်းသော အအေးဓာတ် ကို ဖယ်ရှားပေးခဲ့ဖူးသည်။

ထို့ပြင် သူသည် ရုံးတော်အတွက် ဝူဟူဂိုဏ်းအမှု၊ လျံချီး ထောင်ဖောက်မှု၊ သူဌေးသမီး ပြန်ပေးဆွဲမှု၊ ဝူလင်ကျင့်ကြံသူ အသတ်ခံရမှုနှင့် စက္ကူရုပ် လူသတ်မှု စသည့် အမှုပေါင်းများစွာကို ကူညီဖြေရှင်းပေးခဲ့ဖူးသဖြင့် ရုံးတော်တစ်ခုလုံးက လီယန်ချူကို အလွန်ပင် ကြည်ညိုလေးစားကြသည်။

ဝမ်အရာရှိက လိုရင်းကို တိုက်ရိုက်ပြောလိုက်၏။

"ယန်ချူတာအိုဆရာ... ထောင်ထဲမှာ ထူးဆန်းတဲ့ကိစ္စတစ်ခု ဖြစ်နေလို့ပါ၊ မနေ့ညက အကျဉ်းသား နှစ်ယောက် အကြောင်းရင်းမရှိဘဲ သေသွားတယ်၊ အားလုံးက မိစ္ဆာခြောက်လှန့်တာလို့ ထင်နေကြလို့ တာအိုဆရာ ကို ကူညီပေးဖို့ လာပင့်တာပါ"

လီယန်ချူ စိတ်ဝင်စားသွားသည်

"ဘယ်လိုသေတာလဲ "

"သူတို့ရဲ့ မျက်လုံးတွေကို ကိုယ့်လက်နဲ့ကိုယ် အရှင်လတ်လတ် ဖောက်ထုတ်ပြီး မြေပြင်မှာ ဒူးထောက်လျက်သား သွေးထွက်လွန်ပြီး သေနေတာ "

ဝမ်အရာရှိက အခုထိ ကြောက်စိတ်မပြယ်သေးဘဲ ပြောပြသည်။

လီယန်ချူ မျက်မှောင်ကြုတ်သွားသည်။

"ကဲ... သွားကြစို့၊ ထောင်ထဲကို လိုက်ကြည့်ပေးမယ်"

သူသည် အရင်ကတော့ ပိုင်ဟုန်ထူ ကို သူတစ်ပါးကိစ္စတွေမှာ ဝင်ပါလွန်းတယ်လို့ အမြဲပြောလေ့ရှိသော်လည်း... ယခုကြည့်လျှင် သူကိုယ်တိုင်လည်း ထူးမခြားနားပင်။

မိမိမှာ ရုံးတော်က ဝန်ထမ်းလည်း မဟုတ်ဘဲနှင့်...။

သူနှင့် ဝမ်အရာရှိတို့ ထောင်ထဲသို့ ရောက်လာကြသည်။

ထိုသူနှစ်ဦးမှာ ထူးထူးဆန်းဆန်းနှင့် ကြောက်မက်ဖွယ်ကောင်းအောင် သေဆုံးခဲ့သဖြင့် အလောင်းများကို သုဿန်သို့ မပို့သေးဘဲ ထောင်ထဲမှာပင် ထားရှိထားသည်။

အကျဉ်းထောင်အတွင်း၌ ဆွေးမြည့်နေသော သစ်ပင်နံ့၊ ဆီးနံ့နှင့် ချွေးနံ့များမှာ အလွန်ပင် နံစော်လှသည်။

သူတို့နှစ်ဦး အချုပ်ခန်းရှေ့သို့ ရောက်လာကြရာ... ရဲမက်အချို့မှာ အဝေးကနေသာ ရပ်ကြည့်နေကြပြီး ကြောက်လန့်တကြားဖြင့် အနားသို့ မတိုးရဲကြပေ။

"ဒီမှာပဲ"

ဟု ဝမ်အရာရှိက ဆိုသည်။

လီယန်ချူ၏ အကြည့်မှာ အချုပ်ခန်းအတွင်းသို့ ရောက်သွား၏။

ဆံပင်ဖရိုဖရဲနှင့် အကျဉ်းသားနှစ်ဦးမှာ မြေပြင်ပေါ်တွင် ဒူးထောက်နေကာ ခန္ဓာကိုယ်များမှာ တောင့်တင်းနေပြီ ဖြစ်သည်။

မျက်လုံးအစုံမှာ အဖောက်ထုတ်ခံထားရသဖြင့် သွေးအိုင်ကြီးနှစ်ခုကဲ့သို့ ဖြစ်နေကာ မျက်နှာတစ်ခုလုံး သွေးများဖြင့် ရွှဲနေသည်မှာ ရင်ထိတ်စရာပင်။

သွေးကွက်များစွာ ရှိနေသော ထိုနေရာမှာ ထိတ်လန့်ခြောက်ခြားဖွယ် ကောင်းလှသည်။

ထိုမြင်ကွင်းကို မြင်ရသူတိုင်းမှာ ဦးရေပြားများပင် ထုံကျဉ်သွားရ၏။

လီယန်ချူသည် ဝိညာဉ်မျက်စိအတတ် ကို အသုံးပြုလိုက်ရာ... သူ၏ မျက်ဝန်းအစုံမှာ မှော်အလင်းတန်းများ လင်းလက်သွားသည်။

ဤနေရာ၌ သရဲတစ္ဆေ သို့မဟုတ် မိစ္ဆာများ၏ အစအန မတွေ့ရပေ။

ထိုသူနှစ်ဦး၏ ကိုယ်ပေါ်တွင် အလွန်ပါးလျသော အအေးဓာတ် အနည်းငယ်သာ ကပ်ငြိနေ၏။

ဝမ်အရာရှိမှာ လီယန်ချူ၏ နောက်မှာရှိနေသဖြင့် သတ္တိပြန်ဝင်လာသည်။

အနားသို့ တိုးကြည့်လိုက်သောအခါ အလောင်းနှစ်ခုထံမှ အလွန်ပြင်းထန်သော အပုပ်နံ့တစ်ခု ထွက်နေသည်ကို တွေ့လိုက်ရသည်။

"ဒါ... ဘာအနံ့လဲ"

ဝမ်အရာရှိမှာ ပျို့အန်ချင်စိတ်ကို အောင့်ထားရင်း ပါးစပ်ကို ပိတ်ထားလိုက်ရသည်။

"အလောင်းပုပ်နံ့ ပဲ "

ဟု လီယန်ချူက ဆိုသည်။

အလောင်းအဆိပ် သင့်သူများ၏ ကိုယ်ပေါ်မှ ဤကဲ့သို့ အော့နှလုံးနာစရာ အနံ့မျိုး ထွက်တတ်သည်။

"ဒီလူနှစ်ယောက်ရဲ့ ပုံစံက အစီရင်အတိုက်ခံရတာ ဒါမှမဟုတ် ကျိန်စာ မိနေတဲ့ ပုံစံပဲ"

လီယန်ချူက ဆက်ပြောသည်။

ဝမ်အရာရှိမှာ ထိုသို့ကြားရသောအခါ သက်ပြင်းချနိုင်သွား၏။

"ဆိုလိုတာက... သူတို့က မိစ္ဆာသတ်လို့ သေတာမဟုတ်ဘူးပေါ့ "

"ဒါလည်း အတိအကျ ပြောလို့မရဘူး၊ ဒီလူတွေ တစ်နေရာရာကို သွားမိလို့ တစ်ခုခုနဲ့ တိုးမိပြီး ကျိန်စာအမြိုက်ခံလိုက်ရတာ ဖြစ်နိုင်တယ်"

လီယန်ချူက ဆိုသည်။

အမှုစစ်ခြင်းမှာ သူ၏ အားသန်သည့်ဘက် မဟုတ်သော်လည်း... နတ်ဘုရားနှင့် မိစ္ဆာများ ရမ်းကားနေသော ထိုကမ္ဘာတွင် ကိစ္စအတော်များများကို ကျိုးကြောင်းဆီလျော်မှုဖြင့် ရှင်းပြ၍ မရပေ။

"သူတို့မှာ နောက်ထပ် အပေါင်းအဖော် သုံးယောက် ရှိသေးတယ်၊ တစ်ယောက်က ဝေမြို့က လူမိုက် ဟိုစန်းဟူ ပဲ၊ ဖမ်းဖို့ လူလွှတ်ထားပေမဲ့ အခုထိ သတင်းမရသေးဘူး"

ဝမ်အရာရှိက စဉ်းစားရင်း ပြောသည်။

"သူတို့က ခိုးမှုတင် မဟုတ်ဘူးမလား"

လီယန်ချူက မေးလိုက်သည်။

"ဟုတ်တယ်"

ဝမ်အရာရှိက လေးနက်စွာ ဆို၏။

"သူတို့ ၄ ယောက်လုံးက လွန်ခဲ့တဲ့ တစ်လက ဖြစ်ခဲ့တဲ့ လူသတ်မှုတစ်ခုနဲ့ ပတ်သက်နေတယ်"

လီယန်ချူ ခေါင်းငြိမ့်လိုက်သည်။

သာမန်လူသားများအတွက်မူ လူသတ်မှုမှာ အလွန်ကြီးလေးသော အမှုဖြစ်သည် မဟုတ်ပါလား။

သို့သော်လည်း ယခုခေတ်တွင် မိစ္ဆာများ ပေါများလှသဖြင့် အမှုတော်တော်များများမှာ မိစ္ဆာများနှင့် ပတ်သက်နေကာ အဖြေရှာမရသော အမှုများ ဖြစ်ကုန်ကြသည်။

လီယန်ချူသည် ဝါဂွမ်းစက္ကူရောင် အဆောင် နှစ်ခုကို ထုတ်ယူကာ အလောင်းနှစ်ခု၏ နဖူးပေါ်တွင် ကပ်လိုက်သည်။

အခန်းတွင်းရှိ အေးစိမ့်သော လေထုနှင့် အလောင်းပုပ်နံ့မှာ ချက်ချင်းပင် သိသိသာသာ လျော့နည်းသွားတော့သည်။

၎င်းမှာ ဟင်းင်္သပြဒါးနှင့် ကြက်ဖသွေးဖြင့် ရေးသားထားသော အလောင်းနှိမ်အဆောင် ဖြစ်သည်။

"ကဲ... ဝမ်အရာရှိ၊ လူလွှတ်ပြီး ဒီအလောင်းတွေကို အပြင်ထုတ်ပြီး မီးရှို့ပစ်လိုက်ပါ၊ သုဿန်ထဲမှာ မထားပါနဲ့၊ ဒီအလောင်းတွေက အသက်ပြန်ဝင်ဖို့ အလွန်လွယ်တယ်"

လီယန်ချူက မှာကြားလိုက်သည်။

ရုပ်ပျက်ဆင်းပျက် သေဆုံးသူများမှာ မသေခင်က နာကျည်းချက် ပြင်းထန်လှသဖြင့် ဝိညာဉ်ဆိုး ဖြစ်သွားရန် လွယ်ကူသလို၊ အလောင်းမှာလည်း လမ်းလျှောက်တတ်သော အလောင်း အဖြစ် ပြောင်းလဲသွားတတ်သည်။

အလောင်းနှိမ်အဆောင်သည် အလောင်းအတွင်းရှိ မကောင်းသော အငွေ့အသက်များကို နှိမ်နင်းထားနိုင်သည်။

ဝမ်အရာရှိက ခေါင်းငြိမ့်ကာ ထောင်စောင့် ၄ ယောက်ကို ခေါ်ယူပြီး အလောင်းများကို မီးရှို့ရန် ထုတ်ယူသွားစေသည်။

သာမန်လူသားများအတွက်မူ သရဲတစ္ဆေနှင့် အလောင်းကောင်များမှာ ကြောက်စရာကောင်းလှသော်လည်း... လက်ရှိ လီယန်ချူအတွက်မူ ၎င်းတို့မှာ အပျော်တမ်းအဆင့်ရှိသော "ဂိမ်းထဲက မွန်းစတား အသေးလေးများ" သာ ဖြစ်သည်။

လီယန်ချူနှင့် ဝမ်အရာရှိတို့ ထောင်ထဲမှ ထွက်လာသည်နှင့် ဓားလွယ်ထားသော ရဲမက်တစ်ဦး အပြေးရောက်လာသည်။

"ဝမ်အရာရှိ၊ ဟိုစန်းဟူကို တွေ့ပြီ၊ မြို့အနောက်ဘက် လမ်းကြားတစ်ခုထဲမှာ "

ဝမ်အရာရှိ၏ မျက်လုံးများ တောက်ပသွား၏။

"တော်သေးတာပေါ့ "

လီယန်ချူ မျက်ခုံးပင့်လိုက်မိသည်။

ရုံးတော်ရဲ့ အလုပ်လုပ်နှုန်းက တော်တော်မြန်သားပဲ။

အထက်က ဖိအားပေးထားရင် အမှုက မြန်မြန်ပေါ်တတ်တာမျိုးလား

မကြာခင်မှာပင် သူတို့နှစ်ဦးမှာ ဟိုစန်းဟူကို တွေ့လိုက်ရသည်။

အသက် ၂၀ ကျော် လူငယ်လေးဖြစ်ပြီး မျက်နှာမှာ ဖြူလျော်ကာ အကြည့်များမှာ ကြောင်တောင်တောင် ဖြစ်နေသည်။

သူသည် နံရံထောင့်ရှိ အရိပ်ထဲတွင် တစ်ယောက်တည်း ပုန်းနေကာ မည်သည့်စကားမျှ မပြောပေ။

"ဒါ ဘာဖြစ်တာလဲ "

ဝမ်အရာရှိက အသံမာမာဖြင့် မေးလိုက်သည်။

"သူ... သူ ရူးသွားပြီထင်တယ်၊ ဘာမေးမေး တစ်ခွန်းမှ ပြန်မပြောဘူး"

ဟု ရဲမက်တစ်ဦးက ဆိုသည်။

သူတို့မှာ ရုံးတော်ရဲမက်များ ဖြစ်ကြသဖြင့် လူသတ်၊ ဓားပြ၊ ခိုးမှု၊ လူကုန်ကူးမှု စသည့် ရာဇဝတ်သားပေါင်းစုံကို ဖမ်းဆီးဖူးကြသူများ ဖြစ်သည်။

တစ်ဖက်လူက အစစ်အမှန် ရူးနေတာလား သို့မဟုတ် ဟန်ဆောင်နေတာလား ဆိုသည်ကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်ကြသည်။

ယခု ဟိုစန်းဟူ၏ ပုံစံမှာ အလွန်ပင် ထိတ်လန့်စရာကောင်းလှသဖြင့် လူတိုင်း၏ စိတ်ထဲတွင် ချမ်းစိမ့်စိမ့် ခံစားချက်များ ဝင်လာရတော့သည်။

"စုစုပေါင်း ၅ ယောက်မှာ ၂ ယောက်က ကိုယ့်မျက်လုံးကိုယ် ဖောက်ထုတ်ပြီး ထောင်ထဲမှာ သေကုန်ပြီ၊ တစ်ယောက်က ရူးနေပြီ၊ ကျန်တဲ့ ၂ ယောက်ကတော့ သတင်းအစအန မရသေးဘူး..."

"သူတို့တွေ ဘာနဲ့ တိုးမိခဲ့လို့ ဒီလောက်တောင် ကြောက်စရာကောင်းနေရတာလဲ "

ဝမ်အရာရှိမှာ တွေးမိရင်းနှင့်ပင် ကြက်သီးမွေးညင်းများ ထလာရတော့သည်။

အခန်း (၃၃၆) - လူသတ်အသက်နှုတ်ခြင်း ၊ မြေစောင့်နတ်စင် ၊ ဝေမြို့၏ မြေစောင့်နတ်မင်းလော

ဝမ်အရာရှိသည် မြို့နယ်ရုံးတော်၏ ဖမ်းဆီးရေးမှူး တစ်ဦးဖြစ်သလို ဓားသိုင်းကျွမ်းကျင်သော သိုင်းလောကသား တစ်ဦးလည်း ဖြစ်သည်။

သို့သော်လည်း ယခုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံလာရသောအခါ သူ အတော်ပင် ခေါင်းခဲသွားရ၏။

လီယန်ချူသည် ဝိညာဉ်မျက်စိအတတ်ကို အသုံးပြုလိုက်ရာ သူ၏ မျက်ဝန်းအစုံတွင် မှော်အလင်းတန်းများ လင်းလက်သွားသည်။

ထိုအခါ ဟိုစန်းဟူ၏ ဘေးနားတွင် အသက် ၂၀ ကျော် လူငယ်လေးတစ်ဦးမှာ ဘေးသို့ကပ်၍ တုန်တုန်ရီရီဖြင့် ပုန်းအောင်းနေသည်ကို မြင်လိုက်ရ၏။

ထိုလူငယ်လေး၏ ရုပ်ရည်မှာ ဟိုစန်းဟူနှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။

"ဒါက... ကြောက်လန့်လွန်းလို့ ဝိညာဉ်က ကိုယ်ထဲက ထွက်သွားတာလား "

လီယန်ချူ မျက်ခုံးပင့်လိုက်မိသည်။

လူသားတစ်ဦးတွင် ဝိညာဉ် ၃ ပါးနှင့် လိပ်ပြ ၇ ပါး ရှိရာ၊ ရုတ်တရက် အလွန်အမင်း ထိတ်လန့်သွားပါက ဝိညာဉ်လွင့်ထွက်သွားတတ်ပြီး လူမှာလည်း ကြောင်တောင်တောင် ဖြစ်သွားတတ်သည်။

ကျေးလက်တောရွာများမှ နတ်ဆရာများမှာ ထိုဝိညာဉ်ကို ပြန်ခေါ်ပေးလေ့ ရှိကြ၏။

ဟိုစန်းဟူ၏ အခြေအနေမှာ ထိုထက်ပင် ပိုဆိုးနေသည်။

သူ၏ ဝိညာဉ်မှာ ကိုယ်ပြင်ပသို့ ရောက်ရှိနေပြီး အလွန်အမင်း ခြောက်လှန့်ခံထားရသဖြင့် သူ၏ ရုပ်ခန္ဓာမှာလည်း လောကကြီးနှင့် အဆက်အသွယ်ပြတ်ကာ ပိတ်ဆို့နေခြင်း ဖြစ်သည်။

"ဟိုစန်းဟူ... အခုချက်ချင်း နိုးလာစမ်း "

လီယန်ချူက အရှိန်အဝါပါပါဖြင့် ဟန့်တားလိုက်သည်

ထိုအသံမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ပင်။

လီယန်ချူ၏ ဟိန်းဟောက်သံထဲတွင် တာအိုဂါထာတော်များ၏ စွမ်းအား ပါဝင်နေသည်။

မူလက မျက်လုံးများမှာ အရည်မရ အဖတ်မရဖြစ်ကာ အကြည့်များ မှေးမှိန်နေသော ဟိုစန်းဟူမှာ ရုတ်တရက် တစ်ကိုယ်လုံး တုန်တက်သွားပြီးနောက် မျက်လုံးများ ပြန်လည်ကြည်လင်လာတော့သည်။

ဝမ်အရာရှိမှာမူ "....."

တောင်ပိုင်းသစ်တော

၎င်းမှာ ဝေမြို့နယ်နိမိတ်အတွင်းရှိ သစ်ပင်များ ထူထပ်လှသော တောအုပ်တစ်ခု ဖြစ်သည်။

တောင်ပေါ်သို့ မရောက်သေးသော်လည်း တောအုပ်အတွင်း၌ အဆိပ်ငွေ့ များ ရှိနေတတ်သည်။

လူ ၃ ဦးသည် တောအုပ်ထဲသို့ ဝင်လာကြ၏။

ရှေ့ဆုံးမှ လမ်းပြနေသူမှာ ဝေမြို့သား လူမိုက် ဟိုစန်းဟူ ဖြစ်သည်။

သူသည် အနည်းငယ် တုံ့ဆိုင်းနေသော်လည်း အရင်ကကဲ့သို့ ကြောင်တောင်တောင် ဖြစ်နေသည့် အခြေအနေထက်စာလျှင် အများကြီး တော်နေပြီ ဖြစ်သည်။

လီယန်ချူနှင့် ဝမ်အရာရှိတို့က နောက်မှ ကပ်လိုက်လာကြသည်။

သာမန်ရဲမက်များကိုမူ လီယန်ချူက လိုက်မလာခိုင်းခဲ့ပေ။

သူတို့၏ ယခုခရီးစဉ်မှာ ဟိုစန်းဟူတို့အဖွဲ့ တွေ့ရှိခဲ့သည့် ဘုရားကျောင်းပျက် ကို ရှာဖွေရန် ဖြစ်သည်။

ထိုစဉ်က သူတို့အဖွဲ့သည် မြို့ထဲမှ လင်မယားနှစ်ဦးကို လုယက်သတ်ဖြတ်ခဲ့ပြီးနောက် ဤတောအုပ်ထဲတွင် လာရောက်ပုန်းအောင်းကာ အစီအစဉ် ဆွဲနေကြခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းလာသဖြင့် သူတို့ ၅ ဦးသည် ဘုရားကျောင်းပျက်တစ်ခုအတွင်း ဝင်ရောက်ခိုလှုံခဲ့ကြရာ... ထိုနေရာ၌ ထူးဆန်းသော အခြောက်အလှန့်နှင့် ကြုံခဲ့ရခြင်း ဖြစ်သည်။

အဖော် ၂ ဦးမှာ ထိုနေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကျန်ရှိသော ၃ ဦးမှာ အသည်းအသန် ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။

ဟိုစန်းဟူသည် မျက်နှာသေဖြင့် ရှေ့မှနေ၍ တရွတ်တိုက် လမ်းလျှောက်နေသည်။

မိုးရွာထားသည်မှာ မကြာသေးသဖြင့် လမ်းများမှာ ရွှံ့ဗွက်များဖြင့် ဗွက်ထနေသည်။

ဝမ်အရာရှိမှာ စိတ်ထဲတွင် စိုးရိမ်မကင်း ဖြစ်နေမိသည်။

"ဒီနေရာက ဘာလို့ ဒီလောက်တောင် ဝေးနေရတာလဲ "

ထို့ပြင် မှောင်မှိုက်သော တောအုပ်ထဲတွင် တစ်စုံတစ်ယောက်က သူ့ကို ချောင်းကြည့်နေသလို သော်လည်းကောင်း၊ သို့မဟုတ် တစ်ယောက်ယောက်က သူ့လည်ပင်းကို အအေးဓာတ်ဖြင့် လာမှုတ်နေသလိုမျိုး ခံစားနေရသည်။

မကြာခင်မှာပင် ရှေ့မှ ဟိုစန်းဟူ ရပ်လိုက်သည်။

"ဒီမှာပဲ..."

သူ့အသံမှာ စက်ရုပ်တစ်ရုပ်ကဲ့သို့ အသက်မပါဘဲ ထွက်ပေါ်လာသည်။

၎င်းမှာ ဝိညာဉ်လန့်သွားသည့် နောက်ဆက်တွဲ ဝေဒနာပင် ဖြစ်သည်။

ဝမ်အရာရှိ မျက်မှောင်ကြုတ်လိုက်မိသည်။

ဤနေရာတွင် ရှေးဟောင်းသစ်ပင်ကြီးများသာ ရှိနေပြီး ဘယ်မှာ ဘုရားကျောင်းပျက် ရှိသနည်း သူသည် လီယန်ချူကို ကြည့်လိုက်သည်။

"ယန်ချူတာအိုဆရာ... ဒါက..."

လီယန်ချူသည် အရှိန်အဝါကြည့်အတတ် ကို အသုံးပြုကာ ရှေးဟောင်းသစ်ပင်ကြီး တစ်ပင်ရှေ့သို့ ကြည့်လိုက်သည်။

ထိုနေရာတွင် ထူးခြားသော အရှိန်အဝါတစ်ခု ရှိနေသည်။

သူသည် ခြေလှမ်းကျကျဖြင့် လျှောက်သွားလိုက်သည်။

ဝမ်အရာရှိလည်း နောက်မှ ကပ်လိုက်လာသည်။

အမှန်ပင်... ထိုနေရာ၌ ပေါင်းပင်များအကြား ဖုံးကွယ်နေသော နတ်စင်လေးတစ်ခု ရှိနေသည်။

နတ်စင်လေးဟု ဆိုရသော်လည်း အမှန်စင်စစ် ကျောက်ပြား ၄ ပြားသာ ဖြစ်သည်။

ဘေးပတ်ပတ်လည်တွင် ၃ ပြား၊ အပေါ်တွင် ၁ ပြား အုပ်ထားပြီး အတွင်း၌ ကြင်နာသနားတတ်သော ပုံသဏ္ဌာန်ရှိသည့် မြေစောင့်နတ်မင်း ရုပ်တုလေး တစ်ခုကို ကိုးကွယ်ထားခြင်း ဖြစ်သည်။

"ဒါ... မြေစောင့်နတ်စင်လား "

ဝမ်အရာရှိ အံ့သြသွားသည်။

ဟိုစန်းဟူတို့အဖွဲ့ တွေ့ခဲ့တဲ့ ဘုရားကျောင်းပျက်က ဒီနတ်စင်လေးလား သူတို့က မသိဘဲ ဝေမြို့ရဲ့ မြေစောင့်နတ်ကို သွားစော်ကားမိလို့ မြေစောင့်နတ်မင်းက လက်စားချေလိုက်တာလား ဒါကြောင့် မျက်လုံးတွေ အဖောက်ထုတ်ခံရပြီး ထောင်ထဲမှာ ဒူးထောက်သေကုန်တာလား ထိုရုံးတော်ဖမ်းဆီးရေးမှူးမှာ အတွေးများ ရှုပ်ထွေးသွားရသည်။

လီယန်ချူမှာမူ တစ်ခုခုကို စဉ်းစားနေသည်။

မူလကတော့ သာမန် သရဲနှင်ရုံ၊ အစီရင်တိုက်နေတဲ့ နေရာကို ဖျက်ဆီးရုံဖြင့် ကုသိုလ်မှတ်ရမည့် ကိစ္စဟု ထင်ခဲ့သော်လည်း ယခုတော့ မြေစောင့်နတ်နှင့် ပတ်သက်နေသည်။

ထို့ပြင် ဤမြေစောင့်နတ်မှာ အတော်လေးကို အခြေအနေ ဆိုးနေပုံရ၏... ဘုရားကျောင်းလေးတောင် အကောင်းပကတိ မရှိပေ။

သူသည် ဝိညာဉ်မျက်စိအတတ်ဖြင့် ထိုနေရာ၏ လျှို့ဝှက်ချက်ကို ကြည့်လိုက်သည်။

"ပျောက်ဆုံးနေတဲ့ လူနှစ်ယောက်ကို ရှာတွေ့ပြီ ထင်တယ်"

ဝမ်အရာရှိမှာ အံ့အားသင့်ကာ မေးလိုက်သည်။

"ဘယ်မှာလဲ"

လီယန်ချူက သူတို့ခြေထောက်အောက်ကို ညွှန်ပြလိုက်သည်။

ဝမ်အရာရှိ မျက်လုံးပြူးသွား၏။

"ယန်ချူတာအိုဆရာ... ဆိုလိုတာက အဲ့ဒီနှစ်ယောက်က ဒီအောက်မှာ မြှုပ်နေတာလား "

သူ့ကဲ့သို့ သိုင်းပညာရှင် တစ်ဦးပင်လျှင် ရင်ထဲ၌ ထိတ်ခန့်သွားရသည်။

လီယန်ချူက ခေါင်းငြိမ့်ပြလိုက်၏။

ဝမ်အရာရှိက အံ့သြတုန်လှုပ်စွာ ဆိုသည်။

"ဒါဆို... တကယ်ပဲ မြေစောင့်နတ်မင်းက အဲ့ဒီလူတွေကို သတ်လိုက်တာလား"

လီယန်ချူ၏ မျက်နှာမှာ တည်ငြိမ်နေဆဲပင်။

"သူ့ကို ခေါ်မေးကြည့်ရင် သိရမှာပေါ့"

ဝမ်အရာရှိမှာ "....."

ဖြစ်သွားပြန်သည်။

အနောက်တိုင်းခရီးစဉ် ဝတ္ထုထဲတွင် မြေစောင့်နတ်နှင့် တောင်စောင့်နတ်များမှာ နတ်ပြည်၏ အနိမ့်ဆုံး အဆင့် ဝန်ထမ်းများ ဖြစ်ကြသည်။

ကောင်းကင်ဘုံကို ဆူပူအောင်လုပ်ခဲ့သော မျောက်မင်း စွန်းဝူခုန်း နေသာထား၊ အနည်းငယ် အစွမ်းထက်သော မိစ္ဆာများပင်လျှင် သူတို့ကို အလွယ်တကူ ခိုင်းစေနိုင်ကြသည်။

လီယန်ချူသည် သူတို့နှင့် နှစ်ကြိမ်တိုင်တိုင် ဆုံခဲ့ဖူးသည်။

တစ်ကြိမ်မှာ ဖုန်းကျိုကို ခေါ်ဆောင်သွားသည့် တောင်စောင့်နတ်မင်းမ အမျိုးသမီးနှင့် ဖြစ်ပြီး၊ နောက်တစ်ကြိမ်မှာ ဖေးယွန်းမြို့နယ်၌ မိစ္ဆာ ၂၄ ကောင်ကို သတ်ဖြတ်သည့်ညက မြေစောင့်နတ်မင်းအယောင်ဆောင်ကာ အလှူအတန်းခံနေသော မြေခွေးမိစ္ဆာ ဟူကျင်းပေါင်နှင့် ဖြစ်သည်။

တစ်ဦးက တောင်စောင့်ဝိညာဉ်ဖြစ်ပြီး တစ်ဦးက မိစ္ဆာဖြစ်သည်။

ထို့ကြောင့် ဤကမ္ဘာ၏ မြေစောင့်နတ်၊ တောင်စောင့်နတ် ရာထူးများမှာ မည်သူမဆို ဖြစ်နိုင်သည်ဟု လီယန်ချူ ခံစားနေရသည်။

သူသည် ထိုကဲ့သို့ နယ်မြေဒေသကို စောင့်ရှောက်သော နတ်မင်းများကို အတော်ပင် စိတ်ဝင်စားနေ၏။

ဝမ်အရာရှိမှာမူ အလွန်အံ့သြနေသည်။

မြေစောင့်နတ်မင်းကို ဘယ်လိုခေါ်မှာလဲ ဒါက နတ်ဘုရားလေ သူသည် အသက်ရှူအောင့်ကာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေမိသည်။

ချင်းယွန်းတာအိုကျောင်းက ယန်ချူတာအိုဆရာပဲ... မြေစောင့်နတ်မင်းကိုတောင် ခေါ်နိုင်တယ် ဝမ်အရာရှိ၏ အကြည့်များတွင် ကြည်ညိုလေးစားမှုများ ပိုလာတော့သည်။

"မြေစောင့်နတ်မင်း... ရှိသလားဗျ "

လီယန်ချူက ရှေ့သို့တိုးကာ အသံခပ်လေးလေးဖြင့် မေးလိုက်သည်။

"..." ဝမ်အရာရှိမှာ ဆွံ့အသွားသည်။

ဒီလောက်ပဲလား သူ့အကြည့်မှာ ထူးဆန်းသွားရသည်။

သို့သော်လည်း... ရုတ်တရက် အအေးဓာတ်ပါသော လေပြင်းများ တိုက်ခတ်လာရာ... သွေးသားအရှိန်အဝါ ကောင်းလှသော ဝမ်အရာရှိပင်လျှင် တစ်ကိုယ်လုံး ချမ်းစိမ့်သွားရသည်။

စုတ်ပြတ်နေသော မြေစောင့်နတ်စင်လေးထံမှ အေးစက်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

ဝမ်အရာရှိ မျက်လုံးပြူးသွားရသည်။

ဒီနည်းက တကယ်ရတာလား

ချက်ချင်းပင် ဝမ်အရာရှိ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး ကိုယ်တွင်းရှိ သွေးသားအရှိန်အဝါများ ငြိမ်ကျသွားကာ ခြေဖျားလက်ဖျားများ အေးစက်လာပြီး သတိအာရုံများ ဝေဝါးလာတော့သည်။

မကောင်းတော့ဘူး ဝမ်အရာရှိ စိတ်ထဲမှ ထိတ်လန့်သွားသည်။

သောက်ကျိုးနည်း... သရဲပူးတော့မှာလား မဟုတ်ဘူး... မြေစောင့်နတ်မင်းက သူ့ကိုယ်ထဲကို ဝင်ပူးချင်နေတာ ဝမ်အရာရှိ စိတ်များ ရှုပ်ထွေးကုန်သော်လည်း သူ၏ သတိမှာ တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါး ဖြစ်လာသည်။

ထိုစဉ် လက်တစ်ဖက်က သူ့ပခုံးပေါ်သို့ ရောက်လာသည်။

ပြင်းထန်သော စင်ကြယ်သည့် ယန်ဓာတ်စွမ်းအား က သူ၏ သွေးသားများကို ချက်ချင်း ပြန်လည်နိုးကြားစေလိုက်သည်။

ဟူး အေးစက်သော ခံစားချက်မှာ ချက်ချင်း ပျောက်ကွယ်သွားပြီး ဝမ်အရာရှိ၏ သတိများ ပြန်လည်ကြည်လင်လာကာ လီယန်ချူကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။

အေးစက်သော လေပြင်းမှာ ခဏမျှ ကြောင်သွားသယောင် ရှိပြီးနောက်... ဘေးနားမှ လူမိုက် ဟိုစန်းဟူ၏ ခန္ဓာကိုယ်မှာ တုန်တက်သွားကာ ခေါင်းငိုက်စိုက်ကျသွားပြီး လက်နှစ်ဖက်မှာ ရှေ့သို့ တွဲလောင်းကျသွားတော့သည်။

ထိုတစ်ကြိမ်တွင်မူ လီယန်ချူက မတားဆီးခဲ့ပေ။

ဤမြေစောင့်နတ်မင်းက လူဝင်ပူးချင်နေမှတော့ ထိုဝေမြို့သား လူမိုက်မှာ အသင့်တော်ဆုံး လူပဲ မဟုတ်ပါလား လူသတ်မှုမှာ ပါဝင်နေတဲ့သူပဲ သူ့ကိုယ်ပေါ်မှာ သွေးညှိနံ့တွေနဲ့ မကောင်းတဲ့ အငွေ့အသက်တွေ ကပ်နေတာ... လူသတ်သမားဆိုတာ အသိသာကြီးပဲ

ဟိုစန်းဟူက ခေါင်းကို ဖြည်းဖြည်းချင်း မော့လာသည်။

သူ့မျက်ဝန်းထဲတွင် ဇရာဖိစီးနေသော အဖိုးအိုတစ်ဦး၏ အကြည့်မျိုး ပေါ်လာ၏။

"ကျုပ်လည်း မြေစောင့်နတ် တစ်ပါးနဲ့ ဆုံဖူးတယ်၊ သူ့ကိုယ်မှာ အလှူခံရတဲ့ အမွှေးနံ့သာနံ့တွေ နဲ့ ပြည့်နေတာ... မြေစောင့်နတ်မင်းက ဘာဖြစ်လို့ ဒီလောက်တောင် အခြေအနေ ဆိုးနေရတာလဲ"

လီယန်ချူက သက်ပြင်းချရင်း မေးလိုက်သည်။

မြေစောင့်နတ်မင်းမှာ တိတ်ဆိတ်သွား၏။

"ဝေမြို့... ဟက်၊ မပြောတာပဲ ကောင်းပါတယ်"

"မင်းလို တာအိုဆရာလေးက... ငါလူသတ်တဲ့ ကိစ္စအတွက် လာတာလား "

မြေစောင့်နတ်မင်း၏ အရှိန်အဝါမှာ အလွန်အားနည်းနေသည်။

သူ၏ ကိုယ်ပေါ်ရှိ ဆုတောင်းစာအရှိန်အဝါများမှာလည်း အနည်းငယ်သာ ကျန်တော့သည်။

"မူလကတော့ မိစ္ဆာခြောက်လှန့်တာလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ဒီတိရစ္ဆာန်တွေကလည်း သေထိုက်တာပဲ၊ မြေစောင့်နတ်မင်းကိုလည်း လာစော်ကားမိတာဆိုတော့ သေတာကတော့ သေတာပဲပေါ့"

လီယန်ချူက တည်ငြိမ်စွာ ဆိုသည်။

မြေစောင့်နတ်မင်းက ထပ်မံတိတ်ဆိတ်သွားပြန်သည်။

"တာအိုဂိုဏ်းက လူတွေဆိုတာ မိစ္ဆာတွေကို သတ်ဖြတ်နှိမ်နင်းရတာ မဟုတ်ဘူးလား "

"ငါက လူသတ်ထားတဲ့သူလေ... မင်းက ဒီအတိုင်းပဲ လွှတ်ပေးမှာလား "

မြေစောင့်နတ်မင်းက ခနဲ့တဲ့တဲ့ မေးလိုက်၏။

"ခင်ဗျားက ဒီနယ်မြေရဲ့ မြေစောင့်နတ်ပဲလေ၊ ခင်ဗျားက လူသတ်မယ်ဆိုရင် ကျုပ်က ဘာလုပ်နိုင်မှာလဲ၊ ကျုပ်က သာမန် တာအိုဆရာလေး တစ်ဦးပဲဟာကို"

လီယန်ချူက လက်နက်ထုတ်မည့် အမူအရာ မပြပေ။

လူသတ်သမားတွေအတွက် သူက ဘာလို့ လက်စားချေပေးရမှာလဲ

All Chapters